အနန္တတန်ခိုးရှင် ဘုရားသခင် အသင်းတော် အပလီကေးရှင်း

ဘုရားသခင်၏ အသံတော်ကို နားထောင်၍ သခင်ယေရှု ပြန်ကြွလာတော်မူခြင်းကို ကြိုဆိုလော့။

သမ္မာတရားကို ရှာဖွေနေသူများ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် ဖိတ်ခေါ်ပါသည်။

သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ

ထင်ရှားသည့်အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

0 ရှာဖွေခြင်း ရလဒ်များ

ရလဒ်များမတွေ့ရှိပါ။

၇၁၂ တောက်ပသောလမ်းကို လူတို့ရရှိကြရန် ဘုရားမျှော်လင့်၏ကျူး

၁ သင်တို့အားများစွာသော ကြိုတင်သတိပေးချက်များနှင့် များစွာသော သမ္မာတရားများကို သင်တို့အား သိမ်းပိုက်နိုင်စေဖို့ရန် ငါပေးအပ်ခဲ့ပြီး ဖြစ်ပေသည်။ ယနေ့တွင် သင်တို့သည် သင်တို့ယခင်က ပြုလုပ်ခဲ့သည့် အရာထက် သာ၍များစွာ ကြွယ်ဝနေသည်၊ လူတစ်ဦး၌ ဖြစ်နေသင့်သည့် နိယာမများစွာတို့အားလည်း နားလည်ထားသည်၊ သစ္စာရှိသော သူတစ်ယောက်၌ ရှိထားသင့်သည့် သာမန်အသိဉာဏ် များစွာကိုလည်း ရှိထားသည်ဟု ခံစားရပေမည်။ ထိုအရာတို့သည် ယခုတွင် သင်၌ နှစ်ပေါင်းများစွာမှ ရရှိလာသည့် အရာပင် ဖြစ်သည်။ သင်တို့၏ အောင်မြင်မှုများကို ငါမငြင်းလိုပါ၊ သို့သော်လည်း သင်တို့၏ မြောက်များလှသည့် နာမခံတတ်ခြင်း၊ နှစ်များစွာတိုင် ငါ့အား ပုန်ကန်ခြင်းတို့ကိုလည်း ငါမငြင်းလိုကြောင်းကို ပွင့်လင်းစွာ ငါပြောရပေမည်၊ အဘယ်ကြောင့်ဆိုသော် သင်တို့အထဲ၌ စင်ကြယ်သောသူ တစ်ယောက်မျှ မရှိဘဲ၊ သင်တို့သည် စာတန်အားဖြင့် ပျက်စီးယိုယွင်းသောသူဖြစ်ကြပြီး ခရစ်တော်၏ ရန်သူများပင် ဖြစ်ကြသောကြောင့်ဖြစ်သည်။

၂ သို့သော် သင်တို့၏ အနာဂတ်နှင့် သင်တို့၏ ခရီးဆုံးပန်းတိုင်ကြောင့်သာလျှင် ငါတစ်ကြိမ် ပြောကြားခဲ့ပြီးသည့် အရာကို ဤနေရာတွင် နောက်တစ်ဖန် ငါထပ်ပြောဦးမည်။ သင်တို့သည် ငါ၏အလိုကျ လုပ်ဆောင်ပေးမည်ဟု ငါမျှော်လင့်သည်၊ ထို့အပြင် ငါပြောသော စကားတိုင်းအားလည်း သင်တို့သည် ယုံကြည်နိုင် လိမ့်မည်ဟု ငါသည် သာ၍မျှော်လင့်ပေသည်၊ ထိုမျှမကပင်၊ ငါ၏ စကားတို့ကို နက်ရှိုင်းစွာ ဆင်ခြင်သုံးသပ် လိုက်လျှောက်မည်ဟု မျှော်လင့်သည်။ အနာဂါတ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ငါသင်တို့ကို ပြောနေသော အရာများကို သင်တို့အား ပြောဆိုနိုင်ခြင်း ရှိမည်မဟုတ်၊ သို့မဟုတ် သင်တို့အား သနား ကြင်နာစွာဖြင့် ပြောဆိုခြင်း ရှိမည်မဟုတ်၊ ထို့ထက်မက စိတ်ရှည်စွာနှင့် သင်တို့အား ဤအချက်များ တစ်လျှောက် သာ၍ပင် လိုက်လျှောက် ပေးနိုင်မည်မဟုတ်။

၃ ရောက်ရှိလာမည့် နေ့ရက်များသည် အချိန်အခါ ကောင်းများကို ပြန်လည်အမှတ်ရခြင်း သို့မဟုတ် ကျယ်လောင်စွာငိုကြွေးခြင်း၊ သို့မဟုတ် နာကျင်ခြင်း များဖြင့် ညည်းတွားနေရခြင်းဖြင့် ကုန်ဆုံးကြရမည် ဖြစ်သည်၊ သို့မဟုတ် သင်တို့သည် သမ္မာတရား သို့မဟုတ် အသက်၏ ထောက်ပံ့မှု စိုးစဉ်းမျှ မပါရှိဘဲနှင့် အမှောင်ညများတစ်လျှောက် အသက်ရှင်ရ လိမ့်မည်၊ သို့မဟုတ် သင်သည် မျှော်လင့်ချက် ကင်းမဲ့စွာနှင့်၊ သို့မဟုတ် သင်တို့သည် မဆင်ခြင်နိုင်သည် အထိပင် ထိုကဲ့သို့ ခါးသီးသော နောင်တရခြင်းနှင့် စောင့်မျှော်နေရလိမ့်မည်။ ဤအခြားသော ဖြစ်နိုင်ချေများသည် သင်တို့အထဲမှ လူတိုင်းနီးပါး မလွဲရှောင်နိုင်သည့် အရာများဖြစ်ပေသည်။

၄ အကြောင်းမှာ သင်တို့ အထဲမှ မည်သူတစ်ဦး တစ်ယောက်မျှ သင်တို့ အမှန်တကယ် ကိုးကွယ်သည့် ဘုရားသခင်အား နေရာပေးခြင်း မရှိကြဘဲ၊ မကောင်းဆိုးဝါးအမှုနှင့် ကိုယ်ကျင့် သိက္ခာကင်းမဲ့သည့် လောကထဲ၌ ကိုယ်တိုင် ကျင်လည်နစ်မြုပ်ကာ၊ သင်တို့၏ ယုံကြည်ချက်များထဲသို့၊ ဝိညာဉ်များထဲသို့၊ ခန္ဓာကိုယ်များထဲသို့၊ အသက်နှင့် သမ္မာတရားနှင့် မည်သို့မျှ မစပ်ဆိုင်ဘဲ တကယ်တမ်းတွင်မူ ယင်းအရာများကို ဆီးတားသည့် များစွာသော အရာများကို ရောစပ်ကြလေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် သင်တို့အတွက် ငါမျှော်လင့်သည့် အရာသည် အလင်း၏ လမ်းကြောင်းထဲသို့ သင်တို့အား ခေါ်ဆောင်လာရန်ပင် ဖြစ်သည်။ ငါ၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ သင်တို့သည် မိမိတို့ကိုယ်မိမိ စောင့်ရှောက်နိုင်ရန်၊ မိမိတို့ကိုယ်ကိုယ် ဂရုစိုက်နိုင်ရန်၊ သင်တို့၏ အကျင့် လက္ခဏာနှင့် ဒုစရိုက်အပြစ်များကို ဥပက္ခာပြုသည်အထိ သင်တို့၏ ခရီးဆုံးပန်းတိုင်ကို အလွန်တရာ အလေးအနက်ထားရှိခြင်း မပြုရန်ပင် ဖြစ်သည်။

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဒုစရိုက်အပြစ်များက လူကိုငရဲသို့ ပို့ဆောင်လိမ့်မည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။

ယခင်က:ဘုရား၏စီစဉ်ညွှန်ကြားမှုများကို သင်အမှန်တကယ် နာခံနိုင်သလောကျူး

နောက်တစ်ခုသို့:ဘုရားသည် သူ့အား ဧကန်တောင့်တသူများကို စွန့်ပစ်မည်မဟုတ်ကျူး

နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ နောက်ဆုံးသောကာလ ခရစ်တော်၏ မိန့်မြွက်ချက်များ (လက်ရွေးစင်များ) သိုးသငယ် ဖွင့်သည့် စာစောင် တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ယုံကြည်သူအသစ်အတွက် အခြေခံလိုအပ်ချက်များ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း အနန္တတန်ခိုးရှင်ဘုရားသခင်၏ စံနမူနာ နှုတ်ကပတ်တော်များ လက်ရွေးစင်များ နောက်ဆုံးသောကာလ၏ ခရစ်တော်အတွက် သက်သေခံချက်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံနမူနာ အမေးအဖြေများ လက်ရွေးစင်များ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အောင်မြင်သောသူများ၏ သက်သေခံချက်များ