၂၂၆ သုံးပါးတစ်ဆူ တည်ရှိပါသလောကျူး
၁ အကယ်၍ သင်တို့အထဲတွင် သုံးပါးတစ်ဆူ အမှန်တကယ် တည်ရှိသည်ဟု ပြောဆိုသူရှိပါက၊ ပုဂ္ဂိုလ်သုံးပါးထဲရှိ ဤဘုရားသခင်တစ်ဆူသည် မည်သည့်အရာ အတိအကျဖြစ်သည်ကို ရှင်းပြလော့။ သန့်ရှင်းသော ခမည်းတော် ဆိုသည်မှာ အဘယ်နည်း။ သားတော်ဆိုသည်မှာ အဘယ်နည်း။ သန့်ရှင်းသော ဝိညာဉ်တော် ဆိုသည်မှာ အဘယ်နည်း။ ယေဟောဝါသည် သန့်ရှင်းသော ခမည်းတော်လော။ ယေရှုသည် သားတော်လော။ သို့ဆိုလျှင် သန့်ရှင်းသော ဝိညာဉ်တော်မှာ မည်သည့်အရာဖြစ်သနည်း။ ခမည်းတော်သည် ဝိညာဉ်တော်ဖြစ်သည် မဟုတ်လော။ သားတော်၏ အနှစ်သာရသည်လည်း ဝိညာဉ်တော် ဖြစ်သည် မဟုတ်လော။ ယေရှု၏ အမှုသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အမှုဖြစ်သည် မဟုတ်လော။ ထိုအချိန်က ယေဟောဝါ၏ အမှုကို ယေရှုကဲ့သို့ အလားတူ ဝိညာဉ်တော်က ဆောင်ရွက်ခဲ့သည် မဟုတ်လော။ ဘုရားသခင်သည် ဝိညာဉ်တော်များ မည်မျှရှိနိုင်သနည်း။
၂ သင်၏ ရှင်းပြချက်အရ၊ ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော် ပုဂ္ဂိုလ်သုံးပါးတို့သည် တစ်ဆူဖြစ်သည်၊ သို့ဆိုပါက ဝိညာဉ်တော် သုံးပါးရှိပေသည်၊ သို့သော် ဝိညာဉ်တော် သုံးပါးရှိခြင်းသည် ဘုရားသခင်သုံးဆူ ရှိသည်ဟု ဆိုလိုသည်။ ဤသည်မှာ စစ်မှန်သော ဘုရားသခင် တစ်ဆူမျှမရှိဟု ဆိုလိုပေသည်။ ဤသို့သော ဘုရားသခင်မျိုးသည် အဘယ်သို့ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဆက်ရှိနိုင်ဦးမည်နည်း။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်ဟု သင်လက်ခံပါက၊ သူသည် အဘယ်သို့ သားတော်တစ်ပါးနှင့် ခမည်းတော်တစ်ပါး ရှိနိုင်သနည်း။ ဤအရာအားလုံးသည် သင်၏ အယူအဆများ မဟုတ်လော။ ဘုရားသခင် တစ်ဆူတည်းသာ ရှိသည်၊ ဤဘုရားသခင်တွင် ပုဂ္ဂိုလ်တစ်ပါးတည်းနှင့် ဘုရားသခင်၏ ဝိညာဉ်တော် တစ်ပါးတည်း ရှိသည်မှာ သမ္မာကျမ်းစာထဲ၌ “သန့်ရှင်းသော ဝိညာဉ်တော် တစ်ပါးတည်းသာရှိ၍ ဘုရားသခင် တစ်ဆူတည်းသာ ရှိတော်မူ၏။” ဟူ၍ ရေးသားသကဲ့သို့ ဖြစ်ပေသည်။
၃ သင်ပြောသည့် ခမည်းတော်နှင့်၊ သားတော် တည်ရှိသည်ဖြစ်စေ၊ မတည်ရှိသည်ဖြစ်စေ၊ စင်စစ်တွင် ဘုရားသခင် တစ်ဆူတည်းသာ ရှိပြီး၊ သင်တို့ယုံကြည်သော ခမည်းတော်၊ သားတော်နှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရသည် သန့်ရှင်းသော ဝိညာဉ်တော်၏ အနှစ်သာရ ဖြစ်သည်။ တစ်နည်းအားဖြင့်၊ ဘုရားသခင်သည် ဝိညာဉ်တော်ဖြစ်၏၊ သို့သော် သူသည် လူ့ဇာတိခံယူနိုင်ပြီး လူတို့အလယ် နေထိုင်နိုင်သည့်အပြင် အရာအားလုံး၏ အထက်၌ ရှိနေနိုင်သည်။ သူ၏ ဝိညာဉ်တော်သည် အလုံးစုံ အပါအဝင်ဖြစ်ပြီး နေရာတိုင်းတွင် ရှိသည်။ သူသည် ဇာတိခန္ဓာထဲနှင့် စကြဝဠာအထက်တွင် တစ်ပြိုင်နက်တည်း ရှိနေနိုင်သည်။ လူအားလုံးက ဘုရားသခင်သည် စစ်မှန်သော တစ်ဆူတည်းသော ဘုရားသခင် ဖြစ်သည်ဟု ပြောကြသည့်အတွက်၊ မည်သူမျှ စိတ်ထင်တိုင်း ခွဲ၍မရသည့် ဘုရားသခင်တစ်ဆူတည်း ရှိပေသည်။ ဘုရားသခင်သည် တစ်ပါးတည်းသော ဝိညာဉ်တော် ဖြစ်ပြီး၊ တစ်ပါးတည်းသော ပုဂ္ဂိုလ် ဖြစ်ကာ၊ ယင်းသည် ဘုရားသခင်၏ ဝိညာဉ်တော် ဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သုံးပါးတစ်ဆူ တည်ရှိပါသလော” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်