၂၉၇ ဝမ်းနည်းစရာ ကမ္ဘာလောကကြီးအတွက် မြည်တမ်းခြင်း

အချိန်ကာလ ရွေ့လျား ဘဝကုန်ဆုံးလို့နေ

နှစ်တွေဟာ အိပ်မက်တစ်ခုလိုပင်

ကျော်ကြားမှုနှင့် ကြွယ်ဝခြင်းအတွက် ပြေးလွှားရုန်းကန်

လောကအရာတွေအတွက် ဘဝတွေ ကုန်လွန်

သမ္မာတရား အတွက် ဘာမှမပေးရသေး

ဒီလိုနဲ့ပဲ နုပျိုချိန်တွေ ကုန်ဆုံးသွားခဲ့

ဘုရားကိုယ်တိုင် ခံစားရသော ဒုက္ခဝေဒနာများ

သူ့ရဲ့ကြီးမားတဲ့မေတ္တာတော်ကို အောက်မေ့ ဆင်ခြင်မှု မရှိ

အကျိုးမဲ့သော နေ့ရက်တို့ကို အချည်းနှီး ဖြတ်ကျော။

ဘုရားအတွက် တစ်ရက်ပင် အသက်မရှင်ခဲ့

ဘုရားရှင်ရဲ့နှုတ်ခမ်းလွှာကို ပြုံးစေဖို့ရာ မစွမ်းနိုင်ခဲ့။

အဓိပ္ပာယ်ကင်းမဲ့သော ဘဝ၏နေ့ရက်များ။

ဘုရားရဲ့နှလုံးသားကို ဘယ်သူ နားလည်ပြီလဲ

အသက်ရှင်ခြင်းနှင့်သေခြင်းတရားကို

ဘုရားနဲ့အတူ ဘယ်သူ မျှယူနိုင်လဲ

နှုတ်ကပတ်တော်အားလုံးကို ဘယ်သူ တန်ဖိုးထားပြီလဲ

ဘယ်သူကများ ဘုရားရှင်ထံ အလုံးစုံကို ဆပ်ကပ်ထားလဲ


လူသားမှာ သက်သောင့်သက်သာနားနိုင်သော နေအိမ်ကလေးနဲ့။

ဘုရားမှာတော့ ခေါင်းချစရာပင် နေရာမရှိ

ဘယ်နှစ်ယောက်များ မိမိကိုယ်ကိုယ် ပူဇော်ကြလဲ။

ကိုယ်တော်ရှင်မှာ အအေးဒဏ်၊

တစ်လောကလုံးရဲ့ ဒုက္ခဝေဒနာကို ခံစားရလည်း

ဘယ်သူမှလည်း စာနာမှု မပြခဲ့ပါ

လူသားအတွက် ကြောင့်ကြကာရယ် သူတို့ကြားမှာ ပျားပန်းခတ်လို့

မမောမပန်း အမှုတော်ဆောင်

ဘုရားအကြောင်း အချိန်ယူ တွေးတောနေတာ ဘယ်သူရှိလဲ

ရာသီတွေ ရောက်လာလိုက် ထွက်သွားလိုက် ဖြစ်ပေမဲ့

ကိုယ်တော် လူကို ရှိသမျှ ပေးနေတယ်

ကိုယ်တော်ရှင်ရဲ့စိတ်သက်သာမှုအတွက် ဘယ်သူ မေးခဲ့ဖူးလဲ

လူသားများ ဘုရားဆီက ဘယ်လောက်ပူဆာလိုက်ကြတာ။

အလိုတော်ကို ဘယ်တော့မှ မတွေးမိကြ

မိသားစုဘဝ၌ ပျော်ရွှင်နေ ကြပေမဲ့

ကိုယ်တော်ရှင်ကို အဘယ့်ကြောင့် ငိုကြွေးစေကြလဲ

ဘယ်ချိန်မှာ နွေဦးပန်းများ ဖူပွင့်နေမှု ခဏ ရပ်တန့်မလဲ

အချစ်စစ်က ဟောဒီ ကမ္ဘာလောကကြီးမှာ

ဝမ်းနည်းမှုနှင့်ပျော်ရွှင်မှု၊ ဘဝ အတက်နှင့်အကျ၊

ရာသီစက်ဝန်းများ အဆက်မပြတ် လည်ပတ်

ဘုရားရှင်ဟာ တစ်နှစ်ပြီး တစ်နှစ် စွန့်ပစ်ခံခဲ့ရပြီ

ဘယ်လောက်ဝမ်းနည်းစရာကောင်းတဲ့ ကမ္ဘာလောကကြီးလဲ

အရှေ့သို့- ၂၉၆ အသင်းတော် ဓမ္မတေးသီချင်း

နောက်တစ်ခုသို့- ၂၉၈ ဘုရားရဲ့ပူဆွေးသောကကို ဘယ်သူ နားလည်သလဲ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

၄၀၀ ယုံကြည်သူတို့ လိုက်လံ သင့်သည့် လမ်းစဉ်

၁ သင် ယခု မည်သည့်အရာကို မီအောင်လိုက်သင့်သနည်း။ သင်သည် ဘုရားသခင်၏ အမှုကို သက်သေခံနိုင်စွမ်းရှိမရှိ၊ သင်သည် ဘုရားသခင်၏ သက်သေခံချက်တစ်ခုနှင့်...

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။