၃၂၁ သူ့နှုတ်ကပတ်တော်များအား ပစ်ပယ်သောသူကို ဘုရားက မည်သို့ခွင့်လွှတ်နိုင်မည်နည်းကျူး

၁ ငါသည် မိုးကောင်းကင်ကို ဖြန့်ကြက်ပြီး အရာခပ်သိမ်းကို ဖန်ဆင်းခဲ့ချိန်တွင်၊ ငါသည် အမှုအရာတစ်ခုတစ်လေက ငါ၏ အမှုနှင့် စီမံခန့်ခွဲခြင်းကို ဆန္ဒရှိသည်အတိုင်း နှောင့်ယှက်ခွင့်ပေးဖို့ မဆိုထားနှင့်၊ မည်သည့် အဖန်ဆင်းခံ သတ္တဝါကိုမျှ ၎င်းတို့ နှစ်သက်သည်အတိုင်း ပါဝင်ရန် ငါ အခွင့်မပေးခဲ့ပေ။ ငါသည် မည်သည့် လူသား သို့မဟုတ် မည်သည့်အရာဝတ္ထုကိုမျှ သည်းမခံပေ။ ငါ့အပေါ် ရက်စက်ပြီး လူမဆန်သောသူများကို ငါသည် အဘယ်သို့ ချမ်းသာပေးနိုင်မည်နည်း။ ငါ၏ စကားများကို ပုန်ကန်သောသူတို့အား အဘယ်သို့ ငါခွင့်လွှတ်နိုင်မည်နည်း။ ငါ့ကို မနာခံသောသူတို့ကို ငါအဘယ်သို့ ချမ်းသာပေးနိုင်မည်နည်း။ ယေဟောဝါအပေါ် သင်သည် သစ္စာစောင့်သိခဲ့မည်ဆိုပါက၊ ယဇ်ပလ္လင်ပေါ်ရှိ ပူဇော်သက္ကာကို သင့်အတွက် သင် ယူဆောင်နိုင်မည်လော။ ငါ၏သန့်ရှင်းသောနာမကို ပြစ်မှားစော်ကားရန် အဆိပ်ရှိသော သင်၏လျှာကို သင် အသုံးပြုနိုင်မည်လော။ ဤနည်းဖြင့် ငါ၏စကားများကို သင် ပုန်ကန်နိုင်မည်လော။ ငါ၏ဘုန်းအသရေနှင့် သန့်ရှင်းသော အမည်နာမကို ဆိုးယုတ်သောသူ ဖြစ်သည့် စာတန်ကို အစေခံရန် တန်ဆာပလာ တစ်ခုအဖြစ် သင် အသုံးပြုနိုင်မည်လော။

၂ ငါ၏ အသက်ကို သန့်ရှင်းသောသူများ၏ ပျော်မွေ့ခြင်းအတွက် ပေးထားခြင်း ဖြစ်သည်။ သင် ဆန္ဒရှိသည့်အတိုင်း ငါ၏အသက်ကို ကစားရန် နှင့် သင်တို့အလယ် သဘောထားကွဲလွဲမှုအတွက် တန်ဆာပလာတစ်ခုအဖြစ် အသုံးပြုရန် အဘယ်သို့ ငါခွင့်ပြုပေးနိုင်မည်နည်း။ အဘယ်ကြောင့် သင်တို့သည် ငါ့အပေါ် ဆက်ဆံရာတွင်၊ အလွန်အကြင်နာကင်းမဲ့ကာ ကောင်းမြတ်သောသူ၏ ပြုမူပုံ အလွန် ချို့တဲ့လွန်းရသနည်း။ အသက်နှင့်ဆိုင်သော ဤနှုတ်ကပတ်တော်များတွင် သင်တို့၏ မကောင်းသည့် လုပ်ဆောင်ချက်များကို ရေးသားထားနှင့်ပြီး ဖြစ်သည်ကို သင်တို့ မသိကြသလော။ ငါသည် အဲဂုတ္တုပြည်ကို ဆုံးမသောအချိန်၌ အမျက်ဒေါသ ကျရောက်မည့်နေ့ကို သင်တို့ အဘယ်သို့ လွတ်မြောက်နိုင်မည်နည်း။ ဤနည်းဖြင့် ငါ့ကို ထပ်ခါတလဲလဲ ဆန့်ကျင်ကာ အာခံရန်၊ ငါသည် သင်တို့ကို အဘယ်သို့ ခွင့်ပြုနိုင်မည်နည်း။ ငါ၏သည်းခံခြင်းသည် သင်တို့၏ မကောင်းသော လုပ်ဆောင်ချက်များအတွက် ပြင်ဆင် ထားခြင်းဖြစ်ပြီး၊ ထိုနေ့ရက်၌ သင်တို့၏ ပြစ်တင်ဆုံးမခြင်းအတွက် တည်ရှိခြင်း ဖြစ်သည်။ သင်တို့သည် ငါ၏ သည်းခံခြင်း အဆုံးသို့ ရောက်ရှိပြီးဖြစ်သည်နှင့်တစ်ပြိုင်နက်၊ အမျက်ဒေါသ တရားစီရင်ခြင်းကို ခံရမည့်သူများ ဖြစ်ကြသည် မဟုတ်လော။

၃ အရာခပ်သိမ်းသည် ငါအနန္တတန်ခိုးရှင်၏ လက်ထဲတွင် ရှိသည် မဟုတ်လော။ ကောင်းကင်အောက်တွင်၊ ငါ့ကို ထိုသို့ မနာခံဖို့ သင်တို့ကို အဘယ်သို့ ငါ ခွင့်ပြုနိုင်မည်နည်း။ ကြွရောက်လာမည်ဟု ပြောထားခဲ့သော်လည်း၊ မည်သည့်အခါမျှ ကြွမလာခဲ့သည့် မေရှိယကို သင်တို့တွေ့ဆုံပြီး ဖြစ်သောကြောင့် သင်တို့ အသက်တာများသည် အလွန် ခက်ခဲလိမ့်မည်။ သင်တို့သည် သူ၏ရန်သူများ ဖြစ်ကြသည် မဟုတ်သလော။ ယေရှုသည် သင်တို့နှင့် မိတ်ဆွေဖြစ်ပြီးသော်လည်း၊ သင်တို့သည် မေရှိယ၏ ရန်သူများဖြစ်ကြဆဲ ဖြစ်သည်။ သင်တို့သည် ယေရှုနှင့် မိတ်ဆွေများ ဖြစ်သော်လည်း၊ သင်တို့၏ မကောင်းသော လုပ်ဆောင်ချက်များက စက်ဆုပ်ဖွယ်ကောင်းသော သူများ၏ တန်ဆာများကို ဖြည့်ကြပြီးဖြစ်သည်ကို သင်တို့ မသိကြသလော။ သင်တို့သည် ယေဟောဝါနှင့် အလွန် ရင်းနှီးသော်လည်း၊ သင်တို့၏ မကောင်းသော စကားများသည် ယေဟောဝါ၏ နားများသို့ရောက်ရှိပြီး သူ၏ အမျက်ဒေါသကို ဆွပေးပြီးဖြစ်သည်ကို သင်တို့မသိကြသလော။ သူသည် အဘယ်သို့ သင်နှင့်ရင်းနှီးနိုင်မည်နည်း၊ ပြီးလျှင် မကောင်းသော လုပ်ဆောင်ချက်များနှင့် ပြည့်နှက်သည့် သင်၏တန်ဆာများကို သူသည် အဘယ်သို့ မီးမရှို့ဘဲနေနိုင်မည်နည်း။ အဘယ်သို့ သူသည် သင်၏ ရန်သူ မဖြစ်နိုင်မည်နည်း။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ အမျက်ဒေါသ ကျရောက်မည့်နေ့ကို အသွေးအသားရှိသောသူ မည်သူမျှ မလွတ်မြောက်နိုင်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၃၂၀ သင်၏စကားများနှင့် လုပ်ရပ်များသည် ဘုရားအမြင်တွင် ညစ်ညူး၏ကျူး

နောက်တစ်ခုသို့- ၃၂၂ လူ့ထံမှ အဘယ်အရာကို ဘုရားရရှိသနည်းကျူး

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၉၆ အသက်တာ တိုးပွားရန် သမ္မာတရားကို ပိုမိုလက်တွေ့လိုက်လျှောက်ပါ

၁လူတို့လိုအပ်နေသော သမ္မာတရားကိုဘုရား၏ နှုတ်ကပတ်တော်၌ တွေ့ရသည်။ထိုသမ္မာတရားသည် လူသားတို့အားအကျိုးကျေးဇူး အများဆုံး ဖြစ်စေသည်။၎င်းသည်...

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၂၆၆ အသင်းတော် ဓမ္မတေးသီချင်း

ဘုရားအပေါ် ပေတရု၏ချစ်ခြင်း၁အို ဘုရား၊အချိန်၊ နေရာမရွေး ကိုယ်တော်ကို သတိရနေမှာပါဘယ်အချိန်နေရာမဆို ကိုယ်တော်ကို ချစ်လိုပါ၏သို့သော်...

၃၂၉ လူသားရဲ့စစ်မှန်သောနှလုံးသားကို ကိုယ်တော်လိုချင်

၁ယနေ့လူတို့ ဘုရားကို တန်ဖိုးမထားဘုရားမှာ ထိုသူတို့နှလုံးသားထဲ နေရာမရှိလာမယ့်နေ့ရက်များ၊ ဆင်းရဲဒုက္ခရောက်ချိန်များမှာထိုသူတို့ ဘုရားကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။