သမ္မာတရားကို လက်တွေ့ကျင့်သုံးခြင်းသည် ဘုရားကို ယုံကြည်ခြင်း၏ သော့ချက်တည်းကျူး
၁ ဘုရားသခင်၌ ယုံကြည်ခြင်းနှင့် ဘုရားသခင်ကို သိခြင်းကို လိုက်စားခြင်းသည် ရိုးရှင်းသောအရာ မဟုတ်ပေ။ ၎င်းတို့ကို အတူတကွ စည်းရုံးခြင်းနှင့် တရားဟောချက်ကို နားထောင်ခြင်းအားဖြင့်သာ မရရှိနိုင်သလို၊ စိတ်အားထက်သန်မှု တစ်ခုတည်းအားဖြင့် သင်သည် စုံလင်စေခြင်းမခံရနိုင်ပေ။ သင်သည် တွေ့ကြုံခံစားပြီး သိမှတ်ကာ၊ သင်၏လုပ်ဆောင်ချက်များ၌ ကိုယ်ကျင့်တရားကောင်း ရမည်ဖြစ်ပြီး သန့်ရှင်းသောဝိညာဉ်တော်၏ အလုပ်ကို ရရှိရမည်။ အတွေ့အကြုံများကို သင်ဖြတ်သန်းပြီးသောအခါ သင်သည် အမှုအရာများစွာကို ခွဲခြားနိုင်လိမ့်မည်- သင်သည် ကောင်းမှုနှင့် မကောင်းမှု၊ ဖြောင့်မတ်ခြင်းနှင့် ဆိုးညစ်မှု၊ သွေးသားနှင့် ဆိုင်သောအရာနှင့် သမ္မာတရားနှင့်စပ်ဆိုင်သော အရာတို့အကြား ခွဲခြားနိုင်လိမ့်မည်။ သင်သည် ဤအရာအားလုံးတို့အကြား ခွဲခြားနိုင်စွမ်းရှိသင့်ပြီး၊ ထိုသို့ လုပ်ဆောင်ခြင်းဖြင့်၊ မည်သည့်အခြေအနေများတွင်မဆို၊ သင်သည် မည်သည့်အခါမျှ ပျောက်ဆုံး လိမ့်မည်မဟုတ်။ ဤအရာသည်သာ သင်၏ ဝိညာဉ်အသက်တာအစစ်အမှန် ဖြစ်သည်။ဘုရားသခင်ကို လိုက်စားခြင်း၌၊ လူသားသည် ရပ်တည်ရန် မိမိကိုယ်ပိုင် အနေအထားမရှိဘဲ၊ မည်သည့်သမ္မာတရား ဆွဲကိုင်သင့်သည်ကို သူမသိလျှင်၊ သူ၌ အခြေခံအုတ်မြစ်မရှိဟု ဆိုလိုပြီး၊ ထို့ကြောင့်၊ သူ့အတွက် ခိုင်ခိုင်မာမာ ရပ်တည်ဖို့မှာ မလွယ်ကူပေ။
၂ ယနေ့တွင်၊ သမ္မာတရားကို နားမလည်သောသူ၊ အကောင်းနှင့် အဆိုးမခွဲခြားတတ်သောသူ သို့မဟုတ် ချစ်ရမည့်၊ မုန်းရမည့်အရာကို မသိသောသူ များစွာရှိသည်။ ထိုကဲ့သို့သော လူတို့သည် အခိုင်အမာ ရပ်တည်ဖို့ မဖြစ်နိုင်ပေ။ ဘုရားသခင်၌ ယုံကြည်မှုအတွက် အဓိကသော့ချက်မှာ၊ သမ္မာတရားကို လက်တွေ့ကျင့်သုံးပြီး၊ ဘုရားသခင်၏အလိုတော်ကို ပြုစုစောင့်ရှောက်ကာ၊ ဇာတိပကတိ၌ သူကြွလာချိန် လူသားအပေါ် ဘုရားသခင်၏အမှုနှင့် သူပြောဆိုသည့် အခြေခံသဘောတရားများကို သိရှိနိုင်စွမ်းရှိခြင်း ဖြစ်သည်၊ လူထုနောက်ကို မလိုက်နှင့်၊ သင်ဝင်ရောက်သင့်သည့် အရာအတွက် အခြေခံသဘောတရားများ သင့်မှာရှိရမည်ဖြစ်ပြီး ယင်းတို့ကို စွဲကိုင်ထားရမည်။ ဘုရားသခင်မှ အလင်းပေးသော သင့်အတွင်းရှိ ထိုအရာတို့ကို ခိုင်ခိုင်မာမာ စွဲကိုင်ခြင်းသည် သင့်ကို အကူအညီဖြစ်စေသည်။ သင်မစွဲကိုင်လျှင်၊ သင်သည် ယနေ့ လမ်းတစ်ခု ချော်မည်၊ မနက်ဖြန် အခြားတစ်ခု ချော်မည်ဖြစ်ပြီး၊ စစ်မှန်သည့်အရာများကို မည်သည့်အခါမျှ သင်ရလိမ့်မည်မဟုတ်။ ဤသို့ဖြစ်ဖို့ရန်မှာ သင့်ကိုယ်ပိုင်ဘဝအတွက် အကျိုးမရှိပေ။
နှုတ်ကပတ်တော်သည် လူ့ဇာတိ၌ ပေါ်လာ၏ စာအုပ်ထဲရှိ “ဘုရားသခင်နှင့် သူ၏ အမှုကို သိရှိသူတို့သာ ဘုရားသခင်ကို ကျေနပ်စေနိုင်၏” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်။