အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည် (အခန်း တစ်)
အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်စပ်လျဉ်းသည့် ယနေ့၏ မိတ်သဟာယမှာ အချက်တစ်ဆယ့်နှစ်နှင့်ပတ်သက်၍ ဖြစ်ပေသည်။ ယင်းမှာ၊ ၎င်းတို့တွင် အဆင့်အတန်းမရှိသည့်အခါ သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည်ဟူ၍ ဖြစ်သည်။ ဤအချက်သည် အန္တိခရစ်တို့၏ စိတ်သဘောထားများနှင့်လည်း သက်ဆိုင်ပြီး ၎င်းတို့၏ တိကျသော သရုပ်သကန်များထဲမှ တစ်ခုဖြစ်သည်။ အပေါ်ယံ ရှုထောင့်အမြင်မှကြည့်လျှင် အန္တိခရစ်တစ်ဦးသည် အဆင့်အတန်းကင်းမဲ့ပြီး ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိပါက နောက်ဆုတ်ချင်ပေလိမ့်မည်။ ဤအရာနှစ်ခုကို ၎င်းတို့ ဆုံးရှုံးသည်နှင့်တစ်ပြိုင်နက် နောက်ဆုတ်ချင်ကြပေလိမ့်မည်။ အပေါ်ယံအဓိပ္ပာယ်သည် နားလည်ရန် အလွန်လွယ်ကူပုံရသည်၊ အလွန်ရှုပ်ထွေးခြင်းရှိပုံမရ သို့မဟုတ် စိတ်ကူးသက်သက်ဖြစ်ပုံမရပေ။ သို့သော် ဤနေရာတွင် တိကျသော သရုပ်သကန်များမှာ အဘယ်နည်း။ တစ်နည်းအားဖြင့်ဆိုသော် အန္တိခရစ်တစ်ဦးကို ၎င်း၏အဆင့်အတန်း သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်အပေါ် သက်ရောက်မှုတစ်ခုကြောင့် နောက်ဆုတ်ချင်စိတ်ဖြစ်ပေါ်စေသည့် အခြေအနေအမျိုးအစားများမှာ အဘယ်နည်း။ ဤသည်မှာ ခြေခြေမြစ်မြစ် မိတ်သဟာယဖွဲ့ရန် ထိုက်တန်သည့်အရာတစ်ခု ဟုတ်သလော။ အကယ်၍ ဤအကြောင်းအရာအပေါ် မိတ်သဟာယဖွဲ့ရန် သင်တို့ကို တောင်းဆိုခဲ့မည်ဆိုလျှင် ယင်း၏ တိကျသောအသေးစိတ်အချက်များနှင့် သရုပ်သကန်များအကြောင်း အဘယ်အရာကို သင်တို့ ပြောဆိုကြမည်နည်း။ လူအချို့က “ဤအကြောင်းအရာကို အကြိမ်များစွာ ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့ပြီး ဖြစ်ပါသည်။ အန္တိခရစ်တို့သည် အဆင့်အတန်းနှင့် အာဏာကို ချစ်မြတ်နိုးကြသည်၊ ၎င်းတို့သည် မြင့်မားသောဂုဏ်သိက္ခာကို နှစ်သက်ကြပြီး ယုံကြည်ခြင်းရှိရာတွင် ၎င်းတို့၏ပန်းတိုင်မှာ ကောင်းချီးခံစားရရန်၊ သရဖူဆောင်းရရန်နှင့် ဆုချီးမြှင့်ခံရရန် ဖြစ်သည်။ အကယ်၍ ဤမျှော်လင့်ချက်များ ပျက်စီးပြီး ဆုံးရှုံးသွားပါက ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ စိတ်ဝင်စားမှု ပျောက်ဆုံးသွားမည်ဖြစ်ပြီး ယုံကြည်ခြင်း ဆက်ရှိချင်တော့မည် မဟုတ်ပါ” ဟု ဆိုကောင်းဆိုနိုင်ပါသည်။ ဤအကြောင်းအရာနှင့်ပတ်သက်၍ သင်တို့၏ မိတ်သဟာယဖွဲ့ခြင်းသည် ဤစကားအနည်းငယ်မျှလောက်ပင် ရိုးရှင်းမည်လော။ (ရိုးရှင်းမည်ဖြစ်သည်။) အကယ်၍ ထိုသို့သာဖြစ်မည်ဆိုလျှင်၊ ဤမိတ်သဟာယဖွဲ့ခြင်းကို ဤဖော်ပြချက်အနည်းငယ်ဖြင့် အပြီးသတ်နိုင်မည်ဆိုလျှင် အန္တိခရစ်တို့၏ သရုပ်သကန်များနှင့်ဆိုင်သည့် ဤသွင်ပြင်လက္ခဏာသည် အန္တိခရစ်တို့၏ သရုပ်သကန်များနှင့်ပတ်သက်သည့် မိတ်သဟာယဖွဲ့ တသီတတန်းများတွင် ၎င်း၏ကိုယ်ပိုင်အခန်းကဏ္ဍတစ်ခုအဖြစ် ထည့်သွင်းရန် မထိုက်တန်သည့်အပြင် မည်သည့် သီးခြားသဘာဝအနှစ်သာရမျှနှင့်လည်း ထိုအရာက ဆက်စပ်မှုရှိမည်မဟုတ်ပေ။ သို့ရာတွင် ဤအချက်သည် အန္တိခရစ်တို့၏ အနှစ်သာရနှင့် စိတ်သဘောထားအပြင် ၎င်းတို့၏ ပုဂ္ဂိုလ်ရေးရာ လိုက်စားမှုများနှင့် ဖြစ်တည်မှုအပေါ် ရှုထောင့်အမြင်များနှင့် သက်ဆိုင်သောကြောင့် ထိုအရာသည် ကဏ္ဍစုံသော အကြောင်းအရာတစ်ခုဖြစ်ရပေမည်။ သို့ဆိုလျှင် အတိအကျ မည်သည့်အရာ ပါဝင်ပတ်သက်သနည်း။ ဆိုလိုသည်မှာ အန္တိခရစ်တို့ ကြုံတွေ့ရသည့် မည်သည့်ကိစ္စရပ်များက ၎င်းတို့၏ အဆင့်အတန်းနှင့်လည်းကောင်း၊ ကောင်းချီးများရရှိရန် မျှော်လင့်ချက်တို့နှင့်လည်းကောင်း သက်ဆိုင်သနည်း။ ဤကိစ္စရပ်များအပေါ် ၎င်းတို့၏ ရှုထောင့်အမြင်များ၊ အတွေးအခေါ်များနှင့် သဘောထားများမှာ အဘယ်နည်း။ ဤကိစ္စရပ်များအပေါ် ငါတို့၏ မိတ်သဟာယဖွဲ့ခြင်းနှင့် အမျိုးမျိုးသော ကိစ္စရပ်များအပေါ် အန္တိခရစ်တို့၏ ရှုထောင့်အမြင်များဆိုင်ရာ ငါတို့၏ ယခင်မိတ်သဟာယဖွဲ့ခြင်းများအကြား ထပ်တူကျမှုအချို့ ရှိမည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ယနေ့ မိတ်သဟာယဖွဲ့ခြင်း၏ အဓိကအချက်မှာ ကွဲပြားပြီး ယင်းက ပြဿနာကို မတူညီသော ရှုထောင့်တစ်ခုမှ ချဉ်းကပ်သည်။ ယနေ့ အန္တိခရစ်တို့က ၎င်းတို့၏ အဆင့်အတန်းနှင့် ကောင်းချီးများရရှိရန် မျှော်လင့်ချက်များကို ဆုံးရှုံးသောအခါ ပေါ်ပေါက်လာသည့် သရုပ်သကန်များအပေါ် ငါတို့ အတိအကျ မိတ်သဟာယဖွဲ့ကြမည်။ ဤမိတ်သဟာယဖွဲ့ခြင်းသည် အန္တိခရစ်တို့၏ လိုက်စားမှုနောက်ကွယ်တွင် မှားယွင်းသော ရှုထောင့်အမြင်တစ်ခု ရှိကြောင်းနှင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်ခြင်းက စစ်မှန်ခြင်းမရှိကြောင်း သက်သေပြနိုင်သည်။ ထို့အပြင် ဤလူတို့၌ အန္တိခရစ်တစ်ဦး၏ အနှစ်သာရကို အမှန်တကယ် ပိုင်ဆိုင်ကြောင်းကိုလည်း သက်သေပြနိုင်သည်။
၁။ ပြုပြင်ခံရခြင်းကို အန္တိခရစ်များ၏ ချဉ်းကပ်မှု
ပထမဦးစွာ၊ အန္တိခရစ်များက ပြုပြင်ခြင်းခံရသောအခါ ထင်ရှားစေသည့် အပြုအမူများ၊ ထိုသို့သောအခြေအနေများကို ၎င်းတို့ ကိုင်တွယ်ပုံ၊ ပြုပြင်ခြင်းအပေါ် ၎င်းတို့၏ သဘောထားများ၊ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များက အဘယ်အရာဖြစ်သည်၊ အတိအကျအားဖြင့် ၎င်းတို့ မည်သည့်အရာ ပြောဆိုပြုမူသည်ဟူသည်တို့ကို ငါတို့ တစ်ချက်ကြည့်ရှုသင့်သည်။ ဤကိစ္စရပ်များသည် ငါတို့ စိတ်ဖြာလေ့လာဆွေးနွေးပြီး ဆန်းစစ်ရန် ထိုက်တန်သည်။ ငါတို့သည် ပြုပြင်ခြင်းခံရခြင်းနှင့် သက်ဆိုင်သော အကြောင်းအရာများအပေါ် အတော်လေး မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်၊ ဤသည်မှာ သင်တို့အားလုံး ရင်းနှီးပြီးဖြစ်သော သာမန်အကြောင်းအရာတစ်ခု ဖြစ်သည်။ လူအများစုသည် အကြိမ်ပေါင်းများစွာ ပြုပြင်ခြင်းခံရပြီးနောက်တွင်သာ ပြောင်းလဲမှုတစ်ခုခုကို တွေ့ကြုံခံစားရသည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ကိုထမ်းဆောင်သောအခါ သမ္မာတရားကို ရှာဖွေနိုင်ပြီး ကိစ္စရပ်များကို စည်းမျဉ်းအတိုင်း ကိုင်တွယ်နိုင်ကြသည်။ ထိုအခါမှသာ ၎င်းတို့၏ ယုံကြည်ခြင်းသည် အသစ်တစ်ဖန် ပြန်လည်စတင်ပြီး သာ၍ကောင်းမွန်ဖို့အတွက် အပြောင်းအလဲတစ်ခုခု ဖြစ်ပေါ်လာသည်။ ပြင်းထန်စွာ ပြုပြင်ခြင်းခံရသည့် အဖြစ်အပျက်တိုင်းသည် လူတိုင်း၏ စိတ်နှလုံးထဲတွင် တံဆိပ်ခတ်နှိပ်ခံရသည်၊ ယင်းက မေ့ဖျောက်၍မရသော အမှတ်တရတစ်ခုကို ချန်ထားခဲ့သည်ဟု ဆိုနိုင်သည်။ ပြင်းထန်စွာ ပြုပြင်ခြင်းခံရသည့် အဖြစ်အပျက်တိုင်းသည် အန္တိခရစ်များအတွက်လည်း မေ့ဖျောက်၍မရသော အမှတ်တရတစ်ခုကို ချန်ထားခဲ့သည်မှာ အမှန်ပင်ဖြစ်သည်။ သို့သော် ကွာခြားချက်များမှာ အဘယ်နေရာ၌ ရှိသနည်း။ ဤအရာနှင့်ပတ်သက်၍ အန္တိခရစ်တို့၏ သဘောထားနှင့် အမျိုးမျိုးသော သရုပ်သကန်များအပြင် ဤအခြေအနေမှ ထွက်ပေါ်လာသော ၎င်းတို့၏ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များ၊ စိတ်ကူးများနှင့် ထိုသို့သောအရာများအားလုံးသည် သာမန်လူတစ်ဦး၏အရာများနှင့် ကွဲပြားပါသည်။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရသောအခါ သူလုပ်ဆောင်သည့် ပထမဆုံးသောအရာမှာ သူ၏ စိတ်နှလုံးအတွင်းထဲတွင် အတိုက်အခံဖြစ်ပြီး ငြင်းပယ်ခြင်းဖြစ်သည်။ သူသည် တွန်းလှန်တိုက်ခိုက်၏။ အဘယ်ကြောင့်နည်း။ ဤသည်မှာ အန္တိခရစ်များသည် ၎င်းတို့၏ တကယ့်သဘာဝအနှစ်သာရအရ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့သကဲ့သို့ မုန်းတီးသောကြောင့်၊ သမ္မာတရားကို လုံးဝ လက်မခံသောကြောင့်ဖြစ်သည်။ အလိုအလျောက်ပင် အန္တိခရစ်၏ အနှစ်သာရနှင့် စိတ်သဘောထားက ၎င်းတို့ကိုယ်တိုင်၏ အမှားများကို ၎င်းတို့အသိအမှတ် မပြုအောင်၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့အသိအမှတ် မပြုအောင် ပိတ်ပင်တားဆီးထားသည်။ ဤနှစ်ချက်ကို အခြေခံလျှင် ပြုပြင်ခံရခြင်းအပေါ် အန္တိခရစ်၏ သဘောထားသည် ယင်းကို အပြည့်အဝ၊ လုံးလုံး ငြင်းပယ်ခြင်းနှင့် အာခံခြင်းပင် ဖြစ်သည်။ ၎င်းတို့သည် ယင်းကို ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲမှ မုန်းတီးပြီး အတိုက်အခံပြုသည်။ အမှန်တကယ် ဆင်ခြင်သုံးသပ်ခြင်း၊ သို့မဟုတ် နောင်တရခြင်းတို့ ရှိဖို့ မဆိုထားနှင့်၊ လက်ခံခြင်း၊ သို့မဟုတ် နာခံခြင်းအရိပ်အယောင် အနည်းငယ်မျှပင် မရှိပေ။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရသောအခါ ယင်းကို မည်သူကလုပ်ဆောင်သည်ဖြစ်စေ၊ မည်သည့်အရာနှင့် သက်ဆိုင်သည်ဖြစ်စေ၊ အမှုကိစ္စအတွက် ၎င်းတို့ကို အပြစ်တင်သည့် ပမာဏက မည်မျှရှိသည်ဖြစ်စေ၊ ၎င်းတို့၏ အမှားက မည်မျှ ပေါ်လွင်သည်ဖြစ်စေ၊ ဆိုးယုတ်မှု မည်မျှကို ၎င်းတို့ကျူးလွန်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့၏ ဆိုးယုတ်မှုက အသင်းတော်၏ အလုပ်အတွက် မည်သည့်အကျိုးဆက်များကို ဖန်တီးသည်ဖြစ်စေ အန္တိခရစ်သည် ဤအရာတစ်ခုတလေကိုမျှ ထည့်မစဉ်းစားပေ။ အန္တိခရစ်တစ်ဦးအဖို့၊ သူ့ကို ပြုပြင်နေသူသည် သူတစ်ဦးတည်းကိုသာ ပြောဆိုနေခြင်း၊ သို့မဟုတ် သူ့ကို ညှဉ်းပန်းရန် အမှားများကို ရှာနေခြင်းဖြစ်သည်။ အန္တိခရစ်များက ၎င်းတို့သည် အနိုင်ကျင့်ခံရပြီး အရှက်ခွဲခံရသည်၊ လူသားတစ်ဦးအနေဖြင့် ဆက်ဆံခံရခြင်းမရှိသကဲ့သို့၊ သိမ်ငယ်အောင်ပြုလုပ်ခံရပြီး အထင်သေးခံရသည်ဟူ၍ပင် တွေးထင်နိုင်သည်။ အန္တိခရစ်များသည် ပြုပြင်ခံရပြီး နောက်တွင် ၎င်းတို့ အမှန်တကယ် မှားယွင်းစွာ လုပ်ဆောင်ခဲ့သည်မှာ မည်သည့်အရာ ဖြစ်သည်ကိုလည်းကောင်း၊ မည်သည့်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ၎င်းတို့ ဖွင့်ပြခဲ့သည်ကိုလည်းကောင်း၊ ၎င်းတို့ လိုက်နာသင့်သည့် စည်းမျဉ်းများကို ၎င်းတို့ ရှာဖွေခဲ့ခြင်း ရှိမရှိကိုလည်းကောင်း၊ သို့မဟုတ် ၎င်းတို့ ပြုပြင်ခြင်းခံရသည့် ကိစ္စတွင် သမ္မာတရားစည်းမျဉ်းများနှင့်အညီ ဆောင်ရွက်ခဲ့ခြင်းရှိမရှိ၊ သို့မဟုတ် ၎င်းတို့တာဝန်ကို ဖြည့်ဆည်းခဲ့ခြင်း ရှိမရှိကိုလည်းကောင်း မည်သည့်အခါမျှ ဆင်ခြင်စဉ်းစားကြည့်ခြင်း မရှိပေ။ ၎င်းတို့သည် ဤအရာတစ်ခုတလေနှင့်ပတ်သက်ပြီး ဆန်းစစ်ခြင်း၊ ဆင်ခြင်သုံးသပ်ခြင်း မရှိသကဲ့သို့ ဤပြဿနာများကို အချိန်ယူတွေးတောခြင်းနှင့် ဆင်ခြင်တွေးဆခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ပြုပြင်ခြင်းကို ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒ၊ တဇောက်ကန်းဖြစ်ခြင်းတို့နှင့်အညီ သဘောထားသည်။ အန္တိခရစ်များသည် ပြုပြင်ခံရသည့်အချိန်တိုင်းတွင် ဒေါသ၊ မနာခံခြင်းနှင့် မကျေမနပ်ဖြစ်မှုတို့ဖြင့် ပြည့်နေပြီး မည်သူ့ဆီက အကြံဉာဏ်ကိုမျှ နားထောင်မည်မဟုတ်ပေ။ ၎င်းတို့ ပြုပြင်ခံရခြင်းကို လက်ခံရန် ငြင်းဆန်ကြပြီး၊ မိမိတို့ကိုယ်ကိုနှင့်ပတ်သက်၍ သိရှိပြီး ပြန်လည်သုံးသပ်ရန်၊ ဝတ်ကျေတမ်းကျေ လုပ်ဆောင်ခြင်း၊ သို့မဟုတ် တာဝန်တွင် ရမ်းကားခြင်းကဲ့သို့သော စည်းမျဉ်းများကို ချိုးဖောက်သည့် ၎င်းတို့ လုပ်ရပ်များကို ကိုင်တွယ်ရန်အတွက် ဘုရားရှေ့မှောက်သို့ ပြန်လာရန် မတတ်နိုင်ကြသကဲ့သို့ ၎င်းတို့၏ ကိုယ်ပိုင်ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကိုဖြေရှင်းရန် ဤအခွင့်အရေးကိုလည်း အသုံးမပြုကြပေ။ ထိုအစား မိမိတို့ကိုယ်ကို ခုခံရန်၊ မိမိတို့ကိုယ်ကို သက်သေထူရန် ဆင်ခြေများရှာကြပြီး သဘောထားကွဲလွဲမှုကို ဆွပေးကာ သူတစ်ပါးတို့ကို လှုံ့ဆော်သည့်အရာများကိုပင် ပြောကြလိမ့်မည်။ တိုတိုပြောရလျှင်၊ အန္တိခရစ်များသည် ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့၏ တိကျသော သရုပ်သကန်များမှာ မနာခံခြင်း၊ မကျေနပ်ခြင်း၊ အတိုက်အခံပြုခြင်းနှင့် စောဒကတက်ခြင်းတို့ဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် စောဒကတက်မှုအချို့ ပေါ်ပေါက်လာသည်။ “ငါသည် ထိုမျှမြင့်မားသော အဖိုးအခကို ပေးဆပ်ခဲ့ပြီး အလွန်များပြားသော အလုပ်ကို လုပ်ဆောင်ခဲ့သည်။ အချို့အရာများတွင် ငါသည် စည်းမျဉ်းများကို မလိုက်နာခဲ့သော်လည်း သို့မဟုတ် သမ္မာတရားကို မရှာဖွေခဲ့သော်လည်း ဤအရာအားလုံးကို ငါ့အတွက် ငါလုပ်ဆောင်ခဲ့ခြင်း မဟုတ်ပါ။ အသင်းတော်၏အလုပ်အတွက် ပျက်စီးဆုံးရှုံးမှုအချို့ကို ငါဖြစ်စေခဲ့လျှင်ပင် ငါသည် တမင်တကာ ထိုသို့ပြုလုပ်ခဲ့ခြင်း မဟုတ်ပါ။ မည်သူသည် အမှားများကို မကျူးလွန်ဘဲ နေသနည်း။ သင်သည် ငါ၏အားနည်းချက်များကို ထည့်မစဉ်းစားဘဲ၊ ငါ၏စိတ်ခံစားချက် သို့မဟုတ် မိမိကိုယ်ကို လေးစားမှုအတွက် ဂရုမစိုက်ဘဲ ငါ၏အမှားများကို အမိအရအသုံးချကာ အတောမသတ်နိုင်အောင် ပြုပြင်နေ၍မရပါ။ ဘုရား၏အိမ်တော်သည် လူတို့အတွက် မေတ္တာမရှိသည့်အပြင် အလွန် တရားမမျှတပါ။ ထို့အပြင် သင်သည် ဤမျှသေးငယ်သော အမှားတစ်ခုပြုလုပ်ခြင်းအတွက် ငါ့ကို ပြုပြင်သည်၊ ဤသည်မှာ သင်က ငါ့ကို အမြင်မကြည်သော မျက်လုံးများဖြင့် ကြည့်ပြီး ငါ့ကို ဖယ်ရှားရှင်းလင်းလိုသည်ဟု ဆိုလိုခြင်း မဟုတ်လော” ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည် ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့၏စိတ်ထဲတွင်ရှိသည့် ပထမဆုံးအရာမှာ ၎င်းတို့ မှားယွင်းစွာလုပ်ဆောင်ခဲ့သည့်အရာ သို့မဟုတ် ၎င်းတို့ထုတ်ဖော်ခဲ့သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ဆင်ခြင်သုံးသပ်ရန်မဟုတ်ဘဲ ထင်ကြေးပေးမှုများ ပြုလုပ်ရင်း မိမိတို့ကိုယ်ကိုအတွက် ငြင်းခံကာ ရှင်းပြပြီး မိမိတို့ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ရန်ဖြစ်သည်။ အဘယ်ထင်ကြေးပေးမှုများ ဖြစ်သနည်း။ “ငါသည် ဘုရားသခင်၏ အိမ်တော်၌ ငါ၏တာဝန်ကိုထမ်းဆောင်ရာတွင် ဤမျှကြီးမားသော အဖိုးအခကို ပေးဆပ်ခဲ့ပြီး ပြုပြင်ခြင်းသာ ခံရသည်။ ငါ့အတွက် ကောင်းချီးများရရှိရန် မျှော်လင့်ချက် များများစားစား မရှိဟု ထင်ရသည်။ ဘုရားသည် လူတို့ကို ဆုချီးမြှင့်ရန် မလိုလားသဖြင့် လူတို့ကို ထုတ်ဖော်ရန်နှင့် ဖယ်ရှားရှင်းလင်းရန် ဤနည်းလမ်းကို သူအသုံးပြုခြင်းများ ဖြစ်နိုင်မည်လော။ အကယ်၍ ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိပါက ငါသည် အဘယ်ကြောင့် ကြိုးစားအားထုတ်ရမည်နည်း။ အဘယ်ကြောင့် အခက်အခဲများကို ငါ ကြံ့ကြံ့ခံရမည်နည်း။ ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောကြောင့် ငါသည် လုံးဝမယုံကြည်ဘဲ နေခြင်းက ပိုကောင်းမည်။ ဘုရားကိုယုံကြည်ခြင်း၏ ရည်ရွယ်ချက်မှာ ကောင်းချီးများရရှိရန် မဟုတ်လော။ ထိုအရာအတွက် မျှော်လင့်ချက်မရှိပါက ငါသည် အဘယ်ကြောင့် ငါ့ကိုယ်ငါ အသုံးခံသင့်သနည်း။ ငါသည် ယုံကြည်ခြင်းကို ရပ်တန့်ပြီး ဤအရာနှင့်ပတ်သက်၍ အဆုံးသတ်လိုက်လျှင် ကောင်းမည်။ အကယ်၍ ငါမယုံကြည်ပါက သင်သည် ငါ့ကို ပြုပြင်နိုင်သေးသလော။ အကယ်၍ ငါမယုံကြည်ပါက သင်သည် ငါ့ကို မပြုပြင်နိုင်ပါ”ဟူ၍ ဖြစ်သည်။ အန္တိခရစ်များသည် ဘုရားသခင်ထံမှ ပြုပြင်ခြင်းခံရခြင်းကို လုံးဝ လက်မခံနိုင်ကြပေ။ ၎င်းတို့သည် သင့်လျော်သော ရှုထောင့်နှင့် သဘောထားဖြင့် လက်ခံပြီး နာခံနိုင်ခြင်းမရှိပေ။ ၎င်းတို့သည် မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ သန့်စင်ခြင်းခံရနိုင်ရန်အလို့ငှာ ဤအရာမှတစ်ဆင့် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို နားလည်နိုင်ခြင်းမရှိပေ။ ထိုအစား ၎င်းတို့သည် ယုတ်ညံ့ပြီး ကျဉ်းမြောင်းသောစိတ်ဖြင့် ၎င်းတို့ပြုပြင်ခြင်းခံရခြင်း၏ ရည်ရွယ်ချက်ကို မှန်းဆပြီး လေ့လာကြသည်။ ၎င်းတို့သည် အခြေအနေ၏ တိုးတက်မှုကို သေချာစွာ စောင့်ကြည့်သည်၊ လူတို့စကားပြောသောအခါ ၎င်းတို့၏ လေသံများကို နားထောင်သည်၊ ၎င်းတို့ပတ်ဝန်းကျင်ရှိလူများ ၎င်းတို့ကို မည်သို့ကြည့်သည်၊ ၎င်းတို့အား မည်သို့စကားပြောသည်ဆိုသည်နှင့် ၎င်းတို့၏ သဘောထားကို စောင့်ကြည့်လေ့လာပြီး ၎င်းတို့၌ ကောင်းချီးခံစားရရန် မျှော်လင့်ချက်တစ်စုံတစ်ရာ ရှိမရှိ သို့မဟုတ် ၎င်းတို့အနေဖြင့် အမှန်တကယ် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရခြင်း ရှိမရှိဟူသည်တို့ကို အတည်ပြုရန် ဤအရာများကို အသုံးပြုသည်။ ၎င်းတို့ ပြုပြင်ခြင်းခံရသည့် ရိုးရှင်းသော အဖြစ်အပျက်တစ်ခုသည် အန္တိခရစ်တို့၏ စိတ်နှလုံးထဲတွင် ဤမျှကြီးမားသော ဂယက်ရိုက်မှုနှင့် ဤမျှများပြားသော ဆင်ခြင်တွေးတောမှုကို ဖြစ်ပေါ်စေသည်။ ပြုပြင်ခြင်းခံရသည့်အခါတိုင်း ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ ရွံရှာစက်ဆုပ်ခြင်းဖြစ်ပြီး ၎င်းတို့၏ စိတ်နှလုံးထဲတွင် ယင်းကို အလွန်အမင်း မနှစ်မြို့ကြ၊ ယင်းကို ငြင်းပယ်ပြီး တွန်းလှန်တိုက်ခိုက်သည်။ ပြီးလျှင် လူတို့၏ စကားနှင့် မျက်နှာအမူအရာကို ဆန်းစစ်ကာ ထို့နောက် ထင်ကြေးပေးမှုကို လုပ်ဆောင်ကြသည်။ ၎င်းတို့သည် အခြေအနေ၏ တိုးတက်ဖြစ်ပေါ်မှုကို စောင့်ကြည့်ရန်၊ ၎င်းတို့ပတ်ဝန်းကျင်ရှိလူများ ၎င်းတို့ကို မည်သို့ကြည့်သည်ကို စောင့်ကြည့်လေ့လာရန်နှင့် ၎င်းတို့အပေါ် အထက်လူကြီးများ၏ သဘောထားကို စောင့်ကြည့်လေ့လာရန် မိမိတို့၏ ဦးနှောက်များ၊ အတွေးအခေါ်များနှင့် မဖြစ်စလောက်သော ပါးနပ်မှုကို အသုံးပြုကြသည်။ ဤအရာများမှနေ၍ ၎င်းတို့၌ ကောင်းချီးခံစားရမည့် မျှော်လင့်ချက် မည်မျှကျန်ရှိသေးသည်၊ ကောင်းချီးခံစားရရန် မျှော်လင့်ချက်တစ်စွန်းတစ်စ ရှိမရှိ၊ သို့မဟုတ် ၎င်းတို့အနေဖြင့် အမှန်တကယ် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခြင်းခံရခြင်း ရှိမရှိဟူသည်တို့ကို ၎င်းတို့ တိုင်းတာဆုံးဖြတ်ကြသည်။ ၎င်းတို့ ထွက်ပေါက်မရှိသောအခါ အန္တိခရစ်များသည် တိကျသော အရင်းခံအကြောင်းတစ်ခု၊ မျှော်လင့်ချက်တစ်စွန်းတစ်စနှင့် အသက်ကယ်ကြိုးတစ်မျှင်ကို ရှာဖွေရန် ကြိုးစားလျက် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ထပ်မံ လေ့လာဆန်းစစ်ကြပြန်သည်။ အကယ်၍ ၎င်းတို့ ပြုပြင်ခြင်းခံရပြီးနောက် တစ်စုံတစ်ယောက်က ၎င်းတို့ကို နှစ်သိမ့်ပြီး ထောက်ပံ့ကာ ချစ်ခင်သော စိတ်နှလုံးဖြင့် ကူညီပါက ဤအရာများက ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်၏ အဖွဲ့ဝင်တစ်ဦးအဖြစ် မှတ်ယူခံရဆဲဖြစ်သည်ဟု ခံစားရစေသည်။ ၎င်းတို့အတွက် ကောင်းချီးခံစားရမည့် မျှော်လင့်ချက် ဆက်လက်တည်ရှိနေဆဲဖြစ်သည်၊ ၎င်းတို့၏ မျှော်လင့်ချက်သည် ခိုင်မာနေဆဲဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ပြီး နောက်ဆုတ်ဖို့ အတွေးတစ်ခုတလေကို ဖယ်ရှားပစ်လိမ့်မည်။ သို့ရာတွင် အခြေအနေသည် ပြောင်းပြန်ဖြစ်သွားပြီး ၎င်းတို့၏ ကောင်းချီးများရရှိရန် မျှော်လင့်ချက်များက ပါးလျလာကာ ပျောက်ကွယ်သွားသည်ကို ၎င်းတို့ မြင်တွေ့ရသည့်အခါ ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ “အကယ်၍ ငါ ကောင်းချီးများ မရနိုင်ပါက ဘုရားကို နောက်ထပ် ယုံကြည်တော့မည်မဟုတ်ပေ။ ဘုရားကို ယုံကြည်ခြင်းအား ချစ်မြတ်နိုးသူ မည်သူမဆို သူ့ကို ယုံကြည်နိုင်သည်၊ သို့သော် မည်သို့ပင်ဖြစ်စေ ငါသည် သင်တို့၏ ပြုပြင်ခြင်းကို လက်ခံမည်မဟုတ်၊ ငါ့ကို သင်တို့ပြုပြင်သောအခါ သင်တို့ပြောသမျှအားလုံး မှားယွင်းသည်။ ယင်းကို ငါ မကြားချင်၊ နားထောင်လိုစိတ်မရှိ၊ ယင်းသည် လူတစ်ဦးအတွက် အကျိုးအရှိဆုံးအရာဖြစ်သည်ဟု သင်တို့ ဆိုသည့်အခါ၌ပင် ငါသည် ပြုပြင်ခြင်းကို လက်ခံမည်မဟုတ်”ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ကောင်းချီးများရရှိရန် မျှော်လင့်ချက်များ မီးခိုးကဲ့သို့ လွင့်ပြယ်သွားသည်ကို ၎င်းတို့ မြင်သောအခါ၊ ၎င်းတို့ နှစ်ရှည်လများ လိုက်စားခဲ့သော အဆင့်အတန်းနှင့် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ရန် အိပ်မက်များ အချည်းနှီးဖြစ်ကာ ဆုံးရှုံးတော့မည်ကို ၎င်းတို့ မြင်သောအခါ မိမိတို့၏ လိုက်စားပုံနည်းလမ်းကို ပြောင်းလဲရန် သို့မဟုတ် မိမိတို့လိုက်စားသော ပန်းတိုင်များကို ပြောင်းလဲရန် မစဉ်းစားဘဲ ထွက်ခွာရန်နှင့် နောက်ဆုတ်ရန် စဉ်းစားကြလေသည်။ ၎င်းတို့သည် ဘုရားသခင်ကို နောက်ထပ် ယုံကြည်လိုစိတ်မရှိတော့ဘဲ ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကောင်းချီးခံစားရရန် မျှော်လင့်ချက်တစ်စုံတစ်ရာ မရှိတော့ဟု တွေးထင်ကြသည်။ အန္တိခရစ်များအဖို့ ဘုရားသခင်ကို ၎င်းတို့ စတင်ယုံကြည်ခဲ့ချိန်တွင် ရရှိလိုခဲ့သော ဆုလာဘ်များ၊ ကောင်းချီးများနှင့် သရဖူများဆိုင်ရာ ၎င်းတို့၏ စိတ်ကူးယဉ်အိပ်မက်များနှင့် မျှော်လင့်ချက်များ ပျောက်ကွယ်သွားပါက ဘုရားသခင်ကို ယုံကြည်ခြင်းအတွက် ၎င်းတို့၏ စေ့ဆော်မှုသည် ပျောက်ကွယ်သွားသည့်အပြင် ဘုရားသခင်အတွက် မိမိတို့ကိုယ်ကို အသုံးခံရန်နှင့် မိမိတို့၏ တာဝန်ကိုထမ်းဆောင်ရန် ၎င်းတို့၏ စေ့ဆော်မှုသည်လည်း ပျောက်ကွယ်သွားသည်။ ၎င်းတို့၏ စေ့ဆော်မှု ပျောက်ကွယ်သွားသောအခါ ၎င်းတို့သည် အသင်းတော်၌ ဆက်လက်နေထိုင်လိုစိတ်မရှိတော့သကဲ့သို့ ဤနည်းအတိုင်း ဆက်လက်၍ ရှေ့မဆက်နိုင်တော့ဘဲ ၎င်းတို့၏ တာဝန်ကို စွန့်လွှတ်ပြီး အသင်းတော်မှ ထွက်ခွာလိုကြသည်။ ဤသည်မှာ အန္တိခရစ်များ ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့ စဉ်းစားသမျှဖြစ်ပြီး ၎င်းတို့၏ သဘာဝအနှစ်သာရက လုံးဝ ဖော်ထုတ်ခြင်းခံရလေသည်။ ခြုံငုံကြည့်လျှင် ၎င်းတို့ပြောသည့်အရာနှင့် ၎င်းတို့လုပ်ဆောင်သည့်အရာနှစ်ခုစလုံးတွင် အန္တိခရစ်များသည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံပေ။ သမ္မာတရားကို လက်မခံခြင်း စိတ်သဘောထားသည် အဘယ်နည်း။ ယင်းသည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ခြင်း မဟုတ်လော။ ထိုသို့ပင် အတိအကျဖြစ်သည်။ ပြုပြင်ခြင်းခံရသည့် ရိုးရှင်းသောလုပ်ရပ်သည် သူ့ဘာသာအားဖြင့် လက်ခံရန် အတော်အတန် လွယ်ကူသည်။ ပထမဦးစွာ၊ ၎င်းကို ပြုပြင်သောသူဘက်တွင် မကောင်းသောစိတ်ဆန္ဒ မရှိပေ။ ဒုတိယအနေဖြင့်၊ အန္တိခရစ်များ ပြုပြင်ခြင်းခံရသည့် ကိစ္စရပ်များအရ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် ဘုရားအိမ်တော်၏ စီစဉ်မှုများနှင့် သမ္မာတရားစည်းမျဉ်းများကို ဆန့်ကျင်ခဲ့သည်မှာ သေချာသည်။ ၎င်းတို့၏ အလုပ်တွင် အမှား သို့မဟုတ် ပေါ့ဆမှုတစ်ခုရှိခဲ့ပြီး ယင်းက အသင်းတော်၏အလုပ်အတွက် နှောင့်ယှက်မှုနှင့် အဖျက်အမှောင့်လုပ်ခြင်းကို ဖြစ်စေခဲ့သည်။ ၎င်းတို့သည် မိမိတို့၏ လူ့စိတ်ဆန္ဒ ရောနှောခြင်းကြောင့်၊ မိမိတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြောင့်၊ သမ္မာတရားစည်းမျဉ်းများကို နားလည်မှုကင်းမဲ့လျက် မဆင်မခြင် ပြုမူသောကြောင့် ပြုပြင်ခြင်းခံရသည်။ ဤသည်မှာ အလွန်သာမန်ဖြစ်သောအရာတစ်ခု ဖြစ်သည်။ ကမ္ဘာလောကတစ်ခုလုံးတွင် မည်သည့်ကြီးမားသော အဖွဲ့အစည်းမဆို၊ မည်သည့်အုပ်စု သို့မဟုတ် ကုမ္ပဏီမဆို စည်းမျဉ်းစည်းကမ်းများ ရှိပြီး ဤစည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်သူ မည်သူမဆို အပြစ်ပေးခံရမည်ဖြစ်ပြီး ထိန်းကျောင်းခြင်း ခံရမည်ဖြစ်သည်။ ဤသည်မှာ လုံးဝ သာမန်ဖြစ်ပြီး လုံးဝ သင့်လျော်သည်။ သို့ရာတွင်၊ အန္တိခရစ်တစ်ဦးသည် စည်းမျဉ်းစည်းကမ်းများကို ချိုးဖောက်ခြင်း၏ အကျိုးဆက်အဖြစ် သင့်လျော်စွာ စည်းကမ်းထိန်းသိမ်းခြင်းခံရခြင်းကို အခြားသူများက သူ့အတွက် အခက်အခဲဖြစ်အောင် လုပ်ဆောင်နေခြင်းအဖြစ်၊ သူ့ကို ညှဉ်းပန်းနှိပ်စက်နေခြင်းအဖြစ်၊ သူ၏ အမှားကိုရှာနေခြင်းနှင့် သူ့အတွက် ဒုက္ခဖြစ်စေနေခြင်းအဖြစ် မှတ်ယူလေသည်။ ယင်းသည် သမ္မာတရားကို လက်ခံသည့် သဘောထား ဟုတ်သလော။ အလွန်သိသာရှင်းလင်းစွာပင် မဟုတ်ပေ။ သမ္မာတရားကို လက်ခံသည့် သဘောထားမရှိဘဲ ဤသို့သောလူတစ်ဦးအတွက် မိမိ၏တာဝန်ကို ထမ်းဆောင်ရာ၌ အမှားများကျူးလွန်ခြင်းနှင့် နှောင့်ယှက်မှုများ၊ အဖျက်အမှောင့်လုပ်ခြင်းများကို ဖြစ်စေခြင်းမှ ရှောင်ရှားရန် ဖြစ်နိုင်သလော။ သေချာပေါက် မဖြစ်နိုင်ပေ။ ဤသို့သောလူစားမျိုးသည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ကောင်းစွာ သင့်တော်သလော။ တိကျစွာပြောရလျှင် ၎င်းတို့ မသင့်တော်ပေ။ ဤသို့သောလူစားမျိုးသည် မည်သည့်အလုပ်တာဝန်တွင်မဆို အရည်အချင်းပြည့်မီရန် ခဲယဉ်းပေသည်။
တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းသည် ဘုရားသခင်က သူ၏ ရွေးချယ်ထားသော လူများအား ၎င်းတို့ကိုယ်တိုင် လေ့ကျင့်နိုင်ရန်အလို့ငှာ ပံ့ပိုးပေးသည့် အခွင့်အရေးတစ်ခုဖြစ်သော်လည်း လူတို့သည် ဤအရာကို တန်ဖိုးထားရန် မသိကြပေ။ ထိုအစား ၎င်းတို့ ပြုပြင်ခြင်းခံရသောအခါ ဒေါသဖြင့် အော်ဟစ်သောင်းကျန်းကြသည်။ ၎င်းတို့သည် ယင်းကို တွန်းလှန်တိုက်ခိုက်ပြီး ဆန့်ကျင်၍ အော်ဟစ်ကြွေးကြော်ကြသည်။ ၎င်းတို့သည် မကျေမချမ်းဖြစ်ကာ အာခံကြသည်။ အမှားများ တစ်ခါမျှ မကျူးလွန်ဖူးသော သန့်ရှင်းသူများသဖွယ် ၎င်းတို့ ဖြစ်နေသည်။ ဖောက်ပြန်ပျက်စီးသော လူသားများအကြားတွင် မည်သူသည် အမှားများ မကျူးလွန်ဘဲ ရှိနေသနည်း။ အမှားများကျူးလွန်ခြင်းသည် အလွန်သာမန်ဖြစ်သောအရာတစ်ခု ဖြစ်သည်။ ဘုရားအိမ်တော်သည် သင့်ကို နှုတ်ဖြင့်သာ ပြုပြင်နေခြင်းဖြစ်သည်၊ ယင်းက သင့်ကို တာဝန်ယူစေခြင်းမဟုတ်၊ သို့မဟုတ် ဤအတွက် သင့်ကို ပြစ်တင်ရှုတ်ချနေခြင်းမဟုတ်၊ သင့်ကို ကျိန်ဆဲနေခြင်းမှာ သာ၍ပင် မဟုတ်ပေ။ တစ်ခါတစ်ရံ ဤပြုပြင်ခြင်းသည် အတော်အတန် ပြင်းထန်နိုင်သည်၊ စကားလုံးများသည် စူးရှခြင်း သို့မဟုတ် နားကြားမကောင်းခြင်း ရှိနိုင်ပြီး သင်၏ စိတ်ခံစားချက်များ ထိခိုက်ကောင်းထိခိုက်နိုင်သည်။ ဘုရားအိမ်တော်၏ ငွေကြေး သို့မဟုတ် ပစ္စည်းကိရိယာများကို ပျက်စီးစေခဲ့သောသူတို့သည် ဒဏ်ငွေများအသုံးပြုခြင်းဖြင့် သို့မဟုတ် လျော်ကြေးတောင်းဆိုခြင်းဖြင့် ဘုရားအိမ်တော်၏ ဆုံးမပဲ့ပြင်ခြင်းကို ခံရလိမ့်မည်၊ ယင်းမှာ ပြင်းထန်သည်ဟု သတ်မှတ်သလော။ သို့မဟုတ် ယင်းကို သင့်လျော်သည်ဟု မှတ်ယူနိုင်ပါသလော။ သင့်ကို နှစ်ဆလျော်ကြေးပေးရန် တောင်းဆိုခြင်းမရှိသကဲ့သို့ သင့်ကို ခြိမ်းခြောက်ငွေညှစ်နေခြင်းလည်း မဟုတ်ဘဲ သင်သည် တူညီသောပမာဏကိုသာ ပြန်လည်ပေးဆပ်ရန် လိုအပ်သည်။ ယင်းမှာ အလွန် သင့်လျော်သည် မဟုတ်လော။ ဤသည်မှာ ကမ္ဘာပေါ်ရှိ အချို့နိုင်ငံများတွင် ပေးဆောင်ရသော ဒဏ်ငွေများထက် များစွာ ပေါ့တန်သည်။ အချို့မြို့ကြီးများတွင် သင်သည် မြေကြီးပေါ် တံတွေးထွေးခြင်း သို့မဟုတ် စက္ကူစတစ်ရွက် လွှင့်ပစ်ခြင်းအတွက်ပင် ဒဏ်ငွေကြီးစွာ ရိုက်ခံရလိမ့်မည်။ သင်သည် ဤအရာကို အာခံနိုင်မည်လော၊ သို့မဟုတ် ဒဏ်ငွေပေးဆောင်ရန် ငြင်းဆန်နိုင်မည်လော။ အကယ်၍ သင်ငြင်းဆန်ပါက ထောင်ကျဖွယ်ရှိပြီး ပို၍ပင် ပြင်းထန်သော ဥပဒေရေးရာ ပြစ်ဒဏ်များ ရှိပေလိမ့်မည်။ ထိုသို့သော စနစ်ဖြစ်သည်။ လူအချို့သည် ဤအရာကို နားမလည်ကြဘဲ ဘုရားအိမ်တော်၏ ဤနည်းလမ်းဖြင့် ပြုပြင်ခြင်းသည် အလွန်ပြင်းထန်သည်၊ လူတို့ကို ဤသို့ စည်းကမ်းထိန်းသိမ်းခြင်းသည် အလွန်တင်းကျပ်လွန်းသည်ဟု ထင်ကြသည်။ အကယ်၍ ထိုသို့သောလူများသည် အနည်းငယ်ပို၍ ပြင်းထန်သောပုံစံဖြင့် ပြုပြင်ခြင်းခံရပြီး ၎င်းတို့၏မာန ထိခိုက်ကာ ၎င်းတို့၏စာတန်ဆန်သောသဘာဝ လှုံ့ဆော်ခံရပါက ၎င်းတို့သည် ဤအရာကို သည်းမခံနိုင်ဟူ၍လည်းကောင်း၊ ယင်းသည် ၎င်းတို့၏ အယူအဆများနှင့် မကိုက်ညီဟူ၍လည်းကောင်း ခံစားရလေသည်။ ဤသည်မှာ ဘုရားအိမ်တော်ဖြစ်သောကြောင့် လူတို့ကို ဤနည်းလမ်းဖြင့် မဆက်ဆံသင့်၊ ဘုရားအိမ်တော်သည် အကြိမ်တိုင်းတွင် သည်းခံခြင်းနှင့် စိတ်ရှည်ခြင်းကို ကျင့်သုံးသင့်ပြီး လူတို့ကို မဆင်မခြင်ပြုမူရန်နှင့် မိမိတို့သဘောအတိုင်း ပြုလုပ်ရန် ခွင့်ပြုသင့်သည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ လူတို့ပြုလုပ်သမျှအားလုံးသည် ကောင်းသည်၊ ဘုရားသခင်က အမှတ်ရသင့်သည်ဟု ၎င်းတို့ ထင်ကြသည်။ ယင်းမှာ ကျိုးကြောင်းဆီလျော်သလော။ (မဆီလျော်ပါ။) လူတို့သည် အဘယ်သဘာဝအနှစ်သာရကို ပိုင်ဆိုင်ကြသနည်း။ ၎င်းတို့သည် အမှန်တကယ် လူသားများလော။ ပို၍ ယဉ်ကျေးစွာပြောရလျှင် ၎င်းတို့သည် စာတန်များနှင့် နတ်ဆိုးများ ဖြစ်ကြသည်။ ပို၍ ရိုင်းစိုင်းစွာပြောရလျှင် ၎င်းတို့သည် တိရစ္ဆာန်များ ဖြစ်ကြသည်။ လူတို့သည် မည်သို့ပြုမူကျင့်ကြံရမည်ဟူသော စည်းမျဉ်းများကို မသိကြ၊ အလွန် အောက်တန်းကျကြသည်၊ ထို့အပြင် ပျင်းရိသည်၊ အပန်းဖြေခြင်းကို နှစ်သက်ပြီး ပင်ပန်းစွာအလုပ်လုပ်ရခြင်းကို မုန်းတီးကာ မကောင်းမှုများပြုလုပ်လျက် သောင်းကျန်းလိုကြသည်။ အနှောင့်အယှက်အဖြစ်ဆုံးအပိုင်းမှာ ဘုရားအိမ်တော်၌ တာဝန်ထမ်းဆောင်သော လူများစွာတို့သည် လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်များ၊ နည်းလမ်းများနှင့် ဆိုးယုတ်သောရေစီးကြောင်းများကို မိမိတို့နှင့်အတူ အစဉ် ယူဆောင်လာလိုကြခြင်း ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သုတေသနပြုလုပ်ခြင်း၊ သင်ယူခြင်းနှင့် အတုခိုးခြင်းတို့၌ပင် မိမိတို့၏အားအင်ကို အသုံးပြုကြပြီး အကျိုးဆက်အနေဖြင့် ဘုရားအိမ်တော်၏ အလုပ်အချို့တွင် ဖရိုဖရဲဖြစ်မှုနှင့် ကမောက်ကမဖြစ်မှုတို့ကို ဖန်တီးကြသည်။ ဤသည်မှာ လူတိုင်းအတွက် သည်းမခံနိုင်စရာဖြစ်ပြီး ယုံကြည်ခြင်း၌ အသစ်ဖြစ်သော ညီအစ်ကိုမောင်နှမအချို့ပင်လျှင် ဤလူတို့သည် ဘာသာတရားကိုင်းရှိုင်းခြင်းမရှိ၊ ၎င်းတို့၏ လုပ်ရပ်များသည် လောကီရေပန်းစားမှုများဖြစ်ပြီး ခရစ်ယာန်တစ်ဦး၏ လုပ်ရပ်များနှင့် လုံးဝမတူဟု ဆိုကြသည်။ ဤယုံကြည်သူအသစ်များပင်လျှင် ဤလူတို့၏ လုပ်ရပ်များကို လက်မခံနိုင်ကြပေ။ ဤလူတို့သည် အဖိုးအခအနည်းငယ် ပေးဆပ်သည်၊ စိတ်အားထက်သန်မှုအနည်းငယ် ရှိသည်၊ အလွန်သေးငယ်သော စေ့ဆော်မှုနှင့် စေတနာအနည်းငယ် ရှိပြီး ၎င်းတို့သင်ယူခဲ့သော မည်သည့်အဓိပ္ပာယ်မဲ့သည့်အရာကိုမဆို ဘုရားအိမ်တော်ထဲသို့ ယူဆောင်လာကာ ၎င်းတို့၏ တာဝန်နှင့်အလုပ်တွင် အသုံးချကြပြီး အကျိုးဆက်အနေဖြင့် ၎င်းတို့သည် အသင်းတော်၏အလုပ်အတွက် နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်များကို ဖြစ်စေကာ အဆုံးတွင် ပြုပြင်ခြင်းခံရသည်။ လူအချို့သည် ဤအရာကို နားမလည်ကြပေ၊ “ဘုရားသခင်က သူ့အနေဖြင့်လူတို့၏ ကောင်းမှုများကို အမှတ်ရမည်ဟု မိန့်တော်မူသည် မဟုတ်လော။ သို့ဆိုလျှင် အဘယ်ကြောင့် ကျွန်ုပ်သည် ကျွန်ုပ်၏တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ပြုပြင်ခြင်းခံရသနည်း။ အဘယ်ကြောင့် ဤအရာကို ကျွန်ုပ် နားမလည်နိုင်ရသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် မည်သို့ ပြည့်စုံလျက်ရှိနေသနည်း။ ယင်းတို့အားလုံးသည် အနှစ်သာရမရှိသော၊ ကြွားဝါသော စကားများမျှသာ ဖြစ်နိုင်ပါသလော”ဟူ၍ ဖြစ်သည်။ သို့ဆိုလျှင် သင်၏လုပ်ရပ်များသည် အောက်မေ့ထိုက်သော ကောင်းမှုများ ဟုတ်မဟုတ်ကို သင် အဘယ်ကြောင့် မဆင်ခြင်သုံးသပ်သနည်း။ ဘုရားသခင်သည် သင့်ထံမှ အဘယ်အရာကို တောင်းဆိုခဲ့သနည်း။ သင် ထမ်းဆောင်ခဲ့သော တာဝန်၊ သင် လုပ်ဆောင်ခဲ့သော အလုပ်၊ သင် ပံ့ပိုးခဲ့သော စိတ်ကူးများနှင့် အကြံပြုချက်များသည် သန့်ရှင်းသူတို့၏ အမူအကျင့်နှင့် ကိုက်ညီသလော။ ယင်းတို့သည် ဘုရားအိမ်တော်၏ သတ်မှတ်ထားသော စံနှုန်းများနှင့် ကိုက်ညီသလော။ သင်သည် ဘုရားသခင်၏ သက်သေခံချက်နှင့် ဘုရားသခင်၏ နာမတော်အကြောင်း တွေးခဲ့သလော။ သင်သည် ဘုရားအိမ်တော်၏ ဂုဏ်သတင်းကို ထည့်သွင်းစဉ်းစားခဲ့သလော။ သင်သည် သန့်ရှင်းသူတို့၏ တင့်တယ်လျောက်ပတ်သော အမူအကျင့်ကို ထည့်သွင်းစဉ်းစားခဲ့သလော။ သင်သည် ခရစ်ယာန်တစ်ဦးဖြစ်ကြောင်း အသိအမှတ်ပြုသေးသလော။ သင်သည် ဤအရာတစ်ခုတလေကိုမျှ ထည့်သွင်းစဉ်းစားခြင်း မရှိခဲ့ပေ၊ သို့ဆိုလျှင် မည်သည့်အရာကို သင် အမှန်တကယ် လုပ်ဆောင်ခဲ့သနည်း။ သင်၏လုပ်ရပ်များသည် အောက်မေ့ထိုက်သလော။ သင်သည် အသင်းတော်၏အလုပ်ကို ကမောက်ကမဖြစ်အောင် ပြုလုပ်ခဲ့ပြီး ဘုရားအိမ်တော်သည် သင့်ကို တာဝန်ထမ်းဆောင်ရန် သင်၏ အရည်အချင်းပြည့်မီမှုကို ရုပ်သိမ်းခြင်းမရှိဘဲ ပြုပြင်ရုံသာ ပြုပြင်ခဲ့သည်။ ဤသည်မှာ အကြီးမားဆုံးသော မေတ္တာ၊ အစစ်မှန်ဆုံးသော မေတ္တာဖြစ်သည်။ သို့တိုင် သင်သည် ဒေါသထွက်နေသေးသည်။ သင်သည် စိတ်အနှောင့်အယှက်ဖြစ်ရန် အကြောင်းရင်းတစ်စုံတစ်ရာ ရှိသလော။ သင်သည် အလွန်အမင်း ကျိုးကြောင်းဆီလျော်မှုမရှိပါတကား။
ဘုရားသခင်ကို နှစ်နှစ် သို့မဟုတ် သုံးနှစ်သာ ယုံကြည်ခဲ့သော လူအချို့ရှိပြီး ၎င်းတို့၏ လုပ်ရပ်များ၊ ၎င်းတို့ စကားပြောပုံနှင့် ရယ်မောပုံ၊ ၎င်းတို့ ထုတ်ဖော်သည့် သဘောထားအမြင်များနှင့် အခြားသူများနှင့် စကားပြောသောအခါ ၎င်းတို့၏ မျက်နှာအမူအရာများ၊ လှုပ်ရှားမှုများပင်လျှင် မနှစ်မြို့ဖွယ်ဖြစ်ပြီး ၎င်းတို့သည် လုံးဝ မယုံကြည်သူများနှင့် ဘာသာတရားမရှိသူများဖြစ်ကြောင်း ပြသသည်။ ဤလူတို့ကို စည်းကမ်းထိန်းသိမ်းသင့်သည်၊ ပြုပြင်သင့်ပြီး ၎င်းတို့အတွက် စည်းမျဉ်းများ ချမှတ်သင့်သည်။ သို့မှသာ ၎င်းတို့သည် ပုံမှန်လူ့သဘာဝဟူသည်မှာ အဘယ်အရာဖြစ်သည်၊ သန့်ရှင်းသူတို့၏ သင့်တင့်လျောက်ပတ်သော အမူအကျင့်ဟူသည်မှာ အဘယ်အရာဖြစ်သည်၊ ခရစ်ယာန်တစ်ဦးသည် မည်သို့ဖြစ်သင့်သည်ကို သိရှိမည်ဖြစ်ပြီး သို့မှသာ ၎င်းတို့သည် မည်သို့ပြုမူကျင့်ကြံရမည်ကို သင်ယူပြီး လူသားပုံသဏ္ဌာန် ရှိနိုင်မည်ဖြစ်သည်။ ဘုရားသခင်ကို ရှစ်နှစ် သို့မဟုတ် ၁၀ နှစ် သို့မဟုတ် ထို့ထက်ပင် ကြာမြင့်စွာ ယုံကြည်ခဲ့သော သူအချို့ရှိသော်လည်း ၎င်းတို့၏ အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ၊ စကားလုံးများနှင့် လုပ်ရပ်များ၊ ကိစ္စရပ်များကို ကိုင်တွယ်ပုံနှင့် ၎င်းတို့အပေါ် ကိစ္စရပ်များ ကျရောက်သောအခါ ၎င်းတို့ ထွက်ပေါ်လာသော စိတ်ကူးများအရ အကဲဖြတ်သည့်အခါ၊ ၎င်းတို့သည် လုံးဝ ဘာသာတရားမရှိသူများနှင့် မယုံကြည်သူများဖြစ်ကြောင်း သိသာထင်ရှားသည်။ ဤလူတို့သည် တရားဒေသနာ အတော်များများကို နားထောင်ခဲ့ပြီးဖြစ်ကာ ၎င်းတို့၌ အတွေ့အကြုံနှင့် ထိုးထွင်းသိမြင်မှုအချို့ ရှိသည်၊ ၎င်းတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများနှင့် အတော်အတန် ထိတွေ့ဆက်ဆံခဲ့ပြီးဖြစ်ကာ ၎င်းတို့၏ ကိုယ်ပိုင် ပြောဆိုသုံးနှုန်းပုံ ရှိသင့်သော်လည်း ၎င်းတို့အများစုမှာ သက်သေခံချက်ကို မဝေငှနိုင်ကြပေ။ ပြီးလျှင် ၎င်းတို့ စကားပြောပြီး မိမိတို့၏ အမြင်များကို ဖော်ပြသောအခါ ၎င်းတို့၏ ဘာသာစကားသည် အလွန်အမင်း ရိုးရှင်းပြီး မည်သည့်အရာကိုမျှ ရှင်းလင်းစွာ မရှင်းပြနိုင်ပေ။ ၎င်းတို့သည် အမှန်ပင်ဆင်းရဲနွမ်းပါးကြသည်၊ သနားစရာကောင်းပြီး မျက်စိကန်းကြသည်၊ ၎င်းတို့သည် လုံးဝ သနားစရာကောင်းသော မျက်နှာထားရှိသည်မှာ သိသာထင်ရှားသည်။ ထိုသို့သောလူတစ်ဦးက တာဝန်တစ်ခုကို ထမ်းဆောင်ပြီး တာဝန်အနည်းငယ်ကို ယူသောအခါ အမြဲပြုပြင်ခြင်းခံရသည်။ ဤသည်မှာ ရှောင်လွှဲ၍မရပေ။ အဘယ်ကြောင့် ၎င်းတို့ ပြုပြင်ခြင်းခံရမည်နည်း။ အကြောင်းမှာ ၎င်းတို့၏ လုပ်ရပ်များသည် သမ္မာတရားစည်းမျဉ်းများကို အလွန်အမင်း ချိုးဖောက်သောကြောင့် ဖြစ်သည်၊ ၎င်းတို့သည် သာမန်လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားကိုပင် မရရှိနိုင်ဘဲ ဘာသာတရားမရှိသူများကဲ့သို့ စကားပြောပြီး ပြုမူကြသည်။ ယင်းမှာ ဘုရားအိမ်တော်၏ အလုပ်ကိုလုပ်ဆောင်ရန် ဘာသာတရားမရှိသူတစ်ဦးကို ငှားရမ်းထားသည့်အလား ဖြစ်သည်။ သို့ဆိုလျှင် ဤလူတို့၏ တာဝန်များကို ထမ်းဆောင်ရာတွင် ဖြစ်ပေါ်လာသော အလုပ်၏ အရည်အသွေးမှာ မည်သို့ရှိသနည်း။ ယင်း၏ တန်ဖိုးမှာ အဘယ်နည်း။ ၎င်းတို့၌ ကျိုးနွံနာခံခြင်း အနည်းငယ်မျှ ရှိသလော။ ၎င်းတို့၌ ပြဿနာများ အလွန်များပြားပြီး နှောင့်ယှက်မှုများနှင့် အဖျက်အမှောင့်လုပ်ခြင်းများကိုသာ ဖြစ်စေသည် မဟုတ်လော။ (ဟုတ်ပါသည်။) သို့ဆိုလျှင် ဤလူတို့ကို ပြုပြင်သင့်သည် မဟုတ်လော။ (ပြုပြင်သင့်ပါသည်။) လူအချို့သည် ခရစ်ယာန်တစ်ဦး၏ ဘဝအကြောင်း၊ အဓိကဇာတ်ကောင်က ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဆင်းရဲဒုက္ခနှင့် အမျိုးမျိုးသောအခြေအနေများကို ဖြတ်သန်းရပုံနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သို့တွေ့ကြုံခံစားပုံအကြောင်း ဇာတ်ညွှန်းများ ရေးကြသည်။ သို့ရာတွင် ဇာတ်လမ်းတစ်လျှောက်လုံး၌ အဓိကဇာတ်ကောင်သည် ဆုတောင်းလေ့မရှိသလောက်ဖြစ်ပြီး တစ်ခါတစ်ရံ တစ်စုံတစ်ခုနှင့် ရင်ဆိုင်ရသောအခါ ဆုတောင်းခြင်း၌ မည်သည့်အရာ ပြောရမည်ကိုပင် ၎င်းတို့ မသိကြပေ။ ယခင်က လူအချို့သည် ဆုတောင်းချက်တစ်ခုပြီးတစ်ခုအတွက် တူညီသော ထပ်တလဲလဲ အကြောင်းအရာကိုသာ ရေးလေ့ရှိသည်။ အဓိကဇာတ်ကောင်သည် တစ်စုံတစ်ခုကို ကြုံတွေ့သောအခါ “အို ဘုရားသခင်၊ ကျွန်ုပ် ယခု အလွန်စိတ်မကောင်း ဖြစ်နေပါသည်။ ကျွန်ုပ် အလွန်ဆင်းရဲဒုက္ခရောက်နေပါသည်။ လုံးဝ ဆင်းရဲဒုက္ခရောက်နေပါသည်၊ ကျေးဇူးပြု၍ ကျွန်ုပ်ကို လမ်းပြပြီး အသိဉာဏ်ပွင့်လင်းစေတော်မူပါ”ဟု ဆုတောင်းလိမ့်မည်။ ၎င်းတို့သည် ဤသို့သော ပေါ့တန်သော စကားများကိုသာ ရေးခဲ့ကြသော်လည်း မတူညီသော ဖြစ်ရပ်တစ်ခု၊ မတူညီသော အခြေအနေတစ်ခု၊ မတူညီသော စိတ်အခြေအနေတစ်ခုနှင့် ရင်ဆိုင်ရသောအခါ အဓိကဇာတ်ကောင်သည် မည်သို့ဆုတောင်းရမည်ကို မသိဘဲ ပြောစရာစကားမရှိ ဖြစ်နေခဲ့သည်။ ဤအရာက ငါ့ကို ဤသို့ တွေးမိစေသည်။ အကယ်၍ ဤလူတို့သည် ၎င်းတို့၏ အဓိကဇာတ်ကောင်များကို ပြဿနာများနှင့် ကြုံတွေ့သောအခါ ဆုမတောင်းသောသူအဖြစ် သရုပ်ဖော်ပါက ၎င်းတို့ကိုယ်တိုင် ဆုတောင်းသည့်အကျင့် ရှိကြသလော။ အကယ်၍ ၎င်းတို့သည် တစ်စုံတစ်ခုကို ကြုံတွေ့သောအခါ ဆုမတောင်းပါက ၎င်းတို့၏ နေ့စဉ်ဘဝများနှင့် တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်အရာကို အားကိုးကြသနည်း။ ၎င်းတို့ အဘယ်အရာကို စဉ်းစားနေကြသနည်း။ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် ရှိသလော။ (၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင် မရှိပေ။ ၎င်းတို့သည် မိမိတို့လုပ်ဆောင်သော အရာများတွင် မိမိတို့၏ ကိုယ်ပိုင်အတွေးအခေါ်နှင့် ဆုကျေးဇူးများကို အားကိုးကြပါသည်။) ဤအရာ၏ အကျိုးဆက်မှာ ၎င်းတို့ ပြုပြင်ခြင်းခံရခြင်း ဖြစ်သည်။ ဤကိစ္စရပ်ကို ငါ မည်သို့ အကဲဖြတ်မည်ဟု သင်တို့ ထင်သနည်း။ ဤသို့သောလူများကို ပြုပြင်သင့်သည်။ တိုးတက်မှုမရှိသော၊ ဦးနှောက်ရှိသော်လည်း စိတ်နှလုံးကင်းမဲ့သော ဤလူတို့သည် နှစ်ပေါင်းများစွာ ယုံကြည်သူများ ဖြစ်ခဲ့ကြသော်လည်း ပြဿနာတစ်ခု ကြုံတွေ့သောအခါ ဆုတောင်းခြင်း၌ မည်သည့်အရာ ပြောရမည်ကို မသိကြပေ။ ၎င်းတို့၌ ဘုရားသခင်ကို ပြောစရာစကားမရှိသကဲ့သို့ ဘုရားသခင်ထံ မည်သို့ ရင်ဖွင့်ပြောဆိုရမည်ကိုလည်း မသိကြဘဲ ဘုရားသခင်နှင့် ရင်းရင်းနှီးနှီး ပြောဆိုခြင်းများ မရှိကြပေ။ ဘုရားသခင်သည် သင်တို့နှင့် အနီးစပ်ဆုံးသောသူ၊ သင်တို့၏ ယုံကြည်ကိုးစားမှုနှင့် အားကိုးမှုတို့အတွက် အထိုက်တန်ဆုံးသောသူ ဖြစ်သော်လည်း သူ့ကို ပြောစရာ စကားတစ်ခွန်းမျှ သင်တို့၌ မရှိပေ။ သို့ဆိုလျှင် သင်တို့၏ အတွင်းကျကျ အတွေးအခေါ်များကို သင်တို့ မည်သူ့အတွက် ချန်ထားသနည်း။ မည်သူပင်ဖြစ်စေ အကယ်၍ သင်တို့၌ ဘုရားသခင်ကို ပြောစရာစကားတစ်ခွန်းမျှ မရှိပါက သင်တို့သည် မည်သည့် လူစားမျိုး ဖြစ်သနည်း။ လူ့သဘာဝ အကင်းမဲ့ဆုံးသော လူများဖြစ်သည် မဟုတ်လော။ အကယ်၍ ဇာတ်ညွှန်းထဲတွင် အဓိကဇာတ်ကောင်၏ လူ့သဘာဝ၊ ယုံကြည်သူတစ်ဦးအနေဖြင့် သူ၏ဘဝနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူ တွေ့ကြုံခံစားပုံ စသည်တို့နှင့်ပတ်သက်၍ မည်သည့်အရာမျှမရှိပါက၊ ယင်းသည် အနှစ်သာရမရှိသော ဇာတ်ညွှန်းခွံတစ်ခုမျှသာ ဖြစ်ပါက ဤရုပ်ရှင်ကိုပြုလုပ်ခြင်းဖြင့် လူတို့အား အဘယ်အရာကို သင်တို့ ပြသလိုသနည်း။ သင်တို့ရေးနေသော ထိုဇာတ်ညွှန်း၌ အဘယ်အသုံးဝင်မှု ရှိသနည်း။ သင်တို့သည် ဘုရားသခင်ကို သက်သေခံနေခြင်းလော၊ သို့မဟုတ် သင်တို့၌ရှိသော အသိပညာနှင့် ပညာအနည်းငယ်ကို သက်သေခံနေခြင်းလော။ ဘုရားသခင်ကို သက်သေခံခြင်းအတွက် အကောင်းဆုံး ခိုင်မာသော သက်သေအထောက်အထားမှာ လူတစ်ဦးအပေါ် တစ်စုံတစ်ခု ကျရောက်သောအခါ သို့မဟုတ် အခက်အခဲများနှင့် ကြုံတွေ့သောအခါ သူမည်သို့ဆုတောင်းပြီး ရှာဖွေသည်ဟူသည်နှင့် သူ၏ စိတ်ကူးများ၊ သဘောထား၊ ရှုထောင့်များနှင့် ဘုရားသခင်အပေါ် သူ၏အတွေးအခေါ်များ မည်သို့ပြောင်းလဲသည်ဟူသည်တို့ ဖြစ်သည်။ ကံအကြောင်းမလှစွာဖြင့် လူအချို့သည် ဤအရာကို လုံးဝ နားလည်မှုမရှိကြပေ။ ၎င်းတို့သည် နှစ်ပေါင်းများစွာ ယုံကြည်ခြင်းရှိပြီးနောက်တွင်ပင် မည်သို့ဆုတောင်းရမည်ကို မသိကြသေးပေ။ ၎င်းတို့ တိုးတက်မှုမရှိသေးသည်မှာ အံ့ဩစရာမရှိပေ။ ၎င်းတို့၏ ကျွမ်းကျင်မှုဆိုင်ရာ အရည်အချင်းများ တိုးတက်ခြင်းမရှိသကဲ့သို့ ၎င်းတို့၏ အသက်ဝင်ရောက်မှု၌လည်း တိုးတက်မှုမရှိခဲ့ကြပေ။ ထိုသို့သောလူများကို ပြုပြင်သင့်သည် မဟုတ်လော။ သို့ဖြစ်၍ လူတို့ ပြုပြင်ခြင်းခံရခြင်းအတွက် ရှေ့ပြေးအကြောင်းအရင်းတစ်ခု ရှိပါသည်။ အကယ်၍ သင်တို့သည် ပြုပြင်ခြင်းကို လက်မခံပါက သို့မဟုတ် သင်တို့ ပြုပြင်ခြင်းမခံရပါက ဤအရာ၏ အကျိုးဆက်နှင့် သင်တို့၏ အဆုံးသတ်သည် အန္တရာယ်ရှိပေလိမ့်မည်။ သင်တို့ကို ယခု ပြုပြင်ရန်နှင့် ဆုံးမပဲ့ပြင်ရန် လူများရှိသည်မှာ သင်တို့ ကံကောင်းပေသည်။ ဤအံ့ဩဖွယ်ကောင်းပြီး အကျိုးရှိသောအရာသည် အန္တိခရစ်များ လက်မခံနိုင်သည့်အရာတစ်ခု ဖြစ်သည်။ ၎င်းတို့ ပြုပြင်ခြင်းခံရသောအခါ ယင်းမှာ ၎င်းတို့ ပြီးဆုံးပြီ၊ ၎င်းတို့တွင် မျှော်လင့်ချက်မရှိတော့၊ ၎င်းတို့၏ အဆုံးသတ် မည်သို့ဖြစ်မည်ကို ၎င်းတို့ မြင်နိုင်သည်ဟု ဆိုလိုကြောင်း ၎င်းတို့ ထင်ကြသည်။ ပြုပြင်ခြင်းခံရခြင်းသည် ၎င်းတို့ နောက်ထပ် တန်ဖိုးထားခြင်းမခံရတော့၊ အထက်၏ အနှစ်သက်ဆုံးသောသူ မဟုတ်တော့ဘဲ ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်းခံရဖွယ်ရှိကြောင်း ပြသသည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ထို့နောက် ၎င်းတို့သည် မိမိတို့၏ ယုံကြည်ခြင်း၌ စေ့ဆော်မှုကို ဆုံးရှုံးပြီး လောကထဲသို့ထွက်၍ ငွေများစွာရှာရန်၊ ရေပန်းစားမှုများနောက် လိုက်ရန်၊ စားသောက်ပြီး ပျော်ပါးရန် အစီအစဉ်များ စတင်ပြုလုပ်ကြကာ ၎င်းတို့၏ အကြံအစည်များ ပေါ်လွင်လာကြသည်။ ဤအရာက ၎င်းတို့ကို အန္တရာယ်၌ ကျရောက်စေပြီး ၎င်းတို့၏ နောက်တစ်လှမ်းက ၎င်းတို့ကို ဘုရားအိမ်တော်မှ ထွက်ခွာရန် တံခါးခုံကို ကျော်ဖြတ်စေလိမ့်မည်။
အန္တိခရစ်တစ်ဦးသည် ဘုရားသခင်၏ အိမ်တော်၌ အဆင့်အတန်းနှင့် အာဏာရှိသောအခါ၊ နေရာတိုင်းတွင် အခွင့်ကောင်းယူပြီး သူ အမြတ်ထုတ်နိုင်သောအခါ၊ လူတို့က သူ့ကို ကြည်ညိုပြီး မြှောက်ပင့်သောအခါ၊ ကောင်းချီးများနှင့် ဆုလာဘ်များ၊ လှပသော ခရီးပန်းတိုင်တို့အားလုံးသည် လက်လှမ်းမီနိုင်ပုံရသည်ဟု သူ ထင်သောအခါ၊ ထိုအခါ အပေါ်ယံတွင် သူသည် ဘုရားသခင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် လူသားမျိုးနွယ်အပေါ် သူ၏ ကတိတော်များ၊ ဘုရားသခင်၏ အိမ်တော်၏ အလုပ်နှင့် အလားအလာများကို ယုံကြည်ခြင်းဖြင့် ပြည့်လျှံနေပုံရသည်။ သို့ရာတွင် သူသည် ပြုပြင်ခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ သူ၏ ကောင်းချီးများအတွက် လိုအင်ဆန္ဒက ခြိမ်းခြောက်ခံရသောအခါ၊ သူသည် ဘုရားသခင်အပေါ် သံသယများနှင့် အထင်လွဲမှားမှုများ ဖြစ်ပေါ်လာသည်။ မျက်စိတစ်မှိတ်အတွင်းတွင် သူ၏ အမြင်အားဖြင့် ပေါများသော ယုံကြည်ခြင်းသည် ပျောက်ကွယ်သွားပြီး မည်သည့်နေရာတွင်မျှ ရှာမတွေ့နိုင်တော့ပေ။ သူသည် လမ်းလျှောက်ရန် သို့မဟုတ် စကားပြောရန်အတွက်ပင် စွမ်းအင်မရှိသလောက် ဖြစ်သွားသည်။ သူသည် မိမိ၏ တာဝန်ကိုထမ်းဆောင်ရာ၌ စိတ်ဝင်စားမှု ပျောက်ဆုံးပြီး စိတ်အားထက်သန်မှု၊ ချစ်ခြင်းမေတ္တာနှင့် ယုံကြည်ခြင်းအားလုံးကို ဆုံးရှုံးသည်။ သူ၌ရှိသော စေတနာအနည်းငယ်ကို သူ ဆုံးရှုံးခဲ့ပြီးဖြစ်ကာ သူနှင့် စကားပြောသူ မည်သူ့ကိုမျှ ဂရုမစိုက်တော့ပေ။ သူသည် ချက်ချင်းပင် လုံးဝကွဲပြားသော လူတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားသည်။ သူသည် ဖော်ထုတ်ခြင်းခံရသည် မဟုတ်လော။ ထိုသို့သောလူတစ်ဦးသည် ကောင်းချီးခံစားရရန် မိမိ၏ မျှော်လင့်ချက်များကို ဆက်လက်စွဲကိုင်ထားသောအခါ သူသည် အကန့်အသတ်မဲ့ အားအင်ရှိပုံရသည်၊ ဘုရားသခင်အပေါ် သစ္စာစောင့်သိပုံရလေသည်။ သူသည် စောစောထပြီး ညဉ့်နက်သည်အထိ အလုပ်လုပ်နိုင်ကာ ဆင်းရဲဒုက္ခခံနိုင်ပြီး အဖိုးအခကို ပေးဆပ်နိုင်စွမ်းရှိသည်။ သို့သော် သူ ကောင်းချီးခံစားရမည့် မျှော်လင့်ချက် ပျောက်ဆုံးသွားသောအခါ လေလျော့သွားသော ဘောလုံးကဲ့သို့ ဖြစ်နေသည်။ သူက မိမိ၏ အစီအစဉ်များကို ပြောင်းလဲလိုသည်၊ အခြားလမ်းကြောင်းတစ်ခုကို ရှာလိုပြီး ဘုရားသခင်အပေါ် မိမိ၏ ယုံကြည်ခြင်းကို စွန့်လွှတ်လိုသည်။ သူသည် ဘုရားသခင်အပေါ် စိတ်ဓာတ်ကျပြီး စိတ်ပျက်ကာ မကျေနပ်ချက်များဖြင့် ပြည့်နေသည်။ ဤသည်မှာ သမ္မာတရားကို လိုက်စားပြီး ချစ်မြတ်နိုးသောသူတစ်ဦး၊ လူ့သဘာဝနှင့် တည်ကြည်မှုရှိသောသူတစ်ဦးနှင့်ဆိုင်သည့် ထုတ်ဖော်ပြသခြင်းလော။ (မဟုတ်ပါ။) ၎င်းတို့သည် အန္တရာယ်၌ ရှိနေကြပေသည်။ သင်တို့သည် ဤသို့သောလူစားမျိုးနှင့် ကြုံတွေ့သောအခါ ၎င်းတို့က အစေခံနိုင်စွမ်းရှိပါက ၎င်းတို့ကို ပြုပြင်သောအခါ ညင်သာစွာဆက်ဆံလော့။ ၎င်းတို့ကို ချီးမွမ်းရန် နားကြားကောင်းသော စကားအချို့ကို ရှာဖွေလော့။ ၎င်းတို့ကို မြှောက်ပင့်ပြီး ဘောလုံးကဲ့သို့ ဖောင်းကားလာအောင်လုပ်လော့။ ထိုအခါ ၎င်းတို့သည် ခြေလှမ်းသွက်လက်ကာ တက်ကြွလာလိမ့်မည်။ သင်တို့က “သင်သည် အလွန်ကောင်းချီးခံစားရသည်၊ သင်၏မျက်လုံးများ၌ အရောင်အဝါတစ်ခု ရှိပြီး သင့်၌ အဆုံးမရှိသော အားအင်ရှိသည်ကို ငါမြင်နိုင်သည်၊ သင်သည် နောင်တွင် ဘုရားသခင်၏ အိမ်တော်၌ အဓိကကျသော အစိတ်အပိုင်း ဖြစ်မည်မှာ သေချာသည်။ ဘုရားသခင်၏ နိုင်ငံတော်သည် သင်မရှိလျှင် မည်သည့်အခါမျှ မဖြစ်နိုင်၊ သင်မရှိဘဲ ဘုရားအိမ်တော်၏ အလုပ်က ဆုံးရှုံးမှုကို ခံစားရလိမ့်မည်။ သို့သော် သင့်၌ အလွန်သေးငယ်သော ချို့ယွင်းချက်တစ်ခုသာ ရှိသည်။ သင်သည် ယင်းကို ကြိုးစားအားထုတ်မှု အနည်းငယ်ဖြင့် ကျော်လွှားနိုင်ပြီး ယင်းကို ပြင်ဆင်ပြီးသည်နှင့် အရာရာတိုင်း အဆင်ပြေသွားလိမ့်မည်၊ ထိုအခါ အကြီးမြတ်ဆုံးသော သရဖူသည် သင့်အတွက် ဖြစ်မည်မှာ သေချာသည်”ဟူသကဲ့သို့သော အရာများကို ပြောနိုင်သည်။ ဤသို့သောလူတစ်ဦးက မှားယွင်းသောအရာတစ်ခုခုကို လုပ်ဆောင်သောအခါ သင်သည် ၎င်းတို့ကို မျက်နှာချင်းဆိုင် ပြုပြင်နိုင်သည်။ သင်သည် ထိုသို့ မည်သို့ပြုလုပ်သင့်သနည်း။ “သင်က အလွန်တော်ပေသည်။ ထိုသို့သော အခြေခံကျသည့် အမှားတစ်ခုကို သင် အဘယ်သို့ဖြစ်ပြီး ပြုလုပ်နိုင်ရသနည်း။ ယင်းမှာ မဖြစ်သင့်ပါ။ သင့်တွင် အကောင်းဆုံး အစွမ်းအစရှိပြီး ကျွန်ုပ်တို့အဖွဲ့တွင် ပညာအတတ်ဆုံး ဖြစ်ကာ သြဇာအရှိဆုံးလည်း ဖြစ်သည်။ သင်သည် ဤကဲ့သို့သော အမှားတစ်ခုကို ပြုလုပ်သောသူတစ်ဦး မဖြစ်သင့်ပါ။ ရှက်ဖွယ်ကောင်းလေခြင်းပါတကား။ ဤကဲ့သို့သော အမှားတစ်ခုကို တစ်ဖန်မလုပ်မိဖို့ သေချာစေလော့။ သို့မဟုတ်လျှင် ဘုရားအတွက် မုချ နာကျင်စရာဖြစ်ပေမည်။ ထိုအမှားကို သင် တစ်ဖန် လုပ်လျှင်၊ သင်၏ ဂုဏ်သတင်းကို ဖျက်စီးလိမ့်မည်။ လူတိုင်းရှေ့တွင် ဤအရာကို သင့်အား ငါ ပြောမည် မဟုတ်။ ညီအစ်ကို မောင်နှမများက သင့်အကြောင်းကို မည်သည့်အရာမျှ သံသယမရှိကြရန်အလို့ငှာ ထိုအကြောင်းကို ကျွန်ုပ်က သင့်အား တိတ်တဆိတ် သိခွင့်ပေးနေခြင်းဖြစ်သည်။ သင် သိက္ခာမဆုံးရှုံးသည်ကို သေချာအောင် ကျွန်ုပ် ကြိုးစားနေခြင်းသာဖြစ်ပြီး၊ သင်၏ ခံစားချက်များကို ထောက်ထားပေးနေခြင်းဖြစ်သည်။ မှန်သလော။ မြင်သလော၊ ဘုရားအိမ်တော်သည် ချစ်ခင်ဖွယ်ကောင်းသည် မဟုတ်လော”ဟုသာ ပြောဆိုလော့။ ထိုအခါ ၎င်းတို့က “ဟုတ်ကဲ့” ဟု ပြောသည်။ “သို့ဆိုလျှင် ဆက်လက်၍ မည်သည့်အရာ လုပ်ဆောင်မည်နည်း။” ၎င်းတို့က “ဆက်ပြီး ကောင်းကောင်းလုပ်ဆောင်သွားပါ” ဟု တုံ့ပြန်လိမ့်မည်။ ၎င်းတို့ကို ထိုသို့ဆက်ဆံခြင်းနှင့်ပတ်သက်၍ သင်တို့ မည်သို့ထင်သနည်း။ ထိုသို့သောလူစားမျိုးသည် အလုပ်လုပ်ပေးခြင်းဖြင့် ကောင်းချီးများရရှိရန်သာ လိုလားသည်။ ၎င်းတို့သည် မိမိတို့၏ စကားများ သို့မဟုတ် လုပ်ရပ်များတွင် သမ္မာတရားစည်းမျဉ်းများအား မည်သည့်အခါမျှ မရှာဖွေဘဲ သမ္မာတရားကို လုံးဝ လက်မခံကြပေ။ မိမိတို့ပြောသင့်သည်ကို ပြောခြင်းဟုတ်မဟုတ် သို့မဟုတ် မိမိတို့လုပ်သင့်သည်ကို လုပ်ခြင်းဟုတ်မဟုတ်ကို မည်သည့်အခါမျှ ၎င်းတို့က မစဉ်းစားသကဲ့သို့ မိမိတို့လုပ်ဆောင်သည့်အရာ၏ အကျိုးဆက်များကိုလည်း ထည့်မစဉ်းစားဘဲ ဆုတောင်းခြင်း၊ ဆင်ခြင်တွေးတောခြင်း၊ ရှာဖွေခြင်း သို့မဟုတ် မိတ်သဟာယဖွဲ့ခြင်းလည်း မပြုကြပေ။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်စိတ်ကူးများအတိုင်း အမှုအရာများကို ပြုလုပ်ရုံပြုလုပ်ကြပြီး မိမိတို့အလိုရှိသမျှကို လုပ်ဆောင်ကြသည်။ တစ်စုံတစ်ယောက်က သူပြောသည့်အရာ သို့မဟုတ် လုပ်သည့်အရာတစ်ခုခုဖြင့် ၎င်းတို့၏မာန သို့မဟုတ် အကျိုးစီးပွားကို ထိခိုက်သောအခါ၊ ၎င်းတို့၏ ချို့ယွင်းချက်များ သို့မဟုတ် ပြဿနာများကို ဖော်ထုတ်သောအခါ၊ သို့မဟုတ် ၎င်းတို့အား ကျိုးကြောင်းဆီလျော်သော အကြံပြုချက်တစ်ခု ပေးသောအခါ၊ ၎င်းတို့သည် ဒေါသဖြင့်ပေါက်ကွဲကြသည်။ အငြိုးအတေးထားကြသည်။ လက်စားချေလိုပြီး ပို၍ပြင်းထန်သောအခြေအနေများတွင် ၎င်းတို့၏ ယုံကြည်ခြင်းကို စွန့်လွှတ်ကာ အသင်းတော်ကို အဆင်းနီသောနဂါးကြီးထံ သွားတိုင်ကြားလိုကြသည်။ ငါတို့၌ ဤသို့သောလူစားမျိုးကို ကိုင်တွယ်ရန် နည်းလမ်းတစ်ခုရှိသည်၊ တိတိကျကျဆိုရလျှင် ၎င်းတို့ကို ပြုပြင်ခြင်းမှ ရှောင်ကြဉ်ပြီး ယင်းအစား ၎င်းတို့ကို ချော့မြှူရန် ဖြစ်သည်။
အန္တိခရစ်များက ပြုပြင်ခံရသည့်အခါ ကောင်းချီးများ ရရှိမည့် မိမိတို့၏ မျှော်လင့်ချက်များနှင့် ဆက်စပ်၍ ယင်းကို အစဉ် ရှုမြင်ကြပုံကို ယခုတင် ငါတို့ မိတ်သဟာယပြုခဲ့ကြပြီးဖြစ်သည်။ ဤသဘောထားနှင့် အမြင်သည် မမှန်ကန်သကဲ့သို့ အန္တရာယ်များသည်။ အန္တိခရစ်များ၏ အပြစ်အနာအဆာများနှင့် ပြဿနာများကို တစ်စုံတစ်ဦးက ထောက်ပြသည့်အခါ ကောင်းချီးမင်္ဂလာများ ရရှိမည့် ၎င်းတို့၏ မျှော်လင့်ချက် ဆုံးရှုံးသွားပြီဟု ၎င်းတို့ ခံစားကြပြီး ၎င်းတို့ ပြုပြင်ခံရသည့်အခါ၊ ဆုံးမပဲ့ပြင်ခံရသည့်အခါ၊ သို့မဟုတ် အပြစ်တင်ခံရသည့်အခါ ကောင်းချီးခံစားရမည့် ၎င်းတို့၏ မျှော်လင့်ချက်များ ဆုံးရှုံးသွားပြီဟုလည်း ခံစားကြသည်။ တစ်စုံတစ်ခုက မိမိတို့သဘောအတိုင်း မဖြစ်သည်နှင့်တစ်ပြိုင်နက်၊ သို့မဟုတ် မိမိတို့၏ အယူအဆနှင့် မကိုက်ညီသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ မိမိကိုယ်ကို တန်ဖိုးထားခြင်းက ထိုးနှက်ခြင်းခံရသည်ဟု ခံစားရင်း ၎င်းတို့ ဖော်ထုတ်ခံရပြီး ပြုပြင်ခံရသည်နှင့်တစ်ပြိုင်နက် ၎င်းတို့အနေဖြင့် ကောင်းချီးခံစားရမည့် မျှော်လင့်ချက် ရှိတော့မည်၊ မရှိတော့မည်ဆိုသည်ကို ချက်ချင်း တွေးမိကြသည်။ ဤသည်မှာ ၎င်းတို့ အလွန်အကျွံ ဆတ်ဆတ်ထိမခံခြင်း ဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများ ရရှိခြင်းကို အလွန်တောင့်တလွန်းကြသည် မဟုတ်လော။ ငါကိုပြောလော့၊ ထိုသို့သောလူများသည် သနားစဖွယ် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဧကန်အမှန် သနားစဖွယ်ဖြစ်ကြ၏။ မည်သည့်နည်းဖြင့် ၎င်းတို့ သနားစဖွယ် ဖြစ်ကြသနည်း။ ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိသည် ပြုပြင်ခံရခြင်းနှင့် ဆက်နွှယ်သလော။ (မဆက်နွှယ်ပါ။) ထိုအရာများ မဆက်နွှယ်ကြပေ။ သို့ဆိုလျှင် အန္တိခရစ်များသည် ပြုပြင်ခံရသည့်အခါ ကောင်းချီးမင်္ဂလာများ ရရှိမည့် ၎င်းတို့၏ မျှော်လင့်ချက်များ ဆုံးရှုံးသွားပြီဟု အဘယ်ကြောင့် ခံစားကြသနည်း။ ဤသည်မှာ ၎င်းတို့၏ လိုက်စားမှုနှင့် တစ်စုံတစ်ရာ ပတ်သက်မှုရှိသည် မဟုတ်လော။ မည်သည့်အရာကို ၎င်းတို့ လိုက်စားကြသနည်း။ (ကောင်းချီးမင်္ဂလာများ ရရှိခြင်း ဖြစ်သည်။) ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် မိမိတို့၏ လိုအင်ဆန္ဒများနှင့် ကြံရွယ်ချက်ကို ၎င်းတို့ လုံးဝ လက်မလွှတ်ကြချေ။ ဘုရားသခင်ကို ၎င်းတို့ စယုံကြည်ကတည်းက ကောင်းချီးမင်္ဂလာများ ရရှိဖို့ ၎င်းတို့ ရည်ရွယ်ကြပြီးဖြစ်သည်။ တရားဒေသနာများစွာ ၎င်းတို့ ကြားနာရပြီးဖြစ်သော်လည်း သမ္မာတရားကို လုံးဝ လက်မခံကြသေးချေ။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ ဖြစ်သည့် မိမိတို့၏ လိုအင်ဆန္ဒနှင့် ကြံရွယ်ချက်ကို ၎င်းတို့ လုံးဝ လက်မလျှော့ကြသေးချေ။ ဘုရားသခင်၌ ယုံကြည်မှုအပေါ် မိမိတို့၏ အမြင်များကို ၎င်းတို့ မပြုပြင်ကြသေး၊ သို့မဟုတ် မပြောင်းလဲကြသေးသကဲ့သို့ မိမိတို့တာဝန်ကို ထမ်းဆောင်ရာတွင် ၎င်းတို့၏ ကြံရွယ်ချက်က သန့်စင်မခံရသေးချေ။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် ၎င်းတို့၏ မျှော်လင့်ချက်နှင့် ကြံရွယ်ချက်ကို ဖမ်းဆုပ်ရင်း အရာရာကို အမြဲလုပ်ဆောင်ကြပြီး နောက်ဆုံးတွင် ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် ၎င်းတို့၏ မျှော်လင့်ချက်များ ပျောက်ပျက်သွားတော့မည့်အခါ ဒေါသပေါက်ကွဲကြကာ ခါးခါးသီးသီး စောဒကတက်ကြသည်၊ နောက်ဆုံးတွင် ဘုရားသခင်နှင့်ပတ်သက်သည့် ၎င်းတို့သံသယနှင့် သမ္မာတရားကို ၎င်းတို့ ငြင်းပယ်သည့် အကျည်းတန်သော အခြေအနေကို ဖွင့်ချပြကြသည်။ ၎င်းတို့သည် သေခြင်းကို ဖိတ်ခေါ်နေကြသည် မဟုတ်လော။ ယင်းမှာ သမ္မာတရားကို အန္တိခရစ်တို့၏ စိုးစဉ်းမျှ လက်မခံခြင်းနှင့် ပြုပြင်ခြင်းကို လက်မခံခြင်း၏ ရှောင်လွှဲမရသော အကျိုးဆက်ဖြစ်သည်။ ဘုရားသခင်၏ အမှုတော်အပေါ် ၎င်းတို့၏ တွေ့ကြုံမှုတွင် ဘုရားသခင်၏ တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်းနှင့် သူ၏ ပြုပြင်ခြင်းတို့သည် သူ၏ ချစ်ခြင်းမေတ္တာနှင့် ကောင်းချီးမင်္ဂလာများဖြစ်သည်ကို ဘုရားသခင် ရွေးချယ်ထားသူအားလုံးက သိနိုင်ကြသည်။ သို့တိုင် အန္တိခရစ်များက ဤသည်မှာ လူတို့ ပြောသည့်အရာတစ်ခုဖြစ်သည်ဟု ယုံကြည်ကြပြီး သမ္မာတရားဖြစ်သည်ဟု မယုံကြည်ကြချေ။ ထို့ကြောင့် ပြုပြင်ခြင်းကို သင်ယူရမည့် သင်ခန်းစာများအဖြစ် ၎င်းတို့ မမြင်ကြသကဲ့သို့ သမ္မာတရားကို မရှာဖွေကြချေ၊ သို့မဟုတ် မိမိတို့ကိုယ်ကို သုံးသပ်ခြင်း မရှိကြချေ။ ဆန့်ကျင်ဘက်အနေဖြင့် ၎င်းတို့က ပြုပြင်ခြင်းကို လူ၏အလိုဆန္ဒမှ ပေါက်ဖွားလာကြောင်း၊ တမင်တကာ ညှဉ်းပန်းခြင်းဖြစ်ကြောင်း၊ ယင်းသည် လူသားကြံရွယ်ချက်များဖြင့် ရောနှောပါဝင်နေကြောင်းနှင့် သေချာပေါက် ဘုရားသခင်ထံမှ မဟုတ်ဟု ယုံကြည်ကြသည်။ ဤအရာကို အတိုက်အခံလုပ်ပြီး အလေးမထားဖို့ရန် ရွေးချယ်ကြကာ တစ်စုံတစ်ဦးက အဘယ်ကြောင့် ၎င်းတို့အား ထိုသို့ဆက်ဆံရမည်ဆိုသည်ကိုပင် လေ့လာကြသည်။ ၎င်းတို့သည် လုံးဝ ကျိုးနွံနာခံခြင်း မရှိကြချေ။ မိမိတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် ဖြစ်ပျက်သမျှတိုင်းကို ကောင်းချီးမင်္ဂလာများနှင့် ဆုလာဘ်များ ရရှိခြင်းနှင့် ၎င်းတို့ ဆက်စပ်လိုက်ကြပြီး ကောင်းချီးမင်္ဂလာများ ရရှိခြင်းကို ၎င်းတို့၏ဘဝတွင် အရေးအကြီးဆုံး လိုက်စားမှုအပြင် ဘုရားသခင်ကို ၎င်းတို့၏ ယုံကြည်မှုနှင့်ဆိုင်သည့် အဆုံးစွန်နှင့် အမြင့်ဆုံး ရည်မှန်းချက်ပန်းတိုင်အဖြစ် ၎င်းတို့ မှတ်ယူကြသည်။ ဘုရားသခင်၏ မိသားစုက သမ္မာတရားအကြောင်း မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ကောင်းချီးမင်္ဂလာများ ရရှိဖို့ မိမိတို့၏ ကြံရွယ်ချက်ကို တစ်သက်တာ ဖက်တွယ်ကြပြီး ကောင်းကြီးများ ရရှိခြင်းအတွက် မဟုတ်သည့် ဘုရားသခင်ကို ယုံကြည်မှုမှာ မိုက်မဲမှုနှင့် မဆင်ခြင်မှုဖြစ်ကြောင်း၊ ကြီးမားသော ဆုံးရှုံးမှုဖြစ်ကြောင်း တွေးထင်လျက် ယင်းကို လက်မလွှတ်ကြချေ။ ကောင်းချီးမင်္ဂလာများ ရရှိဖို့ဖြစ်သည့် မိမိတို့၏ ကြံရွယ်ချက်ကို လက်လျှော့သည့်သူ မည်သူမဆိုသည် လှည့်စားခံရပြီးဖြစ်ကြောင်း၊ လူမိုက်တစ်ဦးကသာ ကောင်းချီးများ ရရှိခြင်းနှင့်ဆိုင်သည့် မျှော်လင့်ချက်အား လက်လျှော့မည်ဖြစ်ကြောင်း၊ ပြီးလျှင် ပြုပြင်ခြင်းကို လက်ခံခြင်းသည် မိုက်မဲမှုနှင့် ညံ့ဖျင်းခြင်းကို ပြသခြင်း၊ လူတော်တစ်ဦးက လုပ်မည်မဟုတ်သည့် အရာတစ်ခုဖြစ်သည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ အန္တိခရစ်၏ အတွေးအခေါ်နှင့် ဆင်ခြင်တွေးခေါ်မှုစနစ် ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးသည် ပြုပြင်ခံရသည့်အခါ စိတ်နှလုံးတွင် အလွန် အတိုက်အခံဖြစ်ကြပြီး တစ်ပတ်ရိုက်ခြင်းနှင့် ဟန်ဆောင်ခြင်းကို ကျွမ်းကျင်ကြသည်။ သမ္မာတရားကို အနည်းငယ်မျှ လက်မခံကြသကဲ့သို့ ကျိုးနွံနာခံခြင်း မရှိကြချေ။ ထိုအစား မနာခံမှုနှင့် အာခံမှုတို့ဖြင့် ပြည့်နေကြသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်း၊ ဘုရားသခင်အပေါ် ဝေဖန်ခြင်းနှင့် တိုက်ခိုက်ခြင်းဆီသို့ ဆိုက်ရောက်စေတတ်ပြီး အဆုံးတွင် ထုတ်ဖော်ခံရကာ ဖယ်ရှားရှင်းလင်းခံရစေတတ်သည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။