၂၁၄ နောက်ဆုံးသောကာလ၏ တရားစီရင်ခြင်းအား ငြင်းဆန်သူတို့ကို ဘုရားသုတ်သင်လိမ့်မည်ကျူး
၁ သုတေသနလုပ်ရန် ရည်ရွယ်ချက်၊ သို့မဟုတ် လက်ခံရန် ရည်ရွယ်ချက်ဖြင့် ဤစာအုပ်ကို သင်ဖွင့်ခဲ့ခြင်း ဖြစ်ကောင်း ဖြစ်နိုင်သည်။ သင်၏သဘောထား မည်သည့်အရာဖြစ်ပါစေ၊ ယင်းကို သင်အဆုံးအထိ ဖတ်လိမ့်မည်ဖြစ်ပြီး အလွယ်တကူ မေ့ထားလိမ့်မည်မဟုတ်ဟု ငါမျှော်လင့်သည်။ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက်၊ သင်၏ သဘောထား ပြောင်းလဲကောင်း ပြောင်းလဲလိမ့်မည်၊ သို့သော် ယင်းမှာ သင်၏စိတ်ပါဝင်စားမှုနှင့် သင်၏ နားလည်ခြင်း အတိုင်းအတာအပေါ် မူတည်သည်။ သို့သော် သင်သိသင့်သည့် အရာတစ်ခုရှိသည်- ဘုရားသခင်၏ နှုတ်ကပတ်တော်ကို လူ့စကားအဖြစ် ပြော၍ မရဘဲ၊ လူ့စကားကို ဘုရားသခင်၏ နှုတ်ကပတ်တော်အဖြစ် သာ၍ပင် ပြော၍ မရပေ။ ဘုရားသခင် အသုံးပြုသောသူသည် လူ့ဇာတိခံ ဘုရားသခင် မဟုတ်သကဲ့သို့၊ လူ့ဇာတိခံ ဘုရားသခင်သည် ဘုရားသခင် အသုံးပြုသော လူတစ်ဦး မဟုတ်ပေ။ ဤတွင် ပဓာနကျသော ကွဲပြားမှုတစ်ခု ရှိသည်။
၂ ဤနှုတ်ကပတ်တော်များကို ဖတ်ပြီးနောက် ယင်းတို့ကို ဘုရားသခင်၏ နှုတ်ကပတ်တော်များအဖြစ် သင်လက်မခံဘဲ၊ လူသားက ရရှိပြီးဖြစ်သည့် ဉာဏ်ပွင့်ခြင်းအဖြစ်သာ လက်ခံခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ထိုသို့ဖြစ်ပါက၊ သင်သည် မသိနားမလည်မှု၏ မျက်စိအလင်းကွယ်စေခြင်း ခံရပေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် လူသားက ရရှိသည့် ဉာဏ်ပွင့်ခြင်းနှင့် မည်သို့ တူညီနိုင်မည်နည်း။ လူ့ဇာတိခံ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် ခေတ်သစ်တစ်ခုကို ဖွင့်လှစ်သည်၊ လူသားမျိုးနွယ် အားလုံးကို လမ်းပြသည်၊ နက်နဲမှုများကို ထုတ်ဖော်ပြပြီး၊ ခေတ်သစ်တွင် လူသားလျှောက်လှမ်းရမည့် ဦးတည်ရာကို ပြသပေသည်။ လူသားရရှိသော အသိဉာဏ်ပွင့်လင်းခြင်းမှာ လက်တွေ့လုပ်ဆောင်ခြင်း သို့မဟုတ် အသိပညာအတွက် ရိုးရှင်းသော သွန်သင်မှုများသာ ဖြစ်သည်။ ယင်းက လူသားမျိုးနွယ်အားလုံးကို ခေတ်သစ်တစ်ခုထဲသို့ လမ်းပြနိုင်ခြင်းမရှိ၊ သို့မဟုတ် ဘုရားသခင်ကိုယ်တိုင်၏ နက်နဲမှုများကို ထုတ်ဖော်မပြနိုင်ပေ။
၃ နောက်ဆုံး စာရင်းချုပ်လိုက်သောအခါ၊ ဘုရားသခင်သည် ဘုရားသခင်ဖြစ်ပြီး လူသည် လူဖြစ်သည်။ ဘုရားသခင်သည် ဘုရားသခင်၏ အနှစ်သာရရှိပြီး လူသည် လူ၏အနှစ်သာရ ရှိသည်။ လူသည် ဘုရားသခင် ပြောဆိုသော စကားများကို သန့်ရှင်းသော ဝိညာဉ်တော်၏ ရိုးရှင်းသော ဉာဏ်ပွင့်စေခြင်း အဖြစ် ရှုမြင်ပြီး၊ တမန်တော်များနှင့် ပရောဖက်များ၏စကားများကို ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ ပြောဆိုသော စကားများအဖြစ် မှတ်ယူပါက၊ လူတို့၏အမှား ဖြစ်ပေမည်။ မည်သို့ပင်ဖြစ်စေ သင်သည် အမှန်နှင့် အမှားကို မည်သည့်အခါတွင်မျှ မရောထွေးသင့်ပေ၊ သို့မဟုတ် မြင့်မားသောအရာကို နိမ့်ကျသောအရာ မဖြစ်စေသင့်၊ သို့မဟုတ် လေးနက်သောအရာကို ပေါ့တန်သောအရာနှင့် မမှားသင့်ပေ။ မည်သို့ပင်ဖြစ်စေ အမှန်တရားဟု သင်သိထားသောအရာကို တမင်သက်သက် မည်သည့်အခါတွင်မျှ မငြင်းဆိုသင့်ပေ။ ဘုရားသခင်တစ်ပါး ရှိသည်ဟု ယုံကြည်သူတိုင်းသည် ပြဿနာများကို မှန်ကန်သော ရှုထောင့်မှ စုံစမ်းသင့်ပြီး၊ ဘုရားသခင်၏ အမှုသစ်နှင့် သူ၏ နှုတ်ကပတ်တော်အသစ်များကို သူ၏ ဖန်ဆင်းခံ ရှုထောင့်မှ လက်ခံသင့်ပေသည်။ သို့မဟုတ်ပါက ဘုရားသခင်၏ သုတ်သင်ပယ်ရှင်းခြင်းကို ၎င်းတို့ ခံရလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ ကျမ်းဦးစကား ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်