၇၆၅ ဘုရား၏နှစ်လိုဖွယ်ကောင်းခြင်းကို သိရရန် ဘုရား၏အမှုကို တွေ့ကြုံလော့ကျူး

၁ ဘုရားသခင်၏အနှစ်သာရသည် လူသားယုံကြည်ရုံ အတွက်သာ မဟုတ်ပေ။ လူသား ချစ်ခင်ရန်အတွက်လည်း ဖြစ်၏။ သို့ရာတွင် ဘုရားသခင်ကို ယုံကြည်သော သူများစွာတို့သည် ဤ “လျှို့ဝှက်ချက်” ကို ရှာဖွေတွေ့ရှိနိုင်စွမ်း မရှိကြပေ။ လူတို့သည် ဘုရားသခင်ကို မချစ်ရဲကြ၊ ဘုရားသခင်ကို ချစ်ရန်အတွက်လည်း မကြိုးစားကြပေ။ ဘုရားသခင်နှင့်ပတ်သက်၍ ချစ်ခင်ဖွယ်ရာများ များစွာရှိသည်ကို သူတို့သည် တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်သည် လူသားကို ချစ်သောဘုရားဖြစ်ကြောင်း၊ ဘုရားသခင်သည် လူသားချစ်ရန်အတွက် ဖြစ်ကြောင်းကို သူတို့တစ်ခါမျှ မသိခဲ့ပေ။ ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ် ကောင်းမှုကို သူ၏အလုပ်တွင် ဖော်ပြထားသည်။ လူတို့သည် ဘုရားသခင်၏အလုပ်ကို ကြုံတွေ့ခံစားသည့်အခါမှသာလျှင်၊ သူ၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သိနိုင်ကြမည် ဖြစ်သည်။ သူတို့၏ တကယ့် အတွေ့အကြုံများအားဖြင့် သာလျှင် ဘုရားသခင်၏ ချစ်ခင်နှစ်သက်ဖွယ်ကောင်းမှုကို သူတို့ သတိထားမိနိုင်မည် ဖြစ်သည်။ ၎င်းကို လက်တွေ့ဘဝတွင် စောင့်ကြည့်လေ့လာခြင်း မရှိဘဲနှင့် မည်သူမျှ ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုကို သိနိုင်မည် မဟုတ်ပေ။ ဘုရားသခင်၌ ချစ်စရာကောင်းသော အချက်များစွာရှိ၏၊ သို့ရာတွင် သူနှင့်အမှန်တကယ် ထိတွေ့ဆက်ဆံမှုမရှိဘဲ၊ လူတို့သည် ထိုအရာကို သိနိုင်စွမ်း ရှိမည်မဟုတ်ပေ။

၂ အကယ်၍ ဘုရားသခင်သည် လူ့ဇာတိ မခံယူခဲ့ပါက၊ လူတို့သည် ဘုရားသခင်နှင့် အမှန်တကယ် ထိတွေ့ဆက်ဆံနိုင်စွမ်း ရှိမည်မဟုတ်ပေ။ ဘုရားသခင်၏ အလုပ်ကိုလည်း တွေ့ကြုံနိုင်ကြမည် မဟုတ်ချေ။ သို့ဖြစ်လျှင် ဘုရားသခင်အပေါ်ထားသော သူတို့၏ ချစ်ခြင်းမေတ္တာ သည်လည်း မှားယွင်းမှုနှင့် စိတ်ကူးယဉ်မှု အမြောက်အမြားဖြင့် စွန်းထင်းနေမည် ဖြစ်သည်။ ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းသည် မြေကြီးပေါ်၌ရှိသော ဘုရားသခင်ကို ချစ်ခြင်းလောက် မစစ်မှန်ပေ၊ အကြောင်းရင်းမှာ ကောင်းကင်ဘုံရှိ ဘုရားသခင်နှင့် ပတ်သက်သော လူတို့၏အသိဉာဏ်သည် သူတို့၏ ကိုယ်ပိုင် မျက်လုံးများဖြင့် မြင်သည့်အရာများ၊ သူတို့ကိုယ်တိုင် ကြုံတွေ့ခဲ့သည့် အရာများထက်၊ သူတို့၏ စိတ်ကူးယဉ်မှုများ အပေါ်တွင်သာ တည်ဆောက် ထားသောကြောင့် ဖြစ်သည်။ ဘုရားသခင်သည် ကမ္ဘာမြေကြီးပေါ်သို့ ရောက်လာချိန်တွင် လူတို့သည် သူ၏စစ်မှန်သော လုပ်ဆောင်ချက်များနှင့် သူ၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းမှုတို့ကို တွေ့မြင်နိုင်ကြသည်၊ ပြီးလျှင် သူ၏လက်တွေ့ကျပြီး သာမန်ဖြစ်သည့် စိတ်သဘောထားနှင့် သက်ဆိုင်သော အရာအားလုံးကို တွေ့နိုင်ကြသည်၊ ဤအရာများ အားလုံးသည် ကောင်းကင်ဘုံ၌ရှိသော ဘုရားသခင်နှင့် ပတ်သက်သည့် အသိထက် အဆထောင်ပေါင်းများစွာ ပို၍စစ်မှန်သည်။

၃ လူတို့သည် ကောင်းကင်ဘုံရှိ ဘုရားသခင်ကို မည်မျှပင် ချစ်စေကာမူ၊ ထိုချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ စစ်မှန်သောအရာ တစ်စုံတစ်ခုမျှ မရှိဘဲ၊ ယင်းသည် လူသားတို့၏ ထင်မြင်ချက်များဖြင့်သာ ပြည့်နေသည်။ မြေကြီးပေါ်ရှိ ဘုရားသခင်ကို သူတို့၏ချစ်ခြင်းမှာ မည်မျှပင်သေးငယ်စေကာမူ ဤချစ်ခြင်းသည် စစ်မှန်ပေသည်။ စိုးစဉ်းမျှသာ ဖြစ်နေလျှင်ပင်၊ ယင်းသည် စစ်မှန်ဆဲဖြစ်ပေသည်။ ဘုရားသခင်သည် စစ်မှန်သော အလုပ်မှတစ်ဆင့် သူ့ကို လူများ သိလာအောင် လုပ်ဆောင်ပြီး ဤအသိမှတစ်ဆင့် လူတို့၏ချစ်ခြင်းမေတ္တာကို သူရယူသည်။ ယင်းမှာ ပေတရုကဲ့သို့ပင်ဖြစ်သည်- အကယ်၍ ပေတရုသည် ယေရှုနှင့်အတူ အသက်မရှင်ခဲ့လျှင်၊ ယေရှုကို သူ ကြည်ညိုရန် ဖြစ်နိုင်ခဲ့လိမ့်မည် မဟုတ်ပေ။ ထို့အတူ ယေရှုအပေါ်ထားသော သူ၏ သစ္စာစောင့်သိမှုသည်လည်း ယေရှုနှင့် သူ၏ထိတွေ့ဆက်ဆံမှုအပေါ်တွင် တည်ဆောက် ထားခဲ့သည်။ လူတို့ သူ့ကို ချစ်လာစေရန်အတွက် ဘုရားသခင်သည် လူတို့ အလယ်သို့ ကြွဆင်းလာပြီး လူတို့နှင့်အတူ နေထိုင်၏၊ ပြီးလျှင် ဘုရားသခင်က လူတို့ကို မြင်တွေ့စေသည့် တွေ့ကြုံခံစားစေသည့် အရာအားလုံးသည် ဘုရားသခင်၏ စစ်မှန်မှုပင် ဖြစ်သည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ဘုရားသခင်ကို ချစ်သောသူများသည် သူ၏အလင်းထဲတွင် ထာဝရနေထိုင်လိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၆၄ ဘုရားကို ချစ်ရန် သူ၏ ချစ်ဖွယ်ကောင်းမှုကို သင်တွေ့ကြုံရမည်

နောက်တစ်ခုသို့- ၇၆၆ ဘုရားသခင်ကို ချစ်သည့်သူများ၏ ဆောင်ပုဒ်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၁၀၂၀ ဘုရား၏လူအားလုံး စိတ်ခံစားချက်တို့ကို ရင်ဖွင့်

၁အရာခပ်သိမ်းကို ဘုရားသခင် အုပ်စိုးသောနေရာ ဘုရား၏နိုင်ငံတော်ကို မျှော်ကြည့်ပါ ဖန်ဆင်းခြင်းစတင်ခဲ့ချိန်မှ ယခုနေ့ရက်တိုင်၊ ဘုရား လမ်းပြခဲ့သော...

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။