သင်၏စိတ်သဘောထားကို ပြောင်းလဲရန် ဘုရားနှုတ်ကပတ်တော်များအတိုင်း အသက်ရှင်လော့ကျူး
၁ သင်၏အထဲတွင်ရှိသော အခက်အခဲများအားလုံးကို သင်သည် ဘုရားသခင်အပေါ် မှီခိုအားထားခြင်းဖြင့် ဦးစွာ ဖြေရှင်းရမည်။ သင်တို့၏ ယိုယွင်းသော စိတ်သဘောထားတို့ကို အဆုံးသတ်စေပြီး၊ သင်တို့၏ ကိုယ်ပိုင် အခြေအနေများကို အမှန်တကယ် နားလည်နိုင်စွမ်း ရှိကာ၊ အကြောင်းကိစ္စတို့အား မည်သို့လုပ်ဆောင်သင့်သည်ကို သိလော့၊ နားမလည်သော အရာမှန်သမျှကို ဆက်၍ မိတ်သဟာယ ပြုလော့။ သင့်ကိုသင် မသိခြင်းမှာ သင့်အတွက် လက်ခံနိုင်ဖွယ်ရာမရှိပေ။ သင်၏အနာရောဂါကို ဦးစွာ ငြိမ်းစေလော့၊ ထို့ပြင် ငါ၏နှုတ်ကပတ်တော်များကို စဉ်းစားဆင်ခြင်လျက်၊ ငါ၏နှုတ်ကပတ်တော်များကို ပို၍ စားသောက်ခြင်းဖြင့်၊ ငါ၏နှုတ်ကပတ်တော်များနှင့်အညီ ဘဝကို ရှင်သန်ကာ ပြုမူနေထိုင်လော့။ သင်သည် အိမ်တွင် ရှိနေသည်ဖြစ်စေ သို့မဟုတ် အခြားနေရာတွင် ရှိနေသည် ဖြစ်စေ၊ သင်၏အထဲတွင် ဘုရားသခင်အား တန်ခိုးတော်ကို စွဲကိုင်ခွင့် ပြုသင့်သည်။ သွေးသားခန္ဓာနှင့် သဘာဝကျခြင်းတို့ကို စွန့်ပစ်လော့။ ဘုရားသခင်၏ နူတ်ကပတ်တော်များကို သင်၏အထဲတွင် အမြဲတမ်း စိုးမိုးခွင့်ပေးလော့။ သင်၏ အသက်တာသည် ပြောင်းလဲနေသည်မဟုတ်ဟု စိုးရိမ်စရာ မလိုပေ၊ သင်၏စိတ်သဘောထားသည် ကြီးစွာပြောင်းလဲနေပြီဖြစ်ကြောင်းကို၊ သင်သည် တဖြည်းဖြည်း ခံစားလာရလိမ့်မည်။
၂ ယခုအချိန်တွင် အရေးကြီးသည်မှာ အသက်တာအပေါ်အာရုံစိုက်ရန်၊ ငါ ၏နူတ်ကပတ်တော်တို့ကို ပို၍ စားသောက်ရန်၊ ငါ၏နူတ်ကပတ်တော်တို့ကို တွေ့ကြုံ၍ သိရှိရန်၊ ငါ၏နူတ်ကပတ်တော်တို့ကို စစ်မှန်စွာဖြင့် သင်၏အသက်တာ ဖြစ်လာစေရန်တို့ပင် ဖြစ်သည်၊ ဤသည်မှာ အဓိက ကျသောအရာ ဖြစ်၏။ ဘုရားသခင်၏ နူတ်ကပတ်တော်များနှင့်အညီ မနေထိုင်နိုင်သော တစ်စုံတစ်ယောက်၏ အသက်တာသည် ပြီးပြည့်စုံနိုင်သလော။ သင်သည် ငါ၏နူတ်ကပတ်တော်တို့ဖြင့် အချိန်တိုင်း နေထိုင်ရမည်။ အသက်တာတွင်၊ ငါ၏ နူတ်ကပတ်တော်တို့သည် သင်၏ ကျင့်ဝတ်စည်းကမ်း ဖြစ်ရမည်။ အကြောင်းအရာများကို သေချာသောနည်းလမ်းတစ်ခုဖြင့် လုပ်ဆောင်ခြင်းသည် ဘုရားသခင် ဝမ်းမြောက်သောအရာဖြစ်ပြီး၊ အခြားသောနည်းလမ်းဖြင့် လုပ်ဆောင်ခြင်းသည် ဘုရားသခင် မုန်းတီးသောအရာ ဖြစ်ကြောင်းကို၊ ထိုအရာများက သင့်အား ခံစားမိစေလိမ့်မည်။ သင်သည် လမ်းကြောင်းမှန်ပေါ်တွင် တဖြည်းဖြည်း လျှောက်လှမ်းလာလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “အခန်း ၂၂” အစအဦး၌ ခရစ်တော်၏မိန့်မြွက်ချက်များ ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။