အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား (အပိုင်း နှစ်)

ဘုရားသခင်၏ အမျက်ဒေါသသည် ဖုံးကွယ်ထားပြီး၊ လူသားက မသိနိုင်သော်လည်း ထိုအရာသည် ထိပါးစော်ကားမှုကို သည်းမခံပေ

မိုက်မဲခြင်းအားလုံးနှင့် အသိမဲ့သည့် လူသားမျိုးနွယ်အတွက် ဘုရားသခင်၏ ဆက်ဆံမှုက သနားညှာတာမှုနှင့် သည်းခံမှုအပေါ်မှာ အဓိက အခြေခံပါသည်။ တစ်ဖက်မှာတော့ သူ၏အမျက်ဒေါသသည် ကျယ်ပြန့်သည့် အချိန်နှင့် အကြောင်းအရာအများစုထဲမှာ ဖုံးကွယ်ထားပါသည်။ ၎င်းကို လူသားက မသိပေ။ အကျိုးရလဒ်အနေနှင့် ဘုရားသခင်က သူ၏အမျက်ဒေါသကို ပြခြင်းကို မြင်ရဖို့ လူသားအတွက် ခက်ခဲပြီး သူ၏အမျက်ဒေါသကို နားလည်ဖို့လည်း ခက်ခဲပါသည်။ ဤကဲ့သို့ပင် လူသားသည် ဘုရားသခင်၏ အမျက်ဒေါသကို အလေးမထားပေ။ လူသားသည် ဘုရားသခင်၏ နောက်ဆုံးအမှုနှင့် လူသားကို သည်းခံခြင်းနှင့် ခွင့်လွှတ်ခြင်း နောက်ဆုံးအဆင့်ကို ရင်ဆိုင်ရသည့်အခါ၊ ဆိုလိုသည်မှာ ဘုရားသခင်၏ နောက်ဆုံး သနားညှာတာမှုနှင့် သူ၏ နောက်ဆုံး သတိပေးချက်တို့က လူသားတို့ဆီကို ရောက်သည့်အခါမှာ သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဖို့ ဤနည်းလမ်းကိုပင် အသုံးပြုဆဲဖြစ်ပြီး နောင်တရဖို့ မည်သည့်အားထုတ်မှုမှ မပြုလုပ်ဘူးဆိုလျှင်၊ သူတို့၏ နည်းလမ်းများကို ပြင်ဆင်ခြင်း သို့မဟုတ် သူ၏ သနားညှာတာမှုကို လက်ခံခြင်း မပြုလုပ်ဘူးဆိုလျှင် ဘုရားသခင်သည် သူ၏သည်းခံမှုနှင့် စိတ်ရှည်မှုတို့ကို သူတို့အပေါ်မှာ ချပေးသနားမှာ မဟုတ်တော့ပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က သူ၏ သနားညှာတာမှုကို ပြန်လည်ရုတ်သိမ်းခြင်းသည် ဤအချိန်ဖြစ်ပါသည်။ ၎င်းအပြီးမှာ သူ၏အမျက်ဒေါသကိုသာ ပို့လွှတ်ပါလိမ့်မည်။ သူ၏ အမျက်ဒေါသကို မတူညီသည့် နည်းလမ်းများနှင့် ဖော်ပြနိုင်သည်။ လူတို့ကို အပြစ်ဒဏ်ခတ်ပြီး ဖျက်ဆီးဖို့ မတူညီသည့် နည်းလမ်းများကို သူအသုံးပြုနိုင်သကဲ့သို့ပင်ဖြစ်သည်။

သောဒုံမြို့ကို ဖျက်ဆီးဖို့ ဘုရားသခင်၏ မီးကိုအသုံးပြုခြင်းသည် လူသားမျိုးနွယ်တစ်စု သို့မဟုတ် အရာဝတ္ထုတစ်ခုကို လုံးဝအမြစ်ဖြတ်သည့် သူ၏ အမြန်ဆုံးနည်းလမ်းပင်ဖြစ်သည်။ သောဒုံမြို့၏လူတို့ကို လောင်ကျွမ်းစေခြင်းက သူတို့၏ ရုပ်ပိုင်းဆိုင်ရာ ကိုယ်ခန္ဓာများထက်ပိုပြီး ဖျက်ဆီးခဲ့သည်။ ဤမြို့ထဲက လူတို့သည် လူသားအတွက် မမြင်နိုင်သည့်လောကနှင့် ရုပ်ဝတ္ထုလောကနှစ်ခုစလုံးမှာ ပျောက်ကွယ်သွားဖို့ သေချာစေရင်း သူတို့၏ ဝိညာဉ်တစ်ခုလုံး၊ သူတို့၏စိတ်နှင့် သူတို့၏ ကိုယ်ခန္ဓာတို့ကို ဖျက်ဆီးခဲ့သည်။ ၎င်းက ဘုရားသခင်က သူ့အမျက်ဒေါသကို ထုတ်ဖော်သည့်နည်းနှင့် ဖော်ပြသည့်နည်းတစ်ခုဖြစ်သည်။ ဤထုတ်ဖော်ခြင်းနှင့် ဖော်ပြခြင်း ပုံစံက ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရ၏ ရှုထောင့်တစ်ခုဖြစ်ပါသည်။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အနှစ်သာရကို အလိုအလျောက် ထုတ်ဖော်ခြင်းဖြစ်သကဲ့သို့မျိုးပင်ဖြစ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါမှာ သူသည် မည်သည့်သနားညှာတာမှု သို့မဟုတ် မည်သည့်စာနာသနားမှုမှ မဖော်ထုတ်တော့သကဲ့သို့ သူ၏သည်းခံခြင်း သို့မဟုတ် စိတ်ရှည်ခြင်းတို့ကိုလည်း ထပ်မပြတော့ပေ။ သူ့ကို ဆက်ပြီး စိတ်ရှည်စေဖို့၊ သူ၏သနားညှာတာမှုကို ထပ်ပေးဖို့၊ သူ၏သည်းခံခြင်းကို နောက်တစ်ခါ ချပေးသနားဖို့ ဆွဲဆောင်နိုင်သည့် လူ၊ အရာဝတ္ထု သို့မဟုတ် အကြောင်းပြချက် မရှိပေ။ ဤအရာများအစား ဘုရားသခင်သည် ခဏလေးမျှ တွန့်ဆုတ်ခြင်းမရှိဘဲ သူ၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို စေလွှတ်ပါလိမ့်မည်။ သူဆန္ဒရှိသည့်အတိုင်း လုပ်လိမ့်မည်။ သူသည် ဤအရာများကို သူ၏ကိုယ်ပိုင်ဆန္ဒနှင့်အညီ လျင်မြန်ပြီး ရှင်းလင်းသည့် ပုံစံနှင့် လုပ်ဆောင်လိမ့်မည်။ ဤသည်မှာ လူသားက ထိပါးခြင်းမပြုလုပ်ရသည့် သူ၏ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်ကို ဘုရားသခင်စေလွှတ်သည့် နည်းလမ်းဖြစ်ပါသည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ရပ်၏ ဖော်ပြခြင်းလည်း ဖြစ်ပါသည်။ လူတို့သည် ဘုရားသခင်က လူသားအပေါ် ပူပင်မှုနှင့် စိုးရိမ်မှုအား ပြသခြင်းကို မြင်ရသည့်အခါမှာ သူတို့သည် သူ၏အမျက်ဒေါသကို သတိမပြုမိနိုင်ကြပေ။ သူ၏ ဘုန်းအာနုဘော်ကို မမြင်နိုင်ကြပေ။ သို့မဟုတ် သူ၏ ထိပါးစော်ကားမှုကို သည်းမခံခြင်းကို မခံစားနိုင်ကြပေ။ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သနားညှာတာခြင်း၊ သည်းခံခြင်းနှင့် ချစ်ခြင်းမေတ္တာသက်သက်ပင်ဟုဆိုပြီး လူတို့ကို ယုံကြည်ဖို့ ဤအရာများက ဦးတည်သွားစေခဲ့သည်။ သို့သော်လည်း ဘုရားသခင်က မြို့တစ်မြို့ကို ဖျက်ဆီးခြင်း သို့မဟုတ် လူသားမျိုးနွယ်တစ်စုကို ရွံမုန်းခြင်းကို တွေ့ရသည့်အခါ၌ လူသားကို ဖျက်ဆီးခြင်းမှ သူ၏ အမျက်ဒေါသနှင့် သူ၏ဘုန်းအာနုဘော်တို့က လူတို့ကို သူ၏ ဖြောင့်မတ်ခြင်း စိတ်သဘောထား၏ အခြားတစ်ဖက်ကို အနည်းအကျဉ်းမြင်စေပါသည်။ ဤသည်မှာ ထိပါးစော်ကားခြင်းကို ဘုရားသခင်၏ သည်းမခံခြင်းဖြစ်သည်။ ထိပါးစော်ကားခြင်းကို သည်းမခံသည့် ဘုရားသခင်၏ စိတ်သဘောထားသည် မည်သည့်ဖန်ဆင်းခံ သတ္တဝါမဆို၏ တွေးမြင်ခြင်းထက် သာလွန်ပါသည်။ ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါများကြားမှာ မည်သူကမှ ၎င်းကို ဝင်ရောက်နှောင့်ယှက်ခြင်း သို့မဟုတ် သက်ရောက်မှုရှိစေခြင်း မပြုလုပ်နိုင်ပေ။ တဖန် ၎င်းကို အယောင်ဆောင်ခြင်း သို့မဟုတ် အတုခိုးခြင်းလည်း ပြုလုပ်၍ မရနိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ စိတ်သဘောထားနှင့် ပတ်သက်သည့် ဤအချက်သည် လူသားမျိုးနွယ် အသိသင့်ဆုံးသော အရာတစ်ခုဖြစ်သည်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤကဲ့သို့စိတ်သဘောထားမျိုးရှိပါသည်။ ဘုရားသခင် ကိုယ်တိုင်သာလျှင် ဤကဲ့သို့ စိတ်သဘောထားမျိုးကို ပိုင်ဆိုင်ပါသည်။ ဘုရားသခင်သည် ဆိုးယုတ်ခြင်း၊ မှောင်မိုက်ခြင်း၊ ပုန်ကန်ခြင်းနှင့် လူသားမျိုးနွယ်ကို ဖျက်ဆီးပြီး ဝါးမျိုသည့် စာတန်၏ မကောင်းသည့် အပြုအမူများကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ သူနှင့်ဆန့်ကျင်သည့် အပြစ်၏လုပ်ရပ်အားလုံးကို စက်ဆုပ်ရွံရှာသည့်အတွက်ကြောင့်၊ သူ၏ သန့်ရှင်းပြီး ညစ်ညမ်းခြင်းမရှိသည့် အနှစ်သာရတို့ကြောင့် ဘုရားသခင်သည် ဤကဲ့သို့ဖြောင့်မတ်သည့် စိတ်သဘောထားကို ပိုင်ဆိုင်ပါသည်။ ဖန်ဆင်းခံ သို့မဟုတ် ဖန်ဆင်းခံမဟုတ်သည့် သတ္တဝါတို့က သူ့ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခြင်း သို့မဟုတ် ယှဉ်ပြိုင်ခြင်းများကို သူခံမည်မဟုတ်ဟုဆိုသည့် အရာက ထို့ကြောင့်ဖြစ်ပါသည်။ သူ တစ်ခါက သနားညှာတာမှုပြခဲ့သည့် သို့မဟုတ် ရွေးချယ်ခဲ့သည့်သူပင်လျှင် သူ၏ စိတ်သဘောထားကို ရန်စပြီး သူ၏ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းနိယာမကို ကျူးလွန်သည်နှင့် သူသည် သနားညှာတာခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်း အနည်းငယ်မျှမရှိဘဲ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ထုတ်လွှတ်ပြီး ထုတ်ဖော်ပါလိမ့်မည်။ ထိပါးစော်ကားမှုကို သည်းမခံသည့် စိတ်သဘောထားဖြစ်ပါသည်။

ဘုရားသခင်၏ အမျက်ဒေါသသည် တရားမျှတသည့် စွမ်းအား အားလုံးနှင့် အပြုသဘောဆောင်သည့် အရာအားလုံးအတွက် အကွယ်အကာဖြစ်သည်

ဘုရားသခင်၏ မိန့်ကြားချက်၊ အတွေးများနှင့် လုပ်ဆောင်ချက်များ၏ ဤဥပမာများကို နားလည်ခြင်းအားဖြင့် ထိပါးစော်ကား၍မရသည့် စိတ်သဘောထားဖြစ်သည့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သင်နားလည်နိုင်သလော။ အဆုံးမှာတော့ လူသားက မည်မျှနားလည်နိုင်သည်ပင် ဖြစ်ပါစေ ဤသည်မှာ ဘုရားသခင် ကိုယ်တိုင်၏ အတုမရှိသည့် စိတ်သဘောထား၏ လက္ခဏာသွင်ပြင်တစ်ရပ်ပင်ဖြစ်သည်။ ထိပါးစော်ကားခြင်းအပေါ် ဘုရားသခင်၏ သည်းမခံခြင်းက သူ၏ အထူးအနှစ်သာရတစ်ခုဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသက သူ၏ အထူး စိတ်သဘောထားဖြစ်ပါသည်။ ဘုရားသခင်၏ ဘုန်းအာနုဘော်က သူ၏အထူးအနှစ်သာရ ဖြစ်ပါသည်။ ဘုရားသခင်၏ ဒေါသနောက်က သဘောတရားသည် သူသာလျှင်ပိုင်ဆိုင်သည့် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်တို့ကို ထုတ်ဖော်ပြသပါသည်။ ဤသည်မှာ အတုမရှိ ဘုရားသခင် ကိုယ်တော်တိုင်၏ အနှစ်သာရ၏ သင်္ကေတလည်းဖြစ်ကြောင်းကို ပြောစရာမလိုပေ။ ဘုရားသခင်၏ စိတ်သဘောထားသည် သူ၏ကိုယ်ပိုင် ပင်ကို အနှစ်သာရဖြစ်ပါသည်။ ဤသည်မှာ အချိန်ကုန်သည်နှင့်အမျှ ပြောင်းလဲခြင်း လုံးဝမရှိသကဲ့သို့ တည်နေရာပြောင်းသည့်အချိန်တိုင်းမှာလည်း မပြောင်းပေ။ သူ၏ ပင်ကိုစိတ်သဘောထားသည် သူ၏ မရှိမဖြစ် အနှစ်သာရဖြစ်ပါသည်။ သူ့အလုပ်ကို မည်သူ့အပေါ်မှာ လုပ်ဆောင်သည်ဖြစ်စေ သူ၏ အနှစ်သာရသည် မပြောင်းလဲပေ။ သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားလည်း မပြောင်းလဲပေ။ လူတစ်ယောက်သည် ဘုရားသခင်ကို ဒေါသထွက်စေသည့်အခါမှာ သူထုတ်လွှတ်သည့်အရာက သူ၏ ပင်ကိုစိတ်သဘောထားဖြစ်ပါသည်။ ဤအချိန်မှာ သူ၏ဒေါသနောက်က သဘောတရားက မပြောင်းလဲသကဲ့သို့ သူ၏အတုမရှိသည့် ဝိသေသလက္ခဏာနှင့် အခြေအနေကလည်း မပြောင်းလဲပေ။ သူ၏အနှစ်သာရသည် ပြောင်းလဲမှုတစ်ခုကြောင့် သို့မဟုတ် သူ့စိတ်သဘောထားသည် မတူညီသည့် သဘောတရားများ ထုတ်သည့်အတွက်ကြောင့် သူစိတ်ဆိုးလာခြင်း မဟုတ်ပေ။ သို့သော်လည်း သူ့အပေါ် လူသား၏ ဆန့်ကျင်ခြင်းကြောင့် သူ့စိတ်သဘောထားကို ထိပါးစေပါသည်။ ဘုရားသခင်အပေါ် လူသား၏ ပြောင်ပြောင်တင်းတင်း ရန်စခြင်းက ဘုရားသခင်၏ ကိုယ်ပိုင် ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ်အတွက် အလွန်ပြင်းထန်သည့် စိန်ခေါ်မှုတစ်ခုပင်ဖြစ်သည်။ ဘုရားသခင်၏ အမြင်မှာ လူသားက သူ့ကို စိန်ခေါ်သည့်အခါ လူသားသည် သူ့ကိုယှဉ်ပြိုင်နေခြင်းဖြစ်ပြီး သူ၏ဒေါသကို စမ်းသပ်နေခြင်းဖြစ်ပါသည်။ လူသားက ဘုရားသခင်ကို ဆန့်ကျင်သည့်အခါ၊ လူသားက ဘုရားသခင်ကို ယှဉ်ပြိုင်သည့်အခါ၊ အပြစ်တရားက သောင်းကျန်းသည့် အချိန်လည်းဖြစ်သည့် လူသားက ဘုရားသခင်၏ ဒေါသကို အဆက်မပြတ် စမ်းသပ်သည့်အခါမှာ ဘုရားသခင်၏ အမျက်ဒေါသသည် သူ့အလိုအလျောက်ထုတ်ဖော်ပြီး ထွက်ပေါ်လာသည်။ ထို့ကြောင့် သူ၏အမျက်ဒေါသအပေါ် ဘုရားသခင်၏ ဖော်ပြချက်က မကောင်းသောစွမ်းအား အားလုံးသည် ပျောက်ကွယ်လိမ့်မည်ဆိုသည်ကို သင်္ကေတပြုနေပါသည်။ ရန်ပြုတတ်သည့် အစွမ်းအားလုံးသည် ဖျက်ဆီးခံရမည်ဆိုသည်ကို သင်္ကေတပြုနေပါသည်။ ဤသည်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အတုမရှိမှု၊ ဘုရားသခင်၏ အမျက်ဒေါသ၏ အတုမရှိမှုဖြစ်သည်။ ဘုရားသခင်၏ ဂုဏ်နှင့် သန့်ရှင်းခြင်းကို စိန်ခေါ်ခံရသည့်အခါမှာ တရားမျှတသည့် စွမ်းအားများသည် ပိတ်ဆို့နေပြီး ၎င်းတို့ကို လူသားက မမြင်ရသည့်အခါ ဘုရားသခင်သည် သူ၏အမျက်ဒေါသကို စေလွှတ်ပါလိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကြောင့် ဘုရားသခင်ကို ယှဉ်ပြိုင်သည့်၊ သူ့ကိုဆန့်ကျင်ပြီး သူ့ကိုရင်ဆိုင်သည့် အစွမ်းအားလုံးသည် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးပြီး တရားမမျှတသည့် အစွမ်းများပင်ဖြစ်သည်။ သူတို့သည် စာတန်ဆီမှလာပြီး စာတန်နှင့် သက်ဆိုင်ပါသည်။ ဘုရားသခင်သည် တရားမျှတသည့်အတွက်ကြောင့်၊ အလင်းဖြစ်ပြီး အပြစ်အနာအဆာကင်းမဲ့စွာ သန့်ရှင်းသည့်အတွက်ကြောင့် ဆိုးယုတ်၊ ဖောက်ပြန်ပျက်စီးသည့် စာတန်နှင့်သက်ဆိုင်သည့် အရာအားလုံးသည် ဘုရားသခင်၏ အမျက်ဒေါသ ထုတ်လွှတ်မှုနှင့်အတူ ပျောက်ကွယ်သွားပါလိမ့်မည်။

ဘုရားသခင်၏ အမျက်ဒေါသကို သွန်ချခြင်းက သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ ဖော်ပြချက်၏ လက္ခဏာသွင်ပြင်တစ်ခုဖြစ်သော်လည်း ဘုရားသခင်၏ ဒေါသသည် သူ၏ပစ်မှတ်အပေါ်မှာ မစဉ်းမစားလုပ်ခြင်း သို့မဟုတ် စည်းမျဉ်းမပါဘဲလုပ်ခြင်းမရှိပေ။ ဆန့်ကျင်ဘက်အနေနှင့် ဘုရားသခင်က စိတ်တိုရာ၌ လျင်မြန်ခြင်း လုံးဝမရှိသကဲ့သို့ သူ၏အမျက်ဒေါသနှင့် သူ၏ ဘုန်းအာနုဘော်ကို အလောတကြီး ထုတ်ဖော်ခြင်း မပြုလုပ်ပေ။ ထပ်ဖြည့်စွက်ရလျှင် ဘုရားသခင်၏ အမျက်ဒေါသသည် အတော်ပင်ထိန်းချုပ်ပြီး ချင့်ချင့်ချိန်ချိန်ရှိသည်။ လူသားက ချက်ချင်း ဒေါသထွက်လာခြင်းမျိုး သို့မဟုတ် သူ၏ ဒေါသကို ဖွင့်ချခြင်းမျိုးနှင့် လုံးဝ နှိုင်းယှဉ်၍မရပေ။ လူသားနှင့်ဘုရားသခင်ကြားက စကားပြောဆိုမှု များစွာကို သမ္မာကျမ်းစာမှာ မှတ်တမ်းတင်ထားပါသည်။ ဤလူတို့ထဲက တစ်ချို့၏ စကားလုံးများက မလေးနက်ပေ၊ ပညာမဲ့ပြီး ကလေးဆန်သည်။ သို့သော်လည်း ဘုရားသခင်က သူတို့ကို ရိုက်မချသကဲ့သို့ သူတို့ကို ရှုတ်ချခြင်းမရှိပေ။ အထူးသဖြင့် ယောဘ၏ စမ်းသပ်မှုအချိန်ကာလအတွင်းမှာ ယောဘ၏ သူငယ်ချင်းသုံးယောက်နှင့် အခြားလူများက ယောဘကို ပြောခဲ့သည့် စကားများကို ယေဟောဝါဘုရားသခင်က ကြားပြီးနောက်မှာ သူတို့ကို သူက မည်သို့ ဆက်ဆံခဲ့သနည်း။ သူတို့ကို သူ ရှုတ်ချသလော။ သူတို့အပေါ် ဒေါသထွက်သွားသလော။ ဤကဲ့သို့ တစ်ခုမှ မလုပ်ခဲ့ပေ။ ဤကဲ့သို့မလုပ်ဘဲ သူတို့အတွက် အသနားခံတောင်းလျှောက်ဖို့၊ သူတို့အတွက် ဆုတောင်းပေးဖို့ ယောဘကို သူပြောခဲ့သည်။ အခြားတစ်ဖက်မှာ ဘုရားသခင်သည် သူတို့အမှားများကို ဗွေမယူခဲ့ပေ။ ဤဖြစ်ရပ်များအားလုံးသည် လက်ရှိအခြေအနေအရ ဖောက်ပြန်ပျက်စီး၍ ပညာမဲ့သည့် လူသားမျိုးနွယ်ကို ဘုရားသခင်က ဆက်ဆံသည့် အဓိက သဘောထားကို ကိုယ်စားပြုပါသည်။ ထို့ကြောင့် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက သူ၏စိတ်ခံစားချက်၏ ဖော်ပြချက် သို့မဟုတ် ဖွင့်ချခြင်း လုံးဝ မဟုတ်ပေ။ ဘုရားသခင်၏ အမျက်ဒေါသက လူများနားလည်သကဲ့သို့ ပြည့်ကျပ်ပြီး ပေါက်ကွဲထွက်ခြင်း မဟုတ်ပေ။ ဘုရားသခင်က သူ၏ကိုယ်ပိုင် စိတ်ခံစားချက်ကို မထိန်းချုပ်နိုင်၍၊ သို့မဟုတ် သူ၏ဒေါသက အထွတ်အထိပ်ရောက်နေပြီး ဖွင့်ချရတော့မည့်အတွက် သူ၏အမျက်ဒေါသကို ထုတ်လွှတ်ခြင်းမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် သူ၏ အမျက်ဒေါသသည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို ပြသခြင်းဖြစ်ပြီး သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ စစ်မှန်သည့် ဖော်ပြချက်ဖြစ်ပါသည်။ ဤသည်မှာ သူ၏သန့်ရှင်းသည့် အနှစ်သာရကို သင်္ကေတနှင့် ထုတ်ဖော်ခြင်းပင်ဖြစ်သည်။ ဘုရားသခင်သည် အမျက်ဒေါသဖြစ်သည်။ ထိပါးစော်ကားမှုများကို သည်းမခံပေ။ ဤသည်မှာ ဘုရားသခင်၏ ဒေါသသည် အကြောင်းတရားများကြား ခွဲခြားမှုမရှိဟုလည်းကောင်း၊ မူမရှိဟုလည်းကောင်း ဆိုခြင်းမဟုတ်ပေ။ အကြောင်းတရားများကို မခွဲခြားဘဲ ဒေါသပေါက်ကွဲခြင်းက စည်းမရှိခြင်း၌ အထူးသီးသန့်မူပိုင်ရှိသည့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်ပင်ဖြစ်သည်။ လူသားတစ်ယောက်က အဆင့်အတန်းရှိသည့်အခါမှာ သူ့စိတ်ခံစားချက်ကို ထိန်းချုပ်ဖို့ ခက်နေခြင်းကို သူမကြာခဏတွေ့ရလိမ့်မည်။ ထို့ကြောင့် သူ၏မကျေနပ်မှုများကို ဖော်ပြပြီး သူ၏ စိတ်ခံစားချက်များကို ဖွင့်ချဖို့ ဖြစ်ရပ်များကို အမိအရဆုပ်ကိုင်ခြင်းကို နှစ်သက်လိမ့်မည်။ သိသာသည့်အကြောင်းပြချက်မရှိဘဲ သူသည် စိတ်တိုဒေါသထွက်လိမ့်မည်။ သူ၏အရည်အချင်းကို ထုတ်ဖော်ဖို့နှင့် သူ၏ အဆင့်အတန်းနှင့် ဝိသေသလက္ခဏာများသည် သာမန်လူတို့မှ ကွဲပြားသည်ဆိုသည်ကို အခြားလူများ သိစေဖို့အတွက် ဖြစ်ပါသည်။ မှန်ပါသည်၊ အဆင့်အတန်းမရှိသည့် ဖောက်ပြန်ပျက်စီးသည့် လူတို့ကတော့ မကြာခဏ စိတ်လွတ်လွတ်သွားပါလိမ့်မည်။ သူတို့၏ဒေါသသည် သူတို့၏တစ်ဦးချင်း အကျိုးအမြတ်ကို ထိခိုက်ခြင်းအားဖြင့် မကြာခဏ ဖြစ်ပွားတတ်ပါသည်။ သူတို့၏ ကိုယ်ပိုင်အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို ကာကွယ်ဖို့အတွက် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်သည် သူတို့၏ စိတ်ခံစားချက်များကို မကြာခဏ ဖွင့်ချပြီး သူတို့၏ မာနကြီးသည့်သဘောများကို ဖွင့်ပြပါလိမ့်မည်။ လူသားသည် အပြစ်တည်ရှိမှုကို ခုခံကာကွယ်ဖို့အတွက် သူ၏ စိတ်ခံစားချက်များကို ဖွင့်ချပြီး ဒေါသထွက်ပါလိမ့်မည်။ ဤလုပ်ရပ်များသည် လူသားက သူ၏ မကျေနပ်မှုများကို ဖော်ပြသည့် နည်းလမ်းများဖြစ်ပါသည်။ ဤလုပ်ရပ်များသည် အညစ်အကြေးများနှင့်၊ မကောင်းကြံစည်ခြင်းများနှင့် လျှို့ဝှက်ကြံစည်မှုများနှင့်၊ လူသား၏ ဖောက်ပြန်ပျက်စီးမှုနှင့် မကောင်းမှုတို့နှင့်အပြင် အခြား မည်သည့်အရာမဆိုထက်ပိုပြီး လူသား၏ ခက်ထန်သည့် ရည်မှန်းချက်များနှင့် ဆန္ဒများနှင့် ပြည့်လျှံနေပါသည်။ တရားမျှတမှုသည် ဆိုးယုတ်မှုနှင့် ယှဉ်ပြိုင်သည့်အခါ၌ လူသားသည် တရားမျှတမှု၏ ဖြစ်တည်မှုကို ခုခံကာကွယ်ဖို့ စိတ်တိုဒေါသထွက်မှာမဟုတ်ပေ။ ဆန့်ကျင်ဘက်အနေနှင့် တရားမျှတခြင်း၏ စွမ်းအားကို ခြိမ်းခြောက်ခံရသည့်အခါ၊ ညှဉ်းဆဲခံရသည့်အခါ၊ တိုက်ခိုက်ခံရသည့်အခါ၊ လူသား၏ သဘောထားသည် လျစ်လျူရှုခြင်း၊ ရှောင်ကြဉ်ခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းတို့ ဖြစ်ပါသည်။ သို့သော်လည်း မကောင်းမှု၏ စွမ်းအားများနှင့် ရင်ဆိုင်ရသည့်အခါမှာ လူသား၏ သဘောထားသည် ဖြည့်ဆည်းပေးခြင်း၊ မျက်နှာချိုသွေးခြင်းတို့ဖြစ်ပါသည်။ ထို့ကြောင့် လူသား၏ စိတ်ဖွင့်ချခြင်းသည် မကောင်းမှု၏ စွမ်းအားတို့အတွက် လွတ်လမ်း၊ ထကြွသောင်းကျန်းခြင်း၏ ဖော်ပြချက်တစ်ခုနှင့် ဇာတိပကတိဖြစ်သည့် လူသား၏ ရပ်တန့်၍မရနိုင်သည့် မကောင်းသည့် အပြုအမူဖြစ်ပါသည်။ သို့သော်လည်း ဘုရားသခင်က သူ၏ အမျက်ဒေါသကို ထုတ်လွှတ်သည့်အခါမှာ မကောင်းသည့် စွမ်းအား အားလုံးသည် ရပ်သွားပါလိမ့်မည်။ လူသားကို အန္တရာယ်ပြုသည့် အပြစ်တရားအားလုံးသည် ရပ်တန့်သွားပါလိမ့်မည်။ ဘုရားသခင်၏ လုပ်ဆောင်မှုကို ပိတ်ပင်တားဆီးသည့် ရန်မူသည့် စွမ်းအားများ အားလုံးသည် သိသာထင်ရှားလာမည်၊ ကွဲပြားလာပြီး ကျိန်ဆဲခြင်းကိုခံရမည်။ ဘုရားသခင်ကို ဆန့်ကျင်သည့် စာတန်၏ ကြံရာပါအားလုံးသည် အပြစ်ဒဏ်ခတ်ခံရမှာဖြစ်ပြီး အမြစ်ဖြတ်ပစ်ခံရမှာဖြစ်ပါသည်။ သူတို့၏နေရာမှာ ဘုရားသခင်၏လုပ်ဆောင်မှုသည် ပိတ်ပင်တားဆီးမှုတို့မရှိဘဲ လွတ်လပ်စွာ ရှေ့ဆက်ပါလိမ့်မည်။ ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်သည် စီစဉ်ထားချက်နှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက် တိုးတက်ဖြစ်ပေါ်လာပါလိမ့်မည်။ ဘုရားသခင်ရွေးချယ်ထားသည့်လူများသည် စာတန်၏ နှောင့်ယှက်ခြင်းနှင့် လှည့်စားခြင်းမှ လွတ်ကင်းပါလိမ့်မည်။ ဘုရားသခင်နောက်ကိုလိုက်သူများသည် ငြိမ်သက်အေးချမ်းသည့် ပတ်ဝန်းကျင်ထဲတွင် ဘုရားသခင်၏ ဦးဆောင်မှုနှင့် အထောက်အပံ့ကို ခံစားကြရပါလိမ့်မည်။ ဘုရားသခင်၏ အမျက်ဒေါသသည် မကောင်းသည့် အစွမ်းများ ထပ်ဆင့်ပွားများခြင်းနှင့် ထကြွသောင်းကျန်းခြင်းတို့မှ တားဆီးပေးသည့် အကာအကွယ်တစ်ခုဖြစ်ပါသည်။ တရားမျှတမှုနှင့် အပြုသဘောဆောင်သည့်အရာများအားလုံး ဖြစ်တည်မှုနှင့် ပျံနှံ့ခြင်းကို ကာကွယ်ပေးပြီး ဖိနှိပ်ခံရခြင်းနှင့် ထိုအရာများကို ဖျက်လိုဖျက်ဆီးလုပ်ခံရခြင်းတို့မှ ထာဝရကာကွယ်စောင့်ရှောက်ပေးသည့် အကာအကွယ်တစ်ခုလည်း ဖြစ်ပါသည်။

သောဒုံမြို့ကို ဘုရားသခင် ဖျက်ဆီးခြင်း၌ ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရကို သင်တို့ မြင်နိုင်သလော။ သူ၏ဒေါသအတွင်းမှာ အရောအနှော တစ်ခုခုပါသလော။ ဘုရားသခင်၏ ဒေါသက သန့်စင်သလော။ လူသား၏ စကားကို အသုံးပြုရလျှင် ဘုရားသခင်၏ အမျက်ဒေါသက ဘာမျှ ရောမနေဘူးလော။ သူ၏အမျက်ဒေါသနောက်ကွယ်တွင် လှည့်ကွက်တစ်ခုခု ရှိသလော။ လျှို့ဝှက်ကြံစည်ခြင်းများ ရှိသလော။ ပြောပြ၍မရသည့် လျှို့ဝှက်ချက်များ ရှိသလော။ သင်တို့ကို လေးလေးနက်နက် တည်တည်ကြည်ကြည်နှင့် ပြောပြနိုင်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသမှာ သံသယဖြစ်နိုင်သည့် အပိုင်းမရှိပေ။ သူ၏ ဒေါသက သန့်စင်သည်။ ရောစပ်ခြင်းမရှိသည့် ဒေါသဖြစ်ပြီး အခြားရည်ရွယ်ချက် သို့မဟုတ် ပန်းတိုင် မပါဝင်ပေ။ သူ၏ဒေါသအတွက် အကြောင်းပြချက်က သန့်စင်သည်၊ အပြစ်မရှိပေ၊ ဝေဖန်၍ မရနိုင်ပေ။ သဘာဝအလျောက်ထုတ်ဖော်ခြင်းနှင့် သူ၏ သန့်ရှင်းသည့် အနှစ်သာရကို ပြသခြင်းဖြစ်သည်။ မည်သည့်ဖန်ဆင်းခံမျှ မပိုင်ဆိုင်သည့် အရာဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ အတုမရှိ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဖန်ဆင်းရှင်၏ သက်ဆိုင်သည့် အနှစ်သာရများနှင့် သူ၏ဖန်ဆင်းခံများကြားမှာ သိသာသည့် ကွာခြားမှုလည်း ဖြစ်သည်။

လူတစ်ယောက်က အခြားလူများရှေ့မှာ သို့မဟုတ် သူတို့နောက်ကွယ်မှာ စိတ်ဆိုးသည်ဖြစ်စေ၊ လူတိုင်းမှာ မတူညီသည့် ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များ ရှိပါသည်။ သူတို့၏ သိက္ခာကို တည်ဆောက်နေခြင်းလည်း ဖြစ်ချင်ဖြစ်မည် သို့မဟုတ် သူတို့၏ နာမည် သို့မဟုတ် အရှက်မရစေဖို့ ထိန်းသိမ်းရင်း သူတို့၏ ကိုယ်ကျိုးကို ကာကွယ်နေခြင်းလည်း ဖြစ်ချင်ဖြစ်နိုင်သည်။ အချို့လူတို့က သူတို့၏ဒေါသကို ကန့်သတ်ထိန်းသိမ်းကြပြီး အခြားလူတို့က ပိုပြီး မစဉ်းမစားဖြစ်ပြီး အနည်းငယ်မျှထိန်းချုပ်ကန့်သတ်ခြင်းမရှိဘဲ သူတို့ ဆန္ဒရှိသကဲ့သို့ ဒေါသပေါက်ကွဲကြသည်။ အတိုချုပ်ပြောရလျှင် လူသား၏ ဒေါသသည် သူ၏ ပျက်စီးသည့် စိတ်သဘောထားမှ ဆင်းသက်ပါသည်။ ရည်ရွယ်ချက်က ဘာပဲဖြစ်ပါစေ၊ ဇာတိနှင့် သဘာဝကြောင့်ဖြစ်ပါသည်။ လူသား၏ သဘာဝနှင့် အနှစ်သာရများထဲက ဘယ်အရာကမှ သမ္မာတရားနှင့် ထပ်တူညီခြင်းမရှိသည့်အတွက်ကြောင့် တရားမျှတခြင်း သို့မဟုတ် တရားမမျှတခြင်းတို့နှင့် ဘာမှ မသက်ဆိုင်ပေ။ ထို့ကြောင့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်နှင့် ဘုရားသခင်၏ အမျက်ဒေါသကို အတူတူ မပြောဆိုသင့်ပေ။ ခြွင်းချက်မရှိဘဲ စာတန်အားဖြင့် ဖျက်ဆီးခံရသည့် လူသား၏ အပြုအမူသည် ဖောက်ပြန်ပျက်စီးခြင်းကို ကာကွယ်လိုသည့် ဆန္ဒနှင့် စတင်ပါသည်။ ဤသည်မှာ ဖောက်ပြန်ပျက်စီးမှု၌ အခြေခံပါသည်။ ထို့ကြောင့် သီအိုရီမှာ မည်မျှပင် သင့်တော်သည်ဟု မြင်ရပါစေ လူသား၏ဒေါသကို ဘုရားသခင်၏ အမျက်ဒေါသနှင့် အတူတူပြောဆို၍မရပေ။ ဘုရားသခင်က သူ၏ဒေါသကို စေလွှတ်လိုက်သည့်အခါမှာ မကောင်းသည့် စွမ်းအားများသည် တားဆီးခံရသည်။ မကောင်းသည့်အရာများသည် ဖျက်ဆီးခံရပြီး တရားမျှတခြင်းနှင့် အပြုသဘောဆောင်သည့်အရာများက ဘုရားသခင်၏ ဂရုစိုက်မှု၊ အကာအကွယ်တို့ကို ရရှိခံစားရပြီး ရှေ့ဆက်ပြုလုပ်ဖို့ အခွင့်ပေးခံရပါသည်။ တရားမမျှတမှု၊ အဖျက်သဘောနှင့် မကောင်းသည့်အရာများသည် တရားမျှတမှုနှင့် အပြုသဘောဆောင်သည့်အရာများ၏ ပုံမှန်လှုပ်ရှားမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ပိတ်ပင်တားဆီးခြင်း၊ နှောင့်ယှက်ခြင်း သို့မဟုတ် ဖျက်ဆီးခြင်းတို့ ပြုလုပ်သည့်အတွက်ကြောင့် ဘုရားသခင်သည် သူ၏အမျက်ဒေါသကို ထုတ်လွှတ်ပါသည်။ ဘုရားသခင်၏ ဒေါသ၏ ပန်းတိုင်သည် သူ၏ကိုယ်ပိုင်အဆင့်အတန်းနှင့် ဝိသေသလက္ခဏာကို ကာကွယ်ဖို့မဟုတ်ဘဲ တရားမျှတမှု၊ အပြုသဘောဆောင်ခြင်း၊ လှပပြီးကောင်းမွန်သည့်အရာများကို ကာကွယ်ဖို့၊ လူသားမျိုးနွယ်၏ ပုံမှန် ရှင်သန်ရပ်တည်ရေး နိယာမနှင့် အစီအစဉ်ကျမှုများကို ကာကွယ်ဖို့ ဖြစ်ပါသည်။ ဤသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ၏ အရင်းအမြစ်အကြောင်းရင်းဖြစ်ပါသည်။ ဘုရားသခင်၏ ဒေါသသည် အလွန်သင့်လျော်သည်၊ သဘာဝဆန်ပြီး သူ၏စိတ်သဘောထား၏ မှန်ကန်သည့် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ သူ၏ဒေါသနောက်မှာ မည်သည့်ရည်ရွယ်ချက်မျှ မရှိသကဲ့သို့ လှည့်စားခြင်း သို့မဟုတ် အကွက်ချစီစဉ်ခြင်းတို့ မရှိပေ။ ထို့အပြင် သူ၏ ဒေါသသည် ဆန္ဒ၊ ကောက်ကျစ်ခြင်း၊ အန္တရာယ်ပေးခြင်း၊ အကြမ်းဖက်ခြင်း၊ ဆိုးယုတ်ခြင်း သို့မဟုတ် လူသားမျိုးနွယ်တို့ အားလုံးအသုံးပြုကြသည့်အရာအားလုံးကို ဖျက်ဆီးခြင်းတို့ မပါဝင်ပေ။ ဘုရားသခင်က သူ၏ဒေါသကို မထုတ်လွှတ်ခင်မှာ သူသည် အကြောင်းအရာတိုင်း၏ အနှစ်သာရကို လုံးဝရှင်းလင်းစွာ၊ ပြည့်စုံစွာသိမြင်ထားပြီးဖြစ်ပြီး တိကျပြီးရှင်းလင်းသည့် အဓိပ္ပာယ်သတ်မှတ်ချက်များနှင့် ကောက်ချက်ချမှုများ ဖော်ထုတ်ပြီးဖြစ်ပါသည်။ ထို့ကြောင့် ဘုရားသခင် လုပ်ဆောင်သည့် အကြောင်းအရာတိုင်းမှာ သူ၏ ရည်ရွယ်ချက်သည် သူ၏သဘောထားကဲ့သို့ပင် လုံးဝရှင်းလင်းပါသည်။ သူသည် စိတ်ရှုပ်ထွေးသူမဟုတ်ပေ။ သူသည် မစဉ်းမစားမလုပ်ပေ။ စိတ်လိုက်မာန်ပါ မလုပ်ပေ။ ဂရုမစိုက်ဘဲ လုပ်သူမဟုတ်ပေ။ ၎င်းတို့ထက်ပိုပြီး သူသည် စည်းကမ်းမရှိသူ မဟုတ်ပေ။ ဤသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ၏ လက်တွေ့ကျသည့် ရှုထောင့်ဖြစ်ပြီး လူသားမျိုးနွယ်က သူ၏သာမန်တည်ရှိမှုကို ရရှိနေခြင်းက ဘုရားသခင်၏ အမျက်ဒေါသ၏ လက်တွေ့ကျသည့် ဤရှုထောင့်ကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသ မပါဘူးဆိုလျှင် လူသားမျိုးနွယ်သည် ပုံမှန်မဟုတ်သည့် နေထိုင်မှု အခြေအနေများထဲ ကျဆင်းသွားမှာဖြစ်ပါသည်။ တရားမျှတသည့်၊ လှပပြီး ကောင်းမွန်သည့် အရာအားလုံးသည် ဖျက်ဆီးခံရပြီး ပျောက်ကွယ်သွားမှာဖြစ်ပါသည်။ ဘုရားသခင်၏ အမျက်ဒေါသမပါဘူးဆိုလျှင် ဖန်ဆင်းခဲ့သည့် သတ္တဝါတို့အတွက် ဖြစ်တည်မှု နိယာမများနှင့် စည်းမျဉ်းများသည် ပျက်စီးသွားလိမ့်မည်၊ သို့မဟုတ် လုံးဝ ဖြိုဖျက်ခြင်းခံရပါလိမ့်မည်။ လူသားကို ဖန်ဆင်းပြီးကတည်းက ဘုရားသခင်သည် လူသားမျိုးနွယ်၏ သာမန်ဖြစ်တည်မှုကို ကာကွယ်ထိန်းသိမ်းဖို့အတွက် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုခဲ့ပါသည်။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားမှာ အမျက်ဒေါသနှင့် ဘုန်းအာနုဘော်တို့ ပါဝင်သည့်အတွက်ကြောင့် မကောင်းသည့်လူများအားလုံး၊ အရာဝတ္ထုများ၊ ပစ္စည်းများနှင့် လူသားမျိုးနွယ်၏ သာမန်ဖြစ်တည်မှုကို ထိခိုက်ပြီး နှောင့်ယှက်သည့် အရာအားလုံးသည် သူ၏ အမျက်ဒေါသကြောင့် အပြစ်ဒဏ်ခတ်ခံရခြင်း၊ ထိန်းချုပ်ခံရခြင်း၊ ဖျက်ဆီးခြင်းတို့ခံကြရသည်။ လွန်ခဲ့သည့် ထောင်စုနှစ်အချို့ တစ်လျှောက်မှာ ဘုရားသခင်သည် သူ၏ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်း လုပ်ဆောင်မှု၌ ဘုရားသခင်ကို ဆန့်ကျင်ပြီး စာတန်၏ ကြံရာပါများနှင့် လက်ပါးစေများကဲ့သို့ ပြုမူသည့် ညစ်ညမ်းပြီး ဆိုးယုတ်သည့် ဝိညာဉ်အားလုံးကို ရိုက်ချ ဖျက်ဆီးဖို့အတွက် သူ၏ ဖြောင့်မတ်သည့်စိတ်သဘောထားကို အဆက်မပြတ် အသုံးပြုနေခဲ့သည်။ ထို့ကြောင့် လူသားကို ကယ်တင်ခြင်းမှာ ဘုရားသခင်၏ လုပ်ဆောင်မှုသည် သူ၏အစီအစဉ်အတိုင်း အမြဲတမ်း ရှေ့ဆက်သွားနေပါသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ အမျက်ဒေါသ တည်ရှိမှုကြောင့် လူသားများကြားက အဖြောင့်မတ်ဆုံးအရာသည် တစ်ခါမှ မဖျက်ဆီးခံရပေ။

ယခု ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရကို သင်တို့ နားလည်ပြီဆိုသောကြောင့် စာတန်၏ ဆိုးယုတ်မှုကို မည်သို့ခွဲခြားရမည်ဆိုသည်ကို သင်တို့ ဧကန်မုချ သာ၍ကောင်းမွန်စွာပင် နားလည်ရမည်ဖြစ်သည်။

စာတန်က ကြင်နာတတ်သည်၊ တရားမျှတပြီး ကိုယ်ကျင့်တရားကောင်းမွန်သည်ဟု မြင်ရသော်လည်း အနှစ်သာရမှာ ရက်စက်ပြီး ဆိုးယုတ်ပါသည်

စာတန်သည် လူအများကို လှည့်စားခြင်းမှတစ်ဆင့် သူ၏ နာမည်ကြီးမှုကို ရရှိသည်။ စာတန်က ဖြောင့်မတ်ခြင်း၏ စံပြနှင့် ဦးစီးဦးဆောင်တစ်ယောက်အဖြစ် သူ့ကိုယ်သူ မကြာခဏ သက်သေထူပါသည်။ ဖြောင့်မတ်ခြင်းကို ကာကွယ်ခြင်း၏ အောင်လံတံခွန်အောက်မှာ စာတန်သည် လူသားကို အန္တရာယ်ပြုသည်။ သူတို့၏ ဝိညာဉ်ကို ဝါးမျိုသည်။ လူသားကို ပိတ်ပင်ဖို့၊ လှည့်စားဖို့နှင့် သွေးဆောင်ဖို့ နည်းမျိုးစုံကို အသုံးပြုသည်။ သူ၏ပန်းတိုင်က သူ၏မကောင်းသည့် အပြုအမူများကို လူသားက လက်ခံပြီး လိုက်လျှောက်ဖို့၊ ဘုရားသခင်၏ သြဇာအာဏာနှင့် စိုးပိုင်မှုကို ဆန့်ကျင်ရာမှာ လူသားကို သူနှင့် ပူးပေါင်းအောင်လုပ်ဖို့ဖြစ်ပါသည်။ သို့သော်လည်း လူတစ်ယောက်က သူ၏မကောင်းကြံစည်မှုများ၊ အကွက်ချခြင်းများနှင့် ဆိုးညစ်သည့်ပုံစံများအပေါ် လိမ္မာပါးနပ်လာပြီး စာတန်၏ အရူးလုပ်ခြင်း၊ နင်းချေခံရခြင်းတို့ ဆက်ပြီးမခံချင်တော့သည့်အခါ သို့မဟုတ် စာတန်အတွက် ဆက်ပြီး ကျွန်မခံချင်တော့သည့်အခါ သို့မဟုတ် စာတန်နှင့်အတူ အပြစ်ဒဏ်ခံရပြီး အဖျက်ဆီးမခံချင်တော့သည့်အခါ၊ စာတန်က သူ၏ ယခင် ကိုယ်ကျင့်တရားကောင်းမွန်သည့် ပုံစံများကို ပြောင်းလိုက်ပြီး သူ၏ စစ်မှန်သည့် ဆိုးယုတ်၊ ကြမ်းတမ်းရက်စက်၊ အကျည်းတန်ပြီး ရိုင်းစိုင်းကြမ်းကြုတ်သည့် မျက်နှာကို ဖွင့်ပြဖို့အတွက် သူ၏ မျက်နှာဖုံးအတုကို ဆွဲဖြဲလိုက်ပါတော့သည်။ သူ၏ ဆိုးယုတ်သည့် စွမ်းအားများကို ဆန့်ကျင်သည့်သူများနှင့် သူ့နောက်ကိုလိုက်ဖို့ ငြင်းဆန်သူများအားလုံးကို စာတန်သည် အလွန်ပင် အပြတ်ရှင်းပစ်ချင်ပါသည်။ ဤအချိန်မှာ စာတန်ကို ယုံကြည်၍ရသည်၊ လူကြီးလူကောင်း အသွင်အပြင်ရှိသည်ဟု ထင်မြင်ယူဆ၍မရတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သိုးရေခြုံအောက်မှ သူ၏ တကယ့် ကြောက်စရာကောင်းပြီး မာရ်နတ်ဆန်သည့် အသွင်အပြင်များ ထုတ်ဖော်ခံရပါတော့သည်။ စာတန်၏ မကောင်းသည့် အကြံအစည်များသည် သိသာထင်ရှားလာသည်နှင့်၊ သူ၏ စစ်မှန်သည့် ပုံစံကို ဖော်ထုတ်ပြီးသည်နှင့် သူသည် စိတ်တိုဒေါသထွက်ပြီး သူ၏ ရက်စက်ကြမ်းတမ်းမှုကို ဖော်ပြတော့သည်။ လူများကို အန္တရာယ်ပြုဖို့နှင့် ဝါးမျိုဖို့ သူ၏ ဆန္ဒသည် ပို၍ပင် ပြင်းထန်လာသည်။ ဤသည်မှာ လူသား၏ နှိုးထမှုကြောင့် အလွန်စိတ်ဆိုးသည့်အတွက်ကြောင့်ဖြစ်သည်။ လွတ်လပ်မှုနှင့်အလင်းကို တောင့်တဖို့နှင့် စာတန်၏ ထောင်မှ လွတ်မြောက်ဖို့ သူတို့၏ ရည်မှန်းချက်ကြောင့် လူသားကို ပြင်းထန်သည့်အငြိုးဖြစ်ပေါ်လာပါသည်။ သူ၏ဒေါသသည် သူ၏ဆိုးယုတ်မှုကို ခုခံကာကွယ်ဖို့ ရည်ရွယ်သည်။ သူ၏ ရက်စက်ကြမ်းကြုတ်သည့် သဘောသဘာဝ၏ တကယ့်ထုတ်ဖော်ခြင်းလည်းဖြစ်ပါသည်။

ကိစ္စရပ်တိုင်းတွင်၊ စာတန်၏ အပြုအမူက သူ၏ဆိုးယုတ်သည့် သဘာဝကို မြင်သာအောင်ပြသည်။ လူသားအပေါ်မှာ စာတန်ဆောင်ရွက်ခဲ့သည့် ဆိုးယုတ်သည့်အပြုအမူများ အားလုံးထဲတွင်- သူ့နောက်လိုက်စေခြင်းအဖြစ်သို့ လူကို လှည့်ဖြားဖို့ စာတန်၏အစောပိုင်း အားထုတ်မှုမှသည် သူ၏ ဆိုးယုတ်သည့် မကောင်းသော လုပ်ဆောင်မှုများထဲသို့ လူသားကို ဆွဲသွင်းခြင်းဖြစ်သည့် စာတန်၏ လူသားကို အသုံးချခြင်းနှင့် သူ၏စစ်မှန်သော အင်္ဂါရပ်များ ဖော်ထုတ်ခံရပြီး လူက ယင်းကို သတိပြုမိကာ စွန့်လွှတ်ပြီးနောက် လူသားပေါ် သူ၏အာဃာတအထိ- စာတန်၏ ဆိုးယုတ်သည့်အနှစ်သာရကို မဖော်ထုတ်နိုင်သည့်အရာ တစ်ခုမျှမရှိ။ စာတန်သည် အပြုသဘောဆောင်သည့် အရာများနှင့် ဆက်နွှယ်မှုမရှိဆိုသည့် အမှန်တရားကို သက်သေမပြနိုင်သည့်အရာ တစ်ခုမျှမရှိ။ စာတန်သည် ဆိုးယုတ်သည့်အရာအားလုံး၏ အရင်းအမြစ်ဖြစ်သည်ကို သက်သေမပြနိုင်သည့်အရာ တစ်ခုမျှမရှိပေ။ သူ၏အပြုအမူတစ်ခုချင်းစီတိုင်းက သူ၏ဆိုးယုတ်မှုကို ကာကွယ်ပေးသည်။ သူ၏ဆိုးယုတ်သည့်အပြုအမူများ ဆက်လက်ပြုလုပ်ခြင်းအတွက် ထိန်းသိမ်းပေးသည်။ တရားမျှတပြီး အပြုသဘောဆောင်သည့်အရာများနှင့် ဆန့်ကျင်သည်။ လူသားမျိုးနွယ်၏ သာမန်ဖြစ်တည်မှုအတွက် နိယာမနှင့် အစီအစဉ်ကျမှုတို့ကို ဖျက်ဆီးပါသည်။ သူတို့သည် ဘုရားသခင်ကို ရန်လိုကြသည်။ ဘုရားသခင်၏ အမျက်ဒေါသက ဖျက်ဆီးပစ်မည့် အရာများဖြစ်ကြပါသည်။ စာတန်က သူ၏ကိုယ်ပိုင်ဒေါသရှိသော်လည်း သူ၏ဒေါသသည် သူ၏ဆိုးယုတ်သည့် သဘောကို ဖွင့်ချသည့်နည်းဖြစ်ပါသည်။ စာတန်က အလွန်စိတ်တိုလာပြီး ဒေါသထွက်လာသည့်အကြောင်းက ၎င်းတို့ကြောင့်ပင်ဖြစ်သည်။ သူ၏ ပြောပြ၍မရနိုင်သည့် မကောင်းသည့်အကြံအစည်များသည် ပေါ်လွင်သွားသည်။ သူ၏လှည့်ကွက်များသည် လွယ်လွယ်နှင့် မလွတ်နိုင်ပေ။ သူ၏ ကြမ်းတမ်းသည့် ရည်မှန်းချက်နှင့် ဘုရားသခင်ကို အစားထိုးဖို့နှင့် ဘုရားသခင်ကဲ့သို့ ပြုမူဖို့ ဆန္ဒသည် ရိုက်ချခံရပြီး ပိတ်ပင်ခံလိုက်ရသည်။ လူသားမျိုးနွယ်အားလုံးကို ထိန်းချုပ်လိုသည့် သူ၏ပန်းတိုင်သည် ယခု ဘာမှဖြစ်မလာဘဲ ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ပေ။ စာတန်၏ လှည့်ကွက်များ အကောင်အထည်ပေါ်လာခြင်းကို ရပ်တန့်လိုက်ပြီး စာတန်၏ ဆိုးယုတ်မှုများ ပျံ့နှံ့ခြင်းနှင့် ထကြွသောင်းကျန်းခြင်းများကို ဖြတ်တောက်ပစ်လိုက်ခြင်းက ဘုရားသခင်၏ အကြိမ်ကြိမ်အခါခါ ထုတ်လွှတ်သည့် သူ၏အမျက်ဒေါသပင် ဖြစ်ပါသည်။ ထို့ကြောင့် စာတန်သည် ဘုရားသခင်၏ အမျက်ဒေါသကို မုန်းလည်းမုန်း၊ ကြောက်လည်း ကြောက်ရွံ့ပါသည်။ ဘုရားသခင်၏အမျက်ဒေါသ အသုံးချမှုတိုင်းသည် စာတန်၏ဆိုးညစ်သည့် အသွင်အပြင်အမှန်ကို ဖွင့်ပြရုံတင်မကဘဲ အလင်းအပေါ်မှာ စာတန်၏ ဆိုးယုတ်သည့် ဆန္ဒကိုလည်း ဖော်ထုတ်ပါသည်။ တစ်ချိန်တည်းမှာပင် လူသားမျိုးနွယ်အပေါ် စာတန်၏ ဒေါသ၏ အကြောင်းရင်းများသည် လုံးဝ ပေါ်လွင်လာပါသည်။ စာတန်၏ ဒေါသ ပေါက်ကွဲခြင်းက သူ၏မကောင်းကြံစည်မှုများ ပေါ်ထွက်ခြင်းဖြစ်သည့် သူ၏ဆိုးယုတ်သည့် သဘောကို အမှန်တကယ် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ မှန်ပါသည်၊ စာတန်က အလွန်စိတ်ဆိုးသည့် အခါတိုင်းမှာ ဆိုးယုတ်သည့်အရာများ ပျက်စီးခြင်းကို ကြေညာပါသည်။ အပြုသဘောဆောင်သည့် အရာများအပေါ် ကာကွယ်ခြင်းနှင့် ဆက်လက်ဖြစ်ပေါ်ခြင်းကို ကြေညာပါသည်။ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် အမျက်ဒေါသ၏ သဘောသဘာဝကို ကြေညာပါသည်။

ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိဖို့ အတွေ့အကြုံနှင့် စိတ်ကူးထင်မြင်မှုအပေါ်မှာ အမှီမပြုရပါ

ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို သင်ကိုယ်တိုင် ရင်ဆိုင်ရသည့်အခါမှာ ဘုရားသခင်၏နှုတ်ကပတ်တော်သည် စစ်မှန်ခြင်းမရှိဟု သင်ပြောမည်လော။ ဘုရားသခင်၏ ဒေါသနောက်ကွယ်မှာ လိမ်ညာမှုတစ်ခုရှိသည်၊ သူ့ဒေါသသည် မစစ်မှန်ဘူးဟု သင်ဆိုမည်လော။ သူ၏စိတ်သဘောထားသည် လုံးဝ သေသေချာချာဖြောင့်မတ်ခြင်းမရှိဟု ပြောပြီး ဘုရားသခင်ကို သင် အသေရေဖျက်မည်လော။ ဘုရားသခင်၏ လုပ်ဆောင်ချက်တစ်ခုစီနှင့် ကြုံတွေ့ဆက်ဆံရသည့်အခါမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားသည် အခြားအချက်အလက်များ ကင်းလွတ်ကြောင်း၊ သန့်ရှင်းပြီး အမှားကင်းစင်ကြောင်း သင်သေချာစေရပါမည်။ ဤလုပ်ဆောင်ချက်များမှာ လူသားမျိုးနွယ်ကို ဘုရားသခင်က ရိုက်ချခြင်း၊ အပြစ်ဒဏ်ခတ်ခြင်းနှင့် ဖျက်ဆီးခြင်းတို့ ပါဝင်ပါသည်။ ခြွင်းချက်မရှိဘဲ ဘုရားသခင်၏ လုပ်ရပ်တစ်ခုစီတိုင်းက သူ၏ပင်ကို စိတ်သဘောထားနှင့် သူ၏အစီအစဉ်နှင့်အညီ တင်းကျပ်စွာ ပြုလုပ်ထားပါသည်။ ဤနေရာမှာ လူသားမျိုးနွယ်၏ အသိပညာ၊ ရိုးရာဓလေ့နှင့် အတွေးအခေါ်များ မပါဝင်ပေ။ ဘုရားသခင်၏ လုပ်ရပ်တစ်ခုစီတိုင်းက သူ၏စိတ်သဘောထားနှင့် အနှစ်သာရတို့၏ ဖော်ပြချက်ဖြစ်ပြီး ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်နှင့်သက်ဆိုင်သည့် မည်သည့်အရာနှင့်မှ ဆက်စပ်ခြင်းမရှိပေ။ လူသား၏ အယူအဆတို့မှာ ဘုရားသခင်၏ချစ်ခြင်း၊ လူသားမျိုးနွယ်အပေါ် သနားညှာတာမှုနှင့် သည်းခံခြင်းတို့သာ အမှားကင်းစင်၊ စစ်မှန်ပြီး သန့်ရှင်းမြင့်မြတ်သည်ဟု ထင်ကြသည်။ သို့သော်လည်း ဘုရားသခင်၏ ဒေါသနှင့် သူ၏အမျက်ဒေါသတို့သည်လည်း အလားတူပင် စစ်မှန်ကြောင်းကို မည်သူမှ မသိပေ။ ထို့အပြင် ဘုရားသခင်က အဘယ့်ကြောင့် ထိပါးစော်ကားမှုများကို သည်းမခံသနည်း၊ သို့မဟုတ် သူ၏ဒေါသသည် အဘယ့်ကြောင့် သိပ်ကြီးမားသနည်းဆိုသည့် မေးခွန်းမျိုးကို မည်သူမှ သေချာမစဉ်းစားကြပေ။ ဆန့်ကျင်ဘက်အနေနှင့် တစ်ချို့က ဘုရားသခင်၏ အမျက်ဒေါသကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသစိတ်ကဲ့သို့ ဒေါသစိတ်နှင့် အမြင်မှားကြပြီး၊ ဘုရားသခင်၏ဒေါသကို ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသနှင့်အတူတူပင်ဖြစ်သည်ဟု နားလည်လွဲကြသည်။ ဘုရားသခင်၏ ဒေါသက လူသားမျိုးနွယ်၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားကို သဘာဝအလျောက် ထုတ်ဖော်ခြင်းဟုပင် မှားယွင်းစွာ ယူဆကြသည်။ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းက မကျေနပ်ခြင်းကြောင့် ထွက်ပေါ်လာသည့် ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်၏ ဒေါသကဲ့သို့ပင် မှားယွင်းစွာ ယုံကြည်ကြသည်။ ထို့အပြင် ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းသည် ဖောက်ပြန်ပျက်စီးသော လူတို့က စိတ်မချမ်းမြေ့သော အခြေအနေတစ်ရပ်နှင့် ရင်ဆိုင်ရသည့်အခါ ၎င်းတို့၏ ဒေါသကဲ့သို့ဖြစ်သည်ဟု မှားယွင်းစွာ ယုံကြည်ကြပြီး၊ ဘုရားသခင်၏ အမျက်ဒေါသကို ထုတ်လွှတ်ခြင်းသည် သူ့စိတ်ခံစားချက်ကို ဖော်ပြခြင်းဟုပင် ယုံကြည်ကြသည်။ ဤမိတ်သဟာယ ပြီးသည့်နောက်မှာ သင်တို့တစ်ယောက်ချင်းစီတိုင်းက ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားအပေါ် အယူအဆလွဲမှားခြင်းများ၊ စိတ်ကူးထင်မြင်ချက်များ သို့မဟုတ် အထင်အမြင်သက်သက်များ မရှိတော့ဖို့ မျှော်လင့်ပါသည်။ ငါ၏ စကားများကို ကြားပြီးနောက်မှာ သင်တို့နှလုံးသားထဲမှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထား၏ အမျက်ဒေါသကို သင်တို့ အမှန်တကယ် သိမြင်ခြင်းရှိနိုင်ဖို့၊ ဘုရားသခင်၏ အမျက်ဒေါသအပေါ် ယခင်က မှားယွင်းစွာ နားလည်ထားခြင်းများကို ဘေးကိုဖယ်လိုက်နိုင်ဖို့၊ ဘုရားသခင်၏ အမျက်ဒေါသ၏ အနှစ်သာရအပေါ် သင်တို့၏ ကိုယ်ပိုင် မှားယွင်းသည့်ယုံကြည်မှုများနှင့် အမြင်များကို ပြောင်းလဲနိုင်ဖို့ မျှော်လင့်ပါသည်။ ထို့အပြင် သင်တို့နှလုံးသားထဲမှာ ဘုရားသခင်၏ စိတ်သဘောထား၏ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် ရှိနိုင်ဖို့၊ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သံသယတစ်ခုမှ မရှိတော့ဖို့၊ ဘုရားသခင်၏ မှန်ကန်သည့် စိတ်သဘောထားအပေါ်မှာ လူသား၏ ကျိုးကြောင်းဆင်ခြင်မှုများ သို့မဟုတ် စိတ်ကူးထင်မြင်မှုများနှင့် မသတ်မှတ်ဖို့ မျှော်လင့်ပါသည်။ ဘုရားသခင်၏ဖြောင့်မတ်သည့် စိတ်သဘောထားသည် ဘုရားသခင်၏ ကိုယ်ပိုင် မှန်ကန်သည့် အနှစ်သာရဖြစ်ပါသည်။ လူသားက ပုံသွင်းထားသည့် သို့မဟုတ် ရေးသားထားသည့် အရာတစ်ခုမဟုတ်ပေ။ သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားသည် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားဖြစ်ပြီး မည်သည့်ဖန်ဆင်းခံနှင့်မှ ဆက်နွယ်ခြင်း သို့မဟုတ် ဆက်စပ်ခြင်းမရှိပေ။ ဘုရားသခင် ကိုယ်တော်တိုင်က ဘုရားသခင် ကိုယ်တော်တိုင်ဖြစ်ပါသည်။ သူသည် ဖန်ဆင်းထားသည့်အရာများ၏ အစိတ်အပိုင်းတစ်ခု ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပေ။ ဖန်ဆင်းခံသတ္တဝါများကြားမှာ သူသည် အဖွဲ့ဝင်တစ်ယောက်ဖြစ်လာလျှင်တောင် သူ၏ ပင်ကို စိတ်သဘောထားနှင့် အနှစ်သာရသည် ပြောင်းလဲမှာ မဟုတ်ပေ။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းက အရာဝတ္ထုတစ်ခုကို သိခြင်းမဟုတ်ပေ။ တစ်ခုခုကို ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း မဟုတ်သကဲ့သို့ လူတစ်ယောက်ကို နားလည်ခြင်းလည်း မဟုတ်ပေ။ လူသားသည် အရာဝတ္ထုတစ်ခုကို သိဖို့ သို့မဟုတ် လူတစ်ယောက်ကို နားလည်ဖို့အတွက် သူ၏အယူအဆ သို့မဟုတ် နည်းလမ်းကို ဘုရားသခင်ကို သိဖို့အတွက် အသုံးပြုလျှင် သင်သည် ဘုရားသခင်၏အကြောင်းကို ဘယ်တော့မှ သိမှာမဟုတ်ပေ။ ဘုရားသခင်ကိုသိခြင်းက အတွေ့အကြုံ သို့မဟုတ် စဉ်းစားထင်မြင်ခြင်းအပေါ်မှာ အမှီမပြုပေ။ ထို့ကြောင့် သင်သည် သင်၏ အတွေ့အကြုံသို့မဟုတ် စိတ်ကူးထင်မြင်မှုကို ဘုရားသခင်အပေါ်မှာ ဘယ်တော့မှ သတ်မှတ်ခြင်း မပြုလုပ်သင့်ပေ။ သင်၏ အတွေ့အကြုံနှင့် စဉ်းစားတွေးတောမှုတို့က မည်မျှပင် ပေါများနေပါစေ၊ ၎င်းတို့က အကန့်အသတ်နှင့်ပင်ဖြစ်သည်။ ထို့နောက် သင်၏ စဉ်းစားတွေးတောခြင်းက အရှိတရားနှင့် ထပ်တူညီခြင်း မရှိပေ။ သမ္မာတရားနှင့် ထပ်တူညီဖို့ဆိုသည်မှာ ပို၍ပင် မဖြစ်နိုင်ပေ။ ဘုရားသခင်၏ မှန်ကန်သည့် စိတ်သဘောထားနှင့် အနှစ်သာရတို့နှင့် သဟဇာတ မဖြစ်ပေ။ ဘုရားသခင်၏ အနှစ်သာရကို နားလည်ဖို့ သင်၏ စဉ်းစားတွေးတောခြင်းကို အမှီပြုလျှင် သင်ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပေ။ ထို့ကြောင့် တစ်ခုတည်းသော လမ်းက ဘုရားသခင်ဆီက လာသည့် အရာအားလုံးကို လက်ခံပါ။ ပြီးလျှင် တဖြည်းဖြည်းနှင့် ၎င်းကို တွေ့ကြုံခံစားပြီး နားလည်ပါ။ သင်၏ ပူးပေါင်းလုပ်ဆောင်မှုကြောင့်၊ သမ္မာတရားအပေါ် သင်၏ ငတ်မွတ် ဆာလောင်မှုကြောင့် ဘုရားသခင်သည် သူ့ကို အမှန်တကယ်နားလည်ပြီး သိဖို့ သင့်ကို ဉာဏ်အလင်းဖွင့်ပြသည့် နေ့တစ်နေ့ ရောက်လာပါလိမ့်မည်။ ဤအချက်နှင့် ငါတို့ ပြောဆိုခြင်း၏ ဤအပိုင်းကို နိဂုံးချုပ်လိုက်ရအောင်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။