၆၅၀ သင်၏ လက်ရှိဆင်းရဲဒုက္ခ၏ အဓိပ္ပါယ်ကို သင် နားလည်ရမည်

၁ ယနေ့ခေတ်တွင်၊ ဘုရားသခင်ကို ယုံကြည်သူ လူအများစုသည် မှန်ကန်သော လမ်းကြောင်းထဲသို့ မဝင်ရောက်ကြသေးသကဲ့သို့ သမ္မာတရားကို နားလည်မလာကြသေးသောကြောင့်၊ စိတ်ထဲတွင် အနှစ်မဲ့ခြင်းကို ၎င်းတို့ ခံစားရဆဲဖြစ်ပြီး ဘဝတွင် ဆင်းရဲဒုက္ခကို ခံစားကြရဆဲဖြစ်ကာ၊ ၎င်းတို့၏ တာဝန်များကို ဖြည့်ဆည်းရန် ခွန်အားမရှိကြချေ။ ဤသည်မှာ ၎င်းတို့ စိတ်နှလုံးများထဲတွင် ရူပါရုံများမရှိမီ ဘုရားသခင်၏ ယုံကြည်သူများ ဖြစ်သည့်ပုံစံဖြစ်သည်။ ထိုသို့သော လူတို့သည် သမ္မာတရားကို မရရှိကြသေးသကဲ့သို့ ဘုရားသခင်ကို မသိကြသေးပေ၊ ထို့ကြောင့် အတွင်းပိုင်း ပျော်ရွှင်မှုကို ၎င်းတို့ များစွာမခံစားရသေးချေ။ သင်တို့အားလုံးသည် နှိပ်စက်ညှဉ်းပန်းခြင်းကို အထူးသဖြင့် ခံစားခဲ့ပြီဖြစ်ပြီး အိမ်ပြန်ရာ၌ အခက်အခဲကို တွေ့ကြုံခဲ့ပြီဖြစ်သည်၊ သင်သည် ဒုက္ခကြုံတွေ့ကာ သေခြင်းနှင့် အသက်မရှင်လိုခြင်း အတွေးများလည်း ရှိသည်။ ဤအရာများမှာ ဇာတိပကတိ၏ အားနည်းချက် ဖြစ်သည်။ ဘုရားသခင်ကို ယုံကြည်ခြင်းသည် နှစ်သက်ဖွယ် ဖြစ်သင့်သော်လည်း၊ ယနေ့ခေတ် ဘုရားသခင်ကို ယုံကြည်ခြင်းသည် အလွန်အမင်း ဦးနှောက်ခြောက်စရာဖြစ်သည်ဟုပင် လူအချို့က တွေးကြလေသည်။

၂ ဇာတိပကတိ၏ ပျော်ရွှင်မှုမှာ အခြားမည်သည့်အရာမဆိုထက် ပိုမိုကောင်းမွန်သည်ကိုသာ သင်သိသည်။ ဘုရားသခင်သည် ယနေ့ မည်သည့်အမှုကို ပြုနေကြောင်းကို သင်မသိပေ။ ဘုရားသခင်သည် သင်တို့၏ စိတ်သဘောထားကို ပြောင်းလဲရန်အတွက် သင်တို့၏ ဇာတိပကတိကို ဒုက္ခဆင်းရဲခံစေရသည်။ သင်တို့၏ ဇာတိပကတိ ဒုက္ခဆင်းရဲရောက်သော်လည်း သင်၌ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် ဘုရားသခင်၏ ကောင်းချီးမင်္ဂလာ ရှိသည်။ အကယ်၍ သင်သေလိုလျှင်လည်း မသေနိုင်ရာ- သင်သေပါက ဘုရားသခင်ကိုမသိခြင်းနှင့် သမ္မာတရားအားမရရှိခြင်းကို သင်ကြိတ်မှိတ်၍ လက်ခံနိုင်သလော။ ယခုတွင် အဓိကအားဖြင့် လူတို့သည် သမ္မာတရားကို မရရှိသေးဘဲ၊ အသက်လည်း မရှိခြင်းသာဖြစ်သည်။ လူတို့သည် ယခုအချိန်တွင် ကယ်တင်ခြင်းကို ရှာဖွေနေသည့် လုပ်ငန်းစဉ်၏အလယ်တွင် ရှိနေကြသည့်အတွက်၊ ဤအချိန်ကာလအတွင်း သူတို့သည် ဝေဒနာအချို့ကို ခံစားရပေမည်။

၃ ယနေ့တွင် ကမ္ဘာပေါ်ရှိ လူအယောက်စီတိုင်းသည် စစ်သပ်ခြင်းကိုခံနေရ၏၊ ဘုရားသခင်သည် ဝေဒနာခံစားနေရဆဲဖြစ်သည်၊ သင်တို့ ဝေဒနာမခံစားရခြင်းမှာ တရားနည်းလမ်းကျသလော။ ကြီးမားသည့် ဘေးဒုက္ခကြီးများအားဖြင့် စစ်ဆေးခြင်းမရှိဘဲ၊ လူတို့၌ စစ်မှန်သည့် ယုံကြည်မှု မရှိနိုင်ပေ၊ ထို့ပြင် သမ္မာတရားနှင့် အသက်ကို သူတို့ရရှိလိမ့်မည်မဟုတ်ပေ။ စမ်းသပ်မှုများနှင့် စစ်ဆေးမှုများ မရှိဘဲ အလုပ်မဖြစ်ပါ။ နောက်ဆုံးတွင် ပေတရုသည် ခုနှစ်နှစ်ကြာ စမ်းသပ်ခံခဲ့ရသည်။ ထိုခုနှစ်နှစ်တာတစ်လျှောက် စမ်းသပ်မှုရာပေါင်းများစွာ သူ တွေ့ကြုံခဲ့ရသည်။ ထိုအခါမှသာ အသက်ကို သူ ရရှိပြီး သူ၏ စိတ်သဘောထားထဲတွင် ပြောင်းလဲမှုတစ်ခုကို တွေ့ကြုံခဲ့ရသည်။ ထို့ကြောင့်၊ သမ္မာတရားကို သင် အမှန်တကယ် ရရှိပြီး ဘုရားသခင်ကို သိရှိလာသည့်အခါ၊ ဘုရားသခင်အတွက် သင် အသက်ရှင်နေသင့်သည်ဟု ခံစားရလိမ့်မည်။ ဘုရားသခင်အတွက် သင် အသက်မရှင်လျှင်၊ သင် ဝမ်းနည်းရလိမ့်မည်။ သင်၏ ကျန်သည့် နေ့ရက်အချိန်များကို ခါးသီးသည့် ဝမ်းနည်းမှုနှင့် ပြင်းထန်သော နောင်တဖြင့် အသက်ရှင်နေထိုင်ရလိမ့်မည်။

“နှုတ်ကပတ်တော်၊ အတွဲ (၃)၊ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ၊ လူ့သဘာဝကို သိရှိရန် နည်းလမ်း” ကို ကောက်နုတ်၍ ဆီလျော်စွာ ပြုပြင်ထားသည်

အရှေ့သို့- ၆၄၉ ဘုရား၏အလိုတော်ကို သင်မပျက်ပြားစေနိုင်ကျူး

နောက်တစ်ခုသို့- ၆၅၁ ဤအခက်အခဲကို ခံစားရခြင်း၌ လေးနက်သောအဓိပ္ပာယ်ရှိသည်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

သက်ဆိုင်သည့် အကြောင်းအရာ

၄၇၄ သမ္မာတရားအတွက် အရာအားလုံးကို စွန့်လွှတ်သင့်

၁သမ္မာတရားကိုဦးတည်ရာလမ်းကြောင်းမှာ ခက်ခဲကြမ်းတမ်းမှု ခံစားရမယ်သင့်ကိုယ်သင် အပြည့်အဝပေးဆပ်ထားအောက်ကျနောက်ကျခြင်းနဲ့ ဒုက္ခဆင်းရဲခြင်း...

၆၃၂ ဘုရားသခင်၏ဒဏ်ခတ်ခြင်းနှင့် စစ်ကြောခြင်းကို ချစ်ခြင်းမေတ္တာဟူ၍ သိမှတ်ပါ

၁စစ်ကြောခြင်းနဲ့ဆုံးမခြင်းဟာ လူသားရဲ့အပြစ်များ၊ အသွေးအသားကို ဒဏ်ခတ်ဖို့ ရည်ရွယ်သော သန့်စင်ခြင်း၊ ညှာတာမှုကင်းသော ထုတ်ဖော်မှုတွေပါဒီ...

၇၀၂ စိတ်ထားပြောင်းလဲမှုများသည် သန့်ရှင်းသော ဝိညာဉ်တော်ရဲ့ လုပ်ဆောင်မှုနှင့် ဆက်စပ်နေသည်

၁သန့်ရှင်းသော ဝိညာဉ်တော်ရဲ့အလုပ်နှင့်ရှိနေခြင်းကသင် ရိုးသားစွာရှာ မရှာ ဆုံး ဖြတ်တာအခြားသူများကို စီရင်ခြင်းမဟုတ်...သူတို့ အမြင်တွေ လည်း...

ဘုရားသခင်၏ ပေါ်ထွန်းခြင်းနှင့် အမှုတော် ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် စပ်လျဉ်း၍ နောက်ဆုံးသော ကာလ ခရစ်တော်၏ ဟောပြောချက်များ သမ္မာတရားကို လိုက်စားခြင်းနှင့် စပ်လျဉ်း၍ ၁ တရားစီရင်ခြင်းသည် ဘုရားသခင်၏ အိမ်တော်မှ စတင်သည် နောက်ဆုံးသောကာလခရစ်တော်၊ အနန္တတန်ခိုးရှင် ဘုရားသခင်ထံမှ စံနမူနာ နှုတ်ကပတ်တော်များ ဘုရားသခင်၏ နေ့စဉ် နှုတ်ကပတ်တော်များ သိုးသငယ်နောက်လိုက်ပြီး သီချင်းအသစ်များကိုသီဆိုပါ နိုင်ငံတော် ဧဝံဂေလိတရားတော် ဖြန့်ဝေခြင်းအတွက် လမ်းညွှန်ချက်များ ဘုရားသခင်၏သိုးတို့သည် ဘုရားသခင်၏ အသံတော်ကို ကြားကြ၏ ဘုရားသခင်၏ အသံကို နားထောင်လော့ ဘုရားသခင်၏ ပေါ်လာခြင်းကို ရှုမြင်ကြလော့ နိုင်ငံတော်၏ ဧဝံဂေလိတရားအကြောင်း စံပြုလောက်သော အမေးအဖြေများ ခရစ်တော်၏ တရားစီရင်ခြင်း ပလ္လင်တော်ရှေ့ အတွေ့အကြုံများအကြောင်း သက်သေခံချက်များ အနန္တတန်ခိုးရှင်ဘုရားသခင်ထံ ကျွန်ုပ်ပြန်လှည့်ခဲ့ပုံ

ဆက်တင်

  • စာတို
  • နောက်ခံအပြင်အဆင်များ

တပြေးညီ အရောင်များ

နောက်ခံအပြင်အဆင်များ

စာလုံးပုံစံ

စာလုံးအရွယ်အစား

စာကြောင်း အကွာအဝေး

စာကြောင်း အကွာအဝေး

စာမျက်နှာအနံ

မာတိကာ

ရှာဖွေမည်

  • ဤစာကို ရှာမည်
  • ဤစာအုပ်ကို ရှာမည်

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။