အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၉)

ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏ (၃) (အပိုင်း နှစ်)

အကယ်၍ အရာအားလုံးသည် သူတို့၏ကိုယ်ပိုင် နိယာမများ ဆုံးရှုံးသွားလျှင် သူတို့သည် ဆက်လက် တည်ရှိမည်မဟုတ်ပေ။ အကယ်၍ အရာအားလုံး၏ နိယာမများသည် ဆုံးရှုံးသွားလျှင် အရာအားလုံးထဲတွင် ရှိသည့် သက်ရှိသတ္တဝါတို့သည် ရှေ့ဆက်နိုင်မည် မဟုတ်တော့ပေ။ လူသားများသည်လည်း သူတို့ရှင်သန် ရပ်တည်နိုင်ရန် မှီခိုနေရသည့် ရှင်သန်ရပ်တည်ရေး ပတ်ဝန်းကျင် ပျောက်ဆုံးသွားမည်ဖြစ်သည်။ လူသားတို့သည် ဤအရာများအားလုံးပျောက်ဆုံးသွားလျှင် သူတို့ ဆက်လက်ရှင်သန်ပြီး မျိုးဆက်များ တစ်ဆက်ပြီး တစ်ဆက် ပွားများနိုင်မည်မဟုတ်ပေ။ ယခုအချိန်ထိ လူသားတို့ ရှင်သန်ရပ်တည်နေနိုင်သည့် အကြောင်းက ဘုရားသခင်သည် အရာအားလုံးကို လူသားများကို ပြုစုစောင့်ရှောက်ရန်၊ လူသားတို့ကို ကွဲပြားသည့် နည်းလမ်းများနှင့် ပြုစုစောင့်ရှောက်ရန် ထောက်ပံ့ထားခြင်း ကြောင့် ဖြစ်သည်။ လူသားတို့ ယခုအချိန်ထိ ရှင်သန်ရပ်တည်နေနိုင်ခြင်း၊ လက်ရှိနေ့ရက်အထိ ရှင်သန်ရပ်တည်နေနိုင်ခြင်းက ဘုရားသခင်သည် လူသားတို့ကို မတူညီသည့် နည်းလမ်းများနှင့် ပြုစုစောင့်ရှောက်ထားသည့်အတွက်ကြောင့်သာဖြစ်သည်။ အကျိုးရှိပြီး အစီအစဉ်တကျဖြစ်သည့် သတ်မှတ်ထားပြီးဖြစ်သော ရှင်သန်ရပ်တည်နိုင်သည့် ထိုသို့သော ပတ်ဝန်းကျင် အမျိုးအစားနှင့်ဆိုလျှင် ကမ္ဘာမြေကြီးပေါ်တွင်ရှိသည့် လူအမျိုးအစားအားလုံး၊ လူမျိုးစုအားလုံးသည် သူတို့၏ ခွဲခန့်မှတ်သားထားသည့် ကိုယ်ပိုင်နယ်မြေအတွင်းတွင် ရှင်သန်နိုင်မည်ဖြစ်သည်။ ဤနယ်မြေ သို့မဟုတ် နယ်နိမိတ်စည်းများကို မည်သူမျှ ကျော်မသွားနိုင်ပေ။ အဘယ်ကြောင့်ဆိုသော် ဤအရာများကို သေချာချမှတ်ထားသူမှာ ဘုရားသခင်ဖြစ်၍ ဖြစ်သည်။ ဘုရားသခင်သည် ၎င်းတို့ကို ဤနည်းလမ်းနှင့် အဘယ်ကြောင့် ချမှတ်ထားသနည်း။ ဤအရာသည် လူသားအားလုံးအတွက် အကယ်ပင် အရေးကြီးသည်။ အကယ်ပင် အရေးကြီးသည်။ ဘုရားသခင်သည် သက်ရှိအမျိုးအစား တစ်ခုချင်းစီတိုင်းအတွက် နယ်ပယ်ကို သေချာချမှတ်ခဲ့ပြီး လူသားမျိုးစု တစ်ခုစီတိုင်းအတွက် ရှင်သန်ရပ်တည်နိုင်သည့် နည်းလမ်းကို သတ်မှတ်ခဲ့သည်။ သူသည် ကမ္ဘာမြေကြီးပေါ်တွင်ရှိသည့် လူအမျိုးမျိုးနှင့် မတူညီသည့် လူမျိုးများကိုလည်း ပိုင်းခြားခဲ့ပြီး သူတို့၏ နယ်မြေများကိုလည်း သတ်မှတ်ခဲ့သည်။ ဤအရာသည် နောက်ထပ် ငါဆွေးနွေးလိုသည့် အကြောင်းအရာဖြစ်သည်။

စတုတ္ထအားဖြင့် ဘုရားသခင်သည် ကွဲပြားသည့် လူမျိုးများကြားတွင် နယ်နိမိတ်စည်းများ သတ်မှတ်ခဲ့သည်။ ကမ္ဘာမြေကြီးပေါ်တွင် လူဖြူ၊ လူမဲ၊ လူညို၊ လူဝါတို့ရှိကြသည်။ ဤအရာများက ကွဲပြားသည့် လူအမျိုးအစားများဖြစ်သည်။ ဘုရားသခင်သည် ဤကွဲပြားသည့် လူအမျိုးအစားတို့၏ ဘဝများအတွက် နယ်မြေကိုလည်း သတ်မှတ်ခဲ့သည်။ လူများက ဤအရာကို သတိမမူမိဘဲ ဘုရားသခင်၏ စီမံခန့်ခွဲမှုအောက်တွင် ရှင်သန်ရပ်တည်နိုင်သည့် သင့်တော်သော ပတ်ဝန်းကျင်အတွင်းတွင် နေထိုင်ကြသည်။ ဤအရာမှ မည်သူမျှ အပြင်မထွက်နိုင်ပေ။ ဥပမာ လူဖြူများကို ကြည့်ပါ၊ မည်သည့်နေရာတွင် သူတို့အများစု နေထိုင်ကြသနည်း။ သူတို့သည် အများအားဖြင့် ဥရောပနှင့် အမေရိကတွင် နေထိုင်ကြသည်။ လူမဲများက အာဖရိကတိုက်အတွင်းတွင် အဓိက နေထိုင်ကြသည်။ ထို့ပြင် လူညိုများက မည်သည့်နေရာများတွင် နေထိုင်ကြသနည်း။ ထိုင်း၊ အိန္ဒိယ၊ မြန်မာ၊ ဗီယက်နမ်နှင့် လာအိုစသော အရှေ့တောင်အာရှနှင့် အာရှတောင်ပိုင်းတွင် အဓိကအားဖြင့် နေထိုင်ကြသည်။ လူဝါများမူ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယားနှင့် အခြား ဤကဲ့သို့နိုင်ငံများဖြစ်သည့် အာရှတွင် အဓိက နေထိုင်ကြသည်။ ဤကွဲပြားသည့်လူမျိုးများကို ကမ္ဘာတွင်ရှိသည့် ကွဲပြားသည့်အပိုင်းများတွင် ပြန့်နှံ့စေရန်အတွက် ဘုရားသခင်သည် ဤမတူညီသည့် လူမျိုးအားလုံးကို သင့်တော်စွာ ဖြန့်ခဲ့သည်။ ကမ္ဘာ၏ ဤမတူညီသည့် အပိုင်းများတွင် ဘုရားသခင်သည် ကွဲပြားသည့် လူမျိုးတစ်ခုစီအတွက် သင့်တော်သည့် ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်ကို ရှေးယခင်ကတည်းက ပြင်ဆင်ခဲ့သည်။ ဤရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင် အမျိုးအစားများထဲတွင် ဘုရားသခင်သည် သူတို့အတွက် မြေကြီးအရောင်နှင့် ပါဝင်ပစ္စည်းများကို ပြင်ဆင်ခဲ့သည်။ တစ်နည်းပြောရလျှင် လူဖြူများ၏ ကိုယ်ခန္ဓာနှင့် လူမဲတို့၏ ကိုယ်ခန္ဓာထဲရှိ ပါဝင်ပစ္စည်းများသည် မတူညီပေ။ အခြားလူမျိုးများ၏ ကိုယ်ခန္ဓာရှိ ပါဝင်ပစ္စည်းများနှင့်လည်း ကွဲပြားသည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် ထိုလူမျိုးအတွက် ရှင်သန်ရပ်တည်နိုင်ရန် ဤကဲ့သို့သော ပတ်ဝန်းကျင်ကို ပြင်ဆင်ခဲ့သည်။ သူထိုသို့ပြုခြင်း၏ ရည်ရွယ်ချက်က ဤလူအမျိုးအစားများက ပွားများလာသည့်အခါ၊ အရေအတွက် တိုးပွားလာသည့်အခါတွင် ဤနယ်မြေတွင်သာ တည်ရှိနေနိုင်အောင်ဖြစ်သည်။ ဘုရားသခင်သည် လူသားတို့ကို မဖန်ဆင်းမီတွင် ဤအရာများအားလုံးကို စဉ်းစားထားပြီးဖြစ်သည်။ လူဖြူများအတွက် ဖွံ့ဖြိုးတိုးတက်ပြီး ရှင်သန်နိုင်ခွင့်ပြုရန်အတွက် ဥရောပနှင့် အမေရိကကို ပေးသည်။ ထို့ကြောင့် ဘုရားသခင်သည် ကမ္ဘာမြေကြီးကို ဖန်ဆင်းခဲ့သည့်အခါတွင် သူ့ထံ၌ အစီအစဉ်ရှိပြီးဖြစ်သည်။ ဤကုန်းမြေအပိုင်းတွင် အဘယ်အရာကိုထည့်မည်၊ ထိုကုန်းမြေအပိုင်းတွင် အဘယ်အရာကို ပြုစုပျိုးထောင်မည်ဆိုသည့်အပေါ်တွင် ရည်ရွယ်ချက်၊ ဦးတည်ချက် ရှိနှင့်ပြီးဖြစ်သည်။ ဥပမာ ဘုရားသခင်သည် မည်သည့်တောင်များ၊ မည်မျှများသည့်လွင်ပြင်များ၊ မည်မျှများသည့် ရေအရင်းအမြစ်၊ မည်သည့်ငှက်နှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ မည်သည့်ငါးများ၊ မည်သည့်အပင်များ ဤကုန်းမြေပေါ်တွင် ရှိမည်ဆိုသည်ကို ရှေးကတည်းက ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ လူမျိုးတစ်ခုအတွက်၊ လူမျိုးစု တစ်ခုတို့ ရှင်သန်ရပ်တည်ရေးအတွက် ပတ်ဝန်းကျင်ကို ပြင်ဆင်သည့်အခါတွင် ဘုရားသခင်သည် အချက်အလက် အများအပြားကို ထည့်သွင်းစဉ်းစားသည်။ ပထဝီဆိုင်ရာ ပတ်ဝန်းကျင်၊ မြေကြီး၏ ပါဝင်ပစ္စည်း၊ ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးအမျိုးမျိုး၏ အရွယ်အစား၊ ငါးထဲတွင်ရှိသည့် ပါဝင်ပစ္စည်း၊ မတူညီသည့် ရေအရည်အသွေးနှင့် မတူညီသည့် အပင်အမျိုးအစား အားလုံး စသဖြင့်...ဘုရားသခင်သည် ယခင်တည်းက ဤအရာများ အားလုံးကို ပြင်ဆင်ပြီးဖြစ်သည်။ ဤပတ်ဝန်းကျင်အမျိုးအစားသည် လူဖြူများအတွက် ဘုရားသခင် ဖန်ဆင်းပြီး ပြင်ဆင်ခဲ့သည့် ရှင်သန်ရပ်တည်နိုင်သည့် ဇာတိပတ်ဝန်းကျင်ဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါတွင် ဤအရာများအတွက် များစွာစဉ်းစားခဲ့သည်ကို သင်တို့ မြင်သလော။ (မြင်ပါသည်။ လူအမျိုးမျိုးအတွက် ဘုရားသခင်၏ စဉ်းစားသုံးသပ်မှုက အလွန် စဉ်းစဉ်းစားစားရှိပါသည်။ ကွဲပြားသည့် လူအမျိုးမျိုးတို့ ရှင်သန်ရပ်တည်နိုင်ရေး ပတ်ဝန်းကျင်အတွက် သူသည် ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးအစားများ၊ ငါးအမျိုးအစားများ၊ တောင်များ မည်မျှရှိမည်နှင့် လွင်ပြင် မည်မျှရှိမည် စသည်တို့ကို ပြင်ဆင်ခဲ့ပါသည်။ ဤအရာအားလုံးကို အလွန်စဉ်းစဉ်းစားစားနှင့် အတိအကျ ထည့်သွင်းစဉ်းစားထားပါသည်။) ဥပမာ၊ လူဖြူများက မည်သည့်အစားအစာများကို အဓိက စားသနည်း။ လူဖြူများစားသည့် အစားအစာများက အာရှသားများ စားသည့်အစားအစာနှင့် အလွန်ကွဲပြားသည်။ လူဖြူများစားသည့် အဓိက အစားအစာများက အသား၊ ကြက်ဥ၊ နွားနို့နှင့် ကြက်ဘဲ အသားတို့ဖြစ်သည်။ အစေ့အဆန်များဖြစ်သည့် ပေါင်မုန့်နှင့် ဆန်သည် ယေဘူယျအားဖြင့် ပန်းကန်၏ဘေးတွင်ထားသည့် အရံအစားအစာများဖြစ်သည်။ ဟင်းသီးဟင်းရွက်များကို စားသည့်အခါပင် အမဲကင် သို့မဟုတ် ကြက်သားကို ထည့်စားကြသည်။ ဂျုံပါဝင်သည့် အစားအစာကို စားသည့်အခါပင် ဒိန်ခဲ၊ ကြက်ဥ သို့မဟုတ် အသားတို့ကို ထည့်ကြသည်။ ဆိုလိုချင်သည်မှာ သူတို့၏ အဓိက အစားအစာများသည် ဂျုံပါဝင်သည့်အစားအစာ သို့မဟုတ် ဆန်မဟုတ်ပေ၊ သူတို့သည် အသားနှင့် ဒိန်ခဲများကို တော်တော်များများ စားကြသည်။ ကယ်လိုရီ အလွန်များသည့် အစားအစာများကို စားကြသောကြောင့် ရေခဲရေကို မကြာခဏသောက်ကြသည်။ ထို့ကြောင့် လူဖြူများသည် အကယ်ပင် ကျန်းမာသန်စွမ်းကြသည်။ ဤအရာများက သူတို့အသက်တာများအတွက် အရင်းအမြစ် ဖြစ်သည်။ ဘုရားသခင် သူတို့အတွက် ပြင်ဆင်ထားသည့် သူတို့၏ ရှင်သန်နိုင်သည့် ပတ်ဝန်းကျင်ဖြစ်ပြီး ဤကဲ့သို့သော ဘဝနေမှုပုံစံမျိုးကို သူတို့အတွက် ခွင့်ပြုထားသည်။ ဤဘဝနေမှုပုံစံက တစ်ခြားလူမျိုးများ၏ ဘဝနေမှုပုံစံများနှင့် မတူပေ။ ဤဘဝနေမှုပုံစံတွင် မှန်ခြင်း၊ မှားခြင်း မရှိပေ။ ဘုရားသခင် ခွဲခန့်မှတ်သားထားသည့် နဂိုမူလအရာ ဖြစ်ပြီး၊ ဘုရားသခင်၏ စည်းမျဉ်းနှင့် သူ၏စီမံခန့်ခွဲမှုကြောင့် ဖြစ်သည်။ ဘုရားသခင်သည် သူတို့အတွက် ပြင်ဆင်ပေး ထားသည့် ရှင်သန်ရပ်တည်မှု ပတ်ဝန်းကျင်ကြောင့်၊ သူတို့၏ လူမျိုးကြောင့် ဤလူမျိုး အမျိုးအစားသည် သူတို့၏ အသက်မွေးဝမ်းကျောင်းအတွက် သီးသန့် ဘဝနေထိုင်မှု ပုံစံနှင့် သီးသန့် အရင်းအမြစ်များရှိကြသည်။ လူဖြူများ အတွက် ဘုရားသခင်ပြင်ဆင်ပေးထားသည့် ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်နှင့် ထိုပတ်ဝန်းကျင်မှ သူတို့ရရှိသည့် နေ့စဉ်အစားအစာများ သည် ပေါများကြွယ်ဝသည်ဟု သင်ဆိုနိုင်သည်။

ဘုရားသခင်သည် အခြားလူမျိုးများ ရှင်သန်ရပ်တည် နိုင်ရန်အတွက် လိုအပ်သည့် ပတ်ဝန်းကျင်ကိုလည်း ပြင်ဆင်ခဲ့သည်။ လူမဲများလည်းရှိသည်။ လူမဲများက မည်သည့်နေရာတွင် တည်ရှိသနည်း။ အဓိကအားဖြင့် အာဖရိကအလယ်ပိုင်းနှင့် တောင်ပိုင်းများတွင် တည်ရှိသည်။ အသက်ရှင်ရန်အတွက် ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးတွင် ဘုရားသခင်သည် သူတို့အတွက် အဘယ်အရာပြင်ဆင်ခဲ့သနည်း။ အပူပိုင်းမုတ်သုံတောများ၊ ငှက်များနှင့် သားရဲတိရစ္ဆာန်အမျိုးမျိုး၊ သဲကန္တာရများနှင့် ဤအရာများနှင့်အတူရှိမည့် အပင်အမျိုးမျိုးတို့ဖြစ်သည်။ သူတို့တွင် ရေ၊ သူတို့၏ အသက်မွေးမှုများနှင့် အစားအစာ တို့အတွက် အရင်းအမြစ်များရှိသည်။ ဘုရားသခင်သည် သူတို့အပေါ် မတရားမပြုလုပ်ပေ။ သူတို့အဘယ်အရာများ ပြုလုပ်သည်ဖြစ်စေ သူတို့၏ ရှင်သန်ရပ်တည်မှုက ပြဿနာမဖြစ်ခဲ့ချေ။ သူတို့သည် ကမ္ဘာ၏အစိတ်အပိုင်း တစ်ခုအတွင်းတွင် သီးသန့်တည်နေရာနှင့် သီးသန့် အကျယ်အဝန်းတို့လည်း ပိုင်ဆိုင်ကြသည်။

ယခု လူဝါများအကြောင်း အနည်းငယ်ပြောကြစို့။ လူဝါများက အဓိကအားဖြင့် အရှေ့အရပ်တွင် နေကြသည်။ အရှေ့တိုင်းအရပ်နှင့် အနောက်တိုင်းအရပ်တို့၏ ပတ်ဝန်းကျင်နှင့် ပထဝီဝင်ဆိုင်ရာ တည်နေရာများတွင် မည်သည့်ကွာခြားချက်များရှိသနည်း။ အရှေ့တိုင်းတွင် ကုန်းမြေအများစုသည် သီးနှံဖြစ်ထွန်းသည်။ ဝတ္ထုပစ္စည်းများ၊ တွင်းထွက်အနည်များနှင့် ကြွယ်ဝနေသည်။ ဆိုလိုသည်မှာ မြေပေါ်နှင့် မြေအောက်က အရင်းအမြစ်အားလုံးသည် ပေါကြွယ်ဝသည်။ ဤလူအုပ်စုအတွက်၊ ဤလူမျိုးအတွက် ကိုက်ညီသည့်မြေကြီး၊ ရာသီဥတုနှင့် သူတို့အတွက် သင့်တော်သည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အမျိုးမျိုးတို့ကို ဘုရားသခင်ပြင်ဆင်ခဲ့သည်။ ထိုပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်နှင့် အနောက်တိုင်းဘက်က ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်အကြားတွင် အင်မတန် ကွဲပြားသော်လည်း လူများလိုအပ်သည့် အစားအစာ၊ အသက်မွေးမှုနှင့် ရှင်သန်ရပ်တည်ရေးအတွက် အရင်းအမြစ်များကို ဘုရားသခင်ပြင်ဆင်ထားခြင်းဖြစ်သည်။ အနောက်တိုင်းတွင် လူဖြူများ၌ ရှိသည့်အရာနှင့် ကွဲပြားသည့် ရှင်သန်ရပ်တည်ရေးပတ်ဝန်းကျင်သာဖြစ်သည်။ သို့သော် သင်တို့ကို ပြောပြရန်လိုသည့် သင်တို့၏အာရုံစိုက်မှုကိုလိုအပ်သည့် အရာတစ်ခုက အဘယ်အရာနည်း။ အရှေ့ပိုင်းလူမျိုး၏ အရေအတွက်က အတော်ကလေးမြင့်နေခြင်းဖြစ်သည်။ ထို့ကြောင့် ဘုရားသခင်သည် ထိုမြေပေါ်တွင် အနောက်တိုင်းအရပ်နှင့် မတူညီသည့် ပစ္စည်းများ များစွာထည့်ခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ၏ ထိုအစိတ်အပိုင်းတွင် သူသည် မတူညီသည့် မြေပြင်များ အများအပြားနှင့် ပေါကြွယ်ဝသည့် ဝတ္ထုပစ္စည်းအမျိုးမျိုးကိုလည်း ထည့်သွင်းခဲ့သည်။ အလွန်ပေါများသည့် သဘာဝအရင်းအမြစ်များဖြစ်သည်။ မြေပြင်အနေအထားသည်လည်း အမျိုးမျိုးရှိပြီး ကွဲပြားသည်။ အရှေ့တိုင်းလူမျိုး၏ များပြားလှသည့် အရေအတွက်များကို ပြုစုစောင့်ရှောက်ရန်အတွက် လုံလောက်သည်။ အနောက်တိုင်းနှင့် မတူညီသည့် အရာတစ်ခုက အရှေ့ပိုင်းတွင်၊ တောင်ဘက်မှ မြောက်ဘက်၊ အရှေ့ဘက်မှ အနောက်ဘက်၊ ရာသီဥတုသည် အနောက်တိုင်းထက် ပိုကောင်းသည်။ ရာသီဥတုလေးခုကို ရှင်းလင်းစွာ ချမှတ်ထားသည်။ အပူချိန်က သက်သောင့်သက်သာရှိသည်။ သဘာဝအရင်းအမြစ်များက ပေါကြွယ်ဝသည်။ သဘာဝရှုခင်းများနှင့် မြေပြင်အနေအထား အမျိုးအစားများသည် အနောက်တိုင်းထက် ပိုကောင်းသည်။ ဘုရားသခင်သည် ဤအရာကို မည်သည့်အတွက်ကြောင့်လုပ်ခဲ့သနည်း။ ဘုရားသခင်သည် လူဖြူများနှင့် လူဝါများကြားတွင် အလွန်အကျိုးအကြောင်းသင့်သည့် ညီမျှမှုကို ဖန်ဆင်းခဲ့သည်။ ဤအရာသည် မည်သည်ကိုဆိုလိုသနည်း။ သူတို့၏ အစားအစာနှင့်ပတ်သက်သည့် အချက်အလက်တိုင်း၊ သူတို့ အသုံးပြုသည့် အရာများ၊ လူဖြူများ နှစ်သက်သည့်အရာများသည် လူဝါများ နှစ်သက်သည့်အရာများထက် ပိုပြီးကောင်းသည်။ သို့သော် ဘုရားသခင်သည် မည်သည့်လူမျိုးကိုမျှ မတရားမပြုလုပ်ပေ။ ဘုရားသခင်သည် လူဝါများကို ရှင်သန်ရပ်တည်ရန်အတွက် ပိုလှပပြီး ပိုကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ပေးခဲ့သည်။ ဤအရာသည် ညီမျှမှုဖြစ်သည်။ သင်တို့ နားလည်ပြီမဟုတ်လော။

ဘုရားသခင်သည် မည်သည့်လူအမျိုးအစားက ကမ္ဘာ၏မည်သည့်အပိုင်းတွင် နေမည်ဆိုသည်ကို ခွဲခန့်မှတ်သားထားပြီးဖြစ်ပြီး လူသားတို့သည် ထိုနယ်မြေ၏ အပြင်ကို သွား၍မရပေ။ ဤအရာသည် အလွန် ထူးခြားဆန်းကြယ်သည့်အရာဖြစ်သည်။ မတူညီသည့်ခေတ် သို့မဟုတ် အချိန်ကာလများတွင် စစ်ပွဲများ နယ်ချဲ့မှုများ ရှိလျှင်ပင် ဤစစ်ပွဲများ၊ နယ်ချဲ့ကျူးကျော်မှုများက ဘုရားသခင်သည် လူမျိုးတိုင်းအတွက် ခွဲခန့်မှတ်သားထားသည့် ရှင်သန်ရပ်တည်ရေးပတ်ဝန်းကျင်ကို မဖျက်ဆီးနိုင်ပေ။ ဆိုလိုသည်မှာ ဘုရားသခင်သည် ကမ္ဘာ၏ အချို့အပိုင်းတွင် လူမျိုးများကိုချမှတ်ခဲ့ပြီး သူတို့သည် ထိုနယ်မြေ၏ အပြင်ကို သွား၍မရပေ။ လူများက သူတို့၏ ပိုင်နက်ကို ပြောင်းလဲရန် သို့မဟုတ် ချဲ့ထွင်ရန် ရည်မှန်းချက်မျိုးရှိလျှင်ပင် ဘုရားသခင်၏ ခွင့်ပြုချက်မပါလျှင် လုပ်နိုင်ရန် အလွန်ခက်ခဲနေမည်ဖြစ်သည်။ အောင်မြင်ရန်အတွက် အလွန်ခက်ခဲပါလိမ့်မည်။ ဥပမာ လူဖြူများသည် သူတို့၏ ပိုင်နက်မြေကို ချဲ့ထွင်လိုပြီး အခြားနိုင်ငံများကို နယ်ချဲ့သိမ်းပိုက်သည်။ ဂျာမန်များက အခြားနိုင်ငံများကို ကျူးကျော်ဝင်ရောက်သည်။ အင်္ဂလန်က အိန္ဒိယကို သိမ်းပိုက်သည်။ ရလဒ်က မည်သို့နည်း။ အဆုံးတွင် သူတို့ ကျရှုံးခဲ့သည်။ ဤအရှုံးမှ အဘယ်အရာကို မြင်ရသနည်း။ ဘုရားသခင်ခွဲခန့်မှတ်သားထားသည့်အရာကို ဖျက်ဆီးပစ်ရန် ခွင့်မပြုထားပေ။ ထို့ကြောင့် အင်္ဂလန်၏ နယ်မြေချဲ့ထွင်မှုတွင် သင်မြင်ခဲ့ရသည့် အရှိန်အဟုန်က မည်မျှပင်ကြီးမားပါစေ အဆုံးတွင်တော့ ရလဒ်က သူတို့သည် ဆုတ်ခွာခဲ့ရပြီး ထိုနယ်မြေသည် အိန္ဒိယကသာ ပိုင်ဆိုင်ဆဲဖြစ်သည်။ ထိုနယ်မြေတွင် ဆက်လက်နေထိုင်သည့်သူများသည် အိန္ဒိယများပင်ဖြစ်သည်။ အင်္ဂလိပ်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုလျှင် ဘုရားသခင် ခွင့်မပြုသည့်အရာဖြစ်သည့်အတွက်ဖြစ်သည်။ သမိုင်း သို့မဟုတ် နိုင်ငံရေးကို သုတေသနပြုလုပ်ခဲ့သည့်သူအချို့က ဤအရာနှင့်ပတ်သက်ပြီး သုတေသနစာတမ်းများ တင်ပြထားသည်။ အင်္ဂလန်က မည်သည့်အတွက်ကြောင့် ကျရှုံးသနည်းဆိုသည့် အကြောင်းပြချက်များကို ပြောသည်။ ဤအရာသည် လူမျိုးစုတစ်စုကို အုပ်စိုး၍ မရနိုင်သောကြောင့် သို့မဟုတ် အခြားလူသားနှင့်ဆိုင်သည့် အကြောင်းပြချက် အချို့ကြောင့် ဖြစ်နိုင်သည်ဟုပြောသည်။ ဤအရာများက အကြောင်းပြချက် အစစ်မဟုတ်ပေ။ အကြောင်းပြချက် အမှန်မှာ ဘုရားသခင်ကြောင့် ဖြစ်သည်။ သူက ဤအရာကို ခွင့်မပြုပေ။ ဘုရားသခင်သည် လူမျိုးစုတစ်ခုကို နယ်မြေတစ်ခုတွင် နေစေခဲ့ပြီး သူတို့ကို ထိုနေရာမှာ နေရာချပေးထားသည်။ ဘုရားသခင်သည် သူတို့ကို ရွှေ့ပြောင်းခွင့်မပြုလျှင် သူတို့သည် ဘယ်တော့မျှ ရွှေ့ပြောင်းနိုင်မည်မဟုတ်ပေ။ ဘုရားသခင်သည် သူတို့အတွက် နယ်မြေသတ်မှတ်ပေးခဲ့လျှင် သူတို့သည် ထိုနယ်မြေအတွင်း၌သာ နေထိုင်ပါလိမ့်မည်။ လူသားတို့သည် ဤနယ်မြေကို ဖောက်ထွက်ခြင်း သို့မဟုတ် ချိုးဖောက်ခြင်း ပြုလုပ်နိုင်မည်မဟုတ်ပေ။ ဤသည်မှာ သေချာသည်။ နယ်ချဲ့များ၏ အင်အားက မည်မျှပင်ကြီးပါစေ သို့မဟုတ် နယ်ချဲ့ခံရသည့်သူများ၏ အင်အားက မည်မျှပင် အားနည်းပါစေ အဆုံးတွင် သူတို့၏ အောင်မြင်မှုက ဘုရားသခင်အပေါ်တွင်သာ မူတည်သည်။ သူက ဤအရာကို ခွဲခန့်မှတ်သားထားပြီးဖြစ်ပြီး မည်သူမျှ ဤအရာကို မပြောင်းလဲနိုင်ပေ။

အထက်ပါမှာ ဘုရားသခင်သည် လူမျိုးအမျိုးမျိုးကို ဖြန့်ခဲ့သည့် ပုံစံဖြစ်သည်။ ဘုရားသခင်သည် လူမျိုးများကို ဖြန့်ရန် အဘယ်အရာကို လုပ်ဆောင်ခဲ့သနည်း။ ပထမဦးဆုံး ပိုကြီးသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်၊ လူသားတို့အတွက် မတူညီသည့် နေရာချထားခြင်းတို့ကို ပြင်ဆင်ပြီး နောက်မှာတော့ ထိုနေရာတွင် မျိုးဆက်များ တစ်ဆက်ပြီးတစ်ဆက် ရှင်သန်ရပ်တည်ကြသည်။ ဤအရာသည် နေရာချထားပြီးဖြစ်သည်။ သူတို့ရှင်သန်ရပ်တည်နိုင်သည့် နယ်မြေက သတ်မှတ်ထားပြီးဖြစ်သည်။ ထို့ပြင် သူတို့၏ ရှင်သန်မှု၊ အဘယ်အရာကို စားသည်၊ အဘယ်အရာကို သောက်သည်၊ သူတို့၏ အသက်မွေးဝမ်းကျောင်း၊ ဘုရားသခင်သည် ဤအရာများအားလုံးကို ရှေးကတည်းက ပြင်ဆင်ချမှတ်ပြီး ဖြစ်သည်။ ထို့ပြင် ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည့်အခါ သူသည် မတူညီသည့် လူအမျိုးအစားများအတွက် မတူညီသည့် ပြင်ဆင်မှုများ ပြုလုပ်ခဲ့သည်။ မတူညီသည့် မြေကြီးဖွဲ့စည်းပုံများ၊ မတူညီသည့် ရာသီဥတုများ၊ မတူညီသည့် အပင်များ၊ မတူညီသည့် ပထဝီဆိုင်ရာ ပတ်ဝန်းကျင်များ ရှိကြသည်။ မတူညီသည့်နေရာများတွင် မတူညီသည့် ငှက်များနှင့် သားရဲတိရစ္ဆာန်များပင်ရှိသည်။ မတူညီသည့် ရေများတွင် သူတို့၏ ထူးခြားသည့် ငါးများနှင့် ရေထွက်ပစ္စည်းများရှိကြသည်။ ပိုးမွှားအမျိုးအစားများကိုပင်လျှင် ဘုရားသခင်သည် ပိုင်းခြားသတ်မှတ်သည်။ ဥပမာ အမေရိကန်တွင်ရှိသည့် စာကလေးငှက်များက တရုတ်ပြည်မကြီးတွင်ရှိသည့် စာကလေးငှက်များနှင့် မတူပေ။ အမေရိကတိုက်တွင် ကြီးပြင်းသည့်အရာများ အားလုံးသည် အလွန်ကြီးမားသည်။ အလွန်မြင့်မားသည်။ အလွန်ကျန်းမာသန်စွမ်းသည်။ သစ်တောထဲတွင်ရှိသည့် သစ်ပင်များ၏ အမြစ်များက အလွန်တိမ်သော်လည်း သစ်ပင်က တော်တော်မြင့်သည့်အထိ ထွက်သည်။ မီတာ တစ်ရာကျော်အထိ မြင့်နိုင်သည်။ သို့သော် အာရှတွင်ရှိသည့် သစ်တောထဲက သစ်ပင်များသည် အများအားဖြင့် ထိုမျှလောက် မမြင့်ပေ။ ရှားစောင်းလက်ပတ်ပင်ကို သင်တို့အားလုံး ကြားဖူးကြမှာ သေချာသည်။ ဂျပန်တွင် ဤအပင်များမှာ အလွန်သေးသွယ်ပြီး၊ အလွန်ပါးသည်။ သို့သော် အမေရိကန်တွင်ရှိသည့် ရှားစောင်းလက်ပတ်ပင်များမှာမူ အကယ်ပင် ကြီးသည်။ ဤသည်က ကွဲပြားသည်။ နာမည်တူနှင့် အပင်အမျိုးအစားအတူတူပင်ဖြစ်သော်လည်း အမေရိကတိုက်တွင်ဆိုလျှင် တော်တော်ကိုပိုကြီးသည်။ ဤအချက်အမျိုးမျိုး၏ ကွာခြားမှုများကို လူများ မမြင် သို့မဟုတ် သတိမပြုမိခြင်းမျိုး ဖြစ်နိုင်သည်။ သို့သော် ဘုရားသခင်သည် အရာအားလုံးကို ဖန်ဆင်းခဲ့သည်။ သူတို့ကို သေချာစွာသတ်မှတ်ချထားခဲ့ပြီး မတူညီသည့် ပထဝီဝင်ဆိုင်ရာ ပတ်ဝန်းကျင်များ၊ မတူညီသည့် မြေမျက်နှာသွင်ပြင်များ၊ မတူညီသည့် လူမျိုးများအတွက် မတူညီသည့် သက်ရှိများကို ပြင်ဆင်ခဲ့သည်။ ဤသည်မှာ ဘုရားသခင်သည် မတူညီသည့်လူအမျိုးအစားများကို ဖန်ဆင်းခဲ့သည့်အတွက် သူတို့တစ်ယောက်ချင်းစီတိုင်း၏ လိုအပ်ချက်နှင့် သူတို့၏ ဘဝနေမှုပုံစံများကို သူသိသည့် အတွက်ကြောင့်ဖြစ်သည်။

ဤအကြောင်းအရာအချို့ကို ပြောပြီးသည့်နောက်တွင် ယခု ဆွေးနွေးခဲ့သည့် အဓိကအကြောင်းအရာနှင့် အကျွမ်းဝင်မှုအချို့ သင်တို့တွင် ရှိသလော။ ဤအရာနှင့်ပတ်သက်ပြီး နားလည်မှုအချို့ ရှိသလော။ ကျယ်ပြန်သည့် ခေါင်းစဉ်ထဲတွင် ဤအရာများကို ပြောရသည့် အကြောင်းရင်း တစ်ခုရှိသည်။ ယခု ဤအရာနှင့်ပတ်သက်ပြီး သင်တို့ အခြေခံ အကြမ်းဖျင်းအမြင် ရှိလောက်ပေပြီ၊ မှန်သလော။ သင်တို့ မည်မျှအထိ နားလည်လိုက်သနည်းဆိုသည်ကို ပြောနိုင်သည်။ (လူသားမျိုးနွယ် အားလုံးသည် အရာအားလုံးအတွက် ဘုရားသခင်ပိုင်းခြားသတ်မှတ်ထားသည့် နိယာမများအားဖြင့် ပြုစုစောင့်ရှောက်ခံရသည်။ ဘုရားသခင်သည် ဤနိယာမများကို ပိုင်းခြားသတ်မှတ်သည့်အခါတွင် သူသည် မတူညီသည့် ပတ်ဝန်းကျင်များနှင့်အတူ မတူညီသည့် လူမျိုးများ၊ မတူညီသည့် ဘဝနေမှု ပုံစံများ၊ မတူညီသည့် အစားအစာများ၊ မတူညီသည့် ရာသီဥတုများ၊ အပူချိန်များကို ပံ့ပိုးခဲ့ပါသည်။ ဤအရာက လူသားအားလုံးက ကမ္ဘာတွင် အခြေချနိုင်ပြီး ရှင်သန်ရပ်တည်နိုင်ရန်အတွက်ဖြစ်ပါသည်။ ဤအချက်မှ ၎င်းတို့ရှင်သန်နိုင်ရေးအတွက် ဘုရားသခင်၏ စီမံခန့်ခွဲမှု အစီအစဉ်များသည် အလွန်တိကျကြောင်း ကျွန်ုပ်တွေ့မြင်နိုင်ပြီး၊ သူ၏ဉာဏ်ပညာနှင့် အမှားကင်းစင်မှုနှင့် ကျွန်ုပ်တို့လူသားများအပေါ် သူ၏ချစ်ခြင်းမေတ္တာကို တွေ့မြင်နိုင်ပါသည်။) (ဘုရားသခင် သတ်မှတ်ထားသည့် နိယာမများနှင့် အတိုင်းအတာများကို မည်သည့်လူပုဂ္ဂိုလ်၊ ဖြစ်ရပ် သို့မဟုတ် အရာကမျှ မပြောင်းလဲနိုင်ပေ။ အားလုံးက သူ၏ စည်းမျဉ်းအောက်မှာ ရှိသည်။) အရာအားလုံးကြီးထွားရန်အတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် နိယာမများ၏ ရှုထောင့်မှ ကြည့်သည့်အခါတွင် လူသားအားလုံးသည် မည်သည့်အမျိုးအစားဖြစ်စေ ဘုရားသခင်၏ ထောက်ပံ့မှုအောက်တွင် နေနေကြသည်။ ၎င်းတို့အားလုံးသည် သူ၏ ပြုစုပျိုးထောင်မှုအောက်တွင် နေနေကြသည် မဟုတ်လော။ ဤနိယာမများက ဖျက်ဆီးခံရလျှင် သို့မဟုတ် လူသားတို့အတွက် ဤကဲ့သို့သော နိယာမများကို ဘုရားသခင်သည် မတည်ဆောက်ခဲ့လျှင် သူတို့၏ ရှေ့ရေးက မည်သို့ဖြစ်မည်နည်း။ လူသားများသည် အသက်ရှင်သန်ရပ်တည်ရန်အတွက် သူတို့၏ အခြေခံပတ်ဝန်းကျင်ကို ဆုံးရှုံးသွားပြီးနောက်တွင် သူတို့တွင် အစားအစာ အရင်းအမြစ်ရှိပါဦးမည်လော။ အစားအစာအရင်းအမြစ်သည် ပြဿနာတစ်ခု ဖြစ်လာနိုင်သည်။ လူများက သူတို့၏ အစားအစာ အရင်းအမြစ် ပျောက်ဆုံးသွားလျှင်၊ ဆိုလိုသည်မှာ သူတို့သည် စားသောက်ရန်အတွက် ဘာမျှရရှိနိုင်မည်မဟုတ်လျှင် သူတို့ ဘယ်နှစ်ရက် ထပ်ပြီး အသက်ရှင်နိုင်မည်နည်း။ တစ်လပင် ဆက်ပြီး မရှင်သန်နိုင်တော့ခြင်းမျိုး ဖြစ်နိုင်သည်။ သူတို့၏ ရှင်သန်ရပ်တည်မှုသည် ပြဿနာတစ်ခု ဖြစ်လာမည်။ ထို့ကြောင့် လူသားတို့ ရှင်သန်ရပ်တည်ရေးအတွက်၊ သူတို့ဆက်လက် တည်ရှိပြီး ပွားများရန်အတွက်၊ တည်မြဲနိုင်ရန်အတွက် ဘုရားသခင်လုပ်ဆောင်သည့်အရာ တစ်ခုချင်းစီတိုင်းသည် အလွန်အရေးကြီးသည်။ အရာအားလုံးထဲတွင် ဘုရားသခင် လုပ်ဆောင်သည့် တစ်ခုချင်းစီတိုင်းသည် လူသားတို့၏ ရှင်သန်ရပ်တည်မှုနှင့် နီးစပ်စွာ ဆက်စပ်နေပြီး ခွဲခြား၍မရပေ။ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်မှုသည် ပြဿနာတစ်ခုဖြစ်လာလျှင် ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် ရှေ့ဆက်နိုင်ပါမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုက တည်ရှိနေပါဦးမည်လော။ ဘုရားသခင်၏ စီမံခန့်ခွဲမှုသည် သူပြုစုပျိုးထောင်သည့် လူသားမျိုးနွယ်အားလုံး၏ ရှင်သန်ရပ်တည်မှုနှင့် ယှဉ်တွဲတည်ရှိသည်။ ထို့ကြောင့် ဘုရားသခင်သည်အရာအားလုံးအတွက် မည်သည့်အရာကိုပင် ပြင်ဆင်ပါစေ၊ လူသားတို့အတွက် မည်သည့်အရာကိုပင်လုပ်ပါစေ၊ ဤအရာများအားလုံးသည် သူ့အတွက် လိုအပ်ပြီး လူသားမျိုးနွယ် ရှင်သန်ရပ်တည်ရေးအတွက် အလွန်အရေးကြီးသည်။ အရာအားလုံးအတွက် ဘုရားသခင် ပိုင်းခြားသတ်မှတ်ခဲ့သည့် ဤနိယာမများသည် ထွက်ခွာသွားလျှင်၊ ဤနိယာမများသည် ချိုးဖောက်သွားလျှင် သို့မဟုတ် နှောင့်ယှက်ခံရလျှင် အရာအားလုံးသည် ဆက်ပြီးတည်ရှိနိုင်မည်မဟုတ်ပေ။ လူသားမျိုးနွယ်၏ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်သည် ဆက်လက်တည်ရှိမည်မဟုတ်ပေ။ သူတို့၏ နေ့စဉ် အစားအစာများလည်း ရှိမည်မဟုတ်သကဲ့သို့ သူတို့သည်လည်း တည်ရှိမည် မဟုတ်တော့ပေ။ ဤအကြောင်းအချက်ကြောင့် လူသားမျိုးနွယ်အတွက် ကယ်တင်ခြင်းဖြစ်သည့် ဘုရားသခင်၏ စီမံခန့်ခွဲမှုလည်း ဆက်လက်တည်ရှိမည်မဟုတ်ပေ။

ဆွေးနွေးခဲ့သည့် အရာတိုင်း၊ တစ်ခုချင်းစီတိုင်း၊ အချက်အလက်တိုင်းသည် လူပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ ရှင်သန်ရပ်တည်မှုနှင့် နီးစပ်စွာ ဆက်နွှယ်နေသည်။ သင်တို့သည် ဤသို့ပြောကောင်းပြောနိုင်သည်။ “ကိုယ်တော်ပြောနေသည့် အကြောင်းအရာသည် အလွန်ကြီးလွန်းသည်။ ကျွန်ုပ်တို့ မမြင်နိုင်ပါ။” ထို့ပြင် ဤကဲ့သို့ ပြောမည့်လူများလည်း ရှိကောင်းရှိနိုင်သည်။ “ကိုယ်တော်ပြောနေသည့် အကြောင်းအရာသည် ကျွန်ုပ်တို့နှင့် ဘာမျှ မသက်ဆိုင်ပါ။” သို့သော် သင်သည် အရာအားလုံး၏ တစ်စိတ်တစ်ပိုင်းအနေနှင့် ရှင်သန်နေသည်ဆိုသည်ကို မမေ့နှင့်။ သင်သည် ဘုရားသခင်၏အုပ်ချုပ်မှုအတွင်းရှိ အရာအားလုံး၏ အဖွဲ့ဝင်တစ်ယောက်ဖြစ်သည်။ အရာအားလုံးသည် ဘုရားသခင်၏ အုပ်စိုးမှုမှ ခွဲထွက်၍မရပေ။ မည်သည့်လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်မျှ သူ၏အုပ်စိုးမှုအောက်မှ ခွဲထွက်၍မရပေ။ သူ၏အုပ်ချုပ်မှုကို ဆုံးရှုံးခြင်းနှင့် သူ၏ပံ့ပိုးမှုကို ဆုံးရှုံးခြင်းသည် လူတို့၏ဘဝများ၊ အသွေးအသားနှင့် လူတို့၏ဘဝများ ပျောက်ကွယ်သွားမည်ဟု ဆိုလိုခြင်းဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်တို့ ရှင်သန်ရပ်တည်နိုင်သည့် ပတ်ဝန်းကျင်ကို ဘုရားသခင် တည်ဆောက်ခြင်း၏ အရေးပါမှု ဖြစ်သည်။ သင်သည် မည်သည့်လူမျိုးဖြစ်စေ သို့မဟုတ် မည်သည့်ကုန်းမြေတွင် နေသည်ဖြစ်စေ၊ အနောက်တိုင်းဖြစ်စေ၊ အရှေ့တိုင်းဖြစ်စေ၊ လူသားမျိုးနွယ်အတွက် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်မှ သင့်ကိုယ်သင် ခွဲထွက်၍မရပေ။ ထို့ပြင် လူသားတို့အတွက် သူတည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်၏ ပြုစုစောင့်ရှောက်ခြင်း၊ ပံ့ပိုးခြင်းများမှ သင်ခွဲထွက်၍မရနိုင်ပေ။ သင်၏ အသက်မွေးဝမ်းကျောင်း၊ အသက်ရှင်သန်ရန်အတွက် သင်မှီခိုသည့်အရာ၊ အသွေးအသားနှင့် သင့်ဘဝကို ထောက်ပံ့ရန် သင်မှီခိုသည့်အရာသည် မည်သည့်အရာပင်ဖြစ်စေ ဘုရားသခင်၏ အုပ်ချုပ်မှုနှင့် သူ၏စီမံခန့်ခွဲမှုမှ သင့်ကိုယ်သင် ခွဲထွက်၍ မရနိုင်ပေ။ အချို့လူများက ဤသို့ပြောသည်။ “ကျွန်ုပ်က လယ်သမားမဟုတ်ပါ၊ အသက်မွေးဝမ်းကျောင်းရေးအတွက် ကောက်ပဲသီးနှံမစိုက်ပါ။ ကျွန်ုပ်၏အစားအစာအတွက် ကောင်းကင်ဘုံကို အမှီမပြုပါ၊ ထို့ကြောင့် ဘုရားသခင် တည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်ရန်အတွက် ပတ်ဝန်းကျင်တွင် ကျွန်ုပ်ရှင်သန်နေသည်မဟုတ်ပါ။ ဤကဲ့သို့ ပတ်ဝန်းကျင်မျိုးက ကျွန်ုပ်ကို ဘာမျှမပေးပါ။” သို့သော် ဤသည်မှာ မှန်သလော။ သင်အသက်မွေးရန်အတွက် ကောက်ပဲသီးနှံမစိုက်ပျိုးဟု သင်ဆိုသည်။ သို့သော် အစေ့အဆန်များကို သင်မစားသလော။ အသားနှင့် ဥများမစားသလော။ ဟင်းသီးဟင်းရွက်နှင့် သစ်သီးများကို မစားသလော။ သင်စားသည့်အရာအားလုံး၊ သင်လိုအပ်သည့် ဤအရာအားလုံးသည် လူသားမျိုးနွယ်အတွက် ဘုရားသခင်တည်ဆောက်ခဲ့သည့် ရှင်သန်ရပ်တည်နိုင်ရန်အတွက် ပတ်ဝန်းကျင်နှင့် ခွဲခြား၍မရနိုင်ပေ။ ထို့ပြင် လူသားမျိုးနွယ် လိုအပ်သည့် အရာအားလုံး၏ အရင်းအမြစ်သည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးမှ ခွဲခြား၍မရပေ။ သင်သောက်သုံးသည့်ရေ၊ သင်ဝတ်သည့် အဝတ်အစား၊ သင်အသုံးပြုသည့် အရာများအားလုံး၊ မည်သည့်အရာသည် အရာအားလုံးထဲတွင် မပါဝင်သနည်း။ အချို့လူများက ဤသို့ပြောသည်။ “အရာအားလုံးထဲမှ ရယူထားခြင်းမဟုတ်သည့် ပစ္စည်းအချို့ရှိသည်။ ပလတ်စတစ်ကို အရာအားလုံးထဲမှ ရယူထားခြင်းမဟုတ်ပါ။ ဤအရာသည် ဓါတုပစ္စည်းဖြစ်သည်။ လူလုပ်ထားသည့် အရာဖြစ်သည်။” ဤသည်မှာ မှန်သလော။ ပလတ်စတစ်သည် လူလုပ်ထားသည့် အရာပင်ဖြစ်သည်။ ဓါတုပစ္စည်းတစ်ခုဖြစ်သည်။ သို့သော် ပလတ်စတစ်၏ နဂိုပါဝင်ပစ္စည်းများသည် မည်သည့်နေရာမှ လာသနည်း။ နဂိုမူလပါဝင်ပစ္စည်းများသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် ဝတ္ထုပစ္စည်းများမှ ရသည်။ သင်နှစ်သက်ခံစားသည့် အရာများ၊ သင်မြင်သည့်အရာများ၊ သင်အသုံးပြုသည့် အရာတစ်ခုစီတိုင်းသည် ဘုရားသခင်ဖန်ဆင်းခဲ့သည့် အရာအားလုံးမှ ရရှိသည်။ တစ်နည်းအားဖြင့်ဆိုသော် မည်သည့်လူမျိုးပင်ဖြစ်စေ၊ မည်သည့် အသက်မွေးဝမ်းကျောင်းပင်ဖြစ်စေ၊ သို့မဟုတ် လူများ ရှင်သန်ရပ်တည်နိုင်ရန်အတွက် နေထိုင်သည့် မည်သည့်ပတ်ဝန်းကျင်အမျိုးအစားပင်ဖြစ်စေ၊ ဤအရာများသည် ဘုရားသခင်၏ ပံ့ပိုးမှုမှ ခွဲထွက်မသွားနိုင်ပေ။ ဤသို့ဆိုလျှင် ယနေ့ဆွေးနွေးသည့် ဤအကြောင်းအရာများမှာ “ဘုရားသခင်သည် အရာခပ်သိမ်းအတွက် အသက်အရင်းအမြစ် ဖြစ်၏” ဟူသည့် ခေါင်းစဉ်နှင့် ဆက်စပ်သလော။ ဤသို့ဆိုလျှင် ယနေ့ဆွေးနွေးခဲ့သည့် အကြောင်းအရာများသည် ဤပိုကြီးသည့် ခေါင်းစဉ်အောက်မှာ ကျရောက်သလော။ (ကျရောက်ပါသည်။) ယနေ့ပြောခဲ့သည့် အကြောင်းအရာအချို့က အနည်းငယ်ယေဘူယျဆန်ပြီး ဆွေးနွေးရန် အနည်းငယ်ခက်နေခြင်းမျိုး ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော် ယခုသင်တို့ အနည်းငယ်ပိုပြီး နားလည်ကောင်းနားလည်လာမည်ဟု ငါထင်သည်။

မိတ်သဟာယပြုခြင်း၏ ယခင်အချိန်အချို့မှာ၊ မိတ်သဟာယပြုလုပ်ခဲ့သည့် ခေါင်းစဉ်၏ ဘောင်သည် ကျယ်ပြန့်သည်။ နယ်မြေသည် ကျယ်သည်။ ထို့ကြောင့် အားလုံးကို ခံယူရန်မှာ သင်တို့အတွက် အနည်းငယ် အားထုတ်ရသည်။ ဤသည်မှာ ဤခေါင်းစဉ်များသည် ဘုရားသခင်အပေါ် လူများ၏ ယုံကြည်မှု၌ ယခင်က မကြုံတွေ့ခဲ့ဖူးသည့် အရာများ ဖြစ်နေသောကြောင့်ဖြစ်သည်။ အချို့လူများသည် ထူးဆန်းသည့်အရာတစ်ခုအနေနှင့် နားထောင်ပြီး အချို့လူများသည် ပုံပြင်တစ်ပုဒ်အနေနှင့် နားထောင်သည်။ မည်သည့်ရှုထောင့်သည် မှန်သနည်း။ မည်သည့်ရှုထောင့်မှ ဤအရာများအားလုံးကို သင်တို့ကြားသနည်း။ (ဘုရားသခင်သည် အရာအားလုံးကို နည်းလမ်းတကျ စီစဉ်ပုံနှင့် အရာအားလုံး၌ ဤနိယာမများရှိသည်ဆိုသည်ကို ကျွန်ုပ်တို့ တွေ့မြင်ခဲ့ပြီး ဤနှုတ်ကပတ်တော်များမှတစ်ဆင့် လူသားမျိုးနွယ်ကို ကယ်တင်ရန်အတွက် ဘုရားသခင်၏ လုပ်ဆောင်ချက်များနှင့် သူ၏ စေ့စပ်သည့် စီစဉ်မှုများကို ကျွန်ုပ်တို့ နားလည်နိုင်ပါသည်။) မိတ်သဟာယပြုလုပ်သည့် ဤအချိန်များမှ တစ်ဆင့် အရာအားလုံးအပေါ်တွင် ဘုရားသခင်၏ စီမံခန့်ခွဲမှု နယ်ပယ်မှာ မည်သည့်အရာဖြစ်သည်ကို သင်တို့မြင်သလော။ (လူသားအားလုံး၊ အရာရာအားလုံးဖြစ်ပါသည်။) ဘုရားသခင်သည် လူမျိုးတစ်မျိုး၏ ဘုရားလော။ သူက လူအမျိုးအစားတစ်ခု၏ ဘုရားလော။ သူသည် လူသားမျိုးနွယ်၏ သေးငယ်သည့် အပိုင်းတစ်ခု၏ ဘုရားလော။ (မဟုတ်ပါ။) ဤကဲ့သို့မဟုတ်သည့်အတွက်ကြောင့် ဘုရားသခင်အပေါ် လူများ၏ သိမြင်မှုမှာ သူသည် လူသားမျိုးနွယ်၏ သေးငယ်သည့်အပိုင်းတစ်ခု၏ ဘုရားဆိုလျှင် သို့မဟုတ် ထိုဘုရားသည် သင်တစ်ဦးတည်း၏ ဘုရားဟု သင်ယုံကြည်လျှင်၊ ဤရှုထောင့်သည် မှန်ကန်သလော။ ဘုရားသခင်သည် အရာအားလုံးကို စီမံခန့်ခွဲပြီး အုပ်ချုပ်ခြင်းကြောင့် လူများသည် အရာအားလုံးအပေါ်တွင် သူ၏အုပ်စိုးမှုမှ ဖွင့်ပြသည့် သူ၏ လုပ်ဆောင်ချက်များ၊ သူ၏ဉာဏ်ပညာ၊ သူ၏အနန္တတန်ခိုးရှိမှုများကို မြင်တွေ့သင့်သည်။ ဤအရာသည် လူများမဖြစ်မနေသိရမည့် အရာဖြစ်သည်။ ဘုရားသခင်သည် အရာအားလုံးကို စီမံသည်၊ အရာအားလုံးအပေါ်တွင် အုပ်စိုးသည်၊ လူသားအားလုံးကို အုပ်စိုးသည်ဟု သင်ဆိုသော်လည်း လူသားမျိုးနွယ်အပေါ် သူ၏အုပ်စိုးမှုအပေါ်တွင် နားလည်ခြင်း သို့မဟုတ် သိမြင်ခြင်း မရှိလျှင် သူက အရာအားလုံးကို အုပ်စိုးသည်ဆိုသည်ကို သင်အမှန်တကယ် အသိအမှတ်ပြုနိုင်ပါ့မည်လော။ “ငါအသိအမှတ်ပြုနိုင်သည်။ ငါ၏ဘဝကို ဘုရားသခင်သည် အုပ်စိုးသည်ကို ငါသိသောကြောင့်ဖြစ်သည်” ဟု သင့်နှလုံးသားထဲတွင် သင်ဆိုကောင်းဆိုနိုင်သည်။ သို့သော် ဘုရားသခင်သည် အကယ်ပင် ထိုမျှလောက် သေးငယ်သလော။ မသေးငယ်ပေ။ သင့်အတွက် ဘုရားသခင်၏ ကယ်တင်ခြင်းနှင့် သင့်အထဲမှ သူ၏လုပ်ဆောင်ချက်ကိုသာ သင်မြင်ပြီး ဤအရာများမှ သူ၏အုပ်စိုးမှုကို သင်မြင်သည်။ ဤအရာသည် အလွန်သေးလွန်းသည့် နယ်ပယ်ဖြစ်ပြီး ဘုရားသခင်အပေါ် သင်၏အမှန်တကယ်သိမြင်မှုအပေါ်တွင် သက်ရောက်မှုရှိသည်။ ဤအရာက အရာအားလုံးအပေါ်တွင် ဘုရားသခင်၏အုပ်စိုးမှုအပေါ် သင်၏ အမှန်တကယ် သိမြင်မှုကိုလည်း ကန့်သတ်ထားသည်။ ဘုရားသခင်အပေါ် သင်၏သိမြင်မှုကို သင့်အတွက် ဘုရားသခင် ပံ့ပိုးပေးသည့်အရာနှင့် သင့်အတွက် သူ၏ ကယ်တင်ခြင်းနယ်ပယ်၌သာ ကန့်သတ်ထားလျှင် သူသည် အရာရာတိုင်းအပေါ် အုပ်စိုးခြင်း၊ အရာအားလုံးအပေါ်တွင် အုပ်စိုးခြင်းနှင့် လူသားအားလုံးအပေါ် အုပ်စိုးခြင်းကို သင်ဘယ်တော့မျှ သိမြင်နိုင်မည် မဟုတ်ပေ။ သင်က ဤအရာများအားလုံးကို မသိမြင်နိုင်သည့်အခါ ဘုရားသခင်သည် သင့်ကံကြမ္မာအပေါ် အုပ်စိုးသည်ဆိုသည့် အချက်ကို သင်အမှန်တကယ် သိမြင်နိုင်ပါ့မည်လော။ မသိမြင်နိုင်ပေ။ သင့်နှလုံးသားထဲတွင် ထိုအချက်ကို သင်ဘယ်တော့မျှ သိမြင်မည်မဟုတ်ပေ။ ထိုအဆင့်ကို သင်ဘယ်တော့မျှ သိမြင်မည်မဟုတ်ပေ။ သင်နားလည်သည် မဟုတ်လော။ အမှန်တကယ်တွင် ငါပြောနေသည့် ဤအကြောင်းအရာအပေါ်တွင်၊ ဤခေါင်းစဉ်၏ မည်သည့်အဆင့်အထိ သင်တို့ နားလည်နိုင်သည်ဆိုသည်ကို ငါသိသည်။ ဤသို့ဆိုလျှင် အဘယ်ကြောင့် ငါဆက်ပြီးပြောနေခြင်းဖြစ်သနည်း။ အဘယ်ကြောင့်ဆိုလျှင် ဤခေါင်းစဉ်များက ဘုရားသခင်၏ နောက်လိုက်တစ်ဦးချင်းစီတိုင်း၊ ဘုရားသခင်၏ကယ်တင်ခြင်းကို ခံလိုသည့် လူတစ်ဦးချင်းစီတိုင်းက နားလည်ရမည့် အရာများဖြစ်နေ၍ဖြစ်သည်။ ဤခေါင်းစဉ်များကို သူတို့သိရမည်။ ဤအချိန်တွင် ဤအရာများကို သင်နားမလည်သော်လည်း တစ်နေ့မှာ သင့်ဘဝနှင့် သမ္မာတရားအပေါ် သင်၏တွေ့ကြုံမှုသည် အဆင့်တစ်ခုကို ရောက်သွားလျှင်၊ သင်၏အသက်တာစိတ်သဘောထားအတွင်း ပြောင်းလဲခြင်းက အဆင့်တစ်ခုကို ရောက်သွားပြီး သင်၏ ဝိညာဉ်အသက်တာက အတိုင်းအတာ တစ်ခုထိ တိုးတက်သွားသည့်အခါ သင်တို့နှင့် မိတ်သဟာယပြု၍ ငါဆက်သွယ်ပြောဆိုနေသည့် ဤအကြောင်းအရာများက ဘုရားသခင်ကို သိမြင်မှုအပေါ် သင်၏ကြိုးစားမှုကို အမှန်တကယ်ထောက်ပံ့ပြီး ကျေနပ်စေမည်ဖြစ်သည်။ ထို့ကြောင့် ဤစကားလုံးများက အုတ်မြစ်တစ်ခုချရန် ဖြစ်သည်။ အရာအားလုံးအပေါ်တွင် ဘုရားသခင် အုပ်စိုးခြင်းအပေါ် နောင်အချိန်မှာ သင်နားလည်ရန်အတွက် ပြင်ဆင်ရန်ဖြစ်ပြီး ဘုရားသခင် ကိုယ်တော်တိုင် အပေါ်တွင် သင်၏ နားလည်မှုအတွက် ဖြစ်သည်။

လူတို့၏ နှလုံးသားထဲတွင် ဘုရားသခင်အပေါ် မည်မျှနားလည်သနည်းဆိုသည်က သူတို့နှလုံးသားထဲတွင် ဘုရားသခင်က နေရာမည်မျှယူထားသနည်းဆိုသည်ကို သတ်မှတ်သည်။ သူတို့နှလုံးသားထဲတွင် ဘုရားသခင်ကို သိခြင်းအဆင့်က မည်မျှကြီးသည်ဆိုခြင်းက သူတို့နှလုံးသားထဲတွင် ဘုရားသခင်က မည်မျှကြီးမြတ်သည် ဆိုခြင်းပင်ဖြစ်သည်။ သင်သိသည့် ဘုရားက အနှစ်မဲ့ပြီး ဝိုးတိုးဝါးတားဖြစ်နေလျှင် သင်ယုံကြည်သည့် ဘုရားသည်လည်း အနှစ်မဲ့ပြီး ဝိုးတိုးဝါးတားဖြစ်နေမည်ဖြစ်သည်။ သင်သိသည့် ဘုရားသည် သင်၏ ကိုယ်ပိုင်နယ်ပယ်မှာသာ ကန့်သတ်ခြင်းခံထားရသည်ဆိုလျှင် သူက အလွန်သေးငယ်သည့် ဘုရားဖြစ်ပြီး စစ်မှန်သည့် ဘုရားသခင်နှင့် ဘာမျှမသက်ဆိုင်ပေ။ ထို့ကြောင့် ဘုရားသခင်၏ အမှန်တကယ် လုပ်ဆောင်ချက်များကို သိခြင်း၊ ဘုရားသခင်၏ စစ်မှန်မှုနှင့် သူ၏ အတိုင်းအဆမဲ့တန်ခိုးကြီးမားမှုကို သိခြင်း၊ ဘုရားသခင်ကိုယ်တော်တိုင်၏ ဝိသေသလက္ခဏာအမှန်ကို သိခြင်း၊ သူ၏အရာအားလုံးနှင့်ဖြစ်ခြင်းကို သိခြင်း၊ အရာအားလုံးကြားတွင် သူထုတ်ဖော်ပြသခဲ့သည့်အရာကို သိခြင်း၊ ဤအရာများသည် ဘုရားသခင်သည် သိမြင်ရန် ကြိုးစားသည့်သူ တစ်ယောက်ချင်းစီတိုင်းအတွက် အလွန်အရေးကြီးသည်။ ဤအရာများသည် လူများ သမ္မာတရား၏ စစ်မှန်မှုထဲကို ဝင်ရောက်နိုင်မှု ရှိမရှိအပေါ်တွင် တိုက်ရိုက် ဆက်စပ်မှု ရှိနေသည်။ သင်က ဘုရားသခင်အပေါ် သင်၏နားလည်မှုကို စကားလုံးများသက်သက်အဖြစ်သာ ကန့်သတ်ထားလျှင်၊ သင်၏ နည်းပါးသော ကိုယ်ပိုင်အတွေ့အကြုံအပေါ်တွင်၊ သင်ရေတွက်သည့် ဘုရားသခင်၏ကျေးဇူးတော် သို့မဟုတ် ဘုရားသခင်အပေါ် သင်၏ နည်းပါးသော သက်သေခံခြင်းအပေါ်တွင်သာ ကန့်သတ်ထားလျှင် သင်ယုံကြည်သည့် ဘုရားသခင်သည် စစ်မှန်သည့်ဘုရားသခင် လုံးဝမဟုတ်ဟု ငါပြောမည်။ သူကိုယ်တော်တိုင်နှင့် သင်ယုံကြည်သည့် ဘုရားသခင်သည် စိတ်ကူးသက်သက် ဘုရားသခင် တစ်ပါးဖြစ်ပြီး စစ်မှန်သည့်ဘုရားသခင် မဟုတ်ဟုလည်း ဆိုနိုင်သည်။ အဘယ်ကြောင့်ဆိုလျှင် စစ်မှန်သည့်ဘုရားသခင်သည် အရာအားလုံးကို အုပ်စိုးသည့်၊ အရာအားလုံးကြားတွင် လျှောက်သွားသည့်၊ အရာအားလုံးကို စီမံသည့်သူဖြစ်သည်။ သူသည် လူသားအားလုံး၏ ကံကြမ္မာကို ချုပ်ကိုင်ထားသည့်သူဖြစ်သည်။ အရာအားလုံး၏ ကံကြမ္မာကို ချုပ်ကိုင်ထားသည့်သူဖြစ်သည်။ ငါပြောဆိုနေသည့် ဘုရားသခင်၏ အမှုနှင့် လုပ်ဆောင်ချက်များသည် လူများ၏ သေးငယ်သည့်အပိုင်းမှာသာ ကန့်သတ်မထားပေ။ ဆိုလိုသည်မှာ လက်ရှိအချိန်၌ သူ့နောက်ကိုလိုက်နေသည့်လူများထံ၌သာ ကန့်သတ်မထားပေ။ သူ၏ လုပ်ဆောင်ချက်များသည် အရာအားလုံးအထဲတွင်၊ အရာအားလုံး၏ ရှင်သန်ရပ်တည်မှုတွင်၊ အရာအားလုံး၏ ပြောင်းလဲခြင်းနိယာမများထဲတွင် ထုတ်ဖော်ပြသခြင်းခံရသည်။

သင်သည် အရာအားလုံးထဲတွင် ဘုရားသခင်၏ လုပ်ဆောင်ချက်မှန်သမျှကို မမြင်နိုင်လျှင် သို့မဟုတ် မသိမြင်နိုင်လျှင် သူ၏ မည်သည့်လုပ်ဆောင်ချက်ကိုမျှ သင်သက်သေခံနိုင်မည်မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် မည်သည့်သက်သေမျှ မခံနိုင်ဘူးဆိုလျှင်၊ သင်သိသည့် သေးငယ်သည့် ဘုရားဟုခေါ်သည့်အရာကို ဆက်လက်ပြောဆိုနေလျှင်၊ သင်၏ကိုယ်ပိုင် စိတ်ကူးထဲတွင်သာ ကန့်သတ်ထားပြီး သင်၏ကျဉ်းမြောင်းသည့် စိတ်အတွင်းမှာပဲရှိသည့်ဘုရား၊ ဤကဲ့သို့သော ဘုရားမျိုးကို ဆက်ပြောဆိုနေလျှင် ဘုရားသခင်သည် သင်၏ယုံကြည်မှုကို ဘယ်တော့မျှ ချီးမြှောက်မည် မဟုတ်ပေ။ သင်သည် ဘုရားသခင်အတွက် သက်သေခံသည့်အခါတွင် သင်က ဘုရားသခင်၏ကျေးဇူးတော်ကို မည်သို့နှစ်သက်ခံစားသည်၊ ဘုရားသခင်၏ဆုံးမမှုနှင့် ပြစ်ဒဏ်ခတ်မှုကို မည်သို့လက်ခံသည်၊ သူ့အတွက် သင်၏ သက်သေခံခြင်း၌ သူ၏ ကောင်းချီးများကို မည်သို့နှစ်သက်ခံစားသည် စသည်တို့ကိုသာ အသုံးပြုလျှင်၊ ဤအရာသည် အင်မတန် မလုံလောက်ဘဲ သူ့ကိုကျေနပ်စေရန် အဝေးကြီးလိုပါသေးသည်။ သင်သည် ဘုရားသခင်၏အလိုတော်နှင့်ကိုက်ညီသည့် ဘုရားသခင်အတွက် သက်သေခံခြင်းပြုလုပ်လိုလျှင်၊ စစ်မှန်သည့် ဘုရားသခင်ကိုယ်တော်တိုင်၏ သက်သေကိုခံလိုလျှင် ဘုရားသခင်၏ လုပ်ဆောင်ချက်များမှတစ်ဆင့် သူ၏ အရာအားလုံးနှင့်ဖြစ်ခြင်းကို သင်မြင်ရမည်။ အရာအားလုံးအပေါ်တွင် သူ၏အုပ်ချုပ်မှုမှ ဘုရားသခင်၏ အခွင့်အာဏာကို သင်တွေ့မြင်ပြီး လူသားအားလုံးအတွက် သူမည်သို့ ပံ့ပိုးပေးသည်ဆိုသည့် သမ္မာတရားကို သင်မြင်ရမည်။ သင်သည် အသက်တာ၌ သင်၏လိုအပ်ချက်များ၊ စားစရာ၊ သောက်စရာများက ဘုရားသခင်ထံမှ လာသည်ဆိုသည်ကိုသာ အသိအမှတ်ပြုပြီး အရာအားလုံးကို အသုံးပြု၍ လူသားအားလုံးအတွက် ဘုရားသခင် ထောက်ပံ့သည်ဆိုသည့် သမ္မာတရား၊ အရာအားလုံးအပေါ်တွင် သူ၏အုပ်ချုပ်မှုနှင့် လူသားများကို သူဦးဆောင်သည်ဆိုသည်ကို သင်မသိမြင်ပါက သင်သည် ဘုရားသခင်အတွက် ဘယ်တော့မျှ သက်သေခံနိုင်မည် မဟုတ်ပေ။ ယခု ဤအရာအားလုံးကို သင်နားလည်ပြီမဟုတ်လော။ ဤအရာများအားလုံးကို ပြောရသည့် ရည်ရွယ်ချက်က မည်သို့နည်း။ ဤအရာများကို သင်တို့ ခပ်ပေါ့ပေါ့မထားရန်၊ ယခုပြောခဲ့သည့် ခေါင်းစဉ်များက အသက်တာထဲသို့ သင်တို့၏ကိုယ်ပိုင်ဝင်ရောက်ခြင်းနှင့် မသက်ဆိုင်ဟု မမြင်စေရန်၊ ဤခေါင်းစဉ်များကို ဗဟုသုတတစ်မျိုးသက်သက် သို့မဟုတ် အယူဝါဒသက်သက်တစ်ခုအနေနှင့် မခံယူစေရန်အတွက် ဖြစ်သည်။ သင်သည် ဤကဲ့သို့ သဘောထားမျိုးနှင့် ဤအရာများကို နားထောင်လျှင် ဘာတစ်ခုမျှ ရမည်မဟုတ်ပေ။ ဘုရားသခင်ကိုသိရန် ဤကြီးမားသည့် အခွင့်အလမ်းကြီးကို သင်ဆုံးရှုံးရမည်ဖြစ်သည်။ ယခု ဤအရာကို မှတ်မိနိုင်ပြီမဟုတ်လော။

ဤအရာများအားလုံးကို ငါပြောရခြင်း၏ ပန်းတိုင်က အဘယ်အရာနည်း။ ငါ၏ပန်းတိုင်က ဘုရားသခင်ကို လူများသိရန်၊ ဘုရားသခင်၏ လက်တွေ့လုပ်ဆောင်ချက်များကို လူများ နားလည်ရန်ဖြစ်သည်။ သင်သည် ဘုရားသခင်ကို နားလည်ပြီး သူ၏ လုပ်ဆောင်ချက်များကို သိသည့်အချိန်ကျမှသာ သူ့ကို သိရန် ဖြစ်နိုင်ခြေ သို့မဟုတ် အခွင့်အလမ်း သင့်မှာ ရှိမည်ဖြစ်သည်။ ဥပမာ သင်က လူတစ်ယောက်ကို နားလည်လိုပါက သူတို့ကို မည်သို့ နားလည်မည်နည်း။ သူတို့၏ အပြင်ပန်းသဏ္ဌာန်ကိုကြည့်ခြင်းအားဖြင့်လော။ သူတို့ဝတ်သည့်၊ ဝတ်ဆင်ထားသည့်အရာကို ကြည့်ခြင်းအားဖြင့်လော။ သူတို့ လမ်းလျှောက်ပုံကို ကြည့်ခြင်းအားဖြင့်လော။ သူတို့၏ အသိပညာအတိုင်းအတာကို ကြည့်ခြင်းအားဖြင့်လော။ (မဟုတ်ပါ။) ဤသို့ဆိုလျှင် လူတစ်ယောက်ကို သင်မည်ကဲ့သို့ နားလည်အောင်လုပ်မည်နည်း။ လူတစ်ယောက်၏ ပြောဆို၊ ပြုမူပုံများမှတစ်ဆင့်၊ သူတို့ အတွေးများမှတစ်ဆင့်၊ သူတို့ဖော်ပြသည့်၊ ဖွင့်ပြသည့်အရာများမှတစ်ဆင့် သင်အကဲဖြတ်သည်။ ဤသည်မှာ လူတစ်ယောက်ကို သင်သိနိုင်သည့်နည်း၊ နားလည်နိုင်သည့်နည်းဖြစ်သည်။ ဤသို့ပင် သင်တို့က ဘုရားသခင်ကို သိချင်သည်ဆိုလျှင် သူ၏လက်တွေ့ကျသည့်ဘက်၊ သူ၏မှန်ကန်သည့်ဘက်ကို သိချင်သည်ဆိုလျှင် သူလုပ်ဆောင်သည့် လက်တွေ့အရာတစ်ခုချင်းစီနှင့် သူ၏လုပ်ဆောင်ချက်များမှတစ်ဆင့် သူ့ကို သိရမည်။ ဤအရာသည် အကောင်းဆုံးနည်းလမ်းဖြစ်ပြီး တစ်ခုတည်းသော နည်းလမ်းလည်းဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။