အချက် ၁- လူတို့၏စိတ်နှလုံးများ စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ကြိုးစားကြသည် (အခန်း တစ်)

ဖြည့်စွက်ချက်- ဧဝံဂေလိတရားဟောခြင်းအကြောင်း ထပ်ဆင့်သမ္မာတရားများ

ယခင် စုဝေးပွဲ အနည်းငယ်၌ ဆွေးနွေးခဲ့သော အကြောင်းအရာသည် လူတစ်ဦး၏ တာဝန်များကို စံနှုန်းပြည့်မီအောင် ထမ်းဆောင်ခြင်းအကြောင်း ဖြစ်ပြီး ကျွန်ုပ်တို့သည် လူတို့ ထမ်းဆောင်သင့်သော တာဝန်များအပြင် လူများကိုပါ အမျိုးအစားခွဲခဲ့သည်။ တိကျသော အမျိုးအစားများမှာ အဘယ်နည်း။ (ပထမအမျိုးအစားမှာ ဧဝံဂေလိ အမှုဆောင်များ ဖြစ်သည်၊ ဒုတိယအမျိုးအစားတွင် အသင်းတော်ရှိ အဆင့်အသီးသီးမှ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပါဝင်သည်၊ တတိယအမျိုးအစားမှာ အမျိုးမျိုးသော အထူး တာဝန်များကို ထမ်းဆောင်သော လူများ အကျုံးဝင်သည်၊ စတုတ္ထအမျိုးအစားတွင် သာမန် တာဝန်များကို ထမ်းဆောင်သောသူများ ပါဝင်သည်၊ ပဉ္စမအမျိုးအစားမှာ သူတို့၏ အားလပ်ချိန်တွင် တာဝန်များကို ထမ်းဆောင်သောသူများ ပါဝင်သည်၊ ပြီးလျှင် ဆဋ္ဌမအမျိုးအစားမှာ တာဝန်များကို မထမ်းဆောင်သောသူများကို ရည်ညွှန်းသည်။) စုစုပေါင်း အမျိုးအစား ခြောက်ခု ရှိသည်။ နောက်ဆုံးတစ်ကြိမ်က ကျွန်ုပ်တို့သည် ပထမအမျိုးအစားကို ဆွေးနွေးခဲ့ကြပြီး ယင်းမှာ ဧဝံဂေလိတရားဟောခြင်း တာဝန်နှင့် သက်ဆိုင်သော စည်းမျဉ်းများ၊ သမ္မာတရားများနှင့် ပတ်သက်သည်၊ ဧဝံဂေလိတရားဟောခြင်း၏ ရှုထောင့်အားလုံးမှ အကြောင်းအရာများ ပါဝင်ကာ သတိပြုရန် အချက်များ၊ သက်ဆိုင်ရာ စည်းမျဉ်းများနှင့် သမ္မာတရားများအပြင် လူတို့ သတိထားသင့်သော နယ်ပယ်များ၊ ထို့အတူ ဤတာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်း ဖြစ်ပေါ်သော တွေ့နေကျ အမှားများနှင့် လွဲချော်မှုများလည်း ပါဝင်သည်။ တိကျသော အကြောင်းအရာတစ်ခုနှင့် ပတ်သက်သော တရားဒေသနာတစ်ပုဒ်ကို နားထောင်ပြီးသည့်နောက် သင်တို့သည် ယင်းထဲမှ အဓိက အချက်များကို အကျဉ်းချုပ်နိုင်သလော။ အကယ်၍ သင်တို့သည် အကြောင်းအရာတစ်ခု၏ အဓိကအချက်ကို နားလည်သဘောပေါက်နိုင်ပြီး သက်ဆိုင်ရာ သမ္မာတရားများကို စိတ်နှလုံးထဲ၌ မှတ်သားကာ ထို့နောက် သင်တို့၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်း တဖြည်းဖြည်း ယင်းတို့ကို သင်တို့၏ ကိုယ်ပိုင် လက်တွေ့ကျမှု၊ သင်တို့၏ ကိုယ်ပိုင် အသက်နှင့် သင်တို့၏ ကိုယ်ပိုင် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းအဖြစ်သို့ ပြောင်းလဲပါက သင်တို့သည် ငါ မိတ်သဟာယဖွဲ့နေခဲ့သော အကြောင်းအရာများကို အမှန်တကယ် မှတ်သားခဲ့ပြီး ဖြစ်သည်။ အကယ်၍ တရားဒေသနာတစ်ခုအကြောင်း မိတ်သဟာယဖွဲ့ပြီးသည့်နောက် သင်တို့၌ ယေဘုယျ အကြံတစ်ခုသာ ရှိပါက သို့မဟုတ် အချို့သော အဖြစ်အပျက်များနှင့် ဇာတ်လမ်းများကိုသာ မှတ်မိသော်လည်း ဖုံးကွယ်နေသော သမ္မာတရားများနှင့် စည်းမျဉ်းများမှာ အဘယ်အရာဖြစ်ကောင်း ဖြစ်နိုင်သည်ကိုလည်းကောင်း၊ ဤအမှုအရာများကို အဘယ်ကြောင့် ဆွေးနွေးခဲ့သည်ကိုလည်းကောင်း နားမလည်ပါက ယင်းသည် သဘောပေါက်နားလည်မှု ရှိသည်ဟု မှတ်ယူပါသလော။ ယင်းသည် သမ္မာတရားကို နားလည်သည်ဟု မှတ်ယူ၍ရသလော။ (မရပါ။) ယင်းသည် သမ္မာတရားကို နားလည်သည်ဟု မှတ်ယူ၍မရနိုင်ပေ။ ဆိုလိုသည်မှာ သင်တို့သည် မည်သည့် သမ္မာတရားများ အသိပေးနေခြင်းဖြစ်သည်ကို နားမလည်ခဲ့ပေ၊ သင်တို့သည် ယင်းတို့ကို သဘောပေါက်နားလည်ခြင်း မရှိသကဲ့သို့ ယင်းတို့ကို လက်မခံခဲ့ပေ။ သို့ဆိုလျှင် သင်တို့ အကျဉ်းချုပ်တစ်ခု ပြုလုပ်နိုင်သလော။ ကျွန်ုပ်တို့၏ နောက်ဆုံး မိတ်သဟာယဖွဲ့ခြင်းမှ အဓိက အချက်များကို တစ်စုံတစ်ဦး ငါ့ကို ပြောပြနိုင်သလော။ (ကျွန်ုပ်တို့သည် အချက် ခုနစ်ချက်ကို အကျဉ်းချုပ်ခဲ့ပါသည်၊ ပထမအနေဖြင့် ဧဝံဂေလိ အမှုဆောင်များကို မည်သို့ အဓိပ္ပာယ်ဖွင့်ဆိုရမည်၊ ဒုတိယအနေဖြင့် ဧဝံဂေလိတရားဟောခြင်း တာဝန်၏ အနှစ်သာရမှာ အဘယ်အရာဖြစ်သည်၊ တတိယအနေဖြင့် ဤတာဝန်အပေါ် လူတို့၏ သဘောထားများအပြင် သူတို့၏ စိတ်အတွင်းပိုင်း အမြင်ရှုထောင့်များ၊ စတုတ္ထအနေဖြင့် မည်သူသည် ဧဝံဂေလိတရားဟောခြင်းကို လက်ခံခြင်းအတွက် စည်းမျဉ်းများနှင့် ကိုက်ညီပြီး မည်သူ မကိုက်ညီ ဟူသကဲ့သို့သော ဧဝံဂေလိတရားဟောခြင်းအတွက် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများ၊ ပဉ္စမအနေဖြင့် ဧဝံဂေလိတရားဟောခြင်းကို လက်ခံခြင်း စည်းမျဉ်းများနှင့် ကိုက်ညီသောသူတို့ကို မည်သို့ ဆက်ဆံရမည်၊ ဆဋ္ဌမအနေဖြင့် ဧဝံဂေလိ အမှုဆောင်များ သူတို့၏ တာဝန်ကို ထမ်းဆောင်ခြင်း ဖြစ်စဉ်အတွင်း သူတို့၏ ရာထူးကို စွန့်ခွာပြီး ထွက်ပြေးသည့်အခါ အကျိုးဆက်များ၊ သတ္တမအနေဖြင့် ဧဝံဂေလိတရားဟောခြင်း သမိုင်းတစ်လျှောက်၌ သန့်ရှင်းသူများ စွန့်လွှတ်အနစ်နာခံခြင်း၊ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ တာဝန်များကို ထမ်းဆောင်ရန် လက်ရှိ အခွင့်အလမ်းများကို တန်ဖိုးထားသင့်ပုံနှင့် သမ္မာတရားဖြင့် မိမိကိုယ်ကို လျင်မြန်စွာ ပြင်ဆင်သင့်ပုံ ဟူသည်တို့ဖြစ်ပါသည်။) သင်၏ အကျဉ်းချုပ်သည် အခြေခံအားဖြင့် ငါတို့၏ ယခင် မိတ်သဟာယဖွဲ့ခြင်း၏ အဓိက ရှုထောင့်များကို ခြုံပြောသွားသည်။ အလွန် ကောင်းသည်။ တစ်စုံတစ်ရာ ကျန်ရစ်ခဲ့သလော။ (နောက်ထပ် အချက်တစ်ချက် ရှိပါသည်၊ ယင်းမှာ လူတို့အနေဖြင့် ဧဝံဂေလိတရားဟောခြင်းသည် ဧဝံဂေလိ အမှုဆောင်များ၏ တာဝန်မျှသာ မဟုတ်ဘဲ ဘုရားသခင်ကို ယုံကြည်ပြီး လိုက်လျှောက်သောသူအားလုံး ရှောင်လွှဲ၍မရသော တာဝန်ဝတ္တရားတစ်ရပ် ဖြစ်သည်ကို နားလည်စေဖို့အလို့ငှာ လူတို့၏ ရှုမြင်ပုံများကို ပြောင်းလဲခြင်း ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောသူများ မုချ နားလည်သဘောပေါက်ရမည့် သမ္မာတရား ဖြစ်ပါသည်။) ဧဝံဂေလိတရားဟောခြင်းသည် တစ်ဦးချင်းစီတိုင်း၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ ဤသည်မှာလည်း ယင်း၏ ရှုထောင့်တစ်ရပ် ဖြစ်သည်။ ဤသမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ခြင်း၏ ရည်ရွယ်ချက်ကို သင်တို့ သိသလော။ ယင်းမှာ လူတို့၏ သဘောပေါက်နားလည်မှုအတွင်းမှ လမ်းလွဲမှုများကို ဖြေရှင်းရန် ဖြစ်သည်။ မည်သည့် ရှုထောင့်များ၌ လမ်းလွဲမှုများ ရှိသည်ကို သင်တို့ သိပါသလော။ (ကျွန်ုပ် မသိပါ။) မသိခြင်းမှာ သင်တို့သည် သမ္မာတရား၏ ဤရှုထောင့်ကို နားမလည်ကြောင်း သက်သေပြသည်။ သို့ဆိုလျှင် ငါသည် အဘယ်ကြောင့် ဤသမ္မာတရားအကြောင်း မိတ်သဟာယဖွဲ့ရန် လိုအပ်ခဲ့သနည်း။ အပြုသဘောဆောင်သောဘက်၌ ယင်းသည် လူတို့ နားလည်သင့်သော သမ္မာတရား၏ ရှုထောင့်တစ်ရပ် ဖြစ်သည်။ အပျက်သဘောဆောင်သောဘက်၌ ယင်းမှာ လူအားလုံး ဧဝံဂေလိတရားဟောခြင်းအပေါ် သူတို့၏ နားလည်မှု၌ ရှိသော လမ်းလွဲမှုများကို ဖြေရှင်းရန် ဖြစ်သည်။

လူများစွာတို့သည် ဧဝံဂေလိတရားဟောခြင်း ဤကိစ္စရပ်အပေါ် သူတို့၏ နားလည်မှု၌ လမ်းလွဲမှုများ ရှိကြသည်။ အချို့သောသူတို့သည် “ကျွန်ုပ်သည် လက်ရှိ အထူး တာဝန်တစ်ခုကို လုပ်ဆောင်နေသည်၊ ထို့ကြောင့် ဧဝံဂေလိတရားဟောခြင်းသည် ကျွန်ုပ်နှင့် ဘာမျှ မသက်ဆိုင်ပါ။ ယင်းမှာ ကျွန်ုပ်၏ ကိစ္စမဟုတ်ပါ။ ထို့ကြောင့် ဧဝံဂေလိတရားဟောရန်အလို့ငှာ နားလည်ရန် လိုအပ်သော သမ္မာတရားများ၊ စည်းမျဉ်းများနှင့် ဘုရားသခင်၏ တောင်းဆိုချက်များသည် ကျွန်ုပ်နှင့် မသက်ဆိုင်ပါ။ ကျွန်ုပ်သည် ဤအမှုအရာများကို နားလည်ရန် မလိုအပ်ပါ” ဟု ထင်ကြသည်။ သို့ဖြစ်၍၊ ဧဝံဂေလိတရားဟောခြင်းနှင့်ပတ်သက်သည့် သမ္မာတရား၏ ဤရှုထောင့်ကို မိတ်သဟာယဖွဲ့နေသည့်အခါ သူတို့သည် ပေါ့ဆကြသည်၊ သူတို့သည် မည်သည့်ဂရုတစိုက် ထည့်သွင်းစဉ်းစားမှုမျှ မပြုကြဘဲ သူတို့သည် အာရုံမစိုက်ကြပေ။ သူတို့ နားထောင်လျှင်ပင် မည်သည့်အရာ ဆွေးနွေးခဲ့သည်ကို သူတို့ မသိကြပေ။ ဤသို့ ဆိုကြသော အခြားသူများလည်း ရှိသေးသည်။ “ဘုရားသခင်ကို ယုံကြည်ပြီးသည့်နောက် ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး အစဉ် ဖြစ်ခဲ့ပါသည်။ ကျွန်ုပ်၌ အရည်အချင်းနှင့် အလုပ်လုပ်နိုင်စွမ်း ရှိပါသည်။ ကျွန်ုပ်သည် ခေါင်းဆောင်တစ်ဦး ဖြစ်ရန် မွေးဖွားလာခဲ့ပါသည်။ ဘုရားသခင် ကျွန်ုပ်အား ပေးခဲ့သော တာဝန်နှင့် ကျွန်ုပ်၏ တစ်သက်တာ အထူးတာဝန်မှာ ခေါင်းဆောင်တစ်ဦး ဖြစ်ရန် ဖြစ်ပုံရသည်” ဟူ၍ ဖြစ်လေသည်။ သွယ်ဝိုက်ညွှန်းဆိုသည်မှာ သူတို့သည် ဧဝံဂေလိတရားဟောခြင်းသည် သူတို့နှင့် ဘာမျှ မသက်ဆိုင်ဟု ဆိုလိုခြင်း ဖြစ်သည်။ သို့ဖြစ်၍ ဧဝံဂေလိတရားဟောခြင်းနှင့်ပတ်သက်သည့် သမ္မာတရားကို မိတ်သဟာယဖွဲ့သည့်အခါ သူတို့သည် ယင်းကို အလေးအနက်မထားကြပေ။ နောက်ဆုံး စုဝေးပွဲ၌ မိတ်သဟာယဖွဲ့ခဲ့သောအရာကို အကျဉ်းချုပ်ရန် တောင်းဆိုခံရသည့်အခါ အချို့သောသူတို့သည် သူတို့၏ မှတ်စုများကို အချိန်ကြာမြင့်စွာ လှန်လှောကြည့်ကြပြီး မည်သည့်အရာဖြစ်သည်ကို မသိမြဲမသိကြပေ။ အဘယ်ကြောင့် ဤသို့ ဖြစ်ပျက်ရသနည်း။ ယင်းမှာ သူတို့၏ မှတ်ဉာဏ် မကောင်းသောကြောင့်လော။ (မဟုတ်ပါ။) ယင်းမှာ သူတို့၌ ကိစ္စများစွာ ရှိနေပြီး သူတို့၏ စိတ်ထဲ၌ ပြည့်နေသောကြောင့်လော။ (မဟုတ်ပါ။) မဟုတ်ပေ။ ဤသည်မှာ သမ္မာတရားအပေါ် လူတို့၏ သဘောထားသည် ယင်းကို အလွန်အမင်း မနှစ်မြို့ခြင်းနှင့် သမ္မာတရားကို မချစ်ခြင်းတို့ထဲမှ တစ်ခု ဖြစ်ကြောင်း ပြသသည်။ ထို့ကြောင့် ငါသည် လူတိုင်းကို သတိပေးဆုံးမပြီး လူတိုင်းအား ဧဝံဂေလိတရားဟောခြင်းသည် အချို့သော လူအမျိုးအစား သို့မဟုတ် လူအုပ်စုအတွက် အထူး တာဝန်ဝတ္တရားတစ်ခု မဟုတ်ဘဲ ဘုရားသခင်နောက် လိုက်သူတိုင်း၏ တာဝန် ဖြစ်သည်ကို သိရှိစေသည်။ လူတို့သည် ဧဝံဂေလိတရားဟောခြင်း၏ သမ္မာတရားကို အဘယ်ကြောင့် နားလည်ရမည်နည်း။ လူတို့သည် ဤသမ္မာတရားများကို အဘယ်ကြောင့် သိရှိရန် လိုအပ်သနည်း။ ဖန်ဆင်းခံတစ်ဦးအနေဖြင့် ဘုရားသခင်နောက်သို့ လိုက်လျှောက်သူများထဲမှ တစ်ဦးအနေဖြင့် အသက်အရွယ်ဖြစ်စေ၊ လိင်ဖြစ်စေ၊ အသက်မည်မျှကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ ဧဝံဂေလိတရားဟောခြင်းသည် လူတိုင်း လက်ခံရမည့် အထူးတာဝန်နှင့် တာဝန်တစ်ရပ် ဖြစ်သည်။ အကယ်၍ ဤအထူးတာဝန်သည် သင့်ထံရောက်လာပြီး သင့်အနေဖြင့် သင့်ကိုယ်သင် အသုံးခံဖို့၊ အဖိုးအခပေးဆပ်ဖို့၊ သို့မဟုတ် သင့်အသက်ကိုပင် စွန့်လွှတ်ဖို့ လိုအပ်လာပါက သင်သည် မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ သင်သည် ယင်းကို လက်ခံရန် တာဝန်ရှိသည်။ ဤသည်မှာ သမ္မာတရားတည်း။ ယင်းသည် သင်နားလည်သင့်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းသော အယူဝါဒတစ်ခု မဟုတ်ပေ။ ယင်းသည် သမ္မာတရားဖြစ်သည်။ ယင်းသည် သမ္မာတရားဖြစ်သည်ဟု အဘယ်ကြောင့် ငါ ဆိုရသနည်း။ အဘယ်ကြောင့်ဆိုသော် အချိန်မည်သို့ပြောင်းလဲသွားပါစေ၊ ဆယ်စုနှစ်များ မည်သို့ကုန်လွန်သွားပါစေ သို့မဟုတ် နေရာများနှင့် တည်နေရာများ မည်သို့ပြောင်းလဲပါစေ၊ ဧဝံဂေလိတရားဟောခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့သည် အစဉ်သဖြင့် အပြုသဘောဆောင်သော အရာတစ်ခုဖြစ်နေလိမ့်မည်။ ယင်း၏အဓိပ္ပာယ်နှင့်တန်ဖိုးတို့သည် မည်သည့်အခါမျှ ပြောင်းလဲမည် မဟုတ်ပေ။ အချိန် သို့မဟုတ် ပထဝီတည်နေရာ အပြောင်းအလဲများ၏ လွှမ်းမိုးခြင်းကို လုံးဝ ခံရလိမ့်မည်မဟုတ်ပေ။ ဧဝံဂေလိတရားဟောခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းတို့သည် အဆုံးမရှိ ထာဝရဖြစ်သည်။ ပြီးလျှင် ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်သည် ယင်းကို လက်ခံသင့်ပြီး လက်တွေ့လုပ်ဆောင်သင့်သည်။ ဤသည်မှာ ထာဝရသမ္မာတရားဖြစ်သည်။ အချို့သောသူများက “ဧဝံဂေလိတရားဟောခြင်းသည် ကျွန်ုပ် ထမ်းဆောင်သော တာဝန် မဟုတ်ပါ” ဟု ဆိုကြသည်။ သို့သော်လည်း ဧဝံဂေလိတရားဟောခြင်းနှင့် သက်ဆိုင်သော ဤသမ္မာတရားသည် လူတို့ နားလည်သင့်သော အရာတစ်ခု ဖြစ်သည်၊ အကြောင်းမှာ ယင်းသည် ရူပါရုံများနှင့် သက်ဆိုင်သော သမ္မာတရား ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သောသူအားလုံးသည် ယင်းကို နားလည်သင့်သောကြောင့် ဖြစ်သည်၊ ယင်းသည် ဘုရားသခင်အပေါ် ယုံကြည်ခြင်းအတွက် အခြေခံကျပြီး အသက်ဝင်ရောက်မှုအတွက် အကျိုးရှိသည်။ ထို့ထက်မက သင်သည် အသင်းတော်၌ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ သင်သည် ဘာသာတရားမရှိသူများနှင့် ထိတွေ့ဆက်ဆံရန် အခွင့်အလမ်းများ ရှိမည်ဖြစ်ပြီး ထို့ကြောင့် သူတို့ထံ ဧဝံဂေလိတရားဟောရန် တာဝန် ရှိသည်။ သင်သည် ဧဝံဂေလိတရားဟောခြင်း၏ သမ္မာတရားကို နားလည်သည်နှင့်တစ်ပြိုင်နက် သင်၏ စိတ်နှလုံးထဲ၌ ဤသို့ သိရှိလာလိမ့်မည်။ “ဘုရားသခင်၏ အမှုတော်သစ်ကို ဖြန့်ချိရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားအမှုတော်၏ ဧဝံဂေလိကို ဖြန့်ချိရန်မှာ ကျွန်ုပ်၏ တာဝန် ဖြစ်သည်။ မည်သည့်အချိန်ဖြစ်စေ၊ မည်သည့်နေရာဖြစ်စေ ကျွန်ုပ်၏ ရာထူး သို့မဟုတ် ကဏ္ဍမှာ မည်သို့ပင် ဖြစ်စေကာမူ အကယ်၍ ကျွန်ုပ်သည် သရုပ်ဆောင်တစ်ဦးအဖြစ် အစေခံနေပါက ဧဝံဂေလိတရားဟောရန် ကျွန်ုပ်၌ ဝတ္တရား ရှိသည်၊ အကယ်၍ ကျွန်ုပ်သည် လက်ရှိ အသင်းတော် ခေါင်းဆောင်တစ်ဦး ဖြစ်ပါက ဧဝံဂေလိတရားဟောရန် ကျွန်ုပ်၌ ဝတ္တရား ရှိသည်လည်း ဖြစ်သည်။ ကျွန်ုပ် လက်ရှိ မည်သည့်တာဝန်ကို ထမ်းဆောင်နေသည်ဖြစ်စေ နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ချိရန် ကျွန်ုပ်၌ ဝတ္တရား ရှိသည်။ အခွင့်အလမ်း သို့မဟုတ် အားလပ်ချိန် ရှိသည့်အခါတိုင်း ကျွန်ုပ်သည် သွား၍ ဧဝံဂေလိတရားဟောသင့်သည်။ ဤသည်မှာ ကျွန်ုပ် ရှောင်လွှဲ၍မရသော တာဝန်တစ်ရပ် ဖြစ်သည်” ဟူ၍ ဖြစ်လေသည်။ ဤသည်မှာ လူအများစု လက်ရှိ ထင်မြင်ပုံ ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် လူအများစု အဘယ်အရာကို ထင်ကြသနည်း။ “ကျွန်ုပ်၌ ယခုအခါတွင် သတ်သတ်မှတ်မှတ် တာဝန်တစ်ခု ရှိသည်။ ကျွန်ုပ်သည် သီးခြား အသက်မွေးဝမ်းကျောင်းမှုတစ်ခု၊ ပညာရပ် နယ်ပယ်တစ်ခုကို လေ့လာပြီး နှိုက်နှိုက်ချွတ်ချွတ် စူးစမ်းလေ့လာနေသည်၊ ထို့ကြောင့် ဧဝံဂေလိတရားဟောခြင်းသည် ကျွန်ုပ်နှင့် ဘာမျှ မသက်ဆိုင်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့်သဘောထားမျိုး ဖြစ်သနည်း။ ယင်းမှာ လူတစ်ဦး၏ တာဝန်နှင့် အထူးတာဝန်ကို ရှောင်လွှဲခြင်း သဘောထား၊ အပျက်သဘောဆောင်သော သဘောထား ဖြစ်သည်။ ဤလူများသည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားခြင်း မရှိကြပေ၊ သူတို့သည် ဘုရားသခင်ကို ပုန်ကန်သောသူများ ဖြစ်ကြသည်။ သင် မည်သူဖြစ်သည်ဖြစ်စေ သင်သည် ဧဝံဂေလိတရားဟောရန် ဝန်ထုပ်ဝန်ပိုး မရှိပါက ဤသည်မှာ သင်၌ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကင်းမဲ့ကြောင်း လက္ခဏာတစ်ရပ် မဟုတ်လော။ အကယ်၍ သင်သည် တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ တာဝန်ယူခြင်းနှင့် ကျိုးနွံနာခံခြင်း မရှိပါက သင်သည် မထုံတက်သေးဖြစ်ပြီး အပျက်သဘောဆောင်စွာ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤသဘောထားသည် လက်မခံနိုင်ဖွယ် ဖြစ်သည်။ သင် မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ၊ ယင်းတွင် မည်သည့် အသက်မွေးဝမ်းကျောင်းမှု သို့မဟုတ် ပညာရပ် နယ်ပယ် ပါဝင်သည်ဖြစ်စေ သင် ရရှိသင့်သော အဓိက ရလဒ်များထဲမှ တစ်ခုမှာ ဘုရားသခင် လူသားမျိုးနွယ်ကို ကယ်တင်သည့် အမှုတော်၏ ဧဝံဂေလိတရားကို သက်သေခံပြီး ဖြန့်ချိနိုင်စွမ်း ဖြစ်သင့်သည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦးအတွက် အနည်းဆုံး တောင်းဆိုချက် ဖြစ်သည်။ အကယ်၍ သင်သည် ဤအနည်းဆုံး တောင်းဆိုချက်ကိုပင် မပြည့်မီနိုင်ပါက ဘုရားသခင်ကို ယုံကြည်သော ဤနှစ်များအတွင်း သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းမှ သင် အဘယ်အရာကို ရရှိခဲ့ပြီနည်း။ သင်သည် အဘယ်အရာကို ရရှိခဲ့ပြီနည်း။ သင်သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်သလော။ သင်သည် သင်၏ တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ပြီး သင်၏ အသက်မွေးဝမ်းကျောင်းမှု၌ ကျွမ်းကျင်လာခဲ့ပြီး ဖြစ်သော်လည်း ဘုရားသခင်ကို သက်သေခံရန် တောင်းဆိုခံရသည့်အခါ သင်သည် မည်သည့်အရာမျှ မပြောဆိုနိုင်ပါက သို့မဟုတ် သမ္မာတရား၏ မည်သည့်ရှုထောင့်ကိုမျှ မိတ်သဟာယမဖွဲ့နိုင်ပါက ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ ပြဿနာမှာ သင်သည် သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်။ အချို့သောသူတို့အား ၎င်းတို့သည် သမ္မာတရားကို နားမလည်ဟု ဆိုလျှင် တရားမျှတမှုမရှိဟု ခံစားရနိုင်ပါသည်။ သူတို့သည် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ထိရောက်ခဲ့သည်ဟု သူတို့ ထင်မှတ်နိုင်သည်၊ သို့သော် သူတို့သည် ဘုရားသခင်၏ အမှုတော်ဆိုင်ရာ ရူပါရုံများနှင့် လူသားမျိုးနွယ်ကို ကယ်တင်ရန် ကိုယ်တော်၏ ရည်ရွယ်ချက်တို့ကို နားမလည်ကြပေ။ ဤသည်မှာ သမ္မာတရားကို နားလည်ခြင်းနှင့် ညီမျှသလော။ အနည်းဆုံးအနေဖြင့် သင်သည် ဘုရားသခင်အပေါ် သင်၏ ယုံကြည်ခြင်းအတွက် မှန်သော လမ်းခရီး၌ အခြေခံအုတ်မြစ်ကို မတည်ထောင်ရသေးပေ။ သင်သည် ဘုရားသခင်၏ အမှုတော်နှင့် လူသားမျိုးနွယ်အတွက် သူ၏ ကယ်တင်ခြင်း ဧဝံဂေလိတရားကို ဖြန့်ချိခြင်းအတွက် ဝန်ထုပ်ဝန်ပိုးကို မခံယူပေ၊ ထို့ပြင် သင့်၌ မည်သည့် ထိုးထွင်းသိမြင်မှု၊ နားလည်မှု၊ သို့မဟုတ် သဘောပေါက်နားလည်မှုမျှ မရှိပေ။ သို့ဆိုလျှင် သင်သည် ဘုရားသခင်နောက် လိုက်သော တစ်စုံတစ်ဦးအဖြစ် အမှန်တကယ် မှတ်ယူခြင်း ခံရနိုင်ပါမည်လော။ သင်သည် ဘုရားသခင်နှင့် ပုံမှန် ဆက်ဆံရေးကို ထူထောင်ခဲ့ပြီးပြီလော။ အကယ်၍ သင်သည် ဤအမှုအရာများ တစ်ခုတလေကိုမျှ စွမ်းဆောင်ရရှိခြင်း မရှိသေးပါက သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်ပေ။

ယခု ကျွန်ုပ်တို့ ယခင်က ဆွေးနွေးခဲ့သော ခေါင်းစဉ်ကို ပြန်ဆွေးနွေးကြစို့။ ဧဝံဂေလိတရားဟောခြင်းသည် ဘုရားသခင် ရွေးချယ်ထားသောသူအားလုံး၏ တာဝန်နှင့် ဝတ္တရား ဖြစ်သည်။ သမ္မာတရား၏ ဤရှုထောင့်ကို ဆွေးနွေးခဲ့ပြီးဖြစ်သည့်နောက်တွင် လူတိုင်း နားလည်သင့်သော အချက်တစ်ချက်မှာ အဘယ်နည်း။ လူတစ်ဦးသည် အဖိုးအခကို ပေးဆပ်သည်ဖြစ်စေ၊ ဘုရားသခင်အတွက် အသုံးခံရန် သူတို့၏ မိသားစုနှင့် အလုပ်ကို စွန့်လွှတ်သည်ဖြစ်စေ၊ သို့မဟုတ် သူတို့၏ အသက်ကိုပင် ဆက်ကပ်သည်ဖြစ်စေ အမှန်တကယ်တွင် ဤသည်တို့အားလုံးမှာ အပေါ်ယံ အရာများ ဖြစ်ကြသည်။ ဘုရားသခင်သည် လူတို့ထံမှ အဆုံးစွန်၌ အဘယ်အရာကို တောင်းဆိုတော်မူသနည်း။ ယင်းမှာ သင်၏ ဝိညာဉ်ရင့်ကျက်မှု တိုးပွားလာပြီး သင်၏ အသက် ရင့်ကျက်လာသည်နှင့်အမျှ အချိန် ကုန်လွန်လာသည်နှင့်အမျှ သင်သည် ဘုရားသခင်၏ အမှုတော်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ကိုယ်တော်၏ ရည်ရွယ်ချက်တို့နှင့်ပတ်သက်သည့် အမျိုးမျိုးသော သမ္မာတရားများကို တဖြည်းဖြည်း စတင် နားလည်လာခြင်း ဖြစ်သည်။ ဧဝံဂေလိတရားဟောခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းအတွက် သင်၏ ဝန်ထုပ်ဝန်ပိုးသည် တိုး၍တိုး၍ ထင်ရှားလာပြီး ဤတာဝန်ကို ထမ်းရွက်ရန် သင်၏ စိတ်ပိုင်းဖြတ်မှုသည် ပို၍ ခိုင်မာလာသည်။ အကယ်၍ အသင်းတော် ခေါင်းဆောင်တစ်ဦးသည် နှစ်ပေါင်းများစွာ အမှုတော်ကို ဆောင်ရွက်ခဲ့သော်လည်း သူတို့ အသင်းတော်ကို ဦးဆောင်သည့် နှစ်များ ကုန်လွန်သွားသည်နှင့်အမျှ ဧဝံဂေလိ တရားဟောပြောခြင်းအတွက် သူ၌ ရှိသော စိတ်အားထက်သန်မှု၊ စိတ်လှုပ်ရှားခြင်းနှင့် ဝန်ထုပ်ဝန်ပိုးတို့ လျော့နည်းလာပါက ထိုသူသည် မိမိ၏တာဝန်ကို မည်မျှ ကောင်းစွာ ထမ်းဆောင်သနည်း။ (မကောင်းပါ။) အဘယ်ကြောင့်နည်း။ ပေါ်ပေါက်လာသော ပြဿနာမှာ အဘယ်နည်း။ အကယ်၍ သူတို့သည် ထိုသို့သော အခြေအနေဖြစ်လာပါက သို့မဟုတ် ထိုသို့သော အခြေအနေ၌ အသက်ရှင်ပါက အနည်းဆုံး အချက်တစ်ချက်မှာ သေချာသည်။ ဤပုဂ္ဂိုလ်သည် ဤနှစ်များအတွင်း သမ္မာတရားကို မလိုက်စားခဲ့ဘဲ မည်သည့် တကယ့်အလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ပေ။ သူတို့သည် အဆင်းနီသော နဂါးကြီး၏ ဗျူရိုကရက် ကေဒါများကဲ့သို့ ဖြစ်သည်။ ရလဒ်အနေဖြင့် သူတို့၌ ဘုရားသခင်၏ နာမတော်ကို ကြေညာခြင်းနှင့် ကိုယ်တော်၏ အမှုတော်ကို သက်သေခံခြင်းအတွက် ဝန်ထုပ်ဝန်ပိုး မရှိသကဲ့သို့ ထိုးထွင်းသိမြင်မှုလည်း မရှိပေ။ ဤသည်မှာ အကျိုးရလဒ် မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် ရှောင်လွှဲမရသော အကျိုးဆက် ဖြစ်သည်။ ဤပုဂ္ဂိုလ်သည် နှစ်ပေါင်းမည်မျှ အမှုတော်ကို ဆောင်ရွက်ခဲ့သည်ဖြစ်စေ သူတို့၌ ကြီးမားသော ဝိညာဉ်ရင့်ကျက်မှု ရှိကြောင်း၊ သူတို့သည် ဘုရားသခင်၏ ဝန်ထုပ်ဝန်ပိုးကို အလေးထားနိုင်ကြောင်းနှင့် ဘုရားသခင်၏ ရည်ရွယ်ချက်များအတိုင်း အစေခံနိုင်ကြောင်း သူတို့ ထင်လျှင်ပင် သို့တိုင်အောင် ဧဝံဂေလိတရားဟောခြင်းနှင့် ပတ်သက်လာသောအခါ သူတို့သည် နောက်ဆုတ်ကြသည်၊ ယင်းကို မည်သို့ လုပ်ဆောင်ရမည်ကို သူတို့ မသိကြပေ။ သူတို့သည် ဘုရားသခင်၏ ပေါ်ထွန်းခြင်းကို စိတ်အားထက်သန်ပြီး မှန်သော လမ်းခရီးကို လာရောက်ရှာဖွေကာ စုံစမ်းစစ်ဆေးသော လူတို့နှင့် ကြုံတွေ့ရသောအခါ၊ သူတို့သည် စကား ဆွံ့အသွားကြသည်။ သူတို့သည် စကားတစ်ခွန်းမျှ မပြောဆိုနိုင်ကြဘဲ အဘယ်မှ စတင်ရမည်ကို မသိကြပေ။ ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ ယင်းမှာ သူတို့သည် သမ္မာတရားကို နားမလည်ဘဲ သမ္မာတရားကို မရရှိသေးသောကြောင့် သူတို့သည် ဘုရားသခင်ကို သက်သေမခံနိုင်ခြင်း ဖြစ်သည်။ သမ္မာတရားကို နားလည်သောသူတို့သာလျှင် ဘုရားသခင်ကို သက်သေခံနိုင်သည်။ ဧဝံဂေလိတရားဟောခြင်းနှင့် ဘုရားသခင်ကို သက်သေခံခြင်းသည် သင်၏ တာဝန်များ နယ်ပယ်အတွင်း ကျရောက်သည်။ အကယ်၍ သင်သည် သမ္မာတရားကို နားလည်ပါက၊ အကယ်၍ သင်သည် သမ္မာတရားကို ရရှိခဲ့ပြီးပါက မှန်သော လမ်းခရီးကို စုံစမ်းစစ်ဆေးနေသော လူတို့နှင့် သင် တွေ့ဆုံသည့်အခါ သင်သည် အဘယ်ကြောင့် ပြောစရာ စကား မရှိရမည်နည်း။ ဤသည်မှာ ပြဿနာတစ်ရပ် မဟုတ်လော။ သင်တို့သည် ဤကဲ့သို့သော အခြေအနေများ၌ မကြာခဏ ကြုံတွေ့ရသလော။ (ဟုတ်ပါသည်။) ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ သင်၌ ဝန်ထုပ်ဝန်ပိုး မရှိခြင်း ဖြစ်သည်။ ဝန်ထုပ်ဝန်ပိုး မရှိခြင်းသည် ပြဿနာတစ်ရပ် ဟုတ်သလော။ သင်သည် ဝန်ထုပ်ဝန်ပိုး မရှိဘဲ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်သလော။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်လျှင်ပင် သင်သည် ယင်းကို သစ္စာစောင့်သိစွာ လုပ်ဆောင်နိုင်မည်လော။ သင်သည် ယင်းကို စံနှုန်းပြည့်မီသော နည်းလမ်းဖြင့် လုပ်ဆောင်နိုင်မည်လော။ ဝန်ထုပ်ဝန်ပိုး မရှိခြင်းသည် သေစေနိုင်သော ပြဿနာတစ်ရပ် မဟုတ်နိုင်သော်လည်း ယင်းသည် ဆိုးရွားသော ပြဿနာတစ်ရပ် ဖြစ်နေဆဲ ဖြစ်သည်၊ အကြောင်းမှာ ယင်းသည် သင်၏ တာဝန်ကို မည်မျှ ကောင်းစွာ ထမ်းဆောင်သည်ကို သက်ရောက်မှုရှိသောကြောင့် ဖြစ်သည်။ ဤပြဿနာသည် ဖြေရှင်းရန် မလိုအပ်သလော။ (လိုအပ်ပါသည်။) သို့ဆိုလျှင် သင်သည် ဤသည်ကို မည်သို့ ဖြေရှင်းမည်နည်း။ သင်သည် ဧဝံဂေလိတရားဟောခြင်းနှင့် ပတ်သက်၍ သင်၏ မှားယွင်းသော ရှုမြင်ပုံများကို ပြောင်းပြန်လှန်ပြီး ယင်း၏ သမ္မာတရားကို နားလည်ရမည်။ သင်တို့ လက်ရှိ လုပ်ဆောင်နေသော အမှုအားလုံးသည် ဧဝံဂေလိတရားဟောခြင်း အမှုနှင့် တိုက်ရိုက် သက်ဆိုင်ပြီး ဧဝံဂေလိတရားဟောခြင်း နယ်ပယ်အတွင်း ကျရောက်သည်။ ယင်းသည် ဘုရားသခင်ကို သက်သေခံရန်၊ ဧဝံဂေလိ အလုပ်ကို ဖြန့်ဝေရန်၊ ဘုရားသခင်၏ နာမတော်အကြောင်း သက်သေခံရန်နှင့် လူသားမျိုးနွယ်ကို ကယ်တင်ခြင်း၌ ဘုရားသခင်၏ အမှုတော်၏ ဤဧဝံဂေလိတရားကို ဖြန့်ချိရန် ရည်ရွယ်သည်။ ဤသို့ဖြင့် လူများ ပိုမို၍ ယင်းကို သိရှိလာကြပြီး လူများ ပိုမို၍ ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်ကာ ဘုရားသခင်၏ သိမ်းပိုက်ခြင်းကို လက်ခံပြီး ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံရရှိကြစေရန် ဖြစ်လေသည်။ ပြီးလျှင် အဆုံး၌ သူတို့သည် သူတို့ကို ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို လက်ခံရရှိရန် အတော်အတန် ကံကောင်းကြပါက ယင်းသည် သာ၍ပင် ကောင်းလေသည်။ ပိုမို၍ များပြားသောလူများအား ဘုရားသခင်၏ ရှေ့မှောက်သို့ လာရောက်စေခြင်းသည် အဘယ်အရာကို ဆိုလိုသနည်း။ ပြီးလျှင် ဤအရာက စွမ်းဆောင်ရရှိသင့်သော အဆုံးသတ် ရလဒ်မှာ အဘယ်နည်း။ (ပို၍များသော လူများ ဘုရားသခင်၏ ကယ်တင်ခြင်းကို ရရှိစေရန်ဖြစ်သည်။) အဘယ်ကြောင့် ဤပန်းတိုင်ကို စွမ်းဆောင်ရရှိသင့်သနည်း။ အကြောင်းမှာ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သောကြောင့် ဖြစ်သည်။ ထို့ကြောင့် ငါတို့သည် ဤသမ္မာတရားများကို မမောနိုင်မပန်းနိုင် ရှင်းပြရခြင်း ဖြစ်သည်။ အကယ်၍ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် မည်သို့မျှ မသက်ဆိုင်ခဲ့ပါက ဤအမှုအရာများအကြောင်း ပြောဆိုခြင်းသည် အသုံးမဝင်ဘဲ အနှစ်မဲ့နေပေမည်။ အကြောင်းမှာ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သောကြောင့် ငါတို့သည် ယင်းကို ရှင်းလင်းစေပြီး လူတိုင်းအား ယင်းကို နားလည်ရန် ကူညီသည်၊ ဤသို့ဖြင့် သူတို့သည် ဤသည်မှာ သမ္မာတရား ဖြစ်ပြီး ဧဝံဂေလိတရားဟောခြင်း၏ ဤသမ္မာတရားထဲသို့ လူတိုင်းသည် ကြိုးပမ်းအားထုတ်မှု ပြုသင့်သည်ကို သိရှိကြစေရန် ဖြစ်လေသည်။ ဤသို့ဖြင့် လူတစ်ဦးစီတိုင်း၌ ဤသို့သော ထိုးထွင်းသိမြင်မှု ရှိပြီး ဤသို့သော ဝန်ထုပ်ဝန်ပိုးမျိုး တိုးပွားလာစေရန် ဖြစ်လေသည်။

နောက်မေးခွန်းတစ်ခုမှာ ငါတို့သည် လူများအနေဖြင့် ဧဝံဂေလိကို ပိုမို ဟောကြားနိုင်ပြီး ၎င်းတို့၏ တာဝန်များကို ကောင်းမွန်စွာ ဖြည့်ဆည်းနိုင်ရန်အလို့ငှာ ဘုရားသခင်၏ ရည်ရွယ်ချက်ကို ပိုမိုများပြားသော လူများအား အဘယ်ကြောင့် နားလည်အောင် ထောက်ကူပေးသင့်သနည်း။ အဘယ်ကြောင့် ဤသည်ကို လုပ်ဆောင်သင့်သနည်း။ အချို့က “ဘုရားသခင်သည် လူအယောက်တိုင်းကို ကယ်တင်ခံရစေလိုပြီး မည်သူ့ကိုမျှ ပျက်စီးခြင်းသို့ မရောက်စေလိုပေ၊ ထို့ကြောင့် ကျွန်ုပ်တို့သည် ပို၍များသော လူများအား ဘုရားသခင်၏ အမှုကို လက်ခံအောင် ထောက်ကူပေးသင့်သည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤပြောဆိုချက်သည် မှန်ကန်သည်၊ သို့သော် ယင်းသည် မေးခွန်း၏ အနှစ်သာရရှိသော အဖြေ မဟုတ်ပေ။ သို့ဆိုလျှင် ဤမေးခွန်း၏ အနှစ်သာရရှိသော အဖြေမှာ အဘယ်နည်း။ သင်တို့ သိကြသလော။ (ဘုရားသခင်သည် သူ၏ စိတ်တော်နှင့် တညီတညွတ်တည်းရှိသော လူတစ်စုကို ရရှိလိုသည်။) ဘုရားသခင်သည် သူ၏ စိတ်တော်နှင့် တညီတညွတ်တည်းရှိသော လူတစ်စုကို ရရှိလိုသည်၊ ဤသည်ကို ဧဝံဂေလိတရား ဖြန့်ဝေခြင်းမှတစ်ဆင့် ဖြစ်မြောက်အောင်မြင်ရပေမည်။ ကျွန်ုပ်တို့ ယခု ပြောဆိုနေသောအရာမှာ ဧဝံဂေလိတရားကို အနှံ့အပြား ဖြန့်ဝေခြင်း ဖြစ်သည်။ ဧဝံဂေလိတရားကို အနှံ့အပြား ဖြန့်ဝေခြင်းနှင့် လူတစ်စုကို ရရှိခြင်းတို့ကြား ခြားနားချက် ရှိသလော။ (ရှိပါသည်။) သို့ဆိုလျှင် ဧဝံဂေလိတရားကို အနှံ့အပြား ဖြန့်ဝေခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ (များစွာသော လူတို့ကို တတ်နိုင်သမျှ ကယ်တင်ရန် ဖြစ်ပါသည်။) များစွာသော လူတို့ကို တတ်နိုင်သမျှ ကယ်တင်ရန်မှာ ဘုရားသခင်၏ ကယ်တင်ခြင်းဆိုင်ရာ စည်းမျဉ်းတစ်ခု ဖြစ်သော်လည်း ဤမေးခွန်း၏ အဖြေ မဟုတ်ပေ။ ဤတစ်ကြိမ်၌ ခေတ်တစ်ခေတ်ကို ဖွင့်လှစ်ရန်၊ ခေတ်သစ်တစ်ခုကို ဖြစ်ပေါ်စေပြီး ခေတ်ဟောင်းကို အဆုံးသတ်ရန်၊ နိုင်ငံတော်ခေတ်ကို ဖြစ်ပေါ်စေပြီး ကျေးဇူးတော်ခေတ်ကို အဆုံးသတ်ရန်အလို့ငှာ ဘုရားသခင် အမှုပြုဖို့ ကြွလာခဲ့ပုံကို ဤအမှုစတင်သည့်အချိန်မှစ၍ ငါ ထပ်ခါတလဲလဲ ပြောဆိုခဲ့ပြီးဖြစ်သည်။ နောက်ဆုံးသောကာလ၌ ဘုရားသခင်၏ အမှုကို လက်ခံသောသူအားလုံးသည် ဤအချက်ကို သက်သေခံခဲ့ကြပြီးဖြစ်သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို တရားစီရင်ရန်၊ လူသားမျိုးနွယ်ကို သန့်စင်ပြီး ကယ်တင်ရန် သမ္မာတရားကို ဖော်ပြလျက် အမှုတော်သစ်ကို ပြုနေခဲ့ပြီးဖြစ်သည်။ နိုင်ငံတော်၏ ဧဝံဂေလိတရားသည် နိုင်ငံများစွာတို့၌ စတင် ပျံ့နှံ့ခဲ့ပြီးဖြစ်သည်။ ဤလူသားမျိုးနွယ်သည် ပညတ်တော်ခေတ်နှင့် ကျေးဇူးတော်ခေတ်တို့မှ ထွက်ခွာလာခဲ့ပြီးသား ဖြစ်သည်။ သူတို့သည် သမ္မာကျမ်းစာကို မဖတ်ရှုကြတော့ပေ၊ သူတို့သည် လက်ဝါးကပ်တိုင်အောက်၌ အသက်မရှင်ကြတော့ပေ၊ ထို့ပြင် သူတို့သည် ကယ်တင်ရှင်ယေရှု၏ နာမတော်ကို အော်မခေါ်တော့ပေ။ ထိုအစား သူတို့သည် အနန္တတန်ခိုးရှင် ဘုရားသခင်၏ နာမတော်၌ ဆုတောင်းကြပြီး တစ်ချိန်တည်းတွင် ဘုရားသခင်၏ လက်ရှိ နှုတ်ကပတ်တော်များကို သူတို့၏ အသက်တာ၌ ရှင်သန်မှု၏ စည်းမျဉ်းများ၊ နည်းလမ်းများနှင့် ပန်းတိုင်များအဖြစ် လက်ခံကြသည်။ ဤသဘောအရ ဤလူများသည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်ခဲ့ကြပြီးသားဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) သူတို့သည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်ခဲ့ကြပြီးဖြစ်သည်။ သို့ဆိုလျှင် နောက်ဆုံးသောကာလ၌ ဧဝံဂေလိတရားနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်အသစ်တို့ကို လက်မခံရသေးသော သာ၍များပြားသော လူတို့ အသက်ရှင်နေထိုင်နေဆဲဖြစ်သည့် ခေတ်မှာ အဘယ်နည်း။ ၎င်းတို့သည် ကျေးဇူးတော်ခေတ်တွင် ရှင်သန်နေဆဲဖြစ်သည်။ ယခုအခါတွင် သင်တို့၏ တာဝန်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ကို ကျေးဇူးတော်ခေတ်မှ ခေတ်သစ်ထဲသို့ ခေါ်ဆောင်ရန် ဖြစ်သည်။ သင်တို့သည် ဘုရားသခင်ထံ ဆုတောင်းပြီး သူ၏နာမတော်ကို ခေါ်ရုံမျှဖြင့် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်စေနိုင်သလော။ ဘုရားနှုတ်ကပတ်တော် အနည်းငယ်ကို တရားဟောရုံဖြင့် လုံလောက်သလော။ သေချာပေါက် မလုံလောက်ချေ။ ဤသည်မှာ ဧဝံဂေလိ တရားဟောခြင်းဖြစ်သည့် ဤတာဝန်ပေးစေခိုင်းချက်ကို တာဝန်ယူဖို့၊ ဘုရားနှုတ်ကပတ်တော်များကို ကျယ်ပြန့်စွာ ဖြန့်ဝေဖို့၊ ဘုရားနှုတ်ကပတ်တော်များကို နည်းလမ်းမျိုးစုံဖြင့် ဖြန့်ချိဖို့၊ နိုင်ငံတော် ဧဝံဂေလိကို ဖြန့်ချိပြီး ဖြန့်ဝေဖို့ ဝန်တာထားစိတ် သင်တို့အားလုံးတွင် ရှိရန် လိုအပ်သည်။ ဖြန့်ဝေဖို့သည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ နောက်ဆုံးသောကာလရှိ ဘုရားအမှုတော်ကို လက်မခံရသေးသည့်သူများအား ဘုရားနှုတ်ကပတ်တော်များကို သိရှိစေဖို့၊ ဘုရားသခင်သည် အမှုအသစ်ပြုနေခဲ့ခြင်းဖြစ်ကြောင်း ပို၍များသော လူများအား သိစေပြီးနောက် ၎င်းတို့ထံ ဘုရားနှုတ်ကပတ်တော်များကို သက်သေခံဖို့၊ ဘုရားအမှုတော်ကို သက်သေခံရန် သင်တို့၏ အတွေ့အကြုံများကို အသုံးပြုပြီး ၎င်းတို့ကိုလည်း ခေတ်သစ်ထဲသို့ ဆောင်ကြဉ်းဖို့ဖြစ်သည်။ ဤနည်းအားဖြင့် ၎င်းတို့သည် သင်တို့ကဲ့သို့ပင် ခေတ်သစ်ထဲသို့ ဝင်ရောက်လိမ့်မည်။ ဘုရားသခင်၏ ရည်ရွယ်ချက်က ရှင်းပေသည်။ ခေတ်သစ်ထဲ ဝင်ရောက်ဖို့မှာ သူ၏ နှုတ်ကပတ်တော်များကို ကြားနာပြီးဖြစ်သော၊ လက်ခံပြီးဖြစ်သော၊ သူ့နောက်သို့ လိုက်ပြီးဖြစ်သော သင်တို့အတွက်သာ မဟုတ်ဘဲ သူသည် လူသားမျိုးနွယ်တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်ဖြစ်ပြီး ယခု ဘုရားသခင်နောက် လိုက်နေသည့်သူအားလုံး နားလည်သင့်သည့် သမ္မာတရား ဖြစ်သည်။ ဘုရားသခင်သည် လူတစ်စု သို့မဟုတ် လူအစုအဖွဲ့ငယ်လေးတစ်ခု သို့မဟုတ် လူမျိုးနွယ်စုငယ်လေးတစ်ရပ်ကိုသာ ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြနေခြင်း မဟုတ်။ ထိုအစား လူသားမျိုးနွယ် တစ်ရပ်လုံးကို ခေတ်သစ်ထဲသို့ ဦးဆောင်လမ်းပြရန် သူရည်ရွယ်၏။ ဤပန်းတိုင်ကို မည်သို့စွမ်းဆောင်ရရှိနိုင်မည်နည်း။ (ဧဝံဂေလိကို အနှံ့အပြား တရားဟောခြင်းအားဖြင့် ဖြစ်ပါသည်။) အမှန်ပင်။ ယင်းကို ဧဝံဂေလိအား ကျယ်ပြန့်စွာ တရားဟောခြင်းဖြင့်၊ ဧဝံဂေလိအား ကျယ်ပြန့်စွာ တရားဟောရန်မျိုးစုံသော နည်းစနစ်များနှင့် လမ်းကြောင်းများအားဖြင့် စွမ်းဆောင်ရရှိရမည်။ ဧဝံဂေလိကို ကျယ်ပြန့်စွာ တရားဟောခြင်းအကြောင်း ပြောခြင်းသည် လွယ်ကူသော်လည်း ယင်းကို အတိအကျအားဖြင့် မည်သို့လုပ်ဆောင်သင့်သနည်း။ (ယင်းမှာ လူ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပါသည်။) အတိအကျပင်။ ဤသည်မှာ လူ၏ ပူးပေါင်းဆောင်ရွက်မှု လိုအပ်ပေသည်။ အကယ်၍ လူတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ အချို့သော အရာဟောင်းများကို အစဉ်သဖြင့် စွဲကိုင်ထားကာ အချို့သော လွဲချော်သည့် အယူအဆများကို အစဉ်သဖြင့် သိုထားပြီး စည်းမျဉ်းစည်းကမ်းအဟောင်းများနှင့် ကျင့်ကြံပြုမူမှုများကို စွဲကိုင်ထားသော်လည်း ဧဝံဂေလိအလုပ်ကို အလေးအနက် မထားသည့်အပြင် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို လက်မခံဘဲ ဧဝံဂေလိအလုပ်ကို မိမိတို့နှင့် မသက်ဆိုင်ဟု သဘောထားလျှင် ထိုသို့သော လူများသည် ဘုရားသခင်၏ ရာထူးတိုးမြှင့်ခြင်းနှင့် အသုံးပြုခြင်းကို ခံရနိုင်မည်လော။ သူတို့သည် ဘုရားသခင်၏ ရှေ့မှောက်၌ အသက်ရှင်ရန် အရည်အချင်းများ ရှိနိုင်မည်လော။ သူတို့သည် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိနိုင်မည်လော။ လုံးဝ မဟုတ်ပေ။ ထို့ကြောင့် ငါသည် သင်တို့၏ တွေးခေါ်ပုံနည်းလမ်းအတွက် လမ်းညွှန်ပေးရမည်၊ သင်တို့ နားမလည်သော မည်သည့်အချက်များကိုမဆို မှတ်သားထားပြီး သင်တို့ နားလည်သဘောပေါက်သည်အထိ သက်ဆိုင်ရာ သမ္မာတရားများကို မမောမပန်း ရှင်းပြရမည်။ သင်တို့သည် မည်မျှပင် ထုံထိုင်းပြီး ဉာဏ်မကောင်းပါစေ ငါသည် သင်တို့အား ဆက်လက်၍ စကားပြောဆိုရမည်ဖြစ်ပြီး ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်၊ ဤသည်မှာ သင်တို့ ဆောင်ရွက်ရမည့် တာဝန် ဖြစ်ကြောင်း၊ ဤသည်မှာ ဤတစ်သက်တာ၌ သင်တို့၏ အထူးတာဝန်နှင့် ဝတ္တရား ဖြစ်ကြောင်းကို သင်တို့အား နားလည်စေရမည်။ အကယ်၍ သင်သည် ငါ ဆိုသောစကားကို ဂရုမပြု သို့မဟုတ် နားမလည်ပါက၊ ငါသည် ဆက်လက် ပြောဆိုရမည်။ သင်သည် ယင်းကို ငြီးငွေ့နေလျှင်ပင် သမ္မာတရားကို နားလည်သည်အထိ ငါ ဆက်လက် ပြောဆိုရမည်။ သမ္မာတရားဟူသည် အဘယ်နည်း။ သမ္မာတရားသည် ဘုရားသခင် ဖော်ပြသောအရာ ဖြစ်သည်၊ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ လူသားမျိုးနွယ်အပေါ် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် ခေတ်သစ်မှ လူတို့ မုချ ပိုင်ဆိုင်ရမည့် သမ္မာတရား လက်တွေ့ကျမှု ဖြစ်သည်။ လူတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို မည်သို့ သဘောထားပြုမူသင့်သနည်း။ သူတို့သည် ယင်းတို့ကို ခြွင်းချက်မရှိဘဲ လုံးဝ လက်ခံသင့်သည်၊ ထို့နောက် မိမိတို့ကိုယ်တိုင် ကျိုးနွံနာခံပြီး ပူးပေါင်းဆောင်ရွက်သင့်ကာ ဤသို့ဖြင့် ဘုရားသခင်၏ ရည်ရွယ်ချက်များကို ကျေနပ်စေသင့်သည်။ ဤသည်မှာ လူတစ်ဦး၏ ဝတ္တရား ဖြစ်သည်။ ငါ ဤကဲ့သို့ ဆိုလျှင် သင်တို့ နားလည်သလော။ အချို့က “အလိုလေး၊ ဘုရားသခင်သည် လူတို့အား သူ၏ တာဝန်ပေးစေခိုင်းချက်ကို လက်ခံရန် တောင်းဆိုသည်၊ သို့သော် ယင်းသည် ကျွန်ုပ်တို့ အရေးမပါသော သူများနှင့် ဘာသက်ဆိုင်သနည်း” ဟု ပြောကောင်းပြောနိုင်သည်။ ယင်းသည် သူတို့နှင့် တစ်စုံတစ်ရာ သက်ဆိုင်ခြင်း ရှိသည်ဟု သင်တို့တွေးထင်သလော။ (သက်ဆိုင်ပါသည်။) ယင်းသည် သူတို့နှင့် အဘယ်အရာ သက်ဆိုင်သနည်း။ ငါ ရှင်းပြမည်။ ဘုရားသခင်သည် ဖန်ဆင်းရှင် ဖြစ်ပြီး လူသားများသည် သူ၏ ဖန်ဆင်းခံများ ဖြစ်ကြသည်။ “ဖန်ဆင်းခြင်း” နှင့် “ဖန်ဆင်းခံ” တို့ကြား ဆက်နွှယ်မှုမှာ အဘယ်နည်း။ ယင်းသည် ပြုမူခြင်းနှင့် ပြုမူခံရခြင်းတို့ကြား၊ ဖန်ဆင်းခြင်းနှင့် ဖန်ဆင်းခံရခြင်းတို့ကြား ဆက်နွှယ်မှု ဖြစ်သည်။ ဖန်ဆင်းရှင်၏ ရည်ရွယ်ချက်များကို သင့်အား သိစေပြီးဖြစ်သောကြောင့် သင်သည် မည်သည့်သဘောထားဖြင့် တုံ့ပြန်သင့်သနည်း။ (လက်ခံပြီး အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်ပါသည်။) အတိအကျပင်၊ သင်သည် ယင်းတို့ကို ကျိုးနွံနာခံပြီး လက်ခံသင့်ကာ မည်မျှပေးဆပ်ရပါစေ သင်၏ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်သင့်သည်။ ဤပူးပေါင်းဆောင်ရွက်ခြင်းတွင် သမ္မာတရားကို ရှာဖွေခြင်း ပါဝင်သလော။ ယင်းတွင် သမ္မာတရားကို နားလည်ခြင်း ပါဝင်သလော။ ယင်းတွင် နှစ်မျိုးလုံး ပါဝင်သည်။ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် တာဝန်ပေးစေခိုင်းချက်တို့ကို နားလည်သောကြောင့် ဤအရာများသည် သင်၏ အထူးတာဝန်နှင့် သက်ဆိုင်သည်၊ ယင်းတို့သည် သင်၏ တာဝန် ဖြစ်သည်။ သင် ဤသည်ကို သိရှိသောကြောင့် သင်သည် ယင်းကို လက်ခံသင့်သည်။ ဤသည်မှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသော တစ်စုံတစ်ဦး လုပ်ဆောင်သင့်သောအရာ ဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်၏ တောင်းဆိုချက်များနှင့် တာဝန်ပေးစေခိုင်းချက်တို့ကို သိရှိသော်လည်း ယင်းတို့ကို လက်မခံနိုင်ပါက သင်သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား နှစ်မျိုးလုံး ကင်းမဲ့ပြီး သင်သည် လူသားတစ်ဦးဟု အခေါ်မခံရထိုက်ပေ။ အချို့သောသူတို့သည် “ဘုရားသခင်၏ ရည်ရွယ်ချက်များသည် ကျွန်ုပ်တို့နှင့် ဘာသက်ဆိုင်သနည်း” ဟု ထင်မှတ်လျက် နားမလည်ကြသေးပေ။ အကယ်၍ ဘုရားသခင်၏ ရည်ရွယ်ချက်များသည် သင်နှင့် မည်သို့မျှ မသက်ဆိုင်ပါက သင်သည် ဘုရားသခင်နောက် လိုက်သူတစ်ဦး သို့မဟုတ် ဘုရားသခင်၏ အိမ်တော်သားတစ်ဦး မဟုတ်ပေ။ ဥပမာအားဖြင့် သင်၏ မိဘများသည် သင့်ကို မွေးဖွားပေးခဲ့ပြီး နှစ်ပေါင်းများစွာ သင့်ကို ပြုစုပျိုးထောင်ခဲ့သည်၊ သင်သည် သူတို့၏ အစာကို စားခဲ့သည်၊ သူတို့၏ အိမ်၌ နေထိုင်ခဲ့သည်နှင့် သူတို့၏ ငွေကို သုံးစွဲခဲ့သည်။ သို့သော် အိမ်၌ ပြဿနာတစ်ခု ရှိသည့်အခါ သင်သည် ယင်းမှာ သင်နှင့် မည်သို့မျှ မသက်ဆိုင်ဟု ဆိုလျက် ယင်းကို လျစ်လျူရှုပြီး ထွက်ပြေးသွားပါက ဤသည်မှာ မည်သို့သော ဆိုးရွားသောသူ ဖြစ်သနည်း။ သင့်ကို ပြင်ပလူတစ်ဦးဟု ဆိုခြင်းသည် နှစ်လိုဖွယ် ကောင်းသည်ဟု ထင်ရသည်၊ အမှန်တကယ်တွင် သင်သည် ပုန်ကန်သော ဆိုးရွားသောသူ၊ လူ့အဝတ်အစား ဝတ်ဆင်ထားသော တိရစ္ဆာန်၊ သားရဲထက် နိမ့်ကျသောသူ ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို သင့်အား ရှင်းလင်းစွာ သိစေပြီးဖြစ်သည်၊ ပြီးလျှင် ဘုရားသခင်က “သင်တို့သည် ဤအမှုတော် အဆင့်ကို လက်ခံခဲ့ပြီးဖြစ်သည်၊ သင်တို့အနေဖြင့် ဤနှုတ်ကပတ်တော်များကို ဦးစွာ ကြားသိရပြီး ယင်းတို့ကို သိနားလည်ပြီး သဘောပေါက်နားလည်ပြီး ဖြစ်နိုင်ဖို့အလို့ငှာ ငါသည် သင်တို့အား ဤနှုတ်ကပတ်တော်များကို ဦးစွာ ပေးအပ်ခဲ့ပြီး ဖြစ်သည်။ ယခုအခါတွင် ငါသည် သင်တို့အား ငါ၏ ရည်ရွယ်ချက်နှင့် သင်တို့အပေါ် ငါ၏ တောင်းဆိုချက်ကိုလည်း ပြောပြမည်။ လူသားမျိုးနွယ်တစ်ရပ်လုံး ငါ၏ အသံကို ကြားနာခွင့်ပြုရန်အလို့ငှာ သင်တို့သည် ငါ၏ အမှုတော်၊ ငါ၏ နှုတ်ကပတ်တော်များနှင့် ငါ ပြီးမြောက်အောင်မြင်စေမည့် အမှုအရာများကို ဖြန့်ချိသင့်သည်၊ လူသားမျိုးနွယ်အားလုံး ဘုရားသခင်၏ အမှုကို လျင်မြန်စွာ လက်ခံပြီး နိုင်ငံတော်ခေတ်သို့ ဝင်ရောက်ခွင့်ပြုရန်အလို့ငှာ ငါ၏ နိုင်ငံတော် ဧဝံဂေလိတရားကို သင်တို့ ဖြန့်ဝေသင့်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် တောင်းဆိုချက် ဖြစ်သည်” ဟု မိန့်တော်မူသည်။ ဤသည်ကို ကြားပြီးနောက် သင်သည် မည်သို့ ဆင်ခြင်သုံးသပ်သင့်သနည်း။ သင်၌ မည်သို့သော သဘောထား ရှိသင့်သနည်း။ သင်သည် မည်သို့ ရွေးချယ်သင့်သနည်း။ ဖန်ဆင်းခံတစ်ဦး ဖြည့်ဆည်းသင့်သော တာဝန်ကို သင် မည်သို့ ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သနည်း။ အချို့သောသူတို့က ဝန်ထုပ်ဝန်ပိုးသည် လေးလံသည်ဟု ခံစားရနိုင်သည်၊ သို့သော် ခံစားချက်တစ်ခုတည်းဖြင့် မလုံလောက်ပေ၊ သင့်၌ လုပ်ဆောင်ချက်နှင့် စစ်မှန်သော နားလည်မှု လိုအပ်သည်။ သင်သည် ဘုရားသခင်ထံ ဤကဲ့သို့ ဆုတောင်းသင့်သည်။ “အို ဘုရားသခင်၊ ကိုယ်တော်သည် ဧဝံဂေလိတရားဟောခြင်း တာဝန်ကို ကျွန်ုပ်အား အပ်နှံခဲ့ပါသည်၊ ဤသည်မှာ ကိုယ်တော်၏ ချီးမြှောက်ခြင်း ဖြစ်ပါသည်။ ကျွန်ုပ်သည် အလွန်နည်းပါးစွာသော သမ္မာတရားကိုသာ နားလည်သော်လည်း ဤတာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ ပြီးမြောက်စေရန် ကျွန်ုပ် အစွမ်းကုန် ကြိုးပမ်းလိုပါသည်။ ကျွန်ုပ်သည် တရားဒေသနာများစွာကို ကြားနာခဲ့ပြီး အချို့သော သမ္မာတရားများကို နားလည်ခဲ့ပါသည်။ ဤအရာအားလုံးသည် သူ၏ ကောင်းချီးမင်္ဂလာဖြစ်ပြီး ဤတာဝန်ပေးစေခိုင်းချက်ကို ကောင်းမွန်စွာ ဖြည့်ဆည်းရန်အလို့ငှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတော်တို့ကို သက်သေခံရန် ကျွန်ုပ်၌ ယခုအခါတွင် ဤတာဝန် ရှိပါသည်” ဟူ၍ ဖြစ်လေသည်။ ယင်းသည် မှန်ကန်သည်၊ လူတို့၌ ဘုရားသခင်ကို ကျိုးနွံနာခံသော စိတ်နှလုံး ရှိသောအခါ သူသည် သူတို့ကို လမ်းပြတော်မူသည်။ ဘုရားသခင်သည် လူတို့အား ရှင်းရှင်းလင်းလင်း ပြောပြခဲ့ပြီးဖြစ်၍ ဘုရားသခင်၏ ဧဝံဂေလိတရားကို ဖြန့်ချိခြင်းသည် မည်သူမျှ မရှောင်လွှဲနိုင်သော ဝတ္တရားနှင့် တာဝန်တစ်ရပ် ဖြစ်သည်ဟု မိန့်တော်မူခဲ့ပြီးဖြစ်သည်။ ယင်းသည် တစ်သက်တာ တာဝန်၊ ဖန်ဆင်းခံတိုင်း၏ တာဝန် ဖြစ်သည်။ ဤနှုတ်ကပတ်တော်များ၌ ဘုရားသခင်ထံမှ အမိန့်တစ်ခု ပါဝင်သလော။ ယင်းတို့၌ သူ၏ တိုက်တွန်းနှိုးဆော်ချက် ပါဝင်သလော။ (ပါဝင်ပါသည်။) ယင်းတို့၌ ဘုရားသခင်၏ ရည်ရွယ်ချက် ပါဝင်သလော။ (ပါဝင်ပါသည်။) ယင်းတို့၌ လူတို့ နားလည်သင့်သော သမ္မာတရားများ ပါဝင်သလော။ (ပါဝင်ပါသည်။) ဤနေရာ၌ လူတစ်ဦး လိုက်လျှောက်နိုင်သော လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများ ရှိသလော။ (ရှိပါသည်။) ငါသည် စုစုပေါင်း အချက် မည်မျှ ဖော်ပြခဲ့သနည်း။ (အချက် လေးချက် ဖြစ်ပါသည်၊ ပထမအချက်မှာ ဘုရားသခင်၏ အမိန့်နှင့် မှာကြားချက် ဖြစ်ပါသည်။ ဒုတိယအချက်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပါသည်။ တတိယအချက်မှာ ကျွန်ုပ်တို့ နားလည်သင့်သော သမ္မာတရားများ ဖြစ်ပါသည်။ စတုတ္ထအချက်မှာ လူတစ်ဦး လိုက်လျှောက်သင့်သော လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများ ဖြစ်ပါသည်။) မှန်ပါသည်။ ငါသည် ဤအချက် လေးချက်ကို စုစုပေါင်း ဖော်ပြခဲ့ပြီးဖြစ်သည်။ ဆက်လက်၍ တစ်ခုချင်းစီ၏ တိကျသော အကြောင်းအရာကို မိတ်သဟာယဖွဲ့ကြစို့။

ပထမအချက်မှာ ဘုရားသခင်၏ အမိန့် ဖြစ်သည်။ ဘုရားသခင်၏ အမိန့်ကား အဘယ်နည်း။ (နိုင်ငံတော် ဧဝံဂေလိတရားကို ဖြန့်ချိရန် ဖြစ်ပါသည်။) ယင်းမှာ နိုင်ငံတော် ဧဝံဂေလိတရားကို အနှံ့အပြား ဟောပြောရန် ဖြစ်သည်။ ဒုတိယအချက်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကား အဘယ်နည်း။ ယင်းမှာ ဘုရားသခင် ကြွလာခဲ့ပြီးဖြစ်ကြောင်း၊ သူသည် အမှုတော်သစ်ကို လုပ်ဆောင်နေကြောင်း၊ ဘုရားသခင်သည် ခေတ်ကို ပြောင်းလဲရန်၊ ခေတ်ဟောင်းကို အဆုံးသတ်ရန်နှင့် လူသားမျိုးနွယ်ကို ခေတ်သစ်တစ်ခုသို့ ဦးဆောင်ရန် ရည်ရွယ်တော်မူကြောင်း ပို၍များသော လူများကို သိရှိစေရန် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်၊ ဟုတ်သည် မဟုတ်လော။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း ဖြစ်သည်ဟု ဆိုနိုင်ပါသလော။ ယင်းသည် ထိုမျှ မရိုးရှင်းပေ။ ဧဝံဂေလိတရားကို ဖြန့်ဝေခြင်း၌ အဆုံးစွန် ရည်ရွယ်ချက်နှင့် ရလဒ်တစ်ခု ရှိသည်။ ယင်းမှာ အဘယ်အရာ ဖြစ်သင့်သနည်း။ (ဘုရားသခင် ကြွလာခဲ့ပြီးဖြစ်ကြောင်း၊ သူသည် အမှုတော်သစ်ကို လုပ်ဆောင်နေကြောင်းနှင့် သူသည် ခေတ်ဟောင်းကို အဆုံးသတ်ပြီး လူသားမျိုးနွယ်တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုသို့ ဦးဆောင်ရန် ရည်ရွယ်တော်မူကြောင်း လူများ ပိုမို သိရှိစေရန်။) မှန်ပေသည်၊ လူသားမျိုးနွယ်တစ်ရပ်လုံးကို ခေတ်သစ်တစ်ခုသို့ ဦးဆောင်ရန် ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်အပေါ် မည်သည့်သက်ရောက်မှု ရှိသနည်း။ လူသားမျိုးနွယ်သည် ခေတ်သစ်တစ်ခုသို့ ဝင်ရောက်သည်၊ ဤခေတ်သည် ပြောင်းလဲသွားသည်။ သို့ဆိုလျှင် ဘုရားသခင်၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ကျေးဇူးပြု၍ ယင်းကို ထပ်မံ ပြောဆိုလော့။ (ဘုရားသခင်သည် ခေတ်ကို ပြောင်းလဲရန်၊ ခေတ်ဟောင်းကို အဆုံးသတ်ပြီး လူသားမျိုးနွယ်ကို ခေတ်သစ်တစ်ခုသို့ ဦးဆောင်ရန် ရည်ရွယ်တော်မူသည်။) ဤစကားများမှ မည်သည့်အရာမျှ ချန်လှပ်၍မရပေ။ သင်တို့ အားလုံး မှတ်သားထားပြီးပြီလော။ (မှတ်သားထားပြီးဖြစ်ပါသည်။) တတိယအချက်မှာ လူတို့ နားလည်သင့်သော သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရားမှာ အဘယ်အရာ ဖြစ်သင့်သနည်း။ (ဧဝံဂေလိတရားဟောခြင်းသည် ဖန်ဆင်းခံတိုင်း၏ တာဝန်နှင့် တာဝန်ဝတ္တရား ဖြစ်သည်။) ယင်းသည် သမ္မာတရား ဖြစ်သည်။ ဤသမ္မာတရားအတွင်း၌ လူတို့ လုပ်ဆောင်သင့်သည်မှာ ဧဝံဂေလိတရားဟောခြင်း တာဝန်ကို လက်ခံရန်၊ ထို့နောက် ဤပြောဆိုချက်အတွင်းမှ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများနှင့် လမ်းကြောင်းများကို ရှာဖွေရန် ဖြစ်သည်။ ဤပြောဆိုချက်သည် လူတို့အတွက် သမ္မာတရား ဖြစ်သည်။ ထိုပြောဆိုချက်ကား အဘယ်နည်း။ (ဧဝံဂေလိတရား ဟောခြင်းသည် ဖန်ဆင်းခံတိုင်း၏ တာဝန်နှင့် တာဝန်ဝတ္တရား ဖြစ်သည်။) ယင်းသည် တာဝန်နှင့် အထူးတာဝန် ဖြစ်သင့်သည်။ သင်တို့သည် တာဝန်နှင့် အထူးတာဝန်ကို မည်သို့ နားလည်သနည်း။ တာဝန်သည် လူတစ်ဦး ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရား ဖြစ်ပြီး လူတစ်ဦး ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သော တာဝန်ဝတ္တရားသည်လည်း သူတို့၏ တာဝန် ဖြစ်သည်။ သို့သော် အထူးတာဝန်မှာ ကွဲပြားသည်၊ အထူးတာဝန်သည် တာဝန်ဝတ္တရားထက် ပို၍ကြီးမြတ်သည်၊ ပို၍သင့်လျော်သည်၊ ပို၍နက်ရှိုင်းသော အဓိပ္ပာယ်နှင့် ပို၍ကြီးမားသော ဝန်တာ ရှိသည်။ သင်တို့ ဤသည်ကို မှတ်သားထားပြီးပြီလော။ (မှတ်သားထားပြီးဖြစ်ပါသည်။) ယခုအခါတွင် ငါသည် တစ်စုံတစ်ရာကို သတိပြုမိခဲ့ပြီးဖြစ်သည်၊ သင်တို့သည် သဘောပေါက်နားလည်မှုတစ်ခုကို မရမီငါတို့ ဆွေးနွေးနေသော ဤအကြောင်းအရာအားလုံးကို စာဖြင့် မှတ်တမ်းတင်ထားရန် လိုအပ်သည်။ အကယ်၍ သင်တို့ ယင်းတို့ကို မှတ်သားမထားဘဲ ဤကဲ့သို့သာ နားထောင်နေလျှင် ယင်းသည် အမှတ်ရစရာတစ်ခုမျှပင် ချန်ထားရစ်မည် မဟုတ်ပေ။ ဤသည်မှာ အဘယ်အရာကို ညွှန်းဆိုသနည်း။ ယင်းသည် လူတို့က သမ္မာတရားကို နားမလည်ကြကြောင်း၊ အနည်းငယ်သော အယူဝါဒကိုသာ ဆုပ်ကိုင်ထားကြပြီး အချို့သော သမ္မာတရားများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အယူအဆနှင့် အကြမ်းဖျင်းကိုသာ သိရှိကြကြောင်း ညွှန်းဆိုသည်။ ဤသမ္မာတရားများ၏ တိကျသော အသေးစိတ်အချက်များဖြစ်သည့် ယင်းတို့ကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်နှင့် မည်သို့ အသုံးချရမည်တို့နှင့် ပတ်သက်လာသောအခါတွင် သူတို့သည် ဘာမျှမသိကြပေ၊ ဟုတ်သည် မဟုတ်လော။ သင်တို့ အများစုအတွက်၊ အယူဝါဒအကြောင်း နှစ်နာရီ သို့မဟုတ် သုံးနာရီကြာ ပြောဆိုခြင်းသည် မခက်ခဲပေ၊ သို့သော် အခြေအနေများကို ဖြေရှင်းရန် သမ္မာတရားကို အသုံးချခြင်းနှင့် ပတ်သက်လာသည့်အခါ သင်တို့ တွေ့ကြုံခံစားပြီး နားလည်ခဲ့သော လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများကို အသုံးပြုခြင်းနှင့်ပတ်သက်သည့်အခါ ယင်းမှာ ခက်ခဲသည်။ ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်၊ မှန်သည် မဟုတ်လော။ ယခုအခါတွင် စတုတ္ထအချက်သို့ ဆက်သွားကြပါစို့။ စတုတ္ထအချက်ကား အဘယ်နည်း။ (လိုက်လျှောက်သင့်သော လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများ။) ဤစည်းမျဉ်းများနှင့် လမ်းကြောင်းများကို မည်သို့ ဆုံးဖြတ်သနည်း။ ယင်းတို့ကို အချက်နှစ်ချက်အပေါ် အခြေခံ၍ ဆုံးဖြတ်သည်။ တစ်ခုမှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပြီး အခြားတစ်ခုမှာ သမ္မာတရား ဖြစ်သည်။ ဤအချက်နှစ်ချက်မှာ လူတို့ မုချ နားလည်ရမည့်အရာ ဖြစ်သည်။ ဥပမာအားဖြင့် အကယ်၍ သင်သည် ဧဝံဂေလိတရားဟောရန် တောင်းဆိုခံရသည့်အခါ တွန့်ဆုတ်နေသော်လည်း ဘုရားသခင်က ဧဝံဂေလိတရားဟောခြင်းသည် သူ၏ ရည်ရွယ်ချက် ဖြစ်သည်ဟု မိန့်တော်မူပါက သင်သည် အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ သင်၏ လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများမှာ အဘယ်အရာ ဖြစ်သင့်သနည်း။ သင်၏ သဘောထားမှာ အဘယ်အရာ ဖြစ်သင့်သနည်း။ သင်သည် ငြင်းပယ်ခြင်းမရှိဘဲ၊ ခွဲခြမ်းစိတ်ဖြာခြင်း သို့မဟုတ် စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးခြင်း မရှိဘဲ၊ အကြောင်းပြချက်ကို မေးမြန်းခြင်းမရှိဘဲ ယင်းကို လုံးလုံးလျားလျား ကျိုးနွံနာခံပြီး လက်ခံသင့်သည်။ ဤသည်မှာ စစ်မှန်သော ကျိုးနွံနာခံခြင်း ဖြစ်သည်။ ယင်းသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရာ၌ လိုက်နာရမည့် အရေးကြီးသော စည်းမျဉ်းတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်အကြောင်း အဓိပ္ပာယ်ဖွင့်ဆိုသည့် နည်းလမ်းဖြင့် ပြောဆိုသောအခါ ယင်းသည် ပုံမှန်အားဖြင့် အဘယ်အရာကို ရည်ညွှန်းသနည်း။ ဘုရားသခင်၏ ရည်ရွယ်ချက်သည် အနှစ်သာရအားဖြင့် သူ၏ လုပ်ဆောင်ချက်များအတွက် ဘုရားသခင်၏ လိုအင်ဆန္ဒ၊ ရည်ရွယ်ချက်၊ အရင်းအမြစ်နှင့် စမှတ် ဖြစ်သည်။ ဝိညာဉ်ရေးရာ အသုံးအနှုန်းများဖြင့် ယင်းကို သူ၏ “ရည်ရွယ်ချက်” သို့မဟုတ် “ရူပါရုံ” ဟု ရည်ညွှန်းသည်။ ဘုရားသခင်သည် သူ၏ ရည်ရွယ်ချက်ကို သင့်အား ဖော်ပြသောအခါ သူသည် သင့်အား ယေဘုယျ ဦးတည်ချက်တစ်ခုကို ပေးသည်၊ သူ အဘယ်အရာ လုပ်ဆောင်ရန် ရည်ရွယ်တော်မူသည်ကို သင့်အား သိရှိစေသည်။ သို့သော်လည်း အကယ်၍ ဘုရားသခင်သည် တိကျသောအချက်များကို မပေးပါက သို့မဟုတ် စည်းမျဉ်းများကို သင့်အား မပြောပြပါက သင်သည် လက်တွေ့လုပ်ဆောင်ရန် တိကျသော လမ်းကြောင်းနှင့် ဦးတည်ချက်တို့ကို သိရှိသလော။ သင် သိရှိမည် မဟုတ်ပေ။ ထို့ကြောင့် ငါသည် လူတို့အား တစ်စုံတစ်ရာကို လုပ်ဆောင်ရန် ပြောဆိုသောအခါ ဦးနှောက်ရှိသောသူတို့၊ စိတ်နှလုံးနှင့် ဝိညာဉ် ရှိသောသူတို့သည် ယင်းကို လက်ခံပြီးသည့်နောက် အသေးစိတ်အချက်အလက်များနှင့် မည်သို့တိတိကျကျ လုပ်ဆောင်ရမည်ကို ချက်ချင်း ရှာဖွေကြလိမ့်မည်။ ဦးနှောက်မရှိသောသူတို့၊ စိတ်နှလုံးနှင့် ဝိညာဉ် မရှိသောသူတို့မူကား ယင်းသည် လွယ်ကူသည်ဟု ထင်မှတ်ကောင်း ထင်မှတ်ပြီး နောက်ထပ် အသေးစိတ်အချက်များအတွက် မစောင့်ဆိုင်းဘဲ အလျင်စလို လုပ်ဆောင်ကြပေမည်။ ဤသည်မှာ ဦးနှောက်မရှိခြင်းနှင့် အလုပ်တစ်ခုကို ကြောင်းကျိုးမမြင် လုပ်ဆောင်ခြင်းကို ဆိုလိုခြင်း ဖြစ်သည်။ သင်သည် ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်တစ်ခုကို လက်ခံရရှိပြီး သင်၏ တာဝန်ကို ကောင်းမွန်စွာ ဖြည့်ဆည်းကာ သင်၏ အထူးတာဝန်ကို ပြီးမြောက်စေရန် ရည်ရွယ်သောအခါ သင်သည် ဦးစွာ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ရမည်။ ဤတာဝန်ပေးစေခိုင်းချက်သည် ဘုရားသခင်ထံမှ လာကြောင်း၊ ယင်းသည် သူ၏ ရည်ရွယ်ချက် ဖြစ်ကြောင်း သင် သိရှိရန် လိုအပ်ပြီး သင်သည် ယင်းကို လက်ခံသင့်သည်၊ ယင်းကို အလေးထားသင့်သည်၊ ပြီးလျှင်ပို၍ အရေးကြီးသည်မှာ ယင်းကို ကျိုးနွံနာခံသင့်သည်။ ဒုတိယအနေဖြင့် သင်သည် ဤတာဝန်ကို ထမ်းဆောင်ရန် မည်သည့်သမ္မာတရားများကို သင် နားလည်ရန် လိုအပ်ကြောင်း၊ မည်သည့်စည်းမျဉ်းများကို သင် လိုက်လျှောက်သင့်ကြောင်းနှင့် ဘုရားသခင် ရွေးချယ်ထားသောသူများနှင့် ဘုရား အိမ်တော်အလုပ်ကို အကျိုးပြုမည့် နည်းလမ်းဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ကြောင်းတို့ကို သင် ရှာဖွေသင့်သည်။ ဤသည်တို့မှာ လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများ ဖြစ်ကြသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်ပြီးသည့်နောက် သင်သည် ဤတာဝန်ကို ထမ်းဆောင်ခြင်းနှင့် သက်ဆိုင်သော သမ္မာတရားများကို ချက်ချင်း ရှာဖွေပြီး နားလည်သင့်ကာ သမ္မာတရားကို နားလည်ပြီးသည့်နောက် ဤသမ္မာတရားများကို လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းတို့ကို သေချာအောင် လေ့လာစိစစ်သင့်သည်။ “စည်းမျဉ်းများ” သည် အဘယ်အရာကို ရည်ညွှန်းသနည်း။ တိတိကျကျ ဆိုရလျှင် စည်းမျဉ်းတစ်ခုဟူသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သည့်အခါ ပစ်မှတ်တစ်ခုကို စွမ်းဆောင်ရရှိခြင်း သို့မဟုတ် ရလဒ်များ ဖြစ်ပေါ်စေခြင်းတို့အတွက် အခြေခံရမည့်အရာကို ရည်ညွှန်းသည်။ ဥပမာအားဖြင့် အကယ်၍ သင်သည် ပစ္စည်းတစ်ခုကို ဝယ်ယူရန် တာဝန်ပေးခံရပါက ဤအမှု၏ တိကျသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများမှာ အဘယ်နည်း။ ပထမဦးစွာ သင်သည် ဝယ်ယူရမည့် ပစ္စည်း၏ သတ်မှတ်ချက်များနှင့် ပုံစံ၊ ယင်း ပြည့်မီရမည့် အရည်အသွေး စံနှုန်းများနှင့် ဈေးနှုန်း သင့်လျော်ခြင်း ရှိမရှိတို့ကို နားလည်ရန် လိုအပ်သည်။ ရှာဖွေခြင်း ဖြစ်စဉ်တွင် သင်သည် တိကျသော လက်တွေ့လုပ်ဆောင်ခြင်း စည်းမျဉ်းများအပေါ် ရှင်းလင်းမှုကို ရရှိပေမည်။ ဤစည်းမျဉ်းများသည် သင့်အား အတိုင်းအတာတစ်ခုနှင့် ဘောင်တစ်ခုကို ပေးသည်။ သင်သည် ဤဘောင်အတွင်း၌ နေသမျှ ကာလပတ်လုံး သင် အဆင်ပြေပေမည်။ သင်သည် ပစ္စည်း၏ သတ်မှတ်ချက်များ၊ အရည်အသွေး၊ ဈေးနှုန်းတို့နှင့်ပတ်သက်၍ အခြေခံ စည်းမျဉ်းများကို နားလည်ပြီးသည်နှင့်တစ်ပြိုင်နက် ယင်းသည် သင်က ဤအလုပ်တာဝန်အတွက် လိုအပ်သော စံနှုန်းများကို သဘောပေါက်ပြီးဖြစ်ကြောင်း ပြသသည်။ ယင်းသည် သင်သည် မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို အခြေခံအားဖြင့် သင်ယူပြီးဖြစ်သည်ဟု ဆိုလိုသည်။ လူတစ်ဦးသည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်ရန်အလို့ငှာ စည်းမျဉ်းများကို သဘောပေါက်ရမည်။ စည်းမျဉ်းများသည် သော့ချက်၊ အခြေခံအကျဆုံးသော အစိတ်အပိုင်း ဖြစ်သည်။ သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ အခြေခံ စည်းမျဉ်းများကို သင် သဘောပေါက်ပြီးသည်နှင့် တစ်ပြိုင်နက် ယင်းသည် ထိုတာဝန်ကို ထမ်းဆောင်ရန် လိုအပ်သော စံနှုန်းများကို သင် နားလည်ကြောင်း ပြသသည်။ ဤစည်းမျဉ်းများကို ကျွမ်းကျင်ခြင်းသည် သမ္မာတရားကို မည်သို့ လက်တွေ့လုပ်ဆောင်ရမည်ကို သိရှိခြင်းနှင့် ညီမျှသည်။ သို့ဆိုလျှင် ဤလက်တွေ့လုပ်ဆောင်နိုင်စွမ်းသည် အဘယ်အရာအပေါ်၌ အခြေခံထားသနည်း။ ယင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် သမ္မာတရားကို နားလည်ခြင်း အခြေခံအုတ်မြစ်အပေါ်၌ တည်ရှိသည်။ ဘုရားသခင် တောင်းဆိုသောအရာ၏ ဝါကျတစ်ကြောင်းတည်းကိုသာ သိရှိပါက ယင်းသည် သမ္မာတရားကို နားလည်ခြင်းဟု မှတ်ယူပါသလော။ မဟုတ်ပါ၊ မှတ်ယူသည် မဟုတ်ပါ။ သမ္မာတရားကို နားလည်ခြင်းဟု မှတ်ယူရန် မည်သည့် စံနှုန်းများကို ပြည့်မီရမည်နည်း။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ အဓိပ္ပာယ်နှင့် တန်ဖိုးမှာ အဘယ်အရာဖြစ်သည်ကို နားလည်ရမည်၊ ပြီးလျှင် သင်သည် ဤရှုထောင့်နှစ်ရပ်အပေါ် ရှင်းလင်းပြီးသည်နှင့်တစ်ပြိုင်နက် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ သမ္မာတရားကို နားလည်ပြီးဖြစ်သည်။ ထို့ထက်မက သမ္မာတရားကို နားလည်ပြီးသည့်နောက် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လက်တွေ့လုပ်ဆောင်ခြင်း လမ်းကြောင်းများကိုလည်း ဆုပ်ကိုင်ရမည်။ သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ စည်းမျဉ်းများကို သဘောပေါက်ပြီး အသုံးပြုနိုင်သည်နှင့်တစ်ပြိုင်နက် တစ်ခါတစ်ရံ အနည်းငယ်သော ဉာဏ်ပညာကို အသုံးပြုပါက သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်း၏ ထိရောက်မှုကို အာမခံနိုင်ပေမည်။ ဤစည်းမျဉ်းများကို သဘောပေါက်ပြီး ယင်းတို့အတိုင်း ပြုမူခြင်းအားဖြင့် သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ရန် အရည်အချင်းပြည့်မီနိုင်သည်။ အကယ်၍ သင်သည် သင်၏ တာဝန်ကို မည်သည့် လူ့ရည်ရွယ်ချက်မျှ ရောနှောခြင်းမရှိဘဲ ထမ်းဆောင်ပါက၊ အကယ်၍ ယင်းကို ဘုရားသခင်၏ တောင်းဆိုချက်များကို လုံးဝ ကျိုးနွံနာခံခြင်းအားဖြင့်လည်းကောင်း၊ ဘုရား အိမ်တော်မှ အမှုတော် စီစဉ်ညွှန်ကြားမှုများအတိုင်းလည်းကောင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အပြည့်အဝ ကိုက်ညီလျက်လည်းကောင်း လုပ်ဆောင်ပါက သင်သည် သင်၏ တာဝန်ကို စံနှုန်းပြည့်မီအောင် လုံးဝ ကောင်းမွန်စွာ ဖြည့်ဆည်းပြီးဖြစ်သည်၊ ရလဒ်များ၌ ဘုရားသခင်၏ တောင်းဆိုချက်များနှင့် နှိုင်းယှဉ်လျှင် အချို့သော ကွဲလွဲချက်များ ရှိကောင်းရှိနိုင်လျှင်ပင် ဤသည်မှာ ဘုရားသခင်၏ တောင်းဆိုချက်များကို ဖြစ်မြောက်အောင်မြင်သည်ဟု မှတ်ယူဆဲ ဖြစ်သည်။ အကယ်၍ သင်သည် သင်၏ တာဝန်ကို စည်းမျဉ်းများနှင့် အပြည့်အဝ ကိုက်ညီစွာ ထမ်းဆောင်ပါက၊ အကယ်၍ သင်သည် သင်၏ အစွမ်းသတ္တိရှိသမျှ သစ္စာစောင့်သိပါက သင်၏ တာဝန် ထမ်းဆောင်ခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် လုံးဝ ကိုက်ညီသည်။ သင်သည် သင်၏ တာဝန်ကို ဖန်ဆင်းခံတစ်ဦးအဖြစ် သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ ဉာဏ်ရှိသမျှ၊ အစွမ်းသတ္တိရှိသမျှနှင့် ကောင်းမွန်စွာ ဖြည့်ဆည်းခဲ့ပြီးဖြစ်သည်၊ ဤသည်မှာ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းမှ ရရှိသော အကျိုးရလဒ် ဖြစ်သည်။ ယခုအခါတွင် လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများကို သဘောပေါက်ရန် ဤရလဒ်ကို စွမ်းဆောင်ရရှိရန်အလို့ငှာ သင် ဦးစွာ အဘယ်အရာကို နားလည်သင့်သနည်း။ (ပထမဦးစွာ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားလည်သင့်ပြီး ထို့နောက် ယင်းကို ငြင်းပယ်ခြင်းမရှိဘဲ အပြည့်အဝ လက်ခံပြီး ကျိုးနွံနာခံသင့်ပါသည်။) ဤသည်မှာ လူတို့သည် လက်တွေ့လုပ်ဆောင်ခြင်းနှင့် သဘောထားအရ ပိုင်ဆိုင်သင့်သောအရာ ဖြစ်သည်။ နောက်တစ်ခု နားလည်သင့်သောအရာမှာ အဘယ်နည်း။ သင်သည် သမ္မာတရားကို နားလည်သင့်သည်၊ သမ္မာတရားအတွင်းမှ အသေးစိတ်အချက်များသည် စည်းမျဉ်းများနှင့် လမ်းကြောင်းများ ဖြစ်ကြသည်။ သင် လိုက်လျှောက်သင့်သော လက်တွေ့လုပ်ဆောင်ခြင်း၏ စည်းမျဉ်းများနှင့် လမ်းကြောင်းများကို သဘောပေါက်ရန်၊ သင် နားလည်ရမည့် ပထမအရာမှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပြီး ထို့နောက်တွင် သမ္မာတရား ဖြစ်သည်။ ဤသည်တို့မှာ အဓိက အချက်နှစ်ချက် ဖြစ်ပြီး အခြားအရာအားလုံးမှာ ဤအထဲ၌ ပါဝင်သော အသေးစိတ် အကြောင်းအရာများ ဖြစ်ကြသည်။

ဧဝံဂေလိတရားဟောခြင်း၌ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သောသူတို့နှင့် သက်ဆိုင်သည့် ပထမအမျိုးအစားကို ဤနေရာ၌ ယာယီ နိဂုံးချုပ်မည်။ ယနေ့အခါတွင် ငါသည် နောက်ဆုံးတစ်ကြိမ် ဆွေးနွေးခဲ့သော အဓိက အကြောင်းအရာအတွက် သတိပေးချက်တစ်ခုအဖြစ် ဆောင်ရွက်ရန် ဖြည့်စွက်ချက်အဖြစ် အနည်းငယ် ထပ်ထည့်ခဲ့သည်။ တစ်ချိန်တည်းတွင် သင် လက်ရှိ လုပ်ဆောင်နေသော အလုပ်တာဝန်တိုင်းနှင့် သင် ထမ်းဆောင်နေသော တာဝန်တိုင်းသည် ဤဦးတည်ချက်နှင့် ပန်းတိုင်သို့ သွားနေပြီး ဤအခြေခံအုတ်မြစ်ပေါ်တွင် ဆောင်ရွက်စေဖို့အလို့ငှာ လူတိုင်း ဤသမ္မာတရား၏ အရေးပါမှုကို အသိအမှတ်ပြုစေရန် သတိပေးချက်တစ်ခုအဖြစ် ဆောင်ရွက်သည်။ အားလုံးသည် ဧဝံဂေလိတရားဟောခြင်းနှင့် သက်ဆိုင်သည်။ သင်သည် ဧဝံဂေလိ လက်ခံရန် အလားအလာရှိသူများနှင့် ထိတွေ့ဆက်ဆံလျက် ရှေ့တန်းများ၌ မရှိသော်ငြားလည်း သင် လက်ရှိ ထမ်းဆောင်နေသော တာဝန်အားလုံးသည် ဧဝံဂေလိ အလုပ်နှင့် သက်ဆိုင်သည်ဟု ဆိုနိုင်သည်။ ဤအခြေခံအချက်အရ လူတိုင်းသည် ဧဝံဂေလိတရား‌ဟောခြင်းနှင့် သက်ဆိုင်သော သမ္မာတရားအပေါ် ပိုမိုရှင်းလင်းပြီး ပိုမို အလင်းပွင့်သော နားလည်မှု ရှိသင့်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ယနေ့ ဖြည့်စွက်ချက်နည်းလမ်းအားဖြင့် သင်တို့သည် ဧဝံဂေလိတရားဟောခြင်း တာဝန်၏ ဝန်တာနှင့် အရေးပါမှုအပေါ် ရှင်းလင်းသော အမြင်တစ်ခုကို ရရှိခဲ့ပြီးပြီလော။ (ရခဲ့ပါပြီ။) သို့ဆိုလျှင် အနာဂတ်၌ ဤသမ္မာတရားအပေါ် ထားရှိရန် အသင့်လျော်ဆုံးနှင့် သင့်တင့်လျောက်ပတ်မှု အရှိဆုံး သဘောထားမှာ အဘယ်နည်း။ ဧဝံဂေလိတရားဟောခြင်းသည် ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်သည်။ ဘုရားသခင်သည် ဤခေတ်ဟောင်းကို အဆုံးသတ်ရန်နှင့် ပို၍များသော လူများကို သူ့ရှေ့မှောက်သို့ ဦးဆောင်ရန်၊ ခေတ်ဟောင်းမှ ထွက်၍ ခေတ်သစ်ထဲသို့ ဝင်ရောက်ရန် ရည်ရွယ်တော်မူသည်။ ဤသည်မှာ ဘုရားသခင်၏ ရည်ရွယ်ချက် ဖြစ်ပြီး ယင်းသည် လူတိုင်း နားလည်သင့်သော အရာတစ်ခု ဖြစ်သည်။ အချို့က “ကျွန်ုပ် နားလည်ပါသည်၊ သို့သော် ဧဝံဂေလိတရားဟောရန် လိုအပ်သော ဇွဲလုံ့လကို ကျွန်ုပ်မမွေးနိုင်ပါ၊ ကိုယ့်ကဏ္ဍကိုယ် လုပ်ဆောင်လိုစိတ်လည်း ကျွန်ုပ်၌ မရှိပါ” ဟု ပြောကောင်းပြောနိုင်သည်။ ဤနေရာ၌ ပြဿနာမှာ အဘယ်နည်း။ (လူ့သဘာဝ ကင်းမဲ့ခြင်းဖြစ်သည်။) အတိအကျပင်။ သင်သည် သင့်ကိုယ်သင် ဖန်ဆင်းခံတစ်ဦးနှင့် ဘုရားသခင်နောက် လိုက်သူတစ်ဦးအဖြစ် အသိအမှတ်ပြုသော်လည်း သူ လူတိုင်းကို မကြာခဏ သတိပေးဆုံးမတော်မူသော ဘုရားသခင်၏ ရည်ရွယ်ချက်၊ လူအားလုံးကို ရှင်းလင်းစွာ ရှင်းပြထားသော သူ၏ အရေးတကြီး ရည်ရွယ်ချက်တို့နှင့်ပတ်သက်လာပါက အကယ်၍ သင်သည် ဂရုမပြုဘဲ အလေးမမူပါက ယင်းက သင့်ကို မည်သို့သော ပုဂ္ဂိုလ်မျိုး ဖြစ်စေသနည်း။ ယင်းသည် လူ့သဘာဝ ကင်းမဲ့ခြင်း၏ သရုပ်သကန်တစ်ခု ဖြစ်သည်။ သင်သည် ဘုရားသခင်ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုလိုပြီး သူသည် သင်၏ ဘုရားသခင်နှင့် သင်၏ သခင် ဖြစ်သည်ဟု ဆိုသည်၊ သို့သော် ဘုရားသခင်၏ ရည်ရွယ်ချက်နှင့် ပတ်သက်ပါက သင်သည် အနည်းငယ်မျှသော ဂရုပြုမှု မပြဘဲ အလေးထားခြင်း တစ်စက်မျှ လုံးဝပင် မရှိပေ။ ဤသည်မှာ လူ့သဘာဝ ကင်းမဲ့ခြင်း ဖြစ်ပြီး ထိုသို့သော ပုဂ္ဂိုလ်သည် အကြင်နာမဲ့သူ ဖြစ်သည်။ ဤအကြောင်းအရာကို ဤနေရာ၌ နိဂုံးချုပ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။