အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁) အခန်း တစ်

ဖြည့်စွက်ချက်- တရားဒေသနာများကို ကူးယူရေးမှတ်ရာ၌ ပေါ်ပေါက်လာသော ပြဿနာများကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ကူးယူသူများသည် ပြီးခဲ့သော တရားဒေသနာအနည်းငယ်၏ အစတွင်ရှိသော ဇာတ်လမ်းများကို ဖယ်လိုက်ပြီး ယင်းတို့၏ နောက်ပိုင်းမှ တရားဝင် အကြောင်းအရာကိုသာ ချန်ထားခဲ့သည်ဟု လူအချို့က မှတ်ချက်ပေးသည်ကို ငါကြားလိုက်ရသည်။ ဤသည်မှာ တကယ်ကို မှန်ကန်သလော။ ယင်းတို့၏ နောက်မှလာသော တရားဒေသနာများထဲမှ မည်သည့်ဇာတ်လမ်းများကို ခွဲထုတ်ခဲ့သနည်း။ (ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်း၊ ဒါ့မင်းနှင့် ရှောင်မင်းတို့၏ ဇာတ်လမ်းနှင့် အရင်းအနှီးအကြောင်း ဆွေးနွေးချက်တစ်ခု “ဘာပဲဖြစ်ဖြစ်ပါ”တို့ ဖြစ်သည်။) ဤဇာတ်လမ်းသုံးခုကို တရားဒေသနာအကြောင်းအရာမှ ခွဲထုတ်ခဲ့သည်။ သို့သော် အဘယ်ကြောင့်နည်း။ မည်သည့်အကြောင်းပြချက်ကြောင့်နည်း။ သိရသည်မှာ အရှေ့ပိုင်းမှ ဇာတ်လမ်းများသည် အနောက်ပိုင်းမှ တရားဒေသနာများ၏ အကြောင်းအရာနှင့် မကိုက်ညီဟု ကူးယူသူများက ထင်မြင်သောကြောင့် ယင်းတို့ကို ခွဲထုတ်ခဲ့ခြင်း ဖြစ်သည်။ ဤသည်မှာ ကျိုးကြောင်းခိုင်လုံသလော။ ဤသည်မှာ ကူးယူသူများ လုပ်ခဲ့သည့်အရာသာ ဖြစ်သည်။ ၎င်းတို့သည် အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်ကာ ဇာတ်လမ်းများကို ထုတ်ယူသည့်အပြင် မည်သည့်တရားဒေသနာ အကြောင်းအရာမျှ မရှိသည့် သီးခြားအခန်းကြီးများထဲသို့ ထားသည်။ ဤသို့လုပ်ဆောင်ခြင်း၏ ရလဒ်သည် ကောင်းသည်ဟု သင်တို့ဆိုမည်လော၊ သို့မဟုတ် ဆိုးသည်ဟု သင်တို့ဆိုမည်လော။ ထို့အပြင် အစောပိုင်းက ပြောသွားသော ဇာတ်လမ်းသည် ယင်း၏ နောက်ပိုင်းမှ တရားဒေသနာနှင့် သင့်တော်ပြီး ကိုက်ညီရမည်ဟု သင်တို့ဆိုမည်လော။ ဤသည်မှာ အမှန်ပင် လိုအပ်သလော။ (မလိုအပ်ပါ။) ဤသို့ဆိုလျှင် အဘယ်ကြောင့် တရားဒေသနာများကို ကူးယူသူများသည် ဤအလုပ်ကို ဤသို့ နားလည်မှုလွဲသနည်း။ ၎င်းတို့သည် အဘယ်သို့များ ဤသို့သော ယုံကြည်မှုရှိနိုင်သနည်း။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ၎င်းတို့က “ကိုယ်တော်ပြောသည့် ဇာတ်လမ်းများသည် အကြောင်းအရာနှင့် မသက်ဆိုင်။ ကိုယ်တော်အတွက် ကျွန်ုပ်စစ်ဆေးပေးမည်။ ယင်းတို့ကို ဖြန့်ချိသောအခါ၌ ယင်းတို့ကို ကျွန်ုပ် အတူထားရှိမည် မဟုတ်ပါ။ တရားဒေသနာများသည် တရားဒေသနာများဖြစ်သည်။ ယင်းတို့ကို တစ်ခုနှင့်တစ်ခု အဆက်အစပ် ရှိပါစေ။ အရှေ့ပိုင်းမှ ဇာတ်လမ်းများသည် တရားဒေသနာများ၏ အကြောင်းအရာကို ဝင်ရောက်မစွက်ဖက်သင့်ပါ။ ကိုယ်တော်သည် ဤပြဿနာကို ကိုယ်တော့်ဘာသာ နားမလည်သောကြောင့် ယင်းတို့ကို ကိုယ်တော်အတွက် ကျွန်ုပ်စစ်ဆေးပေးရမည်” ဟု မိမိဘာသာ တွေးလိုက်သည်။ ဤသည်မှာ ကောင်းသော ရည်ရွယ်ချက်ဖြစ်သလော။ ၎င်းတို့၏ ဤကောင်းသော ရည်ရွယ်ချက်က မည်သည့်နေရာမှ အရင်းခံသနည်း။ လူသားအယူအဆများမှ အရင်းခံသလော။ (ဟုတ်ပါသည်။) ငါတရားဟောသောအခါ အရာရာတိုင်းကို အလွန် ‌စေ့စေ့စပ်စပ် စဉ်းစားဖို့ လိုသလော။ ငါပြောသော ဇာတ်လမ်းတိုင်းသည် နောက်ပိုင်းမှ အကြောင်းအရာနှင့် ကိုက်ညီဖို့ လိုသလော။ (မလိုပါ။) ဤအတွက် လိုအပ်ခြင်းမရှိ။ ဤသည်မှာ စည်းမျဉ်းစည်းကမ်းတစ်ခု၊ အယူအဆတစ်ခုဟု ခေါ်သည်။ ကူးယူသူများက မည်သည့်အမှားကို ပြုလုပ်ခဲ့သနည်း။ (၎င်းတို့၏ အယူအဆများနှင့် စိတ်ကူးများကို အခြေခံ၍ အမှုကိစ္စများကို လုပ်ဆောင်ခြင်း ဖြစ်သည်။) အခြားမည်သည့်အရာ ရှိသေးသနည်း။ (မဆင်မခြင်ဖြင့် ထင်ရာမြင်ရာ လုပ်ဆောင်ခြင်း ဖြစ်ပါသည်။) ဤအပြုအမူမျိုး၏ သဘာဝသည် အနည်းငယ် မဆင်မခြင်ဖြစ်ပြီး ထင်ရာမြင်ရာ ဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးကင်းမဲ့သည်။ ဤသည်မှာ ကျိုးကြောင်းသင့်သည်ဟု ပြောသော်လည်း ဤအမှုကိစ္စ၏ အနှစ်သာရနှင့် ကွဲပြားဆဲဖြစ်သည်။ တရားဒေသနာများကို ၎င်းတို့ ကူးယူသောအခါ ဘုရားသခင် ပြောသမျှတိုင်းကို ကြည့်ရန်အတွက် မည်သည့်သဘောထားမျိုးနှင့် မည်သည့်အမြင်ရှုထောင့်မျိုးကို ၎င်းတို့ အသုံးပြုသနည်း။ ဇာတ်လမ်းများဖြစ်စေ၊ တရားဒေသနာများဖြစ်စေ ပြောဆိုထားသော ဤအရာများကို မည်သည့်သဘောထားမျိုးနှင့် မည်သည့်ရှုထောင့်မှနေ၍ ၎င်းတို့ကြည့်ပြီး နားထောင်ကြသနည်း။ (အသိပညာနှင့် သင်ယူခြင်းရှုထောင့်မှ ဖြစ်သည်။) မှန်သည်။ ပြောပြသော ဇာတ်လမ်းများနှင့် တရားဒေသနာများ၏ အကြောင်းအရာကို အသိပညာ၏ ရှုထောင့်မှကြည့်ခြင်းသည် ဤပြဿနာကို ဖြစ်စေလိမ့်မည်။ တရားဒေသနာတစ်ခုကို ငါဟောသောအခါတွင် မည်သည့်ကဏ္ဍကို ငါပြောလိုသည်ဖြစ်စေ အကြောင်းအရာက အစီအစဉ်အတိုင်း လိုက်ရမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ စာကြောင်းတိုင်းက ယုတ္တိကျရမည်၊ စာကြောင်းတိုင်းက လူတိုင်း၏ အယူအဆများနှင့် ကိုက်ညီရမည်၊ ပြီးလျှင် ကဏ္ဍတိုင်းက တိကျခိုင်မာသော ရည်ရွယ်ချက်ရှိရမည်ဟု ယုံကြည်ကြသည်။ ၎င်းတို့သည် ဤအယူအဆအတိုင်း ငါ၏ တရားဒေသနာများကို အကဲဖြတ်ကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းကို ပြသလော။ (ပြပါသည်။) ဤသည်မှာ အမှန်ပင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း ဖြစ်သည်။ အသိပညာ၏ ရှုထောင့်မှနေ၍ ငါပြောသည့်အရာကို သဘောထားရန် ဆင်ခြင်တွေးခေါ်မှုစနစ်နှင့် ကောက်ချက်ချခြင်းတို့ကို အသုံးပြုခြင်းသည် ဆိုးဝါးသောအမှားတစ်ခုကို ကျူးလွန်နေခြင်း ဖြစ်သည်။ ငါသည် သမ္မာတရားကို မိတ်သဟာယဖွဲ့နေခြင်း ဖြစ်သည်။ မိန့်ခွန်းများကို အသေအချာ ပြင်ဆင်နေခြင်း မဟုတ်။ ဤအရာနှင့်ပတ်သက်ပြီး သင်ရှင်းလင်းသင့်သည်။ စုဝေးပွဲတွင် တရားဒေသနာများကို ကြားနာခဲ့ပြီး နောက်ပိုင်းတွင် ထိုသူတို့ ကူးယူသည့် ဤတရားဒေသနာများကို ပြန်လည်နားထောင်သောသူများအနေဖြင့် ထိုအချိန်က ပြောထားလင့်ကစား ထိုသူတို့ ဖယ်ရှားလိုက်သည့် အရေးကြီးသောအချက်၊ သို့မဟုတ် အမှုအရာတစ်ခုခုကို သင်တို့ သတိပြုမိသလော။ ဤသို့သောအရာတစ်ခုခု ဖြစ်ပေါ်သလော။ ဥပမာအနေဖြင့် သင်သည် အလွန်ပင် တို့ထိစရာဖြစ်သော၊ အလွန်ပင် တည်ဆောက်စရာ ဖြစ်သော အပိုဒ်တစ်ခုကို စုဝေးပွဲတွင် ကြားနာကောင်း ကြားနာခဲ့နိုင်သည်။ သို့သော် ထို့နောက်တွင် တရားဒေသနာအား အသံသွင်းထားသည်ကို နားထောင်သောအခါ ထိုအပိုဒ်က ထိုနေရာတွင် မရှိတော့သည်ကို တွေ့လိုက်ရသည်။ ဖယ်ရှားလိုက်ပြီး ဖြစ်သည်။ သင်တို့တွင် ဤသို့ ဖြစ်ပျက်ဖူးသလော။ သင်တို့ ဂရုစိုက်၍ နားမထောင်လျှင် သတိမထားမိကောင်း မထားမိနိုင်ပေ။ ထို့ကြောင့် နောင်တွင် အသေအချာ ဂရုစိုက်၍ နားထောင်လော့။ တစ်ခါက အသံသွင်းချက်တစ်ခုကို ငါနားထောင်ခဲ့သည်။ ပြီးလျှင် ငါသည် အန္တိခရစ်များ၏ အမျိုးစုံသော သရုပ်သကန်များကို ဆွေးနွေးရန် စတင်ပြီး ယင်းတို့ကို တစ်မှ တစ်ဆယ့်ငါးအထိ စာရင်းမှတ်သည့်နေရာတွင် တစ်ခုချင်းစီမှ အသေးစိတ် ရှင်းလင်းချက်များနှင့် ရှင်းလင်းတင်ပြချက်များကို ၎င်းတို့ ဖယ်လိုက်ပြီး ဤအစား ပထမ သရုပ်သကန်၊ ဒုတိယသရုပ်သကန်၊ တတိယသရုပ်သကန် စသည်တို့ကိုသာ စာရင်းမှတ်ထားသည်။ သရုပ်သကန်တစ်ခုစီကို တစ်ခုပြီးတစ်ခု အလွန်လျင်မြန်စွာ ပြောဆိုထားပြီး ကျောင်းဆရာတစ်ယောက်က သင်ခန်းစာတစ်ခု သင်ကြားနေခြင်းထက် အလွန်ပင်ပို၍ မြန်လေသည်။ ယခင်က ထိုတရားဒေသနာကို မကြားဖူးဘဲ ရင်းနှီးခြင်း မရှိသည့် လူအများစုအတွက် ယင်းကို နားထောင်သောအခါ၌ ၎င်းတို့တွင် ချင့်ချိန်တွေးတောရန် အချိန်တစ်စက်မျှ ရှိမည်မဟုတ်။ ၎င်းတို့သည် ဂရုစိုက်၍ နားထောင်လိုလျှင် အစဉ်သဖြင့် ခဏရပ်ကာ စာတစ်ကြောင်းကို နားထောင်ပြီး ထို့နောက် အလျင်အမြန် ချရေး၍ ဤစာကြောင်းက မည်သည့်အရာအား ဆိုလိုသည်ကို ဆင်ခြင်ပြီး ထို့နောက်တွင် နောက်စာကြောင်းတစ်ကြောင်းကို ဖွင့်ရမည် ဖြစ်သည်။ ဤသို့မဟုတ်လျှင် အရှိန်က မြန်လွန်းမည်ဖြစ်ပြီး ၎င်းတို့ မလိုက်နိုင်ပေ။ ဤသည်မှာ တရားဒေသနာ အသံသွင်းချက်တို့ကို တည်းဖြတ်သောသူများက ပြုလုပ်သည့် ဆိုးရွားသော အမှားတစ်ခု ဖြစ်သည်။ တရားဒေသနာတစ်ခုသည် စကားစမြည်ပြောခြင်း၊ ဆွေးနွေးခြင်းတစ်ခု ဖြစ်သည်။ တရားဒေသနာများ၏ အကြောင်းအရာမှာ အဘယ်နည်း။ သမ္မာတရားအမျိုးမျိုးနှင့် လူတို့၏ အခြေအနေအမျိုးမျိုးကို ဆွေးနွေးသည်။ ယင်းတို့အားလုံးတွင် သမ္မာတရား ပါဝင်သည်။ ထို့ကြောင့် သမ္မာတရားပါဝင်သော ဤအကြောင်းအရာအားလုံးသည် လူတို့အတွက် လက်ခံပြီး နားလည်ရန် လွယ်ကူသလော၊ သို့မဟုတ် တဖြည်းဖြည်းချင်း မတုံ့ပြန်မီတွင် စဉ်းစားသုံးသပ်ခြင်း၊ တစိမ့်စိမ့် ချင့်ချိန်တွေးတောခြင်း၊ စိတ်ပိုင်းဆိုင်ရာဖြင့် လုပ်ဆောင်ခြင်းတို့ လိုအပ်ပါသလော။ (စဉ်းစားသုံးသပ်ခြင်း၊ တစိမ့်စိမ့် ချင့်ချိန်တွေးတောခြင်း၊ စိတ်ပိုင်းဆိုင်ရာ ဆန်းစစ်ချက်တို့ လိုအပ်ပါသည်။) ဤသို့ဆိုလျှင် ဤအခြေအနေကို အခြေခံပြီး တရားဒေသနာကို ဟောကြားနေသူသည် မည်သည့်အရှိန်မျိုးကို ထိန်းထားသင့်သနည်း။ စက်သေနတ်ကဲ့သို့ လျင်မြန်စွာ စကားပြောလျှင် အလုပ်ဖြစ်မည်လော။ (မဖြစ်ပါ။) သင်ခန်းစာသင်ကြားနေသော ဆရာတစ်ယောက်ကဲ့သို့လော။ (မဟုတ်ပါ။) မိန့်ခွန်းပြောနေသော သူတစ်ယောက်ကဲ့သို့လော။ (မဟုတ်ပါ။) ဤသည်မှာ လုံးဝ အလုပ်ဖြစ်မည် မဟုတ်။ တရားဒေသနာဟောကြားနေစဉ်တွင် အမေး၊ အဖြေများရှိရမည်။ ချင့်ချိန်စဉ်းစားရန် အချိန်ရှိပြီး လူတို့အား တုံ့ပြန်ရန် အချိန်ပေးရမည်။ ဤအရှိန်က သင့်လျော်သည်။ ၎င်းတို့သည် ဤစည်းမျဉ်းကို နားမလည်ဘဲ တရားဒေသနာများကို ကူးယူကြသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုကင်းမဲ့ခြင်းကို ပြသလော။ (ပြပါသည်။) ၎င်းတို့သည် အမှန်ပင် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ ၎င်းတို့က “ကိုယ်တော် ပြောဆိုနေသည့် ဤအရာများကို ငါကြားပြီးသား ဖြစ်သည်။ တစ်ကြိမ်နားထောင်ပြီးသည်နှင့် လိုရင်းကို ငါ မှတ်မိပြီး ကိုယ်တော် ပြောနေသည့်အရာကို ငါ သိသည်။ တရားဒေသနာ အသံသွင်းချက်များကို ကြိမ်ဖန်များစွာ တည်းဖြတ်ခြင်းမှ ငါ ရရှိခဲ့သော အတွေ့အကြုံနှင့် အကောင်းဆုံးသော ကျွမ်းကျင်မှုများကို အသုံးပြုလျက် ဤပုံစံဖြင့် ငါ လုပ်ဆောင်ပြီး အရှိန်မြှင့်မည်” ဟု တွေးသည်။ အရှိန်မြှင့်ခြင်းသက်သက်သည် ပြဿနာဖြစ်သည့် ပုံစံသိပ်မရှိပေ။ သို့သော် ယင်းသည် တရားဒေသနာ ကူးယူခြင်းအပေါ် မည်သည့်အရာ ဖြစ်စေသနည်း။ စာတမ်းတိုတစ်ခုအဖြစ်သို့ ပြောင်းလဲစေသည်။ စာတမ်းတိုတစ်ခုအဖြစ်သို့ ပြောင်းလဲသည်နှင့် လူကိုယ်တိုင်တွေ့ပြီး နားထောင်ရသကဲ့သို့သော ခံစားချက် ပျောက်သွားသည်။ ဤသို့ဆိုလျှင် တူညီသော သက်ရောက်မှုကို ရရှိနိုင်သလော။ ကွဲပြားမှုတစ်ခုရှိဖို့ သေချာသည်။ ဤကွဲပြားမှုက ပို၍ကောင်းစေသလော၊ ပို၍ ဆိုးသွားစေသလော။ (ပို၍ ဆိုးသွားစေပါသည်။) ယင်းက ပို၍ ဆိုးသွားစေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူများသည် ကိုယ်ပိုင်သဘောဆန္ဒအလျောက် ပြုမူကြပြီး မိမိတို့ကိုယ်ကို ပါးနပ်သည်ဟု ထင်ကြသည်။ ၎င်းတို့သည် ပညာတတ်ဖြစ်သည်၊ ကျွမ်းကျင်မှုရှိသည်၊ ဆုကျေးဇူးရှိပြီး ဉာဏ်ထက်မြက်သည်ဟု ယုံကြည်ကြသည်။ သို့သော် ၎င်းတို့သည် ကျိုးကြောင်းမသင့်သောအရာများကို လုပ်ဆောင်ရင်းဖြင့် အဆုံးသတ်ကြလေသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) ငါ၏ တရားဒေသနာများတွင် အဘယ်ကြောင့် တစ်ခါတစ်ရံ၌ သင်တို့အား ငါမေးခွန်းများမေးသနည်း။ လူအချို့က “ကျွန်ုပ်တို့ ငိုက်မြည်းမည် ကိုယ်တော် စိုးရွံ့သောကြောင့် ဖြစ်နိုင်သည်” ဟု ဆိုကြသည်။ ဤသို့ဖြစ်သလော။ အဘယ်ကြောင့် ငါသည် တစ်ခါတစ်ရံတွင် အခြားသောကိစ္စများအကြောင်း ပြောသနည်း။ အကြောင်းအရာနှင့် သွေဖည်သွား၍ ပေါ့ပါးပြီး စိတ်ကြည်နူးဖွယ် ဖြစ်သောအရာများကို ဆွေးနွေးသနည်း။ ဤသည်မှာ သင်တို့အား သက်သောင့်သက်သာ ဖြစ်စေရန် ဖြစ်သည်။ သင်တို့အား ချင့်ချိန်စဉ်းစားဖို့ အချိန်ပေးရန် ဖြစ်သည်။ ဤသည်မှာ သင်တို့အား သမ္မာတရား၏ ရှုထောင့်တစ်ခုခုအပေါ် ပိုမိုကျယ်ပြန့်သော နားလည်မှုကို ရရှိစေသည်။ ဤသို့ဖြင့် သင်သည် သင်၏ နားလည်မှုကို စကားများ၊ တိုက်ရိုက်အဓိပ္ပာယ်၊ အယူဝါဒများ၊ သို့မဟုတ် သဒ္ဒါတည်ဆောက်ပုံ တို့ဖြင့် မကန့်သတ်ပေ။ ဤအရာများဖြင့် မကန့်သတ်သင့်ပေ။ ထို့ကြောင့် တစ်ခါတစ်ရံတွင် အခြားသောအရာများကို ငါပြောဆိုသည်။ တစ်ခါတစ်ရံတွင် ငါသည် ပတ်ဝန်းကျင် အခြေအနေကို ပေါ့ပါးသွားစေရန် ဟာသများကို ငါပြောသည်။ သို့သော် အမှန်တွင် ရလဒ်တစ်ခုကို ရရန်အတွက်သာ ယင်းကို ငါ အဓိကအားဖြင့် လုပ်ဆောင်ခြင်းဖြစ်သည်။ ဤအရာကို သင်တို့ နားလည်သင့်သည်။

သင်သိသလော။ ဘာသာရေး သင်းအုပ်ဆရာတစ်ယောက်က တရားဒေသနာတစ်ပုဒ် ဟောကြားသောအခါတွင် သူသည် တရားဟောစင်မြင့်တွင် ရပ်ပြီး လူတို့၏ တကယ့်အသက်တာများနှင့်ဖြစ်စေ၊ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေများနှင့်ဖြစ်စေ၊ ၎င်းတို့တွင် ရှိနေသော ပြဿနာများနှင့်ဖြစ်စေ စိုးစဉ်းမျှ ဆက်စပ်မှုမရှိသည့် ထိုအသက်မဲ့သော အကြောင်းအရာများအကြောင်းကိုသာ ပြောသည်။ ယင်းတို့အားလုံးမှာ အသက်မဲ့သော စကားများနှင့် အယူဝါဒများဖြစ်သည်။ ၎င်းတို့သည် ကြားကောင်းသောစကားအနည်းငယ်မှလွဲ၍ အခြားမည်သည့်အရာကိုမျှ မပြောဘဲ အနှစ်မရှိသော ဆောင်ပုဒ်အချို့ကို ဟစ်ကြွေးသည်။ ဤအရာက နားထောင်သူများကို ပျင်းရိစေပြီး ၎င်းတို့သည် ယင်းမှ မည်သည့်အရာမျှ မရရှိပေ။ အဆုံးတွင် သင်းအုပ်ဆရာက အထက်မှ စကားပြောနေပြီး အောက်တွင် မည်သူကမျှ အရေးမစိုက်နေသည့် အခြေအနေဖြစ်သည့် ရလဒ်ကို ရရှိသည်။ အပြန်အလှန်ဆက်ဆံမှု လုံးဝ မရှိ။ သင်းအုပ်ဆရာသည် လေအကုန်ခံနေခြင်း မဟုတ်လော။ သင်းအုပ်ဆရာများသည် ငွေရှာရန်အတွက်၊ မိမိတို့ကိုယ်တိုင်၏ ရှင်သန်မှုအတွက်သာ တရားဒေသနာများကို ဤနည်းဖြင့် ဟောကြားလေသည်။ တရားပွဲတက်ရောက်သူများ၏ လိုအပ်ချက်များကို ထည့်မစဉ်းစားပေ။ ယခုအခါတွင် ငါတို့အတွက်မူ ငါတို့၏ တရားဒေသနာ ဟောကြားမှုသည် ဘာသာရေးအခမ်းအနားတစ်ခု ပြုလုပ်ခြင်း၊ သို့မဟုတ် တာဝန်တစ်မျိုးကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းနှင့် မသက်ဆိုင်။ ရလဒ်အချို့ကို ရရှိခြင်းနှင့် သက်ဆိုင်သည်။ ရလဒ်များကို ရရှိရန်အတွက် ရှုထောင့်အားလုံးကို ထည့်စဉ်းစားရသည်။ လူမျိုးစုံ၏ လိုအပ်ချက်များ၊ ၎င်းတို့၏ အယူအဆများ၊ စိတ်ကူးများ၊ အခြေအနေများနှင့် ၎င်းတို့၏ အမြင်ရှုထောင့်များအားလုံးကို ထည့်စဉ်းစားရမည်။ အသုံးပြုထားသော စကားအသုံးအနှုန်းကို လူမှုအတန်းအစားတစ်ခုစီ၏ လူတို့လက်ခံနိုင်သည့် အတိုင်းအတာကိုလည်း ထည့်စဉ်းစားရမည်။ စာပေဟန်ဖြစ်သော အသုံးအနှုန်းကို အလွန်နှစ်သက်သည့် ပညာတတ်ဖြစ်သောလူအချို့သည် အတော်အတန် သဒ္ဒါမှန်ကန်ပြီး ယုတ္တိကျသော စာပေဆိုင်ရာ စကားများကို ကြားရဖို့ လိုကို လိုအပ်လေသည်။ ၎င်းတို့သည် ယင်းတို့ကို နားလည်နိုင်သည်။ ဤသို့သော စာပေဟန် အသုံးအနှုန်းနှင့် မရင်းနှီးသော၊ လူ့အဖွဲ့အစည်း၏ ပိုမိုနိမ့်ကျသော အလွှာအဆင့်တွင် ရှိသည့် သာမန်လူအချို့လည်းရှိသည်။ ဤသို့ဆိုလျှင် မည်သည့်အရာကို ငါလုပ်ဆောင်သင့်သနည်း။ အရပ်သုံး စကားအနည်းငယ်ကို ငါပြောရသည်။ ယခင်က အရပ်သုံးစကားကို ငါ သိပ်အသုံးမပြုခဲ့။ သို့သော် နှစ်ကာလများတစ်လျှောက်တွင် ငါ အနည်းငယ် သင်ယူတတ်မြောက်ခဲ့သည်။ ပြီးလျှင် ယခုအခါ၌ ငါသည် တစ်ခါတစ်ရံ၌ အပိုင်းနှစ်ပိုင်း ပါဝင်သည့် စကားပုံများကိုပင် သာမန်ကာလျှံကာ ထည့်ပြောသည်၊ သို့မဟုတ် ဟာသများကိုပင် ပြောသည်။ ဤသို့ဖြင့် လူတိုင်းသည် ၎င်းတို့၏ လူမှုအဆင့်အတန်းက မည်သို့ဖြစ်စေ နားထောင်ပြီးနောက်တွင် ငါပြောသည့်အရာတိုင်းသည် နားလည်ရန် လွယ်ကူသည်၊ ၎င်းတို့နှင့် ပို၍နီးစပ်စွာ ဆက်နွှယ်မှုရှိသည်ဟု ခံစားရလိမ့်မည်။ သို့သော် အားလုံးက အရပ်သုံးစကားဖြစ်လျှင် တရားဒေသနာ၏ အကြောင်းအရာသည် လုံလောက်စွာ နက်နဲသကဲ့သို့ ထင်ရမည်မဟုတ်ပေ။ ထို့ကြောင့် ၎င်းကို တရားဝင် ဘာသာစကားအချို့နှင့် ပေါင်းစပ်ရမည်ဖြစ်ပြီး အားလုံးကို နေ့စဉ်ဘဝ၏ ဘာသာစကားဖြင့် ဖော်ပြရမည် ဖြစ်၏။ ထိုအခါမှသာ အနိမ့်ဆုံး စံနှုန်းကို ပြည့်မီမည်ဖြစ်သည်။ “ပြောပြတာပါ”၊ “လိုမျိုး”၊ “ပြောချင်တာက” စသည်တို့ကဲ့သို့ စကားများကို ပြောလျက် အရပ်သုံးစကားကို စတင်အသုံးပြုသည်နှင့် ဤသို့သော အသုံးအနှုန်းပေါင်းများစွာကို ပေါင်းစပ်ခြင်းသည် သမ္မာတရားကို သိရှိစေသည့် အတိုင်းအတာကို ထိခိုက်နိုင်သည်။ သို့ရာတွင် အားလုံးက စာပေဟန် အသုံးအနှုန်း ဖြစ်လျှင်၊ ပုဒ်ဖြတ်ပုဒ်ရပ်များအထိပင် စကားလုံးတစ်လုံးချင်းစီ အစမှအဆုံးတိုင်အောင် အားလုံးကို ဇာတ်ညွှန်းရေးထားသည့်အလား စာတမ်းတိုတစ်ခုကို ရွတ်ဆိုသကဲ့သို့၊ သို့မဟုတ် စာပေအရေးအသားတစ်ခုကို ဖတ်နေသကဲ့သို့ အမှား စိုးစဉ်းမျှပင် မရှိဘဲ သဒ္ဒါဆိုင်ရာ ယုတ္တိနှင့် ကျိုးကြောင်းဆင်ခြင်မှုတို့ကို တစ်ဆင့်ချင်း လိုက်နာလျက် အားလုံးကို အစီအစဉ်ကျစွာ၊ စာပေဟန်ဖြင့် ပြောဆိုလျှင် အလုပ်ဖြစ်မည်ဟု သင်တို့ထင်သလော။ အလွန်ပင် ဒုက္ခများလွန်းမည်ဖြစ်သည်။ ယင်းအတွက် ငါအားအင်မရှိ။ ဤသည်မှာ ရှုထောင့်တစ်ခုဖြစ်သည်။ ပြီးလျှင်လည်း လူတိုင်းသည် ပညာတတ်သည်ဖြစ်စေ၊ ပညာမတတ်သည်ဖြစ်စေ ၎င်းတို့လူ့သဘာဝ၏ ရှုထောင့်အမျိုးမျိုးကို ပြသသည်။ ဤလူ့သဘာဝ ဖော်ပြချက်များသည် လက်တွေ့ဘဝနှင့် ဆက်နွှယ်သည်။ အပြန်အလှန်အနေဖြင့် လက်တွေ့ဘဝသည် နေ့စဉ်သုံး ဘာသာစကားနှင့် ခွဲ၍ မရနိုင်ပေ။ ယင်းသည် သင်၏ နေထိုင်ရာ ပတ်ဝန်းကျင်နှင့် ခွဲ၍မရနိုင်ပေ။ ဤနေထိုင်ရာ ပတ်ဝန်းကျင်သည် အရပ်သုံးစကားအချို့ ရောနှောနေပြီး အတော်အတန် စာပေဆန်သော ဟန်တစ်ခုဖြင့် ရိုးရှင်းသော ဝေါဟာရအချို့လည်း ပါဝင်ကာ ဤနေ့စဉ်ဘာသာစကားမျိုးဖြင့် ပြည့်နေသည်။ အခြေခံအားဖြင့် ဤအကြောင်းအရာ၏ နယ်ပယ်အားလုံး လွှမ်းခြုံပြီး ပါဝင်သဖြင့် ဤသည်မှာ လုံလောက်သည်။ အသက်ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ၊ ပညာမတတ်သည်ဖြစ်စေ၊ အသိပညာအချို့ ပိုင်ဆိုင်သည်ဖြစ်စေ အခြေခံအားဖြင့် လူတိုင်း သဘောပေါက်နိုင်သည်။ လူတိုင်း နားလည်နိုင်သည်။ ငြီးငွေ့မည်မဟုတ်။ ၎င်းတို့ ဉာဏ်မမီဟု ခံစားရမည်မဟုတ်။ ဤသည်မှာ မိတ်သဟာယဖွဲ့ခြင်း၊ တရားဒေသနာ ဟောကြားခြင်းတွင် လူတို့လိုအပ်ချက်များ၏ ရှုထောင့်အားလုံးကို ဆင်ခြင်စဉ်းစားလျက် ထည့်သွင်းစဉ်းစားရမည့်အရာ ဖြစ်သည်။ တရားဒေသနာတစ်ပုဒ်သည် ရလဒ်တစ်ခု ရရှိဖို့ ဖြစ်လျှင် စကားပြောသည့် အရှိန်၊ စကားလုံး ရွေးချယ်မှု၊ ဖော်ပြသည့် ပုံစံတို့ဖြစ်သည့် ဤရှုထောင့်အားလုံးကို ထည့်စဉ်းစားရမည်။ ထို့အပြင် တစ်စုံတစ်ခုကို ရှင်းလင်းစွာပြောဆိုပြီး သမ္မာတရား၏ ရှုထောင့်တစ်ခုကို မိတ်သဟာယဖွဲ့သောအခါ မည်သည့်အဆင့်တွင် အစုံအစေ့ သိရှိစေပြီး ဖြစ်သနည်း။ မည်သည့်အဆင့်တွင် အတော်အသင့် မနှံ့စပ်သေးသနည်း။ မည်သည့် ရှုထောင့်များကို ထည့်သွင်းသင့်သနည်း။ ဤအရာအားလုံးကို ထည့်စဉ်းစားရမည်။ ဤရှုထောင့်များကိုပင် သင်ထည့်မစဉ်းစားလျှင် သင်၏တွေးခေါ်နိုင်စွမ်းသည် အလွန်ပင် ချို့တဲ့နေသည်။ အခြားလူများက ရှုထောင့်နှစ်ခုဖြင့် စိတ်ကူးကြည့်ရာတွင် သင်က ရှုထောင့်သုံးခုဖြင့် တွေးနိုင်ရမည်။ သင်သည် အခြားလူများထက် ပို၍စေ့စပ်စွာ၊ တိကျစွာ မြင်ရမည်။ ပြဿနာမျိုးစုံကို ရှင်းလင်းစွာ မြင်နိုင်ရမည်။ ပြီးလျှင် ပါဝင်သော သမ္မာတရားစည်းမျဉ်းများကိုလည်း ခံစားနိုင်ရမည်။ ဤသို့ဖြင့် လူတို့ စဉ်းစားနိုင်သည့်၊ ဖော်ပြနိုင်သည့်၊ သို့မဟုတ် ထုတ်ဖော်နိုင်သည့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ၏ ရှုထောင့်အားလုံးအပြင် ပါဝင်သော အခြေအနေများတို့သည် အခြေခံအားဖြင့် အားလုံး ခြုံငုံပြီးဖြစ်ကာ လူအားလုံးက နားလည်လိမ့်မည်။ ကူးယူသူများသည် ဤအစွမ်းအစနှင့် တွေးခေါ်ပုံများကိုလည်း ပိုင်ဆိုင်ရမည်လော။ ၎င်းတို့၌ ဤအရာများ မရှိဘဲ ယင်းအစား တရားဒေသနာ၏ အဓိကအချက်၊ ယင်း၏ ဗဟိုကျသော အယူအဆ၊ အပိုင်းတိုင်း၏ အဓိကအချက်တို့ကို အကျဉ်းချုပ်ရန် သူတို့ သင်ယူခဲ့သည့် အသိပညာအပေါ် အစဉ်အမြဲ မှီခိုနေပါက တရုတ်ကျောင်းသားများက စာပေအရေးအသားများကို လေ့လာသကဲ့သို့ ဖြစ်လိမ့်မည်။ ဆရာက ရှေးဦးစွာ ၎င်းတို့ကို စာပေအရေးအသား တစ်ခုလုံးအား ကြိုတင်ဖတ်ရှုစေကာ ထို့နောက်တွင် ဂရုတစိုက် ဖတ်ရှုစေသည်။ ပထမ သမားရိုးကျ သင်ခန်းစာတွင် ဆရာသည် ပထမအပိုဒ်၏ ဆိုလိုရင်းအကြောင်းကိုပြောသည်။ ဝေါဟာရအသစ်ကို မိတ်ဆက်သည်။ ပြီးလျှင် ပါဝင်သော သဒ္ဒါကို ဆွေးနွေးသည်။ ကဏ္ဍအားလုံးကို လေ့လာပြီးနောက်တွင် ယင်းတို့ကို သင်ကျက်မှတ်ရဆဲ ဖြစ်ပြီး နောက်ဆုံးတွင် ဝေါဟာရအသစ်ဖြင့် စာကြောင်းများပြုလုပ်ကာ စာပေအရေးအသား၏ အချက်အချာကျသော အယူအဆနှင့် စာရေးဆရာ၏ ဤစာကို ရေးရခြင်း ရည်ရွယ်ချက်ကို နားလည်ရဦးမည်ဖြစ်သည်။ ဤသို့ဖြင့် စာပိုဒ်က မည်သည့်အရာကို သိရှိစေဖို့ ကြိုးစားနေသည်ကို အပြည့်အဝနားလည်လိမ့်မည်။ ဤအရာများကို လူတိုင်း လေ့လာပြီး ဖြစ်သည်၊ ယင်းတို့ကို လူတိုင်းသိသည်။ သို့သော် တရားဒေသနာတစ်ပုဒ်ကို ကူးယူရန်အတွက် ဤအရာများကို အသုံးချလျှင် ယင်းသည် အခြေခံကျလွန်းသည်။ ငါ သင့်ကို ပြောနေသည်မှာ သင်က စာတမ်းတိုတစ်ပုဒ်ကို ရေးနေလျှင် ဤအရာများကို အသုံးပြုနိုင်သည် ဟူ၍ဖြစ်သည်။ ယင်းမှာ စာရေးခြင်းအတွက် အခြေခံ သာမန်အသိဖြစ်သည်။ သို့သော် သင်သည် တရားဒေသနာတစ်ပုဒ်ကို ကူးယူခြင်း၌ ဤအတွေးအခေါ်၊ ဤသဘောတရား၊ ဤနည်းလမ်းကို အသုံးချလျှင် မမှားသွားနိုင်သလော။ အသေအချာပင် မှားနိုင်သည်။ ဤဇာတ်လမ်းအား ငါအဘယ်ကြောင့် ပြောလိုသည်ကို သင်မသိ။ ဤဇာတ်လမ်းမှ သင်နားလည်ရမည့် သမ္မာတရားကို သင်နားလည်ဖို့ မကြိုးစား။ ဤသည်မှာ အမှားတစ်ခု ဖြစ်သည်။ ပြီးလျှင် ဇာတ်လမ်းနှင့် တရားဒေသနာ အကြောင်းအရာနှစ်မျိုးလုံးမှ သမ္မာတရားကို သင်နားလည်နိုင်သလော။ နားမလည်နိုင်လျှင် သင်သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့နေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသည့် လူစားမျိုးသည် တရားဒေသနာများကို ကူးယူရန် မည်သည့်အရည်အချင်းများ ရှိဖို့ ဖြစ်နိုင်သနည်း။

ဇာတ်လမ်းများကို အဘယ်ကြောင့် ငါပြောသည်ဟု သင်တို့အားလုံး ထင်ကြသနည်း။ တရားဒေသနာများအား ကူးယူသူတို့က အကြောင်းရင်းကို မသိသောကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အမြင်များကို ထည့်ပေါင်းကြသည်။ ငါသည် ဇာတ်လမ်းများကို ပြောလိုလျှင် နောက်ပိုင်းမှ အကြောင်းအရာနှင့် ကိုက်ရမည်ဟု ၎င်းတို့က ယုံကြည်သည်။ ဇာတ်လမ်းများအား ငါအဘယ်ကြောင့် ပြောသည်ကို ၎င်းတို့မသိ။ သင်တို့လည်း မသိဘူး မဟုတ်လော။ သင်တို့မသိသည့်အတွက် အကြောင်းရင်းကို ငါပြောပြမည်။ အစမှ ယခုအချိန်အထိ အန္တိခရစ်များ၏ သရုပ်သကန်အမျိုးမျိုးကို ဆယ်ကြိမ်ခန့် ဆွေးနွေးပြီး ဖြစ်သည်။ ပြီးလျှင် ယင်းတို့၏ တစ်ဝက်ကိုသာ ငါပြီးစီးခြင်းဖြစ်သည်။ ဤအကြောင်းအရာကို တစ်ခေါက်တည်းနှင့် အားလုံးပြီးအောင်ပြောလျှင် ဤအကြောင်းအရာသည် အလွန်ပင် ငြီးငွေ့ဖွယ်ကောင်းမည် မဟုတ်လော။ ငါတို့ စတင်သည့်အချိန်တိုင်းတွင် ပထမဦးစွာ ငါသည် ပြီးခဲ့သည့်အခေါက်က ဆွေးနွေးခဲ့သည့်အရာကို လူတိုင်းအား ပြန်လည်ဆန်းစစ်ခိုင်းရင်း အကြောင်းအရာများကို ငါချက်ချင်း ပြောဆိုပြီးနောက် စတင်စကားပြောဆိုပြီး သင်တို့အားလုံးက ကမန်းကတန်း မှတ်စုများရေးမှတ်ကာ စာရေးပြီးရင်း ရေးကြသည့်အပြင် မျက်လုံးပွင့်နေအောင် ရုန်းကန်ကြိုးစားနေပြီး ထို့နောက်တွင် ငါလက်စသတ်သည်နှင့်တစ်ပြိုင်နက် လူတိုင်းအား အနှစ်ချုပ်စေ၍ လူတိုင်းက မျက်လုံးကို ပွတ်လျက် ယနေ့မိတ်သဟာယပြုသွားသည့် အကြောင်းအရာကို လှန်လှောဖတ်ရှု၍ ရွတ်ဆိုကြပြီး လူတိုင်း အကြမ်းဖျင်း မှတ်မိသွားပုံရသည့်အခါ ငါက “ယနေ့အတွက် ဤမျှပင် ဖြစ်သည်။ လက်စသတ်ကြစို့။ ပြီးလျှင် ဤအကြောင်းကို နောက်တစ်ခေါက်၌ ဆက်၍ပြောမည်” ဟု ဆိုလျှင် လူတိုင်းက “စုဝေးပွဲတိုင်းက အစဉ် ဤအရာများအကြောင်းဖြစ်သည်။ ဤပုံစံအတိုင်းသာ ဖြစ်သည်။ အကြောင်းအရာက ရှည်လွန်းပြီး ငြီးငွေ့ဖွယ်ကောင်းလွန်းသည်” ဟူ၍ အနည်းငယ် စိတ်ညစ်လိမ့်မည်။ ထို့အပြင် သမ္မာတရားအား မိတ်သဟာယဖွဲ့ခြင်းသည် သမ္မာတရား၏ ကဏ္ဍအားလုံးတွင် လူတို့က တစ်ပြိုင်နက်တိုးတက်စေလျက်ဖြင့် ရှုထောင့်များစွာ ပါဝင်ရမည်။ ဤသည်မှာ လူ၏ အသက်ဝင်ရောက်မှုကဲ့သို့ ဖြစ်သည်။ မိမိ၏ ကိုယ့်ကိုယ်ကိုယ် သိမြင်မှု၊ စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု၊ ဘုရားသခင်အား သိမြင်မှု၊ မိမိ၏ ကိုယ်ပိုင်အခြေအနေအမျိုးမျိုးကို သတိပြုမိမှုနှင့် မိမိ၏ လူ့သဘာဝ၊ အသိအမြင်များနှင့် အခြားသောကဏ္ဍအားလုံးနှင့်ပတ်သက်ပြီး တိုးတက်မှု ရှိရမည်။ ဤအရာအားလုံးသည် တစ်ပြိုင်နက်တည်း တိုးတက်ရမည်။ ဤအချိန်အတွင်းတွင် ငါသည် အန္တိခရစ်များ၏ မတူညီသော သရုပ်သကန်များအား ပိုင်းခြားသိမြင်ခြင်းကိုသာ ဆွေးနွေးလျှင် လူတို့သည် သမ္မာတရား၏ အခြားသော ကဏ္ဍများကို ဘေးဖယ်ထားကောင်း ထားနိုင်သည်။ ပြီးလျှင် ၎င်းတို့သည် “မည်သူက အန္တိခရစ်ပုံစံနှင့် တူသနည်း။ ငါသည် အန္တိခရစ်တစ်ဦးဖြစ်သလော။ ငါ့အနီးတွင် အန္တိခရစ်မည်မျှရှိသနည်း” ဟူ၍ တစ်နေကုန် စဉ်းစားနေလိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်းသည် သမ္မာတရား၏ အခြားသောကဏ္ဍများသို့ ၎င်းတို့၏ဝင်ရောက်မှုကို ထိခိုက်လိမ့်မည်။ ထို့ကြောင့် တရားဒေသနာ၏ အကြောင်းအရာက နောက်ထပ် သမ္မာတရားတစ်ခု မည်သို့ပါဝင်နိုင်သည်ကို ငါစဉ်းစားသည်။ ဤသို့ဖြင့် လူတို့သည် နောက်ထပ်သမ္မာတရားတစ်ခုကို နားလည်နိုင်သည်။ ဆိုလိုသည်မှာ “အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း”ဟူသည့် အကြောင်းအရာကို ဆွေးနွေးသောအခါ လူတို့သည် အခြားသောကဏ္ဍအချို့ကိုလည်း တိုက်ဆိုင်စွာ နားလည်နိုင်ကြသည်။ ဤသို့သောတရားဒေသနာ၏ ရလဒ်သည် ပိုကောင်းသည်မဟုတ်လော။ (ဟုတ်ပါသည်။) ဥပမာ ပင်တိုင်အစားအစာတစ်ခုကို သင်စားသောအခါ ယင်းနှင့်အတူ ပန်းသီးတစ်လုံးကို သင်တစ်ခါတစ်ရံ စားလိမ့်မည်။ ဤသည်မှာ အာဟာရကို အပိုဆောင်းပေးသည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ့ကို ပြောလော့။ ဤသို့ဆိုလျှင် ငါ့အနေဖြင့် ဇာတ်လမ်းများကို ပြောရန် လိုအပ်သလော။ (လိုအပ်ပါသည်။) ဤသည်မှာ သေချာသည်။ မလိုအပ်လျှင် အဘယ်ကြောင့် ငါပြောမည်နည်း။ ပေါ့ပါးပြီး ကြည်နူးဖွယ်ဖြစ်သော အကြောင်းအရာအချို့ကို ဆွေးနွေးရန် ဇာတ်လမ်းများအား အသုံးပြုခြင်းသည် သမ္မာတရား၏ အခြားသော ကဏ္ဍများရှိ တစ်စုံတစ်ခုကို လူတို့ရယူပြီး ရရှိစေသည်။ ဤသည်မှာ ကောင်းသောအရာတစ်ခု ဖြစ်သည်။ ဤပေါ့ပါးသော အကြောင်းအရာများအား ဆွေးနွေး၍ပြီးသောအခါတွင် အဓိကအကြောင်းအရာကို ငါပြန်ဆွေးနွေးသည်။ ဤသို့စီစဉ်ခြင်းသည် သင့်လျော်သည်။ အဓိကဟင်းလျာမတိုင်မီတွင် မည်သည့်အရာကို သင်စားသနည်း။ (နှုတ်မြိန်စာကိုစားသည်။) ဤသည်မှာ နှုတ်မြိန်စာတစ်ခု ဖြစ်သည်။ နှုတ်မြိန်စာများသည် အလွန်အရသာရှိလေ့ရှိပြီး အစာစားချင်စိတ် ပေါ်လာစေသည် မဟုတ်လော။ ထို့ကြောင့် ဇာတ်လမ်းတစ်ခုကို ငါပြောသောအခါ ထိုဇာတ်လမ်းမှ သမ္မာတရား၏ ကဏ္ဍတစ်ခုကို သင်ရနိုင်ပြီး သင်၏ အသိပညာ၊ သို့မဟုတ် သင်၏ နားလည်မှုကို နက်နဲစေသည်။ ဤသည်မှာ အားလုံးကောင်းပေသည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူများသည် ဇာတ်လမ်းများကို ကြားပြီး အပေါ်ယံအလွှာကိုသာ ကြားကာ အတွင်းထဲရှိ နားလည်သင့်သည့် သမ္မာတရားကို မမြင်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ ဤအရာနှင့်ပတ်သက်၍ မည်သည့်အရာကိုမျှ လုပ်ဆောင်၍ မရနိုင်ပေ။ ဥပမာ “ဒါ့ပေါင်နှင့် ရှောင်ပေါင်တို့၏ ဇာတ်လမ်း”ကို နားထောင်ပြီး လူအချို့က ဒါ့ပေါင်က ဆိုးပြီး ရှောင်ပေါင်က မိုက်မဲသည်ကိုသာ မှတ်မိသည်။ ဒါ့ပေါင်နှင့် ရှောင်ပေါင်၏ အမည်များကို ၎င်းတို့မှတ်မိသည်။ သို့သော် ဇာတ်လမ်းထဲမှ လူသည် သူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအား မည်သည့်အခြေအနေများ၌ ထုတ်ဖော်ခဲ့သည်ကိုလည်းကောင်း၊ မည်သည့်စိတ်သဘောထားမျိုးကို ထုတ်ဖော်ခဲ့သည်ကိုလည်းကောင်း၊ ဤစိတ်သဘောထားသည် မည်သည့်အရာကို ဆိုလိုသည်ကိုလည်းကောင်း၊ သို့မဟုတ် ယင်းသည် သမ္မာတရားနှင့် မည်သည့်ဆက်နွှယ်မှုရှိသည်ကိုလည်းကောင်း မမှတ်မိပေ။ မည်သည့်အခြေအနေများတွင် သင်ကိုယ်တိုင်က ဤစိတ်သဘောထားမျိုးကို ထုတ်ဖော်မည်နည်း။ ဤသို့သော စကားများကို သင်ပြောမည်လော။ သင်က “ဤသို့သောစကားများကို ကျွန်ုပ်ပြောမည်မဟုတ်”ဟု ဆိုလျှင် ဤသည်မှာ သမ္မာတရားအား သင်နားမလည်သေးသည်ကို သက်သေပြသောကြောင့် ပြဿနာ ရှိလေသည်။ လူအချို့က “အခြေအနေအချို့ကို ကျွန်ုပ်ကြုံသောအခါ ဤသို့သောစကားများကို ပြောကောင်းပြောနိုင်သည်။ ဤသည်မှာ အခြေအနေတစ်ခုခုတွင် ထွက်လာသော စိတ်သဘောထားမျိုး ဖြစ်သည်” ဟု ဆိုကြသည်။ ဤအရာကို သင်သိသည်နှင့် ဤဇာတ်လမ်းကို သင်အချည်းနှီးနားထောင်ပြီး ဖြစ်မည်မဟုတ်။ ဇာတ်လမ်းကို နားထောင်ပြီးနောက်တွင် လူအချို့က “ဒါ့ပေါင်သည် မည်သည့်လူမျိုး ဖြစ်သနည်း။ သူသည် ကလေးငယ်တစ်ယောက်ကိုပင် အနိုင်ကျင့်ပြီး လှည့်ဖြားသည်။ သူသည် ယုတ်မာလှသည်။ ကျွန်ုပ်သည် ကလေးများကို ဤသို့ လှည့်ဖြားမည်မဟုတ်” ဟု ဆိုသည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်းမဟုတ်လော။ ၎င်းတို့သည် ထိုကိစ္စအကြောင်းသက်သက်ကိုသာ ပြောဆိုနေသော်လည်း ဇာတ်လမ်းအတွင်း ပါဝင်သော မိတ်သဟာယဖွဲ့သည့် သမ္မာတရားကို နားမလည်ပေ။ အခြေအနေကို မိမိတို့ကိုယ်တိုင်နှင့် မဆက်စပ်နိုင်ပေ။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့ခြင်း၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လွန်စွာကင်းမဲ့ခြင်းကို ပြသည်။ တရားဒေသနာများအား ကူးယူသူတို့သည် ဤပြဿနာကို ကြုံရသည်။ တစ်စုံတစ်ခုက သမ္မာတရားပါဝင်သည်နှင့် လူအချို့သည် မယုံကြည်သူ၏ အမြင်များကို ထုတ်ဖော်သည်။ သမ္မာတရား ပါဝင်သည်နှင့် တစ်ပြိုင်နက် လူအချို့က ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်။ သမ္မာတရားပါဝင်သည်နှင့် တစ်ပြိုင်နက် လူအချို့သည် လွဲချော်တတ်လာကြသည်။ အချို့မှာ စိတ်နှလုံးခိုင်မာလာကြသည်။ အချို့မှာ ကောက်ကျစ်ဆိုးယုတ်လာကြသည်။ အချို့မှာ သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ ဖြစ်လာကြသည်။ ဤသို့ဆိုလျှင် တရားဒေသနာ ကူးယူသူများသည် မည်သည့်စိတ်သဘောထားရှိသနည်း။ အနည်းဆုံးအနေဖြင့် ၎င်းတို့သည် မာနထောင်လွှားပြီး စိတ်ကြီးဝင်ကာ သူတို့ဘာသာ အလျင်ဦးဆောင် ဆောင်ရွက်ကြသည်။ နားလည်ခြင်းမရှိသကဲ့သို့ နားလည်ရန်လည်း မကြိုးစားပေ။ ယင်းအကြောင်းကို မေးမြန်းခြင်းပင်မရှိ။ ဇာတ်လမ်းများကို နောက်ပိုင်း အကြောင်းအရာနှင့် ချက်ချင်း ခွဲထုတ်လိုက်သည်။ ၎င်းတို့က “ဤတရားဒေသနာများကို ကူးယူရန် ငါ့ကို ပေးသည်။ ထို့ကြောင့် ဤဆုံးဖြတ်ချက်ကိုချရန် ငါ့၌ အခွင့်အာဏာရှိသည်။ ပြောင်းလဲမှုလုပ်ရန် ငါ၏ အာဏာကို သုံး၍ ဇာတ်လမ်းများကို ဖြတ်ပြီး ရှင်းထုတ်ပစ်လိုက်မည်။ ဤသည်မှာ ကိုယ်တော် ငါ့ကို ပေးသည့် တရားဒေသနာများအပေါ် ငါ ပြုမူမည့်ပုံစံသာ ဖြစ်သည်။ ကိုယ်တော်မကြိုက်လျှင် ငါ့ကို အသုံးမပြုနှင့်” ဟု တွေးကြသည်။ ဤသည်မှာ မာနထောင်လွှားပြီး စိတ်ကြီးဝင်ခြင်း မဟုတ်လော။ ၎င်းတို့သည် သမ္မာတရားကို မသိမှတ်နိုင်။ သမ္မာတရားကို နားမလည်နိုင်ပေ။ ၎င်းတို့၏ တာဝန်က မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်တို့ကို မသိ။ ဤသို့သော မည်သည့်အရာကိုမျှ ၎င်းတို့မသိပေ။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သူတို့သည် တည်ကြည်မှုမရှိကြောင်း ထင်ဟပ်သည့် ကျိုးကြောင်းမသင့်သောအရာများ၊ လူသားမဆန်သောအရာများကိုသာ လုပ်ဆောင်နိုင်ကြသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ပါးနပ်သည်ဟု တွေးလျက်၊ ကျိုးနွံနာခံမှုကင်းမဲ့လျက်ဖြင့် သမ္မာတရားစည်းမျဉ်းများကို ချိုးဖောက်သောအရာများကိုသာ လုပ်ဆောင်ကြခြင်းလည်း ရှိသည်။ ငါ၏ တရားဒေသနာများအား အသံသွင်းချက်များကို ကူးယူရန် ၎င်းတို့အား ပေးခဲ့သည်။ ပြီးလျှင် မည်သို့ ကိုင်တွယ်ရမည်ဆိုသည်နှင့်ပတ်သက်ပြီး မည်သည့်ထင်မြင်ချက်၊ သို့မဟုတ် အတွေးများရှိသည်ဖြစ်စေ ၎င်းတို့သည် ငါ့ကို မမေးပေ။ ဤပြဿနာသည် အလွန်မဆိုးဝါးသလော။ (ဆိုးဝါးပါသည်။) မည်သည့်အဆင့်ထိ ဆိုးဝါးသနည်း။ (ဘုရားနှုတ်ကပတ်တော်များကို လက်ဆော့သည့် သဘာဝရှိသည်။) အမှန်ပင် ဤသဘာဝအနည်းငယ်ရှိလေသည်။

ငါသည် သမ္မာတရား၏ သတ်သတ်မှတ်မှတ်ဖြစ်သော ကဏ္ဍတစ်ခုကို ဆွေးနွေးလျက် ဇာတ်လမ်းတစ်ခုကို ပြောပြပြီး ထို့နောက်တွင် အခြားသော ကဏ္ဍများနှင့်ပတ်သက်သော တရားဒေသနာများကို ဟောသည်။ ဤအကြောင်းအရာနှစ်ခု ကိုက်ညီခြင်းရှိမရှိကို ငါထည့်စဉ်းစားသလော။ ဤအရာကို ငါဦးစွာ စဉ်းစားရမည်။ သို့သော် ဤကဏ္ဍနှစ်ခုကို ကိုက်ညီရမည်ဟု ငါအဘယ်ကြောင့် ခိုင်ခိုင်မာမာ မပြောခဲ့သနည်း။ ဤအရာကို ငါသတိမူမိသလော။ (သတိမူမိပါသည်။) ဤသို့ဆိုလျှင် အဘယ်ကြောင့် ဤအရာက တရားဒေသနာအား ကူးယူသူများအတွက် ပြဿနာတစ်ခု ဖြစ်လာသနည်း။ ငါပြောနေသော ဇာတ်လမ်းသည် နောက်ပိုင်းမှ တရားဒေသနာနှင့် ဆက်စပ်မှုမရှိသည်ကို ငါသိသည်။ ဤအရာကို ၎င်းတို့ သတိမူမိသလော။ သတိမမူမိပေ။ ၎င်းတို့သည် ဤကိစ္စကို ဂရုတစိုက်ပင် စဉ်းစားကြည့်ခြင်းမရှိခဲ့။ ၎င်းတို့က “ကိုယ်တော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ ညွှန်ကြားခြင်းကို ခံရသည်။ သမ္မာတရားကဲ့သို့ ထင်ရသရွေ့ ကိစ္စမရှိပေ။ ထိုနေ့က ဇာတ်လမ်းတစ်ခုကို ကိုယ်တော်ပြောခဲ့သည်။ ထို့နောက်တွင် သတ်သတ်မှတ်မှတ်ဖြစ်သော အကြောင်းအရာတစ်ခုကို ဆွေးနွေးခဲ့သည်။ ဤအရာနှစ်ခုကြားတွင် မည်သည့်ဆက်နွှယ်မှု ရှိသနည်း။ အဘယ်ကြောင့် ဤပုံစံဖြင့် စကားပြောသနည်း။ ပြောဆိုပြီးနောက်တွင် မည်သည့်အကျိုးအမြတ်ကို ဖြစ်ပေါ်နိုင်သနည်း။ ဤမည်သည့်အရာကိုမျှ ကိုယ်တော်မသိ။ ဤသည်မှာ အလုပ်ဖြစ်မည် မဟုတ်” ဟု တွေးကြသည်။ ရှေးဦးစွာ မည်သည့်အကြောင်းကို ငါပြောဆိုမည်၊ မည်သို့ပြောဆိုသည်၊ မည်သည့် သတ်သတ်မှတ်မှတ် အကြောင်းအရာကို ငါ ကိုင်တွယ်သည်ဟူသည့် ဤအရာများကို ဆုံးဖြတ်စဉ်တွင် ငါသည် စိတ်ရှင်းသော အခြေအနေတွင် ရှိနေသလော၊ ငါ့ကို ပြောလော့။ (ရှိနေပါသည်။) ငါသည် အမှန်ပင် စိတ်ရှင်းသောအခြေအနေတွင် ရှိနေသည်။ မပြတ်သားသော အခြေအနေတွင် သေချာပေါက် ရှိမနေပေ။ ငါ၏ စိတ်တွင် ရှင်းလင်းသော အတွေးစဉ်တန်းရှိသည်။ တစ်စုံတစ်ဦးသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့လျှင်၊ သမ္မာတရားအား မည်သို့ရှာရမည်ကို မသိလျှင်၊ အလွန်ကောင်းသည်ဟု ထင်မြင်လျက် အမှုအရာများကို မစဉ်းမစား စိစစ်ပြီး မစဉ်းမစားဖြင့် အမျိုးအစားခွဲလျှင် သူသည် ဖာရိရှဲစစ်စစ် ဖြစ်သည်မဟုတ်လော။ ၎င်းတို့သည် ကြီးကျယ်ခမ်းနားသော အနှစ်မရှိသည့် သဘောတရားများကိုသာ ကြားလိုသည်။ လက်တွေ့ဆန်ပြီး လက်တွေ့ကျသည့် တရားဒေသနာများအား ကြားရသည်ကို မနှစ်သက်ပေ။ ရလဒ်မှာ ၎င်းတို့သည် သမ္မာတရားများ၏ အပေါ်ယံအကျဆုံးသော အရာကိုပင် နားမလည်ခြင်း ဖြစ်သည်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု လွန်စွာ ကင်းမဲ့ခြင်းကို ပြသည်။ ဘုရားသခင်ကို ကြောက်ရွံ့သော စိတ်နှလုံးမရှိဘဲ လူတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ကာ အလွန့်အလွန် ရဲတင်းလာလိမ့်မည်။ ၎င်းတို့သည် အားလုံးကို နားလည်သည်ဟု တွေးလျက် မည်သည့်ကိစ္စကိုမဆို ဝေဖန်အပြစ်တင်ရဲလိမ့်မည်။ ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် အတိအကျပင် ဤသို့ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားဖြစ်သည်။ ရဲတင်းပြီး မဆင်မခြင် လုပ်ဆောင်ခြင်းသည် ကောင်းသောအရာလော၊ သို့မဟုတ် ဆိုးသောအရာလော။ (ဆိုးသောအရာ ဖြစ်သည်။) ရဲတင်းခြင်း၊ သို့မဟုတ် ကြောက်တတ်ခြင်းသည် အမှန်တွင် အရေးမပါပေ။ အရေးပါသည်မှာ မိမိစိတ်နှလုံးတွင် ဘုရားသခင်အပေါ် ကြောက်ရွံ့ခြင်းတစ်ခုတလေရှိမရှိ ဖြစ်သည်။ နောက်ပိုင်းတွင် တရားဒေသနာ၏ အသံသွင်းချက်ကို သင်တို့ နားထောင်သောအခါ ကူးယူခြင်းမှနေ၍ အဓိကကျသောအချက်များကို ဖယ်ရှားခဲ့ခြင်း ရှိမရှိအား ပိုင်းခြားသိမြင်ဖို့ ဂရုစိုက်လော့။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သော ဤစိတ်ပျက်ဖွယ်ကောင်းသူတို့သည် တစ်ခါတစ်ရံတွင် ၎င်းတို့လုပ်ဆောင်သော အရာများက အနှောင့်အယှက်လုပ်ခြင်းများနှင့် ထိခိုက်မှုတို့ကို အမှုမဲ့အမှတ်မဲ့ ဖြစ်စေနိုင်သည်။ ဤသည်မှာ တမင်သက်သက် မဟုတ်ဟု ၎င်းတို့က ပြောသည်။ တမင်သက်သက် မဟုတ်လျှင် ၎င်းတို့၏ စိတ်သဘောထားက ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်ဟု ဆိုလိုသလော။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားဖြစ်ဆဲ ဖြစ်သည်။ ဤအကြောင်းအရာနှင့် ပတ်သက်၍ ယခုတော့ ဤမျှသာ ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။