၇၄၇ ယောဘသည် ဘုရားကို အဘယ်ကြောင့် ရိုသေကြောက်ရွံ့နိုင်ခဲ့သနည်းကျူး
၁ ယောဘသည် ဘုရားသခင်ကို တစ်ကြိမ်တစ်ခါမျှ မြင်ခဲ့ဖူးခြင်း မရှိ သို့မဟုတ် သူ့ထံ ဘုရားသခင်က ကိုယ်တိုင်ကိုယ်ကျ သွန်သင်ချက် တစ်ခုတစ်လေကို ဖွင့်ဟပြောဆိုခြင်းကို ကြားခဲ့ဖူးခြင်း မရှိသော်လည်း၊ ဘုရားသခင်အတွက် သူ၏ စိတ်နှလုံးနှင့် သူကိုယ်တိုင်သည် ဘုရားသခင်ရှေ့တွင် အလွန်လေးနက်သော သဘောတရားအရသာ ပြောဆိုနိုင်သောသူများ၊ ဝါကြွားရုံသာဝါကြွားနိုင်သောသူများနှင့် ယဇ်များကို ပူဇော်ခြင်း အကြောင်း ပြောသော်လည်း၊ ဘုရားသခင်နှင့်သက်ဆိုင်သည့် စစ်မှန်သော အသိပညာ လုံးဝ မရှိခဲ့ဖူးသကဲ့သို့၊ ဘုရားသခင်ကို မည်သည့်အခါမှ အမှန်တကယ် မကြောက်ရွံ့ခဲ့ဖူးသောသူများထက် သာ၍ပင် အဖိုးထိုက်တန် ခဲ့ပေသည်။ အကြောင်းမှာ ယောဘ၏ စိတ်နှလုံးသည် ဖြူစင်ခဲ့ပြီး ဘုရားသခင်ထံမှ မကွယ်ဝှက်ခဲ့သကဲ့သို့၊ သူ၏လူ့သဘာဝသည် ရိုးသားပြီး ကြင်နာစိတ်ရှိကာ တရားမျှတမှုနှင့် အပြုသဘောဆောင်သော အရာကို နှစ်သက်ခဲ့သောကြောင့် ဖြစ်သည်။ ထိုသို့သော စိတ်နှလုံးနှင့် လူ့သဘာဝကို ပိုင်ဆိုင်ထားခဲ့သော ဤကဲ့သို့ လူသားတစ်ဦးတည်းသာ ဘုရားသခင်၏ လမ်းခရီးနောက်သို့ လိုက်နိုင်ပြီး ဘုရားသခင်ကို ကြောက်ရွံ့ကာ မကောင်းမှုကို ရှောင်ကြဉ်နိုင်စွမ်းရှိခဲ့ပေသည်။ ထိုသို့သော လူသား တစ်ဦးသည် ဘုရားသခင်၏ အချုပ်အခြာအာဏာကို မြင်နိုင်မည်ဖြစ်သည်၊ သူ၏ ကြဇာအာဏာနှင့် တန်ခိုးကို မြင်နိုင်မည်ဖြစ်ပြီး သူ၏ အချုပ်အခြာ အာဏာနှင့် အစီအစဉ်များကို နာခံခြင်းအား စွမ်းဆောင် ရရှိနိုင်ခဲ့ပေသည်။ ဤကဲ့သို့သော လူသားတစ်ဦးတည်းသာ ဘုရားသခင်၏နာမကို အမှန်တကယ် ချီးမွမ်းနိုင်ခဲ့ပေသည်။
၂ ယင်းမှာ အဘယ်ကြောင့်ဆိုသော် သူသည် ဘုရားသခင်က သူ့အား ကောင်းချီးပေးမည် မပေးမည် သို့မဟုတ် သူ့အပေါ် ဘေးဒုက္ခ ရောက်စေမည် မရောက်စေမည်ကို မကြည့်ခဲ့သောကြောင့် ဖြစ်သည်၊ အဘယ်ကြောင့်ဆိုသော် အရာရာတိုင်းသည် ဘုရားသခင်၏ လက်တော်ဖြင့် ထိန်းချုပ်ခံရပြီး လူသားအတွက် စိုးရိမ်ဖို့ဆိုသည်မှာ မိုက်မဲမှု၊ မသိနားမလည်မှုနှင့် ဆင်ခြင်တုံတရား ကင်းမဲ့မှု၊ အရာခပ်သိမ်းအပေါ် ဘုရားသခင်၏ အချုပ်အခြာအာဏာနှင့် သက်ဆိုင်သည့် အမှန်တရားအပေါ် သံသယဖြစ်ခြင်းနှင့် ဘုရားသခင်အား မကြောက်ရွံ့ခြင်းတို့၏ လက္ခဏာရပ်တစ်ခု ဖြစ်သည်။ ယောဘ၏ အသိပညာမှာ ဘုရားသခင် အလိုရှိခဲ့သော အရာ အတိအကျ ဖြစ်ခဲ့ပေသည်။ သူသည် ဘုရားသခင်၏ အမှုကို ကြုံတွေ့ခဲ့ဖူးခြင်း မရှိခဲ့သကဲ့သို့၊ ဘုရားသခင် စကားပြောသည်ကို ကြားဖူးခြင်း သို့မဟုတ် ဘုရားသခင်၏ မျက်နှာကို မြင်ဖူးခြင်းလည်း မရှိပေ။ ဘုရားသခင်အပေါ် ထိုသို့သော သဘောထားတစ်ခု သူရှိနိုင်ခဲ့သည်မှာ ယနေ့ခေတ်လူတို့ ပိုင်ဆိုင်ခြင်းမရှိသော သူ၏ လူ့သဘာဝနှင့် သူ၏ ကိုယ်တိုင်ကိုယ်ကျ လိုက်စားမှုတို့၏ အကျိုးဆက် လုံးလုံးလျားလျား ဖြစ်ခဲ့ပေသည်။ ထို့ကြောင့် ထိုခေတ်၌ ဘုရားသခင်က၊ “မြေကြီးပေါ်တွင် သူနှင့် တူသောသူ တစ်ဦးမျှမရှိ၊ စုံလင်ပြီး တည်ကြည်သောသူ” ဟုဆိုခဲ့ခြင်း ဖြစ်သည်။
“နှုတ်ကပတ်တော်၊ အတွဲ (၂)၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍၊ ဘုရားသခင်၏ အမှုတော်၊ ဘုရားသခင်၏ စိတ်သဘောထားနှင့် ဘုရားသခင် ကိုယ်တော်တိုင် (၂)” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်