အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၁) အခန်း ငါး

အန္တိခရစ်များသည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ ဆိုးဝါးသော ပြဿနာတစ်ခု ဖြစ်သည်။ အန္တိခရစ်တစ်ဦးက မည်သည့်တာဝန်ကို လုပ်ဆောင်နေသည်ဖြစ်စေ၊ မည်သူနှင့် ပူးပေါင်းဆောင်ရွက်သည်ဖြစ်စေ ပဋိပက္ခများ၊ အငြင်းပွားမှုများ အစဉ်ရှိလိမ့်မည်။ လူအချို့က “၎င်းတို့သည် သန့်ရှင်းရေးကို တာဝန်ယူရပြီး နေ့စဉ် အတွင်းထဲ၌ ရှင်းလင်းလျှင် အခြားလူများနှင့် ၎င်းတို့ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းနှင့်ပတ်သက်၍ အဘယ်သို့ ပြဿနာရှိနေသနည်း” ဟု ဆိုနိုင်သည်။ ယင်းတွင် စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုရှိသည်။ ၎င်းတို့သည် မည်သူနှင့် အပြန်အလှန်ဆက်ဆံနေသည်ဖြစ်စေ၊ အလုပ်လုပ်နေသည်ဖြစ်စေ ၎င်းတို့သည် ထိုသူတို့ကို အစဉ် အထင်သေးပြီး ၎င်းတို့ပြောသည့်အရာကို လုပ်ဆောင်စေရန်အတွက် အစဉ်ဩဝါဒပေးလိုလိမ့်မည်။ ဤသို့သောသူတစ်ဦးသည် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်သည်ဟု သင်တို့ဆိုမလော။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ဤသည်မှာ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ဆိုးလွန်းသောကြောင့် ဖြစ်သည်။ ၎င်းတို့သည် အခြားလူများနှင့် ပူးပေါင်းမလုပ်ဆောင်နိုင်ရုံမကဘဲ အခြားလူများအား အထက်မှနေ၍လည်း အစဉ်ဩဝါဒပေးပြီး ဘောင်ခတ်နေသည်။ ၎င်းတို့သည် အစဉ်သဖြင့် လူတို့၏ပခုံးပေါ်ခွထိုင်ပြီး အတင်းအဓမ္မ နာခံစေလိုသည်။ ဤသည်မှာ စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုမျှသာ မဟုတ်။ ၎င်းတို့၏ လူ့သဘာဝတွင် ဆိုးဝါးသောပြဿနာတစ်ခုလည်း ဖြစ်သည်။ ၎င်းတို့၌ အသိစိတ်၊ သို့မဟုတ် ဆင်ခြင်တုံတရားမရှိ။ ဤသည်မှာ ဆိုးယုတ်သူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်။ မည်သူနှင့်မျှ မသင့်မြတ်နိုင်။ လူတို့ကြားရှိ လူ့သဘာဝတွင် တူညီသော အရာများမှာ မည်သည့်အရာများ ဖြစ်သနည်း။ ထိုအရာများထဲမှ မည်သည့်အရာများက သဟဇာတဖြစ်သနည်း။ အသိစိတ်၊ ဆင်ခြင်တုံတရားနှင့် ၎င်းတို့၏ သမ္မာတရားကို ချစ်သည့်သဘောထား ဖြစ်သည်။ ဤအရာများ တူညီကြသည်။ နှစ်ဖက်စလုံးက ဤသို့သော ပုံမှန်လူ့သဘာဝကို ပိုင်ဆိုင်လျှင် ၎င်းတို့ သင့်မြတ်နိုင်သည်။ မပိုင်ဆိုင်လျှင် မသင့်မြတ်နိုင်ပေ။ တစ်ဖက်က ပိုင်ဆိုင်ပြီး တစ်ဖက်က မပိုင်ဆိုင်လျှင်လည်း မသင့်မြတ်နိုင်ပေ။ လူကောင်းများနှင့် လူဆိုးများသည် မသင့်မြတ်နိုင်ပေ။ သဘောကောင်းသောလူများနှင့် ဆိုးယုတ်သောလူများသည် မသင့်မြတ်နိုင်ပေ။ လူတို့အတွက် အချင်းချင်း ပုံမှန်သင့်မြတ်ရန်အတွက် ပြည့်မီရမည့် အခြေအနေအချို့ရှိသည်။ အချင်းချင်းပူးပေါင်းမလုပ်ဆောင်နိုင်မီတွင် ၎င်းတို့သည် အနည်းဆုံးအနေဖြင့် အသိစိတ်နှင့် ဆင်ခြင်တုံတရား ရှိရမည်။ ပြီးလျှင် စိတ်ရှည်ပြီး သည်းခံရမည်။ တာဝန်တစ်ခုကို ထမ်းဆောင်ရာ၌ ပူးပေါင်းလုပ်ဆောင်နိုင်ရန် လူတို့သည် တစ်စိတ်တည်းတစ်ဝမ်းတည်း ဖြစ်ရမည်။ အခြားလူများ၏ အားသာချက်များကို အသုံးချပြီး မိမိတို့၏ ကိုယ်ပိုင်အားနည်းချက်များကို ထေရမည်။ ပြီးလျှင် စိတ်ရှည်ပြီး သည်းခံရမည်ဖြစ်သည့်အပြင် မိမိတို့၏ ကျင့်ကြံပြုမူခြင်းတွင် အခြေခံစည်းရှိရမည်။ ဤသည်မှာ သဟဇာတကျကျ သင့်မြတ်ရန် နည်းလမ်းဖြစ်သည်။ ပြီးလျှင် တစ်ခါတစ်ရံတွင် ပဋိပက္ခများနှင့် အငြင်းပွားမှုများရှိနိုင်သော်လည်း ဆက်လက်၍ ပူးပေါင်းလုပ်ဆောင်နိုင်ပြီး အနည်းဆုံးအနေဖြင့် ရန်လိုမှု ဖြစ်ပေါ်မည်မဟုတ်။ လူတစ်ဦးသည် ဤသို့သော အခြေခံစည်းမရှိလျှင်၊ အသိတရား သို့မဟုတ် ဆင်ခြင်တုံတရား မရှိလျှင်၊ အကျိုးအမြတ်ကို အာရုံစိုက်သောပုံစံဖြင့် လုပ်ဆောင်ပြီး အကျိုးအမြတ်ကိုသာ ရှာဖွေလျှင်၊ အခြားလူများကို ထိခိုက်လျက် အစဉ်သဖြင့် အကျိုးအမြတ်ရလိုလျှင် ပူးပေါင်းလုပ်ဆောင်ခြင်းက ဖြစ်နိုင်မည်မဟုတ်။ ဤသည်မှာ ဆိုးယုတ်သူများကြားတွင်၊ အချင်းချင်း မရပ်မနားတိုက်ပွဲဝင်သည့် နတ်ဆိုးဘုရင်များကြားတွင် ဖြစ်သည့်ပုံစံဖြစ်သည်။ ဝိညာဉ်ရေးရာနယ်ပယ်ရှိ ဝိညာဉ်ဆိုး အမျိုးမျိုးတို့သည် အချင်းချင်း မသင့်မြတ်ကြချေ။ နတ်ဆိုးများက တစ်ခါတစ်ရံတွင် အဖွဲ့အစည်းများ ဖွဲ့စည်းနိုင်သော်လည်း ၎င်းတို့၏ ကိုယ်ပိုင်ပန်းတိုင်များကို ရရှိရန်အတွက် အပြန်အလှန် အသုံးချခြင်းသက်သက်ဖြစ်သည်။ ၎င်းတို့၏ အဖွဲ့အစည်းများမှာ ယာယီဖြစ်သည်။ မကြာခင်တွင် ၎င်းတို့ဘာသာ အစိတ်စိတ် အမြွှာမြွှာကွဲသွားကြသည်။ လူတို့ကြားတွင် ထို့အတူဖြစ်သည်။ လူ့သဘာဝမရှိသောလူများသည် ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်စေသူများ ဖြစ်သည်။ ပုံမှန်လူ့သဘာဝရှိသူတို့သာ ပူးပေါင်းလုပ်ဆောင်ရန် လွယ်ကူသည်။ အခြားလူများကို စိတ်ရှည်ပြီး သည်းခံသည်။ အခြားလူများ၏ ထင်မြင်ချက်များကို အရေးစိုက်သည်။ ပြီးလျှင် ၎င်းတို့လုပ်သည့်အလုပ်တွင် ၎င်းတို့၏ အဆင့်အတန်းကို ဘေးဖယ်ထားနိုင်သည်။ အခြားလူများနှင့် ဆွေးနွေးပြီး လုပ်ဆောင်နိုင်သည်။ ၎င်းတို့တွင်လည်း ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများရှိပြီး အစဉ်သဖြင့် အခြားလူများအား ၎င်းတို့ကို နာခံအောင် လုပ်ဆောင်လိုသည်။ ၎င်းတို့တွင်လည်း ထိုရည်ရွယ်ချက်ရှိသည်။ သို့သော် ၎င်းတို့၌ အသိစိတ်နှင့် ဆင်ခြင်တုံတရားရှိသောကြောင့်၊ သမ္မာတရားကို ရှာဖွေနိုင်ပြီး မိမိကိုယ်ကိုသိသောကြောင့်၊ ဤသို့လုပ်ဆောင်ခြင်းသည် မသင့်လျော်ဟု ခံစားရပြီး ယင်းအတွက် အပြစ်ရှိသည်ဟု ခံစားရကာ မိမိတို့ကိုယ်ကို ချုပ်တည်းနိုင်သောကြောင့် အမှုအရာများကို ၎င်းတို့လုပ်ဆောင်သည့် နည်းလမ်းများနှင့် နည်းနာနိဿယများသည် နည်းနည်းချင်းစီဖြင့် ပြောင်းလဲလိမ့်မည်။ ဤသို့ဖြင့် ၎င်းတို့သည် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်လိမ့်မည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်နေသော်လည်း ဆိုးယုတ်သူများမဟုတ်။ ပြီးလျှင် ၎င်းတို့၌ အန္တိခရစ်များ၏ အနှစ်သာရမရှိ။ အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်ရာတွင် အကြီးစားပြဿနာတစ်ခုတလေ ရှိမည်မဟုတ်။ ၎င်းတို့က ဆိုးယုတ်သူများ၊ သို့မဟုတ် အန္တိခရစ်များဆိုလျှင် အခြားလူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ ဘုရားအိမ်တော်က ရှင်းလင်းပစ်ခြင်းကို ခံရသည့် ဆိုးယုတ်သူများနှင့် အန္တိခရစ်များအားလုံး၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ပေ။ ရလဒ်အနေဖြင့် ၎င်းတို့အားလုံး ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရသည်။ သို့တိုင်အောင် အန္တိခရစ်တို့၏ စိတ်သဘောထားရှိကာ အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်၍ များစွာပြုပြင်ခြင်းခံရပြီးနောက်တွင် သမ္မာတရားကို လက်ခံနိုင်ပြီး အမှန်တကယ် နောင်တရနိုင်ကာ အခြားလူများအပေါ် စိတ်ရှည်ပြီး သည်းခံနိုင်သောသူများစွာ ရှိလေသည်။ ဤသို့သောလူများသည် တဖြည်းဖြည်းချင်းဖြင့် အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်လာနိုင်စွမ်း ရှိကြသည်။ အန္တိခရစ်များသာ မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားမည်မျှကို ထုတ်ဖော်ပါစေ။ ယင်းကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ရှာဖွေမည်မဟုတ်ဘဲ မရိုးမဖြောင့်ဖြစ်လျက်၊ မချုပ်တည်းလျက်ဖြင့် ၎င်းတို့၏ ကိုယ်ပိုင်နည်းလမ်းကို မရမနေလုပ်ဆောင်နေဆဲ ဖြစ်လိမ့်မည်။ ယင်းမှာ အခြားလူများနှင့် သဟဇာတဖြစ်စွာ ပူးပေါင်းမလုပ်ဆောင်နိုင်ခြင်းသက်သက် မဟုတ်ဘဲ လူတစ်ယောက်က ၎င်းတို့အား ပိုင်းခြားသိမြင်ပြီး မနှစ်မြို့သည်ကို ၎င်းတို့မြင်လျှင် ထိုသူကို ညှဉ်းပန်းရန်ပင် စီစဉ်ပြီး ထိုသူအပေါ် ဖယ်ကြဉ်ထားသော၊ ရန်လိုသောသဘောထားကို ခံယူလိမ့်မည်။ ၎င်းတို့သည် အသင်းတော်အလုပ်အပေါ် အနှောင့်အယှက်တစ်ခုတလေ ဖြစ်စေခြင်းဖြင့် ထိခိုက်နစ်နာမှုကို ဖြစ်စေလျက် ထိုသူအပေါ် ရန်လိုလျက်ရှိနေလိမ့်မည်။ ဤသည်ကို အန္တိခရစ်များ၏ သဘာဝအနှစ်သာရက အဆုံးအဖြတ်ပေးခြင်း ဖြစ်သည်။

သဟဇာတဖြစ်စွာ ပူးပေါင်းလုပ်ဆောင်ရန် လေ့ကျင့်ရာတွင် သင်တို့ သင်ယူသင့်သည့် သင်ခန်းစာများမှာ အဘယ်နည်း။ ပူးပေါင်းလုပ်ဆောင်ရန် သင်ယူခြင်းသည် သမ္မာတရားကို ချစ်ခြင်းအား လက်တွေ့လုပ်ဆောင်သည့် အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ယင်း၏ လက္ခဏာတစ်ခုလည်းဖြစ်သည်။ ယင်းသည် လူတစ်ဦး၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားအား ပိုင်ဆိုင်မှုကို ပေါ်လွင်စေသည့် အခြေခံ နည်းတစ်နည်းဖြစ်သည်။ သင်က အသိစိတ်၊ သိက္ခာနှင့် ဆင်ခြင်တုံတရား ရှိသည်ဟု ဆိုကောင်းဆိုနိုင်သော်လည်း မည်သူနှင့်မျှ ပူးပေါင်းမလုပ်ဆောင်နိုင်လျှင်၊ သင့်မိသားစုနှင့်၊ အပြင်လူများနှင့်၊ သို့မဟုတ် မိတ်ဆွေများနှင့် မသင့်မြတ်နိုင်လျှင်၊ သင်၏ အပြန်အလှန်ဆက်ဆံရေးများက ပြိုလဲလျှင်၊ မျှဝေလုပ်ဆောင်ရသော အလုပ်များ၌ အဆုံးမရှိသော အငြင်းပွားမှုများရှိပြီး သင့်၌ ရန်သူများဖြစ်စေလျှင်၊ သင်က ဤသို့ဖြင့် မည်သူနှင့်မျှ လုံးဝ မသင့်မြတ်နိုင်လျှင် သင်၌ အန္တရာယ်ရှိပြီ ဖြစ်သည်။ ဤသို့သောအပြုအမူသည် သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအားလုံး၏ အပြုအမူများထဲ၌ရှိလျှင်၊ သို့မဟုတ် သင့်၌ရှိသော အပြုအမူများအားလုံးထဲမှ သမ္မာတရားနှင့် မကိုက်ညီသည့် အပြုအမူတစ်ခုဖြစ်လျှင်၊ အပြုအမူတစ်ခုထက် မပိုလျှင်၊ သင်သိသော၊ သင်စဉ်ဆက်မပြတ် ရှာဖွေပြီး ပြောင်းလဲနေသည့်အရာနှင့်ပတ်သက်သော အပြုအမူဖြစ်လျှင် သင်၌ အခွင့်အရေးရှိသေးသည်။ ကယ်တင်ခြင်းအတွက် အခွင့်အလမ်း ရှိသေးသည်။ ယင်းသည် အကြီးစားပြဿနာတစ်ခုမဟုတ်။ သို့သော် သင်သည် ပင်ကိုအားဖြင့် ဤသို့သောသူဖြစ်လျှင်၊ ပင်ကိုအားဖြင့် မည်သူနှင့်မျှ မသင့်မြတ်နိုင်လျှင်၊ ယင်းအကြောင်း ပြောဆိုမှုမှန်သမျှ အသုံးမဝင်ဘဲ သင်က မချုပ်တည်းနိုင်ခြင်းပင်ဖြစ်လျှင် ယင်းသည် ဆိုးသောပြဿနာတစ်ခု ဖြစ်သည်။ သင်သည် ယင်းကို မှတ်သားစရာတစ်ခုအဖြစ် မယူလျှင် သင့်အား သမ္မာတရားကို မည်သို့မိတ်သဟာယဖွဲ့သည်ဖြစ်စေ ပြဿနာက အရေးမကြီးဟုလည်းကောင်း၊ ယင်းသည် သင်၏ ပုံမှန်ဘဝဖြစ်သည်၊ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက ပေါ်လွင်သည့် အဓိကနည်း ဖြစ်သည်ဟုလည်းကောင်း ခံစားရလျှင် သင်၏ အနှစ်သာရမှာ အန္တိခရစ်တစ်ဦး၏ အနှစ်သာရဖြစ်သည်။ ယင်းက သင့်အနှစ်သာရဖြစ်လျှင် ယင်းသည် အန္တိခရစ်လမ်းကိုလျှောက်ခြင်းနှင့် မတူညီသောကိစ္စဖြစ်သည်။ လူအချို့မှာ အန္တိခရစ်တို့၏ လမ်းကြောင်းကို လျှောက်သည်။ ပြီးလျှင် အချို့မှာ ၎င်းတို့ကိုယ်တိုင်က အန္တိခရစ်များဖြစ်သည်။ ယင်းတွင် ကွဲပြားမှုတစ်ခု မရှိသလော။ (ရှိပါသည်။) အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်သောသူတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် အန္တိခရစ်များ၏ ဤအပြုအမူများကို ပြသကြသည်။ ၎င်းတို့သည် အန္တိခရစ်၏ စိတ်သဘောထားကို သာမန်လူထက် အနည်းငယ်ပို၍ မြင်သာစွာ၊ သိသာထင်ရှားစွာ ထုတ်ဖော်လိမ့်မည်။ သို့သော် ၎င်းတို့သည် သမ္မာတရားနှင့်အညီဖြစ်သော၊ လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသော အလုပ်ကိုမူ လုပ်ဆောင်နိုင်ကြသေး၏။ လူတစ်ဦးသည် အပြုသဘောဆောင်သောအလုပ်တစ်ခုတလေကို လုံးဝမလုပ်နိုင်လျှင် ဤအစား သူလုပ်ဆောင်သည့်အရာမှာ အလုံးစုံပင် အန္တိခရစ်၏ ဤအပြုအမူများ၊ အန္တိခရစ်၏ အနှစ်သာရကို ထုတ်ဖော်ခြင်းများ ဖြစ်လျှင်၊ သူလုပ်ဆောင်သည့်အလုပ်နှင့် သူထမ်းဆောင်သည့် တာဝန်များအားလုံးသည် သမ္မာတရားနှင့်ညီသည့်အရာ တစ်ခုမျှမရှိဘဲ ဤသို့သော ထုတ်ဖော်ခြင်းများဖြစ်လျှင် သူသည် အန္တိခရစ်တစ်ဦးဖြစ်သည်။

အတိတ်က ခေါင်းဆောင်နှင့် အမှုဆောင်အချို့သည် အန္တိခရစ် တစ်ဦး၏ စိတ်သဘောထားအချို့ကို မကြာခဏ ထုတ်ဖော်ပြကြသည်။ ၎င်းတို့သည် အကြောင်းမဲ့ ထင်ရာမြင်ရာပြုကြသည်၊ ပြီးလျှင် ယင်းမှာ ၎င်းတို့ပြောသည့်အတိုင်း လုပ်နိုင်လျှင်လုပ်၊ မလုပ်နိုင်ရင်ထွက်ဟုသာ အမြဲတမ်း ဖြစ်သည်။ သို့သော် ၎င်းတို့သည် သိသာသည့် မကောင်းမှုတစ်ခုကိုမျှ မကျူးလွန်ကြဘဲ ၎င်းတို့၏ လူ့သဘာဝကလည်း ဆိုးဝါးခြင်းမရှိပေ။ ပြုပြင်ခံရခြင်းအားဖြင့်၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ကူညီခြင်းအားဖြင့်၊ ၎င်းတို့၏ တာဝန်ခန့်အပ်မှုကို ပြုပြင်ခံရခြင်းအားဖြင့်ဖြစ်စေ၊ ဖြုတ်ချခံရခြင်းအားဖြင့်ဖြစ်စေ အချိန်တစ်ခုအထိ အပျက်သဘောဆောင်ခြင်းအားဖြင့် ၎င်းတို့သည် ယခင်က ၎င်းတို့ ဖွင့်ပြခဲ့သည့်အရာများမှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ဖြစ်သည်ကို နောက်ဆုံးတွင် သိမြင်လာကြသည်။ နောင်တရချင်စိတ် ရှိလာကြပြီး “အရေးကြီးဆုံးမှာ ကျွန်ုပ်၏ တာဝန်ကို ထမ်းဆောင်ရာတွင် မည်သည့်အရာဖြစ်ပါစေ၊ မလျှော့တမ်းလုပ်ဆောင်ရန်ဖြစ်သည်။ ကျွန်ုပ်သည် အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်နေခဲ့သော်လည်း အန္တိခရစ်အဖြစ် စရိုက်လက္ခဏာ သရုပ်ဖော်ခြင်း မခံရသေးပေ။ ဤသည်မှာ ဘုရားသခင်၏ သနားကရုဏာဖြစ်သည်။ ထို့ကြောင့် ကျွန်ုပ်၏ယုံကြည်မှုနှင့် လိုက်စားမှု၌ ကျွန်ုပ်သည် ကြိုးစားရမည်၊ အလွန်စိတ်အားထက်သန်စွာ ကျွန်ုပ် လိုက်စားရမည်။ သမ္မာတရားကို လိုက်စားခြင်း လမ်းကြောင်းတွင် အမှားတစ်စုံတစ်ရာမျှ မရှိ။” ဟူ၍ စဉ်းစားကြသည်။ တဖြည်းဖြည်းချင်းဖြင့် ၎င်းတို့သည် မိမိတို့ဘာသာ ပြောင်းလဲကြသည်။ ထို့နောက်တွင် နောင်တရကြသည်။ ၎င်းတို့ထဲတွင် သရုပ်သကန်ကောင်းများရှိသည်၊ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်သည့်အချိန်တွင် ၎င်းတို့သည် သမ္မာတရားစည်းမျဉ်းများကို ရှာဖွေနိုင်ပြီး အခြားသူများနှင့် ထိတွေ့သည့်အချိန်တွင်လည်း သမ္မာတရားစည်းမျဉ်းများကို ရှာဖွေကြလေသည်။ အချက်တိုင်းတွင် ၎င်းတို့သည် အပြုသဘောဆောင်သော ဦးတည်ချက်ကို ဝင်ရောက်နေကြသည်။ သို့ဆိုလျှင် ၎င်းတို့ ပြောင်းလဲပြီးဖြစ်သည် မဟုတ်သလော။ ၎င်းတို့သည် အန္တိခရစ်၏လမ်းကြောင်းကို လျှောက်ခြင်းမှ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် လိုက်စားခြင်း လမ်းကြောင်းသို့ ပြောင်းခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့အတွက် ကယ်တင်ခြင်းရရှိရန် မျှော်လင့်ချက်နှင့် အခွင့်အရေးတစ်ခုရှိသည်။ ၎င်းတို့သည် တစ်ချိန်က အန္တိခရစ်တစ်ဦး၏ သရုပ်သကန်အချို့ကို ပြသခဲ့သောကြောင့် သို့မဟုတ် အန္တိခရစ်များ၏ လမ်းကြောင်းကို လျှောက်ခဲ့သောကြောင့် ထိုသို့သော သူတို့ကို အန္တိခရစ်များအဖြစ် သင် စရိုက်လက္ခဏာ သရုပ်ဖော်နိုင်သလော။ မသတ်မှတ်နိုင်ပေ။ အန္တိခရစ်များသည် နောင်တရမည့်အစား သေဖို့သာ ပြုလုပ်ကြမည်ဖြစ်သည်။ ၎င်းတို့တွင် ရှက်စိတ်ဟူ၍ ဘာမျှမရှိ။ ထို့အပြင် ၎င်းတို့သည် စိတ်သဘောထား ရက်စက်ကြမ်းကြုတ်ပြီး ကောက်ကျစ်ဆိုးယုတ်ကြ၏။ ထို့ပြင် သမ္မာတရားကို အလွန်အမင်း မနှစ်မြို့ကြပေ။ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သောသူတစ်ယောက်သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော၊ သို့မဟုတ် နောင်တရနိုင်သလော။ ယင်းသည် ဖြစ်နိုင်လိမ့်မည် မဟုတ်ပေ။ သမ္မာတရားကို ၎င်းတို့ အကြွင်းမဲ့ အလွန်အမင်း မနှစ်မြို့ခြင်းက မည်သည့်အခါမျှ ၎င်းတို့နောင်တရမည် မဟုတ်သည်ကို ဆိုလိုသည်။ နောင်တရနိုင်သူများနှင့်ပတ်သက်၍ သေချာသည့်အရာ တစ်ခုရှိပြီး ယင်းမှာ ၎င်းတို့သည် အမှားများ ပြုခဲ့သော်လည်း၊ ဘုရားနှုတ်ကပတ်တော်များ၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့ကို လက်ခံနိုင်ကြသည်၊ ၎င်းတို့သည် သမ္မာတရားကို လက်ခံနိုင်စွမ်း ရှိကြသည်၊ ပြီးလျှင် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့၏ နီတိများအဖြစ်ခံယူပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ၎င်းတို့အသက်တာများ၏ လက်တွေ့ကျမှု အဖြစ်ပြောင်းလျက်၊ ၎င်းတို့တာဝန်များကို ထမ်းဆောင်သောအခါတွင် မိမိတို့၏ ကဏ္ဍကို လုပ်ဆောင်ဖို့ အစွမ်းကုန် ကြိုးစားနိုင်စွမ်း ရှိကြသည်။ ၎င်းတို့သည် သမ္မာတရားကို လက်ခံသည်၊ စိတ်နှလုံးထဲ၌ ယင်းကို အလွန်အမင်းမနှစ်မြို့ခြင်း မရှိကြချေ။ ဤသည်မှာ ကွာခြားချက် မဟုတ်သလော။ ဤသည်မှာ ကွာခြားချက်ဖြစ်သည်။ သို့ရာတွင် အန္တိခရစ်တို့သည် ပြုပြင်ခြင်းကို ငြင်းပယ်ရုံမျှဖြင့် မရပ်တန့်ကြပေ။ ၎င်းတို့သည် သမ္မာတရားနှင့် ကိုက်ညီသောစကားပြောသူမည်သူမဆိုကို နားထောင်မည်မဟုတ်ပေ။ ပြီးလျှင် ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို ၎င်းတို့ မယုံကြည်သကဲ့သို့ သမ္မာတရားဖြစ်သည်ဟူ၍လည်း အသိအမှတ်မပြုပေ။ ၎င်းတို့၏ သဘာဝမှာ မည်သည့်သဘာဝဖြစ်သနည်း။ အလွန်အကျွံဖြစ်သောအတိုင်းအတာအထိ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့သကဲ့သို့ မုန်းတီးခြင်းတစ်ခုဖြစ်သည်။ တစ်စုံတစ်ယောက်က သမ္မာတရားကို မိတ်သဟာယဖွဲ့သောအခါ၊ သို့မဟုတ် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်ကို ပြောဆိုသောအခါ ၎င်းတို့သည် ယင်းကို အလွန့်အလွန် ပစ်ပစ်ခါခါငြင်းသည်။ ပြီးလျှင် မိတ်သဟာယဖွဲ့နေသည့်သူကို ရန်လိုသည်။ အသင်းတော်ထဲမှ တစ်စုံတစ်ယောက်သည် အဓိပ္ပာယ်မရှိဘဲ ဆိုးညစ်သောအငြင်းပွားမှု အမျိုးမျိုးကို ဖြန့်ဝေကာ အဓိပ္ပာယ်မဲ့၍ ယုတ္တိမတန်သော အရာများကို ပြောဆိုပါက ယင်းသည် ၎င်းတို့ကို အလွန်ပျော်ရွှင်စေ၏။ ၎င်းတို့သည် ချက်ချင်းပင် ဝင်ပါပြီး ပူးပေါင်းဆောင်ရွက်လျက် ထိုသူတို့နှင့်အတူ ဒုစရိုက်အမှု၌ ပျော်မွေ့နေလိမ့်မည်။ ဤသည်မှာ တူရာစုသည့်၊ ဓာတ်တူရာစုသည့် ဖြစ်ရပ်ဖြစ်သည်။ ဘုရားသခင် ရွေးချယ်ထားသောလူများက သမ္မာတရားအား မိတ်သဟာယဖွဲ့နေသည်ကို၊ သို့မဟုတ် ၎င်းတို့၏ မိမိကိုယ်ကိုသိမြင်မှုနှင့် ရိုးသားစစ်မှန်သောနောင်တနှင့် သက်ဆိုင်သည့် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်အား ပြောဆိုခြင်းကို ၎င်းတို့ကြားလျှင် ပျာယာခတ်ပြီး စိတ်တိုကာ ထိုလူကို မည်သို့ဖယ်ကြဉ်ပြီး တိုက်ခိုက်ရမည်ကို စဉ်းစားလာကြသည်။ အကျဉ်းချုပ်ဆိုရလျှင် သမ္မာတရားအား လိုက်စားသူမည်သူကိုမဆိုအား ၎င်းတို့ ကြင်ကြင်နာနာ မကြည့်ပေ။ ၎င်းတို့သည် ထိုသူများအား ဖယ်ကြဉ်ပြီး ရန်သူဖြစ်လိုသည်။ စကားလုံးများ၊ အယူဝါဒများအား တရားဟောခြင်းအားဖြင့် ကြွားဝါသည့်နေရာတွင် ကျွမ်းကျင်သော မည်သူကိုမဆို ၎င်းတို့ အလွန်နှစ်သက်ပြီး အလွန်ပင် အသိအမှတ်ပြုသည်။ လူယုံတစ်ဦး၊ ခရီးသွားဖော်တစ်ဦးကို ၎င်းတို့ တွေ့လိုက်ရသကဲ့သို့ပင်ဖြစ်သည်။ တစ်စုံတစ်ယောက်က “အလုပ်အများဆုံးလုပ်ပြီး အများဆုံး ပါဝင်ကူညီသူ မည်သူမဆိုသည် များစွာဆုချီးမြှင့်ခံရပြီး သရဖူအပ်နှင်းခံရမည်။ ပြီးလျှင် ဘုရားသခင်နှင့်အတူ အုပ်စိုးရမည်” ဟု ဆိုခဲ့လျှင် ၎င်းတို့သည် တစ်ဟုန်ထိုးသွေးပူလျက် အလွန့်အလွန် စိတ်လှုပ်ရှားလိမ့်မည်။ ၎င်းတို့သည် အခြားလူများထက် သာလွန်သည်ဟုလည်းကောင်း၊ နောက်ဆုံးတွင် လူကြားထဲ၌ ထင်ပေါ်သည်ဟုလည်းကောင်း၊ မိမိတို့ကိုယ်ကို ထုတ်ဖော်ပြသ၍ မိမိတို့တန်ဖိုးကို ခင်းကျင်းပြသရန် ယခုတွင် နေရာရှိသည်ဟုလည်းကောင်း ခံစားရလိမ့်မည်။ ထိုအခါတွင် ၎င်းတို့သည် အလွန်ပင် ကျေနပ်လိမ့်မည်။ ဤသည်မှာ သမ္မာတရားကို အလွန်အမင်းမနှစ်မြို့ခြင်း မဟုတ်သလော။ သင်က မိတ်သဟာယတွင် ၎င်းတို့အား “ဘုရားသခင်သည် ပေါလုကဲ့သို့သောလူတို့ကို မနှစ်သက်။ ထို့ပြင် ကိုယ်တော်သည် အန္တိခရစ်တို့၏ လမ်းခရီးကို လျှောက်လှမ်းသူများနှင့် တစ်နေ့လုံး ‘သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော့်အတွက် များစွာသော အမှုတို့ကို ဆောင်ရွက်ခဲ့သည် မဟုတ်လော’ ဟု လျှောက်လှည့်ပြောဆိုနေသောသူတို့ကို အစက်ဆုပ်ဆုံး ဖြစ်တော်မူ၏။ သူသည် ဆုလာဘ်နှင့် သရဖူတစ်ခုအတွက် သူ့ကို တစ်နေကုန် လျှောက်တောင်းခံနေသောလူတို့ကို ရွံရှာသည်” ဟု ပြောသည် ဆိုပါစို့။ ဤစကားများသည် အသေအချာပင် သမ္မာတရားဖြစ်သည်။ သို့သော် ဤသို့သော မိတ်သဟာယကို ၎င်းတို့ကြားသောအခါ၌ ၎င်းတို့၌ မည်သည့်ခံစားချက် ဖြစ်သွားသနည်း။ ၎င်းတို့က အာမင်ဟုပြောပြီး ထိုသို့သောစကားများကို လက်ခံသလော။ ၎င်းတို့၏ ပထမဆုံးတုံ့ပြန်မှုမှာ အဘယ်နည်း။ စိတ်နှလုံးထဲတွင် စက်ဆုပ်ရွံရှာပြီး နားထောင်ချင်စိတ်မရှိခြင်းဖြစ်သည်။ ၎င်းတို့ ဆိုလိုသည်မှာ “သင်ပြောသည့်အရာနှင့်ပတ်သက်၍ အဘယ်သို့ အလွန်သေချာနိုင်သနည်း။ သင်က အဆုံးအဖြတ်ပေးပိုင်ခွင့်ရှိသလော။ သင်ပြောသည့်အရာကို ငါမယုံကြည်။ ငါလုပ်မည့်အရာကို ငါလုပ်ဆောင်မည်။ ငါသည် ပေါလုကဲ့သို့ဖြစ်ပြီး ဘုရားအား သရဖူတစ်ခုတောင်းမည်။ ဤသို့ဆိုလျှင် ငါသည် ကောင်းချီး ခံစားရနိုင်ပြီး ကောင်းသောခရီးပန်းတိုင်တစ်ခုရှိနိုင်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် ပေါလု၏ အမြင်များကို မရမက ထိန်းသိမ်းကြသည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို ဆန့်ကျင်တိုက်ခိုက်နေခြင်း မဟုတ်လော။ ဤသည်မှာ ဘုရားသခင်ကို သိသိသာသာ ဆန့်ကျင်နေခြင်း မဟုတ်လော။ ဘုရားသခင်သည် ပေါလု၏ အနှစ်သာရကို ဖော်ထုတ်ပြီး စိစစ်ခဲ့သည်။ သူသည် ယင်းနှင့်ပတ်သက်၍ များစွာပြောခဲ့ပြီး တစ်ခုချင်းစီတိုင်းက သမ္မာတရားဖြစ်သည်။ သို့တိုင်အောင် ဤအန္တိခရစ်များသည် သမ္မာတရားကို လက်မခံ၊ သို့မဟုတ် ပေါလု၏ လုပ်ရပ်မျာနှင့် အပြုအမူများက ဘုရားသခင်အား ဆန့်ကျင်သည်ဆိုသည့်အချက်ကို လက်မခံပေ။ ၎င်းတို့စိတ်ထဲတွင် ၎င်းတို့က မေးခွန်းထုတ်ဆဲဖြစ်သည်။ “သင်က တစ်စုံတစ်ခုပြောလျှင် မှန်သည်ဟု ဆိုလိုသလော။ မည်သည့်အကြောင်းပြချက်များကို အခြေခံသနည်း။ ငါ့အတွက်မူ ပေါလုပြောသည့်အရာနှင့် လုပ်ဆောင်ခဲ့သည့်အရာက မှန်သည့်ပုံစံရှိသည်။ ယင်းတွင် မှားယွင်းသည့်အရာမရှိ။ ငါသည် သရဖူနှင့် ဆုလာဘ်နောက်ကို လိုက်နေသည်။ ယင်းမှာ ငါစွမ်းဆောင်နိုင်သည့်အရာ ဖြစ်သည်။ သင် ငါ့ကို တားနိုင်သလော။ အလုပ်လုပ်ခြင်းကို ငါလိုက်စားမည်။ များစွာလုပ်ဆောင်ပြီးသည်နှင့် ငါ၌ အရင်းအနှီးရှိမည်။ ငါသည် ပါဝင်ကူညီမှုပြုလုပ်ပြီးဖြစ်လိမ့်မည်။ ဤသို့ဆိုလျှင် ကောင်းကင်နိုင်ငံတော်သို့ ဝင်ရောက်နိုင်ပြီး ဆုလာဘ်ချီးမြှင့်ခြင်းခံရမည်။ ယင်းတွင် မှားသည့်အရာမရှိ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ခေါင်းမာပုံဖြစ်သည်။ သမ္မာတရားကို စိုးစဉ်းမျှ လက်မခံပေ။ သင်သည် ၎င်းတို့အား သမ္မာတရားကို မိတ်သဟာယဖွဲ့နိုင်သော်လည်း ၎င်းတို့ နားဝင်မည် မဟုတ်။ ၎င်းတို့သည် ယင်းကို အလွန်အမင်းမနှစ်မြို့ပေ။ ဤသည်မှာ ဘုရားနှုတ်ကပတ်တော်နှင့် သမ္မာတရားအပေါ် အန္တိခရစ်များ၏ သဘောထားဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားလည်း ဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားကို သင်တို့ကြားသောအခါ မည်သည့်ခံစားချက်ကို သင်တို့ရရှိသနည်း။ သမ္မာတရားကို သင်တို့ လိုက်စားနေခြင်းမရှိ၊ သမ္မာတရားကို နားမလည်ဟု ခံစားရသည်။ သင်တို့သည် သမ္မာတရားကို အလွန်ပင် မမီသေး၊ သမ္မာတရားလက်တွေ့ကျမှုဆီသို့ ကြိုးပမ်းဖို့ လိုမည်ဟု ခံစားရသည်။ ပြီးလျှင် သင်တို့သည် ဘုရားနှုတ်ကပတ်တော်နှင့် မိမိတို့ကိုယ်ကို ယှဉ်ကြည့်သည့်အခါတိုင်းတွင် ယင်းမှာ သင်တို့သည် အလွန်ပင် လိုအပ်မှုရှိနေသည်၊ အစွမ်းအစညံ့ဖျင်းသည်၊ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု ကင်းမဲ့သည်၊ ဝတ်ကျေတမ်းကျေလုပ်ဆောင်ဆဲဖြစ်ကာ သင်တို့အတွင်း၌ ကောက်ကျစ်ဆိုးယုတ်မှု ရှိဆဲဖြစ်သည်ဟု ခံစားရသည့်အချိန်ဖြစ်၏။ ထို့နောက် အပျက်သဘောဆောင်လာသည်။ ဤသည်မှာ သင်တို့၏ အခြေအနေမဟုတ်လော။ အခြားတစ်ဖက်တွင် အန္တိခရစ်များမှာ မည်သည့်အခါမျှ အပျက်သဘောမဆောင်ပေ။ ၎င်းတို့သည် အစဉ် စိတ်ထက်သန်ပြီး မိမိတို့ကိုယ်ကို မည်သည့်အခါမျှ ဆင်ခြင်သုံးသပ်ခြင်း မရှိဘဲ သို့မဟုတ် မသိမြင်ဘဲ ၎င်းတို့၌ အကြီးစားပြဿနာများမရှိဟု ထင်ကြသည်။ ဤသည်မှာ အစဉ်မာနထောင်လွှားပြီး မိမိကိုယ်ကို မှန်ကန်သည်ဟု ယူမှတ်သောလူများ၏ ပုံစံဖြစ်သည်။ ၎င်းတို့သည် ဩဇာအာဏာရသည်နှင့် တစ်ပြိုင်နက် အန္တိခရစ်များအဖြစ်ပြောင်းသွားကြသည်။

၂။ အန္တိခရစ်များ၌ လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် လိုအင်ဆန္ဒနှင့် ရည်မှန်းချက်တို့ မည်သို့ အစဉ်အမြဲ ရှိနေပုံကို စိတ်ဖြာလေ့လာဆွေးနွေးခြင်း

အန္တိခရစ်များ၌ လူတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတို့ အစဉ်အမြဲ ရှိနေကြသည် ဟူသည့် နောက်တစ်ချက်ကို မိတ်သဟာယဖွဲ့ခြင်းအားဖြင့် ငါတို့ဆက်လက်၍ ဆွေးနွေးသွားမည်။ ဤပြဿနာသည် မည်သူနှင့်မျှ ၎င်းတို့ ပူးပေါင်းဆောင်ရွက်နိုင်စွမ်း မရှိခြင်းထက်ပို၍ ဆိုးရွားသည်။ သူတစ်ပါးတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ခြင်းကို နှစ်သက်သည့်သူတို့သည် မည်သည့်လူစားမျိုး ဖြစ်သည်ဟု သင်တို့ဆိုမည်နည်း။ မည်သည့်လူစားမျိုးက သူတစ်ပါးတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒရှိသနည်း။ ငါဥပမာတစ်ခုပေးမည်။ အဆင့်အတန်းကို အထူးနှစ်သက်သူတို့သည် သူတစ်ပါးတို့အား ထိန်းချုပ်ခြင်းနှင့် သိမ်းပိုက်ခြင်းကို ပျော်မွေ့သလော။ ၎င်းတို့သည် အန္တိခရစ်များ၏ အမျိုးအစား မဟုတ်လော။ ၎င်းတို့သည် အခြားလူတို့ကို အထင်အမြင်မှားစေကာ ထိန်းချုပ်ပြီး ချိုးနှိမ်သည်။ ထို့နောက်တွင် ထိုသူတို့က ၎င်းတို့ကို ကိုးကွယ်ပြီး နာခံကြလေသည်။ ဤသို့ဖြင့် ၎င်းတို့သည် လူတို့၏ အထင်ကြီး၊ လေးစားမှုကို ရရှိသဖြင့် ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးစေသည်။ ဤသို့ဆိုလျှင် လူတို့၏ စိတ်နှလုံး၌ ၎င်းတို့အတွက် နေရာတစ်နေရာမရှိသလော။ လူတို့သည် ၎င်းတို့၏ စည်းရုံးသိမ်းသွင်းခြင်းကို မခံရဘဲ ၎င်းတို့ကို အသိအမှတ်မပြုလျှင် ၎င်းတို့ကို ကိုးကွယ်မည်လော။ လုံးဝ ကိုးကွယ်မည်မဟုတ်။ ထို့ကြောင့် ဤလူတို့သည် အဆင့်အတန်း ရပြီးနောက်တွင် အခြားလူတို့ကို ၎င်းတို့ စည်းရုံးရန်၊ အပြည့်အဝသိမ်းသွင်းရန်၊ ၎င်းတို့အား လေးစားအောင်ပြုလုပ်ရန် လိုအပ်ဆဲဖြစ်သည်။ ထိုအခါမှသာ လူတို့က ၎င်းတို့ကို ကိုးကွယ်လိမ့်မည်။ ဤသည်မှာ လူအမျိုးအစားတစ်မျိုး ဖြစ်သည်။ အခြားတစ်မျိုးရှိသည်။ အထူးပင် မာနထောင်လွှားသောသူများဖြစ်သည်။ ၎င်းတို့သည် လူတို့အား အလားတူပင် ဆက်ဆံသည်။ လူတို့အား နှိပ်ကွပ်ခြင်းဖြင့် အစပြုကာ လူတိုင်းအား ၎င်းတို့ကို ကိုးကွယ်ပြီး အထင်ကြီးစေရန် လုပ်ဆောင်သည်။ ထိုအခါမှသာ ၎င်းတို့က စိတ်ကျေနပ်ကြသည်။ အလွန်ရက်စက်ကြမ်းကြုတ်သော လူများသည်လည်း အခြားလူတို့အားထိန်းချုပ်ရခြင်း၊ လူတို့အား ၎င်းတို့ကို နာခံစေခြင်း၊ ၎င်းတို့အနီးအနားတွင် နေစေခြင်း၊ ၎င်းတို့အတွက် အမှုအရာများ လုပ်ဆောင်ပေးစေခြင်းတို့ကို နှစ်သက်သည်။ အလွန်မာနထောင်လွှားသောလူများ၊ ရက်စက်ကြမ်းကြုတ်သော စိတ်သဘောထား ရှိသည့်လူများ နှစ်မျိုးလုံးနှင့်ပတ်သက်လာလျှင် ၎င်းတို့သည် ဩဇာအာဏာရရှိသည်နှင့် အန္တိခရစ်များ ဖြစ်လာကြသည်။ အန္တိခရစ်များသည် သူတစ်ပါးတို့ကို ထိန်းချုပ်ပြီး သိမ်းပိုက်ရန် ရည်မှန်းချက်နှင့် လိုအင်ဆန္ဒတစ်ခု အစဉ်အမြဲရှိကြသည်။ ၎င်းတို့သည် လူတို့နှင့် တွေ့ကြုံရာတွင် အခြားလူများက ၎င်းတို့အား မြင်သည့်ပုံစံကိုလည်းကောင်း၊ အခြားလူများ၏ စိတ်နှလုံး၌ ၎င်းတို့အတွက် နေရာတစ်နေရာရှိမရှိဆိုသည်ကိုလည်းကောင်း၊ အခြားလူများက ၎င်းတို့ကို အထင်ကြီးပြီး ကိုးကွယ်ခြင်းရှိမရှိဆိုသည်ကိုလည်းကောင်း အစဉ်သဖြင့် သေချာအောင် လေ့လာစိစစ်လိုသည်။ မျက်နှာလိုမျက်နှာရလုပ်ခြင်း၊ မြှောက်ပင့်ခြင်း၊ ဖော်လံဖားခြင်းတို့၌ တော်သောသူတစ်ဦးကို ၎င်းတို့ ကြုံရလျှင် အလွန်ပျော်ရွှင်ကြသည်။ ထို့နောက်တွင် ၎င်းတို့သည် စတင်၍ အထက်စီးမှနေကာ လူတို့အား ဩဝါဒပေးပြီး ကြီးကျယ်သောအယူအဆများကို တတွတ်တွတ်ပြောသည်။ လူတို့အား စည်းမျဉ်းစည်းကမ်းများ၊ နည်းလမ်းများ၊ အယူဝါဒများနှင့် အယူအဆများကို စွဲမှတ်အောင်သွန်သင်သည်။ ၎င်းတို့သည် လူတို့အား ဤအရာများကို သမ္မာတရားအဖြစ် လက်ခံစေပြီး “ဤအရာများကို သင်လက်ခံနိုင်လျှင် သင်သည် သမ္မာတရားကို ချစ်ပြီးလိုက်စားသောသူတစ်ဦး ဖြစ်သည်”ဟူ၍ ယင်းတို့ကို စိတ်ဝင်စားစရာနှင့် နားထောင်ချင်စဖွယ် ဖြစ်အောင်ပင် ပြောကြလေသည်။ ပိုင်းခြားသိမြင်မှု မရှိသောသူများသည် ၎င်းတို့ပြောသည့်အရာက ကျိုးကြောင်းသင့်သည်ဟု ထင်ကြမည်ဖြစ်ပြီး ယင်းမှာ ထိုသူတို့အတွက် မရှင်းလင်းသော်လည်း၊ သမ္မာတရားနှင့်ညီမညီကို မသိသော်လည်း ၎င်းတို့ပြောနေသည့်အရာက မည်သည့်အရာမျှ မှားယွင်းခြင်း မရှိကြောင်း၊ သမ္မာတရားကို ချိုးဖောက်ခြင်းမရှိကြောင်းကိုသာ ခံစားကြရသည်။ ထို့ကြောင့် အန္တိခရစ်များကို ၎င်းတို့နာခံကြသည်။ တစ်စုံတစ်ဦးက အန္တိခရစ်တစ်ဦးကို ပိုင်းခြားသိမြင်နိုင်ပြီး ဖော်ထုတ်ကောင်းဖော်ထုတ်နိုင်လျှင် ယင်းသည် အန္တိခရစ်ကို စိတ်တိုစေမည်။ ၎င်းသည် ထိုသူကို ရိုင်းပျကြမ်းတမ်းစွာ အပြစ်ပုံချလိမ့်မည်။ ထိုသူကို ပြစ်တင်ရှုတ်ချပြီး ဩဇာအာဏာပြလျက် ခြိမ်းခြောက်လိမ့်မည်။ ပိုင်းခြားသိမြင်မှု မရှိသူတို့သည် အန္တိခရစ်၏ လုံးဝ နှိပ်ကွပ်ခြင်းကို ခံရကာ ၎င်းကို လှိုက်လှိုက်လှဲလှဲ အထင်ကြီးပြီး ၎င်းတို့၌ အန္တိခရစ်ကို ကိုးကွယ်ခြင်း၊ အားကိုးခြင်း၊ ကြောက်ရွံ့ခြင်းတို့ပင် ပေါ်ပေါက်လာ၏။ ထိုသူတို့တွင် အန္တိခရစ်၏ ကျွန်ပြုခြင်းကို ခံရသည့် ခံစားချက်ရှိကြသည်မှာ အန္တိခရစ်၏ ခေါင်းဆောင်မှု၊ သွန်သင်မှုများ၊ အပြစ်တင်မှုများကို ဆုံးရှုံးရလျှင် ထိုသူတို့၏ စိတ်၌ နေမထိထိုင်မသာ ဖြစ်မည့်အလားပင် ဖြစ်လေသည်။ ဤအရာများမရှိလျှင် ထိုသူတို့၌ လုံခြုံမှုရှိသည်ဟူသည့် ခံစားချက်ရှိမည် မဟုတ်သကဲ့သို့ ဘုရားသခင်က ထိုသူတို့ကို အလိုမရှိကောင်း မရှိနိုင်တော့မည့်အလားပင် ဖြစ်သည်။ ထို့နောက်တွင် အန္တိခရစ်က မပျော်မရွှင် ဖြစ်မည်ကို ကြောက်သည့်အတွက် လူတိုင်းသည် ပြုမူလုပ်ဆောင်သောအခါတွင် အန္တိခရစ်၏ အမူအရာကို ကြည့်တတ်အောင် သင်ယူကြသည်။ ၎င်းတို့အားလုံးက သူ့ကို စိတ်ကျေနပ်စေရန် ကြိုးစားကြသည်။ ဤသို့သောလူတို့သည် အန္တိခရစ်နောက်လိုက်ရန် စိတ်ပိုင်းဖြတ်ထားကြသည်။ အန္တိခရစ်များသည် ၎င်းတို့၏အလုပ်တွင် စကားလုံးများနှင့် အယူဝါဒများကို ဟောပြောသည်။ စည်းမျဉ်းစည်းကမ်းအချို့ကို လိုက်နာစောင့်ထိန်းရန် လူတို့အား သွန်သင်ရာတွင် ၎င်းတို့သည် တော်ကြသည်။ ၎င်းတို့လိုက်နာသင့်သည့် သမ္မာတရားစည်းမျဉ်းများက မည်သည့်အရာဖြစ်သည်၊ အဘယ်ကြောင့် ဤသို့ပြုမူလုပ်ဆောင်ရမည်၊ ဘုရားသခင်၏ ရည်ရွယ်ချက်များက မည်သည့်အရာများ ဖြစ်သည်၊ အလုပ်အတွက် ဘုရားအိမ်တော်က မည်သည့်အစီအစဉ်များကို ပြုလုပ်ထားသည်၊ မရှိမဖြစ်ဆုံးနှင့် အရေးကြီးဆုံးအလုပ်မှာ မည်သည့်အရာဖြစ်သည်၊ သို့မဟုတ် လုပ်ဆောင်ရမည့် အဓိကအလုပ်မှာ မည်သည့်အရာ ဖြစ်သည်တို့ကို ၎င်းတို့က လူတို့အား မည်သည့်အခါမျှ မပြောပေ။ အန္တိခရစ်များသည် အရေးအကြီးဆုံးဖြစ်သော ဤအရာများနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ လုံးဝ မပြောပေ။ ၎င်းတို့သည် အလုပ်ကို လုပ်ဆောင်ပြီး စီစဉ်နေသောအခါတွင် သမ္မာတရားကို မည်သည့်အခါမျှ မိတ်သဟာယမဖွဲ့ပေ။ ၎င်းတို့ကိုယ်၌က သမ္မာတရားစည်းမျဉ်းများကို နားမလည်ပေ။ ထို့ကြောင့် ၎င်းတို့လုပ်နိုင်သမျှမှာ စည်းမျဉ်းစည်းကမ်းများနှင့် အယူဝါဒအနည်းငယ်ကို လိုက်နာစောင့်ထိန်းဖို့ လူတို့အား သင်ကြားပေးခြင်းဖြစ်သည်။ လူတို့က ၎င်းတို့ ပြောဆိုသည့်အရာများနှင့် စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်ခဲ့လျှင် ထိုလူတို့သည် အန္တိခရစ်များ၏ အပြစ်ဖော်ဆုံးမခြင်းနှင့် ပြစ်တင်မောင်းမဲခြင်းကို ရင်ဆိုင်ရမည်။ အန္တိခရစ်များသည် ဘုရားအိမ်တော်၏ ခေါင်းစဉ်အောက်တွင် မကြာခဏအလုပ်လုပ်ပြီး အထက်စီးမှနေ၍ အခြားလူများကို ပြစ်တင်မောင်းမဲကာ ဩဝါဒပေးသည်။ လူအချို့သည် ၎င်းတို့၏ ဩဝါဒကြောင့် အလွန်ပျာယာခတ်ခြင်းပင်ဖြစ်ကြသည်မှာ အန္တိခရစ်၏ သတ်မှတ်ချက်များအတိုင်း မလုပ်ဆောင်သောကြောင့် ဘုရားသခင်အပေါ် အကြွေးတင်သည်ဟုပင် ခံစားကြရသည်။ ဤသို့သောလူတို့သည် အန္တိခရစ်၏ ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာပြီးဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အန္တိခရစ်များ၏ အပိုင်းတွင် ဤသည်မှာ မည်သည့်အပြုအမူမျိုးဖြစ်သနည်း။ ကျွန်ပြုခြင်း အပြုအမူဖြစ်သည်။ “ကျွန်ပြုခြင်း”သည် အဆင်းနီသောနဂါးကြီး၏ နိုင်ငံ၏ စကားတွင် “ဦးနှောက်ကျင်းခြင်း” ဟု ခေါ်သည်။ ဤသည်မှာ အဆင်းနီသောနဂါးကြီးက ဘုရားသခင်အား ယုံကြည်သူများကို ဖမ်းဆီးသည့်အချိန်ကကဲ့သို့သာ ဖြစ်လေသည်။ ထိုသူတို့အား နှိပ်စက်ခြင်းအပြင် ၎င်းက ဦးနှောက်ကျင်းခြင်း ဟူသည့် အခြားနည်းပညာတစ်ခုကို အသုံးပြုသည်။ လူတို့သည် လယ်သမားများဖြစ်စေ၊ အလုပ်သမားများဖြစ်စေ၊ ပညာတတ်များဖြစ်စေ အဆင်းနီသော နဂါးကြီးသည် ၎င်းတို့အား ဦးနှောက်ကျင်းရန်အတွက် ဘုရားမဲ့ဝါဒ၊ ဆင့်ကဲဖြစ်စဉ်၊ မာ့ခ်စ်လီနင်ဝါဒတို့ဖြစ်သည့် သူ၏ မိစ္ဆာဒိဋ္ဌိအယူများနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ တစ်ပုံတစ်ခေါင်းအသုံးပြုသည်။ ဤလူတို့က ယင်းတို့ကို မည်မျှစက်ဆုပ်ဖွယ်ရာ၊ ရွံရှာဖွယ်ရာအဖြစ် မြင်ပါစေ ထိုအရာများကို လူတို့အား အတင်းအဓမ္မ စွဲမှတ်အောင်သွန်သင်သည်။ ထို့နောက်တွင် လူတို့၏ ခြေလက်တို့ကို ချည်နှောင်၍ ထိုလူတို့၏ စိတ်နှလုံးကို ထိန်းချုပ်ရန်အတွက် ဤအယူအဆများနှင့် သဘောတရားများကို အသုံးပြုသည်။ ဤသည်မှာ အဆင်းနီသောနဂါးကြီးက လူတို့အား ဘုရားသခင်ကို ယုံကြည်ခြင်းမှလည်းကောင်း၊ သမ္မာတရားကို လက်ခံခြင်းမှလည်းကောင်း၊ ကယ်တင်ခြင်းခံရပြီး စုံလင်အောင်ပြုခြင်း ခံရဖို့ရန်အတွက် သမ္မာတရားအားလိုက်စားခြင်းမှလည်းကောင်း တားဆီးသည့်နည်း ဖြစ်သည်။ အလားတူပင် အန္တိခရစ်များက ထိန်းချုပ်ထားသောလူတို့သည် တရားဒေသနာမည်မျှကို ကြားပါစေ သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်အား ယုံကြည်ခြင်းသည် အမှန်တကယ်တွင် မည်သည့်အတွက်ဖြစ်သည်ကိုဖြစ်စေ၊ မည်သည့်လမ်းကြောင်းမျိုးအား လျှောက်သင့်သည်ကိုဖြစ်စေ၊ သို့မဟုတ် ဤအရာတစ်ခုစီအား လုပ်ဆောင်ရာတွင် ထားရှိသင့်သည့် မှန်ကန်သော အမြင်ကိုဖြစ်စေ၊ ခံယူသင့်သည့် ရပ်တည်ချက်ကိုဖြစ်စေ ထိုလူတို့ နားမလည်နိုင်ပေ။ ဤအရာတစ်ခုမျှ ထိုလူတို့ နားမလည်ပေ။ ထိုလူတို့၏ စိတ်နှလုံးတွင် ရှိသည့်အရာအားလုံးမှာ စကားလုံးများနှင့် အယူဝါဒများဖြစ်သည်။ ပြီးလျှင် ထိုအန္တိခရစ်များ၏ အနှစ်မရှိသောသဘောတရားများ ဖြစ်သည်။ အန္တိခရစ်များ၏ အထင်အမြင်မှားအောင်ပြုလုပ်ခြင်းနှင့် ထိန်းချုပ်ခြင်းကို ကြာရှည်စွာ ခံရပြီးသည့်နောက်တွင် ထိုလူတို့သည် အန္တိခရစ်များကဲ့သို့ပင် အလုံးစုံ ဖြစ်လာကြသည်။ ဘုရားသခင်ကို ယုံကြည်သော်လည်း သမ္မာတရားကို လုံးဝလက်မခံသော၊ ဘုရားသခင်ကိုပင် ဆန့်ကျင်ပြီး ဘုရားသခင်နှင့် ဆန့်ကျင်ရပ်တည်သောလူများ ဖြစ်လာကြသည်။ အန္တိခရစ်များ၏ အထင်အမြင်မှားစေခြင်း၊ ထိန်းချုပ်ခြင်းခံရသူများသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ ၎င်းတို့ထဲမှ တစ်ယောက်မျှသည် သမ္မာတရားအားချစ်သူများ မဟုတ်သည်မှာ သံသယရှိစရာမလိုပေ။ ၎င်းတို့အားလုံးသည် ကြောင်သူတော်များဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် သမ္မာတရားအား မလိုက်စားသူများဖြစ်ပြီး မိမိတို့၏တာဝန်များကို ထမ်းဆောင်ရာ၌ သင့်လျော်သောအရေးကိစ္စများကို အာရုံမစိုက်သူများဖြစ်သည်။ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် ဤလူတို့သည် ဘုရားသခင်နောက်သို့ လိုက်ရမည့်အစား အန္တိခရစ်နောက် လိုက်ကြသည်။ အန္တိခရစ်၏ ကျွန်များဖြစ်လာကြသည်။ ပြီးလျှင် ရလဒ်အနေဖြင့် သမ္မာတရားကို ၎င်းတို့ မရရှိနိုင်ပေ။ ဤအဆုံးသတ်မှာ မလွှဲမရှောင်သာဖြစ်သည်။

ဘုရားသခင်က လူတို့အား ဆက်ဆံသည့်စည်းမျဉ်းမှာ အဘယ်နည်း။ အနိုင်အထက်ပြုခြင်း ဖြစ်သလော။ ထိန်းချုပ်ခြင်းဖြစ်သလော။ မဟုတ်ပေ။ အတိအကျပင် ထိန်းချုပ်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သည်။ လူတို့အား ဘုရားသခင် ဆက်ဆံသည့်ပုံတွင် ဘုရားသခင်၏ စည်းမျဉ်းမှာ အဘယ်နည်း။ (သူသည် လူတို့အား လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးသည်။) ဟုတ်ပေ၏၊ ကိုယ်တော်သည် သင့်အား လွတ်လပ်စွာ ရွေးချယ်ခွင့်ပေး၏။ သင်သည် လူသားဆန်သော နားလည်မှုနှင့် အတွေ့အကြုံကို သဘာဝကျကျ ရရှိလာစေရန်၊ ကိုယ်တော် စီစဉ်ပေးသော ပတ်ဝန်းကျင်များအလယ်၌ သင်ကိုယ်တိုင် နားလည်သဘောပေါက်လာစေရန် ကိုယ်တော်သည် ဖြစ်ပေါ်စေ၏။ သမ္မာတရား၏ ရှုထောင့်တစ်ခုကို သူသည် သင့်အား အလိုအလျောက်နားလည်နိုင်စေသည်။ ဤသို့ဖြင့် ဤသို့သောပတ်ဝန်းကျင်တစ်ခုကို သင်နောက်တစ်ဖန် ကြုံရသောအခါ မည်သည့်အရာလုပ်ဆောင်ရမည်နှင့် မည်သည့်အရာ ရွေးချယ်ရမည်ကို သင်သိသည်။ သင့်စိတ်နှလုံးအတွင်းထဲ၌ မည်သည့်အရာက မှန်သည်၊ မည်သည့်အရာက မှားသည်ကိုလည်း သူသည် သင့်အား နားလည်နိုင်စေသည်။ ဤသို့ဖြင့် သင်သည် အဆုံး၌ လမ်းမှန်ကို ရွေးချယ်သည်။ ဘုရားသခင်က သင့်ကို မထိန်းချုပ်သကဲ့သို့ အတင်းအဓမ္မမပြုလုပ်ပေ။ သို့ရာတွင် အန္တိခရစ်တစ်ဦးသည် အတိအကျပင် ဆန့်ကျင်ဘက်ပုံစံဖြင့် ပြုမူလုပ်ဆောင်သည်။ ၎င်းတို့သည် သင့်အား အထင်အမြင်မှားစေခြင်းအားဖြင့် ဦးနှောက်ကျင်းကာ အယူဝါဒသွတ်သွင်းသည်။ ထို့နောက်တွင် ဆက်လက်၍ ၎င်းတို့၏ ကျွန်ဖြစ်စေရန် လုပ်ဆောင်သည်။ “ကျွန်”ဟူသည့်စကားကို ငါ အဘယ်ကြောင့် အသုံးပြုသနည်း။ ကျွန်ဆိုသည်မှာ အဘယ်နည်း။ ဤသည်မှာ အန္တိခရစ်က မှန်သလော၊ မှားသလောဆိုသည်ကို သင် ပိုင်းခြားသိမြင်မည်မဟုတ်၊ ပိုင်းခြားသိမြင်ရဲမည်မဟုတ်၊ ၎င်းတို့ မှန်သလော၊ မှားသလောဆိုသည်ကို သိမည်မဟုတ်ဘဲ သင်သည် မရှင်းမလင်းဖြစ်ပြီး စိတ်တွင် မပြတ်မသားဖြစ်လိမ့်မည်ဟု ဆိုလိုသည်။ မည်သည့်အရာက မှန်ပြီး မည်သည့်အရာက မမှန်သည်ကို သင် မရှင်းမလင်းဖြစ်လိမ့်မည်။ မည်သည့်အရာ လုပ်ဆောင်သင့်သည်၊ မလုပ်ဆောင်သင့်သည်ကို သင်သိမည်မဟုတ်။ သင်သည် အန္တိခရစ်၏ ညွှန်ကြားချက်များကို ရုပ်သေးရုပ်တစ်ရုပ်ကဲ့သို့ စောင့်ဆိုင်းပြီး အန္တိခရစ်က မစေခိုင်းလျှင် လုပ်ဆောင်ရဲမည်မဟုတ်ဘဲ ၎င်းတို့၏ အမိန့်များကို ကြားသောအခါမှသာ သင် လုပ်ဆောင်ရဲလိမ့်မည်။ သင်၏ကိုယ်ပိုင် မွေးရာပါစွမ်းရည်များကို သင်ဆုံးရှုံးပြီးဖြစ်မည်။ ပြီးလျှင် သင်၏ လွတ်လပ်စွာ ရွေးချယ်ခွင့်ကို အသုံးချ၍ရလိမ့်မည်မဟုတ်ပေ။ သင်သည် လူသေတစ်ယောက် ဖြစ်လာပြီး ဖြစ်လိမ့်မည်။ သင့်၌ စိတ်နှလုံးတစ်ခုရှိလိမ့်မည်။ သို့သော် တွေးခေါ်နိုင်မည်မဟုတ်။ သင့်တွင် စိတ်တစ်ခုရှိမည်ဖြစ်သော်လည်း ပြဿနာများကို စဉ်းစားနိုင်မည်မဟုတ်။ အမှန်နှင့်အမှားကို သိမည်မဟုတ်၊ သို့မဟုတ် မည်သည့်အရာများက အပြုသဘောဆောင်သည်၊ မည်သည့်အရာများက အပျက်သဘောဆောင်သည်ကိုဖြစ်စေ၊ မည်သည့်အရာက မှန်ကန်သော လုပ်ဆောင်နည်းဖြစ်သည်ကိုဖြစ်စေ၊ မည်သည့်အရာက မှားယွင်းသောလုပ်ဆောင်နည်း ဖြစ်သည်ကိုဖြစ်စေ သိမည်မဟုတ်။ အန္တိခရစ်က သင့်အား မသိမသာ ထိန်းချုပ်မှုရယူပြီး ဖြစ်လိမ့်မည်။ ၎င်းတို့ထိန်းချုပ်မည်မှာ မည်သည့်အရာဖြစ်သနည်း။ သင်၏ နှလုံးသားကို ဖြစ်သလော၊ သို့မဟုတ် သင်၏ စိတ်ကို ဖြစ်သလော။ သင်၏ နှလုံးသားကို ဖြစ်သည်။ ထို့နောက်တွင် သင့်စိတ်သည် ၎င်းတို့၏ ထိန်းချုပ်မှုအောက်သို့ အလိုအလျောက် ကျရောက်လိမ့်မည်။ ၎င်းတို့သည် သင်၏ ခြေလက်အင်္ဂါများကို တင်းကျပ်စွာချည်ပြီး ခိုင်မြဲစွာ ချည်နှောင်လိမ့်မည်။ ဤသို့ဖြင့် သင်လျှောက်လှမ်းသည့် တစ်လှမ်းချင်းစီတွင် တွန့်ဆုတ်မှုနှင့် သံသယရှိမှုတို့ဖြင့် ပြည့်နေလိမ့်မည်။ ထို့နောက်တွင် သင်သည် နောက်ဆုတ်သည်။ ထို့နောက် နောက်ထပ်ခြေလှမ်းတစ်ခုကို သင်လှမ်းလိုသည်၊ ဆောင်ရွက်မှုတစ်ခုခုပြုလုပ်လိုသည်။ သို့သော် သင်သည် နောက်သို့ တစ်ဖန်ဆုတ်ပြန်သည်။ သင်လုပ်ဆောင်သည့်အရာတစ်ခုစီတွင် သင်၏ ရူပါရုံက အုံ့မှိုင်းနေပြီး မရှင်းမလင်းဖြစ်လိမ့်မည်။ ဤသည်မှာ အန္တိခရစ်၏ အထင်အမြင်မှားစေသော မှတ်ချက်များနှင့် ခွဲခြား၍မရပေ။ အန္တိခရစ်များက လူတို့အား ထိန်းချုပ်သည့် အဓိကနည်းလမ်းမှာ အဘယ်နည်း။ ၎င်းတို့ပြောသမျှမှာ လူတို့၏ အယူအဆများ၊ စိတ်ကူးများ၊ လူသား၏ စိတ်ခံစားချက်များ၊ လူသား၏ တွေးခေါ်မြော်မြင်မှုများနှင့် ကိုက်ညီသောအရာများ ဖြစ်သည်။ ၎င်းတို့စကားပြောသောအခါ လူ့သဘာဝအနည်းငယ်ရှိသည်ဟု ထင်ရသော်လည်း မည်သည့်သမ္မာတရား လက်တွေ့ကျမှုကိုမျှ မပိုင်ဆိုင်ပေ။ ငါ့ကို ပြောလော့။ အန္တိခရစ်များ၏ ထိန်းချုပ်ခြင်းကိုခံရပြီး အန္တိခရစ်များနောက်သို့ လိုက်သောသူများသည် ဘုရားအိမ်တော်ရှိ တာဝန်များကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့် ထမ်းဆောင်နိုင်သလော။ (မထမ်းဆောင်နိုင်ပါ။) ယင်းနောက်ကွယ်တွင် အကြောင်းရင်းမှာ အဘယ်နည်း။ သမ္မာတရားကို ၎င်းတို့ နားမလည်ခြင်းဖြစ်ပေသည်။ ယင်းမှာ အဓိကအကြောင်းရင်း ဖြစ်သည်။ နောက်ထပ် အကြောင်းရင်းတစ်ခုရှိသည်။ အန္တိခရစ်များသည် အာဏာသုံးသော နည်းပရိယာယ်များကို ဆောင်ရွက်သည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ သမ္မာတရားကို လက်တွေ့မလုပ်ဆောင်သကဲ့သို့ ၎င်းတို့၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်လည်း မလုပ်ဆောင်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့၏ ပြာတာများက သမ္မာတရားကို လက်တွေ့လုပ်ဆောင်နိုင်သလော။ အန္တိခရစ်က မည်သည့်လူစားမျိုးဖြစ်သည်ဖြစ်စေ၊ သူ့နောက်လိုက်သော သူ၏ ပြာတာများမှာလည်း ထိုသို့ဖြစ်လိမ့်မည်။ အန္တိခရစ်များက သမ္မာတရားအား လက်တွေ့မလုပ်ဆောင်ခြင်း၊ စည်းမျဉ်းများအား ဆန့်ကျင်ခြင်း၊ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအား သစ္စာဖောက်ခြင်း၊ ကျိုးကြောင်းမသင့်စွာ လုပ်ဆောင်ခြင်းနှင့် အာဏာရှင်များကဲ့သို့ ပြုမူဆောင်ရွက်ခြင်းတို့တွင် ဦးဆောင်လုပ်ကိုင်သည်။ ဤသည်မှာ ၎င်းတို့၏ ပြာတာများကို ထိခိုက်မှုမရှိခြင်း ဖြစ်နိုင်သလော။ ထိခိုက်မှုမရှိသည်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဤသို့ဆိုလျှင် ၎င်းတို့ဘောင်ခတ်ပြီး ထိန်းချုပ်သည့် ထိုလူများသည် မည်သည့်အရာ ဖြစ်လာမည်နည်း။ ၎င်းတို့သည် အချင်းချင်းသတိထားနေလိမ့်မည်။ အချင်းချင်းအပေါ် သံသယဝင်ပြီး အချင်းချင်းယှဉ်ပြိုင်တိုက်ခိုက်လိမ့်မည်။ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက်၊ ထင်ပေါ်ရန် အခွင့်အရေးအတွက်၊ အရင်းအနှီးအတွက် ယှဉ်ပြိုင်လိမ့်မည်။ အန္တိခရစ်တစ်ဦး၏ ထိန်းချုပ်ခြင်းကို ခံရသည့်လူတိုင်းသည် စိတ်အတွင်းထဲတွင် သဘောထားကွဲလွဲပြီး တစ်စိတ်တစ်ဝမ်းတည်းမရှိတော့ပေ။ ၎င်းတို့သည် ၎င်းတို့၏ လုပ်ရပ်များတွင် သတိထားနေပြီး သတိရှိသည်။ ၎င်းတို့သည် အချင်းချင်းမပွင့်လင်းပေ။ ပြီးလျှင် အချင်းချင်းပုံမှန်လူသားဆက်ဆံရေးများမရှိ။ ၎င်းတို့ကြားတွင် ပုံမှန်မိတ်သဟာယမရှိ၊ ဆုတောင်းရင်းဖြင့် ဖတ်ရှုခြင်းမရှိ၊ ပုံမှန်ဝိညာဉ်ရေးရာ အသက်တာမရှိပေ။ ၎င်းတို့သည် ပြင်ပလောကရှိ စာတန်နှင့်ဆိုင်သည့် ဘာသာတရားမရှိသော အုပ်စုများကဲ့သို့ပင် အစိတ်စိတ်အမြွှာမြွှာ ကွဲနေသည်။ ဤသည်မှာ အန္တိခရစ်တစ်ဦးက ဩဇာအာဏာ ရှိသောအခါတွင် ဖြစ်သည့်ပုံစံဖြစ်သည်။ လူတို့ကြားတွင် သတိထားခြင်း၊ ပွင့်လင်းသော၊ ဖုံးကွယ်ထားသော ရုန်းကန်လှုပ်ရှားမှုများ၊ အဖျက်အမှောင့်လုပ်ငန်း၊ မနာလိုမှု၊ ဝေဖန်အပြစ်တင်မှု၊ မည်သူက တာဝန်ခံယူမှုနည်းသည်ဆိုသည့်အပေါ် နှိုင်းယှဉ်မှုတို့ရှိသည်။ “သင်က တာဝန်မခံလျှင် ငါလည်း တာဝန်ခံမည်မဟုတ်။ သင်ကိုယ်၌က ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးမထားသောအခါတွင် မည်သည့်အကြောင်းရင်းကြောင့် ငါ့အား အလေးထားခိုင်းသနည်း။ ဤသို့ဆိုလျှင် ငါသည် အလေးထားမည်ကို မဟုတ်” ဟူ၍ ဖြစ်သည်။ ဤသို့သောနေရာသည် ဘုရားအိမ်တော်ဟုတ်သလော။ မဟုတ်ပေ။ မည်သည့်နေရာမျိုး ဖြစ်သနည်း။ စာတန်၏ စခန်းဖြစ်သည်။ ထိုနေရာတွင် သမ္မာတရား မကြီးစိုးပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှု၊ သို့မဟုတ် ဘုရားသခင်၏ ကောင်းချီး၊ သို့မဟုတ် သူ၏ ဦးဆောင်မှုမရှိ။ ထို့ကြောင့် ထိုနေရာရှိလူတိုင်းသည် နတ်ဆိုးငယ်များကဲ့သို့ ဖြစ်သည်။ အပေါ်ယံတွင် အခြားလူတို့အပေါ် ၎င်းတို့ပြောဆိုသည့် ချီးမွမ်းစကားများသည် ကောင်းသည့်ပုံစံ ရှိသည်။ “အို ၎င်းတို့သည် ဘုရားကို အမှန်ပင်ချစ်သည်။ အမှန်ပင် ပူဇော်ဆက်ကပ်သည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာတွင် အမှန်ပင် ဒုက္ခခံသည်” ဟူ၍ ဖြစ်သည်။ သို့သော် ၎င်းတို့အား လူတစ်ယောက်အပေါ် အကဲဖြတ်ခိုင်းလျှင် ထိုသူ့နောက်ကွယ်တွင် သင့်အား ၎င်းတို့ပြောမည့်အရာသည် ထိုသူ့ရှေ့တွင် ပြောသည့်အရာနှင့် ကွဲပြားလိမ့်မည်။ ညီအစ်ကိုမောင်နှမများသည် အယောင်ဆောင် ခေါင်းဆောင်တစ်ယောက်၏ လက်ထဲသို့ ကျရောက်ခဲ့သည်ရှိသော် ၎င်းတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ခြင်း၌ လျော့ရဲနေသောသဲပုံကဲ့သို့ အစိတ်စိတ်အမြွှာမြွှာဖြစ်လိမ့်မည်။ ၎င်းတို့သည် ရလဒ်များရရှိမည်မဟုတ်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုရရှိမည်မဟုတ်။ ပြီးလျှင် ၎င်းတို့အများစုသည် သမ္မာတရားအား လိုက်စားမည်မဟုတ်ပေ။ ဤသို့ဆိုလျှင် အန္တိခရစ်၏ ထိန်းချုပ်မှုအောက်၌ ၎င်းတို့ကျရောက်လျှင် အဘယ်သို့ဖြစ်မည်နည်း။ ထိုသို့သောလူတို့ကို အသင်းတော်တစ်ပါးဟု ခေါ်၍ မရနိုင်တော့ပေ။ ၎င်းတို့သည် စာတန်၏စခန်းနှင့်၊ အန္တိခရစ်၏ ဂိုဏ်းနှင့် လုံးဝ သက်ဆိုင်လိမ့်မည်။

အန္တိခရစ်သည် လူတို့အား အစဉ်ထိန်းချုပ်လိုသည်မှာ အဘယ်ကြောင့်နည်း။ ၎င်းတို့သည် ဘုရားသခင်၏ အိမ်တော် အကျိုးစီးပွားကို မကာကွယ်ကြသကဲ့သို့ ဘုရားသခင် ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုကိုလည်း ဂရုမစိုက်ကြသောကြောင့် ဖြစ်၏။ ၎င်းတို့၏ တစ်ခုတည်းသော အရေးထားမှုမှာ ၎င်းတို့၏ကိုယ်ပိုင်ဩဇာအာဏာ၊ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာဖြစ်သည်။ ၎င်းတို့သည် လူတို့၏ စိတ်နှလုံးအပေါ် ထိန်းချုပ်မှုရှိပြီး လူတိုင်းအား ၎င်းတို့ကို ကိုးကွယ်အောင် လုပ်ဆောင်သရွေ့ ၎င်းတို့၏ ရည်မှန်းချက်နှင့် လိုအင်ဆန္ဒက ပြည့်စုံလိမ့်မည်ဟု ယုံကြည်သည်။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများနှင့်ဖြစ်စေ၊ အသင်းတော်၏အလုပ်နှင့်ဖြစ်စေ၊ ဘုရားသခင်ရွေးချယ်ထားသောလူများ၏ အသက်ဝင်ရောက်မှုနှင့်ဖြစ်စေ သက်ဆိုင်သောကိစ္စများအတွက်မူ ထိုအရာများကို ၎င်းတို့လုံးဝ ဂရုမစိုက်ပေ။ ပြဿနာများ ဖြစ်ပေါ်သောအခါတွင်ပင် ၎င်းတို့က ထိုပြဿနာများကို မမြင်နိုင်ပေ။ ဘုရားအိမ်တော်တွင် မည်သည့်နေရာ၌ အမှုထမ်းခန့်အပ်သည့် အစီအစဉ်များက သင့်လျော်မှုမရှိသည်ကိုဖြစ်စေ၊ ဘုရားအိမ်တော်၏ ပိုင်ဆိုင်မှုပစ္စည်းများကို မည်သည့်နေရာတွင် ကျိုးကြောင်းမသင့်စွာ ဖြန့်ဝေထားပြီး များစွာ ဆုံးရှုံးခဲ့သည်ကိုဖြစ်စေ၊ ထို့အပြင်မည်သူက ယင်းတို့ကို ဖြုန်းတီးခဲ့သည်ကိုဖြစ်စေ၊ မိမိတို့အလုပ်တွင် မည်သူက အနှောင့်အယှက်များ၊ အဖျက်အမှောင့်များဖြစ်စေသည်ကိုဖြစ်စေ၊ မည်သူက လူတို့ကို မသင့်တော်စွာ အသုံးပြုနေသည်ကိုဖြစ်စေ၊ မည်သူက မိမိအလုပ်တွင် ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေသည်ကိုဖြစ်စေ ထိုကဲ့သို့သော ပြဿနာများကို ၎င်းတို့ မမြင်နိုင်ပေ။ ပြီးလျှင် ဤသို့သောပြဿနာများကို ကိုင်တွယ်ရန်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ မည်သည့်အရာကို ၎င်းတို့ ကိုင်တွယ်သနည်း။ မည်သည့်အရာများကို ၎င်းတို့ စွက်ဖက်သနည်း။ (အသေးအဖွဲကိစ္စများဖြစ်သည်။) မည်သည့်အရာအမျိုးအစားများက အသေးအဖွဲကိစ္စများဖြစ်သနည်း။ အသေးစိတ်အချက်အချို့ကို ပေးလော့။ (အချို့ခေါင်းဆောင်များသည် ညီအစ်ကိုမောင်နှမအချို့၏ အိမ်ထောင်ရေးကိစ္စများကို ဖြေရှင်းရန် စတင်လုပ်ဆောင်ကြလိမ့်မည်။ ဥပမာ သူ၏မိသားစုတွင် တစ်စုံတစ်ယောက်သည် အခြားတစ်ယောက်နှင့် မသင့်မြတ်ပါ။ ဤသည်တို့မှာ နေ့စဉ်အသက်တာရှိ ကိစ္စများသာဖြစ်သည်။) ယင်းမှာ အယောင်ဆောင် ခေါင်းဆောင်များ လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ အန္တိခရစ်များက မည်သည့်အရာကို လုပ်ဆောင်သနည်း။ (၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ အသက်ဝင်ရောက်မှုကို အရေးမစိုက်သကဲ့သို့ သမ္မာတရားစည်းမျဉ်းများကို ဆန့်ကျင်သည့်အရာများကိုလည်း အရေးမစိုက်ပေ။ ၎င်းတို့၏ သိက္ခာနှင့် အဆင့်အတန်းနှင့် သက်ဆိုင်သည့်အရာများကိုသာ အရေးစိုက်သည်။ ဥပမာအားဖြင့် ၎င်းတို့ပြောသည့်အရာကို လူတို့က မလုပ်ဆောင်ခြင်း၊ သို့မဟုတ် ၎င်းတို့ကို အချို့လူများက မနှစ်သက်ခြင်းတို့ဖြစ်သည်။ ထိုသို့သောအရာများကို ၎င်းတို့ ကိုင်တွယ်သည်။) ယင်းမှာ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဤသို့သောအရာများ ဖြစ်ပျက်သည်။ အန္တိခရစ်တို့သည် မည်သူက မိမိတို့အတွက် မလိုလားအပ်သူဖြစ်သည်၊ မည်သူက မိမိတို့ကို ရိုသေလေးစားမှုမရှိ၊ မည်သူက မိမိတို့ကို ပိုင်းခြားသိမြင်နိုင်သည်ကို စစ်ဆေးကြည့်ရှုကြ၏။ ၎င်းတို့သည် ဤအရာများကို မြင်၍ စိတ်ထဲ၌ မှတ်သားထားကြ၏။ ထိုသို့သောအရာများသည် ၎င်းတို့အတွက် အလွန်အရေးကြီး၏။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (အသင်းတော်တစ်ခုခု၌ ရွေးကောက်ခြင်းခံရသောသူသည် ၎င်းတို့အပေါ် ပိုင်းခြားသိမြင်မှုရှိပြီး ၎င်းတို့နှင့် တစ်စိတ်တစ်ဝမ်းတည်း မဖြစ်လျှင် ထိုသူအား အမှားရှာရန် နည်းလမ်းများကို ရှာလိမ့်မည်။ ပြီးလျှင် ထိုသူအား လူစားထိုးလိမ့်မည်။ ထိုအရာအား လုပ်ဆောင်ရသည်ကို ၎င်းတို့ နှစ်သက်သည်။) မကောင်းသောအရာများကို လုပ်ဆောင်သောသူတစ်ဦးက မည်သည့်အမှားများ၊ ပြဿနာများရှိပါစေ၊ အနှောင့်အယှက်၊ အဖျက်အမှောင့်များကို မည်သို့ဖြစ်စေပါစေ အန္တိခရစ်တစ်ဦးက ဤအရာကို အရေးမစိုက်ပေ။ ၎င်းတို့သည် မိမိတာဝန်ကို ထမ်းဆောင်သောသူများနှင့် သမ္မာတရားအား လိုက်စားသူတို့ကို အထူးသဖြင့် အပြစ်ရှာကြပြီး ထိုသူတို့ကို အစားထိုးရန်အတွက် ကျိုးကြောင်းဆီလျော်သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာဖွေကြ၏။ အန္တိခရစ်များက အခြားလူတို့ကို ထိန်းချုပ်ခြင်းတွင် ပေါ်လွင်သည့် နောက်ထပ်အဓိက နည်းလမ်းတစ်ခုရှိသည်။ ၎င်းတို့သည် သာမန် ညီအစ်ကိုမောင်နှမများအား ထိန်းချုပ်ခြင်းအပြင် အလုပ်၏ ကဏ္ဍတစ်ခုစီကို ကြီးကြပ်ရသောလူတို့အား ထိန်းချုပ်ရန် ကြိုးစားသည်။ ၎င်းတို့ကိုယ်တိုင်၏ လက်ထဲတွင် ဩဇာအာဏာအားလုံးကို အစဉ်ဆုပ်ကိုင်လိုသည်။ ထို့ကြောင့် အရာရာတိုင်းကို ၎င်းတို့ မေးမြန်းစုံစမ်းသည်။ လူတို့က အမှုကိစ္စများအား မည်သို့လုပ်ဆောင်သည်ကို သိရန် အရာရာတိုင်းကို မျက်စိဒေါက်ထောက်၍ စောင့်ကြည့်သည်။ ၎င်းတို့သည် လူတို့အား သမ္မာတရားစည်းမျဉ်းများကို လုံးဝ မိတ်သဟာယမပြုပေ၊ သို့မဟုတ် လူတို့အား ပြုမူဆောင်ရွက်ရန် လွတ်လပ်ခွင့်မပေးပေ။ ၎င်းတို့သည် လူတိုင်းအား ၎င်းတို့ပြောသည့်အရာအတိုင်း ပြုလုပ်ပြီး ၎င်းတို့အပေါ် ကျိုးနွံနာခံအောင် လုပ်ဆောင်လိုသည်။ ၎င်းတို့၏ ဩဇာအာဏာကို ခွဲဝေပေးရပြီး အခြားလူများက ဩဇာအာဏာရသွားမည်ကို အစဉ်ကြောက်ရွံ့ကြသည်။ အမှုကိစ္စတစ်ခုကို ဆွေးနွေးသောအခါ ထိုအရာကို လူမည်မျှက မိတ်သဟာယပြုနေသည်ဖြစ်စေ၊ ထိုသူတို့၏ မိတ်သဟာယက မည်သည့်ရလဒ် ဖြစ်ထွန်းသည်ဖြစ်စေ ၎င်းတို့ထံသို့ ရောက်ရှိသောအခါ ယင်းတို့အားလုံးကို ငြင်းပယ်လိမ့်မည်။ ပြီးလျှင် ဆွေးနွေးမှုကို နောက်တစ်ဖန် ပြန်စရလိမ့်မည်။ ဤအရာ၏ အဆုံးသတ်ရလဒ်မှာ အဘယ်နည်း။ လူတိုင်း ၎င်းတို့ကို နာခံသည်အထိ အမှုကိစ္စများ မပြီးဆုံးဘဲ ထိုသို့မဖြစ်သေးပါက ၎င်းတို့သည် ဆက်လက်၍ မိတ်သဟာယဖွဲ့ရပေမည်။ ဤမိတ်သဟာယသည် တစ်ခါတစ်ရံတွင် မည်သူမျှ အိပ်ခွင့်မရကြဘဲ ညသန်းခေါင်အထိ ဆက်သွားလေသည်။ အခြားလူများက ၎င်းတို့ပြောသည့်အရာကို မနာခံမချင်း အဆုံးမသတ်ပေ။ ဤသည်မှာ အန္တိခရစ်က လုပ်ဆောင်သည့်အရာတစ်ခု ဖြစ်သည်။ ဤသို့လုပ်ဆောင်ရာတွင် အန္တိခရစ်သည် အလုပ်အတွက် တာဝန်ယူနေခြင်းဖြစ်သည်ဟု ယုံကြည်သောလူများ ရှိသလော။ အလုပ်အတွက် တာဝန်ယူခြင်းနှင့် အန္တိခရစ်များ၏ အာဏာရှင်စနစ်တို့အကြား ကွာခြားချက်မှာ အဘယ်နည်း။ (ရည်ရွယ်ချက်တွင် ကွာခြားမှုဖြစ်သည်။) လူတို့သည် အလုပ်အပေါ်တွင် တာဝန်သိပြီး တာဝန်ခံယူမှု ရှိသောအခါ၌ သမ္မာတရားစည်းမျဉ်းများကို ရှင်းလင်းစွာ မိတ်သဟာယဖွဲ့ရန် ဤအရာကို လုပ်ဆောင်ခြင်းဖြစ်သည်။ ဤသို့ဖြင့် လူတိုင်းက သမ္မာတရားကို နားလည်ကောင်းနားလည်နိုင်သည်။ တစ်ဖက်တွင်မူ အန္တိခရစ်တို့၏ ပန်းတိုင်သည် အာဏာကို ထိန်းသိမ်းရန်၊ အသာစီးရရန်၊ မိမိတို့၏ ထင်မြင်ချက်များနှင့် ကွဲလွဲပြီး မိမိတို့ကို မျက်နှာပျက်စေနိုင်သော အမြင်အားလုံးကို ချေပရန် ဖြစ်၏။ ဤရည်ရွယ်ချက်များကြားတွင် ကွာခြားမှုတစ်ခု မရှိသလော။ (ရှိပါသည်။) ယင်းတို့တွင် မည်သည့်အရာက ကွာခြားသနည်း။ ယင်းကို သင်တို့ ပိုင်းခြားသိမြင်နိုင်သလော။ လူတို့အနေဖြင့် မိတ်သဟာယမှတစ်ဆင့် သမ္မာတရားစည်းမျဉ်းများကို နားလည်ရန် လုပ်ဆောင်ပေးခြင်းနှင့် အထင်ကြီးခံရရန်အတွက် ယှဉ်ပြိုင်ခြင်းဖြစ်သည့် ဤနှစ်ခုတွင် ကွာခြားမှုမှာ အဘယ်နည်း။ (ရည်ရွယ်ချက်များဖြစ်သည်။) ရည်ရွယ်ချက်များသက်သက် မဟုတ်။ ရည်ရွယ်ချက်များမှာ ကွဲပြားသည်မှာ အမှန်ပင်ဖြစ်သည်။ (ဤနည်းများထဲမှ တစ်ခုမှာ ဘုရားအိမ်တော်ကို ပို၍ အကျိုးဖြစ်စေလိမ့်မည်။) နောက်ထပ် ကွာခြားချက်တစ်ခုမှာ ဤနည်းလမ်းများထဲမှတစ်ခုသည် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို အလေးထားခြင်းအားဖြင့် ဘုရားအိမ်တော်ကို အကျိုးပြုခြင်း ဖြစ်သည်။ သို့သော် အဓိကကွာခြားမှုမှာ အဘယ်နည်း။ တစ်စုံတစ်ယောက်က သမ္မာတရားကို အမှန်တကယ် မိတ်သဟာယဖွဲ့သောအခါ ယင်းကို သင် ကြားရသည့်အခါ၌ ယင်းသည် ကိုယ်ရေးကိုယ်တာ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းဖြစ်စေ၊ ခုခံမှုဖြစ်စေ မဟုတ်သည်မှာ ထင်ရှားသည်။ ထိုသူမိတ်သဟာယဖွဲ့သည့်အရာမှန်သမျှမှာ လူတိုင်းအား ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်စေရန် ရည်ရွယ်ခြင်း ဖြစ်သည်။ ယင်းတို့အားလုံးသည် ဘုရားသခင်၏ ရည်ရွယ်ချက်များအတွက် သက်သေခံချက်ဖြစ်သည်။ ဤသို့သော မိတ်သဟာယသည် သမ္မာတရားစည်းမျဉ်းများကို ရှင်းလင်းစေသည်။ ယင်းကိုကြားနာပြီးနောက်တွင် လူတို့၌ ရှေ့ဆက်ရမည့်လမ်းရှိသည်။ စည်းမျဉ်းများက မည်သည့်အရာဖြစ်သည်ကို ၎င်းတို့သိသည်။ အနာဂတ်တွင် မည်သည့်အရာအား လုပ်ဆောင်သင့်သည်ကို ၎င်းတို့သိသည်။ ၎င်းတို့၏တာဝန်ကို ထမ်းဆောင်ရာ၌ စည်းမျဉ်းများကို ဆန့်ကျင်နိုင်ခြေ ရှိမည်မဟုတ်။ ပြီးလျှင် ၎င်းတို့လက်တွေ့လုပ်ဆောင်မှု၏ ပန်းတိုင်သည် ပို၍မှန်ကန်တိကျလိမ့်မည်။ ဤသို့သော မိတ်သဟာယသည် ကိုယ်ရေးကိုယ်တာ မှန်ကန်ကြောင်း ရှင်းချက်ထုတ်မှုဖြင့်ဖြစ်စေ၊ ခုခံမှုဖြင့်ဖြစ်စေ စိုးစဉ်းမျှပင် ညစ်ညမ်းနေခြင်းမရှိ။ သို့သော် အမှုကိစ္စများကို မိမိတို့အတွက် အကျိုးဖြစ်ရန် ပြောင်းလဲပြီး အခြားလူများကို မိမိတို့၏ထိန်းချုပ်မှုအောက်သို့ ခေါ်ဆောင်လိုသော ထိုသူတို့က မည်သို့တရားဟောသနည်း။ မည်သည့်အရာကို ၎င်းတို့ တရားဟောသနည်း။ ၎င်းတို့၏ ကိုယ့်ကိုယ်ကိုယ် မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းများ၊ ၎င်းတို့လုပ်ဆောင်ခဲ့သည့် မည်သည့်အရာမဆို၏ နောက်ကွယ်ရှိ အတွေးအခေါ်များ၊ ရည်ရွယ်ချက်များ၊ ပန်းတိုင်များအကြောင်းကို ဟောပြောကြသည်။ ဤသို့ဖြင့် လူတို့က လက်ခံမည်၊ ယုံမည်၊ ၎င်းတို့ကို အထင်လွဲမည်မဟုတ်။ ယင်းတို့အားလုံးမှာ မိမိကိုယ်ကို မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းသာ ဖြစ်သည်။ ဤတွင် သမ္မာတရားလုံးဝမရှိ။ သင်က အသေအချာ နားထောင်လျှင် ၎င်းတို့မိတ်သဟာယပြုသည့်အရာတွင် သမ္မာတရားမရှိဘဲ ယင်းမှာ လူသား၏ ပြောဆိုမှုများ၊ ဆင်ခြေများနှင့် မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းများသာ ဖြစ်သည်။ ထိုအရာများသာ ရှိသည်။ ၎င်းတို့စကားပြောပြီးနောက်တွင် စည်းမျဉ်းများကို လူတိုင်းနားလည်သလော။ နားမလည်ပေ။ သို့သော် ပြောဆိုသူ၏ ရည်ရွယ်ချက်များကို ၎င်းတို့ အလွန်ပင်နားလည်ပြီးဖြစ်သည်။ ဤသည်မှာ အန္တိခရစ်များ၏ နည်းလမ်းဖြစ်သည်။ ဤသည်မှာ လူတို့အား ၎င်းတို့ ထိန်းချုပ်ပုံဖြစ်သည်။ ၎င်းတို့၏ အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့သည် အဖွဲ့အတွင်းတွင် ဆုံးရှုံးခြင်းနှင့် ထိခိုက်ခြင်းကို ခံရပြီးဖြစ်သည်ဟု ခံစားရသည်နှင့်တစ်ပြိုင်နက် ယင်းတို့ကို အဖတ်ဆယ်ဖို့ ကြိုးစားရန်အတွက် ၎င်းတို့တတ်နိုင်သည့် မည်သည့်နည်းဖြင့်မဆို ချက်ချင်းစုဝေးပွဲခေါ်သည်။ ပြီးလျှင် ၎င်းတို့က ထိုအရာများကို အဘယ်သို့ အဖတ်ဆယ်သနည်း။ ဆင်ခြေများပေးခြင်းအားဖြင့်၊ မှန်ကန်ကြောင်း ရှင်းချက်ထုတ်ခြင်းများ ပေးခြင်းအားဖြင့်၊ ထိုအချိန်က ၎င်းတို့စဉ်းစားနေသည့်အရာက မည်သည့်အရာဖြစ်သည်ကို ပြောခြင်းအားဖြင့် ဖြစ်သည်။ ဤအရာများကို ပြောဆိုရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ အဘယ်နည်း။ လူတိုင်းက ၎င်းတို့အပေါ်တွင်ရှိသော နားလည်မှုလွဲခြင်းများအားလုံးကို ရှင်းလင်းရန် ဖြစ်သည်။ ဤသည်မှာ အဆင်းနီသော နဂါးကြီးကဲ့သို့ ဖြစ်သည်။ ယင်းသည် လူတစ်ဦးအား ညှဉ်းပန်းပြီးနောက်တွင် ထိုသူကို အပြစ်မရှိကြောင်း ထင်ရှားစေပြီး ထိုသူစွဲချက်တင်ခြင်းခံရသည့် မည်သည့်အရာကိုမဆို ရှင်းပစ်လိမ့်မည်။ ဤသို့လုပ်ဆောင်ခြင်း၏ ပန်းတိုင်မှာ အဘယ်နည်း။ (ဖုံးဖိဖာထေးခြင်းဖြစ်သည်။) ယင်းသည် သင့်အား မကောင်းသည့်အရာ တစ်ခုခုပြုလုပ်ပြီးနောက်တွင် အပြစ်မရှိကြောင်း ထင်ရှားစေပြီး လျော်ကြေးပေးသည်။ ဤသို့ဖြင့် အမှန်တကယ်တွင် အဆင်းနီသောနဂါးကြီးက ကောင်းမွန်ပြီး ယုံကြည်ထိုက်သည်ဟု သင်ထင်သည်။ ဤသို့ဖြင့် ယင်း၏ အုပ်စိုးမှုသည် ခြိမ်းခြောက်ခြင်းမခံရပေ။ ဤသည်မှာ အန္တိခရစ်များ၏ ပုံစံလည်းဖြစ်သည်။ ၎င်းတို့ပြောဆိုသည့်၊ လုပ်ဆောင်သည့်အရာတွင် ၎င်းတို့၏ ကိုယ်ကျိုးအတွက် မဟုတ်သောအရာ တစ်ခုမျှမရှိ။ ၎င်းတို့သည် သမ္မာတရားအတွက် မည်သည့်အရာကိုမျှ ပြောမည်မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအတွက် တစ်စုံတစ်ခုကို ၎င်းတို့ပြောဆိုမည်၊ လုပ်ဆောင်မည်ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်။ ၎င်းတို့ပြောဆို၊ လုပ်ဆောင်သမျှမှာ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်သတင်းနှင့် အဆင့်အတန်းအတွက် ဖြစ်သည်။ လူအချို့က “၎င်းတို့အား အန္တိခရစ်များအဖြစ် သတ်မှတ်ခြင်းသည် ကိုယ်တော့်အနေဖြင့် တရားမမျှတပါ။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် အလွန်ပင် အားသွန်ခွန်စိုက် လုပ်သည်။ ဘုရားအိမ်တော်အတွက် မနက်မှညအထိ အလုပ်လုပ်လျက်၊ ပြေးလွှားလျက်ဖြင့် ၎င်းတို့၏အလုပ်ကို အလွန်လုံ့လရှိစွာ လုပ်ဆောင်သည်။ ၎င်းတို့သည် တစ်ခါတစ်ရံတွင် အလုပ်ရှုပ်လွန်းသဖြင့် အစာမစားနိုင်။ များစွာ ဒုက္ခခံခဲ့သည်” ဟု ဆိုနိုင်သည်။ မည်သူ့အတွက် ၎င်းတို့ဒုက္ခခံသနည်း။ (မိမိတို့အတွက် ဖြစ်ပါသည်။) မိမိတို့အတွက် ဖြစ်သည်။ ၎င်းတို့၌ အဆင့်အတန်းမရှိလျှင် အလားတူ လုပ်ဆောင်မည်လော။ ၎င်းတို့၏ ကိုယ်ပိုင်ဂုဏ်နှင့် အဆင့်အတန်းအတွက် ဤသို့ အပြေးအလွှားလုပ်ဆောင်နေခြင်းဖြစ်သည်။ ဆုလာဘ်တစ်ခုအတွက် လုပ်ဆောင်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ဆုချီးမြှင့်ခြင်းမခံရလျှင်၊ သို့မဟုတ် ကျော်ကြားမှု၊ အကျိုးအမြတ်၊ သို့မဟုတ် အဆင့်အတန်းမရှိလျှင် နုတ်ထွက်ခဲ့ပြီးသည်မှာ ကြာမြင့်ပြီး ဖြစ်လိမ့်မည်။ ဤအရာများကို အခြားလူများရှေ့တွင် ၎င်းတို့လုပ်ဆောင်သည်။ လုပ်ဆောင်ရာတွင် ၎င်းတို့၏အကြောင်းကို ဘုရားသခင်အား သိစေလိုသည်။ ပြီးလျှင် ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာအားလုံးနှင့်ပတ်သက်ပြီး ၎င်းတို့၏ ထိုက်သင့်သော ဆုလာဘ်ကို ၎င်းတို့အား ဘုရားသခင်က ပေးရန် လုပ်ဆောင်လိုသည်။ နောက်ဆုံးတွင် ၎င်းတို့အလိုရှိသည့်အရာမှာ ဆုလာဘ်တစ်ခု ဖြစ်သည်။ သမ္မာတရားကို ၎င်းတို့ မရရှိလိုပေ။ ဤအချက်ကို သင် ထွင်းဖောက်သိမြင်နိုင်ရမည်။ ၎င်းတို့က လုံလောက်သော အရင်းအနှီးကို စုဆောင်းမိပြီးဖြစ်သည်ဟု ခံစားရသောအခါ၊ အခြားလူများကြားတွင် စကားပြောဆိုရန် အခွင့်အလမ်းရှိသောအခါ ၎င်းတို့ပြောသည့် အကြောင်းအရာမှာ အဘယ်နည်း။ ပထမဦးစွာ ၎င်းတို့၏ ပါဝင်ဖြည့်ဆည်းမှုများကို ကြွားလုံးထုတ်ခြင်း ဖြစ်သည်။ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုဖြစ်သည်။ စိတ်ဓာတ်ရေးရာ တိုက်ခိုက်မှုဟူသည်မှာ အဘယ်နည်း။ ၎င်းတို့သည် ဘုရားအိမ်တော်အတွက် ကောင်းသောအရာများစွာကို လုပ်ဆောင်ခဲ့ကြောင်း၊ ပါဝင်ဖြည့်ဆည်းမှုများ ပြုလုပ်ခဲ့ကြောင်း၊ အရဲစွန့်လုပ်ဆောင်ခဲ့ကြောင်း၊ အန္တရာယ်ရှိသောအလုပ်ကို လုပ်ဆောင်ခဲ့ကြောင်း၊ များစွာ အပြေးအလွှား လုပ်ဆောင်ခဲ့ကြောင်း၊ ကြီးစွာ ဒုက္ခခံခဲ့ကြောင်းတို့ကို လူတိုင်း၏ စိတ်နှလုံးအတွင်းထဲတွင် သိစေခြင်းဖြစ်သည်။ ဤသည်မှာ အခြားလူများရှေ့တွင် ၎င်းတို့၏ အရည်အချင်းများကို ချပြနေခြင်းနှင့် ၎င်းတို့၏ အရင်းအနှီးအကြောင်း ပြောဆိုနေခြင်း ဖြစ်သည်။ ဒုတိယအနေဖြင့် အချို့သော လက်တွေ့မကျသည့် သဘောတရားများအကြောင်းကို လွန်ကဲသော၊ အဓိပ္ပာယ်မရှိသောပုံစံဖြင့် ပြောဆိုသည်။ ယင်းကို လူတို့က နားမလည်သော်လည်း နားလည်သည်ဟု ခံစားရကြသည်။ ဤသဘောတရားများသည် အလွန်ပင်လေးနက်၊ နက်နဲပြီး စိတ်ကူးသက်သက်ဖြစ်သည့် ပုံစံရှိသည်။ ပြီးလျှင် ယင်းတို့သည် လူတို့အား အန္တိခရစ်များကို ကိုးကွယ်စေသည်။ ထို့နောက်တွင် မည်သူကမျှ နားမလည်ခဲ့ဖူးသည့် ၎င်းတို့ယုံကြည်သည့်အရာများအကြောင်းကို ကြီးကျယ်ပြီး ရှုပ်ထွေးသောပုံစံဖြင့် ပြောဆိုသည်။ ဥပမာ နည်းပညာ၊ ကမ္ဘာ့အပြင်ဘက် အာကာသ၊ ငွေကြေးနှင့် စာရင်းအင်းတို့ကိုလည်းကောင်း၊ လူ့အဖွဲ့အစည်းနှင့် နိုင်ငံရေးတို့နှင့် ပတ်သက်သော ကိစ္စများကိုလည်းကောင်း၊ မြေအောက်လောက ကိစ္စများနှင့် ရိုက်စားများ အကြောင်းတို့ကိုပင်လည်းကောင်း ပြောကြသည်။ ၎င်းတို့သည် မိမိတို့၏ တစ်ကိုယ်ရေသမိုင်းကြောင်းကို စီကာပတ်ကုံးပြောပြသည်။ ဤသို့ဆိုလျှင် ဤသည်မှာ အဘယ်နည်း။ ၎င်းတို့သည် မိမိကိုယ်ကို ကြွားလုံးထုတ်နေခြင်း ဖြစ်သည်။ ကြွားလုံးထုတ်ရာတွင် ၎င်းတို့၏ ပန်းတိုင်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတစ်ခုကို စတင်လုပ်ဆောင်ရန် ဖြစ်သည်။ ၎င်းတို့သည် မိုက်မဲသည်ဟု သင်တို့ထင်သလော။ ၎င်းတို့ပြောသည့် ဤအရာသည် လူတို့အပေါ် သက်ရောက်မှုမရှိလျှင် ၎င်းတို့က ပြောဦးမည်လော။ ပြောမည်မဟုတ်။ ဤအရာကို ပြောခြင်းတွင် ၎င်းတို့၌ ပန်းတိုင်တစ်ခုရှိသည်။ ဤသည်မှာ ၎င်းတို့၏ အရည်အချင်းများကို ချပြခြင်း၊ ကိုယ်ရည်သွေးခြင်းနှင့် မိမိတို့ကိုယ်ကို ကြွားလုံးထုတ်ခြင်းတို့ဖြစ်သည်။

ထို့အပြင် အန္တိခရစ်များသည် မည်သည့်ဟန်ပန်ကို မကြာခဏ ခံယူသနည်း။ မည်သည့်နေရာသို့ ၎င်းတို့သွားသည်ဖြစ်စေ အိမ်ထောင်ဦးစီးတစ်ဦး၏ ဟန်ပန်ကို ခံယူသည်။ မည်သည့်နေရာသို့ ၎င်းတို့ သွားသည်ဖြစ်စေ ၎င်းတို့က “မည်သည့်အရာကို သင်တို့လုပ်နေသနည်း။ မည်သို့အခြေအနေရှိသနည်း။ အခက်အခဲ တစ်စုံတစ်ရာ ရှိပါသလား။ သင်တို့အား တာဝန်ပေးထားသောအရာများကို အလျင်အမြန်ကိုင်တွယ်ပါ။ ဝတ်ကျေတမ်းကျေမလုပ်နှင့်။ ဘုရားအိမ်တော်၏ အလုပ်အားလုံးသည် အရေးကြီးပြီး နှောင့်နှေး၍မရပါ” ဟူ၍ ပြောသည်။ ၎င်းတို့သည် မိမိတို့၏အိမ်ရှိ လူတို့၏အလုပ်ကို အစဉ်ကြီးကြပ်နေသည့် အိမ်ထောင်ဦးစီးတစ်ဦးကဲ့သို့ဖြစ်လေသည်။ ၎င်းတို့သည် အိမ်ထောင်ဦးစီးတစ်ဦးဖြစ်သည်ဟူသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့အိမ်ရှိ မည်သူမဆိုသည် အမှားတစ်ခုလုပ်နိုင်သည်၊ သို့မဟုတ် လမ်းမှားကို လျှောက်နိုင်သည်၊ ထို့ကြောင့် ၎င်းတို့သည် ထိုသူတို့ကို စောင့်ကြည့်ရန် လိုအပ်သည်၊ စောင့်မကြည့်လျှင် မည်သူကမျှ မိမိတို့၏တာဝန်ကို ထမ်းဆောင်မည်မဟုတ်၊ ၎င်းတို့အားလုံး မှောက်မှားခြင်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု ဆိုလိုသည်။ အန္တိခရစ်များက လူတိုင်းသည် ငတုံးငအတစ်ယောက်၊ ကလေးတစ်ယောက် ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့က ထိုသူတို့ကို အဖြစ်သည်းပြမနေလျှင်၊ ထိုသူတို့ကို တစ်ခဏမျှ လွတ်သွားလိုက်လျှင် ထိုသူတို့ထဲမှ အချို့မှာ အမှားများလုပ်ပြီး လမ်းမှားကိုလျှောက်လိမ့်မည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤသည်မှာ မည်သည့်အမြင်မျိုး ဖြစ်သနည်း။ ၎င်းတို့သည် အိမ်ထောင်ဦးစီးတစ်ဦး၏ဟန်ပန်ကို ခံယူနေသည်မဟုတ်လော။ (ခံယူနေပါသည်။) ဤသို့ဆိုလျှင် ၎င်းတို့သည် လက်ဆုပ်လက်ကိုင်ပြနိုင်သောအလုပ်ကို လုပ်ကြသလော။ ၎င်းတို့သည် မည်သည့်အခါမျှ မလုပ်ဘဲ ဗျူရိုကရေစီစနစ်နှင့် အရှင်သခင်ဖြစ်ခြင်းကိုသာ အလေးထားလျက် အလုပ်အားလုံးကို အခြားလူများလုပ်ဆောင်ရန် စီစဉ်သည်။ ပြီးလျှင် အခြားလူများက အလုပ်လုပ်ပြီးသောအခါ၌ ၎င်းတို့ကိုယ်တိုင် လုပ်ဆောင်ခဲ့သကဲ့သို့ပင်ဖြစ်၍ နာမည်ကောင်းအားလုံးကို ၎င်းတို့ထံ ရောက်သွားသည်။ ၎င်းတို့သည် ၎င်းတို့အဆင့်အတန်း၏ အကျိုးအမြတ်များကိုသာ မွေ့လျော် ခံစားသည်။ ဘုရားအိမ်တော်၏အလုပ်ကို အကျိုးဖြစ်စေသည့် အရာတစ်ခုကိုမျှ ၎င်းတို့ လုံးဝမလုပ်ဆောင်ပေ။ တစ်စုံတစ်ယောက်က သူ၏တာဝန်ထမ်းဆောင်မှု၌ ဝတ်ကျေတမ်းကျေ လုပ်ဆောင်နေသည်၊ သို့မဟုတ် တမင်ပျက်ကွက်နေသည်ကိုလည်းကောင်း၊ တစ်စုံတစ်ယောက်က အသင်းတော်အလုပ်ကို နှောင့်ယှက်ပြီး အဖျက်အမှောင့်လုပ်နေသည်ကိုလည်းကောင်း ၎င်းတို့ မြင်လျှင်ပင် ၎င်းတို့သည် ထိုသူအား တွန်းအားပေးသည့် စကားအနည်းငယ်ကိုသာ ပြောပြီး နှစ်သိမ့်သည်။ သို့သော် ထိုသူကို မည်သည့်အခါမျှ ဖော်ထုတ်ခြင်း၊ သို့မဟုတ် ကန့်သတ်ခြင်းမရှိ။ ၎င်းတို့သည် မည်သူ့ကိုမျှ စိတ်အနှောင့်အယှက်ဖြစ်အောင် မလုပ်ဆောင်ပေ။ မည်သူကမျှ ၎င်းတို့အား နားမထောင်လိုလျှင် ၎င်းတို့က “သင်တို့အားလုံးကို စိတ်ပူလျက်ဖြင့် ကျွန်ုပ်၏ နှလုံးသားသည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေခဲ့ရပြီ။ ကျွန်ုပ်၏ အာခြောက်သည်အထိ စကားပြောခဲ့သည်။ ကျွန်ုပ်သည် ကိုယ်ရောစိတ်ပါ ချုံးချုံးကျလုနီးနီးအထိ အပင်ပန်းခံခဲ့သည်။ သင်တို့သည် ကျွန်ုပ်ကို အလွန်စိုးရိမ်စေသည်” ဟု ပြောလိမ့်မည်။ ဤသို့ပြောသည်မှာ ၎င်းတို့အနေဖြင့် အရှက်မဲ့ခြင်း မဟုတ်လော။ ဤအရာကို ကြားရခြင်းအားဖြင့် သင်တို့စက်ဆုပ်သလော။ ဤသည်မှာ လူတို့ကို ထိန်းချုပ်ရန် အန္တိခရစ်များ၏ အစဉ်ဖြစ်သော လိုအင်ဆန္ဒက ပေါ်လွင်သည့်ပုံစံတစ်ခု ဖြစ်သည်။ ဤသို့သော အန္တိခရစ်များက လူတို့နှင့် မည်သို့မိတ်သဟာယပြုသနည်း။ ဥပမာ ၎င်းတို့က ငါ့အား “ကျွန်ုပ်အောက်ရှိလူတို့သည် ပြောသည့်အတိုင်း မလုပ်။ အသင်းတော်အလုပ်ကို အလေးအနက်မထား။ ဝတ်ကျေတမ်းကျေလုပ်ဆောင်သည်။ ဘုရားအိမ်တော်၏ ပိုက်ဆံကို လက်လွတ်စပယ်သုံးစွဲသည်။ သူတို့သည်၊ ဤလူတို့သည် အမှန်ပင် သားရဲတိရစ္ဆာန်များဖြစ်သည်။ ခွေးထက်ပင် နိမ့်ကျသည်” ဟု ဆိုကြသည်။ ဤတွင် ၎င်းတို့၏ လေသံမှာ အဘယ်နည်း။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ခြွင်းချက်အဖြစ် ထားနေကြခြင်းဖြစ်သည်။ ၎င်းတို့က “ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို ငါက အလေးထားသည်။ သူတို့က အလေးမထားပါ”ဟု ဆိုလိုသည်။ အန္တိခရစ်များက သူတို့ကိုယ်သူတို့ မည်သူအနေဖြင့် မှတ်ယူနေသနည်း။ “ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်” တစ်ဦးအဖြစ် ဖြစ်သည်။ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်ဆိုသည်မှာ အဘယ်နည်း။ နိုင်ငံအချို့မှ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်များကို ကြည့်လော့။ ၎င်းတို့သည် မည်သည့်လူစားမျိုးဖြစ်သနည်း။ ၎င်းတို့သည် ၎င်းတို့၏ အလှကြောင့် ရွေးချယ်ခြင်းခံရသည်။ ၎င်းတို့သည် အလွန်လှပသည်။ ကောင်းစွာ စကားပြောနိုင်သည်။ ပြီးလျှင် ၎င်းတို့အားလုံးကို သင်တန်းပေးပြီး ဖြစ်သည်။ နောက်ကွယ်တွင် ၎င်းတို့အားလုံးသည် အရပ်ရှည်သော၊ ချမ်းသာသော၊ ရုပ်ရည်ချောမောသောသူများ၊ ရာထူးအဆင့်မြင့်သော အရာရှိများ၊ ချမ်းသာကြွယ်ဝသော စီးပွားရေးသမားများနှင့် အဆက်အသွယ်များ၊ အပေးအယူများ ရှိကြသည်။ ဤအတွက်ကြောင့် ၎င်းတို့က ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်များဖြစ်ခြင်း ဖြစ်သည်။ ၎င်းတို့သည် ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်များ ဖြစ်ခွင့်ရရန်အတွက် မည်သည့်အရာကို အမှီပြုသနည်း။ ၎င်းတို့၏ ကြည့်ကောင်းသော အသွင်အပြင်၊ နှစ်လိုဖွယ်ကောင်းသော ကိုယ်ကာယနှင့် စကားပြောကောင်းခြင်းတို့သက်သက် ဖြစ်သလော။ ၎င်းတို့သည် အဓိကအားဖြင့် ၎င်းတို့၏ နောက်ကွယ်မှ အဆက်အသွယ်များကို အမှီပြုသည်။ ဤသည်မှာ ယင်း၏ပကတိအခြေအနေဖြစ်သည်မဟုတ်လော။ (ဟုတ်ပါသည်။) ဟုတ်သည်။ ယင်း၏ ပကတိအခြေအနေဖြစ်သည်။ အစဉ်သဖြင့် ခေါင်းဆောင်၊ သို့မဟုတ် အိမ်ထောင်ဦးစီးတစ်ဦး၏ ဟန်ပန်ရှိသည့် အန္တိခရစ်များသည် လူတို့ကို အထင်အမြင်မှားစေရန်နှင့် ထိန်းချုပ်ရန် ဤဟန်ပန်၊ ဤရပ်တည်ချက်ကို အစဉ်အသုံးပြုလိုသည်။ ယင်းမှာ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တစ်ဦး၏ ပုံစံနှင့် အနည်းငယ်မတူသလော။ ၎င်းတို့သည် ထိုနေရာတွင် ရပ်၍ လက်ကို နောက်တွင်ချိတ်ထားပြီး ညီအစ်ကိုမောင်နှမများက ၎င်းတို့ကို ခေါင်းညိတ်ပြီး ဦးညွှတ်သောအခါ ၎င်းတို့က “ကောင်းသည်။ အလုပ်ကောင်းကောင်းလုပ်ပါ” ဟု ဆိုသည်။ ဤသို့ပြောရအောင် ၎င်းတို့သည် မည်သူများဖြစ်လေသနည်း။ သူတို့ကိုယ်သူတို့ မည်သည့်ရာထူးခန့်အပ်ခဲ့သနည်း။ ငါသွားသည့်နေရာတိုင်းတွင် ဤသို့သောအရာများကို ငါမပြော။ ဤသို့သောအရာတစ်ခုအား ငါပြောသည်ကို သင်တို့ကြားဖူးသလော။ (မကြားဖူးပါ။) ရံဖန်ရံခါတွင် ငါသည် “သင်တို့၏တာဝန်ကို စိတ်အေးချမ်းစွာဖြင့် လုပ်ဆောင်ရန် သင်တို့၌ရှိသည့် ဤအခွင့်အရေးသည် ရရှိခြင်းသည် လွယ်ကူသောအရာမဟုတ်။ ဤအခွင့်အရေးကို လက်မလွှတ်တမ်း အသုံးချပြီး သင်တို့၏ တာဝန်ကို ကောင်းစွာလုပ်ဆောင်ရမည်။ မကောင်းမှုပြုလုပ်ပြီး နှောင့်ယှက်မှုများ ဖြစ်စေခြင်းကြောင့် သင့်ကိုယ်သင် အဝေးသို့ပို့ခံရရန် မလုပ်ဆောင်နှင့်” ဟု ဆိုလိမ့်မည်။ သို့သော်လည်း ငါသည် ဤအရာကို အဘယ်ကြောင့် ပြောဆိုရသနည်း။ ရိုးသားစစ်မှန်မှုကြောင့် ဖြစ်သည်။ သို့သော် ဤသည်မှာ အန္တိခရစ်က စဉ်းစားပုံဖြစ်သလော။ ၎င်းတို့ စဉ်းစားပုံမဟုတ်ပေ။ ပြီးလျှင် ၎င်းတို့ ပြုမူဆောင်ရွက်ပုံလည်း မဟုတ်။ ၎င်းတို့သည် အခြားလူများအား ကောင်းစွာ လုပ်ဆောင်ရန် ပြောသည်။ ၎င်းတို့ဘာသာ ကောင်းစွာ လုပ်ဆောင်ကြသလော။ မလုပ်ဆောင်ကြပေ။ ၎င်းတို့သည် အခြားလူများကို ကောင်းစွာလုပ်ဆောင်စေသည်။ ၎င်းတို့အတွက် ခြေကုန်လက်ပန်းကျအောင် အလုပ်လုပ်ခိုင်းသည်။ ၎င်းတို့အတွက် အလုပ်လုပ်ပေးစေသည်။ အဆုံးတွင် နာမည်ကောင်းအားလုံးကို ရရှိသည်မှာ ၎င်းတို့သာဖြစ်သည်။ သင်တို့သည် တာဝန်များထမ်းဆောင်လျက် ငါ့အတွက် ယခုတွင် ခြေကုန်လက်ပန်းကျအောင် အလုပ်လုပ်သလော။ (မလုပ်ပါ။) သင်တို့သည် ငါ့အတွက် အလုပ်လုပ်ပေးခြင်းလည်းမရှိ။ သင်တို့သည် သင်တို့၏ ကိုယ်ပိုင်တာဝန်များနှင့် ဝတ္တရားများကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ ထို့နောက် ဘုရားအိမ်တော်က သင့်အတွက် ပံ့ပိုးပေးသည်။ ငါသည် သင်တို့အတွက် ပံ့ပိုးပေးသည်ဟုဆိုလျှင် လွန်မလော။ (မလွန်ပါ။) ဤသည်မှာ မမှန်ကန်သော စကားမဟုတ်။ အမှန်တွင် ဤသည်မှာ အမှန်ပင် ပကတိအခြေအနေဖြစ်၏။ သို့သော် သင်တို့က ငါ့အား ဤသို့ပြောခိုင်းလျှင် ငါပြောမည်မဟုတ်။ ငါ၏ နှုတ်ဖျားမှ မည်သည့်အခါမျှ ထွက်လာမည်မဟုတ်။ ဘုရားအိမ်တော်က သင့်အတွက် ပံ့ပိုးပေးသည်၊ ဘုရားအိမ်တော်တွင် သင်တို့၏ ကိုယ်ပိုင်တာဝန်များကို ထမ်းဆောင်ပြီး သင်တို့အတွက် ဘုရားသခင်က ပံ့ပိုးပေးသည်ဟုသာ ငါဆိုမည်။ ဤသို့ဆိုလျှင် သင်တို့၏ တာဝန်များကို မည်သူအတွက် သင်တို့ လုပ်ဆောင်နေသနည်း။ (ကျွန်ုပ်တို့အတွက် ဖြစ်သည်။) သင်တို့သည် သင်တို့၏ကိုယ်ပိုင်တာဝန်များနှင့် ဝတ္တရားများကို ထမ်းဆောင်နေခြင်း ဖြစ်သည်။ ဤသည်မှာ ဖန်ဆင်းခံများအနေဖြင့် သင်တို့ ကောင်းစွာဖြည့်ဆည်းသင့်သည့် တာဝန်ဖြစ်သည်။ ဘုရားသခင်၏ ရှေ့မှောက်တွင် ဤအရာကို သင်တို့လုပ်ဆောင်နေခြင်း ဖြစ်သည်။ သင်တို့သည် ငါ့အတွက် အလုပ်လုပ်နေသည်ဟု လုံးဝ မပြောရ။ ဤအရာကို ငါမလိုအပ်ပေ။ မည်သူ့ကိုမျှ ငါ့အတွက် အလုပ်လုပ်ပေးဖို့ မလိုအပ်ပေ။ ငါက အကြီးအကဲမဟုတ်သကဲ့သို့ ကုမ္ပဏီတစ်ခုခု၏ ဥက္ကဋ္ဌမဟုတ်။ ငါသည် သင်တို့ထံမှ ပိုက်ဆံရယူနေခြင်းမရှိ။ ပြီးလျှင် သင်တို့က ငါ၏အစားအစာကို စားခြင်းမရှိ။ ငါတို့သည် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းလုပ်ဆောင်နေခြင်းသာ ဖြစ်သည်။ သမ္မာတရားများကို သင်တို့နားလည်နိုင်ရန်အတွက် သင်တို့အား ငါမိတ်သဟာယပြုသင့်သည့် သမ္မာတရားများကို ငါမိတ်သဟာယပြုသည်။ ပြီးလျှင် သင်တို့က မှန်ကန်သောလမ်းကြောင်းပေါ်တွင် စတင်လျှောက်လှမ်းပြီး ဤသို့ဖြင့် ငါ၏ စိတ်နှလုံးက သက်သာရာရသည်။ ငါ၏တာဝန်နှင့် ဝတ္တရားကို ပြီးမြောက်သည်အထိ ဆောင်ရွက်ပြီးဖြစ်သည်။ ဤသည်မှာ လူတိုင်းက ၎င်းတို့အပိုင်းကို လုပ်ဆောင်လျက် အပြန်အလှန် ပူးပေါင်းလုပ်ဆောင်မှုဖြစ်သည်။ မည်သူက မည်သူ့ကို အမြတ်ထုတ်နေသည်၊ မည်သူက မည်သူ့ကို အသုံးပြုနေသည်၊ မည်သူက မည်သူ့ကို ကျွေးမွေးနေသည်ဆိုသည့် ကိစ္စနှင့် အလွန်အလှမ်းဝေးသည်။ ထိုပြုမူပြောဆိုပုံဖြင့် ဟိတ်ဟန် မလုပ်နှင့်။ ယင်းသည် အသုံးမဝင်ပေ။ စက်ဆုပ်ဖွယ်ဖြစ်သည်။ လူတိုင်းအတွက် ထင်ရှားမြင်သာသည်အထိ အလုပ်ကို အမှန်တကယ် ကောင်းစွာ လုပ်ဆောင်လော့။ အဆုံးတွင် ဘုရားရှေ့တွင် သင်၏ လုပ်ရပ်များအတွက် ဖြစ်ကြောင်းကုန်စင်ပြောပြရန် အနေအထားတစ်ခုတွင် ကောင်းကောင်း ရှိနေလိမ့်မည်။ အန္တိခရစ်များ၌ ဤသို့သော ဆင်ခြင်တုံတရားရှိသလော။ မရှိပေ။ ၎င်းတို့သည် တာဝန်အနည်းငယ်ကို ယူလျှင်၊ ပါဝင်ဖြည့်ဆည်းမှု အနည်းငယ်ကို လုပ်ဆောင်ပြီး အလုပ်တစ်ခုခုကို လုပ်ပြီးလျှင် ပွင့်လင်းစွာဆိုရလျှင် စက်ဆုပ်ဖွယ်ဖြစ်သည့် ပုံစံဖြင့် ယင်းကို ကြွားဝါပြောဆိုသည်။ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်ပင် ဖြစ်လိုသည်။ သင်က ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်ဖြစ်ဖို့ မကြိုးစားဘဲ အမှန်တကယ်ဖြစ်သော အလုပ်တစ်ခုခုကို ဇောက်ချ၍ လုပ်ဆောင်လျှင် လူတိုင်းက သင့်အပေါ် လေးစားမှုတစ်ခုခုရှိလိမ့်မည်။ ကုန်အမှတ်တံဆိပ် ကိုယ်စားလှယ်တစ်ဦး၏ ဟန်ပန်ကို သင်ခံယူသော်လည်း လက်ဆုပ်လက်ကိုင်ပြနိုင်သည့် မည်သည့်အလုပ်ကိုမျှ သင်မလုပ်နိုင်သည်မှာ အထက်က အလုပ်အားလုံးအတွက် အရေးစိုက်ပြီး ကိုယ်တိုင်ကိုယ်ကျ ညွှန်ကြားချက်များပေးရသည့်အပြင် အထက်က အလုပ်၏ ကဏ္ဍတိုင်းကို လုပ်ဆောင်ခြင်းဖြင့်၊ သင့်အား ကြီးကြပ်ပြီး လမ်းပြပေးခြင်းဖြင့် နောက်မှလိုက်လုပ်ရလျှင်၊ သို့တိုင်အောင် သင်က သင့်ကိုယ်သင် စွမ်းဆောင်နိုင်သည်ဟုလည်းကောင်း၊ ပို၍ကျွမ်းကျင်မှု ရှိလာသည်ဟုလည်းကောင်း၊ အားလုံးကို လုပ်ခဲ့သည်မှာ သင်ဖြစ်သည်ဟုလည်းကောင်း ထင်ဆဲဖြစ်လျှင် ယင်းမှာ အရှက်မဲ့ခြင်း မဟုတ်လော။ အန္တိခရစ်များသည် ဤသို့ လုပ်နိုင်စွမ်းရှိသည်။ ၎င်းတို့သည် ဘုရားသခင်၏ ဘုန်းတော်ကို လုယူသည်။ သာမန်လူတို့က အမှုအရာ အနည်းငယ်ကို တွေ့ကြုံရသောအခါ၌ သမ္မာတရားအနည်းငယ်ကို နားလည်နိုင်ပြီး “ငါ၏ အစွမ်းအစသည် အလွန်ညံ့ဖျင်းသည်။ ငါသည် မည်သည့်အရာမျှမဟုတ်။ အထက်က အရေးစိုက်ပြီး ကြီးကြပ်ခြင်းမရှိလျှင်၊ ငါ့အား ကူညီရန်အတွက် ငါ့ကို လမ်းပြညွှန်ကြားပေးခြင်း မရှိလျှင် မည်သည့်အရာကိုမျှ ငါလုပ်ဆောင်နိုင်မည်မဟုတ်။ ငါသည် ရုပ်သေးရုပ်တစ်ရုပ်သာ ဖြစ်နေခဲ့သည်။ ယခုတွင် ငါသည် ကိုယ့်ကိုယ်ကိုယ် အနည်းငယ်သိမြင်လာသည်။ ငါ၏ သေးနုပ်သောအတိုင်းအတာကို သိသည်။ နောင်တွင် အထက်က ငါ့ကို နောက်တစ်ဖန်ပြုပြင်လျှင် မည်သည့်စောဒကတက်ခြင်းမျှ ရှိမည်မဟုတ်။ ငါသည် ကျိုးနွံနာခံလိုက်မည်” ဟူ၍ မြင်သည်။ သင်၏ ကိုယ်ပိုင်သေးနုပ်သောအတိုင်းအတာကို သိပြီး အသိတရားရှိရှိ လက်တွေ့ကျသော စိတ်နေသဘောထားဖြင့်၊ လိမ္မာသည့်ဟန်ပန်ဖြင့် သင်လုပ်ဆောင်ရန်ဖြစ်သည့် သင့်အလုပ်ကို လုပ်လိမ့်မည်။ အထက်က သင့်ကို မည်သည့်အရာတာဝန်ပေးပါစေ သင်၏ စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှဖြင့် သင်ကောင်းစွာ လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ အန္တိခရစ်များက လုပ်ဆောင်သည့်အရာ ဖြစ်သလော။ မဟုတ်ပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများ၊ သို့မဟုတ် ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့ အလေးမထားပေ။ ဘုရားအိမ်တော်၏ အကြီးဆုံး အကျိုးစီးပွားမှာ အဘယ်နည်း။ အသင်းတော်၏ ကြွယ်ဝမှုဖြစ်သလော။ ဘုရားသခင်ထံပေးသော ပူဇော်သက္ကာများဖြစ်သလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် အဘယ်နည်း။ လူတိုင်း၏ တာဝန်ထမ်းဆောင်မှုက ဗဟိုပြုသည်မှာ မည်သည့်အလုပ်ကဏ္ဍဖြစ်သနည်း။ လူသားမျိုးနွယ်တစ်ရပ်လုံးက ဘုရားသခင်ကို နားလည်ပြီး သူ့ထံပြန်လာရန်အတွက် ဧဝံဂေလိ တရားဟောခြင်းနှင့် ဘုရားသခင်အတွက် သက်သေခံခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အကြီးမားဆုံးသော အကျိုးစီးပွားဖြစ်သည်။ ထိုအကြီးဆုံး အကျိုးစီးပွားမှာ အောက်သို့ ဖြာထွက်သွားပြီး အဖွဲ့တစ်ခုစီနှင့် အလုပ်ကဏ္ဍတစ်ခုစီသို့ ခွဲထွက်၏။ ထို့နောက်တွင် လူတစ်ဦးချင်းစီလုပ်ဆောင်သည့် တာဝန်အမျိုးမျိုးအဖြစ် အောက်ဆုံးအထိ ပို၍အနုစိတ်စွာ ခွဲထွက်သွားသည်။ ဤသည်မှာ ဘုရားအိမ်တော်၏ အကျိုးစီးပွားဖြစ်သည်။ ဤအရာကို သင်တို့ယခင်က မြင်ခဲ့ဖူးသလော။ သင်တို့ မမြင်ခဲ့ဖူးပေ။ ဘုရားအိမ်တော်၏ အကျိုးစီးပွားများအကြောင်းကို ငါပြောသောအခါ ယင်းတို့သည် ပိုက်ဆံ၊ အိမ်များ၊ ကားများဖြစ်သည်ဟု သင်တို့ထင်ကြသည်။ ယင်းတို့မှာ မည်သည့်အကျိုးစီးပွားမျိုး ဖြစ်သနည်း။ ရုပ်ဝတ္ထုပစ္စည်းအနည်းငယ်သာ မဟုတ်လော။ ဤသို့ဆိုလျှင် လူအချို့က “ယင်းတို့သည် အကျိုးစီးပွားများမဟုတ်သည်ကို သိရသည့်အတွက် ယင်းတို့ကို ငါတို့ ကျေနပ်သလို ဖြုန်းတီးကြစို့” ဟု ဆိုမည်လော။ ဤသည်မှာ အဆင်ပြေသလော။ (အဆင်မပြေပါ။) လုံးဝ အဆင်မပြေပေ။ ပူဇော်သက္ကာများကို ဖြုန်းတီးခြင်းသည် ဆိုးရွားသော အပြစ်ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။