၁၃၃ ကျွန်ုပ်တို့၏ဝိညာဉ်များကို နောက်တဖန်လှုပ်ရှားစေတော်မူပါ ဘုရားသခင်
၁ အို ဘုရားသခင်၊ ကျွန်ုပ်၏နှလုံးသား ကိုယ်တော်ထံသို့ လုံးလုံးလျားလျား လှည့်စေရန်၊ ကိုယ်တော်အားဖြင့် ကျွန်ုပ်၏ဝိညာဉ်သည် နိုးဆော်ခြင်းခံရစေရန်၊ ကျွန်ုပ်၏ စိတ်နှလုံးနှင့် ဝိညာဉ်အတွင်း၌ ကိုယ်တော်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်းကို မြင်နိုင်ရန်၊ ကမ္ဘာသူကမ္ဘာသားများသည် ကိုယ်တော်၏ လှပတင့်တယ်မှုကို ဖူးမြင်ရသော ကောင်းချီးမင်္ဂလာ ခံစားကြစေရန်၊ ကောင်းကင်မှ ကိုယ်တော်၏ဝိညာဉ်တော်အား မြေကြီးသားများပေါ်သို့ ကျေးဇူးတော်သွန်းလောင်းစေပါ။ ဘုရားသခင်၊ ကျွန်ုပ်တို့၏မေတ္တာသည် တာရှည်ခံ၍ ထာ၀ရမပြောင်းလဲသောမေတ္တာ ဖြစ်ရပါမည့်အကြောင်း ကိုယ်တော်၏ ဝိညာဉ်တော်မှ ကျွန်ုပ်တို့၏ ဝိညာဉ်များကို ပြန်လည်နှိုးဆော်စေတော်မူပါ။
၂ ငါတို့အားလုံး အထဲ၌ ဘုရားသခင်၏ လုပ်ဆောင်မှုသည် ငါတို့၏ နှလုံးသားများကို ဦးစွာ စစ်ဆေးမှုပြု၍ ငါတို့၏ နှလုံးသားများကို သူ့ထံသို့ ဖွင့်ချပြလိုက်သောအခါ ငါတို့၏ ဝိညာဉ်များကို သူစတင်နှိုးဆော်ပေးသည်။ လူတစ်ဦးသည် ဘုရားသခင်၏ ချစ်ခင်နှစ်လိုဖွယ်ကောင်းခြင်း၊ သာလွန်ကြီးစိုးခြင်းနှင့် ကြီးမြတ်ခြင်းတို့ကို ဝိညာဉ်ထဲ၌သာ မြင်နိုင်သည်။ ၎င်းသည် လူသားများအထဲရှိ သန့်ရှင်းသော ဝိညာဉ်တော်၏ လမ်းကြောင်းဖြစ်သည်။