၆၇၃ လူကို ဘုရားစမ်းသပ်မှုများနှင့် စစ်ဆေးမှုများ၏ အဓိပ္ပာယ်ကျူး

၁ စစ်ဆေးခြင်းအမှု၏ ရည်ရွယ်ချက်မှာ အဓိကအားဖြင့် လူတို့၏ယုံကြည်ခြင်းကို စုံလင်စေရန်ဖြစ်သည်။ အဆုံးတွင်၊ ရရှိသည့်အရာမှာ သင်စွန့်ခွာလိုသော်လည်း၊ တစ်ချိန်တည်းတွင် စွန့်ခွာ၍မရပေ။ အချို့လူတို့သည် အသေးငယ်ဆုံးသော မျှော်လင့်ချက် တစ်စက်ကလေးမျှ မရှိသည့်အချိန်တွင်ပင် ယုံကြည်ခြင်း ရှိနိုင်ဆဲဖြစ်ပြီး၊ လူတို့သည် ၎င်းတို့၏ကိုယ်ပိုင် အနာဂတ်တက်လမ်းများနှင့် စပ်လျဉ်း၍ မျှော်လင့်ချက် လုံးဝ မရှိကြတော့ချေ။ ဤအချိန်မှသာ ဘုရားသခင်၏စစ်ဆေးခြင်းမှာ ပြီးဆုံးမည်ဖြစ်သည်။ လူသားသည် သေခြင်းနှင့် ရှင်ခြင်းအကြားတွင် တဝဲလည်လည်ဖြစ်နေသည့် အဆင့်ကို မရောက်ကြသေးပေ၊ ထို့ပြင် ၎င်းတို့သည် သေခြင်းကို မမြည်းစမ်းရသေးသောကြောင့် စစ်ဆေးခြင်း၏ လုပ်ငန်းစဉ်မှာ မပြီးဆုံးသေးပါ။ အစေခံသူများ၏အဆင့်၌ ရှိခဲ့သောသူတို့ပင်လျှင် အဆုံးစွန် စစ်ဆေးခြင်းကို မခံခဲ့ကြရပေ။ ယောဘသည် ပြင်းထန်သော စစ်ဆေးခြင်းကို ကြုံခဲ့ရပြီး သူ၌ အားထားစရာ မည်သည့်အရာမျှ မရှိခဲ့ပေ။ လူတို့သည် ၎င်းတို့၌ မျှော်လင့်ချက် မရှိသည့်အပြင် အားထားစရာ မည်သည့်အရာမျှမရှိသည့် အတိုင်းအတာအထိ စစ်ဆေးခြင်းများကို ခံကြရမည်၊ ဤသည်သာလျှင် စစ်မှန်သောစစ်ဆေးခြင်း ဖြစ်သည်။ သင်သည် ယောဘ၏ စမ်းသပ်မှုများကို ခံရပြီး တစ်ချိန်တည်းမှာပင် ပေတရု၏ စမ်းသပ်မှုများကိုလည်း ခံရခြင်းဖြစ်သည်။ ယောဘ အစမ်းသပ်ခံခဲ့ရသောအခါ သူသည် သက်သေရပ်တည်ခဲ့ပြီး အဆုံးတွင် ယေဟောဝါမှာ သူ့အား ကိုယ်ထင်ပြခဲ့သည်။ သူသက်သေရပ်တည်ခဲ့သည့် နောက်မှသာ သူသည် ဘုရားသခင်၏ မျက်နှာကိုမြင်ဖို့ ထိုက်တန်ခဲ့သည်။

၂ “ငါသည် ညစ်ညမ်းသောပြည်မှ ပုန်းရှောင်သော်လည်း၊ သန့်ရှင်းသောနိုင်ငံတော်အား ငါ့ကိုယ်ငါ ကိုယ်ထင်ပြမည်။” ဟု အဘယ်ကြောင့် ပြောထားသနည်း။ ယင်းမှာ သင်သည် သန့်ရှင်းပြီး သက်သေရပ်တည်သည့်အခါမှသာ ဘုရားသခင်၏မျက်နှာကို မြင်ရဖို့အတွက် ဂုဏ်အသရေကို သင်ရနိုင်သည်ဟု ဆိုလိုခြင်းဖြစ်သည်။ အကယ်၍ သင်သည် ဘုရားသခင်အတွက် သက်သေမရပ်တည်နိုင်ပါက သူ၏မျက်နှာကိုမြင်ရဖို့ သင်၌ ဂုဏ်အသရေမရှိပေ။ အကယ်၍ သင်သည် စစ်ဆေးခြင်းများကို ကြုံနေရစဉ် နောက်ကြောင်းပြန်လှည့်သောကြောင့်ဖြစ်စေ၊ သို့မဟုတ် ဘုရားသခင်အပေါ် ညည်းတွားချက်များ ပြုလုပ်သောကြောင့်ဖြစ်စေ သူ့အတွက် သက်သေရပ်တည်ရန် ပျက်ကွက်ပြီး စာတန်၏ လှောင်ပြောင်စရာ ဖြစ်လာပါက၊ သင်သည် ဘုရားသခင်၏ပေါ်ထွန်းခြင်းကို ရရှိလိမ့်မည်မဟုတ်ပေ။ အကယ်၍ သင်သည် စမ်းသပ်မှုများကြား၌ မိမိ၏ကိုယ်ပိုင် ဇာတိခန္ဓာကို ကျိန်ဆဲခဲ့ပြီး ဘုရားသခင်အား မညည်းတွားခဲ့သည့်အပြင်၊ စကားလုံးများ အားဖြင့် ညည်းညူခြင်း သို့မဟုတ် အပြစ်ကျူးလွန်ခြင်းမရှိဘဲ မိမိ၏ ဇာတိပကတိကို စက်ဆုပ်နိုင်ခဲ့သည့် ယောဘကဲ့သို့သောသူ ဖြစ်ပါက၊ သင်သည် သက်သေရပ်တည်နေလိမ့်မည်။ သင်သည် စစ်ဆေးခြင်းများကို တစ်စုံတစ်ခုသော အတိုင်းအတာအထိ ခံရပြီး ယောဘကဲ့သို့ ဖြစ်နိုင်သေးကာ၊ ဘုရားသခင်၏ရှေ့တွင် လုံးလုံးလျားလျား နာခံမှုရှိပြီး သူ၏ အခြားတောင်းဆိုချက်များ သို့မဟုတ် သင်၏ကိုယ်ပိုင်အယူအဆများ မရှိပါက၊ ဘုရားသခင်သည် သင့်ထံ ပေါ်ထွန်းလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၁)၊ ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော်၊ စုံလင်ခြင်းသို့ ရောက်မည့်သူများသည် စစ်ဆေးခြင်းကို ခံကြရမည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၇၂ လူတို့ကို ဘုရား၏စမ်းသပ်မှုများသည် ၎င်းတို့ကို သန့်စင်စေရန်ဖြစ်၏ကျူး

နောက်တစ်ခုသို့- ၆၇၄ ဘုရားပြုသမျှသောအရာအားလုံးတို့သည် လူကိုချစ်ရန်နှင့် ပြည့်စုံစေရန်ဖြစ်၏

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၂၇၆ လူတို့၏ကံကြမ္မာကို ဂရုပြုကြလော့

၁ လူမျိုးအပေါင်း၊ တိုင်းနိုင်ငံအားလုံးနဲ့အလွှာမျိုးစုံရှိ လူအပေါင်းတို့အား ဘုရား နှိုးဆော်တိုက်တွန်းဘုရားအသံတော်ကို နားစွင့်၊ အမှုတော်ကို...

၆၅၉ ဆင်းရဲဒုက္ခရောက်ချိန် ခံနိုင်ရည်ရှိသူများသာ အောင်နိုင်သူများဖြစ်သည်

၁နိုင်ငံတော်ခေတ်တွင်လူသားမျိုးနွယ် တွေ ကို ပြီးပြည့်စုံစေမည်။နိုင်ငံတော်ခေတ်တွင် လုံးဝပြီးပြည့်စုံစေမည်။ရယူခြင်းအလုပ် တွေ ပြီးသည့်အခါသူတို့...

၃၉၆ လူတို့၏မှန်ကန်သော ယုံကြည်ခြင်းကို ဘုရားသခင် မျှော်လင့်သည်

၁ဘုရားသခင်သည် လူ့အတွက် တင်းကြပ်သောစံအမြဲထားရှိသည်။သင်၏သစ္စာစောင့်သိခြင်းသည် အခြေအနေများအပေါ် မူတည်ပါကသင်၏ အမည်ခံယုံကြည်ခြင်းကို...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။