အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁) အခန်း လေး
အန္တိခရစ်တစ်ဦး၏ အနှစ်သာရနှင့်သက်ဆိုင်သည့် အသိသာဆုံးသော ဝိသေသလက္ခဏာများထဲမှ တစ်ခုမှာ ၎င်းတို့သည် အာဏာကို လက်ဝါးကြီးအုပ်ပြီး ၎င်းတို့၏ ကိုယ်ပိုင်အာဏာရှင်စနစ်ကို လည်ပတ်သည်။ ၎င်းတို့သည် မည်သူ့ကိုမျှ နားမထောင်ပေ၊ ၎င်းတို့သည် မည်သူ့ကိုမျှ မလေးစားဘဲ လူတို့၏ အားသာချက်များ၊ သို့မဟုတ် လူတို့က မည်သည့် မှန်ကန်သော အမြင်များ၊ သို့မဟုတ် အမြော်အမြင်ရှိသော ထင်မြင်ချက်များကို ဖော်ပြနိုင်သည်ဖြစ်စေ၊ သို့မဟုတ် မည်သည့် သင့်တော်သောနည်းလမ်းများကို လူတို့ တင်ပြနိုင်ပါစေ ၎င်းတို့က ထိုအရာများကို အရေးမစိုက်ပေ။ မည်သူကမျှ ၎င်းတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန်၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်သည့်အရာမှန်သမျှတွင် ပါဝင်ရန် အရည်အချင်း မပြည့်မီသည့်အလား ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးတွင်ရှိသည့် စိတ်သဘောထားမျိုးဖြစ်သည်။ ဤသည်မှာ မကောင်းသော လူ့သဘာဝရှိခြင်း ဖြစ်သည်ဟု လူအချို့က ပြောကြသည်။ သို့သော် ဤသည်မှာ ထူးမခြားနားသော မကောင်းသည့်လူ့သဘာဝမျှသာ မည်သို့လျှင် ဖြစ်နိုင်မည်နည်း။ ဤသည်မှာ လုံးလုံး စာတန်ဆန်သော စိတ်သဘောထားတစ်ခု ဖြစ်ပေသည်။ ပြီးလျှင် ဤသို့သော စိတ်သဘောထားသည် အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သည်။ ၎င်းတို့၏ စိတ်သဘောထားသည် အလွန့်အလွန် ရက်စက်ကြမ်းကြုတ်သည်ဟု ငါ အဘယ့်ကြောင့် ပြောသနည်း။ အန္တိခရစ်တို့သည် ဘုရားအိမ်တော်မှ အရာရာတိုင်းနှင့် အသင်းတော်၏ ပိုင်ဆိုင်မှုပစ္စည်းများကို ၎င်းတို့ကိုယ်တိုင်အတွက်ယူဆောင်ပြီး ယင်းတို့ကို ၎င်းတို့၏ ကိုယ်ပိုင် ပိုင်ဆိုင်မှုပစ္စည်းအဖြစ် မှတ်ယူသည်။ ယင်းတို့အားလုံးကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ထားမည်ဖြစ်သည်။ ဤတွင် မည်သူ့ကိုမျှ ကြားဝင်ရန် ၎င်းတို့ ခွင့်မပြုပေ။ အသင်းတော်အလုပ်ကို လုပ်ဆောင်သောအခါတွင် ၎င်းတို့စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွား၊ အဆင့်အတန်းနှင့် ၎င်းတို့၏ ဂုဏ်သိက္ခာတို့ဖြစ်သည်။ ၎င်းတို့သည် အစွမ်းအစရှိသောသူ တစ်ယောက်ယောက် သို့မဟုတ် မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူတစ်ဦးတလေကို ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းတို့အား ခြိမ်းခြောက်ခွင့်ပြုဖို့ မဆိုထားနှင့်၊ မည်သူ့ကိုမျှ ၎င်းတို့၏ အကျိုးစီးပွားကို ထိခိုက်ခွင့်မပြုပေ။ ထို့ကြောင့် ၎င်းတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောနိုင်ပြီး သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်ကာ ဘုရားသခင် ရွေးချယ်ထားသောလူများအတွက် ပံ့ပိုးပေးနိုင်သောသူတို့ကို ပြိုင်ဖက်များအဖြစ် ဖိနှိပ်ပြီး ဖယ်ကြဉ်ရန် ကြိုးစားကြသည်။ ပြီးလျှင် ၎င်းတို့သည် ထိုသူတို့ကို အခြားလူတိုင်းနှင့် လုံးဝသီးခြားခွဲထားရန်၊ လုံးလုံးလျားလျား နာမည်ပျက်အောင် ပြုလုပ်ရန်နှင့် ပြိုလဲစေရန် အသည်းအသန်ကြိုးစားကြသည်။ ထိုအခါမှသာ အန္တိခရစ်များက စိတ်အေးလက်အေး ဖြစ်ကြလိမ့်မည်။ ဤလူတို့သည် မည်သည့်အခါမျှ အပျက်သဘောမဆောင်လျှင်၊ မိမိတို့၏ သက်သေခံချက် ပြောဆိုကာ အခြားလူများကို ပံ့ပိုးလျက် မိမိတို့၏ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ကြလျှင် အန္တိခရစ်များက ၎င်းတို့၏ နောက်ဆုံးနည်းကို ကျင့်သုံးကြလိမ့်မည်။ ယင်းမှာ ထိုလူတို့အား အသင်းတော်မှ ရှင်းလင်းပစ်ခံရသည်အထိ အမှားရှာပြီး ရှုတ်ချခြင်း၊ သို့မဟုတ် ထိုလူတို့အား ညှဉ်းပန်းရန်အတွက် အမှုဆင်ပြီး လုပ်ကြံပြောဆိုခြင်းဖြစ်သည်။ ထိုအခါမှသာ အန္တိခရစ်များက အပြည့်အဝ စိတ်သက်သာရာရကြလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များနှင့်ပတ်သက်၍ မသိမသာနှင့် အန္တရာယ်အရှိဆုံး၊ မလိုမုန်းထားဆုံးသောအရာဖြစ်သည်။ ၎င်းတို့ကို အကြောက်ဆုံးနှင့် စိတ်အပူပင်ဆုံးဖြစ်စေသောအရာမှာ သမ္မာတရားကို လိုက်စားပြီး စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပိုင်ဆိုင်သောသူများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စကားလုံးများနှင့် အယူဝါဒများကို အနှစ်မရှိစွာ ပေါက်တတ်ကရ ပြောသောသူများထက် ဤသို့သောသက်သေခံချက်ရှိသော လူတို့ကို ဘုရားသခင် ရွေးချယ်ထားသောလူများက အသိအမှတ်ပြုပြီး အပံ့ပိုးဆုံးသူများဖြစ်သောကြောင့်ဖြစ်သည်။ အန္တိခရစ်များသည် စစ်မှန်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို မပိုင်ဆိုင်ကြသကဲ့သို့ သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်စွမ်းလည်း မရှိပေ။ အလွန်ဆုံးအနေဖြင့် ၎င်းတို့သည် လူတို့ကို မျက်နှာလိုမျက်နှာရလုပ်ရန် ကောင်းမှုအနည်းငယ်ကို လုပ်ဆောင်နိုင်စွမ်းရှိကြသည်။ သို့သော် ကောင်းမှုမည်မျှကို ၎င်းတို့ လုပ်ဆောင်သည်ဖြစ်စေ၊ သို့မဟုတ် နားဝင်ချိုသောအရာများကို မည်မျှ ပြောဆိုသည်ဖြစ်စေ ဤအရာများမှာ ကောင်းမွန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်မှ လူတို့ထံ ဆောင်ကြဉ်းပေးနိုင်သော အကျိုးအမြတ်များ၊ အကျိုးကျေးဇူးများနှင့် မယှဉ်သာသေးပေ။ ဘုရားသခင် ရွေးချယ်ထားသောလူများကို အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များအကြောင်း ပြောဆိုနိုင်သောသူများက ထောက်ပံ့ပေးသော ပံ့ပိုးမှုနှင့် ရေလောင်းမှု၏ အကျိုးတရားများအတွက် မည်သည့်အရာကိုမျှ အစားထိုး၍မရနိုင်ပေ။ ထို့ကြောင့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောဆိုသောသူတစ်ဦးကို အန္တိခရစ်များက မြင်သည့်အခါ မျက်မုန်းကျိုးကြသည်။ ဒေါသက ၎င်းတို့၏စိတ်နှလုံးတွင် ထကြွလာကြသည်။ မုန်းတီးမှု ဖြစ်ပေါ်လာပြီး ပြောဆိုသူကို ပါးစပ်ပိတ်ရန်၊ နောက်ထပ်ပြောဆိုခြင်းမှ တားဆီးရန် စိတ်လောနေကြသည်။ ထိုလူတို့က ဆက်လက်၍ စကားပြောနေလျှင် အန္တိခရစ်များ၏ ဂုဏ်သတင်းက လုံးဝ ပျက်စီးသွားလိမ့်မည်။ ၎င်းတို့၏ အကျည်းတန်သော သဘောသဘာဝများကို အားလုံးမြင်ရဖို့ အပြည့်အဝ ဖော်ထုတ်ပြခြင်း ခံလိမ့်မည်။ ထို့ကြောင့် အန္တိခရစ်တို့သည် သက်သေခံချက်ကို ပြောဆိုနေသောသူကို နှောင့်ယှက်ရန်၊ ဖိနှိပ်ရန် ဆင်ခြေတစ်ခုကို ရှာကြသည်။ အန္တိခရစ်များသည် လူတို့ကို စကားလုံးများ၊ အယူဝါဒများဖြင့် အထင်အမြင်မှားစေရန် မိမိတို့ကိုယ်ကိုသာ ခွင့်ပြုကြပြီး ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကို သူတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များကို ပြောခြင်းအားဖြင့် ဘုရားသခင်ကို ဘုန်းထင်ရှားအောင် ပြုလုပ်ခွင့် မပေးပေ။ ဤသည်မှာ အန္တိခရစ်များသည် မည်သို့သော လူအမျိုးအစားတို့ကို အမုန်းတီးဆုံး၊ အကြောက်ရွံ့ဆုံးဖြစ်သည်ကို ညွှန်ပြသည်။ လူတစ်ယောက်က ရှေ့ထွက်ပြီး အလုပ်အနည်းငယ် လုပ်ဆောင်သောအခါ သို့မဟုတ် တစ်စုံတစ်ယောက်က စစ်မှန်သော အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်ပြီး ဘုရားသခင် ရွေးချယ်ထားသောလူတို့က ယင်းထံမှ အကျိုးအမြတ်များ၊ တည်ဆောက်မှု၊ ပံ့ပိုးမှုတို့ ရရှိကာ လူတိုင်းထံမှ အလွန်ချီးကျူးမှုကို ရရှိသောအခါ အန္တိခရစ်များ၏ စိတ်နှလုံးတွင် မနာလိုခြင်းနှင့် မုန်းတီးခြင်းကြီးထွားလာသည်။ ပြီးလျှင် ထိုသူကို ဖယ်ကြဉ်ပြီး ဖိနှိပ်ကြသည်။ အန္တိခရစ်များသည် ထိုသူများက ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ခြိမ်းခြောက်ခြင်းမှ ကာကွယ်ရန်အတွက် ထိုသို့သောလူများကို မည်သည့်အခြေအနေတွင်ဖြစ်စေ မည်သည့်အလုပ်ကိုမျှ တာဝန်ယူ လုပ်ဆောင်ခွင့်မပြုပေ။ သမ္မာတရား လက်တွေ့ကျမှု ရှိသောသူတို့သည် အန္တိခရစ်များ၏ မျက်မှောက်တွင်ရှိသောအခါ အန္တိခရစ်များ၏ ညံ့ဖျင်းနုံချာမှု၊ စိတ်ပျက်စရာကောင်းမှု၊ အကျည်းတန်မှု၊ ကောက်ကျစ်ဆိုးယုတ်မှုတို့ကို ပေါ်လွင်စေပြီး မီးမောင်းထိုးပြရန် လုပ်ဆောင်သည်။ ထို့ကြောင့် အန္တိခရစ်များက လုပ်ဖော်ကိုင်ဖက်၊ သို့မဟုတ် တွဲဖက်အမှုဆောင် တစ်ယောက်ကို ရွေးချယ်သောအခါ သမ္မာတရား လက်တွေ့ကျမှုများ ရှိသူတို့ကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ ပြောဆိုနိုင်သောသူများကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ ပြီးလျှင် ရိုးသားသောသူများ၊ သို့မဟုတ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သောသူများကို မည်သည့်အခါမျှ မရွေးချယ်ကြပေ။ ဤလူများမှာ အန္တိခရစ်များ မနာလိုဖြစ်ပြီး အမုန်းတီးဆုံးသောလူများ ဖြစ်သည်၊ ပြီးလျှင် ၎င်းတို့သည် အန္တိခရစ်များအတွက် ခလုတ်ဆူးငြောင့်တစ်ခုဖြစ်သည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော ဤလူတို့သည် ဘုရားအိမ်တော်၏ အလုပ်အတွက် ကောင်းမွန်သည့်၊ သို့မဟုတ် အကျိုးဖြစ်စေသည့်အရာ မည်မျှလုပ်ဆောင်ပါစေ ဤလုပ်ဆောင်မှုများကို ဖုံးကွယ်ရန် အန္တိခရစ်များက အစွမ်းကုန် ကြိုးစားကြလိမ့်မည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မြှင့်တင်ပြီး အခြားလူတို့ကို သေးသိမ်စေရန်နည်းလမ်းအနေဖြင့် ကောင်းသောအရာများအတွက် နာမည်ကောင်းရယူရန် အချက်အလက်များကို မလိမ့်တပတ်လုပ်ပြီး မကောင်းသောအရာများအတွက်မူ သူတစ်ပါးတို့အပေါ် အပြစ်ပုံချလိမ့်မည်။ သမ္မာတရားကို လိုက်စားပြီး အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောသူများအပေါ်တွင် အန္တိခရစ်များက အလွန်ပင် မနာလိုဖြစ်ပြီး မုန်းတီးခြင်းရှိကြသည်။ ဤလူများက ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား ခြိမ်းခြောက်မည်ကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် ၎င်းတို့ကို တိုက်ခိုက်ပြီး ဖယ်ကြဉ်ရန် တတ်နိုင်သမျှ အစွမ်းကုန် ကြိုးစားကြသည်။ ဤလူတို့ကို မဆက်သွယ်ရန်၊ သို့မဟုတ် ဤလူတို့နှင့် မရင်းနှီးစေရန်၊ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သော ဤလူတို့ကို ပံ့ပိုးခြင်း၊ သို့မဟုတ် ချီးမွမ်းခြင်းမပြုလုပ်ရန် ၎င်းတို့က ညီအစ်ကိုမောင်နှမများကို ပိတ်ပင်တားမြစ်ကြသည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ ဘုရားကို မုန်းတီးသည့် အန္တိခရစ်များ၏ စာတန်ဆန်သောသဘာဝကို အထုတ်ဖော်ဆုံးသောအရာ ဖြစ်သည်။ ထို့ကြောင့် ဤသည်မှာ အန္တိခရစ်များသည် အသင်းတော်တွင် ဆန့်ကျင်ဘက်ရေစီးကြောင်းတစ်ခုဖြစ်သည်ကိုလည်းကောင်း၊ အသင်းတော်အလုပ်ကို နှောင့်ယှက်မှုနှင့် ဘုရားအလိုတော်ကို ဟန့်တားခြင်းအတွက် ၎င်းတို့သည် အပြစ်တင်ရမည့်သူများ ဖြစ်သည်ကိုလည်းကောင်း သက်သေပြသည်။ ထို့အပြင် အန္တိခရစ်များသည် ညီအစ်ကိုမောင်နှမများကြားတွင် မုသားများကို မကြာခဏ လုပ်ကြံပြီး အမှန်တရားများကို မလိမ့်တပတ်လုပ်ကာ မိမိတို့၏ အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုနိုင်သောလူတို့ကို သိမ်ငယ်စေပြီး ရှုတ်ချသည်။ ထိုလူများက မည်သည့်အလုပ်ကို လုပ်ဆောင်ပါစေ အန္တိခရစ်များက ထိုသူတို့ကို ဖယ်ကြဉ်ပြီး ဖိနှိပ်ဖို့ ဆင်ခြေများရှာကြပြီး ၎င်းတို့နှင့်ပတ်သက်၍ ဝေဖန်အပြစ်တင်တတ်သည်။ ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်သည်၊ ကြွားဝါလိုသည်၊ စိတ်ထဲတွင် ရည်မှန်းချက်များ ထားရှိသည်ဟု ပြောသည်။ အမှန်တကယ်တွင် ဤလူတို့သည် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်တစ်ခုခုရှိကြပြီး သမ္မာတရား လက်တွေ့ကျမှုအချို့ ပိုင်ဆိုင်ကြသည်။ အတော်အတန် ကောင်းမွန်သော လူ့သဘာဝရှိကြသည်။ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိကြပြီး သမ္မာတရားကို လက်ခံနိုင်ကြသည်။ ထိုသူတို့သည် အားနည်းချက်၊ ချို့ယွင်းချက်များနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ရံဖန်ရံခါ ထုတ်ဖော်ခြင်းများ ရှိနိုင်သော်လည်း ၎င်းတို့သည် မိမိတို့ကိုယ်ကို ဆင်ခြင်သုံးသပ်ပြီး နောင်တရနိုင်စွမ်းရှိကြသည်။ ထိုသူတို့သည် ဘုရားသခင် ကယ်တင်မည့်သူများ၊ ဘုရားသခင်က စုံလင်အောင်ပြုခြင်းခံရဖို့ မျှော်လင့်ချက်ရှိသောသူများ ဖြစ်နေဆဲဖြစ်သည်။ အနှစ်ချုပ်အနေဖြင့် ဤလူတို့သည် တာဝန်တစ်ခုကို ထမ်းဆောင်ရန် သင့်တော်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းအတွက် သတ်မှတ်ချက်များ၊ စည်းမျဉ်းများကို ဖြည့်ဆည်းကြသည်။ သို့သော် အန္တိခရစ်များက “ငါသည် ဤအရာကို သည်းညည်းခံမည် မဟုတ်။ သင်သည် ငါနှင့်ယှဉ်ပြိုင်ဖို့ ငါ၏ ပိုင်နက်ထဲတွင် နေရာတစ်နေရာရချင်သည်။ ယင်းမှာ မဖြစ်နိုင်ပေ၊ စဉ်းပင်မစဉ်းစားလေနှင့်။ သင်သည် ငါ့ထက် သာ၍ပညာတတ်သည်၊ ငါ့ထက် သာ၍ ရှင်းလင်းစွာ ပြောဆိုနိုင်သည်၊ ငါ့ထက် လူကြိုက်များသည်။ ပြီးလျှင် သင်သည် ငါ့ထက်ပို၍ ကြီးသော လုံ့လဝီရိယဖြင့် သမ္မာတရားကို လိုက်စားသည်။ ငါသည် သင်နှင့်အတူ ပူးပေါင်းလုပ်ဆောင်ပြီး သင်က ငါ့ထက် သာသွားပါက ငါသည် မည်သို့ပြုလုပ်ရမည်နည်း” ဟု မိမိတို့ဘာသာ တွေးကြသည်။ ၎င်းတို့သည် ဘုရားသခင် အိမ်တော်၏ အကျိုးစီးပွားများကို ဆင်ခြင်ထောက်ထားသလော။ မထောက်ထားပေ။ ၎င်းတို့သည် မည်သည့်အရာကို စဉ်းစားသနည်း။ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်အဆင့်အတန်းအား မည်သို့ ထိန်းသိမ်းထားရမည်ကိုသာ စဉ်းစားကြသည်။ အန္တိခရစ်များသည် တကယ့်အလုပ်ကို လုပ်ဆောင်နိုင်စွမ်း မရှိသည်ကို မိမိတို့ကိုယ်ကို သိကြသော်လည်း သမ္မာတရားကို လိုက်စားသော အစွမ်းအစကောင်းရှိသည့်လူများကို ပျိုးထောင်ခြင်း၊ သို့မဟုတ် ရာထူးတိုးပေးခြင်း မပြုကြပေ။ ၎င်းတို့ ရာထူးတိုးပေးသည့်သူများမှာ ၎င်းတို့ကို မြှောက်ပင့်ပြောဆိုသူများ၊ သူတစ်ပါးတို့ကို ကိုးကွယ်တတ်သူများ၊ စိတ်နှလုံးထဲတွင် ၎င်းတို့ကိုအသိအမှတ်ပြုပြီး လေးစားသောသူများ၊ လူလည်ဖြစ်သူများ၊ သမ္မာတရားကို နားလည်ခြင်းမရှိဘဲ ပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော သူများသာ ဖြစ်သည်။ အန္တိခရစ်များသည် ဤလူများကို ၎င်းတို့အတွက် အစေခံရန်၊ ၎င်းတို့အတွက် အပြေးအလွှားလုပ်ဆောင်ရန်၊ ၎င်းတို့အနီးတွင် နေထိုင်လျက် နေ့စဉ်ကုန်ဆုံးစေရန် ၎င်းတို့၏အနားတွင် မြှောက်စားကြသည်။ ယင်းက အသင်းတော်တွင် အန္တိခရစ်များကို အာဏာရရှိစေပြီး လူများစွာက ၎င်းတို့နှင့် နီးကပ်စွာနေသည်၊ ၎င်းတို့နောက်သို့ လိုက်သည်၊ မည်သူကမျှ ၎င်းတို့ကို စိတ်မကျေမနပ်ဖြစ်အောင် မလုပ်ရဲကြဟူသည့် သဘောဖြစ်သည်။ အန္တိခရစ်များက ပျိုးထောင်သော ဤလူအားလုံးသည် သမ္မာတရားကို မလိုက်စားသောသူများဖြစ်ကြသည်။ ၎င်းတို့အများစုသည် ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြသလို စည်းကမ်းအတိုင်း လုပ်ဆောင်ခြင်းမှလွဲ၍ မည်သည့်အရာကိုမျှ မသိပေ။ ၎င်းတို့သည် ခေတ်ရေစီးကြောင်းများနှင့် အာဏာရှိသူများနောက်သို့ လိုက်လိုကြသည်။ ၎င်းတို့သည် အစွမ်းထက်သော အရှင်သခင်တစ်ယောက်ရှိခြင်းအားဖြင့် ရဲဆေးတင်ကြသော အမျိုးအစားများဖြစ်သည်။ နားဝေတိမ်တောင်ဖြစ်သောလူများ ဖြစ်သည်။ ဘာသာတရားမရှိသူများ၏ ထိုဆိုရိုးစကားက အဘယ်သို့ရှိသနည်း။ လူဆိုးတစ်ယောက်၏ ကိုးကွယ်ခြင်းခံရသော ဘိုးဘေးဘီဘင်ဖြစ်ခြင်းထက် လူကောင်းတစ်ယောက်၏ လက်ထောက်ဖြစ်ခြင်းက ပို၍ကောင်း၏ ဟူ၍ဖြစ်သည်။ အန္တိခရစ်များက အတိအကျပင် ဆန့်ကျင်ဘက်ကို ပြုလုပ်သည်။ ၎င်းတို့သည် ဤသို့သောလူများ၏ ကိုးကွယ်ခြင်းခံရသော ဘိုးဘေးဘီဘင်များအဖြစ် ပြုမူလုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့၏ အလံလွှင့်ထူသူ၊ အားပေးအားမြှောက် ပြုသူများအဖြစ် ထိုလူများကို ပျိုးထောင်ပေးရန် စီစဉ်လုပ်ဆောင်သည်။ အန္တိခရစ်တစ်ဦးက အသင်းတော်တစ်ခုတွင် အာဏာရှိသည့် အချိန်တိုင်းတွင် သူသည် နားဝေတိမ်တောင်ဖြစ်သောလူများနှင့် ၎င်း၏ အကူများအဖြစ် မျက်စိစုံမှိတ်၍ မိုက်မဲစွာ ပြုမူသူတို့ကို အစဉ်စုဆောင်းသည်။ တစ်ချိန်တည်းတွင် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်နိုင်သော၊ အလုပ်ကို တာဝန်ယူလုပ်ဆောင်နိုင်သော ထိုအစွမ်းအစရှိသူများကို ဖယ်ကြဉ်ကာ ဖိနှိပ်သည်။ အထူးသဖြင့် တကယ့်အလုပ်ကို လုပ်နိုင်စွမ်းရှိသော ထိုခေါင်းဆောင်များ၊ အမှုဆောင်များကို ဖယ်ကြဉ်ကာ ဖိနှိပ်သည်။ ဤသို့ဖြင့် အသင်းတော်တွင် အုပ်စုနှစ်စု ဖြစ်ပေါ်လေသည်။ အုပ်စုတစ်စုတွင် လူ့သဘာဝက အတော်အတန် ရိုးသားသူများ၊ မိမိတို့တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်သောသူများ၊ သမ္မာတရားကို လိုက်စားသောသူများရှိသည်။ အခြားအုပ်စုမှာ အန္တိခရစ်များ ဦးဆောင်သည့် နားဝေတိမ်တောင်ဖြစ်သော၊ မဆင်မခြင်ဖြင့် အပျော်အပျက် လုပ်ဆောင်သောသူတစ်သိုက်ရှိသည်။ အန္တိခရစ်များ ထုတ်ဖော်ခံရခြင်းနှင့် ဖယ်ရှားရှင်းလင်းခံရခြင်းတို့ မရှိမချင်း ထိုအုပ်စုနှစ်စုသည် တစ်ခုနှင့်တစ်ခု ဆက်လက်၍ တိုက်ပွဲဝင်လိမ့်မည်။ မိမိတို့၏တာဝန်ကို ရိုးသားစစ်မှန်မှုဖြင့် ထမ်းဆောင်ပြီး သမ္မာတရားအား လိုက်စားသောသူတို့ကို အန္တိခရစ်များက အစဉ်တိုက်ခိုက်ပြီး ဆန့်ကျင်လုပ်ဆောင်သည်။ ဤသည်မှာ အသင်းတော်အလုပ်ကို အလွန်အမင်း မနှောင့်ယှက်သလော။ ဘုရားအမှုတော်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်မလုပ်သလော။ ဤအန္တိခရစ်များ၏ အင်အားစုသည် အသင်းတော်တွင် ဘုရားအလိုတော်ကို ဆောင်ရွက်ခြင်းမှ တားဆီးသော အပိတ်အဆို့နှင့် အတားအဆီးတစ်ခု မဟုတ်သလော။ ဘုရားသခင်ကို ဆန့်ကျင်နေသည့် ကောက်ကျစ်ဆိုးယုတ်သည့် အင်အားစုမဟုတ်သလော။ အန္တိခရစ်များသည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်သနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏စိတ်ထဲတွင် ဤအပြုသဘောဆောင်သော ပုဂ္ဂိုလ်များသာ ရပ်တည်၍ ခေါင်းဆောင်များ၊ အမှုဆောင်များဖြစ်ကြလျှင် ထိုသူတို့သည် အန္တိခရစ်များ၏ ပြိုင်ဘက်များ ဖြစ်ကြမည်ဆိုသည်ကို ရှင်းနေသောကြောင့် ဖြစ်သည်။ ထိုသူတို့သည် အန္တိခရစ်များ၏ ဆန့်ကျင်ဘက် အင်အားစုဖြစ်မည်။ အန္တိခရစ်၏ စကားများကို လုံးဝ နားထောင်မည်မဟုတ်၊ သို့မဟုတ် နာခံမည်မဟုတ်။ အန္တိခရစ်များ၏ အမိန့်တိုင်းကို လုံးဝ လိုက်လျှောက်မည်မဟုတ်။ ဤလူတို့သည် အန္တိခရစ်များ၏ အဆင့်အတန်းကို ခြိမ်းခြောက်မှု ဖြစ်စေဖို့ လုံလောက်မည်။ ဤလူများကို အန္တိခရစ်များက တွေ့သောအခါ ၎င်းတို့ စိတ်နှလုံးထဲတွင် မုန်းတီးမှု ဖြစ်ပေါ်လာသည်။ ၎င်းတို့သည် ဤလူများကို ဖယ်ကြဉ်ကာ အနိုင်ယူပြီး ဤလူတို့၏ နာမည်ကို မဖျက်ဆီးလျှင် ၎င်းတို့၏ စိတ်နှလုံး၌ ငြိမ်သက်ခြင်းနှင့် စိတ်ချခြင်းရှိမည်မဟုတ်။ ထို့ကြောင့် ၎င်းတို့၏ ကိုယ်ပိုင်အာဏာကို ပျိုးထောင်ပြီး ၎င်းတို့၏အင်အားစုကို ခိုင်မာစေရန် မြန်ဆန်စွာ အလုပ်လုပ်ရမည်။ ဤသို့အားဖြင့် ပို၍များသော ဘုရားသခင် ရွေးချယ်ထားသောလူများကို ၎င်းတို့ ထိန်းချုပ်နိုင်သည်။ ပြီးလျှင် သမ္မာတရားလိုက်စားသူလက်တစ်ဆုပ်စာက ၎င်းတို့အဆင့်အတန်းအား ခြိမ်းခြောက်ခြင်းကို မည်သည့်အခါမျှ နောက်တစ်ဖန် စိုးရိမ်ရမည်မဟုတ်။ အန္တိခရစ်များသည် အသင်းတော်တွင် ၎င်းတို့ကိုယ်ပိုင်အင်အားစုကို ဖွဲ့စည်းသည်။ ၎င်းတို့အား နားထောင်သူ၊ နာခံသူ၊ ၎င်းတို့အပေါ် ဖော်လံဖားသူ၊ မြှောက်ပင့်ပေးသူများကို အလုပ်၏ ကဏ္ဍတိုင်းကို ကြီးကြပ်စေသည်။ ဤအရာအားလုပ်ဆောင်ခြင်းသည် ဘုရားအိမ်တော်၏ အလုပ်အပေါ် အကျိုးရှိသလော။ မရှိပေ။ အကျိုးမရှိရုံသာမက အသင်းတော်အလုပ်အပေါ် အနှောင့်အယှက်နှင့် အဖျက်အမှောင့်များလည်း ဖန်တီးသည်။ ဤကောက်ကျစ်ဆိုးယုတ်သော အင်အားစုက ယင်းဘက်တွင် လူတစ်ဝက်ကျော်ရှိလျှင် အသင်းတော်ဖြိုလှဲနိုင်ခြေရှိသည်။ ဤသည်မှာ အသင်းတော်ရှိ သမ္မာတရားလိုက်စားသူများ၏ အရေအတွက်က လူနည်းစုဖြစ်ပြီး မုန့်ကို အဝစားရန်အတွက်သာ ရှိနေသော အလုပ်လုပ်ပေးသူများ၊ မယုံကြည်သူများကမူ အနည်းဆုံး တစ်ဝက်ရှိသောကြောင့် ဖြစ်သည်။ ဤအခြေအနေတွင် အန္တိခရစ်များက ထိုလူများကို အထင်အမြင်မှားစေပြီး သူတို့ဘက်သို့ ဆွဲယူခြင်းအပေါ် မိမိတို့၏ ခွန်အားကို ဇောက်ချထားလျှင် အသင်းတော်က ခေါင်းဆောင်များကို ရွေးကောက်သောအခါ အလိုအလျောက်ပင် အသာစီးရလိမ့်မည်။ ထို့ကြောင့် ရွေးကောက်ပွဲများအတွင်းတွင် သမ္မာတရားကို ရှင်းလင်းသည်အထိ မိတ်သဟာယဖွဲ့သင့်ကြောင်း ဘုရားအိမ်တော်က အစဉ်သဖြင့် အလေးပေးပြောဆိုသည်။ သင်သည် သမ္မာတရားကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် အန္တိခရစ်များကို ဖော်ထုတ်ပြီး အနိုင်ယူခြင်း မရှိနိုင်လျှင် အန္တိခရစ်များသည် လူတို့ကို အထင်အမြင်မှားစေနိုင်ပြီး ခေါင်းဆောင်အဖြစ် အရွေးခံရကာ အသင်းတော်ကို သိမ်းယူပြီး ထိန်းချုပ်နိုင်သည်။ ဤသည်မှာ အန္တရာယ်ရှိသောအရာ ဖြစ်မည်မဟုတ်လော။ အသင်းတော်တွင် အန္တိခရစ်တစ်ဦး၊ နှစ်ဦးပေါ်လာလျှင် ကြောက်ရွံ့မှု ဖြစ်ပေါ်ရန် လုံလောက်မည်မဟုတ်။ သို့သော် အန္တိခရစ်များက အင်အားစုတစ်ခုဖြစ်လာပြီး လွှမ်းမိုးမှုအဆင့်တစ်ခုခုကို ရရှိလျှင် ကြောက်ရွံ့မှု ဖြစ်ပေါ်ရန် လုံလောက်မည်။ ထို့ကြောင့် အန္တိခရစ်များအနေဖြင့် ထိုလွှမ်းမိုးမှုအဆင့်ကို စွမ်းဆောင်ရရှိခြင်း မရှိမီ ၎င်းတို့အား အသင်းတော်မှ အမြစ်ဖြတ်ပြီး နှင်ထုတ်ရမည်။ ဤတာဝန်သည် အမြင့်ဆုံးသော ဦးစားပေးဖြစ်ပြီး ယင်းမှာ မရှိမဖြစ် လိုအပ်သည်။ ထို့အပြင် အသင်းတော်ရှိ ထိုမယုံကြည်သူများ၊ အထူးသဖြင့် လူကို ကိုးကွယ်ပြီး လူနောက်လိုက်ရန် ဆန္ဒရှိသော၊ အင်အားစုနောက်သို့ လိုက်လိုသော၊ နတ်ဆိုးများ၏ အပေါင်းအပါများနှင့် လက်ပါးစေများ ဖြစ်လိုသော၊ ဂိုဏ်းများဖွဲ့လိုသောသူများဖြစ်သည့် ထိုသို့သော မယုံကြည်သူများ၊ နတ်ဆိုးများကို အမြန်ဆုံး ရှင်းလင်းပစ်သင့်သည်။ ဤသည်မှာ ထိုအနှောင့်အယှက်ပေးသူများက အသင်းတော်ကို နှောင့်ယှက်ပြီး ထိန်းချုပ်သည့် အင်အားစုဖြစ်ခြင်းကို တားဆီးရန် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင် ရွေးချယ်ထားသောလူများက ရှင်းလင်းစွာ မြင်ရမည့်အရာတစ်ခု၊ သမ္မာတရားကို နားလည်သောသူများက ထမ်းရွက်သင့်သည့် အရာတစ်ခု ဖြစ်သည်။ အသင်းတော်အလုပ်ကို ထမ်းရွက်သောသူများအားလုံး၊ ဘုရားသခင်၏ ရည်ရွယ်ချက်များကို အလေးထားသောသူများအားလုံးသည် ဤအရာများကို အရှိအတိုင်း သိမြင်ရမည်။ ၎င်းတို့သည် အထူးသဖြင့် အန္တိခရစ်အမျိုးအစားကို အရှိအတိုင်းမြင်ရမည်ဖြစ်ပြီး လူတို့ကို မြှောက်ပင့်ပြီး ကိုးကွယ်လိုသော သေးနုပ်သည့် နတ်ဆိုးများကိုလည်း မြင်ရမည်။ ထို့နောက်တွင် ထိုသူများအပေါ် ကန့်သတ်ချက်များထားရှိရမည်၊ သို့မဟုတ် အသင်းတော်မှ ရှင်းလင်းပစ်ရမည်။ ဤသို့ လက်တွေ့လုပ်ဆောင်ရန် အလွန်ပင် လိုအပ်သည်။ အန္တိခရစ်ကဲ့သို့သောလူများသည် ထိုကဲ့သို့သော နားဝေတိမ်တောင် ဖြစ်သည့်လူများ၊ အသုံးမကျသော အပျင်းခိုသူများ၊ သမ္မာတရားကို လက်မခံသော၊ သို့မဟုတ် မချစ်သော ယုတ်မာသောသူများနှင့် ဆက်ဆံရေးအဆင်ပြေစေရန် သေသေချာချာ စီစဉ်လုပ်ဆောင်သည်။ ၎င်းတို့သည် ထိုသူတို့ကို စည်းရုံးပြီး ထိုသူတို့နှင့် အလွန်ပင် သဟဇာတဖြစ်စွာ၊ ရင်းနှီးစွာ၊ စိတ်ထက်သန်စွာ “ပူးပေါင်းလုပ်ဆောင်”သည်။ ဤလူများသည် မည်သည့်သတ္တဝါအမျိုးအစား ဖြစ်သနည်း။ အန္တိခရစ်ဂိုဏ်းများ၏ အဖွဲ့ဝင်များမဟုတ်လော။ အထက်က ၎င်းတို့၏ “ကိုးကွယ်ခြင်းခံရသော ဘိုးဘေးဘီဘင်”ကို ဖြုတ်ချလျှင် တာဝန်သိသော ထိုသားသမီးများက သည်းခံမည်မဟုတ်။ ၎င်းတို့သည် အထက်ကို မမျှတဟု ဝေဖန်အပြစ်တင်မည်။ ပြီးလျှင် အန္တိခရစ်များကို ခုခံပေးရန်အတွက် ပူးပေါင်းလိမ့်မည်။ ဘုရားအိမ်တော်သည် ၎င်းတို့ကို အောင်နိုင်ခွင့်ပြုနိုင်သလော။ ဘုရားအိမ်တော်က လုပ်နိုင်သမျှမှာ ၎င်းတို့အားလုံးအပေါ် ပိုက်ကွန်ကို ဖြန့်ကြက်ပြီး ၎င်းတို့အားလုံးကို ရှင်းလင်းပစ်ရန်သာ ဖြစ်၏။ ၎င်းတို့သည် အန္တိခရစ်တစ်သိုက်၊ ဆိုးယုတ်သော မကောင်းဆိုးဝါးများဖြစ်ပြီး ၎င်းတို့ထဲမှ မည်သူ့ကိုမျှ လွှတ်ပေး၍ မရနိုင်ပေ။ အန္တိခရစ်များကဲ့သို့သောလူများသည် တစ်ဦးတည်းပြုမူဆောင်ရွက်သည်မှာ ရှားသည်။ အချိန်အများစုတွင် ၎င်းတို့သည် ပြုမူဆောင်ရွက်ရန်အတွက် အဖွဲ့တစ်ခုကို စုဝေးသည်။ အနည်းဆုံးနှစ်ဦး၊ သုံးဦးဖွဲ့သည်။ သို့ရာတွင် တစ်ဦးတည်းအနေဖြင့် ပြုမူဆောင်ရွက်သော အန္တိခရစ်များ၏ သီးခြားအခြေအနေအချို့ရှိသည်။ ဤသည်မှာ ၎င်းတို့တွင် ပင်ကိုစွမ်းရည်များ မရှိသောကြောင့်၊ သို့မဟုတ် ၎င်းတို့အတွက် အခွင့်အရေး မရသေးသောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ၎င်းတို့တွင် အခြားလူများနှင့် တူညီသည့်အရာမှာမူ အဆင့်အတန်းကို အထူးခုံမင်နှစ်သက်ခြင်းဖြစ်သည်။ ၎င်းတို့တွင် ကျွမ်းကျင်မှုများ၊ သို့မဟုတ် ပညာရေးမရှိသောကြောင့် အဆင့်အတန်းကို ခုံမင်နှစ်သက်ခြင်း မရှိဟု မယူဆနှင့်။ ယင်းမှာ မှားယွင်းသည်။ အန္တိခရစ်၏ အနှစ်သာရကို သင်ရှင်းလင်းစွာ မသိမြင်ဖူးပေ။ လူတစ်ယောက်က အန္တိခရစ်ဖြစ်သရွေ့ အဆင့်အတန်းကို နှစ်သက်သည်။ အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသည်ကို ကြည့်လျှင် ဤသို့သော နားဝေတိမ်တောင် ဖြစ်သည့်လူတစ်စု၊ အမှိုက်များ၊ အဖျက်ကောင်များကို ၎င်းတို့ကို ဖားယားရန် အဘယ်ကြောင့် လက်သပ်မွေးသနည်း။ ဤလူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ၎င်းတို့ ရည်ရွယ်သလော။ ၎င်းတို့သည် ထိုသူများနှင့် အမှန်တကယ် ပူးပေါင်းဆောင်ရွက်နိုင်လျှင် “အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ” ဆိုသည့် စကားက ခိုင်လုံမည်မဟုတ်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ။ ထို “မည်သူနှင့်မျှ” သည် အဓိကအားဖြင့် အပြုသဘောဆောင်သောလူများကို ညွှန်းဆိုသည်။ သို့သော် အန္တိခရစ်၏ စိတ်သဘောထားကို ထည့်သွင်းစဉ်းစားလျှင် ၎င်းတို့သည် ၎င်းတို့၏ ကြံရာပါများဖြင့်လည်း ပူးပေါင်းဆောင်ရွက်နိုင်ခြင်း မရှိပေ။ ဤသို့ဆိုလျှင် ဤလူများကို လက်သပ်မွေးရာ၌ ၎င်းတို့သည် မည်သည့်အရာကို လုပ်ဆောင်နေသနည်း။ ၎င်းတို့သည် ဩဇာပေးရလွယ်သော၊ ကြိုးကိုင်ညွှန်ကြားရလွယ်သော၊ ကိုယ်ပိုင်အမြင်မရှိသော၊ အန္တိခရစ်များက ပြောသည့်အရာ မှန်သမျှကို လုပ်ဆောင်သော၊ အန္တိခရစ်များ၏ အဆင့်အတန်းကို ကာကွယ်ပေးရန် ဆက်လက်၍ အတူတကွ လုပ်ဆောင်မည်ဖြစ်သော နားဝေတိမ်တောင်ဖြစ်သည့် လူအုပ်စုကို လက်သပ်မွေးနေခြင်းဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် သူ့ကိုယ်သူ မှီခိုလျှင် ၎င်းသည် လုံးဝကို တစ်ဦးတည်း ဖြစ်နေလိမ့်မည်။ သူ၏ အဆင့်အတန်းကို ကာကွယ်ပေးရန်ဟူသည်မှာ လွယ်ကူသောအရာ ဖြစ်မည်မဟုတ်။ ထို့ကြောင့် နေ့စဉ် ၎င်းတို့အနီးတွင် စုဝေးပြီး ၎င်းတို့အတွက် အမှုကိစ္စများကို လုပ်ဆောင်ပေးရန် နားဝေတိမ်တောင် ဖြစ်သောလူအုပ်စုကို စည်းရုံးခြင်းဖြစ်သည်။ ၎င်းတို့သည် ဘုရားသခင် ရွေးချယ်ထားသောလူများကိုပင် အထင်အမြင်မှားအောင် လုပ်ဆောင်သည်။ ဤလူများ သမ္မာတရားကို လိုက်စားပုံနှင့် ဒုက္ခခံပုံတို့အကြောင်းကို ၎င်းတို့ ပြောဆိုသည်။ ထိုသူတို့သည် ပျိုးထောင်ပေးခြင်းခံရထိုက်သည်ဟု ဆိုသည်။ ဤလူများတွင် ပြဿနာတစ်ခု ရှိသောအခါ ၎င်းတို့က ထိုပြဿနာနှင့်ပတ်သက်ပြီး ဤလူတို့ကို စုံစမ်းသည်၊ မေးမြန်းသည်ဟုပင် ဆိုသည်။ ထိုသူတို့အားလုံးက နာခံပြီး ကျိုးနွံနာခံသောလူများဖြစ်သည်ဟု ဆိုသည်။ ၎င်းတို့သည် ၎င်းတို့တာဝန်ကို ပူးပေါင်းလုပ်ဆောင်လျက် ထမ်းဆောင်နေခြင်း ဖြစ်သလော။ အန္တိခရစ်သည် သူ၏ အဆင့်အတန်းကို ခိုင်မာစေရန်အတွက် သူ့အတွက် ပြုမူလုပ်ဆောင်ပေးမည်ဖြစ်သည့်၊ သူ၏ လက်ပါးစေများ၊ သူ၏ ကြံရာပါများဖြစ်မည့် လူတစ်စုကို ရှာဖွေနေသည်။ ယင်းမှာ ပူးပေါင်းဆောင်ရွက်ခြင်းမဟုတ်။ သူ၏ ကိုယ်ပိုင်လုပ်ငန်းကို ဆောင်ရွက်နေခြင်းဖြစ်၏။ ဤသည်မှာ အန္တိခရစ်များ၏ အင်အားစုဖြစ်သည်။
သင်တို့ အဘယ်အရာကို ပြောမည်နည်း။ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ခက်ခဲသလော။ အမှန်တကယ်တွင် မခက်ခဲပေ။ လွယ်ကူသည်ဟုပင် သင်ပြောနိုင်သည်။ သို့ရာတွင် လူများသည် ဤအရာကို ခက်ခဲသည်ဟု အဘယ်ကြောင့် ခံစားနေရသေးသနည်း။ အကြောင်းမှာ ၎င်းတို့၌ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ရှိသောကြောင့်ဖြစ်သည်။ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသူများအတွက်မှာမူ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် အတော်အတန် လွယ်ကူပြီး ဤသည်မှာ ပျော်ရွှင်ဖွယ်တစ်ခုဟု ၎င်းတို့ ခံစားရနိုင်သည်။ အကြောင်းမှာ အမှုကိစ္စများကို မိမိတို့ဘာသာ ဖြစ်မြောက်အောင်မြင်ရန်မှာ မည်သူ့အတွက်မျှ မလွယ်ကူသကဲ့သို့ ၎င်းတို့သည် မည်သည့်နယ်ပယ်တွင် ပါဝင်ပတ်သက်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့လုပ်ဆောင်နေသည့်အရာတွင်၊ အမှုအရာများကို ထောက်ပြဖို့နှင့် အကူအညီပေးဖို့ တစ်စုံတစ်ယောက် ရှိသည်မှာ အစဉ်သဖြင့် ကောင်းသောကြောင့် ဖြစ်သည်။ မိမိတို့ဘာသာ လုပ်ဆောင်ခြင်းထက် များစွာသာ၍ လွယ်ကူပေသည်။ ထို့အပြင် လူတို့၏ အစွမ်းအစက စွမ်းဆောင်နိုင်သည့်အရာ၊ သို့မဟုတ် ၎င်းတို့ ကိုယ်၌က တွေ့ကြုံနိုင်သည့်အရာတွင် အကန့်အသတ် ရှိပေသည်။ မည်သူတစ်ဦးတစ်ယောက်မျှ လုပ်ငန်းအားလုံးကို မကျွမ်းကျင်နိုင်ပေ။ လူတစ်ဦးအတွက် အရာအားလုံးကို သိဖို့၊ အရာအားလုံးကို လုပ်ဆောင်နိုင်စွမ်းရှိဖို့၊ အရာအားလုံးကို ဖြစ်မြောက်အောင်မြင်ဖို့ မဖြစ်နိုင်ချေ။ ယင်းမှာ မဖြစ်နိုင်သကဲ့သို့ လူတိုင်းသည် ထိုသို့သော ဆင်ခြင်တုံတရားကို ပိုင်ဆိုင်သင့်သည်။ ထို့ကြောင့် သင်သည် မည်သည့်အရာကိုလုပ်လုပ်၊ ထိုအရာက အရေးကြီးသည်ဖြစ်စေ၊ မကြီးသည်ဖြစ်စေ သင့်ကိုကူညီရန်၊ သင့်ကို နည်းပေးလမ်းညွှန်မှုများ ပေးရန်၊ အကြံဉာဏ်ပေးရန်နှင့် အမှုအရာများကို သင်နှင့် ပူးပေါင်းလုပ်ကိုင်ရန် တစ်စုံတစ်ယောက်ကို သင် အမြဲတမ်း လိုအပ်နေလိမ့်မည်။ ဤသည်မှာ အမှုအရာများကို ပို၍ မှန်မှန်ကန်ကန် လုပ်ဆောင်ရန်၊ ပို၍ အမှားနည်းရန်၊ လမ်းလွဲဖို့ ဖြစ်နိုင်ခြေနည်းပါးရန် သေချာစေဖို့ တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။ ဤသည်မှာ ကောင်းသောအရာဖြစ်သည်။ အထူးသဖြင့် ဘုရားသခင်ကို အစေခံခြင်းသည် အရေးကြီးပြီး သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းခြင်းသည် သင့်ကို အန္တရာယ်ဖြစ်စေနိုင်သည်။ လူတို့တွင် စာတန်ဆန်သော စိတ်သဘောထားများ ရှိပြီး အချိန်မရွေး၊ နေရာမရွေး ဘုရားသခင်ကို ပုန်ကန်ပြီး ဆန့်ကျင်နိုင်သည်။ စာတန်ဆန်သော စိတ်သဘောထားများဖြင့် အသက်ရှင်သောသူတို့သည် ဘုရားသခင်ကို အချိန်မရွေး ငြင်းဆန်နိုင်၊ ဆန့်ကျင်နိုင်ပြီး သစ္စာဖောက်နိုင်သည်။ အန္တိခရစ်များက အလွန်မိုက်မဲ၏၊ ၎င်းတို့သည် ဤအရာကို သဘောမပေါက်ကြဘဲ “ငါသည် အာဏာရရှိရန် လုံလောက်သော ဒုက္ခကို ခံခဲ့ရပြီးပြီ၊ အဘယ်ကြောင့် အခြားမည်သူနှင့်မဆို မျှဝေရမည်နည်း။ ထိုအာဏာကို အခြားလူတို့အား ပေးခြင်းက ငါကိုယ်တိုင်အတွက် လုံးဝ ရှိတော့မည် မဟုတ်ဟူသည့် သဘောမဟုတ်လော။ အာဏာမရှိဘဲနှင့် ငါ၏ ပါရမီများနှင့် အရည်အချင်းများကို မည်သို့ ထင်ရှားစေနိုင်မည်နည်း” ဟူ၍ တွေးကြသည်။ လူတို့ကို ဘုရားသခင်က အပ်နှံခဲ့သည်မှာ အာဏာ၊ သို့မဟုတ် အဆင့်အတန်းမဟုတ်ဘဲ တာဝန်တစ်ခုဖြစ်သည်ကို ၎င်းတို့ မသိကြပေ။ အန္တိခရစ်တို့သည် အာဏာနှင့် အဆင့်အတန်းကိုသာ လက်ခံကြသည်။ တာဝန်များကို ဘေးဖယ်ထားကြပြီး၊ တကယ့်အလုပ်ကို မလုပ်ဆောင်ကြပေ။ ထိုအစား ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းနောက်ကိုသာ လိုက်ကြပြီး ဩဇာအာဏာကိုသာ ဖမ်းဆုပ်လိုသည်။ ဘုရားသခင် ရွေးချယ်ထားသောသူများကို ထိန်းချုပ်လိုသည်။ ပြီးလျှင် ဂုဏ်အဆင့်အတန်း၏ အကျိုးအမြတ်များ၌ မွေ့လျော်ကြသည်။ အမှုအရာများကို ဤသို့ လုပ်ဆောင်ခြင်းသည် အလွန် အန္တရာယ်ရှိသည်။ ဤသည်မှာ ဘုရားသခင်ကို ဆန့်ကျင်ခြင်းဖြစ်သည်။ မိမိတို့တာဝန်ကို မှန်မှန်ကန်ကန် လုပ်ဆောင်ခြင်းထက် ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းတို့နောက်ကိုသာ လိုက်သော မည်သူမဆိုသည် မီးနှင့် ဆော့ကစားနေခြင်းဖြစ်ပြီး ၎င်းတို့၏ အသက်ကို ဆော့ကစားနေခြင်း ဖြစ်သည်။ မီးနှင့် ၎င်းတို့၏အသက်နှင့် ဆော့ကစားသူတို့သည် အချိန်မရွေး မိမိတို့ကိုယ်ကို ပျက်စီးခြင်းသို့ ရောက်စေနိုင်သည်။ ယနေ့တွင် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်တစ်ယောက်အဖြစ် သင်သည် ဘုရားသခင်ကို အစေခံနေခြင်းဖြစ်ပြီး ယင်းမှာ သာမန်ကိစ္စမဟုတ်ပေ။ သင်တို့သည် မည်သည့်လူပုဂ္ဂိုလ်အတွက်မျှ အမှုကိစ္စများကို လုပ်ဆောင်နေခြင်းမဟုတ်၊ လစာရရန်နှင့် ဝမ်းစာအတွက် အလုပ်လုပ်နေခြင်းလည်း သာ၍ပင် မဟုတ်ပေ။ ထိုအစား သင်သည် အသင်းတော်တွင် သင်၏ တာဝန်ကို ထမ်းဆောင်နေခြင်းဖြစ်သည်။ အထူးသဖြင့် ဤတာဝန်သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်မှလာခဲ့ခြင်းဖြစ်သည်။ သို့ဖြစ်၍ ယင်းကို ထမ်းဆောင်ခြင်းမှာ မည်သည့်အရာကို ဆိုလိုသနည်း။ သင်တို့သည် မိမိတို့၏ တာဝန်အတွက် ဘုရားသခင်ထံ၌ တာဝန်ခံရမည်ဟူ၍ ဖြစ်၏။ သင်သည် ယင်းကို ကောင်းမွန်စွာ ထမ်းဆောင်သည်ဖြစ်စေ၊ မထမ်းဆောင်သည်ဖြစ်စေ နောက်ဆုံး၌ ဘုရားသခင်ထံ စာရင်းရှင်းရမည်ဖြစ်ပြီး အဆုံးသတ်တစ်ခု ရှိရမည်ဖြစ်သည်။ အကြောင်းမှာ သင်လက်ခံခဲ့သည့်အရာသည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်၊ မြင့်မြတ်သော တာဝန်တစ်ခုဖြစ်သောကြောင့်ဖြစ်ပြီး ဤတာဝန်သည် မည်မျှအရေးကြီးပါစေ၊ အသေးအဖွဲဖြစ်ပါစေ လေးနက်သည့် အရာတစ်ခု ဖြစ်သည်။ မည်မျှ လေးနက်သနည်း။ သေးငယ်သောအတိုင်းအတာတွင် ယင်းသည် ဤဘဝသက်တမ်းတွင် သမ္မာတရားအား သင်ရနိုင်ခြင်း ရှိမရှိပါဝင်ပြီး ဘုရားသခင်က သင့်အား ရှုမြင်သည့်ပုံစံ ပါဝင်သည်။ ပို၍ ကြီးမားသောအတိုင်းအတာတွင် ယင်းသည် သင်၏ ရှေ့ရေး၊ ကံကြမ္မာ၊ သင်၏ အဆုံးသတ်အပေါ် တိုက်ရိုက် ဆက်နွှယ်နေသည်။ သင်သည် မကောင်းမှုကျူးလွန်ပြီး ဘုရားသခင်ကို ဆန့်ကျင်လျှင် ရှုတ်ချခံရပြီး အပြစ်ဒဏ်ပေးခံရမည်။ သင်၏တာဝန်ကို ထမ်းဆောင်သောအခါ သင်လုပ်ဆောင်သမျှတိုင်းကို ဘုရားသခင်က မှတ်သားထားသည်။ ထိုအရာကို အမှတ်ပေးပြီး အကဲဖြတ်ပုံအတွက် ဘုရားသခင်တွင် သူ၏ ကိုယ်ပိုင်စည်းမျဉ်းများ၊ စံနှုန်းများရှိသည်။ ဘုရားသခင်သည် သင်၏ တာဝန်ထမ်းဆောင်မှု အလုံးစုံအပေါ် အခြေခံ၍ သင်၏ အဆုံးသတ်ကို ဆုံးဖြတ်တော်မူ၏။ ဤသည်မှာ အရေးကြီးသော ကိစ္စတစ်ခု ဖြစ်သလော။ အမှန်ပင် ဖြစ်သည်။ ထို့ကြောင့် သင်သည် တာဝန်တစ်ခုပေးအပ်ခြင်း ခံရလျှင် ယင်းသည် သင်ကိုင်တွယ်ရမည့် သင်၏ကိုယ်ပိုင်အမှုကိစ္စ ဟုတ်သလော။ (မဟုတ်ပါ။) ထိုအလုပ်သည် သင့်ဘာသာ ပြီးမြောက်နိုင်သော အရာတစ်ခုမဟုတ်။ သို့သော် ယင်းအတွက် သင်တာဝန်ယူရန် အမှန်ပင် လိုအပ်သည်။ ဤတာဝန်မှာ သင့်တာဝန်ဖြစ်သည်။ ထိုတာဝန်ပေးစေခိုင်းချက်ကို သင်ပြီးမြောက်ရမည်။ ဤသည်မှာ မည်သည့်အရာနှင့် သက်ဆိုင်သနည်း။ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်လည်းကောင်း၊ အစေခံရာ၌ မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ သင့်တာဝန်ကို ထမ်းဆောင်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ သင်၏ တာဝန်ပေးစေခိုင်းချက်ကို ပြီးမြောက်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း၊ ဘုရားအလိုတော်ကို သင်လိုက်လျှောက်သည့်ပုံစံဖြစ်ရန် မည်သို့ ပူးပေါင်းဆောင်ရွက်ရမည်ဆိုသည်နှင့်လည်းကောင်း သက်ဆိုင်သည်။ ဤအရာများနှင့် သက်ဆိုင်သည်။
သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းတွင် အချက်များစွာ ပါဝင်သည်။ အနည်းဆုံးအနေဖြင့် ဤအချက်များစွာထဲမှ တစ်ခုသည် အခြားလူများကို စကားပြောဆိုခွင့်ပေးပြီး မတူညီသော အကြံများ ပေးခွင့်ပြုခြင်းဖြစ်သည်။ သင်က အမှန်တကယ်ပင် ဆင်ခြင်တုံတရားကို ပိုင်ဆိုင်လျှင် မည်သည့်အလုပ်မျိုးကို လုပ်ပါစေ၊ သမ္မာတရား စည်းမျဉ်းများကို ရှာဖွေရန် အရင်ဦးဆုံး သင်ယူရမည်။ အခြားလူတို့၏ ထင်မြင်ချက်များကို တောင်းဆိုရန်လည်း မိမိကိုယ်တိုင် စတင်လုပ်ဆောင်သင့်သည်။ အကြံပြုချက်တိုင်းကို အလေးအနက်ထားပြီး စိတ်နှလုံးတစ်လုံးတစ်ဝတည်းဖြင့် ပြဿနာများကို ဖြေရှင်းသရွေ့ သဟဇာတဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းကို သင် အခြေခံအားဖြင့် ရရှိလိမ့်မည်။ ဤနည်းအားဖြင့် သင်သည် သင့်တာဝန်တွင် အလွန်ပို၍ နည်းပါးသော အခက်အခဲများကိုသာ ကြုံတွေ့ရလိမ့်မည်။ မည်သည့်ပြဿနာများ ဖြစ်ပေါ်လာပါစေ ၎င်းတို့ကို ဖြေရှင်းပြီး ကိုင်တွယ်ရန် လွယ်ကူလိမ့်မည်။ ဤသည်မှာ သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၏ သက်ရောက်မှုဖြစ်သည်။ တစ်ခါတစ်ရံတွင် အသေးအဖွဲကိစ္စများအပေါ် အငြင်းပွားမှုများရှိသည်။ သို့သော် ဤအရာများက အလုပ်ကို မထိခိုက်သရွေ့ ပြဿနာ ဖြစ်မည်မဟုတ်ပေ။ သို့ရာတွင် အသင်းတော်အလုပ်ပါဝင်သော အဓိကအမှုကိစ္စများနှင့် အကြီးစားကိစ္စများတွင် သင်သည် ဖြေရှင်းချက်တစ်ခု ရှာဖွေရန် အများသဘောတူညီမှုကို ရယူပြီး သမ္မာတရားကို ရှာဖွေရမည်။ ခေါင်းဆောင်တစ်ဦး သို့မဟုတ် အမှုဆောင်တစ်ဦးအနေဖြင့် သင်သည် အခြားသူများထက် သာသကဲ့သို့ အစဉ်အမြဲ ပြုမူပြီး သင်၏ တာဝန်ကို အစိုးရရာထူးတစ်ခုကဲ့သို့ ပျော်မွေ့ကာ သင်၏ အဆင့်အတန်း၏ အကျိုးအမြတ်များကို အစဉ်အမြဲ မွေ့လျော်ခံစားလျက် သင်၏ ကိုယ်ပိုင်အစီအစဉ်များကို အစဉ်အမြဲ ပြုလုပ်နေလျှင်၊ သင်၏ ကိုယ်ပိုင်ကျော်ကြားမှု၊ အကျိုးအမြတ်နှင့် အဆင့်အတန်းကို အစဉ် အလေးထားပြီး ပျော်မွေ့ခံစားလျှင်၊ သင်၏ ကိုယ်ပိုင်လုပ်ငန်းကို အစဉ်သဖြင့် ဆောင်ရွက်လျှင်၊ ပိုမိုမြင့်မားသော အဆင့်အတန်းရရှိရန်၊ ပိုမိုများသောလူတို့ကို စီမံပြီး ထိန်းချုပ်ရန်နှင့် ပိုမြင့်မားသော နေရာတစ်ခုသို့ ရာထူတိုးခံရရန် အစဉ်ကြိုးစားလျှင် ဤသည်မှာ ပြဿနာဖြစ်သည်။ အရေးကြီးသော တာဝန်တစ်ခုကို အစိုးရရာထူးတစ်ခု ဖြစ်သည့်အလား ပျော်မွေ့ခံစားခြင်းက အလွန် အန္တရာယ်ရှိသည်။ သင်သည် အခြားမည်သူနှင့်မျှ ပူးပေါင်ဆောင်ရွက်ရန် ဆန္ဒမရှိဘဲ၊ သင်၏ အာဏာကို မလျော့ပါးစေလိုသည့်အပြင် အခြားလူများနှင့် မျှဝေခံစားရန် အလိုမရှိဖြစ်လျက်၊ အခြားလူများက သင့်အစား နာမည်ကောင်းယူရန်၊ သင်၏ထင်ပေါ်မှုကို ခိုးယူရန် အလိုမရှိဘဲ ဤသို့ အစဉ်ပြုမူဆောင်ရွက်လျှင်၊ အာဏာကို သင်ကိုယ်တိုင်သာ ခံစားချင်လျှင် သင်သည် အန္တိခရစ်တစ်ဦးဖြစ်သည်။ သို့သော် သင်သည် သမ္မာတရားကို မကြာခဏ ရှာဖွေလျှင်၊ သင်၏ ဇာတိပကတိ၊ သင်၏ကြံရွယ်ချက်များနှင့် အယူအဆများအား ပုန်ကန်ခြင်းကို လက်တွေ့လုပ်ဆောင်လျှင်၊ အခြားသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ကိုယ်တိုင်စတင်လုပ်ဆောင်နိုင်လျှင်၊ အခြားသူများနှင့် တိုင်ပင်ပြီး ရှာဖွေရန် သင်၏ စိတ်နှလုံးကို ဟန်ဆောင်မှုကင်းမဲ့သည့်ပုံစံဖြင့် ဖွင့်ဟလျှင်၊ အခြားသူများ၏ စိတ်ကူးများ၊ အကြံပြုချက်များကို အာရုံစိုက် နားထောင်လျှင်၊ မည်သူ့ဆီကလာသည်ဖြစ်စေ မှန်ကန်ပြီး သမ္မာတရားနှင့်ညီသော အကြံကို လက်ခံလျှင် သင် လက်တွေ့လုပ်ဆောင်နေသည့် နည်းလမ်းသည် ဉာဏ်ပညာရှိပြီး မှန်ကန်ကာ ယင်းက သင့်အား မှားယွင်းသောလမ်းကြောင်းကို လျှောက်ခြင်းမှ ဟန့်တားနိုင်ပြီး သင့်အတွက် အကာအကွယ် ပေးလိမ့်မည်။ ခေါင်းဆောင်ရာထူးများကို သင် လက်လွှတ်ရမည်၊ အဆင့်အတန်း၏ ညစ်ညမ်းသောလေထုကို လက်လွှတ်ရမည်၊ သင့်ကိုယ်သင် သာမန်လူတစ်ယောက်အဖြစ် သဘောထားပြုမူပြီး အခြားသူများနှင့် တန်းတူရည်တူ ရှိသောနေရာတွင် ကိုယ့်ကိုယ်ကိုယ် ထားရှိရမည်ဖြစ်ကာ သင်၏ တာဝန်နှင့်ပတ်သက်လာလျှင် တာဝန်ယူတတ်သော စိတ်ဓာတ်ရှိမည်။ ဤသည်မှာ မှန်ကန်သော ပြုမူဆောင်ရွက်နည်းဖြစ်၏။ သင်သည် သင်၏တာဝန်ကို တရားဝင်ရာထူးနှင့် ဂုဏ်အဆင့်အတန်းအဖြစ်၊ သို့မဟုတ် အောင်မြင်မှုသရဖူမျိုး အဖြစ် အစဉ် သဘောထားပြုမူလျှင်၊ အခြားလူများက သင်၏ရာထူးအတွက် အလုပ်လုပ်ပြီး အစေခံရန်ရှိနေသည်ဟု စိတ်ကူးလျှင် ဤသည်မှာ ဒုက္ခပေးတတ်သည်။ ဘုရားသခင်က သင့်အား အလွန်မုန်းတီးပြီး ရွံရှာလိမ့်မည်။ သင်က အခြားလူများနှင့် တန်းတူညီဖြစ်သည်၊ သင်က ဘုရားသခင်ထံမှ တာဝန်ပေးစေခိုင်းချက်နှင့် တာဝန်ကို အနည်းငယ် ပို၍ရှိခြင်းသာဖြစ်သည်ဟု ယုံကြည်လျှင်၊ ၎င်းတို့နှင့် သင့်ကိုယ်သင် တန်းတူညီရပ်တည်ရန် သင်ယူနိုင်လျှင်၊ အခြားလူများ ထင်မြင်သည့်အရာကို နှိမ့်ချစွာပင် မေးမြန်းနိုင်လျှင်၊ ၎င်းတို့ပြောသည့်အရာကို လေးနက်စွာ၊ အသေအချာ၊ အာရုံစိုက်စွာဖြင့် နားထောင်နိုင်လျှင် သင်သည် အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်နိုင်လိမ့်မည်ဖြစ်သည်။ ဤသဟဇာတ ဖြစ်သော ပူးပေါင်းဆောင်ရွက်ခြင်းက မည်သည့်သက်ရောက်မှု ရှိမည်နည်း။ သက်ရောက်မှုက အလွန်ကြီးမားသည်။ သမ္မာတရား၏ အလင်းနှင့် အသက် လက်တွေ့ကျမှုတို့ဖြစ်သည့် ယခင်က သင် တစ်ခါမျှ မရဖူးသည့် အရာများကို သင်ရလိမ့်မည်။ သင်သည် အခြားသူများ၏ ကောင်းမြတ်သည့်အချက်များကို သိပြီး ၎င်းတို့၏အားသာချက်များမှ သင်ယူလိမ့်မည်။ အခြားတစ်ခုရှိသည်။ သင်က အခြားလူများကို ထုံထိုင်းသည်၊ နုံအသည်၊ စဉ်းစားဉာဏ်မဲ့သည်၊ သို့မဟုတ် သင့်ထက် နိမ့်ကျသည်ဟု စိတ်ကူးထားသည်။ သို့သော် ၎င်းတို့၏ ထင်မြင်ချက်များကို သင်နားထောင်သောအခါ၊ သို့မဟုတ် အခြားလူများက သင့်ထံ ဖွင့်ဟပြောဆိုသောအခါ မည်သူကမျှ သာမန်မဟုတ်ကြောင်း၊ လူတိုင်းက တစ်မူထူးခြားသော စိတ်ကူးအချို့ရှိကြောင်နှင့် လူတိုင်းနှင့်ပတ်သက်၍ ကောင်းကွက် တစ်ခုခု ရှိကြောင်း သင် အမှတ်တမဲ့ ရှာဖွေတွေ့ရှိလိမ့်မည်။ သင်သည် အခြားသူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းဆောင်ရွက်ရန် သင်ယူလျှင် ဤအရာက သင့်အား ၎င်းတို့၏ အားသာချက်များမှ သင်ယူရန် အထောက်အကူ ပြုနိုင်ရုံတင်မကဘဲ သင်၏ မာနထောင်လွှားမှုနှင့် မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းတို့ကိုလည် ထုတ်ဖော်နိုင်ကာ သင်သည် ပါးနပ်သည်ဟု စိတ်ကူးနေခြင်းမှ တားမြစ်နိုင်လေသည်။ သင်က သင့်ကိုယ်သင် အခြားလူတိုင်းထက် ပို၍ တော်သည်၊ သာလွန်သည်ဟု မသတ်မှတ်တော့သည့်အခါတွင် ဤအတ္တကြီးသော၊ မိမိကိုယ်ကို အထင်ကြီး၍ နှစ်သက်မြတ်နိုးသည့် အခြေအနေကို ရှင်သန်ခြင်းအား ရပ်တန့်လိမ့်မည်။ ယင်းက သင့်ကို ကာကွယ်ပေးလိမ့်မည်မဟုတ်လော။ ဤသည်မှာ သူတစ်ပါးတို့နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမှ သင်ယူသင့်သော သင်ခန်းစာဖြစ်ပြီး သင်ရရှိသင့်သော အကျိုးအမြတ်ဖြစ်သည်။
လူတို့နှင့် ကျွန်ုပ် ဆက်ဆံရာတွင် လူအများစုပြောသည့်အရာကို ကျွန်ုပ်အာရုံစိုက်စွာ နားထောင်သည်။ လူမျိုးစုံကို ဆန်းစစ်ခြင်း၊ ၎င်းတို့စကားပြောသည်ကို နားထောင်ခြင်း၊ ထိုသို့စကားပြောရာတွင် ၎င်းတို့အသုံးပြုသည့် ဘာသာစကားနှင့် ပုံစံကို လေ့လာခြင်းတို့ကို ကျွန်ုပ် အသေအချာလုပ်ဆောင်သည်။ ဥပမာ လူအများစုသည် ပညာအနည်းငယ်မျှ တတ်သော်လည်း လုပ်ငန်းတစ်ခု၏ ကျွမ်းကျင်မှုများကို မသိသောကြောင့် အဆက်အဆံလုပ်ရန် မလိုဟု သင် ယူဆခဲ့ဖူးသည်။ အမှန်တွင် ယင်းမှာ မမှန်ကန်ပေ။ ဤလူတို့နှင့် သင်ထိတွေ့ဆက်ဆံသောအခါတွင်ဖြစ်စေ၊ အချို့သော ထူးခြားသည့်လူများနှင့် ထိတွေ့ဆက်ဆံသောအခါတွင်ပင်ဖြစ်စေ သင် မမြင်နိုင်သည့်၊ သို့မဟုတ် သတိမမူမိနိုင်သည့် ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲရှိ အရာများကို သင်နားလည်နိုင်သည်။ ယင်းတို့မှာ ၎င်းတို့၏ အတွေးအခေါ်များနှင့် အမြင်များကဲ့သို့သောအရာများဖြစ်ကာ ယင်းတို့ထဲမှ အချို့မှာ လွဲချော်နေပြီး အချို့မှာ သင့်လျော်သည်။ ထို “သင့်လျော်မှု”သည် သမ္မာတရားနှင့် အလွန်ဝေးကောင်းဝေးနိုင်သည်မှာ အမှန်ပင်ဖြစ်သည်။ သမ္မာတရားနှင့် လုံးဝမသက်ဆိုင်ကောင်း မသက်ဆိုင်နိုင်ပေ။ သို့သော် သင်သည် လူ့သဘာဝ၏ သွင်ပြင်လက္ခဏာများကို ပို၍ သိနိုင်လိမ့်မည်။ ဤသည်မှာ သင့်အတွက် ကောင်းသောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ သိမြင်နားလည်ခြင်း ဟူသည့်အရာဖြစ်သည်။ ယင်းသည် သင်၏ သိမြင်နားလည်ခြင်းကို မြှင့်တင်သည့် နည်းတစ်ခုဖြစ်သည်။ လူအချို့က “ကျွန်ုပ်တို့၏ သိမြင်နားလည်ခြင်းကို မြှင့်တင်ခြင်း၏ အကျိုးမှာ အဘယ်နည်း” ဟု ဆိုနိုင်သည်။ ယင်းသည် အမျိုးမျိုးသော လူအမျိုးအစားများအပေါ် သင်၏နားလည်မှုအတွက်လည်းကောင်း၊ အမျိုးမျိုးသော လူအမျိုးအစားများအပေါ် သင်၏ ပိုင်းခြားသိမြင်မှုနှင့် စိစစ်မှုတို့အတွက်လည်းကောင်း အကျိုးရှိသည်။ ပြီးလျှင် အမျိုးမျိုးသော လူအမျိုးအစားများအပေါ် သင်၏ ကူညီနိုင်စွမ်းအတွက် ပို၍ပင် အကျိုးရှိသည်။ ဤသည်မှာ အလုပ်များစွာ လုပ်ဆောင်ရသည့် လမ်းကြောင်း ဖြစ်သည်။ လူအချို့မှာ မှားယွင်းစွာ ဝိညာဉ်ရေးဆန်ပြီး “ဘုရားသခင်ကို ယခု ကျွန်ုပ်ယုံကြည်သဖြင့် ရုပ်သံထုတ်လွှင့်မှုများ၊ သို့မဟုတ် သတင်းများကို နားမထောင်။ သတင်းစာများကို မဖတ်။ ပြင်ပလောကနှင့် ကျွန်ုပ် အထိအတွေ့မရှိ။ လူ့အလွှာအတန်းအစားနှင့် အလုပ်အကိုင်အားလုံးရှိ လူအားလုံးသည် နတ်ဆိုးများဖြစ်ကြသည်” ဟု ယုံကြည်ကြသည်။ သို့ဆိုလျှင် သင် မှားယွင်းသည်။ သင်၌ သမ္မာတရားရှိလျှင် နတ်ဆိုးများနှင့် ဆက်ဆံရန် ကြောက်ရွံ့သေးသလော။ ဘုရားသခင်သည်ပင် တစ်ခါတစ်ရံ၌ ဝိညာဉ်ရေးရာနယ်ပယ်တွင် စာတန်နှင့် ဆက်ဆံမှုများရှိသည်။ ထိုအတွက်ကြောင့် ကိုယ်တော် ပြောင်းလဲသွားတော်မူသလော။ တစ်စိုးတစ်စိမျှ မပြောင်းလဲပေ။ သင်သည် နတ်ဆိုးများနှင့် ဆက်ဆံရခြင်းကို ကြောက်ပြီး ထိုကြောက်ရွံ့မှုအတွင်း၌ ပြဿနာတစ်ခုရှိသည်။ အမှန်တကယ် ကြောက်ရွံ့ရမည့်အရာမှာ သမ္မာတရားကို သင်နားမလည်ခြင်း၊ သင်၌ ဘုရားသခင်နှင့် သမ္မာတရားအပေါ် တိကျမှန်ကန်ခြင်းမရှိသော သဘောပေါက်နားလည်မှုနှင့် ယုံကြည်လက်ခံမှုအမြင်ရှိခြင်း၊ သင်၌ များစွာသော အယူအဆများနှင့် စိတ်ကူးများရှိခြင်း၊ သင်သည် အလွန်အမင်းတစ်ယူသန်ဖြစ်ခြင်းတို့ ဖြစ်သည်။ ထိုအကြောင်းကြောင့် သင်သည် ခေါင်းဆောင်တစ်ဦးဖြစ်သည်ဖြစ်စေ၊ အမှုဆောင်တစ်ဦး ဖြစ်သည်ဖြစ်စေ၊ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သည်ဖြစ်စေ၊ မည်သည့်အလုပ်ကို တာဝန်ယူသည်ဖြစ်စေ၊ မည်သည့်ကဏ္ဍတွင် သင်ပါဝင်ရသည်ဖြစ်စေ အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ပြီး ၎င်းတို့နှင့် ဆက်ဆံမှုများရှိရန် သင်ယူရမည်။ လူတို့အား သင့်ကို အရေးစိုက်အောင် လုပ်ဆောင်ရန်အတွက် ကြီးကျယ်သော အယူအဆများကို စကားကြောရှည်စွာ မပြောဆိုနှင့်၊ မြင့်မြတ်သည့်ပုံစံမျိုး အစဉ်သဖြင့် ဟန်ဆောင်ခြင်း မပြုနှင့်။ သင်သည် ကြီးကျယ်သောအယူအဆများကို အစဉ် စကားကြောရှည်စွာပြောဆိုပြီး သမ္မာတရားကို မည်သည့်အခါမျှ လက်တွေ့မလုပ်ဆောင်နိုင်လျှင်၊ သို့မဟုတ် အခြားလူများနှင့် ပူးပေါင်း၍မလုပ်ဆောင်နိုင်လျှင် သင်သည် သင့်ကိုယ်သင် အရူးလုပ်နေခြင်း ဖြစ်သည်။ ဤသို့ဆိုလျှင် မည်သူက သင့်ကို တစ်ခုတလေ အရေးစိုက်မည်နည်း။ ဖာရိရှဲများ၏ ကျဆုံးခြင်းက မည်သို့ ဖြစ်လာခဲ့သနည်း။ ၎င်းတို့သည် အစဉ်သဖြင့် ဓမ္မပညာဆိုင်ရာ သဘောတရားများကို အစဉ် တရားဟောနေပြီး ကြီးကျယ်သော အယူအဆများကို စကားကြောရှည်စွာ ပြောဆိုနေခဲ့သည်။ ၎င်းတို့သည် ဤသို့ဆက်လက်လုပ်ဆောင်သောအခါ၌ ဘုရားသခင်သည် ၎င်းတို့၏ စိတ်နှလုံးတွင် မရှိတော့ပေ။ ၎င်းတို့သည် ဘုရားသခင်ကို ငြင်းဆန်သည်။ ပြီးလျှင် ဘုရားသခင်ကို ရှုတ်ချပြီး ဆန့်ကျင်ရန်၊ လက်ဝါးကပ်တိုင်၌ သံဖြင့်ရိုက်ရန် လူ၏အယူအဆများ၊ ပညတ်တရားများ၊ စည်းကမ်းများကိုပင် အသုံးချသည်။ ၎င်းတို့သည် မိမိတို့၏ကျမ်းစာများကို တစ်နေကုန် ကိုင်ဆောင်ထားပြီး ကျမ်းစာများကို ဖတ်ရှုကာ သုတေသနလုပ်သည်။ ကျမ်းစာကို ကျွမ်းကျင်စွာ အာဂုံဆောင်နိုင်သည်။ အဆုံးတွင် မည်သည့်ရလဒ် ဖြစ်ပေါ်သနည်း။ ဘုရားသခင် မည်သည့်နေရာတွင်ရှိသည်ကို ၎င်းတို့ မသိသကဲ့သို့ ဘုရားသခင်၏ စိတ်သဘောထားက မည်သည့်အရာ ဖြစ်သည်ကိုလည်း မသိ။ ပြီးလျှင် ဘုရားသခင်သည် သမ္မာတရားများစွာကို ဖော်ပြခဲ့သော်လည်း အနည်းငယ်မျှကိုပင် ၎င်းတို့ လက်မခံခဲ့ဘဲ ဘုရားသခင်ကို ဆန့်ကျင်ကာ ပြစ်တင်ရှုတ်ချခဲ့သည်။ ယင်းမှာ ၎င်းတို့၏ အဆုံးသတ်မဟုတ်လော။ ယင်း၏ ရလဒ်များမှာ မည်သည့်အရာဖြစ်သည်ကို သင်တို့ ရှင်းလင်းစွာ သိသည်။ ဘုရားသခင်အပေါ် သင်တို့၏ ယုံကြည်မှုတွင် ဤသို့သော မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အမြင်များရှိကြသလော။ သင်တို့သည် ပိတ်ဆို့ထားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ငါ ပိတ်ဆို့ထားသည်ဟု သင် မြင်သလော။ ငါသည် တစ်ခါတစ်ရံတွင် သတင်းများကို ဖတ်သည်။ တစ်ခါတစ်ရံတွင် အထူးဧည့်သည်များနှင့် အင်တာဗျူးများကိုလည်းကောင်း၊ ဤသို့သော အခြားအစီအစဉ်များကိုလည်းကောင်း ကြည့်သည်။ တစ်ခါတစ်ရံတွင် ငါသည် ညီအစ်ကိုမောင်နှမများနှင့် ရောက်တတ်ရာရာ စကားစမြည်ပြောသည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် ချက်ပြုတ်နေသော၊ သို့မဟုတ် သန့်ရှင်းရေးလုပ်နေသောသူတစ်ယောက်နှင့် ငါ စကားစမြည်ပြောသည်။ ငါမြင်သည့် မည်သူနှင့်မဆို အနည်းငယ် စကားပြောသည်။ သင်က တာဝန်တစ်ခုကို ယူပြီးဖြစ်သောကြောင့်ဖြစ်စေ၊ သင်၌ အထူးပင်ကိုစွမ်းရည်တစ်ခုခု ရှိသောကြောင့်ဖြစ်စေ၊ သီးသန့်ဖြစ်သော အထူးတာဝန်တစ်ခုကို ယူထားသောကြောင့်ပင်လျှင်ဖြစ်စေ သင်သည် အခြားလူများထက် ပို၍ထူးခြားသည်ဟု မထင်နှင့်။ ဤသည်မှာ မှားယွင်းသည်။ သင်သည် အခြားလူများထက်ပို၍ ထူးခြားသည်ဟု ထင်မြင်သည်နှင့် တစ်ပြိုင်နက် ထိုမှားယွင်းသော အမြင်သည် သင့်အား လှောင်အိမ်တစ်ခုထဲတွင် မသိမသာ သော့ခတ်ထားလိမ့်မည်။ သင့်အား အပြင်မှနေ၍ သံနှင့် ကြေးတို့ဖြင့် တံတိုင်းခတ်ထားလိမ့်မည်။ ထို့နောက်တွင် သင်သည် အားလုံးထဲတွင် အမြင့်ဆုံးဖြစ်သည်ဟုလည်းကောင်း၊ သင်သည် ဤအရာ၊ ထိုအရာကို လုပ်၍မဖြစ်ဟုလည်းကောင်း၊ ထိုထိုသောသူတစ်ဦးနှင့် စကားပြော၍၊ ထိတွေ့ဆက်ဆံ၍ မဖြစ်ဟုလည်းကောင်း၊ သင်သည် ရယ်မော၍ပင် မဖြစ်ဟုလည်းကောင်း သင် ခံစားရလိမ့်မည်။ အဆုံး၌ မည်သည့်အရာ ဖြစ်ပျက်သနည်း။ မည်သူအဖြစ်သို့ သင်ပြောင်းလဲသွားသနည်း။ (သီးခြားဖြစ်နေသော အထီးကျန်သမားတစ်ဦး ဖြစ်သည်။) သင်သည် သီးခြားဖြစ်နေသော အထီးကျန်သမားတစ်ဦး ဖြစ်လာသည်။ ရှေးယခင်က ဧကရာဇ်များက “ငါ တစ်ဦးတည်းသည် ဤသို့၊ ထိုသို့ဖြစ်သည်”၊ “သီးခြားဖြစ်နေသော ငါသည် ဤအရာ၊ ထိုအရာဖြစ်သည်”၊ “ငါ တစ်ဦးတည်း တွေးထင်သည်” ဟူသကဲ့သို့သောအရာများအား အစဉ်ပြောဆိုပုံကို ကြည့်လော့။ မိမိတို့ကိုယ်ကို တစ်ဦးတည်းဖြစ်ကြောင်း အစဉ်အလေးအနက်ပြောဆိုသည်။ သင့်ကိုယ်သင် တစ်ဦးတည်းဖြစ်ကြောင်း အစဉ်အလေးအနက်ပြောဆိုလျှင် သင့်ကိုယ်သင် မည်မျှကြီးမြတ်သည်ဟု ထင်လေရော့မည်နည်း။ အလွန်ကြီးမြတ်သည်မှာ သင်သည် အမှန်ပင် ကောင်းကင်ဘုံ၏ သားတော်ဖြစ်လာသလော။ ဤသည်မှာ သင်၏ ဖြစ်ခြင်း ဖြစ်သလော။ အနှစ်သာရအားဖြင့် သင်သည် သာမန်လူတစ်ယောက်ဖြစ်သည်။ သင့်ကိုယ်သင် ကြီးမြတ်ပြီး သာမန်ထက်လွန်ကဲသည်ဟု အစဉ်ထင်မြင်လျှင် သင်ဒုက္ခရောက်ပြီဖြစ်သည်။ ဆိုးရွားသွားပေလိမ့်မည်။ သင်သည် ထိုသို့သော မှားယွင်းသည့်အမြင်ဖြင့် လောကကို ဆက်ဆံပြီး ကျင့်ကြံပြုမူလျှင် သင့်လုပ်ရပ်များ၏ နည်းလမ်းများနှင့် နည်းဟန်များသည် ပြောင်းလဲလိမ့်မည်။ သင်၏ စည်းမျဉ်းများက ပြောင်းလဲလိမ့်မည်။ သင်က သင့်ကိုယ်သင် ကွဲပြားသည်ဟုလည်းကောင်း၊ အခြားလူများအားလုံးထက်ပို၍ မြင့်သည်ဟုလည်းကောင်း၊ ဤအရာ၊ ထိုအရာမျိုးကို သင်မလုပ်ဆောင်သင့်ဟုလည်းကောင်း၊ ထိုသို့သောအရာများကို လုပ်ဆောင်ခြင်းသည် သင်၏ အဆင့်အတန်းနှင့် ရပ်တည်မှုအောက် နိမ့်ကျသည်ဟုလည်းကောင်း အစဉ်အမြဲ ထင်မှတ်နေပါကအခြေအနေများသည် ဆိုးရွားသွားပြီ မဟုတ်လော။ (ဆိုးရွားသွားပါပြီ။) သင်သည် “ငါကဲ့သို့သော အဆင့်အတန်းဖြင့် အရာရာတိုင်းကို အခြားလူများအား ပြောလိုက်၍ မဖြစ်”၊ “ငါကဲ့သို့သော အဆင့်အတန်းဖြင့် ငါသည် ပုန်ကန်သည်ဟု အခြားလူများကို ပြော၍မရ”၊ “ငါကဲ့သို့သော အဆင့်အတန်းဖြင့် ငါ၏ အားနည်းချက်များ၊ ချို့တဲ့မှုများ၊ အမှားများနှင့် ပညာမတတ်ခြင်းတို့ကဲ့သို့သော သိက္ခာကျသည့်အရာများကို အခြားလူများအား ပြော၍မဖြစ်။ ထိုအရာများအကြောင်းကို မည်သူ့ကိုမျှ လုံးဝ ပေးအသိမခံနိုင်” ဟု ခံစားရလိမ့်မည်။ ယင်းမှာ ခြေကုန်လက်ပန်းကျစရာ ဖြစ်လိမ့်မည်။ မဟုတ်သလော။ (ဖြစ်ပါလိမ့်မည်။) ဤသို့သော ခြေကုန်လက်ပန်းကျစရာပုံစံဖြင့် သင်အသက်ရှင်ခဲ့လျှင် သင့်တာဝန်ကို ကောင်းစွာ လုပ်နိုင်ခဲ့သလော။ (မလုပ်နိုင်ခဲ့ပါ။) ဤပြဿနာက မည်သည့်နေရာတွင် ဖြစ်ပေါ်သနည်း။ သင့်တာဝန်နှင့် အဆင့်အတန်းအပေါ် သင်၏ အမြင်များတွင် ဖြစ်ပေါ်သည်။ သင်က မည်မျှ ကြီးမြတ်သော “အရာရှိ” ဖြစ်ပါစေ၊ မည်သည့်ရာထူးရှိပါစေ၊ လူမည်မျှကို သင်ကြီးကြပ်ရပါစေ အမှန်ပင် အခြားတာဝန်တစ်ခုထက်မပိုပေ။ သင်သည် အခြားလူများနှင့် ကွဲပြားခြင်းမရှိ။ သင်သည် ဤအရာကို အရှိအတိုင်း မမြင်နိုင်ဘဲ “ဤသည်မှာ အခြားတာဝန်တစ်ခုမဟုတ်။ ယင်းမှာ အမှန်တကယ်တွင် အဆင့်အတန်း မတူညီမှု ဖြစ်သည်။ ငါသည် အခြားလူများ၏ အထက်တွင်ရှိဖို့လိုသည်။ အခြားလူများနှင့် အဘယ်သို့ သွား၍ ပူးပေါင်းဆောင်ရွက်နိုင်မည်နည်း။ ငါနှင့် ၎င်းတို့ကသာ လာ၍ ပူးပေါင်းဆောင်ရွက်လိုက်သည်က ကောင်းလိမ့်မည်။ ၎င်းတို့နှင့် ငါ သွား၍ ပူးပေါင်းမဆောင်ရွက်နိုင်” ဟု စိတ်တွင် အစဉ်ခံစားရသည်။ သင်က ဤသို့အစဉ်သဖြင့် တွေးလျှင်၊ အခြားလူများအားလုံးအထက်တွင် အစဉ်ရှိလိုလျှင်၊ အခြားလူများ၏ ပခုံးထက်၌ အစဉ်ရပ်လိုလျှင်၊ ၎င်းတို့အထက်၌ နေ၍ ၎င်းတို့ကို အထင်သေးလိုလျှင် လူတို့နှင့် ပူးပေါင်းလုပ်ဆောင်ရန် သင့်အတွက် လွယ်ကူမည်မဟုတ်။ သင်က “ထိုသူသည် မည်သည့်အရာကိုသိသနည်း။ သူသည် အမှုကိစ္စများကိုသိလျှင် ညီအစ်ကိုမောင်နှမများက သူ့ကို ခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ပြီးဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ငါ့ကို အဘယ်ကြောင့် ရွေးချယ်ခဲ့ကြသနည်း။ ငါသည် သူ့ထက်သာသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သူနှင့် ကိစ္စများကို ငါမဆွေးနွေးသင့်။ ဆွေးနွေးလျှင် ငါသည် အလွန်တော်ခြင်းမရှိဟု ဆိုလိုလိမ့်မည်။ ငါသည် အလွန်တော်သည်ဆိုသည်ကို သက်သေပြရန် ကိစ္စများကို မည်သူနှင့်မျှ ဆွေးနွေး၍မဖြစ်။ ငါနှင့် အလုပ်ဆွေးနွေးဖို့ မည်သူကမျှ မသင့်တော်ပါ။ လုံးဝ မည်သူမျှ မသင့်တော်ပါ” ဟု အစဉ်တွေးလိမ့်မည်။ ဤသည်မှာ အန္တိခရစ်များ တွေးသည့်ပုံဖြစ်သည်။
တရုတ်ပြည်မကြီးတွင် ကွန်မြူနစ်ပါတီသည် ဘာသာရေးယုံကြည်မှုကို ဖိနှိပ်သည်။ ယင်းသည် ဆိုးဝါးသော ပတ်ဝန်းကျင်တစ်ခုဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်သူများသည် အချိန်မရွေးဖမ်းဆီးခြင်းခံရနိုင်သည့် အန္တရာယ်ကို ရင်ဆိုင်ရသည်။ ထို့ကြောင့် ခေါင်းဆောင်များနှင့် အမှုဆောင်များသည် ထိုမျှ မကြာခဏစုဝေးခြင်းမရှိ။ တစ်ခါတစ်ရံတွင် တွဲဖက်အမှုဆောင် အစည်းအဝေးများကိုပင် တစ်လတစ်ကြိမ် မကျင်းပနိုင်ပေ။ ၎င်းတို့သည် စုဝေးရန် အခြေအနေပေးသည်အထိ စောင့်ကြသည်၊ သို့မဟုတ် သင့်တော်သောနေရာတစ်ခုကို တွေ့သည်အထိ စောင့်ကြသည်။ ဤသို့ဆိုလျှင် အလုပ်ကို မည်သို့ဆောင်ရွက်သနည်း။ အလုပ်အစီအစဉ်များရှိသောအခါတွင် ယင်းတို့ကို ပေးပို့ရန်အတွက် လူတစ်ယောက်ကို ရှာရသည်။ တစ်ခါတွင် အလုပ်အစီအစဉ်များကို ဒေသခေါင်းဆောင်တစ်ဦးထံသို့ ပေးပို့ရန် အနီးဝန်းကျင်ရှိ ညီအစ်ကိုတစ်ဦးကို ငါတို့ တွေ့ရှိသည်။ ဤညီအစ်ကိုသည် သာမန်ယုံကြည်သူတစ်ဦးဖြစ်ပြီး အလုပ်အစီအစဉ်များကို သူပေးပို့ခဲ့သောအခါ ဒေသခံခေါင်းဆောင်က ဖတ်ပြီး “ဟွန်း၊ ဤသည်မှာ ငါမျှော်လင့်ထားသည့်အရာ ဖြစ်သည်” ဟု ဆိုသည်။ ထိုညီအစ်ကိုရှေ့တွင် မည်သည့်အရာကို သူကြွားလုံးထုတ်နေသနည်း။ သူသည် ဩဇာအာဏာ ရှိသကဲ့သို့ ပြုမူလုပ်ဆောင်နေသည်။ ဤသို့ဖြင့် ကြည့်နေသူမည်သူမဆိုက “ဟာ၊ ဤသည်မှာ အလွန်ပင် သိက္ခာရှိသည်။ ခံ့ညားလိုက်လေခြင်း” ဟု ပြောမည်ဖြစ်သည်။ ထိုမျှသာ မဟုတ်သေးပေ။ ထို့နောက်ချက်ချင်းပင် သူက “ဤသည်မှာ ငါ့ထံသို့ အလုပ်အစီအစဉ်များကို ပေးပို့ရန် စေလွှတ်လိုက်သောသူ ဖြစ်သလော။ သူသည် ထိုမျှ အဆင့်မရှိ” ဟု ဆိုသည်။ ဤသည်မှာ “ငါသည် ဒေသခေါင်းဆောင်၊ အရေးကြီးသော ခေါင်းဆောင်တစ်ဦးဖြစ်သည်။ အမှုကိစ္စများကို ငါ့ထံသို့ ပေးပို့ရန် သာမန်ယုံကြည်သူတစ်ယောက်ကို အဘယ်သို့များ စေလွှတ်ရသနည်း။ ဤသည်မှာ ဘောင်ကျော်နေခြင်း မဟုတ်လော။ အထက်က ငါ့ကို အမှန်ပင် အထင်သေးသည်။ ငါသည် ဒေသခေါင်းဆောင်တစ်ဦးဖြစ်သည်။ ထို့ကြောင့် အနည်းဆုံးအနေဖြင့် ၎င်းတို့သည် ဤအရာကို ပေးပို့ရန် ခရိုင်ခေါင်းဆောင်တစ်ဦးကို စေလွှတ်သင့်သည်။ သို့တိုင်အောင် ၎င်းတို့သည် ဤအရာကို လုပ်ဆောင်ရန် အနိမ့်ဆုံးသော၊ သာမန်ယုံကြည်သူတစ်ယောက်ကို လုပ်ခိုင်းသည်။ သူသည် ထိုမျှအဆင့်မရှိ” ဟု ဆိုလိုသည်။ ဤခေါင်းဆောင်မှာ မည်သည့်သူမျိုး ဖြစ်သနည်း။ ပစ္စည်းပို့သူမှာ အတော်အတန် အဆင့်မြင့်ခြင်းမရှိဟု ပြောခြင်းအားဖြင့် သူသည် သူ၏အဆင့်အတန်းကို မည်မျှ တန်ဖိုးထားသနည်း။ သူ၏ ရာထူးကို သူ၏ ဩဇာအာဏာအား အသုံးချခြင်းအတွက် ဆင်ခြေတစ်ခုအဖြစ် သဘောထားသည်။ သူသည် နတ်ဆိုးဆန်သောအရာတစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် နတ်ဆိုးဆန်သောအရာတစ်ခုဖြစ်သည်မှာ အမှန်ပင်။ အသင်းတော်အလုပ်တွင် အမှုကိစ္စများကို ပေးပို့ရန်၊ သို့မဟုတ် သတိပေးချက်များကို ပေးရန် မည်သူ့ကို စေလွှတ်ခြင်းနှင့်ပတ်သက်ပြီး ငါတို့သည် ကြေးများသလော။ တရုတ်ပြည်မကြီးကဲ့သို့သော ပတ်ဝန်းကျင်တစ်ခုတွင် ညီအစ်ကိုမောင်နှမများသည် ပစ္စည်းများပေးပို့ရာ လမ်းတစ်လျှောက်တွင် အလွန်ကြီးမားသော အန္တရာယ်များကို ရင်ဆိုင်ရသည်။ သို့တိုင်အောင် ဤညီအစ်ကိုက အလုပ်အစီအစဉ်များနှင့် ရောက်ရှိလာသောအခါ သူသည် အတော်အတန် အဆင့်မြင့်ခြင်းမရှိဟု ခေါင်းဆောင်က ပြောပြီး အတော်အတန် အဆင့်ရှိသူကို ရှာရမည်ဟုလည်းကောင်း၊ ရာထူး၊ အဆင့်အတန်းနှင့်ပတ်သက်၍ ခေါင်းဆောင်နှင့် တူညီသောသူတစ်ဦးကို ရှာရမည်ဟုလည်းကောင်း၊ ဤသို့မဟုတ်လျှင် ခေါင်းဆောင်ကို အထင်သေးခြင်း ဖြစ်သည်ဟုလည်းကောင်း သွယ်ဝိုက်ညွှန်းဆိုသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်သလော။ (ဟုတ်ပါသည်။) အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ဖြစ်သည်။ ဤနတ်ဆိုးဆန်သောသူသည် မည်သည့်တကယ့် အလုပ်ကိုမျှ မလုပ်နိုင်။ ပြီးလျှင် သူ့တွင် ကျွမ်းကျင်မှုမရှိ။ သို့တိုင်အောင် ဤသို့သော တောင်းဆိုမှုများကို ပြုလုပ်သေးသည်။ အဆင့်အတန်းအပေါ် ဤသို့ အလေးထားဆဲဖြစ်သည်။ သူ၏ ပြောနေကျ စကားမှာ အဘယ်နည်း။ “သူ၏အဆင့်သည် အတော်အတန် မြင့်ခြင်းမရှိ” ဟူ၍ ဖြစ်သည်။ မည်သူက သူနှင့် စကားပြောနေသည်ဖြစ်စေ သူက ရှေးဦးစွာ “သင်သည် မည်သည့်အဆင့်ခေါင်းဆောင်ဖြစ်သနည်း။ သေးငယ်သောအဖွဲ့တစ်ခု၏ ခေါင်းဆောင်လော။ ထွက်သွားလော့။ သင်၏အဆင့်က အတော်အတန် မြင့်ခြင်းမရှိ” ဟူ၍ မေးသည်။ စုဝေးပွဲကျင်းပနေသည်မှာ အထက်လူကြီး ညီအစ်ကို ဖြစ်လျှင် သူသည် အစဉ်ရှေ့သို့တိုးပြီး “ဤညီအစ်ကိုသည် အသင်းတော်ခေါင်းဆောင်များထဲတွင် အကြီးမြတ်ဆုံးဖြစ်သည်။ သူ့နောက်တွင် ငါရှိသည်။ မည်သည့်နေရာတွင် သူထိုင်သည်ဖြစ်စေ ငါသည် အဆင့်အရ သူ့နံဘေးတည့်တည့်သို့သွားသည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ သူ၏စိတ်တွင် ဤအရာက မည်မျှရှင်းလင်းပုံဖြစ်သည်။ ယင်းမှာ အရှက်မဲ့ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) အလွန်ပင် အရှက်မဲ့သည်။ မိမိကိုယ်ကို သတိပြုမိခြင်းမရှိ။ မည်မျှ အရှက်မဲ့သနည်း။ လူတို့ကို ရွံရှာစေရန် လုံလောက်သည်။ သူ့တွင် ခေါင်းဆောင်ရာထူး ရှိသော်လည်း မည်သည့်အရာကို သူလုပ်ဆောင်နိုင်သနည်း။ မည်မျှ ကောင်းစွာ လုပ်ဆောင်သနည်း။ သူသည် သူ၏ အရည်အချင်းများကို ကြွားလုံးမထုတ်နိုင်မီတွင် ရလဒ်အချို့ကို ပြရန် လိုအပ်သည်။ ဤသို့ဆိုလျှင် သင့်တော်မည်ဖြစ်သည်။ ယုတ္တိရှိမည်ဖြစ်သည်။ သို့တိုင်အောင် သူသည် မည်သည့်ရလဒ်မျှ မရရှိဘဲ၊ မည်သည့်အလုပ်မျှ မပြီးဘဲ လူတို့ကို အဆင့်အတိုင်း ခွဲခြားဆက်ဆံသည်။ ဤသို့ဆိုလျှင် သူ၏ အဆင့်က အဘယ်နည်း။ ဒေသခေါင်းဆောင်တစ်ဦးအနေဖြင့် အမှန်တကယ်ဖြစ်သော အလုပ်များစွာကို မလုပ်ခဲ့။ သူသည် ဤအဆင့်ကို စံမမီပေ။ ငါသည် အဆင့်အရ လူတို့ကို ခွဲခြားဆက်ဆံလျှင် ငါနှင့် နီးစပ်နိုင်သောသူ တစ်ဦးတလေရှိသလော။ မရှိပေ။ လူတို့နှင့် ငါအပြန်အလှန်ဆက်ဆံသောအခါ အဆင့်ကိုအခြေခံပြီး ခွဲခြားဆက်ဆံနေသည်ကို သင်တို့မြင်ရသလော။ မမြင်ရပေ။ မည်သူ့ကို ငါတွေ့သည်ဖြစ်စေ တတ်နိုင်လျှင် ၎င်းတို့ကို ငါ အနည်းငယ်စကားပြောသည်။ အချိန်မရလျှင် ၎င်းတို့ကို နှုတ်ဆက်ပြီး ထိုမျှသာ ဖြစ်သည်။ သို့သော် ဤအန္တိခရစ်က ထိုသို့ မတွေး။ သူသည် ရာထူး၊ အဆင့်အတန်းနှင့် လူမှုရေးတန်ဖိုးတို့ကို မည်သည့်အရာမဆိုထက်ပို၍ အရေးကြီးသည်ဟု မြင်သည်။ သူ၏ ကိုယ်ပိုင်အသက်ထက်ပင် ပို၍တန်ဖိုးရှိသည်ဟု မြင်သည်။ သင်တို့၏ တာဝန်ကို အတူလုပ်ဆောင်သောအခါ၌ အဆင့်ကို အခြေခံပြီး ခွဲခြားဆက်ဆံသလော။ လူအချို့သည် ၎င်းတို့လုပ်ဆောင်သမျှတိုင်းတွင် အဆင့်ဖြင့် ခွဲခြားဆက်ဆံသည်။ အခြားလူတို့သည် ၎င်းတို့လုပ်ဆောင်သည့်အလုပ်နှင့် ၎င်းတို့ပေးသည့် သတိပေးချက်များတွင် ၎င်းတို့၏အဆင့်ထက်ကျော်လွန်၍ လုပ်ဆောင်နေသည်ဟု ဤလူများက ချက်ချင်းပင်ဆိုလိမ့်မည်။ ၎င်းတို့ ကျော်လွန်လုပ်ဆောင်နေသည်မှာ မည်သည့်အဆင့်ဖြစ်သနည်း။ ရှေးဦးစွာ သင်၏ ကိုယ်ပိုင်တာဝန်ကို ကောင်းစွာ လုပ်ဆောင်လော့။ သင်သည် မည်သည့်တာဝန်ကိုမျှ ကောင်းစွာမလုပ်ဆောင်နိုင်၊ သို့မဟုတ် မည်သည့်အလုပ်ကိုမျှ မလုပ်နိုင်သည့်တိုင် အဆင့်ကိုအခြေခံပြီး ခွဲခြားဆက်ဆံနေဆဲ ဖြစ်သည်။ သင့်အား ထိုသို့လုပ်ဆောင်ရန် မည်သူက ခိုင်းသနည်း။ အဆင့်ကိုအခြေခံပြီး ခွဲခြားဆက်ဆံမှုများ လုပ်ဆောင်ဖို့ အချိန်မကျသေးပေ။ သင်က အလွန်စောစီးစွာ လုပ်ဆောင်နေခြင်း ဖြစ်သည်။ သင်သည် မိမိကိုယ်ကို သတိပြုမိခြင်းမရှိ။ တစ်နေရာသို့ ငါတို့သွားပြီး ပြဿနာတစ်ခုကို ဖြေရှင်းရန် ထိုနေရာ၌ လူတို့အား ရှာသည့်အချိန်များရှိသည်။ အဆင့်ကို အခြေခံပြီး သင့်တော်သောလူတို့ကို ငါတို့ ရှာဖွေသလော။ အခြေခံအားဖြင့် ငါတို့မရှာဖွေပေ။ သင်က အလုပ်ကို ကြီးကြပ်ရလျှင် ငါတို့သည် သင့်အားသွားရောက်ရှာဖွေမည်။ သင်မရှိလျှင် အခြားတစ်ယောက်ကို ငါတို့ရှာမည်။ ငါတို့သည် အဆင့်အပေါ် အခြေခံပြီး၊ သို့မဟုတ် အဆင့်အတန်းအနိမ့်၊ အမြင့်အပေါ်အခြေခံပြီး ခွဲခြားဆက်ဆံခြင်းမရှိ။ တစ်စုံတစ်ယောက်က ဤသို့သော မိမိဘာသာ ခွဲခြားဆက်ဆံမှုများပြုလုပ်လျှင် သူသည် မိမိကိုယ်ကို သတိပြုမိခြင်းမရှိသကဲ့သို့ စည်းမျဉ်းများကို နားမလည်ပေ။ သင်က ဘုရားအိမ်တော်တွင် ဘာသာတရား မရှိသူများကဲ့သို့ အဆင့်အတန်း၊ အဆင့်၊ ရာထူးတို့အပေါ် အခြေခံပြီး အသေးစိတ် ခွဲခြားဆက်ဆံလျှင် သင်သည် အမှန်ပင် ဆင်ခြင်တုံတရား ကင်းမဲ့နေသည်။ သမ္မာတရားကို သင်နားမလည်ပေ။ သင်သည် အလွန်ချို့တဲ့နေသည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် မည်သည့်အရာ ဖြစ်သည်ဆိုသည်ကို သင်နားမလည်ပေ။
အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းအား လက်တွေ့လုပ်ဆောင်ခြင်းအကြောင်းကို ယခုပင် ငါတို့ပြောခဲ့သည်။ ဤသည်မှာ လုပ်ဆောင်ရန် လွယ်ကူသည့်အရာ ဖြစ်သလော။ သမ္မာတရားကို ရှာဖွေနိုင်သော၊ ရှက်စိတ်အနည်းငယ်၊ လူ့သဘာဝ၊ အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိသောမည်သူမဆိုသည် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကို လက်တွေ့လုပ်ဆောင်နိုင်သည်။ မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်နိုင်ခြင်း မရှိသောသူများမှာ လူ့သဘာဝမရှိသော၊ အဆင့်အတန်းအပေါ်တွင် အစဉ်သဖြင့် တစ်ဦးတည်းချုပ်ကိုင်လိုသော၊ မိမိ၏ ကိုယ်ပိုင်သိက္ခာ၊ အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်တို့ကို အစဉ်တွေးနေသော ထိုလူများ ဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ အဓိကသရုပ်သကန်များထဲမှ တစ်ခုလည်းဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိသကဲ့သို့ မည်သူနှင့်မျှ သဟဇာတဖြစ်သော ပူးပေါင်းလုပ်ဆောင်ခြင်းကိုလည်း စွမ်းဆောင်ရရှိနိုင်ခြင်း မရှိပေ။ ထိုစည်းမျဉ်းကို ၎င်းတို့ လက်တွေ့လုပ်ဆောင်ခြင်း မရှိ။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ ၎င်းတို့သည် ဩဇာအာဏာကို စွန့်လွှတ်လိုစိတ်မရှိ။ ၎င်းတို့ ရှင်းရှင်းလင်းလင်း မသိမြင်နိုင်သည့် အရာများ ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့ အကြံဉာဏ်ရယူဖို့လိုသည့် အရာများ ရှိသည်ကိုလည်းကောင်း အခြားလူများကို အသိပေးလိုစိတ်မရှိပေ။ ၎င်းတို့သည် လူတို့အား လှည့်စားမှုတစ်ခုဖြင့် အသွင်ဆောင်ပြီး ၎င်းတို့မလုပ်နိုင်သည့်အရာ တစ်ခုမျှ မရှိ၊ ၎င်းတို့မသိသည့်အရာ တစ်ခုမျှ မရှိ၊ ၎င်းတို့ မသိနားမလည်သည့်အရာ တစ်ခုမျှ မရှိဟုလည်းကောင်း၊ ၎င်းတို့တွင် အဖြေအားလုံး ရှိသည်ဟုလည်းကောင်း၊ ၎င်းတို့အတွက် အရာရာတိုင်းသည် လုပ်ဆောင်၍ရနိုင်သည်၊ ဖြစ်နိုင်သည်၊ စွမ်းဆောင်ရရှိနိုင်သည်ဟုလည်းကောင်း၊ အခြားလူများကို ၎င်းတို့ မလိုအပ်သကဲ့သို့ အခြားလူများထံမှ အကူအညီ၊ သတိပေးချက်များ၊ သို့မဟုတ် အကြံဉာဏ်တို့ကို မလိုအပ်ဟုလည်းကောင်း လူတို့အား ထင်စေသည်။ ဤသည်မှာ အကြောင်းရင်းတစ်ခု ဖြစ်သည်။ ထိုအရာအပြင် အန္တိခရစ်များ၏ အသိသာအထင်ရှားဆုံး စိတ်သဘောထားမှာ အဘယ်နည်း။ ဆိုလိုသည်မှာ ၎င်းတို့နှင့် သင်ထိတွေ့ဆက်ဆံသောအခါ ၎င်းတို့၏ စကားတစ်ခွန်း၊ နှစ်ခွန်းကို ကြားရုံမျှဖြင့် သင် ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည့် စိတ်သဘောထားမှာ အဘယ်နည်း။ မာနထောင်လွှားခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်မျှမာနထောင်လွှားသနည်း။ ဆင်ခြင်တုံတရားကို ကျော်လွန်ပြီး မာနထောင်လွှားခြင်း ဖြစ်သည်။ စိတ်ရောဂါတစ်ခုကဲ့သို့ ဖြစ်သည်။ ဥပမာ ၎င်းတို့သည် ရေတစ်ငုံသောက်ပြီး ထိုသို့သောက်ရာ၌ ၎င်းတို့သည် ဆွဲဆောင်မှုရှိလျှင် ကြွားဝါစရာ အရာတစ်ခုအဖြစ် ယင်းကို ထုတ်ပြောလိမ့်မည်။ “ငါရေသောက်သောအခါတွင် မည်မျှဆွဲဆောင်မှုရှိပုံကို ကြည့်ပါဦး” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ကိုယ်ရည်သွေးပြီး ကြွားလုံးထုတ်ရာ၌ အထူးပင်တော်သည်။ ၎င်းတို့သည် အထူးပင် အရှက်မဲ့ကာ မရှက်မကြောက်တတ်ပေ။ ဤသည်မှာ အန္တိခရစ်များ၏ အမျိုးအစားဖြစ်သည်။ ၎င်းတို့မြင်သည်မှာ မည်သူကမျှ ၎င်းတို့ကို မမီပေ။ ၎င်းတို့သည် ကြွားလုံးထုတ်ရာတွင် အလွန်တော်ပြီး မိမိကိုယ်ကို သတိပြုမိခြင်း လုံးဝ ကင်းမဲ့သည်။ အန္တိခရစ်အချို့မှာ အထူးပင်ရုပ်ဆိုးသော်လည်း ဘဲဥပုံစံမျက်နှာ၊ ဗာဒံသီးပုံစံ မျက်လုံး၊ ကွေးနေသော မျက်ခုံးများဖြင့် ကြည့်ကောင်းသည်ဟု ထင်ကြသည်။ ၎င်းတို့သည် ဤ မိမိကိုယ်ကို သတိပြုမိခြင်း တစ်စွန်းတစ်စပင် ကင်းမဲ့ကြသည်။ အသက်၃၀၊ သို့မဟုတ် ၄၀ အရွယ်တွင် သာမန်လူတစ်ဦးသည် သူကိုယ်တိုင်၏ ရုပ်အဆင်းနှင့် အရည်အချင်းများကို အနည်းနှင့်အများ တိကျစွာ သုံးသပ်ပြီးဖြစ်လိမ့်မည်။ သို့ရာတွင် အန္တိခရစ်များမှာမူ ဤသို့သော ဆင်ခြင်တုံတရားမရှိ။ ဤတွင် မည်သည့်ပြဿနာ ရှိနေသနည်း။ ယင်းမှာ ၎င်းတို့၏ မာနထောင်လွှားသော စိတ်သဘောထားက ပုံမှန်ဆင်ခြင်တုံတရား၏ စည်းများကို ကျော်လွန်နေခြင်း ဖြစ်သည်။ ၎င်းတို့သည် မည်မျှ မာနထောင်လွှားသနည်း။ ၎င်းတို့က ဖားပြုတ်နှင့်တူလျှင်ပင် ငန်းနှင့်တူသည်ဟု ဆိုလိမ့်မည်။ ဤတွင် ဖြစ်သည့်အရာ၊ မဖြစ်သည့်အရာကို ခွဲခြားသိမြင်နိုင်စွမ်းမရှိခြင်း၊ အမှုအရာများကို ပြောင်းပြန်လှန်ခြင်းတစ်ခုရှိသည်။ ဤသို့သောအတိုင်းအတာအထိ မာနထောင်လွှားခြင်းသည် အရှက်မရှိခြင်း အဆင့်အထိ မာနထောင်လွှားခြင်း ဖြစ်သည်။ ယင်းကို မထိန်းနိုင်ပေ။ သာမန်လူတို့သည် မိမိတို့၏ကိုယ်ပိုင် ရုပ်အဆင်းကို အကောင်းပြောသောအခါ၌ ၎င်းတို့သည် ထုတ်ပြော၍မကောင်းဟု မြင်ပြီး ကသိကအောက်ဖြစ်ကြသည်။ ပြောပြီးသည်နှင့် ၎င်းတို့သည် ရှက်သွေးဖြန်းလျက် တစ်နေကုန် အရှက်ရကြသည်။ အန္တိခရစ်များက ရှက်သွေးမဖြန်းကြချေ။ ၎င်းတို့သည် ၎င်းတို့လုပ်ဆောင်ခဲ့သည့် ကောင်းသောအရာများနှင့် ၎င်းတို့တွင်ရှိသည့် အားသာချက်များအတွက်၊ ၎င်းတို့သည် တော်ပြီး အခြားလူများထက်သာသည့် မည်သည့်ပုံစံမဆိုအတွက် မိမိတို့ကိုယ်ကို ချီးမွမ်းလိမ့်မည်။ ဤစကားများသည် သာမန်စကားကဲ့သို့ ၎င်းတို့၏ ပါးစပ်မှ စီးထွက်လာခြင်းပင်ဖြစ်သည်။ ၎င်းတို့သည် ရှက်သွေးပင် မဖြန်းချေ။ ဤသည်မှာ တိုင်းတာ၍မရသည်အထိ၊ အရှက်မရှိတော့သည်အထိ၊ သို့မဟုတ် ဆင်ခြင်တုံတရား မရှိတော့သည်အထိ မာနထောင်လွှားခြင်းဖြစ်သည်။ ဤအတွက်ကြောင့် အန္တိခရစ်များ၏ အမြင်တွင် သာမန်လူတိုင်းသည်၊ အထူးသဖြင့် သမ္မာတရားကို ရှာဖွေသော၊ ပုံမှန်လူ့သဘာဝ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား၊ ပုံမှန် အတွေးအခေါ်တို့ကို ပိုင်ဆိုင်သောသူတိုင်းသည် သာမန်အဆင့်သာဖြစ်ခြင်း၊ ပြောပြစရာ ပင်ကိုစွမ်းရည်မရှိခြင်း၊ ၎င်းတို့ထက်ပို၍ နိမ့်ကျခြင်း၊ ၎င်းတို့၏အားသာချက်များနှင့် အရည်အချင်းများကင်းမဲ့ခြင်း ဖြစ်သည်။ ၎င်းတို့သည် မောက်မာပြီး ၎င်းတို့ကိုမီသည့်သူ မည်သူမျှမရှိဟု ယုံကြည်သောကြောင့်၊ ဤအကြောင်းပြချက်ကြောင့် ၎င်းတို့သည် မိမိတို့ လုပ်ဆောင်သမျှတိုင်းတွင် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ရန်၊ သို့မဟုတ် ဆွေးနွေးရန် ဆန္ဒမရှိဟု ဆိုလျှင် တရားနည်းလမ်းကျပေသည်။ ၎င်းတို့သည် တရားဒေသနာများကို နားထောင်ကောင်း နားထောင်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များကို ဖတ်နိုင်သည်။ ဘုရားနှုတ်ကပတ်တော်များ၏ ဖော်ထုတ်မှုကို မြင်တွေ့နိုင်သည်၊ သို့မဟုတ် တစ်ခါတစ်ရံတွင် ပြုပြင်ခြင်းခံရနိုင်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ ၎င်းတို့သည် မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်သည်ဟု ယူမှတ်ခြင်းကို ဝန်ခံဖို့ မဆိုထားနှင့်၊ ဖောက်ပြန်ပျက်စီးမှုကို ထုတ်ဖော်ပြီး ပြစ်မှားပြီးဖြစ်သည်ကိုပင် ဝန်ခံမည်မဟုတ်ပေ။ ၎င်းတို့သည် သာမန်လူသာဖြစ်သည်၊ သာမန်အစွမ်းအစသာ ရှိသည်ကို နားမလည်နိုင်ပေ။ ထိုသို့သောအရာများကို ၎င်းတို့ နားမလည်နိုင်။ ၎င်းတို့ကို သင်မည်သို့ ပြုပြင်ပါစေ ၎င်းတို့က အစွမ်းအစကောင်းသည်၊ သာမန်လူတို့ထက် ပိုမြင့်သည်ဟု ထင်ဆဲဖြစ်လိမ့်မည်။ ဤသည်မှာ မျှော်လင့်ချက် မရှိတော့သည် မဟုတ်လော။ (ဟုတ်ပါသည်။) မျှော်လင့်ချက်မရှိတော့ပေ။ ယင်းမှာ အန္တိခရစ်တစ်ဦးဖြစ်သည်။ ၎င်းတို့ကို မည်သို့ပင် ပြုပြင်စေကာမူ ၎င်းတို့သည် မိမိတို့ မကောင်းကြောင်း၊ အရည်အချင်းမရှိကြောင်း ခေါင်းငုံ့ဝန်ခံနိုင်ကြမည် မဟုတ်ပေ။ ၎င်းတို့မြင်သည်မှာ ၎င်းတို့၏ပြဿနာများ၊ အမှားများ၊ သို့မဟုတ် ဖောက်ပြန်ပျက်စီးမှုကို ဝန်ခံခြင်းသည် ရှုတ်ချခြင်းခံရသကဲ့သို့၊ ဖျက်ဆီးခြင်းခံရသကဲ့သို့ ဖြစ်လိမ့်မည်။ ဤသည်မှာ ၎င်းတို့စဉ်းစားပုံဖြစ်သည်။ အခြားလူများက ၎င်းတို့၏ အမှားများကို မြင်သည်နှင့် တစ်ပြိုင်နက်၊ သို့မဟုတ် ၎င်းတို့၏ အစွမ်းအစက ညံ့ဖျင်းပြီး ၎င်းတို့၌ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိကြောင်းကို အသိအမှတ်ပြုသည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ အဆင့်အတန်းသည် အာမခံချက်မရှိတော့သဖြင့် ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်လက်ခံမှုတွင် အားအင်ဆုံးရှုံးပြီး အဓိပ္ပာယ်မရှိဟု မြင်လိမ့်မည်ဖြစ်ကာ ၎င်းတို့၏ အဆင့်အတန်းကို ဆုံးရှုံးရလိမ့်မည်ဟု ထင်ကြသည်။ ၎င်းတို့က “အဆင့်အတန်းမရှိဘဲ အသက်ရှင်ခြင်းသည် အကျိုးရှိသလော။ သေသည်က ပိုကောင်းသည်” ဟု တွေးကြသည်။ ၎င်းတို့၌ အဆင့်အတန်းရှိလျှင် ၎င်းတို့၏ မာနထောင်လွှားခြင်းကို မထိန်းနိုင်ဘဲ မကောင်းသောအရာများ လုပ်ဆောင်လျက် သောင်းကျန်းသည်။ ၎င်းတို့သည် လမ်းဆုံးသို့ရောက်ပြီး ပြုပြင်ခြင်းခံရလျှင် ၎င်းတို့၏ အလုပ်ကို စွန့်ပစ်လိုပြီး အပျက်သဘောဆောင်သွားကာ အချောင်ခိုကြသည်။ ၎င်းတို့အား သမ္မာတရားစည်းမျဉ်းများအတိုင်း လုပ်ဆောင်စေလိုသလော။ စဉ်းပင်မစဉ်းစားနှင့်။ မည်သည့်အရာကို ၎င်းတို့ ယုံကြည်သနည်း။ “ငါ့ကို သင်ရာထူးတစ်ခုပေးပြီး ငါ့ဘာသာ လုပ်ဆောင်ခွင့်ပြုလျှင် အဘယ်သို့နည်း။ ငါ့အား အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်စေလိုသလော။ ယင်းမှာ မဖြစ်နိုင်။ ငါ့အတွက် လုပ်ဖော်ကိုင်ဖက်မရှာနှင့်။ မလိုအပ်ပါ။ မည်သူကမျှ ငါ၏ တွဲဖက်ဖြစ်ဖို့ မသင့်တော်ပါ။ သို့မဟုတ် ငါ့ကို သုံးကို မသုံးနှင့်။ အခြားတစ်ယောက်ကို လုပ်ခိုင်းပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မည်သို့သော သတ္တဝါဖြစ်သနည်း။ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း”ဟူသည့် ဤစကားမှာ အန္တိခရစ်များ၏ စိတ်ဓာတ်ဖြစ်ပြီး ဤသည်တို့မှာ ၎င်းတို့၏ သရုပ်သကန်များဖြစ်သည်။ ယင်းသည် မျှော်လင့်ချက် မရှိတော့သည်မဟုတ်လော။ (ဟုတ်ပါသည်။)
အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ ဟုဆိုသည့် ပထမအချက်တွင် ထို“မလုပ်ဆောင်နိုင်”ဟူသည်တွင် မည်သည့်အရာ ပါဝင်ပတ်သက်သနည်း။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းလုပ်ဆောင်ခြင်းမရှိ၊ အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကို မစွမ်းဆောင်နိုင်ဟူ၍ ဖြစ်သည်။ ဤသည်တို့မှာ ယင်း၏ စရိုက်နှစ်ခုမဟုတ်လော။ အန္တိခရစ်များ၏ အနှစ်သာရ၏ သတ်မှတ်ချက်အရ ဤအဓိပ္ပာယ်နှစ်ခု ပါဝင်လေသည်။ လူတို့သည် ၎င်းတို့နှင့် အတူတကွ လုပ်ကောင်းလုပ်နိုင်သော်လည်း ယင်း၏ အနှစ်သာရမှာ စစ်မှန်သော ပူးပေါင်းလုပ်ဆောင်မှုမဟုတ်။ ၎င်းတို့သည် ကူညီထောက်ပံ့ပေးလျက်၊ ၎င်းတို့အတွက် တောက်တိုမည်ရ လုပ်ပြီး အရေးကိစ္စများကို ကိုင်တွယ်လျက်ဖြင့် ပြာတာများသက်သက်သာ ဖြစ်သည်။ ပူးပေါင်းလုပ်ဆောင်ခြင်းအဖြစ် အဆင့်မီဖို့ လုံးဝ မနီးစပ်ပေ။ ဤသို့ဆိုလျှင် “ပူးပေါင်းလုပ်ဆောင်ခြင်း”ကို မည်သို့ အဓိပ္ပာယ်သတ်မှတ်သနည်း။ အမှန်မှာ ပူးပေါင်းလုပ်ဆောင်ခြင်း၏ အဆုံးစွန်ပန်းတိုင်သည် သမ္မာတရားစည်းမျဉ်းများအား နားလည်မှုကို ရရှိခြင်း၊ ယင်းတို့နှင့်အညီ လုပ်ဆောင်ခြင်း၊ ပြဿနာတိုင်းကို ဖြေရှင်းခြင်း၊ မှန်ကန်သော ဆုံးဖြတ်ချက်များကို ချခြင်း၊ လမ်းလွဲမှုများမရှိဘဲ၊ အလုပ်တွင် အမှားများကို လျှော့ချလျက် စည်းမျဉ်းများနှင့် ကိုက်ညီသော ဆုံးဖြတ်ချက်များကို ချခြင်း၊ သို့မှသာ သင်လုပ်ဆောင်သမျှသည် သင်၏ တာဝန်ကို ထမ်းဆောင်ခြင်းသာဖြစ်ပြီး မိမိအလိုရှိသလို လုပ်ဆောင်ခြင်း၊ သောင်းကျန်းခြင်း မဟုတ်တော့ပေ။ အန္တိခရစ်များ၏ အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည့် ပထမသရုပ်သကန်မှာ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ လူအချို့က “မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းသည် အခြားသူများအား ၎င်းတို့ကိုသာ ကျိုးနွံနာခံစေခြင်းနှင့် မတူပါ” ဟု ဆိုနိုင်သည်။ မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းသည် မည်သူ၏စကားကိုမျှ အရေးမစိုက်ခြင်းကိုဖြစ်စေ၊ မည်သူ၏ အကြံပြုချက်များကိုမျှ မတောင်းခံခြင်းကိုဖြစ်စေ ဆိုလိုသည်။ ဘုရားသခင်၏ ရည်ရွယ်ချက်များ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကိုပင် ၎င်းတို့ မရှာပေ။ ၎င်းတို့၏ ကိုယ်ပိုင်စိတ်ဆန္ဒအတိုင်းသာ လုပ်ဆောင်ပြုမူသည်။ ဤတွင် သွယ်ဝိုက်ညွှန်းဆိုသည့်အရာမှာ အဘယ်ဖြစ်သနည်း။ ၎င်းတို့အလုပ်တွင် ကြီးစိုးသည်မှာ ၎င်းတို့ဖြစ်သည်။ သမ္မာတရားမဟုတ်။ ဘုရားမဟုတ်ပေ။ ထို့ကြောင့် ၎င်းတို့အလုပ်၏ စည်းမျဉ်းသည် အခြားလူများအား ၎င်းတို့ပြောသည့်အရာကို အရေးစိုက်စေရန်ဖြစ်ပြီး ၎င်းတို့အား သမ္မာတရားကဲ့သို့၊ ဘုရားကဲ့သို့ သဘောထားရန် ဖြစ်သည်။ ဤသည်မှာ ယင်း၏ သဘာဝ မဟုတ်လော။ လူအချို့က “၎င်းတို့သည် မည်သူနှင့်မဆို ပူးပေါင်းမလုပ်ဆောင်နိုင်လျှင် သမ္မာတရားကို ၎င်းတို့နားလည်ပြီး ပူးပေါင်းလုပ်ဆောင်ဖို့ မလိုအပ်သောကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်” ဟု ဆိုနိုင်သည်။ ဤသို့ဖြစ်နေခြင်း ဟုတ်သလော။ လူတစ်ယောက်သည် သမ္မာတရားကို နားလည်ပြီး လက်တွေ့လုပ်ဆောင်လေလေ၊ ၎င်းတို့ပြုမူဆောင်ရွက်သောအခါ၌ စုံစမ်းမေးမြန်း၍ ရှာဖွေသော ရင်းမြစ်များ ပို၍များပြားလေလေ ဖြစ်၏။ ၎င်းတို့သည် ထိခိုက်မှုနှင့် အမှားများဖြစ်ပေါ်နိုင်သည့် အလားအလာများကို အနည်းဆုံးဖြစ်ရန် အားထုတ်သည့်အနေဖြင့် လူတို့နှင့် အမှုအရာများကို ဆွေးနွေးပြီး ပို၍ မိတ်သဟာယပြုသည်။ လူတစ်ယောက်သည် သမ္မာတရားကို နားလည်လေလေ၊ ဆင်ခြင်တုံတရားရှိလေလေ၊ အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရန် လိုလားပြီး တတ်နိုင်လေလေဖြစ်သည်။ ဤသည်မှာ မမှန်သလော။ ထို့ပြင် တစ်စုံတစ်ဦးသည် သူတစ်ပါးနှင့် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒနှင့် စွမ်းဆောင်နိုင်မှု ပို၍နည်းပါးလေ၊ မည်သူ့ကိုမျှ အလေးမထား၊ သူတစ်ပါး၏ အကြံပြုချက်များကို ထည့်သွင်းမစဉ်းစား၊ အမှုအရာများကို လုပ်ဆောင်သောအခါ ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားကို ထည့်သွင်းမစဉ်းစားဘဲ မိမိတို့၏ လုပ်ဆောင်ချက်များသည် သမ္မာတရား စည်းမျဉ်းများနှင့် ကိုက်ညီမှု ရှိမရှိကို ရှာဖွေရန် ဆန္ဒမရှိလေ၊ သမ္မာတရားကို သူတို့ ရှာဖွေမှု ပို၍နည်းပါးလေဖြစ်ပြီး ယင်းကို နားလည်သဘောပေါက်မှုလည်း ပို၍နည်းပါးလေ ဖြစ်၏။ ၎င်းတို့ မှားယွင်းစွာ ယုံကြည်သည့်အရာမှာ အဘယ်နည်း။ “ညီအစ်ကိုမောင်နှမများသည် ငါ့အား ၎င်းတို့၏ ခေါင်းဆောင်အဖြစ် ရွေးချယ်ပြီးဖြစ်သည်။ ဘုရားသခင်သည် ငါ့အား ခေါင်းဆောင်ဖြစ်ရန် ဤအခွင့်အရေးကို ပေးခဲ့သည်။ ထို့ကြောင့် ငါလုပ်သမျှသည် သမ္မာတရားနှင့်ညီသည်။ မည်သည့်အရာကို ငါလုပ်ဆောင်သည်ဖြစ်စေ မှန်သည်” ဟူ၍ ဖြစ်သည်။ ဤသည်မှာ နားလည်မှုလွဲခြင်း မဟုတ်လော။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့သော နားလည်မှုလွဲခြင်း ရှိမည်နည်း။ တစ်ခုမှာ သေချာသည်။ ဤသို့သောလူတို့သည် သမ္မာတရားကို မချစ်။ အခြားတစ်ခု ရှိသေးသည်။ ဤသို့သောလူတို့သည် သမ္မာတရားကို တကယ်ကို နားမလည်ခြင်း ဖြစ်သည်။ ဤသည်မှာ လုံးဝသံသယရှိစရာ မလိုပေ။
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။