အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂) အခန်း ငါး

လူအချို့သည် ၎င်းတို့အလုပ်ကို တစ်စုံတစ်ယောက်က ကြားဝင်စွက်ဖက်ပြီး ကြီးကြပ်ရန် ရည်ရွယ်သည်ကို ကြားသည်နှင့်တစ်ပြိုင်နက် မည်သည့်သဘောထားကို ခံယူကြသနည်း။ “ကြီးကြပ်ခြင်းက အဆင်ပြေပါသည်။ ကြီးကြပ်မှုကို ကျွန်ုပ်လက်ခံသည်။ စုံစမ်းမေးမြန်းမှုများ ပြုခြင်းကလည်း ကိစ္စမရှိ။ သို့သော် သင်က အမှန်တကယ်ပင် ကျွန်ုပ်ကို ကြီးကြပ်လျှင် ကျွန်ုပ်၏ အလုပ်ကို ရှေ့ဆက်လုပ်ရန် ဖြစ်နိုင်မည်မဟုတ်။ ကျွန်ုပ်သည် လွတ်လပ်စွာ ဆောင်ရွက်စီမံနိုင်စွမ်း ရှိတော့မည် မဟုတ်ပါ။ သင်က အစဉ်သဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိပြီး ကျွန်ုပ်အား ထိုဆုံးဖြတ်ချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်သူဖြစ်အောင် ထားရှိလျှင် ကျွန်ုပ်သည် အလုပ်လုပ်နိုင်မည်မဟုတ်။ ‘ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း’” ဟူ၍ ဖြစ်သည်။ ဤသည်မှာ သဘောတရားတစ်ခုမဟုတ်လော။ ယင်းသည် အန္တိခရစ်များ၏ သဘောတရားတစ်ခု ဖြစ်သည်။ ဤအရာကိုပြောသောသူသည် မည်သည့်စိတ်သဘောထား ရှိသနည်း။ ယင်းက အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သလော။ “ဂူတစ်ဂူထဲ၌ ခြင်္သေ့နှစ်ကောင်မအောင်း” ဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ အထက်က စုံစမ်းမေးမြန်းမှုများ ပြုခြင်းကိုပင် ၎င်းတို့ သည်းခံမည်မဟုတ်။ အထက်က စုံစမ်းမေးမြန်းမှုများ မပြုခဲ့လျှင် သင့်လုပ်ရပ်များက သမ္မာတရားကို ချိုးဖောက်မည် မဟုတ်လော။ သင်သည် စုံစမ်းမေးမြန်းမှုများကြောင့် မှားယွင်းသောတစ်စုံတစ်ခုကို လုပ်ဆောင်မည်လော။ အထက်က သင့်အလုပ်ကို ပျက်စီးစေမည်လော။ ငါ့ကို ပြောလော့။ အထက်က အလုပ်နှင့်ပတ်သက်၍ လမ်းပြခြင်း၊ စုံစမ်းမေးမြန်းမှုများပြုခြင်း၊ ကြီးကြပ်ခြင်းမှာ ပို၍ ကောင်းစွာ လုပ်ဆောင်သည်ကို မြင်ရန်ဖြစ်သလော၊ သို့မဟုတ် ပို၍ဆိုးရွားစွာ လုပ်ဆောင်သည်ကို မြင်ရန်ဖြစ်သလော။ (ပိုကောင်းစွာ လုပ်ဆောင်သည်ကိုမြင်ရန် ဖြစ်သည်။) ဤသို့ဆိုလျှင် လူအချို့သည် ဤတိုးတက်သော ရလဒ်များကို အဘယ်ကြောင့် လက်မခံသနည်း။ (၎င်းတို့သည် အန္တိခရစ် စိတ်သဘောထား၏ အုပ်စိုးခြင်းကို ခံရသည်။) မှန်သည်။ ယင်းသည် ၎င်းတို့၏ အန္တိခရစ် စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို မထိန်းနိုင်ပေ။ လူတစ်ယောက်သည် ၎င်းတို့တာဝန်ယူရသည့် အလုပ်ကို စုံစမ်းမေးမြန်းမှုများပြုသည်နှင့် တစ်ပြိုင်နက် ယင်းသည် ၎င်းတို့ကို စိတ်မချမ်းမသာဖြစ်စေသည်။ ၎င်းတို့၏ အကျိုးစီးပွားများကို အခြားလူများသို့ ပေးရလိမ့်မည်၊ ၎င်းတို့၏ အဆင့်အတန်းနှင့် အာဏာကိုလည်း ပေးရလိမ့်မည်ဟု ၎င်းတို့ ခံစားရသည်။ ထို့ကြောင့် ၎င်းတို့သည် ကသိကအောက် ဖြစ်ကြသည်။ ၎င်းတို့၏ အစီအစဉ်များနှင့် လုပ်ထုံးလုပ်နည်းများကို ကစဉ့်ကလျားဖြစ်အောင် ပြုလုပ်ခြင်းခံရသည်ဟု ၎င်းတို့ ခံစားရသည်။ ယင်းသည် ၎င်းတို့အတွက် အလုပ်ဖြစ်မည်လော။ အထက်က တစ်စုံတစ်ယောက်ကို ရာထူးတိုးပေးပြီး ထိုသူအား ၎င်းတို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်စေလျှင် ၎င်းတို့က “ဤလူကို ငါအသုံးပြုဖို့ အစီအစဉ်မရှိ။ သို့သော် အထက်က သူသည်တော်သည်ဟု အခိုင်အမာဆိုပြီး ရာထူးတိုးပေးခဲ့သည်။ ဤအရာကို ငါသိပ်မနှစ်သက်ပေ။ သူနှင့် မည်သို့အတူတကွ ပူးပေါင်းလုပ်ဆောင်ရမည်နည်း။ အထက်က သူ့ကို အသုံးပြုလျှင် ငါ နုတ်ထွက်လိုက်မည်” ဟူ၍ တွေးသည်။ ၎င်းတို့သည် စကားဖြင့် ဤသို့ပြောသော်လည်း အမှန်တွင် ၎င်းတို့အဆင့်အတန်းကို လက်လွှတ်နိုင်မည်လော။ လက်လွှတ်နိုင်မည် မဟုတ်။ ၎င်းတို့လုပ်ဆောင်နေသည့်အရာမှာ ထိပ်တိုက်ရင်ဆိုင်နေခြင်းဖြစ်သည်။ ၎င်းတို့အဆင့်အတန်းကို ခြိမ်းခြောက်သော၊ ၎င်းတို့ကို မီးမောင်းထိုးမပေးသော၊ ၎င်းတို့၏ လက်ရှိအခြေအနေကို တမင်ဖျက်ဆီးသော အလုပ်ကို လုပ်သည့် မည်သူ့ကိုမဆို ၎င်းတို့ သဘောတူမည်လော။ သဘောတူမည်မဟုတ်။ ဥပမာ အထက်က တစ်စုံတစ်ယောက်ကို ရာထူးတိုးပေးသောအခါ၊ သို့မဟုတ် တစ်စုံတစ်ယောက်ကို ဖြုတ်ချသောအခါ ၎င်းတို့သည် မည်သို့ထင်သနည်း။ “မျက်နှာကို ဖြတ်ရိုက်လိုက်သကဲ့သို့ပါတကား။ ၎င်းတို့သည် ငါ့ကို အသိပေးတိုင်ပင်ခြင်းပင် မရှိပေ။ မည်သို့ပင်ဖြစ်စေ၊ ငါသည် ခေါင်းဆောင်ဖြစ်ဆဲဖြစ်သည်။ ၎င်းတို့သည် ငါ့ကို အဘယ်ကြောင့် ကြို၍ တစ်စုံတစ်ခု မပြောသနည်း။ ယင်းမှာ ငါသည် လုံးဝ အရေးမပါသကဲ့သို့ပင် ဖြစ်သည်” ဟူ၍ ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သင်သည် မည်သူနည်း။ ယင်းသည် သင့်အလုပ်ဖြစ်သလော။ ပထမဦးစွာ ယင်းသည် သင့်ပိုင်နက်မဟုတ်။ ဒုတိယအနေဖြင့် ဤလူတို့သည် သင့်နောက်သို့မလိုက်။ ဤသို့ဆိုလျှင် သင်သည် အဘယ်ကြောင့် ၎င်းတို့အတွက် အလွန်အရေးပါရမည်နည်း။ ယင်းသည် သမ္မာတရားနှင့် ညီသလော။ မည်သည့် သမ္မာတရားနည်း။ လူတစ်ဦးကို အထက်က ရာထူးတိုးပေးခြင်း၊ သို့မဟုတ် လူတစ်ဦးကို ၎င်းတို့က ဖြုတ်ချခြင်းအတွက် စည်းမျဉ်းများရှိသည်။ လူတစ်ဦးကို အထက်က အဘယ်ကြောင့် ရာထူးတိုးပေးသနည်း။ အလုပ်အတွက် လိုအပ်သောကြောင့် ဖြစ်သည်။ အထက်က လူတစ်ဦးကို အဘယ်ကြောင့် ဖြုတ်ချသနည်း။ အလုပ်အတွက် မလိုအပ်တော့သောကြောင့် ဖြစ်သည်။ သူသည် အလုပ်ကို မလုပ်နိုင်ပေ။ သင်သည် ထိုသူကို မဖြုတ်ချသကဲ့သို့ အထက်ကိုပင် ဖြုတ်ချခွင့်မပေးလျှင် သင်သည် အသိခေါက်ခက် အဝင်နက်ခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) လူအချို့က “အထက်က လူတစ်ဦးကို ဖြုတ်ချခြင်းသည် ကျွန်ုပ်အား ဂုဏ်သရေပျက်စေခြင်းပါတကား။ တစ်စုံတစ်ယောက်ကို ဖြုတ်ချဖို့၎င်းတို့ ရည်ရွယ်လျှင် ကျွန်ုပ်ကို နှစ်ကိုယ်ကြား ပြောသင့်သည်၊ ပြီးလျှင် ကျွန်ုပ်က လုပ်ဆောင်လိုက်မည်ဖြစ်သည်။ ယင်းသည် ကျွန်ုပ်၏ အလုပ်ဖြစ်သည်။ ကျွန်ုပ်အပေါ် ကျရောက်သည့် အပိုင်းဖြစ်သည်။ ကျွန်ုပ်သည် ထိုသူကို ဖြုတ်ချလျှင် ကျွန်ုပ်သည် လူတို့အပေါ် မည်မျှထိုးထွင်းသိမြင်မှု ရှိသည်ကိုလည်းကောင်း၊ တကယ့်အလုပ်အား ကျွန်ုပ်လုပ်နိုင်သည်ကိုလည်းကောင်း လူတိုင်းကို ပြလိမ့်မည်။ ယင်းသည် ဂုဏ်ရှိလိုက်မည်ဖြစ်ခြင်းပါတကား” ဟု ဆိုကြသည်။ သင်တို့သည် ဤသို့ တွေးသလော။ လူအချို့သည် နာမည်ကောင်းနှင့် ဂုဏ်ကို အလိုရှိပြီး ဤသို့ ကျိုးကြောင်းပြချက်များ ပေးကြသည်။ ယင်းသည် အလုပ်ဖြစ်မည်လော။ အဓိပ္ပာယ်ရှိသလော။ တစ်ဖက်တွင် ဘုရားအိမ်တော်သည် ယင်း၏အလုပ်ကို သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်သည်။ အခြားတစ်ဖက်တွင် အခြေအနေများ၏ အရှိအတိုင်း လုပ်ဆောင်သည်။ အဆင့်ကျော်သည်ဟူသော အယူအဆမျိုး မရှိပါ။ အထူးသဖြင့် အထက်၏ ရာထူးတိုးခြင်း၊ ဖြုတ်ချခြင်းများ၊ သို့မဟုတ် အလုပ်စီမံကိန်းတစ်ခုခုအတွက် အထက်၏ လမ်းပြမှုနှင့် ညွှန်ကြားချက်များ ပေးသည့်အခါတွင် အဆင့်ကျော်ခြင်း ဟူသော ပြောဆိုချက်မျိုးမှာ ပို၍ပင် မရှိနိုင်ပေ။ ဤသို့ဆိုလျှင် အန္တိခရစ်တစ်ဦးသည် ဤ“အမှား”များကို အဘယ်ကြောင့်ရှာသနည်း။ တစ်ခုမှာ သေချာသည်။ သမ္မာတရားကို ၎င်းတို့ နားမလည်သောကြောင့် ဘုရားအိမ်တော်၏ အလုပ်ကို ၎င်းတို့၏ လူသားဦးနှောက်နှင့် ပြင်ပလောကတွင် ရှိသော ထိုလုပ်ရိုးလုပ်စဉ်များဖြင့် အကဲဖြတ်ခြင်းဖြစ်သည်။ ထို့အပြင် ၎င်းတို့၏ အဓိကပန်းတိုင်က မိမိကိုယ်ကို ကာကွယ်ခြင်းအဖြစ် ဆက်လက် တည်ရှိနေပြီး ၎င်းတို့သည် ကိုယ့်ဂုဏ်နှင့်ကိုယ် ရရှိရမည်ဖြစ်သည်။ ၎င်းတို့သည် လုပ်ဆောင်သမျှတိုင်းတွင် လိမ္မာပါးနပ်သည်။ ၎င်းတို့၌ အပြစ်အနာအဆာတစ်ခုတလေ၊ သို့မဟုတ် အားနည်းချက်တစ်ခုတလေ ရှိသည်ကို ၎င်းတို့အောက်ရှိလူများအား မြင်ခွင့်မပေးနိုင်ပေ။ အပေါ်ယံအသွင်အပြင်တို့ကို မည်သည့်အတိုင်းအတာထိ ၎င်းတို့ ထိန်းထားမည်နည်း။ အခြားလူများက ၎င်းတို့အား ဖောက်ပြန်ပျက်စီးခြင်း၊ သို့မဟုတ် အားနည်းချက်များ တစ်ခုမျှမရှိဘဲ အမှားကင်းသည်ဟု မြင်လိမ့်မည်ဖြစ်သည်အထိ ဖြစ်သည်။ အထက်က ၎င်းတို့ကို အသုံးပြုသင့်သည်မှာ၊ ညီအစ်ကိုမောင်နှမများက ၎င်းတို့အား ရွေးချယ်သင့်သည်မှာ သင့်တော်သည်ဟု အခြားလူတို့က မြင်လိမ့်မည်။ ၎င်းတို့သည် စုံလင်သောသူ ဖြစ်သည်ဟု မြင်လိမ့်မည်။ ယင်းမှာ ၎င်းတို့ ဖြစ်စေလိုသည့်ပုံစံ မဟုတ်လော။ ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား မဟုတ်လော။ (ဟုတ်ပါသည်။) ဟုတ်သည်။ ယင်းသည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထား ဖြစ်သည်။

ယခု ငါတို့၏ မိတ်သဟာယမှာ အန္တိခရစ်များ၏ အဓိကအပြုအမူများထဲမှ တစ်ခုဖြစ်သော အန္တိခရစ်တို့က ၎င်းတို့၏အလုပ်တွင် အခြားလူတို့အား ဝင်ရောက်စွက်ဖက်ခွင့်၊ စုံစမ်းမေးမြန်းခွင့်၊ သို့မဟုတ် မိမိတို့ကို ကြီးကြပ်ခွင့် ပေးရန် ငြင်းဆန်ကြခြင်း ဖြစ်သည်။ ၎င်းတို့အလုပ်ကို နောက်ဆက်တွဲလုပ်ရန်၊ သို့မဟုတ် ပို၍ သိရအောင်လုပ်ရန်၊ သို့မဟုတ် ကြီးကြပ်ရန်အတွက် ဘုရားအိမ်တော်က မည်သည့်အစီအစဉ်များကို ပြုလုပ်သည်ဖြစ်စေ ယင်းတို့ကို ကဖျက်ယဖျက်လုပ်ပြီး ငြင်းဆန်ရန် နည်းလမ်းမျိုးစုံကို ၎င်းတို့ အသုံးချလိမ့်မည်။ ဥပမာအားဖြင့် လူအချို့သည် အထက်က ပရောဂျက်တစ်ခု တာဝန်ပေးသည်ကို ခံရသောအခါ တိုးတက်မှုလုံးဝမရှိဘဲ အချိန်အတန်ကြာသွားသည်။ ၎င်းတို့သည် ထိုအလုပ်ကို လုပ်ဆောင်နေခြင်း ရှိမရှိ၊ သို့မဟုတ် အခြေအနေမည်သို့ရှိသည်၊ သို့မဟုတ် ကြားဖြတ်ပေါ်လာသော အခက်အခဲဖြစ်စေ၊ ပြဿနာဖြစ်စေ တစ်ခုတလေရှိမရှိတို့ကို အထက်အား မပြောပေ။ ၎င်းတို့သည် တုံ့ပြန်မှုမရှိ။ အချို့အလုပ်သည် အရေးတကြီးဖြစ်ပြီး နှောင့်နှေး၍မရ။ သို့တိုင်အောင် အလုပ်ကိုမပြီးဘဲ အချိန်ကြာရှည်စွာလုပ်ဆောင်လျက် အချိန်ဆွဲသည်။ ဤသို့ဆိုလျှင် အထက်က စုံစမ်းမေးမြန်းမှုများ ပြုရမည်။ အထက်က ဤသို့လုပ်ဆောင်သောအခါ ဤလူတို့က စုံစမ်းမေးမြန်းမှုများကို မခံနိုင်အောင် ရှက်ဖွယ်ဖြစ်သည်ဟု မြင်ပြီး စိတ်နှလုံး၌ အတိုက်အခံဖြစ်ကြသည်။ “ကျွန်ုပ်သည် ဤအလုပ်ကို တာဝန်ပေးခြင်းခံရသည်မှာ ဆယ်ရက်ခန့်သာရှိသည်။ ရင်းနှီးကျွမ်းဝင်မှု မရှိသေးပေ။ အထက်က စုံစမ်းမေးမြန်းမှုများ ပြုနေပြီဖြစ်သည်။ လူတို့အပေါ် ၎င်းတို့၏ တောင်းဆိုချက်များသည် မြင့်လွန်းခြင်းပင်ဖြစ်သည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့ကို ကြည့်လော့၊ စုံစမ်းမေးမြန်းခြင်းတွင် ဆီလိုအပေါက်ရှာနေကြခြင်းဖြစ်သည်။ ဤတွင် ပြဿနာသည် အဘယ်နည်း။ ငါ့ကို ပြောလော့၊ အထက်က စုံစမ်းမေးမြန်းမှုများ ပြုခြင်းသည် အလွန်ပင် သာမန်ဖြစ်သည်မဟုတ်လော။ ယင်း၏ တစ်ပိုင်းမှာ အလုပ်တိုးတက်မှု၏ အခြေအနေအကြောင်းနှင့် ဖြေရှင်းရန် မည်သည့်အခက်အခဲများ ကျန်ရှိသည်ကိုပါ ပို၍သိလိုခြင်းဖြစ်သည်။ ထိုအရာအပြင် ဤအလုပ်ကို ၎င်းတို့ တာဝန်ပေးခဲ့သောလူများက မည်သည့်အစွမ်းအစမျိုး ရှိသည်ကိုလည်းကောင်း၊ ပြဿနာများကို ၎င်းတို့ အမှန်တကယ်ဖြေရှင်းနိုင်ပြီး အလုပ်ကို ကောင်းစွာ လုပ်ဆောင်နိုင်မည်၊ မလုပ်ဆောင်နိုင်မည်ကိုလည်းကောင်း ပို၍သိလိုခြင်းဖြစ်သည်။ အထက်က အဖြစ်မှန်များကို အရှိအတိုင်း သိလိုသည်။ အချိန်အများစုတွင် ၎င်းတို့သည် ထိုသို့သောအခြေအနေများတွင် စုံစမ်းမေးမြန်းမှုများ ပြုသည်။ ယင်းသည် ၎င်းတို့ လုပ်ဆောင်သင့်သော အရာတစ်ခုမဟုတ်သလော။ ပြဿနာများအား မည်သို့ဖြေရှင်းရမည်ကို သင်မသိသကဲ့သို့ အလုပ်အား သင်မကိုင်တွယ်နိုင်မည်ကို အထက်က စိတ်ပူသည်။ ဤအတွက်ကြောင့် ၎င်းတို့က စုံစမ်းမေးမြန်းမှုများပြုရခြင်း ဖြစ်သည်။ အချို့သောလူတို့သည် ဤသို့သော စုံစမ်းမေးမြန်းခြင်းများကို အလွန်ပင် အတိုက်အခံဖြစ်ပြီး စက်ဆုပ်သည်။ ၎င်းတို့သည် လူတို့အား စုံစမ်းမေးမြန်းမှုများ ပြုခွင့်ပေးလိုစိတ်မရှိဘဲ လူတို့က ဤသို့ပြုသရွေ့ ၎င်းတို့သည် အတိုက်အခံဖြစ်ပြီး အစဉ်သဖြင့် သံသယများဖြစ်ကာ “၎င်းတို့သည် အဘယ်ကြောင့် အစဉ်သဖြင့် စုံစမ်းမေးမြန်းမှုများပြုပြီး ပို၍သိရှိရန် စူးစမ်းနေသနည်း။ ငါ့ကို မယုံကြည်ဘဲ အထင်သေးခြင်းလော။ ငါ့ကို မယုံကြည်လျှင် သူတို့သည် ငါ့ကို အသုံးမပြုသင့်” ဟူ၍ အစဉ် အပြန်အလှန်စဉ်းစားသည်။ အထက်၏ စုံစမ်းမေးမြန်းခြင်းနှင့် ကြီးကြပ်ခြင်းကို ၎င်းတို့ လုံးဝ နားမလည်ဘဲ အတိုက်အခံပြုသည်။ ဤသို့သော လူများ၌ ဆင်ခြင်တုံတရားရှိသလော။ ၎င်းတို့သည် အဘယ်ကြောင့် အထက်ကို စုံစမ်းမေးမြန်းမှုများပြုခွင့်၊ ၎င်းတို့ကို ကြီးကြပ်ခွင့် မပြုသနည်း။ ထို့အပြင် ၎င်းတို့သည် အဘယ်ကြောင့် အတိုက်အခံဖြစ်ပြီး အာခံသနည်း။ ဤတွင် ပြဿနာက အဘယ်နည်း။ ၎င်းတို့၏ တာဝန်ထမ်းဆောင်မှုသည် ထိရောက်မှုရှိမရှိ၊ အလုပ်တိုးတက်မှုကို နှောင့်နှေးစေမည် ဟုတ်မဟုတ် ဆိုသည်ကို ၎င်းတို့ ဂရုမစိုက်။ ၎င်းတို့တာဝန်ကို ထမ်းဆောင်သောအခါ၌ သမ္မာတရားစည်းမျဉ်းများကို မရှာဖွေဘဲ ၎င်းတို့အလိုရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ရလဒ်များအကြောင်းကို၊ သို့မဟုတ် အလုပ်၏ ထိရောက်မှုကို မတွေးပေ။ ပြီးလျှင် ဘုရားအိမ်တော်၏ အကျိုးစီးပွားများကို လုံးဝ မတွေးပေ။ ဘုရားသခင် ရည်ရွယ်ပြီး တောင်းဆိုသည့်အရာများကိုဆိုလျှင် ပို၍ပင် မတွေးပေ။ ၎င်းတို့၏ အတွေးမှာ “ငါ၏ တာဝန်ကို ထမ်းဆောင်ခြင်းအတွက် ငါ့တွင် ကိုယ်ပိုင်နည်းလမ်းများ၊ လုပ်ရိုးလုပ်စဉ်များရှိသည်။ ငါ့ကို အလွန်အကျွံမတောင်းဆိုနှင့်၊ သို့မဟုတ် အလွန်အသေးစိတ် မတောင်းဆိုနှင့်။ ငါ၏တာဝန်ကို လုပ်ဆောင်နိုင်ခြင်းက လုံလောက်နေပြီ ဖြစ်သည်။ ငါသည် အလွန်မောပန်းနွမ်းနယ်၍၊ သို့မဟုတ် ဒုက္ခခံ၍ မရပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့အလုပ်ကို ပိုသိရန် အထက်က စုံစမ်းမေးမြန်းခြင်းများ၊ ကြိုးပမ်းမှုများကို ၎င်းတို့ နားမလည်ပေ။ ၎င်းတို့၏ ဤနားလည်မှုကင်းမဲ့ခြင်းတွင် မည်သည့်အရာ လိုအပ်နေသနည်း။ ကျိုးနွံနာခံခြင်းကို လိုအပ်နေခြင်း မဟုတ်လော။ တာဝန်သိစိတ်ကို လိုအပ်နေခြင်းမဟုတ်လော။ သစ္စာစောင့်သိမှုလော။ ၎င်းတို့သည် မိမိတို့၏ တာဝန်ထမ်းဆောင်ခြင်းတွင် အမှန်တကယ်ပင် တာဝန်သိပြီး သစ္စာစောင့်သိလျှင် ၎င်းတို့အလုပ်အပေါ် အထက်၏ စုံစမ်းမေးမြန်းမှုများကို ငြင်းပယ်မည်လော။ (ငြင်းပယ်မည်မဟုတ်။) ၎င်းတို့ နားလည်နိုင်လိမ့်မည်။ ၎င်းတို့က အမှန်တကယ် နားမလည်နိုင်လျှင် ဖြစ်နိုင်ခြေတစ်ခုသာရှိသည်။ ၎င်းတို့တာဝန်ကို ၎င်းတို့၏ အသက်မွေးမှု၊ စားဝတ်နေရေးအဖြစ်မြင်ပြီး ယင်းအပေါ်၌ အရင်းအနှီးပြုကာ ၎င်းတို့ထမ်းဆောင်သည့်တာဝန်ကို ဆုလာဘ်ရယူရန် အခြေအနေနှင့် အလဲအလှယ်တစ်ခုအဖြစ် အစဉ်မှတ်ယူသည်။ ၎င်းတို့သည် ဘုရားသခင်၏ တာဝန်ပေးစေခိုင်းချက်ကို ၎င်းတို့၏တာဝန်၊ ၎င်းတို့၏ ဝတ္တရားအဖြစ် မှတ်ယူရန် ကြိုးပမ်းခြင်းလုံးဝမရှိဘဲ အထက်နှင့် အဆင်ပြေရန် သိက္ခာရှိသော အလုပ်အနည်းငယ်ကိုသာ လုပ်လိမ့်မည်။ ထို့ကြောင့် အထက်က ၎င်းတို့အလုပ်ကို စုံစမ်းမေးမြန်းမှုများ ပြုသောအခါ၊ သို့မဟုတ် ကြီးကြပ်သောအခါ ၎င်းတို့သည် စက်ဆုပ်သော၊ အတိုက်အခံဖြစ်သော စိတ်နေစိတ်ထားသို့ ရောက်ရှိသွားသည်။ ဤသို့ မဟုတ်သလော။ (ဟုတ်ပါသည်။) ဤပြဿနာသည် မည်သည့်နေရာမှ အရင်းခံသနည်း။ ယင်း၏ အနှစ်သာရမှာ အဘယ်နည်း။ အလုပ်စီမံကိန်းအပေါ် ၎င်းတို့၏ သဘောထားမှာ မှားယွင်းနေခြင်း ဖြစ်သည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ အလုပ်ထိရောက်မှုနှင့် အကျိုးစီးပွားများအကြောင်းကို တွေးရမည့်အစား ဇာတိပကတိဆိုင်ရာ အေးဆေးမှုနှင့် သက်သာမှုကိုသာ၊ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်ကိုသာ တွေးသည်။ သမ္မာတရားစည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရန် လုံးဝ မကြိုးစားပေ။ ၎င်းတို့တွင် အမှန်ပင် အသိစိတ်နှင့် ဆင်ခြင်တုံတရားအနည်းငယ်ရှိခဲ့လျှင် အထက်၏ စုံစမ်းမေးမြန်းခြင်းများနှင့် ကြီးကြပ်ခြင်းကို နားလည်နိုင်လိမ့်မည်။ ၎င်းတို့သည် စိတ်နှလုံးမှနေ၍ “အထက်က စုံစမ်းမေးမြန်းမှုများပြုခြင်းသည် ကောင်းသောအရာ ဖြစ်သည်။ သို့မဟုတ်လျှင် ငါသည် ကိုယ့်အလိုဆန္ဒအတိုင်းလုပ်ဆောင်နေလိမ့်မည်။ ဤသို့ဆိုလျှင် အလုပ်၏ အကျိုးသက်ရောက်မှုကို ထိခိုက်စေမည်၊ သို့မဟုတ် ဖျက်ဆီးမိလိမ့်မည်။ အထက်က မိတ်သဟာယဖွဲ့ပြီး အမှုအရာများကို စစ်ဆေးသည်။ တကယ့်ပြဿနာများကို အမှန်တကယ် ဖြေရှင်းခဲ့သည်။ ယင်းမှာ ကောင်းလိုက်လေခြင်းပါတကား” ဟူ၍ ပြောနိုင်လိမ့်မည်။ ဤသည်မှာ သူသည် တာဝန်သိသောသူတစ်ဦး ဖြစ်သည်ကို ပြလိမ့်မည်။ ၎င်းတို့က အလုပ်ကို ၎င်းတို့ဘာသာ တာဝန်ယူလုပ်ဆောင်လျှင်၊ အမှားတစ်ခု၊ သို့မဟုတ် ဟာကွက်တစ်ခု ဖြစ်ပျက်ခဲ့ပြီး ဘုရားအိမ်တော်၏ အလုပ်အတွက် ဆုံးရှုံးမှုဖြစ်ကာ ဖာထေးရန် ဖြစ်နိုင်မည်မဟုတ်လျှင် ယင်းသည် ၎င်းတို့ မခံယူနိုင်သည့် တာဝန်ဖြစ်မည်ကို ၎င်းတို့ ကြောက်ရွံ့သည်။ ယင်းသည် တာဝန်သိစိတ်တစ်ခုမဟုတ်လော။ (ဟုတ်ပါသည်။) တာဝန်သိစိတ်တစ်ခုဖြစ်ပြီး ၎င်းတို့၏ သစ္စာစောင့်သိမှုကို ဖြည့်ဆည်းနေသည့် လက္ခဏာတစ်ခုဖြစ်သည်။ ၎င်းတို့၏အလုပ်ကို အခြားလူများက စုံစမ်းမေးမြန်းမှုများ ပြုခွင့်မပေးသူတို့၏ စိတ်တွင် မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ “တာဝန်ပေးခြင်း ခံရသည်မှာ ငါဖြစ်သည်ကို ကြည့်လျှင် ဤအလုပ်သည် ငါ၏ ကိစ္စဖြစ်သည်။ ငါ၏ ကိုယ်ပိုင်ကိစ္စနှင့်ပတ်သက်လျှင် ငါက အဆုံးအဖြတ်ပေးသည်။ မည်သူ့ကိုမျှ ပါဝင်ပတ်သက်ဖို့ ငါမလိုအပ်ပါ” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို မိမိတို့ဘာသာ စဉ်းစားပြီး ၎င်းတို့၏ ပင်ကိုစရိုက်က စေစားသည့်အတိုင်း ၎င်းတို့လုပ်ဆောင်လိုသည့်အရာကို လုပ်ဆောင်သည်။ ၎င်းတို့သည် ၎င်းတို့အား အကျိုးဖြစ်စေမည့် မည်သည့်အရာကိုမဆို လုပ်ဆောင်သည်။ ပြီးလျှင် ကိစ္စများကို မည်သူ့ကိုမျှ မေးမြန်းခွင့်မပြု။ အရေးကိစ္စတို့၏ အမှန်တကယ်အခြေအနေကို မည်သူ့ကိုမျှ သိခွင့်မပြု။ သင်က ၎င်းတို့အား “ထိုအလုပ်တာဝန်က အခြေအနေ အဘယ်သို့ရှိသနည်း” ဟု မေးလျှင် ၎င်းတို့က “စောင့်ပါ” ဟု ပြောမည်။ ထို့နောက် သင်က “တိုးတက်မှုအခြေအနေ မည်သို့ရှိနေသနည်း” ဟု မေးလျှင် ၎င်းတို့က “ပြီးလုပြီ” ဟု ပြောမည်။ သင်က ၎င်းတို့ကို မည်သည့်အရာမေးသည်ဖြစ်စေ စကားတစ်လုံး၊ နှစ်လုံးသာ ပြောလိမ့်မည်။ ၎င်းတို့သည် တစ်ကြိမ်တွင် စကားအနည်းငယ်သာ ထုတ်ပြောလိမ့်မည်ဖြစ်ပြီး ထိုထက်မပိုပေ။ တိကျသော၊ သတ်သတ်မှတ်မှတ်ဖြစ်သော ဝါကျတစ်ကြောင်းကို ၎င်းတို့ပေးမည်မဟုတ်။ ဤသို့သောလူများကို စကားပြောရခြင်းသည် စက်ဆုပ်ဖွယ်ဖြစ်သည်ဟု မမြင်သလော။ ၎င်းတို့သည် သင့်အား မည်သည့်အရာကိုမျှ မပြောလိုသည်မှာ သိသာသည်။ သင်က မေးခွန်းများ ထပ်မေးလျှင် ၎င်းတို့က “အမှုကိစ္စများကို ကျွန်ုပ် မလုပ်ဆောင်နိုင်သည့်အလား ထိုအသေးအဖွဲကိစ္စများကို သင်ဆက်တိုက်မေးနေသည်။ ကျွန်ုပ်သည် တာဝန်နှင့် မသင့်တော်သကဲ့သို့ဖြစ်သည်” ဟူ၍ စိတ်မရှည်ဖြစ်ကြသည်။ ၎င်းတို့သည် လူတို့ကို မေးခွန်းများ မေးခွင့်ပြုလိုစိတ် မရှိခြင်းပင်ဖြစ်သည်။ သင်က ၎င်းတို့အား ဆက်၍မေးနေလျှင် ၎င်းတို့က “သင့်အတွက် ကျွန်ုပ်သည် မည်သည့်အရာ ဖြစ်သနည်း။ ဆရာလုပ်ရန် မြည်း၊ သို့မဟုတ် မြင်းတစ်ကောင်ကောင်ဖြစ်သလော။ သင် ကျွန်ုပ်ကို မယုံကြည်လျှင် ကျွန်ုပ်ကို အသုံးမပြုနှင့်။ ကျွန်ုပ်ကို အသုံးပြုလျှင် ကျွန်ုပ်ကို ယုံကြည်ရမည်။ ကျွန်ုပ်ကို ယုံကြည်ခြင်းဆိုသည်မှာ သင်က စုံစမ်းမေးမြန်းခြင်းများ အစဉ်မပြုလုပ်သင့်သည်ကို ဆိုလိုခြင်းဖြစ်သည်” ဟု ပြောလိမ့်မည်။ ဤသည်မှာ ၎င်းတို့တွင်ရှိသော သဘောထားမျိုးဖြစ်သည်။ ၎င်းတို့သည် အလုပ်အစီအစဉ်ကို ၎င်းတို့လုပ်ဆောင်ရမည့် တာဝန်အဖြစ် မှတ်ယူသလော။ (မမှတ်ယူပါ။) အန္တိခရစ်များသည်အလုပ်ကို ၎င်းတို့၏ တာဝန်အဖြစ် မမှတ်ယူဘဲ ကောင်းချီးများနှင့် ဆုလာဘ်တစ်ခုကို ရယူရန် အလဲအလှယ်လုပ်သည့်အရာအဖြစ် မှတ်ယူသည်။ ၎င်းတို့သည် အလုပ်လုပ်ပေးရုံမျှဖြင့် ကျေနပ်ကြသည်။ ယင်းကို ကောင်းချီးများဖြင့် လဲလှယ်လိုသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ဝတ်ကျေတမ်းကျေဆန်သော သဘောထားဖြင့် အလုပ်လုပ်ခြင်း ဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့သည် အခြားလူများကို ၎င်းတို့၏ အလုပ်တွင် ကြားဝင်စွက်ဖက်ခြင်း မပြုစေလိုရခြင်း၏ တစ်စိတ်တစ်ဒေသမှာ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့်မာနကို ထိန်းသိမ်းရန်အတွက် ဖြစ်သည်။ ၎င်းတို့ထမ်းဆောင်သည့်တာဝန်နှင့် ၎င်းတို့လုပ်သည့်အလုပ်ကို ၎င်းတို့ ပိုင်ဆိုင်သည်ဟုလည်းကောင်း၊ ယင်းတို့သည် ၎င်းတို့၏ ကိုယ်ရေးကိုယ်တာ ကိစ္စများ ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤအတွက်ကြောင့် ၎င်းတို့သည် အခြားလူများကို ဝင်ရောက်စွက်ဖက်ခွင့် မပြုခြင်းဖြစ်သည်။ အခြားတစ်ဖက်တွင် ၎င်းတို့သည် အလုပ်ကို ကောင်းစွာလုပ်ဆောင်ပြီးခဲ့လျှင် ၎င်းတို့သည် ယင်းအတွက် အသိအမှတ်ပြုခံရဖို့ တောင်းဆိုနိုင်သည်။ ဆုချီးမြှင့်ခံရဖို့ တောင်းခံနိုင်သည်။ တစ်စုံတစ်ယောက်က ကြားဝင်စွက်ဖက်လျှင် ၎င်းတို့တစ်ဦးတည်းသာ အသိအမှတ်ပြုခံရမည် မဟုတ်တော့။ အခြားလူများက ၎င်းတို့၏ နာမည်ကောင်းကို လုယူမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသည်။ ဤအတွက်ကြောင့် ၎င်းတို့၏အလုပ်၌ အခြားလူများက ဝင်ရောက်စွက်ဖက်ခြင်းကို ၎င်းတို့ လုံးဝ ခွင့်ကို မပြုခြင်းဖြစ်သည်။ အန္တိခရစ်ကဲ့သို့သော ဤလူတို့သည် တစ်ကိုယ်ကောင်းဆန်ပြီး ယုတ်မာသည် မဟုတ်သလော။ မည်သည့်တာဝန်ကို ၎င်းတို့ လုပ်ဆောင်နေသည်ဖြစ်စေ ယင်းသည် ၎င်းတို့၏ အတွင်းရေးကိစ္စများကို ကိုင်တွယ်နေသကဲ့သို့ ဖြစ်သည်။ ၎င်းတို့သည် တစ်စုံတစ်ခုကို ၎င်းတို့ဘာသာ လုပ်ဆောင်သောအခါ၌ မည်သည့်အခြေအနေရှိသည်ဖြစ်စေ အခြားလူများကို ဝင်ရောက်စွက်ဖက်ခွင့်ကို မပြုပေ၊ သို့မဟုတ် ပါဝင်လုပ်ဆောင်ခွင့်ကို မပြုပေ။ ၎င်းတို့သည် ကောင်းစွာလုပ်ဆောင်လျှင် အခြားလူတစ်ယောက်က နာမည်ကောင်းနှင့် အလုပ်ရလဒ်များကို ဝေမျှခံစားဖို့တောင်းဆိုသည်ကို ခွင့်မပြုရန်အတွက် နာမည်ကောင်းကို ၎င်းတို့သာ ရယူမည်ဖြစ်သည်။ ဤသည်မှာ ဒုက္ခမပေးသလော။ ယင်းသည် မည်သည့် စိတ်သဘောထားဖြစ်သနည်း။ စာတန်၏ စိတ်သဘောထားဖြစ်သည်။ စာတန် ပြုမူဆောင်ရွက်သည့်အခါတွင် အခြားမည်သူ၏ ဝင်ရောက်စွက်ဖက်မှုကိုမျှ ခွင့်မပြုပေ။ ၎င်းလုပ်ဆောင်သမျှ၌ ဆုံးဖြတ်ပိုင်ခွင့်ရှိလိုပြီး အရာရာကို ထိန်းချုပ်လိုကာ မည်သူမျှ မကြီးကြပ်ရပေ၊ သို့မဟုတ် မေးမြန်းခြင်းတစ်ခုတလေ မပြုရပေ။ တစ်ဦးတလေက ဝင်ရောက်စွက်ဖက်ပါက၊ သို့မဟုတ် ကြားဝင်နှောင့်ယှက်ပါက ဤသည်မှာ သာ၍ပင် လက်သင့်ခံနိုင်ဖွယ် မရှိပေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး ပြုမူဆောင်ရွက်သည့် ပုံစံဖြစ်သည်။ ၎င်းတို့ မည်သည့်အရာကို လုပ်ဆောင်ပါစေ မည်သူမျှ မေးမြန်းခြင်းတစ်ခုတလေ ပြုခွင့်မရှိသကဲ့သို့ နောက်ကွယ်တွင် ၎င်းတို့ မည်သို့စီမံဆောင်ရွက်ပါစေ မည်သူမျှ ဝင်ရောက်စွက်ဖက်ခွင့် မရှိချေ။ ဤသည်မှာ အန္တိခရစ်တစ်ဦး၏ အပြုအမူဖြစ်သည်။ တစ်ဖက်တွင် ၎င်းတို့သည် အလွန်အမင်း မာနထောင်လွှားသည့် စိတ်သဘောထား ရှိသောကြောင့်ဖြစ်ပြီး အခြားတစ်ဖက်တွင် ဆင်ခြင်တုံတရား အလွန်အမင်း ကင်းမဲ့သောကြောင့် ဤသို့ ၎င်းတို့ ပြုမူဆောင်ရွက်ခြင်းဖြစ်ပေသည်။ ၎င်းတို့သည် ကျိုးနွံနာခံခြင်း လုံးလုံး ကင်းမဲ့ကြသကဲ့သို့ မည်သူတစ်ဦးတစ်ယောက်ကိုမျှ ၎င်းတို့အား ကြီးကြပ်ခွင့်၊ သို့မဟုတ် ၎င်းတို့၏ အလုပ်ကို ကြည့်ရှုစစ်ဆေးခွင့် မပြုကြပေ။ ဤသည်တို့သည် ဧကန်အမှန် မကောင်းဆိုးဝါးတစ်ဦး၏ လုပ်ရပ်များဖြစ်ကာ၊ သာမန်လူတစ်ဦး၏ လုပ်ရပ်များနှင့် လုံးလုံး ကွာခြားလေသည်။ အလုပ်လုပ်သည့်သူ မည်သူမဆိုသည် အခြားသူများ၏ ပူးပေါင်းဆောင်ရွက်ခြင်းကို လိုအပ်သည်။ အခြားလူများ၏ အကူအညီ၊ အကြံပြုချက်များနှင့် ပူးပေါင်းဆောင်ရွက်ခြင်းများကို ၎င်းတို့ လိုအပ်သည်။ ပြီးလျှင် ကြီးကြပ်သည့်သူ၊ သို့မဟုတ် စောင့်ကြည့်သည့်သူ တစ်စုံတစ်ဦးရှိပါက ဤသည်မှာ မကောင်းသည့်အရာတစ်ခု မဟုတ်ပေ။ ယင်းမှာ လိုအပ်ပေသည်။ အလုပ်၏ တစ်စိတ်တစ်ပိုင်းတွင် အမှားများဖြစ်လာပြီး ယင်းတို့သည် စောင့်ကြည့်နေသည့် လူများ၏ ခွဲခြားဖော်ထုတ်ခြင်းကို ခံရပြီး ချက်ချင်း ပြုပြင်ခြင်းခံရကာ အလုပ်တွင်ဖြစ်သော ဆုံးရှုံးမှုများကို ရှောင်လွှဲပါက ဤသည်မှာ ကြီးမားသော အထောက်အကူတစ်ခု မဟုတ်သလော။ ထို့ကြောင့် ထက်မြက်သော လူများက အမှုအရာများကို လုပ်ဆောင်သည့်အခါတွင် အခြားလူများ၏ ကြီးကြပ်ခံရခြင်း၊ စောင့်ကြည့်လေ့လာခံရခြင်းနှင့် စုံစမ်းမေးမြန်းမှုများ ပြုလုပ်ခံရခြင်းတို့ကို နှစ်သက်ကြသည်။ မတော်တဆ အမှားတစ်ခု တကယ် ဖြစ်ပေါ်လာပြီး ဤလူများက ယင်းကို ထောက်ပြနိုင်ကာ ထိုအမှားကို ချက်ချင်း ပြုပြင်နိုင်ခဲ့ပါက ဤသည်မှာ များစွာ လိုလားအပ်သော အဆုံးသတ်တစ်ခု မဟုတ်လော။ ဤလောကထဲရှိ မည်သူတစ်ဦးတစ်ယောက်မျှ အခြားသူများ၏ အကူအညီ မလိုသည့်သူ မရှိချေ။ အော်တစ်ဇင်ရောဂါရှိသူ၊ သို့မဟုတ် စိတ်ဓာတ်ကျနေသူများသာ မိမိဘာသာ လုပ်ဆောင်ရခြင်းကို၊ အခြားသောလူများနှင့် ထိတွေ့မှု၊ သို့မဟုတ် ပြောဆိုဆက်ဆံမှု မရှိခြင်းကို နှစ်သက်ကြသည်။ လူများသည် အထီးကျန်စိတ်ဝေဒနာ၊ သို့မဟုတ် စိတ်ကျရောဂါ ခံစားနေရသည့်အခါ ၎င်းတို့သည် ပုံမှန် မဟုတ်တော့ပေ။ မိမိတို့ကိုယ်ကို ထိန်းချုပ်နိုင်ခြင်း မရှိတော့ပေ။ လူများ၏ စိတ်နှင့် ဆင်ခြင်တုံတရားတို့သည် ပုံမှန်ဖြစ်သော်လည်း ၎င်းတို့သည် အခြားသူများနှင့် ဆက်သွယ်ပြောဆိုလိုခြင်းသာ မရှိလျှင်၊ ၎င်းတို့ လုပ်သည့် မည်သည့်အရာကိုမျှ လူများကို မသိစေလိုလျှင်၊ ၎င်းတို့သည် လျှို့ဝှက်စွာ၊ အတွင်းရေးဆန်စွာ လုပ်ဆောင်လိုပြီး နောက်ကွယ်၌ လှုပ်ရှားလိုလျှင် အခြားမည်သူမဆို ပြောဆိုသည့်အရာကိုမျှ နားမထောင်လျှင် ထိုသို့သော လူများသည် အန္တိခရစ်များဖြစ်သည် မဟုတ်လော။ ၎င်းတို့သည် အန္တိခရစ်များဖြစ်သည်။

တစ်ခါက အသင်းတော်တစ်ခု၏ ခေါင်းဆောင်ကို ငါတွေ့သောအခါ ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှုတွင် မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သူ့အား ငါမေးခဲ့သည်။ ငါက “လက်ရှိတွင် အသင်းတော်၌ အသင်းတော်အသက်တာကို နှောင့်ယှက်နေသောသူ တစ်ယောက်တလေ ရှိသလော” ဟု မေးသည်။ သူပြောသည့်အရာကို သင် မှန်းဆနိုင်သလော။ “အခြေအနေအားလုံးက အဆင်ပြေပါသည်။ ပြဿနာမရှိ” ဟူ၍ ဖြစ်သည်။ ငါက “ညီအစ်မ မည်သူမည်ဝါသည် သူမတာဝန်တွင် မည်သို့အခြေအနေရှိသနည်း” ဟု မေးသည်။ သူက “အဆင်ပြေသည်” ဟု ဆိုသည်။ ထို့နောက် ငါက “ဘုရားသခင်ကို သူမ ယုံကြည်ခဲ့သည်မှာ နှစ်မည်မျှရှိသနည်း” ဟု မေးသည်။ သူက “အဆင်ပြေပါသည်” ဟု ပြောသည်။ ငါက “ဤစားပွဲသည် ဤနေရာတွင် မရှိသင့်။ ရွှေ့ရမည်” ဟု ပြောသည်။ သူက “ကျွန်ုပ် စဉ်းစားလိုက်မည်” ဟု ဆိုသည်။ ငါက “ဤမြေကွက်က ရေလောင်းဖို့ မလိုအပ်သလော” ဟု ပြောသည်။ သူက “ယင်းကို ကျွန်ုပ်တို့ မိတ်သဟာယဖွဲ့မည်” ဟု ဆိုသည်။ ငါက “ဤသည်မှာ ဤနှစ်တွင် ဤမြေကွက်၌ သင်စိုက်ပျိုးခဲ့သော သီးနှံဖြစ်သည်။ နောက်နှစ်တွင် ဤသီးနှံကိုပင် စိုက်ပျိုးမည်လော” ဟု ပြောသည်။ သူက “ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ချသည့် အဖွဲ့၌ အစီအစဉ်ရှိသည်” ဟု ဆိုသည်။ ယင်းတို့မှာ သူပေးသော အဖြေမျိုးတို့ဖြစ်သည်။ ယင်းတို့ကို ကြားသောအခါတွင် သင့်အား မည်သည့်ခံစားချက်ပေးသနည်း။ ယင်းတို့တွင် တစ်စုံတစ်ခုကို သင်နားလည်သလော။ သတင်းအချက်အလက်တစ်ခုခုကို ရသလော။ (လုံးဝ မရပါ။) သူသည် သင့်အား နှပ်ချသည်ကိုလည်းကောင်း၊ သင့်အား ငတုံးငအ၊ ပြင်ပလူအဖြစ် မှတ်ယူနေသည်ကိုလည်းကောင်း ချက်ချင်းသိနိုင်သည်။ ပြင်ပလူက အတိအကျမည်သူ ဖြစ်သည်ကို သူမသိပေ။ ဤအရာကို ဘာသာတရားမရှိသူများက “ဧည့်ခံဝတ်ပြုသူအဖြစ် ပြုမူနေသော ဧည့်သည်” ဟု ခေါ်သည်။ သူကိုယ်တိုင်၏ ပင်ကိုလက္ခဏာကို သူမသိပေ။ ငါက “ဤနေရာတွင် လူပေါင်းများစွာ နေထိုင်နေကြသည်။ လေက ကောင်းစွာ လည်ပတ်မှုမရှိ။ ပန်ကာတစ်ခုကို ဆင်သင့်သည်၊ သို့မဟုတ်လျှင် ဤနေရာတွင် အလွန်ပူလိမ့်မည်။ ပြီးလျှင် လူတို့သည် အပူရှပ်ဖွယ်ရှိလိမ့်မည်” ဟု ဆိုသည်။ သူက “ယင်းကို ကျွန်ုပ်တို့ ဆွေးနွေးမည်” ဟု ဆိုသည်။ ငါ သူ့ကို ပြောသမျှကို သူက ဆွေးနွေးရန် လိုအပ်နေသည်။ မိတ်သဟာယဖွဲ့ရန်နှင့် အသေအချာ စဉ်းစားရန်လည်း လိုအပ်နေသည်။ မည်သည့် အစီအစဉ်များကို ငါပြုလုပ်သည်ဖြစ်စေ၊ မည်သည့်အရာကို ငါပြောသည်ဖြစ်စေ၊ သူ့အတွက် အရေးမကြီးပေ။ သူ့အတွက် ယင်းတို့သည် အစီအစဉ်များ၊ သို့မဟုတ် အမိန့်များမဟုတ်။ ပြီးလျှင် ယင်းတို့ကို သူ အကောင်အထည် မဖော်ခဲ့ပေ။ ဤသို့ဆိုလျှင် ငါ၏ စကားများကို မည်သည့်အရာအဖြစ် သူမှတ်ယူခဲ့သနည်း။ (သူ စဉ်းစားသုံးသပ်ရန် အကြံပြုချက်များအဖြစ် ဖြစ်သည်။) သူ စဉ်းစားသုံးသပ်ရန် အကြံပြုချက်များကို ငါပေးခဲ့ခြင်းဖြစ်သလော။ မဟုတ်ပေ။ ငါသည် သူ့ကို မည်သည့်အရာ သူလုပ်ဆောင်သင့်သည်ကို၊ မည်သည့်အရာ သူလုပ်ရမည်ကို ငါပြောနေခြင်း ဖြစ်သည်။ ငါပြောနေသည့်အရာကို သူနားမလည်ခဲ့ခြင်း ဖြစ်သလော။ သူနားမလည်ခဲ့လျှင် သူ၏ ပင်ကိုလက္ခဏာသည် မည်သည့်အရာဖြစ်သည်ကို မသိသော၊ သို့မဟုတ် မည်သည့်တာဝန်အား သူထမ်းဆောင်နေသည်ကို မသိသော ဉာဏ်မရှိသူ ဖြစ်သည်ဟု ဆိုလိုသည်။ လေအအေးပေးစက်၊ သို့မဟုတ် လေထွက်ပေါက်မရှိဘဲ ထိုနေရာတွင် လူများစွာနေထိုင်နေကြသည်။ ပန်ကာတစ်ခုကို မတပ်ဆင်သည့်အတွက် သူသည် မည်မျှ ဉာဏ်ရှိနေနိုင်သနည်း။ သူသည် ချက်ချင်း အိမ်ပြန်သင့်သည်။ သူသည် အမှိုက်ဖြစ်သည်။ ဘုရားအိမ်တော်က အမှိုက်ကို အလိုမရှိ။ လူတို့သည် မည်သည့်အရာမဆိုနှင့် ပတ်သက်၍ အရာရာတိုင်းကို မသိသော်လည်း သင်ယူနိုင်သည်။ ငါနားမလည်သော အရာအချို့ရှိသည်။ ထို့ကြောင့် “ယင်းကို လုပ်ဆောင်ရန် မည်သည့်အရာက နည်းလမ်းကောင်းတစ်ခုဖြစ်သည်ဟု သင်တို့ ထင်ကြသနည်း။ သင်တို့၏ အကြံပြုချက်များကို လွတ်လပ်စွာ ပေးနိုင်သည်”ဟူ၍ ယင်းတို့ကို အခြားလူများနှင့် ငါဆွေးနွေးသည်။ နည်းလမ်းတစ်ခုခုက အကောင်းဆုံးဖြစ်သည်ဟု လူအချို့က ထင်လျှင် ငါက “ကောင်းပြီ။ သင်ပြောသည့်အတိုင်း လုပ်ကြစို့။ မည်သို့ပင်ဖြစ်စေ မည်သည့်အရာအား ငါတို့လုပ်သင့်သည်ကို ငါသေချာ မတွေးရသေးပေ။ သင်ပြောသည့်အရာအတိုင်း ငါတို့လုပ်ဆောင်မည်” ဟု ဆိုသည်။ ယင်းသည် ပုံမှန်လူ့သဘာဝ၏ စဉ်းစားပုံ မဟုတ်လော။ ဤသည်မှာ အခြားလူများနှင့် သင့်မြတ်သည်ဟု ဆိုလိုသည့်အရာ ဖြစ်သည်။ လူတို့သည် အခြားလူများနှင့် သင့်မြတ်ခြင်းတွင် မည်သူက သာလွန်သည်၊ မည်သူက နိမ့်ကျသည်၊ သို့မဟုတ် မည်သူက ထင်ပေါ်ပြီး မည်သူက မထင်ပေါ်သည်၊ သို့မဟုတ် အမှုအရာများအပေါ် မည်သူက ဆုံးဖြတ်ပိုင်ခွင့် ရှိသည်တို့ကြား၌ ခွဲခြားမှု မပြုရပေ။ ဤခွဲခြားမှုများကို ပြုလုပ်ဖို့ မလိုအပ်ပေ။ မည်သူ၏ နည်းလမ်းက မှန်ကန်ပြီး သမ္မာတရားစည်းမျဉ်းများနှင့် ကိုက်ညီသည်ဖြစ်စေ ယင်းမှာ အရေးစိုက်ရမည့်သူ ဖြစ်သည်။ သင်တို့သည် ဤသို့လုပ်ဆောင်နိုင်စွမ်း ရှိသလော။ (ရှိပါသည်။) ဤသို့လုပ်ဆောင်နိုင်စွမ်း မရှိသောသူအချို့ ရှိသည်။ အန္တိခရစ်များက ဤသို့လုပ်ဆောင်နိုင်စွမ်းမရှိ။ ၎င်းတို့သည် အဆုံးအဖြတ်ပေးပိုင်ခွင့်ကိုသာ မလျှော့တမ်း တောင်းဆိုသည်။ ယင်းသည် မည်သည့်အရာမျိုးဖြစ်သနည်း။ အခြားလူများက တင်ပြသောအရာများသည် ကျိုးကြောင်းသင့်လျှင်ပင် ၎င်းတို့အတွက် အလုပ်မဖြစ်ပေ။ မှန်ကန်ပြီး ကျိုးကြောင်းသင့်သည်ကို ၎င်းတို့သိသော်လည်း အခြားသူတစ်ဦးတလေက အဆိုပြုသည့် မည်သည့်အရာကိုမျှ လိုက်နာမည်မဟုတ်။ တစ်စုံတစ်ခုကို အဆိုပြုသည်မှာ ၎င်းတို့ ဖြစ်သရွေ့ ၎င်းတို့ပျော်ရွှင်သည်။ ဤသေးငယ်သောကိစ္စတွင်ပင် ၎င်းတို့သည် ပြိုင်ဘက်ကင်းဖို့အတွက် ယှဉ်ပြိုင်ကြိုးစားသည်။ ယင်းသည် မည်သည့်စိတ်သဘောထားနည်း။ အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားဖြစ်သည်။ ၎င်းတို့သည် အဆင့်အတန်း၊ ကျော်ကြားမှု၊ ဂုဏ်တို့အပေါ်တွင် အလွန်အကျွံ တန်ဖိုးထားသည်။ မည်မျှ တန်ဖိုးထားသနည်း။ ထိုအရာများသည် ၎င်းတို့အတွက် ၎င်းတို့၏အသက်ထက်ပင် ပိုအရေးကြီးသည်။ ၎င်းတို့၏ အသက်စွန့်ရမည်ဆိုလျှင်ပင် ၎င်းတို့၏ အဆင့်အတန်းနှင့် ကျော်ကြားမှုကို အကာအကွယ်ပေးလိမ့်မည်။

အန္တိခရစ်တို့သည် ၎င်းတို့လုပ်သည့် မည်သည့်အလုပ်မဆို၌ အခြားလူများ၏ ဝင်ရောက်စွက်ဖက်မှု၊ စုံစမ်းမေးမြန်းမှုများ၊ သို့မဟုတ် ကြီးကြပ်မှုတို့ကို တားမြစ်သကဲ့သို့ ဤတားမြစ်ချက်သည် နည်းအချို့တွင် ပေါ်လွင်လေသည်။ တစ်ခုမှာ ရိုးရိုးရှင်းရှင်း ငြင်းဆိုခြင်း ဖြစ်သည်။ “ကျွန်ုပ် အလုပ်လုပ်နေချိန်တွင် ဝင်ရောက်စွက်ဖက်ခြင်း၊ စုံစမ်းမေးမြန်းခြင်းနှင့် ကျွန်ုပ်ကို ကြီးကြပ်ခြင်းတို့ကို ရပ်ပါ။ ကျွန်ုပ်လုပ်သည့် မည်သည့်အလုပ်မဆိုသည် ကျွန်ုပ်၏ တာဝန်ဖြစ်သည်။ လုပ်ရမည့်ပုံနှင့်ပတ်သက်၍ ကျွန်ုပ်၌ အကြံရှိပြီးဖြစ်သလို ကျွန်ုပ်ကို စီမံခန့်ခွဲဖို့ မည်သူ့ကိုမျှ ကျွန်ုပ် မလိုအပ်ပါ” ဟူ၍ ဖြစ်သည်။ ဤသည်မှာ မကွယ်မထောင့် ငြင်းဆန်ခြင်း ဖြစ်သည်။ နောက်ထပ် သရုပ်သကန်မှာ “ဟုတ်ပါပြီ။ မိတ်သဟာယပြုပြီး အလုပ်ကို မည်သို့လုပ်သင့်သည်ကို ကြည့်ကြပါစို့”ဟု ပြောလျက် သဘောပေါက်လက်ခံလွယ်သည့် အသွင်ဖြစ်သည်၊ သို့သော်လည်း အခြားသူများက အမှန်တကယ် စုံစမ်းမေးမြန်းပြီး ၎င်းတို့အလုပ်ကြောင်း ပိုသိရဖို့ ကြိုးစားသောအခါ သို့မဟုတ် ထိုသူတို့က ပြဿနာအနည်းငယ်ကို ထောက်ပြပြီး အကြံပြုချက်အနည်းငယ် ပေးသောအခါ ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ (၎င်းတို့သည် သဘောပေါက်လက်ခံခြင်း မရှိပါ။) မှန်ပေသည်။ ၎င်းတို့သည် လက်ခံဖို့ တကယ်ကို ငြင်းဆိုကြသည်။ ၎င်းတို့သည် အခြားသူများ၏ အကြံပြုချက်များကို ငြင်းပယ်ဖို့ မူမမှန်သော အကြောင်းပြချက်များနှင့် ဆင်ခြေများကို ရှာကြသည်။ ၎င်းတို့သည် အမှားကို အမှန်၊ အမှန်ကို အမှားသို့ပြောင်းသော်လည်း အမှန်မှာမူ ၎င်းတို့၏ စိတ်နှလုံးထဲတွင် ၎င်းတို့သည် ယုတ္တိကို အတင်းသွတ်သွင်းနေကြောင်း၊ ကြီးကျယ်သည့် စကားများကို ပြောနေကြောင်း၊ ၎င်းတို့ပြောနေသည့်အရာမှာ သဘောတရား သက်သက်သာ ဖြစ်ကြောင်း ၎င်းတို့၏စကားများ၌ အခြားလူများပြောဆိုသည့်အရာကဲ့သို့ လက်တွေ့ကျမှုတစ်ခုမျှ မရှိကြောင်း ၎င်းတို့ သိကြလေသည်။ သို့သော် ၎င်းတို့၏ ဂုဏ်အဆင့်အတန်းကို ကာကွယ်ဖို့၊ ၎င်းတို့သည် မှားကြောင်းနှင့် အခြားလူများက မှန်ကန်ကြောင်း ကောင်းစွာ သိလျက်နှင့် အခြားလူများ၏ အမှန်ကို အမှားအဖြစ်သို့ ပြောင်းလဲကာ မိမိတို့၏ ကိုယ်ပိုင်အမှားကို အမှန်အဖြစ်သို့ ပြောင်းလဲဆဲဖြစ်သည်။ ပြီးလျှင် ၎င်းတို့ရှိသည့်နေရာတွင် မှန်ကန်ပြီး သမ္မာတရားနှင့်ကိုက်ညီသည့် အမှုကိစ္စများကို မိတ်ဆက်ပေးဖို့၊ သို့မဟုတ် လက်တွေ့အကောင်အထည်ဖော်ဖို့ ခွင့်မပြုဘဲ ဆက်လက် ဆောင်ရွက်ကြလေသည်။ ၎င်းတို့သည် အသင်းတော်အလုပ်ကို ကစားပွဲတစ်ခုအဖြစ်၊ ရယ်စရာတစ်ခုအဖြစ် မမှတ်ယူနေသလော။ ၎င်းတို့သည် စုံစမ်းမေးမြန်းမှုများနှင့် ကြီးကြပ်မှုကို လက်ခံရန် ငြင်းဆန်နေသည် မဟုတ်သလော။ ၎င်းတို့သည် သင့်အား “သင်သည် ကျွန်ုပ်အလုပ်ကို ဝင်ရောက်စွက်ဖက်ခွင့်မရှိ” ဟု ပြောခြင်းအားဖြင့် ၎င်းတို့၏ ဤ “တားမြစ်မှု” ကို ပြောင်ပြောင်တင်းတင်း မဖော်ပြပေ။ ဤသည်မှာ ၎င်းတို့ပေါ်ပေါက်သည့်ပုံစံမဟုတ်ဘဲ ၎င်းတို့၏ စိတ်နေစိတ်ထားဖြစ်သည်။ ၎င်းတို့သည် လှည့်ကွက်အချို့ကို အသုံးပြုမည်ဖြစ်ပြီး အပြင်ပန်း၌ အလွန်ပင် ဘာသာတရားကိုင်းရှိုင်းသည့် ပုံစံရှိသည်။ ၎င်းတို့က “ကျွန်ုပ်တို့သည် အမှန်တကယ်ပင် အကူအညီ လိုအပ်နေသည့် သဘောဖြစ်နေသည်။ ထို့ကြောင့် ယခု သင်ရောက်နေသောကြောင့် ကျွန်ုပ်တို့နှင့် အနည်းငယ် မိတ်သဟာယဖွဲ့ပါ” ဟူ၍ ဆိုလိမ့်မည်။ ၎င်းတို့သည် စစ်မှန်မှုရှိသည်ဟု ၎င်းတို့ထက် အဆင့်မြင့်သော ခေါင်းဆောင်က ယုံကြည်လိမ့်မည်။ ထို့ကြောင့် ၎င်းတို့နှင့် မိတ်သဟာယဖွဲ့ကာ အခြေအနေများအကြောင်းကို အရှိအတိုင်း ပြောလိမ့်မည်။ ခေါင်းဆောင်ပြောသည်ကို ၎င်းတို့ ကြားသည်နှင့် ၎င်းတို့က “ယင်းသည် အမှုအရာများကို သင်မြင်ပုံဖြစ်သည်။ ဤသို့ဆိုလျှင် သင့်အမြင်ကို ချေပပြီး မဟုတ်မမှန်ကြောင်းပြရန်အတွက် သင်နှင့် ကျွန်ုပ်ငြင်းခုံဆွေးနွေးရမည်။ သင့်ကို အရှက်ရစေမည်” ဟူ၍ တွေးလိမ့်မည်။ ယင်းသည် လက်ခံသည့် သဘောထားဖြစ်သလော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် မည်သည့်သဘောထား ဖြစ်သနည်း။ ၎င်းတို့လုပ်ဆောင်သည့်အလုပ်တွင် အခြားလူများက ဝင်ရောက်စွက်ဖက်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်းကို သည်းခံရန် ငြင်းဆန်ခြင်း ဖြစ်သည်။ အန္တိခရစ်များက ဤသို့လုပ်ဆောင်မည်ကို ကြည့်လျှင် ၎င်းတို့သည် လူတို့ကို အဘယ်ကြောင့် ဟန်လုပ်ပြပြီး လက်ခံသည့်သဘောထားကို ဟန်ဆောင်သနည်း။ ၎င်းတို့သည် ဤနည်းဖြင့် လူတို့အား လှည့်ဖြားမည်ဆိုသည်က ၎င်းတို့ အဘယ်မျှပင် အလွန်စဉ်းလဲကြောင်းကို ပြသည်။ လူတို့က ၎င်းတို့အား ရိပ်စားမိမည်ကို ၎င်းတို့ကြောက်သည်။ အထူးသဖြင့် လက်ရှိအချိန်တွင် ပိုင်းခြားသိမြင်နိုင်စွမ်း အတိုင်းအတာတစ်ခု ရှိသည့် လူအချို့ရှိသည်။ ထို့ကြောင့် အန္တိခရစ်တစ်ဦးက အခြားလူများ၏ ကြီးကြပ်မှုနှင့် အကူအညီကို တဲ့တိုးငြင်းဆန်လျှင် လူတို့သည် သိနိုင်မည်ဖြစ်ပြီး ၎င်းတို့ကို ရိပ်စားမိနိုင်မည်။ ဤသို့ဆိုလျှင် ၎င်းတို့သည် ၎င်းတို့၏ ဂုဏ်နှင့် အဆင့်အတန်းကို ဆုံးရှုံးလိမ့်မည်။ ပြီးလျှင် နောင်တွင် ၎င်းတို့အနေဖြင့် ခေါင်းဆောင်၊ သို့မဟုတ် အမှုဆောင်အဖြစ် အရွေးခံရဖို့ လွယ်ကူမည်မဟုတ်ပေ။ ထို့ကြောင့် ပို၍အဆင့်မြင့်သော ခေါင်းဆောင်တစ်ဦးက ၎င်းတို့အလုပ်ကို စစ်ဆေးသောအခါ ၎င်းတို့က လက်ခံဟန်ဆောင်ပြီး ကျေနပ်ဖွယ်ဖြစ်သော၊ အလိုကိုဖြည့်သော အရာများအားပြောကာ “ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် မည်မျှဘာသာတရား ကိုင်းရှိုင်းသည်၊ သမ္မာတရားကို မည်မျှရှာဖွေသည်ကို ကြည့်ပါ။ ကျွန်ုပ်တို့၏ ခေါင်းဆောင်သည် ကျွန်ုပ်တို့၏ အသက်တာများနှင့် အသင်းတော်အလုပ်ကို ကြည့်ရှုစောင့်ရှောက်နေသည်။ သူသည် သူ့တာဝန်ကို ထမ်းဆောင်ခြင်းတွင် တာဝန်ခံယူမှုရှိသည်။ နောက်ရွေးကောက်ပွဲတွင် သူ့ကို ငါတို့ တစ်ဖန်ရွေးချယ်မည်” ဟူ၍ လူတိုင်းအား တွေးစေသည်။ မည်သူမျှ မမြင်မိသောအရာမှာ ပိုမိုအဆင့်မြင့်သော ခေါင်းဆောင်က ထွက်ခွာသွားသည်နှင့် အန္တိခရစ်က ဤသို့သောအရာတစ်ခုကို ပြောလိမ့်မည်။ “အလုပ်ကို စစ်ဆေးခဲ့သည့် ထိုသူပြောသည့်အရာက လက်သင့်ခံနိုင်ဖွယ်ရာ ဖြစ်သည်။ သို့သော် ကျွန်ုပ်တို့အသင်းတော်ရှိ အခြေအနေများနှင့် မလွဲမသွေ သင့်တော်ခြင်းမျိုး ရှိချင်မှရှိပေမည်။ အသင်းတော်တိုင်းတွင် အခြေအနေများက မတူပေ။ သူပြောသည့်အရာကို ကျွန်ုပ်တို့ အလုံးစုံလိုက်လုပ်၍ မဖြစ်။ ကျွန်ုပ်တို့၏ တကယ့်အခြေအနေကို ထည့်စဉ်းစားပြီး စဉ်းစားသုံးသပ်ရမည်။ စည်းမျဉ်းစည်းကမ်းများကို မစဉ်းမစားအသုံးချ၍ မဖြစ်” ဟူ၍ ဖြစ်သည်။ ပြီးလျှင် လူတိုင်းက ယင်းသည် မှန်သည်ဟု တွေးမိသွားသည်။ ၎င်းတို့သည် အထင်အမြင်မှားအောင် ပြုလုပ်သည်ကို ခံရပြီးဖြစ်သည် မဟုတ်လော။ အန္တိခရစ် လုပ်ဆောင်သည့်အရာ၏ တစ်ပိုင်းမှာ ကျေနပ်ဖွယ်ဖြစ်သော စကားများကို ပြောဆိုပြီး အခြားလူတို့၏ ကြီးကြပ်မှုကို လက်ခံဟန်ဆောင်ခြင်း ဖြစ်သည်။ ထို့နောက် ချက်ချင်းပင် ၎င်းတို့သည် အဖွဲ့တွင်းတွင် အထင်အမြင်မှားစေခြင်း၊ အယူဝါဒသွတ်သွင်းခြင်းအလုပ်ကို စတင်လုပ်ဆောင်သည်။ ၎င်းတို့သည် ဤနည်းလမ်းနှစ်ပိုင်းကို တစ်ပြိုင်နက် အကောင်အထည်ဖော်သည်။ ၎င်းတို့တွင် လှည့်ကွက်များရှိသလော။ အမှန်ပင် များစွာရှိသည်။ အပြင်ပန်းတွင် ၎င်းတို့သည် ကောင်းစွာ ပြောဆိုပြီး လက်ခံဟန်ဆောင်ကာ ၎င်းတို့သည် အလုပ်အပေါ် အတော်အတန် တာဝန်ရှိသည်ဟု အလွန်ခံစားရသည်ဟုလည်းကောင်း၊ ၎င်းတို့၏ ရာထူးနှင့် အဆင့်အတန်းကို လက်လွှတ်နိုင်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် အာဏာရှင်မဟုတ်ဘဲ အထက်မှ၊ သို့မဟုတ် အခြားသောလူများထံမှ ကြီးကြပ်မှုကို လက်ခံနိုင်သည်ဟုလည်းကောင်း လူတိုင်း ယုံကြည်စေရန် လုပ်ဆောင်သည်။ ပြီးလျှင် ၎င်းတို့သည် ထိုသို့လုပ်ဆောင်သောအခါတွင် အမှုအရာများ၏ အားသာချက်၊ အားနည်းချက်များကို ညီအစ်ကိုမောင်နှမများ “ရှင်းလင်းစေရန်” လုပ်ဆောင်ပြီး အခြေအနေအမျိုးမျိုးကို “ရှင်းလင်းစေရန်” လုပ်ဆောင်သည်။ ၎င်းတို့၏ ရည်မှန်းချက်မှာ အဘယ်နည်း။ အခြားသူများ ဝင်ရောက်စွက်ဖက်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ သို့မဟုတ် ကြီးကြပ်ခြင်းကို လက်မခံဖို့နှင့် ၎င်းတို့ ထိုသို့ပြုမူဆောင်ရွက်ခြင်းသည် ခိုင်လုံကြောင်း၊ မှန်ကန်ကြောင်း၊ ဘုရားအိမ်တော်၏ အလုပ်အစီအစဉ်များနှင့် ကိုက်ညီကာ၊ လုပ်ရပ်စည်းမျဉ်းများနှင့် ကိုက်ညီကြောင်း၊ ပြီးလျှင် ခေါင်းဆောင်အနေဖြင့် ၎င်းတို့သည် စည်းမျဉ်း လိုက်နာကြောင်းကို ညီအစ်ကိုမောင်နှမများ တွေးစေဖို့ ဖြစ်လေသည်။ အမှန်တွင် အသင်းတော်၌ လူအနည်းငယ်သာလျှင် သမ္မာတရားကို နားလည်ကြသည်။ အများစုသည် သေချာပေါက် ပိုင်းခြားသိမြင်မှု မရှိကြချေ။ သူတို့သည် ဤအန္တိခရစ်ကို သူ၏အရှိအတိုင်း မမြင်နိုင်ကြသကဲ့သို့၊ သူ၏ အထင်အမြင်မှားစေခြင်းကို အလိုအလျောက် ခံကြရသည်။ ဥပမာ လူအချို့သည် သီးသန့် အကြောင်းပြချက်တစ်ခုခုကြောင့် ညတွင် မအိပ်ကြပေ။ ၎င်းတို့သည် တစ်ညလုံး မအိပ်ဘဲ နေသည်။ လူနှစ်မျိုးနှစ်စားရှိသည်။ ယင်းတို့တွင် ထိုမအိပ်ခြင်းက မတူညီသော ပုံစံနှစ်မျိုးဖြင့် ပေါ်လွင်သည်။ ပထမတစ်မျိုးက နေ့ခင်းပိုင်းတွင် အိပ်၍ရသည်နှင့် အနည်းငယ်အိပ်စက်ဖို့ အခွင့်အရေးရှာသည်။ ၎င်းတို့ ညမအိပ်ခဲ့သည်ကို အခြားလူများအား သိခွင့်မပေး။ ယင်းမှာ အခြေအနေတစ်ခုဖြစ်သည်။ အမှုအရာများ၏ ပကတိအခြေအနေဖြစ်သည်။ ယင်းနောက်ကွယ်တွင် ရည်ရွယ်ချက်မရှိ။ အခြားလူအမျိုးအစားက အစာစားသည့်အချိန်များတွင် ငိုက်မျဉ်းပြီး လူတိုင်းအား “ယမန်နေ့ညက ကျွန်ုပ် မအိပ်ခဲ့ပါ” ဟု ပြောသည်။ လူတစ်ယောက်က “အဘယ်ကြောင့် မအိပ်ခဲ့သနည်း” ဟု မေးပြီး သူက “အွန်လိုင်း စုဝေးပွဲတစ်ခုရှိခဲ့ပြီး အလုပ်တွင် ပြဿနာတချို့ကို ကျွန်ုပ်တွေ့ခဲ့သည်။ ထိုပြဿနာများကို ဖြေရှင်းလျက် တစ်ညလုံး မအိပ်ဘဲနေခဲ့သည်” ဟု ဆိုသည်။ ၎င်းတို့သည် တစ်ညလုံးမအိပ်ခဲ့သည်ကို မရပ်မနားဆက်လက်၍ ကြေညာသည်။ ၎င်းတို့သည် တစ်ညလုံး မအိပ်ဘဲနေရန် တွန့်ဆုတ်သလော။ အဘယ်ကြောင့် အဖွဲ့ကို ရှင်းလင်းပြနေသနည်း။ ထိုရှင်းပြချက်အတွင်းတွင် တစ်စုံတစ်ခုရှိသလော။ ၎င်းတို့၏ ပန်းတိုင်က အဘယ်နည်း။ အခြားလူများ မသိနိုင်မည်ကို ကြောက်ပြီး ၎င်းတို့လုပ်ဆောင်ခဲ့သည့်အရာကို တစ်လောကလုံးအား အသိပေးလိုသည်။ ၎င်းတို့သည် ဒုက္ခခံခဲ့သည်ကိုလည်းကောင်း၊ တစ်ညလုံး မအိပ်ဘဲနေခဲ့သည်ကိုလည်းကောင်း၊ ဘုရားသခင်အပေါ် ၎င်းတို့၏ ယုံကြည်မှုတွင် အဖိုးအခပေးဆပ်လိုစိတ် ရှိသည်ကိုလည်းကောင်း၊ ၎င်းတို့သည် သက်သာမှုကို တပ်မက်ခြင်း မရှိသည်ကိုလည်းကောင်း လူတိုင်းအား သိစေလိုသည်။ ဤအရာဖြင့် ၎င်းတို့သည် ညီအစ်ကိုမောင်နှမများ၏ ကရုဏာနှင့် အသိအမှတ်ပြုခြင်းကို ရယူဖို့ ရည်ရွယ်သည်။ ၎င်းတို့သည် အပေါ်ယံ စွမ်းဆောင်မှုကို ပြုလုပ်ခြင်းအားဖြင့် လူတို့၏ စိတ်နှလုံးကို စည်းရုံးသိမ်းသွင်းသည်။ ဤသို့လုပ်ဆောင်ခြင်းတွင် ၎င်းတို့သည် အခြားလူများအား ၎င်းတို့ကို အထင်ကြီးစေသည်။ ပြီးလျှင် လူတို့၏ စိတ်နှလုံး၌ ဂုဏ်သိက္ခာကို ၎င်းတို့ ရရှိသည်။ ၎င်းတို့သည် အဆင့်အတန်းရှိသည်နှင့် ဩဇာအာဏာဖြင့် စကားပြောဖို့ သေချာသည်။ ၎င်းတို့သည် ဩဇာအာဏာဖြင့် စကားပြောသည်နှင့် တစ်ပြိုင်နက် အဆင့်အတန်းဖြင့် လိုက်ပါလာသော အထူးအကျိုးခံစားခွင့်ကို ခံစားနိုင်မည်မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဤအခွင့်အလမ်းကို လက်မလွှတ်တမ်း အသုံးချခဲ့သည်ဟု သင်ထင်သလော။ သင်တို့သည် မအိပ်ရသေးသောအခါ၊ သို့မဟုတ် ညနက်သည်အထိ မအိပ်ဘဲနေသောအခါတွင် အခြားလူများကို ပြောသလော။ (ပြောပါသည်။) ပြောသောအခါတွင် ယင်းသည် မရည်ရွယ်ဘဲ ဖြစ်သလော၊ သို့မဟုတ် ယင်းနောက်ကွယ်တွင် ရည်ရွယ်ချက်တစ်ခုခု ရှိသလော။ သင်က တစ်စုံတစ်ယောက်ကို ပေါ့ပေါ့တန်တန်ပြောခြင်းသာ ဖြစ်သလော၊ သို့မဟုတ် ကိုယ်ရည်သွေးလျက် ကြီးကျယ်သော ကြေညာမှုကို ပြုနေခြင်း ဖြစ်သလော။ (ပေါ့ပေါ့တန်တန်ပြောခြင်း ဖြစ်သည်။) ပေါ့ပေါ့တန်တန်ဖြစ်စွာ ပြောခြင်းနောက်ကွယ်တွင် ရည်ရွယ်ချက်မရှိ။ ယင်းသည် စိတ်သဘောထားဆိုင်ရာ ပြဿနာတစ်ခုကို မညွှန်ပြပေ။ တမင်တကာ ပြောခြင်းနှင့် မရည်ရွယ်ဘဲ ပြောဆိုခြင်းတွင် လုံးဝ မတူညီသော သဘာဝတစ်ခုရှိသည်။ အန္တိခရစ်တစ်ဦးက ပြုမူဆောင်ရွက်သောအခါ အပေါ်ယံ၌ သူသည် အခြားလူများ၏ ဝင်ရောက်စွက်ဖက်ခြင်းနှင့် စုံစမ်းမေးမြန်းခြင်းများကို လက်ခံသည့်ပုံစံရှိသည်ဖြစ်စေ၊ ယင်းတို့ကို တဲ့တိုးငြင်းပယ်နေသည်ဖြစ်စေ မည်သည့်အရာဖြစ်သည်ဖြစ်စေ သူလုပ်နေသည့်အရာနောက်ကွယ်ရှိ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ၎င်းတို့သည် အဆင့်အတန်းနှင့် အာဏာကို ဆုပ်ကိုင်နေခြင်း ဖြစ်သည်။ ယင်းကို လက်လွှတ်မည်ကို မဟုတ်။ ယင်းသည် ၎င်းတို့၏ ရည်ရွယ်ချက်မဟုတ်လော။ (ဟုတ်ပါသည်။) မှန်သည်။ ၎င်းတို့သည် ၎င်းတို့၏ ကြိုးစားရယူခဲ့ရသော အာဏာ၊ ၎င်းတို့၏ ကြိုးစားရယူခဲ့ရသော အဆင့်အတန်းနှင့် ဂုဏ်သိက္ခာတို့ကို အာရုံမစိုက်မိသော အချိန်တစ်ခဏ၌ သာမန်ကာလျှံကာ လွတ်ထွက်သွားခွင့် လုံးဝ ပြုမည်မဟုတ်။ ၎င်းတို့သည် မည်သူ့ကိုမျှ ၎င်းတို့အလုပ်ကို ဝင်ရောက်စွက်ဖက်ခြင်း၊ သို့မဟုတ် ၎င်းတို့အလုပ်အကြောင်းကို စုံစမ်းမေးမြန်းခြင်းအားဖြင့် ၎င်းတို့၏ အင်အားစုနှင့် လွှမ်းမိုးမှုကို အားနည်းစေမည် မဟုတ်ပေ။ ၎င်းတို့သည် ဤသို့ ယုံကြည်သည်။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်း၊ အလုပ်အစီအစဉ်တစ်ခုကို တာဝန်ယူလုပ်ဆောင်ခြင်းသည် အမှန်တကယ်၌ တာဝန်တစ်ခုမဟုတ်၊ ပြီးလျှင် ယင်းကို ဝတ္တရားတစ်ခုအဖြစ် လုပ်ဆောင်ဖို့မလိုအပ်ဘဲ ဤအစား ယင်းသည် အာဏာတစ်ခုကို ပိုင်ဆိုင်ခြင်း၊ လူအနည်းငယ်ကို ၎င်းတို့၏ ကွပ်ကဲမှုအောက်၌ ထားရှိခြင်းဖြစ်သည် ဟူ၍ ဖြစ်သည်။ အာဏာရှိလျှင် ၎င်းတို့သည် မည်သူနှင့်မျှ တိုင်ပင်ဆွေးနွေးဖို့ မလိုတော့ဘဲ ယခုတွင် ဆုံးဖြတ်ချက်ချရန် အခွင့်အရေးနှင့် အာဏာရှိသည်ဟု ယုံကြည်ကြသည်။ ဤသည်မှာ တာဝန်အပေါ် ၎င်းတို့၌ ရှိသည့် သဘောထားမျိုး ဖြစ်သည်။

အထက်က ၎င်းတို့၏ အလုပ်နှင့်ပတ်သက်ပြီး စုံစမ်းမေးမြန်းသောအခါ၌ ဝတ်ကျေတမ်းကျေသာ လုပ်ဆောင်သောသူအချို့ရှိသည်။ ၎င်းတို့သည် သမ္မာတရားကို ရှာသူတစ်ဦး ဖြစ်သည့်အလား အပေါ်ယံစွမ်းဆောင်မှုတစ်ခုကို ပေးပြီး အရေးမကြီးသော ကိစ္စအနည်းငယ်ကိုမေးသည်။ ဥပမာအနေဖြင့် သိသာထင်ရှားစွာပင် အနှောင့်အယှက်၊ အဖျက်အမှောင့်တစ်ခုနှင့် ညီမျှသော ဖြစ်ရပ်တစ်ခုရှိလျှင် ယင်းအား ဖြစ်ပွားစေသူသည် ကိုင်တွယ်ခံရသင့်၊ မသင့်ကို အထက်အား ၎င်းတို့ မေးလိမ့်မည်။ ထိုသို့သောအရာက ၎င်းတို့အလုပ်၏ တစ်စိတ်တစ်ပိုင်း မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းအကြောင်းကို အထက်အား မေးရာ၌ ၎င်းတို့သည် မည်သည့်အရာကို အလိုရှိခြင်း ဖြစ်သနည်း။ ၎င်းတို့က ဤသို့သော ကိစ္စများအကြောင်းကိုပင် မေးလျှင် ၎င်းတို့သည် အလဟဿ နေနေခြင်းမဟုတ်၊ အလုပ်လုပ်နေခြင်းဖြစ်သည်ဟူသော သက်သေဖြစ်သည်ဟု သင့်အား ပြသရန်အတွက် ၎င်းတို့၏ အပြင်ပန်းပုံစံအား သင့်အား ပေးဖို့ ရည်ရွယ်သည်။ ၎င်းတို့သည် သင့်အား အထင်အမြင်မှားစေရန်အတွက် အပြင်ပန်းပုံစံ တစ်ခုကို လုပ်ကြံဖန်တီးနေခြင်းသာ ဖြစ်သည်။ အမှန်မှာ ၎င်းတို့၏ စိတ်နှလုံးတွင် တကယ့်ပြဿနာအချို့ရှိပြီး ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားအား မည်သို့မိတ်သဟာယပြုရမည်ကို မသိသကဲ့သို့ မည်သည့်စည်းမျဉ်းများအား ၎င်းတို့ လက်တွေ့လုပ်ဆောင်သင့်သည်ကိုလည်း မသိပေ။ လူတို့အား ကိုင်တွယ်ခြင်းနှင့် အမှုကိစ္စများအား ကိုင်တွယ်ခြင်းတွင်ပါ ၎င်းတို့အတွက် မရှင်းလင်းသော အရာများ ရှိသော်လည်း ယင်းတို့အကြောင်းကို ၎င်းတို့ လုံးဝ မမေး၊ သို့မဟုတ် မရှာဖွေပေ။ ၎င်းတို့စိတ်နှလုံး၌ ဤအရာများနှင့်ပတ်သက်၍ ၎င်းတို့မသေချာသည်ကို ကြည့်လျှင် ယင်းတို့အကြောင်းကို အထက်အား မမေးသင့်သလော။ (မေးသင့်ပါသည်။) ၎င်းတို့သည် ယင်းတို့အကြောင်းကို မသေချာသကဲ့သို့ မရိပ်စားမိနိုင်သော်လည်း ဆက်လက်၍ မစဉ်းမစား လုပ်ဆောင်သည်။ ယင်း၏ အကျိုးဆက်များမှာ မည်သည့်အရာ ဖြစ်မည်နည်း။ မည်သည့်အရာ ဖြစ်မည်ကို ၎င်းတို့ ကြိုတင်ခန့်မှန်းနိုင်သလော။ အကျိုးဆက်များအတွက် တာဝန်ခံနိုင်မည်လော။ တာဝန်ခံနိုင်မည်မဟုတ်ပေ။ ဤသို့ဆိုလျှင် ဤအရာများအကြောင်းကို ၎င်းတို့ အဘယ်ကြောင့် မမေးသနည်း။ ၎င်းတို့မမေးခြင်း၌ ၎င်းတို့စဉ်းစားနေသည့် အကြောင်းများရှိသည်။ တစ်ခုမှာ အထက်က ၎င်းတို့၏ အကြောင်းသိသွားမည်ကို ၎င်းတို့ ကြောက်ခြင်း ဖြစ်သည်။ “ဤအသေးအဖွဲကိစ္စကိုပင် ငါမကိုင်တွယ်နိုင်ဘဲ ဤအရာနှင့်ပတ်သက်ပြီး မေးရမည်ဆိုလျှင် ငါ၏ အစွမ်းအစက အလွန်ကောင်းခြင်းမရှိဟု အထက်က ထင်လိမ့်မည်။ ဤသည်မှာ အထက်က ငါ့ကို လုံးလုံးလျားလျား ထိုးထွင်းသိမြင်မိစေမည်မဟုတ်လော” ဟူ၍ ဖြစ်သည်။ ၎င်းတို့က အမှန်တကယ် မေးမြန်းပြီး အထက်၏ ဆုံးဖြတ်ချက်က ၎င်းတို့၏ ကိုယ်ပိုင်အမြင်နှင့် ကွဲလွဲနေပြီး မတူညီလျှင် ၎င်းတို့သည် ရွေးချယ်ရန် ဘေးကျပ်နံကျပ်ဖြစ်မည်ဟုဆိုကာ ၎င်းတို့ စဉ်းစားနေသည့် အချက်လည်းရှိသည်။ အထက်ကပြောသည့်အရာကို ၎င်းတို့ မလုပ်လျှင် အထက်က ၎င်းတို့သည် အလုပ်စည်းမျဉ်းများကို ချိုးဖောက်နေသည်ဟု ဆိုလိမ့်မည်။ ၎င်းတို့လုပ်လျှင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားတို့၌ ဆုံးရှုံးမှုဖြစ်ပေါ်မည်။ ထို့ကြောင့် ၎င်းတို့က မမေးပေ။ ယင်းကို ထည့်သွင်းစဉ်းစားသည် မဟုတ်လော။ (ဟုတ်ပါသည်။) ဟုတ်သည်။ ဤအရာများကို ထည့်သွင်းစဉ်းစားသော ၎င်းတို့သည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ (အန္တိခရစ်များဖြစ်ပါသည်။) ၎င်းတို့သည် အမှန်ပင် အန္တိခရစ်များဖြစ်သည်။ မည်သည့်အရာတွင်မဆို ၎င်းတို့သည် ယင်းအကြောင်းကို မေးသည်ဖြစ်စေ၊ မမေးသည်ဖြစ်စေ၊ ယင်းအကြောင်း ထုတ်ပြောသည်ဖြစ်စေ၊ စဉ်းစားရုံသာဖြစ်စေ သမ္မာတရားကို မရှာဖွေပေ၊ သို့မဟုတ် ထိုအရာကို စည်းမျဉ်းများနှင့်အညီ သဘောထားပြုမူခြင်း မရှိပေ။ အရာအားလုံးတွင် ၎င်းတို့၏ ကိုယ်ပိုင်အကျိုးစီးပွားကိုသာ ရှေ့တန်းတင်သည်။ ၎င်းတို့၏ စိတ်နှလုံး၌ အထက်က စုံစမ်းမေးမြန်းပြီး သိခွင့်ပေးနိုင်သောအရာများနှင့် အထက်ကို ၎င်းတို့ လုံးဝ မသိစေလိုသောအရာများဖြစ်သည့် စာရင်းတစ်ခုရှိသည်။ ထိုအပိုင်းတို့ကို ၎င်းတို့က ဘောင်ခတ်ထားပြီး အမျိုးအစားနှစ်ခုအဖြစ် ခွဲထားသည်။ ၎င်းတို့သည် အထက်နှင့် အဆင်ပြေစေရန်အတွက် ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်မှု မဖြစ်စေနိုင်သော ထိုအသေးအဖွဲကိစ္စများအကြောင်းအား အထက်နှင့် အလျင်စလို ပြောဆိုလိမ့်မည်။ သို့သော် ၎င်းတို့၏ အဆင့်အတန်းကို ခြိမ်းခြောက်နိုင်သော အရာများတွင်မူ စကားတစ်ခွန်းမျှ ပြောမည်မဟုတ်။ အထက်က ထိုအရာများအကြောင်းကို မေးလျှင် မည်သည့်အရာကို ၎င်းတို့ လုပ်ဆောင်မည်နည်း။ အထက်ကို နှပ်ချရန်အတွက် စကားအနည်းငယ်ကို အသုံးပြုလိမ့်မည်။ ၎င်းတို့က အတိုက်အခံပြုခြင်းဖြစ်သည်ဟု မြင်နိုင်သည့်အရာတစ်ခုမျှမရှိဘဲ သင့်အတွက် များပြားလှသော လိုက်လျောခြင်းများဖြစ်သည့် “ကောင်းပြီ။ ကျွန်ုပ်တို့ ဆွေးနွေးမည်...။ ကျွန်ုပ်တို့ ဆက်လက်ရှာဖွေနေမည်...” ဟူ၍ ဆိုလိမ့်မည်။ အသွင်အပြင်အရ ၎င်းတို့က အတော်အတန် ကျိုးနွံနာခံသည်။ သို့သော် အမှန်မှာ ၎င်းတို့၌ ကိုယ်ပိုင် တွက်ချက်မှုများရှိသည်။ ၎င်းတို့သည် အထက်ကို ဆုံးဖြတ်ချက်ချခွင့်ပေးဖို့ အစီအစဉ်မရှိ။ ၎င်းတို့သည် အထက်၏ အကြံပြုချက်များကို တောင်းခံပြီး အထက်ကို ဆုံးဖြတ်ချက်များ ချမှတ်စေဖို့၊ သို့မဟုတ် အထက်မှ လမ်းကြောင်းတစ်ခုခုကို ရှာဖို့ အစီအစဉ်မရှိပေ။ ၎င်းတို့၌ ဤသို့သော အစီအစဉ်များမရှိ။ ၎င်းတို့သည် အထက်ကို ကြားဝင်စွက်ဖက်ခွင့်၊ သို့မဟုတ် အမှန်တကယ်၌ မည်သည့်အရာ ဖြစ်ပျက်နေသည်ကို သိခွင့် မပြုလိုပေ။ အထက်က သိသည်နှင့် ထိုအခါ၌ ၎င်းတို့အတွက် မည်သည့်ခြိမ်းခြောက်မှုဖြစ်မည်နည်း။ (၎င်းတို့၏ အဆင့်အတန်းကို ၎င်းတို့ စိတ်ချရမည်မဟုတ်။) ၎င်းတို့၏ အဆင့်အတန်းကို စိတ်ချရမည် မဟုတ်ရုံသာမကဘဲ ၎င်းတို့၏ အစီအစဉ်များနှင့် ပန်းတိုင်တို့သည် အလုပ်ဖြစ်နိုင်တော့မည် မဟုတ်ပေ။ ဤသို့ဖြင့် ၎င်းတို့၏ မကောင်းမှု လုပ်ဆောင်ခြင်းတွင် ကျိုးကြောင်းခိုင်လုံတော့မည် မဟုတ်တော့ပေ။ ၎င်းတို့၏ ကိုယ်ပိုင်အစီအစဉ်များအတိုင်း ကျိုးကြောင်းခိုင်လုံစွာ၊ ပွင့်လင်းစွာ၊ ပြောင်ပြောင်တင်းတင်း လုပ်ဆောင်နိုင်မည် မဟုတ်တော့ပေ။ ဤသည်မှာ ၎င်းတို့ ရင်ဆိုင်ရမည့် ပြဿနာဖြစ်သည်။ ဤသို့ဆိုလျှင် ၎င်းတို့ကို အကျိုးဖြစ်စေမည့်ပုံစံဖြင့် မည်သို့ပြုမူလုပ်ဆောင်ရမည်ကို ၎င်းတို့ သေချာသိနိုင်သလော။ ၎င်းတို့တွင် ယင်းနှင့်ပတ်သက်ပြီး ၎င်းတို့၏ အတွေးများ၊ တွက်ချက်မှုများ သေချာပေါက် ရှိသည်။ သင်တို့လည်း ဤသို့သောအရာများကို ရင်ဆိုင်ရသည်ဟု မြင်သလော။ ဤသို့ဆိုလျှင် ယင်းတို့နှင့်ပတ်သက်ပြီး သင်တို့ မည်သို့ထင်သနည်း။ ယင်းတို့ကို မည်သို့ သဘောထားသနည်း။ ငါ ဥပမာတစ်ခုပေးမည်။ ခေါင်းဆောင်ဖြစ်လာပြီး အလွန်ပင် စိတ်ကြီးဝင်ခဲ့သောသူတစ်ယောက်ရှိသည်။ သူသည် အခြားလူများ၏ အထင်ကြီးမှုကို ရရန်အတွက် ၎င်းတို့ရှေ့တွင် ကိုယ်ရည်သွေးခြင်းကို အစဉ်နှစ်သက်ခဲ့သည်။ သူသည် သူနှင့်သိခဲ့သော၊ ပိုက်ဆံချေးလိုသော ဘာသာတရားမရှိသူတစ်ယောက်နှင့် ဆုံမိသည်။ ဘာသာတရားမရှိသူက သူ၏ ကိစ္စကို အလွန်သနားစဖွယ်ဖြစ်စွာ အသနားခံပြောဆိုခဲ့သဖြင့် ခေါင်းဆောင်က တစ်ခဏတာ စိတ်လှုပ်ရှားမှုဖြင့် စိတ်လိုက်မာန်ပါ လိုက်လျောခဲ့သည်။ ထို့နောက်တွင် သူသည် တည်ငြိမ်စွာဖြင့် စနိုးစနောင့်ဖြစ်ခြင်းမရှိဘဲ တွေးမိသည်။ “ငါသည် အသင်းတော်၏ ခေါင်းဆောင်ဖြစ်သည်။ အသင်းတော်၏ ပိုက်ဆံနှင့်ပတ်သက်၍ ငါ၌ ဆုံးဖြတ်ချက်ချခွင့် ရှိသင့်သည်။ ဘုရားအိမ်တော်နှင့်၊ အသင်းတော်နှင့်၊ လှူဖွယ်ပစ္စည်းများနှင့် သက်ဆိုင်သောအရာများတွင် ငါ၌ အာဏာရှိသည်။ ထို့ကြောင့် ငါ့ထံတွင် ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။ ဘဏ္ဍာရေးသည် ငါစီမံဖို့ ဖြစ်သည်။ ပြီးလျှင် ဝန်ထမ်းခန့်အပ်ခြင်း ကိစ္စများသည်လည်း ငါစီမံဖို့ဖြစ်သည်။ ယင်းတို့အားလုံးကို ငါဆုံးဖြတ်ချက်ချပိုင်ခွင့် ရှိသည်” ဟူ၍ ဖြစ်သည်။ ထို့ကြောင့် သူသည် ဘုရားအိမ်တော်၏ ပိုက်ဆံကို ဘာသာတရားမရှိသူတစ်ယောက်အား ချေးလိုက်သည်။ ချေးပြီးသည်နှင့် သူသည် အနည်းငယ် အနေရခက်ပြီး ဤအကြောင်းကို အထက်အား ပြောသင့်မပြောသင့် သူစဉ်းစားသည်။ သူပြောလျှင် အထက်က ဤကိစ္စကို သဘောမတူကောင်းမတူနိုင်ပေ။ ထို့ကြောင့် သူသည် အထက်ကို လှည့်စားရန်အတွက် အလိမ်အညာများကို စတင်၍ လုပ်ကြံဖန်တီးပြီး ဆင်ခြေများပေးသည်။ အထက်က သူ့အား သမ္မာတရားစည်းမျဉ်းများကို မိတ်သဟာယဖွဲ့သော်လည်း သူက ဤအရာကို အရေးမစိုက်ပေ။ ဤသည်မှာ လှူဖွယ်ပစ္စည်းများကို လျှို့ဝှက်စွာဖြင့် တလွဲအသုံးပြုသည့် ဒုစရိုက်အမှုကို သူ ကျူးလွန်ခဲ့ပုံဖြစ်သည်။ ဤသို့သောသူသည် အဘယ်ကြောင့် လှူဖွယ်ပစ္စည်းများအပေါ် မကောင်းသောအကြံအစည်များ ပြုလုပ်ရဲသနည်း။ သင်သည် အသင်းတော်ခေါင်းဆောင်တစ်ဦးမျှသာ ဖြစ်သည်။ သင်၌ လှူဖွယ်ပစ္စည်းများကို စီမံပိုင်ခွင့်ရှိသလော။ လှူဖွယ်ပစ္စည်းများနှင့် ဘဏ္ဍာရေးကိစ္စများအပေါ် သင်၌ ဆုံးဖြတ်ချက်ချပိုင်ခွင့်ရှိသလော။ သင်သည် ပုံမှန်လူ့သဘာဝနှင့် ဆင်ခြင်တုံတရားရှိသူ၊ သမ္မာတရားအား လိုက်စားသူတစ်ဦး ဖြစ်လျှင် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကို အဘယ်သို့ သဘောထားပြုမူသင့်သနည်း။ လှူဖွယ်ပစ္စည်းများနှင့် သက်ဆိုင်သော ကိစ္စများနှင့်ပတ်သက်၍ ဘုရားအိမ်တော်က မည်သည့်အရာကို ဆုံးဖြတ်မည်ကို ကြည့်ရန်အတွက် အထက်အား လွှဲပြောင်းပေးသင့်သည် မဟုတ်လော။ ဤသို့သော အကြီးစားကိစ္စတစ်ခုနှင့်ပတ်သက်ပြီး အထက်က သိခွင့်မရှိသလော။ ဟုတ်သည်။ ဤသည်မှာ စိတ်နှလုံးတွင် သင်ရှင်းလင်းသင့်သော အရာတစ်ခုဖြစ်သည်။ ယင်းသည် သင်ပိုင်ဆိုင်သင့်သော ဆင်ခြင်တုံတရား ဖြစ်သည်။ ဘဏ္ဍာရေးကိစ္စများ၊ အကြီးစား၊ အသေးစားကိစ္စများနှင့်ပါ ပတ်သက်သောအခါတွင် အထက်က သိပိုင်ခွင့်ရှိသည်။ အထက်က မမေးလျှင် တစ်မျိုးတစ်မည်ဖြစ်သည်။ မေးလျှင်မူ မှန်ကန်စွာ ဖြေရမည်။ ပြီးလျှင် အထက်က ဆုံးဖြတ်သည့် မည်သည့်အရာကိုမဆို ကျိုးနွံနာခံသင့်သည်။ ဤသည်မှာ သင့်တွင် ရှိသင့်သော ဆင်ခြင်တုံတရားမျိုး မဟုတ်လော။ (ဟုတ်ပါသည်။) သို့တိုင်အောင် အန္တိခရစ်များက ဤအရာကို စွမ်းဆောင်နိုင်သလော။ (မစွမ်းဆောင်နိုင်ပါ။) ယင်းသည် အန္တိခရစ်များနှင့် ပုံမှန်လူတို့ကြား ကွာခြားချက် ဖြစ်သည်။ ထိုအရာကို အထက်က သဘောတူမည် မဟုတ်ခြင်းကလည်းကောင်း၊ ၎င်းတို့၏ ဂုဏ်သိက္ခာ ထိခိုက်နစ်နာမည်ကလည်းကောင်း ရာနှုန်းပြည့်ဖြစ်နိုင်ခြေ ရှိသည်ဟု ၎င်းတို့တွေးထင်လျှင် ယင်းကို ဖုံးကွယ်ရန်၊ အထက်မှ ယင်းအကြောင်းကို မသိစေရန် နည်းလမ်းမျိုးစုံကို ကြံဖန်လိမ့်မည်။ ၎င်းတို့အောက်၌ရှိသော လူတို့အပေါ်တွင်ပင် အတင်းအကျပ် ဖိအားပေးမည်ဖြစ်ပြီး “တစ်စုံတစ်ယောက်က ဤအရာကို ချပြလျှင် သူသည် ငါ့ကို ဆန့်ကျင်သည်။ သူတော့ ငါနှင့် ထိပ်တိုက်တွေ့တော့မည်။ မည်သည့်အရာ ဖြစ်ချင်ဖြစ်ပါစေ သူ့ကို ငါကိုင်တွယ်မည်” ဟု ဆိုသည်။ ပြီးလျှင် ၎င်းတို့ထံမှ ထိုကြောက်စရာကောင်းသော စကားများကြောင့် မည်သူကမျှ အမှုကိစ္စကို အထက်သို့ မတင်ပြရဲပေ။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ လုပ်ဆောင်သနည်း။ ၎င်းတို့က “ဤသည်မှာ ငါ၏ အာဏာ၏ နယ်ပယ်အောက်တွင်ရှိသည်။ ငါ၏ တရားစီရင်ပိုင်ခွင့် နယ်ပယ်အတွင်းရှိ လူများ၊ ငွေ၊ ပစ္စည်းများကို အသုံးချပြီး ဖြန့်ချိရန် ငါ့တွင် လုပ်ပိုင်ခွင့်ရှိသည်” ဟု ယုံကြည်သည်။ ၎င်းတို့၏ ထိထိရောက်ရောက် အသုံးချမှုနှင့် ဖြန့်ချိမှုအတွက် စည်းမျဉ်းများမှာ အဘယ်နည်း။ ၎င်းတို့သည် အစီအစဉ်များကို စိတ်ထင်သလို ပြုလုပ်သည်။ မည်သည့်စည်းမျဉ်းကိုမျှ မလိုက်နာဘဲ ငွေနှင့် ပစ္စည်းများကို ထင်ရာမြင်ရာ အသုံးပြုပြီး ပေးကမ်းသည်။ ၎င်းတို့သည် ဤအရာများကို လက်လွတ်စပယ် အချည်းနှီးကုန်စေပြီး ဖြုန်းတီးသည်။ ပြီးလျှင် အခြားမည်သူကမျှ ဝင်ရောက်စွက်ဖက်ပိုင်ခွင့်မရှိ။ ၎င်းတို့သည် အားလုံးအပေါ် ဆုံးဖြတ်ပိုင်ခွင့် ရှိမှဖြစ်မည်။ ဤသည်မှာ ၎င်းတို့ တွေးသည့်ပုံစံ မဟုတ်လော။ ၎င်းတို့က ဤအရာကို အလွန်တိကျပြတ်သားသော ဝေါဟာရများနှင့် ကျယ်လောင်စွာ ပြောဆိုမည် မဟုတ်သည်မှာ မှန်သည်။ သို့သော် ၎င်းတို့၏ စိတ်နှလုံးတွင် ဤသည်မှာ ၎င်းတို့ တွေးနေသည့်အရာ သေချာပေါက် ဖြစ်သည်။ “ရာထူးနေရာရှိခြင်းသည် မည်သည့်အဓိပ္ပာယ် ဖြစ်သနည်း။ ငွေကြေးနှင့်၊ မပြတ် အစားစားရခြင်း၊ အဝတ်အစားဝတ်ဆင်ခြင်းတို့နှင့်သာ သက်ဆိုင်သည် မဟုတ်လော။ ယခုတွင် ငါသည် ရာထူးအာဏာတွင်ရှိသည်။ ငါ့၌ ထိုအဆင့်အတန်းရှိသည်။ ငါ ကျေနပ်သလို လုပ်ဆောင်ရန် ငါ၏ အာဏာကို အမြတ်မထုတ်လျှင် ငါသည် နုံအမည်မဟုတ်လော” ဟူ၍ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့ ယုံကြည်သည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ယင်းမှာ ၎င်းတို့တွင် ဤသို့သော စိတ်သဘောထား ရှိပြီး ၎င်းတို့သည် အဆိုပါအရာကို ယုံကြည်သောကြောင့် ၎င်းတို့ စိတ်ကူးပေါက်နိုင်သည့် မည်သည့်နည်းလမ်း၊ နည်းစနစ်များဖြင့်မဆို သိက္ခာစောင့်ထိန်းမှု စိုးစဉ်းမျှ မရှိဘဲ၊ မည်သည့်အကျိုးဆက်ကိုမျှ အရေးမစိုက်ဘဲ ဤသို့သော အမှုကိစ္စကို ဖုံးကွယ်ရဲကြခြင်း ဖြစ်သည်။ ဤသို့ မဟုတ်သလော။ (ဟုတ်သည်။) မှန်သည်၊ မမှန်သည်ကိုဖြစ်စေ၊ လုပ်ဆောင်ရန် သင့်လျော်သည့်အရာမှာ မည်သည့်အရာ ဖြစ်သည်ကိုဖြစ်စေ၊ စည်းမျဉ်းများက မည်သည်တို့ ဖြစ်သည်ကိုဖြစ်စေ ၎င်းတို့ အကဲမဖြတ်ပေ။ ဤအရာများကို ၎င်းတို့ ထည့်မစဉ်းစားပေ။ ၎င်းတို့ထည့်စဉ်းစားသည့် တစ်ခုတည်းသောအရာမှာ မည်သူက ၎င်းတို့၏ အကျိုးစီးပွားကို စောင့်ရှောက်မည်ဆိုသည်ကို ဖြစ်သည်။ အန္တိခရစ်တစ်ဦးသည် မသိမသာဖြင့် ဒုက္ခပေးသော၊ တစ်ကိုယ်ကောင်းဆန်သော၊ ယုတ်မာသော အရာတစ်ခုပါတကား။ မည်မျှ ယုတ်မာသနည်း။ စကားတစ်ခွန်းဖြင့် ဖော်ပြနိုင်သည်။ ၎င်းတို့သည် အရှက်မရှိ။ ထိုလူများသည် သင့်လူများမဟုတ်သကဲ့သို့ ထိုအရာများကလည်း သင့်အရာ မဟုတ်။ ထိုပိုက်ဆံသည် သင်၏ ပိုက်ဆံ ပို၍ပင် မဟုတ်။ သို့တိုင်အောင် သင်သည် သင်၏ ကိုယ်ပိုင်ကဲ့သို့ ယူဆောင်လိုသည်။ သင်ကျေနပ်သလို စီမံခန့်ခွဲလိုသည်။ အခြားလူများက ယင်းအကြောင်းကို သိခွင့်ပင်မရှိ။ သင်က ထိုအရာများကို အချည်းနှီးကုန်စေပြီး ဖြုန်းတီးလျှင်ပင် အခြားလူများက စုံစမ်းမေးမြန်းခွင့်မရှိ။ သင်သည် မည်သည့်အခြေအနေအထိ ဖြစ်နေသနည်း။ အရှက်မရှိခြင်းအထိပင် ဖြစ်သည်။ အရှက်မရှိခြင်း မဟုတ်လော။ (ဟုတ်သည်။) ယင်းသည် အန္တိခရစ်တစ်ဦးဖြစ်သည်။ ပိုက်ဆံနှင့်ပတ်သက်သောအခါတွင် သာမန်လူက ချိုးဖောက်မည်မဟုတ်သည့် မည်သည့်စည်းမျိုး ရှိသနည်း။ ယင်းတို့သည် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများ ဖြစ်သည်၊ လှူဖွယ်ပစ္စည်းများကို ဘုရားသခင် ရွေးချယ်ထားသောလူများက ဘုရားသခင်ကို ပေးခြင်းဖြစ်သည်၊ ထို့ကြောင့် ယင်းတို့ကို ဘုရားသခင်ပိုင်ဆိုင်သည်၊ လူအချို့က ဆိုနိုင်သကဲ့သို့ ယင်းတို့သည် ဘုရားသခင်၏ “ကိုယ်ရေးကိုယ်တာ ပိုင်ဆိုင်မှုများ” ဖြစ်သည်ဟူ၍ ၎င်းတို့က ထင်ကြသည်။ ဘုရားသခင် ပိုင်ဆိုင်သည့်အရာကို အများပြည်သူက မပိုင်ဆိုင်သကဲ့သို့ မည်သူကမျှ မပိုင်ဆိုင်ပေ။ ဘုရားအိမ်တော်၏ အရှင်သခင်မှာ မည်သူနည်း။ (ဘုရားသခင်ဖြစ်ပါသည်။) ဟုတ်သည်။ ဘုရားသခင် ဖြစ်သည်။ ဘုရားအိမ်တော်တွင် မည်သည့်အရာ ပါဝင်သနည်း။ အသင်းတော်တစ်ခုစီရှိ ဘုရားသခင် ရွေးချယ်ထားသောလူများပါဝင်ပြီး အသင်းတော်တစ်ခုစီ၏ ရိက္ခာများနှင့် ပိုင်ဆိုင်မှုပစ္စည်းအားလုံးတို့လည်း ပါဝင်သည်။ ဤအရာအားလုံးတို့ကို ဘုရားသခင် ပိုင်ဆိုင်သည်။ ယင်းတို့ကို လူတစ်ဦးက လုံးဝ မပိုင်ဆိုင်သကဲ့သို့ ယင်းတို့ကို မည်သူကမျှ အပိုင်စီးခွင့်မရှိ။ အန္တိခရစ်က ဤသို့ တွေးမည်လော။ (မတွေးပါ။) လှူဖွယ်ပစ္စည်းများကို စီမံသူ မည်သူမဆိုက ယင်းတို့ကို ပိုင်ဆိုင်သည်၊ ယင်းတို့ကို ဆွဲယူရန် အခွင့်အရေးရှိသည့် မည်သူမဆိုက ပိုင်ဆိုင်သည်၊ လူတစ်ယောက်က ခေါင်းဆောင်ဖြစ်လျှင် ယင်းတို့ကို ခံစားပိုင်ခွင့်ရှိသည်ဟု ၎င်းတို့က ယုံကြည်သည်။ ဤအတွက်ကြောင့် ၎င်းတို့သည် ခွန်အားရှိသမျှဖြင့် အဆင့်အတန်းကို စဉ်ဆက်မပြတ် လိုက်စားနေခြင်း ဖြစ်သည်။ အဆင့်အတန်းကို ၎င်းတို့ ရပြီးသည်နှင့် ၎င်းတို့၏ မျှော်လင့်ချက်အားလုံးက နောက်ဆုံးတွင် အကောင်အထည်ပေါ်သွားသည်။ အဆင့်အတန်းကို အဘယ်ကြောင့် ၎င်းတို့ လိုက်စားသနည်း။ သင်သည် ၎င်းတို့အား ဘုရားသခင်ရွေးချယ်ထားသောလူများကို စေ့စပ်သေချာစွာ ဦးဆောင်ရာတွင် ၎င်းတို့၏လုပ်ရပ်များနောက်၌ စည်းမျဉ်းများထားရှိခိုင်းသည့်တိုင် အသင်းတော်၏ ပိုင်ဆိုင်မှုပစ္စည်းများ၊ သို့မဟုတ် ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကိုမူ ထိခွင့်မပေးလျှင် ၎င်းတို့သည် အထက်သို့တက်ရန် တိုးဝှေ့ကြိုးပမ်းရာ၌ အလွန်တက်တက်ကြွကြွ ဆောင်ရွက်ဦးမည်လော။ လုံးဝ တက်ကြွမည်မဟုတ်။ ၎င်းတို့သည် ငြိမ်သက်စွာဖြင့် စောင့်မည်ဖြစ်ပြီး အမှုကိစ္စများကို ဖြစ်သမျှအကြောင်း အကောင်းဟူ၍ ထားလိုက်မည်ဖြစ်သည်။ ၎င်းတို့က “ငါ အရွေးခံရလျှင် အလုပ်ကို ကောင်းစွာလုပ်ပြီး တာဝန်ကို ကောင်းစွာထမ်းဆောင်မည်။ အရွေးမခံရလျှင် မည်သူ့ကိုမျှ မျက်နှာလုပ်မည် မဟုတ်။ ယင်းနှင့်ပတ်သက်ပြီး မည်သည့်အရာကိုမျှ ပြောမည်၊ လုပ်ဆောင်မည်မဟုတ်” ဟု တွေးသည်။ ခေါင်းဆောင်တစ်ဦးအနေဖြင့် အသင်းတော်၏ ပိုင်ဆိုင်မှု ပစ္စည်းအားလုံးကို စေစားပြီး မွေ့လျော်ခံစားပိုင်ခွင့်ရှိသည်ဟု အန္တိခရစ်က ထင်သောကြောင့် အတိအကျပင် အဆင့်အတန်းကိုရပြီး အဆင့်အတန်းက သယ်ဆောင်လာသော အရာရာတိုင်းကို ခံစားရန်အတွက် အရှက်ကင်းမဲ့သည်အထိ အထက်သို့တက်ဖို့ ကြိုးပမ်းရာ၌ ဦးနှောက်ခြောက်ခံကြခြင်း ဖြစ်သည်။ အရှက်ကင်းမဲ့ခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဂုဏ်အသရေပျက်သော အရာများအား လုပ်ဆောင်ခြင်းကို ဆိုလိုသည်။ အရှက်မဲ့ခြင်းဆိုသည်မှာ ဤအဓိပ္ပာယ်ဖြစ်သည်။ တစ်စုံတစ်ယောက်က ၎င်းတို့အား “သင်လုပ်ဆောင်နေသည့် အရာသည် အလွန်ပင် ဂုဏ်အသရေပျက်သည်” ဟု ပြောခဲ့လျှင် ၎င်းတို့က ဂရုစိုက်မည်မဟုတ်ဘဲ “မည်သည့်အရာက ဂုဏ်အသရေပျက်သနည်း။ မည်သူက အဆင့်အတန်းကို မနှစ်သက်သနည်း။ အဆင့်အတန်းရှိခြင်းက၊ ပိုက်ဆံကို ချုပ်ကိုင်နိုင်ခြင်းက မည်သို့ခံစားရသည်ကို သင်သိသလော။ ထိုဝမ်းမြောက်မှုကို သင်သိသလော။ ထိုအခွင့်ထူးခံစားချက်ကို သင်သိသလော။ သင် မြည်းစမ်းပြီးပြီလော” ဟု တွေးသည်။ ဤသည်မှာ ၎င်းတို့၏စိတ်နှလုံးရှိ လျှို့ဝှက်သောနေရာတွင် အန္တိခရစ်တို့က အဆင့်အတန်းကို ရှုမြင်ပုံ ဖြစ်သည်။ အန္တိခရစ်တစ်ဦးက အဆင့်အတန်းကို ရရှိသည်နှင့် အရာရာတိုင်းကို ချုပ်ကိုင်လိုလိမ့်မည်။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများကိုလည်း ၎င်းတို့၏ ထိန်းချုပ်မှုအောက် ထားရှိလိမ့်မည်။ ၎င်းတို့သည် အထက်ကို လုံးဝ တိုင်ပင်ဆွေးနွေးခြင်းမရှိဘဲ ငွေကြေးကုန်ကျသော အသင်းတော်အလုပ်၏ မည်သည့်အပိုင်းအတွက်မဆို ဆုံးဖြတ်ပိုင်ခွင့်ရှိလိုသည်။ ၎င်းတို့သည် ဘုရားအိမ်တော်၏ ပိုက်ဆံ၏ အရှင်သခင်ဖြစ်လာပြီး ဘုရားအိမ်တော်က ၎င်းတို့၏ အိမ်ဖြစ်လာသည်။ ၎င်းတို့သည် ယင်းအပေါ်တွင် အဆုံးအဖြတ်ပေးပိုင်ခွင့်၊ မည်သည့်အရာ ဖြစ်မည်ဆိုသည်ကို စေစားခွင့်၊ ၎င်းတို့ စိတ်ကျေနပ်သလို ဤသူ၊ ထိုသူအား ပေးပိုင်ခွင့်၊ တစ်ခုချင်းစီတိုင်းအား မည်သို့သုံးစွဲမည်ဆိုသည်ကို စေစားခွင့်တို့ ရှိသည်။ ဘုရားသခင်၏ လှူဖွယ်ပစ္စည်းများနှင့်ပတ်သက်လျှင် ၎င်းတို့သည် မည်သည့်အခါမျှ စည်းမျဉ်းများနှင့်အညီ ဂရုစိုက်စွာ၊ သတိထားလျက် ပြုမူလုပ်ဆောင်ခြင်းမရှိ။ ဤအစား ၎င်းတို့သည် အလွန်အကျွံ သုံးစွဲသူများဖြစ်ကာ ၎င်းတို့တွင် ဆုံးဖြတ်ပိုင်ခွင့် ရှိလေသည်။ ဤသို့သောသူတစ်ဦးသည် အန္တိခရစ်စစ်စစ် ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။