စုံလင်စေခြင်းခံရသူများ၌ရှိသည့် ဖော်ပြချက်များကျူး
လူတို့သည် စုံလင်အောင် ပြုလုပ်ပေးခြင်းခံရမည့် လမ်းပေါ်သို့ စတင်လျှောက်လှမ်း သောအခါ သူတို့၏ စိတ်သဘောထား အဟောင်းသည် ပြောင်းလဲနိုင်သည်။ ထို့အပြင် သူတို့၏ အသက်တာသည် ဆက်လက်ကြီးထွားလာပြီး သမ္မာတရားသို့ တဖြည်းဖြည်း သာ၍နက်ရှိုင်းစွာ ဝင်ရောက် တတ်ကြသည်။ သူတို့သည် လောကကို စက်ဆုပ်ရွံရှာနိုင်စွမ်း ရှိကြသည်၊ သမ္မာတရားနောက်သို့ မလိုက်သောသူ အားလုံးကိုလည်း စက်ဆုပ်ရွံရှာနိုင်စွမ်း ရှိကြသည်။ သူတို့သည် အထူးသဖြင့် သူတို့ကိုယ်သူတို့ စက်ဆုပ် ရွံရှာကြသည်။ ထို့အပြင် သူတို့သည် သူတို့ကိုယ်သူတို့ ရှင်းရှင်းလင်းလင်း သိကြသည်။ သမ္မာတရားအတိုင်း အသက်ရှင်လိုစိတ် ရှိကြသည်။ သမ္မာတရား နောက်သို့လိုက်ခြင်းကိုလည်း သူတို့၏ ပန်းတိုင်အဖြစ် သတ်မှတ်ကြသည်။ သူတို့သည် သူတို့၏ ကိုယ်ပိုင် ဦးနှောက်ထဲမှ ထွက်လာသော အတွေးများထဲ၌ အသက်ရှင်လိုစိတ် မရှိကြ။ ကိုယ့်ကိုယ်ကို ဖြောင့်မတ်သည်ဟု လူက သတ်မှတ်ခြင်း၊ လူ၏ မောက်မာခြင်းနှင့် ကိုယ့်ကိုယ်ကို အလွန်အမင်း ဘဝင်မြင့်ခြင်းတို့ကို သူတို့သည် စက်ဆုပ်ရွံရှာကြသည်။ သူတို့ စကားပြောသည့်အခါ အလွန်သင့်တင့် လျောက်ပတ်စွာ ပြောတတ်ကြသည်။ အရေးကိစ္စများကို ထိုးထွင်းနားလည်နိုင်သောဉာဏ်၊ ဉာဏ်ပညာတို့ဖြင့် ကိုင်တွယ်တတ်ကြသည်။ ဘုရားသခင်ကို သစ္စာရှိပြီး နာခံကြသူများလည်း ဖြစ်သည်။ သူတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို တစ်ကြိမ် ကြုံတွေ့ ခံစားရလျှင် မလှုပ်မယှက် တုံပြန်သူများ မဖြစ်လာတတ်ကြ၊ သို့မဟုတ် အားနည်းသူများလည်း ဖြစ်မလာတတ်ကြဘဲ၊ ဘုရားသခင်ထံမှ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုအတွက် ကျေးဇူးတင်တတ်ကြသည်။ သူတို့သည် ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှု မပါဘဲ မလုပ်ဆောင်နိုင်ဟု ယုံကြည်ကြသည်။ ဘုရားသခင်၏ ကာကွယ်မှုကို သူတို့သည် ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုမှ ရရှိနိုင်ကြသည်။ သူတို့သည် ငြိမ်သက်ခြင်းနှင့် ပျော်ရွှင်ခြင်းကို ပေးသည့် ယုံကြည်ခြင်းကို ရဖို့ မကြိုးစားပေ၊ သူတို့၏ ဆာလောင်မှုကို ဖြေသိမ့်ဖို့အတွက် ပေါင်မုန့်ကို ရှာသည့် ယုံကြည်ခြင်းမျိုးကိုလည်း ရဖို့မကြိုးစားပေ။ ဇာတိပကတိနှင့်ဆိုင်သော ယာယီသာယာမှုများ နောက်သို့လည်း မလိုက်ကြပေ။ စုံလင်အောင် ပြုလုပ်ပေးခြင်း ခံရပြီးဖြစ်သော သူများ၌ ထိုသို့သော အမူအကျင့်များ ရှိကြသည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “သိမ်းပိုက်ခြင်းအလုပ်၏ အတွင်းသမ္မာတရား (၄)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။