ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းသည် သူ့ကို ချစ်သောလမ်းကြောင်းပေတည်း
ဘုရားသခင်ကို ယုံကြည်ခြင်းလမ်းကြောင်းသည်
သူ့ကို ချစ်သောလမ်းကြောင်းပေတည်း။
အကယ်၍ ဘုရားသခင်ကို သင် ယုံကြည်လျှင်၊
သင်၌ သူ့အပေါ် ချစ်ခြင်းမေတ္တာရှိရမည်။
၁
ဘုရားသခင်ကို ချစ်ခြင်းဆိုသည်မှာ
ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ပြန်ပေးဆပ်ရုံမျှသာ၊
အသိစိတ်ဖြင့် သူ့ကို ချစ်ရုံမျှသာ မဟုတ်ပေ၊
သို့သော် ဘုရားသခင်အပေါ် ဖြူစင်သောချစ်ခြင်းမေတ္တာ ရှိခြင်း ဖြစ်၏။
အသိစိတ်သည် ဘုရားသခင်အပေါ် ချစ်ခြင်းမေတ္တာကို လှုံ့ဆော်မည် မဟုတ်ပေ။
သူ၏နှစ်သက်ဖွယ်ကောင်းခြင်းကို သင် ခံစားရသောအခါ၊
သင်၏ဝိညာဉ်သည် ဘုရားသခင်၏တို့ထိခြင်းကို ခံရ်၏၊
သင်၏အသိစိတ်သည် ၎င်း၏အခန်းကဏ္ဍကို လုပ်ဆောင်လေမည်။
ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာသည်
နက်ရှိုင်းသောစိတ်နှလုံးအတွင်းမှ ထွက်ပေါ်၏။
၎င်းမှာ ဘုရားသခင်အကြောင်း လူသား၏ စစ်မှန်သောအသိအပေါ်
တည်ရှိသော ချစ်ခြင်းမေတ္တာဖြစ်၏။
၂
လူသား၏ဝိညာဉ်သည် ဘုရားသခင်၏ တိုက်တွန်းခြင်းကို ခံရသောအခါ၊
၎င်းတို့၏စိတ်နှလုံးများထဲ၌ အသိ ရသည့်အခါ၊
၎င်းတို့သည် အတွေ့အကြုံ ရပြီးနောက်
ဘုရားသခင်ကို အသိစိတ်ဖြင့် ချစ်နိုင်ကြ၏။
လူတစ်ဦး၏အသိစိတ်ဖြင့် ဘုရားသခင်ကို ချစ်ခြင်းမှာ
မမှားယွင်းသော်လည်း ၎င်းမှာ နိမ့်ကျသောချစ်ခြင်းမေတ္တာ ဖြစ်၏၊
၎င်းသည် ဘုရားသခင်၏ ကျေးဇူးတော်ကို အကျိုးသင့်အကြောင်းသင့် ဖြစ်စေသော်လည်း
လူသား၏ ဝင်ရောက်ခြင်းကို လှုံ့ဆော်နိုင်ခြင်း မရှိပေ။
ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာသည်
နက်ရှိုင်းသောစိတ်နှလုံးအတွင်းမှ ထွက်ပေါ််၏။
၎င်းမှာ ဘုရားသခင်အကြောင်း လူသား၏ စစ်မှန်သောအသိအပေါ်
တည်ရှိသော ချစ်ခြင်းမေတ္တာဖြစ်၏။
၃
လူတို့သည် ဝိညာဉ်တော်၏အလုပ်ကို ရသောအခါ၊
ဘုရားသခင်၏ချစ်ခြင်းမေတ္တာကို ၎င်းတို့ မြင်၍ မြည်းစမ်းရသောအခါ၊
ဘုရားသခင်အကြောင်း ၎င်းတို့ အသိ ရသည့်အခါ၊
ကိုယ်တော်သည် စစ်မှန်စွာ ချစ်ခြင်းကို ခံနိုင်၏။
ဘုရားသခင်သည် ထိုက်တန်ကြောင်း ၎င်းတို့ မြင်သောအခါ၊
လူသားမျိုးနွယ်၏ချစ်ခြင်းမေတ္တာကို လွန်စွာ ထိုက်တန်ကြောင်း မြင်၍၊
ကိုယ်တော်သည် အဘယ်မျှ နှစ်သက်ဖွယ်ကောင်းကြောင်း မြင်သောအခါ၊
ဘုရားသခင်ကို ၎င်းတို့ စစ်မှန်စွာ ချစ်နိုင်ကြ၏။
ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာသည်
နက်ရှိုင်းသောစိတ်နှလုံးအတွင်းမှ ထွက်ပေါ်၏။
၎င်းမှာ ဘုရားသခင်အကြောင်း လူသား၏ စစ်မှန်သောအသိအပေါ်
တည်ရှိသော ချစ်ခြင်းမေတ္တာဖြစ်၏။
၄
ဘုရားသခင်ကို နားလည်သဘောပေါက်ခြင်း မရှိသောသူများမှာ၊
ဘုရားသခင်ကို ၎င်းတို့၏
အယူအဆများ၊ ၎င်းတို့ နှစ်သက်သည့်အရာအပေါ် အခြေခံ၍သာ ချစ်နိုင်၏။
ယင်းချစ်ခြင်းမေတ္တာမှာ အစစ်အမှန် မဟုတ်၊ စိတ်နှလုံးကို အခြေခံခြင်း ဖြစ်၏။
တစ်စုံတစ်ဦးသည် ဘုရားသခင်ကို နားလည်သည့်အခါ၊
၎င်းတို့၏စိတ်နှလုံးများသည် ဘုရားသခင်ထံ လှည့်ကြောင်းကို ပြသနေ၏။
၎င်းတို့၏စိတ်နှလုံးထဲမှ ချစ်ခြင်းမေတ္တာသည်၊
စစ်မှန်၏၊ အလိုအလျောက် ဖြစ်၏။
ယင်းကဲ့သို့ လူမျိုးသာ
၎င်းတို့၏စိတ်နှလုံးထဲ၌ ဘုရားသခင် ရှိသောသူ ဖြစ်၏။
ဘုရားသခင်အပေါ် စစ်မှန်သောချစ်ခြင်းမေတ္တာသည်
နက်ရှိုင်းသောစိတ်နှလုံးအတွင်းမှ ထွက်ပေါ်၏။
၎င်းမှာ ဘုရားသခင်အကြောင်း လူသား၏ စစ်မှန်သောအသိအပေါ်
တည်ရှိသော ချစ်ခြင်းမေတ္တာဖြစ်၏။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်အတွက် စစ်မှန်သောချစ်ခြင်းသည် အလိုအလျောက် ဖြစ်သည်” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။