၇၃၈ ပေါလုကဲ့သို့ အစေခံသူများကို ဘုရားမချီးမွမ်းကျူး
ဘုရားသခင်ကို အစေခံသော ထိုသူတို့သည် မိမိတို့၏ပင်ကိုစရိုက်နောက်ကိုလိုက်ပြီး ကိုယ့်ဆန္ဒအရ ပြုမူကြမည်ဆိုပါက အချိန်မရွေး မောင်းထုတ်ခြင်း ခံရနိုင်သည့် အန္တရာယ်ရှိသည်။ အခြားသောသူများ၏ နှလုံးသားကို သိမ်းသွင်းရန်၊ ၎င်းတို့ကို သွန်သင်ရန်နှင့် ချုပ်ထိန်းရန်၊ ထို့အပြင် အထက်စီး၌နေရန် ဘုရားသခင်အား အစေခံခြင်းဆိုင်ရာ နှစ်များစွာသော အတွေ့အကြုံကို အသုံးချလျက် မည်သည့်အခါမျှ နောင်တမရသောသူများ၊ အပြစ်များကို ဝန်ချမတောင်းပန်သောသူများနှင့် သူတို့ရာထူးနေရာ၏အကျိုးကို မည်သည့်အခါမျှ မစွန့်လွှတ်သောသူများသည် ဘုရားသခင်ရှေ့မှောက်တွင် ကျရှုံးကြလိမ့်မည် ဖြစ်သည်။ ထိုသူတို့သည် ပေါလုကဲ့သို့ ပုံစံမျိုးဖြစ်ကြပြီး ၎င်းတို့၏ဝါရင့်မှုကို ရောင့်တက်သောသူနှင့် ၎င်းတို့၏ အရည်အချင်းများကို ဝါကြွားသော သူကဲ့သို့ ဖြစ်ပေသည်။ ဘုရားသခင်သည် ထိုသို့သောသူများကို စုံလင်စေလိမ့်မည် မဟုတ်ပေ။ ထိုသို့သော အစေခံခြင်းသည် ဘုရားသခင်၏ အလုပ်ကို တားဆီးနှောင့်ယှက်သည်။ လူတို့သည် ဟောင်းသောအရာအပေါ် စွဲကပ်နေရန် ခုံမင်တတ်ကြသည်။ သူတို့သည် အတိတ်၏ အယူအဆများ၊ အတိတ်၏ အမှုအရာများအပေါ် စွဲကပ်နေတတ်ကြသည်။ ထိုအရာသည် သူတို့၏ အစေခံခြင်းအတွက် ကြီးမားသည့် အတားအဆီးပင် ဖြစ်ပေသည်။ သင်သည် ထိုအရာများကို မစွန့်လွှတ်နိုင်ပါက ထိုအရာများက သင့်ဘဝတစ်ခုလုံးကို ပိတ်ပင်ချုပ်ချယ်သွားလိမ့်မည်။ အလုပ်လုပ်ရင်း သင့်ကျောရိုး ကျိုးသည်ဖြစ်စေ၊ သို့မဟုတ် ပြေးလွှားရင်း သင့်ခြေထောက် ခေါက်သွားသည် ရှိသော်လည်း၊ ဘုရားသခင်အား သင်၏အစေခံခြင်းတွင် သင်သည် မာတုရဖြစ်လျှင်ပင် ဘုရားသခင်သည် သင့်ကို အနည်းငယ်မျှပင် ချီးကျူးလိမ့်မည် မဟုတ်ပေ။ ထိုအရာနှင့် ဆန့်ကျင်လျက် သင်သည် မကောင်းသည့်အမှုကို ပြုလုပ်သူဟုပင် ဘုရားသခင်ပြောလိမ့်မည်။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘာသာရေးအမှုဆောင်ခြင်းကို သန့်စင်ရမည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။