အချက် ၁- လူတို့၏စိတ်နှလုံးများ စည်းရုံးသိမ်းသွင်းရန် ၎င်းတို့ကြိုးစားကြသည် (အခန်း လေး)

ခ။ ၎င်းတို့ကို လူများက ကိုးကွယ်စေရန် ၎င်းတို့၏ စွမ်းပကားများကို ကြွားလုံးထုတ်ပြခြင်း

ငါတို့ ယခုတင် ပြောခဲ့သည့် အကူအညီလေးများကို အသုံးပြုခြင်းအပြင် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် အများအားဖြင့် သို့မဟုတ် အန္တိခရစ်များ အသုံးပြုနေကျဖြစ်သည့် အခြား နည်းနိဿယများမှာ အဘယ်နည်း။ ဥပမာအားဖြင့် လူတိုင်းတွင် ခေါင်းဆောင်တစ်ဦးအပေါ် မကောင်းသော ထင်မြင်ချက်ရှိသည် ဆိုပါစို့။ ဤခေါင်းဆောင်၌ ပါရမီကင်းမဲ့သည်၊ သူသည် စကားလုံးများနှင့် အယူဝါဒများကိုသာ ပြောနိုင်သည်၊ ပြီးလျှင် သူ၌ အမှန်တကယ် သမ္မာတရားနားလည်မှု မရှိဟု လူတို့ ထင်ကြ၏။ အကယ်၍ ထိုခေါင်းဆောင်က သူ့အပေါ် ဤထင်မြင်ချက်မျိုး လူတို့တွင်ရှိကြောင်း သိရှိသွားလျှင် သူသည် ဤအမှားများနှင့် ချို့ယွင်းချက်များကို ဖုံးကွယ်ဖို့ အစွမ်းကုန်ကြိုးစားလိမ့်မည်လော။ (ကြိုးစားမည်ဖြစ်ပါသည်။) သူ မည်သည့်အရာ ပြုလုပ်လိမ့်မည်နည်း။ မည်သည့်အရာမျိုးတို့ကို သူပြောလိမ့်မည်နည်း။ ပွင့်လင်းဟန်ဆောင်ခြင်းမှာ ဤအရာ၏ လက္ခဏာသွင်ပြင်တစ်ခု ဖြစ်သည်။ အခြားအရာရှိသေးသလော။ (အမှုအရာများအတွက် ဆင်ခြေပေးခြင်း ဖြစ်သည်။) အမှုအရာများအတွက် ဆင်ခြေပေးခြင်းသည်လည်း ဖုံးကွယ်ခြင်းနည်းလမ်းတစ်ခုအဖြစ် လုပ်ဆောင်သည်။ ထို့အပြင် ထိုခေါင်းဆောင်က သူ၏အားနည်းချက်များကို ဖုံးကွယ်ရန်အတွက် အခြားသူများက ထူးကဲသည်ဟု မြင်သည့် သူ၏ အားသာချက်များနှင့် အမှုအရာများကို အသုံးပြုကောင်း အသုံးပြုနိုင်သည်။ ဤသည်မှာ သုံးနေကျ နည်းနိဿယတစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) ဥပမာအားဖြင့် လူတစ်ဦးက “ကျွန်ုပ်သည် ဘုရားကို ယုံကြည်ခဲ့သည်မှာ တစ်ခဏမျှတာ ရှိသေးသဖြင့် ကျွန်ုပ်ကို အဘယ့်ကြောင့် ခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ခဲ့သနည်း။ ယင်းမှာ ကျွန်ုပ်သည် လောကီကမ္ဘာတွင် ကုမ္ပဏီတစ်ခုဖွင့်ခဲ့ပြီး ကျွန်ုပ်တို့၏ ဝန်ထမ်းများမှာ လူ ၁၀ ယောက်မှ အယောက် ၂၀၀ အထိ တိုးလာခဲ့ကာ၊ ယင်းက ကျွန်ုပ်၌ ခေါင်းဆောင်မှုစွမ်းရည်ရှိကြောင်းကို ပြသောကြောင့် ဖြစ်သည်။ ဘုရားအိမ်တော်က ထိုသို့သော အရေးကိစ္စများကို အလေးမထားသော်လည်း ဤအစွမ်းအစသည် အချို့သော အခြေအနေများတွင် အသုံးဝင်သည် မဟုတ်လော”ဟု ဆိုသည်။ ဤအရာကို ကြားပြီးနောက် အခြားသူများက သဘောမတူကြပေ။ သို့ဖြစ်၍ ဤသူက “ဥပမာအနေဖြင့် သင်သည် သင်၏ အလုပ်သမားများကို ပြောပြသော်လည်း သူတို့က နားမထောင်လျှင် သင် ဘာလုပ်သင့်သနည်း။ ရလဒ်ကောင်းများကို သင် စွမ်းဆောင်ရရှိသောအခါ သူတို့က သင့်စကားကို နားထောင်ကြလိမ့်မည်ဖြစ်သည်။ ကျွန်ုပ်သည် သက်သေကို ခင်းပြပြီးသား ဖြစ်၏။ ကျွန်ုပ်ကုမ္ပဏီကို အများသူငါ သိသွားကြပြီဖြစ်သည်”ဟု ဆိုလျက် သူ၏ ဟန်လုပ်ချက်ကို ဆက်ပြောသည်။ အစပထမတွင် ဤသည်မှာ ဆုကျေးဇူးတစ်ခုဖြစ်ကြောင်း၊ ဤသည်မှာ ဘာသာတရား မရှိသူများက အမှုအရာများ ပြုလုပ်သည့်ပုံဖြစ်သော်လည်း ဤသူ ပြုမူလုပ်ဆောင်သည့်ပုံနှင့် ပတ်သက်၍ နည်းလမ်းများနှင့် ရလဒ်များ အမှန်တကယ်ရှိကြောင်းကို အချို့က ပြောကောင်းပြောမည် ဖြစ်သည်။ ထို့ကြောင့် လူအချို့က သူ့ကို သံသယထားခြင်းမှ ယုံကြည်စိတ်ချခြင်းအဖြစ်သို့ ပြောင်းလဲသွားကာ ထိုသူ ပြုမူလုပ်ဆောင်သည်နှင့်အမျှ တစ်စတစ်စဖြင့် မသိလိုက်မီမှာပင် သူ့ကို စတင်ကိုးကွယ်လာသည်အထိ ဖြစ်သွားလေသည်။ ထို့အပြင် ဤသူက အခြားသူများကို အထင်အမြင်မှားစေပြီး မိမိ၏ ချို့ယွင်းချက်များကို ဖုံးကွယ်ထားသည်။ လူတို့၏ စိတ်နှလုံးများမှာ သူတို့ကိုယ်တိုင် မသိလိုက်ဘဲ ထိုသူ၏ အပိုင်သိမ်းသွင်းခြင်းကို ခံလိုက်ရသည်။ ၎င်းတို့သည် သူ၏ အထင်အမြင်မှားစေခြင်းကို ခံရပြီး သူ၏ရှေ့တွင် ဦးညွှတ်ကြသည်။ ဤသည်မှာ နည်းနိဿယတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ မည်သည့်အရာဖြစ်သနည်း။ ယင်းသည် မိမိ၏ ကျွမ်းကျင်မှုနှင့် ဆုကျေးဇူးများကို ကြွားလုံးထုတ်ပြီး မိမိ၏ အစွမ်းအစများနှင့် စွမ်းရည်များအပေါ် ကြွားဝါရန်အတွက် အစွမ်းကုန် လုပ်ဆောင်ခြင်းဖြစ်သည်။ ဤလုပ်ရပ်များ၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းသည်လည်း အခြားသူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ ဖြစ်လေသည်။ အခြားသူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့ရန်အတွက် ကောင်းမွန်သောအရာအချို့ ပေးကမ်းခြင်းအပြင် အခြားသူများက သူ့ကို အထင်ကြီးအောင်လည်း ပြုလုပ်ရသည်။ အကယ်၍ သူသည် သာမန်လူတစ်ဦး သို့မဟုတ် အတန်းပညာသိပ်မရှိသည့် ပညာမတတ်သော လူတစ်ဦးသာ ဖြစ်ခဲ့ပါက သူ့ကို မည်သူက အထင်ကြီးမည်နည်း။ ထို့ကြောင့် ဤသူသည် သူ၏ အောင်လက်မှတ်များကို တမင်ထုတ်ကြွားလျက် သူ၌ အဆင့်မြင့်ဘွဲ့များနှင့် အဆင့်မြင့် ပညာရေး အထောက်အထားများ ရှိကြောင်း လူတို့အား အသိပေးကာ ရလဒ်အနေဖြင့် လူအချို့ကို အထင်အမြင်မှားစေကြသည်။ သူသည် အခြားလူတို့အား သူ့အပေါ် အထင်ကြီးပြီး ထင်မြင်ချက်ကောင်းများ ရှိစေဖို့အတွက် သူ၏ ဆုကျေးဇူးများ၊ ကျွမ်းကျင်မှုနှင့် အစွမ်းအစများကို အစွမ်းကုန် ကြွားလုံးထုတ်ပြီး၊ ဤသို့ဖြင့် လူတို့သည် အမှုအရာများ လုပ်ဆောင်စဉ်တွင် မကြာခဏပင် သူ၏အကြံဉာဏ်ကို တောင်းခံဖို့ စဉ်းစားခြင်း သို့မဟုတ် စိတ်ကူးပေါက်ခြင်း ရှိကြသည်။ ဤရည်မှန်းချက်ပန်းတိုင်ကို ရရှိဖို့ သူပြုလုပ်သည့်အရာတိုင်းသည်လည်း လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့အတွက် မဟာဗျူဟာတစ်ခု မဟုတ်လော။ ဤသည်တို့မှာ လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းနိုင်သည့် အန္တိခရစ်များ၏ သရုပ်သကန်နှစ်ခု ဖြစ်သည်။ ပထမမှာ အကူအညီလေးများကို အသုံးပြုခြင်းဖြစ်၏။ ဒုတိယမှာ သူ၏ကိုယ်ပိုင် အစွမ်းအစများနှင့် ဆုကျေးဇူးများ၊ တစ်နည်းအားဖြင့် သူ့ကို သာလွန်စေသည့် အရာများကို ကြွားလုံးထုတ်ခြင်းသာမက သူ့အနေဖြင့် လူအုပ်ထဲမှ ထင်ပေါ်နေရန်လည်းကောင်း၊ လူတိုင်းက သူ့ကို အထင်ကြီးဖို့၊ သူ့ကို လေးစားလျက် သူ၏ အမိန့်ကို နာခံဖို့နှင့် သူ၏ ဦးဆောင်မှုကို လက်ခံဖို့ သူ၏ရှေ့မှောက်သို့ လိုလိုလားလား ရောက်လာကာ သူ၏ အစီအမံများအားလုံးကို လိုလိုလားလား လက်ခံပြီး နာခံရန်လည်းကောင်း ကျန်သည့်လူအုပ်ကို အနိုင်ယူဖို့အတွက် ဤနည်းလမ်းကို အသုံးပြုခြင်းဖြစ်သည်။ ဤသည်မှာ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုပုံစံတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) အခြားသူများ၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းသည် စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုပုံစံတစ်မျိုး ဖြစ်သည်။ “စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှု” ဟု ဆိုခြင်းဖြင့် မည်သည့်အရာကို ဆိုလိုသနည်း။ ယင်းမှာ လူတို့၏ စိတ်နှလုံးများကို စာတန် သိမ်းပိုက်ထိန်းချုပ်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ ဘုရားသခင်သည် လူ၏ အတွင်းနှလုံးသားကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးသည်။ သူသည် လူတို့၏ စိတ်နှလုံးများကို သိမ်းပိုက်ရယူသည်။ သို့ဆိုလျှင် “လူတို့၏ စိတ်နှလုံးများကို ရယူသည်” ဟူသည့် အသုံးအနှုန်းကို စာတန်နှင့် အန္တိခရစ်များအား ရည်ညွှန်းရာ၌ အဘယ့်ကြောင့် အသုံးမပြုသနည်း။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် စာတန်နှင့် အန္တိခရစ်များသည် လူတို့၏ စိတ်နှလုံးများကို အမိအရယူဖို့၊ အထင်အမြင်မှားစေဖို့၊ သိမ်းသွင်းစည်းရုံးဖို့နှင့် ထိန်းချုပ်ဖို့အတွက် မူမမှန်သော၊ ကောက်ကျစ်ဆိုးညစ်သော နည်းနိဿယများကို အသုံးပြုသောကြောင့် ဖြစ်၏။ ဤသို့ဖြင့် လူတို့သည် သူ့အပေါ် အထင်ကြီးခြင်းနှင့် သူ့အား အလွန်အမင်း လေးစားအားကျခြင်း မရှိဘဲ မနေနိုင်ကြချေ။

လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းသည့် နည်းဗျူဟာနှစ်ခုအကြောင်း ငါတို့ ယခုတင် မိတ်သဟာယပြုခဲ့ကြသည်။ အခြား စံပြုလောက်သော မည်သည့်နည်းဗျူဟာများ ရှိသေးသနည်း။ အကယ်၍ သင်တို့သည် လူတို့အား အထင်အမြင်မှားစေပြီး ဘောင်ခတ်ရန် အန္တိခရစ်များ အသုံးချသည့် နည်းဗျူဟာများနှင့် နည်းလမ်းများကို မတွေ့ကြုံရသေးပါက သင်သည် မိမိကိုယ်ကိုနှင့် မည်သို့နှိုင်းယှဉ်ချိန်ဆရမည်ကို ကြည့်နိုင်သည်။ သင့်ထံတွင် ဤသရုပ်သကန်များ ရှိမရှိကို ကြည့်ရှုလော့။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောများအလယ်၌ နေထိုင်သောသူတိုင်း ဤအရာများကို ပိုင်ဆိုင်ထားကြသည်။ အကူအညီ‌လေးများ ပေးကမ်းခြင်း၊ လူတို့အား အထင်အမြင်မှားစေခြင်း၊ လူတို့ကို သိမ်းသွင်းစည်းရုံးခြင်းဟူသည့် ဤအရာများကို သင် မကြာခဏ လုပ်ဆောင်သည်မဟုတ်လော။ ထို့ပြင် သင်၏ ဆုကျေးဇူးများနှင့် အားသာချက်များကို ကြွားလုံးထုတ်ဖို့ အစွမ်းကုန်ကြိုးစားခြင်းသည်လည်း သင် မကြာခဏပြုလုပ်သည့် အရာတစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) အထူးသဖြင့် သင်တို့သည် သမ္မာတရားနှင့် ဆန့်ကျင်သည့် အရာတစ်ခုကို ပြုလုပ်သည့်အခါ၊ သင်တို့၏ အားနည်းချက်များနှင့် အမှားများက ပေါ်လွင်လာသောအခါနှင့် သင်တို့သည် ပြုပြင်ခြင်းခံရကာ အမှန်တကယ် မျက်နှာပျက်ရပြီး သင်တို့၏ဂုဏ်သိက္ခာ တစ်ခုမကျန် ဖျက်ဆီးခြင်းကို ခံရသောအခါ၌ပင် သင်တို့သည် အခြေအနေကို ကုစားရန်နှင့် လူတို့၏ စိတ်နှလုံးများထဲတွင် သင်၏နေရာနှင့် ဂုဏ်သိက္ခာကို ပြန်လည်ရယူရန်အတွက် ဤနည်းလမ်းများနှင့် နည်းနိဿယများကို အသုံးပြုခြင်းကဲ့သို့သော အရာများကို ပြုလုပ်ကြသည် မဟုတ်လော။ (ကျွန်ုပ်တို့သည် ဤအရာမျိုးတို့ကိုလည်း ပြုလုပ်ကြပါသည်။) သင်တို့သည် ဤအရာများကို ပြုလုပ်သောအခါ သိမြင်ခြင်းတစ်ခုတလေ ရှိပြီး ဤသည်မှာ လမ်းကြောင်းအမှားဖြစ်ကြောင်းနှင့် ဤအရာကို လုပ်၍မဖြစ်ကြောင်း ခံစားမိသလော။ မိမိကိုယ်ကိုအပြစ်တင်မှုကို ခံစားမိသလော။ ထိုအရာကို သင်တို့ မကြာခဏ ခံစားမှုမဲ့သလော သို့မဟုတ် သင်တို့သည် မိမိတို့ကိုယ်ကို အပြစ်တင်သော်လည်း သင်တို့၏ နာမည်ဂုဏ်သတင်းနှင့် ပုံရိပ်သည် သင်တို့အဖို့ အလွန် အရေးကြီးသောကြောင့် ဤအရာများကို မရည်ရွယ်ဘဲ တစ်နည်းနည်းဖြင့် ပြုလုပ်ရခြင်း ဟုတ်သလော။ မည်သည့်အရာ ဖြစ်သနည်း။ (ကျွန်ုပ်တို့ မရည်ရွယ်ဘဲ ပြုလုပ်ခြင်းဖြစ်ပါသည်။) သင်တို့သည် ယင်းတို့ကို မရည်ရွယ်ဘဲ ပြုလုပ်ခြင်းဖြစ်သည်ဆိုလျှင် မိမိတို့ကိုယ်ကို အပြစ်တင်မှုကို ခံစားရသလော။ သို့မဟုတ် ထိုသို့ လုံးဝမခံစားရဘဲ ထိုအရာတို့ကို ပြုလုပ်ပြီးသည်နှင့် တစ်ပြိုင်နက် ယင်းတို့ကို ပေါ့ပေါ့တန်တန် ယူဆပြီး သင် ယခင်ကပြုသည့်အတိုင်း ဆက်၍ပင် စားဝင်အိပ်ပျော်နေသ‌လော။ (ကျွန်ုပ်တို့သည် မိမိကိုယ်ကို အပြစ်တင်မိပါသည်။) သင်တို့သည် မိမိကိုယ်ကို အနည်းငယ် အပြစ်တင်သည်ဆိုပါက သိပ်မဆိုးလှပေ။ သင်တို့၏ ထုံထိုင်းခြင်းက ထိုမျှမနက်ရှိုင်းသေးခြင်းသာ ဖြစ်သည်ကို ထိုအရာက သက်သေပြသည်။ သိမြင်ခြင်းကို သင်တို့ ပိုင်ဆိုင်နေဆဲဖြစ်၏။ သိမြင်ခြင်းရှိသည့် လူတို့၌ ကယ်တင်ခြင်းခံရမည့် မျှော်လင့်ချက်ရှိပေသည်။ သိမြင်ခြင်းမရှိသောသူတို့တွင်မူ လူ့သဘာဝမရှိသဖြင့် ထိုသူတို့ အန္တရာယ်ရှိနေပေသည်။

ဂ။ လူတို့ကို အထင်အမြင်မှားစေရန်နှင့် သူတို့၏ အကောင်းမြင်ခြင်းကို ရရှိရန် အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုခြင်း

လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းဖို့အတွက် အန္တိခရစ်များက အခြား မည်သည့်နည်းနိဿယများကို ပုံမှန်အတိုင်း အသုံးပြုကြသနည်း။ နောက်ထပ် အခြေအနေတစ်ခု ရှိပြီး ယင်းမှာ အန္တိခရစ်များက မည်သည့်အရာ လုပ်ဆောင်နေသည်ဖြစ်စေ ဘုရားသခင်ရှေ့၌ မလုပ်ဘဲ လူတို့ရှေ့၌သာ ပြုလုပ်ကြသည်။ ယင်း၌ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ အဘယ်နည်း။ (လူတို့ကို ဆွဲဆောင်သိမ်းသွင်းရန် ဖြစ်ပါသည်။) ယင်းမှာ လူတို့၏ စိတ်နှလုံးများကို ဆွဲဆောင်သိမ်းသွင်းရန် ဖြစ်သည်။ အပြင်ပန်းတွင် ၎င်းတို့သည် အခြားသူများထက် ပို၍ ဒုက္ခခံစားလိုပြီး အဖိုးအခ ပေးလိုကြသည်။ ၎င်းတို့သည် အခြားသူများထက် ပို၍ ဝိညာဉ်သဘော ပိုရှိဟန်၊ ဘုရားသခင်ကို ပို၍ သစ္စာစောင့်သိဟန်ရှိပြီး မိမိတို့၏တာဝန်နှင့် ပတ်သက်၍ ပို၍ လေးနက်ထားဟန် ရှိကြသည်။ သို့သော် ၎င်းတို့ကို စောင့်ကြည့်မည့်သူ မည်သူမျှ မရှိသောအခါ ၎င်းတို့ ပြုမူလုပ်ဆောင်သည့်ပုံမှာ ထိုကဲ့သို့ မဟုတ်ပေ။ ထိုသို့ ပြုမူလုပ်ဆောင်ဖို့သည် ၎င်းတို့၏ စစ်မှန်သော ရည်ရွယ်ချက်မဟုတ်ပေ။ ထိုအစား ၎င်းတို့၌ ဖုံးကွယ်ထားသော ကြံရွယ်ချက် ရှိလေ၏။ ၎င်းတို့သည် အခြားသူများရှေ့တွင် ထိုကဲ့သို့ ပြုမူနေထိုင်ကြသောကြောင့် ၎င်းတို့ ပြုမူလုပ်ဆောင်နေသည်မှာ အဘယ်မျှ ကောင်းမွန်ကြောင်း၊ အမှန်တွင် သစ္စာစောင့်သိမှုဟူသည်မှာ ၎င်းတို့၏ အတွင်းစိတ်လှုံ့ဆော်မှု လုံးဝမဟုတ်သော်လည်း ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထိုကဲ့သို့သော သစ္စာစောင့်သိမှုဖြင့် လုပ်ဆောင်နေကြောင်း ထိုလူတို့ မြင်တွေ့ကြမည်ဖြစ်သည်။ ၎င်းတို့၏ ရည်ရွယ်ချက်မှာ ၎င်းတို့က သစ္စာစောင့်သိပြီး တာဝန်သိတတ်သည်ဟု လူတို့ကို မြင်စေရန် ဖြစ်သည်။ ၎င်းတို့သည် ဤပုံစံအတိုင်း အဖိုးအခပေးခြင်းဖြင့် အခြားသူများကို လုံးလုံးလျားလျား လက်ခံယုံကြည်အောင် စည်းရုံးကြသည်။ အကျိုးဆက်အနေဖြင့် အခြားလူတို့သည် ၎င်းတို့၏ ဦးဆောင်မှုကို လက်ခံရန်နှင့် ၎င်းတို့အနေဖြင့် မည်သည့်အမှားများကို ပြုလုပ်သည်ဖြစ်စေ ၎င်းတို့ကို ခွင့်လွှတ်ရန် ဆန္ဒရှိကြသည်။ ဤသည်မှာ မည်သည့်အပြုအမူမျိုး ဖြစ်သနည်း။ ဤသည်မှာ လူတို့ကို အထင်အမြင်မှားစေရန် အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုခြင်း ဖြစ်သည်။ ဤတွင် “အယောင်ဆောင်ဗန်းပြခြင်း” ဟူသည် မည်သည့်အရာကို ဆိုလိုသနည်း။ ကောင်းသောအပြုအမူများနှင့် သမ္မာတရားနှင့်ညီသည်ဟု ထင်ရသည့် ပြုမူဆောင်ရွက်မှုများကို ဆိုလိုသည်။ လူတို့ကို အထင်အမြင်မှားစေရန်နှင့် သူတို့၏ အကောင်းမြင်ခြင်းကို ရရှိရန်အတွက် သမ္မာတရားနှင့်ညီသည်ဟု ထင်ရသည့် အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုခြင်း၊ ဤအရာက ဤအပြုအမူ၏ ပင်ကိုလက္ခဏာများကို ပေါင်းရုံးဖော်ပြသည် မဟုတ်လော။ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ လူတို့၏ အကောင်းမြင်ခြင်းကို နောက်ဆုံးတွင် ရရှိရန် ဖြစ်သည်။ လူတို့သည် အန္တိခရစ်များအပေါ် အကောင်းမြင်ခြင်း ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် သူတို့အတွက် ရိုသေမှု အတန်အသင့်ရှိကြသည်။ အန္တိခရစ်များသည် ဤနည်းလမ်းကို အသုံးပြုရင်း ၎င်းတို့၏ စိတ်နှလုံးများထဲတွင် နေရာတစ်ခုခုကို သိမ်းပိုက်ရယူပြီး ဖြစ်ကြပေမည်။ ဥပမာအနေဖြင့် မိမိတို့၏တာဝန်အား ထမ်းဆောင်ရာ၌ အဖိုးအခပေးလိုစိတ်ရှိသည့် လူစားတစ်မျိုးရှိကာ အများအားဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် အတွေ့အကြုံကို အားထားကြပြီး၊ အဓိကကျသော စည်းမျဉ်းများ တစ်ခုကိုမျှ အခြေခံအားဖြင့် မချိုးဖောက်သော်လည်း သင်သည် သမ္မာတရား စည်းမျဉ်းများနှင့် ပတ်သက်၍ ၎င်းတို့နှင့် သင် မိတ်သဟာယပြုသောအခါ ၎င်းတို့က မည်သည့်အရာကို ပြောကြသနည်း။ “ဤအရာနှင့်ပတ်သက်၍ ကျွန်ုပ်ကို မိတ်သဟာယပြုစရာ မလိုပေ။ ငါ၏စိတ်ထဲတွင် ဤအရာများအားလုံး ရှိသည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ပြဿနာတစ်ခုကို အမှန်တကယ် ကြုံတွေ့ရသောအခါ မရှာဖွေသည်သာမက အခြားတစ်ဦးတလေ၏ ထင်မြင်ချက်များကို မဆိုထားနှင့်၊ ထိုသူ၏ အကြံဉာဏ်ကိုလည်း နားထောင်ဖို့ ငြင်းဆန်ကြသည်။ ၎င်းတို့ ကောင်းသည်ထင်သည့် မည်သည့်အရာကိုမဆို ပြုလုပ်ကြသည်။ အဖိုးအခပေးသောအခါ၊ ၎င်းတို့၏ လုပ်ဆောင်ချက်များက ၎င်းတို့ကို မြန်ဆန်ပြီး တိကျပြတ်သားသည့်အပြင် တန်ခိုးအာဏာတစ်ခုခု ပိုင်ဆိုင်သည်ဟု ထင်ရစေသောအခါ အခြားလူတို့က သူတို့၏စိတ်နှလုံးထဲ ၎င်းတို့ကို မည်ကဲ့သို့ ရှုမြင်ကြသနည်း။ ၎င်းတို့သည် ထိုသူတို့ကို အကောင်းမြင်ခြင်း ရှိသလော၊ မရှိဘူးလော။ အခြားသူများ၏ ရှု‌ထောင့်မှနေ၍ ၎င်းတို့သည် သမ္မာတရားကို သိသာထင်ရှားသော မည်သည့်နည်းလမ်းနှင့်မျှ မချိုးဖောက်သေးသည့်အပြင် အမှုအရာများကို ပြုလုပ်ပုံ၌ အလွန် ကျွမ်းကျင်ကြသည်။ မိမိတို့၏ တာဝန်များကို လုပ်ဆောင်ရာ၌ ၎င်းတို့၏ “သစ္စာစောင့်သိမှု” အဆင့်နှင့် ၎င်းတို့၏ အတွေ့အကြုံများသည် အခြားသူများကို လက်ခံယုံကြည်လာအောင် လုပ်ဖို့ လုံလောက်သည်။ လူတို့က “သူတို့ကို ကြည့်ပါ။ သူတို့သည် ဘုရားသခင်ကို နှစ်ပေါင်းများစွာ ယုံကြည်လာကြပြီဖြစ်ပြီး ဤတာဝန်ကို လုပ်ဆောင်ရင်း အတွေ့အကြုံ ရရှိပြီးဖြစ်သည်။ သူတို့သည် ဝါရင့်ကြပြီ။ ယင်းကို ငါတို့ မလုပ်ဆောင်နိုင်ပါ”ဟု စဉ်းစားကြသည်။ လူတို့က ၎င်းတို့အပေါ် အပြုသဘောဆောင်သော ထိုအမြင်မျိုးရှိသောအခါ ၎င်းတို့သည် ထိုလူတို့၏ စိတ်နှလုံးများထဲ၌ သြဇာသက်ရောက်မှု များစွာ ရှိသလော သို့မဟုတ် အနည်းငယ် ရှိသလော။ (များစွာ ရှိပါသည်။) များစွာရှိ၏။ ၎င်းတို့သည် ထိုသူတို့၏ စိတ်နှလုံးများထဲ၌ သြဇာသက်ရောက်မှု ရှိကြ၏။ လူအချို့သည် သမ္မာတရားကို မည်သည့်အခါမျှ မရှာဖွေကြ၊ တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သောကြောင့်ဖြစ်ပြီး တစ်စိတ်တစ်ပိုင်းအားဖြင့် ၎င်းတို့သည် သမ္မာတရား၌ စိတ်ဝင်စားမှု မရှိသောကြောင့်သာမက သမ္မာတရားကို လုံးဝ မချစ်ကြသည့်အပြင် သမ္မာတရားစည်းမျဉ်းများမှာ မည်သည့်အရာများ ဖြစ်ကြောင်း သိနားလည်မှု လုံးလုံးလျားလျား မရှိသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့တာဝန်များကို လုပ်ဆောင်ရန် မိမိတို့၏ တဒင်္ဂစိတ်အားထက်သန်မှု၊ မိမိတို့၏ကိုယ်ပိုင် ရည်ရွယ်ချက်ကောင်းများနှင့် နှစ်ကာလများ၏ အတွေ့အကြုံသက်သက်အပေါ် အမှီပြုကြသည်။ သို့ရာတွင် ၎င်းတို့သည် အခြားလူတို့အား ဤအရာများကို သိခွင့်မပေးလိုကြသဖြင့် ကြီးမားသော အားထုတ်ကြိုးပမ်းမှုကို စိုက်ထုတ်ဖို့နှင့် အဖိုးအခပေးဖို့ အစွမ်းကုန် ကြိုးစားကြသည်။ အကယ်၍ လူတစ်ဦးတစ်ယောက်က ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ကြောင်း၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ နားမလည်ကြောင်းနှင့် အမှုအရာများကို စည်းမျဉ်းများမပါဘဲ လုပ်ဆောင်ကြောင်း သိရှိသွားပါက ၎င်းတို့သည် လူတို့မြင်တွေ့ရန်အတွက် စွမ်းဆောင်ရရှိမှု အချို့ကို အလျင်အမြန် ထုတ်ဖော်ပြကြသည်။ ၎င်းတို့က “ကျွန်ုပ်၌ ဝိညာဉ်ရေးရာ သိနားလည်မှု အမှန်တကယ် ရှိမရှိကို ကြည့်၍ မြင်ကြလော့။ ကြည့်လော့။ ကျွန်ုပ်သည် စည်းမျဉ်းများဖြင့် အမှန်တကယ် ပြုမူခြင်းရှိမရှိ၊ ကျွန်ုပ်သည် သမ္မာတရားကို အမှန်တကယ် နားလည်ခြင်းရှိမရှိကို မြင်လော့” ဟု ဆိုကြသည်။ ၎င်းတို့ ဤကဲ့သို့ ပြုမူလုပ်ဆောင်သည်နှင့်အမျှ လူအတော်များများမှာ ၎င်းတို့ကြောင့် အထင်အမြင်မှားသွားကြသည်။ ၎င်းတို့က “ထိုလူတို့သည် သူတို့၏ တာဝန်များကို လုပ်ဆောင်ရာ၌ အတွေ့အကြုံ ရှိကြပြီး စည်းမျဉ်းများကို နားလည်ကြသည်။ ကျွန်ုပ်တို့မှာမူ နားမလည်သောသူများ ဖြစ်ကြသည်” ဟု ပြောကြသည်။ “ကျွန်ုပ်တို့သည် နားမလည်သောသူများ ဖြစ်ကြသည်” ဟူသည့် ဤပြောဆိုချက်က မည်သည့်အရာကို ထုတ်ဖော်သနည်း။ ယင်းက ၎င်းတို့သည် စိတ်နှလုံးထဲ၌ ထိုလူတို့၏ အပြင်ပန်း အပြုအမူကောင်းများကို အသိအမှတ်ပြုကြသည်ကို ထုတ်ဖော်သည်။ ဤအသိအမှတ်ပြုခြင်းသည် မည်သည့်အရာနှင့် ညီမျှသနည်း။ ယင်းမှာ ၎င်းတို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်သောသူများ၊ ဘုရားသခင်ကို ချစ်ပြီး ၎င်းတို့အပေါ် ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းကို ရရှိသော သူများဖြစ်သည်ဟု ထင်မြင်ခြင်းနှင့် ညီမျှသည်။ အခြားသူများက ထိုကဲ့သို့သော ပုံစံအတိုင်း ၎င်းတို့အား အကဲဖြတ်ခြင်းသည် ၎င်းတို့က လူတို့၏ စိတ်နှလုံးများထဲ၌ နေရာတစ်နေရာ သိမ်းပိုက်ရရှိသည့် သဘောသက်ရောက်သည် မဟုတ်လော။ ပို၍တိကျစွာ ဆိုရလျှင် ၎င်းတို့၌ သြဇာတိက္ကမတစ်မျိုး ရှိကြသည်ဟု ပြောနိုင်သည်။ သို့ဆိုလျှင် ဤသြဇာတိက္ကမက ၎င်းတို့အား မည်သည့်အရာကို ရရှိစေသနည်း။ ယင်းက အခြားသူများကို ၎င်းတို့အား ကြည်ညိုလေးစားသည်၊ ၎င်းတို့အား အထင်ကြီးစေပြီး ၎င်းတို့အပေါ်၌ပင် အမှီပြုစေသည်။ အခြားသူများသည် ၎င်းတို့အပေါ် မည်သို့ အမှီပြုကြသနည်း။ ၎င်းတို့၌ ပြဿနာတစ်ခု ရှိလျှင်ရှိချင်း ထိုသူတို့ကို ချက်ချင်းရှာကြသည်။ လူတစ်ဦးက “ဤသည်မှာ ကြီးမားသော အရေးကိစ္စ ဖြစ်ပြီး ယင်းကို ကျွန်ုပ်တို့ နားမလည်ပါ။ ကျွန်ုပ်တို့သည် အထက်ကို မေးသင့်သည်မဟုတ်လော” ဟု ပြောသည်ဆိုပါစို့။ ထိုအခါ အချို့က “မလိုပါ။ ကျွန်ုပ်တို့၏ ခေါင်းဆောင်ကိုပင် မေး၍ရသည်။ ကျွန်ုပ်တို့၏ ခေါင်းဆောင်က ထိုအရာကို အားလုံးနားလည်သည်”ဟု ပြောမည်ဖြစ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များသည် အများအားဖြင့် ၎င်းတို့၏ အလုပ်ဖြင့် မအားမလပ်ဖြစ်ကြပြီး မကောင်းမှု ပြုလုပ်ထားခြင်းမရှိသဖြင့် အကျိုးဆက်အားဖြင့် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး စည်းမျဉ်းများဖြင့် ပြုမူလုပ်ဆောင်သောလူများ အမှန်တကယ် ဖြစ်သည်ဟု လူတိုင်းက သူ၏စိတ်ထဲ၌ ထင်ကြသည်။ ဤခံယူချက်ကို သင်တို့ မည်ကဲ့သို့ နားလည်သဘောပေါက်ကြသနည်း။ အကယ်၍ လူတစ်ဦးသည် အပြင်ပန်းအားဖြင့် မကောင်းမှု မပြုလုပ်ထားလျှင် သူသည် သမ္မာတရားကို နားလည်သည်ဟု ဆိုလိုသလော။ သေချာပေါက် မဆိုလိုပေ။ မည်သူမဆို၏ သမ္မာတရား သိနားလည်မှုတွင် အကန့်အသတ်ရှိသည်။ အကယ်၍ သင်က ခေါင်းဆောင်များသည် အရာရာကို နားလည်သည်ဟု ယုံကြည်လျက် သင်၌ မည်သည့်ပြဿနာ ရှိလင့်ကစား၊ ဘုရားသခင်ကို ဆုမတောင်း၊ သူ့ထံမှ မရှာဖွေ၊ သို့မဟုတ် သူ၏ နှုတ်ကပတ်တော်များထဲ၌ မရှာဖွေဘဲ ထိုအရာနှင့်ပတ်သက်၍ ခေါင်းဆောင်တစ်ဦးထံ တန်းတန်းမတ်မတ် သွားမေးပါက ဤအရာသည် အမှုအရာများကို ကြန့်ကြာစေမည် မဟုတ်လော။ အကယ်၍ သင်သည် ခေါင်းဆောင်များ ပြောသည့်အရာကို အမြဲတမ်း လုပ်ဆောင်နေပြီး ၎င်းတို့ကို အမြဲတမ်း ကြည်ညိုလေးစားနေပါက အမှုအရာအချို့သည် မှားယွင်းကောင်း မှားယွင်းသွားပြီး အသင်းတော်၏အလုပ်အပေါ် ဆုံးရှုံးမှုများ ဖြစ်စေနိုင်ဖွယ် ရှိလေသည်။ ဤသည်မှာ လူတို့ကို ကိုးကွယ်စေခြင်းနှင့် ကြည်ညိုလေးစားခြင်းက လမ်းလွဲပြီး အမှားများလုပ်မိဖို့၊ သင့်ကိုယ်ပိုင် အသက်တာအပေါ်၊ ဘုရားသခင်၏ အိမ်တော်နှင့် အသင်းတော်၏ အလုပ်အပေါ် ဆုံးရှုံးမှုဖြစ်ပေါ်စေမိဖို့ အလွယ်ကူဆုံး နည်းလမ်းဖြစ်ရသည့် အကြောင်းရင်း ဖြစ်သည်။

လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းသည့် အန္တိခရစ်များ၏ အဓိကသရုပ်သကန် သုံးခုရှိ၏။ ပထမမှာ အကူအညီလေးများဖြင့် လူတို့ကို ဆွဲဆောင်သိမ်းသွင်းခြင်း ဖြစ်သည်။ ဒုတိယမှာ ၎င်းတို့၏ စွမ်းပကားများ၊ ဆုကျေးဇူးများနှင့် အရည်အချင်းများကို ကြွားလုံးထုတ်ပြခြင်း ဖြစ်သည်။ တတိယမှာ လူတို့ကို အထင်အမြင်မှားစေရန်နှင့် သူတို့၏ အကောင်းမြင်ခြင်းကို ရရှိရန် အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုခြင်း ဖြစ်သည်။ ဤသရုပ်သကန်များကို လူတိုင်း၌ တွေ့နိုင်လေသည်။ လူအချို့သည် အခြားလူများ မသိသည့် အတင်းအဖျင်းတချို့ကို မကြာခဏ ထုတ်ဖော်ပြောကြသည်၊ အကြောင်းအရာမျိုးစုံကို ပြောကြသည်၊ သို့မဟုတ် ထူးခြားသော၊ ပညာရှင်ဆန်သော ထင်မြင်ချက်များအချို့ကို မျှဝေပြောပြကြသည်။ ဤသည်ကို မည်သို့ခေါ်သနည်း။ “အဘွားအိုသည် နှုတ်ခမ်းနီဆိုးခြင်းမှာ သင် ကြည့်စရာတစ်ခုခုရှိစေရန် ဖြစ်သည်” ဟူသည့် အပိုင်းနှစ်ပိုင်းပါသော ဆိုရိုးစကားတစ်ခု ရှိ၏။ ဤလူတို့သည် မိမိတို့၏ စွမ်းရည်များကို ထုတ်ပြရန်နှင့် လူတို့၏ အထင်ကြီးမှုကို ရရှိရန် အမြဲ အလိုရှိကြသည်။ သို့သော်လည်း တစ်ခါတစ်ရံတွင် ၎င်းတို့သည် ဤအရာကို ကောင်းကောင်း မလုပ်နိုင်ကြဘဲ လူတို့က ၎င်းတို့၌ ချို့ယွင်းချက်များကို မြင်သောကြောင့် ၎င်းတို့သည် အခြေအနေကို ကုစားရန်အတွက် ၎င်းတို့တတ်နိုင်သမျှကို လုပ်ဆောင်ပြီး မသမာသောနည်းများဖြင့် ရှင်းချက်ထုတ်ရန် ကြိုးစားကြသည်။ ၎င်းတို့သည် မိမိတို့၏ အသိတရားနှင့် သမ္မာတရားကို ဆန့်ကျင်သည့် သို့မဟုတ် မိမိတို့၏တာဝန်များအား လုပ်ဆောင်ခြင်းနှင့် ဆက်စပ်မှုမရှိသည့် မည်သည့်အရာများကို ပြုလုပ်ထားသည်ဖြစ်စေ မည်သည့်အခါမျှ အမှားဝန်ခံတတ်ခြင်း သို့မဟုတ် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်တတ်ခြင်းနှင့် နောင်တရတတ်ခြင်း မရှိသည်သာမက ဤအရေးကိစ္စသည် အဘယ်မျှ ပြင်းထန်သည်ကို ၎င်းတို့ သဘောမ‌ပေါက်ဖူးကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့သည် မသမာသောနည်းများဖြင့် မိမိတို့ကိုယ်ကို ရှင်းချက်ထုတ်ရန် ကြိုးစားပြီး အမှုအရာများကို ရင်ကြားစေ့ပေးဖို့အတွက် နည်းလမ်းများကို ရှာဖွေရန် အပြင်းအထန် တွေးပြီး ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ ၎င်းတို့သည် အခြားသူများ၏ အမြင်၌ မိမိတို့၏ နာမည်ကောင်းရထားခြင်းက ရုတ်တရက်နှင့် အကြီးအကျယ် ဖျက်ဆီးတတ်သော ကျဆင်းခြင်း ကြုံရမည်စိုးသဖြင့် မစားနိုင်၊ မအိပ်နိုင် ဖြစ်သည်အထိပင် မိမိတို့၏ ရည်မှန်းချက်ပန်းတိုင်များကို ရရှိရန်အတွက် စိတ်မရှည်မှုဖြင့် ဆန္ဒစောနေကြသည်။ သာဓကအနေဖြင့် လူအချို့က ၎င်းတို့၏ အရေးအသား ကောင်းသည်၊ ၎င်းတို့သည် ကျွမ်းကျင်သော စာရေးသူများ ဖြစ်ကြသည်ဟု ထင်ကြသည်။ အချို့က ၎င်းတို့သည် ခေါင်းဆောင်ကောင်းများ ဖြစ်ကြသည်၊ ၎င်းတို့သည် အသင်းတော်ကို ထောက်မနေကြသော အဓိကလူများ ဖြစ်ကြသည်ဟု ထင်ကြသည်။ အခြားသူများက ၎င်းတို့သည် ကောင်းသောသူများ ဖြစ်ကြသည်ဟု ထင်ကြသည်။ ဤလူတို့က အကြောင်းရင်းတစ်ခုခုကြောင့် မိမိတို့၏ ကိုယ်ပိုင်ပုံရိပ်ကောင်းကို ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် ယင်းအတွက်အလို့ငှာ အကြံအစည်များစွာ ရင်းနှီးမြှုပ်နှံပြီး အဖိုးအခပေးကာ အခြေအနေကို ကုစားဖို့ကြိုးစားရင်း ဦးနှောက်ခြောက်အောင် စဉ်းစားကြသည်။ သို့သော် ၎င်းတို့သည် ရှက်စိတ် သို့မဟုတ် မိမိကိုယ်ကို အပြစ်တင်ခြင်း၊ သို့တည်းမဟုတ် ၎င်းတို့ လျှောက်ခဲ့ပြီးသည့် မှားယွင်းသော လမ်းကြောင်းများအတွက် သို့မဟုတ် သမ္မာတရားနှင့် ဆန့်ကျင်သည့် ၎င်းတို့ ပြုထားခဲ့သော အရာအမျိုးမျိုးအတွက် ဘုရားသခင်အား အကြွေးတင်ခြင်းကို မည်သည့်အခါမျှ မခံစားကြပေ။ ၎င်းတို့သည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် သူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် နည်းဗျူဟာမျိုးစုံကို အသုံးပြုကြသည်။ ဤသည်မှာ ဖန်ဆင်းခံတစ်ဦး၏ တာဝန်ကို လုပ်ဆောင်ခြင်း ဟုတ်သလော။ လုံးဝ မဟုတ်ချေ။ ထိုအရာမှာ အသင်းတော်ခေါင်းဆောင်များ ပြုလုပ်နေသင့်သော အလုပ်ဟုတ်သလော။ လုံးဝ မဟုတ်ပေ။ ၎င်းတို့သည် စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်လျက် မကောင်းမှုကို ပြုလုပ်ပြီး အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ကာ ဘုရားအိမ်တော်၏ အလုပ်ကို အဖျက်အမှောင့်လုပ်ခြင်းနှင့် နှောင့်ယှက်ခြင်းတို့ ပြုကြသည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများ၊ ၎င်းတို့လျှောက်သည့် လမ်းကြောင်းများနှင့် လူတို့ကို အထင်အမြင်မှားစေပြီး ထိန်းချုပ်သည့် အမျိုးမျိုးသော အပြုအမူများကို အခြေခံ၍ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ကို လုပ်ဆောင်နေခြင်းမရှိဘဲ ဘုရားသခင်၏ လူကို ကယ်တင်ခြင်းအလုပ်ကို ဖြိုဖျက်ခြင်းနှင့် အဖျက်အမှောင့်လုပ်ခြင်း၊ လူတို့အား ဘုရားသခင်ရှေ့မှောက်သို့ လာရောက်ခြင်းမှ တားဆီးခြင်းနှင့် လူတို့အား မိမိတို့၏လက်ထဲ၊ မိမိတို့၏ ထိန်းချုပ်မှုအောက်၌ ထားရှိဖို့ ကြိုးပမ်းနေကြခြင်း ရှိကြသည်။ ဤအရာများသည် အန္တိခရစ်တစ်ဦး၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများ မဟုတ်လော။ ယင်းနှင့်ပတ်သက်၍ သံသယဖြစ်စရာ မလိုပေ။ ဤသည်မှာ အန္တိခရစ်များက စာတန်၏ အခန်းကဏ္ဍကို အတိအကျ ကပြကြသည်ဟူသည့် လုံလောက်သော သက်သေဖြစ်သည်။ ၎င်းတို့လုပ်ဆောင်သည့် ဤအရာများကို သဘာဝဖြင့် အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် မိမိတို့လုပ်ဆောင်သင့်သည့် တာဝန်ကို ကောင်းစွာလုပ်ဆောင်ဖို့ ပျက်ကွက်နေကြရုံမက အမှန်တွင် ၎င်းတို့သည် စာတန်၏ အခန်းကဏ္ဍကို ကပြနေကြခြင်းဖြစ်သည်။ ၎င်းတို့ပြုလုပ်သမျှမှာ ဘုရားသခင်ကို သူရွေး‌ကောက်ထားသော လူတို့အတွက် လုံးလုံးလျားလျား တုပြိုင်ခြင်းဖြစ်သည်။ ဘုရားသခင်နှင့်ဆိုင်သော သိုးများသည် ဘုရားသခင်နောက်သို့ လိုက်သင့်ပြီး သူ၏ရယူခြင်းကို ခံရသင့်သည်။ သို့တစေ ဤလူတို့သည် အခြားသူများကို ဘုရားသခင်နောက်မလိုက်ရန် တားဆီးကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ သိုးများကို မိမိတို့၏လက်ထဲရောက်အောင် ယူငင်ပြီး ထိန်းချုပ်သည့်အပြင် လူတို့အား မိမိတို့ကို ကိုးကွယ်စေပြီး မိမိတို့နောက်သို့ လိုက်စေကြသည်။ ယင်းမှာ ၎င်းတို့လုပ်ဆောင်ချက်များ၏ သဘာဝဖြစ်၏။ ထိုသို့သော လူတို့ကို “ခေါင်းဆောင်များ”ဟု ခေါ်နိုင်သလော။ (မခေါ်နိုင်ပါ။) သို့ဆိုလျှင် ၎င်းတို့ကို ငါတို့ မည်သို့ခေါ်သင့်သနည်း။ (ဆိုးညစ်သော အစေခံများဟု ခေါ်သင့်သည်။) “ဆိုးညစ်သော အစေခံများ”မှာ သင့်တော်သော အမည်နာမဖြစ်သည်။ “အန္တိခရစ်များ” “ဆိုးညစ်သော အစေခံများ” ဤဂုဏ်ပုဒ်နှစ်ခုလုံးမှာ အဆင်ပြေမည် မဟုတ်လော။ ဤလူတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်ကို လုပ်ဆောင်ခြင်းဟူသည့် အောင်လံကိုလွှင့်ထူနေသော်လည်း ခေါင်းဆောင်တစ်ဦး လုပ်ဆောင်ရမည့်အရာကို မလုပ်ဆောင်ကြချေ။ ၎င်းတို့ လုပ်ဆောင်သည်မှာ ခေါင်းဆောင်တစ်ဦး၏ တာဝန်ထမ်းဆောင်ခြင်း လုံးဝ မဟုတ်၊ အန္တိခရစ်၏ အခန်းကဏ္ဍကို ပါဝင်လုပ်ဆောင်နေခြင်း၊ ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ရန်နှင့် ဖျက်ဆီးရန်အတွက် စာတန်ကိုယ်စား ရပ်တည်ခြင်းနှင့် ဘုရားသခင်ရွေးကောက်ထားသော လူတို့အား မှန်သောလမ်းခရီးကို ရှောင်ရှားအောင်၊ ဘုရားသခင်ကို ရှောင်ရှားအောင် အထင်အမြင်မှားစေခြင်းသာ ဖြစ်သည်။ ၎င်းတို့၏ လုပ်ဆောင်ချက်များနှင့် အပြုအမူများအားလုံးက စာတန်၏ စိတ်သဘောထားနှင့် သဘာဝကို ထုတ်ဖော်ပြီး လူတို့အား ဘုရားသခင်ကို ရှောင်စေခြင်း၊ သမ္မာတရားနှင့် ဘုရားသခင်ကို ငြင်းပယ်စေခြင်းနှင့် မိမိတို့ကို ကိုးကွယ်စေကာ နောက်လိုက်စေခြင်း ဟူသည့် ရလဒ်ကို စွမ်းဆောင်ရရှိကြသည်။ တစ်နေ့တွင် ၎င်းတို့သည် လူတို့အား လုံးလုံးလျားလျား အထင်အမြင်မှားစေပြီး သူတို့ကို မိမိတို့၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိစေပြီးသောအခါ လူတို့သည် ၎င်းတို့ကို စတင် ကိုးကွယ်ကာ နောက်သို့လိုက်ပြီး နာခံကြလိမ့်မည်ဖြစ်သည်။ ထိုအခါ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို အမိဖမ်းရာ၌ ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီး ဖြစ်မည်။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်များ ဖြစ်ကြသော်လည်း ၎င်းတို့အား ဘုရားသခင် အပ်နှံထားသည့် အလုပ်ကို မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ အလုပ်ကို မလုပ်ဆောင်ကြပေ။ ထိုအစား ၎င်းတို့သည် ဘုရားသခင် ရွေးကောက်ထားသော လူတို့အပေါ် ပစ်မှတ်ထားတိုက်ခိုက်လျက် သူတို့ကို အထင်အမြင်မှားစေခြင်း၊ သူတို့ကို လှောင်ပိတ်ခြင်းနှင့် သူတို့ကို ထိန်းချုပ်ခြင်းရှိကာ ဘုရားသခင်နှင့် သိသာထင်ရှားစွာ သက်ဆိုင်သည့် သိုးများကို မိမိတို့လက်ထဲ၊ မိမိတို့၏ ထိန်းချုပ်မှုအောက်သို့ သိမ်းယူကြသည်။ ၎င်းတို့သည် သူခိုးများနှင့် ဓားပြများ မဟုတ်လော။ ဘုရားသခင် ရွေးချယ်ထားသောလူတို့နှင့်ပတ်သက်၍ ဘုရားသခင်ကို ၎င်းတို့က ဤသို့တုပြိုင်ရာတွင် ၎င်းတို့သည် စာတန်၏ အစေခံများအဖြစ် အသုံးခံနေကြခြင်း ဖြစ်သည် မဟုတ်လော။ ထိုသို့သော အန္တိခရစ်များသည် ဘုရားသခင်၏ ရန်သူများ ဖြစ်ကြသည် မဟုတ်လော။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများ၏ ရန်သူများ ဖြစ်ကြသည် မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် တစ်ရာရာခိုင်နှုန်း ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်နှင့် သူရွေးကောက်ထားသော လူတို့၏ ရန်သူများ ဖြစ်ကြသည်။ ဤသည်ကို သံသယအရိပ်အယောင်တစ်ခုမျှ မရှိနိုင်လောက်အောင် ဖြစ်သည်။

ယခင် ငါသည် တရုတ်ပြည်မကြီးရှိ အသင်းတော်များအားလုံး၌ စကားပြောနေပြီး အမှုပြုနေခဲ့ချိန်တွင်၊ အသံဖမ်းခြင်းနှင့် တရားဒေသနာများအား ကူးယူခြင်းအတွက် တာဝန်ရှိခဲ့သော လူတစ်ဦးသည် ငါနှင့်အတူ ရှိခဲ့သည်။ ဤလူ၌ အတော်ပင် အထုံပါရမီရှိသည်။ သူ၌ ထက်မြက်သောဉာဏ်နှင့် မြန်ဆန်သောတုံ့ပြန်မှုများ ရှိသည်။ သို့သော် သူနှင့်ပတ်သက်၍ ဤအရာတစ်ခုရှိ၏။ သူသည် လူတို့ကြားချင်သည့် သာယာနာပျော်ဖွယ်ရာများကို ပြောရာ၌ အထူးကျွမ်းကျင်သည်။ အကယ်၍ သင်က တစ်စုံတစ်ခုသည် အရသာရှိသည်ဟု ပြောလျှင် သူက “နင် မှန်တယ်။ ငါစမ်းကြည့်ပြီးပြီ။ အရမ်းကောင်းတယ်” ဟု ဆိုလိမ့်မည်။ အကယ်၍ သင်က အပြင်၌ ပူနေသည်ဟု ဆိုလျှင် သူက “အသေအချာပဲ။ ငါတစ်ကိုယ်လုံး ချွေးပြန်နေပြီ” ဟု ဆိုလိမ့်မည်။ အကယ်၍ သင်က အပြင်၌ အေးနေသည်ဟု ဆိုလျှင် သူက “အေးတယ်နော်။ ငါတော့ သိုးမွေးစီထားတဲ့ ရှူးဖိနပ်တွေ ဝတ်ထားတယ်”ဟု ဆိုလိမ့်မည်။ သူသည် မှန်ကန်သောအရာ သို့မဟုတ် ရိုးသားသောအရာတစ်ခုကို ပြောဖို့ ဝန်ပိနေသည်။ သူသည် အမှန်တကယ် လိုက်စားသောသူတစ်ဦး ဖြစ်သကဲ့သို့ ထင်ရသော်လည်း အဖိုးအခပေးဖို့ တောင်းဆိုသည့်အရာတစ်ခု ပေါ်လာသောအခါ သူက ပုန်းကွယ်သည်။ ကောက်ကျစ်စဉ်းလဲပြီး လိမ်လည်လှည့်ဖြားတတ်သည်။ ယင်းမှာ သူဖြစ်သည့် လူစားမျိုး ဖြစ်၏။ အချို့က “အင်း ကိုယ်တော်သည် ထိုကဲ့သို့သော လူတစ်ဦးကို အဘယ့်ကြောင့် ရွေးချယ်ရသနည်း”ဟု မေးကောင်း မေးကြမည်ဖြစ်သည်။ သူ့ကို ငါ မရွေးချယ်ခဲ့ပေ။ ထိုအချိန်တွင် အခြေအနေများက ဆုံးဖြတ်ပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်အချိန်က သူကဲ့သို့သော လူတစ်ဦးကို ရှာတွေ့ဖို့ပင် ခက်ခဲကာ၊ အနည်းဆုံးအနေဖြင့် သူ၌ လျင်မြန်သောတုံ့ပြန်မှုများ ရှိခဲ့သည်။ ငါ စကားစပြောသောအခါတိုင်း သူက “အသံဖမ်း” ခလုတ်ကို နှိပ်ပြီးဖြစ်သည်။ သူသည် ငါ့နောက်သို့ နေရာအနှံ့လိုက်ပြီး တရားဒေသနာများကို အသံဖမ်းကာ ကူးယူခဲ့သည်။ သူသည် လက်တွေ့ကျသော အလုပ်ကို အတန်အသင့် လုပ်ဆောင်ခဲ့သည်။ သို့သော် ငါ၏မျက်မှောက်တွင် သူပြုမူခဲ့သည့်ပုံစံနှင့် အသင်းတော်ထဲတွင် သူလုပ်ဆောင်ခဲ့သည့် အရာများမှာ လုံးလုံးလျားလျား ခြားနားသော လူနှစ်ဦး၏ လုပ်ဆောင်ချက်များကဲ့သို့ ဖြစ်ခဲ့သည်။ ငါ၏မျက်မှောက်တွင် သူသည် အလွန် နာခံခြင်း၊ လိမ္မာခြင်း၊ ဇွဲကောင်းခြင်း၊ တာဝန်ကျေပွန်ခြင်းနှင့် တာဝန်သိခြင်းကို ဟန်လုပ်သော်လည်း အသင်းတော်၌ သူသည် တာဝန်ကို လုပ်ဆောင်သောအခါ ထိုကဲ့သို့ဟုတ်သလော။ သူသည် အထက်နှင့် ထိတွေ့သောအခါ ယင်းမှာ သူဖြစ်သည့်ပုံစံဖြစ်သည်ကို ထောက်ဆလျှင် သူသည် ဘုရားသခင်ရွေးကောက်ထားသော လူတို့ကြား၌ ရှိသောအခါလည်း ထိုကဲ့သို့ဟုတ်ခဲ့သလော။ ဤအရာနှင့်ပတ်သက်၍ သင်သည် သေချာသော အဖြေတစ်ခုကို ပေးဝံ့မည်လော။ သင် ပေးဝံ့မည်မဟုတ်ပေ။ သို့ဆိုလျှင် သင်သည် သူ၏တကယ့် အခြေအနေမှန်ကို မည်ကဲ့သို့ သိနိုင်မည်နည်း။ သိနိုင်ဖို့အတွက် သင်သည် သူနှင့်အတူ ထိတွေ့ဆက်ဆံဖို့ လိုမည်ဖြစ်သည်။ သင်သည် သူနှင့် တစ်ခဏမျှ ပေါင်းသင်းဆက်ဆံပြီးနောက်တွင် သူ၏ သဘာဝအနှစ်သာရ၌ရှိသော အရာတိုင်းက ပေါ်ထွက်လာမည် ဖြစ်သည်။ သူသည် အဆင့်အတန်းကို အထူးချစ်ပြီး အထူးသဖြင့် ဂုဏ်မောက်လေသည်။ သူသည် တစ်ဦးတလေနှင့် အတူရှိသောအခါတိုင်းတွင် သူ၏ အရင်းအနှီးအကြောင်း ပြောခြင်းနှင့် သူလုပ်ဆောင်နိုင်သည့် အရာများ၊ သူပြုလုပ်ခဲ့ပြီးသော အရာများ၊ သူ အဘယ်မျှလောက် ဒုက္ခခံခဲ့ပြီး သူအဘယ်မျှလောက် တော်သည် စသည်တို့အား ကြွားလုံးထုတ်ခြင်းကို အမှန်ပင် နှစ်သက်သည်။ သူသည် ဤအရာများကို ပြုလုပ်ပြီး ဤကဲ့သို့ တကယ့်ကို မကြာခဏ ပြောပြတတ်ကာ ငါရှိစဉ်ကနှင့် နှိုင်းယှဉ်ကြည့်လျှင် လုံးလုံးလျားလျား ခြားနားသော လူတစ်ဦး ဖြစ်သွားခဲ့သည်။ ထိုမျှမက သူ့ဘေးနားတွင်ရှိသော မည်သူမဆိုသည် ဘောင်ခတ်ခြင်းနှင့် အနိုင်ကျင့်ခြင်းကို ခံစားကြရပြီး ယင်းနှင့်ပတ်သက်၍ မည်သည့်အရာမျှ မပြောဝံ့ခဲ့ကြချေ။ ဤတွင် အကြီးမားဆုံး ပြဿနာမှာ အဘယ်နည်း။ သူသည် သူလုပ်ဆောင်နေခဲ့သည့် ဤအလုပ်အနည်းငယ်၊ သူလုပ်ဆောင်နေခဲ့သည့် ဤတာဝန်အနည်းငယ်ကို ယူကာ သူသွားသည့် နေရာတိုင်းတွင် ကြွားလုံးထုတ်ရန် အရင်းအနှီးအဖြစ် သဘောထားခဲ့သည်။ သူသည် ယင်းကို မည်သည့်အတိုင်းအတာအထိ ကြွားလုံးထုတ်ခဲ့သနည်း။ လူတိုင်းက သူ့ကို အထင်ကြီးခဲ့သည်၊ ကိုးကွယ်ခဲ့ကြပြီး အားကျခဲ့ကြလေသည်။ နောက်ဆုံးတွင် သူတို့က “ဤသူသည် ဘုရားသခင်အဖို့အလို့ငှာ များစွာ ဒုက္ခခံခဲ့ပြီ။ သူ၌ရှိသည့် ယုံကြည်ခြင်းနှင့် ဘုရားသခင်အတွက် သူထားရှိသည့် ချစ်ခြင်းမေတ္တာကိုသာ ကြည့်လော။ ကျွန်ုပ်တို့သည် သူ၏ဦးခေါင်းထက်က ဆံတစ်မျှင်မျှပင် မယှဉ်နိုင်ပါ။ ကျွန်ုပ်တို့သည် သူ့ထက် အလွန်နိမ့်ကျသည်” ဟု ဆိုကြသည်။ သူ့အကြောင်းကို လူတို့ အမြဲတမ်း ထုတ်ဖော်ပြောဆိုကြပြီး ငါ့ကို မမြင်တွေ့နိုင်သောသူတို့က သူ့အား မြင်တွေ့ခြင်းကို ငါ့အား မြင်တွေ့သကဲ့သို့ ဖြစ်သည်ဟု တွေးထင်ကြသည်။ လူတို့၏ အသိ၊ အတွေးများနှင့် စိတ်အာရုံများအပေါ် သူ၏ သြဇာလွှမ်းမိုးမှုက နောက်ဆုံးတွင် ဤအတိုင်းအတာအထိ ရောက်ရှိလေသည်။ ဤအဆင့်ထိရောက်ဖို့ သူသည် အမှုအရာ အတော်များများကို ပြောဆိုလုပ်ဆောင်ခဲ့ပြီး ဖြစ်ရမည် မဟုတ်‌လော။ မည်သည့်တာဝန်များကို သူလုပ်ဆောင်ခဲ့ပြီးကြောင်း ဖော်ထုတ်ပြောဆိုဖို့ စကားလုံးအနည်းငယ်ကိုသာ အသုံးပြုခဲ့ခြင်း မဟုတ်သည်မှာ ကျိန်းသေပြီး၊ ဤအရာများအကြောင်းကို အကျယ်တဝင့် ပြောဆိုခဲ့သည်မှာ ကျိန်းသေသည်။ ထို့ပြင် သူ၌ သူ၏ကိုယ်ပိုင် စေ့ဆော်မှုများနှင့် ရည်မှန်းချက်များ ရှိသည်။ သူသည် လူတို့ကို သွေးဆောင်ပြီး အထင်အမြင်မှားစေနိုင်သည့် အရာအချို့ကိုပြောလျက် လူတို့ကို သူ့အား ကိုးကွယ်စေကာ အဆုံး၌ သူ၏ ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိခဲ့သည်။ ဤသို့သောလူစားမျိုးနှင့် ပတ်သက်၍ သင်တို့ မည်သို့ ထင်သနည်း။ သူ့အနေဖြင့် မည်သို့ ပြုမူနေထိုင်ရမည်ကို သင်ယူသည်ဖြစ်စေ သို့မဟုတ် သမ္မာတရားကို ရရှိသည်ဖြစ်စေ ငါ၏နံဘေး၌ သူ၏တာဝန်အား လုပ်ဆောင်စေသည်မှာ သူ့အတွက် ကောင်းသောအရာတစ်ခု ဖြစ်လေသည်။ စောစီးစွာ စုံလင်အောင်ပြုလုပ်ပေးခြင်းခံရရန် သူ့အတွက် ထိုအရာက အခွင့်အရေးတစ်ခု ဖြစ်ခဲ့သည်။ ဝမ်းနည်းစရာမှာ သူသည် ဤအခွင့်အရေးကို တန်ဖိုးမထားခဲ့ပေ။ ဤအခွင့်အ‌ရေးသည် အဘယ်မျှ အဖိုးတန်ပြီး အလွန် အရေးပါကြောင်း မမြင်ခဲ့သည်သာမက ယင်းသည် သမ္မာတရားကို ရယူခြင်းနှင့် ဘုရားသခင်အား သိကျွမ်းခြင်းကို ရရှိခြင်းအတွက် လမ်းကြောင်း၊ အခြေခံအုတ်မြစ်နှင့် အရင်းအမြစ်ဖြစ်ကြောင်းကိုလည်း မမြင်ခဲ့ချေ။ ထိုအစား သူသည် လူအုပ်များထဲမှ ထင်ပေါ်ခြင်းနှင့် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းခြင်းဟူသည့် သူ၏ကိုယ်ပိုင် ရည်မှန်းချက်ပန်းတိုင်ကို စွမ်းဆောင်ရရှိဖို့အတွက် ဤအခွင့်အရေးကို အသုံးပြုခဲ့သည်။ ယင်းက ဒုက္ခပြဿနာ ဖြစ်သွားစေခဲ့သည်။ သူသည် မှားယွင်းသော လမ်းကြောင်းကို လျှောက်လှမ်းနေမိခဲ့သည်။ ငါ့ကိုပြောလော့၊ သူသည် အဘယ်မျှလောက် ဒုက္ခခံခဲ့ပြီးကြောင်း၊ သူ့အား ဘုရားသခင် အဘယ်သို့ လမ်းပြခဲ့ကြောင်း၊ သူ့အား ဘုရားသခင် အဘယ်သို့ သဘောထားပြုမူခဲ့ပြီး၊ သူ့အား ဘုရားသခင် အဘယ်သို့ စိတ်ချယုံကြည်ခဲ့သည်တို့နှင့် ဆိုင်သည့် စကားကို တကယ်ကို လက်လွတ်စပယ် ဖြန့်ဝေနေသည်နှင့်အမျှ ဤအရာ၌ တစ်ကိုယ်ရေကြံရွယ်ချက် ရှိကြောင်း သူ သတိပြုမိနိုင်သလော။ (ပြုမိနိုင်ပါသည်။) သူ သတိပြုမိသင့်သည်။ ယင်းမှာ သတိပြုဖို့ မဖြစ်နိုင်သော အရာတစ်ခု မဟုတ်ခဲ့ပေ။ ယင်းကို သူ သတိပြုနိုင်သည်ဆိုလျှင် သူ၏ ဒုစရိုက်အမှုများကို အဘယ့်ကြောင့် မထိန်းချုပ်နိုင်ခဲ့သနည်း။ သူက သမ္မာတရားကို မချစ်သောကြောင့် ဖြစ်သည်။ သူသည် သြဇာလွှမ်းမိုးမှုနှင့် အဆင့်အတန်းကိုသာ နှစ်သက်ခဲ့သည်။ သမ္မာတရားကို အမှန်တကယ်ချစ်သော လူတစ်ဦးသည် ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်သောအခါ၊ သူသည် အဘယ်သို့ ဒုက္ခခံခဲ့ပြီဖြစ်ကြောင်း သက်သေခံနေသောအခါ သူသည် မိမိကိုယ်ကိုအတွက် အပြစ်တင်ခြင်းနှင့် စွပ်စွဲခြင်းကို ခံစားရသည်။ သူ လုပ်ဆောင်ခဲ့သည့်အရာသည် ယုတ်ညံ့ပြီး ဘုရားသခင်ကို အတိုက်အခံလုပ်ခြင်းဖြစ်ကာ ယင်းကို သူထပ်၍ မပြုလုပ်သင့်ဟု ခံစားရသည်။ အနာဂတ်တွင် ယင်းကို ထပ်၍ ပြုလုပ်လိုသောအခါ မိမိကိုယ်ကို ချုပ်တည်းနိုင်ပြီး ထိုသို့သောအရာများအား ၎င်းတို့ ပြုလုပ်နေခြင်းကို အဆုံးသတ်နိုင်သည်။ ယင်းမှာ တကယ့်ကို ပုံမှန်ဖြစ်၏။ သို့သော် ထိုသို့သော အချိန်များတွင် အန္တိခရစ်များသည် ၎င်းတို့၏ အသိတရားက ၎င်းတို့ကို အပြစ်တင်လျှင်ပင် ၎င်းတို့၏ ပြင်းထန်သော ရည်မှန်းချက်နှင့် လိုအင်ဆန္ဒကို မထိန်းချုပ်နိုင်သည့်အပြင် ၎င်းတို့ ပြုပြင်ခြင်းခံရလျှင်ပင် သမ္မာတရားကို လက်ခံမည်မဟုတ်ပေ။ ၎င်းတို့၏ သဘာဝသည် အဘယ့်ကြောင့် အဖတ်ဆယ်၍မရအောင် ဖောင်းပွလာပြီး ထိန်းမနိုင်သိမ်းမရ ဖြစ်သွားရသနည်း။ (၎င်းတို့သည် သမ္မာတရားကို မချစ်သောကြောင့် ဖြစ်ပါသည်။) ၎င်းတို့၏ သဘာဝတွင် သမ္မာတရားကို ၎င်းတို့ မချစ်ကြပေ။ သို့ဆိုလျှင် ၎င်းတို့က မည်သည့်အရာကို ချစ်သနည်း။ (အဆင့်အတန်းကို ချစ်ကြသည်။) အဆင့်အတန်းက ၎င်းတို့ကို မည်သည့်အရာ ယူဆောင်ပေးမည်နည်း။ ယင်းက လူတို့အား ၎င်းတို့ကို ကိုးကွယ်စေမည်၊ ၎င်းတို့ကို လေးစားစေမည် ဖြစ်ပြီး ၎င်းတို့အား အားကျလာစေမည် ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့၏ ရည်မှန်းချက်ပန်းတိုင်မှာ ဘုရားနှင့် တူညီသော အဆင့်အတန်းနှင့် အရေးယူဆက်ဆံမှုကိုသာမက ဤအဆင့်အတန်းက ၎င်းတို့အား ယူဆောင်လာပေးသည့် ဂုဏ်သိက္ခာ၊ ပျော်ရွှင်မှုနှင့် ဝမ်းမြောက်ခြင်းတို့ကို မွေ့လျော်ဖို့ ဖြစ်လေသည်။ ယခုတင် ငါပြောခဲ့ပြီးသည့် အရာတိုင်းကို နားထောင်ပြီးနောက် စက်ဆုပ်ရွံရှာဖွယ် ကောင်းသည်ဟု သင်တို့ မခံစားရသလော။ (ခံစားရပါသည်။) ထိုသူလုပ်ဆောင်ခဲ့သည့် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ကောင်းသောအရာ နောက်ထပ်တစ်ခု ရှိသေးသည်။ နောက်ပိုင်းတွင် သူသည် ဖျားနာပြီး သူ၏ ဇာတိမြို့သို့ ပြန်သွားခဲ့ကာ ယင်းက သူသည် အဆင့်အတန်း၏ အကျိုးအမြတ်များကို မွေ့လျော်ထိုက်သည်ဟု ပို၍ပင် ခံစားစေခဲ့သည်။ ဤထင်မြင်ချက်၏ ထိန်းချုပ်မှုအောက်၌ ရှိနေစဉ် သူသည် မည်ကဲ့သို့ ပြုမူမည်ဟု သင်တို့ထင်သနည်း။ လူတို့အနေဖြင့် သူ့ကို ပို၍ပင် များပြားသော၊ ပိုကောင်းမွန်သော အရေးယူဆက်ဆံမှုကို ပေးရမည်ဟု သူ တောင်းဆိုမည်မဟုတ်လော။ (ဟုတ်ပါသည်။) ဤအရာကို သူ အဘယ့်ကြောင့် တောင်းဆိုခဲ့သနည်း။ ယင်းသည် လွန်ကဲသည် သို့မဟုတ် မလျော်ကန်ဟု သူ မခံစားခဲ့သလော။ သူက ထိုအရာနှင့် ထိုက်တန်သည်ဟု ခံစားခဲ့သည်။ သူက “ငါသည် ဘုရားနှင့် ငါ၏ ညီအစ်ကိုမောင်နှမများအဖို့ အလို့ငှာ မြောက်မြားစွာ ဆင်းရဲဒုက္ခခံရပြီး ဖြစ်သည်။ ဤအရာအတွက် ငါ ထိုက်တန်သည်။ ငါသည် များစွာ ဒုက္ခခံခဲ့ရသောကြောင့် နာမကျန်းဖြစ်လာခဲ့သဖြင့် ငါ၏ ညီအစ်ကိုမောင်နှမများက ငါ့ကို အစေခံရမည်” တွေးတောခဲ့သည်။ သူသည် ဖျားနာနေစဉ် မည်သည့်အရာမျှ မလုပ်ခဲ့ပေ။ တစ်နေကုန် အိပ်ယာထဲတွင်သာ လဲလျောင်းကာ အခြားသူများကို သူ့အား ဂရုစိုက်စေပြီး ကျွေးမွေးစေခဲ့သည်။ ထိုနေရာတွင် ကြာမြင့်စွာ လဲလျောင်းခဲ့ပြီးနောက်တွင် သူသည် စတင်ငြီးငွေ့လာသောကြောင့် လူတို့ကို အစားအသောက်များ ယူလာစေပြီး သူ၏ငြီးငွေ့ခြင်းကို သက်သာရာရစေဖို့ သူနှင့်အတူ အပြင်သွားစေခဲ့သည်။ ဤသည်မှာ အတော့်ကို စက်ဆုပ်ရွံရှာဖွယ်ကောင်းသည် မဟုတ်လော။ အကယ်၍ သူသည် အမှန်တကယ် ထိုမျှ ဖျားနာခဲ့လျှင် ယင်းမှာ သိပ်ကြီးကြီးမားမားကိစ္စ ဖြစ်မည်မဟုတ်ပေ။ အကယ်၍ သူသည် ထိုမျှ ဖျားနာခြင်း မရှိခဲ့လျှင် သူ၏အပြုအမူသည် တကယ့်ကို ဆင်ခြင်တုံတရား ချို့တဲ့လွန်းသည် မဟုတ်လော။

လူအချို့သည် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ အ‌တော်ပင် စိတ်အားထက်သန်ကြသည်ဟု ထင်ရသည်။ ၎င်းတို့သည် အသင်းတော်၏ အရေးကိစ္စများကို ဂရုစိုက်ပြီး စိတ်ဝင်စားရသည်ကို နှစ်သက်ကာ အမြဲရှေ့ရောက်ကြသည်။ သို့ဖြစ်လင့်ကစား ခေါင်းဆောင်များ ဖြစ်လာသည်နှင့် တစ်ပြိုင်နက် မမျှော်လင့်ဘဲ လူတိုင်းကို စိတ်ပျက်စေကြသည်။ ၎င်းတို့သည် ဘုရားသခင်ရွေးကောက်ထားသော လူတို့၏ လက်တွေ့ပြဿနာများကို ဖြေရှင်းရာ၌ အာရုံစိုက်ရမည့်အစား ၎င်းတို့၏ ကိုယ်ပိုင် ဂုဏ်သတင်းနှင့် အဆင့်အတန်းအဖို့အလို့ငှာ အစွမ်းကုန် ပြုမူလုပ်ဆောင်ကြသည်။ ၎င်းတို့သည် အခြားသူများကို မိမိတို့အား လေးစားအောင်လုပ်ဖို့အတွက် ကြွားဝါခြင်းကို နှစ်သက်ကြသည်။ ထို့ပြင် ၎င်းတို့သည် ဘုရားသခင်အတွက် မိမိကိုယ်ကို မည်ကဲ့သို့ အသုံးခံပြီး ဒုက္ခခံရသည်နှင့် ပတ်သက်၍ အမြဲတမ်း ပြောဆိုနေကြစေကာမူ သမ္မာတရားလိုက်စားခြင်းနှင့် ၎င်းတို့၏ အသက်ဝင်ရောက်မှု၌ အားထုတ်ကြိုးပမ်းမှု မပြုကြပေ။ ဤသည်မှာ ၎င်းတို့အပေါ် လူတိုင်း မျှော်လင့်သည့်အရာ မဟုတ်ချေ။ ၎င်းတို့သည် မိမိတို့၏ အလုပ်နှင့် မိမိတို့ဘာသာ မအားမလပ်ဖြစ်နေကြသော်လည်း၊ အခွင့်သင့်တိုင်း ကြွားဝါကြသော်လည်း၊ စကားများနှင့် အယူဝါဒများ အချို့ကို ဟောပြောကြသော်လည်း၊ လူအချို့၏ လေးစားမှုနှင့် ကိုးကွယ်မှုကို ရရှိကြသော်လည်း၊ လူတို့၏ စိတ်နှလုံးများကို အထင်အမြင်မှားစေပြီး၊ ၎င်းတို့၏ အဆင့်အတန်းကို ခိုင်မာစေကြသော်လည်း အဆုံးတွင် ဤအရာက မည်သည့်အရာ ဖြစ်လာသနည်း။ ဤလူတို့သည် အခြားသူများကို လာဘ်ထိုးဖို့ အကူအညီလေးများကို အသုံးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဆုကျေးဇူးများနှင့် အစွမ်းအစများကို ကြွားလုံးထုတ်သည်ဖြစ်စေ မထုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိုသို့ဖြင့် သူတို့၏ အကောင်းမြင်မှုကို ရရှိရန်အတွက် နည်းလမ်းအမျိုးမျိုးအား အသုံးပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ၊ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန်နှင့် ယင်း၌ နေရာတစ်ခု သိမ်းပိုက်ရရှိရန်အတွက် မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ ၎င်းတို့သည် မည်သည့်အရာကို ဆုံးရှုံးပြီးဖြစ်သနည်း။ ၎င်းတို့သည် ခေါင်းဆောင်တစ်ဦး၏ တာဝန်များကို လုပ်ဆောင်နေစဉ်တွင် သမ္မာတရားကို ရယူဖို့အခွင့်အ‌ရေး ဆုံးရှုံးသွားပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် ၎င်းတို့၏ သရုပ်သကန်အမျိုးမျိုးကြောင့် ၎င်းတို့၏ နောက်ဆုံး အဆုံးသတ်ကို ဖြစ်စေမည့် ဒုစရိုက်အမှုများကိုလည်း စုဆောင်းထားပြီး ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို လာဘ်ထိုးရန်နှင့် အမိဖမ်းရန်အတွက် အကူအညီလေးများကို အသုံးပြုသည်ဖြစ်စေ၊ သို့မဟုတ် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်သည်ဖြစ်စေ၊ သို့မဟုတ် လူတို့ကို အထင်အမြင်မှားစေဖို့ အယောင်ဆောင်ဗန်းပြခြင်းကို အသုံးပြုသည်ဖြစ်စေ၊ ထို့ပြင် ဤအရာ ပြုလုပ်ခြင်းအားဖြင့် ၎င်းတို့သည် အပြင်ပန်းတွင် အကျိုးအမြတ်မည်မျှနှင့် ကျေနပ်အားရမှုမည်မျှကို ရရှိသည်ဟု ထင်ရသည်ဖြစ်စေ၊ ယခု ကြည့်သည့်အခါ၊ ဤလမ်းကြောင်းမှာ မှန်ကန်သောလမ်းကြောင်း ဟုတ်သလော။ သမ္မာတရားကို လိုက်စားသည့်လမ်းကြောင်း ဟုတ်သလော။ မိမိ၏ ကယ်တင်ခြင်းကို ဆောင်ကြဉ်းပေးနိုင်သည့် လမ်းကြောင်း ဟုတ်သလော။ မဟုတ်သည်မှာ သိသာထင်ရှား၏။ ဤနည်းလမ်းများနှင့် လှည့်ကွက်များက အဘယ်သို့ ချက်ချာပါးနပ်သည်ဖြစ်စေ ၎င်းတို့သည် ဘုရားသခင်ကို မလှည့်ဖြားနိုင်သည့်အပြင် ၎င်းတို့အားလုံးသည် နောက်ဆုံးတွင် ဘုရားသခင်၏ ပြစ်တင်ရှုတ်ချခြင်းနှင့် ရွံရှာစက်ဆုပ်ခြင်းကို ခံကြရသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသို့သော အပြုအမူများ၏နောက်ကွယ်၌ ကွယ်ဝှက်ထားသည်မှာ လူ၏ ပြင်းထန်သော ရည်မှန်းချက်၊ ဘုရားသခင်အပေါ် ရန်ငြိုးဖွဲ့သော စိတ်သဘောနှင့် အနှစ်သာရပင် ဖြစ်သည်။ ဘုရားသခင်၏ စိတ်နှလုံးထဲတွင် သူသည် ဤလူတို့ကို မိမိတို့၏ တာဝန်များအား လုပ်ဆောင်နေသူများအဖြစ် မည်သည့်အခါမျှ လုံးဝ အသိအမှတ်ပြုမည် မဟုတ်။ ထိုအစား ၎င်းတို့ကို မကောင်းမှုပြုသူများအဖြစ် သတ်မှတ်မည်ဖြစ်သည်။ မကောင်းမှုပြုသူများကို ကိုင်တွယ်ဖြေရှင်းရာ၌ မည်သည့်စီရင်ချက်ကို ဘုရားသခင် ချမှတ်သနည်း။ “အဓမ္မအမှုကို ပြုသောသူတို့၊ ငါ့ထံမှဖယ်ကြ” ဟူ၍ ဖြစ်သည်။ ဘုရားသခင်က “ငါ့ထံမှ ဖယ်ကြ”ဟု ပြောသောအခါ သူသည် ထိုသို့သောလူတို့ကို မည်သည့်နေရာသို့ သွားစေချင်သနည်း။ သူသည် ထိုသူတို့ကို စာတန်ဆီသို့၊ စာတန်များအုပ်စု နေထိုင်သည့် နေရာများသို့ လွှဲပြောင်းပေးခြင်း ဖြစ်သည်။ ထိုသူတို့အတွက် နောက်ဆုံးအကျိုးဆက်က မည်သည့်အရာ ဖြစ်သနည်း။ ထိုသူတို့သည် ဆိုးညစ်သောဝိညာဥ်များ၏ သေသည့်တိုင်အောင် ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံရသည်။ ဆိုလိုသည်မှာ စာတန်၏ ဝါးမျိုခြင်းကို ခံရသည်။ ဘုရားသခင်သည် ဤလူတို့ကို အလိုမရှိ၊ ယင်းမှာ သူသည် ထိုသူတို့ကို ကယ်တင်မည်မဟုတ်၊ ထိုသူတို့သည် ဘုရားသခင်၏ နောက်လိုက်များမဆိုနှင့်၊ သူ၏သိုးများလည်း မဟုတ်ဟု ဆိုလိုခြင်းဖြစ်သည်။ ထို့ကြောင့် ထိုသူတို့သည် သူကယ်တင်မည့် သူများထဲ၌ မပါပေ။ ဤသည်မှာ ဤလူတို့ကို ဘုရားသခင် သတ်မှတ်သည့်ပုံစံ ဖြစ်သည်။ သို့ဆိုလျှင် အခြားသူများ၏ စိတ်နှလုံးများကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားခြင်း၏ သဘာဝမှာ မည်သည့်အရာပင် ဖြစ်သနည်း။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်နေခြင်း ဖြစ်၏။ အန္တိခရစ်တစ်ဦး၏ အပြုအမူနှင့် အနှစ်သာရပင် ဖြစ်၏။ ပို၍ပင်ဆိုးရွားသည်မှာ ဘုရားသခင် ရွေးချယ်ထားသော လူများအတွက် ဘုရားသခင်နှင့် တုပြိုင်ခြင်း အနှစ်သာရ ဖြစ်၏။ ထိုသို့သောလူတို့သည် ဘုရားသခင်၏ ရန်သူများဖြစ်ကြ၏။ ဤသည်မှာ အန္တိခရစ်များကို သတ်မှတ်ကာ အမျိုးအစားခွဲသည့်ပုံစံ ဖြစ်ပြီး လုံးဝ တိကျမှန်ကန်ပေသည်။

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။