အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၃) အခန်း တစ်

ဖြည့်စွက်ချက်- အရှေ့တိုင်းနှင့် အနောက်တိုင်း ရိုးရာယဉ်ကျေးမှုကို စိတ်ဖြာလေ့လာဆွေးနွေးချက်

ငါ့ကို ပြောလော့။ သမ္မာတရားသည် အဘယ်အရာဖြစ်သနည်း။ ဤအကြောင်းအရာနှင့်ပတ်သက်၍ ယခင်က ငါတို့ မိတ်သဟာယပြုပြီးပြီ မဟုတ်လော။ (ဟုတ်ပါသည်။) ကောင်းပြီ၊ သို့ဆိုလျှင် သင်တို့ကိုယ်ပိုင် စကားလုံးများဖြင့် သမ္မာတရား မည်သည့်အရာ ဖြစ်သည်ကို ငါ့ကို ပြောလော့။ (သမ္မာတရားသည် အားလုံးသော လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများကို အကဲဖြတ်သည့် စည်းမျဉ်းနှင့် စံသတ်မှတ်ချက် ဖြစ်သည်။) ကောင်းပေ၏။ အခြားတစ်ယောက်တလေ ဖြေလိုသေးသလော။ ထိုအရာကို မတူကွဲပြားသည့် ပြောဆိုပုံတစ်ခု ရှိသလော။ မည်သည့် အယူဝါဒ စကားများအား အသုံးပြုရမည် သို့မဟုတ် သင်၏ အဖြေအတွက် မည်သည့် ဘုရားနှုတ်ကပတ်တော် စာကြောင်းအား ရွေးချယ်ရမည်ကို မစဉ်းစားနှင့်။ သင်တို့ ကိုယ်ပိုင် တကယ့် အတွေ့အကြုံနှင့် လက်တွေ့ကျသော သိနားလည်မှုဖြင့်သာ ဖြေလော့။ ယင်းတို့က သိပ်နက်နဲခြင်းမရှိလျှင် ကိစ္စမရှိပေ။ လူအချို့က “ဘုရားနှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်”ဟု ဆိုကြသည်။ ဤသည်မှာ မှန်ကန်သော်လည်း ဤစကားများကိုသာ သင် ပြောနိုင်သော်လည်း ယင်းတို့၏ တကယ့် အဓိပ္ပာယ်ကို နားမလည်လျှင် ယင်းတို့သည် သင့်အဖို့ အယူဝါဒတစ်ခုသာ ဖြစ်သည်။ ယခု နောက်တစ်ဆင့်သို့ သွားကြစို့။ သမ္မာတရားဟူသည်မှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များက အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များ၏ အနှစ်သာရမှာ အဘယ်နည်း။ သမ္မာတရားဟူသည်မှာ လူတို့က အတွေးနှင့် စဉ်းစားချင့်ချိန်မှုမှတစ်ဆင့် ဖြစ်ပေါ်စေသည့် စံသတ်မှတ်ချက် ဖြစ်သလော။ (မဟုတ်ပါ။) သမ္မာတရားဟူသည်မှာ လူတို့ ထုတ်နုတ်ယူပြီးဖြစ်သည့် အတွေ့အကြုံနှင့် ရရှိပြီးဖြစ်သည့် အသိပညာ ဖြစ်သလော၊ သို့မဟုတ် လူမှု ယဉ်ကျေးမှုတစ်မျိုး သို့မဟုတ် လူမှုအဖွဲ့အစည်းဆိုင်ရာ ပတ်ဝန်းကျင်အခြေအနေတစ်ခုခုအတွင်းတွင် ဖြစ်ပေါ်သည့် ရိုးရာယဉ်ကျေးမှု တစ်ခုလော။ (မဟုတ်ပါ။) သို့ဆိုလျှင် သမ္မာတရားဟူသည်မှာ လူတို့က မိမိတို့ ကိုယ်ပိုင်ကျင့်ကြံပြုမူမှုနှင့် လုပ်ရပ်များအတွက် မိမိတို့ဘာသာ ထုတ်နုတ်ယူသည့် စည်းမျဉ်းများ ဖြစ်သလော။ (မဟုတ်ပါ။) သို့ဆိုလျှင် အတိအကျ မည်သည့်အရာ ဖြစ်သနည်း။ ယင်းတို့တွင် တိကျသည့် အဓိပ္ပာယ်ရှိပြီး လူတို့က ကြားသည်နှင့် ယင်းမှာ သမ္မာတရားဖြစ်ကြောင်း သိကြရန်အလို့ငှာ ဤနေရာတွင် ပြောသည့် စည်းမျဉ်းများကို ငါတို့ အဘယ်သို့ သတ်မှတ်နိုင်သနည်း။ လူတို့ လိုတိုရှင်းဖြစ်ကာ တိကျသည်ဟု ခံစားရသည့် ပုံစံဖြင့် ငါတို့ ဤအရာကို အဘယ်သို့ ပြောနိုင်သနည်း။ (လူအတွက် ဘုရားသခင်၏ တောင်းဆိုချက်များအားလုံးမှာ သမ္မာတရားဖြစ်သည်။) လူအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ သမ္မာတရားသာဖြစ်သည်၊ ယင်းမှာ မှန်ကန်၏။ သို့သော် သာ၍ပင် တိကျသည့်နည်းလမ်းဖြင့် သင် အဘယ်သို့ ပြောနိုင်မည်နည်း။ (သမ္မာတရားသည် အပြုသဘောဆောင်သော အရာအားလုံးနှင့်ဆိုင်သည့် လက်တွေ့ကျမှု ဖြစ်သည်။) ဤအရာကို ယခင်က မကြာခဏ ပြောထားခဲ့သည်။ ဘုရားနှုတ်ကပတ်တော်များ၊ လူ့အပေါ် သူ၏ သတ်မှတ်ချက်များနှင့် အပြုသဘောဆောင်သော အရာအားလုံးနှင့်ဆိုင်သည့် လက်တွေ့ကျမှုသည် သမ္မာတရားဖြစ်သည်ဟု ငါတို့ မကြာခဏ ပြောခဲ့ကြသည်။ အခြားမည်သည့်အရာ ရှိသေးသနည်း။ (သမ္မာတရားသည် ကိစ္စရပ်များကို လူတို့ ကိုင်တွယ်ပြီး ပြုမူနေထိုင်သင့်ပုံအတွက် စံသတ်မှတ်ချက်နှင့် လမ်းကြောင်းတစ်ခု ဖြစ်သည်။) သမ္မာတရားသည် ကိစ္စရပ်များကို လူတို့ ကိုင်တွယ်ပြီး ပြုမူနေထိုင်သင့်ပုံအတွက် စံသတ်မှတ်ချက်နှင့် လမ်းကြောင်းတစ်ခု ဖြစ်သည်။ ဤသည်မှာလည်း မှန်ကန်၏။ ယခုတွင် ဤရှုထောင့်များအားလုံးကို အတူထားကာ သမ္မာတရားကို လိုတိုရှင်း စာကြောင်းတစ်ကြောင်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုလော့။ (ဘုရားသခင်သည် သမ္မာတရားဖြစ်သည်။) ဘုရားသခင်သည် သမ္မာတရား ဖြစ်သည်။ ဤအရာက အနည်းငယ် ကျယ်ပြန့်လွန်းသည်၊ ယေဘုယျဆန်လွန်းသည်။ သာ၍ တိကျရန် လိုအပ်သည်။ ဤသို့ဖြင့် လူတို့က ထိုအရာကို ကြားသည့်အခါ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်တစ်ခုဖြစ်သည်၊ အနှစ်မဲ့ခြင်းမရှိဘဲ အတော်လေး ခိုင်လုံကာ လက်တွေ့ကျသည်ဟု ခံစားပြီး ယင်းမှာ သင့်တော်ပုံရသည်ဟု ထင်ကြပေမည်။ တစ်ဖန်အကျဉ်းရုံး ဖော်ပြကြည့်လော့။ အဘယ်သို့ သာ၍ တိကျစွာ သင် ပြောနိုင်မည်နည်း။ (အထက်က “သမ္မာတရားသည် လူ၏ ကိုယ်ပိုင်ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်”ဟု ယခင်က မိတ်သဟာယပြုပြီးဖြစ်သည်။) ယင်းမှာ လိုတိုရှင်း ပြောခြင်း မဟုတ်လော။ (ဟုတ်ပါသည်။) သမ္မာတရားသည် လူ၏ ကိုယ်ပိုင်ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။ ထိုအရာကို စံသတ်မှတ်ချက်တစ်ခုအဖြစ် အဘယ်ကြောင့် အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ ဤ “စံသတ်မှတ်ချက်”ဟူသည့် စကားလုံးကို တိုက်ရိုက်အဓိပ္ပာယ်တစ်ခုဖြင့် ငါတို့ အဘယ်သို့ နားလည်သင့်သနည်း။ (တိကျသည့် စည်းမျဉ်းတစ်ခုအဖြစ် ဖြစ်သည်။) တိကျသည့် စည်းမျဉ်း သို့မဟုတ် စည်းကမ်းတစ်ခုအဖြစ် ဖြစ်သည်။ “စည်းမျဉ်းစည်းကမ်း”တစ်ခုဟုလည်း ခေါ်ဆိုနိုင်သည်။ သို့ဆိုလျှင် “စံသတ်မှတ်ချက်”သည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ (စံနှုန်းတစ်ခုကို ရည်ညွှန်းသည်။) စံနှုန်းတစ်ခု၊ တိကျသည့် စည်းကမ်းနှင့် စည်းမျဉ်းတစ်ခုကို ရည်ညွှန်းသည်။ ယင်းမှာ စံသတ်မှတ်ချက်တစ်ခုဟု ငါတို့ ခေါ်ဆိုသည့်အရာ ဖြစ်သည်။ လူ၏ ကိုယ်ပိုင်ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက်ဟူသည့် ဤအဓိပ္ပာယ်ဖွင့်ဆိုချက်များ မှန်ကန်တိကျလျှင်၊ ဤစံသတ်မှတ်ချက်သည် မည်သည့်အရာနှင့် ဆက်စပ်သနည်း။ ထိုအရာသည် ဤနေရာတွင် မည်သည့်အရာကို ရည်ညွှန်းသနည်း။ လူ၏ ကိုယ်ပိုင်ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက်ဟု ယခင်က အဓိပ္ပာယ်ဖွင့်ဆိုထားသည့်အတိုင်းပင် ဖြစ်သည်။ ဤသည်မှာ သမ္မာတရား ဖြစ်၏။ ယခုတွင် တစ်စုံတစ်ဦးက ထိုစာကြောင်းကို ဖတ်သည့်အခါ “ကျွန်ုပ်တို့၏ ရိုးရာဓလေ့ ယဉ်ကျေးမှုသည်လည်း သမ္မာတရား ဖြစ်သည်”ဟု တွေးထင်နိုင်မည်လော။ ဤအရာကို သမ္မာတရား အမျိုးအစားအောက်တွင် ထား၍ရနိုင်သလော။ (မရနိုင်ပါ။) မရနိုင်ပေ။ ၎င်းတို့က “ကျွန်ုပ်တို့တွင် သမ္မာတရားဖြစ်သည့် ဘာသာရပ်ဆိုင်ရာ သုတေသန ကောက်ချက်တစ်ခုရှိသည်” သို့မဟုတ် “ကျွန်ုပ်တို့ လူမျိုးတွင် သမ္မာတရားလည်းဖြစ်သည့် ယဉ်ကျေးမှုတစ်ခု သို့မဟုတ် အတွေ့အကြုံတစ်ခု သို့မဟုတ် ကောင်းမွန်သော ကိုယ်ကျင့်တရား စံနှုန်းတစ်ခုရှိသည်”ဟု ဆိုနိုင်ကြသလော။ သမ္မာတရားကို ဤသို့ အဓိပ္ပာယ်ဖွင့်ဆို၍ရနိုင်သလော။ (မရနိုင်ပါ။) သမ္မာတရားကို အဓိပ္ပာယ်ဖွင့်ဆိုရန် ဤအရာများကို အဘယ်ကြောင့် ငါတို့ သုံး၍မရနိုင်ကြသနည်း။ ဤအရာများသည် သမ္မာတရားနှင့် မည်သည့် ပတ်သက်မှုမျှမရှိဟု အဘယ်ကြောင့် ငါတို့ ပြောဆိုကြသနည်း။ (ယင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့် ပတ်သက်မှုမျှမရှိပါ။) မှန်ပေ၏။ ယင်းတို့သည် လူတို့၏ ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းနှင့် ဆက်စပ်ကောင်းဆက်စပ်နိုင်မည်ဖြစ်သော်လည်း ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် ဆက်စပ်မှုမရှိပေ။ ၎င်းတို့ ပြောသည့် ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းသည် မည်သည့်အရာကို ရည်ညွှန်းသနည်း။ ၎င်းတို့၏ စံနှုန်းများနှင့် စည်းကမ်းများမှာ အဘယ်နည်း။ စာတန်ထံမှ လာသည့် ကောင်းမွန်သော အပြုအမူ ဖြစ်သည်။ ယင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းအကြောင်း မဟုတ်။ စာတန်ကို ကိုးကွယ်ခြင်းနှင့် ခုခံကာကွယ်ခြင်းအကြောင်း ဖြစ်သည်။ ယင်းတို့သည် လူသား စိတ်ကူးများနှင့် အယူအဆများမှလည်းကောင်း၊ ကောင်းမွန်သော ကိုယ်ကျင့်တရား သို့မဟုတ် အပြုအမူ အဖြစ် လူတို့ ယုံကြည်သည့်အရာမှလည်းကောင်း ထုတ်နုတ်ယူထားသည့် ကိုယ်ပိုင်ကျင့်ကြံပြုမူခြင်းအကြောင်း ဆိုရိုးစကားတစ်စု သို့မဟုတ် ယဉ်ကျေးမှုတစ်စု ဖြစ်သည်။ ယင်းတို့တွင် သမ္မာတရား သို့မဟုတ် ဘုရားသခင်ကို ကိုးကွယ်ခြင်း မပါဝင်ပေ။ ယင်းတို့သည် ဘုရားသခင်ကို ကိုးကွယ်ခြင်းနှင့် မည်သည့် ပတ်သက်မှုမျှ မရှိပေ။

တရုတ်လူမျိုးများနှင့်သာ သင့်တော်ပြီး အနောက်တိုင်းသားများက လက်မခံနိုင်သည့် ရိုးရာယဉ်ကျေးမှုတစ်ခုကို တရုတ်လူမျိုးများက ပေါင်းရုံးဖော်ပြကြပြီး ဖြစ်သည်။ အနောက်တိုင်းသားများတွင် မိမိတို့၏အမျိုးသား သူရဲကောင်းများ၊ ကိုယ်ကျင့်သိက္ခာနှင့်ဆိုင်သည့် အမျိုးသား အသိစိတ်နှင့် အမျိုးသား ယဉ်ကျေးမှုများ ရှိကြသော်လည်း ၎င်းတို့သည် ၎င်းတို့၏ ယဉ်ကျေးမှုများကို အရှေ့အရပ်သို့ ယူဆောင်သွားမည်ဆိုလျှင် ယင်းတို့ကို လူတို့က လက်ခံကြမည်လော။ (လက်ခံမည်မဟုတ်ပါ။) ၎င်းတို့သည်လည်း ထိုနည်းတူ လက်ခံခြင်း ခံကြရမည် မဟုတ်ပေ။ ထို့ကြောင့် လူတို့က ဤယဉ်ကျေးမှုများကို မည်မျှ မြင့်မားစွာ ရှုမြင်ကြသည်ဖြစ်စေ၊ ဤရိုးရာဓလေ့များကို မည်မျှ မြင့်မြတ်သည်ဟု ၎င်းတို့က မြင်သည်ဖြစ်စေ၊ ယင်းတို့နှင့် သမ္မာတရားကြားတွင် ဆက်နွှယ်မှုတစ်ခုတလေ ရှိသလော။ (မရှိပါ။) ဆက်နွှယ်မှု မရှိပေ။ ဥပမာအနေဖြင့် အရှေ့အရပ်တွင် ဇီးကွက်များက အတိတ်နိမိတ်မကောင်းသည့် တိရစ္ဆာန်များဖြစ်သည်ဟု ဖော်ပြသည့် ရိုးရာယဉ်ကျေးမှုတစ်မျိုး ရှိ၏။ လူတို့က မည်သည့်အရာကို ပြောကြသနည်း။ “သင်တို့ ကြောက်သင့်သည်မှာ ငိုသော ဇီးကွက်မဟုတ်၊ ရယ်သော ဇီးကွက်ဖြစ်သည်။ ၎င်းတို့ အော်သံကိုကြားရာတွင် မကောင်းသည့်အရာများ ဖြစ်ဖို့ သေချာသည်”ဟူ၍ ဖြစ်သည်။ အရှေ့တိုင်း ရိုးရာယဉ်ကျေးမှုတွင် ဇီးကွက်များကို အတိတ်နိမိတ်မကောင်းသကဲ့သို့ ကံခေစေသည့် တိရစ္ဆာန်များအဖြစ် ယုံကြည်ကြသည်။ ထို့ကြောင့် အရှေ့တိုင်းသားများသည် ဤ “ကံခေစေသည့်” တိရစ္ဆာန်များကို နှစ်သက်ကြသလော။ (မနှစ်သက်ကြပါ။) ဤမနှစ်သက်မှုက မည်သည့်အရာအပေါ် အခြေခံသနည်း။ အရှေ့တိုင်း ရိုးရာယဉ်ကျေးမှုနှင့် “ဇီးကွက်တစ်ကောင် အော်မြည်သံကြားရခြင်းသည် မိသားစု၌ သေခြင်းနှင့်ဆိုင်သော ရှေ့ပြေးနိမိတ်တစ်ခု ဖြစ်သည်”ဟု ဆိုသည့် မျိုးဆက်များတစ်လျှောက် လက်ဆင့်ကမ်းလာခဲ့ကြသည့်အရာတို့အပေါ် အခြေခံပေသည်။ ဤသည်မှာ လူတို့ ထုတ်နုတ်ယူသည့် ဥပဒေသတစ်ခု သို့မဟုတ် လူသား စိတ်ကူးစိတ်သန်းတစ်ခု၊ သို့မဟုတ် တိုက်ဆိုင်မှုတစ်ခု ဖြစ်ကောင်းဖြစ်နိုင်ပြီး ထို့နောက်ပိုင်း လူတို့သည် ဇီးကွက်များက မကောင်းဟု မိမိတို့ စိတ်နှလုံးများတွင် ယုံကြည်ကြလေသည်။ ထိုတိရစ္ဆာန်များကို မည်သူမျှ မကိုးကွယ်သင့် သို့မဟုတ် မင်္ဂလာရှိသော တိရစ္ဆာန်များအဖြစ် သဘောမထားသင့်ကြောင်းနှင့် ဇီးကွက်တစ်ကောင်ကို ၎င်းတို့ တွေ့လျှင် ချက်ချင်း မောင်းထုတ်သင့်ကာ ကြိုဆိုလက်ခံခြင်း မပြုသင့်ကြောင်း တွေးထင်ကြလေသည်။ ဤသည်မှာ ယဉ်ကျေးမှုတစ်မျိုး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤယဉ်ကျေးမှုမျိုးက အပြုသဘောဆောင်သည်ဖြစ်စေ၊ အပျက်သဘောဆောင်သည်ဖြစ်စေ ရိုးရာအမွေတစ်မျိုး ဖြစ်သည်။ ယခုတွင်မူ ထိုအရာ မှန်သည်၊ မှားသည်ဟု မပြောဘဲ ဤယဉ်ကျေးမှုမျိုးကို အရှေ့အရပ်၊ အထူးသဖြင့် တရုတ်နိုင်ငံရှိ လူတိုင်းက လုံးလုံးလျားလျား ထောက်ခံထားခြင်း ဖြစ်သည်ဟုသာ ပြောကြစို့။ ထိုနေရာရှိ လူတိုင်းက ဇီးကွက်များသည် မကောင်းသကဲ့သို့ မင်္ဂလာရှိသည့် တိရစ္ဆာန်များမဟုတ်ဟု မိမိတို့ စိတ်နှလုံးတွင် ယုံကြည်ကြသောကြောင့် တစ်ကောင်ကိုတွေ့လျှင် အမြန်ရှောင်ရှားကြလိမ့်မည် ဖြစ်သည်။ သို့သော် အနောက်အရပ်တွင် ဇီးကွက်များက မင်္ဂလာရှိသည့် တိရစ္ဆာန်တစ်မျိုးဖြစ်သည်ဟု လူအချို့က ယုံကြည်ကြပြီး ဇီးကွက် ရုပ်တုနှင့် ပန်းချီကားများကို အလှအပ အဆင်တန်ဆာများအဖြစ် အသုံးပြုကြသည်။ ပန်းထိုးလက်ရာများနှင့် အမှတ်သင်္ကေတလုပ်ခြင်းမျိုးစုံတွင်လည်း ဇီးကွက်ဒီဇိုင်းများ ရှိကြပြီး အတိတ်နိမိတ်ကောင်းသော တိရစ္ဆာန်များအဖြစ် သဘောထားခြင်းခံရသည်။ အတိတ်နိမိတ်ကောင်းသော တိရစ္ဆာန်တစ်ကောင်ဖြစ်ခြင်းသည် မည်သည့်အရာကို ဆိုလိုသနည်း။ ဤတိရစ္ဆာန်က သင့်ကို ကောင်းသည့် ကံယူဆောင်လာပေးမည်ဖြစ်ပြီး တစ်ကောင် အော်သံကြားပြီးနောက် သို့မဟုတ် တစ်ကောင်ကို မြင်ပြီးနောက်တွင် ကံအကြောင်းမလှသည့်ဖြစ်ရပ် သင် ကြုံမည်မဟုတ်ဟူ၍ ဖြစ်သည်။ ဤသည်မှာ အနောက်အရပ်တွင် ရေပန်းစားသော ရိုးရာယဉ်ကျေးမှုတစ်မျိုး ဖြစ်သည်။ ဤယဉ်ကျေးမှုများထဲမှ မည်သည့်အရာ မှန်ပြီး မည်သည့်အရာ မှားသည်ဟု ငါတို့ ဝေဖန်ချက် ပြုမည်မဟုတ်။ ဤအရာနှင့်ပတ်သက်၍ ငါတို့ ဝေဖန်ချက်ပေးမည် မဟုတ်ပေ။ သို့သော် ဤကိစ္စရပ်မှတစ်ဆင့် ငါတို့ မြင်ရသည်မှာ ဘုရားသခင် ဖန်ဆင်းထားသည့် တိရစ္ဆာန်တစ်ကောင်တည်းက အရှေ့အရပ်နှင့် အနောက်အရပ်ရှိ မတူညီသော အမြင်များနှင့် အယူအဆများကို ခံရခြင်း ဖြစ်သည်။ ထို့အပြင် ယင်းတို့သည် အလွန်ကွဲပြားခြားနားလွန်းပေသည်။ အရှေ့တိုင်းသားများက ထိုအရာကို ကောင်းသည့်အရာတစ်ခုအဖြစ် မရှုမြင်သကဲ့သို့ ဇီးကွက်တစ်ကောင်က ရယ်သည်ဖြစ်စေ၊ ငိုသည်ဖြစ်စေ ၎င်းတို့အတွက် ကောင်းသည်ဟု မယူဆကြသော်လည်း အနောက်တိုင်းသားများက ထိုတိရစ္ဆာန် ငိုသည်ဖြစ်စေ၊ ရယ်သည်ဖြစ်စေ အတိတ်နိမိတ် ကောင်းသည်ဟုလည်းကောင်း၊ တစ်ကောင်ကို မြင်ရခြင်းသည်ပင် ၎င်းတို့ကို ကောင်းသည့်ကံ ယူဆောင်ပေးနိုင်သည်ဟုလည်းကောင်း တွေးထင်ကြသောကြောင့် ဇီးကွက်များကို အတိတ်နိမိတ်ကောင်းသော တိရစ္ဆာန်များအဖြစ် သဘောထားကြသည်။ ဤအမြင်နှစ်ခုနှင့် ဇီးကွက်ကို ကိုင်တွယ်ဖြေရှင်းသည့် နည်းလမ်းနှစ်မျိုးသည် ရိုးရာယဉ်ကျေးမှုမှ လာ၏။ တစ်ခုက ဇီးကွက်များကို ကံမကောင်းစေသည့်အရာအဖြစ် ယုံကြည်ပြီး တစ်ခုက ယင်းတို့ကို အတိတ်နိမိတ်ကောင်းသည့်အရာအဖြစ် မြင်သည်။ ထိုအရာကို ယခု ကြည့်သည့်အခါ မည်သည့်တစ်ခုသည် သမ္မာတရားနှင့် ကိုက်ညီပြီး မည်သည့်အရာက မကိုက်ညီသနည်း။ (တစ်ခုမျှ သမ္မာတရားနှင့် မကိုက်ညီပါ။) ထိုအခိုင်အမာ ပြောဆိုခြင်းကို မည်သည့်အရာတွင် သင်တို့အခြေပြုထားသနည်း။ (ထိုအမြင်တစ်ခုမျှ ဘုရားသခင်ထံမှ လာခြင်း မဟုတ်ပါ။) မှန်ပေ၏။ ဇီးကွက်သည် အတိတ်နိမိတ်ကောင်းသည့် တိရစ္ဆာန်များမဟုတ်ဟု လူတို့ ပြောသည့်အခါ မည်သည့်အရာအပေါ် ၎င်းတို့ အခြေခံနေခြင်းဖြစ်သနည်း။ အရှေ့တိုင်း ရိုးရာယဉ်ကျေးမှု ဖြစ်သည်။ အတိတ်နိမိတ်ကောင်းသည့်အရာ သို့မဟုတ် အတိတ်နိမိတ်မကောင်းသည့်အရာအဖြစ် သို့မဟုတ် ကပ်ဘေး၊ မကောင်းသည့်ကံ သို့မဟုတ် ကောင်းသည့်ကံ ယူဆောင်လာသည့်အရာအဖြစ် ၎င်းတို့ ယုံကြည်သည့်အရာသည် ရိုးရာယဉ်ကျေးမှုအတိုင်း အကဲဖြတ်ထားခြင်း ဖြစ်သည်။ ယင်းသည် စိတ်ကူးများနှင့် အယူအဆများမှ ဆင်းသက်လာသည့် ကြည့်ရှုသော နည်းလမ်းတစ်ခုဖြစ်သည်။ ယင်းမှ ဤယဉ်ကျေးမှုမျိုး ဖြစ်ပေါ်ခြင်း ဖြစ်သည်။ အနောက်တိုင်းသားများက ဤတိရစ္ဆာန်မျိုးသည် လူတို့ကို ကောင်းသည့်ကံ ယူဆောင်ပေးနိုင်သည်ဟု တွေးထင်ကြပြီး ဤသည်မှာ ထိုတိရစ္ဆာန်ကို ကံမကောင်းစေသောအရာအဖြစ် သဘောထားခြင်းနှင့် ရှုမြင်ခြင်းတို့ထက် အနည်းငယ် သာ၍ ကောင်းကာ ပို၍ တိုးတက်သည်မှာ အမှန်ပင် ဖြစ်သည်။ ထိုအရာက လူတို့အား ယင်းသည် အတော်လေး ကောင်းမွန်သည့် တိရစ္ဆာန်တစ်ကောင်ဖြစ်သည်ကို ခံစားစေပြီး အနည်းဆုံးအနေဖြင့် တစ်ကောင်ကို တွေ့ပြီးနောက်တွင် ၎င်းတို့ စိတ်လှုပ်ရှားခြင်းမရှိဘဲ တည်ငြိမ်ကြလေသည်။ ယင်းသည် ကံမကောင်းဟု ခံစားခြင်းထက် သာ၍ ကောင်း၏။ သို့ရာတွင် ထိုအရာကို ဤကဲ့သို့ သိနားလည်ခြင်းမှ မည်သည့်အရာကို သင် ရရှိနိုင်သနည်း။ ဇီးကွက်များက သင့်ကို ကောင်းသည့်ကံ အမှန်တကယ် ယူဆောင်လာနိုင်သလော။ (မယူဆောင်လာနိုင်ပါ။) သင်သည် တရုတ်နိုင်ငံတွင် မွေးဖွားခဲ့လျှင် ဇီးကွက်များက သင်၏ ကံကို အမှန်တကယ် ဆုံးဖြတ်နိုင်ကြမည်လော။ ထိုသို့လည်း မဟုတ်ပေ။ သို့ဆိုလျှင် ဤအရာမှ မည်သည့်အရာကို သင် မြင်နိုင်သနည်း။ ဤတိရစ္ဆာန်က သင့်ကို မကောင်းသည့်ကံ သို့မဟုတ် ကောင်းသည့်ကံ ယူဆောင်လာနိုင်သည်ဟု သင် ယုံကြည်သည်ဖြစ်စေ၊ ယင်းမှာ လူ၏ ယုံကြည်မှုနှင့် အယူအဆဖြစ်သည်၊ အမှန်တရားတစ်ခု မဟုတ်ပေ။ ဤအရာက မည်သည့်အရာကို သက်သေပြသနည်း။ (ရိုးရာယဉ်ကျေးမှုက သမ္မာတရား မဟုတ်ကြောင်းဖြစ်သည်။) မှန်ပေ၏။ မည်သည့် ယဉ်ကျေးမှုမျှ သမ္မာတရား မဟုတ်။ သို့ဆိုလျှင် ဇီးကွက်များကို သမ္မာတရားနှင့် ကိုက်ညီသည့် ပုံစံတစ်ခုဖြင့် သင် မည်သို့ သဘောထားသင့်သနည်း။ ဤအရာက လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဟူသည့်အရာနှင့် ပတ်သက်သည်။ ဤတွင် စံသတ်မှတ်ချက်သည် မည်သည့်အရာဖြစ်သနည်း။ ဆိုလိုသည်မှာ ဤသတ္တဝါကို မည်သည့် ရှုထောင့်အမြင်မျိုးမှ သင် ရှုမြင်သင့်သနည်း၊ ပြီးလျှင် ယင်းက ငိုသည်ဖြစ်စေ၊ ရယ်သည်ဖြစ်စေ သင့်ရှေ့သို့ တစ်ကောင်ပေါ်လာသည့်အခါ သင် မည်သို့ သဘောထားသင့်သနည်းဟူ၍ ဖြစ်သည်။ ဤအရာများတွင် စံသတ်မှတ်ချက်ပါဝင်သည်။ စံသတ်မှတ်ချက်ဟူသည်မှာ အဘယ်နည်း။ (သမ္မာတရားဖြစ်သည်။) စံသတ်မှတ်ချက်သည် သမ္မာတရားဖြစ်၏။ ဇီးကွက်တစ်ကောင်ကို သင် သဘောထားသင့်ပုံနှင့် ပတ်သက်လာသည့်အခါ ဤအရာကို မည်သည့်အရာအပေါ် သင် အခြေခံသင့်သနည်း။ (ဘုရားနှုတ်ကပတ်တော်များအပေါ်တွင် ဖြစ်သည်။) ပြီးလျှင် ဤသတ္တဝါမျိုးကို ကိုင်တွယ်ဖြေရှင်းခြင်းနှင့်ပတ်သက်၍ ဘုရားနှုတ်ကပတ်တော်များက မည်သည့်အရာကို ပြောဆိုသနည်း။ သူ၏ နှုတ်ကပတ်တော်များက “ဇီးကွက်များကို မှန်မှန်ကန်ကန် သင် သဘောထားရမည်ဖြစ်ပြီး ဤကိစ္စရပ်တွင် အစွဲမရှိရပေ။ ဇီးကွက်များက ကံမကောင်းဖြစ်စေသည်ဟု သင် ပြော၍ မရသကဲ့သို့ ယင်းတို့က သင့်ထံ ကောင်းသည့်ကံဖြစ်စေမည်ဟုလည်း ပြော၍မရပေ။ ဇီးကွက်များကို အရှိအတိုင်းနှင့် မျှမျှတတ သင် သဘောထားရမည်”ဟု တိကျစွာ ပြောထားခြင်းမရှိပေ။ ဘုရားသခင်က ဤအရာကို မပြောပေ။ သို့ဆိုလျှင် စံသတ်မှတ်ချက်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ကိုက်ညီရန် ဇီးကွက်များအပေါ် သင်၏ အမြင်များအတွက် သင် မည်သည့်အခြေခံအကြောင်းရင်းရှိရန် လိုအပ်သနည်း။ (ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟူသည့် အမှန်တရားဖြစ်သည်။) သင်၏ အခြေခံအကြောင်းရင်းမှာ ဘုရားသခင်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့သည်ဟူသည့် အမှန်တရားဖြစ်သင့်သည်။ ဤသည်မှာ သမ္မာတရား ဖြစ်သည်။ ဘုရားသခင်၏ လက်ထဲတွင် အရာရာက တည်ရှိရာတွင် မိမိတို့ လုပ်ငန်းဆောင်တာ၊ အထူးတာဝန်နှင့် တန်ဖိုး ရှိကြသည်။ အခြား မည်သည့်အရာ ရှိသေးသနည်း။ (ဘုရားသခင်၏ ရှုထောင့်အမြင်မှနေ၍ အရာခပ်သိမ်း ကောင်းမွန်သည်။) မှန်သည်၊ ဘုရားသခင် ဖန်ဆင်းထားသည့် အရာခပ်သိမ်း ကောင်းမွန်သည်၊ တည်ရှိရာတွင် တန်ဖိုးရှိပြီး တည်ရှိရန် လိုအပ်သည်။ တစ်စုံတစ်ရာသည် ဘုရားသခင်ထံမှ လာပြီး သူ ဖန်ဆင်းထားသရွေ့ မည်သည့်အခါတွင်မျှ မလိုအပ်သောအရာ ဖြစ်လိမ့်မည် မဟုတ်။ “မည်သည့်အခါတွင်မျှ မလိုအပ်သောအရာ ဖြစ်မည်မဟုတ်”ဟူသည့် ဤအရာက မည်သည့်အရာကိုဆိုလိုသနည်း။ ထိုအရာက လူတို့ကို ထင်ရာမြင်ရာ ကံဆိုးခြင်း ယူဆောင်ပေးမည်မဟုတ်ဟူ၍ ဖြစ်သည်။ ဇီးကွက်ငယ်လေးက သင့်ထံ အမှန်တကယ် ထင်ရာမြင်ရာ ကံဆိုးခြင်း ယူဆောင်လာနိုင်မည်လော။ ယင်းက ထိုဇီးကွက်ကို အလွန် အင်အားကြီးမားစေမည် မဟုတ်လော။ မည်သည့်အရာက သာ၍ မြင့်မားသနည်း။ လူလော၊ ဇီးကွက်လော။ လူသားများသည် အရာခပ်သိမ်းနှင့်ဆိုင်သည့် ဘဏ္ဍာစိုးများ ဖြစ်ကြပြီး၊ ဇီးကွက်များ၏ ကံကြမ္မာများကို ၎င်းတို့ ထိန်းချုပ်ကာ ဇီးကွက်များအားလုံးကို ထိုအတိုင်းပင် ချေမှုန်းပစ်၍ ရနိုင်သည်ဟု ပြောခြင်းသည် သာ၍ မှန်ကန်တိကျပေသည်။ ဇီးကွက်များက လူ၏ ကံကြမ္မာကို ပြောင်းလဲရန်မှာ မဖြစ်နိုင်ပေ။ ထို့ကြောင့် ဤသတ္တဝါကို သဘောထားခြင်းနှင့်ပတ်သက်၍ မည်သည့်နည်းလမ်းသည် သမ္မာတရားနှင့် ကိုက်ညီသနည်း။ ဘုရားနှုတ်ကပတ်တော်များအတိုင်း သဘောထားခြင်း ဖြစ်သည်။ ဘုရားသခင်က အရာခပ်သိမ်း၊ မတူကွဲပြားသော သတ္တဝါများအားလုံးနှင့် လူသားများကိုလည်း ဖန်ဆင်းခဲ့သည်။ ဇီးကွက်များသည် သတ္တဝါများဖြစ်သည်။ ထို့ကြောင့် ယင်းတို့ကို ဖန်ဆင်းခံအားလုံးအား ငါတို့ သဘောထားသည့် ရှုထောင့်အမြင်အတိုင်း ငါတို့ ချဉ်းကပ်သင့်သည်။ ဦးစွာပထမ ထိုသတ္တဝါ၏ ရှင်သန်မှု နည်းဥပဒေသများကို ငါတို့ သာမန်ကာလျှံကာ ဖျက်ဆီး၍ မရ။ ဥပမာအနေဖြင့် ဇီးကွက်၏ အလေ့အထနှင့် ထူးခြားသော လက္ခဏာတို့သည် နေ့အတွင်းတွင် အိပ်စက်ကာ ညတွင် အမဲလိုက်ပြီး တက်ကြွခြင်း ဖြစ်သည်။ ဒဏ်ရာရသည့် ဇီးကွက်တစ်ကောင်နှင့် သင် ကြုံကြိုက်ပြီး ကြင်နာစွာ ခေါ်ထားလျှင် မည်သို့ သင် ဆက်ဆံသင့်သနည်း။ (ယင်း၏ အလေ့အထများအတိုင်း ဖြစ်သည်။) မှန်ကန်၏။ ထိုသတ္တဝါ အသက်ရှင်သည့် နည်းဥပဒေသများကို သင် လေးစားရမည်။ ညတွင် အိပ်အောင်လုပ်မည့်အကြောင်း၊ မအိပ်လျှင် အိပ်ဆေးကျွေးမည့်အကြောင်း မစဉ်းစားနှင့်။ ဤသည်မှာ မှားယွင်းပေသည်။ ထိုတိရစ္ဆာန်သည် ညတွင် အမြဲ ဆူညံပြီး ဤအရာက သင်၏ အနားယူခြင်းကို နှောင့်ယှက်လျှင် သင့်ကို မနှောင့်ယှက်မည့် တစ်နေရာရာသို့ ယင်းကို သင် ရွှေ့ပြောင်းနိုင်သည်။ သို့သော် ၎င်း အသက်ရှင်သည့် နည်းဥပဒေသများကို သင် နှောင့်ယှက်၍မရ သို့မဟုတ် ၎င်း၏ ရှင်သန်မှု နည်းလမ်းကို ချိုးဖောက်၍မရပေ။ ဤသည်မှာ ၎င်းကို မှန်ကန်သည့် ဆက်ဆံနည်း ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤသည်မှာ ဘုရားသခင် ဖန်ဆင်းထားသည့် အရာခပ်သိမ်းအပေါ် သင်၏ ရှုထောင့်အမြင် ဖြစ်သင့်သည်။ ဦးစွာပထမ မှန်ကန်သည့် ရှုထောင့်အမြင် ရှိလော့။ မည်သည့်အရာကိုမဆို လုပ်ဆောင်သည့်အခါ ဤသည်မှာ သင် လှမ်းသင့်သည့် ပထမဆုံး ခြေလှမ်း ဖြစ်သည်။ ဒုတိယအနေဖြင့် အမှုအရာများကို လုပ်ဆောင်သည့်အခါ သို့မဟုတ် အရေးကိစ္စများကို ကိုင်တွယ်သည့်အခါ ဤမှန်ကန်သည့် ရှုထောင့်အမြင်ကို အသုံးပြုရမည်။ သို့မှသာ သင် လုပ်ဆောင်သည့်အရာသည် သမ္မာတရားနှင့် ကိုက်ညီလိမ့်မည်။ ဤသည်တို့မှာ စံသတ်မှတ်ချက်များ ဖြစ်သည်။ ရှင်းလင်းစွာ ပြောရလျှင် စံသတ်မှတ်ချက်များသည် တိကျသည့် စည်းကမ်းများနှင့် နည်းဥပဒေသများဖြစ်သည်။ ဥပမာအနေဖြင့် ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို မြင်သည့်အခါ၊ ဖမ်းချင်သည်။ ကြွက်များသည်လည်း ဘုရားသခင်၏ ဖန်ဆင်းခြင်းများဖြစ်သည်ဟု သင် တွေးပြီး ကြောင်ကို သင် ချုပ်ထိန်းကာ ကြွက်ကို ဖမ်းဆီးခြင်းမှ တားဆီးလိုသည်ဆိုပါစို့။ ဤသည်မှာ မှားယွင်းသလော။ (မှားယွင်းပါသည်။) ဤလုပ်နည်းကိုင်နည်းနှင့်ပတ်သက်၍ မည်သည့်အရာကို သင် တွေးထင်သနည်း။ (ယင်းသည် နည်းဥပဒေသများကို ချိုးဖောက်ပါသည်။) ထိုအရာသည် သဘာဝ၏ နည်းဥပဒေသများကို ဆန့်ကျင်ပေသည်။ လူအချို့က ရေထဲတွင် ငါးတစ်ကောင်ကို တွေ့သည့်အခါ “ငါးက ရေမရှိဘဲ အသက်မရှင်နိုင်ဟု လူတိုင်းက ပြောသည်။ သို့သော် ထိုငါးကို ရေထဲက ထုတ်ပြီး ကုန်းပေါ်တွင် အသက်ရှင်ခိုင်းဖို့ ငါ အရာရာကို ကြိုးစားလုပ်ဆောင်မည်”ဟု တွေးကြသည်။ ဤအရာက အကျိုးဆက်အနေဖြင့် ထို့နောက်ပိုင်း မကြာမီ ငါးသေသွားလေသည်။ ဤသည်ကို အဘယ်သို့ ခေါ်သနည်း။ (အဓိပ္ပာယ်မရှိသောအရာဖြစ်သည်။) ဤသည်မှာ အဓိပ္ပာယ်မရှိပေ။ ဇီးကွက်များအကြောင်း ဆွေးနွေးခြင်းအားဖြင့် စံသတ်မှတ်ချက်များက မည်သည့်အရာများဖြစ်ပြီး မည်သည့်အရာအပေါ် ထိုစံသတ်မှတ်ချက်များ အခြေပြုသည်ကို သင်တို့ အနည်းနှင့် အများ နားလည်နိုင်ကြပြီလော။ (ထိုအရာများက ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေပြုထားပါသည်။) မှန်၏၊ ဘုရားနှုတ်ကပတ်တော်များအပေါ် အခြေပြုထားပေသည်။ သို့ဆိုလျှင် အနာဂတ်တွင် ဇီးကွက်များကို သင်တို့ အဘယ်သို့ သဘောထားသင့်သနည်း။ တစ်ညနေတွင် သင်၏ ပြတင်းပေါက်နား၌ ဇီးကွက်တစ်ကောင် ငိုနေလျှင် ၎င်းကို သင် မည်သို့ ကိုင်တွယ်သင့်သနည်း။ အနည်းဆုံးအနေဖြင့် ၎င်းက ငိုခွင့်ရှိသည်ကို ငါတို့ သိကြပြီး ထိုလုပ်ပိုင်ခွင့်ကို ငါတို့ အခွင့်ပေးသင့်ကြသည်။ ၎င်းသည် ဆူညံလွန်းလျှင် သင် မောင်းထုတ်နိုင်သည်။ သို့သော် နောက်နေ့တွင် သင် ကံဆိုးခြင်း ကြုံရမည်၊ မကြုံရမည်ကို စိုးရိမ်ရန် မလိုအပ်ပေ။ လူ၏ ကံကြမ္မာ၊ အသက်နှင့် သေခြင်းတို့သည် ဘုရားသခင်၏ လက်ထဲနှင့် သူ၏ အချုပ်အခြာအာဏာအောက်တွင်သာ ရှိသည်နှင့်အမျှ ဤအရာကို စဉ်းစားရန် မလိုအပ်ပေ။ လူတို့သည် သမ္မာတရားကို နားမလည်ကြသောကြောင့် အမှုအရာများအပေါ် အလွယ်တကူ အစွဲအလမ်းရှိကြပြီး စိတ်ကူးများနှင့် အယူအဆများပင် ရှိနိုင်ကြသည် သို့မဟုတ် အတော်အတန် အယူသီးလာနိုင်သည်။ ဤအရာက လူတို့အား အမှုအရာများစွာအပေါ် မမှန်ကန်သည့် အမြင်များ ရှိရန်နှင့် သမ္မာတရား စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်ရန် သို့မဟုတ် အရာရာတွင် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက်ကို ပြည့်မီရန် ပျက်ကွက်ဖို့ ဦးတည်သွားစေသည်။ ဤအတွက် အကြောင်းရင်းမှာ အဘယ်နည်း။ (သမ္မာတရားကို နားမလည်ခြင်း ဖြစ်သည်။) ဤအရာကို သမ္မာတရားအား နားမလည်ခြင်းက ဖြစ်စေပေသည်။

အရှေ့တိုင်းသားအချို့သည် အနောက်တိုင်းသားများနှင့် ထိတွေ့ဆက်ဆံလာရသည့်အခါ အနောက်တိုင်းသားတို့၏ ကွဲပြားခြားနားသော အင်္ဂါရပ်များဖြစ်သည့် ၎င်းတို့၏ ကြီးပြီးချွန်သော နှာတံများ၊ ၎င်းတို့၏ ကြီးမားသော မျက်လုံးများ၊ ၎င်းတို့၏ ဆံပင်အရောင်အမျိုးမျိုးနှင့် ၎င်းတို့ အားလုံး အဘယ်မျှ ကြော့ရှင်းကြပုံတို့ကို မြင်ကြပြီး ၎င်းတို့အပေါ် အားကျသည့် စိတ် သို့မဟုတ် သဘောကျခြင်းကို မရည်ရွယ်ဘဲ ခံစားကြရသည်။ ထို့နောက်တွင် ဆက်လက် ထိတွေ့ဆက်ဆံရာမှတစ်ဆင့် အနောက်တိုင်း ယဉ်ကျေးမှုကို ၎င်းတို့ ဆက်လက် လက်ခံကြသည်။ အဘယ်ကြောင့် ထိုအရာကို လက်ခံနိုင်ကြသနည်း။ ၎င်းတို့ စိတ်နှလုံးများတွင်ရှိသည့် အားကျမှုနှင့် ထိုသူတို့ကဲ့သို့ ဖြစ်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒကြောင့်ဖြစ်သည်။ အသွင်အပြင်များကို ဘုရားသခင် အမိန့်ဖြင့်ပြဋ္ဌာန်းထားပြီး ပြောင်းလဲ၍ မရနိုင်သော်လည်း အနောက်တိုင်းသားများ စားသောက်ပုံ၊ ဝတ်စားပုံနှင့် နေ့စဥ် အသုံးပြုသည့်အရာများအပြင် စကားပြောသည့်ပုံစံ၊ တွေးခေါ်ပုံနှင့် ယဉ်ကျေးမှုတို့ကဲ့သို့သော အနောက်တိုင်း အသက်ရှင်နေထိုင်မှု နည်းလမ်းများကို ၎င်းတို့ တုပနိုင်မည်ဆိုလျှင် ၎င်းတို့ ဂုဏ်တက်မည်ဟု တွေးထင်ကြလေသည်။ ဤစိတ်ကူးမျိုးနှင့်ပတ်သက်၍ သင်အဘယ်သို့ တွေးထင်သနည်း။ ထိုအရာကို လူတိုင်းက ပိုင်ဆိုင်သလော။ (ပိုင်ဆိုင်ပါသည်။) အချို့သော အရှေ့တိုင်း လူမျိုးများက အနောက်တိုင်းသားများကို အတုခိုးလိုကြပြီး ၎င်းတို့ ပထမဆုံး အတုခိုးသည့်အရာမှာ ကော်ဖီသောက်ခြင်း ဖြစ်သည်။ အရှေ့တိုင်းသားများ လက်ဖက်ရည်သောက်ခြင်းသည်လည်း အောက်တန်းကျသည်ဟု ၎င်းတို့ ခံစားရသောကြောင့် အနောက်တိုင်းသားများထံမှ ကော်ဖီသောက်ရန် သင်ယူကြသည်။ အထူးသဖြင့် အနောက်တိုင်းသားများစွာက ၎င်းတို့၏ ကော်ဖီခွက်များကို ဆုပ်ကိုင်ထားလျက် မနက်တိုင်း အလုပ်သို့ အပြေးအလွှား သွားနေကြသည်ကို အရှေ့တိုင်းသားအချို့က မြင်ကြပြီး အချိန်ကြာလာသည်နှင့်အမျှ တစ်ခါတစ်ရံ ၎င်းတို့ အမှန်တကယ် အလုပ်မများသည့်အချိန်တွင်ပင် ဤအရာကို လုပ်ဆောင်ရန် ၎င်းတို့လည်း သင်ယူမိကြသည်။ ဤအရာကို အတုခိုးခြင်းဟု ခေါ်သည်။ အရှေ့တိုင်းသားများတွင် အမှန်တကယ် ဤအလေ့အထ မရှိကြသော်လည်း ၎င်းတို့က အနောက်တိုင်းသားများ၏ ဓလေ့များသည် ကောင်းမွန်သည်၊ အဆင့်မြင့်ပြီး ရည်မွန်သည်ဟု တွေးထင်ကြလေသည်။ ၎င်းတို့တွင် ဤဓလေ့မရှိလျှင် ထိုအရာကို သင်ယူကာ အတုခိုးရမည်ဟု ၎င်းတို့ ယုံကြည်ကြသည်။ ပြီးလျှင် ထိုအရာကို သင်ယူကာ ဤအလေ့အထအတိုင်း အသက်ရှင်လျှင် အနောက်တိုင်းသားများ၏ လူတန်းစားများတွင် ၎င်းတို့ မုချ ပါဝင်ကြမည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ထိုထဲမှ တစ်ယောက်ဖြစ်လာကြမည်ဟု ၎င်းတို့ တွေးထင်ကြလေသည်။ ဤသည်မှာ အနောက်တိုင်းသားများကို ကိုးကွယ်ခြင်းတစ်မျိုး ဖြစ်သည်။ တစ်စုံတစ်ရာကို သင် အမှန်တကယ် နှစ်သက်လျှင် ထိုအရာကို သင်ယူပေလော့။ သို့သော် ဤဓလေ့မျိုးကို အခြားသူများထံ ကြွားဝါရန် ဗန်းပြအဖြစ်သာ သင် သင်ယူနေလျှင် ယင်းမှာ အတုခိုးခြင်း ဖြစ်သည်။ တစ်စုံတစ်ဦးသည် သမ္မာတရားကို နားမလည်လျှင် ၎င်းတို့ လုပ်ဆောင်သည့် မည်သည့်အရာတွင်မျှ စံသတ်မှတ်ချက် ရှိလိမ့်မည် မဟုတ်သကဲ့သို့ ၎င်းတို့သည် ရည်မှန်းချက်မရှိ၊ ဦးတည်ချက်မရှိဘဲ ခေါင်းပြတ်သည့် ယင်ကောင်တစ်ကောင်ကဲ့သို့ ဖြစ်ကြလိမ့်မည်။ အနောက်တိုင်းသားများကို ၎င်းတို့ မြင်သည့်အခါ အနောက်တိုင်းသားများ ပြုမူဆောင်ရွက်ပုံကို လေ့လာကြလိမ့်မည်။ လောကတွင် ခေတ်ဆန်သောအရာကို မြင်သည့်အခါ ယင်းကို လေ့လာကြလိမ့်မည်။ ဘာသာတရားမရှိသူများသည် ဤကဲ့သို့ ဖြစ်ကြပြီး ဘုရားသခင်ကို ယုံကြည်သောသူ တစ်စုံတစ်ဦးက အလားတူ လုပ်ဆောင်လျှင် ၎င်းတို့သည် မည်သည့် လူစားမျိုး ဖြစ်ကြသနည်း။ (မယုံကြည်သူတစ်ဦး ဖြစ်သည်။) မှန်ပေ၏။ အမှုအရာများကို လုပ်ဆောင်ချိန်တွင် ၎င်းတို့၌ စံနှုန်းတစ်ခုခု သို့မဟုတ် စည်းမျဉ်းတစ်ခုခု ရှိကြသလော။ (မရှိကြပါ။) ၎င်းတို့တွင် စည်းမျဉ်းများ မရှိကြပေ။ အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် လောကီ ရေပန်းစားမှုများနှင့် ကောက်ကျစ်ဆိုးယုတ်မှုကို ၎င်းတို့ နှစ်သက်ကြသောကြောင့် ဖြစ်သည်။ ဘုရားသခင်ကို ၎င်းတို့ မလေးစားကြ။ ၎င်းတို့ စိတ်နှလုံးများတွင် သမ္မာတရားကို မချစ်ကြသကဲ့သို့ သမ္မာတရားကို လက်ခံကာ ရှာဖွေခြင်း မရှိကြပေ။ ထိုသို့သော လူများသည် မယုံကြည်သူများသာ ဖြစ်သည်။ ဤလူစားမျိုးတွင် ဤအနှစ်သာရများ ရှိသောကြောင့် ၎င်းတို့အနေဖြင့် အသင်းတော်တွင် ဘုရားနှုတ်ကပတ်တော်များကို ဖတ်ရှုကာ တရားဒေသနာများကို နားထောင်ခြင်း ရှိကြလျှင်ပင် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက်ကို မည်သည့်အခါတွင် ရှာတွေ့နိုင်ကြလိမ့်ဦးမည် မဟုတ်။ ဤအရာက ၎င်းတို့အနေဖြင့် သမ္မာတရားကို မည်သည့်အခါတွင်မျှ မရရှိနိုင်ကြဟု သွယ်ဝိုက်၍ ဆိုလိုသည်။ ယင်းမှာ မှန်သည် မဟုတ်လော။ (မှန်ပါသည်။) အခြားသူများ ကော်ဖီသောက်ခြင်းကို အတုခိုးခြင်းသည် လူတစ်ဦး၏ နှစ်သက်မှုများ၊ ၎င်းတို့ လျှောက်သည့် လမ်းကြောင်းနှင့် ၎င်းတို့ လုပ်ရပ်များ၏ စည်းမျဉ်းများကို ထုတ်ဖော်ပြနိုင်သည်။ ငါ့ကို ပြောလော့၊ လက်ဖက်ရည်ကို သောက်ခြင်းသည် သမ္မာတရားလော၊ သို့မဟုတ် ကော်ဖီကို သောက်ခြင်းသည် သမ္မာတရားလော။ (တစ်ခုမျှ သမ္မာတရားနှင့် ဆက်စပ်မှုမရှိပေ။) ပြောသည့်အရာ ကောင်းပေ၏။ သို့ဆိုလျှင် သမ္မာတရားသည် မည်သည့်အရာဖြစ်သနည်း။ လူအချို့က “ဘုရားသခင်ထံမှ လာသမျှတိုင်းသည် သမ္မာတရားဖြစ်သည်။ ရာသီစာများကို စားခြင်းက သင့်အတွက် ကောင်းသည်ဟု ပြောသည့် ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်သည်”ဟု ပြောကြသည်။ ဤသည်မှာ မှန်၏။ သမ္မာတရားသည် လူ၏ ကျင့်ကြံပြုမူမှု၊ လုပ်ဆောင်မှု၊ ဘုရားသခင်ကို ကိုးကွယ်မှုတို့အတွက် စံသတ်မှတ်ချက် ဖြစ်သည်။ သို့ဆိုလျှင် ကျင့်ကြံပြုမူခြင်းအတွက် စံသတ်မှတ်ချက်တွင် မည်သည့်အရာ ပါဝင်သနည်း။ ထိုအရာသည် ကျင့်ကြံပြုမူခြင်းနှင့် စပ်လျဉ်းသည့် သမ္မာတရား၏ သွင်ပြင်လက္ခဏာတိုင်းကို ထည့်သွင်းစဉ်းစား၏။ လုပ်ဆောင်မှုများအတွက် စံသတ်မှတ်ချက်ကရော အဘယ်သို့နည်း။ ထိုအရာသည် အမှုအရာများကို သင် ကိုင်တွယ်သည့် ပုံစံနှင့် နည်းလမ်း ဖြစ်သည်။ ဘုရားသခင်ကို ကိုးကွယ်ခြင်းအတွက် စံသတ်မှတ်ချက်ကို ငါတို့ အားလုံး သိကြသည်မှာ ပြောရန် မလိုပေ။ ဤစံသတ်မှတ်ချက်၏ နယ်ပယ်သည် ဤအရာများကို ရည်ညွှန်းပြီး ယင်းတို့အားလုံးတွင် သမ္မာတရားပါဝင်သည်။ တစ်စုံတစ်ဦးက “လက်ဖက်ရည်ကို သင် မကြိုက်သည်မှာ အဘယ်သို့ဖြစ်သနည်း”ဟု ပြောပြီး သင်က “လက်ဖက်ရည်ကို ကျွန်ုပ် မကြိုက်ခြင်းသည် သမ္မာတရားနှင့် သဟဇာတမဖြစ်ဘဲ နေသလော”ဟု ပြောသည်ဆိုပါစို့။ နောက်ထပ်လူတစ်ဦးက “သင်သည် အနောက်တိုင်းတွင် ရှိသည်။ ထို့ကြောင့် ကော်ဖီသောက်ရန် အဘယ်ကြောင့် မသင်ယူသေးသနည်း။ ကော်ဖီမသောက်ခြင်းက အလွန် အဆင့်မရှိလိုက်လေခြင်း”ဟု ပြောပြီး သင်က “သင်သည် ကျွန်ုပ်ကို ရှုတ်ချရန် ကြိုးစားနေခြင်းလော။ ကော်ဖီမသောက်ခြင်းသည် အပြစ်တစ်ခုလော။ ‘အဆင့်’သည် သမ္မာတရားလော။ အဆင့်သည် တန်ဖိုးမည်မျှ ရှိသနည်း”ဟု ပြောသည်။ ထိုအရာသည် လုံးဝ တန်ဖိုးမဲ့သည် ဟုတ်ပါသလော။ သမ္မာတရားကို နားမလည်ခြင်းသည် အမှန်တကယ် တန်ဖိုးမဲ့သောအရာ ဖြစ်သည်။ လူတို့သည် ဤဥပမာမှတစ်ဆင့် မည်သည့်အရာကို နားလည်သင့်သနည်း။ ဤလူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအပေါ် မည်သည့် အမြင်များ ၎င်းတို့ ရှိသင့်သည်ဆိုသည်နှင့် ဘုရားသခင်၏ သတ်မှတ်ထားသော စံနှုန်းများ ပြည့်မီရန်အလို့ငှာ သူတောင်းဆိုသည့်အတိုင်း ယင်းတို့ကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမည်ဆိုသည်တို့ကို နားလည်သင့်ကြသည်။ ဤအရာအားလုံးမှ မည်သည့်အရာကို လူတို့ နားလည်ကာ ရှာဖွေသင့်သနည်း။ အမှုအရာမျိုးစုံကို ကိုင်တွယ်ဖြေရှင်းရန် ၎င်းတို့ လိုက်လျှောက်သင့်သည့် စံသတ်မှတ်ချက် ဖြစ်သည်။

ရိုးရာယဉ်ကျေးမှု သို့မဟုတ် အမျိုးသား စိတ်ဓာတ်တစ်ခုသည် “စံသတ်မှတ်ချက်” ဝေါဟာရနှင့် ထိုက်တန်သည်ဟု သင်တို့ ထင်သလော။ (မထင်ပါ။) ဥပမာအနေဖြင့် “လူသားဖြစ်ခြင်းဟူသည်မှာ သင်၏ နိုင်ငံကို သင် ချစ်ရမည်ဖြစ်သည်ဟု ဆိုလိုသည်”၊ ဤသည်မှာ စံသတ်မှတ်ချက်တစ်ခုလော။ (မဟုတ်ပါ။) “လူသားဖြစ်ခြင်းဟူသည်မှာ သင်၏ မိဘများကို သင် သားသမီးဝတ်ကျေပွန်ရမည်ဟု ဆိုလိုသည်”၊ ဤသည်မှာ စံသတ်မှတ်ချက်တစ်ခုလော။ (မဟုတ်ပါ။) အချို့က “အမျိုးသမီးများသည် မွန်မြတ်ရမည်” သို့မဟုတ် “အမျိုးသမီးများသည် နာခံမှုသုံးရပ်နှင့် အကျင့်ကောင်းလေးပါးကို လိုက်လျှောက်ရမည်”ဟုလည်း ဆိုတတ်ကြသည်။ သို့သော် ဤအရာများသည် စံသတ်မှတ်ချက်များ ဖြစ်သလော။ (မဟုတ်ပါ။) “ယောက်ျားတစ်ဦးသည် ဇနီးတစ်ဦးသာ ရှိနိုင်ပြီး သစ္စာရှိရမည်”၊ ဤသည်မှာ စံသတ်မှတ်ချက်တစ်ခုလော။ သမ္မာတရားအနေဖြင့် အရည်အချင်းပြည့်မီသလော။ (မပြည့်မီပါ။) ထိုအရာသည် မှန်ကန်သည့် အပြုအမူနှင့် ကိုယ်ကျင့်တရားဖြစ်ပြီး လူ့သဘာဝအတွင်းရှိ အခြေခံနှင့် အဓိကအကျဆုံးသော အရာဖြစ်သည်။ သို့သော် သမ္မာတရားကို စံမမီပေ။ ထိုအရာသည် ပုံမှန်လူ့သဘာဝ၏ ကိုယ်ကျင့်တရားနှင့်လည်းကောင်း၊ အပြုအမူဆိုင်ရာ စံနှုန်းများနှင့်လည်းကောင်း ညီသော်လည်း စံသတ်မှတ်ချက်အဖြစ် ယူဆ၍ ရနိုင်သလော။ စံသတ်မှတ်ချက်က မည်သည့်အရာကို ရည်ညွှန်းသနည်း။ (သမ္မာတရားကို ရည်ညွှန်းပါသည်။) စံသတ်မှတ်ချက်က သမ္မာတရားကို ရည်ညွှန်းသောကြောင့် သမ္မာတရား စံမမီသည့် မည်သည့်အရာမျှ စံသတ်မှတ်ချက် မဟုတ်ပေ။ သင် မြင်သလော။ ငါ ယခုတင် ဖော်ပြခဲ့သည့် ရိုးရာယဉ်ကျေးမှုတွင်ရှိသော အမျိုးသားနှင့် အမျိုးသမီးများအပေါ် သတ်မှတ်ချက်များသည် ဘုရားသခင်၏ သတ်မှတ်ချက်များ ဖြစ်သလော။ (မဟုတ်ပါ။) ကောင်းလေပြီ၊ အမျိုးသားများအပေါ်မည်သည့်အရာကို ဘုရားသခင် တောင်းဆိုသနည်း။ သမ္မာကျမ်းစာက မည်သည့်အရာကို ပြောသနည်း။ (၎င်းတို့အနေဖြင့် မိမိတို့၏ မိသားစုကို ထောက်ပံ့ပေးရန် အလုပ်လုပ်ပြီး ချွေးကျရမည်ဖြစ်သည်။) ဤသည်မှာ အမျိုးသားများအတွက် ဘုရားသခင်၏ သတ်မှတ်ချက်များဖြစ်ပြီး အမျိုးသားတစ်ဦးက လုပ်ဆောင်နိုင်သင့်သည့် အခြေခံအကျဆုံးသော အရာဖြစ်သည်။ အမျိုးသမီးများအတွက် ဘုရားသခင်၏ စည်းမျဉ်းမှာရော အဘယ်သို့နည်း။ (၎င်းတို့သည် ခင်ပွန်း၏ လိုအင်ဆန္ဒသို့ လိုက်ရမည်ဖြစ်သည်။) ဤသည်မှာ ဘုရားနှုတ်ကပတ်တော်များက ပြောသည့်အရာဖြစ်သည့်အတွက် သမ္မာတရားဖြစ်ပြီး လူတို့ လိုက်နာစောင့်ထိန်းသင့်သည့်အရာ ဖြစ်သည်။ လူ၏ ရိုးရာယဉ်ကျေးမှု သို့မဟုတ် ကိုယ်ကျင့်တရား ကျမ်းဂန်များမှ လာသည့် မည်သည့်အရာမဆိုသည် မည်မျှ မှန်ကန်နိုင်ပါစေ သမ္မာတရား မဟုတ်ပေ။ သမ္မာတရားမဟုတ်ဟု အဘယ်ကြောင့် ငါ ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် ဘုရားသခင် မပြောခဲ့သောကြောင့် ဖြစ်သည်။) ဘုရားသခင် မပြောခဲ့သည့်အရာသည် သေချာပေါက် သမ္မာတရား မဟုတ်ပေ၊ ဘုရားနှုတ်ကပတ်တော်များ၏ သတ်မှတ်ချက်များနှင့် မည်သည့် ပတ်သက်မှုမျှမရှိသည့်အရာသည်လည်း သမ္မာတရားမဟုတ်ချေ။ အရှေ့တိုင်းသားများက အမျိုးသမီးများကို အဓိပ္ပာယ်ဖွင့်ဆိုသည့် စံနှုန်းများမှာ အဘယ်နည်း။ အမျိုးသမီးကောင်းတစ်ဦးသည် ဦးစွာပထမ နူးညံ့သိမ်မွေ့ကာ ကိုယ်ကျင့်တရားရှိရမည်၊ ပညာဗဟုသုတကြွယ်ဝကာ ယဉ်ကျေးရမည်၊ ချစ်စရာကောင်းပြီး ကိုယ်လုံးကိုယ်ပေါက် သေးသွယ် ကျစ်လျစ်ရမည်ဖြစ်ကာ အိမ်ထောင်ပြုပြီးနောက်တွင် မိသားစုထဲတွင်ရှိသည့် သက်ကြီးသက်ငယ်ဟူသမျှ လူတိုင်းကို ညည်းညူခြင်းမရှိဘဲ စောင့်ရှောက်ပေးရမည်ဟု ၎င်းတို့က ယုံကြည်ကြသည်။ အမျိုးသမီးများသည် အောက်ကျခံသူများသာ ဖြစ်သည်။ ဤသည်မှာ အရှေ့တိုင်းသားများက ဖန်တီးသည့် အမျိုးသမီးများ၏ ပုံရိပ်ဖြစ်သည်။ အမျိုးသမီးများအတွက် ၎င်းတို့တွင်ရှိသည့် သတ်မှတ်ထားသော စံနှုန်းများဖြစ်သည်။ ယခုတွင် အမျိုးသမီးများအတွက် အနောက်တိုင်းသားများ၏ သတ်မှတ်ထားသော စံနှုန်းများက မည်သည့်အရာများဖြစ်သည်ကို ကြည့်ကြစို့။ ဆိုလိုသည်မှာ ၎င်းတို့၏ အတွေးများနှင့် ရှုထောင့်များမှတစ်ဆင့် ၎င်းတို့ လေ့ကျင့်သင်ကြားပေးပြီး ထောက်ခံသည့်အရာများဖြစ်သည်။ အမျိုးသမီးများအနေဖြင့် အမှီအခိုကင်းသင့်သည်၊ လွတ်လပ်ကာ တန်းတူညီမျှဖြစ်သင့်သည်ဟု အနောက်တိုင်းသားများက ယုံကြည်ကြသည်။ ဤသည်တို့မှာ အခြေခံအားဖြင့် အနောက်အရပ်က ထောက်ခံသည့် အမျိုးသမီးများ၏ လုပ်ပိုင်ခွင့်များ ဖြစ်သည်။ ဤလုပ်ပိုင်ခွင့်များတွင် အမျိုးသမီးများအတွက် အခြေခံကျသော အဓိပ္ပာယ်ဖွင့်ဆိုချက်နှင့် သတ်မှတ်ချက်တစ်ခု ရှိသည်။ ဆိုလိုသည်မှာ ယင်းတို့က အမျိုးသမီးတစ်ဦး၏ ဘဝနေထိုင်မှုပုံစံနှင့် သွင်ပြင်အတွက် အခြေခံကျသော အယူအဆတစ်ခုကို တင်ပြသည်။ ဤအယူအဆမှာ အဘယ်နည်း။ အမျိုးသမီးများသည် အောက်ကျို့ခံသူများကဲ့သို့ တစ်နေ့လုံး မကျိုးနွံမနာခံသင့်၊ သနားဖွယ်မဖြစ်သင့်သကဲ့သို့ မလိမ္မာသင့်ကြပေဟူ၍ ဖြစ်သည်။ ဤသည်မှာ ဆိုးရွားပြီး အမျိုးသမီးများအနေဖြင့် သန်မာကာ ရဲရင့်ရမည်ဟု ၎င်းတို့ တွေးထင်ကြသည်။ ဤသည်တို့မှာ အနောက်တိုင်းသားများ၏ စိတ်နှလုံးများတွင် အမျိုးသမီးများအတွက် သတ်မှတ်ထားသော စံနှုန်းများ ဖြစ်သည်။ အမျိုးသမီးများအနေဖြင့် ၎င်းတို့ကို ကြိမ်းမောင်းရန် သို့မဟုတ် အမိန့်ပေးရန် အခြားသူများကို စောင့်ဆိုင်းရင်း၊ နေ့စဉ်နေ့တိုင်း အခက်အခဲဒုက္ခကို အနွံအတာခံစွာ ကျိုးနွံနေရင်း ရုပ်သေးရုပ်များကဲ့သို့ ဖြစ်ရန် မလိုအပ်ဟု ၎င်းတို့က ယုံကြည်ကြသည်။ ဤအတွက် မလိုအပ်ဟု ၎င်းတို့ တွေးထင်ကြသည်။ အမျိုးသမီးများအနေဖြင့် ၎င်းတို့၏ လုပ်ဆောင်ချက်များတွင် တက်ကြွရန်၊ အမှီအခိုကင်းပြီး ရဲဝံ့ရန် အနောက်တိုင်းသားများက ထောက်ခံကြသည်။ ငါတို့ နားလည်သည့်အရာသည် ၎င်းတို့၏ အတွေးနှင့် လုံးဝဥဿုံ ညီမျှကောင်းညီမျှနိုင်မည် မဟုတ်သည်မှာ အမှန်ဖြစ်သော်လည်း ဤသည်မှာ အခြေခံအားဖြင့် အရှေ့တိုင်းနှင့် အနောက်တိုင်း အမျိုးသမီးများကြား အဓိက ခြားနားချက် ဖြစ်သည်။ ဤအမြင်နှစ်ခုထဲတွင် မည်သည့်အရာ မှန်ကန်သနည်း။ (တစ်ခုမျှ မမှန်ပါ။) အမှန်တွင် ဤသည်မှာ မှန်ခြင်းနှင့် မှားခြင်းအကြောင်း မဟုတ်ပေ။ အရှေ့တိုင်း လူမှုနောက်ခံအောက်၊ ထိုသို့သော လူ့အသိုင်းအဝိုင်းအတွင်းတွင် ထိုကဲ့သို့ သင် အသက်ရှင်ရမည်ဖြစ်သည်။ သင် အလိုရှိလျှင် ပုန်ကန်၍ရနိုင်မည်လော။ မိသားစုတစ်စုအတွင်းတွင် သင် ပုန်ကန်လျှင် အသက်အန္တရာယ်ရှိသည်။ အနောက်အရပ်တွင် အနောက်တိုင်း အမျိုးသမီးတစ်ဦး လုပ်ဆောင်သကဲ့သို့ သင် အသက်ရှင်နိုင်သည်။ သို့သော် သင် မည်သို့ အသက်ရှင်သည်ဖြစ်စေ၊ မည်သည့် လူမှုနောက်ခံအောက် သို့မဟုတ် မည်သည့် လူ့အသိုင်းအဝိုင်းတွင် ရှိသည်ဖြစ်စေ မည်သည့်အမြင်သည် သမ္မာတရားနှင့် ကိုက်ညီသနည်း။ (ထိုအရာများထဲမှ တစ်ခုမျှ သမ္မာတရားနှင့် မကိုက်ညီပါ။) မည်သည့်အမြင်မျှ သမ္မာတရားနှင့် မကိုက်ညီ၊ ယင်းတို့နှစ်ခုလုံးက ထိုသမ္မာတရားကို ချိုးဖောက်၏။ အဘယ်ကြောင့် ဤအရာကို ငါ ပြောသနည်း။ အရှေ့တိုင်းသားများက အမျိုးသမီးများကို အမြဲ လိမ္မာရန်၊ နာခံမှုသုံးရပ်နှင့် အကျင့်ကောင်းလေးပါးကို ပုံဖော်ရန်၊ ကိုယ်ကျင့်တရားရှိပြီး နူးညံ့သိမ်မွေ့ရန် အလိုရှိကြသည်။ မည်သည့် ရည်ရွယ်ချက်အတွက်နည်း။ ၎င်းတို့ကို ထိန်းချုပ်ရန် လွယ်ကူစေဖို့ ဖြစ်သည်။ ဤသည်မှာ အရှေ့တိုင်းရိုးရာ ယဉ်ကျေးမှုမှ ကြီးထွားလာပြီးဖြစ်သည့် သေနိုင်လောက်အောင် ပြင်းထန်သော သဘောတရားတစ်ခု ဖြစ်ပြီး နောက်ဆုံးတွင် အမျိုးသမီးများအား ၎င်းတို့ ကိုယ်ပိုင် ဦးတည်ချက် သို့မဟုတ် စိတ်ကူးများမရှိဘဲ ဘဝများကို အသက်ရှင်စေလျက် လူတို့ကို အမှန်တကယ် ထိခိုက်နစ်နာစေသောအရာ ဖြစ်သည်။ ဤအမျိုးသမီးများက မည်သည့်အရာ ၎င်းတို့ လုပ်ဆောင်သင့်သည်၊ မည်သို့ လုပ်ဆောင်ရမည် သို့မဟုတ် မည်သည့် လုပ်ရပ်များက မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်ဟူသည်တို့ကို မသိကြချေ။ ၎င်းတို့သည် ၎င်းတို့၏ ဘဝများကိုပင် မိမိတို့ မိသားစုများထံ ပေးအပ်ကြသည်။ သို့သော် လုံလောက်အောင် လုပ်ဆောင်ခြင်း မရှိသေးဟု ခံစားကြဆဲဖြစ်သည်။ ဤသည်မှာ အမျိုးသမီးများအတွက် ထိခိုက်နစ်နာမှုတစ်မျိုး ဖြစ်သလော။ (ဟုတ်ပါသည်။) ၎င်းတို့ ပျော်မွေ့ခံစားသင့်သည့် အခွင့်အရေးဖြစ်သည့် မိမိတို့ကိုယ်ပိုင် အခွင့်အရေးများ ယူဆောင်သွားခြင်း ခံရသည့်အခါတွင်ပင် ၎င်းတို့ မခုခံကြချေ။ အဘယ်ကြောင့် မခုခံကြသနည်း။ ၎င်းတို့က “ခုခံခြင်းသည် မှား၏၊ ကိုယ်ကျင့်တရားမရှိခြင်းဖြစ်သည်။ ထိုထိုသောသူတို့ကို ကြည့်ပါလေ၊ သူတို့သည် ကျွန်ုပ်ထက် များစွာ သာ၍ ကောင်းအောင် လုပ်​ဆောင်ကြပြီး များစွာ သာ၍ ဆင်းရဲဒုက္ခခံပြီးဖြစ်သည့်တိုင် မည်သည့်အခါတွင်မျှ မညည်းညူပါ”ဟု ပြောကြသည်။ အဘယ်ကြောင့် ဤသို့ ၎င်းတို့ တွေးကြမည်နည်း။ (၎င်းတို့သည် ရိုးရာယဉ်ကျေးမှုဆိုင်ရာ အတွေး၏ လွှမ်းမိုးခြင်းခံကြရသည်။) ၎င်းတို့အတွင်းတွင် အမြစ်တွယ်ပြီးဖြစ်ကာ ကြီးမားသည့် ဆင်းရဲဒုက္ခဖြစ်စေပြီးဖြစ်သည်မှာ ဤရိုးရာယဉ်ကျေးမှု ဖြစ်သည်။ ၎င်းတို့သည် ဤညှဉ်းဆဲမှုမျိုးကို အဘယ်သို့ဖြစ်ပြီး သည်းခံနိုင်ကြသနည်း။ ဤညှဉ်းဆဲမှုမျိုးက နာကျင်ဖွယ်ဖြစ်ကြောင်း၊ ၎င်းတို့ကို အကူအညီမဲ့စေပြီး ၎င်းတို့၏ နှလုံးသားများကို နာကျင်စေကြောင်း ကောင်းစွာ အပြည့်အဝ သိကြသည်။ ထို့ကြောင့် အဘယ်သို့ဖြစ်ပြီး ထိုအရာကို ၎င်းတို့ ခံယူနိုင်ကြသေးသနည်း။ အမှန်တကယ်ဖြစ်သော အကြောင်းရင်းမှာ အဘယ်နည်း။ ဤသည်မှာ ၎င်းတို့၏ လူမှုနောက်ခံဖြစ်သောကြောင့် ၎င်းတို့ ရုန်းထွက်လွတ်မြောက်နိုင်ခြင်းမရှိဘဲ ထိုအရာကို အောက်ကျို့စွာ ကြိတ်မှိတ်လက်ခံရုံသာ လက်ခံကြသည်။ ဤသည်မှာလည်း ပုဂ္ဂလဓိဋ္ဌာန်ကျကျ ၎င်းတို့ ခံစားရပုံဖြစ်သည်။ ၎င်းတို့သည် သမ္မာတရား သို့မဟုတ် အမျိုးသမီးများက ဂုဏ်သိက္ခာဖြင့် မည်သို့ အသက်ရှင်ရမည် သို့မဟုတ် အမျိုးသမီးများအတွက် အသက်ရှင်ရန် မှန်ကန်သည့် နည်းလမ်းကို နားမလည်ကြပေ။ မည်သူကမျှ ဤအရာများကို ၎င်းတို့အား မပြောခဲ့ကြပေ။ ၎င်းတို့ သိသရွေ့မှာ အမျိုးသမီးများ၏ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် စံသတ်မှတ်ချက်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှု ဖြစ်သည်။ မျိုးဆက်များတစ်လျှောက် လက်ဆင့်ကမ်းလာပြီးဖြစ်သည့်အရာသည် မှန်ကန်သည်ဟုလည်းကောင်း၊ တစ်စုံတစ်ဦးက ထိုအရာကို ချိုးဖောက်လျှင် ၎င်းတို့၏ အသိစိတ်က ရှုတ်ချခံရသင့်သည်ဟုလည်းကောင်း ၎င်းတို့ တွေးထင်ကြသည်။ ဤသည်မှာ ၎င်းတို့၏ “စံသတ်မှတ်ချက်” ဖြစ်သည်။ သို့သော် ဤစံသတ်မှတ်ချက်သည် အမှန်တကယ် မှန်ကန်သလော။ ယင်းကို ကိုးကားသည့် မျက်တောင်အဖွင့်အပိတ်ဖြင့် ထားရှိသင့်သလော။ (ထားရှိသင့်ပါသည်။) ဤစံသတ်မှတ်ချက်သည် သမ္မာတရားနှင့် မကိုက်ညီပေ။ ဤအတွေးနှင့် ရှုထောင့်မျိုး၏ ထိန်းချုပ်မှုအောက်တွင် ရှိသော တစ်စုံတစ်ဦး၏ အပြုအမူသည် မည်မျှ လက်ခံခြင်းခံရသည်ဖြစ်စေ၊ မည်မျှ နှစ်သက်စရာဖြစ်သည်ဖြစ်စေ ထိုအရာသည် အမှန်တကယ် စံသတ်မှတ်ချက်တစ်ခု ဖြစ်သလော။ ထိုအရာသည် သမ္မာတရားနှင့် လူ့သဘာဝတို့ကို ဆန့်ကျင်သဖြင့် စံသတ်မှတ်ချက် မဟုတ်ပေ။ အချိန်ကြာမြင့်စွာပင် အရှေ့တိုင်းရှိ အမျိုးသမီးများသည် မိမိတို့ မိသားစုများတစ်ခုလုံးကို ပြုစုစောင့်ရှောက်ခဲ့ကြရပြီး သေးငယ်သော အရေးမပါလှသည့် ကိစ္စများအားလုံးအတွက် တာဝန်ရှိခဲ့ကြသည်။ ဤသည်မှာ တရားမျှတသလော။ (တရားမျှတခြင်းမရှိပါ။) သို့ဆိုလျှင် ထိုအရာကို ၎င်းတို့က အဘယ်သို့ဖြစ်ပြီး သည်းခံနိုင်ကြသနည်း။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့သည် ဤအတွေးနှင့် ရှုထောင့်မျိုး၏ ချည်နှောင်ခြင်းခံကြရသောကြောင့် ဖြစ်သည်။ ထိုအရာကို ၎င်းတို့၏ သည်းခံနိုင်စွမ်းက ထိုအရာသည် လုပ်ဆောင်ရန် မှန်သောအရာ ဖြစ်ကြောင်းနှင့် ၎င်းတို့ ခါးစည်းသာခံမည်ဆိုလျှင် ရိုးရာယဉ်ကျေးမှု စံနှုန်းများကို ပြည့်မီနိုင်ကြလိမ့်မည်ဟု စိတ်ထဲတွင် ၈၀% သေချာကြသည်ကို ညွှန်ပြပေသည်။ ထို့ကြောင့် ၎င်းတို့သည် ထိုဦးတည်ချက်ဆီသို့ ထိုစံနှုန်းများဆီသို့ ပြေးနေကြခြင်း ဖြစ်သည်။ ထိုအရာမှားယွင်းကြောင်းနှင့် ၎င်းတို့ မလုပ်ဆောင်သင့်ကြောင်း၊ လူ့သဘာဝနှင့် ကိုက်ညီခြင်းမရှိကြောင်း၊ လူ့သဘာဝနှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း ဆန့်ကျင်ကြောင်း စိတ်ထဲတွင် ၎င်းတို့ တွေးမိခဲ့လျှင် ထိုအရာကို ၎င်းတို့ လုပ်နိုင်ဦးမည်လော။ (လုပ်နိုင်မည်မဟုတ်ပါ။) ထိုလူများထံမှ ထွက်ပြေးပြီး ၎င်းတို့၏ ကျေးကျွန်များမဖြစ်မည့် နည်းလမ်းတစ်ခုကို တွေးကြရမည် ဖြစ်သည်။ သို့သော် အမျိုးသမီးအများစုက ဤအရာကို လုပ်ဝံ့ကြမည် မဟုတ်။ ၎င်းတို့ မည်သည့်အရာကို စဉ်းစားကြသနည်း။ မိမိတို့၏ အသိုင်းအဝိုင်းမရှိဘဲ အသက်ရှင်သန်နိုင်မည်ဖြစ်သော်လည်း ၎င်းတို့ စွန့်ခွာလျှင် ဆိုးရွားသည့် အမည်းစက်ကို သယ်ဆောင်ရမည်ဖြစ်ကာ အကျိုးဆက်အချို့ကို ခံစားရမည်ဟူ၍ ဖြစ်သည်။ ထိုအရာကို ချိန်ဆပြီးနောက်တွင် ထိုအရာကို ၎င်းတို့ လုပ်ဆောင်ရမည်ဆိုလျှင် ၎င်းတို့ ကိုယ်ကျင့်တရားမရှိပုံနှင့်ပတ်သက်၍ ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက်များက အတင်းပြောကြမည်၊ လူ့အဖွဲ့အစည်းက နည်းလမ်းအချို့ဖြင့် ၎င်းတို့ကို ရှုတ်ချကြမည်ဖြစ်ပြီး ၎င်းတို့နှင့်ပတ်သက်၍ ထင်မြင်ယူဆချက်အချို့ ရှိမည်ဖြစ်ကာ ဤအရာအားလုံးက ဆိုးရွားသည့် အကျိုးဆက်များ ယူဆောင်လာမည်ဟု တွေးထင်ကြသည်။ အဆုံးတွင် ထိုအရာကို ၎င်းတို့ အချိန်ယူစဉ်းစားပြီး “သည်းခံခြင်းသည်သာ ပိုကောင်းသည်။ မဟုတ်လျှင်၊ ရှုတ်ချသည့် ဝန်ထုပ်က ငါ့ကို ဖျက်ဆီးလိမ့်မည်”ဟု တွေးကြသည်။ ဤသည်မှာ မျိုးဆက်များတစ်လျှောက် အရှေ့တိုင်းအမျိုးသမီးများ ဖြစ်သည့်ပုံစံ ဖြစ်သည်။ ဤကောင်းမွန်သည့် ကျင့်ကြံပြုမူခြင်းအားလုံး၏ နောက်ကွယ်တွင် မည်သည့်အရာကို ၎င်းတို့ သည်းညည်းခံရမည်နည်း။ ၎င်းတို့၏ လူသား ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ပိတ်ပင်ခံရခြင်း ဖြစ်သည်။ ဤအတွေးများနှင့် အမြင်များသည် သမ္မာတရားနှင့် ကိုက်ညီကြသလော။ (မကိုက်ညီပါ။) သမ္မာတရားနှင့် မကိုက်ညီကြပေ။ ၎င်းတို့သည် ၎င်းတို့၏ လူ့ဂုဏ်သိက္ခာနှင့် အခွင့်အရေးများ ပိတ်ပင်ခံရပြီးဖြစ်ကာ ၎င်းတို့၏ တည်ကြည်မှု၊ ၎င်းတို့၏ အမှီအခိုကင်းသော အသက်ရှင်နေထိုင်မှုနှင့် စိတ်ကြိုက်လွတ်လပ်စွာတွေးခေါ်ခွင့်များနှင့် ၎င်းတို့၏ စကားပြောပိုင်ခွင့်များနှင့် မိမိတို့၏ ကိုယ်ပိုင် လိုအင်ဆန္ဒများ ဖော်ပြပိုင်ခွင့်များ ဆုံးရှုံးသွားကြပြီးဖြစ်သည်။ ၎င်းတို့ လုပ်ဆောင်သမျှတိုင်းသည် အိမ်တွင်ရှိသည့် လူများအတွက်ဖြစ်သည်။ ဤအရာကို လုပ်ဆောင်ရာတွင် ၎င်းတို့၏ ရည်ရွယ်ချက်မှာ အဘယ်နည်း။ ရိုးရာယဉ်ကျေးမှုက အမျိုးသမီးများအပေါ် တောင်းဆိုသည့် စံနှုန်းများကို ပြည့်မီရန်နှင့် အခြားသူများက ၎င်းတို့ကို ဇနီးကောင်းများနှင့် လူကောင်းများအဖြစ် ခေါ်ဆိုလျက် ချီးမွမ်းစေရန် ဖြစ်သည်။ ဤသည်မှာ ညှဉ်းဆဲမှုတစ်မျိုး ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) ဤတွေးခေါ်မှု နည်းလမ်းသည် သင့်တင့်လျောက်ပတ်သလော၊ လွဲချော်သလော။ (လွဲချော်ပါသည်။) သမ္မာတရားနှင့် ကိုက်ညီသလော။ (မကိုက်ညီပါ။) ဘုရားသခင်သည် လူသားမျိုးနွယ်အတွက် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ဖန်ဆင်းခဲ့ပြီး ဤလွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်မှ ဖြစ်လာသည့် အတွေးများမှာ အဘယ်နည်း။ ယင်းတို့သည် လူ့သဘာဝနှင့် ကိုက်ညီသလော။ ဤအတွေးများသည် အနည်းဆုံးအနေဖြင့် လူ့သဘာဝနှင့် ကိုက်ညီရမည်။ ဤအရာအပြင် ဘုရားသခင်သည် လူတို့အနေဖြင့် ၎င်းတို့ အသက်ရှင်နေထိုင်မှု လမ်းကြောင်းတွင် လူများ၊ ဖြစ်ရပ်များနှင့် အမှုအရာများအားလုံးအပေါ် မှန်ကန်သည့် အမြင်များနှင့် သိနားလည်မှုများ ရှိရန်၊ ထို့နောက်တွင် အသက်ရှင်ကာ ဘုရားသခင်ကို ကိုးကွယ်ဖို့ မှန်ကန်သည့် လမ်းကြောင်းကို ရွေးချယ်ကြရန်လည်း ရည်ရွယ်ပေသည်။ ဤသို့ အသက်ရှင်သည့် ဘဝသည် ဘုရားသခင်က ပေးထားခြင်းဖြစ်ကာ ပျော်မွေ့ခံစားသင့်သည်။ သို့သော် လူတို့သည် ဤရိုးရာယဉ်ကျေးမှုများနှင့် ကိုယ်ကျင့်တရား ကျမ်းဂန်များဟု ခေါ်သောအရာများဖြင့် ၎င်းတို့ ဘဝတစ်ခုလုံးတွင် ကန့်သတ်ခြင်းခံရ၊ ချည်နှောင်ခြင်းခံရကာ လွဲချော်စေခြင်းခံရပြီး နောက်ဆုံးတွင် မည်သည့်အရာ ဖြစ်လာကြသနည်း။ ရိုးရာယဉ်ကျေးမှု၏ ရုပ်သေးရုပ်များ ဖြစ်လာကြသည်။ ဤအရာသည် သမ္မာတရားကို လူတို့ နားမလည်ခြင်းအားဖြင့် ဖြစ်သည် မဟုတ်လော။ (ဟုတ်ပါသည်။) အနာဂတ်တွင် ဤလမ်းကြောင်းကို လျှောက်ရန် သင်တို့ ရွေးချယ်ကြမည်လော။ (ရွေးချယ်မည် မဟုတ်ပါ။) သို့ဆိုလျှင် မည်သည့်အရာကို သင်တို့ လုပ်ဆောင်သင့်သနည်း။ သင်က “ယင်းတို့ကို ကျွန်ုပ် တိုက်ခိုက်မည်” သို့မဟုတ် “ယင်းတို့ကို ကျွန်ုပ် အလုပ်အကျွေးပြုတော့မည် မဟုတ်ပါ။ ကျွန်ုပ်တွင် လူ့အခွင့်အရေးများရှိပြီး ကျွန်ုပ်၏ တည်ကြည်မှုရှိသည်”ဟု ပြောသည် ဆိုပါစို့။ ဤသည်မှာ အဆင်ပြေသလော။ (မပြေပါ။) ဤသည်မှာ အဆင်မပြေပေ။ ဤသည်မှာ တစ်ဖက်စွန်းမှ အခြားတစ်ဖက်စွန်းသို့ သွားခြင်းဖြစ်ပြီး ဘုရားသခင်ကို သက်သေခံနေခြင်း သို့မဟုတ် သူ့ကို ဘုန်းထင်ရှားစေခြင်း မဟုတ်။ ထို့ကြောင့် သင် မည်သို့ ပြုမူဆောင်ရွက်သင့်သနည်း။ (စည်းမျဉ်းများနှင့်အညီဖြစ်သည်။) စည်းမျဉ်းများနှင့်အညီ ပြုမူဆောင်ရွက်ရန်မှာ အမှန်ပင်ဖြစ်ပြီး ဘုရားသခင်ကို ယုံကြည်လျှင် ၎င်းတို့ကို ညီအစ်ကို မောင်နှမများကဲ့သို့လည်းကောင်း၊ မယုံကြည်လျှင် ဘာသာတရား မရှိသောသူများကဲ့သို့လည်းကောင်း ဆက်ဆံလျက် လူတိုင်းကို စည်းမျဉ်းများနှင့်အညီ ဆက်ဆံသင့်သည်။ ၎င်းတို့အတွက် သင့်ဘဝကို စတေးခြင်းအားဖြင့် မိမိကိုယ်ကို ထိခိုက်နစ်နာအောင်လုပ်ရန်၊ သင်၏ တည်ကြည်မှုကို လွဲချော်စေရန် သို့မဟုတ် သင်၏ ဂုဏ်သိက္ခာနှင့် လုပ်ပိုင်ခွင့်များကို စွန့်ရန် မလိုအပ်ပေ။ ၎င်းတို့အနေဖြင့် ထိုအရာနှင့် မထိုက်တန်ကြပေ။ ဤလောကတွင် သင့်ဘဝအသုံးခံခြင်းနှင့် ထိုက်တန်သည့်သူတစ်ဦးတည်းသာ ရှိသည်။ အဘယ်သူနည်း။ (ဘုရားသခင်ဖြစ်သည်။) အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး သူ၏ နှုတ်ကပတ်တော်များသည် လူ၏ တည်ရှိခြင်း၊ ကျင့်ကြံပြုမူခြင်းနှင့် လုပ်ဆောင်ချက်များအတွက် စံသတ်မှတ်ချက်ဖြစ်သောကြောင့် ဖြစ်သည်။ သင့်ထံတွင် ဘုရားသခင်နှင့် ဘုရားနှုတ်ကပတ်တော်များ ရှိသရွေ့ သင် သွေဖည်မည်မဟုတ်သကဲ့သို့ သင် ကျင့်ကြံပြုမူကာ ဆောင်ရွက်ပုံတွင် မှန်ကန်တိကျလိမ့်မည် ဖြစ်သည်။ ဤသည်မှာ ကယ်တင်ခံရပြီးသည်နှင့် တစ်စုံတစ်ဦးအပေါ် ဘုရားနှုတ်ကပတ်တော်များက စွမ်းဆောင်ရရှိသည့် အဆုံးစွန်သော အကျိုးတရား ဖြစ်သည်။

“သမ္မာတရားသည် အဘယ်အရာဖြစ်သနည်း”ဟူသည်မှာ ကျယ်ပြန့်လွန်းသော အကြောင်းအရာတစ်ခု ဖြစ်သည်။ ဥပမာအနည်းငယ်ကို ငါတို့ ယခုတင်ပေးခဲ့ကြသည်။ ယင်းတို့ထဲမှ တစ်ခုမှာ ဇီးကွက်များကို သဘောထားပုံ ဖြစ်သည်။ အခြား မည်သည့် ဥပမာများ ရှိသနည်း။ (အရှေ့တိုင်းသားများက အနောက်တိုင်းသားများ ကော်ဖီသောက်ခြင်းကို အတုခိုးခြင်းဖြစ်သည်။) (အမျိုးသမီးများအတွက် အရှေ့တိုင်းသားများနှင့် အနောက်တိုင်းသားများ၏ သတ်မှတ်ထားသော စံနှုန်းများဖြစ်သည်။) ဤသည်တို့မှာ အသိသာအထင်ရှားဆုံးသော ဥပမာများဖြစ်သည်။ ထို့ကြောင့် အမျိုးမျိုးသော အရာများအပေါ် အရှေ့တိုင်းနှင့် အနောက်တိုင်း လူတို့၏ အမြင်များကြားတွင်၊ မည်သည့်အရာသည် စံသတ်မှတ်ချက် ဖြစ်သနည်း။ (တစ်ခုမျှ မဟုတ်ပါ။) တစ်ခုမျှတွင် သမ္မာတရားမပါဝင်ပေ။ ယင်းတို့နှစ်ခုလုံးက လူသား အမြင်များနှင့် အယူအဆများဖြစ်သည်။ သာ၍ တိကျစွာပြောရလျှင် ယင်းတို့နှစ်ခုလုံးသည် မှားယွင်းသော ရှုထောင့်များနှင့် မှားယွင်းပြီး အဓိပ္ပာယ်မဲ့သော အရာများ ဖြစ်သည်။ ယင်းတို့သည် စံသတ်မှတ်ချက်များ မဟုတ်၊ လူတို့ကို ထိခိုက်နစ်နာစေသည့် စာတန်၏ နည်းဗျူဟာများ၊ သဘောတရားများနှင့် အတွေးအခေါ်များ ဖြစ်သည်။ ထိုအရာနှင့်ပတ်သက်၍ ဤသို့ မိတ်သဟာယပြုပြီးနောက်တွင် ဤကိစ္စရပ်ကို အနည်းငယ်သာ၍ သင်တို့ နားလည်ကြသလော။ (နားလည်ပါသည်။) ဤအရာကို ငါ မပြောခဲ့လျှင် သင်တို့အနေဖြင့် တစ်နေ့တွင် ကော်ဖီသောက်ခြင်းနှင့် ဟန်ဘာဂါများ စားခြင်းဖြင့် အနောက်တိုင်းသားများကို အတုယူလျက် အတုခိုးရန် စဉ်းစားမိကောင်းစဉ်းစားမိနိုင်သည်။ ယင်းသည် စည်းမျဉ်းများနှင့် ကိုက်ညီသလော။ နေ့စဉ် အနောက်တိုင်း အစားအစာကို သင် စားလျှင်ပင် သမ္မာတရားကို မလိုက်စားပါက အချည်းနှီးသာဖြစ်လိမ့်မည်။ သင်သည် ကျင့်ကြံပြုမူပုံအတွက် စံသတ်မှတ်ချက် ရှိဦးမည်မဟုတ်။ အဓိကသော့ချက်မှာ သမ္မာတရားကို သင် ရှာဖွေကာ စည်းမျဉ်းများအတိုင်း ပြုမူဆောင်ရွက်နိုင်ခြင်း ရှိမရှိဖြစ်သည်။ ဤသည်မှာ သင့်အတွက် အကျိုးရှိပေသည်။ ဤသို့ ငါ မိတ်သဟာယပြုခြင်းမှတစ်ဆင့် သမ္မာတရားနှင့် စံသတ်မှတ်ချက်များအပေါ် သိနားလည်မှုအချို့ သင်တို့ ရှိကြသလော။ (ရှိပါသည်။) လူတို့၏ ရိုးရာယဉ်ကျေးမှု သို့မဟုတ် ကိုယ်ကျင့်တရား စံသတ်မှတ်ချက်များအတွင်းတွင် သမ္မာတရား ရှိသလော။ (မရှိပါ။) ကိုယ်ကျင့်တရား ကျမ်းဂန်များတွင် သမ္မာတရား ရှိသလော။ (မရှိပါ။) ဘုရားနှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း သင်တို့ ယခု သေချာနိုင်ပြီလော။ (သေချာနိုင်ပါပြီ။) သူ၏ နှုတ်ကပတ်တော်များက သမ္မာတရားဖြစ်ကြောင်း အတည်ပြုပြီးနောက်တွင် သင် စဉ်းစားရမည်။ ဘုရားနှုတ်ကပတ်တော်များက အဘယ်အရာနည်း။ သူ၏ နှုတ်ကပတ်တော်များတွင် သတ်မှတ်ထားသော စည်းမျဉ်းများမှာ အဘယ်နည်း။ လူကို သူ ပြောခဲ့သည့် စံသတ်မှတ်ချက်များမှာ အဘယ်နည်း။ ဘုရားနှုတ်ကပတ်တော်များနှင့် ကိုက်ညီရန်အလို့ငှာ ၎င်းသည် မည်သို့ တိကျစွာ ပြုမူဆောင်ရွက်သင့်ပြီး ဤအရာကို လုပ်ဆောင်ခြင်းအတွက် မှန်ကန်သည့် စည်းမျဉ်းများမှာ အဘယ်နည်း။ ဤသည်မှာ သင် ရှာဖွေရမည့်အရာဖြစ်သည်။ သို့သော် ဤအကြောင်းအရာနှင့်ပတ်သက်၍ ယခု ထိုမျှသာဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။