၄၃၆ သင့်နှလုံးသားက ဘုရားသခင်ကို ကိုးစားပြီလော
ဘုရားသခင်ကို ကိုးစားပြီးဖြစ်သော လူ့နှလုံးသားမှာ မိမိဘာသာ ဘုရားသခင်အား စဉ်ဆက်မပြတ် ဗဟိုပြုနိုင်သည့် နှလုံးသားဖြစ်ပြီး၊ ဇာတိကို စွန့်ပစ်နိုင်သည့် နှလုံးသားနှင့် ဘုရားသခင်ကို အာရုံပြုနိုင်သည့် နှလုံးသားမျိုးဖြစ်သည်၊ ၎င်းတို့၏ အကျင့်အကြံနှင့် အပြောအဆိုတွင်၊ ၎င်းတို့၏ အပြုအမူတိုင်းတွင်၊ ဤကဲ့သို့သော လူတို့သည် သူတို့ချစ်သော ဘုရားသခင်ကို ကျေနပ်စေနိုင်ကြပြီး၊ ၎င်းတို့၏ နှလုံးသားများက ဘုရားသခင်၏ အလိုတော်အတွက် အမြဲ ဝန်ထုပ် သယ်ဆောင်ထားကြသည်။ ဤသည်မှာ သူတို့သည် မိမိတို့၏ နှလုံးသားများကို ဘုရားသခင်အား ကိုးစားစေကြပြီးပြီဟု ဆိုလိုသည်။ သင်၏စိတ်ကူးများနှင့် အတွေးများ မမှန်ကန်သောအခါ သင်သည် ဘုရားသခင်၏ အလိုတော်အတိုင်း လုပ်ဆောင်ဖို့သာပင် သင့်ကိုယ်ပိုင် ကြံရွယ်ချက်များကို စွန့်ပစ်နိုင်ပေသည်။ သင် ဤနည်းအတိုင်း ပိုတွေ့ကြုံရလေ၊ သင့်နှလုံးသားက ဘုရားသခင်ကို ပိုကိုးစားနိုင်လေ ဖြစ်လိမ့်မည်၊ ထို့ပြင် ဘုရားသခင်ကို သင်ပိုကျေနပ်စေနိုင်ပြီး သူ့ကို ပိုချစ်နိုင်လေ ဖြစ်လိမ့်မည်။ စမ်းသပ်မှုများ လာသောအခါ ဘုရားသခင်ကို သင်ချစ်နေနိုင်ဦးမည်ဖြစ်ပေသည်။ ထောင်ချခံရခြင်း၊ နာမကျန်းဖြစ်ခြင်း၊ လှောင်ပြောင်သရော်မှု သို့မဟုတ် အသရေဖျက်မှုတို့ကို အခြားသူများထံမှ သင်ရင်ဆိုင်ရပါစေ၊ သို့မဟုတ် လွတ်လမ်းမရှိဟု ထင်ရပါစေ၊ ဘုရားသခင်ကို သင် ချစ်နိုင်သေး၏။ ဤသည်မှာ သင်၏ စိတ်နှလုံး ဘုရားသခင်ထံ လှည့်ပြီဟု အဓိပ္ပါယ်ရပါသည်။
ဘုရားသခင်၏ မိတ်သဟာယဖွဲ့ခြင်း ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်