၆၀၅ ဘုရား၏ရယူခြင်းကို ခံရမှုသည် သင်ကိုယ်တိုင်၏ လိုက်စားမှုအပေါ်သာ တည်မှီ၏ကျူး

၁ ပေတရု ဖွေရှာခဲ့သည့် အရာအားလုံးမှာ ဘုရားသခင်၏ နှလုံးသားနှင့် ညီညွှတ်ခဲ့သည်။ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးပမ်းခဲ့ပြီး၊ ဆင်းရဲဒုက္ခနှင့် အခက်အခဲတို့ကို ပဓာနမထားဘဲ၊ သူသည် ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် လိုလားနေဆဲ ဖြစ်ခဲ့သည်။ ဘုရားသခင်၌ ယုံကြည်သူတစ်ယောက်အားဖြင့် သာ၍ ကြီးမြတ်သော လိုက်စားခြင်း မရှိချေ။ ပေါလု ဖွေရှာခဲ့သည့်အရာမှာ သူ၏ ဇာတိပကတိ၊ သူကိုယ်တိုင်၏ အယူအဆများ၊ သူကိုယ်တိုင်၏ အစီအစဉ်များနှင့် အကြံအစည်များဖြင့် စွန်းထင်းခဲ့သည်။ သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦး လုံးဝ မဟုတ်ခဲ့ပေ၊ ဘုရားသခင်၏ စိတ်ဆန္ဒကို ဖြည့်ဆည်းရန် ကြိုးစားသောတစ်ဦး မဟုတ်ခဲ့ချေ။ ပေတရုသည် ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများကို ကျိုးနွံနာခံရန် ကြိုးစားခဲ့ပြီး၊ သူ လုပ်ဆောင်ခဲ့သော အလုပ်သည် မကြီးမားခဲ့သော်လည်း၊ သူ၏ လိုက်စားခြင်း နောက်ကွယ်ရှိ ကြံရွယ်ချက်နှင့် သူလျှောက်ခဲ့သော လမ်းကြောင်းတို့ မှန်ကန်ခဲ့ပေသည်။ သူသည် လူများစွာကို မရရှိနိုင်ခဲ့သော်ငြားလည်း၊ သူသည် သမ္မာတရား၏ လမ်းခရီးကို လိုက်စားနိုင်ခဲ့သည်။ ဤအရာကြောင့် သူသည် ဘုရားသခင်၏ အရည်အချင်းပြည့်မီသော ဖန်ဆင်းခံ သတ္တဝါတစ်ဦးဖြစ်သည်ဟု ဆိုနိုင်ပေသည်။

၂ ယနေ့ခေတ်တွင် သင်သည် အမှုတော်ဆောင်တစ်ဦး မဟုတ် လျှင်ပင်၊ သင်သည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်နိုင်သင့်ပြီး၊ ဘုရားသခင်၏ စီစဉ်ညွှန်ကြားမှုများ အားလုံးကို ကျိုးနွံနာခံရန် ကြိုးစားနိုင်သင့်ပေသည်။ ဘုရားသခင် မည်သည့်အရာကို ပြောသည်ဖြစ်စေ သင်သည် နာခံနိုင်သင့်ပြီး၊ ဆင်းရဲဒုက္ခများနှင့် စစ်ဆေးခြင်း မျိုးစုံတို့ကို တွေ့ကြုံခံစားနိုင်သင့်သည်၊ ပြီးလျှင် သင်သည် အားနည်းသော်ငြားလည်း၊ သင်၏ စိတ်နှလုံးတွင် ဘုရားသခင်ကို သင် ချစ်နိုင်ဆဲ ဖြစ်သင့်ပေသည်။ မိမိတို့၏ ကိုယ်ပိုင် အသက်တာအတွက် တာဝန်ယူသော သူများသည် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြပြီး၊ ထိုသို့သော လူများ၏ လိုက်စားခြင်းအပေါ် ရှုထောင့်အမြင်သည် မှန်ကန်သည့် ရှုထောင့်အမြင်တစ်ခု ဖြစ်သည်။ ဤသည်မှာ ဘုရားသခင် လိုအပ်သော လူများ ဖြစ်သည်။ အကယ်၍ သင်သည် အလုပ်များစွာ လုပ်ဆောင်ကာ၊ အခြားသူများက သင်၏ သွန်သင်ချက်များကို ရယူနိုင်ကြသော်လည်း၊ သင်ကိုယ်၌က မပြောင်းလဲခဲ့သကဲ့သို့ မည်သည့် သက်သေမျှ မခံခဲ့ပါက၊ သို့မဟုတ် စစ်မှန်သော မည်သည့် အတွေ့အကြုံမျှ မရှိခဲ့သည်မှာ သင့်အသက်တာ၏ အဆုံးတွင်၊ သင်လုပ်ဆောင်ပြီးဖြစ်သည့်အရာများထဲမှ မည်သည့်အရာကမျှ သက်သေမခံပါက၊ သင်သည် ပြောင်းလဲပြီးသော သူတစ်ဦး ဖြစ်ပါသလော။ သင်သည် သမ္မာတရားကို လိုက်စားသောသူတစ်ဦး ဖြစ်ပါသလော။

၃ မဖြူစင်သော သူများကို နိုင်ငံတော်အထဲသို့ ဝင်ရောက်ရန် အခွင့်မပြုထားပေ၊ မဖြူစင်သော သူများကို သန့်ရှင်းသောမြေအား အသရေဖျက်စေရန် အခွင့်မပြုထားပေ။ သင်သည် အလွန်များသော အလုပ်ကို လုပ်ဆောင်ပြီးဖြစ်ကာ နှစ်ပေါင်းများစွာ အလုပ်လုပ်ပြီး ဖြစ်ကောင်းဖြစ်နိုင်သော်လည်း၊ အဆုံး၌ သင်သည် မနှစ်မြို့ဖွယ်ရာ ညစ်ညူးနေဆဲ ဖြစ်ပါက၊ သင်သည် ငါ့နိုင်ငံတော်ထဲသို့ ဝင်ရောက်လိုသည်မှာ ကောင်းကင်ဘုံ၏ ဥပဒေသအဖို့ သည်းမခံနိုင်ဖွယ် ဖြစ်ပေလိမ့်မည်။ ကမ္ဘာလောကကို အုတ်မြစ်ချသည့် အချိန်မှသည် ယနေ့အထိ၊ ငါ့ကို မျက်နှာလို မျက်နှာရ ပြုကြသော ထိုသူများအား ငါ့နိုင်ငံတော်ထဲသို့ မည်သည့်အခါမျှ လွယ်ကူစွာ ဝင်ရောက်ခွင့် မပေးဖူးပေ။ ဤသည်မှာ ကောင်းကင်ဘုံဆိုင်ရာ စည်းမျဉ်း ဖြစ်ပြီး၊ မည်သူမျှ ချိုးဖောက်၍မရနိုင်။ သင်သည် အသက်အား ရှာဖွေရမည်။ ယနေ့ခေတ်တွင် ပြီးပြည့် စုံလင်စေခြင်း ခံရမည့် သူများသည် ပေတရုကဲ့သို့သော သူများ ဖြစ်ကြသည်။ ၎င်းတို့သည် မိမိတို့၏ ကိုယ်ပိုင် စိတ်သဘောထားတွင် ပြောင်းလဲမှုများကို ရှာဖွေသောသူများ ဖြစ်ကြပြီး၊ ဘုရားသခင်အား သက်သေခံရန်နှင့် ဘုရားသခင်၏ ဖန်ဆင်းခံ သတ္တဝါတစ်ဦး အနေဖြင့် ၎င်းတို့၏ တာဝန်ကို ထမ်းဆောင်ရန် လိုလားနေကြသူများ ဖြစ်သည်။ ဤကဲ့သို့သော လူများသာ စုံလင်စေခြင်း ခံရပေလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အောင်မြင်မှု သို့မဟုတ် ရှုံးနိမ့်မှုသည် လူလျှောက်သော လမ်းကြောင်းအပေါ်တွင် မူတည်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၀၄ ဘုရားကို ယုံကြည်သူတစ်ဦး လိုက်စားရမည့်အရာကျူး

နောက်တစ်ခုသို့- ၆၀၆ ဘုရားသခင်သည် လူတို့ကို အကဲဖြတ်ရန် လူ၏သဘာဝကို အသုံးပြုသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

၁၀၁၈ ဘုရားရဲ့ အောင်နိုင်မှုသင်္ကေတများ

၁လူတို့ကို နဂိုပုံစံအတိုင်းပြန်ဖြစ်စေတယ်သူတို့တာဝန် သူတို့ကျေပွန်ပြီး ကိုယ့်နေရာမှာကိုယ်နေဘုရားရဲ့အစီအစဉ်အားလုံးကို နာခံမယ်ဘုရားသည်...

၂၁၇ သန့်ရှင်းသောဝိညာဉ်တော်ရဲ့ အမှုတော်သစ်အတိုင်းလိုက်နာ၍ ဘုရားရဲ့ချီးမွမ်းခြင်း ရယူပါ

၁ သန့်ရှင်းသောဝိညာဉ်တော်ရဲ့အမှုကို လိုက်နာတာ လူတွေ ယနေ့ဘုရားအလိုတော်ကို နားလည်၊ ဘုရားရဲ့တောင်းဆိုချက်အတိုင်း ပြုမူ၊ ဘုရားကို နာခံ၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။