၉၁၁ ဖန်ဆင်းရှင်၏သြဇာအာဏာသည် မပြောင်းလဲပေကျူး
၁ ဘုရားသခင်သည် သြဇာအာဏာနှင့် တန်ခိုးကို ပိုင်ဆိုင်သော်လည်း၊ သူသည် သူ၏လုပ်ဆောင်မှုများ၌ အလွန် တင်းကျပ်ပြီး စည်းကမ်းရှိကာ သူ၏ကတိကို တည်လေသည်။ သူ၏ တင်းကျပ်မှုနှင့် သူ၏ လုပ်ဆောင်ချက်များ၏ အခြေခံသဘောတရားများက ဖန်ဆင်းရှင်၏ ပုန်ကန်ပြစ်မှား၍ မရခြင်းနှင့် ဖန်ဆင်းရှင်၏ သြဇာအာဏာနှင့်ဆိုင်သည့် ကျော်လွန်၍မရခြင်းကို ပြသသည်။ သူသည် အထွတ်အထိပ် သြဇာအာဏာကို ပိုင်ဆိုင်ထားပြီး အရာအားလုံးသည် သူ၏အုပ်စိုးမှုအောက်တွင်ရှိသော်လည်း၊ ပြီးလျှင် သူသည် အရာအားလုံးကို အုပ်စိုးရန် တန်ခိုးရှိသော်လည်း၊ ဘုရားသခင်သည် မည်သည့်အခါတွင်မျှ သူကိုယ်တိုင်၏ အစီအစဉ်ကို ထိခိုက်ခြင်း သို့မဟုတ် နှောင့်ယှက်ခြင်း မပြုဖူးသကဲ့သို့၊ သူ၏သြဇာအာဏာကို အသုံးပြုသည့် အချိန်တိုင်းတွင်၊ ယင်းသည် သူ၏ ကိုယ်ပိုင် အခြေခံသဘောတရားများနှင့် အတိအကျ ကိုက်ညီပြီး သူ့နှုတ်မှ ပြောဆိုထားခဲ့သည့်အရာနောက် အတိအကျ လိုက်ကာ သူ၏ အစီအစဉ်နှင့်သက်ဆိုင်သည့် အဆင့်များနှင့် ရည်မှန်းချက်များနောက် လိုက်လေသည်။ ဘုရားသခင်အုပ်စိုးသည့် အရာခပ်သိမ်းသည်လည်း ဘုရားသခင်၏ သြဇာအာဏာကို အသုံးပြုထားသည့် အခြေခံသဘောတရားများကို လိုက်နာကြပြီး မည်သည့်လူ သို့မဟုတ် မည်သည့်အရာကမျှ သူ၏ သြဇာအာဏာ၏ အစီအစဉ်များမှ မလွတ်ကင်းသကဲ့သို့၊ သူ၏သြဇာအာဏာ အသုံးပြုထားသည့် အခြေခံသဘောတရားများကို ၎င်းတို့ မပြောင်းလဲနိုင်သည်ကို ပြောစရာမလိုပေ။
၂ ဘုရားသခင်၏ အမြင်တွင်၊ ကောင်းချီးခံစားရသည့်သူများသည် သူ၏ သြဇာအာဏာက ဖြစ်ပေါ်စေသည့် ကောင်းမွန်သည့် အခွင့်အလမ်းများကို ရရှိကြပြီး ကျိန်ဆဲခံရသူများမှာ ဘုရားသခင်၏ သြဇာအာဏာကြောင့် ၎င်းတို့၏ အပြစ်ပေးခြင်းကို ရရှိကြပေသည်။ ဘုရားသခင်၏ သြဇာအာဏာနှင့်ဆိုင်သည့် အချုပ်အခြာအာဏာ အောက်တွင်၊ မည်သည့်လူ သို့မဟုတ် မည်သည့်အရာမျှသည် သူ၏သြဇာအာဏာ အသုံးပြုခြင်းမှ မကင်းလွတ်သကဲ့သို့၊ သူ့သြဇာအာဏာကို အသုံးပြုထားသည့် အခြေခံ သဘောတရားများကိုလည်း မပြောင်းလဲနိုင်ပေ။ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် အကြောင်းရင်းတစ်ခုတစ်လေ၌ ပြောင်းလဲခြင်းအားဖြင့် မပြောင်းလဲနိုင်ပေ၊ အလားတူစွာ၊ သူ၏ သြဇာအာဏာကို အသုံးပြုသည့် အခြေခံသဘောတရားများသည် မည်သည့်အကြောင်းရင်းအတွက်မျှ မပြောင်းလဲပေ။ မိုးကောင်းကင်နှင့် မြေကြီးသည် ကြီးစွာသော ကသောင်းကနင်း ဖြစ်မှုများကို ကြုံရနိုင်သော်လည်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် ပြောင်းလဲလိမ့်မည်မဟုတ်ပေ။ အရာအားလုံး ဆိတ်သုဉ်းပျောက်ကွယ်သွားနိုင်သော်လည်း၊ ဖန်ဆင်းရှင်၏ သြဇာအာဏာသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည် မဟုတ်။ ဤသည်မှာ ဖန်ဆင်းရှင်၏ မပြောင်းလဲနိုင်သကဲ့သို့ ပုန်ကန်ပြစ်မှား၍မရနိုင်သည့် သြဇာအာဏာ၏ အနှစ်သာရဖြစ်ပြီး ဖန်ဆင်းရှင်၏ တကယ့် အတုမရှိခြင်း ဖြစ်ပေသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၁)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်