၄၈ အသင်းတော်အသက်တာမှာ အလွန်နှစ်သက်ဖွယ်ကောင်းသည်

၁ လူဇာတိခံယူခဲ့သော အနန္တတန်ခိုးရှင် ဘုရားသခင်၊ ကျွန်ုပ်တို့၏ အသံများကိုလွှင့်၍ ကိုယ်တော့်ကို ချီးမွမ်းပါ၏။ ဤစားတော်ပွဲကြီးကို တက်ရောက်ဖို့ ကျွန်ုပ်တို့ကို ပလ္လင်တော်ရှေ့သို့ ဆောင်ကြဉ်းသူမှာ ကိုယ်တော်ဖြစ်သည်။ ကိုယ်တော့်နှုတ်ကပတ်တော်များ၏ ရေလောင်းပေးခြင်းကို ကျွန်ုပ်တို့ခံရပြီး၊ ကိုယ်တော်၏မေတ္တာကို ကျွန်ုပ်တို့ မွေ့လျော်ခံစားခွင့်ရပါ၏။ နေ့ရက်စဉ်တိုင်း ကိုယ်တော်၏ မျက်မှောက်တော်မှာ ရှင်သန်နေထိုင်ရင်း၊ ကျွန်ုပ်တို့၏ နှလုံးသားများထဲ၌ အလွန်ချိုမြိန်မှုဖြင့် ပြည့်နှက်နေ၏။ ကိုယ်တော်၏ နှုတ်ကပတ်တော်များက ကျွန်ုပ်တို့ကို ဦးဆောင်လမ်းပြပြီး ကျွန်ုပ်တို့သည် အသက်တာသစ်များကို ရှင်သန်နေထိုင်ကြသည်။ ကိုယ်တော်၏ နှုတ်ကပတ်တော်များကို ကျွန်ုပ်တို့ လက်တွေ့လုပ်ဆောင်ပြီး တွေ့ကြုံခံစားကာ၊ သမ္မာတရားသည် အလွန်အဖိုးထိုက်ကြောင်း ကျွန်ုပ်တို့ မြင်တွေ့ကြသည်။ ယင်းကို နားလည်သဘောပေါက်ခြင်း၌၊ ကျွန်ုပ်တို့သည် ဘာသာရေး စည်းမျဉ်းများ၏ ဘောင်ခတ်ခြင်းကို မခံရတော့ပေ။ အသင်းတော်အသက်တာမှာ အလွန်နှစ်သက်ဖွယ်ကောင်းပြီး ဘုရားသခင်ကို ကျွန်ုပ်တို့ ထာဝရချီးမွမ်းမည်။

၂ ဘုရားသခင်၏ တရားစီရင်မှုအား တွေ့ကြုံရသည်ကို ကျွန်ုပ်တို့ အလွန်ဂုဏ်ယူကြသည်။ ဘုရားသခင့်နှုတ်ကပတ်တော်များ၏ တရားစီရင်မှုကို လက်ခံခြင်းဖြင့် ကျွန်ုပ်တို့ မည်မျှဖောက်ပြန်ပျက်စီးသည်ကို မြင်တွေ့ရပါ၏။ ဆင်းရဲဒုက္ခကြားမှ စစ်ဆေးခြင်းခံရသော်လည်း၊ ကျွန်ုပ်တို့သည် မိမိတို့၏ ဆိုးယုတ်သော စိတ်သဘောထားများ သန့်စင်ခြင်းခံရသည်။ သမ္မာတရား၏ လက်တွေ့အရှိတရားကို ဝင်ရောက်ပြီး ဘုရားသခင်၏ ကောင်းချီးများကို မြင်တွေ့ကြသည်။ ကျွန်ုပ်တို့ကို တရားစီရင်သည်၊ သမ္မာတရားကို ရရှိပြီး အသက်တာသစ် ကျွန်ုပ်တို့မှာ ရှိပြီ။ ကျွန်ုပ်တို့၏ ဆိုးယုတ်သော စိတ်သဘောထားများကို ဖယ်ရှားလျက်၊ ကျွန်ုပ်တို့ ဒုတိယအကြိမ် မွေးဖွားပြီး၊ ဘုရားချစ်ခြင်းမေတ္တာ၏ လုံးလုံး စစ်မှန်မှုကို မြည်းစမ်းရပြီးဖြစ်သည်။ သမ္မာတရားရရှိခြင်းက ကျွန်ုပ်တို့ကို လွတ်မြောက်စေပြီး ကျွန်ုပ်တို့၏ စိတ်နှလုံးများအတွက် ပျော်ရွှင်မှု ဆောင်ကြဥ်းပေးသည်။ အသင်းတော်အသက်တာမှာ အလွန်နှစ်သက်ဖွယ်ကောင်းပြီး ဘုရားသခင်ကို ကျွန်ုပ်တို့ ထာဝရချီးမွမ်းမည်။

၃ ညီအစ်ကိုမောင်နှမများသည် အတူတကွ ညီညွတ်စွာဖြင့် ညှိနှိုင်းလုပ်ဆောင်ကြပြီး ဘုရားသခင်၏ နှုတ်ကပတ်တော်များအတွင်း၌ ကျွန်ုပ်တို့အားလုံး ရှင်သန်နေထိုင်ကြသည်။ ကျွန်ုပ်တို့ တစ်ဦးနှင့်တစ်ဦး ချစ်ခင် ထောက်မကြပြီး ကျွန်ုပ်တို့၏ နှလုံးသားများမှာ တစ်လုံးတစ်ဝတည်းဖြစ်သည်။ ကျွန်ုပ်တို့သည် သမ္မာတရားကို လက်တွေ့လုပ်ဆောင်ကြကာ ဖြူစင်ပွင့်လင်းပြီး၊ ရိုးသားသောလူများ ဖြစ်လာသည်။ ဘုရားသခင်ကို လှည့်စားမှု သို့မဟုတ် တောင်းဆိုမှုများ တစ်ခုမျှ မပါဘဲ ရိုးရိုးရှင်းရှင်း ချစ်ခြင်း။ ညီအစ်ကိုမောင်နှမများသည် ဘုရားသခင်ကို သက်သေခံရန် တူယှဉ်တွဲလျက် လုပ်ဆောင်ကြသည်။ နိုင်ငံတော်ဆိုင်ရာ ဧဝံဂေလိတရားကို တိုးချဲ့ပြန့်ပွားရန် ကျွန်ုပ်တို့ အစွမ်းကုန်ကြိုးစားကြသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ အလိုတော်ကို ပြည့်စုံစေရန် ကျွန်ုပ်တို့၏ စိတ်နှလုံးအကြွင်းမဲ့နှင့် တာဝန်ထမ်းဆောင်ကြသည်။ အသင်းတော်အသက်တာမှာ အလွန်နှစ်သက်ဖွယ်ကောင်းပြီး ဘုရားသခင်ကို ကျွန်ုပ်တို့ ထာဝရချီးမွမ်းမည်။

၄ ဘုရားသခင်၏ တရားစီရင်မှုသည် ကောင်းချီးမင်္ဂလာတစ်ပါးပင်၊ ထိုအရာက ကျွန်ုပ်တို့ကို သန့်စင်စေသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် သမ္မာတရားပင်၊ ထိုအရာမှာ ကျွန်ုပ်တို့၏ အသက်ဖြစ်လာသည်။ ကျွန်ုပ်တို့သည် ဘုရားသခင်ကို နာမ်ဝိညာဥ်နှင့်လည်းကောင်း၊ သစ္စာနှင့်လည်းကောင်း ကိုးကွယ်ကြသည်၊ အလင်းထဲ၌ အသက်ရှင်ကြသည်။ ခရစ်တော်၏ နိုင်ငံတော်သည် ကျွန်ုပ်တို့၏ လှပသောအိမ်တော်ပင်။ အသင်းတော်၏အသက်တာကို အသက်ရှင်နေထိုင်ရင်း၊ ကျွန်ုပ်တို့သည် အနှိုင်းအဆမရှိ ပျော်ရွှင်ကြသည်။ ကျွန်ုပ်တို့ဘေးမှာ ဘုရားသခင် ရှိနေခြင်းနှင့် သူ၏လမ်းညွှန်ခြင်းကို ရရှိခြင်းတို့သည် အကြီးမားဆုံးသော ကောင်းချီးမင်္ဂလာများပင်။ ဘုရားသခင်ကို ရိုးသားမှန်ကန်စွာ ချစ်ခြင်းနှင့် သူ၏ချီးမွမ်းခြင်းကို ကြိုးစားရရှိခြင်းဖြင့် ကျွန်ုပ်တို့သည် အပျော်ဆုံးအသက်တာကို ရှင်သန်နေထိုင်ကြသည်။ အသင်းတော်အသက်တာမှာ အလွန်နှစ်သက်ဖွယ်ကောင်းပြီး ဘုရားသခင်ကို ကျွန်ုပ်တို့ ထာဝရချီးမွမ်းမည်။

အရှေ့သို့- ၄၇ အသင်းတော်အသက်တာ၌ အလွန်ရွှင်လန်းဝမ်းမြောက်ခြင်း

နောက်တစ်ခုသို့- ၄၉ ဤနေရာရှိ မိုးကောင်းကင်သည် အလွန်ပြာနေသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၅၀၁ ဇာတိပကတိအား စွန့်လွှတ်ခြင်း

၁ဆင်းရဲဒုက္ခရင်ဆိုင်ဖို့ လိုအပ်တဲ့ အခြေအနေတစ်ခု ဖြစ်လာ ရင်ထိုအချိန် ဘုရား၏အလိုတော်ကို သိရှိ နားလည်ပါကိုယ့်ကိုယ်ကို ကျေနပ်မနေပါနဲ့၊...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။