အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည် (အခန်း နှစ်)

၂။ မိမိတို့၏တာဝန်ခန့်အပ်မှုကို ပြုပြင်ခြင်းများအပေါ် အန္တိခရစ်များ၏ ချဉ်းကပ်မှု

ကောင်းချီးများရရှိခြင်းနှင့် ပတ်သက်လာသည့်အခါ အန္တိခရစ်များ၌ မယုံနိုင်လောက်အောင် ခေါင်းမာသော သဘောထားတစ်ခု ရှိကြသည်။ ၎င်းတို့သည် ကောင်းချီးများရရှိရန် မိမိတို့၏ ရည်ရွယ်ချက်ကို အသက်နှင့်လဲ၍ ဖက်တွယ်ထားကြပြီး ၎င်းတို့ ပြုပြင်ခြင်းခံရသောအခါ အတိုက်အခံဖြစ်ကြကာ ယင်းကို ငြင်းခုံရန်နှင့် မိမိတို့ကိုယ်ကို ကာကွယ်ရန် အစွမ်းကုန် ကြိုးစားကြသည်။ ဤအရာမှနေ၍ အန္တိခရစ်များသည် သမ္မာတရားကို လုံးဝလက်မခံကြောင်း ငါတို့ သတ်မှတ်နိုင်သည်။ ၎င်းတို့ ဖြုတ်ချခြင်းခံရသောအခါ သို့မဟုတ် ၎င်းတို့၏ တာဝန်ခန့်အပ်မှုများ ပြုပြင်ခြင်းခံရသောအခါ ကောင်းချီးများ ရရှိခြင်းကိစ္စနှင့်ပတ်သက်၍ ၎င်းတို့ အလွန်တရာ အထိမခံဖြစ်ကြသည်။ အဘယ်ကြောင့် ၎င်းတို့ ထိုသို့ အထိမခံဖြစ်ကြသနည်း။ အကြောင်းမှာ ထိုသို့သောလူတို့၏ စိတ်နှလုံးများသည် ကောင်းချီးများရရှိရန် လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ဖြင့် ပြည့်နေသောကြောင့် ဖြစ်သည်။ ၎င်းတို့ပြုလုပ်သမျှသည် အခြားမည်သည့်အရာအတွက်မျှမဟုတ်ဘဲ ကောင်းချီးများရရှိခြင်း အလို့ငှာသာ ဖြစ်သည်။ ၎င်းတို့၏ ဘဝ၌ အကြီးမားဆုံးသောဆန္ဒမှာ ကောင်းချီးများရရှိရန် ဖြစ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့ ဖြုတ်ချခြင်းခံရသောအခါ သို့မဟုတ် ၎င်းတို့၏ တာဝန်ခန့်အပ်မှုများ ပြုပြင်ခြင်းခံရသောအခါ ကောင်းချီးများရရှိရန် ၎င်းတို့၏ မျှော်လင့်ချက် ပျောက်ဆုံးသွားပြီဟု ခံစားကြရပြီး ပင်ကိုအားဖြင့် ကျိုးနွံနာခံရန် ၎င်းတို့ ငြင်းပယ်သည့်အပြင် မိမိတို့ကိုယ်တိုင်ကိုယ်စား အဆက်မပြတ် ငြင်းခုံမှုပြုကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ထည့်သွင်းစဉ်းစားကြပြီး ဘုရားအိမ်တော်၏အလုပ်ကို ထည့်သွင်းစဉ်းစားခြင်း မရှိကြပေ။ ဥပမာအားဖြင့် လူအချို့က စာအရေးအသားတွင် ကျွမ်းကျင်မှုရှိသည်ဟု မိမိတို့ကိုယ်ကို ယုံကြည်သောကြောင့် ယင်းနှင့်ဆက်စပ်သည့် တာဝန်တစ်ခုကို ထမ်းဆောင်ဖို့ အင်တိုက်အားတိုက် တောင်းဆိုကြသည်။ ဘုရားအိမ်တော်သည် ၎င်းတို့အား စိတ်ပျက်စေလိမ့်မည် မဟုတ်သည်မှာ အမှန်ဖြစ်သည်၊ ဘုရားအိမ်တော်သည် ပါရမီရှိသော သီးခြားလူတစ်ဦးချင်းစီကို မြတ်နိုးပြီး လူများ၌ မည်သည့်ဆုကျေးဇူး၊ သို့မဟုတ် အားသာချက်များမဆို ရှိပါစေ၊ ဘုရားအိမ်တော်က ယင်းတို့ကို အသုံးပြုဖို့ ၎င်းတို့အား နေရာပေးလိမ့်မည် ဖြစ်သောကြောင့် ၎င်းတို့အား စာနှင့်ပတ်သက်သည့် အလုပ်ကို ထမ်းဆောင်ဖို့ အသင်းတော်က စီစဉ်ပေးသည်။ သို့ရာတွင် အချိန်အချို့ ကြာပြီးသည့်နောက်၊ ၎င်းတို့၌ ဤကျွမ်းကျင်မှု အမှန်တကယ် မရှိကြောင်းနှင့် ဤတာဝန်ကို ကောင်းမွန်စွာ ထမ်းဆောင်နိုင်စွမ်း မရှိကြောင်းကို သိရှိရသည်။ ၎င်းတို့သည် လုံးလုံး မထိရောက်ကြပေ။ ၎င်းတို့၏ ပါရမီနှင့် အစွမ်းအစက ၎င်းတို့အား ဤအလုပ်၌ လုံးလုံး အရည်အချင်းမပြည့်မီအောင် ဖြစ်စေသည်။ သို့ဖြစ်၍ ထိုသို့သော အခြေအနေများ၌ မည်သည့်အရာကို လုပ်ဆောင်သင့်သနည်း။ ၎င်းတို့ကို သည်းခံပြီး “သင်သည် စိတ်ပြင်းပြမှုရှိသည်။ သင်သည် ပါရမီများစွာ မပိုင်ဆိုင်သော်ငြားလည်း၊ သာမန်အစွမ်းအစရှိကာ၊ သင်လိုလားမှုရှိပြီး အလုပ်ကြိုးစားဖို့ကို မငြင်းပယ်သမျှ ကာလပတ်လုံး၊ ဘုရားအိမ်တော်က သင့်ကို သည်းခံမည်ဖြစ်ပြီး ဤတာဝန်ကို သင့်အား ဆက်လက် ထမ်းဆောင်စေမည်။ သင်ကောင်းစွာ မလုပ်ဆောင်လျှင်လည်း အရေးမကြီးပါ။ ဘုရားအိမ်တော်က မသိကျိုးကျွံပြုမည် ဖြစ်သည်။ သင့်ကို အစားထိုးဖို့ မလိုအပ်ပါ” ဟု ပြောဖို့ ဖြစ်နိုင်သလော။ ဤသည်မှာ ကိစ္စများကို ဘုရားအိမ်တော်က ကိုင်တွယ်သည့် စည်းမျဉ်းဖြစ်သလော။ မဟုတ်သည်မှာ သိသာသည်။ ထိုသို့သော အခြေအနေများ၌ ၎င်းတို့၏ အစွမ်းအစနှင့် အားသာချက်များကို အခြေပြု၍ သင့်တော်ရာ တာဝန်များကို ၎င်းတို့အတွက် ပုံမှန်အားဖြင့် စီစဉ်ပေးသည်။ ယင်းမှာ ရှုထောင့်တစ်ခုဖြစ်သည်။ သို့ရာတွင် ဤတစ်ခုတည်းကိုသာ အမှီပြုဖို့ မလုံလောက်ပေ၊ အကြောင်းမှာ အခြေအနေများစွာ၌ လူများသည် ၎င်းတို့ ထမ်းဆောင်ဖို့ သင့်တော်သည့်တာဝန်မှာ မည်သည့်အရာ ဖြစ်သည်ကို မိမိကိုယ်တိုင် မသိကြပေ၊ ၎င်းတို့က ထိုအရာကို ကျွမ်းကျင်မှုရှိသည်ဟု ထင်လျှင်ပင် ယင်းမှာ သေချာပေါက် မှန်ချင်မှမှန်ပေလိမ့်မည်။ ထို့ကြောင့် ၎င်းတို့က အချိန်ကာလတစ်ခုကြာအောင် ကြိုးစားကြည့်ပြီး လေ့ကျင့်ရမည် ဖြစ်သည်။ ၎င်းတို့ ထိရောက်မှုရှိမရှိပေါ်တွင် အခြေပြု၍ ဆုံးဖြတ်ခြင်းက လုပ်ဆောင်ဖို့ မှန်ကန်သောအရာဖြစ်သည်။ ၎င်းတို့အနေဖြင့် အချိန်ကာလတစ်ခုကြာ လေ့ကျင့်သင်ကြားပြီး မည်သည့် ရလဒ်မျှ မရရှိလျှင် သို့မဟုတ် မည်သည့်တိုးတက်မှုမျှ မဖြစ်စေသည့်အပြင် ၎င်းတို့ကို ပြုစုပျိုးထောင်ထိုက်ခြင်းမရှိကြောင်း သေချာလျှင် ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်သင့်ပြီး ၎င်းတို့အတွက် သင့်တော်သည့်တာဝန်တစ်ခုကို ပြန်စီစဉ်ပေးသင့်သည်။ လူများ၏ တာဝန်ခန့်အပ်မှုများကို ဤနည်းလမ်းဖြင့် ပြုပြင်ပေးခြင်းနှင့် ပြင်ဆင်ညှိနှိုင်းပေးခြင်းသည် လုပ်ဆောင်ရန် ကောင်းမွန်သင့်တော်သည့်အရာဖြစ်ပြီး စည်းမျဉ်းနှင့်လည်း ကိုက်ညီပေသည်။ သို့သော် အချို့လူများသည် ဘုရားအိမ်တော်၏ စီစဉ်မှုများကို နာခံနိုင်ခြင်းမရှိ၊ ယင်းအစား မိမိတို့၏ တာဝန်များကို ထမ်းဆောင်ရာ၌ မိမိတို့၏ ဇာတိပကတိဆိုင်ရာ နှစ်သက်မှုများနောက် အမြဲ လိုက်လျှောက်ကြသည်။ ဥပမာအနေနှင့် တစ်စုံတစ်ဦးက “ကျွန်ုပ်၏ အကြီးမားဆုံးသောအိပ်မက်မှာ စာပေပညာရှင်တစ်ဦး သို့မဟုတ် သတင်းထောက်တစ်ဦး ဖြစ်ရန်ဖြစ်သည်၊ သို့သော် ကျွန်ုပ်၏ မိသားစုအခြေအနေများနှင့် အခြားအကြောင်းရင်းများကြောင့် ယင်းကို ကျွန်ုပ် မဖြည့်ဆည်းနိုင်ခဲ့ပါ။ သို့သော် ယခု ကျွန်ုပ်သည် ဘုရားအိမ်တော်၌ စာနှင့်ပတ်သက်သောအလုပ်ကို လုပ်ဆောင်နေရသည်။ ကျွန်ုပ်အလိုရှိခဲ့သည့်အရာကို နောက်ဆုံးတွင် ကျွန်ုပ် ရရှိခဲ့လေပြီ” ဟူ၍ ပြောသည်ဆိုပါစို့။ သို့ရာတွင် သူ၏ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းမှာ လုံလောက်အောင် မကောင်းမွန်ပေ။ သူ၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု များများစားစားမရှိသည့်အပြင် စာနှင့်ပတ်သက်သောအလုပ်ကို လုပ်ဆောင်ရန် စံမမီပေ။ သို့ဖြစ်၍ သူ၏တာဝန်ကို ခဏတာ ထမ်းဆောင်ပြီးနောက် သူ့ကို အခြားတာဝန်တစ်ခုသို့ ပြောင်းရွှေ့ပေးခဲ့သည်။ သူက “ကျွန်ုပ်လုပ်ချင်တဲ့အလုပ်ကို ကျွန်ုပ် အဘယ်ကြောင့် မလုပ်နိုင်ရသနည်း။ အခြား မည်သည့်အလုပ် အမျိုးအစားကိုမျှ ကျွန်ုပ် မကြိုက်ပါ”ဟု မကျေမနပ်ပြောသည်။ ဤနေရာတွင် ပြဿနာမှာ အဘယ်နည်း။ ဘုရားအိမ်တော်က သူ၏တာဝန်ခန့်အပ်မှုကို စည်းမျဉ်းများအတိုင်း ပြုပြင်ပေးခဲ့သည်၊ သို့ဆိုလျှင် သူသည် အပြောင်းအလဲကို အဘယ်ကြောင့် လက်မခံနိုင်ရသနည်း။ ဤသည်မှာ သူ၏ လူ့သဘာဝနှင့်ဆိုင်သော ပြဿနာတစ်ခု မဟုတ်လော။ သူသည် သမ္မာတရားကို လက်မခံနိုင်ဘဲ ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိပေ၊ ဤသည်မှာ ဆင်ခြင်တုံတရား ကင်းမဲ့ခြင်းမျှသာ ဖြစ်သည်။ သူသည် သူ၏ ပုဂ္ဂိုလ်ရေးရာ နှစ်သက်မှုများအပေါ် အခြေခံ၍ သူ၏ တာဝန်ကို အမြဲထမ်းဆောင်ပြီး သူ၏ ကိုယ်ပိုင်ရွေးချယ်မှုများကို ပြုလုပ်လိုစိတ် အမြဲရှိသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု မဟုတ်လော။ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ရသည်ကို နှစ်သက်ရုံမျှဖြင့် ယင်းကို သင် ကောင်းစွာလုပ်ဆောင်နိုင်မည်ဟု အာမခံသလော။ သင်သည် တာဝန်တစ်ခုခုကို ထမ်းဆောင်ရသည်ကို နှစ်သက်ရုံမျှဖြင့် ယင်းကို စံနှုန်းပြည့်မီသောနည်းလမ်းဖြင့် သင်လုပ်ဆောင်နိုင်မည်ဟု ဆိုလိုသလော။ သင်သည် တစ်စုံတစ်ခုကို လုပ်ဆောင်ခြင်း၌ နှစ်သက်ရုံသက်သက်ဖြင့် သင်သည် ယင်းနှင့် သင့်တော်သည်ဟု မဆိုလိုပေ။ သင့်အနေဖြင့် သင်နှင့် သင့်တော်သည့်အရာကို ရိပ်စားမိကောင်းရိပ်စားမိနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သင်သည် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်ပြီး နာခံတတ်ရန် သင်ယူဖို့ လိုအပ်သည်။ သို့ဆိုလျှင် သင်၏တာဝန်ခန့်အပ်မှုကို ပြုပြင်ပေးသောအခါ သင်သည် နာခံမှုကို မည်သို့ လက်တွေ့လုပ်ဆောင်သင့်သနည်း။ တစ်နည်းအားဖြင့်၊ သင်သည် ဘုရားအိမ်တော်က သင်၏တာဝန်ခန့်အပ်မှုကို သင်၏ နှစ်သက်မှုများ သို့မဟုတ် မည်သည့်ခေါင်းဆောင် သို့မဟုတ် အမှုဆောင်၏ ဘက်လိုက်မှုများအပေါ် အခြေခံ၍မဟုတ်ဘဲ သမ္မာတရားစည်းမျဉ်းများအပေါ် အခြေခံ၍ ပြုပြင်ပေးခဲ့ကြောင်း ယုံကြည်ရမည်။ သင်၏တာဝန်ခန့်အပ်မှုကို ပြုပြင်ပေးခြင်းသည် သင်၏ ဆုကျေးဇူးများ၊ အားသာချက်များနှင့် အခြားအမှန်တကယ်ဖြစ်သော အခြေအနေများအပေါ် အခြေခံ၍ ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး ယင်းမှာ လူတစ်ဦးတစ်ယောက်၏ စိတ်ကူးများမှ ပေါက်ဖွားလာခြင်းမဟုတ်ကြောင်းကို သင် ယုံကြည်ရမည်။ သင်၏တာဝန်ခန့်အပ်မှုက ပြုပြင်ခြင်း ခံရသည့်အခါတွင် နာခံဖို့ သင်ယူသင့်သည်။ သင်၏ တာဝန်အသစ်တွင် အတန်ကြာ လေ့ကျင့်ပြီးဖြစ်ကာ ထိုတာဝန် ထမ်းဆောင်ရာတွင် ရလဒ်များ စွမ်းဆောင်ရရှိပြီးသည့်နောက်တွင် သင်သည် ဤတာဝန် ထမ်းဆောင်ဖို့ ပို၍ သင့်တော်သည်ကို တွေ့ရလိမ့်မည်ဖြစ်ပြီး သင်၏ နှစ်သက်မှုများအရ တာဝန်များကို ရွေးချယ်ခြင်းသည် အမှားတစ်ခုဖြစ်ကြောင်း သဘောပေါက်လာလိမ့်မည်။ ဤသည်မှာ ပြဿနာကို မဖြေရှင်းပေးသလော။ အရေးအကြီးဆုံးမှာ ဘုရားအိမ်တော်သည် တာဝန်တစ်ခုခုကို လူတို့ ထမ်းဆောင်ဖို့ စီစဉ်ပေးရာတွင် လူများ၏ နှစ်သက်မှုများကို အခြေပြုခြင်း မဟုတ်ဘဲ အလုပ်၏ လိုအပ်ချက်များအပေါ်နှင့် ထိုတာဝန်ကို လူတစ်ဦး ထမ်းဆောင်ခြင်းက ရလဒ်များ စွမ်းဆောင်ရရှိနိုင်ခြင်း ရှိမရှိအပေါ်တွင် အခြေပြုခြင်း ဖြစ်သည်။ ဘုရားအိမ်တော်သည် လူတစ်ဦးချင်း၏ နှစ်သက်မှုများအရ တာဝန်များကို စီစဉ်ပေးသင့်သည်ဟု သင်တို့ဆိုမည်လော။ လူတို့၏ တစ်ကိုယ်ရေ နှစ်သက်မှုများကို ဖြည့်ဆည်းသည့် အခြေအနေပေါ် အခြေခံ၍ လူတို့ကို အသုံးပြုသင့်သလော။ (အသုံးမပြုသင့်ပါ။) ဤအရာများထဲမှ မည်သည့်အရာသည် လူများကို အသုံးပြုရာတွင် ဘုရားအိမ်တော်၏ စည်းမျဉ်းများနှင့် ကိုက်ညီသနည်း။ မည်သည့်အရာသည် သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသနည်း။ ဘုရားအိမ်တော်အလုပ်၏ လိုအပ်ချက်များနှင့်အညီ၊ မိမိတို့၏ တာဝန်ကို လူတို့ ထမ်းဆောင်ခြင်း၏ ရလဒ်များနှင့်အညီ လူများကို ရွေးချယ်ခြင်းဖြစ်သည်။ သင်သည် အချို့သော ခုံမင်မှုများနှင့် စိတ်ပါဝင်စားမှုများ ရှိပြီး သင်၏တာဝန်များကို ထမ်းဆောင်ရန် ဆန္ဒအနည်းငယ်ရှိသည်။ သို့ရာတွင် သင်၏ဆန္ဒများ၊ စိတ်ပါဝင်စားမှုများနှင့် ခုံမင်မှုများကို ဘုရားအိမ်တော်၏ အလုပ်ထက် ပို၍ဦးစားပေးသင့်သလော။ “ဤအလုပ်ကို ကျွန်ုပ် လုပ်ရမှ ဖြစ်မည်။ လုပ်ခွင့်မပြုလျှင် ကျွန်ုပ် အသက်မရှင်လိုပါ။ ကျွန်ုပ်၏ တာဝန်ကို မထမ်းဆောင်လိုပါ။ ဤအလုပ်ကို လုပ်ခွင့်မပြုလျှင် ကျွန်ုပ်သည် အခြားမည်သည့်အရာကိုမျှ လုပ်ဆောင်ဖို့ စိတ်အားထက်သန်မှု ရှိမည် မဟုတ်သကဲ့သို့ အပြည့်အဝ အားစိုက်ထုတ်မည်လည်း မဟုတ်ပါ” ဟုဆိုလျက် ခေါင်းမာစွာဖြင့် မလျှော့တမ်း ပြောနေလျှင် ဤအရာက တာဝန်ထမ်းဆောင်ခြင်းအပေါ် သင်၏ သဘောထား၌ ပြဿနာရှိကြောင်း ပြသည် မဟုတ်လော။ ယင်းမှာ အသိစိတ်နှင့် ဆင်ခြင်တုံတရား လုံးလုံးလျားလျား ကင်းမဲ့ခြင်း မဟုတ်လော။ သင်၏ တစ်ကိုယ်ရေ ဆန္ဒများ၊ စိတ်ပါဝင်စားမှုများနှင့် ခုံမင်မှုများကို ဖြည့်ဆည်းရန်အတွက် အသင်းတော်အလုပ်ကို ထိခိုက်စေဖို့နှင့် နှောင့်နှေးစေဖို့ သင် ဝန်မလေးပေ။ ဤအရာက သမ္မာတရားနှင့် ကိုက်ညီသလော။ လူတစ်ဦးသည် သမ္မာတရားနှင့် မကိုက်ညီသော အရာများကို မည်သို့ သဘောထားသင့်သနည်း။ လူအချို့က “လူတစ်ဦးသည် အများအကျိုးအတွက် မိမိအကျိုးကို စတေးသင့်သည်” ဟု ပြောကြသည်။ ဤသည်မှာ မှန်ကန်သလော။ ဤသည်မှာ သမ္မာတရားဟုတ်သလော။ (မဟုတ်ပါ။) ဤပြောဆိုချက်သည် မည်သည့်စကားမျိုး ဖြစ်သနည်း။ (စာတန်ဆန်သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကားမျိုးဖြစ်သည်။) ဤသည်မှာ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော စကား၊ အထင်အမြင်မှားစေပြီး အယောင်ဆောင်ထားသော စကားဖြစ်သည်။ “လူတစ်ဦးသည် အများအကျိုးအတွက် မိမိအကျိုးကို စတေးသင့်သည်” ဟူသည့် စကားရပ်ကို သင်၏တာဝန်များ ထမ်းဆောင်သည့် အခြေအနေတွင် အသုံးပြုပါက သင်သည် ဘုရားသခင်ကို ဆန့်ကျင်ပြီး ပြစ်မှားစော်ကားနေခြင်း ဖြစ်သည်။ ဤအရာသည် အဘယ်ကြောင့် ဘုရားသခင်ကို ပြစ်မှားစော်ကားသနည်း။ အကြောင်းမှာ သင်သည် မိမိ၏ကိုယ်ပိုင်ဆန္ဒကို ဘုရားသခင်အပေါ် ပြဋ္ဌာန်းနေသောကြောင့်ဖြစ်၏။ ယင်းသည် ပြစ်မှားစော်ကားခြင်းတည်း။ သင်သည် သင်၏ ကိုယ်ကျိုးကို စတေးခြင်းအား ဘုရားသခင်၏ စုံလင်အောင်ပြုခြင်းနှင့် ကောင်းချီးများဖြင့် အလဲအလှယ်လုပ်ရန် ကြိုးစားနေသည်။ သင်၏ရည်ရွယ်ချက်မှာ ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ဖြစ်သည်။ သင်၏ မည်သည့်အရာကိုမျှ သင်စတေးပေးရန် ဘုရားသခင် မလိုအပ်ပေ။ ဘုရားသခင် တောင်းဆိုသည့်အရာမှာ လူများအနေဖြင့် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ပြီး ဇာတိပကတိကို ပုန်ကန်ရန်ဖြစ်သည်။ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်နိုင်ပါက သင်သည် ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်နေခြင်းဖြစ်သည်။ သင်၏ ရည်ရွယ်ချက်များက မှားယွင်းနေကာ အမှုကိစ္စများအပေါ် သင်၏အမြင်များက မမှန်ကန်ဘဲ သင်၏ ပြောဆိုချက်များသည် သမ္မာတရားနှင့် လုံးလုံး ဆန့်ကျင်ကွဲလွဲသောကြောင့် သင်၏တာဝန်ကို သင်ညံ့ဖျင်းစွာ ထမ်းဆောင်ခြင်း ဖြစ်သည်။ သို့ရာတွင် ဘုရားအိမ်တော်သည် သင့်ထံမှ တာဝန် ထမ်းဆောင်ခွင့်ကို မဖယ်ရှားသေးပေ။ သင်သည် ပြီးခဲ့သည့်တာဝန်နှင့် သင့်တော်ခြင်း မရှိသောကြောင့် သင်၏တာဝန်ခန့်အပ်မှုကို ပြုပြင်ပေးပြီး သင့်အတွက် သင့်တော်သည့် တာဝန်တစ်ခုသို့ တာဝန်ပြောင်းပေးခြင်းသာ ဖြစ်သည်။ ဤသည်မှာ အလွန် ပုံမှန်ဖြစ်ပြီး နားလည်ရန်လည်း လွယ်ကူပေသည်။ သင်သည် ဤကိစ္စကို မှန်ကန်စွာ သဘောထားသင့်သည်။ ဤကိစ္စကို သဘောထားရန်မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ ဤအရာ ဖြစ်ပျက်သောအခါ သင်သည် ရှေးဦးစွာ သင့်အပေါ် ဘုရားအိမ်တော်၏ အကဲဖြတ်မှုကို လက်ခံရမည်။ နှလုံးသွင်းအရ သင်သည် သင်၏တာဝန်ကို နှစ်သက်နိုင်သော်လည်း သင်သည် အမှန်တကယ်တွင် ထိုတာဝန်အတွက် စံမမီသည့်အပြင် ယင်း၌ ကျွမ်းကျင်ခြင်းလည်းမရှိပေ။ သို့ဖြစ်၍ သင်သည် ထိုအလုပ်ကို မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ သင်၏တာဝန်ကို ပြောင်းလဲပေးရန် လိုအပ်သည်ဟု ဆိုလိုသည်။ သင်သည် သင်၏တာဝန်အသစ်ကို နာခံပြီး လက်ခံသင့်သည်။ ရှေးဦးစွာ ယင်း၌ အချိန်အတိုင်းအတာတစ်ခုအထိ လေ့ကျင့်လော့။ အကယ်၍ သင်သည် သင် လုံလောက်အောင် မတော်သေးဟူ၍လည်းကောင်း၊ သင်၏အစွမ်းအစမှာ ထိုအလုပ်ကို စံမမီဟူ၍လည်းကောင်း တွေးထင်နေဆဲဖြစ်ပါက သင်သည် အသင်းတော်ကို၊ “ကျွန်ုပ်သည် ဤတာဝန်အတွက် စံမမီပါ။ ဤအတိုင်း ဆက်ဖြစ်နေမည်ဆိုလျှင် အလုပ်ကို အဟန့်အတားဖြစ်စေပါလိမ့်မည်” ဟု ပြောသင့်သည်။ ယင်းမှာ အလွန် ဆင်ခြင်တုံတရားရှိသော ပြုမူပုံနည်းလမ်းပင်တည်း။ သင် မည်သည့်အရာကိုလုပ်ဆောင်သည်ဖြစ်စေ ထိုတာဝန်၌ ဆက်လက်လုပ်ဆောင်ရန် မကြိုးစားနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် အလုပ်ကို အဟန့်အတားဖြစ်စေလိမ့်မည်။ အကယ်၍ သင်သည် ပြဿနာကို စောစီးစွာ ထုတ်ဖော်ပြောဆိုပါက အသင်းတော်သည် သင်၏အခြေအနေအပေါ် အခြေခံ၍ သင့်အတွက် သင့်တော်သောတာဝန်တစ်ခုကို စီစဉ်ပေးလိမ့်မည်။ ဘုရားအိမ်တော်သည် လူတို့ကို တာဝန်များထမ်းဆောင်ရန် အတင်းအကျပ်မပြုပေ။ သင်၏တာဝန်ခန့်အပ်မှု ပြုပြင်ပေးခံရခြင်းကို တွေ့ကြုံခြင်းသည် သင့်အတွက် ကောင်းသောအရာတစ်ခု မဟုတ်လော။ ပထမဦးစွာ ယင်းက သင့်အား သင်၏ ကိုယ်ပိုင်နှစ်သက်မှုများနှင့် ဆန္ဒများကို ဆင်ခြင်တုံတရားဖြင့် ချဉ်းကပ်နိုင်စေသည်။ သင်သည် အတိတ်က ထိုအရာကို ခုံမင်မှု ရှိကောင်းရှိခဲ့နိုင်ပြီး စာပေနှင့် အရေးအသားကို နှစ်သက်ကောင်းနှစ်သက်နိုင်သော်လည်း စာနှင့်ပတ်သက်သောအလုပ်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကိုလည်း လိုအပ်သည်။ အနည်းဆုံးအားဖြင့် သင်သည် ဝိညာဉ်ရေးရာ ဝေါဟာရများကို နားလည်ရန် လိုအပ်သည်။ အကယ်၍ သင်သည် သမ္မာတရားကို အနည်းငယ်မျှပင် နားလည်သဘောပေါက်မှု ကင်းမဲ့ပါက စာပေနှင့်ပတ်သက်၍ ကျွမ်းကျင်မှုအနည်းငယ် ရှိရုံမျှဖြင့် လုံလောက်မည်မဟုတ်ပေ။ သင်သည် အတွေ့အကြုံကာလတစ်ခုမှတစ်ဆင့် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကို ရရှိရန်၊ ဝိညာဉ်ရေးရာ ဝေါဟာရကို နားလည်ရန်နှင့် ဝိညာဉ်ရေးရာ အသက်တာနှင့်ဆိုင်သည့် အသုံးအနှုန်းကို ပိုင်ဆိုင်လာရန် လိုအပ်လိမ့်မည်။ ထိုအခါမှသာ သင်သည် ဘုရားအိမ်တော်၌ စာနှင့်ပတ်သက်သောအလုပ်ကို ထမ်းဆောင်နိုင်ပေလိမ့်မည်။ အတွေ့အကြုံကာလတစ်ခုနှင့် အမှုအရာများကို ဖြတ်သန်းရခြင်းမှတစ်ဆင့် သင်သည် အသက်တာအတွေ့အကြုံနှင့်ဆိုင်သည့် အသုံးအနှုန်း ချို့တဲ့သည်ကို သင်တွေ့ရှိရလိမ့်မည်။ သင်၏ မယုံနိုင်လောက်သော မလုံလောက်မှုကို သင်မြင်တွေ့လိမ့်မည်၊ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို သင်သိရှိလိမ့်မည်။ သင်သည် ဘုရားအိမ်တော်နှင့် သင်၏ ညီအစ်ကိုမောင်နှမများကို သင်၏အစွမ်းအစနှင့် ဝိညာဉ်ရင့်ကျက်မှုအား ရှင်းလင်းစွာ မြင်တွေ့စေလိမ့်မည်။ ဤသည်မှာ သင့်အတွက် ကောင်းသောအရာတစ်ခု ဖြစ်သည်။ အနည်းဆုံးအားဖြင့် ဤသည်မှာ သင်၏အစွမ်းအစ မည်မျှမြင့်မားသည် သို့မဟုတ် နိမ့်ကျသည်ကို သင့်အား ပြသလိမ့်မည်ဖြစ်ပြီး သင့်ကိုယ်သင် မှန်ကန်စွာ သဘောထားနိုင်စေလိမ့်မည်။ သင်သည် သင်၏ အစွမ်းအစ၊ ခုံမင်မှုများနှင့်ပတ်သက်၍ စိတ်ကူးစိတ်သန်းများသာ ရှိတော့မည် မဟုတ်။ သင်၏ စစ်မှန်သော ဝိညာဉ်ရင့်ကျက်မှုကို သင် သိရှိလိမ့်မည်။ သင်နှင့် သင့်တော်သည့်အရာ၊ မသင့်တော်သည့်အရာကို ပို၍ တိကျစွာနှင့် ရှင်းလင်းစွာ သင် မြင်တွေ့လိမ့်မည်။ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သင်သည် ပို၍ တည်ကြည်ပြီး လက်တွေ့ကျလာလိမ့်မည်။ ဤသည်မှာ ယင်း၏ ရှုထောင့်တစ်ခု ဖြစ်သည်။ အရေးအကြီးဆုံးဖြစ်သည့် အခြားသွင်ပြင်လက္ခဏာတစ်ခုမှာ မည်သည့် သိနားလည်မှု အတိုင်းအတာကို သင် ရရှိသည်ဖြစ်စေ သို့မဟုတ် ဤအရာများကို သင် နားလည်နိုင်သည်ဖြစ်စေ ဘုရားအိမ်တော်က သင့်အတွက် စီစဉ်မှုများ ပြုလုပ်သောအခါ သင်သည် အနည်းဆုံးအနေဖြင့် ဇီဇာကြောင်ခြင်း သို့မဟုတ် သင့်ကိုယ်ပိုင် အစီအစဉ်များနှင့် ရွေးချယ်မှုများရှိခြင်းထက် ရှေးဦးစွာ နာခံခြင်းသဘောထားကို ခံယူရမည်ဖြစ်သည်။ ဤသည်မှာ သင် အဓိက ပိုင်ဆိုင်ရမည့် ဆင်ခြင်တုံတရား ဖြစ်သည်။ အကယ်၍ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရာ၌ မည်သည့်ရောနှောပါဝင်မှုများ ရှိသည်ကို မသုံးသပ်မဆင်ခြင်နိုင်ပါက ကိစ္စမရှိပေ။ အရေးကြီးသမျှမှာ သင်၏စိတ်နှလုံးထဲ၌ ကျိုးနွံနာခံမှုရှိပြီး သမ္မာတရားကို လက်ခံနိုင်ခြင်းဖြစ်သည်။ သင်၏တာဝန်ကို အလေးအနက်ထားပြီး သင်၏သစ္စာစောင့်သိမှုကို ပြသနိုင်ခြင်းဖြစ်ကာ ပြဿနာများ ပေါ်ပေါက်လာသောအခါ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှုကို သင်ထုတ်ဖော်သောအခါ သင့်ကိုယ်သင် ဆင်ခြင်သုံးသပ်နိုင်ခြင်း၊ သင်၏ ကိုယ်ပိုင်ချို့တဲ့မှုများနှင့် အားနည်းချက်များကို နားလည်နိုင်ခြင်းနှင့် သင်၏ပြဿနာများ သို့မဟုတ် ဖောက်ပြန်ပျက်စီးခြင်းနှင့်ဆိုင်သည့် ထုတ်ဖော်ချက်များကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ခြင်းတို့ ဖြစ်သည်။ ဤနည်းအားဖြင့် သင်သည် သင်၏ တာဝန်ကို ထမ်းဆောင်သည်နှင့်အမျှ သတိမထားမိလိုက်ဘဲ သင်၏အသက်တာနှင့် ဝိညာဉ်ရင့်ကျက်မှုက တဖြည်းဖြည်း ကြီးထွားလာလိမ့်မည်ဖြစ်ပြီး သင်၏တာဝန်ကို စံနှုန်းပြည့်မီသောနည်းလမ်းဖြင့် သင် ထမ်းဆောင်လာလိမ့်မည်။ သင်သည် ဘုရားသခင်အတွက် စိတ်ရင်းမှန်ဖြင့် အသုံးခံပြီး သင်၏ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေခြင်းအား လုံးဝ မရပ်တန့်သရွေ့ ဘုရား၏ ကောင်းချီးများကို သင်လက်ခံရရှိလိမ့်မည်ဖြစ်ပြီး သူသည် သင့်ကို မတရားဆက်ဆံလိမ့်မည် မဟုတ်ပေ။

လူတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်ပြီးသည့်အခါတွင် အသင်းတော်က ဆုံးဖြတ်ချက်ချပြီးလျှင် ၎င်းတို့အနေဖြင့် လက်ခံပြီး နာခံသင့်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပြန်လည်သုံးသပ်ကာ ပြဿနာ၏ အနှစ်သာရကိုလည်းကောင်း၊ မိမိတို့ကိုယ်တိုင်၏ အားနည်းချက်များကိုလည်းကောင်း နားလည်သင့်သည်။ ဤသည်မှာ လူများအတွက် အလွန် အကျိုးရှိပြီး ယင်းမှာ လက်တွေ့လုပ်ဆောင်သင့်သည့် အရာတစ်ခုဖြစ်၏။ ဤကဲ့သို့ အလွန်ရိုးရှင်းသော ကိစ္စမျိုးကို သာမန်လူများသည် များစွာသော အခက်အခဲများမရှိဘဲ၊ မကျော်လွှားနိုင်သော အတားအဆီးများမရှိဘဲ နားလည်သဘောပေါက်နိုင်ပြီး မှန်ကန်စွာ သဘောထားနိုင်သည်။ ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်ခြင်းများ ပြုသည့်အခါ အနည်းဆုံးအနေဖြင့် လူတို့သည် ကျိုးနွံနာခံသင့်သည်၊ မိမိတို့ကိုယ်ကို ပြန်လည်ဆင်ခြင်ကြည့်ခြင်းမှ အကျိုးဖြစ်ထွန်းသည့်အပြင် ၎င်းတို့တာဝန်ကို ထမ်းဆောင်မှုသည် စံနှုန်းပြည့်မီခြင်းရှိမရှိကို တိကျမှန်ကန်သော အကဲဖြတ်မှုတစ်ခု ရအပ်သည်။ သို့သော် အန္တိခရစ်တစ်ယောက်အတွက် ဤသို့မဟုတ်ပေ။ ၎င်းတို့ ထင်ရှားပြသည့်အရာသည် သာမန်လူနှင့် ကွာခြားသည်။ ဤကွာခြားချက်က မည်သည့်နေရာတွင် ရှိသနည်း။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း မရှိပေ။ ၎င်းတို့သည် မိမိတို့အပိုင်းကို ကြိုတင်စီမံ၍ တက်ကြွစွာ လုပ်ဆောင်ခြင်းမရှိသည့်အပြင် သမ္မာတရားကို အနည်းငယ်မျှပင် မရှာဖွေကြပေ။ ယင်းအစား ၎င်းတို့သည် ညှိနှိုင်းပြင်ဆင်ပေးခြင်းကို မလိုလားမှု ခံစားရသည်။ ပြီးလျှင် ဤအရာကို ခုခံသည်။ စိစစ်လေ့လာသည်။ ချင့်ချိန်စဉ်းစားသည်။ ဦးနှောက်ခြောက်ခံ၍ မှန်းဆသည်။ “ဤတာဝန်ကို အဘယ်ကြောင့် ငါလုပ်ဆောင်ခွင့်မရှိသနည်း။ ငါသည် အဘယ်ကြောင့် အရေးမကြီးသောတာဝန်တစ်ခုသို့ တာဝန်ပြောင်းခြင်း ခံရသနည်း။ ဤသည်မှာ ငါ့အား ထုတ်ဖော်၍ ဖယ်ရှားရှင်းလင်းရန် နည်းလမ်းဖြစ်သလော။” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာဖြစ်ပျက်ခဲ့သည်ကို ၎င်းတို့စိတ်ထဲတွင် ပြန်ပြောင်းတွေးတောကြပြီး အဆုံးမရှိစွာ လေ့လာစိစစ်ကာ တွေးဆကြသည်။ မည်သည့်အရာမျှ မဖြစ်သည့်အခါ ၎င်းတို့သည် လုံးဝ အဆင်ပြေသည်။ သို့သော် တစ်စုံတစ်ခု ဖြစ်ပျက်သည့်အခါ မုန်တိုင်းကျသောရေပြင်ကဲ့သို့ ၎င်းတို့၏စိတ်နှလုံးတွင် အပြင်းအထန် စတင်လှုပ်ရှားလာသည်။ ၎င်းတို့၏ ခေါင်းထဲတွင် မေးခွန်းများနှင့် ပြည့်နေသည်။ ပြဿနာများကို တွေးဆရာတွင် ၎င်းတို့သည် အခြားသူများထက်သာသည်ဟု အပြင်ပန်းတွင် ထင်ရနိုင်သော်လည်း အမှန်တကယ်တွင် အန္တိခရစ်များသည် သာမန်လူတို့ထက် ပို၍ ကောက်ကျစ်ဆိုးယုတ်ခြင်းသာ ဖြစ်သည်။ ဤကောက်ကျစ်ဆိုးယုတ်မှုသည် မည်သို့ ထင်ရှားပြသသနည်း။ ၎င်းတို့၏ စဉ်းစားမှုများသည် အစွန်းရောက်သည်၊ ရှုပ်ထွေးပြီး လျှို့ဝှက်သည်။ သာမန်လူတစ်ယောက်၊ ဆင်ခြင်တုံတရားနှင့် အသိစိတ်ရှိသူတစ်ယောက်တွင် မဖြစ်ပေါ်သော အရာများသည် အန္တိခရစ်တစ်ယောက်အတွက် သာမန်သာဖြစ်သည်။ ၎င်းတို့၏တာဝန်ခန့်အပ်မှုအတွက် ရိုးရှင်းသော ပြုပြင်ခြင်းတစ်ခုကို ပြုပြီးသည့်အခါ၊ လူတို့သည် နာခံသည့် သဘောထားဖြင့် ဖြေကြားသင့်သည်။ ဘုရားသခင်၏ အိမ်တော်က ၎င်းတို့ကို ပြောသည့်အတိုင်း လုပ်ဆောင်သင့်သည်။ ၎င်းတို့တတ်နိုင်သည့်အရာကို လုပ်ဆောင်ကာ၊ မည်သည့်အရာကို လုပ်ပါစေ၊ ၎င်းတို့ တတ်စွမ်းသမျှ၊ စိတ်နှလုံးနှင့် ခွန်အားရှိသမျှဖြင့် လုပ်ဆောင်လော့။ ဘုရားသခင် ပြုပြီးသည့်အရာသည် အမှားမရှိပါ။ ဤသို့သော ရိုးရှင်းသည့် သမ္မာတရားကို လူများက အသိတရားနှင့် ဆင်ခြင်တုံတရား အနည်းငယ်ဖြင့် လက်တွေ့လုပ်ဆောင်နိုင်သည်။ သို့သော် ယင်းသည် အန္တိခရစ်များ၏ အရည်အချင်းများထက် ကျော်လွန်သည်။ တာဝန်ခန့်အပ်မှုများကို ပြုပြင်ခြင်းနှင့်ပတ်သက်လျှင် အန္တိခရစ်များသည် ချက်ချင်း အကြောင်းပြချက်များ၊ စကားပရိယာယ်၊ အာခံခြင်းများ ပြုမည်ဖြစ်ပြီး စိတ်အတွင်းတွင် ယင်းကို လက်ခံရန် ငြင်းဆန်ကြသည်။ ၎င်းတို့၏ စိတ်နှလုံးတွင် မည်သည့်အရာရှိသနည်း။ မသင်္ကာမှုနှင့် သံသယရှိသည်။ ထို့နောက် ၎င်းတို့သည် နည်းလမ်းပေါင်းစုံသုံးလျက် သူတစ်ပါးတို့ကို စုံစမ်းစစ်ဆေးကြသည်။ ၎င်းတို့သည် ၎င်းတို့၏ စကားများ၊ လုပ်ဆောင်ချက်များနှင့် စုံစမ်းသွေးဆောင်ကြသည်။ မသမာသောနည်းလမ်းများဖြင့် လူတို့ကို အမှန်အတိုင်းပြောပြီး ရိုးသားစွာပြောဆိုရန် အကျပ်ကိုင်ပြီး သွေးဆောင်မှုပင် ပြုလုပ်ကြသည်။ ၎င်းတို့ အဘယ်ကြောင့် တာဝန်ခန့်အပ်မှု ပြုပြင်ခြင်းခံရသည်၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်ဖို့ ၎င်းတို့အား အဘယ်ကြောင့် ခွင့်မပြုသည်၊ မည်သူက ကြိုးကိုင်နေသည်၊ မည်သူက ၎င်းတို့အတွက် အမှုကိစ္စများကို ရှုပ်ထွေးအောင်လုပ်ရန် ကြိုးစားနေသည်တို့ကို နားလည်ဖို့ ၎င်းတို့ ကြိုးစားကြသည်။ ၎င်းတို့ ငြင်းခုံရမည့်လူ၊ သို့မဟုတ် စာရင်းရှင်းရမည့်သူကို ရှာတွေ့နိုင်ဖို့အလို့ငှာ၊ ၎င်းတို့၏ စိတ်နှလုံးထဲတွင် အကြောင်းအရင်းကို မပြတ်မေးမြန်းကြလျက်၊ မည်သည့်အရာ အမှန်တကယ် ဖြစ်ပျက်နေသည်ကို နားလည်ဖို့ မပြတ်ကြိုးစားနေကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ဖို့၊ ၎င်းတို့အတွင်း၌ မည်သည့်ပြဿနာရှိကြောင်းကို ကြည့်ရှုဖို့ ဘုရားသခင်ရှေ့မှောက်သို့ လာရမှန်း မသိကြပေ၊ မိမိတို့ကိုယ်၌က အကြောင်းအရင်း မရှာကြချေ၊ ပြီးလျှင် ၎င်းတို့သည် ဘုရားသခင်ထံ ဆုမတောင်းကြ၊ မိမိတို့ကိုယ်ကို မဆန်းစစ်သကဲ့သို့၊ “ကျွန်ုပ်၏တာဝန်ကို ကျွန်ုပ်ထမ်းဆောင်သည့် နည်းလမ်း၌ အဘယ်ပြဿနာ ရှိခဲ့သနည်း။ ကျွန်ုပ်သည် ဝတ်ကျေတမ်းကျေ ဖြစ်နေခြင်းများ ဖြစ်ခဲ့သလော။ ကျွန်ုပ်သည် စည်းမျဉ်းမရှိခဲ့သလော။ မည်သည့်အကျိုးတရားမျှ လုံးဝ မရှိခဲ့သလော” ဟုလည်း မပြောကြချေ။ မိမိတို့ကိုယ်ကို ဤမေးခွန်းများ တစ်ကြိမ်တခါမျှ မေးမြန်းရမည့်အစား ၎င်းတို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်ကို စဉ်ဆက်မပြတ် မေးခွန်းထုတ်ကြလေသည်။ “ကျွန်ုပ်၏တာဝန်ခန့်အပ်မှုသည် အဘယ်ကြောင့် ပြုပြင်ခြင်း ခံရသနည်း။ ကျွန်ုပ်သည် အဘယ်ကြောင့် ဤသို့ဆက်ဆံခြင်း ခံနေရသနည်း။ ၎င်းတို့သည် အဘယ်ကြောင့် အလွန် အလေးမထားကြသနည်း။ ၎င်းတို့သည် ကျွန်ုပ်ကို အဘယ်ကြောင့် မမျှမတဆက်ဆံရသနည်း။ ၎င်းတို့သည် ကျွန်ုပ်၏ သိက္ခာကို အဘယ်ကြောင့် မစဉ်းစားကြသနည်း။ ၎င်းတို့သည် ကျွန်ုပ်ကို အဘယ်ကြောင့် တိုက်ခိုက်ပြီး ဖယ်ကြဉ်ကြသနည်း။” ဤ “အဘယ်ကြောင့်များ” အားလုံးသည် အန္တိခရစ်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့် ကိုယ်ကျင့်စရိုက်တို့၏ ထင်ရှားသော ထုတ်ဖော်ပြချက် တစ်ခုဖြစ်လေသည်။ အန္တိခရစ်များသည် မိမိတို့တာဝန်ခန့်အပ်မှုများကို ပြုပြင်ခံရခြင်းကဲ့သို့သော အလွန်သေးငယ်သည့် ကိစ္စရပ်တစ်ခုအပေါ်တွင် ပြဿနာဖန်တီးရန် ဤသို့ ပုံကြီးချဲ့လိမ့်မည်၊ ဤသို့ ရုတ်ရုတ်သဲသဲ ဖြစ်အောင်လုပ်မည်၊ ထိုမျှကြီးမားသော ဂယက်ကိုဖြစ်စေရန် ဖန်တီးဖို့အတွက် ၎င်းတို့တွင် ရှိသမျှနည်းလမ်းတိုင်းကို သုံးမည်ဟု မည်သူကမျှ စိတ်မကူးမိနိုင်ပေ။ ၎င်းတို့သည် ရိုးရှင်းသောအရာကို အဘယ်ကြောင့် အလွန်ရှုပ်ထွေးစေကြသနည်း။ အကြောင်းပြချက်တစ်ခုသာရှိသည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ အစီအစဉ်များကို မည်သည့်အခါမျှ မနာခံကြပေ။ ၎င်းတို့သည် ၎င်းတို့၏ တာဝန်၊ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် ဂုဏ်အဆင့်အတန်းတို့ကို ၎င်းတို့၏ ကောင်းချီးရရှိရန် မျှော်လင့်ချက်နှင့် အနာဂတ် ပန်းတိုင်တို့ဖြင့် နီးကပ်စွာ ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်း ဆုံးရှုံးသွားသည်နှင့် ကောင်းချီးများ၊ ဆုလာဘ်များရရှိရန် မျှော်လင့်ချက်မရှိတော့သကဲ့သို့ပင်ဖြစ်သည်။ ဤအရာများက ၎င်းတို့၏ အသက်ကို ဆုံးရှုံးရသကဲ့သို့ ခံစားရသည်။ ၎င်းတို့က “ငါသည် ဂရုစိုက်ရမည်။ ပေါ့ဆ၍ မရပေ။ ဘုရားအိမ်တော်၊ ညီအစ်ကိုမောင်နှမများ၊ ခေါင်းဆောင်များ၊ အမှုဆောင်များနှင့် ဘုရားသခင်ကိုပင် အားကိုး၍မရပေ။ ၎င်းတို့ထဲမှ မည်သူ့ကိုမျှ ငါ ယုံကြည်၍မရပေ။ သင် အားအကိုးနိုင်ဆုံးသောသူနှင့် ယုံကြည်ရန် အထိုက်တန်ဆုံးသောသူမှာ သင်ကိုယ်တိုင်ဖြစ်သည်။ သင်သည် သင့်ကိုယ်သင်အတွက် အစီအစဉ်များ မပြုလုပ်နေလျှင် သင့်အား မည်သူက ဂရုစိုက်မည်နည်း။ သင်၏ အနာဂတ်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ကောင်းချီးများအား သင်လက်ခံရရှိခြင်းရှိမည်၊ မရှိမည်ကို မည်သူက ထည့်စဉ်းစားမည်နည်း။ ထို့ကြောင့် ငါသည် ငါ၏အကျိုးအတွက် အစီအစဉ်များနှင့် တွက်ချက်မှုများကို သေချာလုပ်ဆောင်ရမည်။ အမှားများပြုလုပ်၍မရ၊ သို့မဟုတ် အနည်းငယ်မျှပင် ပေါ့ဆ၍ မရပေ။ မဟုတ်လျှင် တစ်စုံတစ်ယောက်က ငါ့အပေါ် အခွင့်အရေးယူဖို့ ကြိုးစားလျှင် မည်သည့်အရာကို ငါလုပ်ဆောင်ရမည်နည်း” ဟု တွေးကြသည်။ ထို့ကြောင့် ၎င်းတို့သည် တစ်စုံတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်မည်၊ သို့မဟုတ် ရိပ်စားမိမည်ကိုလည်းကောင်း၊ ဤသို့ဖြင့် ၎င်းတို့သည် ထုတ်ပယ်ခံရပြီး ၎င်းတို့၏ ကောင်းချီးရရှိဖို့အိပ်မက်က ပျက်စီးသွားမည်ကိုလည်းကောင်း ကြောက်ရွံ့လျက် ဘုရားအိမ်တော်၏ ခေါင်းဆောင်များနှင့် အမှုဆောင်များကို သတိထားကာကွယ်ကြသည်။ ၎င်းတို့သည် ကောင်းချီးများ ရရှိရန် မျှော်လင့်ချက်ကို ထားရှိဖို့အလို့ငှာ မိမိတို့၏ ဂုဏ်သတင်းနှင့် အဆင့်အတန်းကို ထိန်းသိမ်းရမည်ဟု ထင်ကြသည်။ ကောင်းချီးခံစားရခြင်းသည် ကောင်းကင်ဘုံထက်ကြီးမြတ်သည်၊ အသက်ထက် ပိုကြီးမြတ်သည်၊ သမ္မာတရားကို လိုက်စားခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲခြင်း၊ သို့မဟုတ် တစ်ကိုယ်ရေ ကယ်တင်ခြင်းထက်ပို၍ အရေးကြီးသည်၊ မိမိတာဝန်ကို ကောင်းစွာလုပ်ဆောင်ခြင်း၊ စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်းထက် ပို၍အရေးကြီးသည်ဟု အန္တိခရစ်တစ်ယောက်က မြင်သည်။ ၎င်းတို့သည် စံနှုန်းနှင့် ကိုက်ညီသော ဖန်ဆင်းခံတစ်ယောက်ဖြစ်ခြင်း၊ မိမိတို့တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ကယ်တင်ခံရခြင်းသည် ပြောဆိုဖို့ပင် သို့မဟုတ် မှတ်ချက်ပေးဖို့ပင် ထိုက်တန်မှုသိပ်မရှိသည့် သေးနုပ်သောအရာများဖြစ်သည်ဟု ထင်မြင်သော်လည်း၊ ကောင်းချီးရရှိခြင်းကမူ ၎င်းတို့၏ တစ်ဘဝလုံးတွင် မည်သည့်အခါမျှ မေ့၍မရနိုင်သော တစ်ခုတည်းသောအရာဖြစ်သည်။ မည်သည့်အရာကို ၎င်းတို့ ကြုံတွေ့ရသည်ဖြစ်စေ၊ ကြီးသည်ဖြစ်စေ၊ သေးငယ်သည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ကောင်းချီးခံစားရခြင်းနှင့် ဆက်စပ်ပြီး အလွန်အမင်း သတိထားပြီး အာရုံစိုက်ကြသည်။ ပြီးလျှင် အစဉ်သဖြင့် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခု ထားထားကြသည်။ ထို့ကြောင့် ၎င်းတို့တာဝန်ခန့်အပ်မှု ပြုပြင်ခြင်းခံရသောအခါ ယင်းသည် ရာထူးတိုးခြင်းဖြစ်လျှင် ကောင်းချီးရဖို့ မျှော်လင့်ချက်ရှိသည်ဟု အန္တိခရစ်က ထင်မြင်လိမ့်မည်။ အဖွဲ့ခေါင်းဆောင်မှ လက်ထောက်အဖွဲ့ခေါင်းဆောင်အဖြစ်သို့၊ သို့မဟုတ် လက်ထောက်အဖွဲ့ခေါင်းဆောင်မှ သာမန်အဖွဲ့ဝင်အဖြစ်သို့ ရာထူးချခြင်းဖြစ်လျှင် ဤသည်မှာ ပြဿနာအကြီးစား ဖြစ်သည်ဟု ကြိုတင်ခန့်မှန်းပြီး ကောင်းချီးများရရန် မျှော်လင့်ချက်က နည်းပါးသည်ဟု ထင်မြင်သည်။ ဤသည်မှာ မည်သည့် ရှုမြင်ပုံမျိုးနည်း။ မှန်ကန်သော ရှုမြင်ချက်ဖြစ်သလော။ လုံးဝ မဟုတ်ပေ။ ဤအမြင်သည် အဓိပ္ပာယ်မရှိပေ။ လူတစ်ယောက်က ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရမရဆိုသည်မှာ မည်သည့်တာဝန်ကို သူထမ်းဆောင်သည်ဆိုသည့်အပေါ်တွင် အခြေမခံဘဲ သမ္မာတရားကို ပိုင်ဆိုင်သလော၊ ဘုရားသခင်ကို အမှန်တကယ် ကျိုးနွံနာခံသလော၊ သစ္စာရှိသလောဆိုသည်တို့အပေါ်တွင် အခြေခံသည်။ ဤအရာများက အရေးကြီးဆုံးအရာများဖြစ်သည်။ လူများအတွက် ဘုရားသခင်၏ ကယ်တင်ခြင်း အချိန်ကာလအတောအတွင်းတွင် ၎င်းတို့သည် စမ်းသပ်မှုများစွာကို ခံရမည်။ အထူးသဖြင့် ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုတွင် ကျရှုံးမှုနှင့် အလှည့်အပြောင်းများစွာကို ဖြတ်သန်းရမည်ဖြစ်သော်လည်း အဆုံးတွင် ၎င်းတို့သည် သမ္မာတရားကို နားလည်ပြီး ဘုရားသခင်အား အမှန်တကယ် ကျိုးနွံနာခံလျှင် ဘုရားသခင်၏ အသိအမှတ်ပြုခြင်းကို ရရှိသောသူဖြစ်လိမ့်မည်။ အန္တိခရစ်များသည် မိမိတို့၏တာဝန်ခန့်အပ်မှုကို ပြုပြင်ခံရခြင်း အမှုကိစ္စ၌ သမ္မာတရားကို နားမလည်၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်း လုံးဝမရှိသည်ကို မြင်နိုင်သည်။

တာဝန်တစ်ခုကို ထမ်းဆောင်နေသောသူအားလုံးထဲတွင် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်သောသူအချို့ အမြဲရှိလိမ့်မည်။ ၎င်းတို့သည် သမ္မာတရားကို နားမလည်သောကြောင့် ဆောင်းပါးများရေးသားရာ၌ မတော်ကြသည့်အပြင် ခရစ်ယာန်များ မကြာခဏအသုံးပြုသော အသုံးအနှုန်းနှင့်ဆိုင်သည့် ဝိညာဉ်ရေးရာ ဝေါဟာရကိုပင် သဘောပေါက်နားလည်ခြင်း မရှိကြပေ။ ၎င်းတို့၌ အရေးအသားကျွမ်းကျင်မှုနှင့် ပညာအရည်အချင်းအချို့ ရှိကောင်းရှိနိုင်သော်လည်း တာဝန်အတွက် စံမမီကြပေ။ အကယ်၍ သင်သည် ၎င်းတို့ကို စာရွက်စာတမ်းများ စာပြင်ခိုင်းပါက အတန်ငယ်ကြာပြီးနောက် ၎င်းတို့သည် ထိုအရာ၌လည်း မတော်ကြောင်း သိသာထင်ရှားလာသည်။ ၎င်းတို့၏အစွမ်းအစမှာ ချို့တဲ့နေပြီး အမှုအရာများကို အမြဲလွဲချော်နေတတ်သဖြင့် သင်သည် ၎င်းတို့ကို မိမိတို့၏ တာဝန်ခန့်အပ်မှု ပြုပြင်ခြင်းကို နောက်တစ်ဖန် ခံရပြန်သည်။ ၎င်းတို့၌ ကွန်ပျူတာကျွမ်းကျင်မှုများရှိသည်ဟု ၎င်းတို့ ဆိုကြသော်လည်း ထိုနယ်ပယ်၌ တာဝန်တစ်ခုကို ခဏတာ ထမ်းဆောင်ပြီးနောက် ထိုအရာ၌လည်း ၎င်းတို့ မတော်ကြပေ။ ၎င်းတို့သည် ထမင်းဟင်းချက်ကောင်းသူတစ်ဦး ဖြစ်ပုံရသဖြင့် သင်သည် ၎င်းတို့အား ညီအစ်ကိုမောင်နှမများအတွက် အစားအစာများ ပြုလုပ်စေသည်။ ၎င်းတို့ပြုလုပ်သော အစားအစာများသည် ငန်လွန်းသည် သို့မဟုတ် ပေါ့လွန်းသည့်အပြင် များလွန်းသည် သို့မဟုတ် နည်းလွန်းသည်ဟု လူတိုင်းက တိုင်ကြားလာကြသည်။ ၎င်းတို့သည် ချက်ပြုတ်ခြင်းကို လုပ်ဆောင်ရန် ၎င်းတို့ မသင့်တော်ကြောင်းကို မြင်တွေ့ရသဖြင့် သင်သည် ၎င်းတို့ကို ဧဝံဂေလိတရား ဟောကြားရန် စီစဉ်ပေးသည်။ သို့သော် ဧဝံဂေလိအဖွဲ့တွင် ပါဝင်ရမည်ကို ၎င်းတို့ ကြားသည်နှင့်တစ်ပြိုင်နက် စိတ်ဓာတ်ကျသွားကြပြီး၊ “ထိုသို့ဖြစ်ပေသည်။ ငါ ဘေးဖယ်ခံလိုက်ရပေပြီ။ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်မရှိတော့ပါ။ ငိုရုံကလွဲပြီး မည်သည့်အရာမျှ လုပ်စရာမရှိပါ”ဟု စဉ်းစားကြလေသည်။ ထို့နောက် အပျက်သဘောဆောင်ပြီး စိတ်ဓာတ်ကျသော စိတ်အခြေအနေဖြင့် ၎င်းတို့သည် ဆုတ်ယုတ်ပြီးအကျင့်ပျက်ကာ ဧဝံဂေလိတရား ဟောကြားခြင်းနှင့် ဘုရားသခင်၏ အမှုတော်သစ်ကို သက်သေခံခြင်းအပေါ် အာရုံမစိုက်နိုင်ကြတော့ပေ။ ထိုအစား ၎င်းတို့သည် “မည်သည့်အချိန်တွင် စာနှင့်ပတ်သက်သောအလုပ်ကို ငါ ပြန်လုပ်နိုင်မည်နည်း။ မည်သည့်အချိန်တွင် ငါ တစ်ဖန် ခေါင်းမော့နေနိုင်မည်နည်း။ မည်သည့်အချိန်တွင် အထက်ကို ငါ တစ်ဖန် စကားပြောခွင့်ရလိမ့်မည်နည်း သို့မဟုတ် ပိုမိုအဆင့်မြင့်သည့် ဆုံးဖြတ်ချက်ချခြင်းတွင် ပါဝင်ခွင့်ရလိမ့်မည်နည်း။ ငါ ခေါင်းဆောင်တစ်ဦးဖြစ်သည်ကို လူတိုင်းက မည်သည့်အချိန်တွင် တစ်ဖန် သတိပြုမိကြလိမ့်မည်နည်း”ဟု အဆက်မပြတ် တွေးတောနေကြသည်။ ၎င်းတို့သည် ပြန်လည်ရာထူးခန့်အပ်ခြင်း မခံရဘဲ နှစ်အနည်းငယ်ကြာ စောင့်ဆိုင်းပြီးနောက်၊ “ဘုရားကို ယုံကြည်ရခြင်းက မည်သည့် အဓိပ္ပာယ်မျှမရှိပါ။ ငါက လောကတွင် အရာရှိဖြစ်လာမည့် လမ်းကြောင်းပေါ်တွင် ဆုတ်ဆိုင်းမှုများစွာ ကြုံတွေ့ရသည့်လူများနှင့် အတူတူသာ ဖြစ်သည် မဟုတ်လော”ဟု စတင်တွေးဆမိလာကြသည်။ ထိုဆုတ်ဆိုင်းမှုများစွာကို တွေးမိသည့်အခါ ၎င်းတို့သည် ပို၍ပင် စိတ်ဓာတ်ကျလာပြီး လုံးဝ စိတ်ပျက်အားငယ်သွားကြသည်။ ၎င်းတို့က၊ “ယုံကြည်သူတစ်ဦးဖြစ်ရသည့် ဤနှစ်ကာလများအားလုံးနောက်တွင်၊ ငါသည် တစ်ခါမျှပင် အဓိက ခေါင်းဆောင်တစ်ယောက် မဖြစ်ခဲ့ဖူးပါ။ နောက်ဆုံးမှာ အဖွဲ့ခေါင်းဆောင်တစ်ယောက်အဖြစ် အစေခံဖို့ စီမံနိုင်ခဲ့ပြီးနောက်တွင် ငါ ထုတ်ပယ်ခံခဲ့ရပြီး အခြားတာဝန်များတွင်လည်း မတော်ခဲ့ပါ။ အမှန်ပင် ငါ ကံဆိုးပေသည်။ မည်သည့်အရာမျှ ငါ့စိတ်တိုင်းကျ မဖြစ်ဖူးပါ။ ထိုအရာသည် အရာရှိဖြစ်လာဖို့ လမ်းကြောင်းပေါ်တွင် ဆုတ်ဆိုင်းမှုများ တစ်ပုံတစ်ပင်နှင့် ရုန်းကန်နေရသကဲ့သို့ပင် ဖြစ်သည်။ ဘုရားအိမ်တော်က ငါ့ကို အဘယ်ကြောင့် ရာထူးမတိုးပေးသနည်း။ ငါ၏အဆင့်အတန်းနှင့် ဂုဏ်သတင်းက အမှန်ပင် အောက်ဆုံးအဆင့် ရောက်သွားပြီဖြစ်သည်။ ငါ အဘယ်သူဖြစ်သည်ကို မည်သူကမျှ မှတ်ပင်မမှတ်မိသကဲ့သို့၊ အထက်ကလည်း ငါ့ကို လုံးဝ မဖော်ပြဖူးပါ။ ငါ၏ ဂုဏ်ရှိခဲ့သော နေ့ရက်များ ကုန်ဆုံးသွားပေပြီ။ ငါ အောင်မြင်မှု ကင်းမဲ့ခြင်းနှင့်ပတ်သက်၍ မည်သည့်အရာကို ငါ လုပ်ဆောင်ရမည်နည်း။ ဘုရားကို အလွန်ချစ်သည်။ အသင်းတော်နှင့် ဘုရားအိမ်တော်ကို ငါတကယ်ချစ်သည်။ သို့ဆိုလျှင်အောင်မြင်ခြင်းကို ငါ အဘယ်ကြောင့် မွေ့လျော်ခံစားခြင်း မရှိသေးသနည်း။ ဘုရားကို ယုံကြည်ခြင်းက အဓိပ္ပာယ်မရှိပါ။ ဘုရားအိမ်တော်တွင် ငါ၏ကြီးကျယ်ခမ်းနားသော အစီအစဉ်များကို ငါ အမှန်တကယ် အကောင်အထည်ဖော်ချင်ခဲ့သည်၊ ငါ၏ အားအင်နှင့် အားသာချက်များကို အသုံးချချင်ခဲ့သည်။ သို့သော်ဘုရားက ငါ့ကို အရေးကြီးသည့် ရာထူးများတွင် မထားပါ သို့မဟုတ် ငါ့ကို မမြင်ပါ။ အဓိပ္ပာယ်မရှိပါ”ဟု ပြောကြလေသည်။ အဓိပ္ပာယ်မရှိခြင်းနှင့် ပတ်သက်၍ အဆက်မပြတ် တတွတ်တွတ်ပြောဆိုခြင်းအားဖြင့် ၎င်းတို့က မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့က မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်း၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှုကို လိုက်စားခြင်း၊ သမ္မာတရားကို နားထောင်ခြင်းနှင့် တရားဒေသနာများကို နားထောင်ခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းနှင့် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေခြင်းတို့၌ အဓိပ္ပာယ်မရှိဟု ဆိုလိုပေသည်။ သို့ဆိုလျှင် ၎င်းတို့အတွက် မည်သည့်အရာကို လုပ်ဆောင်ရာတွင် အဓိပ္ပာယ်ရှိသနည်း။ အရာရှိရာထူးရှိခြင်း၊ ကောင်းချီးများရရှိခြင်း၊ ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒနှင့် ရည်မှန်းချက် ပြည့်စုံခြင်း၊ အခွင့်အခါတိုင်း၌ မိမိကိုယ်ကို ကြွားဝါခြင်း၊ လေးစားကြည်ညိုခံရခြင်းနှင့် ဂုဏ်သတင်းရှိခြင်းတို့ ဖြစ်သည်။ ၎င်းတို့အတွက် အခြားမည်သည့်အရာ၌မျှ အဓိပ္ပာယ်မရှိပေ။ အဓိပ္ပာယ်မရှိဟု ၎င်းတို့ ခံစားရသောအခါ၊ ၎င်းတို့ စိတ်ဓာတ်ကျသောအခါ၊ ၎င်းတို့၏ ခြေထောက်များသည် အလိုအလျောက်ပင် အပြင်သို့ ထွက်သွားချင်နေတော့သည်။ ၎င်းတို့သည် ဘုရားအိမ်တော်ကို စွန့်ခွာချင်ကြသည်၊ ဆုတ်ခွာလိုကြသည်။ ဤသည်မှာ ၎င်းတို့ အန္တရာယ်ရှိနေသည်ဟု ဆိုလိုသည်။ တာဝန်တစ်ခုကို ထမ်းဆောင်သော လူအချို့ရှိသည်၊ အထူးသဖြင့် ဘာသာတရား မရှိသူများနှင့် မကြာခဏ ထိတွေ့ဆက်ဆံရစေသည့် မထင်မရှားသော တာဝန်တစ်ခုကို ထမ်းဆောင်သူများနှင့် ဤအုပ်စုမှ အဖွဲ့ဝင်အချို့သည် ခြေတစ်ဖက်က အထဲမှာ၊ ခြေတစ်ဖက်က အပြင်မှာ ရှိနေကြသည်။ ယင်းက မည်သည့်အရာကို ဆိုလိုသနည်း။ ဤလူတို့သည် မည်သည့်အချိန်မဆို နုတ်ထွက်နိုင်ပြီး အကယ်၍ ၎င်းတို့၏ နောက်ဆုံးခုခံကာကွယ်ရေးစည်း ပြိုကျသွားပါက ၎င်းတို့၏ အခြားခြေတစ်ဖက်သည် ပြတ်သားသော ခြေလှမ်းတစ်လှမ်းကို အပြင်သို့ လှမ်းမည်ဖြစ်ပြီး ဘုရားအိမ်တော်မှ လုံးဝကင်းကွာကာ အသင်းတော်ကို လုံးလုံးလျားလျား စွန့်ခွာသွားလိမ့်မည်ဟု ဆိုလိုသည်။ ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ပေးခြင်းနှင့် ပတ်သက်လာသောအခါ၊ မည်သည့်နေရာသို့ ၎င်းတို့ ပြောင်းရွှေ့ခံရသည်၊ မည်သည့်တာဝန်ကို ထမ်းဆောင်ရသည်၊ ထိုတာဝန်က ၎င်းတို့၏ ပုဂ္ဂိုလ်ရေးရာ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးခြင်းရှိမရှိ၊ ယင်းက ၎င်းတို့ကို လေးစားကြည်ညိုမှု ရရှိစေခြင်း ရှိမရှိ၊ ၎င်းတို့၏ တာဝန်အသစ်နှင့်ဆိုင်သည့် ရာထူးနှင့် အဆင့်အတန်းက မည်သို့ရှိသည်ဟူသော အရာများအားလုံးကို ဤလူတို့က ကောင်းချီးများရရှိရန်ဖြစ်သည့် ၎င်းတို့၏ ရည်ရွယ်ချက်နှင့်လည်းကောင်း၊ လိုအင်ဆန္ဒတို့နှင့်လည်းကောင်း ချိတ်ဆက်ထားကြသည်။ ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ပေးခြင်းအပေါ် အန္တိခရစ်များက ထားရှိသော သဘောထားနှင့် ရှုမြင်ပုံကို အခြေခံ၍ ၎င်းတို့၏ ပြဿနာမှာ မည်သည့်နေရာ၌ ရှိသနည်း။ ဤသည်မှာ ကြီးမားသော ပြဿနာတစ်ခု ဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ပြဿနာမှာ အဘယ်နည်း။ (၎င်းတို့သည် မိမိတို့၏ တာဝန်ခန့်အပ်မှုများကို ပုံမှန်ပြုပြင်ပေးခြင်းအား အသင်းတော်၌ ၎င်းတို့၏ အဆင့်အတန်းနှင့် ၎င်းတို့ ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည့်အချက်တို့နှင့် ချိတ်ဆက်ကြသည်။ ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ပေးသောအခါ ၎င်းတို့သည် ဘုရားအိမ်တော်၏ စီစဉ်မှုများကို လက်ခံပြီး နာခံမည့်အစား မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးနေသည်ဟု ထင်ကြပြီး ကောင်းချီးများ မရနိုင်တော့ဟု တွေးထင်ကြပြီးနောက် ဘုရားသခင်ကို ယုံကြည်ခြင်းက အဓိပ္ပာယ်မရှိဟု ခံစားရပြီး ဘုရားအိမ်တော်ကို စွန့်ခွာလိုကြသည်။) ဤနေရာတွင် ၎င်းတို့၏ အကြီးမားဆုံးသော အမှားမှာ မိမိတို့၏ တာဝန်ခန့်အပ်မှုများကို ပြုပြင်ပေးခြင်းအား ကောင်းချီးများရရှိခြင်းနှင့် ချိတ်ဆက်ထားကြခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ လုံးဝ မလုပ်ဆောင်သင့်ဆုံးသောအရာ ဖြစ်ခဲ့သည်။ အမှန်တကယ်တွင် ထိုအရာနှစ်ခုလုံးအကြား လုံးဝ ဆက်စပ်မှုမရှိပေ။ သို့သော် အန္တိခရစ်များ၏ စိတ်နှလုံးများသည် ကောင်းချီးများရရှိရန် လိုအင်ဆန္ဒဖြင့် ပြည့်နေသောကြောင့် မည်သည့်တာဝန်ကိုပင် ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ ယင်းကို ကောင်းချီးများ ရရှိနိုင်ခြင်း ရှိမရှိဟူသည့်အချက်နှင့် ၎င်းတို့က ချိတ်ဆက်ကြလိမ့်မည်ဖြစ်ရာ ယင်းမှာ တာဝန်တစ်ခုကို ကောင်းစွာထမ်းဆောင်ရန် မဖြစ်နိုင်ဟု ဆိုလိုခြင်းဖြစ်ပြီး ၎င်းတို့အနေဖြင့် ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းတို့ကိုသာ ခံရနိုင်သည်။ ဤသည်မှာ ကိုယ့်ဒုက္ခကို ကိုယ်ရှာခြင်းဖြစ်ပြီး၊ မိမိကိုယ်ကို ပျက်ဆီးခြင်းလမ်းကြောင်းပေါ်သို့ ရောက်စေခြင်းပင် ဖြစ်သည်။

သင်တို့၏တာဝန်ကို ထမ်းဆောင်ခြင်းကိစ္စရပ်ကို သင်တို့ မည်သို့ သဘောထားသင့်သနည်း။ သင်တို့သည် မှန်ကန်သော သဘောထား ရှိရမည်၊ ယင်းမှာ သင်တို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်ခြင်းအတွက် မရှိမဖြစ်လိုအပ်ချက် ဖြစ်သည်။ သင့်အတွက် မည်သည့်တာဝန်က သင့်လျော်သည်ဆိုသည်ကို သင်၏ ကိုယ်ပိုင်အားသာချက်များအပေါ်တွင် အခြေခံသင့်သည်။ တစ်ခါတစ်ရံတွင် အသင်းတော်မှ သင့်အတွက် စီစဉ်သည့်တာဝန်သည် သင်ကျွမ်းကျင်သည့်အရာ၊ သို့မဟုတ် သင်လုပ်ဆောင်လိုသည့်အရာတစ်ခုမဟုတ်လျှင် သင်သည် ဤအရေးကိစ္စကို ထုတ်ဖော်ပြောဆိုနိုင်ပြီး ဆွေးနွေးပြောဆိုခြင်းမှတစ်ဆင့် ဖြေရှင်းနိုင်သည်။ သို့သော် သင်သည် တာဝန်ကို ထမ်းဆောင်နိုင်ပြီး ယင်းမှာ သင်ထမ်းဆောင်သင့်သည့် တာဝန်ဖြစ်သည့်တိုင်၊ သင်သည် ဒုက္ခခံရမည်ကို ကြောက်ရုံဖြင့် မလုပ်ဆောင်လိုလျှင် သင့်တွင် ပြဿနာတစ်ခုရှိသည်။ သင်သည် နာခံလိုစိတ်ရှိပြီး သင်၏ ဇာတိပကတိကို ပုန်ကန်နိုင်လျှင် သင်သည် အတော်အတန် ဆင်ခြင်တုံတရားရှိသည်ဟု ဆိုနိုင်သည်။ သို့ရာတွင် မည်သည့်တာဝန်များက ပို၍ သိက္ခာရှိသည်ဟု သင်က အစဉ်တွက်ချက်ဖို့ ကြိုးစားပြီး၊ တာဝန်အချို့က အခြားလူများ သင့်ကို အထင်သေးစေလိမ့်မည်ဟု ယူဆလျှင်၊ ဤသည်မှာ သင့်တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်ကို သက်သေပြသည်။ သင်သည် တာဝန်များအပေါ် သင်၏ နားလည်မှုတွင် အဘယ်ကြောင့် အလွန် အမြင်စောင်းနေရသနည်း။ သင်၏ ကိုယ်ပိုင်အယူအဆများပေါ် အခြေခံ၍ သင်ရွေးချယ်သော တာဝန်တစ်ခုဖြစ်မှသာ သင်သည် ကောင်းမွန်စွာ ထမ်းဆောင်နိုင်မည်လော။ ဤသည်မှာ သေချာပေါက် မမှန်ကန်ပေ။ ဤနေရာတွင် အရေးကြီးဆုံးမှာ သင်၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားကို ဖြေရှင်းခြင်းဖြစ်သည်။ မဖြေရှင်းလျှင် သင်နှစ်သက်သောတာဝန်ဖြစ်လျှင်ပင် ထိုတာဝန်ကို ကောင်းစွာထမ်းဆောင်နိုင်လိမ့်မည်မဟုတ်ပေ။ လူအချို့သည် စည်းမျဉ်းမရှိဘဲ ၎င်းတို့၏ တာဝန်များကို ထမ်းဆောင်ကြသည်။ ၎င်းတို့၏ တာဝန်ထမ်းဆောင်ခြင်းသည် ၎င်းတို့၏ ကိုယ်ပိုင်နှစ်သက်မှုများအပေါ်တွင် အစဉ် အခြေခံသည်။ ထို့ကြောင့် ၎င်းတို့သည် အခက်အခဲများကို မည်သည့်အခါမျှ မဖြေရှင်းနိုင်ကြပေ။ ၎င်းတို့ထမ်းဆောင်သည့်တာဝန်တိုင်းတွင် အစဉ်သဖြင့် ဖြစ်သလိုလုပ်ဆောင်သည်။ နောက်ဆုံးတွင် ၎င်းတို့သည် ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ ဤသို့သောလူများသည် ကယ်တင်ခံရနိုင်သလော။ သင်တို့နှင့် သင့်တော်သော တာဝန်ကို သင်တို့ ရွေးချယ်ရမည်၊ ထိုတာဝန်ကို ကောင်းစွာ ထမ်းဆောင်ရမည်ဖြစ်ပြီး သင်တို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို ရှာဖွေနိုင်ရမည်။ ထိုအခါမှသာ သင်တို့သည် သမ္မာတရား လက်တွေ့ကျမှုထဲသို့ ဝင်ရောက်နိုင်ကြပေလိမ့်မည်။ အကယ်၍ သင်တို့သည် သင်တို့၏တာဝန်၌ ဇာတိပကတိဆိုင်ရာ သက်သောင့်သက်သာရှိမှုကို အမြဲ လိုက်စားပြီး ကြည့်ကောင်းစေရန် ကြိုးစားပါက သင်တို့၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်လိမ့်မည် မဟုတ်ပေ။ အကယ်၍ သင်တို့သည် မည်သည့်တာဝန်ကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ပါက ဖယ်ရှားရှင်းလင်းခြင်း ခံရလိမ့်မည်။ အချို့လူများသည် မည်သည့်တာဝန်ကိုပင် ထမ်းဆောင်နေသည်ဖြစ်စေ စိတ်ကျေနပ်ခြင်း မရှိကြ၊ မိမိတို့၏ တာဝန်များကို ယာယီအဖြစ် ၎င်းတို့ အမြဲ ရှုမြင်ကြသည်၊ ၎င်းတို့သည် ဝတ်ကျေတမ်းကျေ ဖြစ်ကြပြီး ၎င်းတို့ ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဖြေရှင်းရန် သမ္မာတရားကို မရှာဖွေကြပေ။ အကျိုးဆက်အနေနှင့် ၎င်းတို့သည် မည်သည့်အသက်ဝင်ရောက်မှုကိုမျှ မရရှိဘဲ မိမိတို့၏ တာဝန်များကို နှစ်ပေါင်းများစွာ ထမ်းဆောင်ကြလေသည်။ ၎င်းတို့သည် အလုပ်လုပ်ပေးသူများ ဖြစ်လာပြီး ဖယ်ရှားရှင်းလင်းခြင်း ခံရသည်။ ဤအရာကို ၎င်းတို့ဘာသာ ဖြစ်စေကြသည် မဟုတ်လော။ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များသည် ၎င်းတို့၏တာဝန်များတွင် မည်သည့်အခါမျှ မှန်ကန်သောသဘောထားမရှိပေ။ ၎င်းတို့၏ တာဝန်ခန့်အပ်မှုများ ပြုပြင်ခြင်းခံရသောအခါ ၎င်းတို့ မည်သည့်အရာကို စဉ်းစားကြသနည်း။ “ငါသည် အစေခံသူသာဖြစ်သည်ဟု သင် ထင်သလော။ သင် ငါ့ကို သုံးသည့်အခါ၊ ငါ့ကို သင့်အတွက် အစေခံမှု ပေးစေပြီး ငါ့ကို မလိုအပ်တော့သောအခါ ငါ့ကို အဝေးသို့သာ စွန့်ပစ်လိုက်သည်။ ကောင်းပေပြီ၊ ငါသည် ထိုသို့ အစေခံမှုကို ပေးမည်မဟုတ်ပါ။ ငါသည် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ချင်သည်။ အကြောင်းမှာ ယင်းကသာ ဤနေရာတွင် လေးစားထိုက်သော အလုပ်ဖြစ်သောကြောင့်ဖြစ်သည်။ သင်သည် ငါ့ကို ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်ဖြစ်ခွင့်မပြုဘဲ ငါ့အား အားသွန်ခွန်စိုက် လုပ်ဆောင်စေလိုသေးလျှင် သင်အိပ်မက်ထဲပင် ထည့်မမက်နှင့်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သည့် သဘောထားမျိုးဖြစ်သနည်း။ ၎င်းတို့ ကျိုးနွံနာခံနေကြသလော။ ၎င်းတို့၏ တာဝန်ခန့်အပ်မှု ပြုပြင်ခံရခြင်းကို ၎င်းတို့က မည်သည့် အခြေခံအကြောင်းရင်းပေါ်တွင် ချဉ်းကပ်ကြသနည်း။ စိတ်မြန်လက်မြန်လုပ်ခြင်း၊ ၎င်းတို့၏ ကိုယ်ပိုင်အယူအဆများနှင့် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသောစိတ်သဘောထားတို့အရ ဖြစ်သလော။ ဤနည်းဖြင့် ချဉ်းကပ်ခြင်း၏ အကျိုးဆက်များမှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့သည် ၎င်းတို့၏ နောက်တာဝန်တွင် သစ္စာစောင့်သိပြီး ရိုးသားစစ်မှန်နိုင်မည်လော။ ၎င်းတို့ ဤသို့ ပြုလုပ်နိုင်မည်မဟုတ်ပေ။ ၎င်းတို့သည် အပြုသဘောဆောင်သော သဘောထားရှိလိမ့်မည်လော။ မည်သို့သော အခြေအနေမျိုးတွင် ၎င်းတို့ ရှိလိမ့်မည်နည်း။ (စိတ်မချမ်းမသာဖြစ်သည့် အခြေအနေတွင်ရှိလိမ့်မည်။) စိတ်မချမ်းမသာဖြစ်ခြင်း၏ အနှစ်သာရသည် အဘယ်နည်း။ ဆန့်ကျင်ခြင်းဖြစ်သည်။ ဆန့်ကျင်သော၊ စိတ်မချမ်းမသာဖြစ်သော စိတ်အခြေအနေ၏ အဆုံးစွန်ရလဒ်မှာ အဘယ်နည်း။ ဤသို့ခံစားရသောသူတစ်ယောက်သည် မိမိတာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်သလော။ (မထမ်းဆောင်နိုင်ပါ။) လူတစ်ယောက်သည် အစဉ်သဖြင့် အပျက်သဘောဆောင်ပြီး ရန်လိုနေလျှင် ထိုသူသည် တာဝန်ထမ်းဆောင်ရန် သင့်တော်သလော။ မည်သည့်တာဝန်ကို ထမ်းဆောင်သည်ဖြစ်စေ ကောင်းမွန်စွာ မထမ်းဆောင်နိုင်ပေ။ ဤသည်မှာ ဆိုးသွမ်းသည့် သံသရာဖြစ်ပြီး ကောင်းမွန်စွာ အဆုံးသတ်လိမ့်မည်မဟုတ်ပေ။ ဤသည်မှာ အဘယ်ကြောင့်နည်း။ ဤသို့သောလူတို့သည် ကောင်းမွန်သော လမ်းကြောင်းပေါ်တွင် မရှိပေ။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေပေ။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း မရှိပေ။ ၎င်းတို့သည် ၎င်းတို့အပေါ် ဘုရားအိမ်တော်၏ သဘောထားနှင့် ချဉ်းကပ်မှုကို မှန်မှန်ကန်ကန် နားမလည်နိုင်ပေ။ ဤသည်မှာ ပြဿနာဖြစ်သည်မဟုတ်လော။ ယင်းသည် ၎င်းတို့၏ တာဝန်ခန့်အပ်မှုနှင့်ပတ်သက်၍ လုံးဝ သင့်လျော်သော ပြုပြင်ခြင်းဖြစ်သည်။ သို့သော် အန္တိခရစ်များက ဤသည်မှာ ၎င်းတို့ကို ညှဉ်းပန်းရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ ၎င်းတို့သည် လူသားကဲ့သို့ ဆက်ဆံခံရခြင်းမရှိကြောင်း၊ ဘုရားအိမ်တော်သည် ချစ်ခြင်းကင်းမဲ့ကြောင်း၊ ၎င်းတို့သည် စက်ယန္တရားကဲ့သို့ ဆက်ဆံခံရကြောင်း၊ လိုအပ်သည့်အခါတွင် ခေါ်ပြီး မလိုအပ်သည့်အခါတွင် ဘေးသို့အကန်ခံရကြောင်း ဆိုကြသည်။ ဤသည်မှာ မလိမ့်တပတ်လုပ်ထားသော အကြောင်းပြချက်တစ်ခု မဟုတ်လော။ ဤသို့သောအရာမျိုးကိုပြောဆိုသူသည် အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့တွင် လူ့သဘာဝမရှိပေ။ ၎င်းတို့သည် လုံးဝ လျော်ကန်သောကိစ္စကို လွဲချော်စေသည်။ ၎င်းတို့သည် လုံးဝ သင့်လျော်သော လက်တွေ့လုပ်ဆောင်မှုကို အပျက်သဘောဆောင်သောအရာတစ်ခုအဖြစ် လှည့်ပြောင်းပစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ ကောက်ကျစ်ဆိုးယုတ်မှု မဟုတ်သလော။ ဤမျှကောက်ကျစ်ဆိုးယုတ်သူ တစ်ယောက်သည် သမ္မာတရားကို နားလည်နိုင်သလော။ လုံးဝ နားမလည်နိုင်ပေ။ ဤသည်မှာ အန္တိခရစ်တစ်ယောက်၏ ပြဿနာဖြစ်သည်။ ၎င်းတို့ထံ မည်သည့်အရာ ဖြစ်ပျက်သည်ဖြစ်စေ ထိုအရာကို မလိမ့်တပတ်လုပ်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့က စဉ်းစားကြလိမ့်မည်။ ၎င်းတို့သည် အဘယ်ကြောင့် လှည့်ပတ်သည့်နည်းလမ်းဖြင့် စဉ်းစားသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏သဘာဝ အနှစ်သာရသည် အလွန် ကောက်ကျစ်ဆိုးယုတ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ သဘာဝ အနှစ်သာရမှာ အဓိကအားဖြင့် ကောက်ကျစ်ဆိုးယုတ်ခြင်းဖြစ်ပြီး ထို့နောက်တွင် ရက်စက်ကြမ်းကြုတ်ခြင်းဖြစ်ကာ ယင်းတို့သည် သူတို့၏ အဓိက ကိုယ်ကျင့်စရိုက်များ ဖြစ်ကြသည်။ ယင်းတို့သည် ၎င်းတို့၏ အဓိက စရိုက်လက္ခဏာများဖြစ်သည်။ အန္တိခရစ်တို့၏ ကောက်ကျစ်ဆိုးယုတ်သော သဘာဝသည် ၎င်းတို့ကို မည်သည့်အရာကိုမဆို မှန်ကန်စွာ နားလည်သဘောပေါက်ခြင်းကို ပိတ်ပင်တားဆီးသည်။ ထိုအစား ၎င်းတို့သည် အရာရာကို လွဲချော်စေကြသည်။ ၎င်းတို့သည် အလွန်အကျွံပြုလုပ်သည်။ ချစ်တီးခေါင်းသန်းရှာသည်။ အမှုအရာများကို မှန်ကန်စွာ မကိုင်တွယ်နိုင်ပေ၊ သို့မဟုတ် သမ္မာတရားကို မရှာဖွေနိုင်ပေ။ ထို့အပြင် ၎င်းတို့သည် တက်ကြွစွာ ပြန်လည်တိုက်ခိုက်ပြီး လက်စားချေရန် ကြိုးစားကြသည်၊ အယူအဆများကို ဖြန့်ကာ အပျက်သဘောဆောင်ခြင်းကိုပင် ပွင့်အံချသည်၊ အသင်းတော်၏ အလုပ်ကို နှောင့်ယှက်ရန်အတွက် အခြားလူများကို လှုံ့ဆော်ပြီး သွေးဆောင်သည်။ ၎င်းတို့သည် စောဒကတက်ခြင်းအချို့ကို တိတ်တဆိတ်ဖြန့်ဝေသည်၊ ဘုရားအိမ်တော်က လူတို့ကို ဆက်ဆံပုံ၊ ဘုရားအိမ်တော်၏ စီမံခန့်ခွဲခြင်းဆိုင်ရာ စည်းကမ်းအချို့၊ အချို့ခေါင်းဆောင်များက အမှုအရာများကို လုပ်ဆောင်ပုံတို့ကို ဝေဖန်အပြစ်တင်ပြီး ထိုခေါင်းဆောင်များကို ပြစ်တင်ရှုတ်ချသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုးဖြစ်သနည်း။ ယင်းသည် ရက်စက်ကြမ်းတမ်းသည်။ အန္တိခရစ်များသည် အတိုက်အခံလုပ်ပြီး အာခံရုံသာမက ၎င်းတို့နှင့်အတူ အာခံရန်၊ ၎င်းတို့ဘက်မှ ရပ်တည်ပြီး ၎င်းတို့ကို အားပေးရန် လူများစွာကိုပင် စည်းရုံးသိမ်းသွင်းကြသည်။ ယင်းမှာ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ တာဝန်ခန့်အပ်မှုအား ရိုးရှင်းစွာ ပြုပြင်ပေးခြင်းကိုပင် မှန်ကန်စွာ သဘောမထားနိုင်ကြ၊ သို့မဟုတ် ယင်းကို ဆင်ခြင်တုံတရားဖြင့် လက်ခံပြီး ကျိုးနွံနာခံနိုင်ခြင်း မရှိကြပေ။ ထိုအစား ၎င်းတို့သည် ရေးကြီးခွင့်ကျယ်လုပ်ပြီး မိမိတို့ကိုယ်တိုင်အတွက် ဆင်ခြေအမျိုးမျိုး ပေးကြရာ ထိုဆင်ခြေများထဲမှ အချို့မှာ မလျော်ကန်သကဲ့သို့ အခြားသူများ၌ စက်ဆုပ်ရွံရှာခြင်းနှင့် မုန်းတီးခြင်းတို့ကို ဖြစ်ပေါ်စေသည်။ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများနှင့် မိစ္ဆာဒိဋ္ဌိအယူဝါဒအချို့ကို ထုတ်ဖော်ပြီးနောက် အန္တိခရစ်များသည် မိမိတို့ကိုယ်တိုင်အတွက် အခြေအနေကို အဖတ်ဆယ်ရန်နှင့် အခြားသူများအား ၎င်းတို့ကို ယုံကြည်လာစေရန် ကြိုးစားကြလိမ့်မည်။ အကယ်၍ ဤအစီအမံများ မအောင်မြင်ပါက အန္တိခရစ်များသည် နောက်ပြန်လှည့်နိုင်စွမ်း ရှိကြလိမ့်မည်လော။ အကယ်၍ ၎င်းတို့သည် ဤလမ်းကြောင်းအတိုင်း ရှေ့မဆက်နိုင်ပါက သမ္မာတရားကို ရှာဖွေနိုင်ကြလိမ့်မည်လော။ ၎င်းတို့၌ နောင်တရလိုစိတ် တစ်ခုတလေ ပိုင်ဆိုင်လိမ့်မည်လော။ လုံးဝ ပိုင်ဆိုင်လိမ့်မည် မဟုတ်။ ၎င်းတို့က “အကယ်၍ သင်သည် ကောင်းချီးများ မရစေရန် ငါ့ကို တားဆီးပါက၊ ငါကလည်း သင်တို့အားလုံးကို ကောင်းချီးများမရအောင် တားဆီးမည်။ ကောင်းချီးများကို ငါ မရနိုင်လျှင် ငါ ယုံကြည်တော့မည် မဟုတ်ပါ” ဟု ဆိုကြလိမ့်မည်။ အန္တိခရစ်များသည် လုံးဝ အကျိုးအကြောင်းဆီလျော်မှု မရှိကြပုံကို ယခင်က ငါ ပြောခဲ့ပြီးဖြစ်သည်။ ဤအကျိုးအကြောင်းမဆီလျော်မှု၏ နောက်ကွယ်ရှိ သဘာဝအနှစ်သာရမှာ ဤလူတို့သည် အလွန်အမင်း ကောက်ကျစ်ဆိုးယုတ်ပြီး ရက်စက်ကြမ်းကြုတ်ကြခြင်း ဖြစ်သည်။ ယခု ငါတို့ မိတ်သဟာယဖွဲ့နေသော အချက်မှာ ဤသဘာဝအနှစ်သာရကို အပြည့်အဝ ပြသသည့် သရုပ်သကန်များနှင့် ထုတ်ဖော်ချက်များဖြစ်ပြီး ယင်းမှာ ဤသဘာဝအနှစ်သာရ၏ အစစ်မှန်ဆုံးသော သက်သေပင် ဖြစ်သည်။ ဤလူအချို့သည် မိမိတို့၏ တာဝန်ခန့်အပ်မှုများကို တစ်ကြိမ်မျှပင် ပြုပြင်ပေးခြင်းခံရပါက ဒေါသထွက်လာကြပြီး ၎င်းတို့ထဲမှအချို့မှာ အကြိမ်ရေအချို့ ပြောင်းရွှေ့ခံရပြီး တာဝန်တစ်ခုမှတစ်ခုသို့ ရွှေ့ပြောင်းပြီးနောက်တွင် ထိုတာဝန်များထဲမှ တစ်ခုကိုမျှ ကောင်းစွာ မထမ်းဆောင်နိုင်ဘဲ နောက်ဆုံးတွင် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိဟု ထင်မြင်ကာ နုတ်ထွက်လိုကြသည်။ တိုတိုပြောရလျှင် ၎င်းတို့၏ တာဝန်ခန့်အပ်မှုများကို မည်သို့ပင် ပြုပြင်ပေးသည်ဖြစ်စေ ပြုပြင်မှုတစ်ခုတလေ ဖြစ်ပွားပါက၊ ဤလူတို့သည် ထိုအရာများကို မိမိတို့၏ စိတ်နှလုံးထဲ၌ ဆန်းစစ်ခြင်း၊ အကဲဖြတ်ခြင်းနှင့် အချိန်ယူ စဉ်းစားသုံးသပ်ခြင်းတို့ ပြုလုပ်ကြမည်ဖြစ်ပြီး ထိုပြုပြင်မှုများက ၎င်းတို့ ကောင်းချီးများရရှိခြင်းနှင့် မသက်ဆိုင်ကြောင်း တွေ့ရှိမှသာ စိတ်ချလက်ချ နေနိုင်ကြလိမ့်မည်။ ထိုပြုပြင်မှုများက ကောင်းချီးများရရှိခြင်းနှင့် အနည်းငယ်မျှပင် ဆက်စပ်မှုရှိကြောင်း သို့မဟုတ် ကောင်းချီးများရရှိရန် ၎င်းတို့၏ မျှော်လင့်ချက်ကို ထိခိုက်ကြောင်း တွေ့ရှိသည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် မိမိတို့၏ သဘာဝအနှစ်သာရကို ဖော်ထုတ်လျက် ချက်ချင်းပင် အာခံထကြွကြလိမ့်မည်။ အကယ်၍ ၎င်းတို့သည် ဤအာခံမှု၌ ကျရှုံးပြီး ဖော်ထုတ်ခြင်းခံရကာ ငြင်းပယ်ခြင်းခံရပါက ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် အရေးပေါ် အစီအစဉ်များကို ပြင်ဆင်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်တစ်ပါး ရှိသည်ကို မယုံကြည်တော့ဘဲ၊ ပြီးလျှင် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်ကြောင်းကိုလည်း အသိအမှတ်မပြုတော့ဘဲ ဘုရားအိမ်တော်ကို ပြတ်သားစွာနှင့် တုံ့ဆိုင်းခြင်းမရှိဘဲ စွန့်ခွာသွားကြလိမ့်မည်။ ၎င်းတို့၏ နေ့စဉ်ဘဝများသည် ချက်ချင်း ပြောင်းလဲသွားလိမ့်မည်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်သူတစ်ဦး၏ ပုံသဏ္ဌာန်အားလုံးသည် ၎င်းတို့ထံမှ ပျောက်ကွယ်သွားသည်။ ၎င်းတို့သည် အရက်သောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ထူးခြားသော အဝတ်အစားများ ဝတ်ဆင်ခြင်း၊ မိတ်ကပ်အထူကြီး လိမ်းခြယ်ခြင်းနှင့် တောက်တောက်ပြောင်ပြောင် ဝတ်စားဆင်ယင်ခြင်းတို့ကို ချက်ချင်း ပြန်လည်ပြုလုပ်ကြလိမ့်မည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအနေဖြင့် ဤအရာများကို မွေ့လျော်ခံစားနိုင်ခြင်း မရှိခဲ့သောကြောင့် ဤဆုံးရှုံးခဲ့သော အချိန်အတွက် အလျင်အမြန် အစားပြန်ဖြည့်ကြလိမ့်မည်။ ၎င်းတို့ နုတ်ထွက်ရန် စဉ်းစားသောအခါ ၎င်းတို့၏ နောက်တစ်လှမ်းအကြောင်း၊ လောက၌ လူများ၏ထိပ်ဆုံးရောက်ရန် မည်သို့ ကြိုးစားလုပ်ဆောင်နိုင်မည်အကြောင်း၊ မိမိတို့အတွက် နေရာတစ်နေရာ ရှာဖွေရန်နှင့် ကောင်းမွန်သောဘဝကို နေထိုင်ရန် မည်သို့ ကြိုးစားလုပ်ဆောင်နိုင်မည်အကြောင်း၊ ၎င်းတို့၏ ထွက်ပေါက် မည်သည့်နေရာ၌ ရှိသည်ဟူသည်တို့ကို ချက်ချင်း တွေးတောကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်တိုင်အတွက် ထွက်ပေါက်တစ်ခုကို မကြာမီ ရှာဖွေတွေ့ရှိကြမည်၊ ဤဆိုးယုတ်သော ရေပန်းစားမှုများနှင့် ဤဆိုးယုတ်သော လောကအတွင်း၌ မိမိတို့အတွက် နေရာတစ်နေရာကို ရှာဖွေကြလိမ့်မည်ဖြစ်ပြီး ၎င်းတို့ မည်သည့်အရာ လုပ်ဆောင်ရမည်ကို ဆုံးဖြတ်ကြလိမ့်မည်၊ စီးပွားရေး၊ နိုင်ငံရေး သို့မဟုတ် အခြားသော ဆောင်ရွက်မှုတစ်ခုခု ဖြစ်သည်ဖြစ်စေ၊ ယင်းက ၎င်းတို့ကို အခြားသူများထက် ပိုမိုကောင်းမွန်သော ဘဝကို နေထိုင်ခွင့်ပြုလိမ့်မည်၊ ၎င်းတို့၏ ကျန်ရှိသောဘဝအတွက် ပျော်ရွှင်မှုနှင့် ဝမ်းမြောက်မှုကို ဆောင်ကြဉ်းပေးလိမ့်မည်၊ ၎င်းတို့၏ ဇာတိပကတိကို ပိုမို သက်သောင့်သက်သာရှိစေလိမ့်မည်၊ ၎င်းတို့အား ဘဝကို အပြည့်အဝ မွေ့လျော်ခံစားခွင့်ပြုလိမ့်မည်ဖြစ်ကာ၊ ဖျော်ဖြေမှုနှင့် ပျော်ပါးမှုတို့ကို ခံစားစေလိမ့်မည် ဖြစ်သည်။

အန္တိခရစ်တစ်ဦးသည် ပြုပြင်ခြင်းခံရသောအခါတွင် လည်းကောင်း၊ သူ၏တာဝန်ခန့်အပ်မှုက ပြုပြင်ပေးခြင်းခံရသောအခါတွင်လည်းကောင်း၊ သူ တွေးတောသည့်အရာမှာ သူနှင့် အလွန်နီးကပ်စွာ ဆက်စပ်နေသော ကောင်းချီးများကို လက်ခံရရှိခြင်း ဖြစ်သည်။ ထိုအရာအတွက် မျှော်လင့်ချက်မရှိတော့ဟု သူ တွေးထင်သောအခါ၊ သူသည် နုတ်ထွက်လိုလိမ့်မည်၊ ဘုရားအိမ်တော်မှ ထွက်သွားလိုလိမ့်မည်၊ ဘာသာတရား မရှိသူတစ်ဦး၏ ဘဝသို့ ပြန်လည်ရောက်ရှိသွားလိုလိမ့်မည်။ ဤအရာကို အခြေခံ၍ လူတစ်ဦး၏ သဘာဝအနှစ်သာရသည် အလွန့်အလွန် အရေးကြီးကြောင်း သိသာထင်ရှားသည်။ သို့ဆိုလျှင် ၎င်းတို့၏ လိုက်စားမှုနှင့် ရွေးချယ်မှုများသည်လည်း အလွန်အရေးကြီးသည် မဟုတ်လော။ ယင်းမှာ အတွေးတစ်ခု၏ ကွာခြားချက်မျှသာ ဖြစ်သည်။ မှန်ကန်သော ဆုံးဖြတ်ချက်တစ်ခုက သင့်ကို ဘုရားသခင်၏ ကယ်တင်ခြင်းအား ဆက်လက်လက်ခံသည့်အဖြစ် အဆုံးသတ်စေနိုင်စဉ်တွင် မှားယွင်းသော ရွေးချယ်မှုတစ်ခုကမူ သင့် မျက်စိတစ်မှိတ်အတွင်း ဘာသာတရား မရှိသူတစ်ဦးအဖြစ်၊ ဘုရားအိမ်တော်၊ ဘုရားသခင်၏အမှုတော် သို့မဟုတ် သင်၏တာဝန်နှင့် ဘာမျှမဆိုင်သော တစ်စုံတစ်ဦးအဖြစ်သို့ ပြောင်းလဲသွားစေနိုင်သည်။ အတွေးတစ်ခု၊ တစ်ခဏတာ သို့မဟုတ် သေးငယ်သော ကိစ္စတစ်ခုမျှသာက တစ်စုံတစ်ဦး၏ ကံကြမ္မာကို လုံးဝ ပြောင်းလဲသွားစေနိုင်သည်။ သာမန်ကာလျှံကာဖြစ်သော ရွေးချယ်မှုတစ်ခု၊ သာမန်ကာလျှံကာဖြစ်သော သေးငယ်သည့် အတွေးတစ်ခု သို့မဟုတ် ရိုးရှင်းသော ရှုထောင့်အမြင်တစ်ခုက လူတစ်ဦး၏ ကံကြမ္မာကို ပြောင်းလဲစေနိုင်ပြီး နောက်တစ်ခဏတွင် ၎င်းတို့ မည်သည့်နေရာ၌ အဆုံးသတ်မည်ကို ဆုံးဖြတ်ပေးနိုင်သည်။ လူတို့သည် မည်သည့်ပြဿနာမျိုးကိုမျှ မကြုံတွေ့ရသေးသောအခါ၊ မည်သည့်ဆုံးဖြတ်ချက်ကိုမျှ ရင်မဆိုင်ရသေးသောအခါ၊ ၎င်းတို့အနေဖြင့် သမ္မာတရားများစွာကို နားလည်သည်၊ ဝိညာဉ်ရင့်ကျက်မှုကို ပိုင်ဆိုင်သည်၊ ခိုင်မာစွာ ရပ်တည်နိုင်သည်ဟု ခံစားကြရသည်။ သို့သော် ဆုံးဖြတ်ချက်တစ်ခု၊ အဓိကကျသော စည်းမျဉ်းတစ်ခု သို့မဟုတ် ကြီးမားသော ပြဿနာတစ်ခုကို သင်တို့ ရင်ဆိုင်ရသောအခါ၊ သင်တို့ အမှန်တကယ် ရွေးချယ်သည့်အရာ၊ ဘုရားသခင်အပေါ် သင်တို့၏ သဘောထားဖြစ်သည့်အရာနှင့် ကိစ္စရပ်အပေါ် သင်တို့၏ ရှုထောင့်အမြင်နှင့် သဘောထားဖြစ်သည့်အရာတို့က သင်တို့၏ ကံကြမ္မာနှင့် သင်တို့ နေမည်ကိုဖြစ်စေ၊ သွားမည်ကိုဖြစ်စေ ဆုံးဖြတ်ပေးလိမ့်မည်။ အန္တိခရစ်များ ပြုလုပ်လေ့ရှိသော ရွေးချယ်မှုများနှင့် ၎င်းတို့၏ စိတ်နှလုံးအတွင်းရှိ အနက်ရှိုင်းဆုံးသော နှလုံးသွင်းအရဖြစ်သည့် ဆန္ဒများအားလုံးသည် သမ္မာတရားနှင့် ဆန့်ကျင်ဘက်ဖြစ်သည်၊ ဤအရာများအတွင်း၌ ကျိုးနွံနာခံမှုမရှိ၊ ရန်လိုတိုက်ခိုက်ခြင်းသာ ရှိသည်။ သမ္မာတရား သို့မဟုတ် လူ့သဘာဝ မရှိ၊ လူသား၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် လူသား၏ မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများ၊ မိစ္ဆာဒိဋ္ဌိအယူဝါဒများသာ ရှိသည်။ ဤအရာများသည် ဘုရားအိမ်တော်ကို စွန့်ခွာခြင်းနှင့် ဆိုးယုတ်သော ရေပန်းစားမှုများ၌ မိမိတို့ကိုယ်ကို နစ်မြှုပ်စေခြင်းကဲ့သို့သော အတွေးများကို မကြာခဏ ဖြစ်ပေါ်စေလိမ့်မည်ဖြစ်ပြီး မည်သည့်အချိန်၌မဆို ၎င်းတို့ကို၊ “ငါ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်မရှိလျှင် ဘုရားအိမ်တော်ကို အဘယ်ကြောင့် မစွန့်ခွာရမည်နည်း။ ထိုသို့ဖြစ်လျှင်၊ ငါ ဆက်ပြီး ယုံကြည်တော့မည်မဟုတ်၊ ငါ့တာဝန်ကို ထမ်းဆောင်တော့မည် မဟုတ်ပါ။ ဤသည်မှာ ဘုရားအိမ်တော်က ငါ့ကို ဆက်ဆံပုံဖြစ်လျှင်၊ ဘုရားတစ်ပါး ရှိကြောင်းကို ငါ အသိအမှတ်ပြုတော့မည် မဟုတ်ပါ”ဟု တွေးစေနိုင်သည်။ ဤသို့သော အလွန်အမင်း ပုန်ကန်တတ်သည့် အတွေးများ၊ ဤမိစ္ဆာဒိဋ္ဌိအယူဝါဒများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အယူအဆများ၊ ဤကောက်ကျစ်ဆိုးယုတ်သော စိတ်ကူးများသည် အန္တိခရစ်တစ်ဦး၏ စိတ်နှလုံးထဲ၌ မကြာခဏ ရှိနေပြီး စွဲကျန်နေတတ်သည်။ ဤအကြောင်းကြောင့် ၎င်းတို့သည် ဘုရားသခင်နောက်လိုက်သည့် လမ်းကြောင်းတွင် လမ်းတစ်ဝက်၌ နုတ်မထွက်လျှင်ပင် လမ်းဆုံးတိုင်အောင် လျှောက်လှမ်းရန် အလွန်ခက်ခဲပြီး ၎င်းတို့အများစုသည် ၎င်းတို့ပြုလုပ်ခဲ့သော မကောင်းမှုများစွာနှင့် ၎င်းတို့ဖြစ်စေခဲ့သော နှောင့်ယှက်မှု၊ အဖျက်အမှောင့်လုပ်ခြင်းတို့ကြောင့် အသင်းတော်မှ ရှင်းလင်းခြင်းနှင့် နှင်ထုတ်ခြင်းကို ခံရကြလိမ့်မည်။ ၎င်းတို့သည် အဆုံးတိုင်အောင် ဆက်လက်ထိန်းသိမ်းရန် မိမိတို့ကိုယ်ကို အတင်းအကျပ် ပြုနိုင်လျှင်ပင် အမှန်တွင် ၎င်းတို့သည် အသင်းတော်မှ နုတ်ထွက်သွားလိမ့်မည်မှာ ရှောင်လွှဲ၍မရသောအရာဖြစ်သည်ကို အန္တိခရစ်များ၏ သဘာဝ အနှစ်သာရမှ ငါတို့ မြင်နိုင်သည်။ ၎င်းတို့က စိတ်ထဲတွင်၊ “ငါသည် ဘုရားအိမ်တော်ကို လုံးဝ စွန့်ခွာ၍ မဖြစ်ပါ။ ထိုသို့သော အတွေးများ ငါ့တွင် ရှိလျှင်ပင်၊ ငါ ထွက်ခွာ၍ မရပါ။ သေသည်ထိပင် ဤနေရာတွင် ငါ နေမည်။ ဘုရားအိမ်တော်ကို ငါ ဆက်တွယ်ကပ်နေမည်။ အဆုံးထိတိုင် ဘုရားနောက်သို့ ငါလိုက်မည်”ဟုပင် တွေးကောင်းတွေးနိုင်သည်။ ၎င်းတို့၏ နှလုံးသွင်းအရဖြစ်သော စိတ်ဆန္ဒက ၎င်းတို့ကို ဘုရားအိမ်တော်ကို မစွန့်ခွာရန် မည်သို့ပင် တွန်းအားပေးစေကာမူ၊ ၎င်းတို့၏ နှလုံးသွင်းအရဖြစ်သော စိတ်ဆန္ဒထဲ၌ နေမြဲနေရမည်ဟု မည်သို့ပင် ၎င်းတို့ အခိုင်အမာဆိုစေကာမူ ၎င်းတို့သည် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြသကဲ့သို့ အူထဲအသည်းထဲထိ ကောက်ကျစ်ဆိုးယုတ်ကြသောကြောင့် နောက်ဆုံးတွင် ဘုရားသခင်၏ ပစ်ပယ်ခြင်းကို ခံရရန်လည်းကောင်း၊ မိမိတို့ဆန္ဒအလျောက် ဘုရားအိမ်တော်ကို စွန့်ခွာသွားရန်လည်းကောင်းကံကြမ္မာပါလာကြပေသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။