အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၂)

ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား (အပိုင်း ငါး)

လူငါးမျိုး

လောလောဆယ်မှာမူ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်ပတ်သက်ပြီး ငါတို့၏ မိတ်သဟာယပြုခြင်းကို ဤနေရာမှာပဲ အဆုံးသတ်လိုက်ပါမည်။ နောက်တစ်ခုက ဘုရားသခင်၏ နောက်လိုက်များကို ဘုရားသခင်အပေါ် သူတို့၏နားလည်မှုနှင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သူတို့၏ နားလည်မှုနှင့် အတွေ့အကြုံနှင့်အညီ အမျိုးအစားခွဲခြားပါမည်။ သင်တို့နှင့်သက်ဆိုင်သည့် လက်ရှိအဆင့်နှင့် သင်တို့၏ လက်ရှိဝိညာဉ်အသက်တာကို သိနိုင်ဖို့အတွက်ဖြစ်သည်။ ဘုရားသခင်အပေါ် သူတို့၏အသိပညာနှင့် သူ၏ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သူတို့၏နားလည်မှုနှင့်ပတ်သက်လျှင် လူတို့ပိုင်ဆိုင်သည့် မတူညီသည့် အဆင့်နှင့် ဝိညာဉ်အသက်တာများသည် အမျိုးအစားငါးခုအဖြစ် ယေဘုယျ ခွဲခြားနိုင်ပါသည်။ ဤခေါင်းစဉ်က အတုမရှိ ဘုရားသခင်နှင့် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို သိခြင်းအပေါ် အခြေခံထားပါသည်။ ထို့ကြောင့် အောက်ပါ အကြောင်းအရာကို သင်တို့ ဖတ်သည့်အခါမှာ ဘုရားသခင်၏ အတုမရှိခြင်းနှင့် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်ပတ်သက်ပြီး သင်တို့မှာ အသိပညာနှင့်နားလည်မှု မည်မျှအတိအကျရှိသနည်းဆိုသည်ကို သင်တို့ သဘောပေါက်အောင် သေသေချာချာ ကြိုးစားသင့်သည်။ ပြီးနောက် ဘယ်အဆင့်မှာ သင်တို့ပါဝင်နေပုံ၊ သင်တို့၏ ဝိညာဉ်အသက်တာက မည်မျှကြီးမားသနည်းဆိုသည်နှင့် သင်က အမှန်တကယ်တွင် ဘယ်လိုလူဖြစ်သနည်းဆိုသည်ကို အကဲဖြတ်ဖို့ ၎င်းကို အသုံးပြုပါ။

ပထမအမျိုးအစား။ အနှီးပတ်ထားသည့် မွေးကင်းစကလေးအဆင့်

အနှီးပတ်ထားသည့် မွေးကင်းစကလေးဆိုသည်မှာ အဘယ်နည်း။ အနှီးပတ်ထားသည့် မွေးကင်းစကလေးသည် ဤကမ္ဘာကို ယခုလေးတင်ရောက်လာသည့် အသစ်စတင်မွေးဖွားလာသည့် မွေးကင်းစကလေးဖြစ်ပါသည်။ လူတို့က သူတို့၏အသေးငယ်ဆုံး အရွယ်မရောက်ဆုံးအချိန်ဖြစ်ပါသည်။

ဤအဆင့်မှာရှိသည့်လူတို့သည် ဘုရားသခင်ကိုယုံကြည်ခြင်းအရာမှာ သတိပြုမိခြင်း သို့မဟုတ် အသိစိတ်ရှိခြင်းတို့ အခြေခံအားဖြင့် မပိုင်ဆိုင်ပေ။ သူတို့သည် အရာရာတိုင်းအပေါ်မှာ စိတ်ရှုပ်ထွေးနေပြီး အသိကင်းမဲ့ပါသည်။ ဤလူတို့က ဘုရားသခင်ကို အချိန်အကြာကြီးယုံခဲ့နိုင်သည်၊ သို့မဟုတ် အချိန်အကြာကြီး ဟုတ်ချင်မှဟုတ်မည်။ သို့သော်လည်း သူတို့၏စိတ်ရှုပ်ထွေးနေပြီး အသိကင်းမဲ့သည့် အဆင့်နှင့် သူတို့၏ စစ်မှန်သည့် ဝိညာဉ်အသက်တာသည် သူတို့ကို အနှီးပတ်ထားသည့် မွေးကင်းစကလေးအဆင့်ကို ရောက်စေပါသည်။ အနှီးပတ်ထားသည့် မွေးကင်းစကလေးအခြေအနေ၏ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်က ဤကဲ့သို့ဖြစ်သည်။ ဤလူမျိုးက ဘုရားသခင်အပေါ်ယုံကြည်ခဲ့သည်မှာ မည်မျှပင် ကြာပါစေ၊ သူသည် အမြဲတစေ စိတ်တို့အစီအစဉ်မကျ၊ စိတ်ရှုပ်ထွေးပြီး ဉာဏ်နည်းနေပါလိမ့်မည်။ ဘုရားသခင်ကို သူဘာကြောင့်ယုံသည်ဆိုသည်ကို သူမသိသကဲ့သို့ ဘုရားသခင်က မည်သူဆိုသည်ကို သို့မဟုတ် မည်သူက ဘုရားသခင်ဖြစ်သနည်းဆိုသည်ကို သူမသိပေ။ သူသည် ဘုရားသခင်နောက်ကိုလိုက်သော်လည်း သူ့နှလုံးသားမှာ ဘုရားသခင်နှင့်ပတ်သက်ပြီး တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပေ။ သူနောက်လိုက်နေခြင်းက ဘုရားသခင်ဟုတ်သလောဆိုသည်ကိုလည်း သူမဆုံးဖြတ်နိုင်ပေ။ ဘုရားသခင်ကို သူအမှန်တကယ်ယုံကြည်ပြီး သူ့နောက်ကို လိုက်သလောဆိုသည်ကိုတော့ ပြောမနေပါနှင့်တော့။ ၎င်းတို့က ဤလူမျိုး၏ တကယ့်အခြေအနေများဖြစ်ပါသည်။ ဤလူတို့၏ အတွေးများသည် မရှင်းလင်းပေ။ တဖန် ရိုးရိုးပြောရလျှင် သူတို့၏ယုံကြည်မှုသည် စိတ်ရှုပ်ထွေးမှုတစ်ခုပါ။ သူတို့သည် စိတ်ရောထွေးမှုနှင့် စိတ်ဗလာဖြစ်မှု အခြေအနေမှာ အမြဲတမ်း တည်နေကြပြီး စိတ်အစီအစဉ်မကျဖြစ်မှု၊ စိတ်ရှုပ်ထွေးမှုနှင့် အသိဉာဏ်နည်းမှုက သူတို့၏အဆင့်များ၏ အနှစ်ချုပ်ဖြစ်ပါသည်။ သူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို တစ်ခါမှ မမြင်ဖူးသကဲ့သို့ မခံစားဖူးပေ။ ထို့ကြောင့် ဘုရားသခင်ကို သိခြင်းအကြောင်းကို သူတို့ကိုပြောခြင်းက အရုပ်စာနှင့်ရေးထားသည့်စာအုပ်ကို သူတို့ကိုဖတ်ခိုင်းသကဲ့သို့မျိုးလောက်ပင် အသုံးဝင်ပါသည်။ သူတို့သည် ၎င်းကို နားလည်မည်လည်း မဟုတ်သကဲ့သို့ လက်ခံမည်လည်းမဟုတ်ပေ။ သူတို့အတွက်က ဘုရားသခင်ကိုသိခြင်းသည် စိတ်ကူးယဉ်ပုံပြင်ကို ကြားခြင်းနှင့် အတူတူပင်ဖြစ်သည်။ သူတို့၏အတွေးများက ရှုပ်ထွေးနေနိုင်သော်လည်း ဘုရားသခင်ကို သိခြင်းက အချိန်နှင့်အားစိုက်ထုတ်မှုကို လုံးဝ ဖြုန်းတီးခြင်းပဲဟု သူတို့ တကယ်ပင် ခိုင်ခိုင်မာမာ ယုံကြည်ကြသည်။ ဤသည်မှာ ပထမလူအမျိုးအစားဖြစ်ပါသည်။ အနှီးပတ်ထားသည့် မွေးကင်းစကလေး။

ဒုတိယအမျိုးအစား။ နို့စို့အရွယ် မွေးကင်းစကလေးအဆင့်

အနှီးပတ်ထားသည့် မွေးကင်းစကလေးနှင့်ယှဉ်ကြည့်လျှင် ဤလူအမျိုးအစားက တိုးတက်မှုတစ်ချို့ရှိပါသည်။ ဝမ်းနည်းဖွယ်ကောင်းစွာပင် သူတို့သည် ဘုရားသခင်အပေါ်နားလည်ခြင်း လုံးဝ မရှိသေးပေ။ သူတို့မှာ ဘုရားသခင်အပေါ် ရှင်းလင်းသည့်နားလည်ခြင်းနှင့် ထိုးထွင်းသိမြင်ခြင်း မရှိသေးပေ။ ဘုရားသခင်ကို သူတို့ ဘာကြောင့်ယုံသင့်သည်ဆိုသည်ကို သိပ်မရှင်းလင်းသေးပေ။ သို့သော်လည်း သူတို့နှလုံးသားမှာ သူတို့၏ ကိုယ်ပိုင် ရည်ရွယ်ချက်နှင့် ရှင်းလင်းသည့် စိတ်ကူးစိတ်သန်းများရှိပါသည်။ ဘုရားသခင်ကို ယုံကြည်ဖို့က မှန်ကန်သလော ဆိုသည်ကို သူတို့စိတ်မဝင်စားကြပေ။ ဘုရားသခင်ကို ယုံကြည်ခြင်းမှတစ်ဆင့် သူတို့ရှာဖွေသည့် ဦးတည်ချက်နှင့် ရည်ရွယ်ချက်က သူ၏ကျေးဇူးတော်ကို ခံစားဖို့၊ ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှု ရရှိဖို့၊ သက်တောင့်သက်သာရှိသည့် ဘဝကို နေထိုင်ဖို့၊ ဘုရားသခင်၏ ဂရုစိုက်ခြင်းနှင့် ကာကွယ်ခြင်းကို ရရှိဖို့နှင့် ဘုရားသခင်၏ ကောင်းချီးများအောက်မှာ နေထိုင်ဖို့ဖြစ်ပါသည်။ ဘုရားသခင်ကို သူတို့သိသည့်အဆင့်ကို သူတို့သည် စိတ်မဝင်စားကြပေ။ ဘုရားသခင်ကို နားလည်ခြင်းကို ရှာဖွေဖို့ ပြင်းပြသည့်ဆန္ဒ သူတို့မှာ မရှိသကဲ့သို့ ဘုရားသခင်က ဘာလုပ်နေသည် သို့မဟုတ် သူဘာလုပ်ချင်ကြောင်းကိုလည်း စိတ်မဝင်စားကြပေ။ သူ၏ကျေးဇူးတော်ကို ခံစားဖို့နှင့် သူ၏ ကောင်းချီးများကို ပိုပြီး လက်ခံရရှိဖို့ကိုပင် မျက်ကန်းတောတိုး ရှာဖွေကြသည်။ သူတို့သည် လက်ရှိခေတ်၌ အဆရာချီရရှိဖို့နှင့် နောက်လာမည့်ခေတ်မှာ ထာဝရအသက်ရဖို့ အားထုတ်ကြသည်။ သူတို့၏အတွေးများ၊ အချိန်ကုန်ဆုံးမှုများနှင့် စိတ်နှစ်မြှုပ်မှုများ၊ သူတို့၏ ဒုက္ခခံမှုများအားလုံးသည် တူညီသည့် ရည်ရွယ်ချက်တစ်ခုပင် ရှိပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်နှင့် ကောင်းချီးများကို လက်ခံရရှိဖို့ပင်ဖြစ်သည်။ အခြားဘာကိုမှ သူတို့စိတ်မဝင်စားပေ။ ဤလူမျိုးသည် ဘုရားသခင်က သူတို့ကို ဘေးကင်းစေနိုင်ပြီး သူ၏ကျေးဇူးတော်ကို သူတို့အပေါ်ကို ချပေးသနားနိုင်သည်ဆိုသည်လောက်ပင် သေချာပါသည်။ ဘုရားသခင်က လူသားကို ဘာကြောင့်ကယ်တင်ချင်ရသနည်းဆိုခြင်း၊ သို့မဟုတ် သူ၏နှုတ်ကပတ်တော်များ၏ လုပ်ဆောင်မှုနှင့် ဘုရားသခင် ရရှိချင်သည့် ရလဒ်ကို သူတို့သည် သိပ်မရှင်းလင်းပေ၊ စိတ်မဝင်စားဘူးဟု ဆိုနိုင်သည်။ သူတို့သည် ဘုရားသခင်၏ အနှစ်သာရနှင့် ဖြောင့်မတ်သည့် စိတ်သဘောထားကို သိဖို့ ဘယ်တော့မှ အားမထုတ်ကြသကဲ့သို့ ဤသို့လုပ်ဖို့ စိတ်ဝင်စားမှုကိုလည်း မလှုံ့ဆော်နိုင်ကြပေ။ ဤအရာများအပေါ်ကို အာရုံမစိုက်ချင်ကြသကဲ့သို့ သိချင်စိတ်လည်း မရှိကြပေ။ ဘုရားသခင်၏လုပ်ဆောင်မှု၊ လူသားအပေါ်မှာ ဘုရားသခင်၏ သတ်မှတ်ချက်၊ ဘုရားသခင်၏အလိုတော် သို့မဟုတ် ဘုရားသခင်နှင့်သက်ဆိုင်သည့် တခြားအရာအားလုံးကို မေးဖို့ ဆန္ဒမရှိကြသကဲ့သို့ ဤအရာများကို မေးဖို့လည်း စိတ်အနှောင့်အယှက် အဖြစ်မခံကြပေ။ အဘယ့်ကြောင့်ဆိုသော် ဤကိစ္စများသည် ဘုရားသခင်၏ကျေးဇူးတော်အပေါ် သူတို့၏နှစ်သက်ခံစားမှုနှင့် မသက်ဆိုင်ဘူးဟု ယုံကြည်ကြသည့်အတွက်ကြောင့်ဖြစ်သည်။ သူတို့သည် ကျေးဇူးတော်ကို ချပေးသနားနိုင်ပြီး သူတို့၏ ကိုယ်ကျိုးနှင့် ဆက်စပ်သည့်ဘုရားသခင်ကိုသာ စိတ်ဝင်စားကြသည်။ တခြားအရာများအပေါ်မှာ စိတ်ဝင်စားမှု လုံးဝမရှိပေ။ ထို့ကြောင့် သူတို့သည် ဘုရားသခင်အပေါ် နှစ်တို့မည်မျှကြာပြီး ယုံကြည်ခဲ့ပါစေ၊ သမ္မာတရား၏ လက်တွေ့အရှိတရားကို မဝင်ရောက်နိုင်ပေ။ သူတို့ကို မကြာခဏ ရေတိုက်မည့်သူ သို့မဟုတ် ကျွေးမည့်သူမရှိလျှင် ဘုရားသခင်ကို ယုံကြည်မှုလမ်းကြောင်းကို ဆက်သွားဖို့ သူတို့အတွက် ခက်ခဲပါသည်။ သူတို့၏ အစောပိုင်း ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှု သို့မဟုတ် ဘုရားသခင်၏ကျေးဇူးတော်ကို သူတို့ မခံစားနိုင်လျှင် သူတို့သည် စွန့်ခွာသွားဖို့ အလွန်ဖြစ်နိုင်ခြေရှိပါသည်။ ၎င်းက ဒုတိယလူအမျိုးအစားဖြစ်သည်။ နို့စို့အရွယ် မွေးကင်းစကလေးအဆင့်မှာ တည်ရှိသည့် လဖြစ်သည်။

တတိယအမျိုးအစား။ နို့ဖြတ်အရွယ် မွေးကင်းစကလေး သို့မဟုတ် ငယ်ရွယ်သည့် ကလေးအဆင့်

ဤလူအုပ်စုက ရှင်းလင်းသည့် နားလည်သဘောပေါက်မှုတစ်ချို့ ရှိပါသည်။ ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားခြင်းက သူတို့ကိုယ်တိုင် စစ်မှန်သည့် အတွေ့အကြုံကို ပိုင်ဆိုင်ခြင်းဟု မဆိုလိုကြောင်းကို ဤလူတို့ သတိမူမိကြသည်။ သူတို့သည် ပျော်ရွှင်မှုနှင့် ငြိမ်းချမ်းမှုကို ရှာဖွေခြင်း၊ ကျေးဇူးတော်ကို ရှာဖွေခြင်းမှာ ဘယ်တော့မှ မမောပန်းဘူးဆိုလျှင် သို့မဟုတ် ဘုရားသခင်၏ကျေးဇူးတော်ကို ခံစားခြင်းအပေါ်၌ သူတို့၏ အတွေ့အကြုံများကို ဝေမျှခြင်း သို့မဟုတ် သူတို့အပေါ်မှာ ဘုရားသခင် ချပေးသနားခဲ့သည့် ကောင်းချီးများအတွက် သူ့ကို ချီးမွမ်းခြင်းအားဖြင့် သူတို့သည် သက်သေခံနိုင်သည်ဆိုလျှင် ဤအရာများက သူတို့သည် အသက်ကို ပိုင်ဆိုင်သည်ဟု မဆိုလိုသကဲ့သို့ သူတို့သည် သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်သည်ဟု မဆိုလိုကြောင်းကို သူတို့သိကြသည်။ သူတို့၏အသိတရားမှ အစပြုရင်း ဘုရားသခင်၏ကျေးဇူးတော်နှင့်ပင် အတူပါရှိခြင်း ခံရမည်ဆိုသည့် ဖြစ်ကတတ်ဆန်း မျှော်လင့်ချက်များကို လက်သင့်မခံတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားရသည့်အခါမှာ တစ်ချိန်တည်းမှာပဲ သူတို့သည် ဘုရားသခင်အတွက် တစ်ခုခုလုပ်ချင်ကြသည်။ သူတို့၏တာဝန်များကို ထမ်းဆောင်ဖို့၊ အခက်အခဲနှင့် ပင်ပန်းမှုအချို့ကို တောင့်ခံနိုင်ဖို့၊ ဘုရားသခင်နှင့် လက်တွဲလုပ်ကိုင်ခြင်း အဆင့်တစ်ချို့ရှိဖို့ သူတို့ ဆန္ဒရှိနေကြသည်။ သို့သော်လည်း ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းမှာ သူတို့၏အားထုတ်ကြိုးပမ်းမှုသည် အတော်ပင်စစ်မှန်မှုမရှိခြင်းကြောင့်၊ တစ်ဦးချင်း ရည်ရွယ်ချက်များနှင့် သူတို့ထားရှိသည့် ဆန္ဒများသည် အလွန်ပြင်းထန်လွန်းခြင်းကြောင့်၊ သူတို့၏စိတ်သဘောထားသည် အတော်ပင် လွန်လွန်ကဲကဲ ထောင်လွှားခြင်းကြောင့် ဘုရားသခင်၏ဆန္ဒကိုဖြည့်ဆည်းဖို့ သို့မဟုတ် ဘုရားသခင်ကို သစ္စာစောင့်သိဖို့ သူတို့အတွက် အလွန်ခက်ခဲပါသည်။ ထို့ကြောင့် သူတို့၏ တစ်ဦးချင်းနှင့်သက်ဆိုင်သည့် ဆန္ဒများကို အကောင်အထည်ဖော်ဖို့ သို့မဟုတ် ဘုရားသခင်အပေါ် သူတို့၏ ကတိများကို ပြည့်စုံစေဖို့ မကြာခဏပင် မတတ်နိုင်ကြပေ။ သူတို့သည် ကိုက်ညီမှုမရှိသည့် အခြေအနေများထဲ မကြာခဏ ရောက်သွားသည်။ ဘုရားသခင်ကို ဖြစ်နိုင်သည့် အကောင်းဆုံးအဆင့်အထိ ကျေနပ်စေဖို့ သူတို့ အလွန်ဆန္ဒရှိကြသည်။ သို့သော်လည်း သူတို့သည် ဘုရားသခင်ကို ဆန့်ကျင်ဖို့ သူတို့အစွမ်းရှိသမျှ အသုံးပြုကြသည်။ သူတို့သည် ဘုရားသခင်ကို မကြာခဏပင် ကတိသစ္စာပြုကြသော်လည်း သူတို့၏ ကတိများကို ခပ်မြန်မြန်ပင် ခေါင်းရှောင်ကြသည်။ မကိုက်ညီသည့် အခြားအခြေအနေတို့မှာလည်း သူတို့ ပို၍ပင် မကြာခဏ ရောက်ကြရသည်။ ဘုရားသခင်ကို သူတို့ ရိုးသားစွာယုံကြည်သော်လည်း ဘုရားသခင်နှင့် သူ့ဆီမှလာသည့် အရာရာတိုင်းကို ငြင်းဆန်ကြပြန်သည်။ သူတို့သည် ဘုရားသခင်က သူတို့ကို ဉာဏ်အလင်းဖွင့်ပေးဖို့၊ ဦးဆောင်ဖို့၊ ထောက်ပံ့ဖို့၊ သူတို့ကို ကူညီဖို့ စိုးရိမ်တကြီး မျှော်လင့်ကြသော်လည်း သူတို့၏ ကိုယ်ပိုင်ထွက်လမ်းကို ရှာဖွေကြဆဲပင်ဖြစ်သည်။ သူတို့သည် ဘုရားသခင်ကို နားလည်ပြီး သိရှိဖို့ ဆန္ဒရှိကြသော်လည်း သူနှင့်နီးစပ်အောင်လုပ်ဖို့ ဆန္ဒမရှိကြပြန်ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်ကို အမြဲတမ်း ရှောင်ကြဉ်ကြသည်။ သူတို့၏နှလုံးသားများက သူနှင့်နီးစပ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များနှင့် သမ္မာတရား၏ တိုက်ရိုက်အဓိပ္ပာယ်အပေါ်မှာ သူတို့သည် အပေါ်ယံနားလည်မှုနှင့် အတွေ့အကြုံတို့ရှိပြီး ဘုရားသခင်နှင့် သမ္မာတရားနှင့်ပတ်သက်ပြီး အပေါ်ယံအယူအဆရှိကြသော်လည်း မသိစိတ်မှာ သူတို့သည် ဘုရားသခင်က သမ္မာတရား ဟုတ်သလောဆိုသည်ကို အတည်မပြုနိုင်ကြသေးပေ၊ သို့မဟုတ် မဆုံးဖြတ်နိုင်ကြသေးပေ။ ဘုရားသခင်က အမှန်တကယ် ဖြောင့်မတ်သလောဆိုသည်ကို သူတို့ အတည်မပြုနိုင်ကြသကဲ့သို့ ဘုရားသခင်၏ စစ်မှန်သည့် ဖြစ်တည်မှုကို မဆိုထားနှင့်၊ သူ၏စိတ်သဘောထားနှင့် အနှစ်သာရ၏ စစ်မှန်ခြင်းကိုတောင် သူတို့ မဆုံးဖြတ်နိုင်ကြပေ။ ဘုရားသခင်အပေါ် သူတို့၏ယုံကြည်ခြင်းက သံသယများနှင့် နားလည်မှုလွဲခြင်းများ အမြဲပါဝင်သည်။ စိတ်ကူးထင်မြင်ခြင်းနှင့် အယူအဆများလည်း ပါဝင်ပါသည်။ ဘုရားသခင်၏ ကျေးဇူးတော်ကို သူတို့ခံစားရခြင်းကြောင့် သူတို့၏ ယုံကြည်မှုကို တိုးတက်စေဖို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ သူတို့၏ အတွေ့အကြုံကို တိုးပွားစေဖို့၊ ဘုရားသခင်ကို ယုံကြည်ခြင်းမှာ သူတို့၏ နားလည်မှုကို အတည်ပြုစစ်ဆေးဖို့၊ သူတို့ကိုယ်တိုင် တည်ဆောက်ထားသည့် ဘဝလမ်းကြောင်းအပေါ်မှာ လျှောက်လှမ်းခြင်းနှင့် လူသားမျိုးနွယ်၏ ဖြောင့်မတ်သည့် အကြောင်းတရားကို ပြီးမြောက်စေခြင်း၏ ပကာသနကို ဖြည့်ဆည်းဖို့၊ ဖြစ်နိုင်ခြေရှိသည့် သမ္မာတရားဟု သူတို့ယုံကြည်သည့် အချို့အရာများကို စိတ်မပါစွာနှင့် ကြုံတွေ့ကြသည်၊ သို့မဟုတ် လေ့ကျင့်ကြသည်။ တစ်ချိန်တည်းမှာပင် ကောင်းချီးများ ရရှိဖို့အတွက် သူတို့ကိုယ်တိုင်၏ ဆန္ဒကို ဖြည့်ဆည်းဖို့၊ လူသားမျိုးနွယ်၏ ပိုမိုကြီးမားသည့် ကောင်းချီးများကို သူတို့ခံယူနိုင်ဖို့အတွက် လောင်းကစားတစ်ခုလုပ်ဖို့၊ ဘုရားသခင်ကို သူတို့ရရှိသည့်အချိန်အထိ အနားမယူသည့် ကြီးမားသည့်ရည်မှန်းချက်နှင့် ဘဝ၏ဆန္ဒကို ပြီးမြောက်ဖို့ ဤအရာများကိုလည်း လုပ်ဆောင်ကြသည်။ ကောင်းချီးများရရှိဖို့ သူတို့၏ ဆန္ဒနှင့် ရည်ရွယ်ချက်များသည် သူတို့အတွက် အရေးကြီးလွန်းသည့်အတွက် ဘုရားသခင်၏ အလင်းဖွင့်ပြခြင်းကို ဤလူတို့သည် ရယူနိုင်လေ့မရှိကြပေ။ သူတို့သည် ၎င်းကို အရှုံးပေးစွန့်လွှတ်ဖို့ ဆန္ဒမရှိသကဲ့သို့ အရှုံးလည်းမပေးနိုင်ကြပေ။ ကောင်းချီးများရရှိဖို့ ဆန္ဒမရှိလျှင်၊ ဘုရားသခင်ကို သူတို့ ရရှိသည့်အချိန်ထိ အနားမယူခြင်းဖြစ်သည့် အချိန်ကြာရှည်စွာ နှစ်သက်ခဲ့ရသည့် ရည်ရွယ်ချက်မရှိလျှင်၊ သူတို့သည် ဘုရားသခင်ကိုယုံကြည်ဖို့ တွန်းအားပျောက်ဆုံးသွားမှာကို ကြောက်ရွံ့ကြသည်။ ထို့ကြောင့် သူတို့သည် လက်တွေ့အရှိတရားကို ရင်မဆိုင်ချင်ကြပေ။ ဘုရားသခင်၏ နှုတ်ကပတ်တော်များ သို့မဟုတ် ဘုရားသခင်၏ လုပ်ဆောင်ချက်ကို ရင်မဆိုင်ချင်ကြပေ။ ဘုရားသခင်၏ စိတ်သဘောထား သို့မဟုတ် အနှစ်သာရကို သူတို့ ရင်မဆိုင်ချင်ကြပေ။ ဘုရားသခင်ကို သိခြင်း အကြောင်းအရာကို ပြောဖို့ဆိုသည်ကို အသာထားလိုက်ပါ။ ဤသည်မှာ အဘယ့်ကြောင့်ဆိုသော် ဘုရားသခင်၊ သူ၏ အနှစ်သာရနှင့် သူ၏ ဖြောင့်မတ်သည့်စိတ်သဘောထားသည် သူတို့၏ စိတ်ကူးစိတ်သန်းများကို အစားထိုးလိုက်ခြင်းနှင့် သူတို့၏ အိပ်မက်များသည် အခိုးအငွေ့လို ပျောက်ကွယ်သွားမှာ ဖြစ်သည့်အတွက်ဖြစ်သည်။ နှစ်ပေါင်းများစွာ ဒုက္ခခံထားသည့် လုပ်ဆောင်ချက်မှတစ်ဆင့် စုစည်းထားသည့် စင်ကြယ်သည့် ယုံကြည်မှုနှင့် “ကောင်းမှု” ဟု သူတို့ခေါ်သည့်အရာများက ပျောက်ကွယ်သွားမှာဖြစ်ပြီး ဘာမှဖြစ်လာမှာ မဟုတ်ပေ။ နှစ်ပေါင်းများစွာ သူတို့၏ သွေး၊ ချွေးများနှင့် သိမ်းပိုက်ထားသည့် သူတို့၏ “ပိုင်နက်” သည် ပြိုကျလုနီးနီးဖြစ်သွားပါလိမ့်မည်။ ဤသည်မှာ သူတို့၏ နှစ်ပေါင်းများစွာ ကြိုးစားမှုနှင့် အားထုတ်မှုများသည် အလဟဿဖြစ်သွားပြီ၊ သုညမှ တစ်ခါ ပြန်စရမည်ဆိုသည်ကို ဖော်ပြနေပါလိမ့်မည်။ ဤသည်မှာ သူတို့နှလုံးသားထဲမှာ ခံယူဖို့ သူတို့အတွက် အခက်ခဲဆုံး နာကျင်မှုဖြစ်ပြီး သူတို့ မမြင်ချင်ဆုံး ရလဒ်ပင်ဖြစ်ပါသည်။ ထို့ကြောင့် သူတို့သည် နောက်လှည့်ဖို့ ငြင်းဆန်ရင်းနှင့် ဤမတိုးသာမဆုတ်သာ အခြေအနေမျိုးမှာ အမြဲတမ်း ပိတ်မိနေပါသည်။ ၎င်းက တတိယလူအမျိုးအစားပါ။ နို့ဖြတ်အရွယ် မွေးကင်းစကလေးအဆင့်မှာ တည်ရှိသည့်သူပါ။

အထက်မှာ ဖော်ပြထားသည့် လူအမျိုးအစားသုံးခု၊ တစ်နည်းပြောရလျှင် ဤအဆင့်သုံးဆင့်မှာ တည်ရှိသည့် လူတို့သည် ဘုရားသခင်၏ ဝိသေသလက္ခဏာနှင့် ဂုဏ်ဒြပ် သို့မဟုတ် သူ၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် မှန်ကန်သည့် ယုံကြည်ခြင်းကို မပိုင်ဆိုင်ကြသကဲ့သို့ ဤအရာတို့အပေါ် ရှင်းလင်းသည့် တိကျသည့် သိမြင်မှု သို့မဟုတ် အတည်ပြုခြင်းလည်း မရှိကြပေ။ ထို့ကြောင့် သမ္မာတရား၏ လက်တွေ့အရှိတရားကို ဝင်ရောက်ဖို့ ဤလူအမျိုးအစားသုံးခုအတွက် သိပ်ခက်ခဲပြီး ဘုရားသခင်အပေါ် သူတို့ယုံကြည်သည့် ပုံစံနှင့် ဘုရားသခင်အပေါ် သူတို့၏ လွဲမှားသည့် သဘောထားသည် သူတို့နှလုံးသားထဲမှာ အလုပ်လုပ်ဖို့ သူ့အတွက် မဖြစ်နိုင်စေသည့်အတွက်ကြောင့် ဘုရားသခင်၏ သနားညှာတာမှု၊ ဉာဏ်အလင်းဖွင့်ပြမှု သို့မဟုတ် အလင်းပေးမှုကို လက်ခံရရှိဖို့လည်း သူတို့အတွက် ခက်ခဲပါသည်။ ဘုရားသခင်အကြောင်း သူတို့၏ သံသယများ၊ အယူအဆအမှားများနှင့် စိတ်ကူးခြင်းများသည် ဘုရားသခင်အပေါ် သူတို့၏ယုံကြည်မှုနှင့် အသိပညာကို ကျော်လွန်သည်။ ၎င်းတို့သည် အလွန်ဘေးမကင်းသည့်လူသုံးမျိုးဖြစ်ပြီး အလွန်အန္တရာယ်ရှိသည့် အဆင့်သုံးဆင့်လည်းဖြစ်ပါသည်။ လူတစ်ယောက်သည် ဘုရားသခင်အပေါ်၊ ဘုရားသခင်၏ အနှစ်သာရ၊ ဘုရားသခင်၏ ဝိသေသလက္ခဏာ၊ ဘုရားသခင်က သမ္မာတရား ဟုတ်သလောဆိုသည်နှင့် သူ၏ဖြစ်တည်ခြင်းအတွက် စစ်မှန်မှု အကြောင်းအရာများအပေါ်မှာ သံသယစိတ်တစ်ခု ရှိနေပြီး ဤအရာများကို မသေချာနေလျှင် ဘုရားသခင်ဆီကလာသည့် အရာမှန်သမျှကို မည်သို့လက်ခံနိုင်ပါ့မည်နည်း။ ဘုရားသခင်သည် သမ္မာတရား၊ လမ်းခရီးနှင့် အသက်ဖြစ်သည်ဆိုသည့် အချက်ကို မည်သို့လက်ခံနိုင်မည်နည်း။ ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို မည်သို့လက်ခံနိုင်မည်နည်း။ ဘုရားသခင်၏ ကယ်တင်ခြင်းကို မည်သို့လက်ခံနိုင်မည်နည်း။ ဤလူမျိုးသည် ဘုရားသခင်၏ စစ်မှန်သည့် လမ်းညွှန်မှုနှင့် ထောက်ပံ့မှုကို မည်သို့ရရှိနိုင်မည်နည်း။ ဤအဆင့်သုံးဆင့်မှာရှိသည့် လူတို့သည် ဘုရားသခင်ကို ဆန့်ကျင်နိုင်ကြသည်၊ ဘုရားသခင်အပေါ် အကဲဖြတ်နိုင်ကြသည်၊ ဘုရားသခင်ကို စော်ကားခြင်း သို့မဟုတ် သစ္စာဖောက်ခြင်းကို အချိန်မရွေး ပြုလုပ်နိုင်ကြသည်။ သူတို့သည် အချိန်မရွေး မှန်သည့်လမ်းခရီးကို စွန့်ပစ်ပြီး ဘုရားသခင်ကို စွန့်ပစ်နိုင်ကြသည်။ ဤအဆင့်သုံးဆင့်မှာရှိသည့် လူတို့သည် အလွန်အရေးကြီးနေသည့် အချိန်ကာလမှာ တည်ရှိသည်ဟု ဆိုနိုင်ပါသည်။ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်းမှာ မှန်ကန်သည့်လမ်းကြောင်းအတွင်းကို မဝင်ထားသည့်အတွက်ကြောင့်ဖြစ်ပါသည်။

စတုတ္ထအမျိုးအစား။ အရွယ်ရောက်လာသည့် ကလေးအဆင့် သို့မဟုတ် ကလေးဘဝ

နို့ဖြတ်ပြီးသည့်နောက်မှာ၊ ဆိုလိုသည်မှာ များပြားလှသည့် ကျေးဇူးတော်များကို သူတို့ ခံစားကြရပြီးနောက်မှာ ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုကြောင်းကို စူးစမ်းရှာဖွေဖို့၊ မတူညီသည့် မေးခွန်းများကို နားလည်သည့် ဆန္ဒရှိဖို့၊ လူသားက အဘယ့်ကြောင့်အသက်ရှင်နေသနည်း၊ လူသားက မည်သို့အသက်ရှင်သင့်သနည်း၊ လူသားအပေါ် ဘုရားသခင်က သူ့လုပ်ဆောင်မှုများကို အဘယ့်ကြောင့်လုပ်ဆောင်သနည်း ဆိုသည့်မေးခွန်းများကို နားလည်ချင်သည့် ဆန္ဒများ စတင်ဖြစ်ပေါ်လာပါသည်။ ဤမရှင်းလင်းသည့်အတွေးများနှင့် ရှုပ်ထွေးနေသည့် အတွေးပုံစံများသည် သူတို့အတွင်းမှာ ထွက်ပေါ်လာပြီး သူတို့အတွင်းမှာ ဖြစ်တည်နေသည့်အခါ သူတို့သည် ရေလောင်းပေးခြင်းကို အဆက်မပြတ်ရရှိပြီး သူတို့၏ တာဝန်များကို ဆောင်ရွက်နိုင်ကြပါသည်။ ဤအချိန်ကာလအတွင်းမှာ ဘုရားသခင်၏ဖြစ်တည်မှုနှင့် ပတ်သက်သည့် သမ္မာတရားအပေါ်မှာ သူတို့ ဘာသံသယမှ မရှိတော့ပေ။ တဖန် ဘုရားသခင်ကို ယုံကြည်ခြင်းဆိုသည်မှာ ဘာကိုဆိုလိုကြောင်းကို သူတို့ တိကျစွာ နားလည်ကြသည်။ ဤအခြေခံအုတ်မြစ်အပေါ်မှာ သူတို့သည် ဘုရားသခင်ကို တဖြည်းဖြည်းနားလည်လာကြပြီး ဘုရားသခင်၏ စိတ်သဘောထားနှင့် အနှစ်သာရနှင့်ပတ်သက်ပြီး သူတို့၏ မရှင်းလင်းသည့် အတွေးများနှင့် ရှုပ်ထွေးသည့် အတွေးပုံစံများအပေါ် အဖြေတစ်ချို့ကို တဖြည်းဖြည်းနှင့် ရရှိကြသည်။ သူတို့၏ စိတ်သဘောထားပြောင်းလဲခြင်းနှင့် သူတို့၏ ဘုရားသခင်အပေါ် သိမြင်ခြင်းနှင့်ပတ်သက်လျှင် ဤအဆင့်မှာရှိသည့်လူတို့သည် မှန်ကန်သည့် လမ်းကြောင်းအပေါ် စတင်လျှောက်လှမ်းလာပြီး ကူးပြောင်းခြင်းကာလကို ဝင်ရောက်လာပါသည်။ လူတို့က အသက်ကိုစတင် ရရှိလာကြခြင်းက ဤအဆင့်အတွင်းမှာဖြစ်သည်။ အသက်ကို ပိုင်ဆိုင်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းသည့် ဖော်ပြချက်များက နားလည်မှုလွဲမှားခြင်းများ၊ ကြံစည်တွေးတောခြင်းများ၊ အယူအဆများ၊ ဘုရားသခင်အပေါ် မရေရာသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များကဲ့သို့ လူတို့ သူတို့နှလုံးသားထဲမှာရှိသည့် ဘုရားသခင်ကို သိခြင်းနှင့်ပတ်သက်သည့် မေးခွန်းများစွာကို တဖြည်းဖြည်း ပြေလည်အောင် ဖြေရှင်းပေးခြင်း ဖြစ်ပြီး၊ သူတို့သည် ဘုရားသခင်၏ ဖြစ်တည်မှု၏ စစ်မှန်မှုကို အမှန်တကယ်ယုံကြည်ပြီး သိမြင်လာရုံသာမကဘဲ သူတို့နှလုံးသားထဲ၌ ဘုရားသခင်နှင့်ပတ်သက်၍ တိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုခြင်းနှင့် ဘုရားသခင်အတွက် နေရာမှန်လည်း ပိုင်ဆိုင်လာကာ၊ ဘုရားသခင်နောက်ကို အမှန်တကယ် လိုက်ခြင်းက သူတို့၏ မရေရာသည့် ယုံကြည်ခြင်းကို အစားထိုးသည်။ ဤအဆင့်အတောအတွင်းမှာ ဘုရားသခင်အပေါ်၊ သူတို့၏ မှားယွင်းသည့် ကြိုးစားအားထုတ်မှုများ၊ ယုံကြည်မှုနည်းလမ်းများအပေါ် သူတို့၏ မှားယွင်းသည့်အယူအဆများကို လူတို့သည် တဖြည်းဖြည်းသိလာကြသည်။ သူတို့သည် သမ္မာတရားကို လိုချင်တပ်မက်လာကြသည်။ ဘုရားသခင်၏ တရားစီရင်မှု၊ အပြစ်ဒဏ်ခတ်မှုနှင့် ပဲ့ပြင်ဆုံးမမှုတို့ကို ကြုံတွေ့ရခြင်းကို တပ်မက်လာကြသည်။ သူတို့၏ စိတ်သဘောထားပြောင်းလဲခြင်းကို တပ်မက်လာကြသည်။ ဤအဆင့်အတွင်း ဘုရားသခင်အပေါ်မှာ ထားသည့် သူတို့၏ အယူအဆများနှင့် ကြံစည်တွေးတောမှုပေါင်းစုံကို သူတို့ တဖြည်းဖြည်း စွန့်လွှတ်လာကြသည်။ တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့်ပတ်သက်သည့် သူတို့၏ မမှန်ကန်သည့် အသိပညာကို ပြောင်းလဲ ပြုပြင်လာကြပြီး ဘုရားသခင်အပေါ် မှန်ကန်သည့် အခြေခံကျကျ သိမြင်မှုကို ရရှိကြသည်။ ဤအဆင့်မှာ လူတို့ ပိုင်ဆိုင်သည့် အသိပညာအစိတ်အပိုင်းတစ်ခုက သိပ်ရှင်းလင်းခြင်း သို့မဟုတ် တိကျခြင်းမရှိသော်လည်း အနည်းဆုံးအနေနှင့် သူတို့သည် သူတို့၏ အယူအဆများ၊ မှားယွင်းသည့် သိမြင်မှုများနှင့် ဘုရားသခင်အပေါ် နားလည်မှုလွဲခြင်းများကို တဖြည်းဖြည်း စတင် စွန့်ပစ်လာကြသည်။ ဘုရားသခင်အပေါ်မှာ သူတို့ကိုယ်တိုင်၏ အယူအဆများနှင့် စိတ်ကူးထင်မြင်ခြင်းများကို ဆက်ပြီး သိမ်းမထားတော့ပေ။ သူတို့သည် မည်သို့စွန့်လွှတ်ရမည်နှင့်၊ သူတို့ကိုယ်တိုင်၏ အယူအဆများထဲမှ၊ အသိပညာဆီမှနှင့် စာတန်ဆီမှ တွေ့ရှိရသည့် အရာများကို မည်သို့စွန့်လွှတ်ရမည်ကို စတင် သင်ယူလာကြသည်။ မှန်ကန်ပြီး အပြုသဘောဆောင်သည့်အရာများကို နာခံဖို့ စတင် ဆန္ဒရှိလာကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များဆီက လာသည့်အရာများနှင့် သမ္မာတရားနှင့် ကိုက်ညီသည့်အရာများကိုပင် နာခံဖို့ စတင် ဆန္ဒရှိလာသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ကြုံတွေ့ဖို့၊ သူ့နှုတ်ကပတ်တော်များကို ကိုယ်တိုင်သိပြီး လုပ်ဆောင်ဖို့၊ သူ၏ နှုတ်ကပတ်တော်များကို သူတို့၏ လုပ်ဆောင်ချက်များ၏ အခြေခံစည်းမျဉ်းအနေနှင့်၊ သူတို့၏ စိတ်သဘောထားပြောင်းလဲဖို့အတွက် အခြေခံအချက်များအနေနှင့် ကြုံတွေ့ဖို့ စတင်ကြိုးစားကြသည်။ ဤအချိန်ကာလအတွင်းမှာ လူတို့သည် မသိစိတ်မှ ဘုရားသခင်၏ တရားစီရင်မှုနှင့် အပြစ်ဒဏ်ခတ်မှုကို လက်ခံကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့၏ဘဝအနေနှင့် မသိစိတ်မှ လက်ခံကြသည်။ ဘုရားသခင်၏ တရားစီရင်မှု၊ ပြစ်တင်ဆုံးမမှုကို သူတို့လက်ခံပြီး၊ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့ကို လက်ခံပြီး သူတို့သည် သူတို့ရဲ့ နှလုံးသားအတွင်းမှာ ယုံကြည်သည့် ဘုရားသခင်သည် အမှန်တကယ် တည်ရှိကြောင်းကို ပို၍ပို၍ သတိမူမိလာပြီး ခံစားသိရှိလာနိုင်ကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့မှာ၊ သူတို့၏ အတွေ့အကြုံနှင့် ဘဝများမှာ ဘုရားသခင်သည် လူသား၏ ကံကြမ္မာကို အမြဲတစေ တာဝန်ယူသည်၊ လူသားကို ဦးဆောင်ပြီး ထောက်ပံ့ပေးကြောင်းကို ပိုပြီး ခံစားကြရသည်။ ဘုရားသခင်နှင့် သူတို့၏ ဆက်နွှယ်ခြင်းမှတစ်ဆင့် သူတို့သည် ဘုရားသခင်၏ တည်ရှိမှုကို တဖြည်းဖြည်းနှင့် အတည်ပြုလာကြသည်။ ထို့ကြောင့် သူတို့ကိုယ်တိုင် သတိမပြုမိခင်မှာပင် ဘုရားသခင်၏ လုပ်ဆောင်မှု၌ သူတို့သည် မသိစိတ်မှ အတည်ပြုပြီး ခိုင်မာစွာ ယုံကြည်နှင့်ပြီးဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အတည်ပြုလက်ခံပြီးဖြစ်ပါသည်။ လူတို့က ဘုရားသခင်၏နှုတ်ကပတ်တော်များကို အတည်ပြုလက်ခံပြီး ဘုရားသခင်၏ လုပ်ဆောင်မှုကို အတည်ပြုလက်ခံလိုက်သည်နှင့် သူတို့ကိုယ်သူတို့ မရပ်မနား ငြင်းပယ်ကြသည်။ သူတို့ကိုယ်တိုင်၏ အယူအဆများကို ငြင်းပယ်ကြသည်။ သူတို့ကိုယ်တိုင်၏ အသိပညာကို ငြင်းပယ်ကြသည်။ သူတို့ကိုယ်တိုင်၏ စိတ်ကူးထင်မြင်ခြင်းများကို ငြင်းပယ်ကြသည်။ တစ်ချိန်တည်းမှာပဲ သမ္မာတရားက အဘယ်နည်းဆိုသည်နှင့် ဘုရားသခင်၏ အလိုတော်က အဘယ်နည်းဆိုသည်ကို မရပ်မနား အားထုတ်ရှာဖွေကြသည်။ ဘုရားသခင်အပေါ် လူတို့၏ အသိပညာသည် ဤဖွံ့ဖြိုးတိုးတက်မှု အချိန်ကာလအတွင်းမှာ အမှန်တကယ်ပင် အပေါ်ယံဆန်ပါသည်။ သူတို့သည် စကားလုံးများကို အသုံးပြု၍ပင် ဤအသိပညာကို ရှင်းရှင်းလင်းလင်း ရှင်းပြဖို့ မတတ်နိုင်ကြသကဲ့သို့ သေသေချာချာ အသေးစိတ် မရှင်းပြနိုင်ကြပေ။ သူတို့မှာ သဘောပေါက်လွယ်သည့် နားလည်မှုသာ ရှိကြပါသည်။ သို့သော်လည်း ဤအစပိုင်း အဆင့်သုံးဆင့်ကို အတူထားလိုက်သည့်အခါမှာ ဤအချိန်ကာလမှာရှိသည့် အရွယ်မရောက်သေးသည့် လူတို့သည် ရေလောင်းပေးခြင်းနှင့် ဘုရားသခင်၏ နှုတ်ကပတ်တော် အထောက်အပံ့ကို လက်ခံရရှိနှင့်ပြီးဖြစ်ပြီး စတင်အပင်ပေါက်နေပါပြီ။ မြေပြင်မှာမြုပ်ထားသည့် အစေ့တစ်စေ့ကဲ့သို့ပင်ဖြစ်သည်။ စိုစွတ်မှုနှင့် အာဟာရဓာတ်များကို ရရှိပြီးနောက်မှာ မြေကြီးကို ထိုးထွက်လာပါလိမ့်မည်။ သူ၏ ရှင်သန်ပေါက်ဖွားခြင်းက ဘဝအသစ်တစ်ခု မွေးဖွားခြင်းကို ကိုယ်စားပြုပါသည်။ ဤဘဝအသစ်တစ်ခု မွေးဖွားခြင်းက ဘဝ၏ ညွှန်းဆိုချက်များကို အနည်းအကျဉ်းမြင်စေပါသည်။ အသက်နှင့်အတူ လူတို့သည် ကြီးပြင်းလာမည်။ ထို့ကြောင့် ဤအခြေခံအုတ်မြစ်ပေါ်မှာ ဘုရားသခင်ကို ယုံကြည်ခြင်း၏ လမ်းမှန်ပေါ်ကို ရောက်အောင် သူတို့ တဖြည်းဖြည်း လုပ်လာကြသည်။ သူတို့ကိုယ်တိုင်၏ အယူအဆများကို စွန့်ပစ်ရင်း၊ ဘုရားသခင်၏ လမ်းညွှန်မှုကို လက်ခံရရှိရင်းဖြစ်သည်။ လူတို့၏ ဘဝများသည် မလွဲဧကန် တစ်ဆင့်ပြီးတစ်ဆင့် ကြီးထွားလာပါလိမ့်မည်။ ဤကြီးထွားခြင်းကို မည်သည့်အခြေခံအချက်အလက်များအပေါ်မှာ မူတည်ပြီး တိုင်းတာသနည်း။ ဘုရားသခင်၏ နှုတ်ကပတ်တော်တို့အပေါ် သူတို့၏ အတွေ့အကြုံနှင့် ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားအပေါ် သူတို့၏ စစ်မှန်သည့် နားလည်မှုတို့အရ တိုင်းတာပါသည်။ ဤကြီးထွားခြင်း အချိန်ကာလမှာ ဘုရားသခင်အပေါ် သူတို့၏ သိမြင်မှုနှင့် ဘုရားသခင်၏ အနှစ်သာရကို တိတိကျကျ ဖော်ပြဖို့ သူတို့ကိုယ်တိုင်၏ စကားလုံးများကို အသုံးပြုဖို့ သူတို့အတွက် အတော်ပင်ခက်ခဲသော်လည်း ဤလူအုပ်စုသည် ဘုရားသခင်၏ ကျေးဇူးတော်ကို နှစ်သက်ခံစားခြင်းမှတစ်ဆင့် သာယာမှုနောက်ကိုလိုက်ဖို့ သို့မဟုတ် ဘုရားသခင်၏ကျေးဇူးတော်ကို ရရှိဖို့ ဘုရားသခင်ကို ယုံကြည်ခြင်းနောက်မှာ သူတို့၏ရည်ရွယ်ချက်နောက်ကိုလိုက်ဖို့ ကိုယ့်အသိစိတ်နှင့် လုပ်လိုခြင်း မရှိတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ ဘုရားသခင်၏နှုတ်ကပတ်တော်အားဖြင့် အသက်ရှင်ခြင်းကို ကြိုးစားအားထုတ်ဖို့၊ ဘုရားသခင်၏ ကယ်တင်ခြင်းခံရသည့်သူဖြစ်ဖို့ ဆန္ဒရှိနေကြပါသည်။ ဖြည့်စွက်ပြောရလျှင် သူတို့သည် မိမိကိုယ်ကိုယ် ယုံကြည်မှုရှိကြပြီး ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမခြင်းကို လက်ခံဖို့ အဆင်သင့်ဖြစ်နေကြပါပြီ။ ဤသည်မှာ ကြီးထွားခြင်းအဆင့်၌ လူတစ်ယောက်၏ အမှတ်အသားဖြစ်ပါသည်။

ဤအဆင့်မှာ လူတို့သည် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားနှင့်ပတ်သက်သည့် အသိပညာတစ်ချို့ ရှိသော်လည်း ဤအသိပညာသည် အလွန်မှုန်ဝါးပြီး ထင်ရှားခြင်း မရှိပေ။ ၎င်းကို သူတို့ ရှင်းရှင်းလင်းလင်း မရှင်းနိုင်သည့်အချိန်မှာ သူတို့သည် အတွင်းမှာ တစ်ခုခု ရရှိနှင့်ပြီးဖြစ်သည်ဟု ခံစားကြရသည်။ ဘာကြောင့်လဲဟုဆိုရလျှင် ဘုရားသခင်၏ ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းမှတစ်ဆင့် ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားအပေါ် သိမြင်ခြင်းနှင့်နားလည်ခြင်း အတိုင်းအတာ တစ်ချို့ သူတို့ရရှိပြီးသည့် အတွက်ဖြစ်သည်။ သို့သော်လည်း ၎င်းတို့အားလုံးက အပေါ်ယံဆန်ပြီး အခြေခံအဆင့်တစ်ခုသာ ရှိပါသေးသည်။ ဤလူအုပ်စုသည် ဘုရားသခင်၏ ကျေးဇူးတော်ကို သူတို့ဆက်ဆံသည့် တိကျသည့် အမြင်တစ်ခုရှိပါသည်။ ဤအမြင်ကို သူတို့ကြိုးစားလိုက်လျှောက်သည့် ရည်ရွယ်ချက် ပြောင်းလဲခြင်းနှင့် သူတို့ကြိုးစားလိုက်လျှောက်သည့်နည်းလမ်း၌ ဖော်ပြပါသည်။ ဘုရားသခင်၏နှုတ်ကပတ်တော်များနှင့် လုပ်ဆောင်ချက်မှာ၊ လူသားအပေါ် သူ၏သတ်မှတ်ချက် အမျိုးစုံနှင့် လူသားအပေါ် သူ၏ထုတ်ဖော်ချက်တို့၌ သူတို့သည် သမ္မာတရားကို မလိုက်လျှောက်သေးလျှင်၊ လက်တွေ့အရှိတရားကို ဝင်ရောက်ဖို့ သူတို့ မလိုက်လျှောက်သေးလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သူတို့ တွေ့ကြုံရသည့်အခါ၌ ဘုရားသခင်ကို သိပြီး ဖြည့်ဆည်းပေးဖို့ အားထုတ်ရှာဖွေခြင်းမရှိလျှင်၊ သူတို့သည် ဘုရားသခင်ကို ယုံကြည်ခြင်း အဓိပ္ပာယ်ကို ဆုံးရှုံးလိမ့်မည်ဆိုသည်ကို သူတို့မြင်ပြီးကြပါပြီ။ ဘုရားသခင်၏ ကျေးဇူးတော်ကို သူတို့ မည်မျှပင် ခံစားရပါစေ၊ သူတို့၏ စိတ်သဘောထားကို မပြောင်းနိုင်ပုံ၊ ဘုရားသခင်ကို မကျေနပ်စေနိုင်ပုံ၊ သို့မဟုတ် ဘုရားသခင်ကို မသိနိုင်ပုံကို သူတို့သိကြပြီး လူတို့သည် ဘုရားသခင်၏ ကျေးဇူးတော်ထဲမှာ ဆက်လက် နေထိုင်နေလျှင် သူတို့သည် ဘယ်တော့မှ ကြီးထွားခြင်း၊ အသက်ကို ရရှိခြင်း သို့မဟုတ် ကယ်တင်ခြင်းကို ရရှိနိုင်ခြင်း ရှိမှာမဟုတ်ဘူးဆိုသည်ကို သူတို့သိကြသည်။ အနှစ်ချုပ်ပြောရလျှင် လူတစ်ယောက်သည် ဘုရားသခင်၏ နှုတ်ကပတ်တော်များကို အမှန်တကယ် တွေ့ကြုံခံစားနိုင်ခြင်း မရှိဘူးဆိုလျှင်၊ သူ့နှုတ်ကပတ်တော်များမှတစ်ဆင့် ဘုရားသခင်ကို မသိနိုင်လျှင်၊ မွေးကင်းစကလေးအရွယ်မှာပဲ ထာဝရ ရှိနေမှာဖြစ်ပြီး သူ့ဘဝ အရွယ်ရောက်ခြင်း၌ ရှေ့ကို ခြေတစ်လှမ်း ဘယ်တော့မှ လှမ်းမှာမဟုတ်ပေ။ သင်သည် မွေးကင်းစအရွယ် အဆင့်မှာပဲ ထာဝရ တည်ရှိနေလျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကို ဘယ်တော့မှ မဝင်ရောက်လျှင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သင့်ဘဝအဖြစ် ဘယ်တော့မှ မထားလျှင်၊ မှန်ကန်သည့်ယုံကြည်မှုနှင့် ဘုရားသခင်နှင့်ပတ်သက်သည့် အသိပညာကို ဘယ်တော့မှ မပိုင်ဆိုင်လျှင်၊ ဘုရားသခင်က သင့်ကို ပြီးပြည့်စုံအောင်ပြုလုပ်ဖို့ ဖြစ်နိုင်ခြေ ရှိသလော။ ထို့ကြောင့် ဘုရားသခင်၏ နှုတ်ကပတ်တော်၏ လက်တွေ့အရှိတရားကို ဝင်ရောက်သည့်သူတိုင်း၊ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သူတို့ဘဝအဖြစ် လက်ခံသည့်သူတိုင်း၊ ဘုရားသခင်၏ ပြစ်တင်ဆုံးမမှုနှင့် တရားစီရင်မှုကို စတင်လက်ခံလာသူတိုင်း၊ မိမိ၏ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထား စတင်ပြောင်းလဲလာသည့်သူတိုင်း၊ သမ္မာတရားကို လိုချင်တပ်မက်သည့်၊ ဘုရားသခင်ကိုသိဖို့ ဆန္ဒရှိသည့်၊ ဘုရားသခင်၏ ကယ်တင်ခြင်းကို လက်ခံဖို့ ဆန္ဒရှိသည့် သူတိုင်း၊ ဤလူတို့သည် အသက်ကို အမှန်တကယ် ပိုင်ဆိုင်ကြသည့်သူများဖြစ်ပါသည်။ ၎င်းသည် အရွယ်ရောက်နေသည့် ကလေး၊ ကလေးဘဝအဆင့်မှာရှိသည့်သူဖြစ်သည့် စတုတ္ထလူအမျိုးအစား အမှန်တကယ်ဖြစ်ပါသည်။

ပဉ္စမအမျိုးအစား။ အရွယ်ရောက်သည့် ဘဝအဆင့် သို့မဟုတ် လူကြီးအဆင့်

အကြိမ်ကြိမ်ဖြစ်ပွားသည့် နောက်ပြန်ဆုတ်မှုများနှင့် ပြည့်နေသည့် ကြီးထွားခြင်းအဆင့်ဖြစ်သည့် ကလေးဘဝ လေးဖက်ထောက်သွားသည့် အဆင့်ကို ကြုံတွေ့ပြီးနောက်မှာ လူတို့၏ဘဝသည် တည်ငြိမ်နေပါပြီ။ သူတို့၏ ရှေ့တက်နေသည့် ခြေလှမ်းများက မရပ်တန့်တော့သကဲ့သို့ မည်သူမှ မတားဆီးနိုင်ပေ။ ရှေ့မှာ ရှိသည့်လမ်းက ကြမ်းတမ်းပြီး မညီမညာဖြစ်နေသော်လည်း သူတို့သည် အားနည်းခြင်း သို့မဟုတ် ကြောက်ရွံ့ခြင်း မရှိကြတော့ပေ။ သူတို့သည် ရှေ့မှာစမ်းတဝါးဝါးဖြစ်မနေတော့ပေ၊ သို့မဟုတ် သူတို့၏ ဦးတည်ချက်များ မပျောက်ဆုံးတော့ပေ။ သူတို့၏ အခြေခံအုတ်မြစ်များသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို အမှန်တကယ် ကြုံတွေ့ခြင်းအတွင်းမှာ နက်ရှိုင်းစွာ အမြစ်တွယ်နေပါပြီ။ သူတို့၏နှလုံးသားများသည် ဘုရားသခင်၏ ဂုဏ်တော်၏ ကြီးမြတ်ခြင်း အားဖြင့် ဆွဲယူခြင်းခံရပါပြီ။ ဘုရားသခင်၏ ခြေလှမ်းများနောက်ကို လိုက်ဖို့၊ ဘုရားသခင်၏ အနှစ်သာရကို သိဖို့၊ ဘုရားသခင်ကို အလုံးစုံသိဖို့ သူတို့ တပ်မက်ကြသည်။

ဤအဆင့်မှာရှိသည့်လူတို့သည် သူတို့ယုံကြည်သည်မှာ မည်သူနည်းဆိုသည်ကို ရှင်းရှင်းလင်းလင်း သိပြီးဖြစ်ပြီး ဘုရားသခင်အပေါ် သူတို့ ဘာကြောင့်ယုံကြည်သင့်ကြောင်းနှင့် သူတို့ကိုယ်တိုင်၏ သက်ဆိုင်သည့် ဘဝများ၏ အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်းသိကြသည်။ ဘုရားသခင် ဖော်ပြသည့်အရာတိုင်းက သမ္မာတရားဖြစ်ကြောင်းကိုလည်း ရှင်းရှင်းလင်းလင်းသိကြပါသည်။ သူတို့၏ နှစ်ပေါင်းများစွာရှိသည့် အတွေ့အကြုံများမှာ ဘုရားသခင်၏ တရားစီရင်မှုနှင့် ပြစ်တင်ဆုံးမမှု မပါလျှင် ဘုရားသခင်ကို သိဖို့၊ ကျေနပ်စေဖို့ လုံးဝ တတ်နိုင်မှာ မဟုတ်သကဲ့သို့ ဘုရားသခင်ရှေ့ကို ဘယ်တော့မှ အမှန်တကယ် လာရောက်နိုင်မှာမဟုတ်ကြောင်းကို သူတို့သိမြင်ကြသည်။ ဤလူတို့နှင့်သက်ဆိုင်သည့် နှလုံးသားများအတွင်းမှာ ဘုရားသခင်၏ စမ်းသပ်ခြင်းကိုခံဖို့ ပြင်းပြသည့် ဆန္ဒတစ်ခုရှိသည်။ စမ်းသပ်ခြင်းခံနေရစဉ်မှာ ဘုရားသခင်၏ ဖြောင့်မတ်သည့် စိတ်သဘောထားကို မြင်ဖို့၊ ပိုသန့်စင်သည့် ချစ်ခြင်းကို ရယူဖို့၊ တစ်ချိန်တည်းမှာပင် ဘုရားသခင်ကို ပိုပြီး အမှန်တကယ်နားလည်ပြီး သိဖို့ဖြစ်သည်။ ဤအဆင့်နှင့် သက်ဆိုင်သည့်သူတို့သည် မွေးကင်းစအဆင့်၊ ဘုရားသခင်၏ ကျေးဇူးတော်ကို ခံစားခြင်းနှင့် ပေါင်မုန့်ကိုစားခြင်းနှင့် ဗိုက်ပြည့်ခြင်းအဆင့်ကို လုံးဝ နှုတ်ဆက်ပြီးဖြစ်သည်။ ဘုရားသခင်ကို သည်းခံအောင်လုပ်ပြီး သူတို့ကို သနားညှာတာမှုပြစေဖို့ လွန်ကျူးသည့် မျှော်လင့်ချက်များကို သူတို့ မထားကြတော့ပေ။ ဤကဲ့သို့မဟုတ်ဘဲ သူတို့သည် ဘုရားသခင်၏ ရပ်တန့်မသွားမည့် ပြစ်တင်ဆုံးမခြင်းနှင့် တရားစီရင်ခြင်းကို လက်ခံရရှိဖို့၊ မျှော်လင့်ဖို့ ယုံကြည်မှုရှိကြပါသည်။ သူတို့၏ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားနှင့် သူတို့ကိုယ်သူတို့ ခွဲခွာစေပြီး ဘုရားသခင်ကို ကျေနပ်စေဖို့ဖြစ်ပါသည်။ ဘုရားသခင်နှင့် ပတ်သက်သည့် သူတို့၏အသိပညာ၊ သူတို့၏ ကြိုးစားအားထုတ်မှု သို့မဟုတ် သူတို့ကြိုးစားအားထုတ်မှု၏ နောက်ဆုံးပန်းတိုင်၊ ဤအရာများ အားလုံးသည် သူတို့နှလုံးသားထဲမှာ သိပ်ရှင်းလင်းပါသည်။ ထို့ကြောင့် လူကြီးအဆင့်မှာရှိသည့်လူတို့သည် မရေရာသည့် ယုံကြည်မှုအဆင့်ကို၊ ကယ်တင်ခြင်းအတွက် ကျေးဇူးတော်ကို သူတို့မှီခိုသည့် အဆင့်ကို၊ စမ်းသပ်ခြင်းတို့ကို ခံနိုင်ရည်မရှိသည့် အရွယ်မရောက်သည့်ဘဝအဆင့်ကို၊ ဝေဝါးခြင်း အဆင့်ကို၊ စမ်းတဝါးဝါးအဆင့်ကို၊ မကြာခဏ လိုက်စရာမရှိသည့် မည်သည့်လမ်းမှမရှိသည့်အဆင့်ကို၊ ချက်ချင်းပူ၊ ချက်ချင်းအေးသည့်နှစ်ခုကြားပြောင်းလဲခြင်း၏ မတည်ငြိမ်သည့် အချိန်ကာလကို၊ မျက်လုံးတစ်လုံးမှိတ်ပြီး ဘုရားသခင်နောက်ကိုလိုက်သည့် အဆင့်ကို လုံးဝ နှုတ်ဆက်ပြီးဖြစ်ပါသည်။ ဤကဲ့သို့လူမျိုးက ဘုရားသခင်၏ ဉာဏ်အလင်းဖွင့်ပေးခြင်းနှင့် အလင်းပေးခြင်းကို မကြာခဏ လက်ခံရရှိသည်။ ဘုရားသခင်နှင့်အတူ မှန်ကန်သည့် တွဲဖက်လုပ်ကိုင်ခြင်းနှင့် ပြောဆိုဆက်သွယ်ခြင်းတို့ မကြာခဏ ပြုလုပ်သည်။ ဤအဆင့်မှာ နေထိုင်သည့်လူတို့သည် ဘုရားသခင်၏ အလိုတော် တစ်စိတ်တစ်ပိုင်းကို နားလည်သဘောပေါက်ပြီးဖြစ်သည်ဟု ဆိုနိုင်ပါသည်။ သူတို့သည် သူတို့လုပ်သည့်အရာတိုင်းမှာ သမ္မာတရား၏ အခြေခံသဘောတရားများကို ရှာဖွေနိုင်ကြသည်။ ဘုရားသခင်၏ ဆန္ဒကို မည်ကဲ့သို့ဖြည့်ဆည်းရမည်ဆိုသည်ကို သူတို့သိသည်။ ထို့အပြင် ဘုရားသခင်ကို သိခြင်းလမ်းကိုလည်း သူတို့ရှာတွေ့ပြီးဖြစ်ပြီး ဘုရားသခင်နှင့်ပတ်သက်သည့် သူတို့၏အသိပညာကို သက်သေခံဖို့ စတင်ပြီးဖြစ်ပါသည်။ တဖြည်းဖြည်းကြီးထွားလာခြင်း အချိန်ကာလအတွင်း၌ သူတို့မှာ ဘုရားသခင်၏ အလိုတော်အပေါ်၊ လူသားမျိုးနွယ်ကို ဖန်ဆင်းခြင်းမှာ ဘုရားသခင်၏ အလိုတော်အပေါ်၊ လူသားမျိုးနွယ်ကို စီမံခန့်ခွဲခြင်းမှာ ဘုရားသခင်၏အလိုတော်ကို တဖြည်းဖြည်းနားလည်ပြီး သိမြင်ခြင်းရှိကြသည်။ ဖြည့်စွက်ပြောရလျှင် အနှစ်သာရနှင့်ပတ်သက်လျှင် ဘုရားသခင်၏ ဖြောင့်မတ်သည့်စိတ်သဘောထားအပေါ် နားလည်မှုနှင့် သိမြင်မှုကိုလည်း သူတို့ တဖြည်းဖြည်းချင်း ရရှိကြသည်။ ဤအသိပညာကို မည်သည့်လူသား၏ အယူအဆ သို့မဟုတ် စိတ်ကူးထင်မြင်မှုမှ အစားမထိုးနိုင်ပေ။ ပဉ္စမမြောက်အဆင့်မှာ လူတစ်ယောက်၏ဘဝသည် လုံးဝ အရွယ်ရောက်သွားပြီ သို့မဟုတ် ဤလူကို ဖြောင့်မတ်သည် သို့မဟုတ် ပြီးပြည့်စုံသည်ဟု မဆိုနိုင်သော်လည်း ဤကဲ့သို့လူမျိုးသည် ဘဝမှာ ရင့်ကျက်ခြင်းအဆင့်ကို တစ်ဆင့်လှမ်းပြီးဖြစ်ပါသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မျက်နှာချင်းဆိုင်ရပ်ဖို့နှင့် ဘုရားသခင်နှင့် မျက်နှာခြင်းဆိုင် ရပ်ဖို့ ဤလူသည် ဘုရားသခင်ရှေ့ကို လာရောက်နိုင်ပြီဖြစ်သည်။ ဤကဲ့သို့လူမျိုးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကို မြောက်မြားစွာတွေ့ကြုံပြီးဖြစ်သည့်အတွက်၊ မရေမတွက်နိုင်အောင်များပြားသည့် စမ်းသပ်မှုများကို တွေ့ကြုံခဲ့ပြီး၊ ပဲ့ပြင်ဆုံးမခြင်း ဖြစ်ရပ်များ၊ ဘုရားသခင်ဆီက တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို မရေမတွက်နိုင်အောင် ကြုံတွေ့ခဲ့ခြင်းကြောင့် ဘုရားသခင်အပေါ် သူတို့၏ အပ်နှံခြင်းသည် နှိုင်းယှဉ်၍မရဘဲ လုံးဝပြည့်စုံပါသည်။ ဘုရားသခင်အပေါ် သူတို့၏အသိသည် မသိစိတ်ထဲမှ ရှင်းလင်းပြီး တိကျသည့် အသိပညာဆီသို့၊ အပေါ်ယံမှ လေးလေးနက်နက်ဖြစ်ခြင်းသို့၊ မှုံဝါးဝေဝါးခြင်းမှ တိကျသေချာပြီး ရှင်းလင်းမှုဆီသို့ ကူးပြောင်းသွားခဲ့ပါသည်။ သူတို့သည် အစွမ်းကုန် စမ်းတဝါးဝါးဖြစ်ခြင်းနှင့် တက်ကြွမှုမရှိသည့် ရှာဖွေခြင်းမှ အားစိုက်စရာမလိုသည့် အသိပညာနှင့် တက်ကြွသည့် သက်သေခံခြင်းအဖြစ်သို့ ပြောင်းလဲသွားပါသည်။ ဤအဆင့်မှာရှိသည့်လူတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော် သမ္မာတရား၏ လက်တွေ့အရှိတရားကို ပိုင်ဆိုင်ကြပြီး ပေတရုကဲ့သို့ စုံလင်ခြင်းလမ်းကြောင်းပေါ်တွင် အခြေချပြီးဖြစ်သည်ဟု ဆိုနိုင်သည်။ ဤသည်မှာ လူကြီးအဆင့်ဖြစ်သည့် အရွယ်ရောက်ခြင်းအဆင့်၌ နေထိုင်သည့်သူဖြစ်သည့် ပဉ္စမလူအမျိုးအစားဖြစ်ပေသည်။

၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၁၄ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။