အချက် ၈- ၎င်းတို့သည် အခြားသူများအား သမ္မာတရားကိုဖြစ်စေ၊ ဘုရားသခင်ကိုဖြစ်စေ ကျိုးနွံနာခံစေခြင်း မရှိဘဲ ၎င်းတို့ကိုသာ ကျိုးနွံနာခံစေသည် (အပိုင်း ၃) အခန်း ငါး
ဧဝံဂေလိ ဖြန့်ဝေခြင်း အလုပ်တွင် လူတို့အနေဖြင့် မတူညီသော ကျွမ်းကျင်မှုများနှင့် အလုပ်အကိုင်များကို လေ့လာသင်ယူဖို့ လိုအပ်သည့် စီမံကိန်းအမျိုးမျိုးပါဝင်သည်။ သို့ရာတွင် လူအချို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်ကို နားမလည်ဘဲ အလွယ်တကူ လမ်းလွဲသွားကြသည်။ ၎င်းတို့သည် သမ္မာတရားကို တစ်စက်မျှ လက်ခံခြင်းမရှိဘဲ အတတ်ပညာပိုင်းဆိုင်ရာ အသိနှင့် ကျွမ်းကျင်မှုများကိုသာ လေ့လာသည်။ ဤသည်မှာ မည်သည့်လူအမျိုးအစား ဖြစ်သနည်း။ (ဆုကျေးဇူးများကို အာရုံစိုက်သော အန္တိခရစ် စိတ်သဘောထားရှိသည့်သူ ဖြစ်သည်။) မှန်သည်။ ဤသည်မှာ ငါတို့ ဖော်ထုတ်နေသည့် လူမျိုးဖြစ်သည်။ ဤလူမျိုးသည် အန္တိခရစ်၏ စိတ်သဘောထားရှိပြီး ဆိုးဝါးသောဖြစ်ရပ်များတွင် သူသည် အန္တိခရစ်တစ်ဦး ဖြစ်သည်။ ၎င်းတို့သည် ဤအရာများကို သင်ယူရန် ဤအခွင့်အရေးကို အသုံးပြုပြီး ဤအတတ်ပညာ သို့မဟုတ် ကျွမ်းကျင်မှုကို သိသောသူများကြားတွင် အကောင်းတကာ့အကောင်းဆုံး ဖြစ်လာရန် ဆန္ဒရှိကြသည်။ အခြားလူများက အရာရာတိုင်းတွင် ၎င်းတို့အပေါ် အမှီပြုရန်အတွက်၊ ထိုသူတို့သည် ဤအုပ်စုအတွင်း၌ ခေါင်းဆောင်နေရာကို ယူကြစဉ် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းအစား သူတို့စကားကို နားထောင်ရန်အတွက် ဤနယ်ပယ်တွင် အတတ်မြောက်ဆုံး၊ အကျွမ်းကျင်ဆုံး ဖြစ်လာရန် ဆန္ဒရှိကြသည်။ ဤနေရာတွင် ပြဿနာ ရှိသည်။ မည်သည့်လူအမျိုးအစားက ဤသို့ဖြစ်သနည်း။ အသိပညာ၊ သင်ယူမှု၊ အတွေ့အကြုံမျိုးစုံကို လေ့လာပြီး မိမိတို့ကိုယ်ကို ယင်းတို့ဖြင့် ပြင်ဆင်ထားရန်သာ ကြိုးစားသော၊ အရာရာတိုင်းကို လုပ်ဆောင်ရန်အတွက် မိမိတို့၏ အစွမ်းအစ၊ ပင်ကိုစွမ်းရည်များနှင့် ဆုကျေးဇူးများကို အမှီပြုသောသူတို့ ဖြစ်သည်။ ၎င်းတို့အားလုံးသည် အနှေးနှင့်အမြန် ဤသို့သောလမ်းကြောင်းကို လျှောက်လိမ့်မည်။ ဤသည်မှာ မလွှဲရှောင်နိုင်ပေ။ ဤသည်မှာ ပေါလု၏ လမ်းကြောင်းဖြစ်သည်။ သင်သည် မည်သည့်နေရာ သို့မဟုတ် မည်သည့်နယ်ပယ်တွင်ရှိပါစေ အခြားလူများထက် အနည်းငယ်ပို၍ အသိပညာ၊ အတွေ့အကြုံ သို့မဟုတ် သင်ခန်းစာများရှိခြင်းက သမ္မာတရားကို သင်နားလည်သည်၊ သို့မဟုတ် သမ္မာတရား လက်တွေ့ကျမှုအတွင်းသို့ ဝင်ရောက်ပြီးဖြစ်သည်ဆိုသည်ကို ထင်ရှားစေရန် မလုံလောက်ပေ။ ပြီးလျှင် သမ္မာတရားကို သင်ရရှိပြီးဖြစ်သည်ဟု အသေအချာပင် မဆိုလိုပေ။ ဤသို့ဆိုလျှင် မည်သည့်အရာက ဤအရာကို လုံလောက်စွာ ထင်ရှားစေသနည်း။ ဤကျွမ်းကျင်မှုဆိုင်ရာ အတတ်ပညာများကို လေ့လာသင်ယူသည့် ဖြစ်စဉ်တွင် ဤတာဝန်မျိုးကို ထမ်းဆောင်ခြင်းအတွက် စည်းမျဉ်းများကို သာမက ဤတာဝန်ကို ထမ်းဆောင်ခြင်းအတွက် ဘုရားသခင်၏ အိမ်တော်၏ လိုအပ်သော စံနှုန်းများကိုပါ ပိုမိုကောင်းမွန်စွာ နားလည်သဘောပေါက်လာခြင်း ဖြစ်သည်။ အတတ်ပညာပိုင်းဆိုင်ရာ ဗဟုသုတကို ၎င်းတို့အား သင်ယူခိုင်းရန် သင်ကြိုးစားလေလေ၊ အတိုက်အခံဖြစ်လေလေဖြစ်ပြီး မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် မဖြစ်နိုင်ဟုထင်သော လူအချို့ရှိပြီး “ဘုရားသခင်အား ယုံကြည်ခြင်းသည် ဘာသာတရားမရှိသော လောကနှင့် လမ်းခွဲခြင်းအကြောင်း ဖြစ်သင့်သည်။ ဤသို့ဆိုလျှင် ဘာသာတရားမရှိသော လောက၏ ကျွမ်းကျင်မှုများနှင့် အသိပညာကို အဘယ်ကြောင့် ကျွန်ုပ်တို့ သင်ယူရသနည်း” ဟုပင် ဆိုကြသည်။ ၎င်းတို့သည် မသင်ယူလိုပေ။ ဤသည်မှာ ပျင်းရိခြင်းဖြစ်သည်။ ၎င်းတို့၏အလုပ်အပေါ် တာဝန်သိသော သဘောထားကို မထားရှိပေ။ ၎င်းတို့တွင် သစ္စာစောင့်သိမှု ကင်းမဲ့သည်။ ဤသို့သောကိစ္စတစ်ခုအပေါ်တွင် မည်သည့်အားထုတ်မှုကိုမျှ မြှုပ်နှံလိုစိတ်မရှိ။ အတတ်ပညာပိုင်းဆိုင်ရာ အသိနှင့် ကျွမ်းကျင်မှုများအား သင်ယူခြင်း၏ ရည်ရွယ်ချက်သည် သင့်တာဝန်ကို ကောင်းစွာ ထမ်းဆောင်ရန် ဖြစ်သည်။ သင် သင်ယူဖို့လိုအပ်သည့် သင်မကြုံရသေးသည့် အသိပညာနှင့် သာမန်အသိတရားများစွာရှိသည်။ ဤသည်မှာ လူအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်နှင့် တာဝန်ပေးစေခိုင်းချက်ဖြစ်သည်။ ထို့ကြောင့် ဤအရာများအား သင်ယူခြင်းသည် အချည်းနှီးဖြစ်မည်မဟုတ်။ ယင်းသည် သင့်တာဝန်ကို ကောင်းစွာလုပ်ဆောင်နိုင်ရန်အတွက်သက်သက် ဖြစ်သည်။ လူအချို့က ဤသို့သော ကျွမ်းကျင်မှုများကို ၎င်းတို့ သင်ယူပြီးနောက်တွင် ဘုရားအိမ်တော်၌ ခြေကုပ်တစ်ခု ရနိုင်လိမ့်မည်ဟု ထင်ကြသည်။ ဤတွေးခေါ်ပုံသည် ပြဿနာမဖြစ်စေသလော။ ဤ ရှုမြင်သုံးသပ်ချက်သည် မှားသည်။ ဤလမ်းကြောင်းကို လျှောက်နိုင်စွမ်းရှိသောသူ တစ်စုံတစ်ယောက်ရှိသလော။ အာဏာကြီးလေလေ၊ အလုပ်၏ နယ်ပယ်က ကြီးလေလေ၊ ဤလူမျိုးကို ပေးသည့်တာဝန်က ကြီးလေလေ၊ သူသည် အန္တရာယ်ကျရောက်လေလေ ဖြစ်သည်။ ဤအန္တရာယ်က မည်သို့ ဖြစ်ပေါ်သနည်း။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများနှင့် အန္တိခရစ်၏ စိတ်သဘောထားရှိသောကြောင့်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ၎င်းတို့သည် အမှုအရာများကို လုပ်ဆောင်သောအခါ၌ အလုပ်ကို မည်သို့လုပ်ရမည်ကိုသာ အာရုံစိုက်ပြီး ဝတ်ကျေတမ်းကျေလုပ်ဆောင်သည်။ စည်းမျဉ်းများကို မရှာပေ။ မိမိတာဝန်ကို ထမ်းဆောင်သည့် လုပ်ငန်းစဉ်တွင် ၎င်းတို့သည် ဘုရားသခင်၏ ရည်ရွယ်ချက်များကို နားလည်မလာသကဲ့သို့ သမ္မာတရားစည်းမျဉ်းများကို ပို၍ နားလည်မလာပေ၊ သို့မဟုတ် သဘောပေါက်မလာပေ။ စည်းမျဉ်းများကို ၎င်းတို့ မရှာဖွေသကဲ့သို့ ၎င်းတို့ထုတ်ဖော်သည့် ဖောက်ပြန်ပျက်စီးမှု၊ ၎င်းတို့တွင် ဖြစ်ပေါ်သည့် မမှန်ကန်သော အမြင်များ သို့မဟုတ် ၎င်းတို့တာဝန်ကို ထမ်းဆောင်နေစဉ်တွင် ၎င်းတို့ကျရောက်သော မှားယွင်းသည့် အခြေအနေများတို့ကိုလည်း ဆန်းစစ်ခြင်း သို့မဟုတ် ပြန်လည်စစ်ဆေးခြင်းမရှိ။ ၎င်းတို့သည် မိမိတို့တာဝန်တွင် လိုအပ်သည့် အမျိုးမျိုးသော အသိပညာအမျိုးအစားများကို ကျွမ်းကျင်တတ်မြောက်ခြင်း၊ ယင်းတို့ဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ထားခြင်းတို့ကိုသာ အလေးထားလျက် အပြင်ပန်း ကျင့်သုံးမှုများကိုသာ အာရုံစိုက်သည်။ မည်သည့်အလုပ်အကိုင်ကို လုပ်ကိုင်နေသည်ဖြစ်စေ အသိပညာက အောင်မြင်မှု၏ သော့ချက် ဖြစ်သည်ဟုလည်းကောင်း၊ အသိပညာကို ၎င်းတို့ ပိုင်ဆိုင်လျှင် အုပ်စုတစ်ခု၌ ၎င်းတို့သည် အားကြီးပြီး အခြေခိုင်လိမ့်မည်ဟုလည်းကောင်း၊ မည်သည့်အုပ်စုတွင် ရှိနေပါစေ မြင့်မားသည့် အသိပညာအဆင့်နှင့် အဆင့်မြင့် ပညာရပ်ဘွဲ့များရှိသူတို့တွင် မြင့်သော အဆင့်အတန်းရှိသည်ဟုလည်းကောင်း ၎င်းတို့က ယုံကြည်သည်။ ဥပမာအနေဖြင့် ဆေးရုံတစ်ခုတွင် ဆေးရုံအုပ်သည် ယေဘုယျအားဖြင့် အတတ်ပညာရှုထောင့်အားလုံးတွင် အတော်ဆုံးဖြစ်ပြီး အကောင်းဆုံးသော နည်းပညာကျွမ်းကျင်မှုများကို ပိုင်ဆိုင်သည်။ ပြီးလျှင် ဘုရားအိမ်တော်တွင်လည်း ဤသို့ဖြစ်သည်ဟု ဤသို့သောလူတို့က ထင်ကြသည်။ အမှုအရာများကို ဤသို့နားလည်ပုံသည် မှန်ကန်သလော။ မမှန်ကန်ပေ။ ဤသည်မှာ “သမ္မာတရားသည် ဘုရားအိမ်တော်တွင် ကြီးစိုးသည်” ဟူသည့် စကားကို ဆန့်ကျင်သည်။ ဤသို့သောလူတို့က အသိပညာသည် ဘုရားအိမ်တော်တွင် ကြီးစိုးသည်ဟုလည်းကောင်း၊ အသိပညာနှင့် အတွေ့အကြုံရှိသူ မည်သူမဆိုသည်၊ ဝါရင့်မှု အတော်အတန် ရှိပြီး အရင်းအနှီး အတော်အတန် ရှိသူ မည်သူမဆိုသည် ဘုရားအိမ်တော်တွင် အခြေခိုင်လိမ့်မည်ဟုလည်းကောင်း၊ လူတိုင်းက ၎င်းတို့ကို နားထောင်ရမည်ဟုလည်းကောင်း ယုံကြည်ကြသည်။ ဤအမြင်ရှုထောင့်မှာ မမှားယွင်းသလော။ လူအချို့သည် အမှုမဲ့အမှတ်မဲ့ ဤသို့ စဉ်းစားပြီး လုပ်ဆောင်နိုင်သည်။ ၎င်းတို့သည် ဤအရာကို လိုက်စားပြီး တစ်နေ့တွင် ရှေ့ဆက်ရန် လုံးဝ မလွယ်ကူတော့ခြင်းဖြင့် အဆုံးသတ်ကောင်းသတ်လိမ့်မည်။ အဘယ်ကြောင့် ရှေ့ဆက်ရန် လုံးဝ မလွယ်ကူတော့ခြင်း ဖြစ်ကောင်းဖြစ်နိုင်မည်နည်း။ သမ္မာတရားကို မချစ်သော၊ သို့မဟုတ် မလိုက်စားသော၊ သမ္မာတရားကို လုံးလုံး လျစ်လျူရှုသော သူတစ်ယောက်သည် မိမိကိုယ်ကိုသိနိုင်သလော။ (နားမလည်နိုင်ပါ။) ၎င်းတို့သည် မိမိတို့ကိုယ်ကို နားမလည်စဉ်တွင် အသိပညာများစွာဖြင့် မိမိတို့ကိုယ်ကို ပြင်ဆင်ထားကြသည်။ ဘုရားအိမ်တော်အတွက် အဖိုးအခအချို့ပေးဆပ်ပြီး ကူညီပံ့ပိုးမှုအချို့ ပြုလုပ်ခဲ့သည်။ ၎င်းတို့သည် ဤအရာများကို မည်သည့်အရာအဖြစ် ပြောင်းလဲခဲ့သနည်း။ ဤအရာများကို အရင်းအနှီးအဖြစ် ပြောင်းလဲခဲ့သည်။ ၎င်းတို့အတွက် ဤအရင်းအနှီးသည် မည်သည့်အရာ ဖြစ်သနည်း။ ယင်းမှာ သမ္မာတရားကို ၎င်းတို့ လက်တွေ့လုပ်ဆောင်မှု၏ မှတ်တမ်းဖြစ်သည်။ သမ္မာတရားလက်တွေ့ကျမှုသို့ ၎င်းတို့ ဝင်ရောက်ပြီး သမ္မာတရားကို နားလည်သည့် အထောက်အထားဖြစ်သည်။ ဤသည်မှာ ဤအရာများကို ၎င်းတို့ပြောင်းလဲခဲ့သည့် အရာ ဖြစ်သည်။ လူတစ်ဦးချင်းစီတိုင်း၏ စိတ်နှလုံးတွင် သမ္မာတရားကို နားလည်ခြင်းနှင့် သမ္မာတရား လက်တွေ့ကျမှုအတွင်းသို့ ဝင်ရောက်ခြင်းကို ကောင်းမွန်ပြီး အပြုသဘောဆောင်သောအရာအဖြစ် မှတ်ယူကြသည်။ ဤသည်မှာ ဤလူစားမျိုး၏ အမြင်တွင် မှန်သည်မှာလည်း ပြောစရာမလိုပေ။ သို့သော် ၎င်းတို့သည် အသိပညာကို သမ္မာတရားအဖြစ် အထင်မှားခဲ့သည်မှာ စိတ်မကောင်းဖွယ်ဖြစ်၏။ သို့တိုင်အောင် ၎င်းတို့သည် ဤအမှားနှင့်ပတ်သက်ပြီး ကျေနပ်ဆဲဖြစ်သည်။ ဤသည်မှာ အန္တရာယ်ရှိသည့် လက္ခဏာတစ်ခု ဖြစ်သည်။ မည်သို့သောသူမျိုးက ဤသို့ လုပ်ဆောင်မည်နည်း။ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှုမရှိသူအားလုံးသည် မှားယွင်းသော လမ်းကြောင်းပေါ်တွင် အမှတ်တမဲ့စတင်လျက် ဤသို့လုပ်ဆောင်လိမ့်မည်။ ထိုလမ်းကြောင်းပေါ်သို့ ၎င်းတို့ ရောက်သည်နှင့် သင်သည် ၎င်းတို့ကို ပြန်ဆွဲခေါ်နိုင်မည်မဟုတ်။ သင်က သမ္မာတရားအကြောင်းကို ၎င်းတို့နှင့် မိတ်သဟာယဖွဲ့လျှင်၊ ၎င်းတို့၏ အခြေအနေများကို ထောက်ပြလျှင်၊ ၎င်းတို့အား ဖော်ထုတ်လျှင် ၎င်းတို့က နားလည်မည်မဟုတ်။ ၎င်းတို့သည် ဤအရာကို မိမိတို့ကိုယ်ကိုဖြင့် ချိတ်ဆက်နိုင်မည်မဟုတ်။ ဤသည်မှာ ဝိညာဉ်ရေးရာ နားလည်သဘောပေါက်မှု အလွန်အမင်း ကင်းမဲ့ခြင်းဖြစ်သည်။ ဤသို့သောသူသည် သူ၏ အသိပညာ၊ အတွေ့အကြုံနှင့် သင်ခန်းစာများကို သမ္မာတရားအဖြစ် အလိုအလျောက် မှတ်ယူသည်။ ဤအရာများကို သမ္မာတရားအဖြစ် မှတ်ယူလိုက်သည်နှင့် နောက်ဆုံးတွင် အခြေအနေတစ်ခုက ဖြစ်ပေါ်လာလိမ့်မည်။ ဤသည်မှာ မလွှဲရှောင်နိုင်ပေ။ ဘုရားသခင်က အရာတစ်ခုကိုပြောပြီး ဤသို့သောသူမျိုးက အခြားအရာတစ်ခုကို ပြောသည်ဆိုပါစို့။ ၎င်းတို့၏ အမြင်ရှုထောင့်များက အသေအချာပင် ကွဲပြားလိမ့်မည်။ ဤသို့ဆိုလျှင် ဤသို့သောသူမျိုးက မည်သူ့အမြင်ရှုထောင့်သည် မှန်ကန်သည်ဟု မှတ်ယူမည်နည်း။ သူ၏ ကိုယ်ပိုင်အမြင်ရှုထောင့်က မှန်ကန်သည်ဟု ယုံကြည်လိမ့်မည်။ ဤသို့ဆိုလျှင် သူသည် ဘုရားသခင်ကို ကျိုးနွံနာခံနိုင်မည်လော။ (ကျိုးနွံနာခံနိုင်မည်မဟုတ်ပါ။) မည်သည့်အရာကို သူ လုပ်ဆောင်မည်နည်း။ သူ၏ ကိုယ်ပိုင်အမြင်ရှုထောင့်ကို ဖက်တွယ်ပြီး ဘုရားသခင်ပြောခဲ့သည့်အရာကို ငြင်းဆန်လိမ့်မည်။ ဤသို့လုပ်ဆောင်ရာတွင် သူသည် မိမိကိုယ်ကို သမ္မာတရား၏ ပြယုဂ်အဖြစ် မှတ်ယူနေသည်မဟုတ်လော။ (ဟုတ်ပါသည်။) သူသည် ဗုဒ္ဓဘာသာဝင်တစ်ဦးကဲ့သို့ပင် နောက်ဆုံးတွင် မိမိကိုယ်ကို ကျင့်ကြံအားထုတ်ရာ၌ အောင်မြင်မှုရရှိခဲ့ပြီဟု ထင်သည်။ ဘုရားသခင်ကို သူငြင်းပယ်သည်နှင့်အမျှ အခြားလူများအား သူ့ကို ဘုရားကဲ့သို့ ဆက်ဆံစေသည်။ ပြီးလျှင် သူသည် သမ္မာတရား၏ ပြယုဂ်ဖြစ်လာပြီဟု ထင်သည်။ မည်မျှအဓိပ္ပာယ်မဲ့လိုက်သနည်း။ ဥပမာ တစ်စုံတစ်ယောက်သည် အသိပညာနယ်ပယ်တစ်ခုခုတွင်၊ သို့မဟုတ် အလုပ်အကိုင်တစ်ခုတွင် အထူးကျွမ်းကျင်သည်ဆိုပါစို့။ ငါသည် ဤနယ်ပယ်၌ မကျွမ်းကျင်သူတစ်ဦး ဖြစ်သောကြောင့် ဤနယ်ပယ်နှင့်သက်ဆိုင်သည့် မေးခွန်းများကို သူ့အား ငါမေးသည်။ သို့သော် ဤသို့မေးသောအခါတွင် သူသည် စတင်၍ ကြွားဝါသည်။ ဤသူမှာ မည်သည့်လူအမျိုးအစားဖြစ်သနည်း။ ငါ့ကို ပြောလော့။ ထိုသူအား ငါမေးခွန်းများမေးသည်မှာ မှားယွင်းသလော။ (မမှားယွင်းပါ။) ဤသို့ဆိုလျှင် ငါသည် အဘယ်ကြောင့် သူ့အား မေးခွန်းများမေးသနည်း။ အဘယ်ကြောင့်ဆိုသော် အချို့သော ကိစ္စများသည် အလုပ်နှင့်လည်းကောင်း၊ အသက်မွေးပညာများနှင့် ဆက်နွှယ်သောကြောင့် ဖြစ်သည်။ ပြီးလျှင် ယင်းတို့ကို ငါနားမလည်သည့်အတွက် အခြားသူတစ်ဦးကို ငါမေးသင့်သည်။ ထို့အပြင် ထိုသူတွင် အတွေ့အကြုံရှိပြီး ဤကိစ္စများအား နားလည်သည်ကို ငါသိသည်။ ငါသည် ထိုသူအား မေးခွန်းများမေးခြင်းမှာ လုံးဝ သင့်လျော်သည်။ ငါ၏ ရည်ရွယ်ချက်နှင့် လုပ်နည်းကိုင်နည်းမှာ မှန်ကန်သလော။ (မှန်ကန်ပါသည်။) ဤအရာတွင် မည်သည့်အရာမျှ မှားယွင်းခြင်းမရှိသင့်ဘူး မဟုတ်လော။ ဤသို့ဆိုလျှင် ထိုသူက ဤအမှုကိစ္စကို သဘောထားသင့်သည့် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ သူနားလည်သည့်အရာအားလုံးကို ငါ့အား ပြောသင့်သည်။ ထို့နောက်တွင် သူသည် ယင်းနှင့်ပတ်သက်ပြီး မည်သို့တွေးသင့်သနည်း။ ယင်းကို တွေးရန် မှန်ကန်သောနည်းလမ်းမှာ အဘယ်နည်း။ မှားယွင်းသောနည်းမှာ အဘယ်နည်း။ ပုံမှန်ဖြစ်သော၊ ဆင်ခြင်တုံတရားရှိသောသူက ယင်းအကြောင်းကို မည်သို့တွေးမည်နည်း။ အန္တိခရစ်စိတ်သဘောထားရှိသူက မည်သို့တွေးမည်နည်း။ အချို့လူများက ငါနားမလည်သည်ကို ကြားပြီး “အို သင်နားမလည်ပေ။ လုပ်ဆောင်ရန် ကျွန်ုပ်တို့အတွက် မည်မျှခက်ခဲသည်ကို သင်မသိ။ ဤအရာကို သင်မသိသကဲ့သို့ နားမလည်ပါ” ဟု ဆိုကြသည်။ ၎င်းတို့သည် ပြောလည်းပြော စတင်၍လည်း ကြွားဝါကြသည်။ ဤကြွားဝါခြင်းက မည်သည့်သဘောကိုဆောင်သနည်း။ ပြဿနာတစ်ခုရှိသည်ဟူ၍ ဖြစ်သည်။ ဤလူတို့သည် ပုံမှန်အားဖြင့် အလွန် ယဉ်ကျေးသိမ်မွေ့ပြီး ဘာသာတရား ကိုင်းရှိုင်းကြသော်လည်း ၎င်းတို့သည် အဘယ်ကြောင့် ရုတ်တရက်ကြီး စတင်၍ကြွားဝါသနည်း။ (၎င်းတို့သည် အသိပညာအနည်းငယ်ကို နားလည်ပြီး အတွေ့အကြုံအနည်းငယ် ရှိသောကြောင့် မိမိတို့ကိုယ်ကို သမ္မာတရားအဖြစ် မှတ်ယူကြသည်။) မှန်သည်။ ယခင်က အခြားလူများက ၎င်းတို့ကို မေးခွန်းတစ်ခု မေးသောအခါ အရေးကြီးကိစ္စဖြစ်သည်ဟု ၎င်းတို့က မထင်ပေ။ သို့သော် ၎င်းတို့ကို ငါမေးခွန်းတစ်ခုမေးသောအခါ ၎င်းတို့က “သင်သည် သမ္မာတရား မဟုတ်သလော။ အရာရာတိုင်းကို နားလည်သင့်သည်မဟုတ်လော။ ဤသို့သော ကိစ္စတစ်ခုကို အဘယ်သို့ နားမလည်နိုင်သနည်း။ သင်က ဤအရာကို နားမလည်လျှင် ကျွန်ုပ်သည် သင်၏အထက်တွင်ရှိသည်” ဟု တွေးကြသည်။ ၎င်းတို့သည် အနည်းငယ် ကြွားဝါလိုသည်။ ဤသည်မှာ ၎င်းတို့ တွေးနေသည့်အရာ မဟုတ်လော။ (ဟုတ်ပါသည်။) ၎င်းတို့သည် ဂုဏ်ရှိသည်ဟု မခံစားရ။ ဤအစား စာတန်ဆန်သော စိတ်သဘောထားတစ်မျိုးက ၎င်းတို့ထံမှ ပွင့်ထွက်လာသည်။ ရုတ်တရက် ၎င်းတို့သည် အမှန်တကယ်၌ ကောင်းကင်နှင့် မြေကြီးကြားတွင် အလွန်ကြီးမြတ်သည်ဟု ခံစားရသည်။ ဤသည်မှာ သိမြင်နားလည်မှုလွဲခြင်း မဟုတ်လော။ ဤသူတို့မှာ ဦးနှောက်မရှိသူများမဟုတ်လော။ (ဟုတ်ပါသည်။) ငါသည်လည်း ဤသို့ ထင်မြင်သည်။ ဦးနှောက်မရှိသူတစ်ဦးကသာ ဤသို့ တွေးလိမ့်မည်။ ၎င်းတို့သည် ဤနယ်ပယ်နှင့်ပတ်သက်၍ အနည်းငယ်မျှသာ နားလည်ခြင်းမဟုတ်သလော။ လူတို့မသိသည့်အရာများစွာရှိသည်။ ၎င်းတို့သည် မိမိကိုယ်ကို သိမြင်မှုအနည်းငယ် ရှိသင့်သည်။ လူအချို့သည် ပိတ်စများအကြောင်း အနည်းငယ်သိပြီး ထိကြည့်ရုံဖြင့် အထည်အမျိုးအစားကို အတော်ပင် ပြောပြနိုင်သည်။ သင်က “ပိတ်စများအကြောင်းကို သင်သိသည့် ပုံစံရှိသည်” ဟု ပြောပြီး ၎င်းတို့အား ချီးမွမ်းလျှင် ၎င်းတို့က “မှန်သည်။ ဤအကြောင်းကို သင်တို့ မသင်ယူရသေးသောကြောင့် ဤအရာကို သိမည်မဟုတ်။ ကျွန်ုပ်က သင်ယူပြီး ဖြစ်သည်။ ကျွန်ုပ်သည် ယင်းနှင့်ပတ်သက်ပြီး သင်တို့ထက် ပိုသော ကျွမ်းကျင်သူတစ်ဦးဖြစ်သည်။ ကျွန်ုပ်သည် သင့်ကို အထင်သေးနေခြင်း မဟုတ်။ သင်သည် အမှန်ပင် ပို၍လေ့လာရန် လိုအပ်ခြင်းသာဖြစ်သည်” ဟု ပြန်ဖြေလိမ့်မည်။ ဤသည်မှာ အလွန်ပင် ရွံရှာဖွယ်မဟုတ်သလော။ ထို့နောက်တွင် ချက်ပြုတ်ခြင်း အနည်းငယ်လုပ်ဆောင်ပြီး ဟင်းမည်မျှကို ချက်တတ်ကာ အစားအစာမည်မျှကို ချက်ပြုတ်တတ်သည်ဆိုသည်ကို စတင်ကြွားဝါသော လူတို့ရှိသည်။ လူအချို့သည် ကျေးလက်ဒေသတွင် ကျေးလက်ကျန်းမာရေးဝန်ထမ်းတစ်ဦးအဖြစ် အချိန်အနည်းငယ်ကြာ အလုပ်လုပ်ခဲ့သည်။ ညီအစ်ကိုမောင်နှမတစ်ဦးက အနည်းငယ်ဖျားနာပြီး ၎င်းတို့အား နှိပ်နယ်ပေးရန်၊ သို့မဟုတ် အပ်စိုက်ကုပေးရန်၊ သို့မဟုတ် ခွက်ဖြင့်စုပ်၍ ကုသပေးရန် တောင်းဆိုကာ ယင်းတို့ကို လုပ်ဆောင်ခြင်းဖြင့် ပျောက်ကင်းနိုင်ခြင်းရှိမရှိ စုံစမ်းမေးမြန်းသောအခါတွင် ၎င်းတို့က “ဤအရာကို အလွယ်တကူ ကုသနိုင်သည်ဟု ထင်သလော။ သင်တို့ နားမလည်ပါ။ ဆေးဘက်ဆိုင်ရာ အလုပ်အကိုင် လုပ်ကိုင်နေသော ကျွန်ုပ်တို့အားလုံးက လူ့ကိုယ်ခန္ဓာသည် ရှုပ်ထွေးသည်ဆိုသည်ကို သိကြသည်။ လူကို ဘုရားဖန်ဆင်းခြင်းတွင် နက်နဲမှုများရှိသည်။ ထို့ကြောင့် အပ်စိုက်ကုထုံး၊ သို့မဟုတ် ခွက်စုပ်ကုထုံးကို အသုံးပြုနိုင်ခြင်း ရှိမရှိဆိုသည်မှာ အခြေအနေများအပေါ်တွင် မူတည်သည်” ဟု ပြန်ဖြေကြသည်။ လက်တွေ့တွင် ၎င်းတို့သည်လည်း အနည်းငယ်သာ သိသည်။ ၎င်းတို့သည် ရောဂါအခြေအနေတစ်ခုခုကို ရှင်းလင်းစွာ ရှင်းမပြနိုင်၊ သို့မဟုတ် ရောဂါများစွာကို မကုသနိုင်ပေ။ သို့ရာတွင် ၎င်းတို့သည် သိက္ခာဆည်ရန်အတွက် မာန်တက်ဆဲ၊ ဟန်ဆောင်ဆဲဖြစ်ပြီး ကျွမ်းကျင်သူကဲ့သို့ ပြုမူလုပ်ဆောင်ဆဲ ဖြစ်သည်။ ဤမတူညီသော လူအမျိုးမျိုး၏ သရုပ်သကန်များက ဖောက်ပြန်ပျက်စီးသော လူသားများအားလုံးတွင် စာတန်၏ စိတ်သဘောထားနှင့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသည်ကို ပြသည်။ လူတို့က မိမိတို့ကိုယ်ကို အယောင်ဆောင်ပြီး အဆုံးတိုင်အောင် ဟန်ဆောင်သည့် ပို၍ပင်ဆိုးသော ဖြစ်ရပ်များရှိသေးသည်။ အခြားလူများက ၎င်းတို့ကို ချီးမွမ်းသည်ဖြစ်စေ၊ မချီးမွမ်းသည်ဖြစ်စေ ၎င်းတို့စိတ်အတွင်းထဲတွင် မှောင်မိုက်သော အတွေးတစ်ခုကို ထားရှိကြသည်။ ဤအတွေးမှာ အဘယ်နည်း။ “ငါ၏ တကယ့်ပင်ကိုလက္ခဏာနှင့် တကယ့်အရည်အချင်းများကို မည်သူ့ကိုမျှ လုံးဝ သိခွင့်မပြု” ဟူ၍ ဖြစ်သည်။ ဥပမာအနေဖြင့် ၎င်းတို့သည် ကျေးလက်ကျန်းမာရေးဝန်ထမ်းတစ်ဦးသာ ဖြစ်လျှင် ၎င်းတို့သည် ကျော်ကြားသောဆရာဝန်တစ်ဦးဖြစ်သည်ဟု အခြားလူများထင်ရန် အစဉ်ကြိုးစားကာ ၎င်းတို့သည် ကျေးလက်ကျန်းမာရေးဝန်ထမ်းတစ်ဦး ဖြစ်သည်ဆိုသည်ကိုဖြစ်စေ၊ ရောဂါများအား ၎င်းတို့ အမှန်တကယ် ကုသနိုင်ခြင်း ရှိမရှိကိုဖြစ်စေ မည်သူ့ကိုမျှ လုံးဝ မသိစေလိုပေ။ အခြားလူများက ၎င်းတို့အခြေအနေ၏ အမှန်တရားအား သိမည်ကို ၎င်းတို့ ကြောက်ရွံ့ကြသည်။ ၎င်းတို့သည် မည်သည့်အတိုင်းအတာအထိ မိမိတို့ကိုယ်ကို အမွှမ်းတင်ကြသနည်း။ ၎င်းတို့နှင့် ထိတွေ့ဆက်ဆံသောသူတိုင်းက ၎င်းတို့သည် မည်သည့်အခါမျှ အမှားမလုပ်ဘဲ မည်သည့်အားနည်းချက်မျှ မရှိဟုလည်းကောင်း၊ ၎င်းတို့ သင်ယူလေ့လာခဲ့သည့် အရာရာတိုင်းတွင် ကျွမ်းကျင်ပြီး အခြားလူများလိုအပ်သည့် မည်သည့်အရာကိုမဆို လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း ထင်ရသည့် အတိုင်းအတာအထိပင် ဖြစ်လေသည်။ အခြားလူများက ၎င်းတို့အား ထမင်းဟင်းချက်တတ်ခြင်း ရှိမရှိမေးလျှင် ၎င်းတို့က ချက်တတ်သည်ဟု ဆိုလိမ့်မည်။ မန်ချူးဟန် ထမင်းစားပွဲကို ၎င်းတို့ ပြင်ဆင်နိုင်သလောဟု မေးသောအခါတွင် ၎င်းတို့က “ယင်းကို ငါမလုပ်နိုင်” ဟု မိမိတို့ဘာသာ တွေးသော်လည်း ဆက်၍မေးသောအခါတွင် “ပြင်ဆင်နိုင်သည်” ဟု ဖြေလိမ့်မည်။ သို့တိုင်အောင် ပြင်ဆင်ခိုင်းသောအခါတွင် ငြင်းပယ်ရန်အတွက် ဆင်ခြေတစ်ခုကို အကြံထုတ်လိမ့်မည်။ ဤသည်မှာ လှည့်ဖြားခြင်း မဟုတ်လော။ ၎င်းတို့သည် အရာရာတိုင်းကို သိဟန်ဆောင်သည်။ အရာရာတိုင်းကို လုပ်ဆောင်နိုင်ဟန်ဆောင်သည်။ မည်သည့်အရာကိုမဆို စွမ်းဆောင်နိုင်စွမ်း ရှိဟန်ဆောင်သည်။ ၎င်းတို့သည် ဦးနှောက်မရှိသူ မဟုတ်လော။ သို့သော် သူတို့သည် ဉာဏ်ထိုင်းသူတစ်ဦး ဖြစ်စေ၊ အစွမ်းအစ အနည်းငယ်၊ စွမ်းရည်အချို့ သို့မဟုတ် ဆုကျေးဇူးအချို့ ရှိသည်ဖြစ်စေ အန္တိခရစ်များအားလုံး၌ တူညီသော အရာတစ်ခုမှာ အဘယ်အရာ ဖြစ်သနည်း။ အရာရာတိုင်းကို နားလည်ဟန်ဆောင်လိုသည့်၊ သမ္မာတရားဖြစ်ဟန်ဆောင်လိုသည့် ၎င်းတို့၏ လိုအင်ဆန္ဒဖြစ်သည်။ ၎င်းတို့သည် သမ္မာတရားဖြစ်သည်ဟု တိုက်ရိုက် အခိုင်အမာ မဆိုသော်လည်း ၎င်းတို့သည် အပြုသဘောဆောင်သောအရာများအားလုံး၏ လက်တွေ့ကျမှု ဖြစ်သည်ဟုလည်းကောင်း၊ အရာရာတိုင်းကို လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း ဟန်ဆောင်လိုသည်။ ဤသို့ဆိုလျှင် သွယ်ဝိုက်ညွှန်းဆိုသည်မှာ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည်ဟူ၍ မဟုတ်လော။ ၎င်းတို့သည် သမ္မာတရား၏ ပြယုဂ်ဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့ပြောသမျှတိုင်းသည် မှန်ကန်သည်ဟုလည်းကောင်း၊ သမ္မာတရား ဖြစ်သည်ဟုလည်းကောင်း ယုံကြည်ကြသည်။
အထက်မှ အထူးတာဝန် ပေးခံရသော လူအချို့ရှိသည်။ ၎င်းတို့သည် ဤအရာကို သိပြီးနောက် “ဤလုပ်ငန်းဆောင်တာကို အထက်က ငါ့အား ပေးအပ်ခဲ့သည်။ ထို့ကြောင့် ငါ၏ အာဏာသည် ပို၍ ကြီးလာသည်။ ယခုတွင် ငါသည် ငါ၏ ပါရမီများနှင့် အာဏာတို့ကို ပြရန် အခွင့်အရေးရှိလိမ့်မည်။ လက်အောက်တွင်ရှိသူများအား ငါသည် မည်မျှ ရှိန်လောက်သည်ကို မြင်စေရန် ပြုလုပ်မည်” ဟု မိမိတို့ဘာသာ တွေးသည်။ ညီအစ်ကိုမောင်နှမများနှင့် အပြန်အလှန်ဆက်ဆံသောအခါ ၎င်းတို့က ထိုသူတို့ကို အမိန့်ပေးပြီး “သွား၍ ဤအရာကို လုပ်ဆောင်ပါ” ဟု ဆိုသည်။ မည်သို့လုပ်ရမည်ကို မေးသောအခါတွင် ၎င်းတို့က “သင်သည် လုပ်မည်လော၊ သို့မဟုတ် မလုပ်ဘူးလော။ မလုပ်လျှင် သင့်ကို ငါ ဒဏ်ခတ်မည်။ ဤသည်မှာ အထက်မှလာသော အမိန့်တစ်ခု ဖြစ်သည်။ သင်သည် နှောင့်နှေးခြင်းဖြင့် ၎င်းတို့ကို စိတ်ဆိုးအောင် လုပ်နိုင်စွမ်း ရှိသလော။ အထက်က တာဝန်ရှိသည့်သူကို စစ်ဆေးမေးမြန်းသောအခါတွင် ဤတာဝန်ကို မည်သူက ခေါင်းခံနိုင်သနည်း” ဟု ဆိုသည်။ ညီအစ်ကိုမောင်နှမများက “စနစ်တကျမရှိစွာ လုပ်ဆောင်ပြီး သင့်တော်သည်ဟု ကျွန်ုပ်တို့မြင်သည့် မည်သည့်နည်းလမ်းကိုမဆို အသုံးချခြင်းထက် ဤအရာကို အဖြေရှာပြီး ယင်းကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများကိုသာ ရှာလိုခြင်းဖြစ်သည်။ အရာရာတိုင်းကို စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်။ အမှုကိစ္စက မည်သို့ဖြစ်စေ၊ မည်မျှအဆောတလျင်ဖြစ်သည်ဖြစ်စေ၊ မည်မျှအရေးကြီးသည်ဖြစ်စေ၊ မည်သူက ပေးအပ်သည်ဖြစ်စေ စည်းမျဉ်းများကို လိုက်နာခြင်းသည် ပြောင်းလဲ၍မရသော သမ္မာတရားဖြစ်သည်။ ဤသည်မှာ ကျွန်ုပ်တို့၏ တာဝန်ဖြစ်ပြီး ကျွန်ုပ်တို့သည် တာဝန်သိရမည်။ စည်းမျဉ်းများကို ရှာခြင်းသည် ဘုရားသခင်က ကျွန်ုပ်တို့ကို တောင်းဆိုသောအရာ ဖြစ်သည်။ ကျွန်ုပ်တို့သည် တာဝန်သိသော သဘောထားဖြင့် ရှာဖွေပြီး ရှင်းလင်းပြရန် တောင်းဆိုနေခြင်းဖြစ်သည်။ ဤအရာတွင် မှားယွင်းသည့်အရာမရှိ။ သင်သည် ကျွန်ုပ်တို့အတွက် ဤကိစ္စကို ရှင်းလင်းပေးဖို့ လိုသည်” ဟု တုံ့ပြန်သည်။ သို့တိုင်အောင် ၎င်းတို့က “ဤကိစ္စနှင့်ပတ်သက်ပြီး ပြောစရာ မည်သည့်အရာ ရှိသနည်း။ အထက်က ဆိုသောအရာက မှားနိုင်သလော။ အလျင်အမြန် ပြီးအောင်လုပ်ဆောင်ပါ” ဟု ပြန်ပြောသည်။ ထိုအရာကို ညီအစ်ကိုမောင်နှမများက “အထက်က ဤသို့ပြောသည့်အတွက် ကျွန်ုပ်တို့သည် သေချာပေါက် ချက်ချင်း လုပ်ဆောင်မည်။ သို့သော် မည်သို့လုပ်ဆောင်သင့်သည်ကို ကျွန်ုပ်တို့အား သင် ရှင်းလင်းစွာ ပြောပြနိုင်သလော။ သတ်သတ်မှတ်မှတ် စည်းကမ်းများ၊ သို့မဟုတ် ညွှန်ကြားချက်များရှိပါသလား” ဟု ပြန်ပြောသည်။ ၎င်းတို့က “သင်တို့ သင့်တော်သည်ဟု မြင်သည့်အတိုင်း လုပ်ဆောင်ပါ။ အထက်မှ ညွှန်ကြားချက်များက ထိုမျှ အသေးစိတ်မကျ။ သင်တို့ဘာသာ အဖြေရှာပါ” ဟု ဆိုသည်။ ဤသည်မှာ မည်သို့သောသူမျိုးနည်း။ ဤသို့ လုပ်ဆောင်ခြင်းအတွက် ၎င်းတို့၏ ကြံရွယ်ချက်၊ သို့မဟုတ် အရင်းအမြစ်ကို တစ်ခဏမေ့ထားကြစို့။ ဤအစား ၎င်းတို့၏ စိတ်သဘောထားကို ဦးစွာ ဆန်းစစ်ကြစို့။ ၎င်းတို့၏ ဤလုပ်နည်းကိုင်နည်းသည် ကောင်းသလော။ (မကောင်းပါ။) ၎င်းတို့သည် ဤသို့သော လုပ်နည်းကိုင်နည်းကို အဘယ်သို့ ပြုလုပ်နိုင်ရသနည်း။ ဤသည်မှာ ပုံမှန်လုပ်နည်းကိုင်နည်း ဟုတ်သလော။ (မဟုတ်ပါ။) ပုံမှန်မဟုတ်။ ဤသည်မှာ ၎င်းတို့၏ စိတ်ပိုင်းဆိုင်ရာ အခြေအနေ၊ သို့မဟုတ် ၎င်းတို့၏ စိတ်သဘောထားနှင့် ဆိုင်သော ပြဿနာတစ်ခု ဖြစ်သလော။ (၎င်းတို့၏ စိတ်သဘောထားနှင့် ဆိုင်သော ပြဿနာတစ်ခုဖြစ်သည်။) မှန်သည်။ ၎င်းတို့၏ စိတ်သဘောထားသည် ပြဿနာရှိသည်။ “အခွင့်ကောင်းကို စောင့်ခြင်း” ဆိုသည့် စကားအသုံးအနှုန်းတစ်ခုရှိသည်။ ဤသည်မှာ ယခင်က ၎င်းတို့၏ အာဏာကို တည်ဆောက်ရန် သင့်တော်သည့် အခွင့်အရေးကို မည်သည့်အခါမျှ မရခဲ့သော်လည်း ယခုအခါတွင် ဤသို့သော အခွင့်အလမ်းက ယင်းဘာသာ ပေါ်လာသောအခါတွင် ၎င်းတို့သည် ယင်းကို လက်မလွတ်တမ်း အသုံးချပြီး ပြုမူလုပ်ဆောင်ရန် အကြောင်းပြချက်အဖြစ် အသုံးပြုလိမ့်မည်ကို ဆိုလိုသည်။ ဤသည်မှာ မည်သည့်စိတ်သဘောထားမျိုးဖြစ်သနည်း။ အထက်မှ သင်လက်ခံရရှိသည့် တာဝန်က မည်သို့ဖြစ်စေ သင့်လုပ်ရပ်များ၏ စည်းမျဉ်းများကို ပြောင်းလဲ၍ မရနိုင်ပေ။ အထက်က သင့်အား အလုပ်၊ သို့မဟုတ် လုပ်ငန်းဆောင်တာတစ်ခုကို အပ်နှံသောအခါတွင် ယင်းသည် သင့်အား အပ်နှံသော တာဝန်ပေးစေခိုင်းချက်တစ်ခုမျှသာ ဖြစ်သည်။ ယင်းမှာ သင်လုပ်ဆောင်ရန် တာဝန်လည်း ဖြစ်သည်။ သို့ရာတွင် သင်သည် အထက်မှ တာဝန်ပေးစေခိုင်းချက်တစ်ခုကို လက်ခံရရှိပြီး အလုပ်ကို ယူပြီးနောက်တွင် သင်သည် အာဏာကုန်လွှဲအပ်ခြင်းခံရသည့် သံအမတ်အဖြစ်လည်းကောင်း၊ သမ္မာတရားနှင့်ပတ်သက်၍ ကျွမ်းကျင်သူအဖြစ်လည်းကောင်း အခိုင်အမာ ဆိုနိုင်သလော။ သင်သည် ယခုအခါတွင် အခြားလူများကို အမိန့်ပေးပြီး သင်ဆန္ဒရှိသလို လုပ်ဆောင်ရန် အာဏာရှိသလော။ သင်သည် သင်၏ ကိုယ်ပိုင်နှစ်သက်မှုများအတိုင်း၊ သင်၏ကိုယ်ပိုင်နည်းလမ်းဖြင့် နှစ်သက်သလို လုပ်ဆောင်လျက် သင်၏ ကိုယ်ပိုင်စိတ်ဆန္ဒများနောက်ကို လိုက်ခွင့်ရှိသလော။ အထက်က သင့်အား တစ်စုံတစ်ခုကို လုပ်ဆောင်ရန် တိုက်ရိုက်အပ်နှံခြင်းနှင့် သင်ပုံမှန်လုပ်ဆောင်နေကျအတိုင်း သင်၏ပုံမှန်တာဝန်ကို လုပ်ဆောင်ခြင်းကြားတွင် ကွာခြားချက်တစ်ခုခုရှိသလော။ ကွာခြားချက်မရှိ။ ယင်းတို့နှစ်ခုလုံးသည် သင့်တာဝန်ဖြစ်သည်။ နှစ်ခုလုံးက သင့်တာဝန်ဖြစ်သည့်အတွက် အမှုအရာများကို လုပ်ဆောင်ခြင်းအတွက် စည်းမျဉ်းများက ပြောင်းလဲသွားသလော။ မပြောင်းလဲပေ။ ထို့ကြောင့် သင့်တာဝန်ကို မည်သည့်နေရာမှ လက်ခံရရှိသည်ဖြစ်စေ သင့်တာဝန်၏ အနှစ်သာရနှင့် သဘာဝသည် အတူတူဖြစ်သည်။ ဤသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ဤသည်မှာ သင်ထမ်းဆောင်နေသည့် တာဝန်က မည်သို့ဖြစ်စေ စည်းမျဉ်းများနှင့်အညီ လုပ်ဆောင်ရမည်ဟု ဆိုလိုသည်။ အထက်က သင့်အား တစ်စုံတစ်ခုကို လုပ်ဆောင်ရန် တိုက်ရိုက်အပ်နှံရုံဖြင့် သင်က သင်ကျေနပ်သည့် မည်သည့်နည်းဖြင့်မဆို လုပ်ဆောင်နိုင်သည်ဟုလည်းကောင်း၊ သင်လုပ်ဆောင်သမျှတိုင်းက မှန်ကန်မည်ဖြစ်ပြီး ခိုင်လုံမည်ဟုလည်းကောင်း မဆိုလိုပေ။ သင့်တွင် အရည်အချင်းအချို့ရှိလျှင်ပင် သမ္မာတရားစည်းမျဉ်းများအား ရှာဖွေသည့်လမ်းကြောင်းမှ သင်ကင်းကွာသွားနိုင်သလော။ သင်သည် ဖောက်ပြန်ပျက်စီးသော လူသားတစ်ဦးဖြစ်ဆဲ ဖြစ်သည်။ ဘုရားဖြစ်မလာပေ။ သင်သည် အထူးအုပ်စုတစ်ခုတွင် မရှိပေ။ သင်သည် သင်ဖြစ်ဆဲဖြစ်သည်။ ပြီးလျှင် သင်သည် အစဉ်သဖြင့် လူသားပင်ဖြစ်လိမ့်မည်။ ကျမ်းစာတွင် ဘုရားသခင်ကိုယ်တော်တိုင် ခေါ်တော်မူသည့် လူများစွာရှိသည်။ မောရှေ၊ နောဧ၊ အာဗြဟံ၊ ယောဘနှင့် အခြားသောလူများစွာတို့ ဖြစ်သည်။ ဘုရားသခင်နှင့် စကားပြောခဲ့သောသူများစွာလည်း ရှိသည်။ သို့ရာတွင် ဤလူထဲမှ မည်သူကမျှ မိမိတို့ကိုယ်ကို အထူးပုဂ္ဂိုလ်တစ်ဦး၊ သို့မဟုတ် အထူးအုပ်စုတစ်ခု၏ အဖွဲ့ဝင်တစ်ဦးဟု မယုံကြည်ခဲ့ပေ။ ဤလူများထဲတွင် အချို့က မီးတောက်များထဲတွင် ဘုရားသခင် ပေါ်လာသည်ကို ကိုယ်တိုင်မြင်ခဲ့သည်။ အခြားလူများမှာ ဘုရားသခင်၏ မိန့်မြွက်ချက်ကို ၎င်းတို့၏ နားနှင့်ဆက်ဆက် ကြားခဲ့သည်။ တမန်များက ဘုရားသခင်၏ စကားများအား သယ်ဆောင်လာသည်ကို အချို့က ကြားရသည်။ တစ်ချိန်တည်းတွင်ပင် အခြားလူများကမူ ဘုရားသခင်၏ စမ်းသပ်မှုများကို ကိုယ်တိုင်ခံခဲ့ရသည်။ ၎င်းတို့ထဲတွင် သာမန်လူများနှင့် ကွဲပြားသည်ဟု ဘုရားသခင် မြင်သည့်သူ တစ်ဦးတလေရှိသလော။ (မရှိပါ။) မရှိပေ။ ဘုရားသခင်က ဤသို့ မမြင်ပေ။ သို့သော် သင်သည် ထိုသို့နားလည်ပြီး သင့်ကိုယ်သင် အထူးပုဂ္ဂိုလ်တစ်ဦးအဖြစ် အစဉ်ရှုမြင်လျှင် သင်၌ မည်သည့်စိတ်သဘောထားမျိုး ရှိသနည်း။ (အန္တိခရစ်၏ စိတ်သဘောထား ရှိပါသည်။) ယင်းသည် အမှန်ပင် အန္တိခရစ်၏ စိတ်သဘောထားဖြစ်သည်။ ကြောက်မက်ဖွယ်ရာပင် ဖြစ်သည်။ ဘုရားသခင်က သင့်ခေါင်းပေါ်သို့ သူ့လက်ကိုတင်ပြီး ဘုရား၏ တန်ခိုးဖြင့် ထောက်ပံ့ပေးသည့် ထူးဆန်းသောတန်ခိုးများပြုရန်၊ သို့မဟုတ် အချို့သော လုပ်ငန်းဆောင်တာများကို ပြီးမြောက်ရန် အစွမ်းကို သင့်အား ပေးအပ်လျှင်ပင် သင်သည် အစဉ်သဖြင့် လူသားအဖြစ် ဆက်လက်ရှိနေလိမ့်မည်။ သင်သည် သမ္မာတရား၏ ပြယုဂ်ဖြစ်မလာနိုင်ပေ။ ဤသည်မှာ မည်သည့်အရာကို ဆိုလိုသနည်း။ ဤသည်မှာ သင်သည် သမ္မာတရားကို ဆန့်ကျင်ပြီး သင်ကျေနပ်သလို လုပ်ဆောင်ရန်အတွက် ဘုရားသခင်၏ အမည်နာမကို မည်သည့်အခါမျှ အသုံးပြုခွင့် ရမည်မဟုတ်ဟု ဆိုလိုသည်။ ယင်းသည် ကောင်းကင်တမန်မင်း၏ အပြုအမူဖြစ်သည်။ တစ်ခါတစ်ရံတွင် ဘုရားသခင်သည် အချို့သောလူတို့ကို အထူးအမှုအရာများ လုပ်ဆောင်ရန်အတွက်ဖြစ်စေ၊ အထူးအလုပ်ကို ထမ်းဆောင်ရန်အတွက်ဖြစ်စေ၊ အထူးဖြစ်ရပ်များ သို့မဟုတ် လုပ်ငန်းဆောင်တာများကို လွှဲအပ်ရန်အတွက်ဖြစ်စေ တာဝန်ပေးဖို့ အထူးနည်းစနစ်များ သို့မဟုတ် အထူးလမ်းကြောင်းများကို အသုံးပြုသည်။ ဤသည်မှာ အဘယ်ကြောင့်ဆိုသော် ဤလူတို့သည် ဤသို့သောအလုပ်ကို တာဝန်ယူလုပ်ဆောင်နိုင်စွမ်း ရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်က ၎င်းတို့အား အပ်နှံသည့်အလုပ်ကို ပြီးမြောက်နိုင်သည်ဟုလည်းကောင်း၊ ၎င်းတို့သည် ဘုရားသခင်၏ ယုံကြည်မှုနှင့် ထိုက်တန်သည်ဟုလည်းကောင်း ဘုရားသခင်က ယုံကြည်သောကြောင့် ဖြစ်ပြီး ထိုမျှသာ ဖြစ်လေသည်။ ၎င်းတို့သည် ဘုရားသခင်က တာဝန်ပေးစေခိုင်းခြင်းကို ကိုယ်တိုင်ကိုယ်ကျ ခံရပြီးလျှင်ပင်၊ ဘုရားသခင်၏ နှုတ်မှ မိန့်မြွက်ချက်များကို ကြားပြီးဖြစ်လျှင် သို့မဟုတ် ဘုရားသခင်နှင့် စကားပြောပြီးဖြစ်လျှင်ပင် သာမန်လူတစ်ဦးနှင့် မည်သို့မျှ ကွဲပြားမည်မဟုတ်ပေ။ သာမန်ဖန်ဆင်းခံတစ်ဦးမှ တစ်မူထူးခြားသော၊ သို့မဟုတ် ပို၍မြင့်သော ဖန်ဆင်းခံတစ်ဦးအဖြစ်သို့ မြင့်တက်သွားမည်လည်း မဟုတ်ပေ။ ယင်းသည် မည်သည့်အခါမျှ ဖြစ်ပျက်မည် မဟုတ်။ ထို့ကြောင့် လူသားမျိုးနွယ်၏ အလယ်တွင် ဘုရားအိမ်တော်တွင် ပင်ကိုစွမ်းရည်များ၊ ပင်ကိုလက္ခဏာ၊ အဆင့်အတန်း၊ အတွေ့အကြုံ၊ သို့မဟုတ် သင်ခန်းစာများကဲ့သို့သော ထူးခြားသည့် အချို့သောအရာများရှိနိုင်ပါစေ ယင်းတို့သည် သမ္မာတရား၏ ပြယုဂ်အဖြစ် မပြောင်းလဲနိုင်ပေ။ တစ်စုံတစ်ဦးသည် ဤကဲ့သို့သောသူအဖြစ် အလွန်အမင်း မဆင်မခြင် ဟန်ဆောင်ပါက ထိုသူသည် အန္တိခရစ်တစ်ဦး ဧကန်အမှန် ဖြစ်၏။ လူအချို့မှာ ဤသို့သော စိတ်သဘောထားကို ရံဖန်ရံခါ ထုတ်ဖော်သော်လည်း သမ္မာတရားကို ၎င်းတို့ လက်ခံနိုင်ဆဲဖြစ်ပြီး နောင်တရနိုင်ဆဲ ဖြစ်သည်။ ဤသို့သောလူတို့သည် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိပြီး အန္တိခရစ်တစ်ဦး၏ လမ်းကြောင်းကို လျှောက်သည်။ ၎င်းတို့သည် ကယ်တင်ခံရဖို့ မျှော်လင့်ချက်ရှိသေးသည်။ သို့ရာတွင် တစ်စုံတစ်ယောက်သည် သမ္မာတရား၏ ပြယုဂ်အဖြစ် အပြောင်းအလဲမရှိ ဟန်ဆောင်လျှင်၊ သူသည် မှန်ကန်သည်ဟု ဆက်လက်၍ ယုံကြည်လျှင်၊ နောင်တရရန် ငြင်းဆန်လျှင် သူသည် အန္တိခရစ်စစ်စစ်တစ်ဦး ဖြစ်သည်။ အန္တိခရစ်ဖြစ်သူ မည်သူမဆိုသည် သမ္မာတရားတစ်စက်ကိုမျှ လက်ခံမည်မဟုတ်။ ၎င်းတို့သည် ထုတ်ဖော်ခံရပြီး ဖယ်ရှားရှင်းလင်းခံရလျှင်ပင် မိမိတို့ကိုယ်ကို မသိနိုင်သေးပေ။ အမှန်တကယ် နောင်တလည်း မရနိုင်ပေ။ အချို့သော ခေါင်းဆောင်များနှင့် အမှုဆောင်များတွင် အန္တိခရစ်၏ စိတ်သဘောထားသာရှိသည်။ ၎င်းတို့ ပြုမူလုပ်ဆောင်သည့် စည်းမျဉ်းများနှင့် ၎င်းတို့ ရွေးချယ်သည့် လမ်းကြောင်းများမှာ အန္တိခရစ်၏ စည်းမျဉ်းများ၊ လမ်းကြောင်းများနှင့် အတူတူဖြစ်သည်။ ၎င်းတို့သည်လည်း ဆင်ခြင်တုံတရားကင်းမဲ့ပြီး သမ္မာတရားကို နားမလည်ပေ။ ၎င်းတို့လုပ်ရပ်များ၏ သဘာဝနှင့် အကျိုးဆက်များကို သတိမမူမိဘဲ မဆင်မခြင် ပြုမူလုပ်ဆောင်သည်။ သို့ရာတွင် ၎င်းတို့ကို ကွဲပြားစေသည်မှာ ၎င်းတို့ထဲမှ အချို့သည် ငါပြောသည့်အရာအချို့ကို လက်ခံနိုင်ဆဲ ဖြစ်သောကြောင့်တည်း။ ငါ၏ စကားများက ၎င်းတို့ကို တိုက်တွန်းနှိုးဆော်ပေးနိုင်ဆဲဖြစ်ပြီး ၎င်းတို့အတွက် သတိပေးချက်အဖြစ် အသုံးဝင်နိုင်ဆဲ ဖြစ်သည်။ ၎င်းတို့တွင် အန္တိခရစ်၏ စိတ်သဘောထားရှိသော်လည်း သမ္မာတရားအချို့ကို လက်ခံနိုင်ဆဲ ဖြစ်သည်။ ပြုပြင်ခြင်းအချို့ကို ၎င်းတို့ လက်ခံနိုင်သည်။ ၎င်းတို့သည် အမှန်ပင် နောင်တကြီးစွာရနိုင်ပြီး အတိုင်းအတာတစ်ခုအထိ နောင်တရနိုင်သည်။ ဤအရာက ၎င်းတို့ကို အန္တိခရစ်များနှင့် ကွဲပြားစေသည်။ ဤလူတို့သည် အန္တိခရစ်၏ စိတ်သဘောထားသာ ရှိသော လူတို့ ဖြစ်လေသည်။ အန္တိခရစ်၏ သဘာဝအနှစ်သာရရှိခြင်းနှင့် အန္တိခရစ်၏ စိတ်သဘောထားရှိခြင်းကြားတွင် တူညီမှုတစ်ခုရှိသည်။ ၎င်းတို့သည် အခြေခံအားဖြင့် တူညီသည်။ အန္တိခရစ်တစ်ဦးနှင့် အန္တိခရစ်တစ်ဦး၏ စိတ်သဘောထားရှိသူတစ်ဦးကြား တူညီသောလက္ခဏာမှာ ၎င်းတို့နှစ်ဦးလုံးတွင် အန္တိခရစ်၏ စိတ်သဘောထားရှိခြင်း ဖြစ်သည်။ သို့ရာတွင် ဤလူတို့ထဲမှ အချို့က သမ္မာတရားကို လက်ခံနိုင်ပြီး စစ်မှန်သော နောင်တကို ပြနိုင်သည်။ ဤသို့သောသူတစ်ဦးသည် အန္တိခရစ်မဟုတ်ဘဲ၊ အန္တိခရစ်၏ စိတ်သဘောထားရှိသူဖြစ်သည်။ ဤသည်မှာ အန္တိခရစ်နှင့် အန္တိခရစ်စိတ်သဘောထားရှိသူကြား ကွာခြားချက်ဖြစ်သည်။ သမ္မာတရား အနည်းငယ်မျှကိုပင် လက်မခံနိုင်သကဲ့သို့ စစ်မှန်သောနောင်တရခြင်း ကင်းမဲ့သူ မည်သူမဆိုသည် အန္တိခရစ် စစ်စစ်ဖြစ်သည်။ သမ္မာတရားကို လက်ခံနိုင်ပြီး စစ်မှန်သောနောင်တရှိသူ မည်သူမဆိုသည် အန္တိခရစ် စိတ်သဘောထားရှိသူဖြစ်ပြီး ကယ်တင်ခံရနိုင်သည်။ ဤလူနှစ်မျိုးနှစ်စားကို သင်ရှင်းလင်းစွာ ပိုင်းခြားသိမြင်နိုင်သင့်ပြီး မစဉ်းမစား စရိုက်လက္ခဏာ သရုပ်ဖော်ခြင်းများ မပြုလုပ်သင့်ပေ။ သင်တို့သည် မည်သည့်အမျိုးအစားနည်း။ လူအချို့က “ကျွန်ုပ်သည် အန္တိခရစ်တစ်ဦးနှင့် တူညီသည်ဟု အဘယ်ကြောင့်ခံစားရသနည်း။ ကွာခြားမှုတစ်ခုတလေ ရှိသည့်ပုံစံမရှိ” ဟု ဆိုကောင်းဆိုနိုင်သည်။ ဤခံစားချက်သည် တိကျမှန်ကန်သည်။ သိသာသော ကွာခြားမှုမရှိ။ သင်သည် သမ္မာတရားကို လက်ခံနိုင်ပြီး စစ်မှန်သောနောင်တကို ပြနိုင်လျှင် ယင်းမှာ တစ်ခုတည်းသော ကွာခြားမှုဖြစ်သည်။ ယင်းသည် လူ့သဘာဝနှင့်ပတ်သက်၍လည်း ကွာခြားမှုတစ်ခု ဖြစ်သည်။ ဆိုလိုသည်မှာ အန္တိခရစ်တစ်ဦးသည် ဆိုးယုတ်သူတစ်ဦး ဖြစ်သည်။ အခြားတစ်ဖက်တွင်မူ အန္တိခရစ် စိတ်သဘောထားရှိသူသည် ဆိုးယုတ်သူမဟုတ်။ သူ့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခုရှိခြင်းသာ ဖြစ်သည်။ ယင်းသည် တစ်ခုတည်းသော ကွာခြားမှုဖြစ်သည်။ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများတွင် ကွာခြားမှုမရှိ။ ဤအပိုင်းတွင် ၎င်းတို့အားလုံးက တူညီသည်။ ဤသည်မှာ ၎င်းတို့အားလုံးတွင် ထပ်တူထပ်မျှရှိသည့် တူညီမှုဖြစ်သည်။ ဘုရားနှုတ်ကပတ်တော်က ဖော်ထုတ်သော ဖောက်ပြန်ပျက်စီးသော လူ့သဘာဝ၏ အမျိုးမျိုးသော အခြေအနေများသည် အပြည့်အဝ တိကျမှန်ကန်ပြီး လက်တွေ့အရှိတရားနှင့် စိုးစဉ်းမျှ မသွေဖည်ပေ။ ဘုရားသခင်ရွေးချယ်သော လူတို့က ဘုရားနှုတ်ကပတ်တော်များကို ဖတ်သောအခါ ၎င်းတို့အားလုံးက ထပ်တူထပ်မျှ ခံစားရသည်။ ၎င်းတို့အားလုံးက တူညီသောနားလည်မှုရှိကြသည်။ ၎င်းတို့၏ အတွေ့အကြုံ အတိမ်အနက်တွင်သာ ကွဲပြားကြသည်။ ၎င်းတို့အားလုံးက ၎င်းတို့၏ ကိုယ်ပိုင်မာနထောင်လွှားမှုနှင့် ဆင်ခြင်တုံတရားကင်းမဲ့မှုကို အသိအမှတ်ပြုကြသည်။ ၎င်းတို့တွင် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား အလွန်ပင် များစွာ ရှိသည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်အပေါ် စာတန်၏ ဖျက်ဆီးမှုသည် အလွန်ပင် နက်ရှိုင်းသည်ကိုလည်းကောင်း၊ ဘုရားသခင်အတွက် လူသားမျိုးနွယ်ကို ကယ်တင်ဖို့ မလွယ်ကူသည်ကိုလည်းကောင်း ၎င်းတို့အားလုံး သဘောပေါက်နိုင်ကြသည်။ များစွာ ပြောဆိုပြီးဖြစ်သော်လည်း ထပ်၍ပြောစရာများရှိသေးသည်။ လူသားမျိုးနွယ်သည် ညံ့ဖျင်းပြီး သနားစဖွယ်ဖြစ်သည်၊ မမြင်မကန်းဖြစ်ပြီး မသိနားမလည်ကြသည်ကို ၎င်းတို့အားလုံး အသိအမှတ်ပြုကြသည်။ လူသားမျိုးနွယ်ကို အလွန်နက်ရှိုင်းစွာ ဖျက်ဆီးခဲ့သည်မှာ စာတန်ဖြစ်သည်ကိုလည်းကောင်း၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးခြင်းနှင့် ကောက်ကျစ်ဆိုးယုတ်မှု၏ အရင်းအမြစ်သည် လူသားမျိုးနွယ်အပေါ် စာတန်၏ ဖျက်ဆီးမှုနှင့် ထိန်းချုပ်မှုတွင် တည်ရှိသည်ကိုလည်းကောင်း ၎င်းတို့အားလုံး သတိပြုမိကြသည်။ စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် လူသားမျိုးနွယ်သည် စာတန်၏ အဆိပ်ဖြင့် စွန်းထင်းခဲ့သည်။ ဤသို့ဖြင့် စာတန်၏ စိတ်သဘောထားဖြစ်ပေါ်လာပြီး ပုံမှန်လူသားများ၏ စဉ်းစားချင့်ချိန်နိုင်မှု၊ အသိစိတ်နှင့် ဆင်ခြင်တုံတရားကို ဆုံးရှုံးကြရသည်။ လူတို့သည် အမှန်နှင့် အမှားကို ခွဲခြားသိမြင်နိုင်စွမ်း ကင်းမဲ့သည်။ ဘုရားသခင်က လူသားမျိုးနွယ်အတွက် ဥပဒေများ မသတ်မှတ်ပေးခဲ့လျှင် လူတစ်ယောက်ကို ရိုက်ခြင်း၊ သို့မဟုတ် သတ်ခြင်းသည်၊ သို့မဟုတ် ခိုးခြင်း၊ လူတကာနှင့် လိင်ဆက်ဆံမှုများရှိခြင်းသည် မှန်သလော သို့မဟုတ် မှားသလောဆိုသည်ကို လူတို့ သိမည်မဟုတ်ပေ။ ၎င်းတို့၏ လုပ်ရပ်များသည် အကျိုးသင့်အကြောင်းသင့် ဖြစ်ပြီး ဤပုံစံဖြင့် လုပ်ဆောင်သင့်သည်ဟု ယုံကြည်ကြသည်။ သို့ရာတွင် ဘုရားသခင်က ဥပဒေများနှင့် ပညတ်တော်များကို ကြေညာပြီးနောက်တွင် ဤအရာများကို လုပ်ဆောင်ခြင်းသည် အပြစ်တစ်ခု ဖြစ်သည်ဆိုသည်ကို လူတို့ သတိထားမိလာကြသည်။ ၎င်းတို့၏ ဆင်ခြင်တုံတရားသည် အနည်းငယ်ပို၍ ပုံမှန်ဖြစ်လာသည်။ ဤသည်မှာ အပေါ်ယံအဆန်ဆုံး ဆင်ခြင်တုံတရားအဆင့်ဖြစ်သည်မှာ အမှန်ပင်ဖြစ်သည်။ ယင်းသည် သမ္မာတရားကို ၎င်းတို့နားလည်သည်နှင့် အလိုအလျောက်ပို၍ လေးနက်လာလိမ့်မည်။ ယခုတွင် လူတို့သည် သမ္မာတရားအမျိုးမျိုးကို ပို၍ နားလည်လာနိုင်လျှင်၊ မိမိတို့ကိုယ်ကို သိနိုင်လျှင်၊ မိမိတို့၏ သင့်လျော်သောနေရာကို ရှာပြီး မိမိတို့၏ ကိုယ်ပိုင်အစွမ်းအစ၊ သိမြင်နားလည်မှု၊ သမ္မာတရားကို သဘောပေါက်နားလည်နိုင်စွမ်းတို့၏ အတိုင်းအတာကို တိကျမှန်ကန်စွာ အကဲဖြတ်နိုင်လျှင်၊ ပြီးလျှင် ဖောက်ပြန်ပျက်စီးသောလူသားများက ဘုရားသခင်အပေါ် ထားရှိသည့် အမျိုးမျိုးသော သဘောထားများထဲမှ မည်သည့်သဘောထားက အပြုသဘောဆောင်ပြီး မည်သည့်သဘောထားက အပြုသဘောမဆောင်သည်၊ မည်သည့်သဘောထားများက အယူအဆများနှင့် စိတ်ကူးများဖြစ်သည်၊ မည်သည့်သဘောထားက သမ္မာတရားနှင့် ကိုက်ညီသည်ဆိုသကဲ့သို့သောအရာများကို အဖြေရှာရန်အတွက် သမ္မာတရားကို စံနှုန်းအဖြစ် အသုံးပြုပြီး ဘုရားနှုတ်ကပတ်တော်များကို အမှီပြုနိုင်လျှင် ၎င်းတို့၏ ဆင်ခြင်တုံတရားသည် ပို၍ပင် ပုံမှန်ဖြစ်လိမ့်မည်။ ထို့ကြောင့် သမ္မာတရားသည်သာ လူတို့အား အသက်တာသစ်တစ်ခုကို ပေးနိုင်သည်။ သို့ရာတွင် သင်က သင့်ကိုယ်သင် အသိပညာဖြင့် ပြင်ဆင်ထားလျှင်၊ အချို့သော ကျင့်သုံးမှုများကို အလေးပေးပြီး အစဉ်ကြွားဝါလျှင်၊ အစဉ် သင့်ကိုယ်သင် ပြသလျှင်၊ ထို မထင်ပေါ်မှုအနည်းငယ်၊ အရေးမပါသော သိမြင်မှု သို့မဟုတ် ဗဟုသုတကို အစဉ် ကြွားလုံးထုတ်ပြီး သမ္မာတရားကို မလိုက်စားလျှင် ဤအသက်တာသစ်ကို သင် ရရှိနိုင်မည်လော။ မရရှိနိုင်ပေ။ ယင်းမှာ စိတ်ကူးယဉ်သက်သက်သာ ဖြစ်လိမ့်မည်။ သင်က ယင်းကို မရရှိမည်သာမက ကယ်တင်ခြင်းအတွက် အခွင့်အရေးကို ဆုံးရှုံးလိမ့်မည်။ ယင်းသည် အလွန်အန္တရာယ်ရှိသည်။
သင်တို့တစ်ဦးချင်းစီသည် သမ္မာတရားနှင့်ပတ်သက်သော တရားဒေသနာများစွာကို နားထောင်ပြီးဖြစ်ကာ ယခုတွင် အမျိုးမျိုးသော လူအမျိုးအစားများအပေါ် အနည်းနှင့်အများ ပိုင်းခြားသိမြင်မှု ရှိကြသည်။ ဆိုးယုတ်သောလူများနှင့် မကောင်းသောလူများကို သင်တို့ ပိုင်းခြားသိမြင်နိုင်သော်လည်း အယောင်ဆောင်ခေါင်းဆောင်များနှင့် အန္တိခရစ်များကို ပိုင်းခြားသိမြင်နိုင်ခြင်း မရှိသေးပေ။ ယခုတွင် ဘုရားအိမ်တော်သည် သမ္မာတရား အနည်းငယ်မျှကိုပင် လက်မခံသော၊ မဆင်မခြင်လုပ်ဆောင်ပြီး ဘုရားအိမ်တော်၏ အလုပ်ကို နှောင့်ယှက်ကာ အဖျက်အမှောင့်ပြုလုပ်ဆဲ ဖြစ်သောသူအားလုံးကို အသင်းတော်မှ တဖြည်းဖြည်းချင်း ဖယ်ရှားနေသည်။ ဘုရားသခင်၏ အမှုတော်သည် ဤအဆင့်သို့ ရောက်ရှိပြီးဖြစ်ကာ ဘုရားသခင် ရွေးချယ်ထားသောလူတို့သည် စတင်၍ နှိုးထလာနေသည်ကို ဤအရာက ပြလေသည်။ ယခင်က လူအချို့နှင့် ငါထိတွေ့ဆက်ဆံသောအခါတွင် ၎င်းတို့ထံမှ “အနံ့အသက်”တစ်မျိုး ထွက်နေသည်ကို ငါ အစဉ် သတိပြုမိသည်။ မည်သည့်အနံ့အသက်မျိုးနည်း။ ယင်းမှာ ၎င်းတို့ထံ မချဉ်းကပ်မီတွင်ပင် မိမိတို့၏ အမွှေးများကိုထောင်ကာ အူသော သားရဲတိရစ္ဆာန်များနှင့် ကြမ်းကြုတ်ရက်စက်သော တိရစ္ဆာန်များ၏ အနံ့အသက်ကဲ့သို့ ဖြစ်သည်။ လူသားများသည်လည်း တိရစ္ဆာန်များနှင့် ဆင်တူသည့် အပြုအမူအချို့ကို ပြသသည်။ ထိုအပြုအမူများသည် မည်သို့ဖြစ်ပေါ်လာသနည်း။ ယင်းတို့သည် လူတို့ပိုင်ဆိုင်သည့် ဖောက်ပြန်ပျက်စီးသော စာတန်ဆန်သည့် စိတ်သဘောထားများမှ လာသည်။ “အနံ့အသက်” ဆိုသည်မှာ မည်သည့်အရာကို ငါဆိုလိုသနည်း။ ၎င်းတို့၏ မျက်လုံးကို ကြည့်သောအခါတွင် ရိုးသားစစ်မှန်မှုကို သင်မမြင်ရဟု ငါဆိုလိုသည်။ ဤအစား ဗလာဖြစ်သော၊ ဟိုဟိုသည်သည်ကြည့်သော ငေးမောမှုကိုသာ သင်တွေ့ရသည်။ ၎င်းတို့သည် သင့်ကို ခန့်မှန်း၍မရနိုင်ဟု ခံစားရသောကြောင့် ၎င်းတို့၏ မျက်လုံးများက သင့်ကို ကြည့်သောအခါတွင် ဟိုကြည့်သည်ကြည့် ဖြစ်နေသည်။ ၎င်းတို့၏ စိတ်အတွင်းတွင် ပွင့်လင်းမှုတစ်စက်မျှ မရှိသောကြောင့် ၎င်းတို့ပြောဆိုသည့် စကားများတွင်လည်း မည်သည့်ပွင့်လင်းမှုကိုမျှ သင်ရှာဖွေတွေ့ရှိခြင်း မရှိနိုင်ပေ။ ၎င်းတို့သည် ပွင့်လင်းမှုမရှိဟု ငါဆိုသောအခါတွင် မည်သည့်အရာကို ငါဆိုလိုသနည်း။ ၎င်းတို့သည် မည်သူနှင့် အပြန်အလှန် ဆက်ဆံသည်ဖြစ်စေ ၎င်းတို့၏ စိတ်အတွင်းထဲတွင် ခုခံကာကွယ်သော အတားအဆီးတစ်ခုရှိသည် ဟူ၍ဖြစ်သည်။ ၎င်းတို့မျက်လုံးများ၏ အကြည့်တွင်၊ ၎င်းတို့၏ လေသံတွင်၊ ၎င်းတို့၏ စကားပြောပုံတွင် ဤခုခံကာကွယ်သော အတားအဆီးတစ်ခုကို သင် သိမြင်နိုင်သည်။ ယင်းသည် ၎င်းတို့တွင်ရှိသော အနံ့အသက်မျိုး ဖြစ်သည်။ ယင်းက ၎င်းတို့သည် တရားဒေသနာများစွာကို ကြားပြီးဖြစ်သော်လည်း သမ္မာတရားကို နားမလည်သေးသကဲ့သို့ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့လည်း တက်ရောက်ရခြင်းမရှိဟူသည့် ခံစားချက်ကို ရရှိစေသည်။ သမ္မာတရားအကြောင်းကို ၎င်းတို့နှင့် သင်မည်သို့ မိတ်သဟာယ ဖွဲ့သည်ဖြစ်စေ၊ လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို သင်မည်သို့ ဖော်ထုတ်သည်ဖြစ်စေ၊ သင်က ၎င်းတို့ကို မည်မျှရိုးသားစစ်မှန်စွာ ဆက်ဆံသည်၊ ပံ့ပိုးသည်၊ ထိန်းကျောင်းသည်၊ သို့မဟုတ် ကူညီသည်ဖြစ်စေ ၎င်းတို့ထံမှ ရိုးသားစစ်မှန်သော သဘောထားကို သင်ရရှိမည်မဟုတ်။ ဤသို့ဆိုလျှင် ၎င်းတို့အတွင်း၌ မည်သည့်အရာ တည်ရှိသနည်း။ သတိထားရှောင်ခြင်း၊ သံသယဟူသည့် ဤအရာတို့က အတွေ့ရအများဆုံး ဖြစ်သည်။ ထို့အပြင် မိမိကိုယ်ကို ကာကွယ်ခြင်းတစ်မျိုးနှင့် အထင်ကြီးလေးစားမှု အစဉ်သဖြင့် ခံယူလိုသည့် လိုအင်ဆန္ဒတစ်ခုလည်း ရှိလေသည်။ ထို့ကြောင့် ၎င်းတို့၏ စကားများ၊ ၎င်းတို့မျက်လုံးများ၏ အကြည့်၊ ၎င်းတို့၏ မျက်နှာအမူအရာများတို့အားလုံးသည် အလွန်ပင် သဘာဝမကျသည့် တစ်စုံတစ်ခုကို ထုတ်ဖော်သည်။ ဆိုလိုသည်မှာ ၎င်းတို့၏ မျက်လုံးနှင့် အမူအရာတို့မှ သင်တွေ့ရှိသောအရာသည် ၎င်းတို့ စိတ်အတွင်းထဲတွင် တွေးနေသည့်အရာနှင့် ကွာခြားသည်။ အတိုချုပ်အားဖြင့် လူတစ်ဦးသည် ကြောက်တတ်သည်ဖြစ်စေ၊ သတိထားသည်ဖြစ်စေ၊ သူ့အတွင်းတွင် အခက်အခဲများရှိသည်ဖြစ်စေ သူ၏ ပွင့်လင်းမှုကို သင်မမြင်နိုင်လျှင် ယင်းမှာ ပြဿနာရှိမည်မဟုတ်လော။ (ဟုတ်ပါသည်။) အမှန်ပင် ယင်းသည် ပြဿနာတစ်ခုဖြစ်သည်။ ဤသို့ဆိုလျှင် ငါတို့သည် မည်သို့ခွဲခြားသိမြင်နိုင်သနည်း။ ၎င်းတို့၏ အပြုအမူမှ သို့မဟုတ် ၎င်းတို့ စကားပြောသည့်ပုံစံမှ သိနိုင်သည်။ ၎င်းတို့စိတ်တွင် ရှိသည့်အရာကို ၎င်းတို့ မပြောပေ။ ထိုထက် ၎င်းတို့က သင့်လျော်သည်ဟုထင်သော စကားများကို ရွေးချယ်ပြီး ၎င်းတို့ စဉ်းစားသုံးသပ်ပြီး ဖြစ်သည့်အရာများအကြောင်းကို သင်နှင့် မိတ်သဟာယဖွဲ့သည်။ ဤသည်မှာ ဘာသာတရားမရှိသူများ၏ မိမိကိုယ်ကို ခုခံကာကွယ်သည့် နည်းဗျူဟာဖြစ်သည်။ ၎င်းတို့အပေါ်သို့ တစ်စုံတစ်ခု ကျရောက်သည့်အခါတိုင်းတွင် ၎င်းတို့သည် ရှေးဦးစွာ ဖြူကောင်ကဲ့သို့ အဆူးများထောင်ကာ မိမိတို့ကိုယ်ကို ကာကွယ်သည်။ ၎င်းတို့၏ အခြေအနေမှန်၊ ၎င်းတို့၏ အရည်အချင်းများနှင့် ပင်ကိုစွမ်းရည်များ၊ ၎င်းတို့ ပြုလုပ်ခဲ့သော အမှားများ၊ ၎င်းတို့၏ စိတ်ရှုပ်ထွေးမှု၊ ပြီးလျှင် ၎င်းတို့၏ လှည့်ဖြားမှုနှင့် ကြောင်သူတော်ဆန်မှုတို့ပင်ဖြစ်သည့် အရာအားလုံးကို ၎င်းတို့၏ အဆူးများထဲတွင် ဖုံးအုပ်ထားသည်။ ပြင်ပကမ္ဘာလောကက မမြင်အောင်ထားထားပြီး ငါပင် မမြင်အောင် ထားထားသည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဖုံးကွယ်ပြီး ဟန်လုပ်ရန်၊ ပြီးလျှင် မိမိတို့ကိုယ်ကိုလည်း ကာကွယ်ရန်အတွက် ကြီးစွာ အားထုတ်ကြသည်။ ဤအရာများသည် မည်သည့်နေရာမှ လာသနည်း။ လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရပြီးနောက်တွင် ဤအရာများကို ရရှိကြသည်။ အစပိုင်းတွင် ဘုရားသခင်က အာဒံနှင့် ဧဝကို ဖန်ဆင်းပြီးနောက် သူသည် ၎င်းတို့အား ဧဒင်ဥယျာဉ်တွင် နေထိုင်ရန် ခေါ်ဆောင်ခဲ့သည်။ သူသည် ၎င်းတို့အား မည်သည့်အပင်များမှ မည်သည့်အသီးကို စားနိုင်သည်၊ မည်သည့်အသီးကို စား၍မရဟု ပြောခဲ့သည်။ ၎င်းတို့သည် ဘုရားရှေ့တွင် ဝတ်လစ်စလစ်ဖြစ်လျက် အရှက်ကင်းမဲ့ကြသည်။ ဤအရာကို ၎င်းတို့ မည်သို့ထင်မြင်သနည်း။ ၎င်းတို့က ဤသည်မှာ ဘုရားသခင်က ၎င်းတို့ကို ဖန်ဆင်းခဲ့သည့်ပုံစံဖြစ်သည်ဟုလည်းကောင်း၊ ၎င်းတို့တွင် ဘုရားသခင်က ၎င်းတို့အား ပေးခဲ့သည်အရာမှန်သမျှ ရှိသည်ဟုလည်းကောင်း၊ ဘုရားသခင်ထံမှ ပုန်းကွယ်ဖို့မလိုအပ်ဟုလည်းကောင်း တွေးထင်ကြသည်။ ၎င်းတို့သည် ယင်းကိုလုပ်ဆောင်ရန် မည်သည့်အခါမျှ မတွေးခဲ့ပေ။ ထို့ကြောင့် ဘုရားသခင်ရှေ့တွင် ၎င်းတို့ မည်သည့်ပုံပေါ်သည်ဖြစ်စေ ၎င်းတို့သည် အစဉ်သဖြင့် ပွင့်ပွင့်လင်းလင်းရှိကြသည်။ ၎င်းတို့မျက်လုံးတွင် ရိုးသားစစ်မှန်မှုကို သင်မြင်နိုင်သည်။ ၎င်းတို့၏ စိတ်နှလုံးအတွင်းထဲတွင် ဘုရားသခင်ကို ဆန့်ကျင်သည့် ခုခံမှု၊ သို့မဟုတ် ကာကွယ်သည့်တံတိုင်းများမရှိပေ။ ၎င်းတို့သည် စိတ်နှလုံးအတွင်းထဲတွင် ဘုရားသခင်က ၎င်းတို့အတွက် အန္တရာယ်မရှိဆိုသည်ကို၊ ၎င်းတို့သည် အပြည့်အဝ ဘေးကင်းသည်ဆိုသည်ကို သိသောကြောင့် ဘုရားရှေ့တွင် မိမိတို့ကိုယ်ကို ကာကွယ်ဖို့မလိုပေ။ ဘုရားသခင်သည် ၎င်းတို့ကို ကာကွယ်ခြင်း၊ ချစ်ခြင်းနှင့် မြတ်နိုးခြင်းသာ ပြုလိမ့်မည်။ ဘုရားသခင်သည် ၎င်းတို့ကို မည်သည့်အခါမျှ ထိခိုက်မည်မဟုတ်။ ဤသည်မှာ ၎င်းတို့၏ စိတ်အတွင်းထဲရှိ အခြေခံအကျဆုံးသော၊ အခိုင်မာဆုံးသော အတွေးဖြစ်သည်။ သို့သော် ဤသည်မှာ မည်သည့်အချိန်တွင် စတင်ပြောင်းလဲသနည်း။ (ကောင်းမကောင်းကို သိကျွမ်းရာအပင်၏ အသီးကို ၎င်းတို့စားသည့်အချိန်တွင် ဖြစ်သည်။) ကောင်းမကောင်းကို သိကျွမ်းရာအပင်မှ စားခြင်းသည် အမှန်တွင် တင်စားမှုဖြစ်သည်။ ယင်းမှာ စာတန်က ဧဝကို သွေးဆောင်ဖြားယောင်းသည့် အခိုက်အတန့်မှစ၍ ၎င်းတို့သည် စာတန်၏ သွေးဆောင်ဖြားယောင်းခြင်းကို နည်းနည်းချင်းစီဖြင့် ခံရပြီး အပြစ်များကို ကျူးလွန်ကာ မကောင်းသောအရာများကို လုပ်ဆောင်နေပြီး မှားယွင်းသောလမ်းကြောင်းကို လျှောက်နေ၍ ထို့နောက်တွင် စာတန်၏ အဆိပ်က ၎င်းတို့ထဲသို့ ဝင်ရောက်ခဲ့သည်ဟု ဆိုလိုသည်။ ထို့နောက် မကြာမီတွင် ဘုရားသခင် ကြွမလာမီတွင် ၎င်းတို့သည် ဘုရားသခင်ထံမှ မကြာခဏ ပုန်းကွယ်ကြပြီး ဘုရားသခင်အား ၎င်းတို့ကို ရှာမတွေ့စေလိုပေ။ ၎င်းတို့သည် အဘယ်ကြောင့် ဤသို့ပြုလုပ်သနည်း။ ၎င်းတို့သည် ဘုရားသခင်နှင့် ဝေးကွာသည်ဟု ခံစားရသည်။ ဤဝေးကွာမှုသည် မည်သို့ ဖြစ်ပေါ်လာသနည်း။ ၎င်းတို့အတွင်းတွင် ကွဲပြားသောအရာတစ်ခု ရှိခဲ့သောကြောင့် ဖြစ်သည်။ စာတန်က ၎င်းတို့ကို အချို့သော အတွေးအမြင်များပေးခဲ့သည်။ အသက်အမျိုးအစားတစ်ခုကို ပေးခဲ့သည်။ ဤသို့ဖြင့် ၎င်းတို့သည် ဘုရားသခင်ကို သံသယဝင်ပြီး သတိထားရှောင်သည်။ ထို့နောက်တွင် ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား ဝတ်လစ်စလစ် ဖြစ်နေသည်ကိုမြင်ပြီး လှောင်ရယ်မည်လောဟု ရုတ်ချည်းစတင် တွေးတောမိသည်။ ဤအယူအဆက မည်သည့်နေရာမှ လာသနည်း။ (စာတန်ထံမှ ဖြစ်သည်။) စာတန်က ၎င်းတို့ကို မသွေးဆောင်မီက အဘယ်ကြောင့် ဤသို့မတွေးသနည်း။ ထိုအချိန်က ၎င်းတို့သည် ဘုရားသခင်ကပေးသော မူလအဖြစ်ဆုံးသော အသက်ကို ပိုင်ဆိုင်ခဲ့သည်။ ၎င်းတို့သည် ဘုရားသခင်က ၎င်းတို့အား လှောင်ရယ်မည်ကို မကြောက်သကဲ့သို့ ထိုသို့သော အတွေးများလည်း မရှိခဲ့ပေ။ သို့တိုင်အောင် စာတန်၏ သွေးဆောင်ခြင်းကို ခံရပြီးနောက် အရာရာတိုင်းက စတင်ပြောင်းလဲခဲ့သည်။ ပထမဦးစွာ ၎င်းတို့က “ငါတို့သည် မည်သည့်အရာကိုမျှ ဝတ်ဆင်ထားခြင်းမရှိ။ ဘုရားသခင်က ငါတို့ကို လှောင်ရယ်မည်မဟုတ်လော။ ဤသည်မှာ ငါတို့သည် အရှက်မရှိဟု ဆိုလိုသလော” ဟု တွေးသည်။ မေးခွန်းများက ၎င်းတို့စိတ်တွင် တသီတတန်း ထွက်ပေါ်လာခဲ့သည်။ ဤအတွေးများ ထွက်ပေါ်လာသည်နှင့် ၎င်းတို့သည် ဘုရားသခင်ထံမှ မပုန်းကွယ်ဘဲ မနေနိုင်ပေ။ ၎င်းတို့က “မည်သည့်အချိန်တွင် ဘုရားသခင် လာသနည်း။ ဘုရားသခင်က အမှန်လာလျှင် မည်သည့်အရာကို ငါလုပ်သင့်သနည်း။ ငါသည် အလျင်အမြန် ပုန်းကွယ်ဖို့လိုသည်” ဟု အသေအချာပင် တွေးကြသည်။ ၎င်းတို့သည် အစဉ် ပုန်းကွယ်ရန်လိုသည်ဟု ခံစားရသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတစ်ခု ဖြစ်သလော။ (ဟုတ်သည်။) စာတန်၏ ဖြားယောင်းသွေးဆောင်မှုသည် ဤဖောက်ပြန်ပျက်စီးသော စိတ်သဘောထား၏ အရင်းအမြစ်တွင်ရှိသည်။ ဘုရားသခင်ကို သတိထားရှောင်ပြီး ပုန်းကွယ်သောအခါ၌ ၎င်းတို့၏ စိတ်နှလုံးတွင် ဘုရားသခင်ကို ယုံကြည်ဆဲဖြစ်သလော။ ၎င်းတို့သည် ဘုရားသခင်ကို အမှီပြုဆဲဖြစ်သလော။ (မဖြစ်ပါ။) ဤသို့ဆိုလျှင် မည်သည့်အရာ ကျန်ရှိသနည်း။ (သတိထားရှောင်ခြင်း ဖြစ်သည်။) ကျန်ရှိသည့်အရာများမှာ သတိထားရှောင်ခြင်းနှင့် သံသယဖြစ်ခြင်း၊ ထို့အပြင် ဝေးကွာခြင်း၊ ကြောက်ရွံ့ခြင်းနှင့် သံသယတို့သာ ဖြစ်သည်။ ဤအရာများအားလုံး ဖြစ်လာခဲ့သည်။ ၎င်းတို့က “ဘုရားသခင်သည် ငါတို့ကို ဒုက္ခပေးမည်လော။ ငါတို့သည် ဝတ်လစ်စလစ်ဖြစ်ပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ မည်သည့်အရာမျှမရှိ။ ဘုရားသခင်က ငါတို့ကို ဒဏ်ခတ်နိုင်သလော။ ငါတို့ကို သတ်နိုင်သလော” ဟုပင် တွေးကြသည်။ ၎င်းတို့၏ အသက်များကို ဘုရားသခင်က ပေးခြင်းဖြစ်ပြီး သူသည် ၎င်းတို့ကို အသေအချာပင် အလွန်ပေါ့တန်စွာ သတ်မည်မဟုတ်ဆိုသည်ကို ၎င်းတို့ လုံးဝ မတွေးမိပေ။ ၎င်းတို့၏ စိတ်များသည် မရှင်းမလင်းဖြစ်နေပြီး စိတ်ရှုပ်ထွေးလာကြသည်။ လူသားမျိုးနွယ်အပေါ် စာတန်၏ ဖျက်ဆီးမှုသည် လက်ရှိအချိန်ထိ ဆက်လက် ဖြစ်ပေါ်နေသည်။ ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ သဘောထားကို လူတို့၏ မျက်လုံး၌ မြင်တွေ့နိုင်ပြီး မည်သည့်အခါမျှ မပြောင်းလဲခဲ့ပေ။ ရိုးသားစစ်မှန်မှုက မရှိတော့ပေ။ ဘုရားသခင်အပေါ် စစ်မှန်သော ယုံကြည်မှု၊ စိတ်ချမှု၊ အားကိုးမှုတို့ မရှိတော့ပေ။ ဤအရာ၏ အရင်းအမြစ်သည် မည်သည့်နေရာတွင် တည်ရှိသနည်း။ (စာတန်၏ ဖျက်ဆီးမှုတွင် တည်ရှိပါသည်။) မှန်သည်။ ယင်းသည် စာတန်၏ ဖျက်ဆီးမှုတွင် တည်ရှိသည်။ စာတန်သည် လူသားမျိုးနွယ်ကို ဆိုးဝါးစွာ ဒုက္ခပေးခဲ့ပြီး ဖြစ်သည်။ စာတန်က လူသားမျိုးနွယ်ကို မဖျက်ဆီးမီအချိန်က အလွန် ကောင်းမွန်ခဲ့သည်ဟု လူတို့က ထင်နိုင်သော်လည်း လက်တွေ့တွင် ကယ်တင်ခြင်းခံရပြီး သမ္မာတရားကို နားလည်ကာ ဘုရားသခင်ကို သိပြီးနောက်ပိုင်းဖြစ်သည့် အချိန်နှင့် နှိုင်းယှဉ်သောအခါတွင် ယခင်အချိန်က အခြေအနေများသည် ကယ်တင်ခြင်းခံရပြီးနောက်ပိုင်းကဲ့သို့ မကောင်းသေးပေ။ သင်တို့ ရွေးချယ်နိုင်သည်ဆိုလျှင် ဤဖြစ်ရပ်များထဲမှ မည်သည့်ဖြစ်ရပ်ကို သင်တို့ ရွေးချယ်မည်နည်း။ (ကယ်တင်ခြင်းခံရပြီးနောက် အချိန်ဖြစ်သည်။) စင်စစ်အားဖြင့် လူတို့အနေဖြင့် မည်သည့်အရာကိုမျှ ရွေးချယ်ရန် မသင့်လျော်ပေ။ လူသားများသည် မရွေးချယ်နိုင်ပေ။ ဤအရာကို ဘုရားသခင်က အမိန့်ဖြင့်ပြဋ္ဌာန်းထားသည်။ ယင်းသည် လူသားမျိုးနွယ်၏ ကံကြမ္မာဖြစ်သည်။ စာတန်၏ ဖျက်ဆီးခြင်းကို မခံရမီတွင် လူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အားကိုးခဲ့သော်လည်း ပထမဆုံး လူသားမျိုးနွယ်သည် သမ္မာတရားကို နားမလည်ခဲ့သကဲ့သို့ ဘုရားသခင် မည်သူဖြစ်သည်ကိုလည်း မသိခဲ့ကြပေ။ ယခုအခါတွင် လူတို့သည် အနည်းဆုံးအနေဖြင့် ဤအရာနှင့် သက်ဆိုင်သည့် အယူအဆတစ်ခုရှိသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်ထံမှ လာသည်ကိုလည်းကောင်း၊ ၎င်းတို့သည် ဖန်ဆင်းခံများဖြစ်ပြီး ဘုရားသခင်သည် ၎င်းတို့၏ ဖန်ဆင်းရှင်ဖြစ်သည်ကိုလည်းကောင်း ၎င်းတို့သိသည်။ ဘုရားသခင်သည် အရာရာတိုင်းအား စီမံအုပ်စိုးသည်ကို ၎င်းတို့ သိသည်။ သို့သော် ထိုအချိန်က လူတို့သည် ဤအရာများကို နားမလည်ခဲ့ပေ။ ၎င်းတို့သည် အလွန်ပင် ရိုးရှင်းသည်။ ဆိုလိုသည်မှာ ဘုရားသခင်က ၎င်းတို့အား တွေ့မြင်မည်ကိုဖြစ်စေ၊ ၎င်းတို့အား လှောင်ရယ်မည်ကိုဖြစ်စေ မကြောက်သကဲ့သို့ အရာရာတိုင်းတွင် ဘုရားသခင်အား အားကိုးခဲ့ကြသည်။ ၎င်းတို့၏ ယုံကြည်မှုများသည် ထိုမျှ ရိုးရှင်းသည်။ သို့တိုင်အောင် ဘုရားသခင်က မည်သူဖြစ်သည်ကို ၎င်းတို့ သိခဲ့သလော။ မသိခဲ့ပေ။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်ခဲ့သော အမှုအားလုံးသည် လူသားမျိုးနွယ်အတွက် လေးနက်သောတန်ဖိုးရှိပြီး ကြီးမားသော အရေးပါမှုရှိသည်။ အားလုံးက ကောင်းမွန်သည်။ ဘုရားသခင်အပေါ် လူသားမျိုးနွယ်၏ ပုန်ကန်မှုသမိုင်းအကြောင်းကို ငါတို့ ပြောသောအခါ သင်တို့သည် အတော်ပင် ဝမ်းနည်းသလော။ လူသားမျိုးနွယ်နှင့် ဘုရားသခင်တို့ကြားရှိ တစ်ခါက ရင်းနှီးသော ဆက်ဆံရေးသည် အလွန်ဝေးကွာသွားခဲ့သည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို စစ်မှန်စွာ ကာကွယ်ပြီးချစ်သည်။ သို့တိုင်အောင် လူသားများက ဘုရားသခင်ကို သံသယဝင်သည်။ ၎င်းတို့သည် မိမိတို့ကိုယ်ကို ဘုရားသခင်ထံမှ ပုန်းကွယ်ပြီး ခပ်ခွာခွာနေကြသည်။ ဘုရားသခင်ကို ရန်သူအဖြစ်ပင် မြင်ကြသည်။ ဤအရာကို ပြောရသည်မှာ အမှန်ပင် ဝမ်းနည်းမှုများစွာကို ဖြစ်ပေါ်စေသည်။ သို့သော် ငါတို့၏ မုန်းတီးမှုကို စာတန်အပေါ်တွင်သာ ဦးတည်နိုင်သည်။ လူသားမျိုးနွယ်ကို အလွန်ဆိုးဝါးစွာ ဖျက်ဆီးခဲ့သည်မှာ စာတန်ဖြစ်သည်။ စာတန်သည် လူသားမျိုးနွယ်ကို ဤသို့သောအတိုင်းအတာအထိ ဖျက်ဆီးခဲ့သော်လည်း ဘုရားသခင်တွင် လူသားမျိုးနွယ်ကို ကယ်တင်ရန် နည်းလမ်းရှိသည်။ စာတန်က မည်သို့ နှောင့်ယှက်ပါစေ လူသားမျိုးနွယ်ကို ကယ်တင်သည့် ဘုရားသခင်၏ အမှုကို ထိခိုက်မည်မဟုတ်။ ဤသည်မှာ ဘုရားသခင်၏ အနန္တတန်ခိုး၊ ဘုရားသခင်၏ ဩဇာအာဏာဖြစ်သည်။
အန္တိခရစ်များသည် အတွေ့အကြုံနှင့် အသိပညာအနည်းငယ်ကို တတ်မြောက်ပြီး သင်ခန်းစာအချို့ကို သင်ယူပြီးသည်နှင့် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်ကြသည်။ ငါတို့သည် ဤအကြောင်းအရာနှင့် ပတ်သက်၍ အနည်းနှင့်အများဆိုသလို လုံလောက်စွာ မိတ်သဟာယဖွဲ့ပြီး ဖြစ်သည်။ ယင်းထံမှ မည်သည့်အချက်အလက်ကို သင်တို့ ရရှိပြီးကြသနည်း။ မည်သည့်သမ္မာတရားများကို သင်တို့ နားလည်သနည်း။ (အသိပညာကို ကျွန်ုပ်တို့ တန်ဖိုးမထားသင့်ပါ။) ဤသည်မှာ ကဏ္ဍတစ်ခုဖြစ်သည်။ အခြားအရာများ ရှိသလော။ (လူသားမျိုးနွယ်သည် မည်သည့်အခါမျှ သမ္မာတရားမဟုတ်သကဲ့သို့ ဘုရားအဖြစ် ဟန်မဆောင်သင့်ပါ။) သမ္မာတရားအဖြစ် ဟန်ဆောင်ခြင်းသည် ယင်းကိုယ်၌က အပြုသဘောဆောင်သောအရာ မဟုတ်ပေ။ သမ္မာတရားသည် ဟန်ဆောင်၍ ရနိုင်သောအရာတစ်ခု မဟုတ်။ ယင်းသည် ဘုရားသခင်၏ အနှစ်သာရ ဖြစ်သည်။ ဘုရားသခင်သည် သင့်အား သမ္မာတရားအချို့ ပံ့ပိုးပေးသည်။ သမ္မာတရားအနည်းငယ်ကို ရခြင်းသည် အတော်အတန် ကောင်းမွန်နေပြီ ဖြစ်သည်။ သို့တိုင်အောင် လူအချို့သည် သမ္မာတရား၏ ပြယုဂ်ဖြစ်လိုသည်။ ဤသည်မှာ မဖြစ်နိုင်ပေ။ ဤသို့သော အဆိုများသည် လုံးဝပင် အခြေအမြစ်မရှိ။ ထို့အပြင် လူတို့သည် ဘုရားသခင်အား ယုံကြည်ခြင်းမှတစ်ဆင့် ကယ်တင်ခြင်းခံရလိုလျှင် လက်တွေ့ကျသော ပုံစံဖြင့် ကျင့်ကြံပြုမူရန် သင်ယူပြီး စုံလင်ခြင်းအား မလိုက်စားရပေ။ “စုံလင်ခြင်း” ဆိုသည့် စကားရှိနိုင်သော်လည်း ဖန်ဆင်းခံလူသားများက စုံလင်လာခြင်းဟူသည့် အယူအဆသည် မခိုင်လုံပေ။ စုံလင်ခြင်းသည် ဘုရားသခင်ထံတွင်သာ တွေ့ရှိနိုင်သည်။ ဖောက်ပြန်ပျက်စီးမှုများဖြင့် ပြည့်နေသော လူသားများထဲတွင် မည်သူက စုံလင်သနည်း။ ဘုရားသခင် ဖန်ဆင်းသည့်အရာရာတိုင်းသည် အပြစ်အနာအဆာမရှိ။ ဤသည်မှာ “စုံလင်ခြင်း” ဟု ငါတို့ ခေါ်သည့်အရာ ဖြစ်သည်။ ပင်လယ်ထဲမှ ငါး၊ ကောင်းကင်မှ ငှက်များ၊ ကမ္ဘာမြေပေါ်တွင် လှည့်လည်သွားလာသော ကြက်ငှက်နှင့် သားရဲတိရစ္ဆာန်များကို စဉ်းစားကြည့်လော့။ ၎င်းတို့အားလုံးသည် စုံလင်သည်။ မကောင်းသောအရာ တစ်ခုတလေကို သင်ရှာတွေ့နိုင်သလော။ ထို့နောက်တွင် သက်ရှိသတ္တဝါအားလုံးဖြင့် ဖွဲ့စည်းထားသော ဇီဝဆိုင်ရာ ကွင်းဆက်ရှိသည်။ မည်မျှ စုံလင်လိုက်သနည်း။ ဖောက်ပြန်ပျက်စီးသော လူသားသည် ပျက်စီးခြင်းကိုသာ ဖြစ်စေနိုင်ပြီး စုံလင်ခြင်းမရှိ၊ အပြစ်အနာအဆာရှိပြီး ချို့တဲ့သည်။ တစ်ကိုယ်ကောင်းဆန်ပြီး စက်ဆုပ်ဖွယ်ကောင်းလိုက်လေခြင်း။ ဘုရားသခင် ဖန်ဆင်းသောအရာရာတိုင်းက ကောင်းမွန်သည်။ သစ်ပင်များပေါ်ရှိ သစ်ရွက်များတွင် ပုံသဏ္ဌာန်မျိုးစုံရှိသည်။ တိရစ္ဆာန် ကြီးကြီးငယ်ငယ်မရွေး အားလုံးသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံမျိုးစုံရှိပြီး တစ်မျိုးစီတွင် ကိုယ်ပိုင်အခန်းကဏ္ဍ ရှိသည်။ ဘုရားသခင်သည် လူသားမျိုးနွယ်ကို အလေးထားလွန်းသည်။ သို့ရာတွင် လူသားမျိုးနွယ်သည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရကာ အရာအားလုံးကို စီမံခန့်ခွဲရန် ပျက်ကွက်လေသည်။ ဤအစား လူသားမျိုးနွယ်သည် အမှုအရာများကို ဖျက်ဆီးပြီး ဘုရားသခင်၏ အပင်ပန်းခံရသော ရည်ရွယ်ချက်ကို ဖြုန်းတီးသည်။ လူသားများသည် ဤအရာအားလုံးကို မချစ်မြတ်နိုးခဲ့ပေ။ ထိုထက် ၎င်းတို့သည် အားတက်သရော ဖျက်ဆီးခဲ့သည်။ အရင်းအမြစ်အားလုံးကို အလွန်အကျွံ ဖြုန်းတီးပြီး ဖျက်ဆီးခဲ့သည်။ ဤအရာ၏ ရလဒ်မှာ အဘယ်နည်း။ အဆုံးစွန်ရလဒ်မှာ အဘယ်နည်း။ ၎င်းတို့သည် စိုက်သည့်အတိုင်း ရိတ်ရသည်။ ပတ်ဝန်းကျင်က ပျက်စီးသည်။ အစားအစာ ကွင်းဆက်က နှောင့်ယှက်ခြင်းခံရသည်။ လေထု ညစ်ညမ်းပြီး ရေက မသန့်ပေ။ သဘာဝဖြစ်သော အစားအစာမကျန်ရှိပေ။ ရေသောက်ရန် သန့်ရှင်းသောရေပင်မရှိ။ ထို့ကြောင့် “စုံလင်ခြင်း” အယူအဆသည် စာတန်၏ ဖျက်ဆီးခြင်းကို ခံရသော လူသားများကြားတွင် မရှိပေ။ သမ္မာတရားအား လိုက်စားခြင်းခေါင်းစဉ်အောက်တွင် စုံလင်ခြင်းခံရသည်၊ သို့မဟုတ် စုံလင်ခြင်းကို လိုက်စားနေသည်ဟု အခိုင်အမာဆိုသူ မည်သူမဆိုသည် ခိုင်လုံခြင်းမရှိသည့် အဆိုတစ်ခုကို ပြုလုပ်နေခြင်းဖြစ်သည်။ ယင်းသည် လှည့်ဖြားသော၊ အထင်အမြင်မှားစေသော မုသားဖြစ်သည်။ သို့တိုင်အောင် ဤသို့သော ဖောက်ပြန်ပျက်စီးသည့် လူသားများသည် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်လိုကြသည်။ ၎င်းတို့သည် မကောင်းသောအရာများစွာကို လုပ်ဆောင်ပြီးသည့်တိုင် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်နိုင်သည်ဟု ထင်ဆဲ ဖြစ်သည်။ ဤသည်မှာ ၎င်းတို့၏ စာတန်ဆန်သော သဘာဝသည် မပြောင်းလဲဟု မဆိုလိုသလော။ (ဆိုလိုပါသည်။) သမ္မာတရားလုံးဝ မရှိသည့်တိုင် သမ္မာတရား၏ ပြယုဂ်အဖြစ် ဟန်ဆောင်လိုဆဲဖြစ်ခြင်းမှာ ဤစာတန်၏ အနွယ်ဝင် အမျိုးအစားများသည် အရှက်မဲ့လိုက်လေခြင်း။
၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ ၂၀ ရက်
မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။