အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁) အခန်း သုံး

အန္တိခရစ်များသည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ မည်သို့ကျိုးနွံနာခံစေပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ယနေ့ မိတ်သဟာယသည် အန္တိခရစ်များက ပြသည့် အမျိုးမျိုးသောနည်းလမ်းများရှိ အချက်ရှစ်ဖြစ်သော ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် ဆိုသည့်အရာ ဖြစ်သည်။ ဤအချက်ကို သင်တို့ နားလည်နိုင်သလော။ ဤအချက်၏ မည်သည့်သရုပ်သကန်များကို သင်နားလည်သည့်အရာဖြင့် ယှဉ်တွဲကြည့်၍ရနိုင်သည်ကို ဦးစွာ စဉ်းစားလော့။ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည်။ တိုက်ရိုက်အဓိပ္ပာယ်မှာ နားလည်ရန် လွယ်ကူသည်။ သို့သော် အတွင်းတွင် အခြေအနေများစွာရှိသည်။ ပြီးလျှင် အချို့သော လူအမျိုးမျိုးက ပြသသည့် စိတ်သဘောထားအမျိုးမျိုး၊ သို့မဟုတ် ထိုစိတ်သဘောထားအမျိုးမျိုးက ပြသသည့် အပြုအမူအမျိုးမျိုးရှိသည်။ ဤသည်မှာ ကြီးမားသော အကြောင်းအရာ ဖြစ်သည်။ ယင်း၏ ပိုမိုသေးငယ်သော အင်္ဂါရပ်အချို့မှနေ၍ ယင်းကို ငါတို့ မိတ်သဟာယဖွဲ့ရမည်။ ဤအချက်ကို ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်အရ ရှင်းပြရန်အတွက် စကားလုံးများ၊ အယူဝါဒများကို ဟောပြောသောသူများက များသောအားဖြင့် မကြာခဏ ပြောကြသည်မှာ “ဤသည်မှာ အရာခပ်သိမ်း၌ ၎င်းတို့ကို နာခံခြင်းကို ဆိုလိုသည်။ ၎င်းတို့ပြောသည့်အရာက သမ္မာတရားနှင့် မညီသောအခါတွင်ပင် ၎င်းတို့သည် လူတို့အား ၎င်းတို့ကို နာခံအောင်လုပ်ဆောင်သည်။ ၎င်းတို့က စကားလုံးနှင့် အယူဝါဒအနည်းငယ်ကို ဟောပြောသောအခါ အခြားလူတို့အား ၎င်းတို့ကို နာခံစေသည်။ စကားစုတစ်ခုကို ၎င်းတို့ ပြောသောအခါ အခြားလူတို့အား ယင်းကို နာခံစေသည်။ ၎င်းတို့သည် အစဉ်သဖြင့် အခြားလူတို့အား အမိန့်ပေးတတ်သည်။ အခြားလူများအား အလုပ် ခွဲဝေပေးသည်။ ပြီးလျှင် အခြားလူများအား ၎င်းတို့ကို နာခံရန် အတင်းအကျပ် ဖိအားပေးသည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ယင်း၏ တိုက်ရိုက်အဓိပ္ပာယ်ကို အနည်းငယ် ပြောဆိုသောအခါ၌ ၎င်းတို့ အများအားဖြင့် မကြာခဏ ပြောဆိုသည့် ပုံစံမဟုတ်လော။ အခြားမည်သည့်အရာ ရှိသေးသနည်း။ “၎င်းတို့သည် အရာရာတွင် မှန်သည်ဟု ထင်ကြသည်။ လူတိုင်းအား ၎င်းတို့ကို နာခံစေသည်။ ပြီးလျှင် ၎င်းတို့ပြောသည့်အရာက သမ္မာတရားနှင့် မညီသော်လည်း လူတို့အား ကျိုးနွံနာခံစေသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို သမ္မာတရားအဖြစ်၊ ဘုရားသခင်အဖြစ် ရှုမြင်ကြသည်။ ပြီးလျှင် လူတို့သည် ၎င်းတို့ကို နာခံရာတွင် သမ္မာတရားအပေါ်၊ ဘုရားသခင်အပေါ် ကျိုးနွံနာခံနေခြင်းဖြစ်သည်။ ဤသည်မှာ ယင်း၏ ဆိုလိုသည့်အဓိပ္ပာယ် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ဤအကြောင်းအရာကို ပြောဆိုနေသည်မှာ သင်တို့ဖြစ်လျှင် ထိုအတိုင်း သင်တို့ မည်သို့လုပ်ဆောင်သင့်သည်ကို ထည့်သွင်းစဉ်းစားလော့။ သင်တို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့ပြီးဖြစ်သော၊ သို့မဟုတ် တွေ့ကြုံပြီးဖြစ်သောအရာနှင့် စတင်သည်ဆိုလျှင် မည်သည့်အချက်မှ စတင်မည်နည်း။ လက်တွေ့အရှိတရားအကြောင်းကို ငါတို့ပြောသည်နှင့်တစ်ပြိုင်နက် သင်တို့တွင် မည်သည့်အရာမျှ ပြောရန် မရှိ။ ဤသို့ဆိုလျှင် သင်တို့၏ ညီအစ်ကိုမောင်နှမများနှင့် ပုံမှန် မိတ်သဟာယတွင်လည်း မည်သည့်အရာမျှ ပြောရန် မရှိသလော။ စကားမပြောဘဲနှင့် သင်တို့အလုပ်ကို မည်သို့ ကောင်းစွာ လုပ်ဆောင်နိုင်မည်နည်း။ ဤသရုပ်သကန်၏ ခိုင်မာသော ပုံစံများနှင့် အပြုအမူများအကြောင်းကို ဦးစွာ ပြောလော့။ ယင်းတို့ထဲမှ မည်သည့်အရာကို သင်တို့ ယခင်က မြင်ဖူးကြသနည်း၊ သို့မဟုတ် မျက်မြင်တွေ့ဖူးကြသနည်း။ သင်တို့၌ သဘောပေါက်မှု တစ်ခုတလေ ရှိသလော။ (ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်သောအခါ အတော်အတန် ပြင်းထန်သော အကြံအစည်အချို့ရှိပြီး ထိုအရာများကို ကျွန်ုပ် အလွန်ပင် လုပ်ဆောင်လိုသည်။ ကျွန်ုပ်၏ ထိုအတွေးများသည် ကောင်းမွန်ပြီး မှန်ကန်သည်ဟု ကျွန်ုပ် ထင်သည်။ အခြားလူများက ယင်းတို့အပေါ် သံသယများဝင်သောအခါ ကျွန်ုပ်က ကိစ္စကို နှောင့်နှေး၍မဖြစ်၊ ချက်ချင်း ဖြေရှင်းဖို့လိုသည်ဟု ပြောသည်။ ထို့နောက်တွင် ကျွန်ုပ် လုပ်ဖို့ ရည်ရွယ်ထားသည့်အရာကို ကျွန်ုပ် အတင်းအဓမ္မလုပ်ဆောင်သည်။ အခြားလူများက ရှာဖွေရန် ဆန္ဒရှိနိုင်သော်လည်း ကျွန်ုပ်က ၎င်းတို့ကို အချိန်မပေးလိုပါ။ ကျွန်ုပ်သည် ၎င်းတို့ကို ကျွန်ုပ် အယူအဆများနှင့် ညီသောအရာကို လုပ်ဆောင်စေလိုသည်။) ယင်းမှာ တိကျသော သရုပ်သကန်ဖြစ်သည်။ အခြားတစ်ခုကို မည်သူပြောမည်နည်း။ (ကျွန်ုပ်သည် တစ်ခါက လူတစ်ယောက်အား ရာထူးတိုးမြှင့်ပေးခြင်းနှင့် ပျိုးထောင်ခြင်းကိစ္စနှင့်ပတ်သက်၍ ညီအစ်ကိုမောင်နှမများနှင့် မိတ်သဟာယဖွဲ့နေသည်။ ကျွန်ုပ်သည် အမှန်တွင် ထိုသူကို ရာထူးတိုးပေးဖို့ စိတ်ပိုင်းဖြတ်ပြီး ဖြစ်သည်။ ကျွန်ုပ်သည် အထက်မှ ရှာဖွေပြီးဖြစ်သည်ဟုလည်းကောင်း၊ ထိုသူကို ရာထူးတိုးပေးသည့် ကိစ္စနှင့်ပတ်သက်၍ ပြဿနာ မရှိဟုလည်းကောင်း ခံစားရသည်။ ညီအစ်ကိုမောင်နှမအနည်းငယ်က ဤကိစ္စကို ကောင်းစွာ နားမလည်သေးပါ။ ပြီးလျှင် ထိုသူကို အဘယ်ကြောင့် ရာထူးတိုးပေးသင့်သည်ဆိုသည့်အကြောင်းကိုဖြစ်စေ၊ စည်းမျဉ်းများက မည်သည့်အရာများ ဖြစ်သည်ကိုဖြစ်စေ၊ သမ္မာတရားက မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ ကျွန်ုပ် မိတ်သဟာယမဖွဲ့ခဲ့ပါ။ ထိုသူ ကောင်းသည့် အကျင့်စရိုက်များကိုသာ၊ ထိုသူကို ရာထူးတိုးပေးခြင်းသည် စည်းမျဉ်းများနှင့်ညီကြောင်းတို့ကိုသာ ၎င်းတို့အား ကျွန်ုပ် အတင်းအကျပ် ပြောဆိုခဲ့သည်။ ကျွန်ုပ်ကို နာခံရန်အတွက်၊ ကျွန်ုပ် လုပ်ဆောင်သည့်အရာမှာ မှန်သည်ဟု ယုံကြည်ရန်အတွက် ၎င်းတို့ကို အတင်းအကျပ်လုပ်ခိုင်းခဲ့သည်။) သင်တို့သည် ပြဿနာများ၏ အမျိုးအစားတစ်ခု၊ အခြေအနေများ၏ အမျိုးအစားတစ်ခုကို ပြောဆိုနေခြင်း ဖြစ်သည်။ ယင်းမှာ ဤအချက်နှင့် အလုံးစုံ ကိုက်ညီသည်။ ထိုတိုက်ရိုက်နားလည်မှုအနည်းငယ်သည် သမ္မာတရားအပေါ် သင်နားလည်သမျှဖြစ်သည့် ပုံစံရှိသည်။ ထို့ကြောင့် ဤအရာအပေါ် ငါ မိတ်သဟာယဖွဲ့ရမည်။ ဤအချက်ကို သင်တို့ အတော်ပင် နားလည်ခဲ့လျှင် ဤအချက်ကို ကျော်ပြီး နောက်တစ်ခုကို မိတ်သဟာယဖွဲ့မည်။ သို့သော် ကျော်၍မရသေးဘဲ စီစဉ်ထားသည့်အတိုင်း ယင်းကို မိတ်သဟာယဖွဲ့ရမည့် ပုံစံရှိလေသည်။

အန္တိခရစ်များ၏ အမျိုးမျိုးသော သရုပ်သကန်များရှိ အချက်ရှစ်မှာ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် ဟူ၍ ဖြစ်သည်။ ဤတွင် အန္တိခရစ်တစ်ဦး၏ အနှစ်သာရ၏ ဖော်ပြချက်အချို့ရှိသည်။ ယင်းသည် အသေအချာပင် ကိစ္စတစ်ခုတည်း၊ စကားစုတစ်ခုတည်း၊ အမြင်တစ်ခုတည်း၊ သို့မဟုတ် အမှုအရာများကို ကိုင်တွယ်သည့် နည်းလမ်းတစ်ခုတည်း မဟုတ်။ ထိုထက် ယင်းသည် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သည့်စိတ်သဘောထားနည်း။ ယင်းသည် ပုံစံအချို့ဖြင့် ပေါ်လွင်သည်။ ပထမပုံစံမှာ ဤသို့သောသူတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ အမှုကိစ္စများကို လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။ စိတ်သဘောထားတစ်ခု ဖြစ်သည်။) မှန်သည်။ ယင်းသည် စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ပြခြင်း ဖြစ်သည်။ အနှစ်သာရက မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ခြင်းဖြစ်သော အရာ ဖြစ်သည်။ ဤသို့သောလူတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ ပထမတစ်ခု ဖြစ်သည်။ ယင်းက ပေါ်လွင်သည့် ဒုတိယပုံစံမှာ ၎င်းတို့တွင် လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် လိုအင်ဆန္ဒနှင့် ရည်မှန်းချက်ရှိသည်။ ဤသည်မှာ စိတ်သဘောထားတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) အမှုအရာများကို လုပ်ဆောင်သည့် နည်းတစ်ခု ဖြစ်သလော။ (မဟုတ်ပါ။) ယင်းသည် သင်တို့ပြောသည့်အရာများနှင့် ကွဲပြားသလော။ သင်တို့သည် တစ်ခုတည်းသော ဖြစ်ရပ်များ၊ အမှုအရာများကို လုပ်ဆောင်သည့် တစ်ခုတည်းသော နည်းလမ်းများကို ပြောဆိုခဲ့သည်။ ယင်းတို့သည် အနှစ်သာရတစ်ခု မဟုတ်။ ဤသရုပ်သကန်သည် သင်တို့ပြောခဲ့သည့် အရာများထက် ပို၍ မပြင်းထန်သလော။ (ပြင်းထန်ပါသည်။) ယင်းသည် အရင်းအမြစ်သို့ ရောက်သည်။ တတိယပုံစံမှာ ၎င်းတို့ တာဝန်ယူသည့် မည်သည့်အလုပ်မဆိုတွင် အခြားလူများအား စွက်ဖက်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ ကြီးကြပ်ခြင်းတို့ မပြုလုပ်ရန် ပိတ်ပင်ခြင်း ဖြစ်သည်။ ယင်းသည် အနှစ်သာရတစ်ခု ဖြစ်သလော။ (ဟုတ်ပါသည်။) ဤအနှစ်သာရတစ်ခုစီတွင် ဖြစ်ပေါ်သော အပြုအမူများနှင့် အမှုအရာများကို လုပ်ဆောင်သည့် နည်းလမ်းများစွာရှိသည်။ ဤအနှစ်သာရသည် အချက်ရှစ်နှင့် ကိုက်ညီပြန်သည်မဟုတ်လော။ စတုတ္ထပုံစံမှာ ၎င်းတို့သည် အတွေ့အကြုံနှင့် အသိပညာအနည်းငယ်ကို ရရှိပြီး သင်ခန်းစာအချို့ ရသည်နှင့် တစ်ပြိုင်နက် သမ္မာတရား၏ ပြယုဂ်ဖြစ် ဟန်ဆောင်ခြင်း ဖြစ်သည်။ ဤသည်မှာ ၎င်းတို့သည် သမ္မာတရားအနည်းငယ်ကို မိတ်သဟာယဖွဲ့နိုင်လျှင် သမ္မာတရား လက်တွေ့ကျမှုကို ပိုင်ဆိုင်သည်ဟု မိမိတို့ကိုယ်ကို ထင်မြင်ကြပြီး ၎င်းတို့သည် သမ္မာတရားရှိသူ၊ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သူ၊ သမ္မာတရားကို ချစ်သူ၊ သမ္မာတရား လက်တွေ့ကျမှု ရှိသူဖြစ်သည်ဟု အခြားလူတို့အား ပြသလိုသည်ကို ဆိုလိုသည်။ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ကြသည်။ ဤသည်မှာ လေးနက်သော သဘာဝရှိသည့် ကိစ္စတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသရုပ်သကန်သည် အချက်ရှစ်နှင့် ကိုက်ညီသလော။ (ကိုက်ညီပါသည်။) ကိုက်ညီသည်။ အချက်ရှစ်သည် အခြေခံအားဖြင့် ဤပုံစံလေးခုတွင် ပေါ်လွင်သည်။ ယင်းတို့ကို ရွတ်ဆိုလော့။ ပထမတစ်ခုဖြင့် စလော့။ (ပထမတစ်ခုမှာ ဤသို့သောသူတို့သည် မည်သူနှင့်မျှ သဟဇာတဖြစ်စွာ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။) “သဟဇာတဖြစ်စွာ” ဆိုသည်မှာ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းကို ရည်ညွှန်းသည်။ ဤသို့သောလူတို့သည် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်နိုင်မှု မရှိခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် အမှုကိစ္စများကို ၎င်းတို့ဘာသာ လုပ်ဆောင်သည်။ ၎င်းတို့ လုပ်ဆောင်ရာတွင် တစ်ကိုယ်တော်ဖြစ်သည်။ “တစ်ကိုယ်တော်” ဆိုသည်မှာ ပထမ သရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်ဖြစ်သည်။ ယခု ဒုတိယဖြစ်သည်။ (၎င်းတို့တွင် လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် ရည်မှန်းချက်နှင့် ဆန္ဒရှိသည်။) ဤသည်မှာ ဆိုးဝါးသော သရုပ်သကန် ဟုတ်သလော။ (ဟုတ်ပါသည်။) ဤသို့ဆိုလျှင် ဒုတိယသရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်မှာ အဘယ်နည်း။ စကားတစ်လုံးဖြင့် ဖော်ပြလော့။ (ကောက်ကျစ်ဆိုးယုတ်သော။) “ကောက်ကျစ်ဆိုးယုတ်သော” ဟူသည်မှာ နာမဝိသေသနတစ်ခုဖြစ်သည်။ ယင်းသည် ၎င်းတို့၏ စိတ်သဘောထားကို သရုပ်ဖော်ပြသည်။ စကားလုံးမှာ “ထိန်းချုပ်ခြင်း” ဖြစ်သင့်သည်။ “ထိန်းချုပ်ခြင်း” ဆိုသည်မှာ လုပ်ဆောင်မှုတစ်ခု၊ ဤသို့သော စိတ်သဘောထားတစ်ခုမှ ပေါ်ပေါက်သောအရာမျိုးတစ်ခု ဖြစ်သည်။ ပြီးလျှင် တတိယသရုပ်သကန်ဖြစ်သည်။ (၎င်းတို့ တာဝန်ယူသည့် မည်သည့်အလုပ်မဆိုတွင် အခြားလူများအား ကြားဝင်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ ကြီးကြပ်ခြင်းတို့ မပြုလုပ်ရန် ပိတ်ပင်သည်။) ဤသည်မှာ အန္တိခရစ်များတွင် အတွေ့ရများသည့် စိတ်သဘောထားတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းသည် အန္တိခရစ်များ၏ တစ်မူထူးသည့် ထူးခြားသော ပင်ကိုလက္ခဏာဖြစ်သည့် စိတ်သဘောထားတစ်ခု ဖြစ်သည်။ ဤသရုပ်သကန်ကို အနှစ်ချုပ်ရန် ဆီလျော်သောစကားတစ်လုံးရှိသလော။ ရှိသည်။ “အတိုက်အခံပြုခြင်း” ဖြစ်သည်။ မည်သူလာသည်ဖြစ်စေ ၎င်းတို့က အတိုက်အခံပြုသည်။ ညီအစ်ကိုမောင်နှမများ၏၊ သာမန်လူများ၏ ကြီးကြပ်မှု၊ စုံစမ်းမေးမြန်းမှုများကို ၎င်းတို့ လက်ခံဖို့ မဆိုထားနှင့်၊ ဘုရားသခင်၏ စိစစ်မှုကိုပင် ၎င်းတို့ လက်ခံမည်မဟုတ်။ ယင်းသည် အတိုက်အခံပြုခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) ပြီးလျှင် စတုတ္ထသရုပ်သကန် ဖြစ်သည်။ (၎င်းတို့သည် အတွေ့အကြုံနှင့် အသိပညာအနည်းငယ်ကို ရရှိပြီး သင်ခန်းစာအချို့ ရသည်နှင့် တစ်ပြိုင်နက် သမ္မာတရား၏ ပြယုဂ်ဖြစ် ဟန်ဆောင်သည်။) သင့်တော်သောစကားလုံးတစ်ခုဖြင့် ဤအရာကို ငါတို့ အနှစ်ချုပ်မည်။ “ဟန်ဆောင်ခြင်း” ဖြစ်သည်။ ဟန်ဆောင်ခြင်းသည် အတုအယောင်ပြုခြင်းထက် ပိုဆိုးဝါးသည်။ အချက်ရှစ်နှင့် ဆက်နွှယ်သော အခြေခံအချက်၊ ထူးခြားသော ပင်ကိုလက္ခဏာရှိသော အပြုအမူများ၊ အမှုအရာများကို လုပ်ဆောင်ပုံများနှင့် စိတ်သဘောထားများအားလုံးကို ဤသရုပ်သကန်လေးခုအတွင်း၌ တွေ့ရသည်။ ပထမသရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်မှာ “တစ်ကိုယ်တော်”ဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်ဘဲ ၎င်းတို့ဘာသာ လုပ်ဆောင်လိုသည်။ မိမိတို့ကိုယ်ကိုမှလွဲ၍ မည်သူ့ကိုမျှ နားမထောင်ဘဲ အခြားလူများကိုလည်း ၎င်းတို့ကိုသာ နားထောင်စေပြီး အခြားမည်သူ့ကိုမျှ နားမထောင်စေပေ။ ၎င်းတို့၏ စိတ်အလိုကျအတိုင်းသာ ဖြစ်ရမည်ဖြစ်သည်။ ဒုတိယသရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်မှာ “ထိန်းချုပ်ခြင်း” ဖြစ်သည်။ ၎င်းတို့သည် လူတို့ကို ထိန်းချုပ်လိုသည်။ ပြီးလျှင် ၎င်းတို့သည် သင့်ကိုလည်းကောင်း၊ သင့်အတွေးအခေါ်များကိုလည်းကောင်း၊ သင်၏ အမှုကိစ္စများအား လုပ်ဆောင်ပုံတို့ကိုလည်းကောင်း၊ သင်၏စိတ်နှလုံးနှင့် အမြင်များကိုလည်းကောင်း ထိန်းချုပ်ရန် နည်းအမျိုးမျိုးကို အသုံးပြုသည်။ ၎င်းတို့သည် သင့်အား သမ္မာတရားကို မိတ်သဟာယမပြု။ သင့်အနေဖြင့် သမ္မာတရားစည်းမျဉ်းများကို နားလည်အောင် မလုပ်ဆောင်ပေးသကဲ့သို့ ဘုရားသခင်၏ ရည်ရွယ်ချက်များကို သင်နားလည်အောင် မလုပ်ဆောင်ပေးပေ။ ၎င်းတို့ကိုယ်တိုင် အသုံးချရန်အတွက် သင့်ကို ထိန်းချုပ်လိုသည်။ ဤသို့ဖြင့် သင်သည် ၎င်းတို့အတွက် ကိုယ်စားပြောပေးရန်၊ ၎င်းတို့အတွက် အမှုကိစ္စများကို လုပ်ဆောင်ပေးရန်၊ ၎င်းတို့အတွက် အလုပ်လုပ်ပေးရန်အတွက်၊ ၎င်းတို့ကို သင်ချီးမြှောက်ပြီး ၎င်းတို့အတွက် သက်သေခံပေးရန်အတွက်ဖြစ်သည်။ ၎င်းတို့သည် သင့်အား ၎င်းတို့၏ ကျွန်အဖြစ်၊ ၎င်းတို့၏ ရုပ်သေးရုပ်အဖြစ် ထိန်းချုပ်လိုသည်။ တတိယသရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်မှာ “အတိုက်အခံပြုခြင်း” ဖြစ်သည်။ ဤသည်မှာ အရာရာတိုင်းအား အတိုက်အခံပြုခြင်းကို ဆိုလိုသည်။ ၎င်းတို့၏ အလုပ်နှင့် စကားတို့အပေါ် ပိုင်းခြားသိမြင်ခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်း၊ သို့မဟုတ် ခြိမ်းခြောက်ခြင်းတို့ ဖြစ်စေနိုင်သည့် အရာရာတိုင်းကို ၎င်းတို့ အလုံးစုံ အတိုက်အခံပြုပြီး ဆန့်ကျင်သည်။ စတုတ္ထသရုပ်သကန်၏ အဓိပ္ပာယ်ဖွင့်ဆိုသည့် အင်္ဂါရပ်မှာ “ဟန်ဆောင်ခြင်း” ဖြစ်သည်။ ၎င်းတို့သည် မည်သည့်အရာအဖြစ် ဟန်ဆောင်သနည်း။ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်သည်။ ဆိုလိုသည်မှာ ၎င်းတို့သည် လူများအား ၎င်းတို့ပြောသည့်အရာ၊ လုပ်ဆောင်သည့်အရာကို အမှတ်ရရန်၊ ပြီးလျှင် မှတ်စုစာအုပ်များတွင်ပင် မှတ်သားရန် တောင်းဆိုသည်။ ၎င်းတို့က “စိတ်တွင် မှတ်သားထားခြင်းမျှက အဘယ်သို့ လုံလောက်နိုင်သနည်း။ သင်၏ မှတ်စုစာအုပ်များထဲတွင် ရေးဖို့ လိုသည်။ ငါပြောနေသည့်အရာကို သင်တို့တစ်ဦးမျှ နားမလည်။ ယင်းသည် အလွန်လေးနက်သောအရာများ ဖြစ်သည်” ဟု ဆိုသည်။ ၎င်းတို့သည် ၎င်းတို့စကားများကို မည်သည့်အရာအဖြစ် သဘောထားသနည်း။ သမ္မာတရားအဖြစ် သဘောထားသည်။ ယခုတွင် ဤမှစ၍ ၎င်းတို့အကြောင်းကို တစ်ခုချင်းစီ မိတ်သဟာယဖွဲ့မည်။

၁။ အန္တိခရစ်များ၏ မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိခြင်းကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

ပထမအချက်မှာ အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းဖြစ်သည်။ ဤသည်မှာ အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည့် အန္တိခရစ်များ၏ ပထမသရုပ်သကန်ဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ “မည်သူနှင့်မျှ” ဆိုသည်တွင် လူတိုင်းအကျုံးဝင်သည်။ ၎င်းတို့၏ ပင်ကိုစရိုက်များသည် အခြားတစ်ယောက်ယောက်နှင့် သဟဇာတဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ၊ အခြေအနေက မည်သို့ဖြစ်စေ ၎င်းတို့သည် ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးမှုကို သာမန်ထုတ်ဖော်ခြင်းနှင့်မဆိုင်ပေ။ ယင်းသည် ၎င်းတို့သဘာဝတွင်ရှိသော ပြဿနာတစ်ခုဖြစ်သည်။ လူအချို့က “ပင်ကိုစရိုက်များက ကျွန်ုပ်နှင့် သဟဇာတမဖြစ်သောသူအချို့ရှိပြီး ယင်းကြောင့် ၎င်းတို့နှင့် ကျွန်ုပ်ပူးပေါင်းမလုပ်ဆောင်နိုင်” ဟု ဆိုသည်။ ယင်းမှာ ရိုးရှင်းသော ပင်ကိုစရိုက်ပြဿနာတစ်ခုမဟုတ်ဘဲ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားနှင့်သက်ဆိုင်သော ပြဿနာဖြစ်သည်။ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိခြင်းသည် အန္တိခရစ်၏ စိတ်သဘောထားရှိခြင်း ဖြစ်သည်။ သို့သော် ဤသည်မှာ အန္တိခရစ်၏ အနှစ်သာရရှိသည်ဟု မဆိုလိုပေ။ လူတစ်ယောက်က သမ္မာတရားကို ရှာဖွေနိုင်လျှင်၊ အခြားလူများက မည်သူတို့ဖြစ်စေ ၎င်းတို့ပြောသည့်အရာကို နာခံနိုင်လျှင်၊ သမ္မာတရားနှင့် ကိုက်ညီသရွေ့ ထိုသူအတွက် အခြားလူများနှင့် သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်မှုကို ရရှိရန် လွယ်ကူမည်မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားကို ကျိုးနွံနာခံနိုင်သောလူတို့အတွက် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လွယ်ကူသည်။ သမ္မာတရားကို ကျိုးနွံနာခံနိုင်ခြင်း မရှိသောသူတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ဥပမာ လူအချို့သည် အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကိုမှန်ကန်သည်ဟု ယူမှတ်သည်။ သမ္မာတရားကို အနည်းငယ်မျှပင် လက်မခံသကဲ့သို့ မည်သူနှင့်မျှ သဟဇာတဖြစ်စွာ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ယခု ဤသည်မှာ ဆိုးသောပြဿနာတစ်ခုဖြစ်သည်။ ၎င်းတို့တွင် အန္တိခရစ်၏ သဘာဝတစ်ခုရှိသည်။ ပြီးလျှင် သမ္မာတရား၊ သို့မဟုတ် ဘုရားသခင်အပေါ် ကျိုးနွံနာခံနိုင်ခြင်း မရှိပေ။ လူတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်။ သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်လျှင် ၎င်းတို့အတွက် ကယ်တင်ခြင်းခံရရန် လွယ်ကူလိမ့်မည်။ သို့သော် ၎င်းတို့တွင် အန္တိခရစ်၏ သဘာဝရှိပြီး သမ္မာတရားကို လက်မခံနိုင်လျှင် ဒုက္ခရောက်ပြီဖြစ်သည်။ ကယ်တင်ခံရခြင်းသည် ၎င်းတို့အတွက် လွယ်ကူမည်မဟုတ်ပေ။ အန္တိခရစ်များစွာတို့သည် အဓိကအားဖြင့် အစဉ်သဖြင့် အာဏာရှင်ဆန်စွာ ပြုမူဆောင်ရွက်လျက် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ရန် မတတ်သောကြောင့် ထုတ်ဖော်ခံခဲ့ရပြီးဖြစ်သည်။ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုကို ထုတ်ဖော်ခြင်းလော၊ သို့မဟုတ် အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရ ဖြစ်သလော။ မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းသည် မည်သည့်ပြဿနာဖြစ်သနည်း။ ယင်းသည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေခြင်းနှင့် မည်သို့သက်ဆိုင်သနည်း။ ဤအချက်ကို ငါတို့ ရှင်းလင်းစွာ မိတ်သဟာယပြုမည်ဆိုလျှင် အန္တိခရစ်၏ သဘာဝအနှစ်သာရရှိသူတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်သည်ကိုလည်းကောင်း၊ ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်နေသည့် မည်သူမဆိုနှင့် လမ်းခွဲလိမ့်မည်ကိုလည်းကောင်း၊ ၎င်းတို့သည် ခါးခါးသီးသီးမုန်းသော ပြိုင်ဘက်များပင် ဖြစ်လာမည်ကိုလည်းကောင်း သင်မြင်နိုင်လိမ့်မည်။ အပြင်ပန်းတွင် အန္တိခရစ်အချို့တို့၌ လက်ထောက်များ၊ သို့မဟုတ် လက်တွဲဖော်များ ရှိပုံရသော်လည်း အမှန်မှာ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ အခြားလူတို့က မည်မျှ မှန်ကန်နိုင်ပါစေ၊ အန္တိခရစ်များက ၎င်းတို့ပြောသည့်အရာကို မည်သည့်အခါမျှ နားမထောင်ကြပေ။ ဆွေးနွေးဖို့၊ သို့မဟုတ် မိတ်သဟာယဖွဲ့ဖို့ မဆိုထားနှင့်၊ ထည့်သွင်းစဉ်းစားခြင်းပင် မရှိပေ။ ၎င်းတို့က လုံးဝ အရေးမစိုက်ကြပေ။ အခြားလူများက မရှိသကဲ့သို့ပင် ဖြစ်သည်။ အန္တိခရစ်များက အခြားလူများ ပြောသည့်အရာကို နားထောင်သောအခါတွင် ၎င်းတို့သည် ဝတ်ကျေတမ်းကျေပြုခြင်း၊ သို့မဟုတ် အခြားလူများမြင်ရန်အတွက် သရုပ်ဆောင်နေခြင်းမျှသာ ဖြစ်သည်။ သို့သော် အဆုံး၌ နောက်ဆုံး ဆုံးဖြတ်ချက်ချဖို့ အချိန်ကျသောအခါတွင် အဆုံးအဖြတ်ပေးသည်မှာ အန္တိခရစ်များဖြစ်သည်။ အခြားမည်သူမဆို၏ စကားများသည် လေကုန်ခြင်းသာ ဖြစ်ပြီး လုံးဝ အလေးထားဖို့ မလိုအပ်ပေ။ ဥပမာအနေဖြင့် လူနှစ်ယောက်သည် တစ်စုံတစ်ခုအတွက် တာဝန်ရှိသည့်အခါ၊ တစ်ယောက်က အန္တိခရစ်အနှစ်သာရရှိသည့်အခါတွင် ဤလူ၌ မည်သည့်အရာကို ထုတ်ဖော်ပြသနည်း။ မည်သည့်အရာဖြစ်စေ ၎င်းတို့သာလျှင် စတင်လုပ်ဆောင်သူ၊ မေးခွန်းများမေးသူ၊ ကိစ္စများကို ဖြေရှင်းသူနှင့်၊ ဖြေရှင်းချက်ကို စိတ်ကူးရသူများဖြစ်သည်။ အချိန်အများစုတွင် ၎င်းတို့သည် ၎င်းတို့၏ အဖော်ကို လုံးလုံး ထိမ်ချန်ထားသည်။ ၎င်းတို့အမြင်တွင် ၎င်းတို့၏ အဖော်သည် အဘယ်နည်း။ ၎င်းတို့၏ လက်ထောက်အဖြစ်မဟုတ်ဘဲ အယောင်ပြသက်သက်သာဖြစ်သည်။ အန္တိခရစ်၏ အမြင်တွင် ၎င်းတို့၏ အလုပ်ဖော်ဆိုသည်မှာ မရှိခြင်းသာဖြစ်သည်။ ပြဿနာတစ်ခုရှိသည့်အခါတိုင်းတွင် အန္တိခရစ်သည် သေချာတွေးကြည့်လိုက်သည်။ လုပ်ဆောင်မှု လမ်းကြောင်းတစ်ခုကို ၎င်းတို့ ဆုံးဖြတ်ပြီးသည်နှင့် ဤသည်မှာ ပြုလုပ်ရမည့်နည်းလမ်းဖြစ်သည်ဟု လူတိုင်းအား အသိပေးပြီး မည်သူ့ကိုမျှ မေးခွန်းထုတ်ခွင့်မပြုပေ။ ၎င်းတို့၏ သူတစ်ပါးတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတွင် အနှစ်သာရသည် အဘယ်နည်း။ အခြေခံအားဖြင့် ယင်းမှာ အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိရန်၊ မည်သူနှင့်မျှ ပြဿနာများကို လုံးဝ မဆွေးနွေးရန်၊ အလုပ်အတွက် တစ်ဦးတည်း တာဝန်ယူရန်၊ ၎င်းတို့ တွဲဖက်များအား အယောင်ပြသက်သက်အဖြစ်သို့ ပြောင်းလဲပစ်ရန်ဖြစ်သည်။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဦးတည်း ဆောင်ရွက်ကြပြီး မည်သူနှင့်မျှ လုံးဝ ပူးပေါင်းဆောင်ရွက်ခြင်းမရှိပေ။ ၎င်းတို့၏အလုပ်အကြောင်းအား အခြားမည်သူနှင့်မျှ ဆွေးနွေးခြင်း၊ သို့မဟုတ် ဆက်သွယ်ပြောဆိုခြင်း လုံးဝ မရှိပေ။ ဆုံးဖြတ်ချက်များကို မကြာခဏပင် တစ်ဦးတည်းချမှတ်ပြီး ပြဿနာများကို တစ်ဦးတည်း ကိုင်တွယ်ဖြေရှင်းသည်။ အမှုကိစ္စများစွာတွင် ပြီးဆုံးပြီးနောက်မှသာ အမှုကိစ္စများက မည်သို့ပြီးဆုံးသွားသည်၊ သို့မဟုတ် မည်သို့ ကိုင်တွယ်ခဲ့သည်ကို အခြားလူများက သိရှိရသည်။ အခြားလူတို့က သူတို့ကို “ပြဿနာအားလုံးကို ကျွန်ုပ်တို့နှင့် ဆွေးနွေးရမည်။ မည်သည့်အချိန်တွင် ထိုသူကို သင် ကိုင်တွယ်ခဲ့သနည်း။ သူ့ကို မည်သို့ ကိုင်တွယ်ခဲ့သနည်း။ ထိုအကြောင်းကို ကျွန်ုပ်တို့ မည်သို့ဖြစ်၍ မသိရှိရသနည်း။” ဟု ပြောဆိုကြသည်။ ၎င်းတို့က ရှင်းပြချက် မပေးသကဲ့သို့ မည်သည့် အလေးထားမှုမျှ မရှိပေ။ ၎င်းတို့အတွက် ၎င်းတို့အလုပ်ဖော်သည် လုံးဝ အသုံးမဝင်ဘဲ အဆင်တန်ဆာ၊ သို့မဟုတ် အယောင်ပြသက်သက်သာ ဖြစ်သည်။ တစ်ခုခုဖြစ်သောအခါတွင် ၎င်းတို့က သေချာစဉ်းစားကာ စိတ်ပိုင်းဖြတ်၍ ၎င်းတို့ဆန္ဒရှိသည့် မည်သည့်နည်းဖြင့်မဆို ပြုမူကြသည်။ ၎င်းတို့အနီးတွင် လူမည်မျှရှိပါစေ ထိုလူများ မရှိနေသကဲ့သို့ဖြစ်သည်။ အန္တိခရစ်များအတွက် ထိုသူတို့သည် လေပင် ဖြစ်ကောင်းဖြစ်နေနိုင်သည်။ ဤအရာကိုထောက်လျှင် သူတစ်ပါးတို့နှင့် ၎င်းတို့ ပူးပေါင်းဆောင်ရွက်ခြင်း၌ အမှန်တကယ် ကဏ္ဍတစ်ခုခုရှိသလော။ လုံးဝ မရှိပေ။ ၎င်းတို့သည် ဟန်ဆောင်လုပ်ပြနေပြီး အယောင်ဆောင်ပုံဖမ်းခြင်းဖြစ်သည်။ အခြားလူများက ၎င်းတို့အား “ပြဿနာတစ်ခုကြုံရသည့်အခါ အဘယ်ကြောင့် အခြားလူတိုင်းနှင့် မိတ်သဟာယမပြုသနည်း” ဟု ပြောကြကာ ၎င်းတို့က “သူတို့က ဘာကိုသိသနည်း။ ကျွန်ုပ်က အသင်းခေါင်းဆောင်ဖြစ်သည်။ ဆုံးဖြတ်ရန် ကျွန်ုပ်အပေါ် မူတည်သည်။” ဟု ပြန်ပြောကြသည်။ အခြားလူတို့က “သင့်အဖော်နှင့် အဘယ်ကြောင့် မိတ်သဟာယမပြုသနည်း” ဟုပြောသည်။ ၎င်းတို့က “သူ့ကို ကျွန်ုပ်ပြောခဲ့သည်။ သူ့တွင် ထင်မြင်ချက်မရှိ။” ဟု ပြန်ပြောဆိုကြသည်။ ၎င်းတို့ ထင်ရာစိုင်းနေသည်ဟူသည့်အချက်ကို မရှင်းမလင်း ဖြစ်သွားစေရန်အတွက် ဆင်ခြေများအနေဖြင့် အခြားသောလူများက ထင်မြင်ချက်မရှိခြင်း၊ သို့မဟုတ် သူတို့ဘာသာ မစဉ်းစားနိုင်ခြင်းတို့ကို အသုံးပြုသည်။ ပြီးလျှင် ဤအရာပြီးနောက်တွင် မိမိကိုယ်ကို ပြန်လည်ဆန်းစစ်ခြင်း နည်းနည်းမျှ မရှိပေ။ ဤသို့သောသူမျိုးက သမ္မာတရားကို လက်ခံရန် ဖြစ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ အန္တိခရစ်၏သဘာဝနှင့် ပတ်သက်သည့် ပြဿနာတစ်ခုဖြစ်သည်။

“ပူးပေါင်းလုပ်ဆောင်ခြင်း” ဆိုသည့် ဝေါဟာရကို မည်သို့ရှင်းလင်းပြီး လက်တွေ့လုပ်ဆောင်သနည်း။ (အမှုကိစ္စများဖြစ်ပေါ်သောအခါ ယင်းတို့ကို ဆွေးနွေးခြင်းဖြစ်ပါသည်။) ဟုတ်သည်။ ယင်းသည် ထိုအရာကို လက်တွေ့လုပ်ဆောင်သည့် နည်းလမ်းတစ်ခု ဖြစ်သည်။ အခြား မည်သည့်အရာ ရှိသနည်း။ (တစ်ဦး၏ အားနည်းချက်များကို အခြားတစ်ဦး၏ အားသာချက်များဖြင့် ခုနှိမ်ခြင်း၊ တစ်ဦးအပေါ်တစ်ဦး ကြီးကြပ်ခြင်း ဖြစ်သည်။) ယင်းသည် လုံးဝ ကိုက်ညီသည်။ ဤသို့ လက်တွေ့လုပ်ဆောင်ခြင်းသည် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ နောက်ထပ်ရှိသလော။ အမှုအရာများ ဖြစ်ပျက်သောအခါ အခြားလူ၏ ထင်မြင်ချက်ကို တောင်းခံခြင်းဖြစ်သည်။ ယင်းသည် ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူတစ်ယောက်က သူ၏ မိတ်သဟာယကိုဖွဲ့ပြီး အခြားလူကလည်း သူ၏ မိတ်သဟာယကိုဖွဲ့ကာ အဆုံးတွင် ၎င်းတို့က ပထမလူ၏ မိတ်သဟာယအတိုင်းသာ လုပ်ဆောင်လျှင် အဘယ်ကြောင့် အပေါ်ယံလုပ်ဆောင်မည်နည်း။ ယင်းသည် ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်။ ယင်းသည် စည်းမျဉ်းများနှင့် မညီပေ။ ပူးပေါင်းလုပ်ဆောင်ခြင်း၏ ရလဒ်များ မဖြစ်ထွန်းပေ။ သင်သည် စက်သေနတ်ကဲ့သို့ ဆက်တိုက်စကားပြော၍ စကားပြောလိုသည့် အခြားလူများကို အခွင့်အရေးမပေးလျှင်၊ သင်၏အယူအဆများအားလုံးကို ပြောဆိုပြီးသည့်နောက်တွင်ပင် အခြားလူများအား နားမထောင်လျှင် ဤသည်မှာ ဆွေးနွေးမှုဖြစ်သလော။ မိတ်သဟာယဖြစ်သလော။ ယင်းသည် အပေါ်ယံလုပ်ဆောင်ခြင်းသာဖြစ်သည်။ ပူးပေါင်းလုပ်ဆောင်ခြင်းမဟုတ်။ ဤသို့ဆိုလျှင် ပူးပေါင်းလုပ်ဆောင်ခြင်း ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ သင်သည် သင်၏အယူအဆများ၊ ဆုံးဖြတ်ချက်များကို ပြောပြီးနောက် အခြားလူ၏ ထင်မြင်ချက်များ၊ အမြင်များကို တောင်းခံနိုင်သောအခါ သင်နှင့် ထိုသူ၏ စကားများနှင့် အမြင်များကို နှိုင်းယှဉ်ကြည့်ပြီး လူအနည်းငယ်နှင့်အတူ ထိုအရာများအပေါ် ပိုင်းခြားသိမြင်မှုကို ကျင့်သုံးကာ စည်းမျဉ်းများကို ရှာဖွေ၍ ဤသို့ဖြင့် တူညီသော နားလည်မှုရရှိပြီး မှန်ကန်သော လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ဆုံးဖြတ်သောအခါတွင် ဖြစ်သည်။ ဤသည်မှာ ဆွေးနွေးခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၏ အဓိပ္ပာယ်ဖြစ်သည်။ “ပူးပေါင်းလုပ်ဆောင်ခြင်း”ဆိုသည်မှာ ထိုအရာကို ဆိုလိုသည်။ လူအချို့သည် ခေါင်းဆောင်များအနေဖြင့် ကိစ္စတစ်ခုခုကို ရှင်းရှင်းလင်းလင်း မမြင်နိုင်သော်လည်း ရွေးချယ်စရာမရှိတော့မချင်း အခြားလူများနှင့် မဆွေးနွေးပေ။ ထို့နောက် ၎င်းတို့က “ဤကိစ္စကို ငါတစ်ဦးတည်း ချုပ်ကိုင်လျက် ကိုင်တွယ်၍မရပါ။ လူတိုင်းနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ဖို့လိုသည်။ ဤအရာအပေါ် သင်တို့အားလုံး၏ ထင်မြင်ချက်များကို ငါ ဖော်ပြခွင့်ပေးပြီး ဆွေးနွေးခွင့်ပေးမည်။ ငါတို့လုပ်ဆောင်ရန်အတွက် သင့်တော်သောအရာကို ဆုံးဖြတ်ခွင့်ပေးမည်” ဟု အဖွဲ့အား ပြောသည်။ လူတိုင်းက ပြောဆိုပြီး ၎င်းတို့ပြောစရာရှိသည်တို့ကို ပြောဆိုပြီးနောက်တွင် ၎င်းတို့က ခေါင်းဆောင်အား မည်သို့မြင်သည်ကို မေးသည်။ သူက “လူတိုင်းက အလိုရှိသောအရာသည် ငါအလိုရှိသည့်အရာနှင့် တူညီသည်။ ငါသည်လည်း ဤသို့စဉ်းစားနေခြင်း ဖြစ်သည်။ ဤသည်မှာ အစကတည်းက လုပ်ဆောင်ရန် ငါစီစဉ်ခဲ့သည့်အရာ ဖြစ်သည်။ ဤဆွေးနွေးမှုဖြင့် တစ်စိတ်တစ်ဝမ်းတည်းဖြစ်ခြင်းက အာမခံချက်ရှိသည်” ဟု ဆိုသည်။ ဤသည်မှာ ပွင့်လင်းသော မှတ်ချက်ဖြစ်သလော။ ဤတွင် အစွန်းအထင်းတစ်ခုရှိသည်။ သူသည် အမှုကိစ္စကို လုံးဝ ရှင်းလင်းစွာ သိမြင်နိုင်ခြင်း မရှိချေ။ ပြီးလျှင် သူပြောသည့်အရာ၌ လူတို့ကို အထင်အမြင်မှားစေပြီး လှည့်စားရန် ရည်ရွယ်ချက်တစ်ခုရှိသည်။ ယင်းမှာ လူတို့အား သူ့ကို အထင်ကြီးစေဖို့ လုပ်ဆောင်ရန် ရည်ရွယ်သည်။ လူတိုင်း၏ ထင်မြင်ချက်များအား သူတောင်းခံခြင်းသည် ဝတ်ကျေတမ်းကျေ လုပ်ခြင်းသာ ဖြစ်သည်။ သူသည် အာဏာရှင်မဆန်ကြောင်းကိုဖြစ်စေ၊ တစ်ဦးတည်းချုပ်ကိုင်ထားခြင်း မဟုတ်ကြောင်းကိုဖြစ်စေ လူတိုင်းက ပြောစေဖို့ ရည်ရွယ်သည်။ ထိုအမည်မတွင်စေရန်၊ သူသည် အကြောင်းအရာများကို ဖုံးကွယ်ရန် ဤနည်းလမ်းကို အသုံးပြု၏။ အမှန်မှာ လူတိုင်းက စကားပြောနေစဉ်တွင် သူသည် လုံးဝ နားမထောင်နေပေ။ ပြီးလျှင် ၎င်းတို့ပြောသည့်အရာကို လုံးဝ အလေးအနက်မထားပေ။ ပြီးလျှင် သူသည် လူတိုင်းအား စကားပြောဆိုခွင့်ပေးခြင်းတွင်လည်း ရိုးသားစစ်မှန်မှုမရှိပေ။ အပေါ်ယံတွင် သူသည် လူတိုင်းအား မိတ်သဟာယပြုခွင့်ပေးပြီး ဆွေးနွေးခွင့်ပေးသော်လည်း အမှန်တကယ်တွင် သူသည် သူ၏ ကိုယ်ပိုင်ရည်ရွယ်ချက်များဖြင့် ကိုက်ညီသည့်နည်းလမ်းတစ်ခုကို ရှာရန်အတွက်သာ လူတိုင်းကို စကားပြောခွင့်ပေးနေခြင်းဖြစ်သည်။ အမှုကိစ္စကို လုပ်ဆောင်ရန် သင့်တော်သောနည်းလမ်းကို သူ ဆုံးဖြတ်ပြီးသည်နှင့် သူလုပ်ဆောင်ရန် ရည်ရွယ်သည့်အရာကို မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ လူတို့အား အတင်းလက်ခံခိုင်းမည်ဖြစ်သည်။ ပြီးလျှင် သူ့နည်းလမ်းက မှန်ကန်သည်ဟုလည်းကောင်း၊ ယင်းမှာ လူတိုင်းက ရည်ရွယ်သည့်အရာ ဖြစ်သည်ဟုလည်းကောင်း လူတိုင်းအား ထင်မြင်စေရန် လုပ်ဆောင်မည်ဖြစ်သည်။ အဆုံးသတ်တွင် သူသည် အတင်းအကျပ် စီမံဆောင်ရွက်၏။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်းဟု ခေါ်ဆိုသည့်အရာလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် ဤအရာကို မည်သို့ခေါ်ဆိုမည်နည်း။ သူသည် အာဏာရှင်ဆန်နေခြင်းဖြစ်သည်။ သူ မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ တစ်ဦးတည်းသော ဆုံးဖြတ်ချက်ချပိုင်ခွင့်ကို သူ ရရှိလိုသည်။ ထို့အပြင် တစ်စုံတစ်ခုဖြစ်ပျက်ပြီး ယင်းကို သူ ရှင်းလင်းစွာ မသိမြင်နိုင်သောအခါ လူတိုင်းအား ဦးစွာပြောစေသည်။ လူတိုင်းက ပြောဆိုပြီးသည်နှင့် ၎င်းတို့၏ အမြင်များကို ပြန်လည်ပေါင်းရုံးကာ ယင်းတို့အထဲတွင် သူနှစ်သက်ပြီး သင့်တော်သည်ဟုမြင်သည့် နည်းလမ်းကို ရှာသည်။ ပြီးလျှင် လူတိုင်းအား ယင်းကို လက်ခံစေသည်။ သူသည် သူဆိုလိုသည့်အတိုင်း လုပ်ဆောင်နေဆဲဖြစ်သည်ဆိုသည့် ရလဒ်ဖြင့် ပူးပေါင်းလုပ်ဆောင်ယောင် ဟန်ဆောင်ခြင်းကို ကျင့်သုံးနေခြင်း ဖြစ်သည်။ သို့သော် သူသည် တစ်ဦးတည်း ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသူသာ ဖြစ်သည်။ သူသည် လူတိုင်းကပြောသည့်အရာအပေါ် အမှားများရှာပြီး အပြစ်ရှာသည်။ ဝေဖန်သုံးသပ်ချက်ပေးပြီး လေသံကို သတ်မှတ်၏၊ ထို့နောက်တွင် အားလုံးကို ပြည့်စုံသော၊ တိကျသော ပြောဆိုချက်တစ်ခုအဖြစ် ပေါင်းစပ်ကာ ယင်းဖြင့် သူ၏ ဆုံးဖြတ်ချက်ကို ချသည်။ သူသည် အခြားလူတို့ထက် ပိုအဆင့်မြင့်သည်ဟု လူတိုင်းကို ပြသည်။ အပြင်ပန်းတွင် သူသည် လူတိုင်း၏ ဆိုလိုရင်းကို ကြားသယောင်ရှိပြီး လူတိုင်းကို အမှန်ပင် စကားပြောခွင့်ပေးသည်။ သို့သော် အမှန်မှာ နောက်ဆုံး၌ သူတစ်ဦးတည်းသာ ဆုံးဖြတ်ချက်ချသည်။ အမှန်မှာ ဆုံးဖြတ်ချက်သည် လူတိုင်း၏ အသိအမြင်များနှင့် ရှုမြင်မှုများဖြစ်သည်။ သူက အနှစ်ချုပ်ပြီး အနည်းငယ်ပို၍ ပြည့်စုံသော တိကျသောပုံစံဖြင့် ပြောခြင်းသာ ဖြစ်သည်။ လူအချို့က ဤအရာကို ရှင်းလင်းစွာ မသိမြင်နိုင်သောကြောင့် အဆင့်မြင့်သည်မှာ သူဖြစ်သည်ဟု ထင်ကြသည်။ သူ့ဘက်မှ ဤသို့သောလုပ်ဆောင်မှု၏ စရိုက်လက္ခဏာမှာ အဘယ်နည်း။ အလွန်အကျွံ စဉ်းလဲခြင်း မဟုတ်လော။ သူ့အား လူတို့က ကိုးကွယ်ပြီး နာခံရန်အတွက် လူတိုင်း၏ ထင်မြင်ချက်များကို ပေါင်းရုံးသုံးသပ်ပြီး သူ့ကိုယ်ပိုင်အဖြစ် ဖော်ပြသည်။ အဆုံးတွင် လူတိုင်းက သူဆန္ဒရှိသည့်အတိုင်း လုပ်ဆောင်ကြသည်။ ယင်းသည် သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်းဖြစ်သလော။ ယင်းသည် မာနထောင်လွှားခြင်းနှင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်း၊ အာဏာရှင်ဆန်ခြင်း ဖြစ်သည်။ ချီးကျူးမှုမှန်သမျှကို သူတစ်ယောက်တည်း သိမ်းကျုံးယူသည်။ ဤသို့သောလူတို့သည် အခြားလူတို့နှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် အလွန် မရိုးသားပေ။ အလွန်မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သည်။ ပြီးလျှင် အချိန်အတော်အသင့်ပေးလိုက်လျှင် လူတို့က ယင်းကို မြင်လိမ့်မည်။ လူအချို့က “ကျွန်ုပ်က မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ဟု သင်ပြောသည်။ ဖြစ်ချင်တော့ ကျွန်ုပ်၌ အမှန်ပင် တွဲဖက်တစ်ဦးရှိသည်။ သူသည် ကျွန်ုပ်နှင့် ကောင်းစွာ ပူးပေါင်းလုပ်ဆောင်သည်။ ကျွန်ုပ်သွားသည့် နေရာကို သူသွားသည်။ ကျွန်ုပ်လုပ်သည့်အရာကို သူလုပ်သည်။ ကျွန်ုပ်သွားခိုင်းသည့် မည်သည့်နေရာမဆိုကို သူသွားသည်။ ကျွန်ုပ်လုပ်ခိုင်းသည့်အရာတိုင်းကို ကျွန်ုပ်လုပ်စေလိုသည့်အတိုင်း သူတို့လုပ်ကြ၏” ဟု ဆိုလိမ့်မည်။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်းက ဆိုလိုသည့်အရာ ဖြစ်သလော။ မဟုတ်ပေ။ ဤသည်မှာ ပြာတာဟုခေါ်သည်။ ပြာတာတစ်ယောက်က သင်ခိုင်းသည့်အရာကို လုပ်ဆောင်သည်။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်း ဟုတ်သလော။ ရှင်းလင်းစွာပင် သူသည် ကိုယ်ပိုင်ထင်မြင်ချက်များရှိဖို့ မဆိုထားနှင့်၊ အယူအဆနှင့် အမြင်များပင် မရှိသည့် လက်ပါးစေတစ်ဦးသာ ဖြစ်သည်။ ထို့အပြင် သူ၏ တွေးခေါ်ပုံသည် လူ့အကြိုက်လိုက်သူတစ်ဦး၏ တွေးခေါ်ပုံဖြစ်သည်။ သူသည် လုပ်ဆောင်သမျှတိုင်းတွင် စေ့စပ်ခြင်းမရှိဘဲ ဝတ်ကျေတမ်းကျေဖြင့် အပေါ်ယံသာ လုပ်ဆောင်သည်။ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို မထိန်းသိမ်းပေ။ ဤသို့သော ပူးပေါင်းလုပ်ဆောင်ခြင်းက မည်သည့်ရည်ရွယ်ချက်ရှိသနည်း။ သူသည် မည်သူနှင့် ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ ထိုသူခိုင်းသည့်အရာကိုသာ လုပ်ဆောင်သည်။ အစဉ် လက်ပါးစေသာ ဖြစ်သည်။ အခြားလူများပြောသည့် မည်သည့်အရာကိုမဆို နားထောင်ပြီး အခြားလူများက ခိုင်းသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ယင်းမှာ ပူးပေါင်းလုပ်ဆောင်ခြင်း မဟုတ်။ ပူးပေါင်းလုပ်ဆောင်ခြင်းဆိုသည်မှာ အဘယ်နည်း။ အမှုကိစ္စများကို တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးနိုင်ရမည်။ ပြီးလျှင် အမြင်များ၊ ထင်မြင်ချက်များကို ဖော်ပြနိုင်ရမည်။ တစ်ယောက်ကိုတစ်ယောက် ဖြည့်စွက်ပြီး ကြီးကြပ်ရမည်။ တစ်ယောက်ထံမှတစ်ယောက် ရှာဖွေရမည်။ တစ်ယောက်နှင့်တစ်ယောက် စုံစမ်းမေးမြန်းရမည်။ တစ်ယောက်ကိုတစ်ယောက် တိုက်တွန်းနှိုးဆော်ရမည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း ဟူသည့်အရာ ဖြစ်သည်။ ဥပမာ သင်က တစ်စုံတစ်ခုကို သင့်စိတ်ဆန္ဒအတိုင်း ကိုင်တွယ်ခဲ့ပြီး လူတစ်ယောက်က “သင်လုပ်သည်မှာ မှားသည်။ စည်းမျဉ်းနှင့် လုံးဝ ဆန့်ကျင်သည်။ သမ္မာတရားကို မရှာဘဲ သင်အလိုရှိသလို အဘယ်ကြောင့် ကိုင်တွယ်ခဲ့သနည်း” ဟု ပြောသည်ဆိုပါစို့။ ဤအရာကို သင်က “မှန်သည်။ သင် ကျွန်ုပ်ကို သတိပေးခဲ့သည်ကို ကျွန်ုပ် ဝမ်းသာသည်။ သင် သတိမပေးခဲ့လျှင် ဘေးဒုက္ခဖြစ်မည့် သဘောသက်ရောက်လိမ့်မည်” ဟု ဆိုသည်။ ဤသည်မှာ တစ်ယောက်အပေါ်တစ်ယောက် တိုက်တွန်းနှိုးဆော်ပေးခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် တစ်ယောက်အပေါ်တစ်ယောက် ကြီးကြပ်ခြင်း ဟူသည်မှာ အဘယ်နည်း။ လူတိုင်း၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိသည်။ မိမိတို့တာဝန်တွင် ဝတ်ကျေတမ်းကျေဆန်နိုင်သည်။ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် မာနကို ကာကွယ်ပေးပြီး ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်မပေးပေ။ လူတိုင်းတွင် ဤသို့သော အခြေအနေများရှိသည်။ လူတစ်ယောက်၌ ပြဿနာတစ်ခုရှိသည်ကို သင်သိရလျှင် သူနှင့် မိတ်သဟာယဖွဲ့ရန် ဦးဆောင်လှုပ်ရှားသင့်ပြီး သူ့တာဝန်ကို စည်းမျဉ်းနှင့်အညီ လုပ်ဆောင်ရန် သတိပေးသင့်သည်။ တစ်ချိန်တည်းတွင်ပင် မိမိကိုယ်ကိုလည်း သတိပေးသင့်သည်။ ဤသည်မှာ အပြန်အလှန် ကြီးကြပ်ခြင်း ဖြစ်သည်။ အပြန်အလှန် ကြီးကြပ်ခြင်းက မည်သည့်တာဝန်ကို လုပ်ဆောင်သနည်း။ ယင်းသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ရန်နှင့် လမ်းမှားကို လူများလိုက်မလျှောက်ဖို့ လုပ်ဆောင်ရန်လည်း ရည်ရွယ်သည်။ ပူးပေါင်းလုပ်ဆောင်ခြင်းတွင် တစ်ယောက်အပေါ်တစ်ယောက် လှုံ့ဆော်ခြင်းနှင့် တစ်ယောက်အပေါ်တစ်ယောက် ကြီးကြပ်ခြင်းအပြင် အခြားတာဝန်တစ်ခုရှိသည်။ အချင်းချင်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခြင်း ဖြစ်သည်။ ဥပမာ လူတစ်ယောက်ကို သင်ကိုင်တွယ်လိုသောအခါ သင်၏ တွဲဖက်နှင့် မိတ်သဟာယဖွဲ့ပြီး စုံစမ်းမေးမြန်းမှုများ ပြုလုပ်သင့်သည်။ “ဤအရာမျိုးကို ယခင်က ငါ မကြုံဖူးခဲ့ပါ။ မည်သို့ ကိုင်တွယ်ရမည်ကို မသိ။ ကိုင်တွယ်ရန် နည်းလမ်းကောင်းမှာ အဘယ်နည်း။ ငါ အဖြေကို ရှာမရနိုင်ပါ” ဟူ၍ ဖြစ်သည်။ သူက “ငါသည် ဤသို့သောပြဿနာများကို ယခင်က ကိုင်တွယ်ဖူးခဲ့သည်။ ထိုအချိန်က အခြေအနေက ဤလူ၏ ကိစ္စနှင့် အနည်းငယ် ကွဲပြားသည်။ ဤအရာကို အလားတူ ကိုင်တွယ်လျှင် စည်းကမ်းနောက်လိုက်သကဲ့သို့ ဖြစ်မည်။ ယခုတွင် ဤအရာကို ကိုင်တွယ်ရန် ငါသည်လည်း နည်းလမ်းကောင်းကိုမသိ” ဟု ဆိုသည်။ သင်က “ငါ သင့်ကို ဆွေးနွေးတိုင်ပင်လိုသည့် စိတ်ကူးတစ်ခုရှိသည်။ ဤသူ၏ အကျင့်စရိုက်ကို ကြည့်ရသည်မှာ သူသည် ဆိုးယုတ်သည့်ပုံစံရှိသည်။ သို့သော် လတ်တလောတွင် ငါတို့ မသေချာနိုင်ပါ။ သို့သော် သူသည် အလုပ်လုပ်ပေးနိုင်သောကြောင့် ယခုတွင် ထိုသို့ လုပ်ခွင့်ပြုကြစို့။ သူသည် အလုပ်မလုပ်နိုင်ဘဲ အမှုကိစ္စများကို ဆက်၍ အနှောင့်အယှက်ပေးကာ အဖျက်အမှောင့်ပြုလုပ်နေလျှင် ထိုအခါ၌ ငါတို့ သူ့ကို ကိုင်တွယ်မည်” ဟု ဆိုသည်။ သူက ဤအရာကို ကြားပြီး “ယင်းသည် နည်းလမ်းကောင်းတစ်ခုဖြစ်သည်။ ယင်းသည် သတိကြီးစွာ ထားသည့်ဘက်တွင် ရှိပြီး စည်းမျဉ်းများနှင့် လုံးဝညီသည်။ ပြီးလျှင် ဖိနှိပ်ခြင်းမရှိသကဲ့သို့ အတွင်းကျိတ်ဒေါသကို ဖွင့်ထုတ်ခြင်းလည်းမဟုတ်ပေ။ ဤသို့ဆိုလျှင် ဤနည်းဖြင့် ကိုင်တွယ်ကြစို့” ဟု ဆိုသည်။ သင်တို့နှစ်ဦးက ဆွေးနွေးခြင်းမှတစ်ဆင့် သဘောတူညီမှုတစ်ခုရရှိသည်။ အလုပ်သည် ထိုပုံစံဖြင့် ချောမွေ့စွာ ပြီးဆုံးသည်။ သင်တို့နှစ်ဦးက ပူးပေါင်းလုပ်ဆောင်ခြင်း မရှိဘဲ ကိစ္စများကို မဆွေးနွေးသကဲ့သို့ တစ်စုံတစ်ခုအား မည်သို့ကိုင်တွယ်ရမည်ကို သင့်တွဲဖက်က မသိသောအခါ သူက သင့်အပေါ် လွှဲချပြီး “သင်ကျေနပ်သလို ကိုင်တွယ်ပါ။ တစ်စုံတစ်ခု မှားယွင်းလျှင် မည်သို့ဆိုစေ သင်၏ တာဝန်ဖြစ်လိမ့်မည်။ ငါသည် သင်နှင့် တာဝန်မျှဝေ ယူမည်မဟုတ်” ဟု တွေးသည် ဆိုပါစို့။ သင်၏ တွဲဖက်က တာဝန်မယူလိုစိတ်ကြောင့် လုပ်ဆောင်နေခြင်းဖြစ်သည်ကို သင်မြင်နိုင်သော်လည်း ယင်းကို ထောက်မပြဘဲ သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း အလျင်စလိုလုပ်ဆောင်ကာ “ဤတာဝန်ကို သင်မယူလိုသလော။ ကျွန်ုပ်ကို ကိုင်တွယ်စေလိုသလော။ ကိစ္စမရှိ။ ကျွန်ုပ်ကိုင်တွယ်မည်။ ထို့နောက်တွင် ထိုသူကို ကျွန်ုပ် နှင်ထုတ်မည်” ဟု တွေးသည်။ သင်တို့နှစ်ဦးသည် စိတ်တူကိုယ်တူမရှိ။ တစ်ဦးစီတွင် ကိုယ်ပိုင်ရှုထောင့်ရှိသည်။ ရလဒ်အနေဖြင့် အမှုကိစ္စသည် စည်းမျဉ်းများကို ချိုးဖောက်လျက် စနစ်တကျမရှိစွာ ကိုင်တွယ်ခြင်းခံရသည်။ ပြီးလျှင် အလုပ်လုပ်ပေးနိုင်စွမ်း ရှိသူသည် အကြောင်းမဲ့သက်သက် ရှင်းလင်းပစ်ခြင်းခံရသည်။ ဤသည်မှာ သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်း ဟုတ်သလော။ သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်းသည် အပြုသဘောဆောင်သောရလဒ်များကို ရရှိသည့် တစ်ခုတည်းသောနည်းလမ်းဖြစ်သည်။ လူတစ်ဦးသည် တာဝန်မယူဘဲ အခြားတစ်ဦးက ထင်ရာမြင်ရာ လုပ်ဆောင်လျှင် ၎င်းတို့သည် ပူးပေါင်းလုပ်ဆောင်မှုမရှိခြင်းနှင့် တူညီသည်။ ၎င်းတို့နှစ်ဦးလုံးက ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်း လုပ်ဆောင်နေခြင်း ဖြစ်သည်။ ဤသို့ မိမိတာဝန်ကို ထမ်းဆောင်မှုသည် မည်သို့များ စံနှုန်းပြည့်မီနိုင်သနည်း။

ပူးပေါင်းလုပ်ဆောင်လျက်ရှိစဉ်တွင် တစ်စုံတစ်ခုဖြစ်ပေါ်လာသောအခါ တစ်ယောက်နှင့်တစ်ယောက် စုံစမ်းမေးမြန်းမှုများပြုလုပ်ပြီး တစ်ယောက်နှင့်တစ်ယောက် ဆွေးနွေးမှုများပြုလုပ်ရမည်။ အန္တိခရစ်များသည် ဤသို့ လက်တွေ့လုပ်ဆောင်နိုင်သလော။ အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ၎င်းတို့သည် အစဉ်သဖြင့် တစ်ဦးတည်း ချမှတ်လိုကြသည်။ ဤသရုပ်သကန်၏ စရိုက်လက္ခဏာမှာ “တစ်ကိုယ်တော်” ဖြစ်သည်။ ယင်းကို ဖော်ပြရန်အတွက် အဘယ်ကြောင့် “တစ်ကိုယ်တော်”ဟူသည့် စကားကို အသုံးပြုသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် မလုပ်ဆောင်မီတွင် ဘုရားရှေ့သို့ လာရောက်ပြီး ဆုတောင်းခြင်း မရှိသကဲ့သို့ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေပေ။ ၎င်းတို့ကို “ဤသည်မှာ သင့်လျော်သော လမ်းကြောင်းဖြစ်သလော။ အလုပ်အစီအစဉ်များက မည်သည့်အရာကို ပြဋ္ဌာန်းထားသနည်း။ ဤအရာမျိုးကို မည်သို့ ကိုင်တွယ်ရမည်နည်း”ဟူ၍ မိတ်သဟာယဖွဲ့ပြီး ပြောရန်အတွက် လူတစ်ယောက်ကို ရှာဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ၎င်းတို့သည် ၎င်းတို့၏ တွဲဖက်အမှုဆောင်များ၊ လက်တွဲဖက်များနှင့် မည်သည့်အရာမျှ မဆွေးနွေးပေ၊ သို့မဟုတ် အများသဘောတူညီချက် ရရှိအောင် မကြိုးစားပေ။ ၎င်းတို့သည် အမှုအရာများကို ကိုယ့်ဘာသာကိုယ် စဉ်းစားပြီး ကျိတ်ကြံစည်ကာ မိမိတို့၏ ကိုယ်ပိုင်အစီအစဉ်များနှင့် ကြိုတင်ပြင်ဆင်မှုများကို လုပ်ဆောင်ကြသည်။ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များကို သာမန်ကာလျှံကာ တောက်လျှောက်ဖတ်ခြင်းမျှဖြင့် ယင်းတို့ကို နားလည်ပြီးဖြစ်သည်ဟု ထင်ကြသည်။ ထို့နောက်တွင် အလုပ်ကို ကျိုးကြောင်းမမြင်ဘဲ စီစဉ်သည်။ အခြားလူများက ဤအကြောင်းကို သိသည့်အချိန်တွင် အလုပ်က စီစဉ်ပြီးဖြစ်နေသည်။ ၎င်းတို့၏ အမြင်များကို၊ သို့မဟုတ် ၎င်းတို့ကိုယ်တိုင်၏ နှုတ်မှ ထင်မြင်ချက်များကို မည်သူမျှ ကြိုတင်၍ ကြားရရန် မဖြစ်နိုင်ပေ။ ၎င်းတို့စိတ်ထဲတွင်ထားသည့် အတွေးအခေါ်များနှင့် အမြင်များကို မည်သူ့ကိုမျှ လုံးဝ မသိစေသောကြောင့်ဖြစ်သည်။ တစ်စုံတစ်ယောက်က “ခေါင်းဆောင်များနှင့် အမှုဆောင်များအားလုံးတွင် တွဲဖက်များမရှိကြသလော” ဟု မေးနိုင်သည်။ အမည်ခံအားဖြင့် တစ်စုံတစ်ယောက်အား တွဲဖက်အဖြစ် ရှိနိုင်သော်လည်း အလုပ်လုပ်ဖို့ အချိန်ကျသောအခါ၌ မရှိတော့ပေ။ ၎င်းတို့သည် တစ်ကိုယ်တော် အလုပ်လုပ်သည်။ ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အလုပ်ဖော်များရှိပြီး မည်သည့်တာဝန်ကိုမဆို ထမ်းဆောင်သောသူတိုင်းတွင် အလုပ်ဖော်များ ရှိသော်လည်း အန္တိခရစ်များက ၎င်းတို့သည် အစွမ်းအစကောင်းရှိပြီး သာမန်လူများထက်ပို၍တော်သည်၊ ထို့ကြောင့် သာမန်လူများသည် ၎င်းတို့၏ အလုပ်ဖော်များဖြစ်ရန် မထိုက်တန်ဘဲ အားလုံးက ၎င်းတို့ထက် နိမ့်ကျသည်ဟု ယုံကြည်ကြသည်။ ဤအတွက်ကြောင့် အန္တိခရစ်များသည် အဆုံးအဖြတ်ပေးလိုပြီး အမှုကိစ္စများကို အခြားမည်သူနှင့်မျှ မဆွေးနွေးလိုခြင်းဖြစ်သည်။ ဤသို့လုပ်ဆောင်ခြင်းအားဖြင့် ၎င်းတို့သည် မိုက်မဲပြီး အရည်အချင်း မရှိသည့်ပုံပေါ်သည်ဟု ၎င်းတို့ ထင်မြင်ကြသည်။ ဤသည်မှာ အဘယ်သို့သော အမြင်မျိုးဖြစ်သနည်း။ အဘယ်သို့သော စိတ်သဘောထားမျိုး ဖြစ်သနည်း။ ဤသည်မှာ မာနထောင်လွှားသော စိတ်သဘောထားတစ်ခုဖြစ်သလော။ အမှုကိစ္စများကို သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ပြီး ဆွေးနွေးခြင်း၊ ၎င်းတို့ကို မေးခွန်းများမေးမြန်းပြီး ၎င်းတို့ထံမှ အဖြေကို ရှာဖွေခြင်းသည် သိက္ခာမရှိဖြစ်ပြီး အောက်ကျသည်၊ ကိုယ့်ကိုယ်ကိုယ် လေးစားမှုအား ထိခိုက်စေခြင်းဖြစ်သည်ဟု ၎င်းတို့က ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့၏ မိမိကိုယ်ကို လေးစားမှုအား ကာကွယ်ရန်အတွက် ထိုသူတို့နှင့် ဆွေးနွေးဖို့ မဆိုထားနှင့်၊ ၎င်းတို့လုပ်သမျှတွင် ပွင့်လင်းမြင်သာမှုကို ခွင့်မပြုသကဲ့သို့ အခြားလူများကိုလည်း မပြောပြပေ။ အခြားလူများနှင့် ဆွေးနွေးခြင်းသည် သူတို့ကိုယ်သူတို့ အရည်အချင်းမရှိဟု ပြခြင်းဖြစ်သည်၊ အခြားလူများ၏ ထင်မြင်ချက်ကို အစဉ်တောင်းခံခြင်းသည် တုံးအခြင်းဖြစ်ပြီး မိမိအတွက် စဉ်းစားနိုင်စွမ်း မရှိခြင်းဖြစ်သည်၊ တာဝန်တစ်ခုကို ပြီးမြောက်အောင် လုပ်ဆောင်ရာတွင်၊ သို့မဟုတ် ပြဿနာအချို့ကို ဖြေရှင်းရာတွင် အခြားလူတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ၎င်းတို့အား အရည်အချင်းမရှိသည့် ပုံစံပေါ်စေသည်ဟု ၎င်းတို့က ထင်မြင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ မာနထောင်လွှားပြီး အဓိပ္ပာယ်မရှိသော စိတ်ထားမဟုတ်သလော။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား မဟုတ်သလော။ ၎င်းတို့အတွင်းရှိ မာနထောင်လွှားပြီး မိမိကိုယ်ကို အမှန်ထင်ခြင်းသည် သိသာလွန်းသည်။ ၎င်းတို့သည် ပုံမှန်လူသား ဆင်ခြင်တုံတရားအားလုံး ဆုံးရှုံးခဲ့ပြီး ၎င်းတို့၏ စိတ်အခြေအနေသည် သိပ်မမှန်ကန်တော့ပေ။ ၎င်းတို့သည် အရည်အချင်းများရှိသည်၊ အမှုကိစ္စများကို မိမိတို့ဘာသာ ပြီးမြောက်စေနိုင်သည်၊ သူတစ်ပါးတို့နှင့် ညှိနှိုင်းဆောင်ရွက်ရန်မလိုအပ်ဟု အစဉ်ထင်မြင်ကြသည်။ ၎င်းတို့တွင် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားများရှိသောကြောင့် ၎င်းတို့သည် သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်မှုကို မရရှိနိုင်ကြပေ။ ၎င်းတို့က အခြားလူများနှင့် အလုပ်လုပ်ခြင်းသည် ၎င်းတို့၏ အာဏာကို လျော့စေပြီး ပြိုကွဲစေသည်၊ အလုပ်ကို အခြားလူတို့နှင့် ဝိုင်းလုပ်သည့်အခါ ၎င်းတို့၏ ကိုယ်ပိုင်အာဏာသည် လျော့နည်းသွားသည်၊ ၎င်းတို့ကိုယ်တိုင်အတွက် မည်သည့်အရာကိုမျှ မဆုံးဖြတ်နိုင်ပေ၊ ဤသည်မှာ တကယ့်အာဏာမရှိခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ရသည်၊ ၎င်းတို့အတွက် ကြီးမားသော ဆုံးရှုံးမှုဖြစ်သည်ဟု ယုံကြည်ကြသည်။ ထို့ကြောင့် ၎င်းတို့တွင် မည်သည့်အရာဖြစ်ပျက်ပါစေ ၎င်းတို့သည် ယင်းကိုနားလည်ပြီး မည်သို့ကိုင်တွယ်ရမည်ကို သိသည်ဟု ၎င်းတို့က ယုံကြည်လျှင် အခြားမည်သူနှင့်မျှ မဆွေးနွေးပေ။ ၎င်းတို့သည် အလုံးစုံကိုချုပ်ကိုင်ကာ အဆုံးအဖြတ်ပေးလိမ့်မည်။ ၎င်းတို့သည် အခြားလူတို့ကို ပေးသိရမည့်အစား အမှားများကိုသာ ပြုလုပ်လိုကြသည်။ အခြားလူတစ်ယောက်နှင့် အာဏာကို မျှဝေရမည့်အစား မှားယွင်းခြင်းသာဖြစ်လိုကြသည်။ အခြားလူတို့ကို ၎င်းတို့အလုပ်အား ဝင်ရောက်စွက်ဖက်ခွင့်ပြုမည့်အစား ဖြုတ်ချခြင်းကိုသာ ပို၍နှစ်သက်ကြသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ၎င်းတို့၏ အာဏာကို အခြားတစ်ယောက်ယောက်နှင့် မျှဝေမည့်အစား ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုသာ ထိခိုက်စေမည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားကိုသာ အလောင်းအစားလုပ်မည်။ ၎င်းတို့သည် အလုပ်တစ်ခုကို လုပ်ဆောင်နေသောအခါ၊ သို့မဟုတ် ကိစ္စတစ်ခုခုကို ကိုင်တွယ်နေသောအခါတွင် ယင်းသည် တာဝန်ထမ်းဆောင်နေခြင်း မဟုတ်ဘဲ ကိုယ့်ဂုဏ်ကိုယ်ဖော်နေပြီး အခြားလူများကြားတွင် ထင်ပေါ်ရန် အခွင့်အရေးတစ်ခုဖြစ်သည်၊ ပြီးလျှင် ဩဇာအာဏာကို အသုံးချရန် အခွင့်အရေးတစ်ခုဖြစ်သည်ဟု ထင်ကြသည်။ ထို့ကြောင့် ၎င်းတို့က အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်မည်ဟုလည်းကောင်း၊ အမှုကိစ္စများပေါ်ပေါက်သောအခါတွင် ထိုအမှုကိစ္စများကို အခြားလူများနှင့် အတူတကွ ဆွေးနွေးမည်ဟုလည်းကောင်း ဆိုသော်လည်း အမှန်မှာ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ၎င်းတို့၏ အာဏာ၊ သို့မဟုတ် အဆင့်အတန်းကို လက်လွှတ်ဖို့ မလိုလားကြပေ။ အယူဝါဒအချို့ကို ၎င်းတို့နားလည်ပြီး ၎င်းတို့ကိုယ်တိုင် လုပ်ကိုင်နိုင်စွမ်းရှိသရွေ့ အခြားမည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်ရန် မလိုအပ်ဟု ထင်မြင်ကြသည်။ တစ်ဦးတည်းဆောင်ရွက်ပြီး ပြီးမြောက်သင့်သည်၊ ဤသည်ကသာ ၎င်းတို့ကို အရည်အချင်း ရှိစေသည်ဟု ထင်ကြသည်။ ဤအမြင်မှာ မှန်ကန်သလော။ ၎င်းတို့သည် စည်းမျဉ်းများကို ချိုးဖောက်ပါက ၎င်းတို့သည် မိမိတို့၏ တာဝန်များကို ထမ်းဆောင်ခြင်း မဟုတ်ကြောင်း၊ ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ဆောင်ရွက်နိုင်စွမ်း မရှိကြောင်းနှင့် ၎င်းတို့သည် အလုပ်လုပ်ပေးနေရုံမျှသာ ဖြစ်ကြောင်းကို သူတို့ မသိကြပေ။ တာဝန်ထမ်းဆောင်ရာတွင် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေရမည့်အစား ၎င်းတို့၏ အတွေးများ၊ ရည်ရွယ်ချက်များနှင့်အညီ အာဏာကို အသုံးချသည်။ ကြွားဝါသည်။ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြကြသည်။ ၎င်းတို့၏ အလုပ်ဖော်သည် မည်သူဖြစ်စေ၊ မည်သည့်အရာကို လုပ်ဆောင်သည်ဖြစ်စေ ကိစ္စများကို မည်သည့်အခါမျှ မဆွေးနွေးလိုပေ။ ၎င်းတို့သည် မိမိတို့ဘာသာ ဆောင်ရွက်လိုကြသည်။ အစဉ်သဖြင့် အဆုံးအဖြတ်ပေးခွင့် ရရှိလိုကြသည်။ ၎င်းတို့သည် အမှုကိစ္စများလုပ်ဆောင်ရန်အတွက် သိသိသာသာပင် အာဏာကို ကစားနေပြီး အာဏာကို အသုံးပြုနေခြင်းဖြစ်သည်။ အန္တိခရစ်အားလုံးသည် အာဏာကို ချစ်သည်။ ၎င်းတို့သည် ဂုဏ်အဆင့်အတန်းရှိသောအခါ အာဏာကိုပို၍ ရချင်သည်။ အန္တိခရစ်များသည် အာဏာကို ပိုင်ဆိုင်သောအခါ ကြွားဝါရန်အတွက်လည်းကောင်း၊ မိမိတို့ကိုယ်ကို ပြစားဝင့်ဝါရန်အတွက်လည်းကောင်း၊ အခြားသူများက ၎င်းတို့ကို အထင်ကြီး လေးစားစေရန် လုပ်ဆောင်ရန်အတွက်လည်းကောင်း၊ လူအများကြားတွင် ထင်ပေါ်ရန်ဖြစ်သည့် ၎င်းတို့၏ ပန်းတိုင်ကို စွမ်းဆောင်ရရှိရန်အတွက်လည်းကောင်း ၎င်းတို့၏ အဆင့်အတန်းကို အသုံးပြုတတ်ကြသည်။ ထို့ကြောင့် အန္တိခရစ်များသည် အာဏာနှင့် အဆင့်အတန်းကို စွဲလန်းပြီး ယင်းကို မည်သည့်အခါမျှ လုံးဝ စွန့်လွှတ်မည်မဟုတ်ပေ။ မည်သည့်တာဝန်ကို ၎င်းတို့ ထမ်းဆောင်နေသည်ဖြစ်စေ၊ ထိုတာဝန်က မည်သည့် အတတ်ပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုနယ်ပယ်ကို လိုအပ်သည်ဖြစ်စေ ၎င်းတို့က ယင်းအကြောင်းကို မသိသည်မှာ ရှင်းနေလျှင်ပင် သိဟန်ဆောင်လိမ့်မည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား နားမလည်ဘဲ ဟန်ဆောင်ခြင်းသက်သက် ဖြစ်သည်ဟု စွပ်စွဲလျှင်ပင် ၎င်းတို့က “ဤအရာကို ယခု ငါစ၍ လေ့လာလျှင်ပင် သင့်ထက်ပို၍ နားလည်လိမ့်မည်။ ဤသည်မှာ အွန်လိုင်းတွင် အရင်းအမြစ်အချို့ကို ရှာဖွေကြည့်ခြင်းနှင့်သာ ဆိုင်သည်မဟုတ်လော” ဟု ဆိုလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များက မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်ပုံဖြစ်သည်။ ၎င်းတို့သည် အရာရာတိုင်းကို ရိုးရှင်းသောကိစ္စတစ်ခုအဖြစ် ရှုမြင်သည်။ ၎င်းတို့သည် ယင်းကို အစုလိုက်အပြုံလိုက် တာဝန်ယူလုပ်ဆောင်ရဲပြီး တစ်ဦးတည်းလုပ်ဆောင်ရဲသည်။ ရလဒ်အနေဖြင့် အထက်က အလုပ်ကို စစ်ဆေးပြီး အမှုကိစ္စက မည်သို့တိုးတက်နေသည်ကို မေးသောအခါတွင် ၎င်းတို့က အနည်းနှင့်အများ ကိုင်တွယ်ပြီးဖြစ်သည်ဟု ဆိုသည်။ အမှန်မှာ ၎င်းတို့သည် တစ်ကိုယ်တော်လုပ်ဆောင်နေခြင်းဖြစ်ပြီး မည်သူနှင့်မျှ ဆွေးနွေးခြင်းမရှိ။ အရာရာတိုင်းကို ၎င်းတို့ဘာသာ ဆုံးဖြတ်နေခြင်း ဖြစ်သည်။ သင်က ၎င်းတို့အား “သင်လုပ်ဆောင်သည့် ပုံစံတွင် စည်းမျဉ်းများရှိပါသလား” ဟု မေးလျှင် ၎င်းတို့လုပ်ဆောင်နေသည့်အရာက မှန်ပြီး စည်းမျဉ်းများနှင့်ညီသည်ဆိုသည်ကို သက်သေပြရန်အတွက် သဘောတရားအစုံလိုက်တစ်ခုဖြင့် ရှင်းချက်ထုတ်လိမ့်မည်။ လက်တွေ့တွင် ၎င်းတို့၏ တွေးခေါ်ပုံသည် လွဲချော်နေပြီး မှားယွင်းသည်။ ၎င်းတို့သည် အခြားလူများနှင့် အမှုကိစ္စများကို လုံးဝ မဆွေးနွေးဘဲ ဆုံးဖြတ်ချက် ချပိုင်ခွင့်ယူပြီး မိမိတို့ဘာသာ ဆုံးဖြတ်သည်။ လူတစ်ဦးတည်းဖြင့် ပြုလုပ်သော ဆုံးဖြတ်ချက်များသည် အချိန်အများစုတွင် သွေဖည်မှုများ ပါဝင်ဖို့ သေချာသည်။ ဤသို့ဆိုလျှင် မိမိတို့ကိုယ်ကို မှန်ကန်ပြီး တိကျသည်ဟု ထင်သည့် ဤအရာမှာ မည်သည့်စိတ်သဘောထားဖြစ်သနည်း။ သိသာစွာပင် မာနထောင်လွှားသော စိတ်သဘောထားဖြစ်သည်။ ၎င်းတို့တွင် မာနထောင်လွှားသော စိတ်သဘောထားရှိပြီး ဤအတွက်ကြောင့် ၎င်းတို့က အာဏာရှင်ဆန်ခြင်းဖြစ်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် မကောင်းမှုများကို သောင်းကျန်းစွာ ပြုလုပ်ကြ၏။ ဤသည်မှာ အာဏာရှင်စနစ်၊ တစ်ဦးတည်းချုပ်ကိုင်သောစနစ်ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ လုံးဝ ပူးပေါင်းလုပ်ဆောင်လိုစိတ်မရှိဘဲ အပိုဆာဒါးဖြစ်ပြီး မလိုအပ်ဟု မြင်သည်။ ၎င်းတို့သည် အခြားလူများထက်သာသည်၊ မည်သူကမျှ ၎င်းတို့ကို မယှဉ်နိုင်ဟု အစဉ်ထင်မြင်ကြသည်။ ဤအတွက်ကြောင့် အန္တိခရစ်များသည် စိတ်ရင်းတွင် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် ဆန္ဒ၊ သို့မဟုတ် စိတ်သဘောမရှိပေ။ ၎င်းတို့သည် ၎င်းတို့ပြောသည့်အရာအတိုင်း ဖြစ်ချင်သည်။ တစ်ဦးတည်းချုပ်ကိုင်မှုစနစ်ကို ရလိုသည်။ ထိုအခါမှသာ ၎င်းတို့သည် ဝမ်းမြောက်ကြသည်။ ထိုအခါမှသာ ၎င်းတို့က အခြားလူများကို ၎င်းတို့အား အထင်ကြီးစေပြီး ကိုးကွယ်စေလျက် ၎င်းတို့၏ သာလွန်မှုကို ထင်ရှားအောင်လုပ်နိုင်လေသည်။

အခြားအပိုင်းတစ်ခုရှိသည်။ ယင်းမှာ အန္တိခရစ်များသည် အစဉ်သဖြင့် အကြွင်းမဲ့အာဏာရှိလိုခြင်း၊ တစ်ဦးတည်းသော ဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိလိုခြင်း ဖြစ်သည်။ ၎င်းတို့၏ ဤစိတ်သဘောထား သွင်ပြင်လက္ခဏာသည်လည်း ၎င်းတို့အား အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် မတတ်နိုင်ဖြစ်စေသည်။ ၎င်းတို့အနေဖြင့် ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိမရှိကို ၎င်းတို့အား သင်မေးလျှင် ပူးပေါင်းလုပ်ဆောင်လိုစိတ် ရှိသည်ဟု ၎င်းတို့က ပြောသည်။ သို့သော်လည်း ထိုသို့လုပ်ဆောင်ရန် အချိန်ကျသောအခါ မလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ ၎င်းတို့၏ စိတ်သဘောထားဖြစ်သည်။ အဘယ်ကြောင့် ၎င်းတို့ မလုပ်ဆောင်နိုင်သနည်း။ အန္တိခရစ်တစ်ဦးသည် လက်ထောက်အဖွဲ့ခေါင်းဆောင်တစ်ဦး ဖြစ်ဖို့ရှိပြီး အခြားတစ်ယောက်က အဖွဲ့ခေါင်းဆောင်ဖြစ်လျှင် အန္တိခရစ်တစ်ဦး၏ သဘာဝအနှစ်သာရရှိသည့် ထိုသူက လက်ထောက်အဖွဲ့ခေါင်းဆောင်အဖြစ်မှ အဖွဲ့ခေါင်းဆောင် ဖြစ်သွားပြီး အဖွဲ့ခေါင်းဆောင်က ထို့နောက်တွင် သူ၏ လက်ထောက်ဖြစ်မည် ဆိုကြပါစို့။ ၎င်းတို့သည် ယင်းကို ပြောင်းပြန်လှန်လိမ့်မည်။ ဤအရာကို ၎င်းတို့ မည်သို့ရရှိမည်နည်း။ ၎င်းတို့၌ နည်းလမ်းများစွာရှိသည်။ ၎င်းတို့နည်းလမ်းများ၏ အခြေခံသဘောတရားတစ်ခုမှာ များစွာပြောဆိုလုပ်ဆောင်ပြီး မိမိတို့ကိုယ်ကို ကြွားဝါရန်၊ လူတို့အား ၎င်းတို့ကို အထင်ကြီးလေးစားအောင်လုပ်ပြီး ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်ထက် အလွန်ပို၍တော်သည်ဟုလည်းကောင်း၊ အဖွဲ့ခေါင်းဆောင်ကို ၎င်းတို့ သာသွားသည်ဟုလည်းကောင်း အသိအမှတ်ပြုအောင်လုပ်ရန် ညီအစ်ကိုမောင်နှမများ၏ ရှေ့တွင် အလုပ်လုပ်သောအချိန်များကို၊ လူတိုင်းက ၎င်းတို့ကို အမြင်နိုင်ဆုံးသောအချိန်များကို အသုံးပြုခြင်းဖြစ်သည်။ အချိန်ကြာလာသည့်အခါ အဖွဲ့ခေါင်းဆောင်သည် လက်ထောက်အဖွဲ့ခေါင်းဆောင်လောက် မတော်ဟု ညီအစ်ကိုမောင်နှမများက ပြောလာကြသည်။ အန္တိခရစ်က ဤအရာကို ကြားရခြင်းဖြင့် ဝမ်းမြောက်ပြီး “ငါက အဖွဲ့ခေါင်းဆောင်ထက် ပို၍သာသည်ဟု နောက်ဆုံးတွင်တော့ ၎င်းတို့ဝန်ခံပြီ။ ငါ၏ ပန်းတိုင်ကို ဖြစ်မြောက်ပြီးဖြစ်သည်” ဟု တွေးကြသည်။ သာမန်အခြေအနေများတွင် လက်ထောက်အဖွဲ့ခေါင်းဆောင်က ကောင်းမွန်စွာ ဖြည့်ဆည်းသင့်သည့် တာဝန်များနှင့် ဝတ္တရားများမှာ အဘယ်နည်း။ ၎င်းအနေဖြင့် အသင်းတော်က စီစဉ်သည့် အလုပ်ကို ဆောင်ရွက်ခြင်း၊ အကောင်အထည်ဖော်ခြင်းတို့၌ အဖွဲ့ခေါင်းဆောင်နှင့် ပူးပေါင်းဆောင်ရွက်ရန်၊ အမှုကိစ္စများကို အဖွဲ့ခေါင်းဆောင်အား တင်ပြရန်၊ သူ့အား တိုက်တွန်းနှိုးဆော်ရန်၊ သူ့ကို ကြီးကြပ်ရန်အပြင် သူနှင့်အတူ ဆွေးနွေးခြင်းဖြင့် အတူတကွလုပ်ဆောင်ရန်တို့ ဖြစ်သည်။ အဖွဲ့ခေါင်းဆောင်သည် အဓိကခေါင်းဆောင်သည့်နေရာကို ယူရမည်။ လက်ထောက်အဖွဲ့ခေါင်းဆောင်သည် သူ့ကို ပံ့ပိုးပေးရမည်။ ပြီးလျှင် အလုပ်စီမံကိန်းတစ်ခုစီတိုင်း ကောင်းစွာ တာဝန်ယူဆောင်ရွက်ခြင်းရှိဖို့ သေချာအောင်လုပ်ဆောင်ရာတွင် သူနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရမည်။ အမှုကိစ္စများကို တမင်မဖျက်ဆီးခြင်းအပြင် လုပ်ရမည့်အလုပ်ကို ကောင်းစွာလုပ်ဆောင်ရန်အတွက် အရာရာတိုင်းကို အဖွဲ့ခေါင်းဆောင်နှင့် ပူးပေါင်းလုပ်ဆောင်ရမည်။ အဖွဲ့ခေါင်းဆောင်၏ လုပ်ရပ်များက စည်းမျဉ်းများကို ချိုးဖောက်လျှင် လက်ထောက်အဖွဲ့ခေါင်းဆောင်က သူ့ကို တင်ပြ၍ ကူညီရမည်။ အမှားကို ပြုပြင်ရမည်။ ပြီးလျှင် အဖွဲ့ခေါင်းဆောင် လုပ်ဆောင်သော မှန်ကန်ပြီး ကောင်းမွန်သည့်အရာ မှန်သမျှကိုလည်းကောင်း၊ သမ္မာတရားစည်းမျဉ်းများနှင့် ညီသော အရာမှန်သမျှကိုလည်းကောင်း လက်ထောက်အဖွဲ့ခေါင်းဆောင်က ဝိုင်းကူပြီး ပူးပေါင်းလုပ်ဆောင်ရမည်။ ဤအရာအတွက် အစေခံရာတွင် အစွမ်းကုန်အားထုတ်ရမည်။ ပြီးလျှင် အလုပ်ကို ကောင်းစွာ လုပ်ဆောင်ရန်အတွက် အဖွဲ့ခေါင်းဆောင်နှင့် တစ်စိတ်တည်းတစ်ဝမ်းတည်း ရှိရမည်။ ပြဿနာတစ်ခု ဖြစ်ပေါ်ခဲ့လျှင်၊ သို့မဟုတ် ပြဿနာတစ်ခုကို တွေ့ခဲ့လျှင် ယင်းကိုဖြေရှင်းရန်အတွက် ၎င်းတို့နှစ်ဦး ဆွေးနွေးရမည်။ တစ်ခါတစ်ရံတွင် တစ်ချိန်တည်းတွင် လုပ်ဆောင်ရမည့် အရာနှစ်ခုရှိသည်။ ယင်းကို ၎င်းတို့နှစ်ဦးက ပြောဆိုဆွေးနွေးပြီးသည်နှင့် ၎င်းတို့တစ်ဦးချင်းစီက မိမိတို့၏ ကိုယ်ပိုင်အလုပ်ကို ကောင်းစွာ သီးသန့်တာဝန်ယူလုပ်ဆောင်ရမည်။ ဤသည်မှာ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သည်။ အန္တိခရစ်များသည် အခြားလူများနှင့် ဤသို့ ပူးပေါင်းလုပ်ဆောင်သလော။ လုံးဝ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပေ။ လက်ထောက်အဖွဲ့ခေါင်းဆောင်အဖြစ် အစေခံသည်မှာ အန္တိခရစ်တစ်ဦးဖြစ်နေလျှင် သူသည် အဖွဲ့ခေါင်းဆောင်နှင့် နေရာချင်းလဲရန်၊ အဖွဲ့ခေါင်းဆောင်ကို လက်ထောက်အဖွဲ့ခေါင်းဆောင်အဖြစ်၊ လက်ထောက်အဖွဲ့ခေါင်းဆောင်ကို အဖွဲ့ခေါင်းဆောင်အဖြစ် ပြောင်းပြီး ဤနည်းဖြင့် ဦးဆောင်ရန်အတွက် မည်သည့်အရာကို လုပ်ဆောင်ရမည်ကို စတင်၍ အဖြေရှာလိမ့်မည်။ ၎င်းတို့သည် ဤအရာ၊ ထိုအရာကို လုပ်ရန် အဖွဲ့ခေါင်းဆောင်ကို အမိန့်ပေးပြီး ၎င်းတို့က အဖွဲ့ခေါင်းဆောင်ထက် အလွန်ပို၍ တော်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်ဖြစ်ဖို့ သင့်တော်သည်ဟုလည်းကောင်း လူတိုင်းအား ပြသသည်။ ဤသို့ဖြင့် ၎င်းတို့၏ ဂုဏ်သိက္ခာသည် အခြားလူများကြားတွင် တိုးမြှင့်လာပြီး ထို့နောက်တွင် ၎င်းတို့သည် အလိုအလျောက် အဖွဲ့ခေါင်းဆောင်အဖြစ် အရွေးခံရသည်။ အခြားလူများက အဖွဲ့ခေါင်းဆောင်ကို အထင်သေးရန်အတွက် ၎င်းတို့သည် အဖွဲ့ခေါင်းဆောင်ကို မိုက်မဲသည့်ပုံပေါက်ပြီး သိက္ခာကျစေရန်အတွက် တမင်တကာလုပ်ဆောင်သည်။ ထို့နောက်တွင် ၎င်းတို့၏ စကားလုံးများဖြင့် သူ့ကို လှောင်ပြောင်ပြီး သရော်သည်။ ဖော်ထုတ်ပြီး သေးသိမ်စေသည်။ တဖြည်းဖြည်းချင်းဖြင့် ၎င်းတို့နှစ်ဦးကြားရှိ ခြားနားချက်သည် ပိုပိုကြီးမားလာပြီး လူတို့၏ စိတ်နှလုံး၌ ၎င်းတို့ရှိသော နေရာများသည် ပိုပို၍ ကွဲပြားလာသည်။ ဤသို့ဖြင့် နောက်ဆုံးတွင် ထိုအန္တိခရစ်က အဖွဲ့ခေါင်းဆောင်ဖြစ်လာသည်။ ၎င်းတို့သည် လူတို့ကို ၎င်းတို့ဘက်သို့ စည်းရုံးလိုက်နိုင်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကဲ့သို့သော စိတ်သဘောထားဖြင့် ၎င်းတို့သည် အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်နိုင်သလော။ မလုပ်ဆောင်နိုင်ပေ။ သူတို့ မည်သည့်နေရာတွင်မဆို ရှိနေပါစေ သူတို့သည် အဓိကကျသူ ဖြစ်လိုကြသည်၊ တစ်ဦးတည်းချုပ်ကိုင်ထားလိုကြသည်၊ အာဏာကို မိမိတို့လက်ထဲတွင် ကိုင်စွဲထားလိုကြ၏။ သင်၏ ရာထူးက မည်သည့်ရာထူးဖြစ်စေ၊ အကြီးအကဲဖြစ်စေ၊ လက်ထောက်ဖြစ်စေ၊ ရာထူးကြီးသည်ဖြစ်စေ၊ ရာထူးသေးသည်ဖြစ်စေ၊ ၎င်းတို့မြင်သည်မှာ အဆင့်အတန်းနှင့် အာဏာသည် အနှေးနှင့်အမြန်ဆိုသလို ၎င်းတို့သာ ပိုင်ဆိုင်သည့်အရာ ဖြစ်လာရမည်ဖြစ်သည်။ ၎င်းတို့နှင့် တာဝန်ထမ်းဆောင်သည်မှာ၊ သို့မဟုတ် ၎င်းတို့နှင့် မည်သည့်အလုပ်စီမံကိန်းကိုမဆို လုပ်ဆောင်နေသည်မှာ၊ သို့မဟုတ် ၎င်းတို့နှင့် ပြဿနာတစ်ခုကိုပင် ငြင်းခုံနေသည်မှာ မည်သူဖြစ်နိုင်သည်ဖြစ်စေ ၎င်းတို့သည် မိမိတို့ဘာသာ လုပ်ဆောင်သည့် တစ်ကိုယ်ရေသမားအဖြစ် ဆက်လက်တည်ရှိနေသည်။ မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ခြင်း မရှိပေ။ မည်သူကမျှ ၎င်းတို့ကဲ့သို့ ဂုဏ်သိက္ခာမျိုး၊ သို့မဟုတ် ရာထူးမျိုး ရခွင့်မရှိသကဲ့သို့ ၎င်းတို့ကဲ့သို့ အရည်အချင်းမျိုး၊ သို့မဟုတ် ဂုဏ်သတင်းမျိုးလည်း ရခွင့်မရှိပေ။ တစ်စုံတစ်ယောက်က ၎င်းတို့ထက် သာသွားပြီး ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့က ၎င်းတို့တွင်ရှိသည့် မည်သည့်နည်းလမ်းဖြင့်မဆို အခြေအနေကို ပြောင်းလဲဖို့ ကြိုးစားလိမ့်မည်။ ဥပမာအနေဖြင့် လူတိုင်းက အမှုအရာတစ်ခုကို ဆွေးနွေးနေပြီး ဆွေးနွေးမှုက ရလဒ်တစ်ခု ဖြစ်ထွန်းခါနီးသည့်အချိန်တွင် ၎င်းတို့က ဤအရာကို ချက်ချင်းနားလည်ပြီး မည်သည့်အရာအား လုပ်ဆောင်ရမည်ကို သိလိမ့်မည်။ ၎င်းတို့က “ဤသည်မှာ တာဝန်ယူဆောင်ရွက်ရန် အမှန်ပင် အလွန်ခက်ခဲသလော။ ဤသို့ ဆွေးနွေးဖို့ လိုသေးသလော။ သင်တို့ပြောသည့် မည်သည့်အရာကမျှ ဖြစ်မြောက်မည်မဟုတ်” ဟု ဆိုလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် မည်သူကမျှ မတွေးမိခဲ့သည့် ဆန်းသစ်သော သဘောတရား၊ သို့မဟုတ် ကြီးကျယ်သည့် စိတ်ကူးကို ပေးပြီး အဆုံးတွင် လူတိုင်း၏ အမြင်များကို ချေပလိမ့်မည်။ ၎င်းတို့က ဤသို့ပြုပြီးသည်နှင့် ယင်းက လူတို့အား “သူတို့က ရာထူးကြီးတွေဖြစ်သည်မှာ သေချာပါသည်။ အဘယ်ကြောင့် ငါတို့က ဤအရာကို မစဉ်းစားမိသနည်း။ ငါတို့က မသိနားမလည်သည့် လူပြိန်းတစ်စုသာ ဖြစ်သည်။ ဤသည်မှာ မကောင်းပေ။ သင်ဦးဆောင်ဖို့ ငါတို့ လိုအပ်သည်” ဟု တွေးမိစေလိမ့်မည်။ ဤသည်မှာ အန္တိခရစ်အလိုရှိသည့် ရလဒ်ဖြစ်သည်။ ၎င်းတို့သည် တစ်မူထူးခြားသော ပုံစံကို စွမ်းဆောင်ရရှိပြီး အခြားလူများ၏ အထင်ကြီးမှုကို ရနိုင်ရန်အတွက် ကြီးကျယ်သော အယူအဆများကို အစဉ်သဖြင့် ကရားရေလွှတ်ပြောဆိုသည်။ ပြီးလျှင် လူတို့က ၎င်းတို့အပေါ် မည်သည့်အမြင်များ ဖြစ်သွားသနည်း။ ၎င်းတို့၏ အယူအဆများက သာမန်လူများထက် သာလွန်သည်။ သာမန်လူများထက် ပို၍မြင့်သည်ဟူ၍ ဖြစ်သည်။ မည်မျှမြင့်သနည်း။ ၎င်းတို့မရှိလျှင် အဖွဲ့က ဆုံးဖြတ်ချက်မချနိုင် သို့မဟုတ် မည်သည့်အရာကိုမျှ အပြီးမသတ်နိုင်။ ထို့ကြောင့် ၎င်းတို့လာပြီး တစ်စုံတစ်ခုပြောရန် စောင့်ရမည်။ ၎င်းတို့လာပြီးသည်နှင့် လူတိုင်းက ၎င်းတို့ကို လေးစားပြီး ၎င်းတို့ပြောသည့်အရာက မှားယွင်းပြီး အဓိပ္ပာယ်မဲ့လျှင်ပင် လူတိုင်းက ယင်းသည် အဆင့်မြင့်သည်ဟု ပြောဆဲဖြစ်သည်။ ဤတွင် ၎င်းတို့သည် လူတို့အား အထင်အမြင်မှားအောင် လုပ်ဆောင်နေခြင်း မဟုတ်လော။ ဤသို့ဆိုလျှင် ၎င်းတို့သည် အဘယ်ကြောင့် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသနည်း။ ၎င်းတို့က “လူတို့နှင့် ပူးပေါင်းလုပ်ဆောင်ခြင်းသည် ငါ့ကိုယ်ငါ ၎င်းတို့နှင့် တစ်ဆင့်တည်း ထားခြင်းဖြစ်သည်။ ကျားနှစ်ကောင်က တောင်တစ်ခုတည်းတွင် နေနိုင်သလော။ တောင်၏ ဘုရင်က တစ်ပါးတည်းရှိရမည်။ ထိုဘုရင်ရာထူးကို ထိန်းသိမ်းထားနိုင်သူက ရရှိသည်။ ပြီးလျှင် ယင်းကို လုပ်ဆောင်နိုင်သည်မှာ ငါကဲ့သို့သော လုပ်ရည်ကိုင်ရည် ရှိသည့်သူဖြစ်သည်။ သင်တို့အားလုံးက ထိုမျှ ဉာဏ်မထက်မြက်ပေ။ သင်တို့၏ အစွမ်းအစက ညံ့သည်။ ပြီးလျှင် သင်တို့သည် တွန့်ဆုတ်သည်။ ထို့အပြင် ကမ္ဘာပေါ်တွင် လူများကို သင် မလိမ်ညာခဲ့၊ သို့မဟုတ် အရူးမလုပ်ခဲ့။ သူတစ်ပါးတို့က အရူးလုပ်ခြင်းကိုသာ သင်တို့ ခံခဲ့ရသည်။ ငါတစ်ဦးတည်းသည်သာ ဤနေရာတွင် ခေါင်းဆောင်ဖြစ်ရန် အရည်အချင်းပြည့်မီသည်” ဟု ခံစားမိကြသည်။ ဤသို့ဖြင့် ၎င်းတို့နှင့်ဆိုလျှင် မကောင်းသောအရာများက ကောင်းသောအရာများ ဖြစ်လာသည်။ ၎င်းတို့၏ ဤမကောင်းသောအရာများကို ကြွားလုံးထုတ်ကြသည်။ ဤသည်မှာ အရှက်မဲ့ခြင်း မဟုတ်လော။ ဤအရာများကို ၎င်းတို့ အဘယ်ကြောင့်ပြောသနည်း။ ဤသို့ဆိုလျှင် ဤသို့ ၎င်းတို့လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းမှာ ၎င်းတို့ရှိနေသည့် လူစုအဖွဲ့က မည်မျှကြီးပါစေ ခေါင်းဆောင်ဖြစ်ရန်၊ အမြင့်ဆုံးနေရာကို ယူရန် ဖြစ်သည်။ ယင်းမှာ ၎င်းတို့ ရည်ရွယ်ချက်မဟုတ်သလော။ (ဟုတ်သည်။) ထို့ကြောင့် ၎င်းတို့သည် လူတိုင်းကို သေးသိမ်စေရန်၊ သိက္ခာချရန်၊ လှောင်ပြောင်ရန် နည်းလမ်းတိုင်းကို စဉ်းစားပြီးနောက်တွင် လူတိုင်းကို သိမ်းသွင်းစည်းရုံးပြီး ၎င်းတို့ပြောသည့်အရာကို လူတိုင်းလုပ်ဆောင်စေရန် ၎င်းတို့၏ ကိုယ်ပိုင် ကြီးကျယ်သော အယူအဆများကို ပေးသည်။ ယင်းမှာ ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်သလော။ မဟုတ်ပေ။ မည်သည့်အရာ ဖြစ်သနည်း။ ဤသည်မှာ ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် ဟူသည့် ငါတို့ပြောဆိုနေသည့် အချက်ရှစ်နှင့် တူညီသည်။ ဤအရာကို ပူးပေါင်းလုပ်ဆောင်ခြင်းနှင့်ပတ်သက်ပြီး ပြောဆိုခြင်း ဖြစ်သည်။ အန္တိခရစ်များသည် ၎င်းတို့၏ ဘာသာစကား၊ သို့မဟုတ် ၎င်းတို့၏ လုပ်ရပ်များဖြင့် မည်သည့်အရာကို လုပ်ဆောင်နေသည်ဖြစ်စေ ၎င်းတို့၏တာဝန်ကို အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သလော။ (မလုပ်ဆောင်နိုင်ပါ။) ၎င်းတို့သည် ပူးပေါင်းဆောင်ရွက်ခြင်း မရှိဘဲ အခြားလူများကိုသာ ၎င်းတို့၏ ပြောဆိုချက်များ၊ လုပ်ရပ်များကို လိုက်လျောရန် တောင်းဆိုသည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခြားလူများထံမှ အကြံဉာဏ်ယူနိုင်သလော။ အသေအချာပင် မယူနိုင်ပေ။ အခြားလူများက ၎င်းတို့ကို မည်သည့်အကြံဉာဏ်ပေးနိုင်သည်ဖြစ်စေ ၎င်းတို့က အလွန်ပင် စိတ်မဝင်စားပေ။ ၎င်းတို့သည် အသေးစိတ်အချက်များ၊ သို့မဟုတ် အကြောင်းရင်းများကို မတောင်းသကဲ့သို့ အမှုကိစ္စများကို အမှန်တကယ်တွင် မည်သို့ ကိုင်တွယ်သင့်သည်ဆိုသည်ကိုလည်း မမေးပေ။ သမ္မာတရားစည်းမျဉ်းများကို ရှာဖို့ဆိုလျှင် ပို၍ မဖြစ်နိုင်ပေ။ ပို၍ပင်ဆိုးသည်မှာ ၎င်းတို့ရှေ့တွင် ငါရှိသောအခါ၌ ငါ့ကိုပင် မမေးပေ။ ၎င်းတို့သည် ငါ့ကို လေကဲ့သို့ သဘောထားသည်။ ၎င်းတို့တွင် ပြဿနာတစ်ခုခုရှိမရှိကို ငါမေးသော်လည်း ၎င်းတို့က မရှိဟု ပြောသည်။ ယခုတင်ဖြစ်ပျက်ခဲ့သည့် တစ်စုံတစ်ခုနှင့်ပတ်သက်ပြီး မည်သည့်အရာလုပ်ဆောင်ရမည်ကို ၎င်းတို့မသိသည်မှာ သိသာထင်ရှားသည့်တိုင် ၎င်းတို့ရှေ့၌ ငါရှိနေသော်လည်း ငါ့ကို မမေးကြပေ။ ဤသို့ဆိုလျှင် ၎င်းတို့သည် အခြားလူတစ်ဦးတလေဖြင့် ပူးပေါင်းလုပ်ဆောင်နိုင်သလော။ မည်သူကမျှ ၎င်းတို့၏ လက်တွဲဖက်အဖြစ် အရည်အချင်းမပြည့်မီပေ။ ၎င်းတို့၏ ကျွန်နှင့် ပြာတာတို့သာ ဖြစ်သည်။ ဤသည်မှာ မမှန်ကန်သလော။ ၎င်းတို့ထဲတွင် အချို့က အလုပ်ဖော်များ ရှိနိုင်သော်လည်း အမှန်တွင် ၎င်းတို့၏ ထိုအလုပ်ဖော်များသည် ၎င်းတို့၏ ပြာတာများဖြစ်သည်။ ရုပ်သေးများကဲ့သို့ပင် ဖြစ်သည်။ ၎င်းတို့က “ဤနေရာသို့ သွားပါ” ဟုဆိုလျှင် ၎င်းတို့၏ အလုပ်ဖော်က သွားသည်။ “ထိုနေရာသို့ သွားပါ” ဟုဆိုလျှင် ၎င်းတို့၏ အလုပ်ဖော်က သွားသည်။ ၎င်းတို့၏ အလုပ်ဖော်ကို ၎င်းတို့က သိစေသည့်အရာကို အလုပ်ဖော်ကသိပြီး မသိစေသည့်အရာကို ၎င်းတို့ မေးပင်မမေးရဲပေ။ အမှုကိစ္စများသည် ၎င်းတို့ပြောသည့်အတိုင်းဖြစ်သည်။ လူတစ်ဦးက ၎င်းတို့အား “ဤသည်မှာ အလုပ်မဖြစ်။ သင်တစ်ဦးတည်း မကြီးကြပ်နိုင်သည့် အရာအချို့ရှိသည်။ ပူးပေါင်းလုပ်ဆောင်ရန်လူတစ်ယောက်၊ သင့်အား ကြီးကြပ်မည့်လူတစ်ယောက်ကို သင်ရှာရမည်။ ထို့အပြင် ယခင်က သင်ကောင်းစွာ မကိုင်တွယ်ခဲ့သည့် အလုပ်တစ်ခုရှိသည်။ သင်နှင့် ပူးပေါင်းလုပ်ဆောင်ပြီး သင့်အား ကူညီရန်အတွက် အစွမ်းအစရှိသူ၊ အလုပ်လုပ်နိုင်စွမ်း ရှိသူတစ်ဦးကို ရှာဖို့လိုသည်။ အသင်းတော်၏အလုပ်နှင့် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ကာကွယ်ပေးဖို့လိုသည်” ဟု ဆိုနိုင်သည်။ ယင်းကို ၎င်းတို့က မည်သည့်အရာပြောမည်နည်း။ “ငါ၏ အလုပ်ဖော်ကို သင် ဖြုတ်ချလျှင် ငါနှင့် ပူးပေါင်းဆောင်ရွက်ရန် သင့်တော်မည့် အခြားမည်သူမျှမရှိ”ဟူ၍ ဖြစ်သည်။ ၎င်းတို့ပြောနေသည့် ဤသည်မှာ အဘယ်နည်း။ ၎င်းတို့က အလုပ်ဖော်မရမည်ကိုလော၊ သို့မဟုတ် ထိုသို့သော ပြာတာမျိုးနှင့် ကျွန်မျိုးကို မရှာနိုင်ခြင်း ဖြစ်သလော။ ထိုသို့သော ကျွန်၊ သို့မဟုတ် ပြာတာကို၊ ၎င်းတို့အမိန့်ပေးသည့်အရာကိုသာ လုပ်ဆောင်သည့် “အလုပ်ဖော်”မျိုးကို ၎င်းတို့ မရှာနိုင်မည်ကို စိုးရွံ့ကြသည်။ ၎င်းတို့ဖြစ်ပေါ်စေသည့် ဤအခက်အခဲကို မည်သို့ဖြေရှင်းသင့်သည်ဟု သင်တို့ဆိုမည်နည်း။ သင်က “အို သင်က အလုပ်ဖော်မရှာနိုင်သလော။ ဤသို့ဆိုလျှင် ဤစီမံကိန်းတွင် သင်အလုပ်လုပ်ရန် မလိုအပ်ပါ။ အလုပ်ဖော် ရှိသူမည်သူမဆို ဤအရာကို အစားဝင်လုပ်နိုင်သည်” ဟု ဆိုနိုင်သည်။ ဤသို့အားဖြင့် ဤပြဿနာသည် မပြေလည်သလော။ မည်သူကမျှ သင်နှင့် ပူးပေါင်းဆောင်ရွက်ရန် မသင့်တော်ဘဲ မည်သူကမျှ သင်နှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိလျှင် သင်သည် မည်သို့သောအရာမျိုး ဖြစ်သနည်း။ သင်သည် မိစ္ဆာကောင်၊ ငကြောင်တစ်ကောင် ဖြစ်သည်။ အမှန်တကယ် ဆင်ခြင်တုံတရားရှိသူတို့သည် အနည်းဆုံးအနေဖြင့် သာမန်လူတစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သည်။ ထိုသူက အစွမ်းအစနည်းလွန်းလျှင်မူ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ယင်းမှာ အလုပ်ဖြစ်မည်မဟုတ်။ ဆင်ခြင်တုံတရားရှိသော လူတို့လုပ်ဆောင်ရမည့် ပထမဆုံးသောအရာမှာ ၎င်းတို့တာဝန်ကို ထမ်းဆောင်ရာ၌ အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် သင်ယူခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မဆို ပူးပေါင်းလုပ်ဆောင်နိုင်ရမည်။ စိတ်မနှံ့သူ မဟုတ်လျှင်၊ သို့မဟုတ် နတ်ဆိုးတစ်ကောင် မဟုတ်လျှင်ဖြစ်သည်။ ထိုသို့ဖြစ်ခဲ့လျှင် ၎င်းတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် မဖြစ်နိုင်ပေ။ လူအများစုနှင့် ပူးပေါင်းလုပ်ဆောင်နိုင်ခြင်းသည် အလွန်အရေးကြီးသောအရာတစ်ခု ဖြစ်သည်။ ယင်းသည် ပုံမှန်ဆင်ခြင်တုံတရား၏ လက္ခဏာဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။