အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား (အပိုင်း သုံး)

လူသားမျိုးနွယ်သည် ရိုးသားစစ်မှန်သည့် နောင်တရခြင်းမှတစ်ဆင့် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံမှုကို ရယူနိုင်သည်

အောက်ပါအချက်များက သမ္မာကျမ်းစာပါ ဇာတ်လမ်းဖြစ်သည့် “နိနေဝေကို ဘုရားသခင်၏ ကယ်တင်ခြင်း” ဖြစ်ပါသည်။

ယောနဝတ္ထု ၁:၁-၂ ယခု ယေဟောဝါ၏ နှုတ်ကပတ်တော်သည် အမိတ္တဲ၏သား ယောနထံ ရောက်ရှိလာပြီး မိန့်ဆိုသည်မှာ၊ ထလော့၊ နိနေဝေမြို့ကြီးသို့ သွားလော့၊ ထိုမြို့၏ ဆိုးညစ်မှုသည် ငါ့ရှေ့သို့ တက်လာသည့်အတွက် ၎င်းကို ဆန့်ကျင်ဟစ်ကြော်လော့ဟု မိန့်တော်မူ၏။

ယောနဝတ္ထု ၃ ထို့နောက် ယေဟောဝါ၏ နှုတ်ကပတ်တော်သည် ယောနထံသို့ ဒုတိယအကြိမ် ရောက်လာသည်မှာ၊ ထလော့၊ ထိုနိနေဝေမြို့ကြီးသို့ သွားလော့။ သင့်ကို ငါပြောထားသည့် ဟောကြားချက်ကို ဟောကြားလော့ဟု မိန့်တော်မူ၏။ ထိုအခါ ယေဟောဝါ၏ နှုတ်ကပတ်တော်အတိုင်း ယောနသည် ထ၍ နိနေဝေမြို့သို့ သွား၏။ နိနေဝေမြို့သည် သုံးရက်တာခရီး ကျယ်ဝန်းကာ အတိုင်းထက်အလွန်ကြီးသောမြို့ ဖြစ်၏။ ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။ ထို့ကြောင့် နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကိုကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။ ငါတို့သည် မပျက်စီးဘဲ၊ ဘုရားသခင်သည် ပြောင်းလဲ၍ နောင်တရကာ ပြင်းစွာသောအမျက်တော်မှ လွှဲတော်မူမည်ကို အဘယ်သူ ပြောနိုင်သနည်းဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာစေတော်မူ၏။ သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။

ယောနဝတ္ထု ၄ သို့သော် ယင်းက ယောနကို အလွန့်အလွန်ဒေါသထွက်စေပြီး သူသည် အလွန်စိတ်ဆိုးလေသည်။ ထို့နောက် အို ယေဟောဝါ၊ ကိုယ်တော့်ကို အကျွန်ုပ် ဆုတောင်းပါ၏။ ဤသည်မှာ အကျွန်ုပ် ကိုယ့်ပြည်၌ ရှိစဉ်အခါက ပြောခဲ့သော ကျွန်ုပ်၏စကားဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ရှေ့တော်မှောက်မှ တာရှုမြို့သို့ အကျွန်ုပ် ပြေးခဲ့ပါ၏။ ကိုယ်တော်သည် ကျေးဇူးပြုတတ်သော ဘုရားဖြစ်၍ သနားကရုဏာရှိပြီး စိတ်ရှည်သောသဘော၊ ကြင်နာစိတ်ကြီးမားပြီး အပြစ်ဒဏ်ပေးမည့်အမှုကို နောင်တရတတ်သောသဘော ရှိတော်မူကြောင်းကို အကျွန်ုပ်သိပါ၏။ ထို့ကြောင့်၊ အို ယေဟောဝါ၊ ယခု အကျွန်ုပ် အသက်ရှင်ခြင်းထက် သေခြင်းက သာ၍ကောင်းသည့်အတွက် အကျွန်ုပ်အသက်ကို နုတ်ယူတော်မူပါဟု ယေဟောဝါထံ တောင်းလျှောက်လေ၏။ ယေဟောဝါကလည်း၊ သင်သည် စိတ်ဆိုး ကောင်းသလောဟု မေးတော်မူ၏။ ထို့ကြောင့် ယောနသည် မြို့ပြင်သို့ထွက်၍ မြို့အရှေ့မျက်နှာဘက်၌ ထိုင်နေ၏၊ ထို့နောက် တဲမိုးကို လုပ်ပြီးလျှင်၊ မြို့ထဲ၌ အဘယ်သို့ ဖြစ်လိမ့်မည်ကို တွေ့မြင်ရသည်အထိ အမိုးအရိပ်တွင် ထိုင်၍နေ၏။ ယေဟောဝါ ဘုရားသခင်သည်လည်း ကြက်ဆူပင်တစ်ပင်ကို ပြင်ဆင်ပြီးလျှင်၊ ယောန၏ သောကတို့ ပြေစေရန် သူ့ခေါင်းပေါ်မှာ လွှမ်း၍ အရိပ်ဖြစ်စေတော်မူ၏။ ထို့ကြောင့် ယောနသည် ကြက်ဆူပင်နှင့် ပတ်သက်၍ အလွန်အားရဝမ်းမြောက်၏။ နောက်တစ်နေ့ မနက်မိုးလင်းသောအခါ ဘုရားသခင်သည် ပိုးကောင်ကို ပြင်ဆင်ပြီး ကြက်ဆူပင်ကို ကိုက်၍ ညှိုးနွမ်းစေ၏။ နေထွက်သောအခါ ဘုရားသခင်သည် ပြင်းထန်သော အရှေ့လေကို ပြင်ဆင်တော်မူပြီး ယောန၏ခေါင်းကို နေထိခိုက်သဖြင့် သူသည် အားနည်းမောပန်းပြီး မိမိကိုယ်ကို သေစေလိုသောစိတ်ရှိပြီး၊ ငါ့အသက်သေသည်က ရှင်သည်ထက် သာ၍ ကောင်းသည်ဟု ဆိုလေ၏။ ဘုရားသခင်ကလည်း၊ သင်သည် ကြက်ဆူပင်အတွက် စိတ်ဆိုး ကောင်းသလောဟု မေးတော်မူလျှင်၊ ယောနက အကျွန်ုပ်သည် သေသည့်တိုင် စိတ်ဆိုးကောင်းပါသည်ဟု လျှောက်ဆို၏။ ယေဟောဝါကလည်း၊ သင်သည် အားထုတ်ကြိုးပမ်းခြင်းလည်းမပြု၊ ကြီးထွားစေရန်လည်း မလုပ်ခဲ့ဘဲ၊ တစ်ညချင်းတွင် ဖြစ်ပေါ်ပြီး တစ်ညချင်းတွင် သေသော ကြက်ဆူပင်ကို သနားခြင်း ရှိပေ၏။ ငါသည် များစွာသော တိရစ္ဆာန်တို့ကိုမဆိုထားနှင့်၊ မိမိလက်ျာလက်နှင့် လက်ဝဲလက်ကို မပိုင်းခြားနိုင်သောသူ တသိန်းနှစ်သောင်းထက်မက ရှိသည့် နိနေဝေမြို့ကြီးကို ငါချမ်းသာပေးသင့်သည် မဟုတ်လောဟု မိန့်တော်မူ၏။

နိနေဝေ၏ ဇာတ်လမ်း အနှစ်ချုပ်

“နိနေဝေကို ဘုရားသခင်၏ ကယ်တင်ခြင်း” ဇာတ်လမ်းသည် အတိုချုပ်ဖြစ်သော်လည်း ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထား၏ အခြားတစ်ဖက်ကို အနည်းအကျဉ်း မြင်စေပါသည်။ ထိုအခြားတစ်ဖက်မှာ ဘာပါဝင်သနည်းဆိုသည်ကို တိတိကျကျ နားလည်ဖို့ ကျမ်းစာကို ပြန်သွားပြီး ဘုရားသခင်၏ လုပ်ရပ်တစ်ခုကို ပြန်ကြည့်ရမည်။

ဤဇာတ်လမ်း၏ အစကို ကြည့်ကြရအောင်။ “ယခု ယေဟောဝါ၏ နှုတ်ကပတ်တော်သည် အမိတ္တဲ၏သား ယောနထံ ရောက်ရှိလာပြီး မိန့်ဆိုသည်မှာ၊ ထလော့၊ နိနေဝေမြို့ကြီးသို့ သွားလော့၊ ထိုမြို့၏ ဆိုးညစ်မှုသည် ငါ့ရှေ့သို့ တက်လာသည့်အတွက် ၎င်းကို ဆန့်ကျင်ဟစ်ကြော်လော့ဟု မိန့်တော်မူ၏။” (ယောနဝတ္ထု ၁:၁-၂) ကျမ်းစာက ဤအပိုဒ်မှာ ယေဟောဝါ ဘုရားသခင်က ယောနကို နိနေဝေမြို့ကို သွားဖို့ အမိန့်ပေးခဲ့ကြောင်းကို သိရသည်။ သူက ယောနကို ဤမြို့ကို သွားဖို့ ဘာကြောင့် အမိန့်ပေးခဲ့သနည်း။ သမ္မာကျမ်းစာမှာ ၎င်းနှင့်ပတ်သက်ပြီး သိပ်ရှင်းလင်းပါသည်။ ဤမြို့အတွင်းမှာရှိသည့် လူတို့၏ ဆိုးယုတ်မှုများသည် ယေဟောဝါဘုရားသခင်၏ ရှေ့ကို ရောက်လာခဲ့ပြီ။ ထို့ကြောင့် သူဘာလုပ်ဖို့ ရည်ရွယ်ထားသည်ဆိုကြောင်းကို သူတို့ကို ကြွေးကြော်ဖို့ ယောနကို လွှတ်ခဲ့သည်။ ယောနက မည်သူနည်းဆိုသည်ကို မှတ်တမ်းတင်ပြောပြထားခြင်း တစ်ခုမှမရှိသော်လည်း ၎င်းက ဘုရားသခင်ကို သိခြင်းနှင့် မသက်ဆိုင်ပေ။ ထို့ကြောင့် သင်တို့ ဤလူကို နားလည်ဖို့ မလိုအပ်ပေ။ ဘုရားသခင်က ယောနကို ဘာလုပ်ဖို့ အမိန့်ပေးခဲ့တယ်ဆိုသည်နှင့် ဘာကြောင့် ဤအရာမျိုးကို လုပ်သနည်းဆိုသည်ကိုသာ သိဖို့ လိုအပ်ပါသည်။

ယေဟောဝါဘုရားသခင်၏ သတိပေးချက်များက နိနေဝေမြို့သားများဆီသို့ ရောက်သည်

ဒုတိယအပိုဒ်၊ ယောနဝတ္ထု၏ တတိယအခန်းကို ဆက်သွားကြရအောင်။ “ယောနသည် မြို့ထဲသို့ တစ်နေ့ခရီး စတင်ဝင်ရောက်ပြီး၊ အရက်လေးဆယ်ကျော်ပြီးနောက် နိနေဝေမြို့သည် ဖျက်ဆီးခြင်းခံရလိမ့်မည်ဟု ကြွေးကြော်လေ၏။” နိနေဝေမြို့သားများကိုပြောဖို့ ဘုရားသခင်က ယောနကို တိုက်ရိုက်ချပေးလိုက်သည့် စကားလုံးများ ဖြစ်ပါသည်။ ၎င်းတို့က ပင်ကိုအတိုင်းပဲ ယေဟောဝါက နိနေဝေမြို့သားများကို ပြောချင်သည့် စကားလုံးများလည်း ဖြစ်ပါသည်။ သူတို့၏ ဆိုးယုတ်မှုများသည် ဘုရားသခင်ရှေ့ကို ရောက်လာသည့်အတွက် ဘုရားသခင်သည် ဤမြို့မှာရှိသည့် လူတို့ကို စက်ဆုပ် မုန်းတီးပြီး ဤမြို့ကို သူဖျက်ဆီးချင်ကြောင်းကို ဤစကားလုံးများက လူတို့ကို ပြောပြပါသည်။ သို့သော်လည်း ဘုရားသခင်က ဤမြို့ကို မဖျက်ဆီးခင်မှာ သူသည် နိနေဝေမြို့သားများဆီကို ကြေညာချက်တစ်ခုလုပ်လိမ့်မည်။ သူတို့၏ ဆိုးယုတ်မှုများကို နောင်တရပြီး အသစ်စတင်ဖို့အတွက် အခွင့်အရေးတစ်ခုကို သူတို့ကို တစ်ပြိုင်နက် ပေးပါလိမ့်မည်။ ဤအခွင့်အရေးက ရက်လေးဆယ်ကြာမည်။ တစ်နည်းပြောရလျှင် ဤမြို့ထဲကလူတို့က ရက်လေးဆယ်အတွင်းမှာ နောင်တရခြင်း၊ သူတို့၏အပြစ်များကို ဝန်ခံခြင်း သို့မဟုတ် ယေဟောဝါဘုရားသခင်ရှေ့မှာ သူတို့ကိုယ်သူတို့ ပျပ်ဝပ်ကိုးကွယ်ခြင်း မရှိလျှင် ဘုရားသခင်သည် သောဒုံမြို့ကို သူလုပ်ခဲ့သကဲ့သို့ ဤမြို့ကို ဖျက်ဆီးပစ်မှာဖြစ်ပါသည်။ ၎င်းက ယောဟောဝါဘုရားသခင်သည် နိနေဝေမြို့က လူတို့ကို ပြောချင်သည့်အရာများဖြစ်ပါသည်။ ၎င်းက ရိုးရှင်းသည့် ကြေညာချက်တစ်ခုမဟုတ်သည်မှာ ရှင်းပါသည်။ ၎င်းက ယေဟောဝါဘုရားသခင်၏ ဒေါသကို အသိပေးရုံတင် မဟုတ်ဘဲ နိနေဝေမြို့သားများအပေါ် သူ၏ သဘောထားကိုလည်း အသိပေးထားသည်။ တစ်ချိန်တည်းမှာပဲ ဤရိုးရှင်းသည့် ကြေညာချက်က မြို့ထဲမှာ အသက်ရှင်နေထိုင်နေသည့် လူတို့အပေါ် လေးနက်သည့် သတိပေးချက်အဖြစ်လည်း ရည်ညွှန်းပါသည်။ သူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များသည် ယေဟောဝါဘုရားသခင်၏ မုန်းတီးခြင်းကို ရရှိစေကြောင်းကို ဤသတိပေးချက်က သူတို့ကိုပြောပြပြီး သူတို့၏ ဆိုးယုတ်သည့် လုပ်ရပ်များသည် မကြာခင်မှာ သူတို့ကိုယ်တိုင်၏ အဆုံးစွန်ပျက်စီးခြင်းကို ဖြစ်ပေါ်စေလိမ့်မည်ဆိုသည်ကိုလည်း ပြောပါသည်။ ထို့ကြောင့် နိနေဝေမှာရှိသည့် လူတိုင်း၏ အသက်သည် အန္တရာယ်ကျရောက်လုဆဲဆဲမှာ ရှိပါသည်။

ယေဟောဝါဘုရားသခင်၏ သတိပေးချက်အပေါ် နိနေဝေမြို့နှင့် သောဒုံမြို့၏ တုံ့ပြန်ချက်၌ သိသာသည့် ကွာခြားချက်

ချေမှုန်းခံရခြင်းဆိုသည်မှာ မည်သည်ကို ဆိုလိုသနည်း။ အရပ်သုံးစကားနှင့်ပြောရလျှင် ပျောက်ကွယ်သွားသည်ဟု ဆိုလိုပါသည်။ သို့သော်လည်း မည်ကဲ့သို့မျိုးနည်း။ မြို့တစ်ခုလုံးကို ချေမှုန်းပစ်ဖို့ မည်သူက လုပ်နိုင်သနည်း။ လူသားအတွက်ကတော့ ဤလုပ်ရပ်မျိုးလုပ်ဖို့ မဖြစ်နိုင်ပေ။ ဤလူတို့က မိုက်မဲသူများမဟုတ်ပေ။ ဤကြေညာချက်ကို သူတို့ကြားလိုက်သည်နှင့် ဘာကိုဆိုလိုသည်ဆိုခြင်းကို သူတို့သိခဲ့သည်။ ဤသည်မှာ ဘုရားသခင်ဆီမှ လာသည်ဆိုသည်ကို သူတို့သိသည်။ ဘုရားသခင်က သူ့အလုပ်ကိုသူ လုပ်ဆောင်တော့မည်ဆိုသည်ကို သူတို့သိသည်။ သူတို့၏ဆိုးယုတ်မှုသည် ယေဟောဝါဘုရားသခင်ကို အမျက်ထွက်စေပြီး သူတို့အပေါ်ကို သူစိတ်ဆိုးသည်၊ ထို့ကြောင့် မကြာခင်မှာ သူတို့သည် သူတို့၏မြို့နှင့်အတူ ဖျက်ဆီးခံရမည် ဆိုသည်ကို သူတို့သိသည်။ ယေဟောဝါဘုရားသခင်၏ သတိပေးချက်ကို နားထောင်ပြီးနောက် ဤမြို့မှာရှိသည့်လူတို့က မည်သို့ပြုမူခဲ့သနည်း။ သူတို့၏ဘုရင်မှ သာမန်လူအထိ ဤလူတို့ မည်သို့တုံ့ပြန်ခဲ့သည် ဆိုသည်ကို သမ္မာကျမ်းစာမှာ အသေးစိတ် ဖော်ပြထားသည်။ ကျမ်းစာမှာ ဖော်ပြထားသည့်အတိုင်း “ထို့ကြောင့် နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး ၎င်းတို့တွင် အကြီးဆုံးသောသူမှ အငယ်ဆုံးသောသူတိုင်အောင် အစာရှောင်ခြင်းကိုကြေညာပြီး လျှော်တေအဝတ်ကို ဝတ်ကြ၏။ နိနေဝေမင်းကြီးထံ သတင်းရောက်ရှိခဲ့သည့်အတွက် သူသည် ရာဇပလ္လင်မှဆင်းကာ သူ၏ ဝတ်လုံတော်ကို ချွတ်ပြီး လျှော်တေအဝတ်ကိုဝတ်ကာ ပြာထဲ၌ ထိုင်လေ၏။ လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။ လူနှင့် သားရဲတိရစ္ဆာန်တို့သည် လျှော်တေအဝတ်ကို ခြုံကြစေ။ ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။...ဟု မင်းကြီးနှင့် မှူးမတ်အာဏာဖြင့် နိနေဝေမြို့လုံးတွင် ကြွေးကြော်ကာ ထုတ်ပြန်ကြေညာစေတော်မူ၏။”

ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ကြားပြီးနောက်မှာ နိနေဝေမြို့မှာရှိသည့်လူတို့သည် သောဒုံမြို့မှာရှိသည့်လူတို့နှင့် လုံးဝ ဆန့်ကျင်ဘက်ဖြစ်သည့် သဘောထားကို ပြခဲ့သည်။ သောဒုံမြို့ကလူတို့သည် မကောင်းမှုများ ထပ်ကာထပ်ကာလုပ်ရင်း ဘုရားသခင်ကို ပွင့်ပွင့်လင်းလင်း ဆန့်ကျင်ခဲ့သည်။ သို့သော်လည်း ဤစကားလုံးများကို ကြားပြီးနောက်မှာ နိနေဝေမြို့သားတို့သည် ဤကိစ္စကို လျစ်လျူမရှုခဲ့သကဲ့သို့ ဆန့်ကျင်ခြင်းလည်း မပြုလုပ်ခဲ့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်ကို ယုံကြည်ပြီး အစာရှောင်ဆုတောင်းဖို့အတွက် ကြေညာခဲ့သည်။ “ယုံကြည်” ဆိုသည်မှာ ဤနေရာတွင် ဘာကိုရည်ညွှန်းသနည်း။ ဤစကားလုံးကိုယ်၌မှာ ယုံကြည်ခြင်းနှင့် လိုက်လျှောက်ခြင်းကိုပြသည်။ ဤစကားလုံးကိုရှင်းပြဖို့ နိနေဝေမြို့သားတို့၏ တကယ့်အပြုအမူကို အသုံးပြုလျှင် ဘုရားသခင်က သူပြောသကဲ့သို့ လုပ်နိုင်ပြီး သူပြောသကဲ့သို့ လုပ်လိမ့်မည်ဆိုသည်ကို သူတို့ယုံပြီး သူတို့သည် နောင်တရဖို့ ဆန္ဒရှိနေသည်ဟု ဆိုလိုသည်။ နိနေဝေမြို့၏ လူတို့သည် ကျရောက်လုဆဲ ဘေးဒုက္ခကို ကြောက်ရွံ့ခဲ့ကြသလော။ သူတို့နှလုံးသားထဲမှာ ကြောက်ရွံ့ခြင်းကို ထည့်ပေးခြင်းက သူတို့၏ ယုံကြည်မှုဖြစ်သည်။ နိနေဝေမြို့သားတို့၏ ယုံကြည်မှုနှင့် ကြောက်ရွံ့မှုကို သက်သေပြဖို့ မည်သည်ကို အသုံးပြု၍ရမည်နည်း။ သမ္မာကျမ်းစာက ပြောသကဲ့သို့ပင်ဖြစ်သည်။ “လူကြီးလူငယ်အပေါင်းတို့သည် အစာရှောင်ရာ အချိန်ကို ကြော်ငြာ၍ လျှော်တေအဝတ်ကို ဝတ်ကြ၏။” ဆိုလိုသည်မှာ နိနေဝေမြို့သားတို့က အမှန်တကယ်ပင် ယုံကြည်ခဲ့ကြသည်။ ဤယုံကြည်မှုမှတဆင့် ကြောက်ရွံ့ခြင်းရောက်ရှိလာပြီး အစာရှောင်ခြင်းနှင့် လျှော်တေအဝတ်ကိုဝတ်ခြင်းတို့ ဖြစ်စေခဲ့သည်။ ဤသည်မှာ သူတို့၏ နောင်တရခြင်းအစကို ပြသည့်ပုံစံဖြစ်ပါသည်။ သောဒုံမြို့ကလူတို့နှင့် လုံးဝကွာခြားပြီး နိနေဝေမြို့သားတို့သည် ဘုရားသခင်ကို ဆန့်ကျင်ခြင်းမပြုလုပ်ရုံတင် မကဘဲ သူတို့၏အပြုအမူနှင့် လုပ်ဆောင်ချက်တို့မှတစ်ဆင့် သူတို့၏နောင်တရခြင်းကို ရှင်းရှင်းလင်းလင်း ပြသခဲ့ပါသည်။ ဟုတ်ပါသည်။ ၎င်းက နိနေဝေ၏ သာမန်လူတို့သာလျှင် ပြုလုပ်ခဲ့ခြင်းမဟုတ်ပေ။ သူတို့၏ဘုရင်က ခြွင်းချက်ထဲမှာ မပါပေ။

နိနေဝေဘုရင်၏ နောင်တရခြင်းက ယေဟောဝါဘုရားသခင်၏ ချီးမြှောက်ခြင်းကို ရယူနိုင်ခဲ့သည်

နိနေဝေဘုရင်က ဤသတင်းကို ကြားသည့်အခါမှာ သူ့ပလ္လင်မှ သူထလိုက်သည်။ သူ၏ဝတ်စုံကို ချွတ်လိုက်သည်။ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာများထဲမှာ ထိုင်လိုက်သည်။ ထို့နောက်မှာ သူသည် မြို့ထဲက မည်သူမှ ဘာကိုမှ မစားရ၊ မွေးမြူရေးတိရစ္ဆာန်များ၊ သိုးသငယ်များ၊ နွားများကိုလည်း အစာမကျွေး၊ ရေမတိုက်ရဟု ကြေညာခဲ့သည်။ လူသားနှင့် မွေးမြူရေးတိရစ္ဆာန်တို့ အတူတူပင် လျှော်တေအဝတ်ကို ဝတ်ကြဖို့ဖြစ်သည်။ လူတို့သည် ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးကြသည်။ လူတိုင်းသည် သူတို့၏မကောင်းသည့်လမ်းခရီးများကို ငြင်းပယ်ပြီး သူတို့လက်ထဲမှာရှိသည့် ရက်စက်ကြမ်းကြုတ်မှုများကို စွန့်ပစ်ဖို့ကိုလည်း ဘုရင်ကြီးက ကြေညာခဲ့သည်။ ဤလုပ်ရပ်အစဉ်လိုက်ကို ကြည့်လျှင် နိနေဝေ၏ဘုရင်သည် သူ၏ ရိုးသားလေးနက်သည့် နောင်တရခြင်းကို ထုတ်ဖော်ပြသခဲ့ပါသည်။ သူ့ပလ္လင်ပေါ်မှ ထခြင်း၊ သူ၏ဘုရင်ဝတ်စုံကို ပစ်ခြင်း၊ လျှော်တေအဝတ်ကိုဝတ်ပြီး ပြာများထဲမှာ ထိုင်နေခြင်းစသည့် သူပြုလုပ်ခဲ့သည့် လုပ်ရပ်အစဉ်လိုက်တို့က နိနေဝေ၏ဘုရင်သည် သူ၏တော်ဝင်အဆင့်အတန်းကို ဘေးဖယ်ထားပြီး သာမန်လူများနှင့်အတူ လျှော်တေအဝတ်ကိုဝတ်ဆင်သည်ဟု လူတို့ကို ပြောလိုက်ခြင်းပင်ဖြစ်သည်။ ဆိုလိုသည်မှာ နိနေဝေဘုရင်သည် ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကိုကြားပြီးသည့်နောက်မှာ သူ့လက်မှာရှိသည့် သူ၏မကောင်းသည့်လမ်းခရီးများ သို့မဟုတ် ရက်စက်ကြမ်းကြုတ်ခြင်းများကို ဆက်လုပ်ဖို့ သူ၏ တော်ဝင်နေရာကို မယူထားခဲ့ပေ။ သူကိုင်စွဲထားသည့် သြဇာအာဏာကို ဘေးချထားပြီး ယေဟောဝါဘုရားသခင်၏ရှေ့မှာ နောင်တရခဲ့သည်။ ဤအချိန်ခဏ၌ နိနေဝေဘုရင်သည် ဘုရင်တစ်ပါးအနေနှင့် နောင်တရခြင်းမဟုတ်ပေ။ သူသည် ဘုရားသခင်၏ သာမန် အရာဝတ္ထုတစ်ခုအနေနှင့် သူ့အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ ဘုရားသခင်ရှေ့ကို လာခဲ့ခြင်းပင်ဖြစ်သည်။ တဖန် သူ့လိုပုံစံမျိုးနှင့် ယေဟောဝါဘုရားသခင်ရှေ့မှာ မိမိ၏အပြစ်များကို ဝန်ခံပြီး နောင်တရဖို့ တစ်မြို့လုံးကို သူပြောခဲ့သည်။ ထပ်ဖြည့်စွက်ရလျှင် သူ့မှာ မည်သို့လုပ်မည်ဆိုသည့် သီးသန့်အစီအစဉ်တစ်ခုရှိခဲ့သည်။ ကျမ်းစာမှာ မြင်ရသည့်အတိုင်း၊ “လူဖြစ်စေ၊ သားရဲတိရစ္ဆာန်ဖြစ်စေ၊ တိရစ္ဆာန်အုပ် သို့မဟုတ် သိုးနွားအုပ်ဖြစ်စေ မည်သည့်အရာကိုမျှ မမြည်းစေနှင့်။ အစာကို မစား၊ ရေကို မသောက်စေနှင့်။...ပြင်းပြင်းထန်ထန် ဘုရားသခင်ကို ဟစ်အော်ကြစေ။ အယောက်တိုင်း မိမိတို့၏ ဆိုးယုတ်သောလမ်းမှလည်းကောင်း၊ မိမိတို့လက်များထဲက အဓမ္မအမှုများမှလည်းကောင်း လှည့်ပြန်ကြစေ။” ဤမြို့၏ အုပ်ချုပ်သူအနေနှင့် နိနေဝေဘုရင်သည် မြင့်မားသည့်အဆင့်အတန်းနှင့် အာဏာကိုပိုင်ဆိုင်ပြီး သူဆန္ဒရှိသည့်အရာ ဘယ်အရာမဆို လုပ်နိုင်သည်။ ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို ရင်ဆိုင်ရသည့်အခါမှာ သူသည် ဤအကြောင်းအရာကို လျစ်လျူရှု၍ ရနိုင်သည်။ သို့မဟုတ် သူ့အပြစ်ကိုသာလျှင် နောင်တရပြီး ဝန်ခံလိုက်၍ရသည်။ မြို့ထဲကလူတို့က နောင်တရဖို့ ရွေးချယ်သည်ဖြစ်စေ၊ မရွေးချယ်သည်ဖြစ်စေ၊ ဤအကြောင်းကိစ္စကို သူလုံးဝ လျစ်လျူရှု၍ ရနိုင်သည်။ သို့သော်လည်း နိနေဝေဘုရင်က ဤကဲ့သို့ လုံးဝမလုပ်ခဲ့ပေ။ သူ့ပလ္လင်မှ ထရုံသာမကဘဲ လျှော်တေအဝတ်နှင့် ပြာများကို ဝတ်ဆင်ပြီး ယေဟောဝါဘုရားသခင်ရှေ့မှာ သူ၏အပြစ်များကို ဝန်ခံပြီး နောင်တရခဲ့သည်။ မြို့ထဲမှာရှိသည့်လူတို့နှင့် မွေးမြူရေးတိရစ္ဆာန်များအားလုံးကိုလည်း ဤကဲ့သို့လုပ်ဖို့ သူအမိန့်ထုတ်ခဲ့သည်။ လူတို့ကို “ကြိုးစားပြီး ဘုရားသခင်ကိုဆုတောင်းဖို့” ကိုတောင် သူအမိန့်ထုတ်ခဲ့သည်။ ဤလုပ်ရပ်အစဉ်လိုက်မှတစ်ဆင့် နိနေဝေဘုရင်သည် အုပ်ချုပ်သူတစ်ယောက်လုပ်သင့်သည်ကို အမှန်တကယ် လုပ်ဆောင်ခဲ့သည်။ သူ၏လုပ်ရပ်အစဉ်လိုက်သည် လူသားသမိုင်းမှာ မည်သည့်ဘုရင်အတွက်မဆို လုပ်နိုင်ဖို့ ခက်ခဲပြီး မည်သူမှ မလုပ်နိုင်ခဲ့သည့် အရာလည်းဖြစ်ပါသည်။ ဤလုပ်ရပ်များကို လူသားသမိုင်းမှာ တစ်ခါမှမဖြစ်ဖူးသည့် လုပ်ဆောင်ချက်များဟု ခေါ်ဆိုနိုင်ပါသည်။ ၎င်းတို့သည် လူသားမျိုးနွယ်၏ အောက်မေ့ခြင်းခံရဖို့၊ အတုခိုးခြင်း ခံရဖို့ ထိုက်တန်ပါသည်။ လူသား၏ အစအဦးကတည်းက ဘုရင်တိုင်းသည် ဘုရားသခင်ကို ခုခံဆန့်ကျင်ရန် သူ၏လူများကို ဦးဆောင်ခဲ့သည်။ သူတို့၏ ဆိုးယုတ်မှုအတွက် ရွေးနှုတ်ခြင်းကို ရှာဖွေဖို့ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးဖို့၊ ယေဟောဝါဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို ရယူပြီး ဖြစ်လာတော့မည့် အပြစ်ဒဏ်ခတ်မှုကို ရှောင်ကြဉ်ဖို့ မည်သူကမှ သူ့လူများကို ဦးမဆောင်ခဲ့ပေ။ သို့သော်လည်း နိနေဝေဘုရင်က သူ့လူများကို ဘုရားဆီသို့ ဦးဆောင်ဖို့၊ သူတို့၏ သက်ဆိုင်ရာ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်မှာရှိသည့် ကြမ်းတမ်းရက်စက်မှုများကို စွန့်လွှတ်ဖို့ ပြုလုပ်နိုင်ခဲ့သည်။ တဖန် သူ၏ပလ္လင်ကိုလည်း ဘေးချထားနိုင်ခဲ့သည်။ အပြန်အလှန်အနေနှင့် ယေဟောဝါဘုရားသခင်သည် ပြန်လှည့်ပြီး နောင်တရခဲ့သည်။ သူ၏အမျက်ဒေါသကို ပြန်လည်ရုပ်သိမ်းခဲ့ပြီး မြို့မှာရှိသည့်လူများကို အသက်ရှင်ခွင့်ပေးပြီး ဖျက်ဆီးခြင်းမှ ကင်းလွတ်ခွင့်ပေးလိုက်သည်။ ဘုရင်ကြီး၏ အပြုအမူကို လူသားသမိုင်းမှာ ရှားပါးသည့် ဆန်းကြယ်မှုဟုပင် ခေါ်ဆိုနိုင်ပါသည်။ ဖောက်ပြန်ပျက်စီးသည့် လူသားမျိုးနွယ်က ဘုရားသခင်ရှေ့မှာ သူတို့၏အပြစ်များကို ဝန်ခံခြင်းနှင့် နောင်တရခြင်းတို့၏ စံပြတစ်ခုဟုပင် ခေါ်ဆိုနိုင်ပါသည်။

နိနေဝေမြို့သားတို့၏ နှလုံးသားအတွင်းမှာ ရိုးသားဖြူစင်သည့် နောင်တရခြင်းကို ဘုရားသခင် မြင်သည်

ဘုရားသခင်၏ ကြေညာချက်ကို နားထောင်ပြီးနောက်မှာ နိနေဝေဘုရင်နှင့် သူ့လူများသည် လုပ်ရပ်များ တစ်ခုပြီးတစ်ခု ပြုလုပ်ခဲ့သည်။ သူတို့၏ အပြုအမူနှင့် လုပ်ဆောင်ချက်များ၏ သဘောတရားက အဘယ်နည်း။ တစ်နည်းပြောရလျှင် သူတို့၏အပြုအမူအားလုံး၏ အနှစ်သာရက အဘယ်နည်း။ သူတို့လုပ်ခဲ့သည့်အရာကို သူတို့ ဘာကြောင့်လုပ်ခဲ့သနည်း။ ဘုရားသခင်၏ အမြင်မှာ သူတို့သည် ရိုးသားဖြူစင်စွာ နောင်တရခဲ့သည်။ သူ့ရှေ့မှာ သူတို့၏အပြစ်ကို ဝန်ခံခဲ့ပြီး ဘုရားသခင်ကို လေးနက်စွာ တောင်းပန်တိုးလျှိုးခဲ့ခြင်းကြောင့်သာလျှင်မဟုတ်ဘဲ သူတို့၏ ဆိုးယုတ်သည့် အပြုအမူများကိုလည်း စွန့်ပစ်ခဲ့ခြင်းကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြားပြီးနောက်မှာ သူတို့သည် အလွန်ပင်ကြောက်လန့်သွားပြီး သူပြောသကဲ့သို့ လုပ်လိမ့်မည်ဆိုသည်ကို ယုံကြည်ခဲ့ကြ၍ ဤအတိုင်းလုပ်ခဲ့ကြခြင်းဖြစ်သည်။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာများထဲမှာထိုင်ခြင်းအားဖြင့် သူတို့၏လမ်းခရီးများကို ပြန်လည်ပြုပြင်ဖို့နှင့် ဆိုးယုတ်မှုမှ ရှောင်ကြဉ်ထိန်းသိမ်းဖို့၊ သူ၏ဒေါသကို ထိန်းဖို့ ယေဟောဝါဘုရားသခင်အတွက် ဆုတောင်းဖို့၊ သူ၏ဆုံးဖြတ်ချက်နှင့် သူတို့အပေါ်ကျရောက်လာမည့် ကပ်ဘေးကို ပြန်လည်ရုတ်သိမ်းဖို့ ယေဟောဝါ ဘုရားသခင်ကို တောင်းပန်တိုးလျှိုးဖို့ သူတို့ဆန္ဒရှိခြင်းကို ဖော်ပြချင်ခဲ့ကြသည်။ သူတို့၏အပြုအမူအားလုံးကို စူးစမ်းစစ်ဆေးခြင်းမှတစ်ဆင့် သူတို့၏ အရင်က ဆိုးယုတ်သည့် အပြုအမူများကို ယေဟောဝါဘုရားသခင်က စက်ဆုပ်သည်ဆိုခြင်းကို သူတို့နားလည်ခဲ့သည်၊ သူမကြာခင် သူတို့ကို ဘာကြောင့်ဖျက်ဆီးမည်ဆိုသည့် အကြောင်းရင်းကို သူတို့နားလည်ခဲ့ကြောင်းကို ငါတို့ မြင်နိုင်ပါသည်။ ဤအကြောင်းပြချက်များကြောင့် သူတို့အားလုံးသည် လုံးဝနောင်တရဖို့၊ သူတို့၏ မကောင်းသည့်လမ်းခရီးများကို ထားခဲ့ပြီး သူတို့လက်ထဲက ရက်စက်ကြမ်းကြုတ်မှုများကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့ကြသည်။ တစ်နည်းပြောရလျှင် ယေဟောဝါဘုရားသခင်၏ ကြေညာချက်ကို သူတို့ သိလိုက်သည်နှင့် သူတို့တစ်ယောက်ချင်းစီတိုင်း၏ နှလုံးသားများထဲမှာ အကြောက်တရားကို ခံစားခဲ့ကြသည်။ ဘုရားသခင်မုန်းသည့် သူတို့၏ ဆိုးယုတ်သည့်အပြုအမူများကို ဆက်မလုပ်တော့သကဲ့သို့ ဤလုပ်ရပ်များကို ဆက်ပြီး မကျူးလွန်တော့ပေ။ ထပ်ဖြည့်စွက်ရလျှင် သူတို့၏ အရင်ကအပြစ်များကို ခွင့်လွှတ်ဖို့နှင့် သူတို့၏အရင်က လုပ်ဆောင်ချက်များအရ သူတို့ကို မဆက်ဆံဖို့ ယေဟောဝါဘုရားသခင်ကို တောင်းပန်တိုးလျှိုးခဲ့သည်။ သူတို့သည် ဆိုးယုတ်မှုများကို ဘယ်တော့မှ မထိတွေ့ဖို့နှင့် ယေဟောဝါဘုရားသခင်၏ ညွှန်ကြားချက်များအရ ပြုမူဖို့ ဆန္ဒရှိနေခဲ့ကြပါသည်။ ယေဟောဝါဘုရားသခင်ကို သူတို့နောက်တစ်ခါ ဘယ်တော့မှ ဒေါသမထွက်စေလျှင်ဖြစ်သည်။ သူတို့၏ နောင်တရခြင်းက ရိုးသားဖြူစင်ပြီး ပြည့်စုံမှုရှိပါသည်။ သူတို့၏နှလုံးသားအတွင်းထဲကလာပြီး ဟန်ဆောင်ခြင်း မဟုတ်သကဲ့သို့ ယာယီလည်း မဟုတ်ပေ။

နိနေဝေမှာရှိသည့်လူများ၊ အမြင့်မားဆုံးဘုရင်မှ သူ့လူများအထိ၊ ယေဟောဝါဘုရားသခင်သည် သူတို့ကို စိတ်ဆိုးသည်ဆိုသည်ကို သိရှိခဲ့သည်နှင့် သူတို့၏ လုပ်ရပ်တစ်ခုချင်းစီတိုင်း၊ သူတို့၏အပြုအမူအလုံးစုံနှင့် သူတို့၏ ဆုံးဖြတ်ချက်များနှင့် ရွေးချယ်မှုတိုင်းသည် ဘုရားသခင်၏အမြင်မှာ ရှင်းလင်းမြင်သာသည်။ ဘုရားသခင်၏ နှလုံးသားသည် သူတို့၏ အပြုအမူအရ ပြောင်းလဲသွားခဲ့သည်။ ထိုအချိန်မှာ ဘုရားသခင်၏ စိတ်အခြေအနေက မည်သို့ရှိခဲ့သနည်း။ သမ္မာကျမ်းစာက ဤမေးခွန်းကို သင့်အတွက် ဖြေဆိုနိုင်ပါသည်။ ကျမ်းစာမှာ မှတ်တမ်းတင်ထားသည့်အတိုင်းဖြစ်ပါသည်။ “သူတို့သည် မိမိတို့၏ ဆိုးညစ်သောလမ်းမှ လှည့်ပြန်ပြီး ကျင့်သောအကျင့်များကို ဘုရားသခင်သည် မြင်လျှင်၊ ယခင် ပြုမည်ဟု မိန့်ဆိုခဲ့သော မကောင်းသည့်အမှုကို နောင်တရတော်မူပြီး ထိုသို့ မပြုပဲ နေတော်မူ၏။” ဘုရားသခင်က သူ့စိတ်ကို ပြောင်းလဲခဲ့သော်လည်း သူ့စိတ်အခြေအနေနှင့် ပတ်သက်၍ ရှုပ်ထွေးခြင်း မရှိပေ။ သူသည် ရိုးရိုရှင်းရှင်းပင်၊ သူ၏ဒေါသကို ဖော်ပြခြင်းမှ သူ့ဒေါသကို စိတ်ငြိမ်စေလိုက်ခြင်းပင်ဖြစ်သည်။ ထို့နောက်နိနေဝေမြို့အပေါ်ကို ကပ်ဘေး သယ်ဆောင်မလာရန် ဆုံးဖြတ်ခဲ့သည်။ နိနေဝေမြို့သားများကို ကပ်ဘေးမှ အသက်ချမ်းသာခွင့်ပေးဖို့ဖြစ်သည့် ဘုရားသခင်၏ ဆုံးဖြတ်ချက်က ဘာကြောင့်မြန်ဆန်သလဲဆိုသည်က ဘုရားသခင်က နိနေဝေမှာရှိသည့် လူတိုင်း၏ နှလုံးသားကို လေ့လာကြည့်ရှုခဲ့သည့်အတွက်ဖြစ်ပါသည်။ သူတို့နှလုံးသားထဲမှာ ဘာကိုကိုင်စွဲထားသနည်းဆိုသည်ကို သူမြင်ခဲ့ပါသည်။ သူတို့အပြစ်များအတွက် သူတို့၏ ဝန်ခံခြင်းနှင့် နောင်တရခြင်း၊ သူ့အပေါ် သူတို့၏ ရိုးသားသည့် ယုံကြည်ခြင်း၊ သူ၏စိတ်သဘောထားကို သူတို့၏ဆိုးယုတ်သည့်အပြုအမူများက မည်ကဲ့သို့စိတ်ဆိုးစေခဲ့သနည်းဆိုသည့် သူတို့၏နက်နဲသည့် အသိစိတ်ခံစားချက်၊ ယေဟောဝါဘုရားသခင်ဆီမှ ကျရောက်တော့မည့် အပြစ်ဒဏ်ကြောင့် ဖြစ်ပေါ်လာသည့် ကြောက်ရွံ့မှုများဖြစ်သည်။ တစ်ချိန်တည်းမှာပင် သူတို့သည် ဤကပ်ဘေးကို ရှောင်ကြဉ်နိုင်ဖို့အတွက် သူတို့အပေါ် သူ၏ဒေါသကို အဆုံးသတ်ဖို့ သူ့ကို တောင်းပန်တိုးလျှိုးနေသည့် သူတို့၏နှလုံးသားအတွင်းထဲက ဆုတောင်းသံများကိုလည်း ယေဟောဝါ ဘုရားသခင်က ကြားခဲ့သည်။ ဘုရားသခင်က ဤအချက်များအားလုံးကို ကြည့်ရှုလေ့လာသည့်အခါမှာ သူ၏ဒေါသများက နည်းနည်းချင်း ပျောက်ကွယ်သွားခဲ့ပါသည်။ အရင်က သူ၏ဒေါသက မည်မျှပင်ကြီးပါစေ ဤလူတို့၏ နှလုံးသားအတွင်းထဲက ရိုးသားဖြူစင်သည့် နောင်တရခြင်းကို သူမြင်သည့်အခါမှာ သူ့နှလုံးသားက ဤအရာအားဖြင့် ထိတွေ့ခံရပြီး သူတို့အပေါ်ကို ဘေးဒုက္ခသယ်လာဖို့ သူမလုပ်နိုင်တော့ဘဲ သူတို့အပေါ် ဒေါသထွက်ခြင်းကို ရပ်လိုက်ပါသည်။ ထို့အပြင် သူတို့အပေါ်မှာ သူ၏သနားညှာတာမှုနှင့် သည်းခံမှုကို ဆက်ထားခဲ့ပြီး သူတို့ကို ဆက်လက် လမ်းညွှန်ပြီး ထောက်ပံ့ပေးခဲ့သည်။

ဘုရားသခင်အပေါ် သင့်ယုံကြည်ခြင်းက မှန်ကန်သည်ဆိုလျှင် သူ၏ဂရုစိုက်မှုကို မကြာခဏ သင်ရရှိလိမ့်မည်

နိနေဝေသားတို့အပေါ် ဘုရားသခင်က သူ၏ရည်ရွယ်ချက်ကို ပြောင်းလဲခြင်းက တွန့်ဆုတ်ခြင်း သို့မဟုတ် မပြတ်သားခြင်းတို့ မပါဝင်ပေ။ အမှန်တကယ်တွင်မူ ဒေါသသက်သက်မှ သည်းခံခြင်းသက်သက်ကို ကူးပြောင်းသွားခြင်းဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ အနှစ်သာရ၏ မှန်ကန်သည့် ထုတ်ဖော်ခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် သူ့လုပ်ဆောင်ချက်တို့၌ မည်သည့်အခါမျှ မပြတ်သားခြင်း သို့မဟုတ် တွန့်ဆုတ်ခြင်းမရှိပေ။ သူ့လုပ်ရပ်များနောက်က သဘောတရားများနှင့် ရည်ရွယ်ချက်များက အားလုံးရှင်းလင်းပြီး ပွင့်လင်းမြင်သာသည်၊ သန့်စင်ပြီး အပြစ်အနာအဆာ ကင်းမဲ့သည်။ အတွင်း၌ လှည့်ကွက် သို့မဟုတ် အကြံအစည်တို့ ရောထွေးနေခြင်း လုံးဝမရှိပေ။ တစ်နည်းပြောရလျှင် ဘုရားသခင်၏အနှစ်သာရမှာ မှောင်မိုက်ခြင်း သို့မဟုတ် ဆိုးယုတ်ခြင်းတို့ မပါဝင်ပေ။ နိနေဝေမြို့သားများ၏ ဆိုးယုတ်သည့်အပြုအမူများက သူ့ရှေ့ကို ရောက်လာသည့်အတွက်ကြောင့် ဘုရားသခင်က ဒေါသထွက်ခဲ့သည်။ ထိုအချိန်တုန်းက သူ၏ဒေါသသည် သူ၏အနှစ်သာရမှ ဆင်းသက်သည်။ သို့သော်လည်း ဘုရားသခင်၏ ဒေါသသည် ပျောက်ကွယ်သွားပြီး သူ၏သည်းခံခြင်းကို နိနေဝေသားတို့အပေါ် နောက်တစ်ကြိမ် ချပေးသနားသည့်အခါ သူဖွင့်ပြသည့်အရာအားလုံးက သူ၏ကိုယ်ပိုင်အနှစ်သာရပဲ ဖြစ်နေပါသေးသည်။ ဤပြောင်းလဲမှုတစ်ခုလုံးက ဘုရားသခင်အပေါ် လူသား၏သဘောထား ပြောင်းလဲမှုကြောင့်ဖြစ်သည်။ ဤအချိန်ကာလတစ်ခုလုံးအတွင်းမှာ ဘုရားသခင်၏ ထိပါးစော်ကား၍မရသည့် စိတ်သဘောထားက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ သည်းခံသည့် အနှစ်သာရက ပြောင်းလဲမသွားပေ။ ဘုရားသခင်၏ ချစ်ခြင်းနှင့် သနားညှာတာခြင်း အနှစ်သာရက ပြောင်းလဲမသွားပေ။ လူတို့က ဆိုးယုတ်သည့် အပြုအမူများကို ကျူးလွန်ပြီး ဘုရားသခင်ကို ထိပါးစော်ကားသည့်အခါမှာ သူ့ဒေါသကို သူတို့အပေါ် ယူဆောင်လာလိမ့်မည်။ လူတို့က အမှန်တကယ် နောင်တရသည့်အခါ ဘုရားသခင်၏ နှလုံးသားသည် ပြောင်းလဲမည်ဖြစ်ပြီး သူ့ဒေါသသည် ရပ်တန့်သွားလိမ့်မည်။ လူတို့က ဘုရားသခင်ကို ခေါင်းမာမာနှင့် ဆက်ပြီး ဆန့်ကျင်နေလျှင် သူ၏ဒေါသက ရပ်တန့်မည် မဟုတ်ပေ။ သူ၏အမျက်ဒေါသသည် သူတို့ဖျက်ဆီးခံရသည့်အထိ နည်းနည်းချင်း သူတို့အပေါ် ဖိအားပေးသွားမည် ဖြစ်သည်။ ဤသည်မှာ ဘုရားသခင်၏ စိတ်သဘောထား၏ အနှစ်သာရဖြစ်သည်။ ဘုရားသခင်က အမျက်ဒေါသကို ဖော်ပြနေသည်ဖြစ်စေ သို့မဟုတ် သနားညှာတာမှုနှင့် မေတ္တာကို ဖော်ပြသည်ဖြစ်စေ လူသား၏နှလုံးသားအတွင်းမှာ ဘုရားသခင်အပေါ် သူ၏ အပြုအမူနှင့် သဘောထားသည် ဘုရားသခင်၏ စိတ်သဘောထားကို ထုတ်ဖော်ခြင်းမှတစ်ဆင့် ဖော်ပြသည့်အရာကို သတ်မှတ်သည်။ ဘုရားသခင်က သူ၏အမျက်ဒေါသကို လူတစ်ယောက်အပေါ်မှာ အဆက်မပြတ် သက်ရောက်စေလျှင် ဤလူ၏နှလုံးသားသည် ဘုရားသခင်ကို ဆန့်ကျင်သည်မှာ သံသယဖြစ်စရာ မလိုပေ။ သူက တစ်ခါမျှ အမှန်တကယ် နောင်တရခြင်း မရှိသည့်အတွက်ကြောင့်၊ ဘုရားသခင်ရှေ့မှာ ဦးညွတ်ခြင်း သို့မဟုတ် ဘုရားသခင်အပေါ် မှန်ကန်သည့် ယုံကြည်မှု ပိုင်ဆိုင်ခြင်း မရှိသည့်အတွက်ကြောင့် သူသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် သည်းခံခြင်းကို တစ်ခါမျှ မရရှိပေ။ လူတစ်ဦးသည် ဘုရားသခင်၏ ဂရုစိုက်မှုကို မကြာခဏလက်ခံရရှိပြီး သူ၏သနားညှာတာမှုနှင့် သည်းခံခြင်းကို မကြာခဏလက်ခံရရှိလျှင် ဤလူသည် သူ့နှလုံးသားမှာ ဘုရားသခင်ကို အမှန်တကယ်ယုံကြည်ခြင်း ရှိပြီး သူ့နှလုံးသားသည် ဘုရားသခင်ကို မဆန့်ကျင်ပေဆိုသည်မှာ ယုံမှားဖွယ်ရာမရှိပေ။ သူသည် ဘုရားသခင်ရှေ့မှာ မကြာခဏ အမှန်တကယ် နောင်တရသည်။ ထို့ကြောင့် ဘုရားသခင်၏ ပဲ့ပြင်ဆုံးမခြင်းက ဤလူအပေါ်မှာ မကြာခဏ ဆင်းသက်သော်လည်း သူ၏အမျက်ဒေါသ ကျရောက်မည် မဟုတ်ပေ။

ဤအတိုချုပ်အသေးစိတ်အချက်အလက်များက ဘုရားသခင်၏ နှလုံးသားကို လူတို့မြင်ဖို့၊ သူ၏အနှစ်သာရ၏ စစ်မှန်ခြင်းကို မြင်ဖို့၊ ဘုရားသခင်၏ ဒေါသနှင့် သူ၏နှလုံးသားပြောင်းလဲခြင်းသည် အကြောင်းမရှိဖြစ်ခြင်းမဟုတ်ဘူးဆိုသည်ကို မြင်ဖို့ အခွင့်ပေးပါသည်။ သူ၏ဒေါသနှင့် သူ၏သည်းခံခြင်းဖြစ်သည့် ဘုရားသခင်၏အနှစ်သာရ၏ ဤအချက်နှစ်ချက်ကြားမှာ တည်ရှိနေပုံရသည့် ကြီးမားသည့် ကွာဟမှု သို့မဟုတ် ကြီးမားသည့်ခြားနားမှု တည်ရှိနေပုံရသည်ဟု လူတို့ကို ယုံကြည်စေသည့် သူစိတ်ဆိုးသည့်အချိန်နှင့် သူ၏နှလုံးသား ပြောင်းလဲသည့်အချိန်မှာ ဘုရားသခင် ထုတ်ဖော်ပြသခဲ့သည့် သိသာသည့် ကွဲပြားမှုရှိသော်လည်း၊ နိနေဝေမြို့သားတို့၏ နောင်တရခြင်းအပေါ် ဘုရားသခင်၏ သဘောထားသည် ဘုရားသခင်၏ မှန်ကန်သည့် စိတ်သဘောထား၏ အခြားတစ်ဖက်ကို လူတို့ကို မြင်စေပါသည်။ ဘုရားသခင်၏ နှလုံးသားပြောင်းလဲခြင်းသည် ဘုရားသခင်၏ သနားညှာတာမှုနှင့် ချစ်ခင်ကြင်နာမှုကို နောက်တစ်ကြိမ်မြင်စေဖို့၊ ဘုရားသခင်၏ အနှစ်သာရ အမှန်တကယ် ထုတ်ဖော်ခြင်းကို မြင်စေဖို့ လူသားမျိုးနွယ်ကို အမှန်တကယ် အခွင့်ပေးပါသည်။ လူသားမျိုးနွယ်သည် ဘုရားသခင်၏သနားညှာတာမှုနှင့် ချစ်ခင်ကြင်နာမှုသည် ဒဏ္ဍာရီများမဟုတ်သကဲ့သို့ လုပ်ကြံဖန်တီးထားခြင်းများ မဟုတ်ဘူးဆိုသည်ကို အသိအမှတ်ပြုရုံပဲရှိပါသည်။ ဤသည်မှာ ထိုအချိန်၌ ဘုရားသခင်၏ ခံစားချက်က မှန်ကန်သည့်အတွက်ကြောင့်ဖြစ်ပါသည်။ ဘုရားသခင်၏နှလုံးသားပြောင်းလဲခြင်းက မှန်ကန်ပါသည်။ ဘုရားသခင်က လူသားမျိုးနွယ်အပေါ် သူ၏သနားညှာတာမှုနှင့် သည်းခံမှုကို အမှန်တကယ်ပင် နောက်တစ်ကြိမ် ချပေးသနားခဲ့ပါသည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။