အချက် ၁- လူတို့၏စိတ်နှလုံးများ စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ကြိုးစားကြသည် (အခန်း သုံး)

အန္တိခရစ်များသည် ခေါင်းဆောင်များ၏ တာဝန်ကို လုပ်ဆောင်နေစဉ် မည်သို့သော အရာမျိုးများကို ပြုလုပ်ကြသနည်း။ ၎င်းတို့အနေဖြင့် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ မည်သို့ ကြိုးစားပြီး အမြင်မတူသူများကိုလည်း မည်သို့ တိုက်ခိုက်ကာ ကြဉ်ထားကြသည် ဟူသည်နှင့်ပတ်သက်၍ ငါတို့ ယခုတင် ပြောဆိုခဲ့ကြသော်လည်း အန္တိခရစ်များတွင် တွေ့ရလေ့ရှိသည့် နောက်ထပ်သရုပ်သကန် ရှိကြသည်။ သမ္မာတရား လိုက်စားသူတို့အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ (မုန်းတီးခြင်း ဖြစ်၏။) ယင်းက ၎င်းတို့ကို မည်သည့်အရာ ပြုလုပ်စေသနည်း။ ၎င်းတို့သည် ထိုလူတို့ကို မုန်းရုံသာ မုန်းပြီး ထိုမျှသာဟုတ်သလော။ မဟုတ်ပေ။ ထိုသူတို့ကို ကြဉ်ထားရန်နှင့် ဖိနှိပ်ရန်အတွက် နည်းလမ်းရှာကြသည်။ အမြင်မတူသူများကို ၎င်းတို့ တိုက်ခိုက်ကာ ကြဉ်ထားကြ၏။ ဤအမြင်မတူသူများသည် အနည်းငယ် နားဝေတိမ်တောင်ဖြစ်သော လူများ၊ အခြားသူများကို မည်သို့ မျက်နှာလိုမျက်နှာရလုပ်ရန် သို့မဟုတ် လောကီဆက်ဆံမှုများအတွက် အတွေးအခေါ်များကို မည်သို့ အသုံးပြုရန် မသိသောသူများ ဖြစ်ကောင်းဖြစ်ကြမည်။ ၎င်းတို့သည် အတော်အတန် စိတ်အားထက်သန်ပြီး သမ္မာတရားကို အတော်ကလေး လိုက်စားသော လူတို့လည်း ဖြစ်နိုင်သည်။ သို့ဆိုလျှင် အန္တိခရစ်များ၏ တတိယမြောက် နည်းနိဿယမှာ အဘယ်နည်း။ သမ္မာတရားကို လိုက်စားသောသူတို့အား ၎င်းတို့ပထုတ်ပြီး တိုက်ခိုက်ကြသည်။ နောက်တစ်ခုလည်း ရှိသေးသည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများထဲ၌ မိမိတို့အတွက် နေရာတစ်နေရာရယူဖို့ ကြိုးစား၏။ ဤအရာကို မည်သို့ခေါ်သနည်း။ (လူတို့၏စိတ်နှလုံးများကို သိမ်းပိုက်ခြင်းဟု ခေါ်ပါသည်။) ဤသည်မှာ ၎င်းတို့ စွမ်းဆောင်ရရှိဖို့ ကြိုးစားနေသည့်အရာ ဖြစ်၏။ ဤအရာပြုလုပ်ဖို့ ၎င်းတို့ မည်သည့်နည်းလမ်းကို အသုံးပြုသနည်း။ (၎င်းတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံကြသည်။) မိမိတို့ကိုယ်ကို ချီးမြှောက်ကာ သက်သေခံရာ၌ အန္တိခရစ်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့၏ စိတ်နှလုံးများကို သိမ်းပိုက်ရန်နှင့် ၎င်းတို့အား ထိန်းချုပ်ရန်ဖြစ်သည်။ လူတို့သည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံသောအခါ အများအားဖြင့် မည်သို့သော အရာမျိုးများနှင့် ပတ်သက်၍ ပြောကြသနည်း။ တစ်ခုမှာ ၎င်းတို့၏ အရည်အချင်းများအကြောင်းကို ပြောခြင်းဖြစ်သည်။ ဥပမာ လူအချို့သည် အထက်တန်း အသင်းတော်ခေါင်းဆောင်တစ်ချို့ကို မည်ကဲ့သို့ ဧည့်ဝတ်ပြုပေးထားသည်နှင့် ပတ်သက်၍ ပြောကြသည်။ အချို့က “ကျွန်ုပ်သည် ဘုရားသခင်ကိုယ်တော်တိုင်ကို ဧည့်ဝတ်ပြုခဲ့ပြီး သူသည် ကျွန်ုပ်အပေါ် အတော်ပင်သဘောကောင်းခဲ့သည်။ ကျွန်ုပ်သည် စုံလင်အောင်ပြုခြင်းခံရတော့မည်မှာ သေချာသည်” ဟုပင် ပြောကြသည်။ ဤသို့ပြောဆိုခြင်းဖြင့် ၎င်းတို့ မည်သည့်အရာကို ဆိုလိုသနည်း။ (၎င်းတို့သည် လူတို့ကို မိမိတို့အား အထင်ကြီးစေဖို့ ကြိုးစားနေကြခြင်း ဖြစ်သည်။) ဤအရာများ ပြောဆိုရာ၌ ၎င်းတို့တွင် ရည်မှန်းချက်တစ်ခု ရှိ၏။ အခြားသူများက “ကျွန်ုပ်သည် အထက်နှင့် အဆက်အသွယ်ရခဲ့ပြီး ဖြစ်ကာ ၎င်းတို့က ကျွန်ုပ်အပေါ် အထင်ကြီးကြသည့်အပြင် ကျွန်ုပ်၏လိုက်စားမှုတွင် ကြိုးစားရန် ကျွန်ုပ်ကို တိုက်တွန်းခဲ့ပြီး ဖြစ်သည်” ဟု ပြောကြသည်။ အမှန်တွင် အထက်က ၎င်းတို့ကို မည်သို့ထင်ကြောင်း မည်သူမျှ လုံးဝမသိပေ။ လူအချို့က အမှုအရာများကို အမှန်တကယ်ပင် ပုံကြီးချဲ့ကြပြီး တစ်ခါတစ်ရံ ကိစ္စများကိုပင် ဖန်တီးကြသည်။ အကယ်၍ လူတစ်စုက ၎င်းတို့၏ ဇာတ်လမ်းများကို အတည်ပြုရန်နှင့် စစ်ဆေးရန် အတူတကွ ရောက်လာပါက ၎င်းတို့ မည်သည့်အရာ ပြုလုပ်ရမှန်း သိမည်မဟုတ်ပေ။ အထက်ကလည်း တစ်စုံတစ်ယောက်အား “သင်သည် အစွမ်းအစကောင်း ရှိပြီး နားလည်သဘောပေါက်နိုင်စွမ်း ရှိပေ၏။ သင်၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အား ရေးသားခြင်းကို လေ့ကျင့်သင့်သည်။ သင်၌ အသက်တာအတွေ့အကြုံ ရှိသည်နှင့်တစ်ပြိုင်နက် ခေါင်းဆောင်တစ်ဦး ဖြစ်လာနိုင်သည်” ဟုလည်း ဆိုကောင်းဆိုမည် ဖြစ်သည်။ ဤတွင် သွယ်ဝိုက်ညွှန်းဆိုချက်မှာ အဘယ်နည်း။ ဤသူသည် ပါရမီရှိလင့်ကစား သူသည် အချိန်ကာလတစ်ခုအထိ လေ့ကျင့်သင်ယူရန်နှင့် အမှုအရာများအား တွေ့ကြုံရန် လိုနေသေးသည်။ ထိုသူသည် လေ့ကျင့်သင်ယူခြင်း သို့မဟုတ် အတွေ့အကြုံရယူခြင်း မတိုင်မီတွင် ကြွားလုံးထုတ်ပြီး ပြစားသောအခါ ဤအရာ၏ သဘောသဘာဝမှာ အဘယ်နည်း။ ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်သည့်အပြင် မိမိတို့၏အသိစိတ် ပျောက်ဆုံးသွားပြီမဟုတ်လော။ အကယ်၍ အထက်လူကြီးဖြစ်သည့် ညီအစ်ကိုက ဤသူသည် အစွမ်းအစ ပိုင်ဆိုင်ထားကြောင်း၊ သူသည် ပါရမီရှိကြောင်း ပြောလျှင်ပင် ဤသည်မှာ ၎င်းတို့အား အားပေးတိုက်တွန်းခြင်း သို့မဟုတ် သုံးသပ်ချက်ပေးခြင်းသာ ဖြစ်သည်။ ဤကဲ့သို့ လျှောက်သွားပြီး ကြွားလုံးထုတ်ရာ၌ ထိုသူ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ လူတို့အား မိမိတို့ကို အထင်ကြီးလေးစားစေရန်၊ အခြားသူများအား မိမိတို့ကို ကိုးကွယ်စေရန် ဖြစ်သည်။ ၎င်းတို့ပြောနေသည့် အရာမှာ “ကြည့်လော။ အထက်လူကြီးဖြစ်သည့် ညီအစ်ကိုသည် ကျွန်ုပ်ကို အထင်ကြီးသည်။ သို့ဆိုလျှင် သင် အဘယ့်ကြောင့် အထင်မကြီးသနည်း။ ယခုတွင် သင့်အား ဤအရာကို ကျွန်ုပ်ပြောပြပြီးပြီဖြစ်သဖြင့် သင်သည်လည်း ကျွန်ုပ်ကို အထင်ကြီးသင့်သည်” ဟူ၍ ဖြစ်၏။ ဤသည်မှာ ၎င်းတို့ စွမ်းဆောင်ရရှိလိုစိတ်ရှိသည့် ရည်ရွယ်ချက်ဖြစ်သည်။ “ကျွန်ုပ်သည် ယခင်က ခေါင်းဆောင်တစ်ဦး ဖြစ်ခဲ့ဖူးသည်။ ကျွန်ုပ်သည် ဒေသတစ်ခု၊ ခရိုင်တစ်ခု၊ အသင်းတော် တစ်ပါး၏ ခေါင်းဆောင်ဖြစ်ခဲ့သည်။ ကျွန်ုပ်သည် တက်လိုက်ကျလိုက် တောက်လျှောက် ဖြစ်ခဲ့သည်။ အကြိမ်ကြိမ် ရာထူးတိုးမြှင့်ခံရလိုက်၊ ရာထူးလျှော့ချခံရလိုက် ဖြစ်ခဲ့သည်။ နောက်ဆုံးတွင် ကောင်းကင်သည် ကျွန်ုပ်၏ ရိုးသားဖြောင့်မှန်ခြင်းကြောင့် တို့ထိခြင်းခံရပြီး ယနေ့တွင် ကျွန်ုပ်သည် နောက်တစ်ကြိမ် အထက်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်နေခြင်း ဖြစ်သည်။ ထို့ပြင် နောက်ထပ် တစ်ကြိမ်တစ်ခါမျှ အပျက်သဘော မဆောင်ဖူးတော့ပါ”ဟု ပြောသောသူတို့လည်း ရှိ၏။ အဘယ့်ကြောင့် မည်သည့်အခါမျှ အပျက်သဘော မဆောင်သနည်းဟု ၎င်းတို့ကို သင် မေးသောအခါ ၎င်းတို့က “စစ်မှန်သောရွှေသည် နောက်ဆုံးတွင် တလက်လက်တောက်ပဖို့ ကံစီမံထားပြီးဖြစ်သည်ဟု ကျွန်ုပ်၌ ယုံကြည်ခြင်းရှိသည်”ဟု ပြန်ပြောကြသည်။ ဤသည်မှာ ၎င်းတို့ ရလာသည့် ကောက်ချက်ဖြစ်သည်။ ဤသည်မှာ သမ္မာတရားစစ်မှန်မှု ဟုတ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် ယင်းသည် သမ္မာတရားလက်တွေ့ကျမှု မဟုတ်ပါက မည်သည့်အရာနည်း။ သဘာဝယုတ္တိနှင့် မညီသော သဘောတရားဖြစ်သည်။ ယင်းသည် အတွေးမှားတစ်ခု ဖြစ်သည်ဟုလည်း ငါတို့ဆိုနိုင်သည်။ ၎င်းတို့ ဤသို့စကားပြောခြင်းတွင် မည်သည့်အကျိုးဆက်များ ရှိနိုင်သနည်း။ လူအချို့က “ဤသူသည် သမ္မာတရားကို အမှန်တကယ် လိုက်စားသည်။ ၎င်းသည် အကြိမ်ပေါင်းများစွာ ရာထူးတိုးမြှင့်ခံရခြင်းနှင့် ရာထူးလျှော့ချခံရခြင်းနောက်တွင် အပျက်သဘော ဆောင်လာခြင်း မရှိခဲ့ပါ။ ထို့ပြင် ယခုတွင် ၎င်းသည် နောက်တစ်ကြိမ် ခေါင်းဆောင်ပြန်ဖြစ်ကာ၊ စစ်မှန်သောရွှေသည် အမှန်ပင် တလက်လက်တောက်ပလေသည်။ ၎င်းတို့ စုံလင်အောင်ပြုခြင်း ခံရဖို့မှာ အချိန်နှင့်သာဆိုင်သည်” ဟု ပြောကောင်းပြောမည်။ ဤသည်မှာ ထိုသူ ရည်မှန်းနေခဲ့သည့်အရာ မဟုတ်လော။ အမှန်တွင်မူ ဤသည်မှာ ၎င်းတို့ ရည်မှန်းနေခဲ့သည့်အရာ ဖြစ်သည်။ အန္တိခရစ်တို့ စကားပြောသည့်ပုံစံ မည်သို့ပင်ဖြစ်စေကာမူ၊ အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့နှင့် ၎င်းတို့အား ကိုးကွယ်စေဖို့၊ ထိုသူများ၏စိတ်နှလုံးများထဲ၌ နေရာတစ်ခုခုကို သိမ်းပိုက်ရယူဖို့နှင့် ထိုနေရာတွင် ဘုရားသခင်၏နေရာကိုပင် အစားထိုးယူဖို့တို့အတွက် အစဉ် ဖြစ်လေသည်။ ဤအရာများသည် အန္တိခရစ်တို့ မိမိတို့ကိုယ်ကို သက်သေခံသည့်အခါ ၎င်းတို့ စွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်ပန်းတိုင်များ အားလုံးဖြစ်သည်။ လူတို့ပြောသည့်အရာ၊ ဟောကြားသည့်အရာနှင့် မိတ်သဟာယပြုသည့်အရာတို့၏ နောက်ကွယ်ရှိ အရင်းခံအကြောင်းက အခြားသူများအား ၎င်းတို့ကို အထင်ကြီးစေဖို့နှင့် ကြည်ညိုလေးစားစေဖို့ လုပ်သည့်အခါတိုင်း ထိုသို့သော အပြုအမူသည် မိမိတို့ကိုယ်ကို ချီးမြှောက်ပြီး သက်သေခံခြင်း ဖြစ်ကာ အခြားသူများ၏ စိတ်နှလုံးများ၌ နေရာတစ်နေရာ သိမ်းပိုက်ရယူဖို့အလို့ငှာ ယင်းကိုပြုလုပ်ခြင်း ဖြစ်လေသည်။ ဤလူတို့ စကားပြောသည့် ပုံစံများသည် လုံးလုံးလျားလျား တူညီခြင်း မရှိသော်ငြားလည်း၊ အနည်းနှင့်အများ ယင်းတို့၌ မိမိတို့ကိုယ်ကို သက်သေခံခြင်းနှင့် အခြားသူများအား ၎င်းတို့ကို ကိုးကွယ်စေခြင်းဟူသည့် အကျိုးသက်ရောက်မှုရှိသည်။ ထိုသို့သော အပြုအမူများသည် ခေါင်းဆောင်များနှင့် အမှုဆောင်များ အားလုံးနီးပါး၌ မတူညီသော အတိုင်းအတာများဖြင့် ရှိကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ရပ်တန့်နိုင်ခြင်း မရှိသည့်၊ သို့မဟုတ် မိမိတို့ကိုယ်ကို ချုပ်တည်းဖို့ ခက်ခဲသည်ဟုထင်ရသည့် တစ်စုံတစ်ခုသော အတိုင်းအတာအထိ ရောက်ရှိပြီး ၎င်းတို့သည် ဘုရားသခင် သို့မဟုတ် ကိုးကွယ်ထိုက်သည့် ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည့်အလား လူတို့အား ၎င်းတို့ကို ဆက်ဆံစေလိုသည့် အထူးသဖြင့် ခိုင်မာပြီး ရှင်းလင်းသည့် ရည်ရွယ်ချက်နှင့် ပန်းတိုင်တစ်ခုရှိပါက၊ ထိုသို့ဖြင့် အခြားသူများကို ဘောင်ခတ်ခြင်း၊ ထိန်းချုပ်ခြင်းနှင့် အခြားလူများကို သူတို့အား နာခံစေခြင်းနှင့် ကိုးကွယ်စေခြင်းဟူသည့် ရည်မှန်းချက်ပန်းတိုင်ကို ရရှိပါက ဤအရာအားလုံး၏ သဘာဝသည် မိမိတို့ကိုယ်ကို ချီးမြှောက်ခြင်းနှင့် သက်သေခံခြင်းဖြစ်ကာ ထိုအရာအတွက် အန္တိခရစ်များ၏ သဘောသဘာဝတစ်ခု ရှိလေသည်။ လူများသည် မိမိတို့ကိုယ်ကို ချီးမြှောက်ဖို့နှင့် သက်သေခံဖို့ အဘယ်နည်းလမ်းများကို ထုံးစံအတိုင်း အသုံးပြုကြသနည်း။ (၎င်းတို့က အရင်းအနှီးအကြောင်း ပြောကြပါသည်။) အရင်းအနှီးအကြောင်း ပြောခြင်း၌ အဘယ်အရာ ပါဝင်သနည်း။ ၎င်းတို့ ဘုရားသခင်ကို ယုံကြည်ပြီးဖြစ်သည်မှာ မည်မျှကြာပြီဖြစ်ကြောင်း၊ မည်မျှ ဒုက္ခခံပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှ အဖိုးအခကို ပေးပြီးဖြစ်ကြောင်း၊ ၎င်းတို့ အလုပ်မည်မျှ လုပ်ပြီးဖြစ်ကြောင်း၊ ၎င်းတို့ မည်မျှ ဝေးဝေးလံလံ ခရီးနှင်ပြီးဖြစ်ကြောင်းသာမက ၎င်းတို့သည် ဧဝံဂေလိတရားဟောခြင်းဖြင့် လူဦးရေမည်မျှကို ၎င်းတို့ ရရှိပြီး ဖြစ်ကြောင်းနှင့် အရှက်ရခြင်းကို မည်မျှကြံ့ကြံ့ခံပြီးဖြစ်ကြောင်းတို့ကို ပြောကြသည်။ လူအချို့က ၎င်းတို့သည် အသင်းတော်၊ သို့မဟုတ် ညီအစ်ကိုမောင်နှမများကို မည်သည့်အခါမျှ သစ္စာဖောက်ခြင်း မရှိဘဲ၊ မိမိတို့၏သက်သေခံခြင်းတွင် ခိုင်မာစွာ ရပ်တည်နိုင်ခြင်းဖြင့် ဖမ်းဆီးခြင်းနှင့် ထောင်ထဲသို့ ထည့်ခြင်းကို အကြိမ်ပေါင်းမည်မျှ ခံရပြီးဖြစ်ကြောင်း စသည်တို့ကိုလည်း မကြာခဏ ပြောကြသည်။ ဤအရာများအားလုံးသည် အရင်းအနှီးအကြောင်း ပြောခြင်းနှင့် သက်ဆိုင်သည်။ အသင်းတော်၏ အလုပ်ကို လုပ်ယောင်ဆောင်မှုတွင် ၎င်းတို့က မိမိတို့၏ ကိုယ်ပိုင်လုပ်ငန်းကို လုပ်ဆောင်ကာ ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မြဲအောင်လုပ်ပြီး လူများ၏စိတ်နှလုံးများထဲတွင် မိမိတို့နှင့်ပတ်သက်၍ အကောင်းမြင်မှုများကို ဖြစ်ပေါ်စေကြသည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့သည် မိမိတို့၏ အမြင်ရှုထောင့်များနှင့် ကွဲပြားခြားနားသည့် မည်သူ့ကိုမဆို အထူးသဖြင့် သမ္မာတရားလိုက်စားပြီး စည်းမျဉ်းများကို စွဲမြဲလိုက်နာသည့်သူများကို တိုက်ခိုက်ကာ ကြဉ်ထားရန်အတွက် ၎င်းတို့ ပြုလုပ်နိုင်သမျှကို ပြုလုပ်ခြင်းတို့ပင် လုပ်ဆောင်လျက် လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ နည်းစနစ်မျိုးစုံနှင့် လှည့်ကွက်မျိုးစုံကို အသုံးပြုကြသည်။ မသိနားမလည်ကာ ပညာမဲ့ပြီး မိမိတို့၏ယုံကြည်မှု၌ နားဝေတိမ်တောင် ဖြစ်သည့်သူများအပြင် ဘုရားသခင်ကို အချိန်တစ်ခဏမျှသာ ယုံကြည်လာပြီးသည့် သူများနှင့် ဝိညာဉ်ရင့်ကျက်မှု သေးငယ်သူများအတွက်မူ ၎င်းတို့သည် ဤလူတို့အပေါ် အဘယ်နည်းစနစ်များကို အသုံးပြုသနည်း။ ၎င်းတို့က မိမိတို့၏ အဆင့်အတန်းကို ခိုင်မြဲစေခြင်းဖြစ်သည့် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့ ဤနည်းဗျူဟာများကို အသုံးပြုလျက် ထိုသူများကို အထင်အမြင်မှားစေသည်၊ ဆွဲဆောင်သိမ်းသွင်းပြီး ၎င်းတို့ကို ခြိမ်းပင်ခြိမ်းခြောက်သည်။ ဤသည်တို့အားလုံးမှာ အန္တိခရစ်များ၏ နည်းဗျူဟာများပင် ဖြစ်လေသည်။

ဤအမှုကိစ္စမျိုးသည် အသင်းတော်များ၌ မကြာခဏ ဖြစ်ပျက်လေသည်။ အချို့သော ညီအစ်ကိုမောင်နှမများသည် ဒေသနာများနှင့် မိတ်သဟာယပြုချက်ကို နားထောင်ကြသည်။ ထိုထဲ၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးသည် ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို ချိုးဖောက်သည့် အရာတစ်ခုကို လုပ်ဆောင်ပါက၊ ဘုရားသခင်ရွေးကောက်ထားသော လူတို့အနေဖြင့် တိုင်ကြားခွင့်ရှိသည်ဟု အထက်က ပြောထားသည်။ လူအချို့သည် ဤအရာကို ကြားသိပြီး မိမိတို့၏ အသင်းတော်ရှိ ခေါင်းဆောင်တစ်ဦးသည် အလုပ်အစီအစဉ်များနှင့် မကိုက်ညီသည့်ပုံစံဖြင့် အလုပ်လုပ်နေသည်ကို ပိုင်းခြားသိမြင်ပြီးနောက်တွင် ထိုခေါင်းဆောင်ကို တိုင်ကြားလိုသည်ဟု ၎င်းတို့အချို့က ဆုံးဖြတ်ကြသည်။ ထို့နောက် ခေါင်းဆောင်က ဤအရာနှင့်ပတ်သက်၍ သိရှိသွားကာ၊ “လက်စသတ်တော့၊ ကျွန်ုပ်ကို တိုင်ကြားဖို့ သတ္တိရှိသည့်သူများ ရှိနေသေးသည်။ သူတို့ ရဲတင်းလိုက်သည့်ဖြစ်ခြင်း။ ဤလူများသည် အဘယ်သူများနည်း” ဟု မိမိတို့ဘာသာ တွေးကြသည်။ နောက်ပိုင်းတွင် ၎င်းတို့သည် အသင်းတော်၏ အသင်းသား ဒါဇင်အချို့ထဲမှ တစ်ဦးချင်းစီကို စုံစမ်းမေးမြန်းကြသည်။ ၎င်းတို့သည် ဤစုံစမ်းစစ်ဆေးခြင်း၌ အဘယ်မျှထိအောင် လုပ်ဆောင်ကြသနည်း။ ၎င်းတို့သည် လူတိုင်း၏အသက်အရွယ်၊ ဘုရားသခင်ကို ၎င်းတို့ မည်မျှ ယုံကြည်ပြီးဖြစ်သည်၊ အတိတ်တွင် ၎င်းတို့ အဘယ်တာဝန်များကို ထမ်းဆောင်ပြီးဖြစ်သည်၊ လက်ရှိတာဝန်များမှာ အဘယ်အရာများဖြစ်သည်၊ ၎င်းတို့သည် အဘယ်သူနှင့် အဆက်အသွယ်ရှိသည်၊ ၎င်းတို့သည် အထက်နှင့် အဆက်အသွယ် ရှိမရှိ စသည်တို့ကို စုံစမ်းစစ်ဆေးကြသည်။ များစွာ ကြိုးပမ်းအားထုတ်လျက် ဤအရာများအားလုံးကို ၎င်းတို့ စုံစမ်းစစ်ဆေးကြသည်။ ၎င်းတို့၏ စေ့စေ့စပ်စပ် စုံစမ်းမေးမြန်းခြင်း ပြီးဆုံးသည့်နောက်တွင် လူနှစ်ဦး သုံးဦးသည် သံသယဖြစ်ဖွယ် ကောင်းပုံရသည်ကို တွေ့ရှိရသောကြောင့် နောက်ထပ် စည်းဝေးပွဲအတွင်းတွင် ခေါင်းဆောင်က ဤအရေးကိစ္စကို အထူးသဖြင့် ပစ်မှတ်ထားသည့် ဒေသနာတစ်ပုဒ်ကို ဟောကြားလေသည်။ ၎င်းတို့က “လူများ၌ အသိစိတ်ရှိရမည်။ ဘုရား၌ သင်၏ယုံကြည်ခြင်းတွင် ယခုအချိန်ထိ သင့်ကို အဘယ်သူက ဦးဆောင်ခဲ့သနည်း။ ယခုအခါတွင် သင်သည် သမ္မာတရားများစွာကို နားလည်လေသည်။ ကျွန်ုပ်က သင်နှင့်အတူ စုဝေးပွဲများနှင့် မိတ်သဟာယများကို မပြုလုပ်ခဲ့ပါက၊ ဤသမ္မာတရားများကို သင်နားလည်သလော။ ကျွန်ုပ်တို့၏အသင်းတော်သည် လူများစွာကို ဧဝံဂေလိတရားဟောခြင်းအားဖြင့် ၎င်းတို့ကို ခေါ်ယူပြီးဖြစ်ကာ၊ ကျွန်ုပ်တို့၏ ဧဝံဂေလိအလုပ်သည် အလွန်ကြီးစွာသော တိုးတက်မှု ပြုပြီးဖြစ်သည်။ ကျွန်ုပ်က ဤနေရာတွင် ယင်းကို ညွှန်ကြားနေခြင်း မရှိခဲ့ပါက သင်တို့သည် တစ်ဦးတလေကို ခေါ်ယူလာနိုင်မည်လော။ မည်သို့ပင် ဖြစ်စေကာမူ ဤအရာအားလုံးအတွက် အဘယ်သူကို သင် ကျေးဇူးတင်ဖို့ လိုအပ်သနည်း” ဟု ပြောကြသည်။ လူအချို့သည် ဤအရာကို အချိန်ယူစဉ်းစားပြီး “ဘုရားသခင်သည် ငါ ကျေးဇူးတင်သည့်သူ ဖြစ်သည်။ လူသားက အဘယ်ဖြည့်ဆည်းမှု ပြုပြီးဖြစ်သနည်း” ဟု တွေးကြသည်။ သို့ရာတွင် ထို့နောက်၌ ခေါင်းဆောင်က “ဘုရား၏ နှုတ်ကပတ်တော်များ ဤစာအုပ်များကို သင်တို့အတွက် ကျွန်ုပ် ပြန်မယူဆောင်လာပါက သင်တို့သည် ယင်းတို့ကို ရနိုင်မည်လော။ ကျွန်ုပ် စုဝေးပွဲများ စီမံခြင်းမရှိပါက၊ သင်တို့သည် စုရုံးနိုင်မည်လော။ လူတို့၌ အသိစိတ်ရှိရမည်။ ထို့ကြောင့် သင်သည် အသိစိတ် ရှိပါက၊ အဘယ်အရာကို ပြုသင့်သနည်း။ သင်၏ခေါင်းဆောင်က ရံဖန်ရံခါ သေးငယ်သော အမှားတစ်ခုကို ပြုလုပ်သောအခါ ယင်းကို အလွန်စေ့စေ့စပ်စပ် စုံစမ်းစစ်ဆေးခြင်း မပြုသင့်ပေ။ ၎င်းတို့၏ အားနည်းချက်များကို ဆုပ်ကိုင်ထားခြင်းနှင့် ထိုအားနည်းချက်များကို လက်လွှတ်ရန် ငြင်းဆန်ခြင်းဖြင့် သင်သည် ၎င်းတို့ကို ပုန်ကန်ဖီဆန်ဖို့ ကြိုးစားနေသလော။ အကယ်၍ အသေးအဖွဲ အရာတစ်ခု ဖြစ်ပေါ်ပါက ငါတို့သည် ယင်းကို မိမိတို့အတွင်းထဲ၌ ကိုင်တွယ်သင့်သည်။ တိုင်ချက်ဖွင့်ရသည့် အကြောင်းရင်းမှာ အဘယ်နည်း။ အရေးကိစ္စများကို တိုင်ကြားသောလူတို့သည် ညံ့ဖျင်းပြီး ဝိညာဉ်ရင့်သန်မှု သေးငယ်ကြသည်။ အရာရာတိုင်းကို အထက်သို့ တိုင်ကြားခြင်းက သင့်တော်သလော။ အထက်က ထိုကဲ့သို့သော ပြဿနာများကို ဖြေရှင်းဖို့ မည်သို့ အချိန်ရှိနိုင်မည်နည်း။ အကယ်၍ ယင်းတို့ကို ဖြေရှင်းရမည်ဆိုလျှင် အသင်းတော်ခေါင်းဆောင်များက ဖြေရှင်းလိမ့်မည်။ အမှုအရာများကို မိမိအတွင်းထဲ၌ ဆွေးနွေး၍ မရသလော။ အရာရာတိုင်းကို အထက်သို့ တိုင်ကြားစရာ လိုသလော။ ဤအရာက အထက်ကို အနှောင့်အယှက်သာ ပေးနေမည်မဟုတ်လော။ နားထောင်လော့၊ အကယ်၍ သင်သည် ကျွန်ုပ်အား တစ်စုံတစ်ခုကို တိုင်ကြားလျှင် ကျွန်ုပ်သည် သင်တို့ကို ပြုပြင်ခြင်းမရှိဘဲ ဖြေရှင်းချက်တစ်ခုကို အေးအေးဆေးဆေးနှင့် အခင်မင်မပျက် ရှာဖွေမည်ဖြစ်သည်။ သို့သော် သင်သည် ယင်းကို အထက်ကိုတိုင်ကြားလျှင် အထက်၏ သဘောထားက မည်သည့်အရာ ဖြစ်မည်ကို သင်သိသလော။ အထက်ကို ပြက်ချော်ချော်လုပ်စရာ မဟုတ်ပေ။ သူတို့သည် ခြင်္သေ့များနှင့် လင်းယုန်များကဲ့သို့ ဖြစ်ကြသည်။ ကျွန်ုပ်တို့ကဲ့သို့ သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိသည့် လူတို့သည် သူတို့၏အဆင့်ကို မှီနိုင်သလော။ ပြဿနာတစ်ခုကို အထက်သို့ တိုင်ကြားခြင်းတွင် သင့်အတွက် မည်သည့်ကောင်းကျိုးမျှ ဖြစ်လာမည်မဟုတ်ပေ။ သင်သည် ပြုပြင်ခြင်း ခံရမည်မှာ အသေအချာဖြစ်သည်။ ကျွန်ုပ်အပေါ် အကြိမ်ပေါင်းများစွာ ဤအရာ ဖြစ်ပျက်ခဲ့ပြီဖြစ်သည်။ သင်၏ ဝိညာဉ်ရင့်သန်မှုလောက် သေးငယ်သော ဝိညာဉ်ရင့်သန်မှုရှိသည့် လူတစ်ဦးသည် ယင်းကို အဘယ်သို့ ကိုင်တွယ်နိုင်မည်နည်း။ သင်သည် ယုံပင်ယုံကြည်တော့မည် မဟုတ်သကဲ့သို့ မည်သူသည် ထိုအရာ၏ အကျိုးဆက်များကို တာဝန်ယူသောသူ ဖြစ်လိမ့်မည်နည်း။ သင်သည် တစ်စုံတစ်ရာကို တိုင်ကြားလိုလျှင် အကျိုးဆက်များကို တာဝန်ယူရမည် ဖြစ်သည်။ အချိန်တန်၍ သင်သည် ပြုပြင်ခြင်းကို ခံရကာ အပျက်သဘောဆောင်ပြီး အားနည်းလာသောအခါ ကျွန်ုပ်ကို လာ၍ အပြစ်မတင်နှင့်။ တိုင်ကြားချက်ဖွင့်လိုပါက ကျွန်ုပ် သင့်ကို တားမည်မဟုတ်ပေ။ တိုင်သာ တိုင်လေလော့။ အဘယ်သူ တိုင်ကြားသည်ကို ကျွန်ုပ်ကြည့်မည်” ဟု ဆက်၍ ပြော၏။ ဤခေါင်းဆောင်က အလွန် ခြိမ်းခြောက်နေသောအခါ တစ်ဦးတလေက တိုင်ကြားချက်ဖွင့်ဝံ့မည်လော။ (ဖွင့်ဝံ့မည်မဟုတ်ပါ။) လူအချို့က တိုင်ကြားလိုသော်လည်း လွန်စွာ ထိတ်လန့်ကြတော့မည် ဖြစ်သည်။ ဤလူတို့သည် အသုံးမကျသောသူများ မဟုတ်လော။ ၎င်းတို့သည် မည်သည့်အရာကို ကြောက်ရွံ့နေကြသနည်း။ ၎င်းတို့သည် ထိုခေါင်းဆောင်ကြောင့် အဘယ်သို့ဖြစ်ပြီး လွန်စွာ ထိတ်လန့်နိုင်ကြသနည်း။ ထိုခေါင်းဆောင်က ၎င်းတို့ကို သေသည်အထိ ညှင်းဆဲလိုလျှင်ပင် ၎င်းတို့၏အသက်သည် ထို‌ခေါင်းဆောင်၏ လက်ထဲတွင် မရှိပေ။ ထိုခေါင်းဆောင်က ၎င်းတို့ကို ဘုရားသခင်၏ ခွင့်ပြုချက်မရှိဘဲနှင့် အဘယ်သို့ ညှင်းဆဲဝံ့မည်နည်း။ ထိုခေါင်းဆောင်ထံမှ ခြိမ်းခြောက်သော စကားအနည်းငယ်ကြားပြီးနောက် တိုင်ကြားချက်ဖွင့်ဖို့ အမှန်ပင် လွန်စွာ ကြောက်ရွံ့မည့်လူများ ရှိသည်။ ၎င်းတို့က “မည်သည့်နေရာတွင်မျှ ဘုရားသခင်ကို မမြင်ရပါ။ အကယ်၍ ကျွန်ုပ်သည် တိုင်ကြားချက်ဖွင့်လျှင် အထက်က ထိုခေါင်းဆောင်ကို ကိုင်တွယ်လိမ့်မည်လော။ မကိုင်တွယ်လျှင်ကော။ ထိုခေါင်းဆောင်က ကျွန်ုပ်အပေါ် လက်စားချေလိမ့်မည်လော။ ထိုအခါ ကျွန်ုပ်သည် မိမိ၏တာဝန်ကို ပုံမှန်အတိုင်း လုပ်ဆောင်နိုင်ဦးမည်လော။ သို့ဆိုလျှင် ကျွန်ုပ်သည် တိုင်ကြားချက်မဖွင့်ရပါ။ ထို့ပြင် ဤကိစ္စသည် ကျွန်ုပ်နှင့် မဆိုင်ပါ။ အခြားမည်သူမျှ မတိုင်ကြားလေပြီ။ ကျွန်ုပ်က အဘယ်ကြောင့် တိုင်ကြားရမည်နည်း”ဟု မိမိတို့ကိုယ်ကို စဉ်းစားကြမည်ဖြစ်သည်။ ၎င်းတို့သည် တိုင်ကြားချက် မဖွင့်ရဲတော့ဘဲ နောက်တွန့်သွားကြမည် ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ထိုသို့သောလူတို့ကို သနားကရုဏာ ထားနိုင်ခြေရှိသလော။ (မရှိပါ။) ထိုသူတို့ကို ၎င်းတို့ မည်သည့်အရာ ပြုလုပ်မည်နည်း။ မည်သူက မိမိတို့ကို တိုင်ကြားရန် ပြင်ဆင်နေကြောင်း၊ မည်သူက မိမိတို့နှင့် တစ်စိတ်တည်း တစ်ဝမ်းတည်း မရှိကြောင်းကို ၎င်းတို့သေချာအောင် လေ့လာစိစစ်ပြီးသည်နှင့် “သင်သည် အမြဲတမ်း တစ်စုံတစ်ခုပြုလုပ်ရန် ကြံနေသည်။ ကြီးကျယ်သော စိတ်ကူးများကို အမြဲတမ်း လေပန်းချင်သည်။ အမြဲတမ်း ပြဿနာရှာရန် ကြိုးစားနေသည်။ ငါ၏ အရေးကိစ္စများကို အမြဲတမ်း တိုင်ကြားချင်နေသည်။ ဤသည်မှာ တရားလွန်၏။ ငါ၏အခြေအနေကို အထက်သို့တိုင်ကြားနိုင်ရန် သင်သည် သူတို့နှင့် အဆက်အသွယ်ရဖို့ အခွင့်အရေး အမြဲတမ်း ရှာဖွေလာနေသည်။ ယခု သင်သည် တပ်ခေါက်နေပြီ။ မတိုင်ဝံ့တော့ပေ။ သို့သော် မည်သူသိမည်နည်း၊ သင်သည် အခွင့်အရေးကောင်းရလျှင် ငါ့ကို တိုင်ချင်တိုင်ဦးမည်ဖြစ်သည်။ အင်း၊ ငါသင့်ကို ဒုက္ခပေးမည်”ဟု စတင်၍ စဉ်းစားကြမည်ဖြစ်သည်။ ထို့ကြောင့် ထိုအန္တိခရစ်သည် ထိုလူတို့ကို မတရားချိုးနှိမ်ရန်၊ ညီအစ်ကို မောင်နှမများအား ထိုသူတို့အပေါ် ရွံရှာစက်ဆုပ်မှု ခံစားအောင်လုပ်ရန်အတွက် အကြောင်းပြချက်များနှင့် အခွင့်အရေးများကို ရှာဖွေမည်ဖြစ်သည်။ ထို့နောက် ၎င်းတို့က ထိုသူတို့ကို အမိဖမ်းရန်၊ သူတို့အတွက် ပြဿနာဖန်တီးရန်နှင့် သူတို့၏ ဂုဏ်သိက္ခာ စွန်းထင်းသွားစေရန်အတွက် နည်းလမ်းမျိုးစုံကို အကြံထုတ်မည် ဖြစ်သည်။ ပြီးလျှင် ထိုလူတို့သည် သူတို့ကိုယ်သူတို့ မည်ကဲ့သို့ စဉ်းစားကြမည်နည်း။ “ဤသည်မှာ အလွန်ဆိုးဝါး၏။ ခေါင်းဆောင်ကို ငါ မနာခံခဲ့ပါ။ သူ့ကို ကြောင်းကျိုးမမြင်ဘဲ တိုင်ကြားဖို့ ကြိုးစားခဲ့သည်။ ယခုတွင်မူ ငါ ဒုက္ခခံစားအောင် အလုပ်ခံရလေပြီ။ ဤသင်ခန်းစာကို ငါ သတိရရမည်။ ခေါင်းဆောင်ကို ပုန်ကန်ပြစ်မှားခြင်း လုံးဝ မပြုရပေ။ ယခုတွင် ဦးစီးဦးဆောင် လုပ်နေသူမှာ ဤခေါင်းဆောင်ပင် ဖြစ်သည်။ အကယ်၍ သူက ‘အရှေ့’ ဟု ဆိုလျှင် ငါက ‘အနောက်’ ဟု ဆို၍ မရပေ။ သူက ‘တစ်’ ဟု ဆိုလျှင် ငါက ‘နှစ်’ ဟု ဆို၍ မရပေ။ ခေါင်းဆောင်ခိုင်းသမျှကို ငါလုပ်ရမည်။ ပြဿနာများကို တိုင်ကြားရန် အထက်ကို ငါ လုံးဝ မဆက်သွယ်ရပေ။ ဤသည်မှာ အမှန်တကယ် ပြင်းထန်သည်။ ငါသည် ခေါင်းဆောင်၏ ဒုက္ခရောက်အောင်လုပ်ခြင်းကို ခံရပြီဖြစ်ပြီး အထက်က ယင်းနှင့်ပတ်သက်၍ မသိပေ။ အဘယ်သူသည် ငါ့အတွက် ရပ်တည်ပေးမည်နည်း။ ‘ဒေသန္တရအမှုဆောင်များသည် ဗဟိုအမှုဆောင်များထက် ပို၍ အခွင့်အာဏာ ရှိကြသည်’ဟု သူတို့ ဆိုသကဲ့သို့ပင် ဖြစ်သည်”ဟူ၍ ဖြစ်လေသည်။ ဤလူတို့သည် အပျက်သဘော ဆောင်လာကြပြီဖြစ်သည်။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာရှိကြောင်းကို မဆိုထားနှင့်၊ သမ္မာတရားက ဘုရားအိမ်တော်တွင် အစိုးရကြောင်း ၎င်းတို့ မယုံကြည်ကြပေ။ ၎င်းတို့သည် စိတ်နှလုံးများထဲ၌ ဘုရားသခင် ရှိသေးသလော။ မရှိ၊ ၎င်းတို့သည် စိတ်နှလုံးများထဲ၌ ဘုရားသခင် မရှိပေ။ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ကင်းမဲ့ကြသည်။ ၎င်းတို့သည် ပြဿနာတစ်ခုကို တိုင်ကြားလိုသော်လည်း ထိုဆိုးယုတ်သောလူကို ကြောက်နေကြသည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးညစ်သော စွမ်းအားများအား ပိုင်းခြားသိမြင်နိုင်စွမ်း ဘာဆိုဘာမျှ မရှိကြပေ။ ၎င်းတို့သည် ၎င်းတို့ တန်ခိုးအာဏာရှိသော နေရာတွင် ထိုဆိုးယုတ်သောလူ၏ ဒုက္ခရောက်အောင်လုပ်ခြင်းကို ခံကြရပြီဖြစ်ပြီး အသုံးမကျသောသူများ ဖြစ်လာကြပြီးဖြစ်သည်။ ၎င်းတို့သည် နဂိုက လိုချင်ဖွယ်ကောင်းသော အရည်အချင်းတစ်ခုဖြစ်သည့် တရားမျှတစိတ် အနည်းငယ် ရှိခဲ့သော်လည်း သမ္မာတရားကို နားမလည်သည့်အပြင် စည်းမျဉ်းများအတိုင်း မည်သို့ ပြုမူလုပ်ဆောင်ရမည်ကို မသိသောကြောင့် ယုံကြည်ချက်တစ်ခုလုံး ပျောက်ဆုံးသွားသည့်အထိ ထိုဆိုးယုတ်သောလူ၊ အယောင်ဆောင် ခေါင်းဆောင်နှင့် အန္တိခရစ်၏ နင်းချေခြင်းကို ခံခဲ့ကြရသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာဖွေရန် သို့မဟုတ် ဉာဏ်ပညာကို အခြေခံ၍ ပြုမူလုပ်ဆောင်ရန်အတွက် ဘုရားသခင်အပေါ် မည်သို့အမှီပြုရမည်ကို မသိကြပေ။ ယခုတွင် ၎င်းတို့သည် အန္တိခရစ်တစ်ဦးကို မြင်တွေ့တိုင်း ကြောက်လန့်ပြီး တွန့်ဆုတ်လာကြ၏။ ၎င်းတို့ အဘယ်မျှကြောက်လန့်ကြသနည်း။ ၎င်းတို့က “ဤကမ္ဘာပေါ်တွင် ဆိုးယုတ်သောလူတို့က တန်ခိုးအာဏာ ကိုင်စွဲကြသည်။ ကျွန်ုပ်သည် မည်သည့်အဖွဲ့တွင် ပါဝင်သည်ဖြစ်စေ ဣန္ဒြေရရ နေရမည်။ ကျွန်ုပ်၌ ထိုကြမ်းကြုတ်ရက်စက်ခြင်းနှင့် သတ္တိမျိုး ကင်းမဲ့သောကြောင့် မည်သည့်နေရာ သွားသည်ဖြစ်စေ မတရားဆက်ဆံခြင်းကို လိုလိုလားလား သည်းခံပြီး အခြားသူများကို လိုလိုလားလား နာခံရမည်ဖြစ်သည်။ ထိုသူတို့ကို ကျွန်ုပ်၏ ဘိုးဘေးများကဲ့သို့ ဆက်ဆံရမည်။ အကယ်၍ ၎င်းတို့က ‘အရှေ့’ ဟုဆိုလျှင် ကျွန်ုပ်က ‘အနောက်’ ဟု ဆို၍မရပေ။ ကျွန်ုပ်သည် ကွဲပြားခြားနားသော ထင်မြင်ချက်များကို ဖွင့်ဟ၍မဖြစ်ပေ။ အခြားလူများ၏ အရေးကိစ္စများနှင့် ပတ်သက်၍ ကျွန်ုပ်သည် တိုင်ကြားချက် ဖွင့်၍မဖြစ်သည့်အပြင် အခြားသူများ၏ ကိစ္စတွင် ကျွန်ုပ် ကိုယ်နှင့်မဆိုင်သည်ကို ဝင်စွက်၍မဖြစ်‌ပေ။ ကျွန်ုပ်သည် ဘုရားသခင်အား ယုံကြည်ခြင်း၌သာ အာရုံစိုက်နိုင်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ပုန်ကန်ပြစ်မှားခြင်း၊ သမ္မာတရားစည်းမျဉ်းများကို လိုက်နာစောင့်ထိန်းခြင်း၊ အလင်းကို တောင့်တခြင်း သို့မဟုတ် တရားမျှတမှုကို ချစ်မြတ်နိုးခြင်း မပြုရပေ။ ဤကမ္ဘာလောကတွင် အလင်းဖြစ်စေ တရားမျှတမှုဖြစ်စေ မရှိပေ။ ကျွန်ုပ်သည် အဆုံးတိုင်အောင် သည်းခံခြင်းကိုသာ အာရုံစိုက်ပြီး အနာဂတ်တွင် မည်သည့်နေရာ သွားသည်ဖြစ်စေ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကို အမြဲ ဦးစားပေးဖို့ကိုသာ သတိရမည်” ဟု စဉ်းစားကြသည်။ ဤသည်မှာ ၎င်းတို့ချမှတ်သော ကောက်ချက်ဖြစ်သည်။ ၎င်းတို့သည် ထိုအန္တိခရစ်၏ အနိုင်ယူခြင်းကို ခံကြရပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာကို မည်သည့်အရာက အတည်ပြုသနည်း။ ထိုအန္တိခရစ်၏ ဖိနှိပ်ခြင်းကို ခံရပြီးနောက် ၎င်းတို့သည် အသိဉာဏ်ပျောက်သွားလောက်အောင် ကြောက်လန့်သွားကြသည်။ မည်သည့်အရာမျှ မပြောနိုင်၊ မလုပ်နိုင်အောင် အကြောက်လွန်ကြသည်။ ၎င်းတို့သည် မိမိတို့၏ စစ်မှန်သော ယုံကြည်ခြင်းကို ဆုံးရှုံးသွားကြပြီး မိမိတို့၏ တာဝန်များကို သစ္စာရှိစွာ မလုပ်ဆောင်ကြတော့ပေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် တရားမျှတမှုအား ချစ်မြတ်နိုးသည့် မီးတောက်ငယ်လေးမှာလည်း ချုပ်ငြိမ်းသွားပြီဖြစ်သည်။ ၎င်းတို့သည် ထိုအန္တိခရစ်၏ လုံးလုံးလျားလျား အနိုင်ယူခြင်းနှင့် တိုက်ခိုက်ခြင်းကို ခံကြရပြီ။ ၎င်းတို့သည် အသုံးမကျသောသူများ ဖြစ်သည်မဟုတ်လော။ သူရဲဘောကြောင်သူများ မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့ မည်သို့ပြောနိုင်သနည်း။ အကယ်၍ သင်က ၎င်းတို့ကို “မည်သူမည်ဝါသည် သင်တို့၏ အသင်းတော်၌ မည်သို့ ရှိသနည်း” ဟု မေးလျှင် ၎င်းတို့က “မဆိုးပါ” ဟု ပြန်ဖြေကြလိမ့်မည်။ အကယ်၍ သင်က “ပြီးလျှင် သင်တို့အားလုံး ရွေးချယ်ခဲ့သည့် ထိုအသင်းတော်ခေါင်းဆောင် အသစ်ကော အဘယ်သို့နည်း။ သူ့ကို သင် သိသလော” ဟု ဆိုလျှင် ၎င်းတို့က “ကျွန်ုပ်သည် သူနှင့် သိပ်မရင်းနှီးပါ” ဟု အဖြေပေးလိမ့်မည်။ သင်က “ယခု ထိုနေရာတွင် အသင်းတော်အသက်တာက မည်သို့ ရှိသနည်း။ တစ်စုံတစ်ယောက်က အနှောင့်အယှက်များကို ဖြစ်လာစေသလော” ဟု မေးလျှင် ၎င်းတို့က “ကောင်းပါသည်။ အဆင်ပြေနေပါသည်” ဟု ပြောကြလိမ့်မည်။ ၎င်းတို့ကို သင် မည်သည့်အရာ မေးသည်ဖြစ်စေ၊ ၎င်းတို့က ဤစကားလုံးအနည်းငယ်ဖြင့်သာ ပြန်ဖြေကြလိမ့်မည်။ ဤသည်မှာ ၎င်းတို့ ထိတ်လန့်ခဲ့ကြသောကြောင့် မဟုတ်လော။ အဘယ့်ကြောင့် ၎င်းတို့ ဤသို့ ထိတ်လန့်နေကြသနည်း။ ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ၎င်းတို့ မသိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် ကောက်ကျစ်ဆိုးယုတ်မှု၊ ရက်စက်ခြင်း၊ အကြင်နာမဲ့ခြင်းနှင့် စာတန်၏ အမှောင်ထုကို မရိပ်စားမိနိုင်ကြပေ။ သမ္မာတရားက အုပ်စိုးခြင်းဟူသည်မှာ မည်သည့်အရာကို ဆိုလိုကြောင်း ၎င်းတို့ မသိသကဲ့သို့ ဤအရာက မည်သည့်အရေးပါမှု ရှိကြောင်းကိုလည်း မသိကြသောကြောင့် ၎င်းတို့ ကြောက်ရွံ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် မည်သည့်အရာကို သင် မေးသည်ဖြစ်စေ ၎င်းတို့၏အဖြေက မရေမရာနှင့် မရှင်းမလင်း ဖြစ်ပေလိမ့်မည်။ ၎င်းတို့ထံမှနေ၍ အသင်းတော်၌ အမှန်တကယ် ဖြစ်ပျက်နေသည့်အရာနှင့် ပတ်သက်သော အဖြေတစ်ခုကို သင် ရလိမ့်မည်မဟုတ်၊ သို့မဟုတ် ၎င်းတို့သည် စိတ်ထဲ၌ အမှန်တကယ် မည်သည့်အရာ စဉ်းစားနေသည်ကို သင် သိလိမ့်မည်မဟုတ်ပေ။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အလွန်လုံအောင် ဖုံးကွယ်ထားသည်ဖြစ်၍ ၎င်းတို့ မည်သည့်အရာ ပြောနေသည်ကိုပင် သင် သေချာမည်မဟုတ်ပေ။ ၎င်းတို့က အသင်းတော်ထဲတွင်ရှိသော ပြဿနာများ၊ သို့မဟုတ် ခေါင်းဆောင်များနှင့် အမှုဆောင်များ မည်သို့ရှိသည်နှင့်ပတ်သက်၍ မည်သည့်အရာမျှ ပြောကြလိမ့်မည် မဟုတ်သည့်အပြင် ဘုရားသခင် ရွေးကောက်ထားသောလူတို့ ရင်ဆိုင်နေရသော အခက်အခဲများနှင့် ပတ်သက်၍ မည်သည့်အရာမျှ သင် သိရှိရမည် မဟုတ်ပေ။ ဤအရာတစ်ခုကိုမျှ သိရလိမ့်မည်မဟုတ်။ ၎င်းတို့က သင့်ကို ဤပုံစံဖြင့်သာ စကားပြောလိမ့်မည်။ ၎င်းတို့ပြောသည်ကို သင် နားထောင်ရင်း မည်သည့်အရာ ခံစားရလိမ့်မည်နည်း။ သင်တို့နှစ်ဦး၏ စိတ်နှလုံးများကြားထဲတွင် တစ်စုံတစ်ခုရှိနေကြောင်း သင် ခံစားရမည်။ ၎င်းတို့၏ စိတ်ဓာတ်မှာ “ကျွန်ုပ်နှင့်ပတ်သက်၍ မည်သည့်အရာမျှ လေ့လာဖို့ မကြိုးစားနှင့်။ ကျွန်ုပ်သည် မည်သည့်သတင်းအချက်အလက် သို့မဟုတ် မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသည်ကို သင့်အား မထုတ်ဖော်လိုပါ။ ကျွန်ုပ်နှင့် ဝေးဝေးနေလော့။ အကယ်၍ သင်သည် ကြိုးစားပြီး အသင်းတော်ထဲတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို ကျွန်ုပ်ထံမှ သိရှိသွားလျှင် ကျွန်ုပ်အတွက် ဒုက္ခဖြစ်စေရန်နှင့် ကျွန်ုပ်၏ လက်ရှိ အသက်ရှင်မှုဝန်းကျင်၊ ပုံမှန်လုပ်ရိုးလုပ်စဉ်နှင့် အခြေအနေကို နှောင့်ယှက်ရန် သင် ကြိုးစားနေခြင်း ဖြစ်သည်။ ကျွန်ုပ်ဘဝ၏ မည်သည့်ကဏ္ဍ၌မျှ ဝင်မပါနှင့်။ ဤအရာများကို ကျွန်ုပ်ဘာသာ ကိုင်တွယ်ပါရစေ” ဟူ၍ ဖြစ်လေသည်။ အန္တိခရစ်က ၎င်းတို့ကို ဒုက္ခခံစားစေမည် သို့မဟုတ် ၎င်းတို့အား လက်စားချေမည်ကို ၎င်းတို့ စိုးရွံ့နေကြပြီး ၎င်းတို့အသင်းတော်နှင့် ပတ်သက်သည့် ပြဿနာတစ်ခုခုကို တိုင်ကြားဖို့ ကြောက်လန့်နေကြသည်။ ဤသည်မှာ ထိုအန္တိခရစ်ကို အရှုံးပေးခြင်း မဟုတ်လော။ ၎င်းတို့သည် ထိုအန္တိခရစ်၏ အထင်အမြင်မှားစေခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံကြရပြီမဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်ကို မြင်တွေ့ရခြင်းက ထိုအန္တိခရစ်ကို ကျေနပ်စေသည်။ သူသည် လူတို့ကို ၎င်းတို့၏ အရေးကိစ္စများအား နောက်ထပ် မတိုင်ကြားဝံ့သည်အထိ ညှဉ်းဆဲထားပြီးဖြစ်သဖြင့် ၎င်းတို့သည် အသင်းတော်အပေါ် ထိန်းချုပ်မှုကို အခိုင်အမာ ရရှိလေသည်။ အသင်းတော်ထဲရှိ လူများစွာတို့သည် ဤနည်းဖြင့် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်ခြင်းကို ခံရကြသလော။ သင်တို့ကိုယ်တိုင် တစ်စုံတစ်ယောက်အား အရေးကိစ္စတစ်ခုကို တိုင်ကြားခြင်းမှ တားဆီးဖူးသလော။ သင်တို့သည် တားဆီးဖူးသော်လည်း သတိမပြုမိခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်၊ သို့မဟုတ် နောင်တွင် ထိုသို့ တားဆီးကောင်း တားဆီးနိုင်ပေသည်။ သို့ဆိုလျှင် အန္တိခရစ်များ၏ စည်းရုံးသိမ်းသွင်းခြင်းနှင့် ထိန်းချုပ်ခြင်းကို ခံရသော လူတို့ကို ပြဿနာတစ်ခုအဖြစ် ယူဆ၍ရသလော။ (ရပါသည်။) လူအချို့က “အသင်းတော်ထဲမှ လူအချို့သည် အန္တိခရစ်တစ်ဦးကို ကြောက်ရွံ့နေကြသည်။ သို့သော် ၎င်းတို့သည် ထိုအန္တိခရစ်ကို အစေခံဖို့ နေနေသာသာ၊ ယုံလည်းမယုံကြည်သကဲ့သို့ ထိုအန္တိခရစ်နောက်လည်း မလိုက်ကြပါ။ ၎င်းတို့သည် ထိုအန္တိခရစ်၏ ဘောင်ခတ်ခြင်းကို အနည်းငယ် ခံထားကြရခြင်းနှင့် ဘုရားသခင်အား ယုံကြည်ခြင်းနှင့်ဆိုင်သည့် လမ်းမှန်သို့ ဝင်ရောက်ရာ၌ နှောင့်နှေးခြင်းကြသာ ဖြစ်သည်။ ဤအရာကို ပြဿနာတစ်ခုဖြစ်သည်ဟု ကိုယ်‌တော် အဘယ့်ကြောင့် ဆိုရသနည်း” ဟု ဆိုကြသည်။ တစ်ဖက်တွင် လူတို့ကို စည်းရုံးသိမ်းသွင်းရန်နှင့် ထိန်းချုပ်ရန် အန္တိခရစ်များ အသုံးချသည့် နည်းလမ်းများကို ကြည့်ခြင်းအားဖြင့် ၎င်းတို့၏ သဘာဝ အနှစ်သာရသည် စာတန်၏ အနှစ်သာရဖြစ်မှန်း သင် မြင်တွေ့နိုင်သင့်သည်။ ယင်းသည် သမ္မာတရားနှင့် ဘုရားသခင်ကို ရန်လိုသည်။ အန္တိခရစ်များသည် လူတို့ကိုရဖို့ ဘုရားသခင်နှင့် တုပြိုင်ရန်၊ သူရွေးကောက်ထားသော လူတို့ကိုရဖို့ ယှဉ်ပြိုင်ရန် အလိုရှိသည်။ အခြားတစ်ဖက်တွင် အန္တိခရစ်များ အလုပ်လုပ်သည့် နည်းစနစ်များနှင့် နည်းလမ်းများသည် စဉ်းစားဉာဏ်မရှိသော၊ မသိနားမလည်သော၊ မရှင်းလင်းသည့်အပြင် သမ္မာတရားကို နားမလည်သော လူတို့အပေါ် အမှန်ပင် သက်ရောက်မှု ရှိနိုင်သည်။ ၎င်းတို့သည် ထိုလူတို့ကို အမှန်ပင် အထင်အမြင်မှားစေနိုင်သည်၊ အန္တိခရစ်များ၏ ထိန်းချုပ်မှုအောက်တွင် ဆက်၍ ဣန္ဒြေရရ နေစေနိုင်သည့်အပြင် အရာခပ်သိမ်းတွင် အန္တိခရစ်များကို တိုင်ပင်ဆွေးနွေးပြီး ၎င်းတို့အား လိုက်နာရအောင် လုပ်နိုင်သည်။ အန္တိခရစ်များသည် ထိုလူတို့ ပါးစပ်များပိတ်သွားစေသည်သာမက သူတို့၏ လုပ်ဆောင်ချက်များကိုလည်း ထိန်းချုပ်သည်၊ သူတို့၏ အတွေးများနှင့် စိတ်ကူးများကိုလည်း လွှမ်းမိုးပြီး သူတို့ လျှောက်နေသည့် ဦးတည်ချက်ကိုလည်း ထိခိုက်လေသည်။ ဤသည်တို့မှာ စဉ်းစားဉာဏ်မရှိ၊ မသိနားမလည်သော သူတို့အပေါ် အန္တိခရစ်တို့၏ လုပ်ရပ်များက ဖြစ်စေသည့် သက်ရောက်မှုများနှင့် အကျိုးဆက်များ ဖြစ်၏။

ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး၏ တာဝန်အား ထမ်းဆောင်ခြင်းနှင့် ဆက်စပ်သည့် သမ္မာတရားအမျိုးမျိုးအကြောင်းကို ယခုလေးတင် ငါပြောပြပြီးဖြစ်သည်။ အဆိုးဝါးဆုံး လူစားမျိုး၏ သရုပ်သကန်များကို အထူးသဖြင့် ဗဟိုပြုလျက်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များ ပိုင်ဆိုင်သည့် အရေးကိစ္စအချို့ကိုလည်း ငါ ဖော်ထုတ်ခဲ့သည်။ သို့ဆိုလျှင် ယင်းမှာ မည်သည့်လူစားမျိုး ဖြစ်သနည်း။ (အန္တိခရစ်များ ဖြစ်ပါသည်။) အန္တိခရစ်များအားလုံး၌ တွေ့နေကျ သရုပ်သကန်တစ်ခုမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကိုအတွက် တန်ခိုးအာဏာကို အရယူဖို့နှင့် အသင်းတော်ကို ထိန်းချုပ်ဖို့ ကြိုးစားကြသည်။ တန်ခိုးအာဏာ ရယူလိုသော ၎င်းတို့၏ လိုအင်ဆန္ဒက အခြားအရာအားလုံးကို ကျော်လွန်သည်။ တန်ခိုးအာဏာသည် ၎င်းတို့၏အသက်၊ ၎င်းတို့၏ အရင်းအမြစ်ပင် ဖြစ်၏။ ၎င်းတို့ပြုလုပ်သမျှတိုင်း၌ ဗဟိုပြုသည့် ဘဝ ပင်မအကြောင်းအရာ၊ ဦးတည်ချက်နှင့် ရည်မှန်းချက်ပန်းတိုင် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်များ၏ လုပ်ရပ်များနှင့် ၎င်းတို့ထုတ်ဖော်သည့် စိတ်သဘောထားများသည် လူတို့အား အထင်အမြင်မှားစေဖို့၊ စည်းရုံးသိမ်းသွင်းဖို့နှင့် ထိန်းချုပ်ဖို့ စာတန်အသုံးချသည့် နည်းဗျူဟာများနှင့် တထေရာတည်း ဖြစ်သည်။ ဤလူစားမျိုး ပြုလုပ်သည့်အရာတိုင်းက ၎င်းတို့အား စာတန်၏ ထွက်ပေါက်တစ်ခု၊ ပြယုဂ်တစ်ခုနှင့် ဖော်ပြချက်တစ်ခုကိုသာလျှင် ဖြစ်စေသည်ဟု ဆိုနိုင်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်တိုင်းနှင့် ၎င်းတို့၏ အပြုအမူအားလုံး၏ အဓိက ရည်မှန်းချက်ပန်းတိုင်မှာ တန်ခိုးအာဏာ ပိုင်ဆိုင်ဖို့ဖြစ်သည်။ ၎င်းတို့သည် မည်သူ့ကို ထိန်းချုပ်ရန် ကြိုးစားကြသနည်း။ ဘုရားသခင်၏ နောက်လိုက်များဖြစ်သည့် ၎င်းတို့ ဦးဆောင်သည့်လူများပင် ဖြစ်သည်။ ၎င်းတို့တန်ခိုးအာဏာ၏ နယ်ပယ်အောက်၌ ရှိသော၊ ၎င်းတို့ ထိန်းချုပ်နိုင်သော လူတို့ပင် ဖြစ်ကြသည်။ တစ်ခဏအကြာတုန်းက လူတို့ကို ထိန်းချုပ်ဖို့ အန္တိခရစ်များ အသုံးချသည့် နည်းနိဿယများနှင့် ပတ်သက်၍လည်း ငါတို့ ဆွေးနွေးခဲ့ကြသည်။ ပထမအချက်မှာ လူတို့၏စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း ဖြစ်သည်။ ဒုတိယမှာ အမြင်မတူသူများကို တိုက်ခိုက်ကာ ကြဉ်ထားခြင်း ဖြစ်သည်။ တတိယမှာ သမ္မာတရားကို လိုက်စားသောသူတို့အား ပထုတ်ပြီး တိုက်ခိုက်ခြင်း ဖြစ်သည်။ စတုတ္ထမှာ ကိုယ့်ကိုယ်ကိုယ် အစဉ်သဖြင့် ဂုဏ်တင်ချီးကျူးပြီး သက်သေခံခြင်းဖြစ်ပြီး ပဉ္စမအချက်မှာ လူတို့ကို အထင်အမြင်မှားစေကာ သိမ်းသွင်းစည်းရုံး၍ ခြိမ်းခြောက်ပြီး ထိန်းချုပ်ခြင်း ဖြစ်လေသည်။ ဤအဓိကသရုပ်သကန် ငါးခုလုံးသည် တန်ခိုးအာဏာ ရရှိဖို့နှင့် လူတို့အား ပိုင်ဆိုင်ပြီး ထိန်းချုပ်ဖို့အလို့ငှာ အန္တိခရစ်များ အသုံးပြုသည့် အခြေခံနည်းနိဿယများနှင့် နည်းလမ်းများ ဖြစ်ကြသည်။ ဤသည်တို့မှာ ကျယ်ပြန့်သော အမျိုးအစားများ ဖြစ်ကြ၏။ ဆက်လက်၍၊ ဤကျယ်ပြန့်သော အမျိုးအစားများကို ပို၍အသေးစိတ်ကျကျ ငါတို့ စိတ်ဖြာလေ့လာပြီး မိတ်သဟာယပြုကြမည်ဖြစ်သည်။

အန္တိခရစ်များက လူတို့၏ စိတ်နှလုံးများအား စည်းရုံးသိမ်းသွင်းရန် မည်သို့ ကြိုးစားပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

က။ အကူအညီလေးများဖြင့် လူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း

လူတို့ကို ထိန်းချုပ်ရန် အန္တိခရစ်များ အသုံးပြုသည့် ပထမ နည်းနိဿယမှာ ၎င်းတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်း ဖြစ်၏။ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်အတွက် နည်းလမ်းမည်မျှ ရှိသနည်း။ နည်းလမ်းတစ်ခုမှာ အကူအညီလေးများဖြင့် ၎င်းတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း ဖြစ်သည်။ တစ်ခါတစ်ရံ အန္တိခရစ်များက လူတို့ကို ကောင်းမွန်သည့်အရာများ ပေးကြသည်။ တစ်ခါတစ်ရံ ၎င်းတို့ကို ချီးမွမ်းကြသည်။ တစ်ခါတစ်ရံ ၎င်းတို့ကို ကတိလေးများ ‌ပေးကြသည်။ ထို့ပြင် တစ်ခါတစ်ရံ တာဝန်အချို့က လူတို့ကို ထင်ရှားကျော်ကြားအောင် ထောက်ကူပေးနိုင်ကြောင်း၊ သို့မဟုတ် ဤတာဝန်များက လုပ်ဆောင်သောသူ မည်သူမဆိုအတွက် အကျိုးကျေးဇူးများကို ဖြစ်စေနိုင်ပြီး လူတိုင်းအား သူ့ကို အထင်ကြီးလေးစားအောင် လုပ်စေနိုင်သည်ဟု အခြားသူများက ထင်မှတ်ကြောင်း အန္တိခရစ်များက သိမြင်ပြီး ၎င်းတို့ စည်းရုံးသိမ်းသွင်းလိုသော သူတို့အား ဤတာဝန်များကို ပေးကြသည်။ “အကူအညီလေးများ” တွင် အမှုအရာများစွာ ပါဝင်၏။ တစ်ခါတစ်ရံ ယင်းတို့မှာ ရုပ်ဝတ္ထုပစ္စည်းများ ဖြစ်သည်။ တစ်ခါတစ်ရံ လက်ဆုပ်လက်ကိုင် မပြနိုင်သော အရာများဖြစ်သည်။ တစ်ခါတစ်ရံ လူတို့ကြားချင်သော နှစ်လိုဖွယ်ကောင်းသည့် စကားများဖြစ်သည်။ သာဓကအနေဖြင့် လူတစ်ဦးသည် သူ့အပေါ် တစ်စုံတစ်ရာ ကျရောက်သောအခါ အားနည်းလာပြီး သူ၏တာဝန်၌ စိတ်ပါဝင်စားမှု ပျောက်ဆုံးသည့်အပြင် ၎င်းတို့၏ အားနည်းချက်ကို ဘုရားနှုတ်ကပတ်တော်များနှင့် ယှဉ်ကြည့်သောအခါ၊ ယင်းသည် ဘုရားသခင်အား သစ္စာမစောင့်သိခြင်း၊ မိမိတို့၏ တာဝန်အား လုပ်ဆောင်လိုစိတ် မရှိခြင်း၊ စစ်မှန်သော ကျိုးနွံနာခံမှုကင်းမဲ့ခြင်း ဖြစ်ကြောင်း ၎င်းတို့ သ‌ဘောပေါက်ပြီး လွန်စွာ အပြစ်တင်ဆုံးမခြင်းကို ခံစားကြရသည်။ ဤသည်ကို တွေ့မြင်လျက် ခေါင်းဆောင်တစ်ဦးက “သင်သည် ဝိညာဉ်ရင့်သန်မှု သေးငယ်ခြင်းသာ ဖြစ်သည်။ ဘုရားက ဤကိစ္စကို ထိုပုံစံအတိုင်း ရှုမြင်မည်မဟုတ်ပါ။ သင်သည် အချိန်တိုတိုလေးသာ ယုံကြည်ခဲ့သေးသည်။ မိမိကိုယ်မိမိထံမှ များစွာ မျှော်လင့်ထား၍ မဖြစ်ပေ။ ဤအရာမျိုးက အချိန်ယူရသည်။ ယင်းကို အလောတကြီး လုပ်၍မရပေ။ ဘုရားသည် လူတို့အတွက်နှင့် သူ့အား အချိန်တိုတိုလေးသာ ယုံကြည်လာခဲ့သည့် လူတစ်ဦးဖြစ်သော သင့်အတွက် မြင့်မားသော တောင်းဆိုမှုများ မထားရှိပေ။ တစ်ခါတစ်ရံ အနည်းငယ် အားနည်းခြင်းသည် ပုံမှန်ဖြစ်ပြီး ယင်းနှင့်ပတ်သက်၍ မစိုးရိမ်သင့်” ဟု ပြောကောင်း ပြောမည်ဖြစ်သည်။ ဤအရာက ဆိုလိုသည်မှာ ဆက်လက် အားနည်းခြင်းနှင့်ပတ်သက်၍ စိုးရိမ်ရန် မဆိုထားနှင့်၊ အားနည်းခြင်းနှင့် ပတ်သက်၍ မည်သည့်အရာမျှ စိုးရိမ်စရာ မရှိသည့်အပြင် ဤအရာအားလုံးမှာ သာမန် အပျက်သဘောဆောင်ခြင်း ဖြစ်ပြီး ယင်းကို ဘုရားသခင် အောက်မေ့ခြင်းမရှိဟူ၍ ဖြစ်သည်။ လူအချို့သည် အလွန်အကျွံ ခံစားချက်ပြင်းပြတတ်ကြပြီး ၎င်းတို့သည် မိမိတို့၏တာဝန်ကို လုပ်ဆောင်သောအခါ ခံစားချက်များ၏ ဘောင်ခတ်ခြင်းကို အမြဲတမ်း ခံရသည့်အပြင် ၎င်းတို့၏ခေါင်းဆောင်ကလည်း “ဤသည်မှာ သင်၏ သေးငယ်သော ဝိညာဉ်ရင့်သန်မှုကြောင့် ဖြစ်ပြီး ကိစ္စမရှိ”ဟု ပြောလေသည်။ လူအချို့သည် ပျင်းရိပြီး ၎င်းတို့၏တာဝန်၌ သစ္စာမစောင့်သိသော်လည်း ၎င်းတို့၏ခေါင်းဆောင်က ၎င်းတို့ကို ပြစ်တင်ရှုတ်ချခြင်း မရှိပေ။ ထိုအစား ထိုလူတို့ကို ကျေနပ်စေရန်နှင့် ၎င်းတို့က ကြင်နာတတ်သည်ဟု ပြောရန်သာမက မိမိတို့သည် အဘယ်မျှ နားလည်မှုရှိပြီး ချစ်ခင်ကြင်နာတတ်ကြောင်းကို ၎င်းတို့အား ပြရန်အတွက် အချိန်တိုင်းတွင် ၎င်းတို့ကြားချင်သည့် သာယာနာပျော်ဖွယ် အရာများကို ပြောကြသည်။ ထိုလူတို့က “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ချစ်ခင်ကြင်နာတတ်သော မိခင်တစ်ဦးနှင့် တူသည်။ သူသည် ကျွန်ုပ်တို့အပေါ် အမှန်တကယ် ချစ်ခြင်းမေတ္တာ ရှိသည်။ သူသည် အမှန်ပင် ဘုရားသခင်ကို ကိုယ်စားပြုပါသည်။ သူသည် အမှန်တကယ် ဘုရားသခင်ထံမှ လာခြင်းဖြစ်သည်”ဟု တွေးထင်ကြသည်။ ဤအရာ၌ ထုတ်ဖော်မပြောသော သွယ်ဝိုက်ညွှန်းဆိုချက်မှာ ၎င်းတို့၏ ခေါင်းဆောင်သည် ဘုရားသခင်ကိုယ်စား စကားပြောသူအဖြစ် ပြုမူလုပ်ဆောင်နိုင်သည်၊ သူက ဘုရားသခင်ကို ကိုယ်စားပြုနိုင်သည် ဟူ၍ဖြစ်သည်။ ဤသည်မှာ ဤခေါင်းဆောင်၏ ရည်မှန်းချက်ပန်းတိုင် ဟုတ်သလော။ ယင်းသည် ထိုမျှ ရှင်းလင်းကောင်း ရှင်းလင်းမည် မဟုတ်သော်လည်း သူ၏ ရည်မှန်းချက်များထဲမှ တစ်ခုမှာ သိသာထင်ရှား၏။ သူသည် အခြားသူများအား ထောက်ထားညှာတာသည့်၊ လူတို့၏ အားနည်းချက်များကို စာနာတတ်ပြီး ၎င်းတို့၏ စိတ်နှလုံးအား အလွန်ပင် နားလည်တတ်သည့် နှစ်သက်ဖွယ်ကောင်းသော ခေါင်းဆောင်တစ်ဦးဖြစ်ကြောင်း လူတို့အား ပြောစေမည် ဖြစ်သည်။ အသင်းတော်ခေါင်းဆောင်အချို့သည် ညီအစ်ကိုများ သို့မဟုတ် ညီအစ်မများက မိမိတို့၏ တာဝန်များအား ဝတ်ကျေတမ်းကျေ ဆောင်ရွက်နေသည်ကို ၎င်းတို့မြင်တွေ့ရသောအခါ ၎င်းတို့အား ပြစ်တင်မောင်းမဲခြင်း ပြုသင့်သော်ငြားလည်း မပြုကြချေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွား ထိခိုက်နစ်နာစေသည်ကို ၎င်းတို့ ရှင်းရှင်းလင်းလင်း မြင်သည့်အခါ ၎င်းတို့သည် စိတ်ဝင်စားခြင်းမရှိ သို့မဟုတ် မည်သည့် မေးမြန်းစုံစမ်းခြင်းကိုမျှ မပြုသည့်အပြင် အခြားသူများအား စိတ်အနှောင့်အယှက် တစ်စက်မျှပင် မဖြစ်စေကြပေ။ အမှန်မှာမူ ၎င်းတို့သည် လူများ၏ အားနည်းချက်များကို အမှန်တကယ် ထည့်တွက်စဉ်းစားနေခြင်း မဟုတ်ပေ။ ထိုအစား ၎င်းတို့၏ ရည်ရွယ်ချက်နှင့် ရည်မှန်းချက်ပန်းတိုင်က လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ဖြစ်သည်။ ၎င်းတို့သည် “ဤအရာကို ငါ ပြုလုပ်ပြီး မည်သူ့ကိုမျှ စိတ်အနှောင့်အယှက် မဖြစ်စေသရွေ့ ငါသည် ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်သည်ဟု ၎င်းတို့ ထင်ကြလိမ့်မည်။ ၎င်းတို့သည် ငါနှင့်သက်ဆိုင်၍ ကောင်းမွန်၊ မြင့်မားသည့် ထင်မြင်ချက်တစ်ခု ရှိကြလိမ့်မည်။ ငါ့ကို ၎င်းတို့ သဘောကျကာ နှစ်သက်ကြလိမ့်မည်” ဟူ၍ ကောင်းစွာ သိရှိကြလေသည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားအား မည်မျှ ထိခိုက်နစ်နာစေသည်ဖြစ်စေ သို့မဟုတ် ဘုရားသခင် ရွေးချယ်ထားသော လူများ၏ အသက်ဝင်ရောက်မှုကို မည်မျှကြီးမားသော ဆုံးရှုံးမှုများ ဖြစ်ပျက်သည်ဖြစ်စေ သို့မဟုတ် ၎င်းတို့၏ အသင်းတော်အသက်တာသည် မည်မျှကြီးမားစွာ နှောင့်ယှက်ခံရသည်ဖြစ်စေ ၎င်းတို့ ဂရုမစိုက်ချေ။ ၎င်းတို့သည် ၎င်းတို့၏ စာတန်ဆန်သော အတွေးအခေါ်ကိုပင် မလျှော့တမ်း ထားရှိပြီး မည်သူ့ကိုမျှ မစော်ကားကြချေ။ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မည်သည့်အခါတွင်မျှ မိမိကိုယ်ကို အပြစ်တင်မှု တစ်ခုမျှ မရှိကြပေ။ တစ်စုံတစ်ဦးက နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများ ဖြစ်စေသည်ကို ၎င်းတို့မြင်သည့်အခါ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် ယင်းနှင့်ပတ်သက်၍ ထိုသူ့ကို စကားအနည်းငယ်မျှ ပြောကောင်းပြောမည်ဖြစ်ပြီး ထိုပြဿနာကို ဖော့ပြောလိုက်ပြီး အဆုံးသတ်လိုက်သည်။ ၎င်းတို့သည် ထိုလူကို သမ္မာတရားအပေါ် မိတ်သဟာယပြုခြင်း သို့မဟုတ် ထိုပြဿနာ၏ အနှစ်သာရကို ထောက်ပြခြင်း ရှိမည်မဟုတ်ပေ။ ထိုသူ၏ အခြေအနေအား စိတ်ဖြာလေ့လာဆွေးနွေးခြင်းကို သာ၍ပင် လုပ်မည် မဟုတ်သည့်အပြင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာဖြစ်သည်ကို မိတ်သဟာယပြုခြင်း လုံးဝ ရှိမည် မဟုတ်ပေ။ အယောင်ဆောင် ခေါင်းဆောင်များသည် လူတို့ မကြာခဏ ပြုလုပ်သည့် အမှားများ သို့မဟုတ် လူများ မကြာခဏ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို မည်သည့်အခါမျှ ဖော်ထုတ်ခြင်း သို့မဟုတ် စိတ်ဖြာလေ့လာဆွေးနွေးခြင်း မရှိပေ။ ၎င်းတို့သည် မည်သည့် တကယ့်ပြဿနာကိုမျှ မဖြေရှင်းဘဲ၊ ထိုအစား လူများ၏ မှားယွင်းသော လက်တွေ့လုပ်ဆောင်မှုများနှင့် ဖောက်ပြန်ပျက်စီးမှု ထုတ်ဖော်ခြင်းများကို အစဉ်သဖြင့် အလိုလိုက်ကြသည်။ ပြီးလျှင် လူတို့သည် မည်မျှ အပျက်သဘောဆောင်ပါစေ၊ အားနည်းပါစေ ၎င်းတို့သည် ဤအရာကို အလေးအနက် မထားကြချေ။ ၎င်းတို့သည် အချို့သော စကားလုံးများနှင့် အယူဝါဒများကို ဟောပြောရုံမျှ ဟောပြောပြီး ထိုအခြေအနေကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဝတ်ကျေတမ်းကျေ ပုံစံဖြင့် တိုက်တွန်းအားပေးခြင်း စကားအနည်းငယ် ပြောရုံမျှပြောလျက် သဟဇာတဖြစ်ခြင်းကို ထိန်းသိမ်းဖို့ ကြိုးစားလေသည်။ အကျိုးဆက်အနေဖြင့် ဘုရားသခင် ရွေးချယ်ထားသော လူများသည် မိမိတို့ကိုယ်ကို မည်သို့ ဆင်ခြင်သုံးသပ်ရမည်ကိုလည်းကောင်း၊ မိမိတို့ကိုယ်ကို မည်သို့ သိနားလည်ရမည်ကိုလည်းကောင်း မသိကြချေ။ ၎င်းတို့သည် မိမိတို့ထုတ်‌ဖော်သည့် မည်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများအတွက်ကိုမျှ ဖြေရှင်းချက် မရှိသည့်အပြင် ၎င်းတို့သည် အသက်ဝင်ရောက်မှု တစ်စုံတစ်ရာမရှိဘဲ စကားလုံးများနှင့် အယူဝါဒများ၊ အယူအဆများနှင့် စိတ်ကူးများအလယ်တွင် အသက်ရှင်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ “ငါတို့၏ခေါင်းဆောင်သည် ငါတို့၏ အားနည်းချက်များအတွက် ဘုရားသခင်ထက်ပင် ပို၍များသော နားလည်မှုရှိသည်။ ငါတို့၏ဝိညာဉ်ရင့်ကျက်မှုသည် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း အသက်ရှင်ဖို့အတွက် အလွန်သေးငယ်သည်။ ငါတို့သည် ငါတို့ခေါင်းဆောင်၏ သတ်မှတ်ချက်များကို ဖြည့်ဆည်းရန်သာ လိုအပ်သည်။ ငါတို့၏ခေါင်းဆောင်ကို ကျိုးနွံနာခံခြင်းအားဖြင့် ငါတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံနေခြင်း ဖြစ်သည်။ အထက်က ငါတို့၏ခေါင်းဆောင်ကို ရာထူးမှဖြုတ်ချသည့် နေ့ရက်ရောက်လာပါက ငါတို့၏ သဘောထားကို သိအောင်ထုတ်ပြောမည်။ ငါတို့ ခေါင်းဆောင်ကို ဆက်ထားရှိဖို့နှင့် သူ့ကို ဖြုတ်ချခြင်းမှ တားဆီးဖို့ ငါတို့သည် အထက်နှင့်ညှိနှိုင်းရမည်ဖြစ်ပြီး ၎င်းတို့အား ငါတို့၏ တောင်းဆိုမှုကို လက်ခံသဘောတူအောင် ဖိအားပေးရမည်။ ဤသည်မှာ ငါတို့၏ခေါင်းဆောင်ကို ကျေးဇူးသိတတ်သည့် ပုံစံဖြစ်ပေသည်” ဟုပင် ထင်မြင်ယူဆကြသည်။ လူများသည် ၎င်းတို့၏စိတ်နှလုံးထဲတွင် ထိုသို့သော အတွေးများရှိသည့်အခါ၊ ၎င်းတို့၌ ခေါင်း‌ဆောင်နှင့် ထိုသို့သော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ထားပြီး ၎င်းတို့၏ခေါင်းဆောင်အပေါ် ဤသို့သော မှီခိုမှု၊ အားကျမှု၊ ကိုးကွယ်ခြင်းတို့ ၎င်းတို့၏ စိတ်နှလုံးများထဲတွင် ပေါ်ထွက်လာပြီးသည့်အခါ ၎င်းတို့သည် ဤခေါင်းဆောင်အပေါ် သာ၍ပင် ကြီးမားသော ယုံကြည်ခြင်း ရှိလာကြလေသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များ၌ သမ္မာတရားကို ရှာဖွေခြင်းထက် ထိုခေါင်းဆောင်၏ စကားများကို အမြဲတမ်း နားထောင်လိုကြသည်။ ထိုသို့သော ခေါင်းဆောင်သည် လူများ၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်၏ နေရာကို ယူပြီးလုနီးပါး ဖြစ်လေသည်။ ခေါင်းဆောင်တစ်ဦးသည် ဘုရားသခင် ရွေးချယ်ထားသော လူများနှင့် ထိုသို့သော ဆက်ဆံရေးကို ထိန်းသိမ်းထားလိုပါက၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဤအရာမှ ပျော်ရွှင်မှု ခံစားချက်တစ်ခု ရရှိပါက၊ ဘုရားသခင် ရွေးချယ်ထားသောလူများသည် ၎င်းတို့ကို ဤကဲ့သို့ ဆက်ဆံသင့်သည်ဟု ယုံကြည်ပါက၊ ဤခေါင်းဆောင်နှင့် ပေါလုကြားတွင် ကွာခြားချက်မရှိသည့်အပြင် ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းပေါ် ခြေချမိနှင့်ပြီးဖြစ်သည်။ ထို့ပြင် ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် ဤအန္တိခရစ်၏ အထင်အမြင်မှားစေခြင်းကို ခံခဲ့ရပြီးသားဖြစ်ကာ ပိုင်းခြားသိမြင်နိုင်စွမ်း လုံးဝ ကင်းမဲ့ကြသည်။ အမှန်တွင်မူ ထိုခေါင်းဆောင်၌ သမ္မာတရား လက်တွေ့ကျမှု မရှိသည့်အပြင် ဘုရားသခင် ရွေးကောက်ထားသော လူတို့၏ အသက်ဝင်ရောက်မှုနှင့် ပတ်သက်၍ လုံးဝ ဝန်တာမထားကြပေ။ သူသည် စကားများနှင့် အယူဝါဒများကိုသာ ‌ဟောပြောနိုင်ပြီး အခြားသူတို့နှင့် သူ၏ ဆက်ဆံရေးများကိုသာ ထိန်းထားနိုင်ကြသည်။ သူသည် သူတော်ကောင်းယောင်ဆောင်သော နည်းလမ်းများကို အသုံးပြုလျက် ကြွားဝါရာ၌ ကျွမ်းကျင်သည်။ သူ၏ စကားပြောခြင်းနှင့် လုပ်ဆောင်ချက်များသည် လူတို့၏ အယူအဆများနှင့် လျော်ညီပြီး၊ ထိုသို့ဖြင့် လူတို့ကို အထင်အမြင်မှားစေကြသည်။ သူသည် သမ္မာတရားအား မည်ကဲ့သို့ မိတ်သဟာယပြုရမည်ကို မသိသကဲ့သို့ မိမိကိုယ်ကိုမိမိ မသိသည့်အပြင် ဤအရာက သူ့အနေဖြင့် အခြားသူများအား သမ္မာတရားလက်တွေ့ကျမှုထဲသို့ ခေါ်ဆောင်သွားဖို့ မဖြစ်နိုင်အောင် ဖြစ်သွားစေသည်။ သူသည် နာမည်ကောင်းနှင့် အဆင့်အတန်းအတွက်သာ အလုပ်လုပ်ပြီး လူတို့ကို ထောင်ချောက်ဆင်သည့် သာယာနာပျော်ဖွယ်ကောင်းသော စကားများကိုသာ ပြောလေသည်။ သူသည် လူတို့အား သူ့ကို ကိုးကွယ်ပြီး ကြည်ညိုလေးစားအောင် ပြုလုပ်ခြင်း၏ အကျိုးတရားကို စွမ်းဆောင်ရရှိပြီးသား ဖြစ်ပြီး အသင်းတော်၏ အလုပ်နှင့် ဘုရားသခင် ရွေးကောက်ထားသော လူတို့၏ အသက်ဝင်ရောက်မှုကို ပြင်းထန်စွာ ထိခိုက်ကာ နှောင့်နှေးစေပြီး ဖြစ်သည်။ ဤကဲ့သို့သော လူတစ်ဦးသည် အန္တိခရစ်တစ်ဦး မဟုတ်လော။ လူအချို့သည် အန္တိခရစ်များကဲ့သို့ တစ်ပုံစံတည်း ပြုမူလုပ်ဆောင်ကြသော်လည်း အန္တိခရစ်တစ်ဦး ထုတ်ဖော်ခံရသည်ကို မြင်ရသောအခါတွင် ထိုအန္တိခရစ်နှင့် မိမိတို့ကိုယ်ကို နှိုင်းယှဉ်ကြည့်နိုင်ကြသည်။ ၎င်းတို့ ရောက်ရှိနေသည့် လမ်းကြောင်းသည်လည်း အန္တိခရစ်များ၏ လမ်းကြောင်းဖြစ်ကြောင်း၊ ၎င်းတို့သည် ဘေးအန္တရာယ် ရောက်တော့မည့်ဆဲဆဲ အခြေအနေမှနေ၍ မိမိတို့ကိုယ်ကို ချုပ်ထိန်းထားပြီး ဘုရားသခင်ထံ၌ ချက်ချင်း နောင်တရသင့်ကာ မိမိတို့တစ်ကိုယ်ရေ အဆင့်အတန်းနှင့် ပုံရိပ်အား အာရုံစိုက်နေခြင်းကို ရပ်လိုက်သင့်ကြောင်း ခံစားမိကြသည်။ ၎င်းတို့သည် အရာခပ်သိမ်း၌ ဘုရားသခင်ကို ချီးမြှောက်ပြီး သက်သေခံသင့်ကာ လူတို့အား သူတို့၏ စိတ်နှလုံးများထဲ၌ ဘုရားသခင်အတွက် နေရာတစ်ခုရှိစေကာ သူ့ကို ကြီးမြတ်သူအဖြစ် ဂုဏ်ပြုစေသင့်သည်ဟု စဉ်းစားသည်။ သို့မှသာ ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ စစ်မှန်သော ငြိမ်သက်ခြင်းကို ရရှိမည်ဟု ခံစားကြသည်။ ဤအရာကိုပြုလုပ်သော လူတစ်ဦးသာလျှင် သမ္မာတရားကို ချစ်ပြီး လက်ခံနိုင်သောသူ ဖြစ်သည်။ အကယ်၍ လူတစ်ဦး၌ အန္တိခရစ်တစ်ဦး၏ သဘာဝရှိလျှင် အန္တိခရစ်များကို ဖော်ထုတ်သည့် စကားများကို ကြားရသောအခါ သူ၏စိတ်နှလုံးထဲ၌ အနေရလည်းခက်မည် ဖြစ်သည်။ သို့သော် သူသည် ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံနိုင်မည် မဟုတ်ပေ။ သို့မဟုတ် မိမိ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဖွင့်ဟကာ ဖော်ထုတ်ပြနိုင်ခြင်းလည်း ရှိမည်မဟုတ်ပေ။ ဤအရာက သူသည် သမ္မာတရားကို လက်မခံနိုင်ကြောင်းနှင့် စစ်မှန်သော နောင်တတရားသည် သူ့အတွက် မဖြစ်နိုင်ကြောင်းကို ဖော်ပြသည်။ သူသည် မိမိ၏ အဆင့်အတန်းကို အခိုင်အမာ စွဲကိုင်ခြင်း၊ အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ခြင်းနှင့် သူ့အား ဘုရားသခင် ရွေးကောက်ထားသော လူတို့က ကိုးကွယ်ခြင်းနှင့် ကြည်ညိုလေးစားခြင်းတို့၌ ဆက်လက်တည်ရှိတော့မည် ဖြစ်သည်။ ဤအရာက သူ၏ အထင်အမြင်မှားစေခြင်းကို ခံထားရသောသူတို့အား မှန်သောလမ်းခရီးနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များမှနေ၍ လမ်းလွဲစေသည်။ ၎င်းတို့သည် ဘုရားသခင်ကို ရှောင်ပြီး ထိုအစား ထိုလူနောက်ကို လိုက်လေသည်။ သို့သော် ထိုလူသည် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း လုံးဝ မလုပ်ပေ။ ကြီးမားသော အန္တရာယ်ထဲသို့ ကျရောက်သွားပြီးဖြစ်ကြောင်း သတိမထားမိဘဲ သူသည် မိမိကိုယ်ကို အတော်လေး အဆင်ပြေသည်ဟု ထင်နေဆဲဖြစ်ကာ အခြားသူများအား အထင်အမြင်မှားစေခြင်းနှင့် စည်းရုံးသိမ်းသွင်းခြင်းကို ဆက်၍ ပြုလုပ်နေဆဲ ဖြစ်သည်။ သူပြောသည့်အရာကို လူတို့ အရေးစိုက်ပြီး သူ့ကို နာခံသရွေ့ ထိုလူတို့အနေဖြင့် မိမိတို့၏ တာဝန်များထမ်းဆောင်ခြင်း၌ မည်မျှ ဝတ်ကျေတမ်းကျေ ဖြစ်ပါစေ သို့မဟုတ် မည်မျှ တာဝန်မဲ့ပါစေ သူသည် မသိကျိုးကျွံပြုလိမ့်မည်။ ထိုမျှမက သူသည် ထိုမသိနားမလည်သည့်၊ မိုက်မဲသော လူတို့က သူ့အား ကိုးကွယ်ပြီး ကြည်ညိုလေးစားသည်ကို မွေ့လျော်ရာ၌ နှစ်သက်ကာ ၎င်းတို့ကို ကွယ်ကာမှုပင် ပေးလျက် ၎င်းတို့အား ဖော်ထုတ်ခွင့် သို့မဟုတ် ပိုင်းခြားသိမြင်ခွင့်ကို မည်သူ့ကိုမျှ မပေးချေ။ ဤသို့ပြုရာ၌ အန္တိခရစ်သည် မိမိကိုယ်တိုင်အတွက် သီးခြားနိုင်ငံတော်တစ်ခုကို တည်ထောင်နေခြင်း မဟုတ်လော။ အန္တိခရစ်တစ်ဦးသည် တကယ့်အလုပ်ကို မလုပ်၊ ပြဿနာများကို ဖြေရှင်းဖို့အတွက် သမ္မာတရားကို မိတ်သဟာယမပြု၊ လူတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ခြင်းနှင့် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်ခြင်း၌ လမ်းမပြချေ။ ၎င်းသည် အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အမြတ်အစွန်းအတွက်သာ အလုပ်လုပ်သည်။ ၎င်းတို့သည် မိမိကိုယ်ကို တည်ဆောက်ခြင်း၊ လူတို့၏စိတ်နှလုံးများထဲ၌ သူယူထားသည့် နေရာကို ကာကွယ်ခြင်းနှင့် လူတိုင်းကို သူ့အား ကိုးကွယ်၊ ကြည်ညိုလေးစားစေပြီး၊ သူ့နောက် အမြဲတစေ လိုက်စေခြင်းတို့ကိုသာ ဂရုစိုက်သည်။ ဤသည်တို့မှာ သူစွမ်းဆောင်ရရှိလိုသည့် ရည်မှန်းချက်များ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးက လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်နှင့် ဘုရားသခင် ရွေးကောက်ထားသော လူတို့ကို ထိန်းချုပ်ရန် ကြိုးစားသည့်ပုံစံပင် ဖြစ်သည်။ ထိုကဲ့သို့ အလုပ်လုပ်ခြင်း နည်းလမ်းက ကောက်ကျစ်ဆိုးညစ်သည် မဟုတ်လော။ ယင်းမှာ တကယ့်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းလွန်း၏။ ၎င်းသည် ဤကဲ့သို့ တစ်ခဏမျှ အလုပ်လုပ်ပြီး လူတို့ကို သူ့အပေါ် အကောင်းမြင်အောင်၊ သူ့ကို ယုံကြည်စိတ်ချအောင်၊ သူ့ကို မှီခိုအားထားအောင် လုပ်လေသည်။ သို့သော် အကျိုးဆက်များမှာ အဘယ်နည်း။ ထိုလူတို့သည် သမ္မာတရားကို နားမလည်နိုင်ရုံမျှမဟုတ်၊ ၎င်းတို့၏ အသက်ဝင်ရောက်မှုတွင် လုံးဝ မတိုးတက်နိုင်ရုံမျှမဟုတ်၊ ထိုအစား ၎င်းတို့က ထိုအန္တိခရစ်ကို ၎င်းတို့၏ ဝိညာဉ်မိဘအဖြစ်၊ ဘုရားနေရာ၌ အစားဝင်ပေးသူအဖြစ် ခံယူကာ ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ထိုအန္တိခရစ်ကို ဘုရားသခင်၏ နေရာအား အစားထိုးခွင့်ပေးကြသည်။ တစ်စုံတစ်ဦးတွင် အရေးကိစ္စတစ်ခုရှိသောအခါ ဘုရားသခင်ရှေ့သို့ မလာကြတော့ဘဲ သူ့အပေါ် မည်သည့်ပြဿနာ ကျရောက်စေသည်ဖြစ်စေ ဘုရားသခင်ကို ဆုတောင်းခြင်း သို့မဟုတ် သူ့အပေါ် မှီခိုအားထားခြင်း မရှိသကဲ့သို့ သူ၏ နှုတ်ကပတ်တော်များထဲ၌ သမ္မာတရားကို မရှာဖွေတော့ပေ။ ထိုအစား သူသည် ဤခေါင်းဆောင်ထံ ထိုအရာနှင့် ပတ်သက်၍ သွားမေးသည်။ သူ့အား လမ်းပြရန် ခေါင်းဆောင်ကို တောင်းဆိုကာ ပို၍ပို၍ပင် ဤခေါင်းဆောင်ကို ကြည်ညိုလေးစားပြီး သူ့အပေါ် မှီခိုတော့သည်။ သူသည် ဘုရားသခင်ကို မည်သို့ရှာဖွေရမည် မသိသည့်အပြင် သမ္မာတရား၊ စည်းမျဉ်းများနှင့်အညီ မည်သို့ ပြုမူလုပ်ဆောင်ရမည်ကို မဆိုထားဘိ၊ ဘုရားသခင်ကို မည်သို့ ကြည်ညိုလေးစားပြီး သူ့အပေါ် မည်သို့ မှီခိုအားထားရမည်ကိုပင် မသိတော့ပေ။ သူ့အပေါ် မည်သည့်အရာ ကျရောက်သည်ဖြစ်စေ ထိုအရာနှင့်ပတ်သက်၍ ထိုခေါင်းဆောင်က ဆုံးဖြတ်ချက်ချမည်ကို စိတ်စောကာ စောင့်ဆိုင်းလေသည်။ သူလုပ်သင့်သည်ဟု ခေါင်းဆောင်ပြောသမျှကို လုပ်ပြီး ခေါင်းဆောင်၏ လမ်းညွှန်မှုများက မည်သည့်အရာဖြစ်စေ လိုက်နာသည်။ လူတို့ကို ဤအဆင့်အထိအောင် ခေါ်ဆောင်လာခြင်းဖြင့် အန္တိခရစ်တစ်ဦးသည် ၎င်းတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်နေသည် မဟုတ်လော။ ဘုရားသခင်ရွေးကောက်ထားသော လူတို့သည် သူတို့အပေါ် အမှုအရာများ ဖြစ်ပျက်သောအခါ အဘယ့်ကြောင့် ဘုရားသခင်ထံမှ သမ္မာတရားကို မရှာဖွေဘဲ နေကြသနည်း။ ဘုရားသခင် ရွေးကောက်ထားသော လူတို့သည် ၎င်းတို့၏ ခေါင်းဆောင် ပြောသည့်အရာကို အဘယ့်ကြောင့် ကြောင်းကျိုးမမြင်ဘဲ၊ သူ့စကားများကို ဆန်းစစ်ခြင်းမရှိ သို့မဟုတ် ပိုင်းခြားသိမြင်နိုင်စွမ်းကို အသုံးမပြုဘဲ နာခံကြသနည်း။ ဘုရားသခင်ရွေးကောက်ထားသော လူတို့သည် ၎င်းတို့ခေါင်းဆောင်၏ စကားများကို ကြားလျှင်ကြားချင်း ကျိုးနွံနာခံနိုင်သော်လည်း ဘုရားသခင်၏ စကားများနှင့်ပတ်သက်၍ အဘယ့်ကြောင့် ဤသို့မလုပ်နိုင်ကြသနည်း။ ၎င်းတို့သည် ဘုရားသခင်၏ လိုအင်ဆန္ဒများကို ရှာဖွေရမည့်အစား ၎င်းတို့ခေါင်းဆောင်၏ လိုအင်ဆန္ဒများကို ရှာဖွေကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ စကားများကို အရေးစိုက်ရမည့်အစားနှင့် သမ္မာတရားကို ရှာဖွေပြီး ကျိုးနွံနာခံရမည့်အစား ၎င်းတို့ခေါင်းဆောင်၏ စကားများကို အရေးစိုက်ကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို မှီခိုအားထားကာ သူ့ကို ကြည်ညို‌လေးစားပြီး သူ့အား ကျိုးနွံနာခံရမည့်အစား ပြုမူလုပ်ဆောင်ရန်အတွက်သာမက မိမိတို့ကို ထောက်ခံအားပေးရန်၊ မိမိတို့အတွက် စကားပြောရန်နှင့် မိမိတို့အတွက် ဆုံးဖြတ်ချက်ချမှတ်ပေးရန်အတွက် မိမိတို့၏ ခေါင်းဆောင်အပေါ် မှီခိုအားထားကြသည်။ ဤမည်သောခေါင်းဆောင်များသည် လူတို့၏ စိတ်နှလုံးများထဲ၌ သေချာသော နေရာတစ်နေရာကို သိမ်းပိုက်ထားကြပြီ မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တစ်ဦးက လူတို့အား အထင်အမြင်မှားစေခြင်းနှင့် ၎င်းတို့အား ထောင်ချောက်ဆင်ဖမ်းခြင်း၏ အကျိုးဆက်ပင် ဖြစ်သည်။

အချို့သောလူတို့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်ပြီး သင်သည် ၎င်းတို့အား ဘုရားသခင်ထံ ဆုတောင်းဖို့ ပြောသောအခါ ၎င်းတို့သည် ဝိညာဉ်ရင့်သန်မှု သေးငယ်လွန်းပြီး မည်သို့ရှာဖွေရမည် မသိဟု ၎င်းတို့ ဆိုကြသည်။ အကယ်၍ သင်သည် ၎င်းတို့အား ဘုရားသခင်၏ နှုတ်ကပတ်တော်များကို စားသောက်ရန် ပြောပါက ၎င်းတို့၌ အစွမ်းအစ မရှိသကဲ့သို့ ကြီးမားသောအလင်းကို မရရှိနိုင်ဟု ၎င်းတို့ပြောကြသည်။ သင်သည် ၎င်းတို့အား တရားဒေသနာများကို နားထောင်ရန် ပြောသောအခါ တရားဒေသနာများ၏ အကြောင်းအရာသည် ၎င်းတို့အတွက် မြင့်မြတ်ပြီး လေးနက်လွန်းကြောင်း၊ ယင်းကို ၎င်းတို့ နားမလည်ကြောင်း ပြောကြသည်။ အကယ်၍ လူတစ်ဦးသည် အစွမ်းအစ ညံ့ဖျင်းကာ အားနည်းချက်များရှိပြီး အဖက်ဖက်မှ ချို့တဲ့နေပါက ခေါင်းဆောင်များကို ရှာဖို့လိုသည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ သင်သည် ၎င်းတို့အား “သင်သည် အဘယ့်ကြောင့် ခေါင်းဆောင်တစ်ဦးကို ရှာဖို့လိုသနည်း။ အဘယ့်ကြောင့် ဘုရားသခင်ကို ရှာဖွေပြီး သူ့ရှေ့မှောက်သို့ မသွားသနည်း”ဟု မေးသည်ဆိုပါစို့။ ၎င်းတို့က “လူတို့အနေဖြင့် ဘုရားသခင်ရှေ့မှောက်သို့ သွားရောက်ဖို့ ခက်ခဲလွန်းသည်။ ကျွန်ုပ်တို့၌ အယူအဆများ ရှိသည်။ ကျွန်ုပ်တို့၏ အစွမ်းအစမှာ ညံ့ဖျင်းသည့်အပြင် ကျွန်ုပ်တို့သည် ဉာဏ်တုံးပြီး ထုံထိုင်းသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် အမြဲတမ်း ရိုးစင်းလှသည် မဟုတ်သည့်အပြင် ယင်းတို့က မည်သည့်အရာ ဆိုလိုကြောင်းကိုပြရန် သူ၏စကားများ၌ မည်သည့်သာဓကမျှ မပါရှိပါ။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် မည်သည့်အရာ ပြုလုပ်ရမည်ကို ရှင်းရှင်းလင်းလင်း၊ တကယ့်ရိုးရိုးစင်းစင်း ပုံစံဖြင့်၊ တစ်နှင့်တစ်ပေါင်းနှစ် မည်သို့ ဖြစ်သည်ဟူသကဲ့သို့ပင် ကျွန်ုပ်တို့အား ပြောပြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် ပတ်သက်လာလျှင် ကျွန်ုပ်သည် ယင်းတို့ကို အသံထွက်ဖတ်နိုင်လျှင် အတော်လေးအဆင်ပြေနေပြီ ဖြစ်သော်လည်း ယင်းတို့သည် မည်သည့်အရာကိုဆိုလိုကြောင်း ကျွန်ုပ် ဘာမျှမသိသည့်အပြင် ဘုရားသခင်က လူကို မည်သည့်အရာ တောင်းဆိုထားကြောင်း သို့မဟုတ် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် အညီဖြစ်သည့် နည်းလမ်းဖြင့် မည်သို့ လက်တွေ့လုပ်ဆောင်ရမည် ဖြစ်ကြောင်း ကျွန်ုပ်မသိပါ။ ကျွန်ုပ်သည် မည်သည့်အခါမျှ အဖြေမတွေ့နိုင်ပါ။ ကျွန်ုပ်သည် အစွမ်းအစညံ့ဖျင်းသောလူ၊ ဝိညာဉ်ရင့်သန်မှု အလွန်သေးငယ်သောသူ၊ ထုံထိုင်းပြီး ဉာဏ်ထိုင်းသောသူ၊ မည်သည့်အရာကိုမျှ ထိုးထွင်းသိမြင်နိုင်ခြင်း မရှိသောသူတစ်ဦးဖြစ်ကြောင်း သိမြင်ထားသည်နှင့်အမျှ ဖြစ်ပေါ်လာသည့် အရာတိုင်းနှင့် ပတ်သက်၍ ကျွန်ုပ်တို့၏ခေါင်းဆောင်ကို ကျွန်ုပ်မေးပြီး သူ၏ အဆုံးအဖြတ်ကို ခံယူဖို့ လိုအပ်သည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ကျွန်ုပ်အတွက် အဖြေရှာတွေ့နိုင်သည်။ သူပြောသမျှကိုသာ ကျွန်ုပ်ပြုလုပ်သည်။ ယင်းမှာ ကျွန်ုပ်သည် ရိုးစင်းပြီး နာခံတတ်သည့် လူစားမျိုး ဖြစ်ခြင်းပင်ဖြစ်သည်” ဟု ပြောကြသည်။ “ရိုးစင်းပြီး နာခံတတ်ခြင်း၌ အမှားမရှိပေ။ သို့သော် သင်တို့၏ခေါင်းဆောင်၌ သမ္မာတရား လက်တွေ့ကျမှု အမှန်တကယ် ရှိသလော။ သူသည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး အမှန်တကယ် ဟုတ်သလော။ အကယ်၍ သူလုပ်နိုင်သမျှက စကားများနှင့် အယူဝါဒများအား ဟောပြောခြင်းဖြစ်ပြီး သူသည် ဘုရားသခင်ကို ကျိုးနွံနာခံသောသူတစ်ဦး မဟုတ်လျှင်၊ သူ့ကို သင် ကျိုးနွံနာခံခြင်းက ဘုရားသခင်ကို သင် ကျိုးနွံနာခံနေသည်ဟု ဆိုလိုသလော” ဟု မေးလျှင် ၎င်းတို့က “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် အစွမ်းအစ မြင့်မားပြီး သူပြောသမျှသည် မှန်ကန်၏။ ယင်းက သူသည် သမ္မာတရားကို နားလည်ကြောင်းနှင့် သူသည် ဘုရားသခင်၏ ရည်ရွယ်ချက်များနှင့် ကိုက်ညီကြောင်းကို သက်သေပြသည်”ဟု ဆိုကြသည်။ ၎င်းတို့ပြောနေသည့်အရာ၌ ယုတ္တိတန်သော တွေးခေါ်မြော်မြင်မှု အနည်းငယ်ရှိသည် မဟုတ်လော။ ယင်းသည် သူ၏ တစ်ကိုယ်ရေ ခံစားချက်များအပေါ် လုံးလုံးမူတည်၏။ ၎င်းတို့၏ အစွမ်းအစသည် ညံ့ဖျင်းပြီး ၎င်းတို့၌ ပိုင်းခြားသိမြင်နိုင်စွမ်း ကင်းမဲ့သဖြင့် ၎င်းတို့၏ခေါင်းဆောင်နှင့် ပတ်သက်၍ အမှားတစ်ခုခု အမှန်တကယ်ရှိလျှင် ယင်းကို ၎င်းတို့ သိမြင်နိုင်မည် မဟုတ်ပေ။ လူအများစုသည် မသိနားမလည်၊ ပညာမဲ့ပြီး ညံ့ဖျင်းသော အစွမ်းအစ ရှိကြသည်။ သို့သော် ထိုအကြောင်းရင်းကို ယခုလောလောဆယ် ဘေးဖယ်ထားစို့။ ယင်းကို ထိုခေါင်းဆောင်နှင့်ပတ်သက်၍ ကြည့်ပါက လူတို့သည် ဤသရုပ်သကန်များကို ထုတ်ဖော်ပြကာ ၎င်းတို့၏ခေါင်းဆောင်အပေါ် ထိုကဲ့သို့သော အားကိုးနေရခြင်းမျိုး ရှိပြီး ၎င်းတို့အပေါ် ဤသို့သော အမြင်နှင့် သဘောထားမျိုးရှိလျှင် ယင်း၌ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့အတွက် ထိုခေါင်းဆောင်၏ နည်းဗျူဟာများ၊ နည်းစနစ်များနှင့် ဆက်စပ်မှုအချို့ ရှိသည်မဟုတ်လော။ (ရှိပါသည်။) ဆက်စပ်မှုမှာ အဘယ်မျှကြီးမားသနည်း။ ယင်းသည် ခေါင်းဆောင်၏ အလုပ်လုပ်သည့်နည်းလမ်းနှင့် တိုက်ရိုက် ဆက်စပ်သလော။ အပြည့်အဝ၊ တိုက်ရိုက် ဆက်စပ်မှုရှိကြောင်း၊ ဤအရာများက တစ်ရာရာခိုင်နှုန်း ဆက်စပ်နေကြောင်း ကျွန်ုပ်တို့ ကျိန်းသေပြောနိုင်သည်။ အဘယ့်ကြောင့် ဤသို့ ငါဆိုသနည်း။ မိမိတို့၏ စိတ်ခံစားချက်အရဖြစ်သော ဆန္ဒအားဖြင့် လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ ခေါ်ဆောင်လိုသော ခေါင်းဆောင်များစွာ ရှိသော်လည်း သမ္မာတရားကို နားမလည်သောကြောင့် သို့မဟုတ် လက်တွေ့ပြဿနာအမျိုးမျိုးကို မည်သို့ ဖြေရှင်းရမည် မသိသောကြောင့် စီမံအုပ်ချုပ်ရေးဆိုင်ရာ အလုပ်တာဝန်များနှင့် အထွေထွေအရေးကိစ္စများ အချို့ကိုသာ ကိုင်တွယ်နိုင်ပြီး လူတို့အနေဖြင့် ၎င်းတို့ကို အထင်ကြီးလေးစားဖို့အတွက် ကြွားလုံးထုတ်နိုင်သောကြောင့် ၎င်းတို့သည် အန္တိခရစ်များ၏ လမ်းကြောင်းပေါ်သို့ အမှုမဲ့အမှတ်မဲ့ စတင် ခရီးပြုမိကြလေသည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ဆက်လက်ကြိုးစားရန်နှင့် သူတို့၏ စိတ်နှလုံးများ၊ အမူအကျင့်နှင့် အတွေးများကို ထိန်းချုပ်ရန်အတွက် ကိုယ်ပိုင် နည်းလမ်းများနှင့် နည်းစနစ်များကို အသုံးပြုကြလေသည်။ ဤသို့ဖြင့် လူတို့သည် ၎င်းတို့၏ လုပ်ရပ်များ၊ သမ္မာတရားအား ၎င်းတို့ လက်တွေ့လုပ်ဆောင်မှုနှင့် မိမိတို့၏ တာဝန်ထမ်းဆောင်မှုနှင့် ဆိုင်သည့် သွင်ပြင်လက္ခဏာတိုင်း၌ ၎င်းတို့ပြောသမျှကို အမြဲ လုပ်ဆောင်ကြမည် ဖြစ်သည်။ အကယ်၍ လူတို့သည် အန္တိခရစ်တစ်ဦးကို ကျိုးနွံနာခံပြီး ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံခြင်း မရှိပါက၊ ၎င်းတို့သည် ဘုရားသခင်ကို ကျိုးနွံနာခံသည်ထက် များစွာပို၍ ထိုအန္တိခရစ်ကို ကျိုးနွံနာခံပါက၊ ထို့ပြင် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် မည်သည့်ရလဒ်ကိုမျှ မဖြစ်ထွန်းစေသည့်အပြင် လူ၏တာဝန်ကို ၎င်းတို့ ကောင်းစွာ မလုပ်ဆောင်ပါက ထိုကဲ့သို့သော လူတို့သည် ကယ်တင်ခြင်းခံရမည့် သူများ ဟုတ်သလော။ လူတို့၌ ခေါင်း‌ဆောင်များနှင့် အမှုဆောင်များအား နာခံခြင်းနှင့် သစ္စာစောင့်သိခြင်းအတွက် လက်တွေ့လုပ်ဆောင်ခြင်းဆိုင်ရာ “မှန်ကန်တိကျသော” လမ်းကြောင်းများ ရှိကြသော်လည်း၊ ၎င်းတို့သည် ဘုရားသခင်အား ကျိုးနွံနာခံခြင်းနှင့် သူ့အား သစ္စာစောင့်သိခြင်းနှင့် ပတ်သက်လာသည့်အခါ တိကျမှန်ကန်စွာ လက်တွေ့လုပ်ဆောင်ခြင်းပင် မရှိကြပေ။ ဤအရာနှင့်ပတ်သက်၍ မည်သူမျှ မိတ်သဟာယမပြုသည့်အပြင် လက်တွေ့အလုပ်၏ ဤသွင်ပြင်လက္ခဏာကို မည်သူမျှ မထမ်းဆောင်ကြပေ။ လူတို့အားလုံးသည် မိမိတို့၏ကိုယ်ပိုင် အဆင့်အတန်းနှင့် ဂုဏ်သတင်းအလို့ငှာ စကားပြောပြီး ပြုမူလုပ်ဆောင်လိုကြသည့်အပြင် ဦးနှောက်ခြောက်အောင် စဉ်းစားပြီး ဘုရားရွေးကောက်ထားသော လူတို့ကို မိမိတို့အား နာခံပြီး ကိုးကွယ်အောင် ပြုလုပ်ရန်အတွက် အလုပ်လုပ်ရင်း စားသောက်ဖို့ သို့မဟုတ် အိပ်ဖို့ပင် မေ့တတ်ကြသည်။ ၎င်းတို့သည် အသင်းတော်၌ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ကြီးစိုးရန်ဟူသည့် ၎င်းတို့၏ ရည်ရွယ်ချက်ကို စွမ်းဆောင်ရရှိရန်အတွက် ဤအရာအားလုံးကို လုပ်ဆောင်ကြသည်မှာ သိသာထင်ရှားသည်။ ဤအရာအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်တစ်ရပ်လုံး၌ တူညီသော စိတ်သဘောထားနှင့် တူညီသော နှစ်သက်မှုများ ရှိကြခြင်း ဖြစ်၏။ လူတစ်ဦးသည် သင့်အတွက် လမ်း‌ကြောင်းတစ်ခုကို ညွှန်ပြပြီး သင်သည် ယင်းကို လွန်စွာ လက်တွေ့လုပ်ဆောင်လိုစိတ် ရှိသောအခါ သင်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နေသည်ဟု မဆိုလိုပေ။ ယင်းမှာ သင်က ထိုသူပြောသည့်အရာကို လုပ်ဆောင်နေပြီး သူ့ကို နာခံနေသည်ဟု ဆိုလိုသည်။ သို့ဆိုလျှင် လူတို့သည် ဘုရားသခင် ရှေ့မှောက်သို့ ရောက်လာလိုစိတ် သို့မဟုတ် သူ့အား ရှာဖွေလိုစိတ် အဘယ့်ကြောင့် မရှိကြသနည်း။ အဘယ့်ကြောင့်ဆိုသော် လူသား၏ လူ့သဘာဝထဲ၌ သမ္မာတရားနှင့်ညီသော မည်သည့်အရာမျှ မရှိသောကြောင့် ဖြစ်သည်။ လူတို့ နှစ်သက်သည့်အရာ၊ ၎င်းတို့ တောင့်တသည့်အရာနှင့် ၎င်းတို့၏ စိတ်နှလုံးများထဲ၌ ဆုပ်ကိုင်ထားသည့်အရာ အားလုံးသည် သမ္မာတရားနှင့် ဖီလာဆန့်ကျင်ပြီး သမ္မာတရားနှင့် ကွဲလွဲ၏။ သို့ဖြစ်၍ လူတစ်ဦးအား သူ့အပေါ် တစ်စုံတစ်ရာ ဖြစ်ပျက်သောအခါ သမ္မာတရားကို ရှာဖွေဖို့ သင်စေခိုင်းပါက ယင်းကို လကမ္ဘာဆီသို့ ပျံသန်းသွားခြင်းထက် ပို၍ခက်သည်ဟု ခံစားကြလိမ့်မည်။ သို့သော် လူတစ်ဦးကို နာခံဖို့ သူ့ကို ပြောပါက ယင်းကို များစွာပို၍ လွယ်ကူသည်ဟု မြင်လိမ့်မည် ဖြစ်သည်။ အန္တိခရစ်များသည် လူတို့ကို ထိန်းချုပ်ရန်အတွက် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းဟူသည့် နည်းနိဿယကို အသုံးပြုသောအခါ ရလဒ်များကို အလွန်လျင်မြန်စွာ စွမ်းဆောင်ရရှိကြကြောင်း ထင်ရှားလေသည်။ ၎င်းတို့သည် ကြုံကြိုက်တုန်း ပေးလိုက်သည့် ချီးကျူးစကား တစ်ခွန်းတည်းဖြင့် လူတစ်ဦးကို မိမိတို့အား ထောက်ခံသော သဘောထားရှိလာအောင် လုပ်နိုင်ကြသည်။ ရည်ရွယ်ချက် သို့မဟုတ် အမြင်ရှုထောင့် အနည်းငယ် ပါဝင်သည့် သာမန်ကာလျှံကာ ချီးကျူးစကား တစ်ခွန်းတည်းဖြင့် လူတစ်ဦးကို မိမိတို့အား အသစ်သော ရှုထောင့်မှနေ၍၊ အသစ်သော နားလည်မှုဖြင့် ကြည့်မြင်အောင် လုပ်နိုင်ကြသည်။ ဤအရာက လူတို့ထဲ၌ရှိသော အရာများသည် မည်သည့်အရာများဖြစ်ကြောင်း အတိအကျ ထုတ်ဖော်သည်။ ဤအရာက သင်သည် သမ္မာတရားကို လိုက်စားရမည့်အစား အဆင့်အတန်းနှင့် အခွင့်အာဏာကို လိုက်စားသည့် လမ်းကြောင်းအား လျှောက်ပါက သင်လုပ်ဆောင်သမျှ၏ သက်‌ရောက်မှုနှင့် အကျိုးဆက်များသည် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ဝင် မည်သူမဆိုအပေါ်၌ ရှိမည်ဖြစ်ပြီး၊ ၎င်းတို့အား မှန်သောလမ်းခရီးကို လျစ်လျူရှုစေခြင်း၊ သမ္မာတရားကို ရှောင်ရှားစေခြင်း၊ ဘုရားသခင်ကို ရှောင်ကြဉ်စေခြင်းနှင့် ဘုရားသခင်ကို ငြင်းပယ်စေခြင်းတို့ကို လုပ်ဆောင်မည်ဖြစ်သည်ကို ဆိုလိုသည်။ ယင်းမှာ တစ်ခုတည်းသော အကျိုးဆက်၊ တစ်ခုတည်းသော အဆုံးသတ်ပင် ဖြစ်၏။ ဤအရာကို ရှင်းလင်းစွာ မြင်ရသည်။

လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ကြိုးစားခြင်းဟူသည့် အန္တိခရစ်များ၏ ပထမသရုပ်သကန်မှာ အကူအညီလေးများဖြင့် လူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း ဖြစ်၏။ အကူအညီလေးများဟူသည်မှာ ရုပ်ဝတ္ထုပစ္စည်းများသက်သက် မဟုတ်ပေ။ ယင်းတို့၌ အမျိုးမျိုးသော အမှုအရာများစွာ ရှိသည်။ တစ်ခါတစ်ရံ ယင်းတို့မှာ စာနာထောက်ထားသော စကားလုံးများ ဖြစ်သည်။ တစ်ခါတစ်ရံ ယင်းတို့မှာ လူတစ်ဦး၏ လိုအင်ဆန္ဒများ သို့မဟုတ် နှစ်ခြိုက်မှုများကို ဖြည့်ဆည်းပေးမှု ဖြစ်သည်။ ထို့ပြင် တစ်ခါတစ်ရံ ယင်းတို့မှာ လူတစ်ဦး၏ ထင်မြင်ချက်များအား အသေအချာ သိအောင်လုပ်ခြင်းနှင့် ထိုသူအား သူတို့၏ခေါင်းဆောင်သည် အလွန်ကောင်းမွန်ပြီး အလွန် နားလည်မှုရှိသည်ဟု ထင်အောင်လုပ်ရန်အတွက် ထိုသူကြားချင်သည့် မည်သည့် သာယာနာပျော်ဖွယ်ရာများကိုမဆို ပြောဆိုခြင်းဖြစ်သည်။ တစ်နည်းဆိုရလျှင် အန္တိခရစ်များသည် လူတို့အား ထိန်းချုပ်ဖို့ ၎င်းတို့၏ လျှို့ဝှက်အကြံအစည်ကို ဖုံးကွယ်ရန်အတွက် သည်းခံခြင်း၊ ချစ်ခြင်းမေတ္တာ၊ နွေးထွေးမှုနှင့် အမည်ခံ စာနာထောက်ထားမှုတို့ကို ပုံအောပေးကြသည်။ သာဓကအနေဖြင့် အကယ်၍ ညီအစ်ကို မောင်နှမများသည် ကောင်းမွန်သော အရာအချို့ကို ပေးလှူထားပါက ၎င်းတို့သည် ထိုအရာအနည်းငယ်ကို မိမိတို့နှင့် အဆင်ပြေသော မည်သူ့ကိုမဆို ဝေမျှကောင်း ဝေမျှမည်ဖြစ်သည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းနိုင်ဖို့အတွက် ဤအကူအညီလေးများကို အသုံးပြုပြီး ထိုသူတို့အား စည်းရုံးကြသည်။ အကယ်၍ အသင်းတော်ထဲတွင် သဘာဝ လေနှင့်မိုးဒဏ်ခံရန် မလိုအပ်သည့်အပြင် တစ်စုံတစ်ယောက်ကို ပရိသတ်အာရုံရရှိဖို့ ထောက်ကူပေးနိုင်သည့် မပင်ပန်းရသော အလုပ်တစ်ခုရှိလျှင် ၎င်းတို့သည် မိမိတို့နှင့် အဆင်ပြေနေသည့် မည်သူ့ကိုမဆို သွားလုပ်ခိုင်းမည် ဖြစ်သည်။ ၎င်းတို့သည် အဘယ့်ကြောင့် ဤသို့ပြုလုပ်နိုင်စွမ်း ရှိကြသနည်း။ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့သည် ပင်ကိုအားဖြင့် သမ္မာတရားကို မချစ်သည့်အပြင် စည်းမျဉ်းများမရှိဘဲ ပြုမူလုပ်ဆောင်ကြခြင်း ဖြစ်သည်။ အခြားတစ်စိတ်တစ်ပိုင်းမှာ ၎င်းတို့သည် ဤကောင်းမွန်သော တာဝန်ကို ၎င်းတို့နှင့် အဆင်ပြေနေသော သူတို့အတွက် သီးသန့်ထားရှိပြီးနောက် ထိုလူတို့အနေဖြင့် ၎င်းတို့အပေါ် ကျေးဇူးတင်ရှိရန်အတွက် ထိုသူတို့အား သာယာနာပျော်ဖွယ်သောအရာများ အချို့ကို ပြောဆိုခြင်း ဖြစ်သည်။ ထိုသို့ပြုလုပ်ရာတွင် ၎င်းတို့သည် ဤလူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းဟူသည့် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို ဖြစ်မြောက်အောင်မြင်ကြသည်။ ဤနည်းဗျူဟာမှာ အကူအညီလေးများ ပေးခြင်းနှင့် ချိုသာသော အရာကို ဟိုပြောသည်ပြော ပြောခြင်းမျှသာမဟုတ်၊ ယင်း၌ ရည်မှန်းချက်ပန်းတိုင်ဟူသည့် ရည်ရွယ်ချက်တစ်ခု ရှိ၏။ ထို့ပြင် ယင်းမှာ မည်သည့်ရည်မှန်းချက်ပန်းတိုင် ဖြစ်သနည်း။ ယင်းမှာ လူတို့အား ၎င်းတို့၏ စိတ်နှလုံးများထဲ၌ မိမိတို့အပေါ် ထောက်ခံသော အကဲဖြတ်ချက်တစ်ခုကို ထားရှိစေရန် ရည်ရွယ်ထားခြင်း ဖြစ်သည်။ လူဆယ်ဦးရှိသည့် အုပ်စုတစ်စုရှိလျှင် “ဤလူဆယ်ဦးထဲ၌ လူတို့ကို ဖော်လံဖားလုပ်ရာတွင် ကျွမ်းကျင်သောသူနှစ်ဦး ရှိသည်။ ထိုသူတို့ကို ကျွန်ုပ် အရေးစိုက်ဖို့ မလိုသည့်အပြင် တစ်ချိန်တည်းမှာပင် သူတို့က ကျွန်ုပ်ကို မျက်နှာချိုသွေးမည်ဖြစ်သည်။ ထို့နောက် နားဝေတိမ်တောင်ဖြစ်သော လူနှစ်ဦးရှိသည်။ ထိုသူတို့ကို အကျိုးခံစားခွင့် အနည်းငယ်ပေးလျှင် ကျွန်ုပ်ပြောသည့်အရာကို သူတို့ လုပ်ဆောင်လိမ့်မည်။ အခြားနှစ်ယောက်မှာ အစွမ်းအစအချို့ ရှိကြသည်။ ကျွန်ုပ်သည် ထိုသူတို့အား အဆင့်မြင့်သော တရားဒေသနာ အနည်းငယ်ကို ဟောပြောပြီး အထင်ကြီးလောက်သော စကားအချို့ကို ပြောဆိုသရွေ့ ၎င်းတို့သည် ကျွန်ုပ်အား နာခံမည်ဖြစ်သည်။ ထို့နောက် သမ္မာတရားကို လိုက်စားဟန်ရှိသောသူ သုံးယောက်ရှိသဖြင့် ထိုသူတို့ကို ကိုင်တွယ်ဖို့ အနည်းငယ် ခက်ခဲလိမ့်မည်။ ထိုသူတို့၏ တကယ့်အခြေအနေနှင့် ပတ်သက်၍ ကျွန်ုပ်သည် ရှင်းလင်းသော လေ့လာမှုပြုဖို့ လိုအပ်ကာ သူတို့လိုအပ်သည့်အရာကို သိမြင်ပြီး သူတို့အား ကျေနပ်စေမည်။ အကယ်၍ သူတို့ထဲမှ မည်သူကမျှ ဤအရာကို လက်မခံဘဲ ကျွန်ုပ်ကို မနာခံပါက သူတို့ကို နောက်ဆုံးတွင် ကျွန်ုပ် ကိုင်တွယ်ပြီး ရှင်းလင်းပစ်မည်ဖြစ်သည်။ နောက်ဆုံးတစ်ဦးက ကျွန်ုပ်ကို ဆန့်ကျင်လျှင်ပင် သူတို့သည် ကျွန်ုပ်အား ဒုက္ခများစွာသာ မဖြစ်စေနိုင်ဘဲ သူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့ လွယ်ကူလိမ့်မည်” ဟူ၍ ထိုသူတို့အား အကဲဖြတ်ခြင်းဖြင့် အစပြုကြမည်ဖြစ်သည်။ ၎င်းတို့၏ မျက်လုံးများ တစ်ချက်ဝေ့ကြည့်လိုက်ရုံဖြင့် ၎င်းတို့က အုပ်စုထဲ၌ မည်သူ့ကို ၎င်းတို့ ကိုင်တွယ်နိုင်ပြီး မည်သူ့ကို မကိုင်တွယ်နိုင်သည်ကို စိစစ်တွက်ချက်နိုင်သည်။ ဤအရာကို ၎င်းတို့ မည်သို့ အလွန်လျင်မြန်စွာ သိနိုင်သနည်း။ ၎င်းတို့၏စိတ်နှလုံးများသည် စာတန်ဆန်သော နိုင်ငံရေးသဘောများ၊ အတွေးအခေါ်များဖြင့် ပြည့်နှက်နေသောကြောင့် ၎င်းတို့သည် ဤအရာကို တတ်နိုင်စွမ်းသည်။ ၎င်းတို့အပြုအမူနှင့်ဆိုင်သည့် စည်းမျဉ်းများ၊ ၎င်းတို့၏ ကျင့်ကြံပြုမူခြင်းနှင့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံသည့် နည်းလမ်းများသည် လူများနှင့် အခင်အမင်မပျက် သင့်မြတ်ခြင်းနှင့် မဆိုင်သကဲ့သို့ ပုံမှန် အပြန်အလှန် ပေါင်းသင်းဆက်ဆံရေးကို ရှိခြင်းနှင့်လည်းမဆိုင်၊ ယင်းတို့သည် အခြားသူများကို ကူညီခြင်း သို့မဟုတ် ထောက်ပံ့ပေးခြင်း၊ သို့မဟုတ် ၎င်းတို့အား တည်ဆောက်ပေးခြင်း၊ သို့မဟုတ် ၎င်းတို့သည် အခြားသူများနှင့် တန်းတူရည်တူအဖြစ် ထိတွေ့ခြင်း၊ သို့မဟုတ် အရေးကိစ္စများကို ကိုင်တွယ်ဖို့နှင့် အခြားလူတို့ကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သမ္မာတရားစည်းမျဉ်းများကို အသုံးပြုခြင်းနှင့်လည်း မသက်ဆိုင်ပေ။ ၎င်းတို့သည် ဤစည်းမျဉ်းများ စိုးစဉ်းကိုမျှ လုံးဝ မပိုင်ဆိုင်ချေ။ ၎င်းတို့၏ စည်းမျဉ်းများမှာ အဘယ်နည်း။ “လူတစ်ဦးချင်းစီသည် မိမိတို့၏စိတ်နှလုံး၌ ငါ့ကို အဘယ်သို့ သဘောထားသနည်း။ ငါ့ကို အထင်ကြီးသောသူများ၊ ၎င်းတို့၏စိတ်နှလုံးထဲ၌ ငါ့ကို ထားရှိသောသူများနှင့် ငါ့ကို ကြောက်ရွံ့သော၊ ငါ့ကို လေးစားပြီး ငါ့ကို ကြည်ညိုသောသူများကို ငါ စိတ်အနှောင့်အယှက်ပေးဖို့ မလိုအပ်ပေ။ ထိုထိုသောအရာတို့မှာ ဆက်လက်၍ ငါ့ကို မကြည်ညိုသည့် သူများကို ငါ လုပ်သင့်သည့်အရာပင် ဖြစ်ပြီးလျှင် ထိုထိုသော အရာတို့မှာ ငါ့ကို ကြည်ညိုသော်လည်း၊ လိုက်နာခြင်း အတော်လေး မရှိသေးသည့်သူများကို ငါလုပ်သင့်သည့်အရာပင် ဖြစ်သည်။ ပြီးလျှင် အခြားသူများကို အများအားဖြင့် များစွာ အာရုံမစိုက်သည့်သူများအတွက် ထိုထိုသော အရာတို့သည် ၎င်းတို့နှင့်ပတ်သက်၍ ငါ လုပ်သင့်သည့် အရာပင် ဖြစ်သည်” ဟူ၍ဖြစ်သည်။ လူတို့ကို ထိန်းချုပ်ရန်အတွက် ၎င်းတို့၌ တစ်ဆင့်ပြီးတစ်ဆင့် လုပ်ငန်းစဉ်တစ်ခုရှိသည်။ ၎င်းတို့သည် ဤအဆင့်များနှင့် အတွေးများကို အဘယ်ကြောင့် ဖန်တီးရသနည်း။ အကြောင်းမှာ ၎င်းတို့၏ စိတ်နှလုံးများထဲရှိ လိုအင်ဆန္ဒသည် ထိန်းချုပ်မရနိုင်သောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အုပ်စုထဲ၌ လူများဖြင့် အခင်အမင်မပျက် သင့်မြတ်ပါက၊ ၎င်းတို့သည် အတော်အတန် ဆန္ဒ မပြည့်ဝသကဲ့သို့ သိက္ခာမဲ့သည်ဟု ခံစားရပေမည်။ သို့ဆိုလျှင် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ လူတိုင်းကို ၎င်းတို့၏စိတ်နှလုံးများထဲ၌ မိမိတို့အတွက် နေရာတစ်ခုရှိအောင် လုပ်ရန်ဖြစ်သည်။ ပထမနေရာမဟုတ်လျှင် ဒုတိယနေရာဖြစ်ပြီး ဒုတိယနေရာမဟုတ်လျှင် တတိယနေရာတွင် ဖြစ်သည်။ အဆင့်တူသည့် အခြားသူများနှင့် ပေါင်းသင်းဆက်ဆံခြင်းက အလုပ်ဖြစ်မည် မဟုတ်ပေ။ ခေါင်းဆောင်များအနေဖြင့် ဤလူတို့သည် အခြားသူများအပေါ် ကွဲပြားခြားနားသော ထင်မြင်ချက်များကို အရေးစိုက်နိုင်သလော။ ၎င်းတို့ အရေးမစိုက်နိုင်ပေ။ ၎င်းတို့ လုပ်ဆောင်သမျှသည် မည်သည့်အရာကို ဗဟိုပြုသနည်း။ (အာဏာကို ဗဟိုပြုပါသည်။) ၎င်းတို့ လုပ်ဆောင်သမျှသည် အာဏာကို ဗဟိုပြုသည်။ အဘယ်အရာကို ၎င်းတို့ လုပ်ဆောင်သနည်း။ ပထမဦးစွာ ၎င်းတို့က သင်၏စိတ်နှလုံးထဲကို စူးစမ်းပြီး ယင်းနှင့်ပတ်သက်ပြီး ရှင်းလင်းစွာ နားလည်သဘောပေါက်သည်။ ဆိုလိုသည်မှာ ပထမအနေဖြင့် ၎င်းတို့သည် သင့်အား စည်းရုံးသိမ်းသွင်းပြီး သင့်အား ၎င်းတို့ထံ ပွင့်လင်းလာအောင် ပြုလုပ်သည်။ ၎င်းတို့က သင့်ထံမှ သင်၏စစ်မှန်သော ခံစားချက်များကို ရရှိပြီး ၎င်းတို့နှင့်ပတ်သက်သည့် သင်၏စစ်မှန်သော ထင်မြင်ချက်ကို သိအောင်လုပ်သည်။ ဤအရာကို နားလည်ပြီးသည့်နောက်၊ ၎င်းတို့က ကိစ္စတစ်ခုချင်းစီကို သီးခြား ကိုင်တွယ်ဖြေရှင်းလျက် အခြေအနေ တစ်ခုချင်းစီအပေါ် ဖြေရှင်းလျက် မိမိတို့၏နည်းစနစ်များကို ပြုပြင်ပြောင်းလဲသည်။ ၎င်းတို့က လူများ၏စိတ်နှလုံးများကို ထိန်းချုပ်လိုပြီး တစ်စုံတစ်ဦးသည် ၎င်းတို့နှင့် တစ်စိတ်တစ်သဘောတည်း မဟုတ်ကြောင်း၊ တစ်စုံတစ်ဦးသည် ၎င်းတို့အား မကြည်ညိုကြောင်း၊ တစ်စုံတစ်ဦးသည် ၎င်းတို့အပေါ် သစ္စာမစောင့်သိကြောင်း ၎င်းတို့ တွေ့ရှိသည့်အခါ၊ ယင်းသည် ထိုလူအား ၎င်းတို့ ထိုးနှက်ပြီး ညှဉ်းဆဲသည့်အချိန်ဖြစ်သည်။ ထို့ကြောင့် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရာတွင် အန္တိခရစ်များ၏ တွန်းအားက အခွင့်အာဏာ ဖြစ်သည်။ ထို့ပြင် အခွင့်အာဏာကို ရရှိဖို့ ၎င်းတို့အသုံးပြုသည့် နည်းစနစ်များနှင့် နည်းနိဿယများမှာ အဘယ်နည်း။ ၎င်းတို့သည် လူများ၏စိတ်နှလုံးများကို လုံးစေ့ပတ်စေ့ နားလည်ပြီး သဘောပေါက်ကာ ထိန်းချုပ်သည်။ ထိန်းချုပ်ခြင်းခံရသည့် လူများ၏ စိတ်ကူးများမှာ အဘယ်နည်း။ ၎င်းတို့၏စိတ်နှလုံးများနှင့် ၎င်းတို့၏ သဘာဝအားဖြင့် ထိန်းချုပ်ခံရခြင်း ဖြစ်လေသည်။ တစ်စုံတစ်ဦး၏ စိတ်နှလုံးသည် အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်ခြင်းခံရသောအခါ ထိုလူ၏စိတ်ကူးများနှင့် အတွေးများမှာ နောက်ထပ် အလေးထားစရာ မဟုတ်တော့ပေ။ ထိုအန္တိခရစ်သည် တစ်စုံတစ်ဦး၏ စိတ်နှလုံးကို ထိန်းချုပ်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် ထိုလူတစ်ယောက်လုံးကို ထိန်းချုပ်ပေတော့သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။