၈၃၈ လူတိုင်း၌ စုံလင်စေခြင်းခံရရန် အခွင့်အရေးရှိ၏ကျူး

၁ လူတိုင်း စုံလင်စေခြင်း ခံရမည့် အခွင့်အရေးရှိ၏- သင်သည် လိုလားခြင်းရှိမှသာ၊ သင်သည် လိုက်စားရှာဖွေခြင်းရှိမှသာ၊ အဆုံးတွင် သင်သည် ဤရလဒ်ကို ရရှိနိုင်လိမ့်မည် ဖြစ်ပြီး၊ သင်တို့ထဲမှ တစ်ဦးမျှ စွန့်ပစ်ခံရမည် မဟုတ်ပေ။ သင်သည် အရည်အချင်းညံ့ဖျင်းပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏ သတ်မှတ်ချက်များသည် သင်၏ညံ့ဖျင်းသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် အရည်အချင်းမြင့်မားပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏မြင့်မားသည့် အရည်အချင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် မသိနားမလည်ဖြစ်ကာ စာမတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ စာမတတ်ခြင်းနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် စာတတ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင် စာတတ်မြောက်သည့် အချက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် သက်ကြီးရွယ်အို တစ်ဦးဖြစ်ပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် သင်၏ အသက်နှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာနိုင်စွမ်း ရှိပါက၊ သင်နှင့်သက်ဆိုင်သည့် ငါ၏သတ်မှတ်ချက်များသည် ဤတတ်စွမ်းနိုင်မှုနှင့်အညီ ဖြစ်လိမ့်မည်။ သင်သည် ဧည့်ဝတ်ပျူငှာမှုမပေးနိုင်ဘဲ၊ တာဝန်တချို့ကိုသာ လုပ်ဆောင်နိုင်သည်ဟု သင်ဆိုပါက သင့်ကို ငါ၏စုံလင်စေခြင်းသည် သင်ဆောင်ရွက်သည့် တာဝန်နှင့်အညီ ဖြစ်လိမ့်မည်။

၂ သစ္စာစောင့်သိခြင်း၊ တကယ့်အဆုံးထိ နာခံခြင်းနှင့် ဘုရားသခင်ကို အဆုံးစွန် ချစ်ခြင်းရှိဖို့ ကြိုးစားခြင်း- ဤသည်မှာ သင် ဖြစ်မြောက်ရမည့်အရာ ဖြစ်ပြီး၊ ဤအရာသုံးခုထက် သာ၍ ကောင်းမွန်သော လက်တွေ့လုပ်ဆောင်မှုများ မရှိပေ။ နောက်ဆုံးတွင် လူသားသည် ဤအရာသုံးခုကို ရရှိရန်လိုအပ်ပြီး၊ ၎င်းတို့ကို ရရှိနိုင်ပါက စုံလင်စေခြင်းခံရလိမ့်မည်ဖြစ်သည်။ သို့ရာတွင်၊ အရေးကြီးဆုံးမှာ သင်သည် အမှန်တကယ် လိုက်စားရှာဖွေရမည်၊ သင်သည် ရှေ့သို့နှင့် အထက်သို့ တက်ကြွစွာ တက်လှမ်းရမည်ဖြစ်ပြီး၊ ယင်းနှင့်ပတ်သက်၍ မတုန်မလှုပ် မနေရ။ လူတိုင်းတွင် စုံလင်စေခြင်းခံရရန် အခွင့်အရေးရှိပြီး၊ စုံလင်စေခြင်းခံရနိုင်စွမ်း ရှိကာ၊ ဤသည်မှာ မှန်ကန်ကြောင်းကို ငါပြောပြီးဖြစ်သော်လည်း၊ သင်သည် သင်၏ လိုက်စားရှာဖွေမှုတွင် သာ၍ ကောင်းမွန်ရန် မကြိုးစားပေ။ အကယ်၍ သင်သည် ဤစံသုံးရပ်ကို မရရှိပါက၊ အဆုံးတွင် ဖယ်ရှားခြင်းခံရပေမည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ လူ၏သာမန်ဘဝကို နဂိုအတိုင်း ပြန်ဖြစ်လာစေခြင်းနှင့် သူ့ကို အံ့သြဖွယ်ကောင်းသော ခရီးပန်းတိုင်သို့ ခေါ်ဆောင်သွားခြင်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၈၃၇ စုံလင်သောသူ ဘယ်လိုဖြစ်နိုင်မည်နည်း

နောက်တစ်ခုသို့- ၈၃၉ စုံလင်စေခြင်းကို လူတိုင်းခံရနိုင်ရန် ဘုရားအလိုရှိ၏ကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၁၆၅ ဘုရား၏ဆင်းကြွခြင်းကို ဘယ်သူမျှ သတိမပြုမိ

၁လူ့သား၏ဘဝသည် မပြောင်းမလဲ ဆက်လက်ရှိနေ လူသား၏နှလုံးသားလည်း ထိုနည်းအတိုင်းပင် ထုံးစံအတိုင်း နေ့ရက်တို့ ကုန်ဆုံး ဘုရားသည် ကျွန်ုပ်တို့ထဲ၌...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၈၂ ငြိမ်သက်ခြင်း ချမ်းသာရရှိရန် လူသားတို့၏ တစ်ခုတည်းသောလမ်း

၁ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းဖြင့်ဘုရား၏ နောက်ဆုံးသန့်စင်ခြင်းအတွင်းခိုင်မာစွာ ရပ်တည်သူများ နောက်ဆုံးသော...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။