ကျွန်ုပ်နှလုံးသားရဲ့ဆန္ဒသည် ဘုရားကို ချစ်ရန်ဖြစ်၏
၁
ဆိုးဝါးတဲ့လောကထဲ နေပြီး သမ္မတရားဆိုတာကို ကျွန်ုပ်မသိခဲ့ဖူးပါ
အနန္တတန်ခိုးရှင် ဘုရားရဲ့နူတ်ကပတ်တော် ဖတ်ပြီး…ကျွန်ုပ် ဘဝ အဓိပ္ပာယ် တွေ့ခဲ့
စစ်မှန်သော အလင်း လောကထဲရောက်လာ…
ခရစ်တော်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ပင်
ဘုရား၏နူတ်ကပတ်တော်ရဲ့ရေလောင်းခြင်း၊ အားဖြစ်ခြင်းတွေ ခံစားလိုက်….
ကျွန်ုပ် အသက်တာရဲ့ ထာဝရလမ်းကို တွေ့ခဲ့
ဘုရားရဲ့နူတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း၊ ခံစားခြင်းကြောင့် ကျွန်ုပ် ဘဝမှာ တဖြည်းဖြည်း ကြီးထွားလာခဲ့…
ကျွန်ုပ် သမ္မာတရားကို တန်ဖိုးထားတယ်…ကျွန်ုပ် ဘုရားရဲ့ နူတ်ကပတ်တော်ကို တန်ဖိုးထားတယ်
ခရစ်တော်ဟာ လက်တွေ့ကျသောဘုရား…ကျွန်ုပ် ချီးမွမ်းခြင်းများ၊ကျေးဇူးများ ကမ်းလှမ်းပါ၏
ဘုရားကိုချစ်ဖို့ ကျွန်ုပ်ဆန္ဒ…ကျွန်ုပ်နှလုံးသား ဆန္ဒ…ဟာလေလုယာ
၂
သမ္မာတရား၊လူသားတို့ ဖောက်ပြန်မှု ….ဘုရားနူတ်ကပတ်တော်ပြသ
လူသားဟာ မောက်မာ၊ အတ္တကြီး၊မရိုးသား…အသိတရား၊ဆင်ခြေတုံတရား ကင်းတာ
ခရစ်တော် ပလ္လင်ရှေ့ တရားစီရင်မှု ကြုံနေ… ဘုရားရဲ့ ဖြောင့်မတ်သော၊
ဘုန်းအာနုဘော်ဖြစ်သော စိတ်သဘောထားမြည်းစမ်းခဲ့
ဘုရားအတွက် ချစ်ခြင်း၊ ကြောက်ရွံ့ခြင်း ရခဲ့…သူ့ကိုသာ တကယ် ပုံအပ်ခဲ့…
မြေမှုန်က ကျွန်ုပ်လာတာ၊ နွမ်းပါးပြီး သနားစရာ၊ ဘာမှကို မရှိ
ဘုရားရဲ့နှုတ်ကပတ်တော်က ကျွန်ုပ်ကို သန့်စင်ခဲ့… အခု ကျွန်ုပ် လူသားဆန်စွာ နေနိုင်ပြီပေါ့
ခရစ်တော်ဟာ လက်တွေ့ကျသောဘုရား…လူသားအချစ်နဲ့ ထိုက်တန်
ဘုရားကိုချစ်ဖို့ ကျွန်ုပ်ဆန္ဒ…ကျွန်ုပ်နှလုံးသား ဆန္ဒ…ဟာလေလုယာ
၃
ခရစ်တော်ရဲ့ သမ္မာတရားအားလုံး ဖော်ပြခြင်းက ကျွန်ုပ်ကို ဘဝ အလင်း မြင်တွေ့စေခဲ့
ဘုရား၏နူတ်ကပတ်တော်ရဲ့ တရားစီရင်မှုနှင့် သန့်စင်ခြင်းကို ကျွန်ုပ်ရခဲ့….အကျွန်ုပ် စိတ်သဘောထား ပြောင်းလဲခဲ့
သမ္မာတရားကို ဘုရားပေးခဲ့….သူနှင့် သဟဇာတဖြစ်ပြီပေါ့
ဘုရားနူတ်ကပတ်တော်တိုင်းက သမ္မာတရား...နှလုံးသားထဲ တွယ်ရစ်
ဘုရားနူတ်ကပတ်တော်ကို လက်တွေ့လုပ်ဆောင်ခြင်း၊ခံစားခြင်းကြောင့် ကျွန်ုပ် သမ္မာတရားဟာ ဘဝရဲ့ရတနာဆိုတာ နောက်ဆုံး သိလာခဲ့
သူ့ နူတ်ကပတ်တော်က ကျွန်ုပ်ကိုပြောင်းလဲစေခဲ့၊ ကျွန်ုပ်ကို ဘဝသစ်ပေးခဲ့
ခရစ်တော်ဟာ လက်တွေ့ကျသောဘုရား…သူ့ကို ထာဝရချစ်မည်
ဘုရားကိုချစ်ဖို့ ကျွန်ုပ်ဆန္ဒ…ကျွန်ုပ်နှလုံးသား ဆန္ဒ…ဟာလေလုယာ