အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည် (အခန်း သုံး)
၃။ ဖြုတ်ချခံရခြင်းအပေါ် အန္တိခရစ်များ၏ ချဉ်းကပ်မှု
ငါတို့သည် အန္တိခရစ်တို့၏ သရုပ်သကန်နှစ်ခုကို ယခုတင် မိတ်သဟာယဖွဲ့ပြီးဖြစ်သည်၊ တစ်ခုမှာ ၎င်းတို့ ပြုပြင်ခြင်းခံရခြင်းနှင့် ထိပ်တိုက်ရင်ဆိုင်ရသည့်အခါဖြစ်ပြီး၊ နောက်တစ်ခုမှာ ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်မှုများ ပြုလုပ်သည့်အခါ ဖြစ်သည်။ ငါတို့ မိတ်သဟာယ၏ အဓိကအချက်မှာ ထိုသို့သောအမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ အန္တိခရစ်တို့၌ မည်သည့် သဘောထားရှိသည်၊ မည်သည့် ဆုံးဖြတ်ချက်များကို ၎င်းတို့ ချမှတ်ကြသည်ဟူသည့်အချက် ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ပြုပြင်ခြင်းခံရသည့်အခါ သို့မဟုတ် ၎င်းတို့၏ တာဝန်ခန့်အပ်မှု ပြုပြင်ခံရသည့်အခါ မည်သည့် ရှုထောင့်အမြင်နှင့် သဘောထားမျိုး ရှိသည်ဖြစ်စေ၊ ၎င်းတို့သည် ဤအမှုအရာများကို ကောင်းချီးမင်္ဂလာများ ရရှိခြင်း ရှိမရှိဟူသည့်အချက်နှင့် အစဉ် ဆက်စပ်ကြသည်မှာ ဧကန်မုချပင်။ အကယ်၍ ၎င်းတို့အနေဖြင့် ကောင်းချီးပေးခြင်း ခံရမည်မဟုတ်ကြောင်း၊ ၎င်းတို့၌ မျှော်လင့်ချက် လုံးဝမရှိကြောင်း သေချာပါက၊ အလိုအလျောက် နုတ်ထွက်သွားကြလိမ့်မည်။ သာမန်လူတစ်ဦးအတွက်၊ မည်သည့်ရည်မှန်းချက်များ သို့မဟုတ် လိုအင်ဆန္ဒများမျှ မရှိသောသူတစ်ဦးအတွက် ပြုပြင်ခံရခြင်းဖြစ်စေ၊ မိမိ၏တာဝန်ခန့်အပ်မှုကို ပြုပြင်ခံရခြင်းဖြစ်စေ အမှန်တကယ်တွင် အရေးကြီးသည့်ကိစ္စတစ်ခု မဟုတ်ပေ။ နှစ်ခုလုံးသည် ၎င်းတို့အပေါ် ကြီးမားသော သက်ရောက်မှု ရှိမည်မဟုတ်ပေ။ ၎င်းတို့၏ တာဝန်တစ်ခု ထမ်းဆောင်ပိုင်ခွင့်သည် ဖယ်ရှားခြင်း မခံရသကဲ့သို့၊ ကယ်တင်ခြင်းခံရရန် ၎င်းတို့၏ မျှော်လင့်ချက်ကိုလည်း ရုပ်သိမ်းခြင်း မခံရပေ။ သို့ဖြစ်၍ သာမန်လူတစ်ဦးအတွက်၊ အလွန်အကျွံ တုံ့ပြန်ရန်၊ ထိတ်လန့်ကြောက်ရွံ့ရန် သို့မဟုတ် စိတ်ထိခိုက်ရန်၊ သို့မဟုတ် အရေးပေါ် အစီအစဉ်များ စတင်ပြုလုပ်ရန် မလိုအပ်ပေ။ သို့ရာတွင်၊ ဤသည်မှာ အန္တိခရစ်တစ်ဦးအတွက်မူ ထိုသို့မဟုတ်ပေ။ ၎င်းတို့သည် ဤအရာများကို အလွန်အရေးကြီးသော ကိစ္စရပ်များအဖြစ် ရှုမြင်ကြသည်။ အကြောင်းမှာ ၎င်းတို့သည် ထိုအရာများကို ကောင်းချီးပေးခြင်းခံရခြင်းနှင့် ဆက်စပ်စေကြသောကြောင့်ဖြစ်ပြီး၊ ဤသည်မှာ ၎င်းတို့အတွင်း၌ ပုန်ကန်သော အတွေးအခေါ်များနှင့် အပြုအမူအမျိုးမျိုးကို ဖြစ်ပေါ်သွားစေကာ၊ ယင်းက တစ်ဖန် နုတ်ထွက်သွားခြင်း၊ ဘုရားသခင်ကို စွန့်ခွာခြင်းဆိုင်ရာ စိတ်ကူးများနှင့် အစီအစဉ်များကို ဖြစ်ပေါ်စေသည်။ အန္တိခရစ်တို့သည် အလွန်သာမန်ဖြစ်သည့် ဤကဲ့သို့သော အမှုအရာများ ၎င်းတို့အပေါ် ကျရောက်သည့်အခါ နုတ်ထွက်မည့် စိတ်ကူးကိုပင် ဖြစ်ပေါ်စေနိုင်သည်။ သို့ဆိုလျှင်၊ ဘုရားအိမ်တော်၌ အဆင့်အတန်းရှိပြီး အရေးကြီးသောအလုပ်အတွက် တာဝန်ရှိသောသူတစ်ဦးအတွက်၊ ဖြုတ်ချခံရခြင်းနှင့် ၎င်းတို့ ရင်ဆိုင်ရသည့်အခါ မည်သည့်သဘောထားမျိုး ရှိမည်နည်း။ ထိုအရာကို ၎င်းတို့ မည်သို့ ကိုင်တွယ်မည်နည်း၊ ပြီးလျှင် ၎င်းတို့သည် မည်သည့် ရွေးချယ်မှုကို ပြုလုပ်မည်နည်း။ ထိုသို့သောအမှုအရာများသည် သာ၍ပင် သာဓကအဖြစ် ဖော်ပြနေပေသည်။ အန္တိခရစ်တစ်ဦးအတွက်၊ အဆင့်အတန်း၊ အာဏာနှင့် ဂုဏ်သိက္ခာတို့သည် အရေးအကြီးဆုံးသော အကျိုးစီးပွား အမျိုးအစားများဖြစ်ပြီး၊ မိမိတို့၏ ကိုယ်ပိုင်အသက်နှင့် ညီမျှသည်ဟု ၎င်းတို့ သတ်မှတ်သော အရာများ ဖြစ်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြုတ်ချခြင်းခံရသည့်အခါ၊ “ခေါင်းဆောင်” ဟူသော ဘွဲ့ထူးကို ၎င်းတို့ ဆုံးရှုံးပြီး အဆင့်အတန်း မရှိတော့သည့်အခါ၊ ယင်းက ၎င်းတို့၏ အာဏာနှင့် ဂုဏ်သိက္ခာကို ဆုံးရှုံးသွားပြီဖြစ်ကြောင်း၊ အလေးအမြတ်ပြုခြင်း၊ ထောက်ခံခြင်းနှင့် အထင်ကြီးလေးစားခြင်းခံရခြင်းဟူသော အထူးအခွင့်အရေးကို နောက်ထပ် လက်ခံရရှိတော့မည်မဟုတ်ကြောင်းတို့ကို ဆိုလိုသည့်အတွက်၊ အဆင့်အတန်းနှင့် အာဏာကို အသက်ကဲ့သို့ ရှုမြင်သော အန္တိခရစ်တစ်ဦးအနေဖြင့်၊ ၎င်းတို့သည် ဤအရာအား လုံးဝ လက်မခံနိုင်သည်ကို တွေ့ရှိရသည်။ အန္တိခရစ်တစ်ဦး ဖြုတ်ချခြင်းခံရသည့်အခါ၊ ၎င်းတို့၏ ပထမဆုံး တုံ့ပြန်မှုမှာ ၎င်းတို့ မိုးကြိုးပစ်ခံရသကဲ့သို့ ဖြစ်သည်။ ကောင်းကင် ပြိုကျလာပြီး ၎င်းတို့၏ လောကကြီး ပြိုလဲသွားသည့်အလား ဖြစ်သည်။ ၎င်းတို့ မျှော်လင့်ချက်ထားနိုင်ခဲ့သော အရာ၊ အဆင့်အတန်း၏ အကျိုးကျေးဇူးအားလုံးနှင့် အသက်ရှင်ရန် အခွင့်အရေးနှင့် ၎င်းတို့အား မကောင်းသည့်အရာများ လုပ်ဆောင်ရင်း သောင်းကျန်းစေသည့် စေ့ဆော်မှုတို့သည် ကွယ်ပျောက်သွားလေပြီ။ ဤသည်မှာ ၎င်းတို့ လက်မခံနိုင်ဆုံးသော အရာဖြစ်သည်။ ၎င်းတို့၏ ပထမဆုံး အတွေးမှာ၊ “ယခု ငါ့အဆင့်အတန်း မရှိတော့ပါ၊ လူတို့က ငါ့ကို မည်သို့မြင်ကြမည်နည်း။ ငါ၏ဇာတိမြို့က ညီအစ်ကိုမောင်နှမများသည် ငါ့ကို အဘယ်အရာ ထင်ကြမည်နည်း။ ငါ့ကိုသိသည့်လူတိုင်းက ငါ့ကို မည်သို့မြင်ကြမည်နည်း။ သူတို့သည် ငါ့ကို မျက်နှာလုပ်ကြဦးမည်လော။ ငါ့ကို သူတို့ အလွန် ဖော်ရွေကြဦးမည်လော။ အကြိမ်တိုင်းတွင် ငါ့ကို သူတို့ ထောက်ခံအားပေးကြဦးမည်လော။ ငါ့နောက်ကို သူတို့ လိုက်ကြဦးမည်လော။ ငါ့ဘဝတွင် လိုအပ်သည့်အရာအားလုံးကို သူတို့ ဆက်ပြီး တာဝန်ယူပေးကြဦးမည်လော။ သူတို့ကို ငါ စကားပြောသောအခါ၊ သူတို့သည် ယဉ်ကျေးပြီး အပြုံးနှင့် ငါ့ကို ကြိုဆိုကြဦးမည်လော။ ငါ၏ အဆင့်အတန်းမရှိဘဲ ငါ မည်သို့ အဆင်ပြေလိမ့်မည်နည်း။ နောက်ဆက်တွဲလမ်းကြောင်းကို ငါ မည်သို့ လျှောက်လှမ်းရမည်နည်း။ အခြားလူများထဲတွင် ငါကိုယ်တိုင်အတွက် ခြေကုပ်တစ်ခုကို ငါ မည်သို့ ရရှိနိုင်မည်နည်း။ ယခု ငါ၏ အဆင့်အတန်းကို ငါ ဆုံးရှုံးပြီးဖြစ်သဖြင့်၊ ကောင်းချီးခံစားရဖို့ မျှော်လင့်ချက်နည်းသွားပြီဟု ဆိုလိုသည် မဟုတ်လော။ ကြီးမားသည့် ကောင်းချီးများကို ငါ ရရှိနိုင်လိမ့်ဦးမည်လော။ အဓိက ဆုလာဘ်များတစ်ခုတလေ သို့မဟုတ် သရဖူကြီးတစ်ခု ငါ ရရှိလိမ့်ဦးမည်လော” ဟူ၍ ဖြစ်သည်။ ၎င်းတို့၏ ကောင်းချီးခံစားရရန် မျှော်လင့်ချက်များ ပျက်စီးသွားပြီဖြစ်ကြောင်း သို့မဟုတ် ပြင်းထန်စွာ လျော့ကျသွားပြီဖြစ်ကြောင်း ၎င်းတို့ တွေးထင်သည့်အခါ၊ ၎င်းတို့၏ ဦးခေါင်း ပေါက်ကွဲထွက်တော့မည့်အလား ဖြစ်လေသည်။ ၎င်းတို့၏ နှလုံးသားက တူဖြင့် ထုနှက်ခံနေရသကဲ့သို့ ဖြစ်ပြီး၊ ဓားဖြင့် လှီးဖြတ်ခံရသလောက်ပင် နာကျင်လှပေသည်။ ၎င်းတို့ နေ့ရောညပါ အလွန် တောင့်တခဲ့သော ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်ခြင်း၏ ကောင်းချီးမင်္ဂလာကို ဆုံးရှုံးရတော့မည်ဖြစ်သည့်အခါ၊ ၎င်းတို့အတွက်မူ ယင်းမှာ ရုတ်တရက် ပေါ်ထွက်လာသော ဆိုးရွားသည့် သတင်းတစ်ခုကဲ့သို့ ထင်ရသည်။ မည်သည့်အဆင့်အတန်းမျှ မရှိခြင်းသည် အန္တိခရစ်တစ်ဦးအတွက် ကောင်းချီးခံစားရရန် မည်သည့်မျှော်လင့်ချက်မျှ မရှိခြင်းနှင့် တူညီပြီး၊ ၎င်းတို့သည် လမ်းလျှောက်နေသော အလောင်းကောင်တစ်ခုကဲ့သို့ ဖြစ်လာသည်။ ၎င်းတို့၏ ခန္ဓာကိုယ်သည် ဝိညာဉ်ကင်းမဲ့လျက် ၎င်းတို့၏ ဘဝကို လမ်းညွှန်ရန် မည်သည့်အရာမျှမရှိသော အနှစ်မဲ့သည့် အခွံတစ်ခုကဲ့သို့ ဖြစ်လာသည်။ ၎င်းတို့၌ မျှော်လင့်ချက်မရှိသကဲ့သို့ မျှော်လင့်စရာလည်း မည်သည့်အရာမျှ မရှိပေ။ အန္တိခရစ်တစ်ဦးသည် ဖော်ထုတ်ခြင်းနှင့် ဖြုတ်ချခြင်းခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့ထံ ဖြစ်ပေါ်လာသော ပထမဆုံးအရာမှာ ၎င်းတို့ ကောင်းချီးခံစားရရန် မည်သည့်မျှော်လင့်ချက်ကိုမဆို ဆုံးရှုံးသွားပြီဟူသည့်အချက် ဖြစ်သည်။ သို့ဆိုလျှင် ဤအချိန်တွင်၊ ၎င်းတို့ လက်လျှော့လိုက်မည်လော။ ၎င်းတို့ ကျိုးနွံနာခံလိုစိတ် ရှိလိမ့်မည်လော။ ၎င်းတို့သည် ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို စွန့်လွှတ်ရန်၊ အဆင့်အတန်းကို လက်လွှတ်ရန်၊ သာမန်နောက်လိုက်တစ်ဦးအဖြစ် လိုလိုလားလား ရှိပြီး ဘုရားသခင်အတွက် ဝမ်းမြောက်စွာ အလုပ်လုပ်ကာ မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဤအခွင့်အရေးကို အသုံးပြုလိမ့်မည်လော။ (အသုံးပြုလိမ့်မည် မဟုတ်ပါ။) ဤအရာသည် ၎င်းတို့အတွက် အလှည့်အပြောင်းတစ်ခု ဖြစ်နိုင်မည်လော။ ဤအလှည့်အပြောင်းသည် ၎င်းတို့ကို ကောင်းမွန်သော လားရာတစ်ခုနှင့် အပြုသဘောဆောင်သော နည်းလမ်းတစ်ခု၌ တိုးတက်စေမည်လော၊ သို့မဟုတ် ပိုဆိုးသည့် ဦးတည်ချက်နှင့် အပျက်သဘောဆောင်သည့် နည်းလမ်းတစ်ခုဖြင့် ၎င်းတို့ကို တိုးတက်ဖြစ်ပေါ်စေမည်လော။ အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရအပေါ် အခြေခံ၍၊ ဖြုတ်ချခြင်းခံရခြင်းသည် ကောင်းချီးမင်္ဂလာများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒကို ၎င်းတို့ လက်လွှတ်ခြင်း၏ အစ၊ သို့မဟုတ် သမ္မာတရားကို ၎င်းတို့ ချစ်မြတ်နိုးပြီး ရှာဖွေခြင်း၏ အစ လုံးဝမဟုတ်သည်မှာ စထင်ရှားသည်။ ယင်းအစား၊ ၎င်းတို့သည် ကောင်းချီးခံစားရမည့် အခွင့်အရေးနှင့် မျှော်လင့်ချက်အတွက် တိုက်ပွဲဝင်ရန် ပို၍ပင် ကြိုးစားလုပ်ဆောင်ကြလိမ့်မည်။ ၎င်းတို့အား ကောင်းချီးမင်္ဂလာများ ဆောင်ကြဉ်းပေးနိုင်သော၊ ၎င်းတို့အား တစ်ကျော့ပြန် အောင်မြင်မှုရရန် ကူညီပေးနိုင်ပြီး ၎င်းတို့၏ အဆင့်အတန်းကို ပြန်လည်ရရှိစေနိုင်သော မည်သည့်အခွင့်အရေးကိုမဆို ဖက်တွယ်ကြလိမ့်မည်။ ထို့ကြောင့်၊ ဖြုတ်ချခြင်းခံရခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ စိတ်မချမ်းမသာဖြစ်ခြင်း၊ စိတ်ပျက်ခြင်းနှင့် ဆန့်ကျင်ဘက်ပြုခြင်းအပြင်၊ အန္တိခရစ်တစ်ဦးသည် ထုတ်ပယ်ခံရခြင်းအပေါ် အစွမ်းကုန် ဆန့်ကျင်တိုက်ခိုက်လိမ့်မည်ဖြစ်ကာ အခြေအနေကို ပြောင်းပြန်လှန်ရန်၊ ပြောင်းလဲရန် ကြိုးပမ်းကြလိမ့်မည်။ ၎င်းတို့သည် ကောင်းချီးခံစားရရန် မိမိတို့၏ မျှော်လင့်ချက်ကို ထိန်းသိမ်းထားရန်လည်းကောင်း၊ မိမိတို့၏ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် တန်ခိုးအာဏာတို့ကို မပြောင်းလဲသည့် အခြေအနေတွင်ရှိစေဖို့ ထိန်းသိမ်းရန်လည်းကောင်း မိမိတို့၏ အစွမ်းရှိသမျှဖြင့် ရုန်းကန်ကြိုးစားကြသည်။ ၎င်းတို့ မည်သို့ ရုန်းကန်ကြသနည်း။ မိမိတို့အပြစ်ကင်းကြောင်း သက်သေပြရန် ကြိုးစားခြင်းမှတစ်ဆင့်၊ ကျိုးကြောင်းပြချက်များ ပေးခြင်းအားဖြင့်၊ ဆင်ခြေများ ပေးခြင်းနှင့် ၎င်းတို့ ပြုလုပ်ခဲ့သည့်အရာကို မည်သို့ ပြုလုပ်ခဲ့သည်၊ ၎င်းတို့အား မည်သည့်အရာက မှားယွင်းစေခဲ့သည်၊ အခြားသူများကို ကူညီရန်နှင့် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ရန်အတွက် မည်သို့ ညလုံးပေါက် မအိပ်ဘဲ နေခဲ့သည်ကိုလည်းကောင်း၊ ဤကိစ္စရပ်တွင် ၎င်းတို့ကို မည်သည့်အရာက ပေါ့ဆစေခဲ့သည်ကိုလည်းကောင်း ပြောဆိုခြင်းမှတစ်ဆင့် ဖြစ်သည်။ ၎င်းတို့သည် အခြေအနေကို အဖတ်ဆယ်ပြီး ဖြုတ်ချခြင်းခံရခြင်းနှင့်ဆိုင်သည့် ကံအကြောင်းမလှသည့်ဖြစ်ရပ်ကို လွတ်မြောက်နိုင်ရန်အလို့ငှာ၊ ဤကိစ္စရပ်၏ အစိတ်အပိုင်းတိုင်းကို လုံးဝ ရှင်းလင်းစေပြီး ရှင်းပြကြလိမ့်မည်။
မည်သည့် ဆက်စပ်အခြေအနေများနှင့် ကိစ္စရပ်များတွင် အန္တိခရစ်တို့သည် ၎င်းတို့၏ စာတန်သဘာဝကို ဇာတိရုပ်ဖော်ပြီး ထုတ်ဖော်ရန် အလားအလာအရှိဆုံး ဖြစ်သနည်း။ ၎င်းတို့ ဖော်ထုတ်ခြင်းနှင့် ဖြုတ်ချခြင်းခံရသည့်အခါတွင်ဖြစ်သည်။ ဆိုလိုသည်မှာ အဆင့်အတန်းကို ၎င်းတို့ ဆုံးရှုံးသည့်အခါ ဖြစ်သည်။ အန္တိခရစ်တို့ ပြသသည့် အဓိကသရုပ်သကန်မှာ ၎င်းတို့သည် မိမိတို့ကိုယ်ကို ခုခံချေပရန်နှင့် တစ်ပတ်ရိုက်ခြင်းကို လုပ်ဆောင်ရန် အစွမ်းကုန် ကြိုးစားကြခြင်း ဖြစ်သည်။ သင်သည် ၎င်းတို့နှင့်အတူ သမ္မာတရားကို မည်သို့ပင် မိတ်သဟာယဖွဲ့သည်ဖြစ်စေ၊ ၎င်းတို့သည် အတိုက်အခံလုပ်ကြပြီး သင်ပြောသည့်အရာကို လက်ခံရန် ငြင်းပယ်ကြသည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက ၎င်းတို့၏ မကောင်းမှုပြုခြင်းဆိုင်ရာ အချက်အလက်အားလုံးကို ဖော်ထုတ်ခြင်းနှင့် ရင်ဆိုင်ရသည့်အခါ၊ ၎င်းတို့သည် ဤအရာများကို ဝန်ခံပါက စွဲချက်တင်ထားသည့်အတိုင်း အပြစ်ရှိကြောင်း တွေ့ရှိရမည်ဖြစ်ပြီး၊ ရှင်းလင်းဖယ်ရှားခြင်း သို့မဟုတ် နှင်ထုတ်ခြင်းခံရမည်ကို ကြောက်ရွံ့ကြသဖြင့် လုံးဝ ဝန်မခံကြပေ။ ၎င်းတို့အပေါ် စွဲချက်တင်ထားသည်များကို ဝန်ခံရန် ငြင်းပယ်သော်လည်း၊ မိမိတို့၏ အမှားများနှင့် တာဝန်များကို အခြားလူတို့၏ ပခုံးပေါ်သို့ပင် တွန်းပို့ကြလေသည်။ ဤအချက်က အန္တိခရစ်တို့သည် သမ္မာတရားကို မည်သည့်အခါမျှ လက်မခံကြောင်း၊ မိမိတို့၏ အမှားများကို အသိအမှတ်မပြုကြောင်း၊ သို့မဟုတ် မိမိတို့ကိုယ်ကို အမှန်တကယ် မသိရှိကြောင်းကို လုံလောက်စွာ ပြသပြီး၊ ဤသည်မှာ ၎င်းတို့၏ သဘာဝက မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ကြောင်း၊ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြောင်း၊ သမ္မာတရားကို မုန်းတီးပြီး သမ္မာတရားကို လုံးဝ လက်မခံကြောင်းကို သာ၍ပင် သက်သေပြနေသည်။ သို့ဖြစ်၍ ၎င်းတို့ကို ကယ်တင်၍ မရနိုင်တော့ပေ။ လူ့သဘာဝ အနည်းငယ်နှင့် ဆင်ခြင်တုံတရားအချို့ရှိသောသူတို့သည် မိမိတို့၏ ကိုယ်ပိုင်အမှားများကို ဝန်ခံပြီး လက်ခံနိုင်သည်၊ အချက်အလက်များနှင့် ရင်ဆိုင်ရသည့်အခါ မိမိတို့၏ ဦးခေါင်းများကို ငုံ့ထားနိုင်ပြီး ၎င်းတို့ပြုလုပ်ခဲ့သော မကောင်းမှုများအတွက် နောင်တရကြောင်း ခံစားရသည်။ သို့ရာတွင် အန္တိခရစ်တို့မှာမူ ဤအရာများကို မစွမ်းဆောင်နိုင်ကြပေ။ ဤအရာက အန္တိခရစ်တို့သည် မည်သည့်သိစိတ် သို့မဟုတ် ဆင်ခြင်တုံတရားမျှ လုံးဝ မပိုင်ဆိုင်သကဲ့သို့၊ ၎င်းတို့သည် လူ့သဘာဝ လုံးဝကင်းမဲ့ကြောင်းကို ပြသသည်။ ၎င်းတို့၏ စိတ်နှလုံးများထဲ၌၊ အန္တိခရစ်တို့သည် ၎င်းတို့၏ အဆင့်အတန်း မြင့်ပုံ သို့မဟုတ် နိမ့်ပုံကို ၎င်းတို့၏ ကောင်းချီးမင်္ဂလာများ ကြီးမည့်ပုံ ငယ်မည့်ပုံနှင့် အစဉ် တတန်းတည်းထားကြသည်။ ဘုရားအိမ်တော်၌ဖြစ်စေ သို့မဟုတ် အခြားမည်သည့်အုပ်စု၌ဖြစ်စေ၊ ၎င်းတို့အတွက်မူ၊ လူတို့၏ နောက်ဆုံးရလဒ်များအပြင် လူတို့၏ အဆင့်အတန်းနှင့် လူတန်းစားကို ပိုင်းခြားသတ်မှတ်ထားပေသည်။ ဤဘဝ၌ ဘုရားအိမ်တော်တွင် တစ်စုံတစ်ဦး၏ အဆင့်အတန်း မည်မျှ မြင့်မားသည်ဆိုသည်နှင့် ၎င်းတို့ တန်ခိုးအာဏာမည်မျှ ကိုင်စွဲထားသည်ဆိုသည်တို့မှာ နောင်ဘဝတွင် ၎င်းတို့ လက်ခံရရှိမည့် ကောင်းချီးမင်္ဂလာများ၊ ဆုလာဘ်များနှင့် သရဖူတို့၏ ပမာဏနှင့် ညီမျှသည်၊ ဤအရာများက ဆက်စပ်နေသည်ဟူ၍ ဖြစ်သည်။ ထိုအမြင်သည် ခိုင်လုံသလော။ ဘုရားသခင်သည် ဤသို့ မည်သည့်အခါမျှ မပြောခဲ့သကဲ့သို့၊ သူသည် ထိုသို့သောအရာ တစ်ခုကိုမျှ တစ်ကြိမ်တစ်ခါမျှ ကတိမပြုခဲ့ပေ။ သို့သော် ဤသည်မှာ အန္တိခရစ်တစ်ဦးအတွင်း၌ ဖြစ်ပေါ်လာသော အတွေးအခေါ်မျိုး ဖြစ်သည်။ ယခုတွင်တော့၊ အန္တိခရစ်တို့၌ ထိုသို့သော အတွေးအခေါ်များ အဘယ်ကြောင့် ရှိသည်ဟူသော အကြောင်းရင်းများကို ငါတို့ စေ့စေ့စပ်စပ် လေ့လာမည်မဟုတ်။ သို့ရာတွင်၊ ၎င်းတို့၏ သဘာဝအနှစ်သာရအရ၊ ၎င်းတို့သည် အဆင့်အတန်းကို ချစ်မြတ်နိုးခြင်းဖြင့် မွေးဖွားလာကြပြီး၊ ၎င်းတို့သည် ဤဘဝ၌ ထင်ရှားကျော်ကြားသော အဆင့်အတန်းနှင့် မြင့်မားသော ဂုဏ်သိက္ခာရှိရန်၊ အာဏာကိုင်စွဲရန်လည်း မျှော်လင့်ကြပြီး၊ နောင်ဘဝတွင် ဤအရာအားလုံးကို ဆက်လက်၍ မွေ့လျော်ခံစားလိုကြသည်။ သို့ဆိုလျှင်၊ ၎င်းတို့သည် ဤအရာအားလုံးကို မည်သို့ စွမ်းဆောင်ရရှိလိမ့်မည်နည်း။ အန္တိခရစ်တို့၏ စိတ်ထဲတွင်၊ ၎င်းတို့သည် ဤဘဝ၌ အဆင့်အတန်း၊ အာဏာနှင့် ဂုဏ်သိက္ခာ ရှိနေစဉ်တွင် ၎င်းတို့ လုပ်ဆောင်နိုင်စွမ်းရှိသော အမှုအရာအချို့နှင့် ၎င်းတို့ လုပ်ဆောင်လိုပြီး ချစ်မြတ်နိုးသော အမှုအရာများကို လုပ်ဆောင်ခြင်းအားဖြင့်လည်းကောင်း၊ ထို့နောက်တွင် ဤအရာများကို အနာဂတ် ကောင်းချီးမင်္ဂလာများ၊ သရဖူများ၊ ဆုလာဘ်များနှင့် လဲလှယ်ခြင်းအားဖြင့်လည်းကောင်း ဤအရာကို ၎င်းတို့ စွမ်းဆောင်ရရှိလိမ့်မည် ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တို့၏ လောကီဆိုင်ရာ ဆက်ဆံမှုများအတွက် အတွေးအခေါ်ဖြစ်ပြီး၊ ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နည်းလမ်းနှင့် ၎င်းတို့၏ ဘုရားသခင်ကို ယုံကြည်ခြင်း၌ စွဲကိုင်ထားသော ရှုထောင့်အမြင် ဖြစ်သည်။ ၎င်းတို့၏ အတွေးအခေါ်များ၊ ရှုထောင့်အမြင်များနှင့် ဘုရားသခင်ကို ၎င်းတို့ယုံကြည်သည့် နည်းလမ်းသည် ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့်လည်းကောင်း၊ ကတိတော်များနှင့်လည်းကောင်း လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ယင်းတို့သည် လုံးဝ ဆက်စပ်မှုမရှိပေ။ ငါ့ကို ပြောကြလော့၊ ဤအန္တိခရစ်တို့သည် အနည်းငယ် စိတ်မမှန်ကြလေသလော။ ၎င်းတို့သည် အဆုံးစွန်ထိကောက်ကျစ်ဆိုးယုတ်သည် မဟုတ်လော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များက ပြောဆိုသည့် မည်သည့်အရာကိုမဆို ၎င်းတို့ လျစ်လျူရှုပြီး လက်ခံရန် ငြင်းပယ်ကြသည်။ ၎င်းတို့ တွေးထင်သည့် နည်းလမ်းနှင့် ဘုရားသခင်ကို ၎င်းတို့ ယုံကြည်သည့် နည်းလမ်းက မှန်ကန်သည်ဟု ၎င်းတို့ ယူဆကြပြီး၊ ဤအရာ၌ ပျော်မွေ့ကာ၊ မိမိတို့ကိုယ်ကို မွေ့လျော်ခံစားပြီး အထင်ကြီးလေးစားကြသည်။ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြသကဲ့သို့၊ ဘုရားနှုတ်ကပတ်တော်များက ထိုသို့သော အရာများကို ပြောဆိုခြင်း ရှိမရှိ သို့မဟုတ် ဘုရားသခင်က ထိုသို့သော ကတိတော်များကို ပြုလုပ်ခဲ့ခြင်း ရှိမရှိကိုလည်း မစုံစမ်းမစစ်ဆေးကြပေ။ ၎င်းတို့က ပင်ကိုအားဖြင့် အခြားလူများထက် ပို၍ ပါးနပ်သည်၊ ပင်ကိုအားဖြင့် ပညာရှိသည်၊ အရည်အချင်းရှိပြီး အလွန် ဆုကျေးဇူးရှိသည်ကို အန္တိခရစ်များက ဖြစ်ရိုးဖြစ်စဉ်ဟု မှတ်ယူကြသည်။ ၎င်းတို့အနေဖြင့် အခြားလူများထဲတွင် ထင်ပေါ်သော ပုဂ္ဂိုလ် ဖြစ်သင့်သည်၊ ခေါင်းဆောင် ဖြစ်သင့်သည်၊ အခြားသူများ၏ အထင်ကြီးခြင်းကို ခံရသင့်သည်၊ အာဏာကိုင်စွဲသင့်သည်၊ အခြားသူများကို အုပ်စိုးသင့်သည်ဟု ခံစားကြရသည်။ ဘုရားသခင်ကို ယုံကြည်သူအားလုံးသည် ၎င်းတို့၏ အုပ်ချုပ်ခြင်းကို ခံရသင့်သကဲ့သို့၊ လူတိုင်းသည် ၎င်းတို့ ဦးဆောင်ရန်အတွက် ရှိနေသင့်သည့်အလား ဖြစ်သည်။ ဤအရာအားလုံးသည် ဤဘဝ၌ ၎င်းတို့ရရှိလိုသော အရာများ ဖြစ်ကြသည်။ ၎င်းတို့သည် နောင်ဘဝတွင် အခြားလူများ မရရှိနိုင်သော ကောင်းချီးမင်္ဂလာများကိုလည်း ရရှိလိုကြပြီး၊ ဤသည်ကို ၎င်းတို့က ဖြစ်ရိုးဖြစ်စဉ်ကိစ္စတစ်ခုအဖြစ် မှတ်ယူကြသည်။ အန္တိခရစ်တို့၌ ထိုသို့သော အတွေးအခေါ်များနှင့် ရှုထောင့်အမြင်များ ရှိခြင်းအတွက်၊ ဤသည်မှာ ၎င်းတို့ကို အတော်ပင် အရှက်ကင်းမဲ့စေသည် မဟုတ်လော။ ၎င်းတို့သည် ဆင်ခြင်တုံတရားကို အနည်းငယ် နားမဝင်ဘဲနေကြသည် မဟုတ်လော။ သင်သည် မည်သည့်အခြေခံအကြောင်းရင်းများဖြင့် ဤသို့ တွေးထင်ကြသနည်း။ သင်သည် မည်သည့်အခြေခံအကြောင်းရင်းများဖြင့် အခြားသူများ၏ အထင်ကြီးလေးစားမှုကို ရရှိလိုကြသနည်း။ သင်သည် မည်သည့်အခြေခံအကြောင်းရင်းများဖြင့် အခြားသူများကို အုပ်ချုပ်လိုကြသနည်း။ သင်သည် မည်သည့်အခြေခံအကြောင်းရင်းများဖြင့် အာဏာရှိရန်နှင့် လူတို့အကြား၌ မြင့်မားသော ရာထူးတွင်ရှိရန် လိုလားကြသနည်း။ ဘုရားသခင်သည် ဤအရာများကို ကြိုတင်သတ်မှတ်ခဲ့သလော၊ သို့မဟုတ် သင်သည် သမ္မာတရားနှင့် လူ့သဘာဝကို ပိုင်ဆိုင်သလော။ သင်သည် ပညာနှင့် အသိပညာအချို့ ရှိသောကြောင့်၊ အနည်းငယ် အရပ်ရှည်ပြီး ကြည့်ကောင်းသောကြောင့် မိမိ၏ အဆင့်အတန်းကို အခိုင်အမာ ဖော်ပြကာ အခြားသူများကို ဦးဆောင်ရန် အရည်အချင်းပြည့်မီသလော။ ထိုအရာက သင့်ကို အမိန့်များထုတ်ပြန်ရန် အရည်အချင်းပြည့်မီစေသလော။ ထိုအရာက သင့်ကို အခြားလူများအား ထိန်းချုပ်ရန် အရည်အချင်းပြည့်မီစေသလော။ ဘုရားသခင်၏ နှုတ်ကပတ်တော်များထဲတွင် သူက၊ “သင်သည် ဆွဲဆောင်မှုရှိသည်၊ သင်သည် အားသာချက်များနှင့် ဆုကျေးဇူးများကို ပိုင်ဆိုင်သည်၊ သို့ဖြစ်၍ သင်သည် အခြားလူများကို ဦးဆောင်သင့်ပြီး တည်မြဲသော အဆင့်အတန်း ရှိသင့်သည်”ဟု မည်သည့်နေရာ၌ ပြောသနည်း။ ဘုရားသခင်သည် သင့်အား ဤအာဏာကို ပေးအပ်ခဲ့သလော။ ဘုရားသခင်သည် ဤအရာကို ကြိုတင်သတ်မှတ်ခဲ့သလော။ မသတ်မှတ်ခဲ့ပေ။ ညီအစ်ကိုမောင်နှမများက သင့်ကို ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအဖြစ် ရွေးချယ်သည့်အခါ၊ ၎င်းတို့သည် သင့်အား အဆင့်အတန်း ပေးနေခြင်းလော။ ယင်းသည် ဤဘဝ၌ သင်နှင့်ထိုက်တန်သော ကောင်းချီးမင်္ဂလာတစ်ခုလော။ အချို့လူများသည် ဤအရာများကို မွေ့လျော်ခံစားခြင်းအား ဤဘဝ၌ အဆတစ်ရာ လက်ခံရရှိခြင်းအဖြစ် အဓိပ္ပာယ်ဖွင့်ဆိုကြပြီး၊ ၎င်းတို့၌ အဆင့်အတန်းနှင့် အာဏာရှိသရွေ့၊ အမိန့်များထုတ်ပြန်နိုင်ပြီး လူများစွာကို အုပ်ချုပ်နိုင်သရွေ့၊ ၎င်းတို့အနေဖြင့် မည်သည့်နေရာသို့ သွားသည်ဖြစ်စေ နောက်လိုက် အခြွေအရံများဖြင့် ဝန်းရံခြင်းခံရမည်ဖြစ်ပြီး၊ လူများက ၎င်းတို့ကို အစဉ်အစေခံကာ ၎င်းတို့ကို ဗဟိုပြုနေရမည်ဟုတွေးထင်ကြသည်။ သင်သည် မည်သည့်အခြေခံအကြောင်းရင်းများအရ၊ ဤအရာများကို မွေ့လျော်ခံစားလိုသနည်း။ ညီအစ်ကိုမောင်နှမများက သင့်ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခြင်းမှာ ဤတာဝန်ကို သင်ထမ်းဆောင်နိုင်ရန် ဖြစ်သည်။ ယင်းမှာ အာဏာကိုင်စွဲပြီး အဆင့်အတန်း၏ အကျိုးခံစားမှုများကို ခံစားရန် မဆိုထားနှင့်၊ လူတို့ကို သင် အထင်အမြင်မှားစေရန်၊ ညီအစ်ကိုမောင်နှမများ၏ အထင်ကြီးလေးစားခြင်းနှင့် အားကျခြင်းခံရရန် မဟုတ်ဘဲ၊ ယင်းအစား သင့်အနေဖြင့် အလုပ်အစီအစဉ်များနှင့် သမ္မာတရားစည်းမျဉ်းများနှင့်အညီ သင်၏ တာဝန်ကို ထမ်းဆောင်နိုင်ရန်အလို့ငှာ ဖြစ်သည်။ ထို့အပြင်၊ ညီအစ်ကိုမောင်နှမများက ခေါင်းဆောင်အဖြစ် ရွေးချယ်ထားသော တစ်စုံတစ်ဦးကို ဖြုတ်ချ၍မရနိုင်ဟု ဘုရားသခင်က ကြိုတင်သတ်မှတ်ထားခြင်း မရှိပေ။ သင်သည် သန့်ရှင်းသော ဝိညာဉ်တော်၏ အသုံးပြုခြင်းကို ခံရသောသူတစ်ဦးဟု သင် ထင်သလော။ မည်သူမျှ သင့်ကို မဖြုတ်ချနိုင်ဟု သင် ထင်သလော။ သို့ဆိုလျှင် သင့်ကို ထုတ်ပယ်ခြင်းနှင့်ပတ်သက်၍ အဘယ်အရာ မှားယွင်းနေသနည်း။ အကယ်၍ သင့်ကို မနှင်ထုတ်ပါက၊ ယင်းမှာ သင် သနားခြင်းခံရပြီး နောင်တရရန် အခွင့်အရေးတစ်ခု ပေးအပ်ခြင်းခံရသောကြောင့်ဖြစ်သည်။ သို့သော် သင်သည် ကျေနပ်ခြင်း မရှိသေးပေ။ သင်သည် အဘယ်အရာကို အငြင်းပွားနေသနည်း။ အကယ်၍ သင်၏ ကောင်းချီးခံစားရရန် မျှော်လင့်ချက်များ ပျက်ပြားသွားသောကြောင့် သင်သည် နုတ်ထွက်ပြီး ဘုရားသခင်ကို မယုံကြည်ချင်တော့ပါက၊ ဆက်သာလုပ်ပြီး နုတ်ထွက်လော့။ ဘုရားအိမ်တော်သည် သင်မရှိဘဲ အဆင်မပြေနိုင်ဟု သင် ထင်သလော။ သင်မရှိဘဲ ကမ္ဘာကြီးသည် လည်ပတ်ခြင်း ရပ်တန့်သွားလိမ့်မည်လော။ သင်မရှိဘဲ ဘုရားအိမ်တော်၏ အလုပ်သည် ပြီးမြောက်အောင်မြင်နိုင်ခြင်း မရှိသလော။ ကောင်းပေပြီ၊ သင် အတွေးမှားပေသည်။ မည်သည့်လူတစ်ဦးကိုမဆို ဆုံးရှုံးခြင်းသည် ကမ္ဘာကြီးကို လည်ပတ်ခြင်းမှ ရပ်တန့်စေလိမ့်မည်မဟုတ်၊ သို့မဟုတ် နေထွက်ခြင်းကို ရပ်တန့်စေလိမ့်မည်မဟုတ်ပေ။ ဘုရားသခင်သာလျှင် မရှိမဖြစ် ဖြစ်သည်၊ မည်သည့်လူသားမျှ မရှိမဖြစ်မဟုတ်။ အသင်းတော်၏ အလုပ်သည် ပုံမှန်အတိုင်း ဆက်လက်လည်ပတ်နေလိမ့်မည် ဖြစ်သည်။ အကယ်၍ မည်သူမဆိုက ၎င်းတို့မရှိဘဲ အသင်းတော်က မလုပ်ဆောင်နိုင်ဟုလည်းကောင်း၊ ဘုရားအိမ်တော်က ၎င်းတို့မရှိဘဲ မလုပ်ဆောင်နိုင်ဟုလည်းကောင်း တွေးထင်ပါက၊ ၎င်းတို့သည် အန္တိခရစ်တစ်ဦး မဟုတ်လော။ သင်သည် အဆင့်အတန်း၏ အကျိုးခံစားမှုများကို ခံစားလေ့ရှိသည် မဟုတ်လော။ သင်သည် အခြားသူများ၏ လေးစားအားကျခြင်း၊ အထင်ကြီးလေးစားခြင်းနှင့် မျက်နှာလိုမျက်နှာရလုပ်ခြင်းကို ခံစားလေ့ရှိသည် မဟုတ်လော။ သင်သည် အခြားသူများ၏ အားကျခြင်းကို ခံစားရန် မည်သို့ အရည်အချင်းပြည့်မီသနည်း။ သင်သည် အခြားသူများ၏ ပြုံးပြခြင်းဖြင့် နှုတ်ဆက်ခြင်းကို ခံယူရန် မည်သို့ အရည်အချင်းပြည့်မီသနည်း။ သင်သည် လူတို့အား သင့်ကို ပျပ်ဝပ်ပြီး ကိုးကွယ်စေလိုသေးသလော။ ထိုသို့ဖြစ်လျှင်၊ ယင်းမှာ သင်သည် လုံးဝ အရှက်ကင်းမဲ့သည်ဟု ဆိုလိုသည် မဟုတ်လော။ လူအချို့သည် ၎င်းတို့၏ တာဝန်မှ ဖြုတ်ချခြင်းခံရသည့်အခါ၊ မိသားစုဝင်တစ်ဦး သေဆုံးသည်ထက်ပင် ပို၍ စိတ်မချမ်းမသာဖြစ်ပြီး ပို၍ ဆင်းရဲဒုက္ခခံစားကြရသည်။ ၎င်းတို့သည် အခြားမည်သူမျှ အသင်းတော်ကို ဦးဆောင်နိုင်ဖွယ်မရှိသည့်အလား၊ ယခုအချိန်အထိ အသင်းတော်အလုပ်ကို ထောက်ပံ့နေခဲ့သော တစ်ဦးတည်းသောသူမှာ ၎င်းတို့ဖြစ်သည့်အလား အရာအားလုံးကို ဖော်ထုတ်ပြီး ဘုရားအိမ်တော်နှင့် အငြင်းပွားကြသည်။ ဤသည်မှာ ကြီးမားသော အမှားတစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက ဘုရားသခင်ကို မစွန့်ခွာခြင်းသည် ဘုရားနှုတ်ကပတ်တော်များဖြင့် စွမ်းဆောင်ရရှိသော အကျိုးသက်ရောက်မှုတစ်ခုဖြစ်ပြီး၊ ၎င်းတို့သည် စုဝေးပွဲများ တက်ရောက်ပြီး အသင်းတော်အသက်တာဖြင့် အသက်ရှင်ခြင်းမှာ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း ရှိသောကြောင့် ဖြစ်သည်။ ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် ခိုင်မာစွာ ရပ်တည်ပြီး စုဝေးပွဲများကို ပုံမှန် တက်ရောက်ခြင်းမှာ ဤလူတို့သည် သမ္မာတရားကို နားလည်ပြီး ကောင်းစွာ ရေလောင်းပေးခဲ့သောကြောင့် မဟုတ်ပေ။ အသင်းတော်ခေါင်းဆောင်များသည် အကြိမ်ကြိမ် အစားထိုးခြင်းခံရသည်၊ အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များစွာ ဖြုတ်ချခြင်းခံရပြီး၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများက စုဝေးပွဲများကို တက်ရောက်ကာ ဘုရားနှုတ်ကပတ်တော်များကို ပုံမှန်အတိုင်း စားသောက်ကြသည်။ ဤသည်မှာ ဤအယောင်ဆောင် ခေါင်းဆောင်များနှင့်လည်းကောင်း၊ အယောင်ဆောင်အမှုဆောင်များနှင့် လည်းကောင်း လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ထိုအငြင်းပွားမှုများကို ပြုလုပ်ရာတွင် အဓိပ္ပာယ်ကား အဘယ်နည်း။ သင်သည် အဓိပ္ပာယ်မဲ့ပြီး မရေရာသော အငြင်းပွားမှုများကို ပြုလုပ်နေခြင်းမျှသာ မဟုတ်လော။ အကယ်၍ သင်သည် သမ္မာတရား လက်တွေ့ကျမှုကို အမှန်တကယ် ပိုင်ဆိုင်ပြီး အသက်ဝင်ရောက်မှုနှင့်ပတ်သက်၍ ဘုရားသခင်၏ ရွေးချယ်ထားသောလူများစွာ၏ ပြဿနာများကို ဖြေရှင်းပေးပြီးဖြစ်ပါက၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် ဤသည်ကို ၎င်းတို့၏ စိတ်နှလုံးထဲ၌ သိရှိကြလိမ့်မည်။ အကယ်၍ သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်ဘဲ ပြဿနာများကို ဖြေရှင်းရန် သမ္မာတရားကို မိတ်သဟာယမဖွဲ့နိုင်ပါက၊ အသင်းတော်အလုပ်၏ ပုံမှန်တိုးတက်မှုသည် သင်နှင့် လုံးဝ သက်ဆိုင်ခြင်းမရှိပေ။ ဖြုတ်ချခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ ဆင်ခြေများ ဆက်ပေးနေသော အယောင်ဆောင် ခေါင်းဆောင်များနှင့် အယောင်ဆောင် အမှုဆောင်များ အလွန်များသည်။ ၎င်းတို့သည် အသင်းတော်အတွက် အလွန်အမင်း ပံ့ပိုးကူညီခဲ့သည့်အလား ဖြစ်သည်။ အမှန်တကယ်တွင် ၎င်းတို့သည် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်ခဲ့ဘဲ၊ အသင်းတော်အသက်တာ၏ ပုံမှန်အစီအစဉ်ကိုလည်း ၎င်းတို့၏ ထိန်းသိမ်းမှုအားဖြင့် ထိန်းသိမ်းထားခြင်း မဟုတ်ပေ။ ၎င်းတို့မရှိဘဲ၊ ဘုရားသခင်၏ ရွေးချယ်ထားသောလူများသည် စုဝေးပွဲများကို ပုံမှန်အတိုင်း ဆက်လက်တက်ရောက်ပြီး ၎င်းတို့၏ တာဝန်များကို ပုံမှန်အတိုင်း ထမ်းဆောင်ကြသည်။ အကယ်၍ သင်သည် သမ္မာတရား လက်တွေ့ကျမှုကို မပိုင်ဆိုင်ဘဲ မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်နိုင်ပါက၊ အသင်းတော်အလုပ်နှင့် ဘုရားသခင်၏ ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှု နှစ်ခုလုံးကို ဆက်လက်၍ ထိခိုက်စေခြင်းနှင့် နှောင့်နှေးစေခြင်းမှ တားဆီးဖို့အတွက် သင် ဖြုတ်ချခြင်းခံရသင့်သည်။ ဘုရားအိမ်တော်သည် သင့်ကဲ့သို့ အယောင်ဆောင် ခေါင်းဆောင်တစ်ဦးနှင့် အယောင်ဆောင် အမှုဆောင်တစ်ဦးကို အသုံးပြုမည်မဟုတ်။ ဘုရားအိမ်တော်သည် သင့်ကို ဖြုတ်ချရန် အာဏာမရှိဟု သင် ထင်ခဲ့သလော။ သင်သည် သင်၏အလုပ်ကို ထိုသို့ ကမောက်ကမ ဖြစ်စေခဲ့သည်။ သင်သည် အသင်းတော်အလုပ်အတွက် ထိုသို့သော ဒုက္ခနှင့် ထိုသို့သော ကြီးမားသည့် ဆုံးရှုံးမှုများကို ဖြစ်စေခဲ့သည်။ သင်သည် အထက်ကို အလွန်အမင်း စိုးရိမ်ပူပန်စေပြီးဖြစ်သည်။ သင့်ကို အသုံးပြုခြင်းသည် အလွန် ဒုက္ခများပြီး၊ ယင်းက လူတို့အား ထိုသို့သော စက်ဆုပ်ရွံရှာမှု၊ မနှစ်မြို့မှုနှင့် ရွံမုန်းမှုကို ခံစားစေသည်။ သင်သည် အလွန် မိုက်မဲသည်၊ မသိနားမလည်သကဲ့သို့ ခေါင်းမာပြီး၊ ပြုပြင်ခြင်းခံရရန်ပင် မထိုက်တန်ပေ။ သို့ဖြစ်၍ ဘုရားအိမ်တော်သည် သင့်ကို မောင်းထုတ်ချင်သည်။ ချက်ချင်း ဖယ်ရှားရှင်းလင်းလိုပြီး၊ ကိစ္စပြီးမြောက်စေလိုသည်။ သို့တိုင် သင်သည် ခေါင်းဆောင်အဖြစ် ဆက်လက်ရှိနေရန် အထက်က သင့်အား နောက်ထပ် အခွင့်အရေးတစ်ခု ပေးစေလိုသေးသလော။ မေ့ထားလိုက်လော့။ အသိစိတ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့ပြီး မကောင်းမှုကျူးလွန်ကာ အဖျက်အမှောင့်များဖြစ်စေသော အယောင်ဆောင် ခေါင်းဆောင်များ၊ အန္တိခရစ်တို့နှင့် ပတ်သက်လာလျှင်၊ ၎င်းတို့ ဖယ်ရှားရှင်းလင်းခြင်းခံရသည်နှင့်တစ်ပြိုင်နက်၊ ထာဝရ ဖယ်ရှားရှင်းလင်းခြင်းခံရသည်။ အကယ်၍ သင်သည် လက်တွေ့ကျသောအလုပ်ကို လုပ်ဆောင်နိုင်ပါက၊ အသုံးပြုခြင်းခံရလိမ့်မည်။ အကယ်၍ သင်သည် လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်နိုင်ဘဲ မကောင်းမှုကျူးလွန်ကာ အဖျက်အမှောင့်များလည်း ဖြစ်စေပါက၊ ချက်ချင်း ဖယ်ရှားရှင်းလင်းခြင်းခံရလိမ့်မည်။ ဤသည်မှာ လူတို့ကို အသုံးပြုခြင်းအတွက် ဘုရားအိမ်တော်၏ စည်းမျဉ်း ဖြစ်သည်။ အချို့သော အန္တိခရစ်တို့သည် အလျှော့မပေးဘဲ၊ “သင်တို့က ကျွန်ုပ်ကို လက်တွေ့ကျသည့်အလုပ် မလုပ်သည့်အတွက် ဖြုတ်ချနေသည်၊ အဘယ်ကြောင့် နောင်တရဖို့ ကျွန်ုပ်ကို အခွင့်အရေး မပေးသနည်း” ဟု ဆိုကြသည်။ ဤသည်မှာ မလိမ့်တပတ်လုပ်သော အကြောင်းပြချက်တစ်ခု မဟုတ်လော။ သင်သည် မကောင်းမှုများစွာ ကျူးလွန်ခဲ့သောကြောင့် ဖြုတ်ချခြင်းခံရခြင်းဖြစ်ပြီး၊ အကြိမ်များစွာ ပြုပြင်ခြင်းခံရပြီးနောက်တွင်ပင် လုံးဝ နောင်တရရန် ငြင်းဆန်နေဆဲဖြစ်သောကြောင့်သာ ဖြုတ်ချခြင်းခံရခြင်း ဖြစ်သည်။ သို့ဖြစ်၍ သင်သည် အခြားမည်သည့် အကြောင်းပြချက်များကို ပြုလုပ်နိုင်ဦးမည်နည်း။ သင်သည် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို လိုက်စားပြီး လက်တွေ့ကျသောအလုပ်ကို မလုပ်ဆောင်ခဲ့ပေ။ သင်သည် အသင်းတော်အလုပ်ကို ရပ်တန့်သွားစေခဲ့ပြီး၊ ပြဿနာများစွာ ပုံနေပြီး ထိုပြဿနာများကို သင် မကိုင်တွယ်ခဲ့ပေ။ အထက်သည် သင့်ကြောင့် မည်မျှ စိုးရိမ်ပူပန်ခဲ့ရသနည်း။ အထက်က သင့်ကို ထောက်ပံ့ပြီး သင်၏အလုပ်နှင့်ပတ်သက်၍ သင့်ကို ကူညီသော်လည်း၊ သင်သည် နောက်ကွယ်၌ မသမာမှုများ ပြုလုပ်နေခဲ့သည်။ စည်းမျဉ်းများကို ချိုးဖောက်သော အမှုအရာများစွာ၊ မြင်တွေ့ရန် မသင့်တော်သော အမှုအရာများကို အထက်၏ နောက်ကွယ်၌ သင် လုပ်ဆောင်နေခဲ့သည်။ မဝယ်သင့်သော အရာများစွာကို ဝယ်ယူရန် ဘုရားသခင်၏ အလှူငွေများကို မိမိသဘောအတိုင်း သင် သုံးစွဲနေခဲ့သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကို များစွာ ပျက်စီးမှု ဖြစ်စေပြီး အသင်းတော်အလုပ်အပေါ် ကြီးမားသော ဘေးအန္တရာယ်ကို ဆောင်ကြဉ်းပေးနေခဲ့သည်။ အဘယ်ကြောင့် သင်သည် ဤမကောင်းမှုပြုခြင်းများအကြောင်းကို မည်သည့်အခါမျှ မပြောဆိုသနည်း။ ဘုရားအိမ်တော်က သင့်ကို ဖြုတ်ချလိုသည့်အခါ၊ သင်က လုံးဝ အရှက်မဲ့စွာဖြင့်၊ “ကျွန်ုပ်ကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးနိုင်မည်လော”ဟု ဆိုသည်။ သင် ဆက်လက်၍ သောင်းကျန်းကာ မကောင်းမှုများ ပြုလုပ်နိုင်ရန် ဘုရားအိမ်တော်က သင့်အား နောက်ထပ် အခွင့်အရေးတစ်ခု ပေးသင့်သလော။ ဘုရားအိမ်တော်က သင့်အား နောက်ထပ် အခွင့်အရေးတစ်ခု ပေးရန် တောင်းဆိုခြင်းသည် သင်၌ ရှက်စိတ်တစ်ခုတလေ ကင်းမဲ့နေသည် မဟုတ်လော။ သင်၏ စိတ်နှလုံးထဲ၌ နောင်တတစ်ခုတလေ ရှိရန်မဆိုထားနှင့်၊ သင်၏ ကိုယ်ပိုင် သဘာဝကိုပင် သင် လုံးဝ မသိသည့်အချိန်တွင် သင့်အား နောက်ထပ် အခွင့်အရေးတစ်ခု ပေး၍ရနိုင်သလော။ ဤကဲ့သို့သော လူတို့၌ အရှက်တရားမရှိ၊ ၎င်းတို့သည် အရှက်တရားကို လုံးဝမသိကြသကဲ့သို့ ဆိုးယုတ်သောလူများနှင့် အန္တိခရစ်များ ဖြစ်ကြသည်တကား။
အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များသည် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ လုံးဝ မလုပ်ဆောင်နိုင်ကြဘဲ အချိန်အတိုင်းအတာတစ်ခုအထိ အထက်၏ လမ်းညွှန်ခြင်းနှင့် ကူညီခြင်းကို ခံရပြီးနောက်တွင်ပင် ၎င်းတို့သည် မည်သည့်လက်တွေ့ကျသောအလုပ်ကိုမျှ မလုပ်ဆောင်နိုင်ကြသေးပေ။ ၎င်းတို့သည် အထွေထွေကိစ္စရပ်များနှင့်ဆိုင်သည့် အလုပ်ကိုပင် ကောင်းစွာ မကိုင်တွယ်နိုင်ကြ၊ ပြီးလျှင် ဤအရာက ၎င်းတို့သည် အစွမ်းအစ အလွန် ကင်းမဲ့ကြောင်းကို ပြသပေသည်။ အထက်သည်လည်း အလုပ်၏ ကဏ္ဍအားလုံးကို ပုံမှန် စုံစမ်းမေးမြန်းခြင်းများနှင့် စစ်ဆေးခြင်းများ ပြုလုပ်ရမည်ဖြစ်ပြီး ညီအစ်ကိုမောင်နှမများကို မည်သည့်ပြဿနာကိုမဆို ချက်ချင်း တိုင်ကြားရန် တောင်းဆိုရမည်။ အထက်က အလုပ်၏ ကဏ္ဍအားလုံးနှင့်စပ်လျဉ်း၍ စည်းမျဉ်းများကို စိစစ်ခြင်း၊ လမ်းညွှန်ခြင်းနှင့် မိတ်သဟာယဖွဲ့ခြင်းတို့ကိုလည်း ပြုလုပ်ရန် လိုအပ်သည်။ အထက်က စည်းမျဉ်းများအပေါ် မိတ်သဟာယဖွဲ့ခြင်း ပြီးစီးပြီးနောက် လူအချို့သည် အမှုအရာများကို မည်သို့လုပ်ဆောင်ရမည်ကို မသိကြသေးဘဲ ဆိုးရွားစွာ လုပ်ဆောင်ကြပြီး အချို့သည် မကောင်းမှုများပြုလုပ်လျက် သောင်းကျန်းပင် သောင်းကျန်းကြသည်။ မည်သည့်အလုပ်ကို ၎င်းတို့ လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့သည် အထက်နှင့် မည်သည့်အခါမျှ မရှာဖွေကြ။ မည်သည့်ပြဿနာကိုမျှ အထက်ကို လုံးဝမတိုင်ကြားကြဘဲ ယင်းအစား ၎င်းတို့သည် နောက်ကွယ်၌ မသမာမှုများ ပြုလုပ်ကြလေသည်။ ဤသည်မှာ အဘယ်ပြဿနာဖြစ်သနည်း။ ဤလူတို့၏ သဘာဝသည် အဘယ်နည်း။ ၎င်းတို့သည် သမ္မာတရားကို ချစ်မြတ်နိုးကြသလော။ ၎င်းတို့သည် ပျိုးထောင်ပေးခြင်းခံထိုက်သလော။ ၎င်းတို့သည် ခေါင်းဆောင်များနှင့် အမှုဆောင်များ ဖြစ်ရန် ထိုက်တန်နေဆဲလော။ ပထမဦးစွာ ၎င်းတို့သည် တစ်စုံတစ်ခုကို မလုပ်ဆောင်မီ မရှာဖွေကြပေ။ ဒုတိယအနေဖြင့် ထိုအရာကို လုပ်ဆောင်နေစဉ် မည်သည့်အစီရင်ခံစာကိုမျှ ၎င်းတို့ မပြုလုပ်ကြ။ ပြီးလျှင် တတိယအနေဖြင့် ထိုအရာကို လုပ်ဆောင်ပြီးနောက် မည်သည့်တုံ့ပြန်ချက်ကိုမျှ မပေးကြပေ။ ၎င်းတို့သည် အလွန် သိက္ခာမဲ့စွာ ပြုမူကြပြီး ဖြုတ်ချခြင်းခံရရန်ကို မလိုမလား ဖြစ်နေကြသေးသည့်အပြင် ဖြုတ်ချခြင်းခံရပြီးနောက်တွင်လည်း အလျှော့မပေးကြပေ။ ဤလူတို့သည် ကယ်တင်၍မရနိုင်တော့သည် မဟုတ်လော။ ငါ့ကို ပြောလော့၊ ကူညီ၍မရနိုင်တော့သော လူအများစုသည် လုံးဝ အရှက်ကင်းမဲ့ပြီး အသိခေါက်ခက်အဝင်နက်ကြသည် မဟုတ်လော။ ၎င်းတို့သည် မည်သည့်အရာကိုမျှ ကောင်းစွာ မလုပ်ဆောင်ကြဘဲ ပျင်းရိပြီး သက်သောင့်သက်သာရှိမှုကို အကြိုက်တွေ့ကြသည်၊ မည်သည့်အလုပ်ကိုမဆို လုပ်ဆောင်သည့်အခါ အမိန့်များထုတ်ပြန်ရန် မိမိတို့၏ ပါးစပ်ကိုသာ လှုပ်ရှားကြပြီး ပြောဆိုပြီးသည်နှင့်တစ်ပြိုင်နက် အခြားမည်သည့်အရာကိုမျှ ၎င်းတို့ မလုပ်ဆောင်ကြတော့ပေ။ ၎င်းတို့သည် အလုပ်ကို မည်သည့်အခါမျှ မကြီးကြပ်၊ မစစ်ဆေး၊ သို့မဟုတ် နောက်ဆက်တွဲအလုပ် မလုပ်ဆောင်ကြဘဲ ဤအရာများကို လုပ်ဆောင်သောသူ တစ်ဦးတလေအပေါ် မနှစ်မြို့မှုနှင့် မကျေနပ်မှုတို့အား ခံစားကြရပြီး ထိုသူကို ဒုက္ခခံစားရစေလိုကြသည်။ ဤသူတို့သည် အန္တိခရစ်စစ်စစ်များဖြစ်သည် မဟုတ်လော။ ဤသည်မှာ အန္တိခရစ်တို့၏ သိက္ခာမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ ပကတိအခြေအနေကို မသိကြ၊ အလွန် သိက္ခာမဲ့စွာ ပြုမူကြပြီး ကောင်းချီးခံစားလိုကြသေးသည်။ ဘုရားအိမ်တော်နှင့်လည်းကောင်း၊ အထက်နှင့်လည်းကောင်း သာလွန်မှုအတွက် ယှဉ်ပြိုင်လိုကြသေးပြီး ၎င်းတို့ အငြင်းပွားလိုကြဆဲဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းဖြင့် ၎င်းတို့သည် သေခြင်းကို ဖိတ်ခေါ်နေခြင်း မဟုတ်လော။ ဤကဲ့သို့သော အမှိုက်စများသည် ဖြုတ်ချခြင်းခံရသည့်အခါ အလွန် မခံမရပ်နိုင်ဖြစ်ပြီး ဆိုဆုံးမရခက်ကြသည်။ ၎င်းတို့သည် အမှန်ပင် အရှက်ကင်းမဲ့ပြီး ဆင်ခြင်တုံတရား တစ်စက်မျှပင် မရှိကြချေ။ မိမိတို့၏ တာဝန်ကို ထမ်းဆောင်သည့်အခါ ၎င်းတို့သည် မကောင်းမှုများပြုလုပ်လျက် သောင်းကျန်းကြပြီး အသင်းတော်အလုပ်ကို နှောင့်ယှက်၍ အဖျက်အမှောင့်လုပ်ကာ ၎င်းတို့ ဖြုတ်ချခြင်းခံရသည့်အခါ ကိုယ့်အမှားကိုယ် ဝန်ခံရန် ငြင်းပယ်ရုံသာမက အခြားသူတို့၏ ပခုံးပေါ်သို့လည်း တာဝန်ကို တွန်းပို့ပြီး “ဤအရာကို သူတို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး အခြားအရာကို လုပ်ဆောင်ခြင်းအတွက် ကျွန်ုပ်သည် တစ်ဦးတည်းသော တာဝန်ရှိသူ မဟုတ်ပါ။ လူတိုင်းက ထိုကိစ္စကို အတူတကွ ဆွေးနွေးခဲ့ကြပြီး ဦးဆောင်သူက ကျွန်ုပ် မဟုတ်ခဲ့ပါ”ဟု ဆိုလျက် ၎င်းတို့အစား အပြစ်ကျခံရန် အခြားတစ်စုံတစ်ဦးကို ရှာဖွေကြသည်။ ၎င်းတို့သည် တာဝန်ယူခြင်းအားဖြင့် ပြစ်တင်ရှုတ်ချခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်း ခံရမည်ဖြစ်ပြီး ကောင်းချီးခံစားရရန် မျှော်လင့်ချက်အားလုံးကို လုံးဝ ဆုံးရှုံးသွားမည်ဖြစ်သည့်အလား တာဝန်လုံးဝ မယူကြပေ။ ထို့ကြောင့် ၎င်းတို့သည် မိမိတို့၏ အမှားများကို ဝန်ခံပြီး မိမိတို့က တိုက်ရိုက်တာဝန်ရှိကြောင်း ဝန်ခံခြင်းထက် သေခြင်းကိုပင် သာ၍ နှစ်သက်ကြပြီး ယင်းအစား တာဝန်ကို အခြားသူတို့၏ ပခုံးပေါ်သို့ မရမက တွန်းပို့ကြသည်။ ၎င်းတို့၏ စိတ်နေစိတ်ထားကို အကဲဖြတ်ရလျှင် ၎င်းတို့သည် ဘုရားသခင်ကို အဆုံးတိုင်အောင် တိုက်ခိုက်ကြလိမ့်မည်တည်း။ ဤလူတို့သည် သမ္မာတရားကို လက်ခံသောသူများဖြစ်သလော။ ဤလူတို့သည် ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံသောသူများ ဖြစ်သလော။ ဘုရားအိမ်တော်ကို ဤနည်းဖြင့် တိုက်ခိုက်နိုင်ခြင်းက ၎င်းတို့၏ စိတ်သဘောထားနှင့်ပတ်သက်၍ တစ်စုံတစ်ရာက ဆိုးရွားစွာ မှားယွင်းနေသည်ကို ပြသသည်။ ၎င်းတို့၏ အမှားများကို ချဉ်းကပ်ပုံနှင့် ပတ်သက်လာသည့်အခါ ပထမဦးစွာ ၎င်းတို့သည် သမ္မာတရားကို မရှာဖွေကြ။ ပြီးလျှင် ဒုတိယအနေဖြင့် ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ခြင်း မရှိကြ။ ၎င်းတို့က တာဝန်လွှဲချကြပြီး ဘုရားအိမ်တော်က ၎င်းတို့ကို ပုံစံတစ်ခုခုဖြင့် သတ်မှတ်၍ ၎င်းတို့၏ တာဝန်မှ ဖြုတ်ချသည့်အခါ ၎င်းတို့သည် ဘုရားအိမ်တော်ကို တိုက်ခိုက်ကြပြီး သွားလေရာရာ၌ မိမိတို့၏ မကျေမနပ်ပြောခြင်းများနှင့် အပျက်သဘောဆောင်ခြင်းကို ဖြန့်ဝေကြကာ ဘုရားသခင်၏ ရွေးချယ်ထားသောလူများ၏ သနားကြင်နာမှုကို ရရှိရန် ကြိုးစားကြသည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်သည့်တိုင် သူ့ကို ဆန့်ကျင်ရဲကြသည်၊ ၎င်းတို့သည် သေခြင်းကို ဖိတ်ခေါ်နေခြင်း မဟုတ်လော။ ဤလူတို့သည် အမှန်ပင် အသိခေါက်ခက် အဝင်နက်ကြသည်။ သို့ဆိုလျှင် ၎င်းတို့အနေဖြင့် မိမိတို့၏ တာဝန်မှ ဖြုတ်ချခြင်းခံရပြီး မိမိတို့၏ အဆင့်အတန်းကို ဆုံးရှုံးခဲ့လျှင်ကော အဘယ်သို့နည်း။ ၎င်းတို့ နှင်ထုတ်ခြင်း မခံရသေးသကဲ့သို့ ၎င်းတို့၏ အသက်ရှင်ပိုင်ခွင့်လည်း ဖယ်ရှားခြင်း မခံရသေးပေ။ ၎င်းတို့ နောင်တရနိုင်သည်၊ အသစ်တစ်ဖန် စတင်နိုင်ပြီး ၎င်းတို့ ကျရှုံးကာ လဲကျခဲ့သည့် မည်သည့်နေရာ၌မဆို ပြန်ထ၍ရနိုင်ကြသည်။ အန္တိခရစ်တို့သည် ထိုသို့သော ရိုးရှင်းသည့်အရာကိုပင် လက်မခံနိုင်ကြပေ။ ဤလူတို့သည် အမှန်ပင် ကယ်တင်၍ မရနိုင်တော့ပေ။ အချို့သော အန္တိခရစ်တို့သည် ဖြုတ်ချခြင်းခံရသည့်အခါ အပြင်ပန်းတွင် အင်တင်တင်ဖြင့် နာခံကြပြီး အလွန်အမင်း စိတ်မချမ်းမမြေ့မဖြစ်ကြ သို့မဟုတ် မည်သည့်ဆန့်ကျင်မှုကိုမျှ မပြသကြသည်မှာ အမှန်ဖြစ်၏၊ သို့သော် ဤသည်မှာ ၎င်းတို့က သမ္မာတရားကို လက်ခံပြီး ဘုရားသခင်ကို ကျိုးနွံနာခံနေသည်ဟု ဆိုလိုသလော။ မဆိုလိုပေ။ အန္တိခရစ်တစ်ယောက်တွင် အန္တိခရစ်တစ်ယောက်၏ စိတ်သဘောထားနှင့် အနှစ်သာရရှိပြီး ဤသည်မှာ သာမန်လူတစ်ယောက်နှင့် ၎င်းတို့ ကွာခြားသည့်အရာဖြစ်သည်။ ၎င်းတို့က ဖြုတ်ချခံရပြီးသောအခါတွင် အပြင်ပန်း၌ မည်သည့်အရာကိုမျှ မပြောသော်လည်း ၎င်းတို့၏ စိတ်နှလုံးတွင် ဆက်လက်၍ အာခံကြသည်။ ၎င်းတို့အမှားများကို ဝန်မခံကြပေ။ အချိန်မည်မျှ ကုန်လွန်သွားသည်ဖြစ်စေ ၎င်းတို့သည် ကိုယ့်ကိုယ်ကိုယ် အမှန်တကယ် သိမြင်နိုင်စွမ်း မည်သည့်အခါမျှ ရှိကြမည်မဟုတ်ပေ။ ဤသည်ကို သက်သေပြပြီးဖြစ်သည်မှာ ကြာပြီဖြစ်သည်။ အန္တိခရစ်နှင့် သက်ဆိုင်သော လုံးဝ မပြောင်းလဲသည့် အခြားအရာတစ်ခုလည်းရှိသည်။ ၎င်းတို့သည် အမှုအရာများကို မည်သည့်နေရာတွင် လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့က ကွဲပြားချင်ကြသည်။ သူတစ်ပါးတို့၏ လေးစားကြည်ညိုမှုကို ခံလိုသည်။ ၎င်းတို့သည် အသင်းတော်ခေါင်းဆောင်၊ သို့မဟုတ် အသင်းခေါင်းဆောင်အဖြစ် တရားဝင်ရာထူး၊ ဂုဏ်ပုဒ်မရှိလျှင်ပင် ၎င်းတို့၏ အဆင့်အတန်းနှင့် တန်ဖိုးအရ သူတစ်ပါးတို့ထက် သာလိုဆဲဖြစ်သည်။ ၎င်းတို့သည် အလုပ်လုပ်နိုင်သည်ဖြစ်စေ၊ မလုပ်နိုင်သည်ဖြစ်စေ၊ မည်သည့် လူ့သဘာဝမျိုး၊ သို့မဟုတ် ဘဝအတွေ့အကြုံမျိုး ရှိသည်ဖြစ်စေ လူတို့၏ လေးစားမှုကို ရရှိရန်အလို့ငှာ မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ရန်၊ လူတို့၏ မျက်နှာသာကို ရရှိရန်၊ လူတို့၏ စိတ်နှလုံးကို သိမ်းသွင်းရန်နှင့် လူတို့အား သွေးဆောင်ပြီး အထင်အမြင်မှားစေရန် နည်းလမ်းမျိုးစုံကို ကြံဆကာ အခွင့်အရေးများရှာရန် အစွမ်းကုန် ကြိုးစားကြလိမ့်မည်။ အန္တိခရစ်တို့သည် လူတို့အား ၎င်းတို့နှင့်ပတ်သက်ပြီး မည်သည့်အရာကို လေးစားစေလိုသနည်း။ ၎င်းတို့ ဖြုတ်ချခံရလျှင်ပင် “ဆင်ပိန်လျှင် ကျွဲလောက်တော့ ရှိပေမည်”ဟူ၍လည်းကောင်း၊ ကြက်ကလေးများအပေါ်တွင် ပျံဝဲနေသည့် သိမ်းငှက်တစ်ကောင်ကဲ့သို့ ၎င်းတို့ ဆက်ရှိကြသည်ဟူ၍လည်းကောင်း ၎င်းတို့က ထင်မှတ်ကြသည်။ ဤသည်မှာ အန္တိခရစ်များ၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်သည်ဟု မှတ်ယူခြင်း ဖြစ်သည်မဟုတ်လော။ ၎င်းတို့၌ မည်သည့်အရာက ထူးခြားနေသနည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အဆင့်အတန်းမရှိခြင်း၊ သာမန်ယုံကြည်သူနှင့် သာမန်လူတစ်ဦးတစ်ယောက်ဖြစ်ခြင်း၊ အသိတရားရှိရှိနှင့် လက်တွေ့ကျသော စိတ်ဓာတ်ဖြင့် မိမိတို့၏တာဝန်ကို အမှန်တကယ် ကောင်းစွာ ထမ်းဆောင်ခြင်း၊ မိမိတို့၏နေရာတွင်နေခြင်း သို့မဟုတ် ၎င်းတို့ထံ ကျရောက်သည့် အလုပ်တွင် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ခြင်း၊ မိမိတို့၏ သစ္စာစောင့်သိမှုကို ပြခြင်းနှင့် အကောင်းဆုံး လုပ်ဆောင်ခြင်းတို့အား လက်မခံနိုင်ကြပေ။ ဤအရာတို့သည် ၎င်းတို့ကို နည်းနည်းမျှ စိတ်မကျေနပ်စေနိုင်ပေ။ ၎င်းတို့ထိုသို့သော လူစားမျိုး မဖြစ်လိုကြပေ၊ သို့မဟုတ် ထိုသို့သော အရာမျိုးများကို မလုပ်ဆောင်လိုကြပေ။ ၎င်းတို့၏ “ကြီးကျယ်ခမ်းနားသည့် ရည်သန်မျှော်မှန်းချက်” မှာ အဘယ်နည်း။ ယင်းမှာ လေးစားကြည်ညိုခံရခြင်း၊ အထင်ကြီးခံရခြင်း၊ အာဏာကိုင်စွဲခြင်းတို့ဖြစ်သည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးသည် အမည်နာမအားဖြင့် သီးသန့်ရာထူးမရှိလျှင်ပင် လူတို့က ၎င်းတို့အား သတိမပြုမိမည်ကိုသော်လည်းကောင်း၊ မည်သူကမျှ ၎င်းတို့ကို အာရုံမစိုက်ကြမည်ကိုသော်လည်းကောင်း စိုးရွံ့လျက် မိမိကိုယ်ကို ပြသဖို့အတွက် ၎င်းတို့တတ်နိုင်သည့် အရာရာတိုင်းကို လုပ်ဆောင်လျက် ကိုယ့်အတွက် ကြိုးပမ်းလိမ့်မည်၊ မိမိကိုယ်တိုင်အတွက် ထုတ်ဖော်ပြောဆိုပြီး ကျိုးကြောင်းမှန်ကန်ကြောင်းပြလိမ့်မည်။ ၎င်းတို့သည် ပို၍ လူသိများရန်အတွက်၊ ၎င်းတို့၏ ဂုဏ်သိက္ခာကို မြှင့်တင်ရန်အတွက်၊ ၎င်းတို့၏ ဆုကျေးဇူးများ၊ အားသာချက်များကို လူတို့အား ပို၍ မြင်စေရန်အတွက်၊ ပြီးလျှင် ၎င်းတို့သည် သူတစ်ပါးတို့ထက် သာလွန်သည်ကို ပြသရန်အတွက် အခွင့်အလမ်းတိုင်းကို အမိအရဖမ်းလိမ့်မည်။ ဤအရာများကို လုပ်ဆောင်နေစဉ်တွင် အန္တိခရစ်တစ်ယောက်သည် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ပြီး ချီးကျူးရန်အတွက်၊ ၎င်းတို့သည် ခေါင်းဆောင်တစ်ယောက် မဟုတ်လျှင်ပင်၊ အဆင့်အတန်းမရှိလျှင်ပင် ၎င်းတို့သည် သာမန်လူတို့ထက် သာလွန်ဆဲဖြစ်သည်ဟု လူတိုင်းက ထင်မြင်စေရန်အတွက် မည်သည့်အဖိုးအခကိုမဆို ပေးဆပ်ရန် လိုလားသည်။ ထိုအခါ အန္တိခရစ်တစ်ယောက်သည် ၎င်း၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိပြီးဖြစ်လိမ့်မည်။ ၎င်းတို့သည် ပုံမှန်လူတစ်ယောက်၊ သာမန်လူတစ်ယောက်ဖြစ်ရန် မလိုလားပေ။ ၎င်းတို့သည် အာဏာနှင့် ဂုဏ်သိက္ခာကို လိုချင်ပြီး အခြားသူများထက် ခေါင်းတစ်လုံးသာချင်ကြသည်။ လူအချို့က “ဤသည်မှာ မတွေးဝံ့စရာပင်။ အဆင့်အတန်း၊ ဂုဏ်သိက္ခာနှင့် အာဏာရှိခြင်းသည် အဘယ်အသုံးဝင်မှု ရှိသနည်း” ဟု ဆိုကြသည်။ ဆင်ခြင်တုံတရားရှိသော တစ်စုံတစ်ဦးအတွက် အာဏာနှင့် အဆင့်အတန်းသည် အသုံးမဝင်သကဲ့သို့ ၎င်းတို့ လိုက်စားသင့်သော အရာများ မဟုတ်ပေ။ သို့သော် ရည်မှန်းချက်ဖြင့် တောက်လောင်နေသော အန္တိခရစ်တို့အတွက်မူ အဆင့်အတန်း၊ အာဏာနှင့် ဂုဏ်သိက္ခာသည် အလွန်အရေးကြီးသည်။ မည်သူမျှ ၎င်းတို့၏ ရှုထောင့်အမြင်ကို မပြောင်းလဲနိုင်သကဲ့သို့ မည်သူမျှ ၎င်းတို့ အသက်ရှင်သည့် နည်းလမ်းနှင့် ၎င်းတို့၏ ဖြစ်တည်မှု ရည်မှန်းချက်များကို မပြောင်းလဲနိုင်ပေ။ ဤသည်မှာ အန္တိခရစ်တို့၏ သဘာဝအနှစ်သာရ ဖြစ်သည်။ ထို့ကြောင့် မိမိ၌ အဆင့်အတန်းရှိသည့်အခါ မိမိ၏ တာဝန်ကို တက်ကြွစွာ ထမ်းဆောင်ပြီး မိမိတို့၏ အဆင့်အတန်းကို ကာကွယ်သည့်အပြင် အဆင့်အတန်း ကင်းမဲ့သည့်အခါ မိမိ၏ ကိုယ်ပိုင်ဂုဏ်သတင်းကို ကာကွယ်ရန် မိမိတို့ လုပ်ဆောင်နိုင်သမျှ အရာအားလုံးကို လုပ်ဆောင်လိုသေးသည့် တစ်စုံတစ်ဦးကို သင် မြင်တွေ့ပါက ဤလူစားမျိုးသည် ကယ်တင်၍ မရနိုင်တော့သကဲ့သို့ အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။
အန္တိခရစ်တစ်ဦးသည် ဖြုတ်ချခြင်းမခံရမီနှင့် ခံရပြီးနောက်တွင် ကြိုးပမ်းမှုများ တသီတတန်းပြုလုပ်သော်လည်း ၎င်းတို့လိုချင်သော အဆင့်အတန်းအပြင် အာဏာနှင့် ဂုဏ်သိက္ခာကို မရရှိနိုင်သေးသည့်အခါ ၎င်းတို့သည် အဆင့်အတန်းနှင့် ကောင်းချီးမင်္ဂလာများအတွက် မိမိတို့၏ လိုအင်ဆန္ဒကို လက်လွှတ်မည်မဟုတ်ပေ။ ၎င်းတို့သည် ဤအရာများကို ဘေးဖယ်ထားပြီး သမ္မာတရားကို လိုက်စားရန် မိမိတို့ကိုယ်ကို ပြောင်းလဲမည်မဟုတ်၊ သို့မဟုတ် လက်တွေ့ကျပြီး အမူအကျင့်ကောင်းသောပုံစံဖြင့် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်မည်မဟုတ်ပေ။ ၎င်းတို့ အမှားပြုမိသည့်အရာ မည်သည့်အရာမဆိုအတွက် အမှန်တကယ် လုံးဝ နောင်တရမည်မဟုတ်ဘဲ ယင်းအစား “အနာဂတ်တွင် အဆင့်အတန်းရဖို့ မျှော်လင့်ချက်တစ်ခုခု ရှိဦးမည်လော။ အဆင့်အတန်းမရှိဘဲ ကောင်းချီးခံစားရမည့် မျှော်လင့်ချက်တစ်ခုခု ရှိလိမ့်မည်လော။ ကောင်းချီးမင်္ဂလာတွေအတွက် ကျွန်ုပ်၏ လိုအင်ဆန္ဒက ပြည့်ဝလိမ့်မည်လော။ ဘုရားအိမ်တော်၌၊ အသင်းတော်၌ ကျွန်ုပ်သည် မည်သည့်အဆင့်ရှိသနည်း။ ရာထူးအဆင့်ဆင့်တွင် ငါသည် မည်သည့်နေရာတွင်ရှိသနည်း”ဟူသကဲ့သို့သော ထပ်ခါတလဲလဲ အကဲဖြတ်မှုများကို ပြုလုပ်ကြလိမ့်မည်။ ၎င်းတို့သည် အသင်းတော်၌ ဂုဏ်သိက္ခာ ကြီးကြီးမားမား မရှိကြောင်း၊ လူအများစုက ၎င်းတို့ကို ထောက်ခံလျက်မရှုမြင်ကြောင်းနှင့် များစွာသောသူတို့က ၎င်းတို့ကို အပျက်သဘောဆောင်သော သင်ကြားခြင်းဆိုင်ရာ ဥပမာအဖြစ်ပင် အသုံးပြုကြောင်း ကောက်ချက်ချသည့်အခါ ၎င်းတို့သည် အသင်းတော်အတွင်းရှိ မိမိတို့၏ ဂုဏ်သိက္ခာက လုံးဝ ပျက်စီးသွားပြီဖြစ်ကြောင်း၊ ၎င်းတို့၌ လူအများစု၏ ထောက်ခံမှုမရှိကြောင်းနှင့် လူအများစု၏ အသိအမှတ်ပြုခြင်းကို နောက်တစ်ကြိမ် ရရှိရန် ဖြစ်နိုင်ဖွယ်မရှိတော့ကြောင်း၊ ပြီးလျှင် ၎င်းတို့၏ ကောင်းချီးခံစားရရန် မျှော်လင့်ချက်သည် အမှန်တကယ်တွင် မရှိသလောက်ပင်ဖြစ်ကြောင်း ၎င်းတို့ ခံစားကြရသည်။ ဤအရာအားလုံးကို ၎င်းတို့ မြင်တွေ့သည့်အခါ၊ ၎င်းတို့၏ အကဲဖြတ်မှု၌ ဤကောက်ချက်များကို ရရှိသည့်အခါ ၎င်းတို့၏ အတွေးအခေါ်နှင့် သဘောထားသည် မိမိတို့၏ ကိုယ်ပိုင်ရည်ရွယ်ချက်များနှင့် လိုအင်ဆန္ဒများကို ဘေးဖယ်ထားပြီး ဘုရားသခင်ထံ အမှန်တကယ် နောင်တရရန်၊ သို့မဟုတ် ဘုရားသခင်အတွက် အလုပ်လုပ်ဖို့ မိမိတို့ကိုယ်ကို အပြည့်အဝ ဆက်ကပ်ရန်နှင့် မိမိတို့၏ တာဝန်ကို သစ္စာစောင့်သိစွာ ထမ်းဆောင်ရန် မဟုတ်သေးပေ။ ဤသည်မှာ ၎င်းတို့၏ စိတ်ထဲ၌ ရှိသောအရာ မဟုတ်ပေ။ သို့ဆိုလျှင် အဘယ်အရာ ဖြစ်သနည်း။ “ငါသည် ဘုရားအိမ်တော်၊ အသင်းတော်၌ ငါ၏ ရည်သန်မျှော်မှန်းချက်များကို စွမ်းဆောင်ရရှိမည်မဟုတ်သည့်အတွက် သို့မဟုတ် အဆင့်အတန်းတစ်ခုတလေ ရှိမည်မဟုတ်သည့်အတွက် ဤတစ်ဖက်ပိတ်လမ်းကြောင်းကို ငါ အဘယ်ကြောင့် ဆက်လျှောက်ရမည်နည်း။ လူတို့သည် နေရာပြောင်းခြင်းမှ အကျိုးကျေးဇူး ခံစားနိုင်ကြသည်။ အခြားတစ်နေရာကို ငါ သွားလျှင် ငါ့အတွက် အမှန်တကယ် အခြေအနေကောင်းလာနိုင်သည်။ ငါ့ စိတ်နှလုံးကို ကြေကွဲစေသော ဤနေရာမှ ငါ အဘယ်ကြောင့် မထွက်သွားရမည်နည်း။ ငါ၏ ရည်သန်မျှော်မှန်းချက်များကို မဖြည့်ဆည်းနိုင်သည့် နေရာ၊ ငါ၏ ရည်သန်မျှော်မှန်းချက်များကို စွမ်းဆောင်ရရှိရန် ခက်ခဲသော ဤနေရာကို အဘယ်ကြောင့် နောက်ချန်မထားရစ်ရမည်နည်း”ဟူ၍ ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် ဤအရာများကို စဉ်းစားသည့်အခါ အသင်းတော်မှ ၎င်းတို့ ထွက်ခွာတော့မည်ဟု ဆိုလိုသည် မဟုတ်လော။ ထိုသို့သော လူတစ်ဦးကို သင်တို့ ထွက်သွားစေလိုသလော၊ သို့မဟုတ် နေစေလိုသလော။ ၎င်းတို့ကို နေရန် ဖျောင်းဖျသင့်သလော။ (မဖျောင်းဖျသင့်ပါ၊ လူတို့က ၎င်းတို့ကို ဖျောင်းဖျရန် ကြိုးစားလျှင်ပင် ၎င်းတို့ နေမည်မဟုတ်ပါ။) မည်သူကမျှ ၎င်းတို့ကို နေအောင် မပြုလုပ်နိုင်ပေ။ ဤသည်မှာ အမှန်ပင်ဖြစ်သည်။ ဤအရာ၏ အကြောင်းတရားကား အဘယ်နည်း။ အားလုံးအနှစ်ချုပ်လိုက်သည့်အခါတွင် အန္တိခရစ်တို့သည် သမ္မာတရားကို မချစ်မြတ်နိုးကြပေ။ သို့ဖြစ်၍ ဘုရားအိမ်တော်၌ နေထိုင်ခြင်းသည် ၎င်းတို့ကို နာကျင်မှုကိုသာ ဖြစ်စေလိမ့်မည်။ ယင်းမှာ ပြည့်တန်ဆာတစ်ဦး၊ အကျင့်တရားမဲ့သော အမျိုးသမီးတစ်ဦးကို သူမ၏ ခင်ပွန်းအား ကူညီရန်နှင့် သူမ၏ ကလေးများကို ပညာသင်ကြားပေးရန်၊ အကျင့်သီလကောင်းသော အမျိုးသမီးတစ်ဦး၊ ဇနီးကောင်းတစ်ဦးနှင့် ကြင်နာသော မိခင်တစ်ဦး ဖြစ်လာစေရန် ကြိုးစားခြင်းနှင့် တူပေလိမ့်မည်။ သူမသည် ထိုအရာများကို လုပ်ဆောင်နိုင်မည်လော။ (မလုပ်ဆောင်နိုင်ပါ။) ယင်းမှာ လူတစ်ဦး၏ သဘာဝနှင့်သက်ဆိုင်သော မေးခွန်းတစ်ခု ဖြစ်သည်။ သို့ဖြစ်၍ သင်သည် အန္တိခရစ်တစ်ဦး နုတ်ထွက်လိုသည်ကို မြင်ပါက ၎င်းတို့က “ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး ဖြစ်သော်လည်း ဘုရားအိမ်တော်အတွက် အလုပ်လုပ်ပေးချင်သည်။ မည်သည့် မကောင်းမှုကိုမျှ မလုပ်ရန် ကျွန်ုပ် အားသွန်ခွန်စိုက် ကြိုးစားမည်ဖြစ်ပြီး စာတန်ကို ပုန်ကန်မည်ဖြစ်သည်”ဟု ၎င်းတို့ပြောသည့် သီးခြားအခြေအနေတစ်ခု မရှိမချင်း မည်သို့ပင်ဖြစ်စေ ၎င်းတို့ကို ဖျောင်းဖျရန် မကြိုးစားနှင့်။ ဤကဲ့သို့သော အခြေအနေတွင် ၎င်းတို့ကို ယင်ကောင်တစ်ကောင်ကဲ့သို့ ရိုက်ထုတ်ပစ်ရန် လိုအပ်သလော။ (မလိုအပ်ပါ။) ဤကဲ့သို့သော အခြေအနေတွင် ငါတို့သည် အမှုအရာများကို သူ့အလိုလို ဖြစ်ခွင့်ပေးနိုင်သည်။ သို့သော် လုပ်ထုံးလုပ်နည်းတစ်ခုကို ကျင့်သုံးရမည်။ လူများစွာတို့သည် ထိုအန္တိခရစ်ကို ကြီးကြပ်ပြီး စောင့်ကြည့်ရမည်။ ပြီးလျှင် ၎င်းတို့ မကောင်းမှုကျူးလွန်လိုခြင်းကဲ့သို့သော ပြဿနာ၏ ပထမဆုံး အရိပ်အယောင်တွေ့ရသည်နှင့် ၎င်းတို့ကို လျင်မြန်စွာ ရှင်းလင်းဖယ်ရှားပစ်ရမည်။ အကယ်၍ ၎င်းတို့သည် အခြားသူများ၏ ကြီးကြပ်ခြင်းနှင့် စောင့်ကြည့်ခြင်းကို မခံနိုင်ဘဲ ၎င်းတို့ မတရားဆက်ဆံခံရသည်ဟု ခံစားရပြီး အလုပ်လုပ်ပေးလိုစိတ်မရှိပါက ဤကဲ့သို့သော လူတစ်ဦးကို မည်သို့ ဆက်ဆံသင့်သနည်း။ သင်သည် ၎င်းတို့ကို ၎င်းတို့၏ လမ်းခရီး၌ ကူညီသင့်ပြီး “သင်သည် ပါရမီရှိပြီး ဘာသာတရားမရှိသော လောကထဲ သွားသင့်သည်။ ပြီးလျှင် သင်၏ ကြီးကျယ်ခမ်းနားသော အစီအစဉ်များကို အကောင်အထည်ဖော်သင့်သည်။ သင်သည် ဤကန်အတွက် အလွန်ကြီးမားသော ငါးတစ်ကောင်ဖြစ်သည်။ အသင်းတော်က သင်နှင့် မသင့်တော်ပါ။ သင့်အတောင်များကို ဤနေရာတွင် သင် မဖြန့်ကျက်နိုင်ပါ။ ဤအလုပ်သည် သင်၏ ပါရမီများနှင့် မတန်ပါ။ လောကသို့ သင် ပြန်သွားလျှင် သင် ရာထူးတိုးကောင်းတိုးနိုင်သည်၊ ငွေအမြောက်အမြား ရနိုင်ပြီး ချမ်းသာလာနိုင်သည်။ ကျော်ကြားသူတစ်ဦး ဖြစ်ကောင်းဖြစ်လာနိုင်သည်”ဟု ဆိုသင့်သည်။ ထွက်ခွာသွားရန် ၎င်းတို့ကို အမြန် အားပေးလော့။ အကယ်၍ ၎င်းတို့သည် ဥစ္စာဓနနှင့် အဆင့်အတန်းကို လိုက်စားပြီး အဆင့်အတန်း၏ အကျိုးခံစားမှုများကို တောင့်တပါက ၎င်းတို့ကို အလုပ်လုပ်ပြီး ငွေရှာရန် လောကသို့ ပြန်သွားခွင့်ပြုလော့။ ထို့နောက်တွင် အရာရှိတစ်ဦး ဖြစ်လာပြီး ၎င်းတို့၏ ဇာတိပကတိဘဝကို မွေ့လျော်ခံစားစေလော့။ အချို့က ၎င်းတို့ကို ဤနည်းဖြင့် ဆက်ဆံခြင်းသည် ချစ်ခင်သော စိတ်နှလုံးမရှိဘဲ ဆက်ဆံခြင်း ဟုတ်မဟုတ်ကို မေးကောင်းမေးနိုင်သည်။ အမှန်တွင် သင်သည် ၎င်းတို့အား ထိုသို့သော အမှုအရာများကို မပြောဆိုလျှင်ပင်၊ အန္တိခရစ်တို့သည် ၎င်းတို့၏ စိတ်နှလုံးထဲ၌ “ဟွန်း၊ တစ်နေ့ ရာထူးတိုးပြီး နောက်တစ်နေ့ ဖြုတ်ချခံရသည်။ ငါ့ကို အဆင့်အတန်း ပေးထားသည့်တိုင် စောင့်ကြည့်ကာ ကြီးကြပ်ပြီး ပြုပြင်ခြင်းကို ခံရသည်။ ဤသည်မှာ နာကျင်စရာကောင်းလှပါတကား။ ဤအဆင့်အတန်းမျိုးက ငါ့အတွက် ရှာရမခက်ပါ၊ ငါသာ ဘုရားကို မယုံကြည်ခဲ့လျှင် ယခုချိန်တွင် လောက၌ ချမ်းသာပြီး လူမှုအသိုင်းအဝိုင်းတွင် အမြင့်ကို တက်လှမ်းနေလောက်ပြီဖြစ်သည်။ အနည်းဆုံးအနေဖြင့် မြို့အဆင့် ကေဒါတစ်ယောက်တော့ ဖြစ်နေလောက်ပေပြီ။ ငါသည် အရာရှိဖြစ်ဖို့ မွေးဖွားလာခြင်း ဖြစ်သည်။ လောကတွင် မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ငါ ထင်ပေါ်သည်။ အရာရာတိုင်းကို ငါ ကောင်းစွာ လုပ်ဆောင်သည်။ မည်သည့်လုပ်ငန်းတွင်မဆို ငါ အောင်မြင်နိုင်ပြီး ငါက ကြံရည်ဖန်ရည်ရှိသူတစ်ယောက် ဖြစ်သည်”ဟု တွေးကြလိမ့်မည်။ သင်သည် ၎င်းတို့အား ထိုသို့သော အရာများကို မပြောဆိုလျှင်ပင် ၎င်းတို့သည် ဤကဲ့သို့သော အရာများကို ပြောဆိုကြလိမ့်မည်။ ပြီးလျှင် ထိုအကြောင်းကြောင့် သင်သည် ၎င်းတို့ ကြားလိုသော သာယာဖွယ်ကောင်းသည့် စကားအချို့ကို လျင်မြန်စွာ ပြောဆိုသင့်ပြီး ၎င်းတို့ကို အသင်းတော်မှ အမြန်ထွက်သွားရန် အားပေးသင့်သည်။ ဤအရာက လူတိုင်းကို အကျိုးပြုလိမ့်မည်။ အန္တိခရစ်တို့သည် အဆင့်အတန်း၊ အာဏာနှင့် ဂုဏ်သိက္ခာကို လိုက်စားကြသည်။ ၎င်းတို့သည် သာမန်လူများ ဖြစ်လိုစိတ်မရှိဘဲ ယင်းအစား အခြားသူများထက် အစဉ် ခေါင်းတစ်လုံး သာလိုကြသည်။ နောက်ဆုံးတွင် ၎င်းတို့သည် မိမိတို့၏ ဂုဏ်သတင်းနှင့် ရပ်တည်မှုကို ဖျက်ဆီးပြီး ဘုရားသခင်၏ ကျိန်ခြင်းကို ခံရသည်အထိ ဖြစ်သည်။ သို့ဆိုလျှင် သင်တို့သည် သာမန်လူများ ဖြစ်လိုစိတ် ရှိကြသလော။ (ရှိပါသည်။) သာမန်လူများဖြစ်ခြင်းသည် အမှန်တကယ်တွင် အဓိပ္ပာယ်ရှိသည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်ကို လိုက်စားမည့်အစား လက်တွေ့ဘဝတွင် ရောင့်ရဲတင်းတိမ်ကာ ငြိမ်သက်ခြင်းနှင့် ဝမ်းမြောက်ခြင်းဖြင့် အသက်ရှင်ပြီး စိတ်နှလုံး၌ တည်ငြိမ်ခြင်းသည် ဘဝ၌ မှန်ကန်သော လမ်းကြောင်း ဖြစ်သည်။ အကယ်၍ တစ်စုံတစ်ဦးသည် အစဉ် သာလွန်သူတစ်ဦးဖြစ်ရန်နှင့် အခြားသူများထက် ခေါင်းတစ်လုံး သာရန် အလိုရှိပါက ယင်းမှာ မိမိတို့ကိုယ်ကို မီးပုံပေါ်၌ ကင်ခြင်းနှင့်လည်းကောင်း၊ မိမိတို့ကိုယ်ကို အသားကြိတ်စက်ထဲသို့ ထည့်ခြင်းနှင့်လည်းကောင်း ညီမျှသည်။ ၎င်းတို့သည် ကိုယ့်ဒုက္ခကိုယ် ရှာနေကြခြင်း ဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့၌ ထိုသို့သော ခံစားမှုများ ရှိရသနည်း။ အခြားသူများထက် ဦးခေါင်းတစ်လုံး သာခြင်းသည် ကောင်းသောအရာ ဟုတ်သလော။ (မဟုတ်ပါ။) ယင်းမှာ ကောင်းသောအရာ မဟုတ်ပေ။ သို့တိုင် အန္တိခရစ်တို့သည် ဤလမ်းကြောင်းကို မလျှော့တမ်း ရွေးချယ်ကြသည်။ မည်သည့်အရာကို သင်တို့ လုပ်ဆောင်သည်ဖြစ်စေ၊ ဤလမ်းကြောင်းကို မလိုက်လျှောက်ကြနှင့်။
သာမန် ဖောက်ပြန်ပျက်စီးသောသူတစ်ဦးသည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ အခြေခံအုတ်မြစ် မရှိသေးသည့်အခါ၊ ၎င်းတို့သည် ဘုရားသခင်၌ စစ်မှန်သော ယုံကြည်ခြင်း မဖြစ်ပေါ်သေးသည့်အခါ ၎င်းတို့၌ သေးငယ်သော ယုံကြည်ခြင်း သို့မဟုတ် ဝိညာဉ်ရင့်ကျက်မှု ရှိပေသည်။ ထိုသို့သော လူတစ်ဦးသည် အဆင်မပြေမှုတစ်ခုနှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့သည် မိမိတို့ကိုယ်ကို ညံ့ဖျင်းသည်ဟု ထင်မြင်ကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်က ၎င်းတို့ကို မချစ်မြတ်နိုးဟုလည်းကောင်း၊ ကိုယ်တော်သည် ၎င်းတို့ကို ရွံရှာသည်ဟုလည်းကောင်း ထင်မြင်ကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို အကြိမ်တိုင်း ရှေ့တိုးမရဖြစ်ပြီး ကျရှုံးသည်ကို မြင်သည့်အခါ၊ ဘုရားသခင်ကို ကျေနပ်စေနိုင်ခြင်းမရှိသည်ကို မြင်တွေ့ရသည့်အခါ ၎င်းတို့ စိတ်ဓာတ်ကျလိမ့်မည်။ အားနည်းခြင်းနှင့် အပျက်သဘောဆောင်မှုအချို့ကိုလည်း ၎င်းတို့ တွေ့ကြုံခံစားကြရလိမ့်မည်ဖြစ်ပြီး တစ်ခါတစ်ရံ အသင်းတော်ကို စွန့်ခွာဖို့ အတွေးအခေါ်များ ၎င်းတို့ ဖြစ်ပေါ်လာလိမ့်မည်။ သို့သော် ဤသည်မှာ အာခံခြင်းနှင့် မတူညီပေ။ ဤသည်မှာ တစ်စုံတစ်ဦးက စိတ်မချမ်းမမြေ့ဖြစ်ပြီး စိတ်ပျက်အားငယ်သည့်အခါ ရရှိသော အတွေးအခေါ်မျိုးဖြစ်ပြီး ယင်းမှာ အန္တိခရစ်တစ်ဦး၏ နုတ်ထွက်ခြင်းနှင့် လုံးဝ ကွဲပြားခြားနားသော အရာတစ်ခု ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် နုတ်ထွက်လိုသည့်အခါ နောင်တရခြင်းထက် သေခြင်းကိုပင် သာ၍ နှစ်သက်လိမ့်မည်။ သို့သော် သာမန် ဖောက်ပြန်ပျက်စီးသောသူတစ်ဦးသည် စိတ်ဓာတ်ကျပြီး အသင်းတော်ကို စွန့်ခွာရန် စဉ်းစားသည့်အခါ အခြားသူများ၏ အကူအညီနှင့် မိတ်သဟာယဖွဲ့ခြင်းတို့ဖြင့် ၎င်းတို့၏ ကိုယ်ပိုင် တက်ကြွသော ပူးပေါင်းဆောင်ရွက်မှု၊ ဆုတောင်းခြင်းနှင့် ရှာဖွေခြင်း၊ ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုခြင်းတို့နှင့်အတူ၊ ဘုရားနှုတ်ကပတ်တော်များသည် ၎င်းတို့ကို တဖြည်းဖြည်း လွှမ်းမိုးနိုင်သည်၊ ၎င်းတို့ကို ပြောင်းလဲနိုင်ပြီး ၎င်းတို့ နေသည်ကိုဖြစ်စေ သွားသည်ကိုဖြစ်စေ ပြောင်းလဲနိုင်သည့်အပြင် ၎င်းတို့၏ ဆုံးဖြတ်ချက်နှင့် ၎င်းတို့၏ စိတ်ကိုလည်း ပြောင်းလဲနိုင်သည်။ တစ်ချိန်တည်းမှာပင် ဘုရားနှုတ်ကပတ်တော်များသည် ၎င်းတို့ကို တဖြည်းဖြည်း နောင်တ၊ အပြုသဘောဆောင်သော သဘောထားနှင့် ဇွဲနပဲရှိရန် စိတ်ပိုင်းဖြတ်ချက်တို့ကို တဖြည်းဖြည်း ဖြစ်ပေါ်ရန်လည်း ကူညီနိုင်သည်။ ထိုနှုတ်ကပတ်တော်များသည် ၎င်းတို့အား တဖြည်းဖြည်း အားကောင်းလာနိုင်စေသည်။ ဤသည်မှာ သာမန်လူတစ်ဦးအတွက် အသက်ဝင်ရောက်မှု ဖြစ်စဉ်နှင့်ဆိုင်သည့် သရုပ်သကန်တစ်ခု ဖြစ်သည်။ အခြားတစ်ဖက်တွင် အန္တိခရစ်တစ်ဦးသည် ခါးသီးသော အဆုံးထိတိုင်အောင် တိုက်ခိုက်လိမ့်မည်။ ၎င်းတို့သည် မည်သည့်အခါမျှ နောင်တရမည်မဟုတ်ဘဲ မိမိတို့ မှားယွင်းကြောင်း ဝန်ခံခြင်းထက်၊ မိမိတို့ကိုယ်ကို သိရှိအောင် လုပ်ဆောင်ခြင်းထက်၊ ကောင်းချီးမင်္ဂလာများအတွက် မိမိတို့၏ လိုအင်ဆန္ဒကို စွန့်လွှတ်ခြင်းထက် သေခြင်းကိုပင် သာ၍ နှစ်သက်ကြလိမ့်မည်။ ၎င်းတို့သည် အသက်ဝင်ရောက်မှု အနည်းငယ်မျှပင် မပိုင်ဆိုင်ကြပေ။ သို့ဖြစ်၍ အလုပ်လုပ်ပေးလိုစိတ်မရှိသော၊ သို့မဟုတ် ယင်းကို ကောင်းစွာ မလုပ်ဆောင်သော တစ်စုံတစ်ဦးအတွက် ၎င်းတို့ကို အသင်းတော်အား စွန့်ခွာရန်သာ အကြံပေးလော့။ ဤသည်မှာ အမြော်အမြင်ရှိသောဆုံးဖြတ်ချက်တစ်ခုဖြစ်ပြီး ထိုသို့သော ကိစ္စရပ်ကို ကိုင်တွယ်ရန် အမြော်အမြင်အရှိဆုံးသော နည်းလမ်း ဖြစ်သည်။ သင်သည် ၎င်းတို့ကို ထိုသို့ပြုလုပ်ရန် အကြံမပေးလျှင်ပင် ၎င်းတို့ကို နေစေရန် သင် ပြုလုပ်နိုင်လိမ့်မည်လော။ သင်သည် ၎င်းတို့၏ လိုက်စားမှုနည်းလမ်း သို့မဟုတ် ၎င်းတို့၏ ရှုထောင့်အမြင်ကို ပြောင်းလဲနိုင်ပါသလော။ ဤအရာများကို မည်သည့်အခါမျှ သင် ပြောင်းလဲနိုင်လိမ့်မည် မဟုတ်။ ဘုရားအိမ်တော်က ဆက်နေရန် တိုက်တွန်းခြင်း၊ ကူညီပေးခြင်းနှင့် ထောက်ပံ့ခြင်းခံရသော လူအချို့ ရှိသည်။ အကြောင်းမှာ ၎င်းတို့ထုတ်ဖော်ပြခဲ့သည့် ၎င်းတို့၏ အပျက်သဘောဆောင်မှု၊ အားနည်းမှုနှင့် ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများသည် သာမန် ဖောက်ပြန်ပျက်စီးသူတိုင်း၌ ဖြစ်လေ့ဖြစ်ထရှိပြီး ပုံမှန်နယ်ပယ်အတွင်း၌သာ ရှိသောကြောင့် ဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်များကို မိတ်သဟာယဖွဲ့ခြင်းမှတစ်ဆင့်၊ အခြားသူများ၏ အကူအညီနှင့် ထောက်ပံ့မှုမှတစ်ဆင့် ၎င်းတို့သည် တဖြည်းဖြည်း အားကောင်းလာနိုင်သည်၊ ဝိညာဉ်ရင့်ကျက်မှုကို ရရှိနိုင်သည်၊ ဘုရားသခင်၌ ယုံကြည်ခြင်း ဖြစ်ပေါ်နိုင်ပြီး မိမိတို့၏ တာဝန်ကို ထမ်းဆောင်ရာ၌ ရိုးသားဖြောင့်မတ်နိုင်ကြသည်။ ဤသည်မှာ ဆက်လက်နေထိုင်ရန် ငါတို့ ကူညီပြီး တိုက်တွန်းသင့်သော လူစားမျိုး ဖြစ်သည်။ သို့ရာတွင် အလုပ်လုပ်လိုစိတ်မရှိသော သို့မဟုတ် ကောင်းစွာ အလုပ်လုပ်မပေးသော အန္တိခရစ်တို့အတွက်မူ ၎င်းတို့ကို ထွက်သွားရန် အားပေးလော့။ အကြောင်းမှာ သင်သည် ၎င်းတို့ကို ထွက်သွားရန် အကြံမပေးမီ အချိန်ကြာမြင့်စွာကတည်းက ၎င်းတို့သည် ထိုသို့ပြုလုပ်ရန် ဆန္ဒရှိပြီးဖြစ်သည်၊ သို့မဟုတ် အချိန်မရွေး ထွက်ခွာသွားလုနီးပါး အခြေအနေ၌ ၎င်းတို့ ရှိနေကြသောကြောင့် ဖြစ်သည်။ ဤအရာများသည် အန္တိခရစ်တို့က ဖြုတ်ချခြင်းခံရခြင်းနှင့် ရင်ဆိုင်ရပြီး နုတ်ထွက်လိုသည့်အခါတွင် ၎င်းတို့၌ ရှိသည့် အမျိုးမျိုးသော သရုပ်သကန်များနှင့် အတွေးများ ဖြစ်ကြသည်။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။