အနန္တတန်ခိုးရှင်ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်ခန္ဓာ ပေါ်ထွန်းခြင်း
၁
အနန္တတန်ခိုးရှင်ဘုရားသခင်သည် သူ၏ ဘုန်းကျက်သရေ ဖြင့် ပြည့်စုံသည့် ခန္ဓာကို လူများကြား တွင် ထုတ်ဖော်ပြ ခဲ့ပြီ၊
ကိုယ်တော်၏ သန့်ရှင်းသောခန္ဓာသည် ပေါ်ထွန်းခဲ့ပြီ၊ သူသည် ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပြီး အကြွင်းမဲ့ စစ်မှန်သော ဘုရားသခင်ဖြစ်သည်
ကမ္ဘာလောကသည် အရာအားလုံး ပြောင်းလဲခဲ့ပြီ၊ ထိုနည်းတူ ဇာတိပကတိသည်လည်း ပြောင်းလဲပြီ။
ကိုယ်တော်၏ ထူးခြားသောအဆင်းအရောင်နှင့် ပြည့်စုံ ခြင်းသည် ဘုရားသခင်၏ လူဖြစ်သည်၊ သူ၏ ဦးခေါင်းပေါ်တွင် ရွှေသရဖူဆောင်း ထားသည်။
သူ၏ ကိုယ်ပေါ်တွင် ဝတ်လုံဖြူကို ဝတ်ဆင်ထားကာ၊ သူ၏ ရင်တော်၌ ရွှေခါးပန်းကို စီးလျက်ဖြစ်သည်။
ကမ္ဘာပေါ်မှ ရှိသမျှ အရာအားလုံးသည် ကိုယ်တော်၏ ခြေတော်ရင်းတွင် ရှိကာ၊ ကိုယ်တော်၏ မျက်စိတော် သည်လည်း မီးလျှံကဲ့သို့ ဖြစ်သည်။
ခံတွင်းတော်ထဲက ထက်သော သံလျက်ထွက်ကာ ကိုယ်တော်၏ လက်ျာလက်တော်တွင် ကြယ်ခုနှစ်လုံးကို ကိုင်သည်။
နိုင်ငံတော်၏ လမ်းမသည် အကန့်အသတ်မဲ့ပြီး တောက်ပ နေသည်။ ဘုရားသခင်၏ ဘုန်းတော် ပေါ်ထွန်းကာ၊ ရောင်ခြည်ဖြာထွက်နေသည်။
တောင်များ သြဘာပေးကြပြီး၊ ရေများ ရွှင်လန်း ဝမ်းမြောက်ကြသည်။ နေ၊ လနှင့် ကြယ်များ အားလုံး လှည့်ပတ်ကြသည်။
၎င်းတို့၏ စနစ်ကျသော အစီအစဉ်အတိုင်း စစ်မှန်သည့် တစ်ပါးတည်းသော ဘုရားသခင်ကို ကြိုဆိုကြသည်။
နှစ်ပေါင်း ၆၀၀၀ ကြာ စီမံခန့်ခွဲမှုအစီအစဉ် ကို ဖြစ်မြောက် အောင်မြင်ခဲ့ပြီး၊ အောင်ပွဲခံပြန်ကြွလာသူ ဖြစ်သည်။
၂
အားလုံး ကခုန်နေကြကာ၊ ဝမ်းမြောက်ခြင်းဖြင့် ခုန်ပေါက်နေ ကြပြီး၊ ဘုရားသခင်ကို သြဘာပေးနေ ကြသည်။
စစ်မှန်သည့် အနန္တတန်ခိုးရှင်ဘုရားသခင်၊ အနန္တ တန်ခိုးရှင် ဘုရားသခင်သည် သူ၏ ဘုန်းကျက်သရေဖြင့် ပြည့်စုံသည့် ပလ္လင်တော်ပေါ်တွင် ထိုင်တော်မူသည်။
ထို့ကြောင့် ကိုယ်တော်၏ သန့်ရှင်းသော နာမတော်ကို ချီးမွမ်းသီချင်းဆိုကြပါ။
အနန္တတန်ခိုးရှင်၏ အောင်မြင်မှု အောင်လံတံခွန်သည် ဇိအုံတောင် ပေါ်တွင် မြင့်မား ထယ်ဝါစွာဖြင့် ပေါ်ထွန်းလာခဲ့ပြီ။
၃
တိုင်းနိုင်ငံများအားလုံး သြဘာပေးကြသည်။ နေရာအနှံ့မှ လူအားလုံးသည် ကျယ်လောင် ပြတ်သားစွာဖြင့် သီဆိုကြသည်။
ဇိအုံတောင်သည် ရွှင်လန်းဝမ်းမြောက်သည်။ ဘုရားသခင် ၏ ဘုန်းတော်သည် ပေါ်ထွက်လာနေပြီ။
ကိုယ်တော့်ကို တွေ့ဆုံရန် ကျွန်ုပ် တစ်ခါဖူးမျှ အိပ်မက်ပင် မမက်ဖူးပါ။ သို့သော်လည်း ယနေ့တွင် ကျွန်ုပ် အမှန်တကယ်ပင် ကြုံတွေ့ရပြီ။
ကိုယ်တော်နှင့် နေ့စဉ် မျက်နှာချင်းဆိုင် တွေ့ဆုံပြီး ၊ ကိုယ်တော့်ကို စကားပြောဆိုကာ၊ ကိုယ်တော့်ထံ ကျွန်ုပ် ရင်ဖွင့်ခဲ့သည်။
ကိုယ်တော်သည် အစားအသောက်အတွက် ကျွန်ုပ်၏ အရင်းအမြစ်ဖြစ်သည်၊ အရာအားလုံးကို ထောက်ပံ့ တော်မူသည်။
အသက်တာ၊ နှုတ်ကပတ်တော်များ၊ လုပ်ဆောင်ချက်များ၊ အတွေးများ နှင့် အကြံဉာဏ်များ
ကိုယ်တော်သည် ခြေလှမ်းတိုင်းကို ဦးဆောင် သည့်အလျောက် ကိုယ်တော်၏ ဘုန်းတော်သည် ၎င်းတို့အပေါ်တွင် ထွန်းလင်းတောက်ပသည်။
မည်သည့် နှလုံးသားမဆို မနာခံခဲ့ပါက၊ တရားစီရင်မှု ချက်ခြင်းရောက်လာသည်။
၄
အစာစားခြင်း နှင့် ရှင်သန်ခြင်း၊ ဘုရားသခင်နှင့် အတူရှိခြင်း၊ ဘုရားသခင်နှင့်အတူ မွေ့လျော်ခြင်းနှင့် လျှောက်လှမ်းခြင်း
ဘုန်းတော်နှင့် ကောင်းကြီးမင်္ဂလာတို့ကို အတူတကွ လက်ခံရရှိခြင်း၊ ကိုယ်တော်၏ နိုင်ငံတော်တွင်း၌ ကိုယ်တော်နှင့်အတူအုပ်စိုးခြင်း။
ပျော်မွေ့ခြင်းများစွာ၊ ပြီးနောက် ချိုမြိန်ခြင်းများစွာ
နေ့စဉ် မျက်နှာချင်းဆိုင်ကာ ကိုယ်တော် က ကျွန်ုပ်တို့အား စကားပြောသည်။
ကျွန်ုပ်တို့သည် ကိုယ်တော်နှင့် စကားပြောပြီး နေ့စဉ် အသိဉာဏ်ပွင့်လင်းသည်။
ပြီးနောက်တွင် နေ့ရက်သစ်တစ်ခုစီတိုင်း အသစ်သောအရာတစ်စုံတစ်ခု ကို တွေ့မြင်ရသည်။
ကျွန်ုပ်တို့၏ ဝိညာဉ်မျက်စိများကို ဖွင့်ပါ။ ဖွင့်ပြသည့်အရာများသည် ဝိညာဉ်ရေးရာ နက်နဲမှုများ ဖြစ်သည်။
သန့်ရှင်းသောအသက်တာတစ်ခုတွင် ရှင်သန်ရခြင်းသည် အခမဲ့ဖြစ်သည်။ လာပါ။ သင့်ခြေကို မရပ်လိုက်ပါနှင့်။
ရှေ့သို့ဆက်သွားထားပါ။ အံ့ဖွယ်ကောင်းသည့် အသက်တာ သည် ရှေ့တွင် ရှိနေသည်။
ချိုမြိန်သည့်အရသာတစ်ခုကို ရရှိခြင်းသည် မလုံလောက်ပါ။ ဘုရားသခင်ထံသို့ ဆက်ပြေးပါ။
အရာအားလုံး အကျုံးဝင်ပြီး၊ အလျှံပယ်လျက်ရှိ၊ ကျွန်ုပ်တို့ ချို့တဲ့သမျှအရာသည် ကိုယ်တော်၏ လက်တော်တွင် ရှိပါသည်။
တက်ကြွစွာ ပူးပေါင်းပါ။ ကိုယ်တော့်ထံသို့ တိုးဝင်ပါ။ မည်သည့်အရာမျှ တူညီမည်မဟုတ်ပါ။
ကျွန်ုပ်တို့ အသက်တာသည် သာလွန်ထူးကဲပြီး၊ မည်သည့် ပုဂ္ဂိုလ်၊ မည်သည့်အရေးကိစ္စ သို့မဟုတ် မည်သည့် အရာမျှ ကျွန်ုပ်တို့အား မနှောင့်ယှက်နိုင်ပါ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၁၅” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။