ကျွန်ုပ်တို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ကျွန်ုပ်တို့ ရွေးချယ်ရမည်
၁ နောက်ဆုံးသောကာလ ခရစ်တော်သည် သမ္မာတရားကို ဖော်ပြပြီး ဘုရားသခင်၏ ဖြောင့်မတ်ခြင်းကို ထုတ်ဖော်ပြသည်။ ဘုရားသခင်သည် သမ္မာတရားဖြစ်ပြီး အားလုံးအဖို့ သူ ဖြောင့်မတ်တော်မူသည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို မလိုက်လျှောက်ဘဲ ဘုရားသခင်အား ယုံကြည်လျှင် ကျွန်ုပ်တို့သည် အဆုံး၌ သုတ်သင်ဖယ်ရှင်းခံရမည်။ ဘုရားသခင်သည် လူသားတို့၌ သမ္မာတရားရှိ၊မရှိအပေါ်တွင် အခြေခံ၍ လူသား၏ နောက်ဆုံးရလဒ်ကို ဆုံးဖြတ်သည်။ အပြင်ပန်း၌ ကောင်းမွန်သည့် အပြုအမူများသည် အသက်ရှိခြင်းအား ကိုယ်စားမပြုပါ။ ကောင်းမှုမရှိလျှင်၊ သမ္မာတရားမရှိလျှင် ဘုရားသခင်သည် ကျွန်ုပ်တို့ထံမှ ရှောင်ခွာသွားမည်ဖြစ်သည်။ ဘုရားသခင်၏ စိတ်သဘောထားသည် သန့်ရှင်းပြီး ဖြောင့်မတ်သည်။ ကိုယ်တော်သည် ပုန်ကန်ပြစ်မှားမှုကို ခွင့်မပြု။ ဒုစရိုက်များစွာကို လုပ်ဆောင်ပြီး ဘုရားသခင်ကို အာခံသောသူတို့သည် အပြစ်ဒဏ်ပေးခြင်းကို ခံရကြလိမ့်မည်။ ကျွန်ုပ်တို့၏ ကိုယ်ပိုင်လမ်းကြောင်းကို ကျွန်ုပ်တို့ ရွေးချယ်ရမည်ဖြစ်ပြီး မည်သူမျှ ကျွန်ုပ်တို့အတွက် လုပ်ဆောင်မပေးနိုင်ပါ။ သမ္မာတရားကို နာခံသည့် ရိုးသားသောသူတို့သာလျှင် လူ့သဘာဝရှိသည့် လူတို့ဖြစ်ကြသည်။ သမ္မာတရားကို လက်တွေ့လုပ်ဆောင်ခြင်းနှင့် စစ်မှန်မှုဖြင့် အသက်ရှင်နေထိုင်ခြင်းဖြင့်သာ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ကျွန်ုပ်တို့ ရရှိနိုင်သည်။
၂ မိမိ၏ ယုံကြည်မှု၌ ဘုရားသခင်၏ ချီးမွမ်းခြင်းကို ရရှိရန်အတွက် ဘုရားသခင်ကို ချစ်ခြင်းနှင့် ဘုရားသခင်ကို နာခံခြင်းသည် အရေးပါဆုံးဖြစ်သည်။ သန့်စင်ခံရဖို့ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံသောသူတို့သာ ဉာဏ်ပညာရှိကြသည်။ ရာထူးနေရာ၊ ကျော်ကြားမှု၊ စည်းစိမ်၊ သို့မဟုတ် မာနဘဝင်မြင့်မှုအား လိုက်စားခြင်း၌ တန်ဖိုး သို့မဟုတ် အဓိပ္ပါယ်မရှိပါ။ သူတို့၏တာဝန်ကို ဖြည့်ဆည်းပြီး သမ္မာတရားကို လက်တွေ့လုပ်ဆောင်သော သူတို့သာလျှင် ဘုရားသခင်၏ နောက်လိုက်များဖြစ်ကြသည်။ တရားကိုသာဟောကြားနိုင်ပြီး သမ္မာတရားအား လက်တွေ့မလုပ်ဆောင်နိုင်လျှင် ၎င်းသည် လုံးဝ အနှစ်သာရကင်းမဲ့သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို အမှန်တကယ်ချစ်ပြီး ကောင်းသောသက်သေကို ခံမှသာ မှန်ကန်သော အသက်တာကို အသက်ရှင်နိုင်သည်။ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်းနှင့် ကိုင်တွယ်ဖြေရှင်းခြင်းအားလုံးတို့သည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြစ်သည်။ စမ်းသပ်ခြင်းများနှင့် စစ်ဆေးခြင်းများ ကျရောက်လာသည့်အခါ သက်သေရပ်တည်နိုင်ခြင်းသည် ဘုရားသခင်အား ဘုန်းအထင်ရှားစေဆုံး ဖြစ်သည်။ ဒုက္ခခံစားခြင်းနှင့် စမ်းသပ်ခြင်းတို့သည် လူသားတစ်ယောက်တွင် သမ္မာတရား ရှိ၊မရှိကို အရှင်းလင်းဆုံး ပြသသည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို ရရှိပြီး ဘုရားသခင်ကို သိကျွမ်းသည့်အခါမှသာ ဘုရားသခင်အား သက်သေခံနိုင်သည်။ ထို့အပြင် သမ္မာတရားအား ကျွန်ုပ်တို့ လိုက်လျှောက်ပြီး စိတ်သဘောထားဆိုင်ရာ ပြောင်းလဲမှု ရရှိသည့်အခါမှသာ ကျွန်ုပ်တို့ အောင်မြင်သည်။