၇၆၁ သင်သည် ဘုရားသခင်အတွက် စစ်မှန်သော ယုံကြည်ခြင်း ရှိသလော

၁ သင်သည် ဇာတိခန္ဓာ၏ သုခချမ်းသာ သို့မဟုတ် တစ်ခဏတာ သာယာမှုအတွက် ဘုရားသခင်ကို ချစ်ပါက၊ ထို့နောက် အဆုံး၌ ဘုရားသခင်အား သင်၏ချစ်ခြင်းသည် အထွတ်အထိပ် ရောက်ရှိပြီး နောက်ထပ် သင်ဘာမျှပင် မတောင်းဆိုလင့်ကစား သင်ရှာဖွေသော ဤချစ်ခြင်းမေတ္တာသည် ညစ်ညမ်းသော ချစ်ခြင်းမေတ္တာသာ ဖြစ်ပြီး ဘုရားသခင်အဖို့ နှစ်လိုဖွယ်ရာ မဟုတ်ပေ။ ဘုရားသခင်အားချစ်ခြင်းကို မိမိတို့၏ ငြီးငွေ့ဖွယ် တည်ရှိမှုကို ကြွယ်ဝချမ်းသာစေရန်နှင့် မိမိတို့နှလုံးသားများရှိ လစ်ဟာမှုကို ဖြည့်ဆည်းရန် အသုံးပြုသူများမှာ ငြိမ်းအေးသက်သာသော အသက်တာကို အလိုကြီးသော လူမျိုးများသာ ဖြစ်ပြီး ဘုရားသခင်ကိုချစ်ရန် အမှန်တကယ် ရှာဖွေနေသောသူများ မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အတင်းအကျပ်ချစ်ခြင်း ဖြစ်သည်၊ စိတ်ကျေနပ်မှုကို လိုက်စားခြင်းဖြစ်ပြီး ဘုရားသခင်သည် ဤကဲ့သို့သော အရာကို မလိုအပ်ပေ။ ထို့ကြောင့် သင်၏ချစ်ခြင်းသည် မည်ကဲ့သို့သော ချစ်ခြင်းမျိုးနည်း။ ဘုရားသခင်ကို သင်မည်သည့်အတွက်ကြောင့် ချစ်သနည်း။ ယခုတွင် သင့်အတွင်း၌ ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်း မည်မျှရှိ သနည်း။

၂ သင်တို့အများစု၌ရှိသော ချစ်ခြင်းသည် ယခင် အထက်တွင် ဖော်ပြခဲ့ပြီးသည့် အမျိုးအစားဖြစ်သည်။ ထိုကဲ့သို့သော ချစ်ခြင်းမျိုးသည် ရှိရင်းစွဲကိုသာလျှင် ထိန်းသိမ်းနိုင်၏၊ ထာဝရတည်မြဲမှုကို မရရှိနိုင်သကဲ့သို့ လူသား၌လည်း အမြစ်တွယ်နိုင်မည် မဟုတ်ပေ။ ဤချစ်ခြင်းမျိုးသည် အသီးမသီးဘဲ ပွင့်လန်းပြီး ညှိုးနွမ်းသောပန်းနှင့်သာ တူသည်။ တစ်နည်းအားဖြင့်ဆိုရလျှင် ဘုရားသခင်ကို ထိုကဲ့သို့သောနည်းဖြင့် တစ်ကြိမ်ချစ်ပြီးနောက်တွင် ရှေ့၌ရှိသောလမ်းကြောင်း၌ သင့်ကိုဦးဆောင်မည့်သူ မရှိပါက၊ သင်သည် လဲပြိုကျသွားမည်ဖြစ်သည်။ သင်သည် ဘုရားသခင်အား ချစ်နေသည့်အချိန်၌သာ ချစ်နိုင်သော်လည်း နောက်ပိုင်းတွင် သင်၏အသက် စိတ်သဘောထား မပြောင်းလဲဘဲ ရှိနေပါက၊ သင်သည် အမှောင်ထုလွှမ်းမိုးမှု၏ ပိတ်ဖုံးမှုအောက်မှ မလွတ်မြောက်နိုင်ဘဲနေပြီး စာတန်မာရ်နတ်၏ အနှောင်အဖွဲ့များနှင့် ယင်း၏ လိမ်လည်လှည့်စားမှုမှလည်း သင်ရုန်းထွက်နိုင်လိမ့်မည် မဟုတ်ပေ။

၃ ဤကဲ့သို့သောလူ မည်သူမျှ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်ပေ။ အဆုံး၌ သူ၏ဝိညာဉ်၊ စိတ်နှင့်ခန္ဓာသည် စာတန်မာရ်နတ်နှင့် သက်ဆိုင်နေဦးမည်။ ဤအကြောင်းနှင့် ပတ်သက်၍ သံသယမရှိနိုင်ပေ။ ဘုရားသခင်၏ အပြည့်အဝရယူခြင်းကို မခံရနိုင်သောသူများသည် သူတို့၏ မူလနေရာ၊ ဆိုလိုသည်မှာ စာတန်မာရ်နတ်ထံသို့ ပြန်သွားမည်ဖြစ်ပြီး ဘုရားသခင်၏ အပြစ်ဒဏ်ပေးခြင်း ဖြစ်သော နောက်တစ်ဆင့်ကို ခံယူရန် ကန့်နှင့်ရောနှောသော မီးအိုင်သို့ ဆင်းသက်ကြလိမ့်မည်။ ဘုရားသခင်၏ ရယူခြင်းခံရသူတို့သည် စာတန်မာရ်နတ်အား ကျောခိုင်းပြီး သူ၏အုပ်စိုးမှုအောက်မှလည်း လွတ်မြောက်သော သူများ ဖြစ်သည်။ ထိုသူတို့ကို နိုင်ငံတော်၏လူများထဲတွင် တရားဝင် ထည့်တွက်ထားသည်။ ဤသည်မှာ နိုင်ငံတော်၏လူများ ဖြစ်ပေါ်လာပုံဖြစ်သည်။ သင်သည် ဤကဲ့သို့သောလူမျိုး ဖြစ်လာရန် ဆန္ဒရှိသလော။ သင်သည် ဘုရားသခင်၏ ရယူခြင်းခံရရန် ဆန္ဒရှိသလော။ စာတန်၏ အုပ်စိုးမှုအောက်မှ လွတ်မြောက်၍ ဘုရားသခင်ထံ ပြန်လာရန် ဆန္ဒရှိသလော။ ယခု သင်သည် စာတန်နှင့် သက်ဆိုင်သလော သို့မဟုတ် နိုင်ငံတော်၏လူများထဲတွင် ထည့်တွက်ခံရသလော။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ ယုံကြည်သူများသည် မည်သည့်ရှုထောင့်အား ဆုပ်ကိုင်ထားသင့်သနည်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၇၆၀ အစွန်းအထင်းမရှိ ဖြူစင်သောမေတ္တာ

နောက်တစ်ခုသို့- ၇၆၂ သင်သည် ဘုရားသခင်ကို အမှန်တကယ် မချစ်ပေ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၀၉ လမ်းမှန်ရှာဖွေဖို့အတွက် လမ်းစဉ်များ

၁ စစ်မှန်သောလမ်းခရီးကို ရှာခြင်း၌ အခြေခံအကျဆုံးနိယာမမှာ မည်သည့်အရာနည်း။ သင့်အနေဖြင့် ဤလမ်းခရီး၌ သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ရှိ မရှိ၊...

၁၀၁၅ လူသားအပေါ် ဘုရား ပေးတဲ့ အကြီးမားဆုံး ကောင်းချီး

၁သခင်ဘုရားနှုတ်တော် စုံခြင်းဖြင့် နိုင်ငံရဲ့ပုံပေါ်ထွက်လာလူပြန်လှည့်ခြင်း အားဖြင့် မူလနေရာကို ဘုရားနိုင်ငံတည်လာဘုရားရဲ့လူတွေ နိုင်ငံထဲ...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။