အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၂) အခန်း ခုနစ်

အန္တိခရစ်တစ်ဦးကို သင်တို့ ကြုံရသောအခါ မည်သို့ဆက်ဆံသင့်သနည်း။ အယောင်ဆောင်ခေါင်းဆောင်များ၊ သို့မဟုတ် အန္တိခရစ်များ၏ စရိုက်လက္ခဏာရှိသည်ဟု ဖော်ပြခြင်းခံရပြီး ဖြုတ်ချခြင်းခံရသော ခေါင်းဆောင်အချို့ရှိသည်။ ၎င်းတို့ထဲမှ တစ်ယောက်သည် အချိန်အတန်ကြာပြီးနောက်တွင် အလုပ်လုပ်ဆောင်နိုင်စွမ်း ရှိသည်ဟုလည်းကောင်း၊ သူသည် ကြားကာလတွင် နောင်တရခဲ့ပြီး ကောင်းစွာ ထမ်းဆောင်နေသည်ဟုလည်းကောင်း ညီအစ်ကိုမောင်နှမများက သတင်းပို့ခဲ့သည်။ အတိအကျအားဖြင့် သူသည် အပြုအမူပိုင်းတွင် ကောင်းစွာ စွမ်းဆောင်နေသလော၊ ချိုသာသော ပုံစံဖြင့် စကားပြောဆိုနေသလော၊ သူ၏ ကဏ္ဍတွင် ပို၍ စည်းကမ်းရှိလာခြင်းလောဆိုသည်ကို သိပ်မရှင်းလင်းပေ။ သူသည် ကောင်းစွာ ထမ်းဆောင်နေသည်ဟု ညီအစ်ကိုမောင်နှမများက ပြောသည့်အတွက်၊ အချို့အလုပ်တွင် လူအင်အား ချို့တဲ့နေသည်ကို ထောက်၍ အလုပ်တစ်ခုခုကို သူလုပ်ဆောင်သင့်သည်ဟု စီစဉ်ခဲ့သည်။ ရလဒ်အနေဖြင့် နှစ်လမကြာမီတွင် ညီအစ်ကိုမောင်နှမများက အစီရင်ခံခဲ့သည်။ “သူ့ကို ချက်ချင်း ဖြုတ်ချပါ။ သူသည် ကျွန်ုပ်တို့ကို မခံမရပ်နိုင်အောင် ဖိနှိပ်နေသည်။ သူ့ကို မဖြုတ်ချလျှင် ကျွန်ုပ်တို့၏ တာဝန်များကို ကျွန်ုပ်တို့ ထမ်းဆောင်နိုင်မည်မဟုတ်” ဟူ၍ ဖြစ်သည်။ ၎င်းတို့သည် မည်သို့ဖြစ်စေ သူ့ကို အသုံးပြုခြင်းအား သဘောတူမည်မဟုတ်။ မည်သူ့ကို ခေါင်းဆောင်အဖြစ် ၎င်းတို့ ရွေးကောက်သည်ဖြစ်စေ သူဖြစ်လိမ့်မည် မဟုတ်ပေ။ သူသည် ယခင်ကအတိုင်း အကျင့်ပျက်သောသူ ဖြစ်ခဲ့သည်။ သူသည် အပြောကောင်းသော်လည်း အမှန်တွင် အနည်းငယ်မျှ မပြောင်းလဲခဲ့ပေ။ မည်သည့်အရာ ဖြစ်ပျက်နေသနည်း။ သူ၏ သဘာဝသည် လုံးလုံး ဖော်ထုတ်ခြင်းခံခဲ့ရသည်။ ဤအမှုကိစ္စကို မည်သို့ ကိုင်တွယ်သင့်သည်ဟု သင်ထင်သနည်း။ ညီအစ်ကိုမောင်နှမများက တုံ့ပြန်မှုပြင်းထန်သည်မှာ ၎င်းတို့သည် အမှန်ပင် ပိုင်းခြားသိမြင်မှုအနည်းငယ် ရှိခဲ့သည်ဆိုသည်ကို သက်သေပြသည်။ လူအချို့သည် သူ၏ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို ခံရသည်။ ပြီးလျှင် အထက်မှ သူ့ကို ကိုင်တွယ်ပြီးနောက်တွင် လူအချို့က သူ့ကို ခုခံကာကွယ်ပေးကြသည်။ နောက်ပိုင်းတွင် သူသည် နောင်တရပြီးဖြစ်သည်ဟု လူအချို့က ဆိုသည်။ ထို့ကြောင့် သူသည် နောက်တစ်ကြိမ် ရာထူးတိုးပေးခြင်း ခံရသည်။ အချိန်အတန်ကြာပြီးနောက်တွင် သူသည် လုံးလုံး ထုတ်ဖော်ခြင်းခံရသည်။ ညီအစ်ကိုမောင်နှမများသည် ယခုအခါတွင် သူ့ကို လုံးဝ ရိပ်စားမိပြီးဖြစ်သည်။ ပြီးလျှင် ၎င်းတို့သည် သူ့ကို ဖြုတ်ချရန်အတွက် အတူတကွ စုပေါင်းကြသည်။ ဤလူတို့သည် ယခုတွင် ပိုင်းခြားသိမြင်ကြသည်ဆိုသည်ကို အထက်က မြင်ခဲ့သည်။ ၎င်းတို့ကို အလဟဿရေလောင်းခဲ့ခြင်း မဖြစ်ပေ။ ထို့ကြောင့် သူ့ကို အသုံးပြုရန် ၎င်းတို့အားလုံးက သဘောမတူသည်ကို ထောက်ပြီး အထက်က သူ့ကို ဖြုတ်ချခဲ့သည်။ ၎င်းတို့၏ ပိုင်းခြားသိမြင်မှုက မည်သည့်နေရာက လာသနည်း။ (သမ္မာတရားကို နားလည်ခြင်းမှလာသည်။) ဟုတ်သည်။ သမ္မာတရားကို ၎င်းတို့ နားလည်ခဲ့သည်။ ပိုင်းခြားသိမြင်မှုသည် သမ္မာတရားအား နားလည်ခြင်းမှ လာသည်။ ယင်းသည် ထိုနေရာတွင် သမ္မာတရားနှင့် ဘုရားသခင်အုပ်စိုးနေဆဲ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့၏ ပိုင်းခြားသိမြင်မှုမှာ အချိန်မီပင် ဖြစ်သည်။ သူအထုတ်ခံရပြီးနောက်တွင် ညီအစ်ကိုမောင်နှမများက သူ၏ ထိန်းချုပ်မှုကို မခံရတော့ပေ။ လူတို့သည် သူ၏ ဖိနှိပ်မှုအောက်တွင် များစွာ ဒုက္ခခံခဲ့ရသည်။ သူ့တွင် လူ့သဘာဝလုံးဝ မရှိ။ သူ၏ သင့်လျော်သောအလုပ်ကို မလုပ်ဆောင်ခဲ့ဘဲ ညီအစ်ကိုမောင်နှမများ၏ တာဝန်ထမ်းဆောင်မှုကို နှောင့်ယှက်ခဲ့သည်။ သူသည် ၎င်းတို့ကို မတရားသဖြင့်ဆက်ဆံပြီး သူ၏ အာဏာဖြင့် ၎င်းတို့ကို နှိပ်စက်သည်။ မည်သူက ယင်းကို သဘောတူမည်နည်း။ တုံးအသောသူ ဖြစ်သည်။ ဤသို့သောလူတို့သည် ဖြုတ်ချခြင်းခံရသောအခါ ပြီးနောက်တွင် ယင်းနှင့်ပတ်သက်ပြီး ခံစားချက်တစ်ခုခုရှိကြသလော။ ပြီးခဲ့သည့်အခေါက်က ထိုသူသည် အထက်က ဖြုတ်ချခြင်းကို ခံရသည်။ ဤတစ်ကြိမ်တွင် သူသည် စင်ပေါ်မှ ညီအစ်ကိုမောင်နှမများ၏ နှင်ချခြင်းကို ခံရသည်။ ဤသို့ထွက်သွားသည်မှာ သိက္ခာရှိသည့်ပုံစံမဟုတ်။ သူသည် နဂိုက ရာထူးနေရာတစ်ခုကို ရှာဖွေလိုခဲ့သည်။ လက်တွေ့တွင် မရရှိခဲ့ဘဲ အောက်သို့တစ်ခါတည်း ထိုးစိုက်ကျသွားသည်။ ပြီးလျှင် သူ၏ နဂိုပုံစံသို့ ပြန်လည်တွန်းထိုးခြင်းခံရသည်။ သူသည် သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ခြင်းကို မပြုလုပ်ခဲ့သင့်သလော။ (ပြုလုပ်ခဲ့သင့်သည်။) သူသည် သာမန်လူတစ်ယောက် ဖြစ်ခဲ့လျှင်၊ အလွန်အမင်းဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့်သူသာ ဖြစ်ခဲ့လျှင် သူသည်လည်း သူ့ကိုယ်သူ ဆင်ခြင်သုံးသပ်ဖို့ လိုအပ်ခဲ့မည်မဟုတ်လော။ (ဟုတ်ပါသည်။) ဆင်ခြင်သုံးသပ်ခြင်း မရှိသော လူအမျိုးအစားတစ်ခုရှိသည်။ ၎င်းတို့သည် မှန်သည်၊ ၎င်းတို့လုပ်ဆောင်သည့် မည်သည့်အရာမဆိုက မှန်သည်ဟု ထင်ကြသည်။ အမှန်တရားများကို ၎င်းတို့ လက်မခံပေ။ အပြုသဘောဆောင်သောအရာများကို ၎င်းတို့ လက်မခံပေ။ ပြီးလျှင် ၎င်းတို့အပေါ် အခြားလူများ၏ အကဲဖြတ်ချက်များကို ၎င်းတို့ လက်မခံပေ။ ဤသည်တို့မှာ အန္တိခရစ်၏ စိတ်သဘောထား အနှစ်သာရ ရှိသောသူတို့ ဖြစ်သည်။ အန္တိခရစ်တို့သည် ၎င်းတို့ချည်းသက်သက်ဆိုလျှင် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်ရကောင်းမှန်း မသိပေ။ ဤအစား မည်သည့်အရာကို ၎င်းတို့ စားမြုံ့ပြန်သနည်း။ “ဟွန်း၊ ငါ နောက်တစ်ကြိမ် အောင်မြင်ပေါက်ရောက်သည့် နေ့ရက်သို့ ရောက်လာလိမ့်မည်။ ငါ၏ လက်ထဲသို့ သင်တို့ရောက်သည်အထိ စောင့်လော့။ ထို့နောက်တွင် ငါ သင်တို့အား ညှဉ်းပန်းမည့်ပုံကို သင်တို့တွေ့လိမ့်မည်” ဟူ၍ ဖြစ်သည်။ ၎င်းတို့တွင် ဤသို့လုပ်ဆောင်ရန် အခွင့်အရေးရှိမည်လော။ (ရှိမည်မဟုတ်။) ၎င်းတို့တွင် အခွင့်အရေး မရှိတော့ပေ။ ညီအစ်ကိုမောင်နှမများက သမ္မာတရားများကို ပိုပို၍ နားလည်သည်နှင့်အမျှ လူအမျိုးမျိုး၏ အခြေအနေအမျိုးမျိုးတို့အားလုံးကို ၎င်းတို့ ပိုင်းခြားသိမြင်နိုင်သောအခါ၊ အထူးသဖြင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်သောအခါ အန္တိခရစ်အနေဖြင့် မကောင်းမှုပြုလုပ်ရန် ကျန်ရှိသည့်နေရာသည် ပိုပို၍ သေးငယ်လာလိမ့်မည်။ ပြီးလျှင် ၎င်းတို့သည် မကောင်းမှုပြုလုပ်ရန် အခွင့်အရေး ပိုပို၍ နည်းလာလိမ့်မည်။ တစ်ကျော့ပြန်လာဖို့ ကြိုးစားရန် ၎င်းတို့အနေဖြင့် လွယ်ကူသောအရာ ဖြစ်မည်မဟုတ်။ ၎င်းတို့သည် အထက်က ပိုင်းခြားသိမြင်မှုအကြောင်းကို အနည်းငယ်လျှော့၍ဟောပြီး ၎င်းတို့မည်သူဖြစ်သည်ကို ပိုင်းခြားသိမြင်မှု မရှိတော့မည့်အရေးကို မျှော်လင့်သည်။ ဤသို့သော သမ္မာတရားများအား မိတ်သဟာယပြုသည်ကို ၎င်းတို့ ကြားသောအခါ ၎င်းတို့အတွက် ပြီးဆုံးသွားပြီကို ၎င်းတို့ သိပြီး ၎င်းတို့ တစ်ကျော့ပြန်လာရန် မျှော်လင့်ချက်မရှိတော့ဟု ထင်မြင်ကြသည်။ ၎င်းတို့က “သူတို့ ဖော်ထုတ်ပြီး ပိုင်းခြားသိမြင်နေသည့်အရာသည် မှန်ကန်သည်။ ငါ၏ အခြေအနေကို အပြည့်အဝ ထင်ဟပ်သည်။ ငါ မည်သို့ပြောင်းလဲသင့်သနည်း။ ငါသည် ဤသို့ ဆက်လက်၍ ကျင့်ကြံပြုမူနေလျှင် ငါ၏ အဆုံးသတ်ဖြစ်မည်မဟုတ်လော။ ငါသည် ဇာတ်သိမ်းသွားမည်။ ကောင်းကင်တမန်မင်း၏ လမ်းကြောင်းနှင့် ဘုရားသခင်အား ရန်မူသည့် လမ်းကြောင်းကို လျှောက်ခြင်းက မည်သည့်ကောင်းကျိုးရရှိနိုင်သနည်း” ဟူ၍ စားမြုံ့မပြန်ပေ။ ၎င်းတို့သည် ဤသို့ ပြန်လည်တွေးတောခြင်းတို့ ရှိမည်လော။ (ရှိမည်မဟုတ်။) ၎င်းတို့သည် ပြန်လည်တွေးတောမည်မဟုတ်။ ၎င်းတို့သည် အသေအချာပင် မိမိကိုယ်ကို ဆင်ခြင်သုံးသပ်မည်မဟုတ်သကဲ့သို့ မိမိကိုယ်ကို သိဖို့ ကြိုးစားမည်မဟုတ်။ ထိုအစား ၎င်းတို့သည် သေသည်အထိ နောင်တရမည် မဟုတ်ချေ။ ယင်းသည် ၎င်းတို့၏ သဘာဝဖြစ်သည်။ သမ္မာတရားကို သင်မည်သို့ မိတ်သဟာယပြုသည်ဖြစ်စေ ၎င်းတို့ကို နှိုးဆွမည်မဟုတ်၊ သို့မဟုတ် နောင်တရစေမည်မဟုတ်။ နောင်တမရဘဲ ထွက်ပေါက်တစ်ခုရှိသလော။ (မရှိပါ။) ၎င်းတို့သည် နောင်တမရပေ။ ၎င်းတို့သည် ခါးသီးသော အဆုံးသတ်အထိ၊ ၎င်းတို့ မိမိဘာသာ ရှာဖွေသော ပျက်စီးခြင်းအထိ ၎င်းတို့လမ်းကြောင်းနောက်သို့ လိုက်ကြသည်။ ယင်းသည် အန္တိခရစ်တို့၏ သဘာဝက ချမှတ်သောအရာ ဖြစ်သည်။

အန္တိခရစ်များအား ပိုင်းခြားသိမြင်ခြင်းအကြောင်းအရာကို ငါတို့ ဤတစ်ချိန်လုံး ပြောဆိုနေခဲ့ကြသည်။ အန္တိခရစ်ဖြစ်သူများက နားထောင်နေစဉ်တွင် မည်သည့်ခံစားချက်ရှိမည်ဟု သင်တို့ ထင်သနည်း။ စုဝေးရန် အချိန်ကျသောအခါတွင် ၎င်းတို့သည် မခံမရပ်နိုင်သော ညှဉ်းပန်းမှုကို ခံစားရပြီး စိတ်နှလုံး၌ အတိုက်အခံဖြစ်ကြသည်။ ၎င်းတို့သည် အန္တိခရစ်များမဟုတ်သလော။ (ဟုတ်ပါသည်။) ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားရှိသည့် သာမန်လူတစ်ယောက်သည် သူ့၌ အန္တိခရစ်၏ စိတ်သဘောထားရှိသည်ကို သိသောအခါ သူသည် စိတ်ထက်သန်စွာဖြင့် ပို၍ကြားလိုပြီး နားလည်လိုသည်။ သူသည် နားလည်သွားသည်နှင့် ယင်းသည် ပြောင်းလဲမှုကို သူ လိုက်စားနိုင်သောအချိန်ဖြစ်သည်။ သူသည် နားမလည်လျှင် သွေဖည်သွားလိမ့်မည်ဟု ထင်သည်။ ပြီးလျှင် အန္တိခရစ်များ၏ လမ်းကြောင်းပေါ်သို့ သူခြေချသော၊ ကြီးမားသော မကောင်းမှုကို ကျူးလွန်ပြီး ပြောင်းလဲ၍မရကာ ဤသို့ဖြင့် ကယ်တင်ခြင်းခံရဖို့ အခွင့်အရေး ဆုံးရှုံးမည်၊ ပျက်စီးသွားမည်ဖြစ်သော နေ့ရက်သို့ ရောက်လာနိုင်သည်ဟု ထင်သည်။ သူသည် ဤအရာကို ကြောက်ရွံ့သည်။ အန္တိခရစ်၏ စိတ်နေစိတ်ထားက ဤသို့မဟုတ်ပေ။ သူသည် ပိုင်းခြားသိမြင်မှုနှင့်ပတ်သက်သည့် ဤသို့သောတရားဒေသနာများအကြောင်းကို အခြားလူများပြောဆိုခြင်း၊ ကြားနာခြင်းအား တားဆီးရန်ကိုသာ အသည်းအသန် လုပ်ဆောင်သည်။ သူသည် လူတိုင်းအား နားဝေတိမ်တောင်ဖြစ်ပြီး ပိုင်းခြားသိမြင်ခြင်းမရှိ ဖြစ်စေလိုသည်။ ပြီးလျှင် သူ၏ အထင်အမြင်မှားအောင် ပြုလုပ်ခြင်းကို ခံရစေလိုသည်။ ယင်းမှာ သူ့အား ပျော်စေမည့်အရာ ဖြစ်သည်။ အန္တိခရစ်တစ်ဦး၏ အကြီးဆုံးဆန္ဒမှာ အဘယ်နည်း။ အာဏာရယူရန် ဖြစ်သည်။ သင်တို့သည် အာဏာရရှိလိုသလော။ (မရရှိလိုပါ။) သင်တို့၏ စိတ်နှလုံးတွင် မရရှိလိုပေ။ သို့သော် တစ်ခါတစ်ရံတွင် ယင်းသည် စိတ်ထဲတွင် သင်နှစ်သက်မည့်အရာတစ်ခုအဖြစ် ဖြစ်ပေါ်သည်။ ထို့ကြောင့် အမှန်တွင် ယင်းသည် သင်လုပ်ဆောင်လိုသည့် အရာတစ်ခုဖြစ်သည်။ သင့်စိတ်အတွင်းတွင် ခံစားချက်အရဖြစ်သော ဆန္ဒတစ်ခု ရှိနေနိုင်သည်။ ထိုသူမျိုးမဖြစ်ရန်၊ ထိုလမ်းကြောင်းကို မလျှောက်ရန် သင့်စိတ်နှလုံး၌ တောင့်တခြင်း ရှိနေနိုင်သည်။ သို့သော် သင်၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက သင့်ကို ထိန်းချုပ်စိုးမိုးပြီး တွန်းအားပေးသည်။ သင်၏ အဆင့်အတန်းနှင့် လွှမ်းမိုးမှုကို သင်မည်သို့ကာကွယ်မည်၊ လူမည်မျှကို သင်ထိန်းချုပ်နိုင်သည်၊ အခြားလူများ၏ အထင်ကြီးမှုကို ရရန် ဩဇာအာဏာဖြင့် မည်သို့စကားပြောရမည်တို့ကို စဉ်းစားလျက် သင်၏ စိတ်ကို အားစိုက်သည်။ ဤအရာများကို သင်အစဉ် စဉ်းစားသောအခါ သင်၏ စိတ်နှလုံးက သင်၏ ထိန်းချုပ်မှုအောက်၌ မရှိတော့ပေ။ မည်သည့်အရာက ယင်းကို ထိန်းချုပ်နေသနည်း။ (ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သည်။) ဟုတ်သည်။ ယင်းသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ ထိန်းချုပ်မှုအောက်တွင်ရှိသည်။ အကြင်သူသည် သူ၏ ဇာတိပကတိဆိုင်ရာ အကျိုးစီးပွားများ၏ အရေးကိစ္စများအကြောင်းကို တစ်နေကုန် စားမြုံ့ပြန်သည်။ သူသည် အခြားလူများနှင့် အစဉ်ရုန်းကန်လျက်ရှိသည်။ ပြီးလျှင် ထိုရုန်းကန်မှုများ၏ ဖြစ်စဉ်တွင် မည်သည့်အရာကိုမျှ သူမရရှိပေ။ ယင်းသည် သူ့အတွက် အလွန်ပင် နာကျင်ဖွယ်ဖြစ်သည်။ သူသည် ဇာတိပကတိနှင့် စာတန်အတွက်သာ အသက်ရှင်သည်။ ထို့ကြောင့် အကြင်သူသည် သူ၏တာဝန်ကို ကောင်းစွာထမ်းဆောင်ပြီး ဘုရားသခင်အတွက် အသက်ရှင်ရန် စိတ်ပိုင်းဖြတ်သော်လည်း သူ့အပေါ်၌ အမှုအရာများ ကျရောက်သောအခါ အဆင့်အတန်းနှင့် သူ၏ အကျိုးစီးပွားများအတွက် နောက်တစ်ဖန် ရုန်းကန်သည်။ သူ့အား အလွန့်အလွန် ပင်ပန်းစေသည့် အပြန်အလှန်ရုန်းကန်မှုဖြစ်ကာ ယင်းထံမှ မည်သည့်အရာကိုမျှ မရရှိပေ။ ငါ့ကို ပြောလော့။ ယင်းမှာ ခြေကုန်လက်ပန်းကျဖွယ် အသက်ရှင်နေထိုင်နည်း မဟုတ်သလော။ (ဟုတ်ပါသည်။) သူသည် တစ်ရက်ပြီးတစ်ရက် ဤသို့နေထိုင်သည်။ သူသတိမထားမိခင်တွင်ပင် ဆယ်စုနှစ်များအထိ ကြာသွားသည်။ လူအချို့သည် ဘုရားသခင်ကို ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ် ယုံကြည်ကြသည်။ သမ္မာတရားမည်မျှကို ၎င်းတို့ ရရှိပြီးကြသနည်း။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားက မည်မျှပြောင်းလဲခဲ့သနည်း။ တစ်ရက်ချင်းစီတွင် မည်သူအတွက် ၎င်းတို့ အသက်ရှင်သနည်း။ မည်သည့်အရာအတွက် ၎င်းတို့ အလုပ်ရှုပ်ခံသနည်း။ မည်သည့်အရာအတွက် ၎င်းတို့ ဦးနှောက်ခြောက်ခံသနည်း။ အားလုံးက ဇာတိပကတိအတွက် ဖြစ်သည်။ ဘုရားသခင်က “သူ၏ စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ် ဆိုးညစ် ခြင်းသက်သက်ရှိသည်” ဟူ၍ ပြောဆိုခဲ့သည်။ ထိုစကားများထဲတွင် အမှားတစ်ခုရှိသလော။ ယင်းတို့ကို မြည်းစမ်းလော့။ အရသာခံကြည့်လော့။ ထိုစကားများကို သင်စဉ်းစားသောအခါ၊ သင်တွေ့ကြုံသောအခါ မကြောက်ရွံ့သလော။ သင်က “ကျွန်ုပ်သည် ကြောက်ရွံ့မှုအချို့ကို အမှန်ပင် ခံစားရသည်။ အပြင်ပန်းတွင် ကျွန်ုပ်သည် တစ်နေကုန် ပေးဆပ်သည်။ စွန့်ပစ်သည်။ ကိုယ့်ကိုယ်ကိုယ် အသုံးခံသည်။ ဒုက္ခခံသည်။ ယင်းသည် ကျွန်ုပ်၏ ဇာတိပကတိခန္ဓာက လုပ်ဆောင်သည့်အရာ ဖြစ်သည်။ သို့သော် ကျွန်ုပ်စိတ်နှလုံး၏ အတွေးများအားလုံးသည် ဆိုးယုတ်သည်။ ယင်းတို့အားလုံးသည် သမ္မာတရားကို ဆန့်ကျင်သည်။ ကျွန်ုပ်လုပ်ဆောင်သည့်အရာများစွာတွင် ကျွန်ုပ်၏ ကြံရွယ်ချက်၊ ကျွန်ုပ်၏ ရည်ရွယ်ချက်နှင့် ကျွန်ုပ်၏ ပန်းတိုင်တို့သည် ကျွန်ုပ်၏ ကိုယ်ပိုင်စိတ်ကူးများရှိ မကောင်းမှုကို လုပ်ဆောင်ခြင်း သက်သက်ဖြစ်သည်” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤသို့ လုပ်ဆောင်ခြင်းဖြင့် မည်သည့်အရာ ဖြစ်ပေါ်သနည်း။ မကောင်းမှုများဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က ယင်းတို့ကို အမှတ်ရမည်လော။ လူအချို့က “ကျွန်ုပ်သည် ဘုရားသခင်ကို နှစ်နှစ်ဆယ်ကြာ ယုံကြည်ခဲ့သည်။ အရာရာတိုင်းကို ကျွန်ုပ် စွန့်လွှတ်ခဲ့ပြီး ဘုရားသခင်က အမှတ်မရသေးပေ” ဟု ဆိုကောင်းဆိုနိုင်သည်။ ၎င်းတို့သည် ဝမ်းနည်းပြီး နာကျင်ရသည်။ မည်သည့်အရာက ၎င်းတို့ကို နာကျင်စေသနည်း။ ဘုရားသခင်သည် လူအပေါ် အမှန်ပင် တင်းကျပ်လျှင် လူသည် ကြွားဝါစရာမည်သည့်အရာမျှ ရှိမည်မဟုတ်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ ကျေးဇူးတော်၊ ဘုရားသခင်၏ သနားကရုဏာ ဖြစ်သည်။ ဘုရားသခင်သည် လူကို အလွန်ပင် သည်းခံသည်။ စဉ်းစားကြည့်လော့။ ဘုရားသခင်သည် အလွန်သန့်ရှင်းသည်။ အလွန်ဖြောင့်မတ်သည်။ အလွန် အနန္တတန်ခိုးရှိသည်။ ပြီးလျှင် ဘုရားသခင်သည် သူ့နောက်သို့ လိုက်သောသူတို့က တစ်နေကုန် လုံးလုံးလျားလျား ဆိုးယုတ်သော အတွေးများ၊ သမ္မာတရားကို ဆန့်ကျင်သော အတွေးများ၊ မိမိတို့၏ ကိုယ်ပိုင်အဆင့်အတန်း၊ ကျော်ကြားမှု၊ အကျိုးအမြတ်တို့၏ အကျိုးစီးပွားများနှင့် သက်ဆိုင်သော ကိစ္စများအကြောင်း လုံးလုံးဖြစ်သော အတွေးများကို တွေးသည့်အခါတွင် သူသည် စောင့်၍သာ ကြည့်နေသည်။ ဘုရားသခင်သည် သူ၏နောက်လိုက်များက သူ့အား ဤသို့ဆန့်ကျင်ပြီး သစ္စာဖောက်နေသည်ကို သည်းခံမည်လော။ လုံးဝ သည်းခံမည်မဟုတ်။ လူတို့သည် ဤအယူအဆများ၊ အတွေးများ၊ ရည်ရွယ်ချက်များ၊ စေ့ဆော်မှုများ၏ လွှမ်းမိုးခြင်းကို ခံရပြီး ဘုရားသခင်ကို ပုန်ကန်ကာ ဆန့်ကျင်လျက် အမှုအရာများကို ပြောင်ပြောင်တင်းတင်း လုပ်ဆောင်ကြသည်။ ထိုစဉ်တွင် ၎င်းတို့သည် မိမိတို့၏တာဝန်ကို ထမ်းဆောင်နေပြီး ဘုရားအမှုတော်နှင့် ပူးပေါင်းလုပ်ဆောင်နေသည်ဟု တစ်ချိန်လုံး ကြွားဝါနေကြသည်။ ဤအရာအားလုံးကို ဘုရားသခင်က မြင်ပြီး သူသည် သည်းခံရဦးမည် ဖြစ်သည်။ သူမည်သို့ သည်းခံသနည်း။ သမ္မာတရားကို သူပံ့ပိုးသည်။ ရေလောင်းပြီး ဖော်ထုတ်သည်။ သူသည် ဉာဏ်အလင်းဖွင့်ပြပြီး အလင်းလည်းပေးသည်။ လမ်းပြသည်။ ရိုက်နှက်ဆုံးမပြီး ဆုံးမပဲ့ပြင်သည်။ ပြီးလျှင် ထိုဆုံးမပဲ့ပြင်မှုက ပြင်းထန်သောအခါ သူသည် စိတ်ချစေရန် အားပေးခြင်းကိုပင် ပြုလုပ်ရမည်ဖြစ်သည်။ ဘုရားသခင်သည် ထိုအရာအားလုံးကို လုပ်ဆောင်သည်မှာ စိတ်ရှည်လိုက်ရော့မည့်ဖြစ်ခြင်းပါတကား။ သူသည် ဤလူတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားအမျိုးမျိုးအပေါ်၊ ၎င်းတို့၏ မတူညီသော ထုတ်ဖော်မှုများ၊ အပြုအမူများ၊ အယူအဆများအားလုံးက ဆိုးယုတ်သည်ဆိုသည့် အချက်အပေါ် စောင့်ကြည့်နေသည်။ ပြီးလျှင် သူသည် ယင်းကို သည်းခံနိုင်ဆဲ ဖြစ်သည်။ ပြောလော့။ လူက ယင်းကို လုပ်ဆောင်နိုင်မည်လော။ (လုပ်ဆောင်နိုင်မည်မဟုတ်ပါ။) မိဘများက ၎င်းတို့ သားသမီးများအပေါ် ပေးသည့် စိတ်ရှည်မှုသည် စစ်မှန်သည်။ သို့သော် အမှုအရာများက သည်းမခံနိုင်လောက်အောင် ဖြစ်လာသောအခါတွင် မိဘများသည် သားသမီးများကို စွန့်ပစ်နိုင်သေးသည်၊ သို့မဟုတ် ဆက်နွှယ်မှုများကိုပင် ဖြတ်တောက်နိုင်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတစ်ဦးကို စိတ်ရှည်ပေးလျှင် အဘယ်သို့နည်း။ သင်အသက်ရှင်သည့် တစ်ရက်ချင်းစီသည် ဘုရားသခင်က သင့်အား စိတ်ရှည်ပေးသည့် နေ့ရက်ဖြစ်သည်။ ယင်းသည် သူ၏ စိတ်ရှည်ပုံဖြစ်သည်။ ထိုစိတ်ရှည်မှုအတွင်းတွင် မည်သည့်အရာရှိသနည်း။ (ချစ်ခြင်းဖြစ်သည်။) ချစ်ခြင်းသက်သက်မဟုတ်။ သူသည် သင့်အပေါ် မျှော်လင့်ချက်တစ်ခုရှိသည်။ ထိုမျှော်လင့်ချက်သည် အဘယ်နည်း။ သူလုပ်ဆောင်သည့် အမှုမှတစ်ဆင့် ရလဒ်နှင့် ရိတ်သိမ်းမှုတစ်ခုကို သူမြင်စေပြီး လူအား သူ၏ ချစ်ခြင်းကို မြည်းစမ်းစေနိုင်ရန် ဖြစ်သည်။ လူ၌ ဤသို့သော ချစ်ခြင်းရှိသလော။ မရှိပေ။ သင်ကြားခြင်းနှင့် ပညာရေးအနည်းငယ်မျှဖြင့်၊ ဆုကျေးဇူး၊ သို့မဟုတ် အထူးကျွမ်းကျင်မှု အနည်းငယ်မျှဖြင့် လူတစ်ဦးသည် အခြားလူများထက် အဆင့်အတန်းပို၍ မြင့်မြတ်သည်ဟုလည်းကောင်း၊ သာမန်လူတို့သည် သူ့အနီးသို့ လုံးဝ မလာနိုင်ဟုလည်းကောင်း ခံစားရသည်။ ယင်းသည် လူ၏ ရွံရှာဖွယ်ကောင်းမှုဖြစ်သည်။ ယင်းသည် ဘုရားသခင် ပြုမူဆောင်ရွက်ပုံ ဟုတ်သလော။ အလွန်ပင် ဆန့်ကျင်ဘက်ဖြစ်သည်။ ဤသို့ တွေးကြည့်၍ပင်မရနိုင်သော ညစ်ပေသည့်၊ အလွန် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် ဘုရားသခင် ကယ်တင်သည့်သူများ ဖြစ်သည်။ ထို့အပြင် သူသည် ၎င်းတို့နှင့်အတူ နေထိုင်ပြီး ၎င်းတို့နှင့် တေ့တေ့ဆိုင်ဆိုင် စကားပြောသည်။ ၎င်းတို့ကို ပံ့ပိုးသည်။ လူက ဤသို့ မလုပ်ဆောင်နိုင်ပေ။

အောက်ပါအကြောင်းအရာသည် နောက်ထပ်ပြဿနာတစ်ခုအပေါ် ဆက်လက်၍ မိတ်သဟာယဖွဲ့ခြင်း ဖြစ်သည်။ လူအချို့သည် သက်သေခံသောအခါတွင် “ကျွန်ုပ်အပေါ်သို့ အမှုအရာများ ဖြစ်ပျက်သည့်အခါတိုင်းတွင် ဘုရားသခင်၏ ချစ်ခြင်းနှင့် သူ၏ ကျေးဇူးတော်ကို ကျွန်ုပ်တွေးပြီး တို့ထိခြင်းခံရသည်။ ဤအရာများကို ကျွန်ုပ်တွေးသည့်အချိန်တိုင်းတွင် ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို ထုတ်ဖော်ပြခြင်း ရပ်တန့်သွားသည်” ဟု ဆိုသည်။ ဤပြောဆိုချက်သည် ကောင်းသည်ဟုလည်းကောင်း၊ ယင်းသည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ထုတ်ဖော်ပြခြင်းတို့၏ ပြဿနာကို အမှန်တကယ် ဖြေရှင်းပေးနိုင်သည်ဟုလည်းကောင်း လူအများစုက ခံစားကြရသည်။ ဤစကားများသည် အမှန်ပင် ခိုင်လုံမှုရှိသလော။ မရှိပေ။ ဘုရားသခင်၏ ချစ်ခြင်း၊ သူ၏ အနန္တတန်ခိုး၊ လူအပေါ် သူ၏ သည်းခံခြင်း၊ ပြီးလျှင် လူ၌ သူလုပ်ဆောင်သောအမှုအားလုံးသည် လူကိုသာ တို့ထိနိုင်သည်။ သူ၏ လူ့သဘာဝဖြစ်သည့် အပိုင်း၊ သူ၏ အသိစိတ်နှင့် ဆင်ခြင်တုံတရားဖြစ်သည့်အပိုင်းကိုသာ တို့ထိနိုင်သည်။ သို့ရာတွင် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မဖြေရှင်းနိုင်သကဲ့သို့ လူ့လိုက်စားမှု၏ ပန်းတိုင်နှင့် ဦးတည်ချက်ကိုလည်း မပြောင်းလဲနိုင်ပေ။ ဤအတွက်ကြောင့် ဘုရားသခင်က နောက်ဆုံးသောကာလ တရားစီရင်ခြင်းအမှုကို လုပ်ဆောင်ခြင်း ဖြစ်သည်။ သူသည် လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား ပြဿနာကို ဖြေရှင်းရန်အတွက် သမ္မာတရားကို ဖော်ပြကာ ပံ့ပိုးပေးသည်။ ဘုရားသခင် လုပ်ဆောင်သော အရေးပါဆုံးသောအရာမှာ အဘယ်နည်း။ သူသည် သမ္မာတရားကို ဖော်ပြကာ ပံ့ပိုးပေးပြီး လူကို တရားစီရင်ကာ ပြစ်တင်ဆုံးမသည်။ သူသည် သင့်လိုက်စားမှု၏ ဦးတည်ချက်နှင့် ပန်းတိုင်တို့ကို ပြောင်းလဲစေရန်အတွက် သူ၏ လုပ်ရပ်များဖြင့်၊ သို့မဟုတ် သူလုပ်ဆောင်သောအရာများဖြင့် သင့်ကို မတို့ထိလိုပေ။ သူသည် ဤသို့ အလုပ်လုပ်မည်မဟုတ်။ ဘုရားသခင်က သူသည် လူအပေါ် မည်မျှစိတ်ရှည်သည်၊ သို့မဟုတ် လူကို မည်သို့ကယ်တင်သည်၊ ပေးဆပ်မှု မည်မျှကြီးသည်တို့နှင့်ပတ်သက်၍ မည်သည့်အရာကို ပြောသည်ဖြစ်စေ၊ ဘုရားသခင်က မည်သည့်ပုံစံဖြင့် ဆိုသည်ဖြစ်စေ ဘုရားသခင်သည် လူတို့ကို ကယ်တင်ရန် သူ၏ ရည်ရွယ်ချက်ကို လူတို့နားလည်စေရန်သာ လုပ်ဆောင်လိုသည်။ သူပြောသည်ကို ကြားရသည့်အတွက် လူတို့က အလွန်ပင် တို့ထိခြင်းခံရသောကြောင့် လူတို့၏ စိတ်နှလုံးကို ပျော့​ပျောင်းစေပြီး ၎င်းတို့အား ပြောင်းလဲစေရန် ထောက်ကူပေးဖို့ ထိုအရာများကို သူပြောခြင်းမဟုတ်။ ဤသို့ လုပ်ဆောင်၍ မရနိုင်ပေ။ အဘယ်ကြောင့် မရနိုင်သနည်း။ လူ၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားသည် သူ၏ သဘာဝအနှစ်သာရဖြစ်ပြီး ထိုသဘာဝအနှစ်သာရသည် လူတို့ ရှင်သန်ရပ်တည်ရန် အမှီပြုသည့် အခြေခံအုတ်မြစ်ဖြစ်သည်။ ယင်းသည် အနည်းငယ်နှိုးဆော်ခြင်းဖြင့် ပြောင်းလဲမည့် မကောင်းသော ဓလေ့၊ သို့မဟုတ် အလေ့အကျင့် မဟုတ်ပေ။ လူတစ်ယောက်သည် ပျော်ရွှင်သည်နှင့် တစ်ပြိုင်နက်၊ သို့မဟုတ် အသိပညာအနည်းငယ်ရရှိသည်နှင့်၊ သို့မဟုတ် စာအုပ်အချို့ဖတ်သည်နှင့် ထိုသဘာဝအနှစ်သာရသည် ပြောင်းလဲမည်မဟုတ်။ ယင်းသည် ဖြစ်နိုင်မည်မဟုတ်ပေ။ လူ၏ သဘာဝကို မည်သူကမျှ မပြောင်းလဲနိုင်ပေ။ အကြင်သူသည် သမ္မာတရားကို လက်ခံခြင်းနှင့် ရရှိခြင်းအားဖြင့်သာ ပြောင်းလဲနိုင်သည်။ သမ္မာတရားတစ်ခုတည်းကသာ လူတို့ကို ပြောင်းလဲနိုင်သည့်အရာ ဖြစ်သည်။ သင်သည် သင်၏ အသက်စိတ်သဘောထား၌ ပြောင်းလဲမှုတစ်ခုကို ရရှိလိုလျှင် သမ္မာတရားကို လိုက်စားရမည်။ ပြီးလျှင် သမ္မာတရားကို လိုက်စားရန် ဘုရားသခင်ပြောဆိုသည့် သမ္မာတရားအမျိုးမျိုးကို ရှင်းလင်းစွာ နားလည်ခြင်းဖြင့် အစပြုရမည်။ အယူဝါဒကို နားလည်ပြီးဖြစ်လျှင် သမ္မာတရားကို နားလည်ပြီးဖြစ်သည်ဟု လူအချို့က ယုံကြည်ကြသည်။ ဤသည်မှာ သေချာပေါက် မှားယွင်းသည်။ သင်က ဘုရားသခင်အား ယုံကြည်ခြင်းနှင့်သက်ဆိုင်သည့် အယူဝါဒကို နားလည်ပြီး ဝိညာဉ်ရေးရာ သဘောတရားအနည်းငယ်အကြောင်းကို ပြောနိုင်လျှင် သမ္မာတရားကို သင်နားလည်ပြီးဖြစ်သည်ဆိုသည်မှာ မမှန်ပေ။ ယခု အသေအချာ တွေးတောကြည့်လော့။ သမ္မာတရားသည် အတိအကျဆိုရလျှင် မည်သည့်အရာကို ရည်ညွှန်းသနည်း။ သမ္မာတရားကို နားမလည်သောသူများစွာရှိသည်ဟု ငါ အဘယ်ကြောင့် အစဉ်ပြောနေသနည်း။ ၎င်းတို့က “ဘုရားနှုတ်ကပတ်တော်၏ အဓိပ္ပာယ်ကို ငါနားလည်နိုင်လျှင် သမ္မာတရားကို ငါနားလည်ပြီးဖြစ်သည်ဟု ဆိုလိုသည်” ဟုလည်းကောင်း၊ “ဘုရားနှုတ်ကပတ်တော်အားလုံးသည် မှန်သည်။ ယင်းတို့အားလုံးသည် ငါတို့၏ စိတ်နှလုံးအတွင်းသို့ ပြောဆိုသည်။ ထို့ကြောင့် ယင်းတို့သည် ငါတို့၏ တူညီသောဘာသာစကားဖြစ်သည်” ဟု လည်းကောင်း ထင်ကြသည်။ ထိုပြောဆိုချက်သည် မှန်သလော၊ သို့မဟုတ် မမှန်သလောဟူသည်ကို ငါ့ကိုပြောလော့။ သမ္မာတရားကို နားလည်ခြင်းဆိုသည်မှာ အမှန်တကယ်တွင် မည်သည့်အရာကို ဆိုလိုသနည်း။ ၎င်းတို့သည် သမ္မာတရားကို နားမလည်ဟု ငါတို့ အဘယ်ကြောင့် ဆိုသနည်း။ သမ္မာတရားက မည်သည့်အရာဖြစ်သည်ကို ငါတို့ ဦးစွာ အနည်းငယ် ပြောဆိုမည်။ သမ္မာတရားသည် အပြုသဘောဆောင်သောအရာများအားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်။ ဤသို့ဆိုလျှင် ဤအပြုသဘောဆောင်သောအရာများ၏ လက်တွေ့ကျမှုက လူနှင့် မည်သို့ဆက်နွှယ်သနည်း။ (ဘုရားသခင်၊ ကျွန်ုပ်နားလည်သည်မှာ လူတစ်ယောက်က သမ္မာတရားကို နားလည်သည့်အခါတွင် ပြသသည့်ပုံစံမှာ သူသည် မည်သည့်လူများ၊ ဖြစ်ရပ်များ၊ အမှုအရာများကို ကြုံသည်ဖြစ်စေ သူ့၌ စည်းမျဉ်းများရှိပြီး ယင်းတို့ကို မည်သို့ဆက်ဆံရမည်ကို သိခြင်း၊ လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်း ရှိခြင်းဖြစ်သည်။ သမ္မာတရားသည် သူ၏ အခက်အခဲများကို ဖြေရှင်းနိုင်ပြီး သူ၏ အသက်တာ၌ လက်တွေ့ကျမှု ဖြစ်လာနိုင်သည်။ အယူဝါဒအပေါ် လူတစ်ဦး၏ နားလည်မှုသည် သမ္မာတရားအား နားလည်ခြင်း မဟုတ်ဟု ဘုရားသခင်က ယခုလေးတင် ပြောဆိုနေခြင်း ဖြစ်သည်။ သူသည် သမ္မာတရားကို နားလည်ပြီးဖြစ်သကဲ့သို့ ခံစားရသော်လည်း သူ၏ တကယ့်အသက်တာ၌ ရှိသော မည်သည့်ပြဿနာနှင့် အခက်အခဲများကိုမျှ မဖြေရှင်းနိုင်ပေ။ ယင်းအတွက် သူ့၌ လမ်းကြောင်းမရှိ။ သူသည် အမှုကိစ္စများကို သမ္မာတရားနှင့် ချိတ်ဆက်၍မရနိုင်ပါ။) ယင်းသည် သမ္မာတရားကို နားမလည်ခြင်း ဟူသည့်အရာ ဖြစ်သည်။ ယခုပြောခဲ့သည့်အရာ၏ တစ်ပိုင်းက အလွန်ပင် ကွက်တိကျသည်။ သမ္မာတရား ဆိုသည်မှာ အဘယ်နည်း။ (သမ္မာတရားသည် လူတို့အား လက်တွေ့လုပ်ဆောင်ရန် လမ်းကြောင်းကို ရရှိစေနိုင်သည်။ စည်းမျဉ်းများဖြင့် လုပ်ဆောင်စေနိုင်သည်။ လူတို့၏ အခက်အခဲများကို ဖြေရှင်းနိုင်သည်။) မှန်သည်။ သမ္မာတရားစည်းမျဉ်းများနှင့် မိမိကိုယ်ကို နှိုင်းယှဉ်ကြည့်ပြီး ယင်းတို့နှင့်အညီ လက်တွေ့လုပ်ဆောင်ရန်ဖြစ်သည်။ ယင်းမှာ လမ်းကြောင်း ဖြစ်သည်။ ယင်းသည် သမ္မာတရားအား နားလည်ခြင်းကို သက်သေပြသည်။ သင်က အယူဝါဒကိုသာ နားလည်ပြီး သင့်၌ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ ယင်းကို အသုံးမချနိုင်သကဲ့သို့ စည်းမျဉ်းများကို မရှာနိုင်လျှင် ယင်းသည် သမ္မာတရားအား နားလည်ခြင်းတစ်ခု မဟုတ်ပေ။ သမ္မာတရားဆိုသည်မှာ အဘယ်နည်း။ သမ္မာတရား ဆိုသည်မှာ အမှုကိစ္စအားလုံးကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များ ဖြစ်သည်။ ဤသို့မဟုတ်သလော။ (ဟုတ်ပါသည်။) သမ္မာတရားကို သင်တို့နားမလည်ဟု ငါဆိုသောအခါ သင်တို့သည် တရားဒေသနာများထံမှ အယူဝါဒကိုသာ သိမြင်လာခဲ့သည်ဟု ငါဆိုခြင်းဖြစ်သည်။ ယင်းအတွင်း၌ရှိသော သမ္မာတရား၏ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များကိုဖြစ်စေ၊ သင်၌ ဖြစ်ပျက်သည့် မည်သည့်အမှုကိစ္စများက ထိုသမ္မာတရားရှုထောင့် ပါဝင်သည်ကိုဖြစ်စေ၊ မည်သည့်အခြေအနေများ ပါဝင်သည်ကိုဖြစ်စေ သင်မသိသကဲ့သို့ ထိုသမ္မာတရား ရှုထောင့်အား မည်သို့အသုံးချရမည်ကိုလည်း သင်မသိပေ။ ဤအရာတစ်ခုတလေကိုမျှ သင်မသိ။ ဥပမာ သင်တို့က မေးခွန်းတစ်ခုကို မေးသည်ဆိုပါစို့။ သင်တို့က မေးခွန်းကို မေးခြင်းသည် ဆက်စပ်သည့် သမ္မာတရားအား သင်တို့နားမလည်ဟု ဆိုလိုသည်။ ယင်းအကြောင်းကို မိတ်သဟာယဖွဲ့ပြီးနောက်တွင် ယင်းကို နားလည်မည်လော။ (နားလည်မည်ဖြစ်ပါသည်။) မိတ်သဟာယဖွဲ့ပြီးနောက်တွင် အနည်းငယ် နားလည်ကောင်း နားလည်နိုင်သည်။ သို့သော် သင်၌ အလားတူအရာတစ်ခု ထပ်မံဖြစ်ပျက်သောအခါတွင် နားမလည်နိုင်လျှင် ယင်းသည် သမ္မာတရားအား အမှန်တကယ် နားလည်ခြင်းမဟုတ်။ ထိုသမ္မာတရား၏ စည်းမျဉ်းများနှင့် စံသတ်မှတ်ချက်များကို သင်မသိပေ။ ယင်းတို့ကို သင်သဘောမပေါက်ပေ။ သင်နားလည်ပြီးဖြစ်သည်ဟု ထင်သော သမ္မာတရားတစ်ခုရှိနိုင်သည်။ သို့သော် ယင်းက ကိုင်တွယ်သည့် လက်တွေ့ကျမှုများက မည်သည့်အရာ ဖြစ်သည်၊ ယင်းက ချိန်ရွယ်သည့် လူ၏ အခြေအနေများက မည်သည့်အရာ ဖြစ်သည်ဆိုသည်တို့နှင့် ပတ်သက်၍ ထိုသမ္မာတရားကို သင်နားလည်ပြီးဖြစ်လျှင် သင်ကိုယ်တိုင်၏ အခြေအနေကို ယင်းနှင့် နှိုင်းယှဉ်ချိန်ဆ ကြည့်နိုင်သလော။ နှိုင်းယှဉ်ချိန်ဆ မကြည့်နိုင်လျှင် သင်၏ တကယ့်အခြေအနေက မည်သည့်အရာဖြစ်သည်ကို သင်လုံးဝ မသိပေ။ ဤသို့ဆိုလျှင် သင်၏ နားလည်ခြင်းမှာ သမ္မာတရားကို နားလည်ခြင်းဟုတ်သလော။ (မဟုတ်ပါ။) သမ္မာတရားအား နားလည်ခြင်းမဟုတ်။ သမ္မာတရား၏ ရှုထောင့်တစ်ခုနှင့်လည်းကောင်း၊ စည်းမျဉ်းများနှင့်လည်းကောင်း ပတ်သက်သောအခါတွင် မည်သည့်အမှုကိစ္စများနှင့် မည်သည့်အခြေအနေများက ထိုသမ္မာတရားပါဝင်သည်ကို သင်သိလျှင်၊ မည်သည့်လူအမျိုးအစားများ၊ သို့မဟုတ် သင့်ကိုယ်ပိုင်အခြေအနေများရှိ မည်သည့်အခြေအနေက ထိုသမ္မာတရားနှင့် ဆက်နွှယ်သည်ဆိုသည်ကို သင်သိပြီး ယင်းတို့ကို ဖြေရှင်းရန် သမ္မာတရားကိုလည်း အသုံးပြုနိုင်လျှင် ဤသည်မှာ သမ္မာတရားကို သင်နားလည်သည်ဟု ဆိုလိုသည်။ သင်က တရားဒေသနာတစ်ခုကို ကြားစဉ်တွင် ယင်းကို နားလည်သည်ဟု ခံစားရသည့်တိုင် သင့်အား မိတ်သဟာယဖွဲ့ရန် တောင်းဆိုသောအခါ သင်က သင်ကြားသည့်စကားကိုသာ သံယောင်လိုက်ပြောလျှင်၊ အခြေအနေများ၊ တကယ့်အနေအထားများနှင့်ပတ်သက်၍ ယင်းအကြောင်းကို မပြောဆိုနိုင်သကဲ့သို့ ရှင်းမပြနိုင်လျှင် သင်၏ နားလည်မှုသည် သမ္မာတရားအား နားလည်ခြင်းဟုတ်သလော။ မဟုတ်ပေ။ ယင်းသည် သမ္မာတရားကို နားလည်ခြင်းဟူသည့်အရာ မဟုတ်။ ဤသို့ဆိုလျှင် အချိန်အများစုတွင် သမ္မာတရားကို သင်တို့ နားလည်သလော၊ သို့မဟုတ် နားမလည်သလော။ (နားမလည်ပါ။) အဘယ်ကြောင့် နားမလည်သနည်း။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် သမ္မာတရားအများစုတွင် ယင်းတို့ကို ကြားနာခြင်းမှတစ်ဆင့် အယူဝါဒကိုသာ နားလည်လာခဲ့ခြင်းကြောင့်ဖြစ်သည်။ သင်တို့လုပ်နိုင်သမျှမှာ ယင်းကို စည်းမျဉ်းစည်းကမ်းအဖြစ် ပုံသေစောင့်ထိန်းခြင်း ဖြစ်သည်။ ယင်းကိုမည်သို့ အလိုက်သင့်အသုံးချရမည်ကို မသိ။ သင့်အပေါ်သို့ တစ်စုံတစ်ခုဖြစ်ပျက်သောအခါ သင်သည် မှင်တက်နေသည်။ သင့်အပေါ်သို့ တစ်စုံတစ်ခု ဖြစ်ပျက်သောအခါ သင်နားလည်သည့် အယူဝါဒအနည်းငယ်ကို ထိုဖြစ်ရပ်၌ ထိထိရောက်ရောက် အသုံးမချနိုင်ပေ။ ယင်းသည် အသုံးမဝင်ပေ။ ယင်းသည် သမ္မာတရားအား နားလည်ခြင်း ဟုတ်သလော၊ သို့မဟုတ် မဟုတ်သလော။ (မဟုတ်ပါ။) ယင်းသည် သမ္မာတရားအား နားမလည်ခြင်းဟူသည့် အရာ ဖြစ်သည်။ သမ္မာတရားကို သင်နားမလည်လျှင် အဘယ်သို့နည်း။ သင်သည် အထက်သို့ ကြိုးပမ်းတက်လှမ်းရမည်။ အဖြေရှာရန် ဒုက္ခခံရမည်။ သင့်လူ့သဘာဝ၌ ရှိရမည့်အရာ အနည်းငယ်ရှိသည်။ သင့်အနေဖြင့် သင်ယူပြီး လုပ်ဆောင်နိုင်သည့်အရာ၌ တာဝန်ကျေပွန်ပြီး စေ့စပ်ရမည်။ သင်က သမ္မာတရားကို လိုက်စားလိုသော်လည်း ပုံမှန်လူတို့၏ အသိစိတ်နှင့် ဆင်ခြင်တုံတရား မရှိလျှင် သမ္မာတရားကို မည်သည့်အခါမျှ နားလည်နိုင်မည်မဟုတ်။ သင်၏ ယုံကြည်မှုက နားဝေတိမ်တောင်ဖြစ်သော ယုံကြည်မှုဖြစ်သည်။ ဤသည်မှာ သင်၏ အစွမ်းအစပေါ်တွင် မူတည်ခြင်းမရှိ။ သင်က ဤလူ့သဘာဝမျိုးကို ပိုင်ဆိုင်ခြင်း ရှိမရှိအပေါ်တွင်သာ မူတည်သည်။ သင် ပိုင်ဆိုင်လျှင် သင့်အစွမ်းအစက အလယ်အလတ် ဖြစ်လျှင်ပင် အခြေခံသမ္မာတရားများကို နားလည်နိုင်ဆဲ ဖြစ်သည်။ ဤသည်မှာ အနည်းဆုံးအနေဖြင့် သမ္မာတရားနှင့် ဆက်စပ်သည်။ သင်က အလွန်ကောင်းသော အစွမ်းအစရှိလျှင် သင်နားလည်သောအရာသည် သမ္မာတရား၏ လေးနက်သော အဆင့်များတွင် ရှိသည့် အရာများ ဖြစ်နိုင်သည်။ ဤသို့ဆိုလျှင် သင်သည် သမ္မာတရားအတွင်းသို့ ပို၍ နက်နဲစွာ ဝင်ရောက်နိုင်လိမ့်မည်။ ဤသည်မှာ သင်၏ အစွမ်းအစနှင့် ဆက်စပ်သည်။ သို့သော် သင့်လူ့သဘာဝ၌ တာဝန်သိခြင်းနှင့် စေ့စပ်ခြင်းသဘောထားမရှိလျှင်၊ သင်က အစဉ်သဖြင့် မရေရာ၊ မသေချာလျှင်၊ နားဝေတိမ်တောင်ဖြစ်လျှင်၊ မရှင်းမလင်းဖြစ်သည့် စိတ်အခြေအနေ၌ အစဉ်ရှိနေလျှင်၊ အမှုကိစ္စအားလုံးနှင့် ပတ်သက်ပြီး မရှင်းလင်းလျှင်၊ ဝေဝါးပြီး ဝတ်ကျေတမ်းကျေဆန်လျှင် သင့်အတွက်မှာမူ သမ္မာတရားသည် အစဉ်သဖြင့် စည်းမျဉ်းစည်းကမ်းများနှင့် အယူဝါဒတို့ ဖြစ်လိမ့်မည်။ သမ္မာတရားကို သင်ရနိုင်မည်မဟုတ်။ ဤအရာအား ငါပြောသည်ကို ကြားပြီး ယခုတွင် သင်တို့သည် သမ္မာတရားအား လိုက်စားခြင်းက ခက်ခဲသည်ဟု ခံစားရသလော။ ခက်ခဲသည့် အတိုင်းအတာတစ်ခုရှိသည်။ သို့သော် ယင်းက ကြီးသောအတိုင်းအတာ ဖြစ်နိုင်သည်၊ သို့မဟုတ် သေးငယ်သော အတိုင်းအတာဖြစ်နိုင်သည်။ သင်က တွေးတောပြီး အားစိုက်ထုတ်လျှင် ခက်ခဲသည့် အတိုင်းအတာက လျော့နည်းသွားမည်ဖြစ်ပြီး သမ္မာတရားအနည်းငယ်ကို သင်ရလိမ့်မည်။ သမ္မာတရားအတွင်းသို့ သင် အားမစိုက်ထုတ်ဘဲ အယူဝါဒနှင့် အပြင်ပန်း လက်တွေ့လုပ်ဆောင်မှုများကိုသာ အားစိုက်ထုတ်လျှင် သမ္မာတရားကို သင် ရနိုင်မည်မဟုတ်။

ဤသမ္မာတရားများနှင့်ပတ်သက်၍ ငါ၏ စနစ်တကျဖြစ်သော မိတ်သဟာယမှတစ်ဆင့် တစ်စုံတစ်ခု၏ ဆိုလိုရင်းကို သင်တို့ ရိပ်စားမိပြီးသလော။ သဘောပေါက်မှုတစ်ခုခု ရရှိပြီလော။ ကောလိပ်သင်ရိုးညွှန်းတမ်းတစ်ခုခု၏ အသိပညာ၏ အစိတ်အပိုင်းတစ်ခုလုံးတွင် ရှိသည့်အရာများထက် သမ္မာတရား ရှုထောင့်တစ်မျိုးမျိုးရှိ အရာများတွင် ပို၍အသေးစိတ်ကျသောအရာများ မရှိသလော။ (ရှိပါသည်။) အသေးစိတ်အချက်အလက် အလွန်များသည်။ လူတို့သည် သင်ယူလေ့လာစရာများကို အလွတ်ကျက်မှတ်ပြီး နားလည်နိုင်သရွေ့ ဆက်တိုက်လေ့ကျင့်ခြင်းနှင့် လက်တွေ့ အတွေ့အကြုံမှတစ်ဆင့် နှစ်အနည်းငယ်အားထုတ်ရုံမျှဖြင့် နားလည်သဘောပေါက်နိုင်သည်။ ပညာရပ်တစ်ခုခုကို သင်ယူရာတွင် လူတစ်ဦးသည် အချိန်နှင့် အားအင်ကို သုံးစွဲခြင်းအားဖြင့်၊ အနည်းငယ် တွေးတောခြင်းဖြင့် တဖြည်းဖြည်းချင်း ကျွမ်းကျင်တတ်မြောက်နိုင်သည်။ သို့သော် သမ္မာတရားကို နားလည်ရန်အတွက် သင့်ဦးနှောက်ကို အသုံးပြုခြင်းသက်သက်က အလုပ်ဖြစ်မည်မဟုတ်။ သင့်စိတ်နှလုံးကို အသုံးပြုရမည်။ ဘုရားနှုတ်ကပတ်တော်များကို သင့်စိတ်နှလုံးဖြင့် မတွေးတောလျှင်၊ သို့မဟုတ် သင့်စိတ်နှလုံးဖြင့် မတွေ့ကြုံလျှင် သမ္မာတရားကို နားလည်နိုင်မည်မဟုတ်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုရှိသော၊ တာဝန်သိသော၊ သဘောပေါက်နားလည်နိုင်စွမ်း ရှိသောသူတို့သာ သမ္မာတရားကို လက်လှမ်းမီနိုင်သည်။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု မရှိသော၊ အစွမ်းအစနည်းသော၊ သဘောပေါက်နားလည်နိုင်စွမ်း ကင်းမဲ့သောသူတို့သည် မည်သည့်အခါမျှ သမ္မာတရားကို လက်လှမ်းမီနိုင်မည်မဟုတ်။ သင်တို့သည် အာရုံမစိုက်သောလူများ ဖြစ်သလော၊ သို့မဟုတ် စေ့စပ်တိကျသောသူများဖြစ်သလော။ (အာရုံမစိုက်သောလူများ ဖြစ်ပါသည်။) ယင်းသည် အန္တရာယ်မရှိသလော။ သင်တို့သည် စေ့စပ်တိကျနိုင်သလော။ (စေ့စပ်တိကျနိုင်ပါသည်။) ယင်းသည် ကောင်းသောအရာတစ်ခု ဖြစ်သည်။ ယင်းအား ကြားရသည်ကို ငါနှစ်သက်သည်။ အစဉ်သဖြင့် မလုပ်နိုင်ဟု မပြောနှင့်။ သင်ကြိုးစားမကြည့်မချင်း မည်သို့သိမည်နည်း။ သင်သည် စွမ်းဆောင်နိုင်သင့်သည်။ သင်တို့လိုက်စားမှု၌ရှိသော သင်တို့၏ လက်ရှိ စိတ်ပိုင်းဖြတ်မှုနှင့် သဘောထားဖြင့် အခြေခံသမ္မာတရားများကို သင်တို့ နားလည်ဖို့ မျှော်လင့်ချက်ရှိသည်။ ယင်းသည် ဖြစ်မြောက်နိုင်သည်။ လူတစ်ဦးသည် မိမိ၏ စိတ်နှလုံးကို အသုံးပြုပြီး ပေးဆပ်လိုစိတ်ရှိသရွေ့၊ သူ၏ စိတ်နှလုံးတွင် သမ္မာတရားဆီသို့ ဦးတည်ပြီး ကြိုးစားသရွေ့ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်ပြီး ထိုသူကို စုံလင်အောင် ပြုလုပ်လိမ့်မည်။ သူသည် မိမိစိတ်နှလုံးတွင် သမ္မာတရားဆီသို့ ဦးတည်ပြီး ကြိုးစားမှု မရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်မဟုတ်။ သတိရလော့။ လူတစ်ဦးအနေဖြင့် သမ္မာတရားကို နားလည်ရန်အတွက် သူသည် တက်ကြွစွာဖြင့် အားစိုက်ထုတ်ပြီး ပေးဆပ်ရမည်။ သို့သော် ဤသည်မှာ အလိုရှိသော ရလဒ်များ၏ တစ်ဝက်ကိုသာ ရရှိနိုင်သည်။ ယင်းသည် လူတို့ဘက်မှ မိမိတို့၏အပိုင်းကို ဆောင်ရွက်ရန် လိုအပ်သော အပိုင်းမျှသာ ဖြစ်ပေသည်။ အခြားတစ်ဝက်မှာ သမ္မာတရားအား နားလည်ခြင်း၏ အရေးပါသော အပိုင်းဖြစ်သည်။ ယင်းကို လူတို့ စံမမီဘဲ ယင်းကို စွမ်းဆောင်ရရှိရန်အတွက် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်နှင့် စုံလင်အောင်ပြုခြင်းတို့ကို အမှီပြုရမည်။ အသိပညာကို ဆည်းပူးခြင်းနှင့် သိပ္ပံအကြောင်း သင်ယူလေ့လာခြင်းတို့နှင့် ပတ်သက်သောအခါတွင် အားထုတ်ခြင်းကို အမှီပြုခြင်းက လုံလောက်သော်လည်း သမ္မာတရားကို နားလည်ခြင်းက ဤသို့မဟုတ်သည်ကို သင်မေ့လျော့၍မရပေ။ စိတ်ကိုသာ အမှီပြုခြင်းက အသုံးမဝင်။ မိမိစိတ်နှလုံးကို အသုံးပြုရမည်ဖြစ်ပြီး ပေးဆပ်ရမည်။ ပေးဆပ်ခြင်းအားဖြင့် မည်သည့်အရာကို ရရှိသနည်း။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုအတွက် အခြေခံအုတ်မြစ်မှာ အဘယ်နည်း။ ဘုရားသခင်က အလုပ်မလုပ်မီတွင် လူတစ်ဦး၏ စိတ်သည် လုံလုံလောက်လောက် စေ့စပ်တိကျရမည်။ သူ၏ စိတ်နှလုံးသည် လုံလုံလောက်လောက် ငြိမ်သက်ပြီး အခြေကျရမည်။ လုံလုံလောက်လောက် ပွင့်လင်းရမည်။ သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုက သိမ်မွေ့သည်။ ပြီးလျှင် ယင်းကို မြည်းစမ်းဖူးခဲ့သူများက သိသည်။ သမ္မာတရားဆီသို့ ဦးတည်၍ ကြိမ်ဖန်များစွာ အားစိုက်ထုတ်သူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ ဉာဏ်အလင်းဖွင့်ပြမှုကို မကြာခဏ ခံစားနိုင်သည်။ ထို့ကြောင့် ၎င်းတို့တာဝန်ကို ထမ်းဆောင်ခြင်းတွင် ၎င်းတို့၏ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းမှာ ချောမွေ့သည်။ ပြီးလျှင် ၎င်းတို့၏ စိတ်နှလုံးတွင် အစဉ်သဖြင့် တရွေ့ရွေ့ ရှင်းလင်းမှု ရှိသည်။ အတွေ့အကြုံမရှိသောလူတို့သည် သန့်ရှင်းသောဝိညာဉ်တော်၏ လုပ်ဆောင်မှုကို မခံစားနိုင်သကဲ့သို့ မှန်ကန်သောလမ်းကြောင်းကို မည်သည့်အခါမျှ မမြင်နိုင်ပေ။ အမှုအရာအားလုံးသည် ၎င်းတို့အတွက် ဝေဝါးပြီး မှေးမှိန်သည်။ လမ်းမှန်က မည်သည့်အရာ ဖြစ်သည်ကို ၎င်းတို့မသိပေ။ အမှန်တွင် သမ္မာတရားအား နားလည်မှုတစ်ခုကို ရရှိရန်၊ လက်တွေ့လုပ်ဆောင်မှုလမ်းကြောင်းကို ရှင်းလင်းစွာမြင်ရန် မခက်ပေ။ မိမိ၏ စိတ်နှလုံး၌ ထိုအခြေအနေများရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်လိမ့်မည်။ သို့သော် သင့်စိတ်နှလုံးက ဤအခြေအနေများထဲမှ ထွက်လာလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်။ ဤသည်မှာ စိတ်ကူးသက်သက်၊ သို့မဟုတ် မရေရာခြင်းမဟုတ်။ သင်သည် ထိုအခြေအနေများရှိပြီး သင့်စိတ်နှလုံးက ထိုအနေအထားများရှိလျှင် သင်က ရှာဖွေလျှင်၊ အားထုတ်လျှင်၊ တွေးတောလျှင်၊ ဆုတောင်းလျှင် သန့်ရှင်းသောဝိညာဉ်တော်က သင့်၌ အလုပ်လုပ်လိမ့်မည်။ သို့သော် သင်က အာရုံမစိုက်လျှင်၊ အဆင့်အတန်းကို လိုက်စားလိုကာ ကျော်ကြားမှုနှင့် အကျိုးအမြတ်အတွက် အစဉ် ရုန်းကန်လိုလျှင်၊ အစဉ်သဖြင့် ပုံကြီးချဲ့လိုပြီး အသွင်သဏ္ဌာန်အတွက် သင်၏ အားထုတ်မှုကို အသုံးချလိုလျှင်၊ သင်သည် အစဉ်သဖြင့် ဘုရားသခင်ကို ကြိုးစားရှောင်နေလျှင်၊ ပုန်းနေလျှင်၊ ရှောင်ကြဉ်နေပြီး ငြင်းပယ်နေလျှင်၊ မပွင့်လင်းလျှင်၊ ဘုရားသခင်ထံ ဖွင့်မပြသော စိတ်နှလုံးတစ်ခုရှိလျှင် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည် မဟုတ်။ သူသည် သင့်ကို အရေးစိုက်မည်မဟုတ်။ ပြီးလျှင် သူသည် သင့်ကို ပြစ်တင်ဆုံးမမည်ပင် မဟုတ်ပေ။ သန့်ရှင်းသောဝိညာဉ်တော်၏ ပြစ်တင်မောင်းမဲမှုကိုပင် မတွေ့ကြုံဖူးသောသူတစ်ယောက်သည် သမ္မာတရားကို မည်မျှ နားလည်နိုင်သနည်း။ တစ်ခါတစ်ရံတွင် တစ်စုံတစ်ခုကို လုပ်ဆောင်ရာ၌ လမ်းမှန်နှင့် လမ်းမှားကို သင်သိစေရန် သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ပြစ်တင်မောင်းမဲသည်။ သူသည် သင့်အား ဤသို့သော ခံစားချက်တစ်ခု ပေးသောအခါ သင်က ထိုခံစားချက်မှ နောက်ဆုံးတွင် မည်သည့်အရာကို ရရှိသနည်း။ အမှန်နှင့်အမှားကို ပိုင်းခြားသိမြင်နိုင်စွမ်း ရှိပြီးဖြစ်လိမ့်မည်။ ပြီးလျှင် သင်သည် “ထိုနည်းလမ်းသည် မှားသည်။ စည်းမျဉ်းများနှင့် မညီ။ ယင်းကို ငါလုပ်၍မဖြစ်” ဟူ၍ တစ်ချက်ကြည့်ရုံမျှဖြင့် ထိုအရာနှင့်ပတ်သက်ပြီး အလွန် ရှင်းလင်းလိမ့်မည်။ ထိုအရာဖြင့် သင်သည် စည်းမျဉ်းများက မည်သည့်အရာ ဖြစ်သည်ကို၊ ဘုရားသခင်၏ ရည်ရွယ်ချက်က မည်သည့်အရာဖြစ်သည်၊ သမ္မာတရားက အမှန်တကယ်တွင် မည်သည့်အရာ ဖြစ်သည်ကို ရှင်းလင်းစွာ သိလိမ့်မည်။ ထို့ကြောင့် သင်လုပ်ဆောင်သင့်သည့်အရာကို သိလိမ့်မည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်က အလုပ်မလုပ်လျှင်၊ သူသည် သင့်အား ထိုသို့သော ဆုံးမပဲ့ပြင်မှုကို မပေးလျှင် သင်သည် ထိုသို့သောအရာများနှင့်ပတ်သက်သောအခါတွင် ရှင်းလင်းမှုမရှိဘဲ နားဝေတိမ်တောင် အခြေအနေ၌ ထာဝရရှိနေလိမ့်မည်။ ယင်းတို့သည် သင့်အပေါ်သို့ ဖြစ်ပျက်သောအခါ သင်သည် မှင်တက်နေလိမ့်မည်။ ယင်းတို့သည် သင့်အပေါ်သို့ ဖြစ်ပျက်သောအခါ မည်သည့်အရာ ဖြစ်သည်ကို သင်သိမည်မဟုတ်။ ပြီးလျှင် သင်၏ စိတ်နှလုံး၌ အလွန်ပင် မပြတ်မသားဖြစ်လိမ့်မည်။ မည်သည့်အရာ လုပ်ဆောင်သင့်သည်ကို သင် ရှင်းလင်းမည်မဟုတ်။ သင်သည် စိတ်သောကရောက်လျက် ပေါက်ကွဲနိုင်သည်။ သို့သော် သန့်ရှင်းသောဝိညာဉ်တော်က အဘယ်ကြောင့်အလုပ်မလုပ်သနည်း။ သင့်အတွင်းရှိ စိတ်အခြေအနေအချို့က မမှန်ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ပြီးလျှင် သင်က အတိုက်အခံပြုနေခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သည့်အရာနှင့် သင်အတိုက်အခံ ပြုသနည်း။ သင်က မှားယွင်းသော အမြင်၊ သို့မဟုတ် အယူအဆတစ်ခုခုကို ဖက်တွယ်နေလျှင် ဘုရားသခင်က အလုပ်လုပ်မည်မဟုတ်ဘဲ ထိုအယူအဆ၊ သို့မဟုတ် အမြင်က မှားသည်ဆိုသည်ကို သင်သဘောပေါက်သည့် မည်သည့်အချိန်ထိမဆို စောင့်ဆိုင်းလိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ထိုအခြေခံအုတ်မြစ်မှသာ အလုပ်လုပ်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်သောအခါ မည်သည့်အရာက မှန်သည်၊ မှားသည်ဆိုသည်ကို သင့်အား သတိရှိရှိဖြင့် သိစေခြင်း၌ သူ မရပ်တန့်ပေ။ ထိုအစား လမ်းကြောင်းက မည်သည့်အရာဖြစ်သည်၊ ဦးတည်ချက်၊ ရည်ရွယ်ချက်နှင့် သင့်နားလည်မှုက သမ္မာတရားနှင့် မည်မျှဝေးကွာသည်ဆိုသည်တို့ကို သူသည် သင့်အား ရှင်းလင်းစွာ မြင်စေသည်။ သူသည် သင့်အား ဤအရာကို ရှင်းလင်းစွာ သိစေသည်။ သင်တို့သည် ဤသို့သော အတွေ့အကြုံများ ရှိခဲ့ဖူးသလော။ လူတစ်ဦးသည် ဤသို့သော အတိအကျ အတွေ့အကြုံများမရှိဘဲ ဘုရားသခင်ကို ဆယ်နှစ်၊ သို့မဟုတ် နှစ်နှစ်ဆယ် ယုံကြည်ခဲ့လျှင် သူသည် မည်သည့်လူစားမျိုး ဖြစ်သနည်း။ အာရုံမစိုက်သောသူမျိုး ဖြစ်သည်။ သူသည် နှုတ်ဖြင့် အယူဝါဒများ၊ ရေပန်းစားသောစကားလုံးများ အနည်းငယ်ကိုသာ မကြာခဏ ထပ်ခါထပ်ခါ ပြောနိုင်ပြီး ပြဿနာများကို သူတို့၏ ထိုအနည်းငယ်သော နည်းဗျူဟာများ၊ ရိုးရှင်းသော နည်းနိဿယများဖြင့်သာ ဖြေရှင်းနိုင်သည်။ ဤအတွက် သူသည် တိုးတက်မှု အနည်းငယ်သာရှိဖို့ သေချာသည်။ သမ္မာတရားကို မည်သည့်အခါမျှ နားလည်မည် မဟုတ်သကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်က သူ့အပေါ်၌ အလုပ်လုပ်မည်မဟုတ်။ ဤသို့ အာရုံမစိုက်သောလူများအတွက် သမ္မာတရားသည် လုံးဝ လက်လှမ်းမမီနိုင်ပေ။ သန့်ရှင်းသောဝိညာဉ်တော်က ၎င်းတို့ကို ဉာဏ်အလင်းဖွင့်ပြလျှင်ပင် ၎င်းတို့ နားမလည်နိုင်ပေ။ ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်သည် ၎င်းတို့ထဲတွင် အလုပ်လုပ်မည် မဟုတ်ပေ။ အဘယ်ကြောင့် အလုပ်မလုပ်မည်နည်း။ ဘုရားသခင်က မျက်နှာလိုက်ခြင်းလော။ မဟုတ်ပေ။ ဤသို့ဆိုလျှင် အကြောင်းရင်းက အဘယ်နည်း။ ၎င်းတို့၏ အစွမ်းအစက နည်းပါးလွန်းသောကြောင့်၊ ၎င်းတို့ လက်လှမ်း မမီနိုင်သောကြောင့် ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်လျှင်ပင် သမ္မာတရားကို ၎င်းတို့ နားမလည်ပေ။ တစ်စုံတစ်ခုက စည်းမျဉ်းတစ်ခုဖြစ်သည်ဟု ၎င်းတို့ကို ပြောလျှင် ၎င်းတို့တွင် ယင်းကို နားလည်နိုင်စွမ်းရှိမည်လော။ ရှိမည်မဟုတ်။ ထို့ကြောင့် ဘုရားသခင်က ဤသို့ လုပ်ဆောင်မည်မဟုတ်။ သင်တို့သည် ဤအရာနှင့် တွေ့ကြုံခံစားဖူးသလော။ သမ္မာတရားသည် မျက်နှာမလိုက်ပေ။ သင်က လိုက်စားသောအခါ၊ နှိုက်နှိုက်ချွတ်ချွတ် ရှာဖွေသောအခါ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်ဖြစ်ပြီး သမ္မာတရားကို သင်ရရှိမည်။ သို့သော် သင်က ပျင်းရိပြီး သက်သာမှုကို တပ်မက်လျှင်၊ သမ္မာတရားနှင့်ပတ်သက်၍ အားမထုတ်လိုလျှင် သင်က မည်သူဖြစ်ကောင်းဖြစ်နိုင်ပါစေ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်မည်မဟုတ်။ သမ္မာတရားကို သင်ရရှိနိုင်မည် မဟုတ်။ ယခု သင်တို့နားလည်သလော။ သင်တို့သည် လက်ရှိတွင် သမ္မာတရားကို လိုက်စားနေသလော။ သမ္မာတရားကို မည်သူလိုက်စားသည်ဖြစ်စေ သမ္မာတရားကို ရရှိသည်။ ပြီးလျှင် နောက်ဆုံးတွင် သမ္မာတရားကို ရရှိသူတို့သည် အဖိုးထိုက်ရတနာများ ဖြစ်လာလိမ့်မည်။ သမ္မာတရားကို မရနိုင်သူတို့သည် မည်သည့်အကျိုးမျှမရှိဘဲ ၎င်းတို့ကို အားကျနိုင်သည်။ ဤအခွင့်အရေးကို ၎င်းတို့ လွဲချော်လျှင် ယင်းသည် ပျောက်သွားလိမ့်မည်။

သမ္မာတရားကို လိုက်စားရန် အကောင်းဆုံးအချိန်ကာလမှာ မည်သည့်အချိန်နည်း။ ဘုရားသခင်က လူ့ဇာတိဖြင့် အလုပ်လုပ်နေသည့်၊ သင်နှင့် တေ့တေ့ဆိုင်ဆိုင် စကားပြောပြီး မိတ်သဟာယဖွဲ့နေသည့်၊ သင့်အား လမ်းပြပြီး ကူညီနေသည့် ဤအချိန်ကာလဖြစ်သည်။ ဤသည်မှာ အကောင်းဆုံး အချိန်ကာလဖြစ်သည်ဟု ငါအဘယ်ကြောင့်ဆိုသနည်း။ လူ့ဇာတိခံဘုရားသခင်၏ အမှုနှင့် စကားတို့သည် သင့်အား သန့်ရှင်းသောဝိညာဉ်တော်၏ ရည်ရွယ်ချက်များကို အပြည့်အဝ နားလည်စေရန် ထောက်ကူပေးနိုင်သောကြောင့်၊ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်လုပ်ပုံကို သင့်အား သိခွင့်ပေးနိုင်သောကြောင့် ဖြစ်သည်။ လူ့ဇာတိခံဘုရားသခင်သည် သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်၏ စည်းမျဉ်းများ၊ ပုံစံများ၊ နည်းလမ်းများနှင့် နည်းဟန်များကို အလုံးစုံနားလည်နိုင်ပြီး ယင်းတို့အကြောင်းကို သင့်အား ပြောပြသည်။ ဤသို့ဖြင့် သင်သည် သင့်ဘာသာ စမ်းတဝါးဝါးဖြစ်နေဖို့ မလိုပေ။ ဤဖြတ်လမ်းကို လိုက်ပြီး သင်သည် ချက်ချင်း ရောက်နိုင်လိမ့်မည်။ လူ့ဇာတိခံဘုရားသခင်က စကားပြောခြင်းကို ရပ်ပြီး သူ၏အမှုကို ပြီးဆုံးသောအခါ သင့်ဘာသာ စမ်းတဝါးဝါး လုပ်ဆောင်ရမည်။ ဤလူ့ဇာတိခံ ဇာတိပကတိနေရာတွင် အစားထိုးပေးနိုင်မည့်သူ၊ မည်သည့်အရာ လုပ်ဆောင်ရမည်၊ မည်သည့်နေရာသို့ ဦးတည်ရမည်၊ မည်သည့်လမ်းမျိုးကို လျှောက်ရမည်တို့ကို တိကျပြတ်သားစွာ သင့်အား ပြောပြနိုင်သူ မည်သူမျှမရှိ။ ထိုအရာများကို သင့်အား ပြောပြနိုင်သူမရှိ။ လူတစ်ယောက်က မည်မျှ ဝိညာဉ်ရေးရှိပါစေ မလုပ်ဆောင်နိုင်ပေ။ ဤအရာ၏ ဥပမာများရှိသည်။ နှစ်နှစ်ထောင်ကြာ ယုံကြည်နေခဲ့သော ယေရှုကို ယုံကြည်သူများကဲ့သို့ပင် ဖြစ်သည်။ ယင်းတို့ထဲမှ အချို့မှာ ယခုအခါတွင် ဓမ္မဟောင်းကျမ်းကို ဖတ်ပြီး ပညတ်တော်ကို ထိန်းသိမ်းရန် ခြေတစ်လှမ်းနောက်ဆုတ်ပြီး အချို့မှာ ကားတိုင်တို့ကို ထမ်းသည်။ သို့တိုင်အောင် ၎င်းတို့၏ အခန်းတွင် ပညတ်တော်ဆယ်ပါးကို ချိတ်ဆွဲသည်။ ပြီးလျှင် စည်းမျဉ်းစည်းကမ်းများနှင့် ပညတ်တော်တို့ကို ပုံသေစောင့်ထိန်းသည်။ ၎င်းတို့သည် အဆုံးတွင် မည်သည့်အရာကို ရခဲ့သနည်း။ သန့်ရှင်းသော ဝိညာဉ်တော်က အလုပ်လုပ်သော်ငြားလည်း ဘုရားသခင်၏ တိကျပြတ်သားသော နှုတ်ကပတ်တော်များ မရှိလျှင် လူတို့က အစဉ်စမ်းတဝါးဝါးသာ ဖြစ်နေသည်။ တိကျပြတ်သားသော နှုတ်ကပတ်တော်များ မရှိခြင်းဆိုသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ လူတို့က စမ်းတဝါးဝါးဖြစ်ပြီး ရရှိသည့်အရာသည် မရေရာပေဟု ဆိုလိုသည်။ သင့်အား သေချာမှုကို ပေးနိုင်ပြီး ဤသို့လုပ်ဆောင်သည်မှာ သင့်အတွက် မှန်သည်၊ ထိုသို့လုပ်ဆောင်သည်မှာ မှားသည်ဟု ပြောနိုင်သည့်သူ မည်သူမျှမရှိ။ သင့်အား ထိုသို့ပြောနိုင်သည့်သူ တစ်ယောက်မျှမရှိ။ သန့်ရှင်းသောဝိညာဉ်တော်က သင့်ကို ဉာဏ်အလင်းဖွင့်ပြပြီး ယင်းက မှန်သည်ဟု သင်ယုံကြည်လျှင်ပင် ဘုရားသခင်က အသိအမှတ်ပြုသလော။ သင်သည်လည်း မသေမချာဖြစ်သည် မဟုတ်လော။ (ကျွန်ုပ်တို့ မသေချာပါ။) လွန်ခဲ့သော နှစ်နှစ်ထောင်က သခင်ယေရှု ချန်ရစ်ထားခဲ့ပြီး ကျမ်းစာ၌ မှတ်တမ်းတင်ခဲ့သော သခင်ယေရှု၏ ထိုစကားများနှင့်ပတ်သက်၍ ယခု နှစ်နှစ်ထောင် ကြာပြီးနောက်တွင် သခင့်ကို ယုံကြည်သူများသည် သူပြန်ကြွလာခြင်းနှင့် သက်ဆိုင်သည့် အမှုကိစ္စမျိုးစုံကို ရှင်းပြချက်များပေးပြီးဖြစ်ကာ အတိအကျ ရှင်းလင်းချက်မှာ အမှန်တကယ်တွင် မည်သည့်အရာ ဖြစ်သည်ကိုပင် သိသူမည်သူမျှမရှိ။ ထို့ကြောင့် ၎င်းတို့အနေဖြင့် ဤအမှုအဆင့်ကို လက်ခံရန်မှာ အလွန်ပင် ခက်ခဲပင်ပန်းလှသည်။ ဤသည်မှာ မည်သည့်အရာကို ပြသနည်း။ တိကျပြတ်သားစွာ ပြောဆိုခြင်းမရှိသော မသေချာမတိကျသည့် ဤစကားများတွင် လူဆယ်ဦး၌ ရှင်းပြချက်ဆယ်ခုရှိပြီး လူတစ်ရာ၌ ရှင်းပြချက်တစ်ရာရှိသည်။ လူတိုင်းတွင် ကိုယ်ပိုင် မှန်ကန်ကြောင်း ထင်ရှားစေသောအချက်များနှင့် အကြောင်းပြချက်များ ရှိလေသည်။ မည်သည့်ရှင်းပြချက်က တိကျမှန်ကန်သနည်း။ ဘုရားသခင်က စကားမပြောသရွေ့၊ ကောက်ချက်ချမှုတစ်ခုကို မပေးသရွေ့ လူပြောသည့် မည်သည့်အရာကမျှ အရေးမပါပေ။ သင်၏ ဂိုဏ်းခွဲက မည်မျှကြီးနိုင်ပါစေ၊ အဖွဲ့ဝင် မည်မျှရှိပါစေ ဘုရားသခင်အတွက် အရေးပါသလော။ (မပါပါ။) ဘုရားသခင်က သင်၏ အင်အားစုကို မကြည့်။ ဘုရားသခင် လုပ်ဆောင်သည့်အရာကို ကမ္ဘာပေါ်ရှိ လူတစ်ယောက်မျှ လက်မခံနိုင်လျှင်ပင် ယင်းသည် မှန်ကန်ပြီး သမ္မာတရားဖြစ်သည်။ ဤသည်မှာ ထာဝရ မပြောင်းလဲသော အမှန်တရား ဖြစ်သည်။ ဘာသာတရားများ၊ ဂိုဏ်းဂဏများအားလုံးက ဤသို့၊ ထိုသို့ ရှင်းပြသည်။ ပြီးလျှင် အဆုံး၌ မည်သည့်အရာ ဖြစ်ပျက်သနည်း။ သင်၏ ရှင်းလင်းပြချက်က တစ်ခုတလေ အသုံးဝင်သလော။ (မဝင်ပါ။) ဘုရားသခင်က စကားတစ်ခွန်းဖြင့် ချေပသည်။ သင်က မည်သို့ပင် ဆက်လက်၍ ရှင်းပြပါစေ ဘုရားသခင်က သင့်ကို အာရုံစိုက်မည်လော။ (မစိုက်ပါ။) အဘယ်ကြောင့် ဘုရားသခင်က သင့်ကို အာရုံမစိုက်မည်နည်း။ ဘုရားသခင်သည် အမှုတော်သစ်အား လုပ်ဆောင်ခြင်းကို စတင်ခဲ့ပြီး ယခုတွင် နှစ် သုံးဆယ်နီးနီး ဆက်လက်လုပ်ဆောင်နေခဲ့သည်။ ထိုလူတို့က မည်သို့ မာနထောင်လွှားစွာဖြင့် ဆူညံစွာ ကန့်ကွက်ပါစေ သူသည် ၎င်းတို့ကို အရေးစိုက်မည်လော။ (အရေးစိုက်မည်မဟုတ်ပါ။) သူသည် အရေးစိုက်မည်မဟုတ်။ ဘာသာတရားထဲရှိ လူတို့က “ကိုယ်တော်က သူတို့ကို အရေးမစိုက်လျှင် ထိုလူတို့သည် ကယ်တင်ခြင်းမခံရနိုင်သလော” ဟု ဆိုလိမ့်မည်။ အမှန်မှာ ဘုရားနှုတ်ကပတ်တော်တို့က ရှေးယခင်ကတည်းက အရာရာတိုင်းကို ရှင်းလင်းအောင် ပြုလုပ်ပြီးဖြစ်ကာ သူပြောသည့်အတိုင်း ဖြစ်ရလေသည်။ ဘာသာရေးလောကက အင်အားစုမည်မျှရှိပါစေ အသုံးဝင်မည်မဟုတ်။ ၎င်းတို့၏ အရေအတွက်က မည်မျှကြီးပါစေ ၎င်းတို့၌ သမ္မာတရားရှိသည်ဟု သက်သေမပြပေ။ ဘုရားသခင်က သူလုပ်ဆောင်သင့်သည့်အတိုင်း လုပ်ဆောင်သည်။ မည်သည့်နေရာတွင် သူစတင်လုပ်ဆောင်သင့်သည်ဖြစ်စေ ယင်းသည် သူစတင်လုပ်ဆောင်သည့်နေရာ ဖြစ်သည်။ မည်သူ့ကို သူရွေးချယ်သင့်သည်ဖြစ်စေ ယင်းသည် သူရွေးချယ်သည့်သူဖြစ်သည်။ သူသည် ဘာသာရေးလောက၏ လွှမ်းမိုးခြင်းနှင့် ဘောင်ခတ်ခြင်းကို ခံရသလော။ (မခံရပါ။) အနည်းငယ်မျှပင် မခံရပေ။ ဤသည်မှာ ဘုရားသခင်၏ အမှုတော်ဖြစ်သည်။ သို့တိုင်အောင် ဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်သည် ဘုရားသခင်နှင့် ငြင်းခုံလိုပြီး သူ့ကို တစ်နေကုန် ရှင်းလင်းချက်များပေးလိုသည်။ ဤသည်မှာ အကျိုးတစ်ခုတလေ ရှိသလော။ ၎င်းတို့သည် ကျမ်းစာ၏ နှုတ်ကပတ်တော်များကိုပင် ၎င်းတို့ စိတ်ထင်သလို အနက်ပြန်ဆိုကြသည်။ ၎င်းတို့သည် သိသာစွာပင် ယင်းတို့၏ ဆက်စပ်အကြောင်းအရာကို မကြည့်ဘဲ ယူပြီး ယင်းတို့ကို ၎င်းတို့၏ တစ်ဘဝလုံးပင် ဖက်တွယ်ထားလိုကာ ယင်းတို့ကို ဖြည့်ဆည်းရန် ဘုရားသခင်ကို စောင့်ဆိုင်းနေကြသည်။ ၎င်းတို့သည် အိပ်မက်မက်နေခြင်း ဖြစ်သည်။ အကြင်သူသည် ဘုရားနှုတ်ကပတ်တော်၌ သမ္မာတရားကို မရှာလျှင်၊ ဤအရာ၊ ထိုအရာကို လုပ်ဆောင်ရန် ဘုရားသခင်ကို အစဉ် တောင်းဆိုလိုလျှင် ထိုသူသည် ဆင်ခြင်တုံတရား ရှိသေးသလော။ သူသည် မည်သည့်အရာကို လုပ်ဆောင်ရန် ကြိုးစားနေသနည်း။ သူသည် ပုန်ကန်လိုသလော။ ဘုရားသခင်နှင့် ယှဉ်ပြိုင်လိုသလော။ ကြီးမားသော ဘေးအန္တရာယ်များ ဖြစ်ပျက်လာသောအခါ လူတိုင်း အံ့ဩမှင်တက်ကြလိမ့်မည်။ ၎င်းတို့သည် အချည်းနှီး ငိုကြွေးပြီး အော်ဟစ်ကြလိမ့်မည်။ ဤသို့ ဖြစ်မည်မဟုတ်လော။ ဟုတ်သည်။

ယခုအချိန်သည် အကောင်းဆုံးသော အချိန်ကာလဖြစ်သည်။ ဘုရားသခင်က လူတို့ကို ကယ်တင်ပြီး စုံလင်အောင်ပြုလုပ်သည့် အချိန်ဖြစ်သည်။ ဤအချိန်ကာလနှင့် သင်လွဲချော်ပြီး “ဘုရားသခင်ပြောခဲ့သည့် ထိုအရာက မည်သည့်အရာကို ဆိုလိုသနည်း။ ထိုအချိန်က မေးခဲ့လျှင် ပိုကောင်းလိမ့်မည်။ ယခု၌ ငါ မေး၍ မရတော့ပါ။ ဤသို့ဆိုလျှင် ဆုသာတောင်းတော့မည်။ သန့်ရှင်းသောဝိညာဉ်တော်က အလုပ်လုပ်လိမ့်မည်။ ဤသည်မှာ အတူတူပင်ဖြစ်သည်” ဟူ၍ တွေးသည့်နေ့သို့ရောက်သည်အထိ မစောင့်နှင့်။ အတူတူပင်ဖြစ်မည်လော။ (မဖြစ်ပါ။) အတူတူပင်ဖြစ်မည်ဆိုလျှင် ဤနှစ်နှစ်ထောင်တွင် သခင့်ကို ယုံကြည်ခဲ့သည့် လူတို့သည် ယခု ၎င်းတို့ ဖြစ်နေသည့်အတိုင်း ဖြစ်မည်မဟုတ်။ ဒုတိယထောင်စုနှစ်၏ ပထမတစ်ဝက်အချိန်ကာလအတွင်းတွင် သန့်ရှင်းသူများဆိုသူတို့က ရေးခဲ့သည့်စကားများကိုသာ ကြည့်လော့။ ယင်းတို့သည် မည်မျှ ထိုးထွင်းသိမြင်မှုမဲ့လိုက်သနည်း။ မည်မျှ သနားစဖွယ်ဖြစ်သနည်း။ ယခုတွင် ဘာသာတရားများနှင့် ဂိုဏ်းဂဏများအားလုံးရှိ လူတို့ သီဆိုသော ဓမ္မသီချင်းစာအုပ်ထူထူ တစ်အုပ်ရှိပြီး ထိုဓမ္မသီချင်းများက ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးခံစားရခြင်းအကြောင်းတို့ကိုသာ ပြောဆိုသည်။ ထိုအရာနှစ်ခုသာ ဖြစ်သည်။ ယင်းသည် ဘုရားသခင်နှင့် သက်ဆိုင်သော သိမြင်မှု ဟုတ်သလော။ မဟုတ်ပေ။ ယင်းတွင် အနည်းငယ်သော သမ္မာတရားတစ်ခုတလေရှိသလော။ (မရှိပါ။) ကမ္ဘာပေါ်ရှိ လူတို့ကို ဘုရားသခင် ချစ်သည်ကိုသာ သူတို့သိသည်။ ကမ္ဘာလောကတွင် အစဉ်ရှိနေသည့်၊ မည်သည့်အခါမျှ မပြောင်းလဲသည့် ဆိုရိုးစကားတစ်ခုရှိသည်။ “ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြစ်၏” ဟူ၍ ဖြစ်သည်။ ယင်းသည် ၎င်းတို့သိသည့် တစ်ခုတည်းသော စာကြောင်းဖြစ်သည်။ ဤသို့ဆိုလျှင် ဘုရားသခင်က လူတို့ကို မည်သို့ ချစ်သနည်း။ ယခုတွင် ဘုရားသခင်သည် ၎င်းတို့ကို စွန့်ပစ်ပြီး ဖယ်ရှားရှင်းလင်းသည်။ သူသည် ချစ်ခြင်းမေတ္တာဖြစ်သေးသလော။ ၎င်းတို့အမြင်အရဆိုလျှင် မဟုတ်တော့ပေ။ ထို့ကြောင့် ၎င်းတို့သည် သူ့ကို ပြစ်တင်ရှုတ်ချသည်။ သမ္မာတရား မလိုက်စားဘဲ နားမလည်နိုင်သော ထိုလူသည် သနားဖွယ်အကောင်းဆုံး ဖြစ်ပေသည်။ လက်ရှိအချိန်တွင် အလွန်ကြီးသော အခွင့်အလမ်းတစ်ခုရှိသည်။ ဘုရားသခင်သည် သမ္မာတရားကို ဖော်ပြပြီး လူတို့ကို ကိုယ်တိုင်ကိုယ်ကျ ကယ်တင်ရန် လူ့ဇာတိခံယူခဲ့သည်။ သင်က သမ္မာတရားကို မလိုက်စားသကဲ့သို့ မရရှိလျှင် အလွန်ပင် စိတ်မကောင်းဖွယ်ရာ ဖြစ်လိမ့်မည်။ သင်က သမ္မာတရားကို လိုက်စားခဲ့ပြီး အားမာန်တက်ကြွစွာ လိုက်စားခဲ့သည့်တိုင် အဆုံး၌ နားလည်ရန် ပျက်ကွက်ခဲ့လျှင် သင်၌ ရှင်းလင်းသော အသိစိတ်ရှိလိမ့်မည်။ အနည်းဆုံးအနေဖြင့် သင်သည် မိမိကိုယ်ကို စိတ်ပျက်စေမည် မဟုတ်။ သင်တို့သည် ယခုတွင် သင်တို့လိုက်စားမှုကို အစပြုပြီး ဖြစ်သလော။ တာဝန်တစ်ခုကို ထမ်းဆောင်ခြင်းသည် သမ္မာတရားကို လိုက်စားခြင်းအဖြစ် အကျုံးဝင်သလော။ ယင်းသည် ပူးပေါင်းလုပ်ဆောင်မှုတစ်မျိုးအဖြစ် အကျုံးဝင်သည်။ သို့သော် သမ္မာတရားအား လိုက်စားမှုကို ရရှိခြင်း၊ သမ္မာတရားအား လိုက်စားခြင်းအဖြစ် အကျုံးဝင်ခြင်းတို့နှင့်ပတ်သက်လျှင် မပြည့်မီသေးပေ။ ယင်းသည် အပြုအမူတစ်မျိုး၊ လုပ်ဆောင်မှုတစ်မျိုးသာ ဖြစ်သည်။ ယင်းသည် သမ္မာတရား လိုက်စားသည့် သဘောထားကို ပိုင်ဆိုင်ခြင်းဖြစ်သည်။ ဤသို့ဆိုလျှင် တစ်စုံတစ်ခုသည် သမ္မာတရားကို လိုက်စားခြင်းအဖြစ် မည်သို့ အကျုံးဝင်နိုင်သနည်း။ သမ္မာတရားကို နားလည်ခြင်းဖြင့် သင်အစပြုရမည်။ သမ္မာတရားကို သင်နားမလည်လျှင်၊ မည်သည့်အရာကိုမျှ အလေးအနက်မထားလျှင်၊ သင့်တာဝန်ကို ဖြစ်သလိုလုပ်လျှင်၊ သမ္မာတရားကို လုံးဝ မရှာဖွေဘဲ၊ သို့မဟုတ် သမ္မာတရားစည်းမျဉ်းများကို အာရုံမစိုက်ဘဲ သင်ဆန္ဒရှိသည့် မည်သည့်အရာကိုမဆို လုပ်ဆောင်လျှင် သမ္မာတရားကို သင်နားလည်နိုင်မည်လော။ သမ္မာတရားကို သင်နားမလည်လျှင် မည်သို့ လိုက်စားနိုင်မည်နည်း။ မမှန်သလော။ (မှန်ပါသည်။) သမ္မာတရားကို မလိုက်စားသူတို့မှာ မည်သည့်လူအမျိုးအစားဖြစ်သနည်း။ ၎င်းတို့သည် ငတုံးငအများဖြစ်သည်။ ဤသို့ဆိုလျှင် သမ္မာတရားကို အဘယ်သို့ လိုက်စားရသနည်း။ သမ္မာတရားကို နားလည်ခြင်းအားဖြင့် အစပြုရမည်။ သမ္မာတရားကို နားလည်ရန်မှာ ပင်ပန်းဆင်းရဲသလော။ မဟုတ်ပေ။ သင်နှင့် ထိတွေ့သည့် ပတ်ဝန်းကျင်များနှင့် သင်ထမ်းဆောင်သည့်တာဝန်တို့ဖြင့် အစပြုလော့။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများအတိုင်း လက်တွေ့လုပ်ဆောင်ပြီး လေ့ကျင့်လော့။ ဤအရာကို လုပ်ဆောင်ခြင်းသည် သင်က သမ္မာတရား လိုက်စားခြင်းလမ်းကို စတင်လျှောက်လှမ်းနေပြီဆိုသည်ကို ပြသည်။ ရှေးဦးစွာ ဤစည်းမျဉ်းများမှ စတင်၍ ရှာဖွေ၊ တွေးတော၊ ဆုတောင်းလော့။ ပြီးလျှင် ဉာဏ်အလင်းဖွင့်ပြမှုကို အနည်းငယ်ချင်းစီ ရယူလော့။ သင်ရသည့် ဉာဏ်အလင်းဖွင့်ပြမှုသည် သင်နားလည်သင့်သည့် သမ္မာတရား ဖြစ်သည်။ ရှေးဦးစွာ သင်၏ တာဝန်ထမ်းဆောင်မှုမှတစ်ဆင့် သမ္မာတရားကို ရှာဖွေလော့။ ပြီးလျှင် သမ္မာတရားစည်းမျဉ်းများအတိုင်း လုပ်ဆောင်မှုကို လိုက်စားလော့။ ဘဝတွင် သင်ကြုံတွေ့ရသည့် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပြင် သင့်တာဝန်၏ နယ်ပယ်အတွင်းကျရောက်သော အမှုအရာများတို့ဖြစ်သည့် ဤအရာများအားလုံးသည် လက်တွေ့ဘဝနှင့် ခွဲခြား၍ မရနိုင်ပေ။ ထိုအမှုအရာများဖြင့် အစပြုပြီး သမ္မာတရားစည်းမျဉ်းများအား နားလည်အောင်လုပ်ဆောင်လော့။ ထိုအခါတွင် သင်၌ အသက်ဝင်ရောက်မှု ရှိလိမ့်မည်။

၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။