အချက် ၁၂- အဆင့်အတန်းနှင့် သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသောအခါ ၎င်းတို့က နောက်ဆုတ်ချင်ကြသည် (အခန်း လေး)
၄။ ရာထူးတိုးပေးခြင်း မခံရသောအခါ၊ အန္တိခရစ်များ၏ အပြုအမူ
သမ္မာတရားကို မလိုက်စားသော နောက်ထပ်လူစားတစ်မျိုး ရှိသေးသည်။ ဤသို့သော လူစားမျိုးသည် သမ္မာတရားကို မလိုက်စားသောကြောင့် အရေးကြီးသော တာဝန်များကို မထမ်းဆောင်ပေ၊ အကျိုးဆက်အားဖြင့် ဘုရားအိမ်တော်၌ ပြုပြင်ခြင်းကို ၎င်းတို့ တွေ့ကြုံရခဲသည်။ မိမိတို့၏ တာဝန်များမှ ဖြုတ်ချခံရခြင်းကို ၎င်းတို့ လုံးဝမတွေ့ကြုံဖူးသည့်အပြင်၊ ၎င်းတို့၏ တာဝန်ခန့်အပ်မှု ပြုပြင်ပေးခြင်းခံရသည်ကိုလည်း အလွန်ပင် တွေ့ကြုံရခဲသည်မှာ ပြောစရာမလိုပေ။ သို့ရာတွင် ဘုရားသခင်ကို နှစ်အချို့ကြာ ယုံကြည်ပြီးနောက် ၎င်းတို့ ရာထူးတိုးခြင်း မခံရသေးသောအခါ ကောင်းချီးခံစားရရန် မျှော်လင့်ချက် မည်မျှရှိသည်ကို ၎င်းတို့ မကြာခဏ အကဲဖြတ်လာကြသည်။ အထူးသဖြင့် “သမ္မာတရားကို မလိုက်စားသောသူတို့သည် ကယ်တင်ခြင်းကို မရရှိနိုင်”ဟု ဆိုသော ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ တွေ့မြင်သောအခါ ကောင်းချီးခံစားရရန် မိမိတို့၏ မျှော်လင့်ချက်များ အလွန်နည်းပါးသည်ဟု ခံစားကြရပြီး နုတ်ထွက်ရန် စတင် တွေးတောကြသည်။ သမ္မာတရားကို မည်သည့်အခါမျှ မလိုက်စားသော ဤလူအချို့သည် အသိပညာနှင့် အားသာချက်အချို့ကို ပိုင်ဆိုင်ကြပြီး ၎င်းတို့ ရာထူးတိုးခြင်း မခံရသောကြောင့် မကျေမနပ်ဖြစ်ကာ စတင်၍ ညည်းညူကြသည်။ ၎င်းတို့သည် နုတ်ထွက်လိုသော်လည်း ကောင်းချီးခံစားရမည့် အခွင့်အရေးကို ဆုံးရှုံးမည်ကို ကြောက်ရွံ့ကြသည်။ သို့သော် ၎င်းတို့ နုတ်မထွက်လျှင် ရာထူးတိုးခြင်းကိုလည်း ခံရဦးမည် မဟုတ်ပေ။ ၎င်းတို့သည် ဆုတ်လည်းစူး၊ စားလည်းရူး အခြေအနေတွင် ပိတ်မိနေကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ သင်တို့ မည်သို့ ထင်မြင်ကြသနည်း။ ဤလူတို့သည် သမ္မာတရားကို မလိုက်စားကြသော်လည်း ၎င်းတို့အထဲမှ အချို့သည် အတော်အတန် လေ့လာသင်ယူလိုစိတ်ရှိပြီး စိတ်ဓာတ်တွန်းအားရှိကြသည်။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်သည်ဖြစ်စေ ဆက်စပ်သော အတတ်ပညာဆိုင်ရာ အသိပညာကို ရယူရန် အစဉ်သဖြင့် လိုလိုလားလား ရှိကြသည်။ ဘုရားအိမ်တော်၏ ရာထူးတိုးပေးခြင်းကို ၎င်းတို့ အစဉ်သဖြင့် လိုလားကြပြီး မိမိတို့ကိုယ်ကို အသိအမှတ်ပြုခြင်းခံရအောင် လုပ်နိုင်ပြီး ထိုသို့ဖြင့် ၎င်းတို့အလိုရှိသော အဆင့်အတန်းနှင့် အမျိုးမျိုးသော အကျိုးအမြတ်များကို ရရှိနိုင်မည့် နေ့ရက်ကို တောင့်တကြသည်။ အပေါ်ယံအားဖြင့် ဤသို့သော လူစားမျိုးသည် အခြားသူများအနီး၌ ရှိသောအခါ နှုတ်ဆိတ်ကြသည်၊ သတိပြုမိခြင်းမခံရဘဲ လုံ့လဝီရိယရှိကာ တာဝန်သိတတ်သော်လည်း ၎င်းတို့၏ စိတ်နှလုံးများမှာမူ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ဖြင့် ပြည့်နေကြပုံပေါ်လေသည်။ ၎င်းတို့၏ ဆောင်ပုဒ်မှာ အဘယ်နည်း။ အခွင့်အလမ်းသည် အသင့်ရှိသူအတွက်သာ ဖြစ်သည်ဟူ၍ ဖြစ်သည်။ အပေါ်ယံအားဖြင့် ၎င်းတို့သည် လုံးဝ သတိပြုမိခြင်းမခံရဘဲ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသခြင်း မပြုကြ၊ အမှုအရာများအတွက် ယှဉ်ပြိုင်ခြင်း သို့မဟုတ် လုယူခြင်း မပြုကြသော်လည်း ၎င်းတို့၏ စိတ်နှလုံးထဲ၌မူ “ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်”တစ်ခု ရှိကြသည်။ ထိုအကြောင်းကြောင့် တစ်စုံတစ်ဦး ရာထူးတိုးခြင်းခံရပြီး အသင်းတော်၌ ခေါင်းဆောင် သို့မဟုတ် အမှုဆောင်တစ်ဦး ဖြစ်လာသည်ကို ၎င်းတို့ တွေ့မြင်သောအခါ အနည်းငယ် ပို၍ စိတ်မချမ်းမသာဖြစ်ကာ စိတ်ပျက်လက်ပျက်ဖြစ်ကြသည်။ မည်သူ ရာထူးတိုးခြင်းခံရသည်ဖြစ်စေ၊ ပျိုးထောင်ခြင်း သို့မဟုတ် အရေးပါသော အခန်းကဏ္ဍတစ်ခုခု ပေးအပ်ခြင်း ခံရသည်ဖြစ်စေ ၎င်းတို့အတွက်မူ ယင်းမှာ ထိုးနှက်ချက်တစ်ခုကဲ့သို့ အမြဲဖြစ်လာသည်။ တစ်စုံတစ်ဦးသည် ညီအစ်ကိုမောင်နှမများ၏ အလွန်လေးစားအထင်ကြီးခြင်း၊ ချီးမွမ်းခြင်းနှင့် ထောက်ခံခြင်းတို့ကို ခံရသည့်အခါ၌ပင် ၎င်းတို့သည် မိမိတို့၏ စိတ်နှလုံးထဲ၌ မနာလိုဖြစ်ကာ မပျော်မရွှင် ခံစားကြရပြီး ၎င်းတို့အထဲမှ အချို့က၊ “မည်သည့်အချိန်တွင် ငါ အထင်ကြီးလေးစားခံရပြီး စာရင်းသွင်းခံရလိမ့်မည်နည်း။ မည်သည့်အချိန်တွင် အထက်က ငါ့ကို သိလိမ့်မည်နည်း။ ငါ၏ အားသာချက်များ၊ ကောင်းကွက်များ၊ ငါ၏ ဆုကျေးဇူးများနှင့် ပါရမီများကို ခေါင်းဆောင်တစ်ဦးက မည်သည့်အချိန်တွင် မြင်လိမ့်မည်နည်း။ မည်သည့်အချိန်တွင် ငါ ရာထူးတိုးပြီး ပျိုးထောင်ပေးခြင်းခံရလိမ့်မည်နည်း”ဟု မိမိတို့ကိုယ်ကို မကြာခဏ မေးမြန်းလျက် တိတ်တဆိတ် မျက်ရည်များပင် ကျကြလိမ့်မည်။ ၎င်းတို့သည် စိတ်ဆင်းရဲပြီး အပျက်သဘောဆောင်ကြသော်လည်း ဤသို့ ဆက်မဖြစ်လိုကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် အပျက်သဘောမဆောင်ရန်၊ မဆုတ်မနစ်လုံ့လထုတ်ဖို့ စိတ်စွမ်းအားရှိရန်၊ အဆင်မပြေမှုများကြောင့် စိတ်ဓာတ်မကျရန်နှင့် မည်သည့်အခါမျှ လက်မလျှော့ရန် မိမိတို့ကိုယ်ကို တိတ်တဆိတ် အားပေးကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို၊ “ငါသည် ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်ရှိသည့် လူတစ်ယောက်ဖြစ်သည်။ ငါသည် သာမန်၊ ပုံမှန်လူတစ်ယောက် ဖြစ်ဖို့ လိုလိုလားလား မရှိရ။ အလုပ်များပြီး သာမညောင်ည ဘဝဖြင့် အသက်ရှင်နေထိုင်ဖို့ မလိုလားရ။ ဘုရားကို ငါ၏ ယုံကြည်ခြင်းသည် ပြောင်မြောက်ပြီး ကြီးမားသည့် အောင်မြင်မှုများကို ဖြစ်စေရမည်ဖြစ်သည်။ အကယ်၍ ငါသည် တိတ်ဆိတ်ပြီး သာမန်ဖြစ်သော ဤဘဝမျိုးဖြင့် ဆက်လက်နေထိုင်သွားမည်ဆိုလျှင်၊ ယင်းမှာ အလွန် သူရဲဘောကြောင်ပြီး မွန်းကျပ်သောအရာဖြစ်သည်။ ထိုလူစားမျိုး ငါဖြစ်၍မရပါ။ ငါ နှစ်ဆ ကြိုးစားလုပ်ဆောင်မည်။ အချိန်တိုင်းကို ကောင်းစွာ အသုံးချမည်၊ ဘုရားနှုတ်ကပတ်တော်များကို ပိုပြီး ဖတ်ရှု၊ ရွတ်ဆိုမည်၊ အသိပညာများ ရယူပြီး ဤအသက်မွေးမှုအလုပ်ကို ပိုပြီး လေ့လာမည်။ အခြားသူများ လုပ်နိုင်သမျှကို ငါ လုပ်နိုင်ရမည်ဖြစ်ပြီး၊ အခြားသူများ မိတ်သဟာယဖွဲ့နိုင်သည့် အရာများကို ငါလည်း မိတ်သဟာယဖွဲ့နိုင်ရမည်” ဟု မကြာခဏ သတိပေးကြသည်။ အတန်ကြာ ကြိုးစားလုပ်ဆောင်ပြီးနောက် အသင်းတော် ရွေးကောက်ပွဲတစ်ခု ရောက်ရှိလာသော်လည်း ၎င်းတို့ ရွေးကောက်တင်မြှောက်ခြင်း မခံရသေးပေ။ အသင်းတော်က ပျိုးထောင်ရန်၊ ရာထူးတိုးပေးရန်နှင့် အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ရန် တစ်စုံတစ်ဦးကို ရှာဖွေသည့်အခါတိုင်း ၎င်းတို့ ရွေးချယ်ခြင်း မခံရပေ။ ၎င်းတို့ ရာထူးတိုးရန် မျှော်လင့်ချက်ရှိသည်ဟု ထင်သည့်အခါတိုင်း နောက်ဆုံးတွင် ၎င်းတို့ စိတ်ပျက်လက်ပျက်ဖြစ်ခဲ့ရပြီး စိတ်ပျက်မှုတိုင်းက ၎င်းတို့အား စိတ်ဓာတ်ကျခြင်းနှင့် အပျက်သဘောဆောင်ခြင်းတို့ကို ဖြစ်စေခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း၌ ကောင်းချီးခံစားရခြင်းသည် ၎င်းတို့နှင့် အလွန်အလှမ်းဝေးသည်ဟု ယုံကြည်ကြပြီး ထို့ကြောင့် နုတ်ထွက်မည့် စိတ်ကူးက ၎င်းတို့၏ စိတ်ထဲ၌ ပေါ်ပေါက်လာသည်။ သို့ရာတွင် ၎င်းတို့သည် နောက်ဆုတ်လိုစိတ် မရှိဘဲ ယင်းအစား နောက်တစ်ကြိမ် ကြိုးစားအားထုတ်ကာ ရုန်းကန်လိုကြသည်။ ဤသို့ ၎င်းတို့ ကြိုးစားအားထုတ်ကာ ရုန်းကန်လေ၊ တစ်စုံတစ်ဦး၏ ထောက်ခံမှုကို ခံရရန်၊ ရာထူးတိုးခြင်းကို ခံရရန် ပို၍ တောင့်တလေ ဖြစ်သည်။ ၎င်းတို့အနေဖြင့် ဤ တောင့်တမှုကို ပိုခံစားရသည်ထက် ခံစားရပြီး နောက်ဆုံးတွင် အပြန်အလှန်အနေဖြင့် ၎င်းတို့ ရရှိသည်မှာ စိတ်ပျက်မှုသာ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ ဝင့်ဝါမှုနှင့် ကောင်းချီးခံစားလိုသော လိုအင်ဆန္ဒက ၎င်းတို့ကို ညှဉ်းပန်းနှိပ်စက်သည့် ပုံစံဖြစ်သည်။ ၎င်းတို့အတွက် စိတ်ပျက်မှုတိုင်းသည် မီးထဲ၌ လောင်ကျွမ်းခံရခြင်းနှင့် စစ်ဆေးခြင်းကို ခံရသကဲ့သို့ ခံစားရသည်။ ၎င်းတို့သည် မိမိတို့အလိုရှိသည့်အရာကို မရရှိနိုင်ကြ။ ၎င်းတို့အနေဖြင့် နုတ်ထွက်လိုသော်လည်း မလုပ်နိုင်ဟု ခံစားရသည်။ မိမိတို့ ရယူချင်သည့်အရာကို မရယူနိုင်ကြသည့်အပြင် ၎င်းတို့အတွက် ၎င်းတို့တွင် ကျန်ရှိသမျှမှာ စိတ်ပျက်အားငယ်မှု၊ စိတ်ဓာတ်ကျခြင်းနှင့် အဆုံးမရှိသော စောင့်ဆိုင်းခြင်းတို့သာ ဖြစ်သည်။ ၎င်းတို့သည် နုတ်ထွက်လိုသော်လည်း ကြီးမားသော ကောင်းချီးများ ဆုံးရှုံးမည်ကို ကြောက်ရွံ့ကြပြီး ကောင်းချီးများကို အသည်းအသန် ဆုပ်ကိုင်ထားလိုလေလေ၊ ၎င်းတို့ကို ဆုပ်ကိုင်နိုင်စွမ်း နည်းပါးလေလေ ဖြစ်သည်။ ဤအရာ၏ အကျိုးဆက်မှာ ၎င်းတို့သည် ကောင်းချီးများအတွက် မိမိတို့၏ မျှော်လင့်ချက်နှင့် စိတ်ပျက်ခြင်းတို့၏ ညှဉ်းဆဲမှုအကြား အဆက်မပြတ် ရုန်းကန်နေရသည့် အခြေအနေသို့ ကျရောက်သွားပြီး ဤသည်မှာ ၎င်းတို့၏ စိတ်နှလုံးကို အလွန် နာကျင်စေသည်။ သို့သော် ၎င်းတို့သည် ဤကိစ္စနှင့်ပတ်သက်၍ ဘုရားသခင်ထံ ဆုတောင်းကြလိမ့်မည်လော။ ဆုတောင်းကြမည်မဟုတ်ပေ။ ၎င်းတို့က၊ “ဆုတောင်းခြင်းက အဘယ်ကောင်းကျိုး ရှိလိမ့်မည်နည်း။ ညီအစ်ကိုမောင်နှမများက ငါ့ကို မချီးမွမ်းကြပါ။ ခေါင်းဆောင်များကလည်း ငါ့ကို အထင်မကြီးပါ။ ထို့ကြောင့် ခြွင်းချက်အနေဖြင့် ဘုရားက ငါ့ကို အရေးပါသည့် အခန်းကဏ္ဍတစ်ခု ပေးနိုင်မည်လော” ဟု စဉ်းစားကြသည်။ ၎င်းတို့သည် အခြားသူများအပေါ် မိမိတို့၏ မျှော်လင့်ချက်များ ထားရှိခြင်းက စိတ်ပျက်မှုကို ဆောင်ကြဉ်းပေးလိမ့်မည်ဖြစ်ပြီး ကောင်းချီးခံစားရမည့် မိမိတို့၏ မျှော်လင့်ချက်များကို ဘုရားသခင်အပေါ် ထားရှိခြင်းသည်လည်း စိတ်မချရကြောင်း သိရှိကြသည်။ အကြောင်းမှာ “သမ္မာတရားကို မလိုက်စားသောသူတို့သည် ကယ်တင်ခြင်းကို မရရှိနိုင်”ဟု ဆိုသော ဘုရားနှုတ်ကပတ်တော်များကို ၎င်းတို့ တွေ့မြင်ပြီးဖြစ်သောကြောင့် စိတ်ဓာတ်ကျကာ စိတ်ပျက်ကြရသည်။ အသင်းတော်၌ မည်သူကမျှ ၎င်းတို့ကို အာရုံမစိုက်သည့်အပြင် ၎င်းတို့သည် မည်သည့်မျှော်လင့်ချက်ကိုမျှ မမြင်နိုင်ကြပေ။ ၎င်းတို့သည် မိမိတို့၏ မျက်နှာများကို ကြည့်သောအခါ ကောင်းချီးများ ရရှိမည့် မည်သည့်မျှော်လင့်ချက်ကိုမျှ ၎င်းတို့ မြင်တွေ့နိုင်ခြင်း မရှိသေးဘဲ၊ “ငါ နုတ်ထွက်သင့်သလော သို့မဟုတ် နေသင့်သလော။ ငါသည် ကောင်းချီးခံစားရမည့် မျှော်လင့်ချက် အမှန်တကယ် မရှိလေသလော”ဟု တွေးကြသည်။ ၎င်းတို့သည် တွန့်ဆုတ်ကာ ဤအရာများကို အကြိမ်ကြိမ်အခါခါ ဆင်ခြင်သုံးသပ်ရင်းဖြင့် နှစ်ကာလများ ကုန်လွန်သွားပြီး ၎င်းတို့ ရာထူးတိုးခြင်း သို့မဟုတ် အရေးပါသော ရာထူး၌ ထားရှိခြင်းကို မခံရသေးပေ။ ၎င်းတို့သည် အဆင့်အတန်းအတွက် ယှဉ်ပြိုင်လိုသော်လည်း ယင်းမှာ အလွန် ဆင်ခြင်တုံတရားရှိသောအရာ မဟုတ်၊ သို့မဟုတ် သင့်လျော်သော အရာတစ်ခု မဟုတ်ဟု ၎င်းတို့ ခံစားကြရသည်။ ယင်းကို ပြုလုပ်ရန် ၎င်းတို့ ရှက်ရွံ့ကြသည်၊ သို့သော် ၎င်းတို့သည် အဆင့်အတန်းအတွက် မယှဉ်ပြိုင်ပါက မည်သည့်အခါတွင် ၎င်းတို့ ရာထူးတိုးခံရပြီး အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ခြင်းကို ခံရမည်နည်း။ ၎င်းတို့နှင့်အတူ ဘုရားသခင်ကို ယုံကြည်သောသူများ၊ စုဝေးပွဲများ တက်ရောက်ပြီး တာဝန်များကို အတူတကွ ထမ်းဆောင်သောသူများကို ၎င်းတို့ စဉ်းစားမိကြသည်။ ၎င်းတို့အထဲမှ အလွန်များစွာသောသူတို့သည် ရာထူးတိုးခြင်းနှင့် အရေးပါသော အခန်းကဏ္ဍများ ပေးအပ်ခြင်းကို ခံခဲ့ကြရပြီးဖြစ်သော်လည်း ၎င်းတို့ကိုယ်တိုင်မှာမူ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ အရေးပါသော အခန်းကဏ္ဍတစ်ခုကို မရရှိနိုင်သည့်အပြင်၊ ရှေ့ဆက်ရမည့် လမ်းကြောင်းတွင် စိတ်ရှုပ်ထွေးကာ ချို့တဲ့နေသည်ဟု ခံစားကြရသည်။ ၎င်းတို့သည် မိမိတို့၏ စိတ်ကူးများ၊ အခြေအနေများ၊ အတွေးများနှင့် အမြင်များ၊ သွေဖည်မှုများနှင့် ချို့ယွင်းချက်များအကြောင်းကို အခြားမည်သူ တစ်ဦးတစ်ယောက်နှင့်မျှ မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ သို့မဟုတ် ပွင့်လင်းစွာ မပြောကြပေ။ ၎င်းတို့သည် လုံးဝ ဘာသိဘာသာနေကြသည်။ ၎င်းတို့အနေဖြင့် အတော်အတန် အသိတရားရှိစွာ စကားပြောပုံပေါ်ပြီး အတော်အတန် ဆင်ခြင်တုံတရားရှိသော နည်းလမ်းဖြင့် ပြုမူပုံရသော်လည်း ၎င်းတို့၏ အတွင်းစိတ်မှ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများမှာမူ အလွန် ပြင်းထန်လှသည်။ ၎င်းတို့သည် မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွမ်းဆောင်ရရှိရန်အလို့ငှာ ကြိုးစားအားထုတ်ကာ ရုန်းကန်ကြသည်။ ဆင်းရဲဒုက္ခကို ကြံ့ကြံ့ခံပြီး အဖိုးအခကို ပေးဆပ်ကြကာ ကောင်းချီးခံစားရမည့် မိမိတို့၏ မျှော်လင့်ချက်များအတွက် အရာရာကို အသုံးခံနိုင်သည်။ သို့ရာတွင် ၎င်းတို့ စွမ်းဆောင်ရရှိလိုသော ရလဒ်ကို မမြင်တွေ့ရသောအခါ ၎င်းတို့သည် ဘုရားသခင်၊ ဘုရားအိမ်တော်နှင့် အသင်းတော်တွင်ရှိသော လူတိုင်းအပေါ်၌ပင် ရန်လိုမှုနှင့် အမျက်ဒေါသတို့ဖြင့် ပြည့်လာကြသည်။ ၎င်းတို့ မည်မျှ ကြိုးစားအားထုတ်သည်ကို မမြင်ခြင်းအတွက်၊ ၎င်းတို့၏ အားသာချက်များနှင့် ကောင်းကွက်များကို မမြင်ခြင်းအတွက် လူတိုင်းကို မုန်းတီးကြပြီး အခွင့်အရေးများ မပေးခြင်းအတွက်၊ ၎င်းတို့ကို ရာထူးမတိုးပေးခြင်း သို့မဟုတ် အရေးပါသော အခန်းကဏ္ဍတစ်ခု မပေးခြင်းအတွက် ဘုရားသခင်ကိုလည်း မုန်းတီးကြသည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ ထိုသို့သော အလွန်ကြီးမားသည့် မနာလိုမှုနှင့် အမုန်းတရားတို့ ဖြစ်ပေါ်လာသည်နှင့်အညီ ၎င်းတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများကို ချစ်နိုင်ကြမည်လော။ ဘုရားသခင်ကို ၎င်းတို့ ချီးမွမ်းနိုင်ကြမည်လော။ ၎င်းတို့အနေဖြင့် သမ္မာတရားကို လက်ခံရန်၊ အသိတရားရှိရှိ လက်တွေ့ကျသည့် သဘောထားဖြင့် မိမိတို့၏ တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန်နှင့် သာမန်လူတစ်ဦး ဖြစ်ရန်အလို့ငှာ မိမိတို့၏ ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများကို စွန့်လွှတ်နိုင်ကြမည်လော။ ဤသို့သော သန္နိဋ္ဌာန်မျိုးကို ၎င်းတို့ ချနိုင်ကြမည်လော။ (မချနိုင်ပါ။) ၎င်းတို့၌ ဤသန္နိဋ္ဌာန် မရှိသည်သာမက နောင်တရလိုသော ဆန္ဒပင် မရှိကြပေ။ ဤနည်းဖြင့် နှစ်ပေါင်းများစွာ မိမိတို့ကိုယ်ကို ဖုံးကွယ်ထားပြီးနောက် ဘုရားအိမ်တော်အပေါ်၊ ညီအစ်ကိုမောင်နှမများနှင့် ဘုရားသခင်အပေါ်၌ပင် ၎င်းတို့၏ အမုန်းတရားက ပို၍ပို၍ အားကောင်းလာသည်။ ၎င်းတို့၏ အမုန်းတရားသည် မည်မျှ အားကောင်းလာသနည်း။ ၎င်းတို့သည် ၎င်းတို့၏ ညီအစ်ကိုမောင်နှမများက မိမိတို့၏ တာဝန်များအား ကောင်းစွာ မထမ်းဆောင်နိုင်ကြရန် မျှော်လင့်ကြသည်။ ဘုရားအိမ်တော်၏ အလုပ် ရပ်တန့်သွားရန်နှင့် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ် ပျက်စီးသွားရန် ၎င်းတို့က မျှော်လင့်ပြီး မိမိတို့၏ ညီအစ်ကိုမောင်နှမများက အဆင်းနီသော နဂါးကြီး၏ ဖမ်းဆီးခြင်းကို ခံရရန်ပင် မျှော်လင့်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ညီအစ်ကိုမောင်နှမများကို မုန်းတီးကြပြီး ဘုရားသခင်ကိုလည်း မုန်းတီးကြသည်။ ဘုရားသခင်က ဖြောင့်မတ်ခြင်းမရှိဟု ၎င်းတို့ ညည်းညူကြသည်။ ကယ်တင်ရှင် ကင်းမဲ့သည့်အတွက် လောကကို ကျိန်ဆဲကြပြီး ၎င်းတို့၏ နတ်ဆိုးဆန်သော ပုံပန်းသဏ္ဌာန်သည် လုံးလုံးလျားလျား ပေါ်လွင်သွားသည်။ ဤသို့သော လူစားမျိုးသည် များသောအားဖြင့် နက်ရှိုင်းစွာ ဖုံးကွယ်ထားတတ်ပြီး အပေါ်ယံတွင် ဟန်ဆောင်မှုတစ်ခုကို ထိန်းသိမ်းထားရာ၌ အလွန် တော်ကြသည်။ နှိမ့်ချသောသူ၊ နူးညံ့သိမ်မွေ့ပြီး ချစ်ခင်တတ်သောသူ ဟန်ဆောင်ကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့သည် သိုးရေခြုံထားသော ဝံပုလွေတစ်ကောင် ဖြစ်သည်။ ၎င်းတို့သည် မိမိတို့၏ လျှို့ဝှက်သော မလိုမုန်းထားသည့် ရည်ရွယ်ချက်ကို မည်သည့်အခါမျှ မထုတ်ဖော်ကြ။ မည်သူကမျှ ၎င်းတို့ကို မရိပ်စားမိနိုင်ဘဲ မည်သူကမျှ ၎င်းတို့ အမှန်တကယ် မည်သို့ရှိသည်ကို သို့မဟုတ် မည်သည့်အရာကို တွေးတောနေသည်ကို မသိရှိကြပေ။ ၎င်းတို့နှင့် အတန်ကြာ ပေါင်းသင်းဆက်ဆံသောသူတို့သည် ၎င်းတို့က အလွန် မနာလိုတတ်သောလူများ ဖြစ်ကြောင်း၊ အခြားသူများနှင့် အစဉ်သဖြင့် ယှဉ်ပြိုင်တတ်ပြီး မိမိတို့ကိုယ်ကို လူအများအာရုံစိုက်ခြင်းခံရဖို့ ကြိုးပမ်းတတ်ကြောင်း၊ ၎င်းတို့သည် အခြားသူများထက် သာလွန်ဖို့ လိုလားတောင့်တလျက်ရှိကြကြောင်းနှင့် ၎င်းတို့ ပြုလုပ်သမျှ အရာရာတိုင်း၌ ပထမနေရာကို အမှန်တကယ် ရယူလိုကြကြောင်းတို့ကို မြင်တွေ့နိုင်သည်။ ဤသည်မှာ အပြင်ပန်းမှနေ၍ ၎င်းတို့ ရှိသည့်ပုံစံ ဖြစ်သည်။ သို့သော် ဤသည်မှာ ၎င်းတို့ အမှန်တကယ် ဖြစ်သည့်ပုံစံ ဟုတ်သလော။ အမှန်တကယ်တွင် ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒက သာ၍ပင် အားကြီးပေသည်။ ၎င်းတို့သည် တိတ်တဆိတ် ကြိုးစားလုပ်ဆောင်ခြင်း၊ မိမိတို့ကိုယ်ကို အသုံးခံခြင်းနှင့် အဖိုးအခ ပေးဆပ်ခြင်းတို့ကို ပြုလုပ်နေစဉ် အခြားသူများက ၎င်းတို့၏ ကောင်းကွက်များနှင့် အလုပ်လုပ်နိုင်စွမ်းများကို မြင်တွေ့နိုင်ရန်လည်းကောင်း၊ ဤသို့ဖြင့် ဘုရားအိမ်တော်၌ အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ခြင်း ခံရနိုင်ရန်လည်းကောင်း မျှော်လင့်ကြသည်။ ပြီးလျှင် ၎င်းတို့အနေဖြင့် အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ခံရခြင်း၏ ရလဒ်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့သည် လူတိုင်း၏ အလွန်အထင်ကြီးခြင်းကို ခံရနိုင်ပြီး နောက်ဆုံးတွင် မိမိတို့၏ ကြီးကျယ်ခမ်းနားသော ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားသူများထဲတွင် ထူးချွန်သော ပုဂ္ဂိုလ်တစ်ဦး၊ လူတိုင်း အလွန်အလေးထားပြီး ကြည်ညိုရသော တစ်စုံတစ်ဦး ဖြစ်လာနိုင်ပြီး ၎င်းတို့၏ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှု၊ အဖိုးအခပေးဆပ်မှုနှင့် ရုန်းကန်ကြိုးပမ်းမှုအားလုံးက တန်ဖိုးရှိလာမည် ဖြစ်သည်၊ ဤအရာများသည် ဤလူတို့က မိမိတို့၏ အတွင်းကျကျ စိတ်နှလုံးများထဲ၌ ထားရှိကြသည့် ရည်မှန်းချက်များနှင့် လိုအင်ဆန္ဒများ ဖြစ်ကြသည်။
ဤလူစားမျိုးများသည် သမ္မာတရားကို မလိုက်စားကြသော်လည်း ဘုရားအိမ်တော်၌ အမြဲ ရာထူးတိုးချင်ကြပြီး အရေးပါသော အခန်းကဏ္ဍတစ်ခု ပေးအပ်ခံရဖို့ လိုလားနေကြဆဲ ဖြစ်သည်။ ၎င်းတို့၏ စိတ်နှလုံးထဲ၌ လူတစ်ဦးသည် အလုပ်လုပ်နိုင်စွမ်း ပို၍ရှိလေလေ၊ အရေးပါသော ရာထူးများကို ပို၍ရရှိလေလေဖြစ်ကာ ဘုရားအိမ်တော်၌ ရာထူးတိုးပြီး အထင်ကြီးခြင်းကို ပို၍ခံရလေလေ၊ ကောင်းချီးများ၊ သရဖူနှင့် ဆုလာဘ်များ ရရှိရန် ၎င်းတို့၏ အခွင့်အလမ်းများ ပို၍ကြီးမားလေလေ ဖြစ်သည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ တစ်စုံတစ်ဦးသည် အလုပ်လုပ်နိုင်စွမ်း ကင်းမဲ့ပါက သို့မဟုတ် သီးခြားအထူးကျွမ်းကျင်မှုတစ်ခု မရှိပါက ထိုသူသည် ကောင်းချီးခံစားရန် အရည်အချင်းမပြည့်မီဟု ၎င်းတို့ ယုံကြည်ကြသည်။ လူတစ်ဦး၏ ဆုကျေးဇူးများ၊ အထူးကျွမ်းကျင်မှုများ၊ စွမ်းရည်များ၊ ကျွမ်းကျင်မှုများ၊ ပညာအဆင့်အတန်း၊ အလုပ်လုပ်နိုင်စွမ်းနှင့် အခြားသူများကို ကျော်လွန်ရန် ၎င်းတို့၏ သန္နိဋ္ဌာန်နှင့် မဆုတ်မနစ်သော သဘောထားကဲ့သို့သော လောက၌ တန်ဖိုးထားသည့် ၎င်းတို့၏ လူ့သဘာဝအတွင်းရှိ အားသာချက်များနှင့် ကောင်းကွက်များဟု ခေါ်ဆိုသည့်အရာများပင်လျှင် ကောင်းချီးများနှင့် ဆုလာဘ်များ ရရှိရန်အတွက် အရင်းအနှီးအဖြစ် အသုံးပြု၍ရနိုင်သည်ဟု ၎င်းတို့က တွေးထင်ကြသည်။ ဤသည်မှာ မည်သည့် စံနှုန်းမျိုး ဖြစ်သနည်း။ သမ္မာတရားနှင့် ကိုက်ညီသော စံနှုန်းတစ်ခု ဟုတ်သလော။ (မဟုတ်ပါ။) ယင်းမှာ သမ္မာတရား၏ စံနှုန်းများနှင့် မကိုက်ညီပေ။ သို့ဆိုလျှင် ဤသည်မှာ စာတန်၏ ကျိုးကြောင်းဆင်ခြင်မှု မဟုတ်လော။ ဤသည်မှာ ကောက်ကျစ်ဆိုးယုတ်သော ခေတ်တစ်ခုနှင့် ကောက်ကျစ်ဆိုးယုတ်သော လောကီရေပန်းစားမှုများ၏ ကျိုးကြောင်းဆင်ခြင်မှု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသို့သော လူတို့က အမှုအရာများကို အကဲဖြတ်ရန် အသုံးပြုသည့် ကျိုးကြောင်းဆင်ခြင်မှု၊ နည်းလမ်းများနှင့် စံနှုန်းများအပြင် ဤအရာများအပေါ် ၎င်းတို့၏ သဘောထားနှင့် ချဉ်းကပ်ပုံတို့မှ အကဲဖြတ်ရလျှင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မကြားဖူး သို့မဟုတ် မဖတ်ဖူးသည့်ပုံရပြီး ထိုနှုတ်ကပတ်တော်များကို လုံးဝ မသိနားမလည်သည့်ပုံရပေသည်။ သို့သော် အမှန်တကယ်တွင် ၎င်းတို့သည် နေ့စဉ်နေ့တိုင်း ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နားထောင်ခြင်း၊ ဖတ်ရှုခြင်းနှင့် ဆုတောင်းရင်းဖတ်ရှုခြင်းတို့ကို ပြုလုပ်နေကြသည်။ သို့ဆိုလျှင် ၎င်းတို့၏ အမြင်သည် အဘယ်ကြောင့် လုံးဝမပြောင်းလဲသနည်း။ အချက်တစ်ချက်မှာ သေချာ၏။ ၎င်းတို့သည် ဘုရားနှုတ်ကပတ်တော်များကို မည်မျှပင် နားထောင်သည် သို့မဟုတ် ဖတ်ရှုသည်ဖြစ်စေ ဘုရား နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းနှင့် အရာရာတိုင်းကို တိုင်းတာရန် စံနှုန်းဖြစ်ကြောင်းကို မိမိတို့၏ စိတ်နှလုံးထဲ၌ မည်သည့်အခါမျှ သေချာကြလိမ့်မည် မဟုတ်။ ၎င်းတို့သည် ဤအချက်ကို မိမိတို့၏ စိတ်နှလုံးထဲမှ နားလည် သို့မဟုတ် လက်ခံလိမ့်မည် မဟုတ်ပေ။ ထိုအကြောင်းကြောင့် ၎င်းတို့၏ အမြင်သည် မည်မျှပင် အဓိပ္ပာယ်မဲ့ပြီး လွဲချော်နေသည်ဖြစ်စေ ၎င်းတို့သည် ယင်းကို ထာဝစဉ် ဖက်တွယ်ထားကြလိမ့်မည်ဖြစ်ပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များ မည်မျှပင် မှန်ကန်သည်ဖြစ်စေ ထိုနှုတ်ကပတ်တော်များကို ၎င်းတို့ ငြင်းပယ်ပြီး ပြစ်တင်ရှုတ်ချကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်တို့၏ ရက်စက်ကြမ်းကြုတ်သော သဘာဝ ဖြစ်သည်။ အရေးပါသော အခန်းကဏ္ဍတစ်ခုကို ၎င်းတို့ မရရှိသည်နှင့်တစ်ပြိုင်နက်၊ ၎င်းတို့၏ လိုအင်ဆန္ဒများနှင့် ရည်မှန်းချက်များ မပြည့်စုံသည်နှင့်တစ်ပြိုင်နက် ၎င်းတို့၏ စရိုက်မှန် ပေါ်လာသည်။ ၎င်းတို့၏ ရက်စက်ကြမ်းကြုတ်သော သဘာဝက သူ့အလိုလို ပေါ်လာပြီး ဘုရားသခင်၏ တည်ရှိမှုကို ၎င်းတို့ ငြင်းပယ်လိုကြသည်။ အမှန်တကယ်တွင် ဘုရားသခင်၏ တည်ရှိမှုကို မငြင်းပယ်မီကပင် ၎င်းတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်ကို ငြင်းပယ်ကြသည်။ ၎င်းတို့၏ သဘာဝအနှစ်သာရက သမ္မာတရားကို ငြင်းပယ်သောကြောင့်လည်းကောင်း၊ အရာရာတိုင်းကို တိုင်းတာသည့် စံနှုန်းမှာ ဘုရားသခင်၏ နှုတ်ကပတ်တော်များဖြစ်သည်ကို ငြင်းပယ်သောကြောင့်လည်းကောင်း၊ ၎င်းတို့သည် ဤနည်းဖြင့် ဘုရားသခင်ကို ရန်လိုနိုင်ကြခြင်း ဖြစ်သည်။ ထို့ပြင် ၎င်းတို့၏ တွက်ချက်မှု၊ ကြံစည်မှုနှင့် ကြိုးစားအားထုတ်မှုအားလုံးပြီးနောက် အရေးပါသော ရာထူး၌ မထားရှိခံရသေးသည့်အခါ ဘုရားသခင်ကို ငြင်းပယ်ရန်၊ သစ္စာဖောက်ရန်၊ ပစ်ပယ်ရန်နှင့် ဘုရားအိမ်တော်မှ ထွက်ခွာရန်တို့ကို တွေးတောကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့်အတူ အာဏာနှင့် အကျိုးအမြတ်အတွက် တိုက်ခိုက်နေပုံ မပေါ်သော်လည်း၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင်လမ်းစဉ်အတိုင်း သွားနေပုံမပေါ်သော်လည်း၊ သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် သီးခြားနယ်ပယ်ကို ပွင့်လင်းစွာ တည်ထောင်နေပုံမရသော်လည်း သို့မဟုတ် မိမိတို့၏ ကိုယ်ပိုင် အဆင့်အတန်းကို စီမံခန့်ခွဲနေပုံ မပေါ်သော်လည်း ၎င်းတို့သည် အန္တိခရစ်စစ်စစ်များ ဖြစ်သည်ကို ၎င်းတို့၏ သဘာဝ အနှစ်သာရမှ ငါတို့ မြင်တွေ့နိုင်သည်။ ၎င်းတို့၏ မည်သည့်လိုက်စားမှုမဆို မှန်ကန်သည်ဟု ၎င်းတို့ တွေးထင်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောဆိုသည်ဖြစ်စေ ၎င်းတို့အတွက်မူ ဤနှုတ်ကပတ်တော်များသည် ဖော်ပြရန် သို့မဟုတ် နားထောင်ရန် မထိုက်တန်သည့်အပြင် အသုံးပြုရန်လည်း သေချာပေါက် မထိုက်တန်ပေ။ ဤသို့သော လူစားမျိုးသည် မည်သို့သော သတ္တဝါမျိုး ဖြစ်သနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ၎င်းတို့အပေါ် လုံးဝ အကျိုးသက်ရောက်မှု မရှိပေ။ ထိုနှုတ်ကပတ်တော်များသည် ၎င်းတို့၏ စိတ်နှလုံးကို တို့ထိခြင်းမရှိ သို့မဟုတ် ၎င်းတို့ကို မဆွဲဆောင်နိုင်ပေ။ သို့ဆိုလျှင် ၎င်းတို့သည် အဘယ်အရာကို တန်ဖိုးထားကြသနည်း။ လူတို့၏ ဆုကျေးဇူးများ၊ ပါရမီများ၊ စွမ်းရည်များ၊ အသိပညာနှင့် နည်းဗျူဟာများအပြင် ၎င်းတို့၏ ရည်မှန်းချက်များနှင့် ကြီးကျယ်ခမ်းနားသော အစီအစဉ်များ၊ ဆောင်ရွက်ချက်များကို တန်ဖိုးထားကြသည်။ ဤအရာများသည် ၎င်းတို့ တန်ဖိုးထားသည့်အရာများ ဖြစ်ကြသည်။ ဤအရာအားလုံးသည် အဘယ်အရာများ ဖြစ်ကြသနည်း။ ဤအရာများသည် ဘုရားသခင် တန်ဖိုးထားသည့်အရာများ ဟုတ်သလော။ မဟုတ်ပေ။ ဤအရာများသည် ဖောက်ပြန်ပျက်စီးသော လူသားများက ရိုသေလေးစားပြီး အထင်ကြီးသည့်အရာများ ဖြစ်ကြသည့်အပြင် စာတန် အထင်ကြီးပြီး ကိုးကွယ်သည့်အရာများလည်း ဖြစ်ကြသည်။ ၎င်းတို့သည် ဘုရားသခင်၏ လမ်းခရီး၊ သူ၏ နှုတ်ကပတ်တော်များနှင့် သူ ကယ်တင်သောလူများထံမှ သူ တောင်းဆိုသည့်အရာတို့နှင့် တိတိကျကျ ဆန့်ကျင်နေကြသည်။ သို့သော် ဤသို့သော လူတို့သည် ဤအရာများမှာ စာတန်ထံမှ ဖြစ်သည်၊ ကောက်ကျစ်ဆိုးယုတ်ပြီး သမ္မာတရားနှင့် ဆန့်ကျင်သည်ဟု မည်သည့်အခါမျှ မတွေးထင်ခဲ့ကြပေ။ ယင်းအစား ၎င်းတို့သည် ဤအရာအားလုံးကို တန်ဖိုးထားမြတ်နိုးကြပြီး ခိုင်မြဲစွာနှင့် ပြတ်သားစွာ ဖက်တွယ်ထားကြကာ အရာအားလုံးအထက်၌ ရှိသည်ဟု ရှုမြင်ကြသည့်အပြင် သမ္မာတရားကို လိုက်စားခြင်းနှင့် လက်ခံခြင်းတို့၏ နေရာ၌ အစားထိုးရန် အသုံးပြုကြသည်။ ယင်းမှာ မတန်တဆ ပုန်ကန်ခြင်း မဟုတ်လော။ ပြီးလျှင် အဆုံး၌ ၎င်းတို့၏ မတန်တဆဖြစ်သော ပုန်ကန်ခြင်း၊ ၎င်းတို့ အလွန် ယုတ္တိမတန်ခြင်းတို့၏ တစ်ခုတည်းသော အကျိုးဆက်မှာ အဘယ်အရာ ဖြစ်လိမ့်မည်နည်း။ ဤလူတို့သည် ကယ်တင်၍ ရနိုင်လိမ့်မည်မဟုတ်တော့သည့်အပြင် မည်သူကမျှ ၎င်းတို့ကို ပြောင်းလဲနိုင်လိမ့်မည် မဟုတ်ပေ။ ၎င်းတို့သည် ဤအကျိုးဆက်မျိုးအတွက် ကံကြမ္မာပါလာကြသည်။ ငါ့ကို ပြောကြလော့၊ ဤလူတို့သည် အချိန်ကောင်းကိုစောင့်ပြီး အားမွေးနေကြသူများဖြစ်သည် မဟုတ်လော။ ၎င်းတို့ လိုက်နာစောင့်ထိန်းသော စည်းမျဉ်းမှာ ရွှေစင်သည် နောက်ဆုံးတွင် တောက်ပရန် ကံပါလာသည်ဟူ၍ ဖြစ်သည်။ ၎င်းတို့အနေဖြင့် မိမိတို့၏ အစွမ်းခွန်အားကို တိတ်တဆိတ် တည်ဆောက်ရန် သင်ယူရမည်၊ အချိန်အခါကို စောင့်ဆိုင်းရန်နှင့် မှန်ကန်သော အခွင့်အရေးကို စောင့်ဆိုင်းရန် သင်ယူရမည်ဖြစ်ပြီး ထိုအတောအတွင်း ပြင်ဆင်မှုများ ပြုလုပ်ကာ မိမိတို့၏ အနာဂတ်အတွက်လည်းကောင်း၊ မိမိတို့၏ ဆန္ဒများနှင့် အိပ်မက်များအတွက်လည်းကောင်း အစီအစဉ်ဆွဲရမည်ဟူ၍ ဖြစ်သည်။ ၎င်းတို့ လိုက်နာစောင့်ထိန်းသော စည်းမျဉ်းများ၊ ၎င်းတို့၏ ရှင်သန်မှု စည်းမျဉ်းများ၊ ၎င်းတို့ လိုက်စားသော ပန်းတိုင်များနှင့် ၎င်းတို့၏ အတွင်းအနှစ်သာရ၌ တောင့်တသည့်အရာတို့ကို အခြေခံ၍ အကဲဖြတ်ရလျှင် ဤလူတို့သည် အန္တိခရစ်စစ်စစ်များ ဖြစ်ကြသည်။ လူအချို့က “သို့သော် အန္တိခရစ်များက မိမိတို့ ကိုယ်ပိုင် သီးခြား နယ်ပယ်များ တည်ထောင်ပြီး အဆင့်အတန်းအတွက် တိုက်ခိုက်ကြသည် မဟုတ်လော” ဟု ဆိုကြသည်။ ကောင်းပေပြီ၊ ဤသို့သော လူတို့သည် အာဏာရရှိပြီးနောက် သီးခြားနယ်ပယ်တစ်ခုကို တည်ထောင်နိုင်စွမ်း ရှိကြသလော။ ၎င်းတို့သည် လူတို့ကို ညှဉ်းပန်းနိုင်စွမ်း ရှိကြသလော။ (ရှိပါသည်။) ၎င်းတို့ အာဏာရရှိသည်နှင့်တစ်ပြိုင်နက် သမ္မာတရား စည်းမျဉ်းများနှင့်အညီ အမှုအရာများကို လုပ်ဆောင်နိုင်စွမ်း ရှိကြမည်လော။ သမ္မာတရားကို ၎င်းတို့ လိုက်စားနိုင်စွမ်း ရှိကြမည်လော။ လူတို့ကို ဘုရားသခင်ရှေ့မှောက်သို့ ပို့ဆောင်ပေးနိုင်ကြမည်လော။ (ပို့ဆောင်နိုင်မည် မဟုတ်ပါ။) အကယ်၍ ဤသို့သော လူတို့ကို အရေးပါသော ရာထူးတစ်ခု ပေးအပ်ခဲ့ပါက အဘယ်အရာ ဖြစ်ပျက်မည်နည်း။ ၎င်းတို့သည် အလုပ်လုပ်နိုင်သည်ဖြစ်စေ မလုပ်နိုင်သည်ဖြစ်စေ ဆုကျေးဇူးရှိသော၊ စကားပြောကောင်းပြီး အသိပညာနှံ့စပ်သော လူတို့ကို ရာထူးတိုးပေးကြမည်ဖြစ်သည်။ ၎င်းတို့ကိုယ်တိုင်နှင့်တူသော လူတို့ကို ရာထူးတိုးပေးကြစဉ်တွင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော၊ သမ္မာတရားကို လိုက်စားပြီး ရိုးသားသော သင့်တော်သည့် လူအားလုံးကိုမူ ဖိနှိပ်ထားကြမည်ဖြစ်သည်။ ဤအခြေအနေမျိုး ဖြစ်ပျက်သောအခါ ဤသို့သော လူတို့၏ အန္တိခရစ် အနှစ်သာရသည် ဖော်ထုတ်ခြင်း ခံရသည် မဟုတ်လော။ ယင်းမှာ အလွန် သိသာထင်ရှားလာသည် မဟုတ်လော။ အရေးပါသော အခန်းကဏ္ဍတစ်ခု မရရှိသည့်အပြင် ကောင်းချီးခံစားရရန် မျှော်လင့်ချက်မရှိသောအခါ နုတ်ထွက်လိုသောသူအားလုံးသည် အန္တိခရစ်များဖြစ်သည်ဟု အစတွင် ငါ ပြောဆိုခဲ့ချိန်၌ အမှန်တကယ် နားမလည်ခဲ့သော လူအချို့ ရှိသည်။ သို့သော် ယခုတွင် ၎င်းတို့က အန္တိခရစ်များဖြစ်သည်ကို သင်တို့ မြင်နိုင်ကြပြီလော။ (မြင်နိုင်ပါပြီ။)
လူအချို့သည် ခေါင်းဆောင်ရာထူးမှ ဖြုတ်ချခြင်းခံရပြီး ၎င်းတို့အနေဖြင့် နောက်ထပ် ပျိုးထောင်ခြင်း သို့မဟုတ် အသုံးပြုခြင်း ခံရတော့မည်မဟုတ်ဟု အထက်က ပြောသည်ကို ၎င်းတို့ ကြားသောအခါ၊ ဖယ်ရှားရှင်းလင်းခြင်းခံရသည့်အလား အလွန့်အလွန် ဝမ်းနည်းကြပြီး ခါးသီးစွာ ငိုကြွေးကြသည်။ ဤသည်မှာ အဘယ်ပြဿနာ ဖြစ်သနည်း။ ၎င်းတို့ နောက်ထပ် ပျိုးထောင်မခံရခြင်း သို့မဟုတ် အသုံးပြုမခံရခြင်းသည် ၎င်းတို့အနေဖြင့် ဖယ်ရှားရှင်းလင်းခြင်းခံရသည်ဟု ဆိုလိုသလော။ ယင်းက ၎င်းတို့အနေဖြင့် ကယ်တင်ခြင်း မရရှိနိုင်ဟု ဆိုလိုသလော။ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့သည် ၎င်းတို့အတွက် အမှန်တကယ် အလွန် အရေးကြီးသလော။ အကယ်၍ ၎င်းတို့သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါက၊ မိမိတို့၏ ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို ဆုံးရှုံးသောအခါ မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်သင့်ပြီး စစ်မှန်သော နောင်တကို ခံစားသင့်သည်။ ၎င်းတို့သည် သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းကို ရွေးချယ်သင့်သည်၊ ဘဝကို အသစ်ပြန်စသင့်ပြီး အလွန်ဝမ်းမနည်းသင့် သို့မဟုတ် အလွန်မငိုကြွေးသင့်ပေ။ ၎င်းတို့အနေဖြင့် တကယ့်အလုပ်ကို မလုပ်သကဲ့သို့ သမ္မာတရားကို မလိုက်စားခြင်းတို့ကြောင့် ဘုရားအိမ်တော်၏ ဖြုတ်ချခြင်းကို ခံခဲ့ရကြောင်း မိမိတို့၏ စိတ်နှလုံးထဲ၌ သိရှိပြီး ဘုရားအိမ်တော်က ၎င်းတို့ကို နောက်ထပ် ရာထူးတိုးပေးတော့မည်မဟုတ်ဟုဖြစ်စေ၊ တစ်ဖန် အသုံးပြုခြင်းခံရမည်မဟုတ်ဟုဖြစ်စေ ပြောသည်ကို ၎င်းတို့ ကြားရပါက၊ ၎င်းတို့ ရှက်ရွံ့သင့်သည်၊ ဘုရားသခင်ကို အကြွေးတင်ပြီး ဘုရားသခင်ကို စိတ်ပျက်စေခဲ့သည်ဟု ခံစားသင့်ပေသည်။ ၎င်းတို့အနေဖြင့် ဘုရားသခင်၏ အသုံးပြုခြင်းကို မခံထိုက်ကြောင်း သိရှိသင့်ပြီး ဤနည်းဖြင့် ၎င်းတို့ကို ဆင်ခြင်တုံတရား အနည်းငယ်ရှိသည်ဟု မှတ်ယူ၍ရနိုင်ပေသည်။ သို့ရာတွင် ဘုရားအိမ်တော်က ၎င်းတို့ကို နောက်ထပ် ပျိုးထောင်တော့မည်မဟုတ်၊ သို့မဟုတ် အသုံးပြုတော့မည်မဟုတ်သည်ကို ၎င်းတို့ ကြားသောအခါ ၎င်းတို့သည် အပျက်သဘောဆောင်ပြီး ဝမ်းနည်းကြကာ ဤအရာ ၎င်းတို့အနေဖြင့် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့ကို လိုက်စားနေပြီး သမ္မာတရားကို လိုက်စားသောသူတစ်ဦး မဟုတ်ကြောင်းကို ပြသသည်။ ကောင်းချီးများအတွက် ၎င်းတို့၏ လိုအင်ဆန္ဒသည် ဤမျှ အားကောင်းပြီး ၎င်းတို့သည် အဆင့်အတန်းကို ဤမျှ တန်ဖိုးထားကာ တကယ့်အလုပ်ကို မလုပ်ဆောင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် ဖြုတ်ချခံရသင့်ပြီး မိမိတို့၏ ကိုယ်ပိုင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများကို ဆင်ခြင်သုံးသပ်ကာ နားလည်လာသင့်သည်။ ၎င်းတို့ လိုက်လျှောက်နေသော လမ်းကြောင်းက မှားယွင်းကြောင်း၊ အဆင့်အတန်း၊ ကျော်ကြားမှုနှင့် အကျိုးအမြတ်တို့ကို လိုက်စားခြင်းအားဖြင့် ၎င်းတို့သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်လှမ်းနေကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို အသိအမှတ်ပြုမည် မဟုတ်သည်သာမက သူ၏ စိတ်သဘောထားကိုလည်း ၎င်းတို့ ပုန်ကန်ပြစ်မှားမိမည်ဖြစ်ကြောင်းနှင့် အကယ်၍ ၎င်းတို့သည် မကောင်းမှုမျိုးစုံကို ကျူးလွန်ပါက ဘုရားသခင်၏ အပြစ်ပေးခြင်းကိုလည်း ခံကြရမည်ဖြစ်ကြောင်းတို့ကို ၎င်းတို့ သိရှိသင့်သည်။ သင်တို့၌လည်း ဤပြဿနာ ရှိသည် မဟုတ်လော။ အကယ်၍ သင်တို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု ယခု ငါ ပြောပါက သင်တို့ ဝမ်းနည်းဖြစ်ကြမည် မဟုတ်လော။ (ဝမ်းနည်းကြပါမည်။) ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု အထက်အဆင့် ခေါင်းဆောင်တစ်ဦးက ပြောသည်ကို လူအချို့က ကြားသောအခါ ၎င်းတို့အနေဖြင့် သမ္မာတရားကို နားလည်နိုင်စွမ်းမရှိကြောင်း၊ ဘုရားသခင်က ၎င်းတို့ကို သေချာပေါက် အလိုမရှိတော့ကြောင်း၊ ကောင်းချီးခံစားရရန် မျှော်လင့်ချက်မရှိတော့ကြောင်း ၎င်းတို့ ခံစားကြရသည်။ သို့သော် ၎င်းတို့ ဝမ်းနည်းသည်ဟူသော အချက်ရှိလင့်ကစား ၎င်းတို့သည် မိမိတို့၏ တာဝန်ကို ပုံမှန်အတိုင်း ထမ်းဆောင်နိုင်ကြဆဲဖြစ်သည်။ ထိုသို့သောလူတို့၌ ဆင်ခြင်တုံတရား အနည်းငယ် ရှိသည်။ လူအချို့သည် တစ်စုံတစ်ဦးက ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်း ပြောသည်ကို ကြားသောအခါ အပျက်သဘောဆောင်လာကြပြီး မိမိတို့၏ တာဝန်ကို မထမ်းဆောင်လိုကြတော့ပေ။ ၎င်းတို့က၊ “ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိဟု သင် ငါ့ကို ပြောသည်။ ယင်းမှာ ငါ ကောင်းချီးခံစားရမည့် မျှော်လင့်ချက်မရှိဟု ဆိုလိုသည် မဟုတ်လော။ အနာဂတ်တွင် မည်သည့် ကောင်းချီးမျှ ငါ ရမည်မဟုတ်သည့်အတွက်၊ အဘယ်အရာအတွက် ငါ ယုံကြည်နေသေးသနည်း။ အစေခံမှုပေးစေခြင်းကို ငါ လက်ခံမည်မဟုတ်ပါ။ အပြန်အလှန်အနေဖြင့် မည်သည့်အရာမျှ မရပါက မည်သူက သင့်အတွက် အလုပ်လုပ်ပေးမည်နည်း။ ငါသည် ထိုမျှ စဉ်းစားဉာဏ်မကင်းမဲ့ပါ”ဟု တွေးကြသည်။ ထိုသို့သောလူတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရား ပိုင်ဆိုင်ကြသလော။ ၎င်းတို့သည် ဘုရားသခင်ထံမှ အလွန်များပြားသော ကျေးဇူးတော်ကို မွေ့လျော်ခံစားသော်လည်း ယင်းကို ပြန်လည်ပေးဆပ်ရန် မသိကြသည့်အပြင် အစေခံမှုပေးရန်ပင် အလိုမရှိကြပေ။ ဤသို့သော လူတို့သည် အဆုံးသတ်ပြီဖြစ်သည်။ ၎င်းတို့သည် အဆုံးတိုင် အစေခံမှုကိုပင် မပေးနိုင်ကြသကဲ့သို့ ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း မရှိကြပေ။ ၎င်းတို့သည် မယုံကြည်သူများ ဖြစ်ကြသည်။ အကယ်၍ ၎င်းတို့သည် ဘုရားသခင်အတွက် ရိုးသားသော စိတ်နှလုံးနှင့် ဘုရားသခင်ကို စစ်မှန်သော ယုံကြည်ခြင်း ရှိပါက ၎င်းတို့အနေဖြင့် မည်သို့ပင် အကဲဖြတ်ခံရသည်ဖြစ်စေ၊ ဤအရာက ၎င်းတို့အား မိမိတို့ကိုယ်ကို ပို၍ စစ်မှန်စွာနှင့် တိကျစွာ သိရှိနိုင်စေလိမ့်မည် ဖြစ်သည်။ ၎င်းတို့သည် ဤကိစ္စရပ်ကို မှန်ကန်စွာ ချဉ်းကပ်သင့်ပြီး ဘုရားသခင်နောက် ၎င်းတို့လိုက်ခြင်း သို့မဟုတ် မိမိတို့၏ တာဝန်ကို ထမ်းဆောင်ခြင်းအပေါ် ထိုအရာက သက်ရောက်မှု မဖြစ်စေသင့်ပေ။ ၎င်းတို့အနေဖြင့် ကောင်းချီးများကို မရရှိနိုင်လျှင်ပင် ဘုရားသခင်အတွက် အဆုံးထိတိုင် အစေခံမှုပေးရန် လိုလားနေဆဲဖြစ်သင့်ပြီး ညည်းညူခြင်းများမရှိဘဲ ဘုရားစီစဉ်ညွှန်ကြားခြင်း၏ ပြုသမျှကို ၎င်းတို့ ခံသင့်သည်။ ထိုအခါမှသာ ၎င်းတို့သည် အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောသူတစ်ဦး ဖြစ်ကြလိမ့်မည်။ လူတစ်ဦးသည် ကောင်းချီးများကို လက်ခံရရှိခြင်း ရှိမရှိ သို့မဟုတ် ကံအကြောင်းမလှသည့်ဖြစ်ရပ်များကို ခံစားရခြင်း ရှိမရှိဟူသည်မှာ ဘုရားသခင်၏ လက်ထဲ၌ ရှိသည်။ ဘုရားသခင်သည် ဤအရာအပေါ် အချုပ်အခြာအာဏာရှိပြီး ဤအရာကို စီစဉ်ပေးသည်။ ယင်းမှာ လူတို့ တောင်းဆိုနိုင်သော သို့မဟုတ် ကြိုးစားလုပ်ဆောင်နိုင်သော အရာတစ်ခု မဟုတ်ပေ။ ယင်းအစား ယင်းမှာ ထိုလူက ဘုရားသခင်၏ နှုတ်ကပတ်တော်များကို နာခံနိုင်ခြင်းရှိမရှိ၊ သမ္မာတရားကို လက်ခံနိုင်ခြင်းရှိမရှိဟူသည်နှင့် ဘုရားသခင်၏ သတ်မှတ်ချက်များအတိုင်း မိမိ၏တာဝန်ကို ကောင်းစွာ ထမ်းဆောင်နိုင်ခြင်း ရှိမရှိဟူသည်တို့အပေါ် မူတည်သည်။ ဘုရားသခင်သည် လူတစ်ဦးစီကို ၎င်းတို့၏ လုပ်ဆောင်ချက်များအတိုင်း ပြန်လည်ပေးဆပ်လိမ့်မည်။ တစ်စုံတစ်ဦး၌ ဤရိုးသားမှုအနည်းငယ် ရှိပြီး ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်အတွက် မိမိတို့ စုစည်းနိုင်သမျှ အစွမ်းခွန်အားအားလုံးကို ဆက်ကပ်ပါက ယင်းမှာလုံလောက်ပြီး ဘုရားသခင်၏ အသိအမှတ်ပြုခြင်းနှင့် ကောင်းချီးကို ၎င်းတို့ ရရှိကြလိမ့်မည်။ ပြောင်းပြန်အားဖြင့် တစ်စုံတစ်ဦးသည် မိမိ၏တာဝန်ကို စံချိန်မီသော နည်းလမ်းဖြင့် မထမ်းဆောင်ဘဲ မကောင်းမှုမျိုးစုံကိုပင် ကျူးလွန်သည့်တိုင် ဘုရားသခင်ထံမှ ကောင်းချီးများကို ရရှိရန် လိုလားနေသေးပါက ၎င်းတို့ ဤသို့ ပြုမူခြင်းသည် အလွန် ဆင်ခြင်တုံတရား ကင်းမဲ့နေသည် မဟုတ်လော။ အကယ်၍ သင်သည် လုံလောက်အောင် ကောင်းစွာ မလုပ်ဆောင်ခဲ့ဟု ခံစားရပါက၊ အားထုတ်မှုများစွာ ပြုပြီးဖြစ်သော်လည်း အမှုအရာများကို စည်းမျဉ်းများဖြင့် ကိုင်တွယ်နိုင်စွမ်း မရှိသေးဟု ခံစားရပြီး ဘုရားသခင်ကို အကြွေးတင်သည်ဟု သင် ခံစားရသော်လည်း သူက သင်တို့ကို ကောင်းချီးပေးပြီး ကျေးဇူးပြုပါက ယင်းမှာ ဘုရားသခင်က သင်တို့အား မျက်နှာသာပေးနေခြင်းဖြစ်သည်ဟု ဆိုလိုသည် မဟုတ်လော။ အကယ်၍ ဘုရားသခင်က သင်တို့ကို ကောင်းချီးပေးလိုပါက ယင်းမှာ မည်သူကမျှ ဖယ်ရှား၍မရသည့် အရာတစ်ခု ဖြစ်သည်။ သင်သည် အလွန်ကောင်းစွာ မလုပ်ဆောင်လေပြီဟု တွေးထင်ကောင်း တွေးထင်နိုင်သော်လည်း ဘုရားသခင်၏ အကဲဖြတ်မှုတွင်မူ သင်သည် စစ်မှန်ရိုးသားပြီး မိမိ၏ အစွမ်းရှိသမျှ ပေးဆပ်ခဲ့သည်ဟု သူဆိုကာ သင့်ကို ကျေးဇူးပြုပြီး ကောင်းချီးပေးလိုပေသည်။ ဘုရားသခင် ပြုလုပ်သမျှ မည်သည့်အရာမျှ မမှားယွင်းသည့်အပြင် သူ၏ ဖြောင့်မတ်ခြင်းကို သင်ချီးမွမ်းရမည်။ ဘုရားသခင်က မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ၊ ယင်းမှာ အစဉ်သဖြင့် မှန်ကန်ပြီး သူ လုပ်ဆောင်သည့်အရာက လူသား ခံစားချက်များကို ထည့်တွက်ခြင်းမရှိကြောင်း၊ သင်၏ အကြိုက်မဟုတ်ကြောင်း ယုံကြည်လျက် ဘုရားသခင် ပြုလုပ်သည့်အရာနှင့်ပတ်သက်၍ သင်၌ အယူအဆများ ရှိနေလျှင်ပင်၊ သင်သည် ဘုရားသခင်ကို ချီးမွမ်းသင့်နေဆဲ ဖြစ်သည်။ သင်သည် ဤသို့ အဘယ်ကြောင့် ပြုလုပ်သင့်သနည်း။ အကြောင်းရင်းကို သင်တို့ မသိကြ၊ မှန်သလော။ ဤသည်မှာ အမှန်တကယ်တွင် ရှင်းပြရန် အလွန် လွယ်ကူသည်။ အကြောင်းမှာ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး သင်သည် လူသားဖြစ်သောကြောင့် ဖြစ်သည်။ သူသည် ဖန်ဆင်းရှင်ဖြစ်ပြီး သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်သည်။ သင်သည် ဘုရားသခင်အား နည်းလမ်းတစ်ခုခုဖြင့် ပြုမူရန် သို့မဟုတ် သင့်အား နည်းလမ်းတစ်ခုခုဖြင့် ဆက်ဆံရန် တောင်းဆိုပိုင်ခွင့်မရှိသော်လည်း ဘုရားသခင်သည် သင့်အပေါ် တောင်းဆိုချက်များ ပြုလုပ်ရန် အရည်အချင်းပြည့်မီပေသည်။ ကောင်းချီးများ၊ ကျေးဇူးတော်၊ ဆုလာဘ်များ၊ သရဖူများ၊ ဤအရာအားလုံးကို မည်သို့ ပေးအပ်သည်ဟူသည်နှင့် မည်သူ့ကို ပေးအပ်သည်ဟူသည်တို့မှာ ဘုရားသခင်၏ သဘောဖြစ်သည်။ အဘယ်ကြောင့် ဘုရားသခင်၏ သဘောဖြစ်သနည်း။ ဤအရာများသည် ဘုရားသခင်နှင့် သက်ဆိုင်သည်။ ယင်းတို့သည် လူနှင့် ဘုရားသခင်အကြား ညီတူညီမျှ ခွဲဝေနိုင်သည့် ပူးတွဲပိုင်ဆိုင်သော အဖိုးတန်ပိုင်ဆိုင်မှုများ မဟုတ်ပေ။ ထိုအရာများသည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်သည် ထိုအရာများကို သူပေးသနားမည်ဟု ကတိပြုထားသော သူတို့အပေါ် ပေးအပ်သည်။ အကယ်၍ ဘုရားသခင်က ထိုအရာများကိုသင့်အား ပေးသနားမည်ဟု ကတိမပြုပါက သင်သည် သူ့ကို ကျိုးနွံနာခံသင့်နေဆဲ ဖြစ်သည်။ အကယ်၍ သင်သည် ဤအကြောင်းရင်းကြောင့် ဘုရားသခင်ကို ယုံကြည်ခြင်း ရပ်တန့်လိုက်ပါက ယင်းသည် အဘယ်ပြဿနာများကို ဖြေရှင်းပေးလိမ့်မည်နည်း။ သင်သည် ဖန်ဆင်းခံတစ်ဦး ဖြစ်ခြင်းမှ ရပ်တန့်သွားလိမ့်မည်လော။ ဘုရားသခင်၏ အချုပ်အခြာအာဏာကို သင် လွတ်မြောက်နိုင်သလော။ ဘုရားသခင်သည် အရာခပ်သိမ်းအပေါ် အချုပ်အခြာအာဏာကို ကိုင်စွဲထားဆဲဖြစ်ပြီး ဤသည်မှာ မပြောင်းလဲနိုင်သော အချက်တစ်ခု ဖြစ်သည်။ ဘုရားသခင်၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရသည် လူ၏ ပင်ကိုလက္ခဏာ၊ အဆင့်အတန်းနှင့် အနှစ်သာရတို့နှင့် မည်သည့်အခါမျှ တန်းတူညီမျှ မဖြစ်နိုင်သကဲ့သို့ ဤအရာများသည် မည်သည့်ပြောင်းလဲမှုကိုမျှ ကြုံတွေ့ရလိမ့်မည် မဟုတ်ပေ။ ဘုရားသခင်သည် ထာဝစဉ် ဘုရားသခင်ဖြစ်လိမ့်မည်ဖြစ်ပြီး လူသည် ထာဝစဉ် လူဖြစ်လိမ့်မည်။ အကယ်၍ လူတစ်ဦးသည် ဤအရာကို နားလည်နိုင်ပါက ၎င်းတို့ အဘယ်အရာ လုပ်ဆောင်သင့်သနည်း။ ၎င်းတို့သည် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံသင့်သည်၊ ဤသည်မှာ အမှုအရာများနှင့်ပတ်သက်၍ လုပ်ဆောင်ရန် ဆင်ခြင်တုံတရားအရှိဆုံးသော နည်းလမ်းဖြစ်ပြီး ဤအရာမှလွဲ၍ ရွေးချယ်နိုင်သော အခြားလမ်းကြောင်း မရှိပေ။ အကယ်၍ သင်သည် ကျိုးနွံနာခံခြင်းမရှိပါက ပုန်ကန်သူဖြစ်ပြီး သင်သည် အာခံကာ ငြင်းခုံပါက မတန်တဆ ပုန်ကန်နေခြင်းဖြစ်ကာ ဖျက်ဆီးခြင်းကို ခံရသင့်ပေသည်။ ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် အစီအစဉ်များကို ကျိုးနွံနာခံနိုင်ခြင်းက သင့်အနေဖြင့် ဆင်ခြင်တုံတရားရှိကြောင်းကို ပြသသည်။ ဤသည်မှာ လူတို့ ရှိရမည့် သဘောထားဖြစ်ပြီး ဤအရာသည်သာ ဖန်ဆင်းခံများ ရှိသင့်သော သဘောထား ဖြစ်သည်။ ဥပမာအားဖြင့် သင်၌ ကြောင်ကလေးတစ်ကောင် သို့မဟုတ် ခွေးကလေးတစ်ကောင် ရှိသည် ဆိုပါစို့။ ထိုကြောင် သို့မဟုတ် ထိုခွေးသည် သင့်အား အရသာရှိသော အစားအစာအမျိုးမျိုး သို့မဟုတ် ပျော်စရာအရုပ်အမျိုးမျိုးကို ဝယ်ပေးရန် တောင်းဆိုဖို့အတွက် အရည်အချင်းပြည့်မီသလော။ မိမိတို့၏ သခင်များထံ တောင်းဆိုချက်များ ပြုလုပ်ရန် ထိုမျှ ဆင်ခြင်တုံတရားမဲ့သော ကြောင်များ သို့မဟုတ် ခွေးများ တစ်ကောင်တလေရှိသလော။ (မရှိပါ။) ပြီးလျှင် အခြားတစ်စုံတစ်ဦး၏ အိမ်တွင်ရှိသည့် ခွေးတစ်ကောင်သည် မိမိထက် ပိုမိုကောင်းမွန်သော ဘဝရှိသည်ကို တွေ့မြင်ပြီးနောက် မိမိ၏ သခင်နှင့်အတူ မနေရန် ရွေးချယ်မည့် ခွေးတစ်ကောင်တလေ ရှိသလော။ (မရှိပါ။) ၎င်းတို့၏ ပင်ကိုဗီဇမှာ၊ “ငါ့သခင်က ငါ့ကို အစားအစာနှင့် နေစရာနေရာ ပေးသည်။ ထို့ကြောင့် ငါ့သခင်အတွက် ငါအိမ်စောင့်ပေးရမည်။ ငါ့သခင်က ငါ့ကို အစားအစာ မပေးလျှင်ပင် သို့မဟုတ် သိပ်မကောင်းသည့် အစားအစာကို ပေးလျှင်ပင် ငါ သူတို့အိမ်ကို စောင့်ပေးရဦးမည်ဖြစ်သည်”ဟု တွေးရန်ဖြစ်သည်။ ထိုခွေး၌ မိမိ၏ အနေအထားကို ကျော်လွန်သွားရန် အခြား မလျော်ကန်သော အတွေးများ မရှိပေ။ ၎င်း၏ သခင်က ၎င်းအပေါ် ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ၎င်း၏ သခင် အိမ်ပြန်ရောက်လာသည့်အခါတိုင်း ထိုခွေးက အလွန် ပျော်ရွှင်သည်၊ ၎င်း၏ အမြီးသည် အဆက်မပြတ် လှုပ်ယမ်းနေပြီး တတ်နိုင်သမျှ ပျော်ရွှင်နေသည်။ ၎င်း၏ သခင်က ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ ၎င်း၏ သခင်က ၎င်းအား အရသာရှိသော အရာများကို ဝယ်ကျွေးသည်ဖြစ်စေ မကျွေးသည်ဖြစ်စေ ၎င်းက မိမိ၏ သခင်အပေါ် အမြဲ မပြောင်းမလဲ ပြုမူပြီး သူ၏ အိမ်ကို စောင့်ကြည့်ပေးနေဆဲ ဖြစ်သည်။ ဤအရာကို အခြေခံ၍ အကဲဖြတ်ရလျှင် လူတို့သည် ခွေးများထက် ပိုဆိုးသည် မဟုတ်လော။ (ပိုဆိုးသည်။) လူတို့သည် ဘုရားသခင်ထံ အမြဲ တောင်းဆိုချက်များ ပြုလုပ်နေကြပြီး သူ့ကိုအမြဲ ပုန်ကန်နေကြသည်။ ဤပြဿနာ၏ အရင်းအမြစ်မှာ အဘယ်နည်း။ လူတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိကြသည်၊ ၎င်းတို့သည် ဖန်ဆင်းခံများ၏ နေရာ၌ မနေနိုင်ကြပေ။ သို့ဖြစ်၍ ၎င်းတို့သည် မိမိတို့၏ ပင်ကိုအသိစိတ်များ ဆုံးရှုံးပြီး စာတန်များ ဖြစ်လာကြသည်။ ၎င်းတို့၏ ပင်ကိုအသိစိတ်များသည် ဘုရားသခင်ကို ဆန့်ကျင်ရန်၊ သမ္မာတရားကို ငြင်းပယ်ရန်၊ မကောင်းမှုကို ပြုလုပ်ရန်နှင့် ဘုရားသခင်ကို ကျိုးနွံနာခံခြင်းမရှိရန် စာတန်ဆန်သော ပင်ကိုအသိစိတ်တစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။ ၎င်းတို့၏ လူ့ပင်ကိုအသိစိတ်များကို မည်သို့ ပြန်လည်ရရှိနိုင်မည်နည်း။ ၎င်းတို့ကို အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိစေရမည်။ လူတစ်ဦး ပြုလုပ်သင့်သော အရာများကို ပြုလုပ်စေရမည်၊ ၎င်းတို့ ထမ်းဆောင်သင့်သော တာဝန်ကို ထမ်းဆောင်စေရမည်။ ယင်းမှာ ခွေးတစ်ကောင်က အိမ်ကို စောင့်ကြပ်ခြင်းနှင့် ကြောင်တစ်ကောင်က ကြွက်များကို ဖမ်းခြင်းကဲ့သို့ ဖြစ်သည်။ ၎င်းတို့၏ သခင်က ၎င်းတို့ကို မည်သို့ပင် ဆက်ဆံသည်ဖြစ်စေ ၎င်းတို့သည် ဤအရာများကို ပြုလုပ်ရန် မိမိတို့၌ ရှိသမျှ အစွမ်းခွန်အားကို အသုံးပြုကြသည်။ ၎င်းတို့သည် ဤတာဝန်များကို ခေါင်းမဖော်တမ်းလုပ်ဆောင်ကြပြီး မိမိတို့၏ နေရာ၌ နေကာ မိမိတို့၏ ပင်ကိုအသိစိတ်များကို အပြည့်အဝ အသုံးပြုကြသည်။ သို့ဖြစ်၍ ၎င်းတို့၏ သခင်က ၎င်းတို့ကို နှစ်သက်လေသည်။ အကယ်၍ လူတို့သည် ဤသို့ ပြုလုပ်ရန် စီမံနိုင်ခဲ့ပါက ဘုရားသခင်သည် ဤနှုတ်ကပတ်တော်အားလုံးကို ပြောဆိုရန် သို့မဟုတ် ဤသမ္မာတရားအားလုံးကို မြွက်ဆိုရန် လိုအပ်မည် မဟုတ်ပေ။ လူသားများသည် အလွန် နက်ရှိုင်းစွာ ဖောက်ပြန်ပျက်စီးကြသည်၊ ၎င်းတို့သည် ဆင်ခြင်တုံတရားနှင့် အသိစိတ်ကင်းမဲ့ကြပြီး ကိုယ်ကျင့်တရား ပျက်ပြားကြသည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများသည် အမြဲ ဒုက္ခပြဿနာဖြစ်စေသည်။ ၎င်းတို့၌ ပေါ်လွင်လျက်ရှိသည်။ ၎င်းတို့၏ ရွေးချယ်မှုများနှင့် တွေးခေါ်ပုံကို လွှမ်းမိုးပြီး ၎င်းတို့အား ဘုရားသခင်ကို ပုန်ကန်စေကာ သူ့ကို ကျိုးနွံနာခံနိုင်ခြင်းမရှိဖြစ်လျက် ၎င်းတို့၌ မိမိတို့၏ ကိုယ်ပိုင် ခံစားချက်အရဖြစ်သော ဆန္ဒများ၊ စိတ်ကူးများနှင့် နှစ်သက်မှုများ အမြဲ ရှိနေစေပြီး သမ္မာတရားသည် ၎င်းတို့အတွင်း၌ မည်သည့်အခါမျှ ထိန်းချုပ်ခြင်းမရှိနိုင်သကဲ့သို့ ၎င်းတို့၏ အသက် မဖြစ်လာနိုင်ပေ။ ဤအရာအားလုံးသည် ဘုရားသခင်က ၎င်းတို့ကို သူ၏ နှုတ်ကပတ်တော်များဖြင့် တရားစီရင်ရခြင်း၊ စစ်ကြောရခြင်းနှင့် စစ်ဆေးရခြင်း၏ အကြောင်းရင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့အနေဖြင့် ကယ်တင်ခြင်းကို ခံရနိုင်ရန်အလို့ငှာ ဖြစ်သည်။ အခြားတစ်ဖက်တွင် အန္တိခရစ်များသည် လူများအကြား၌ အပျက်သဘောဆောင်သော အခန်းကဏ္ဍများကို အမြဲ ဆောင်ရွက်ကြသည်။ ၎င်းတို့သည် နတ်ဆိုးစစ်စစ်များနှင့် စာတန်စစ်စစ်များ ဖြစ်ကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်မခံသည်သာမက မိမိတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသည်ကိုလည်း အသိအမှတ်မပြုကြသည့်အပြင် ဘုရားသခင်ထံမှ ကောင်းချီးများ၊ သရဖူနှင့် ဆုလာဘ်များကို ရရှိလိုလျက် အတင်းအဓမ္မ လုယက်တတ်ကြလေသည်။ ၎င်းတို့သည် မိမိတို့၏ ရုန်းကန်မှု၌ မည်မျှအထိ လုပ်ဆောင်ကြသနည်း။ လုံးဝ အရှက်မရှိသကဲ့သို့ လုံးဝ ဆင်ခြင်တုံတရားမဲ့သည့် အဆင့်ထိတိုင်အောင် ဖြစ်သည်။ အကယ်၍ မကောင်းမှုမျိုးစုံကို လုပ်ဆောင်ပြီးနောက် ၎င်းတို့သည် ဖော်ထုတ်ခြင်းနှင့် ဖယ်ရှားရှင်းလင်းခြင်းကို ခံရပါက မိမိတို့၏ စိတ်နှလုံးထဲ၌ မလိုမုန်းတီးခြင်းကို ထားရှိကြလိမ့်မည်ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်ကို ကျိန်ဆဲကြလိမ့်မည်၊ ခေါင်းဆောင်များနှင့် အမှုဆောင်များကို ကျိန်ဆဲကြလိမ့်မည်ဖြစ်ပြီး အသင်းတော်နှင့် စစ်မှန်သော ယုံကြည်သူအားလုံးကို မုန်းတီးကြလိမ့်မည်။ ဤသည်မှာ ဆိုးယုတ်သောလူအားလုံးနှင့် အန္တိခရစ်များ၏ ရုပ်ဆိုးသော မျက်နှာကို အပြည့်အဝ ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။
အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များနှင့်ဆိုင်သည့် ဒွါဒသမအချက်မှာ ၎င်းတို့၌ အဆင့်အတန်းမရှိသည့်အခါ သို့မဟုတ် ကောင်းချီးများရရှိရန် မျှော်လင့်ချက်မရှိသည့်အခါ နုတ်ထွက်လိုခြင်း ဖြစ်သည်။ နုတ်ထွက်ခြင်းက မည်သည့်အရာကို ဆိုလိုသည်နှင့်ပတ်သက်၍ ရိုးရှင်းသော ဝေါဟာရများဖြင့် ငါတို့ ပြောဆိုကြမည်။ နုတ်ထွက်ခြင်း၏ တိုက်ရိုက်အဓိပ္ပာယ်မှာ တစ်နေရာမှ အခြားတစ်နေရာသို့ ဆုတ်ခွာခြင်း ဖြစ်သည်၊ ဤသည်ကို “နုတ်ထွက်ခြင်း”ဟု သိရသည်။ စုဝေးပွဲများတက်ရောက်ခြင်းနှင့် တရားဒေသနာများ နားထောင်ခြင်းကို အလွန်အမင်း မနှစ်မြို့သောကြောင့်လည်းကောင်း၊ မိမိတို့၏တာဝန်ကို ထမ်းဆောင်လိုစိတ်မရှိသောကြောင့်လည်းကောင်း အသင်းတော်နှင့် ညီအစ်ကိုမောင်နှမများကို မိမိတို့ဆန္ဒအလျောက် စွန့်ခွာသော သမ္မာတရားကို မချစ်မြတ်နိုးသည့် လူအချို့ ဘုရားအိမ်တော်တွင် အမြဲ ရှိလေသည်။ ဤသည်ကို နုတ်ထွက်ခြင်းဟု ခေါ်သည်။ ဤသည်မှာ စကားလုံး၏ တိုက်ရိုက်အဓိပ္ပာယ်အရ နုတ်ထွက်ခြင်း ဖြစ်သည်။ သို့ရာတွင် တစ်စုံတစ်ဦးသည် ဘုရားသခင်၏ အမြင်တွင် နုတ်ထွက်သွားသည်ဟု အမှန်တကယ် သတ်မှတ်ခြင်း ခံရသည့်အခါတွင် ယင်းမှာ သူ၏အိမ်တော်မှ ထွက်သွားပြီးခြင်း၊ ၎င်းကို နောက်ထပ် မမြင်ရတော့ခြင်း သို့မဟုတ် ၎င်းကို အသင်းတော်၏ အမည်စာရင်းမှ ပယ်ဖျက်ပြီးခြင်း ကိစ္စမျှသာ မဟုတ်ချေ။ အမှန်မှာမူ လူတစ်ဦးသည် ၎င်း၏ ယုံကြည်မှု ပမာဏ မည်မျှရှိသည်ဖြစ်စေ၊ ၎င်းက မိမိကိုယ်ကို ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် အသိအမှတ်ပြုသည်ဖြစ်စေ ၎င်းသည် ဘုရားနှုတ်ကပတ်တော်များကို မည်သည့်အခါမျှ မဖတ်ရှုလျှင် ၎င်း၏ စိတ်နှလုံးတွင် ဘုရားသခင် တည်ရှိကြောင်းကို အသိအမှတ်မပြုသကဲ့သို့ ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်းကိုလည်း အသိအမှတ်မပြုကြောင်း သက်သေပြလေသည်။ ဘုရားသခင်အတွက် ထိုသူသည် နုတ်ထွက်နှင့်ပြီးဖြစ်ကာ ကိုယ်တော်၏ အိမ်တော်သားတစ်ဦးအဖြစ် ထည့်သွင်းစဉ်းစားခြင်းမရှိတော့ပေ။ ဘုရားနှုတ်ကပတ်တော်ကို မဖတ်သူများသည် နုတ်ထွက်ပြီးဖြစ်သော လူစားမျိုးဖြစ်သည်။ အခြားအမျိုးအစားမှာ ညီအစ်ကိုမောင်နှမများက ဓမ္မသီချင်းများ သီဆိုခြင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဆုတောင်းရင်းဖတ်ရှုခြင်းနှင့် မိမိတို့၏ ကိုယ်ပိုင်အတွေ့အကြုံဆိုင်ရာ နားလည်သဘောပေါက်မှုကို အတူတကွ မိတ်သဟာယဖွဲ့ခြင်းတို့ကဲ့သို့သော အသင်းတော်အသက်တာနှင့် လှုပ်ရှားမှုများ၌ မည်သည့်အခါမျှ မပါဝင်သောသူများ ဖြစ်သည်။ ဘုရားသခင်သည် ဤလူတို့ကို နုတ်ထွက်ပြီးဖြစ်သည်ဟု ရှုမြင်သည်။ အခြား တစ်မျိုးရှိသေးသည်။ တာဝန်များကို ထမ်းဆောင်ရန် ငြင်းဆန်သောသူများဖြစ်သည်။ ဘုရားအိမ်တော်က ၎င်းတို့ကို မည်သည့်တောင်းဆိုမှုကို ပြုလုပ်သည်ဖြစ်စေ၊ မည်သည့် အလုပ်မျိုး လုပ်ခိုင်းသည်ဖြစ်စေ၊ ၎င်းတို့ကို မည်သည့်တာဝန်ကို ထမ်းဆောင်စေသည်ဖြစ်စေ၊ ကြီးမားသော၊ သေးငယ်သောကိစ္စများဖြစ်စေ၊ ၎င်းတို့ကို ရံဖန်ရံခါတွင် သတင်းစကားပါးခိုင်းခြင်းကဲ့သို့သော အလွန်ရိုးရှင်းသောအရာတစ်ခုတွင်ပင် ၎င်းတို့က မလုပ်ဆောင်လိုကြပေ။ ဘုရားသခင်ကို ယုံကြည်သူများအဖြစ် မိမိဘာသာ ကြေညာထားကြသော ၎င်းတို့သည် ဘာသာတရားမရှိသူတစ်ဦးက ကူညီရန် ကြိုးစားနိုင်သည့် တာဝန်များကိုပင် မလုပ်ဆောင်နိုင်ကြချေ။ ဤသည်မှာ သမ္မာတရားကို လက်ခံရန် ငြင်းဆန်ခြင်းနှင့် တာဝန်တစ်ခုကို ထမ်းဆောင်ရန် ငြင်းဆန်ခြင်းတို့ဖြစ်သည်။ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို မည်မျှတိုက်တွန်းအားပေးသည်ဖြစ်စေ ၎င်းတို့က ယင်းကို ငြင်းဆန်ပြီး လက်မခံကြပေ။ အသင်းတော်က ၎င်းတို့ ထမ်းဆောင်ရန် တာဝန်အချို့ကို စီစဉ်ပေးသောအခါတွင် ၎င်းတို့က လျစ်လျူရှုပြီး ယင်းကို ငြင်းဆိုရန် ဆင်ခြေအမြောက်အမြားကို ပေးကြသည်။ ဤသည်တို့မှာ တာဝန်များကို ထမ်းဆောင်ရန် ငြင်းဆန်သော လူများဖြစ်၏။ ဘုရားသခင်အတွက် ဤသို့သောသူတို့သည် နုတ်ထွက်နှင့်ပြီးဖြစ်သည်။ ၎င်းတို့ နုတ်ထွက်ခြင်းမှာ ဘုရားအိမ်တော်က ၎င်းတို့ကို ရှင်းလင်းပစ်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို အသင်းသားစာရင်းထဲမှ ပယ်ဖျက်ခြင်းနှင့် မသက်ဆိုင်ပေ။ ထိုထက် ၎င်းတို့ကိုယ်တိုင်က စစ်မှန်သော ယုံကြည်ခြင်း မရှိ၍ဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင်အား ယုံကြည်သူများအဖြစ် မိမိတို့ကိုယ်ကို အသိအမှတ်မပြုပေ။ ဤအမျိုးအစားသုံးမျိုးထဲမှ တစ်မျိုးနှင့် ကိုက်ညီသောသူ မည်သူမဆိုသည် နုတ်ထွက်ပြီးဖြစ်သောသူတစ်ဦး ဖြစ်သည်။ ဤသည်မှာ တိကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခု ဟုတ်သလော။ (ဟုတ်ပါသည်။) အကယ်၍ သင်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို မဖတ်ရှုပါက ဘုရားသခင်ကို ယုံကြည်သူတစ်ဦးအဖြစ် ထည့်သွင်းရေတွက်၍ရနိုင်သလော။ အကယ်၍ သင်သည် အသင်းတော်အသက်တာကို မရှင်သန်ပါက၊ သင်၏ ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်ဆက်ဆံခြင်း သို့မဟုတ် ရောနှောခြင်း မရှိပါက ယုံကြည်သူတစ်ဦးအဖြစ် ထည့်သွင်းရေတွက်၍ရနိုင်သလော။ သာ၍ပင် ထည့်သွင်းရေတွက်၍မရနိုင်ပေ။ ထို့အပြင် အကယ်၍ သင်သည် သင်၏တာဝန်ကို ထမ်းဆောင်ရန် ငြင်းပယ်ပြီး ဖန်ဆင်းခံတစ်ဦးအနေဖြင့် သင်၏ တာဝန်ဝတ္တရားများကိုပင် မဖြည့်ဆည်းပါက ယင်းမှာ သာ၍ပင် ဆိုးရွားသည်။ ဤလူအမျိုးအစားသုံးမျိုးသည် ဘုရားသခင်က နုတ်ထွက်ပြီးဖြစ်သည်ဟု ရှုမြင်သောသူများ ဖြစ်ကြသည်။ ၎င်းတို့အနေဖြင့် ဘုရားအိမ်တော်မှ နှင်ထုတ်ခံရပြီးဖြစ်သည် မဟုတ်၊ သို့မဟုတ် ဖယ်ရှားရှင်းလင်းခြင်း ခံရပြီးဖြစ်သည်မဟုတ်ဘဲ ယင်းအစား ၎င်းတို့သည် မိမိတို့ဆန္ဒအလျောက် နုတ်ထွက်ပြီးဖြစ်ကာ ဆန္ဒအလျောက် လက်လျှော့ကြပြီးဖြစ်ပေသည်။ ၎င်းတို့၏ အပြုအမူက ၎င်းတို့အနေဖြင့် သမ္မာတရားကို ချစ်မြတ်နိုးခြင်း သို့မဟုတ် လက်ခံခြင်း မရှိကြောင်းနှင့် မုန့်ကို အဝစားရန်သာ ကြည့်ပြီး ကောင်းချီးများကို မျှော်လင့်နေသောသူများ၏ စံပြနမူနာများဖြစ်ကြောင်းကို လုံးလုံးလျားလျား ထုတ်ဖော်ပြပေသည်။
၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။