၁၀၈ ဘုရားသခင်၌ ဝမ်းမြောက်ဖွယ် ယုံကြည်ခြင်း ကျူး

ကျွန်ုပ်တို့သည် တစ်ချိန်က အကျင့်ပျက်ကာ ယိုယွင်းသည့် မျိုးဆက်တစ်ခုဖြစ်ခဲ့သည်။ တစ်ချိန်က ကျွန်ုပ်တို့ မိဘများကို ဒုက္ခပေး၊ ဆရာများကို စိတ်အနှောင့်အယှက်ပေးကြခဲ့ကြသည်။ ယခုအခါ ယုံကြည်ခြင်းဖြင့်၊ ဘုရားသခင်နှင့် စစ်မှန်သော လမ်းကြောင်းပေါ်တွင် ကျွန်ုပ်တို့ရှိကြပေ။ ကျွန်ုပ်တို့သည် သမ္မာတရားကို ရှာဖွေကာ နှုတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်းကြောင့် လင်းလက် တောက်ပြောင်လေပြီ၊ ကျွန်ုပ်တို့သည် ဘုရားသခင်၏ ချစ်ခြင်းနှင့်ကောင်းချီးမင်္ဂလာကို ခံစားရသော မျိုးဆက်သစ်ပေတည်း။

၁ နောက်ဆုံးပေါ် ရေပန်းစားမှုတွေနောက် လိုက်ခြင်းကို ကျွန်ုပ်တို့ နှုတ်ဆက်ကာ နိုက်ကလပ်များ၏ ဆူညံပွက်လောသံတွေကို ကျောခိုင်းခဲ့ပြီ။ အလွန့်အလွန် ဝင့်ဝါခြင်းအတွက် မကြိုးစားတော့ပေ။ ဇာတိပကတိ၏ အလိုဆန္ဒအတွက် ကြိုးပမ်း ပြိုင်ဆိုင်ဖို့ ကျွန်ုပ်တို့ စိတ်မပူရာ။ ငွေ၏ လှည့်ဖြားမှု၊ အွန်လိုင်းဂိမ်းတွေ စွဲလန်းမှု ကျွန်ုပ်တို့ မခံရတော့ပေ။ အဓိပ္ပာယ်မဲ့သော အချစ်ဇာတ်လမ်းတွေနောက် လိုက်ခြင်း၊ ရုပ်ခန္ဓာ တပ်မက်ခြင်းထဲ နစ်မွန်းခြင်း မရှိတော့ပေ။ မိမိတို့ကိုယ်ကို မှားသောအသိဖြင့် မဖြည့်တော့ပေ၊ ကျွန်ုပ်တို့ မာနကြီးခြင်း၊ ဘုရားသခင်၏အသံကို ကျွန်ုပ်တို့ ကြားခဲ့ရ၍ အနန္တတန်ခိုးရှင်ဘုရားသခင် ရှေ့မှောက် ပြန်လာခဲ့ပြီ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် သမ္မာတရားသည် ကျွန်ုပ်တို့ရဲ့ စိတ်ကို ရှင်းလင်းစေ၊ ကောင်း မကောင်း၊ လှ မလှကို ကျွန်ုပ်တို့ ပိုင်းခြားနိုင်ပြီ။ ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့ကို သန့်စင်စေပြီ၊ ဘုရားသခင် ဖော်ပြသော သမ္မာတရားကို ကျွန်ုပ်တို့ လက်ခံကာ မှန်သော လူ့အသက်တာလမ်းကြောင်းပေါ် ခြေချခဲ့လေပြီ။

၂ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို နေ့စဉ် ဖတ်ရှုပြီး သမ္မာတရားနှင့် မိတ်သဟာယဖွဲ့ကာ အသင်းတော် အသက်တာဖြင့် ကျွန်ုပ် အသက်ရှင်ပြီ။ ကျွန်ုပ် ကြီးထွားရင့်ကျက်လာသည်နှင့်အမျှ ကျွန်ုပ်နှင့်အတူ ဘုရားသခင်၏ နှုတ်ကပတ်တော်အားဖြင့် တရားစီရင်ခြင်း၊ ပြစ်တင်ဆုံးမခြင်း၊ ပြုပြင်ခြင်း နှင့် ရိုက်နှက်ဆုံးမခြင်း တို့ ရှိခဲ့ပေ ကျွန်ုပ် မျက်လုံးများ၌ မျက်ရည်များအပြင် ပူဆွေးခြင်း၊ ကျရှုံးခြင်းများ နှင့် လဲကျခြင်းများ ရှိခဲ့သော်လည်း ဘုရားသခင်ရဲ့ နှုတ်ကပတ်တော် အလင်းဖွင့်ပြခြင်း နှင့် ထွန်းလင်းခြင်းအတွက် ကျေးဇူးတော်ချီးမွမ်းပြီ၊ သမ္မာတရားကို အကျွန်ုပ် နားလည်ခဲ့ရပြီး လွတ်မြောက်ခဲ့ပေပြီ။ ညီအစ်ကိုမောင်နှမတို့ အတူတကွ စုဝေးလျက် ဘုရားသခင်အား ကြွေးကြော် ရွှင်လန်းခြင်း နှင့် ရယ်သံတို့ဖြင့် ချီးမွမ်းကြပါစို့။ ဘုရားသခင် ချစ်သော ရိုးသားတည်ကြည်သောလူများထဲမှ တစ်ဦးဖြစ်ဖို့ ကြိုးစားလျက် ကျွန်ုပ်သည် မာယာကင်းသူ၊ သွက်လက်သူ၊ သောကကင်းသူ ဖြစ်လေတကား။ ကျွန်ုပ်တို့ အတူတကွ ဘုရားသခင်ကို သက်သေခံ၍ ကြေညာကြမည်၊ ကျွန်ုပ်တို့ စိတ်နှလုံးများ ဝမ်းမြောက်ကာ လွတ်လပ်လျှက်ရှိပေ ဘုရားသခင်ကို မျက်နှာချင်းဆိုင် ဖူးမျှော်ကာ ကိုယ်တော်ရဲ့ စစ်မှန်သောချစ်ခြင်းကို ကျွန်ုပ်တို့ ခံစားခဲ့ရလေပြီ။ သမ္မာတရားကို သိရခြင်းမှာ အဖိုးထိုက်လှပေ ကျွန်ုပ် အသက်တာ၌ အသစ်သော ရည်မှန်းချက်ကို ပေးလေပြီ။ အနန္တတန်ခိုးရှင် ဘုရားသခင်ကို ကျေးဇူးတော်ချီးမွမ်း၊ သမ္မာတရား၊ လမ်းခရီး နှင့် အသက်ကို ပေးခြင်းကြောင့်တည်း။ အနန္တတန်ခိုးရှင် ဘုရားသခင်ထက် သာ၍ ချစ်မြတ်နိုးဖွယ်ရာ မရှိ၊ ကျွန်ုပ်တို့ ပျိုရွယ်သောမျိုးဆက်များ ဘုရားသခင်ကို အစဉ် ချီးမွမ်းကြပါမည်။

အရှေ့သို့- ၁၀၇ အလင်းလမ်းကြောင်းတစ်လျှောက် ခရစ်တော်နောက်လိုက်ပါ

နောက်တစ်ခုသို့- ၁၀၉ အသစ်ပြုပြင်ခြင်းခံရသောလ်၏ အသက်တာ

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၆၆ လူသည်နားထောင်လိုက်လျှောက်ဖို့ ဘုရားရဲ့ တစ်ခုတည်းသော ဆန္ဒ

၁လွန်ခဲ့သော နှစ်ပေါင်းများစွာ ကမ္ဘာကိုဘုရားသခင် ဖန်ဆင်းပြီးကတည်းကကမ္ဘာမြေပေါ် မရေနိုင်အောင် အမှုများစွာကို ပြုပြီးပြီလူတွေရဲ့...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၈၅၂ အချစ်ဆုံးအဖြစ်လူကို ဘုရားမှတ်ယူ

၁ဘုရား လူကို ဖန်ဆင်းလူတွေသွေဖယ်ပျက်စီးသည်ဖြစ်စေ၊ သူ့နောက်သို့ လိုက်သည်ဖြစ်စေ ချစ်ရသူများအဖြစ် လူကို ဘုရားမှတ်ယူ သူ၏အချစ်ဆုံးမိသားစုဟုလည်း...

၈၈၉ ဘုရားသခင် လူသားကို ကယ်တင် လို့သူလုံးဝ ကယ်တင်မယ်

၁ဘုရား လူသားကို ဖန်ဆင်းလို့ သူ ဦးဆောင်လမ်းပြကာ လူတွေကို ကယ်တင်လို့ သူ့ကို လုံးဝကယ်တင် ရရှိမယ် ဘုရား ဦးဆောင်လို့ လူသားတို့ပန်းတိုင်မှန်ကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ အန္တိခရစ်တို့ကို ဖော်ထုတ်ခြင်း ခေါင်းဆောင်များနှင့် အမှုဆောင်များ၏ တာဝန်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ ဘုရားသခင်ကို ယုံကြည်သူများ ဝင်ရောက်ရမည့် သမ္မာတရားစစ်မှန်မှုများ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၁ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၂ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၃ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၄ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၅ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၆ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့မှောက် အတွေ့အကြုံဆိုင်ရာ သက်သေခံချက်များ အတွဲ ၇ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

ရှာဖွေလိုသည့် အဓိက စကားလုံးများကို ရေးသွင်းပါ

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။
မာတိကာ
ဆက်တင်
စာအုပ်များ
ရှာဖွေမည်
ဗီဒီယိုများ