၂၃၃ နောက်ဆုံးအခိုက်အတန့်များကို ချစ်မြတ်နိုး

၁ မျက်စိတမှိတ် လျှပ်တပြက်အချိန်အတွင်းတွင်ပင်၊ ဤနှစ်များအားလုံးတွင် ကျွန်ုပ် ဘုရားသခင်၌ ယုံကြည်ခြင်းရှိခဲ့သည်ကို ကောင်းကောင်း နားမလည်ခဲ့ပါ။ ကိုယ်တော်၏ အမှုတော် အဆုံးသတ် ရောက်လုသည်ကို မြင်ရင်း၊ သမ္မာတရားနှင့် အသက် ကျွန်ုပ် ရပြီးခြင်း ရှိ၊မရှိ ကျွန်ုပ် ပြန်လည်သုံးသပ်မိပေ။ ကျွန်ုပ် ဘာပြောရမှန်းမသိ ဖြစ်သွားသည်၊ ဘုရားသခင်၏ စစ်ကြောခြင်း မည်သို့ ခံရမည်ကို ကျွန်ုပ် မသိ။ ကြိမ်ဖန်များစွာ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဖတ်ရှုရင်း၊ ဂရုတစိုက် တွေးဆခြင်းမရှိဘဲ ကျွန်ုပ် ဟန်ဆောင်လုပ်ပြခဲ့ပေသည်။ ကြိမ်ဖန်များစွာ ပြုပြင်ခံရကာ ကိုင်တွယ်ဖြေရှင်းခံရပြီးနောက်၊ သမ္မာတရားကို ကျွန်ုပ် မရှာဖွေခဲ့။ မိမိကိုယ်ကိုယ် စွန့်လွှတ်ကာ အသုံးတော်ခံသည့် နှစ်များစွာတွင်၊ ဘုရားသခင်ကို ကျွန်ုပ် သစ္စာရှိသည်ဟု တွေးထင်ခဲ့။ ကျွန်ုပ်၏ ရည်ရွယ်ချက်များကို ဂရုတစိုက် စိတ်ဖြာလေ့လာရင်း၊ ယင်းမှာ နာမည်နှင့် အဆင့်အတန်းကို ရှာဖွေခြင်းသက်သက် ဖြစ်ခဲ့ပေ။ နှုတ်ကပတ်တော်များစွာ ဘုရားသခင် မိန့်မြွက်ခဲ့သော်လည်း၊ မည်သည့်သမ္မာတရားကိုမျှ ကျွန်ုပ် ကောင်းကောင်း နားမလည်ခဲ့။ စမ်းသပ်မှုများစွာ၊ စစ်ဆေးမှုများစွာ ကျွန်ုပ် ရင်ဆိုင်ပြီးသော်လည်း၊ ကျွန်ုပ်၏ စိတ်သဘောထား မပြောင်းလဲပေ။ ယခု ဘုရားသခင် ထွက်ခွာတော့မည် ဖြစ်သည့်အတွက်၊ ကျွန်ုပ်၏ ခံစားချက်မဲ့သော စိတ်နှလုံး ရုတ်တရက် နိုးထပေ။ သမ္မာတရားကို မလိုက်စားခြင်းမှ စုံလင်ခံရခြင်း အခွင့်အရေးများစွာ ကျွန်ုပ် ဆုံးရှုံးရလေပြီ။

၂ ဘုရားသခင်သည် ဇိအုန်ဆီသို့ ပြန်သွားမည်၊ ကပ်ဘေးကြီး ကျရောက်လိမ့်မည်။ ကျွန်ုပ်တို့၏ ဘဝတွင် မရင့်ကျက်မှုအပေါ် ဘုရားသခင် စိုးရိမ်ပူပန်နေဆဲဖြစ်သည်။ သမ္မာတရားကို လိုက်စားရာတွင် ကျွန်ုပ်တို့ အချိန်ဖြုန်းမနေဘဲ ချက်ချင်းလုပ်ဆောင်ရန်သူ လေးလေးနက်နက် တိုက်တွန်းသည်။ တစ်ချိန်ပြီးတစ်ချိန်၊ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းတို့က ကျွန်ုပ်၏ ခံစားချက်မဲ့သော နှလုံးသားကို နိုးထစေခဲ့သည်။ ဘုရားသခင်၏ လှိုက်လှဲသော စကားများအားလုံးကို ကျွန်ုပ် မြင်ရင်းဖြင့် မျက်ရည်များ ကျသည်။ လူသားမျိုးနွယ်ကို ကယ်တင်ဖို့ အင်မတန်ကြီးမားသော အဖိုးအခကို ဘုရားသခင် ပေးပြီးလေပြီ။ အသိစိတ်နှင့် ဆင်ခြင်တုံတရား ကျွန်ုပ်တွင် အမှန်တကယ် ရှိလျှင် ဘုရားသခင်ကို အဘယ်သို့ ဆန့်ကျင်ကာ ထိခိုက်စေနိုင်မည်နည်း။ သမ္မာတရားကို ကျွန်ုပ် မလိုက်စားသေးလျှင်၊ အသက်ရှင်ခြင်းငှာ ထိုက်တန်ခြင်းမရှိဘဲ လူ့သဘာဝ ကျွန်ုပ် ကင်းမဲ့နေလိမ့်မည်။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်ကာ သန့်ရှင်းပြီး လူသားမျိုးနွယ်၏ ပြစ်မှားမှုများကို သည်းခံလိမ့်မည်မဟုတ်။ ကျွန်ုပ်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထား သန့်ရှင်းခံရပြီး ပြောင်းလဲခြင်းမရှိဘဲ၊ အဘယ်သို့ ကျွန်ုပ် ကယ်တင်ခံရမည်နည်း။ အတိတ်ကအရာများမှ နောင်တများစွာဖြင့် ကျွန်ုပ် ကျန်ရစ်သည်၊ ကျွန်ုပ်၏ စိတ်နှလုံးက နောင်တနှင့်ပြည့်ပေ။ နောက်ဆုံး အခိုက်အတန့်များကို ကျွန်ုပ် ချစ်မြတ်နိုးကာ လူသား ပုံသဏ္ဍာန်ကို အသက်ရှင်နေထိုင်ဖို့နှင့် ဘုရားသခင်ကို စိတ်ကျေနပ်စေဖို့ သမ္မာတရားကို ကျွန်ုပ်လိုက်စားပါမည်။

အရှေ့သို့- ၂၃၂ ဘုရားသခင် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းပြီးလေပြီ

နောက်တစ်ခုသို့- ၂၃၄ ဘုရားသခင်၏ စိတ်နှလုံးကို နှစ်သိမ့်ဖို့ လူသစ်တစ်ဦး ဖြစ်လာခြင်း

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၄၆ နောက်ထပ် လူပေါင်းများစွာ ကယ်တင်ခြင်းရဖို့ ဘုရားသခင် အလိုရှိတယ်

၁ ဘုရားရဲ့နှုတ်ကပတ်တော်နဲ့ အမှုတော်ကို ကြုံရစဉ်အရေးကြီးတဲ့ ထိုနှုတ်ကပတ်တော်ကို ကိုင်းရှိုင်းတဲ့နှလုံးသားနဲ့ တိုးဝင်ကာ၊စေ့စေ့လေ့လာဖို့...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။