နိုင်ငံတော်၏ အစဉ်လန်းဆန်းစိုပြေနေသောရှုမျှော်ခင်း
၁
အရှေ့တွင် နေမင်းသည် မြူဆိုင်းနေသောမိုးကောင်းကင်ကို ကျော်ဖြတ်ကာ တောက်ပ
ဤလောကသို့ ကယ်တင်ရှင်ပြန်ကြွလာပြီး
လောကသည် နိုင်ငံတော်အသက်တာ ကို လက်ခံကာ အရာအားလုံး ပြန်လည်သက်ဝင်
အို၊ ယခု အရုဏ်တက်လာပြီ
အို၊ အလင်းရောင်သည် ကျွန်ုပ်တို့ မျက်စိရှေ့မှာ
နှစ်ပေါင်းနှစ်ထောင် မျှော် လင့်ချက်ကြီး နောက်ဆုံးတော့ ပြည့်မြောက်လာပြီ
မျှော်လင့်ချက်ကင်း သော နှစ်များကုန်ဆုံးပြီ နာကျင်ဖွယ် နေ့ရက်များ မရှိတော့ပါ
၂
ပန်းတွေပွင့်လန်း မွှေးရနံများ သင်းပျံ့
ငှက်များ ကျယ်လောင်စွာ တေးသီဆို
လူသားပြန်လာခြင်းကို ကြွေးကြော်၊ သက်သေခံရာ တွင်
ဘုရား၏လူမျိုး သူတို့ခံစားချက်များ ဖော်ပြ
သူတို့၏ ရင်ထဲတွင်ရှိသောအရာများကို ညီညွတ်စွာ ပြောဆိုကြသည်
အို၊ ရိုသေစွာ ဆုတောင်းပါ။ အို၊ ကျယ်လောင်စွာ သီဆို
ပလ္လင်တော်ရှေ့မှာ ပျပ်ဝပ်
ကျွန်ုပ်တို့ဘုရားကို ချီးမွမ်းကြသည်။ ပင်လယ်ရပ်ခြားရှိ ညီအစ်ကို မောင်နှမများ၊
ဆွေမျိုးရောင်းရင်းများ အတူတကွ အောင်ပွဲခံကြစို့
၃
အနန္ဒတန်ခိုးရှင်ဘုရား၊ နောက်ဆုံးသောခရစ်တော် သည် လူ့ဇာတိခံယူခဲ့ပြီး
လူသားအကြား အမှုတော် ဆောင်ရွက်
လူကို တရားစီရင်ဖို့ သမ္မာတရားဖော်ပြပြီး
သူ၏နှုတ်ကပတ်တော်သည်လူတစ်စုအား စင်ကြယ်၊ စုံလင်စေသည်။
အို၊ နှုတ်ကပတ်တော်သည် ကျွန်ုပ်တို့နှလုံးသား အားဖြည့် ကာ ဘဝကို အထောက်ပံ့ပေး၏
ကျွန်ုပ်တို့ ကောင်းချီးခံစား
ကျွန်ုပ်တို့မျိုးဆက်သည် ဘုရားထံ ပြန်သွားရသည့် အတွက်မင်္ဂလာရှိသည်။
ဒီအရာသည် ဘုရား၏ ကြီးမားသော ချစ်ခြင်းမေတ္တာပင်
၄
နိုင်ငံတော်ခေတ်၏ ဘဝထဲသို့ ဝင်ရောက်ခြင်းသည် ကျွန်ုပ်တို့အားလုံး တမ်းတသည့်အရာပင်
သူ၏ တရားစီရင်မှု ခံယူခြင်းအားဖြင့် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းနှင့် ဘုရားသခင်၏ သိမ်းပိုက်ခြင်းခံကြရသည်
ကျွန်ုပ်တို့ အလွန် ကျေးဇူးတင်လျက် ဘုရားသခင်ကို ချီးမွမ်းပါ၏
အို၊ ကျွန်ုပ်တို့ခွန်အားရှိသမျှနှင့် ရှေ့ဆက်ချီကြပါ
အို၊ ကျွန်ုပ်တို့ အားအင်ရှိသမျှနှင့် ကြိုးပမ်းစို့
ကျွန်ုပ်တို့တာဝန်ကို သစ္စာရှိစွာ ထမ်းရွက်ကာ
ဘုရားအလို တော်ကို ဖြည့်ဆည်းပါ
ပေတရု၏ စိတ်ဓာတ်အလား ခိုင်မာသောစိတ်ဖြင့် ကြိုးပမ်းကာ
စစ်မှန်သောလူ့အသက်တာအတိုင်း အသက်ရှင်ရန် အလိုတော်အတိုင်း ဆောင်ရွက်ပါ။
ဟာလေလုယာ (ဟာလေလုယာ) ဟာလေလုယာ (ဟာလေလုယာ)
ဟာလေလုယာ (ဟာလေလုယာ) ဟာလေလုယာ (ဟာလေလုယာ)