အို ဘုရားသခင်၊ ကျွန်ုပ်သည် ကိုယ်တော်မရှိဘဲ မနေနိုင်ပါ
၁
ကိုယ်တော့် အသံတော်က ကျွန်ုပ်အား ကိုယ်တော့် မျက်မှောက်တော်ဆီသို့ လမ်းပြသည်။
ကိုယ်တော့် နှုတ်ကပတ်တော်များက ကျွန်ုပ်၏ နှလုံးသားကို သိမ်းပိုက်သည်။
ကိုယ်တော့်၏ နူးညံ့သော ချစ်ခြင်းမေတ္တာ၊ အသက်နှင့်ဆိုင်သော ကိုယ်တော့်၏ နှုတ်ကပတ်တော်များ၊
ကျွန်ုပ်နှလုံးသားကို တင်းကျပ်စွာ ဆုပ်ကိုင်ထားပြီး၊ ကျွန်ုပ်အား ကိုယ်တော့်ကို ချစ်စေသည်။
ကျွန်ုပ် အတွေးများတွင် ကိုယ်တော် အမြဲရှိနေသည်။ ကျွန်ုပ် အတွေးများတွင် ကိုယ်တော် အမြဲရှိနေသည်။
၂
ကိုယ်တော့်နှုတ်ကပတ်တော်များက ကျွန်ုပ်အား ကိုယ်တော့်ကို နက်ရှိုင်းစွာ ချစ်စေသည်၊
ပြောမပြနိုင်လောက်သည့် ချစ်ခြင်းမေတ္တာတစ်ခု။
ကိုယ်တော့်၏လှပသော မျက်နှာသည် ချစ်ခြင်းမေတ္တာကို ဖြစ်စေသည်၊ ကိုယ်တော့်၏ ကြင်နာသော နှုတ်ကပတ်တော်များက လူတို့၏ နှလုံးသားများကို နိုးကြားစေသည်။
ပြုပြင်ခြင်း၊ ကိုင်တွယ်ဖြေရှင်းခြင်းနှင့်နှင့် ဉာဏ်အလင်းပေးခြင်းတို့က ကျွန်ုပ်အား ကိုယ်တော့်ချစ်ခြင်းမေတ္တာကို မြည်းစမ်းခွင့်ပေးသည်။
ကိုယ်တော့်ချစ်ခြင်းမေတ္တာသည် ကျွန်ုပ် နှလုံးသားကို ပြည့်ဝစေသည်။ ကျွန်ုပ်သည် ကိုယ်တော်မရှိဘဲ မနေနိုင်ပါ။
၃
ကိုယ်တော့် စိတ်သဘောထားသည် ဖြောင့်မတ်သည်၊ သန့်ရှင်းသည်၊ အလွန်ချစ်ဖွယ်ကောင်းသည်။
ကိုယ်တော့် ဉာဏ်ပညာ နှင့် အံ့သြဖွယ်ကောင်းမှုတို့က ညှို့ယူဖမ်းစားသည်။
ယနေ့ ကျွန်ုပ်သည် စစ်ဆေးခံရပြီး၊ နာကျင်မှုက ကျွန်ုပ်နှလုံးသားကို စစ်ဆေးသော်လည်း၊
ကိုယ်တော့်နှုတ်ကပတ်တော်များက ကျွန်ုပ်နှင့် အမြဲအတူရှိနေပြီး၊ ကျွန်ုပ် အတတ်နိုင်ဆုံး ကိုယ်တော့်ကို ချစ်ဖို့သာ ဆန္ဒရှိသည်။
ကိုယ်တော့်စီစဉ်ညွှန်ကြားမှုများ အလယ်တွင် ကျွန်ုပ် ညည်းညူခြင်းမရှိပါ။ အို၊ ကိုယ်တော့်စီစဉ်ညွှန်ကြားမှုများ အလယ်တွင် ကျွန်ုပ် ညည်းညူခြင်းမရှိပါ။
၄
လူသားမျိုးနွယ်အတွက် ကိုယ်တော့် ချစ်ခြင်းမေတ္တာသည် အလွန် မှန်ကန်ပြီး၊ စစ်မှန်သည်။
ကိုယ်တော့်ကို စိတ်ကျေနပ်စေဖို့ ကျွန်ုပ် တတ်နိုင်သမျှဝမ်းမြောက်စွာ လုပ်ဆောင်သည်။
စမ်းသပ်မှုများနှင့် စစ်ဆေးခြင်းတို့က ပြင်းထန်သော်လည်း၊ ကိုယ်တော့် နှုတ်ကပတ်တော်များ၏ လမ်းပြမှုဖြင့်၊
ကိုယ်တော့်၌ ကျွန်ုပ် ယုံကြည်ခြင်း အပြည့်အဝ ရှိသည်။ ကျွန်ုပ် ကိုယ်တော့်ကို ချစ်နိုင်ပြီး၊ သက်သေခံနိုင်ပါက၊
ဆင်းရဲဒုက္ခ မည်မျှကြီးပါစေ ကျွန်ုပ် လိုလားပါသည်။ အို၊ ကိုယ်တော့်အတွက် ကျွန်ုပ်၏ ချစ်ခြင်းမေတ္တာသည် မည်သည့်အခါမျှ မပြောင်းလဲပါ။