၆၆၂ ဘုရားအမှုအား တွေ့ကြုံနည်းကို သင်သိရမည်ကျူး
၁ အကယ်၍ ဘုရားသခင်ပြုသောအမှုကို သင်မကြုံတွေ့ရပါက စုံလင်ခြင်းသို့ မည်သည့်အခါမျှ သင်ရောက်နိုင်မည်မဟုတ်။ ဘုရားသခင်ပြုသောအမှုကို အချိန်မရွေး၊ နေရာမရွေး ကြုံတွေ့နိုင်ပြီး ဆင်ခြင်နိုင်သည့်အခါမှ၊ သိုးထိန်းထံမှ သင်တို့ စွန့်ခွာနိုင်ကာ ဘုရားသခင်ကို အားကိုးပြီး သူတစ်ပါးအပေါ် မှီခိုရခြင်းမရှိဘဲ အသက်ရှင်နိုင်သည့်အခါမှ၊ ထို့အပြင် ဘုရားသခင်၏ လုပ်ရပ် အစစ်အမှန်များကို အမှန်တကယ် သင်တို့ မြင်နိုင်သည့်အခါမှသာ ဘုရားသခင်၏အလိုတော် ပြည့်စုံမည်ဖြစ်သည်။ ယခုအချိန်တွင်မူ လူအများစုသည် ၎င်းကို မည်ကဲ့သို့ ကြုံတွေ့ရမည်ကို မသိကြ။ ပြဿနာတစ်ခုကို ၎င်းတို့ တွေ့ကြုံရသည့်အခါ ၎င်းကို မည်သို့ ကိုင်တွယ်ဖြေရှင်းရမှန်း မသိကြ၊ ဘုရားသခင်ပြုသောအမှုကို ၎င်းတို့ ကြုံတွေ့နိုင်ခြင်း မရှိကြဘဲ ဝိညာဉ်ရေးရာ အသက်တာကို ဦးဆောင်လမ်းပြနိုင်ခြင်း မရှိကြ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် အမှုတို့ကို သင်၏ လက်တွေ့အသက်တာထဲသို့ ယူဆောင်ရမည်။
၂ သင်၏ အတွင်းမှဝမ်းမြောက်မှုကို သင်ဆုံးရှုံးရခြင်းနှင့် ဘုရားသခင်၏ မျက်မှောက်တော်ကို သင်ဆုံးရှုံးရခြင်းနှင့် သင်သည် မှောင်မိုက်ထဲ၌ ရှိနေခြင်း စသဖြင့် တစ်ခါတစ်ရံ ဘုရားသခင်သည် သင့်ကို အချို့သော ခံစားချက်အမျိုးအစားကို ပေးသည်။ ဤသည်မှာ စစ်ဆေးခြင်းအမျိုးအစားတစ်ခု ဖြစ်သည်။ တစ်စုံတစ်ရာကို သင်လုပ်ဆောင်သည့်အခါ အလွဲလွဲအချော်ချော် ဖြစ်ခြင်း သို့မဟုတ် ဆက်မလုပ်နိုင်အောင် ရပ်တန့်သွားခြင်း ဖြစ်နေမည်။ ဤသည်မှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်း ဖြစ်သည်။ တစ်စုံတစ်ရာကို သင်လုပ်ကောင်းလုပ်နေပြီး လုပ်နေသည့်အရာအတွက် အထူးတလည် ခံစားချက်မရှိသည့်အပြင် အခြားသူများ မသိသော်လည်း ဘုရားသခင် သိသည်။ သူသည် သင့်ကို အလွတ်မပေး၊ သင့်ကို သူဆုံးမပဲ့ပြင်လိမ့်မည်။ သန့်ရှင်းသောဝိညာဉ်တော် ပြုသောအမှုသည် အလွန်အသေးစိတ်ကျသည်။ သူသည် လူတို့၏ စကားနှင့် အပြုအမူတစ်ခုချင်းစီ၊ ၎င်းတို့၏ လုပ်ဆောင်မှုနှင့် ရွေ့လျားမှုတစ်ခုချင်းစီကိုသာမက ၎င်းတို့၏ အကြံအစည်နှင့် အတွေးအခေါ် တစ်ခုချင်းစီကို အလွန်တိတိကျကျလေ့လာကာ လူတို့အား ထိုအရာများကို အတွင်းထဲမှ သတိပြုမိစေသည်။
၁ တစ်စုံတစ်ရာကို သင်တစ်ကြိမ်လုပ်သောအခါ အလွဲလွဲအချော်ချော် ဖြစ်နေသည်၊ ၎င်းကို နောက်တစ်ကြိမ် သင်လုပ်သောအခါတွင်လည်း အလွဲလွဲအချော်ချော် ဆက်ဖြစ်နေသည့်အခါ သန့်ရှင်းသောဝိညာဉ်တော် ပြုသောအမှုကို သင်တဖြည်းဖြည်း နားလည်လာမည်။ အကြိမ်များစွာ ဆုံးမပဲ့ပြင်ခံခြင်းအားဖြင့် သင်သည် ဘုရားသခင်၏အလိုအတော်နှင့်အညီ မည်သည်တို့ကို လုပ်ရမည်ကိုသာမက သူ၏အလိုတော်နှင့်မညီသောအရာမှာ မည်သည့်အရာ ဖြစ်ကြောင်း သင်သိလာမည်။ အဆုံးတွင် သင့်အထဲမှ သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းပြမှုကို မှန်ကန်တိကျစွာ တုံ့ပြန်မှုများ ရှိလာမည်။ တစ်ခါတစ်ရံ သင်ဆန့်ကျင်ပုန်ကန်တတ်ပြီး ဘုရားသခင်၏ ပြစ်တင်ကြိမ်းမောင်းခြင်းကို အတွင်းထဲမှ ခံရလိမ့်မည်။ ဤအရာအားလုံးမှာ ဘုရားသခင်၏ ဆုံးမပဲ့ပြင်ခြင်းမှ လာသည်။ အကယ်၍ ဘုရားသခင်ကို သင်တန်ဖိုးမထားပါက၊ အကယ်၍ သူ၏အမှုကို သင်စော်ကားပါက၊ သူသည် သင့်ကို ဂရုစိုက်မည်မဟုတ်။ ဘုရားသခင်၏နှုတ်ကပတ်တော်များအပေါ် ပို၍ သင်အလေးထားလေ၊ သင့်ကို ပို၍ သူအလင်းဖွင့်ပြလေဖြစ်သည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။