အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၂) (အပိုင်း တစ်)

ညီအစ်ကို မောင်နှမတို့ ယနေ့ ဓမ္မသီချင်းတစ်ပုဒ် သီဆိုကြစို့။ သင်တို့ ကြိုက်နှစ်သစ်ပြီး ပုံမှန်သီဆိုသော သီချင်းတစ်ပုဒ်ကို ရှာကြလော့။ (“အပြစ်အနာအဆာကင်းသည့် သန့်စင်သော ချစ်ခြင်းမေတ္တာ” ဟူသည့် ဘုရားသခင်၏နှုတ်ကပတ်တော် ဓမ္မသီချင်းကို သီဆိုလိုပါသည်။)

၁။ ချစ်ခြင်းမေတ္တာဆိုတာ အစွန်းအထင်းမရှိ ဖြူစင်တဲ့ စိတ်ခံစားမှု မို့ သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ ချစ်ခြင်းမေတ္တာသည် အတားအဆီးနှင့် အခြေနေ အကွာအဝေးတို့အပေါ် သတ်မှတ်ချက်မထားဘူး သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ သင်၌ မေတ္တာရှိလျှင် လှည့်ဖြားခြင်း၊ ညည်းတွားခြင်း တို့မရှိ ပစ်ပယ်ခြင်း တစ်စုံတစ်ရာကို ပြန်ရရန် မျှော်ကိုးခြင်းတို့မရှိ သင်၌ မေတ္တာရှိလျှင် သင်အနစ်နာခံတတ်မည်၊ အခက်အခဲကို လက်ခံတတ် ပြီး ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လိမ့်မည်။

၂။ ချစ်ခြင်းမေတ္တာ၌ သံသယ လည်းမရှိ လိမ်ညာခြင်း၊ ကောက်ကျစ်ခြင်း တို့မရှိ သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ ချစ်ခြင်း မေတ္တာ၌ အနီးအဝေး မရှိ၊ မဖြူစင်သောအရာ များလည်းမရှိဘူး သင့်နှလုံးသားဖြင့် ချစ်ခင်၊ ခံစား၊ ကရုဏာ ထားပါ သင်၌ မေတ္တာရှိလျှင် လှည့်ဖြားခြင်း၊ ညည်းတွားခြင်း တို့မရှိ ပစ်ပယ်ခြင်း တစ်စုံတစ်ရာ ကို ပြန်ရရန် မျှော်ကိုးခြင်းတို့မရှိ သင်၌ မေတ္တာရှိလျှင် သင်အနစ်နာခံတတ်မည်၊ အခက်အခဲကို လက်ခံတတ် ပြီး ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လိမ့်မည် သင်သည် သင့်မိသားစု၊ ပျိုရွယ်ချိန်နှင့် အနာဂတ်ကို ပေးလိမ့်မည်၊ ဘုရားအတွက် သင့်အိမ်ထောင်ရေးကို စွန့်လွှတ်လိမ့်မည်၊ သင့်အရာအားလုံး ဘုရားအတွက် ပေးလိမ့်မည်၊ သို့မဟုတ်ပါက သင့်အချစ်သည် ချစ်ခြင်းမေတ္တာလုံးဝမဟုတ်၊ ဘုရားကို လှည့်ဖြားခြင်း၊ ဘုရားကို သစ္စာဖောက်ခြင်းဖြစ်သည်။

၃။ သင်၌ မေတ္တာရှိလျှင် လှည့်ဖြားခြင်း၊ ညည်းတွားခြင်း တို့မရှိ ပစ်ပယ်ခြင်း တစ်စုံတစ်ရာ ကို ပြန်ရရန် မျှော်ကိုးခြင်းတို့မရှိ သင်၌ မေတ္တာရှိလျှင် သင်အနစ်နာခံတတ်မည်၊ အခက်အခဲကို လက်ခံတတ် ပြီး ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လိမ့်မည် သင်၌ မေတ္တာရှိလျှင် လှည့်ဖြားခြင်း၊ ညည်းတွားခြင်း တို့မရှိ ပစ်ပယ်ခြင်း တစ်စုံတစ်ရာ ကို ပြန်ရရန် မျှော်ကိုးခြင်းတို့မရှိ သင်၌ မေတ္တာရှိလျှင် သင်အနစ်နာခံတတ်မည်၊ အခက်အခဲကို လက်ခံတတ် ပြီး ဘုရားနှင့် တစ်လုံးတစ်ဝတည်းဖြစ်လိမ့်မည်။

ဤဓမ္မသီချင်းသည် ကောင်းသော ရွေးချယ်မှုတစ်ခု ဖြစ်၏။ ထိုသီချင်းကို သီဆိုခြင်းအား သင်တို့ နှစ်သက်ကြပါသလော။ (နှစ်သက်ပါသည်။) ထိုသီချင်းကို သီဆိုပြီးနောက်တွင် သင်တို့ မည်သည့်အရာ ခံစားရသနည်း။ သင်တို့အတွင်းတွင် ဤကဲ့သို့ ချစ်ခြင်းမေတ္တာမျိုးကို ခံစားရသလော။ (မခံစားရသေးပါ။) ထိုသီချင်း၏ မည်သည့်စာသားက သင့်ကို အနက်ရှိုင်းဆုံး တို့ထိသနည်း။ (“ချစ်ခြင်းမေတ္တာတွင် သတ်မှတ်ချက်များမရှိ၊ အတားအဆီးများမရှိသကဲ့သို့ အကွာအဝေးမရှိပေ။ ချစ်ခြင်း မေတ္တာတွင် သံသယမရှိ၊ လှည့်ဖြားမှုမရှိ၊ အလဲအလှယ်မရှိ၊ ကောက်ကျစ်မှုမရှိ။ ချစ်ခြင်းမေတ္တာတွင် ရွေးချယ်မှုမရှိ၊ မသန့်စင်သည့်အရာမရှိ။” သို့ရာတွင် ကျွန်ုပ်ကိုယ်အတွင်းတွင် မသန့်စင်မှု အများအပြားနှင့် ဘုရားသခင်နှင့် အပေးအယူလုပ်ရန် ကြိုးစားသော ကျွန်ုပ်၏ အစိတ်အပိုင်းများစွာ ကျွန်ုပ်မြင်ရဆဲ ဖြစ်သည်။ ကျွန်ုပ်သည် သန့်စင်ပြီး အပြစ်အနာအဆာကင်းသော ချစ်ခြင်းမေတ္တာမျိုးကို အမှန်တကယ် မရရှိသေးပါ။) သင်သည် သန့်စင်ပြီး အပြစ် အနာအဆာကင်းသည့် ချစ်ခြင်းမေတ္တာမျိုးကို မရရှိသေးပါက သင်၏ ချစ်ခြင်းမေတ္တာ အတိုင်းအတာမှာ အဘယ်နည်း။ (ကျွန်ုပ်မှာ ရှာဖွေရန် လိုလားနေပြီး မျှော်လင့် တမ်းတနေသည့် အဆင့် တွင်သာ ရှိနေသေးပါသည်။) သင်၏ကိုယ်ပိုင် ဝိညာဉ် အသက်တာအပေါ် အခြေခံပြီး သင်ကိုယ်တိုင်၏ အတွေ့အကြုံများမှ ပြောဆိုရလျှင်၊ သင်သည် မည်သည့် အတိုင်းအတာကို ရရှိထားပြီနည်း။ သင့်တွင် လှည့်ဖြားခြင်း ရှိသလော၊ သင့်တွင် ညည်းညူခြင်းများ ရှိသလော။ (ရှိပါ၏။) သင်၏ စိတ်နှလုံးအတွင်းတွင် တောင်းဆိုချက်များ ရှိသလော။ ဘုရားသခင်ထံမှ သင်လိုချင်ပြီး ဆန္ဒရှိသောအရာများ ရှိသလော။ (ရှိပါ၏။ ကျွန်ုပ်အတွင်း၌ စွန်းထင်းနေသည့် ဤအရာများ ရှိပါသည်။) မည်သည့် အခြေအနေများတွင် ၎င်းတို့ ထွက်ပေါ်လာသနည်း။ (ကျွန်ုပ်အတွက် ဘုရားသခင် စီစဉ် ပေးထားသည့် အခြေအနေသည် ကျွန်ုပ်၏ အယူအဆများနှင့် မကိုက်ညီသည့်အခါ၊ သို့မဟုတ် ကျွန်ုပ်၏ လိုအင်ဆန္ဒများ မပြည့်ဝသည့်အခါ ဖြစ်ပါသည်။ ထိုသို့သော အခိုက်အတန့်များတွင် ကျွန်ုပ်သည် ဤကဲ့သို့သော ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားမျိုးကို ထုတ်ဖော်ပြပါသည်။) ထိုင်ဝမ်မှ လာကြသည့် အသင် ညီအစ်ကို မောင်နှမတို့ ဤဓမ္မသီချင်းကို သင်တို့လည်း မကြာခဏ သီဆိုကြသလော။ “အပြစ်အနာအဆာ ကင်းသည့် သန့်စင်သော ချစ်ခြင်းမေတ္တာ” ဆိုသည်ကို သင်တို့ မည်သို့နားလည်သည်ကို အနည်းငယ် ပြောပြနိုင်ကြသလော။ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာကို အဘယ်ကြောင့် ဤနည်းဖြင့် အနက်ဖွင့်သနည်း။ (ဤချစ်ခြင်းမေတ္တာသည် ပြီးပြည့်စုံသော ချစ်ခြင်းမေတ္တာ ဖြစ်သည်ကို တွေ့ရသောကြောင့် ဤသီချင်းကို ကျွန်ုပ် အလွန်နှစ်သက်ပါ၏။ သို့ရာတွင် ကျွန်ုပ်မှာ ထိုစံချိန် စံညွှန်းကို မီရန် ဝေးနေသေးပြီး၊ ကျွန်ုပ်သည် စစ်မှန်သော ချစ်ခြင်းမေတ္တာကို ရရှိခြင်းမှ အလွန် အလှမ်းဝေးနေသေးသည်။ သူ၏ နှုတ်ကပတ်တော်များက ပေးသည့် ခွန်အားနှင့် ဆုတောင်းခြင်းတို့မှတစ်ဆင့် တိုးတက်မှုနှင့် ပူးပေါင်း လုပ်ဆောင်မှု ကျွန်ုပ် ပြုလုပ်နိုင်ခဲ့သည့် အရာတစ်ချို့ ရှိသည်။ သို့ရာတွင် အချို့သော စမ်းသပ်မှုများ သို့မဟုတ် ထုတ်ဖော်ပြခြင်းများကို ရင်ဆိုင်ရသည့်အချိန်တွင်၊ ကျွန်ုပ်တွင် အနာဂတ် သို့မဟုတ် ကံကြမ္မာမရှိ၊ ကျွန်ုပ်တွင် ခရီးပန်းတိုင်မရှိဟု ခံစားရပါသည်။ ထိုသို့သော အခိုက်အတန့်များတွင်၊ ကျွန်ုပ်သည် အလွန် အားနည်းသည်ဟု ခံစားရပြီး၊ ဤကိစ္စက ကျွန်ုပ်ကို မကြာခဏ အနှောင့်အယှက် ပေးပါသည်။) “အနာဂတ်နှင့် ကံကြမ္မာ” ဟု သင်ပြောသည့်အခါ အခြေခံအားဖြင့် အဘယ်အရာကို သင် ရည်ညွှန်းနေသနည်း။ သင်ရည်ညွှန်းနေသည့် အရာတစ်စုံတစ်ခု အတိအကျရှိသလော။ ယင်းသည် ရုပ်ပုံတစ်ခု သို့မဟုတ် သင်စိတ်ကူးသော အရာတစ်ခုခုလော၊ သို့မဟုတ် သင်၏ အနာဂတ်နှင့် ကံကြမ္မာသည် သင်အမှန်တကယ် မြင်နိုင်သော အရာလော။ ထိုအရာသည် အမှန်တကယ်ရှိသော အရာဝတ္ထုလော။ သင်တို့ တစ်ဦးစီကို ထိုအရာနှင့်ပတ်သက်၍ ငါ စဉ်းစားစေလိုသည်။ သင်တို့၏အနာဂတ်နှင့် သင်တို့၏ ကံကြမ္မာအတွက် သင်တို့ ရှိသည့် ပူပန်မှုက အဘယ်အရာကို ရည်ညွှန်းသနည်း။ (ယင်းမှာ ကျွန်ုပ် ရှင်သန်နိုင်ဖို့ ကယ်တင်ခြင်း ခံရနိုင်ခြင်း ဖြစ်သည်။) အသင် အခြားညီအစ်ကို မောင်နှမတို့၊ သင်တို့သည်လည်း “အပြစ်အနာအဆာကင်းသည့် သန့်စင်သော ချစ်ခြင်း” နှင့်ပတ်သက်၍ သင်တို့၏ သိနားလည်မှုကို အနည်းငယ် ပြောဆို ဆွေးနွေးကြသည်။ (လူတစ်ဦး၌ ထိုအရာ ရှိသည့်အခါ ၎င်းတို့ တစ်ဦးချင်း ဆီမှလာသည့် မသန့်စင်မှုမရှိသလို၊ သူတို့၏ အနာဂတ်နှင့် ကံကြမ္မာတို့ဖြင့် ၎င်းတို့ ထိန်းချုပ်ခြင်း မခံရပေ။ သူတို့ကို ဘုရားသခင် မည်သို့ဆက်ဆံသည်ဖြစ်စေ၊ သူတို့သည် ဘုရားသခင်၏ အမှုနှင့် သူ၏ စီစဉ်ညွှန်ကြားခြင်းများကို အပြည့်အဝ နာခံနိုင်ကြပြီး သူ့နောက်သို့ တကယ့်အဆုံးထိ လိုက်လျှောက် နိုင်ကြသည်။ ဘုရားသခင် အတွက် ဤချစ်ခြင်းမေတ္တာမျိုးသည်သာ ဖြူစင်ပြီး အပြစ်အနာအဆာ ကင်းသည့် ချစ်ခြင်းမေတ္တာ ဖြစ်သည်။ ထိုချစ်ခြင်းမေတ္တာ နှင့်ယှဉ်၍ ကျွန်ုပ်ကိုယ်ကျွန်ုပ် တိုင်းတာရာတွင်၊ ပြီးခဲ့သည့် နှစ်အနည်းငယ်တွင် ကျွန်ုပ်သည် ဘုရားသခင်ကို ယုံကြည်ရာ၌ မိမိကိုယ်ကိုယ် အသုံးတော်ခံပြီးဖြစ်သည် သို့မဟုတ် အချို့သော အရာများကို စွန့်လွှတ်ပြီးဖြစ်သည့်ပုံပေါ်သော်လည်း သူ့ကို ကျွန်ုပ်၏ နှလုံးသား အမှန်တကယ် မပေးနိုင်သေးသည်ကို တွေ့ရှိရလေသည်။ ဘုရားသခင်က ကျွန်ုပ်ကို ဖော်ထုတ်သောအခါ ကျွန်ုပ်သည် ကယ်တင်ခြင်း မခံရနိုင်ဟု ခံစားရပြီး အပျက်သဘောဆောင်သော အခြေအနေတစ်ခုတွင် နေထိုင် မိလေသည်။ ကျွန်ုပ်သည် တာဝန်များကို ထမ်းဆောင်နေသော်လည်း တစ်ချိန်တည်းမှာပင် ဘုရားသခင်နှင့် အပေးအယူ လုပ်ရန် ကြိုးပမ်းနေပြီး ဘုရားသခင်ကို ကျွန်ုပ်၏ စိတ်နှလုံး အကြွင်းမဲ့ဖြင့် မချစ်နိုင်ဘဲရှိကာ ကျွန်ုပ်၏ခရီးပန်းတိုင်၊ ကျွန်ုပ်၏ အနာဂတ်နှင့် ကျွန်ုပ်၏ကံကြမ္မာတို့သည် ကျွန်ုပ်၏ စိတ်ထဲတွင် အစဉ်အမြဲ ရှိနေခဲ့သည်ကို မြင်ရသည်။)

ဤဓမ္မသီချင်းနှင့်သက်ဆိုင်သော သဘောပေါက်မှုတချို့ သင်တို့ ရှိကြပုံ ရပြီး၊ ယင်းနှင့် သင်တို့၏ တကယ့်အတွေ့အကြုံကြား နှင့် ဆက်နွှယ်မှုအချို့ ပြုလုပ်ထားပြီးဖြစ်ပုံရလေသည်။ သို့ရာတွင် “အပြစ်အနာအဆာကင်းသည့် သန့်စင်သော ချစ်ခြင်းမေတ္တာ” ဓမ္မသီချင်းထဲက စကားစု တစ်ခုချင်းစီကို မတူညီသည့် လက်ခံမှု အတိုင်းအတာများ သင်တို့ ရှိကြသည်။ လူချို့က ယင်းသည် လိုလိုလားလားရှိခြင်းအကြောင်း ဖြစ်သည်ဟု ထင်မြင်ကြသည်၊ လူအချို့က သူတို့၏ အနာဂတ်များကို ဘေးဖယ်ထားဖို့ ကြိုးစား နေကြသည်၊ လူအချို့သည် သူတို့၏ မိသားစုများကို လက်လွှတ်ရန် ကြိုးစားနေကြပြီး၊ အချို့လူများသည် မည်သည့် အရာကိုမျှ ရရှိရန် ကြိုးစားခြင်း မရှိကြချေ။ လှည့်ဖြားခြင်း၊ ညည်းညူခြင်းမရှိရန်နှင့် ဘုရားသခင်ကို ဆန့်ကျင်ပုန်ကန်ခြင်း မရှိစေရန် အခြားသူများက မိမိတို့ကိုယ်ကိုယ် တာဝန်ရှိသည်ဟု ခံယူနေကြဆဲ ဖြစ်သည်။ ဘုရားသခင်က ဤကဲ့သို့ ချစ်ခြင်းမေတ္တာမျိုးကို အဘယ်ကြောင့် အဆိုပြုပြီး လူများအနေဖြင့် သူ့ကို ဤနည်းဖြင့်ချစ်ရန် သတ်မှတ်လိုသနည်း။ ဤသည်မှာ လူတို့ ရရှိနိုင်သော ချစ်ခြင်းမျိုးလော။ ဆိုလိုသည်မှာ၊ လူတို့သည် ဤနည်းဖြင့် ချစ်နိုင်ကြသလော။ လူတို့အနေဖြင့် သူတို့ မချစ်နိုင်သည်ကို မြင်ကောင်းမြင်နိုင်သည်၊ အဘယ်ကြောင့် ဆိုသော် သူတို့သည် ဤချစ်ခြင်းမေတ္တာမျိုး အရိပ်အမြွက်မျှ မပိုင်ဆိုင်ကြသောကြောင့် ဖြစ်သည်။ ထိုအရာကို လူတို့ မပိုင်ဆိုင်သောအခါ၊ ချစ်ခြင်းမေတ္တာအကြောင်းကို အခြေခံအားဖြင့် သူတို့မသိကြသောအခါ၊ ဘုရားသခင်က ဤနှုတ်ကပတ်တော်များကို ပြောဆိုပြီး၊ သူတို့သည် ဤနှုတ်ကပတ်တော်များနှင့် ရင်းနှီးကျွမ်းဝင်ခြင်း မရှိကြချေ။ လူတို့သည် ဤလောကနှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားထဲတွင် အသက်ရှင်ကြသည့်အတွက်၊ လူတို့အနေဖြင့် ဤချစ်ခြင်းမေတ္တာမျိုးရှိပါက သို့မဟုတ် လူတစ်ဦးသည် တောင်းခံမှုများနှင့် တောင်းဆိုမှုများ မပြုသည့် ချစ်ခြင်းမေတ္တာ၊ မိမိတို့ကိုယ်ကိုယ် ဆက်ကပ်လိုပြီး ဆင်းရဲဒုက္ခကို သည်းခံလိုစိတ်ရှိကာ သူတို့ပိုင်ဆိုင်သမျှကို စွန့်လွှတ်လိုသည့် ချစ်ခြင်းမေတ္တာဖြစ်သော ဤချစ်ခြင်းမေတ္တာမျိုးကို ပိုင်ဆိုင် နိုင်ပါက၊ ဤချစ်ခြင်းမေတ္တာမျိုး ပိုင်ဆိုင်သောသူ တစ်စုံတစ်ယောက်ကို အခြားသူများက မည်သို့ တွေးထင် ကြမည်နည်း။ ထိုသို့သော လူတစ်ဦးသည် စုံလင်သောသူ ဖြစ်လိမ့်မည်မဟုတ်လော။ (ဟုတ်ပါ၏။) ဤလောကတွင် ထိုကဲ့သို့ စုံလင်သောလူတစ်ဦး ရှိသလော။ မရှိပေ၊ ထိုသို့သော လူတစ်ဦး မရှိ၊ ဟုတ်သည် မဟုတ်လော။ လေဟာနယ်တွင် အသက်ရှင်သည်မဟုတ်ပါက၊ ဤကဲ့သို့လူမျိုးသည် ဤလောကတွင် လုံးဝ မရှိပေ။ ထိုသို့ဖြစ်သည် မဟုတ်လော။ သို့ဖြစ်ရာ လူအချို့သည်၊ ၎င်းတို့၏ အတွေ့အကြုံများမှတစ်ဆင့်၊ ဤနှုတ်ကပတ်တော်များဖြင့် ယှဉ်၍ မိမိတို့ကိုယ်ကိုယ် တိုင်းတာဖို့ ကြီးမားသည့် အားထုတ်မှုကို အသုံးပြုကြသည်။ သူတို့ကိုယ်သူတို့ ကိုင်တွယ်ဖြေရှင်းကြသည်၊ သူတို့ကိုယ်သူတို့ ချုပ်ထိန်းကြပြီး၊ သူတို့ကိုယ်သူတို့ အစဉ်တစိုက် စွန့်လွှတ်ခြင်းပင် ပြုကြသည်- သူတို့သည် ဆင်းရဲဒုက္ခခံကြပြီး မိမိတို့၏ အယူအဆများကို စွန့်လွှတ်ကြသည်။ ၎င်းတို့၏ ပုန်ကန်မှု၊ ၎င်းတို့၏ ကိုယ်ပိုင် ဆန္ဒများနှင့် လိုချင်မှုများကို စွန့်လွှတ်ကြသည်။ သို့ရာတွင် အဆုံးတွင် သူတို့ မယှဉ်နိုင်ကြသေးပေ။ အဘယ်ကြောင့် ထိုသို့ဖြစ်သနည်း။ လူတို့အတွက် လိုက်နာဖို့ စံချိန်စံညွှန်း တစ်ခုပေးရန် ဘုရားသခင်က ဤအရာများကို ပြောခြင်းဖြစ်သည်၊ ထို့ကြောင့် လူတို့အနေဖြင့် သူတို့အတွက် ဘုရားသခင် တောင်းဆိုသည့် စံချိန်စံညွှန်းကို သိလိမ့်မည်ဖြစ်သည်။ သို့ရာတွင် လူတို့က ဤအရာကို ချက်ချင်း ရရှိရမည်ဟု ဘုရားသခင်က ပြောဖူးသလော။ ဤအရာကို ရရှိဖို့ လူတို့အနေဖြင့် အချိန် မည်မျှရှိသည်ဟု ဘုရားသခင်ကပြောဖူးပါသလော။ (မပြောခဲ့ဖူးပါ။) ဘုရားသခင်က လူတို့အနေဖြင့် သူ့အား ဤနည်းဖြင့်ချစ်ရမည်ဟု ပြောခဲ့ဖူးသလော။ ဤစာပိုဒ်က ထိုသို့ ပြောထားသလော။ မဟုတ်ပေ၊ ထိုသို့ မပြောချေ။ ဘုရားသခင်သည် လူများကို သူရည်ညွှန်းသည့် ချစ်ခြင်းမေတ္တာ အကြောင်း ပြောရုံသာ ပြောခြင်းဖြစ်သည်။ လူတို့က ဤနည်းဖြင့် ဘုရားသခင်ကို ချစ်နိုင်ပြီး ဆက်ဆံနိုင်ခြင်း ရှိမရှိဆိုသည့် အရာအတွက်မူ လူသားများအပေါ် ဘုရားသခင်၏ သတ်မှတ်ချက်များမှာ အဘယ်အရာများ ဖြစ်သနည်း။ ယင်းတို့ကို ချက်ချင်း လက်လှမ်းမီရန် မလိုအပ်ပေ၊ အဘယ်ကြောင့်ဆိုသော် ယင်းသည် လူတို့၏ တတ်စွမ်းနိုင်ခြင်းများထက် ကျော်လွန် သောကြောင့် ဖြစ်သည်။ ဤနည်းဖြင့် ချစ်ရန် လူတို့အနေဖြင့် မည်သည့်အခြေအနေမျိုးများ ပြည့်စုံရန် လိုအပ်ကြောင်းကို သင်တို့ တွေးကြည့်ဖူးသလော။ လူများအနေဖြင့် ဤနှုတ်ကပတ်တော်များကို မကြာခဏဖတ်ပါက သူတို့အနေဖြင့် ဤချစ်ခြင်းမေတ္တာမျိုး တဖြည်းဖြည်း ရှိလာလိမ့်မည်လော။ (ရှိမလာနိုင်ပါ။) သို့ဖြစ်ပါက သတ်မှတ်ချက်များက အဘယ်နည်း။ ပထမဦးစွာ ဘုရားသခင်နှင့်ပတ်သက်၍ သံသယများမှ လူတို့သည် အဘယ်သို့ လွတ်ကင်းနိုင်သနည်း။ (ရိုးသားသူတို့သာလျှင် ဤအရာကို ရရှိနိုင်ပါသည်။) လှည့်ဖြားခြင်းမှ ကင်းဝေးခြင်းကော အဘယ်သို့နည်း။ (သူတို့သည်လည်း ရိုးသားသူများ ဖြစ်ရပါမည်။) ဘုရားသခင်နှင့် အပေးအယူများ မပြုလုပ်သူ တစ်ဦးဖြစ်ခြင်းကော အဘယ်သို့နည်း။ ဤသည်လည်း ရိုးသားသော လူတစ်ဦးဖြစ်ခြင်း တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ကောက်ကျစ်မှုနှင့် ကင်းရှင်းခြင်း သည်ကော အဘယ်သို့နည်း။ ချစ်ခြင်းမေတ္တာတွင် ရွေးချယ်စရာ မရှိဆိုသည်မှာ အဘယ်အရာကို ဆိုလိုသနည်း။ ဤအရာ အားလုံးသည် ရိုးသားသူတစ်ဦး ဖြစ်ခြင်းကို ပြန်ညွှန်းဆိုသလော။ ဤတွင် အချက်လက်များ အများအပြားရှိသည်။ ဘုရားသခင်က ဤချစ်ခြင်းမေတ္တာမျိုး အကြောင်းကို ဤနည်းဖြင့် ပြောဆိုနိုင်ပြီး ဖွင့်ဆိုနိုင်သည်မှာ မည်သည့်အရာကို သက်သေ ပြပါသနည်း။ ဘုရားသခင်က ဤချစ်ခြင်းမေတ္တာမျိုး ပိုင်ဆိုင်သည်ဟု ငါတို့ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဤသည်ကို မည်သည့်နေရာတွင် သင်တို့တွေ့သနည်း။ (လူသားအတွက် ဘုရားသခင်ထားသည့် ချစ်ခြင်းမေတ္တာတွင် တွေ့ပါသည်။) လူသားအတွက် ဘုရားသခင်၏ ချစ်ခြင်းသည် အခြေအနေပေါ် မူတည်သလော။ (မမူတည်ပါ။) ဘုရားသခင်နှင့် လူသားအကြားတွင် အတားအဆီးများ သို့မဟုတ် ဝေးကွာမှု ရှိသလော။ (မရှိပါ။) ဘုရားသခင်သည် လူသားနှင့်ပတ်သက်၍ သံသယများရှိသလော။ (မရှိပါ။) ဘုရားသခင်သည် လူသားကို လေ့လာပြီး လူသားကို နားလည်သည်။ သူသည် လူသားကို အမှန်တကယ် နားလည်သည်။ ဘုရားသခင်သည် လူသားအပေါ် လှည့်ဖြားသလော။ (မလှည့်ဖြားပါ။) ဘုရားသခင်သည် ဤချစ်ခြင်းမေတ္တာ အကြောင်းကို အလွန်စုံလင်စွာ ပြောသည့်အတွက် သူ၏ စိတ်နှလုံး သို့မဟုတ် သူ၏ အနှစ်သာရသည်လည်း အလွန်စုံလင် နိုင်မည်လော။ (စုံလင် နိုင်ပါသည်။) လူများသည် ချစ်ခြင်းမေတ္တာကို ဤနည်းဖြင့် အဓိပ္ပာယ်ဖွင့်ဆိုဖူးသလော။ မည်သည့်အခြေအနေများတွင် လူသားသည် ချစ်ခြင်းမေတ္တာကို အဓိပ္ပာယ်ဖွင့်ဆိုသနည်း။ လူသားသည် ချစ်ခြင်းမေတ္တာ အကြောင်း မည်သို့ပြောဆိုသနည်း။ လူသားသည် ပေးကမ်းခြင်း သို့မဟုတ် ပူဇော်ခြင်းအရ ချစ်ခြင်းမေတ္တာကို ပြောဆိုသလော။ (ဟုတ်ပါသည်။) ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော ဤအဓိပ္ပာယ် ဖွင့်ဆိုမှုသည် လွယ်သယောင် ပြုထားသည်၊ အနှစ်သာရ ကင်းမဲ့လေသည်။

ချစ်ခြင်းမေတ္တာနှင့်ဆိုင်သော ဘုရားသခင်၏ အဓိပ္ပာယ် ဖွင့်ဆိုချက်နှင့် ချစ်ခြင်းမေတ္တာနှင့်ဆိုင်၍ ဘုရားသခင်၏ ပြောဆိုပုံတို့သည် သူ၏အနှစ်သာရနှင့်ဆိုင်သော သွင်ပြင် လက္ခဏာတစ်ခုနှင့် ဆက်နွှယ်နေသည်၊ သို့သော်လည်း ယင်းမှာ မည်သည့် သွင်ပြင်လက္ခဏာဖြစ်သနည်း။ ပြီးခဲ့သည့်အချိန်က လူတို့ ယခင်က မကြာခဏ ဆွေးနွေးကြပြီးဖြစ်သည့် အလွန်အရေးကြီးသော အကြောင်းအရာနှင့် ပတ်သက်၍ ငါတို့ မိတ်သဟာယပြုခဲ့ကြသည်။ ဤအကြောင်းအရာတွင် ဘုရားသခင်ကို ယုံကြည်ခြင်းဖြစ်စဉ်၌ မကြာခဏ ပြောရလေ့ရှိသော စကားတစ်လုံး ပါဝင်လေသည်၊ သို့ရာတွင် ယင်းသည် အယောက်တိုင်းက ရင်းနှီးသကဲ့သို့ စိမ်းနေသလိုလည်း ခံစားရသည့် စကားတစ်ခွန်း ဖြစ်သည်။ အဘယ်ကြောင့် ဤအရာကို ငါဆိုသနည်း။ ယင်းသည် လူသား၏ ဘာသာစကားများမှလာသော စကားလုံးဖြစ်သည်၊ သို့ရာတွင် လူတို့အကြားတွင် ယင်း၏အဓိပ္ပာယ်သည် ထင်ရှားသလို မထင်မရှားလည်း ဖြစ်သည်။ ဤသည်မှာ အဘယ်စကားလုံး ဖြစ်သနည်း။ (သန့်ရှင်းခြင်း ဖြစ်ပါသည်။) သန့်ရှင်းခြင်း- ယင်းသည် ယခင်တစ်ခေါက်က ငါတို့ မိတ်သဟာယပြုခဲ့သော ခေါင်းစဉ်ဖြစ်သည်။ ငါတို့သည် ဤခေါင်းစဉ်နှင့်ပတ်သက်၍ အပိုင်းတစ်ခုကို မိတ်သဟာယပြုခဲ့သည်။ ကျွန်ုပ်တို့၏ ပြီးခဲ့သည့် မိတ်သဟာယမှတစ်ဆင့်၊ အယောက်တိုင်းသည် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရနှင့်ပတ်သက်၍ အသစ်သော နားလည်မှုအချို့ ရရှိခဲ့ကြသလော။ ဤနားလည်မှု၏ မည်သည့် ကဏ္ဍကို လုံးဝ သစ်လွင်သည်ဟု သင်တို့ ထင်သနည်း။ ဤနားလည်မှုမှဖြစ်စေ၊ ထိုစကားများတွင်းမှဖြစ်စေ အဘယ်အရာက ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် သက်ဆိုင်သည့် သင်တို့၏ နားလည်သဘောပေါက်ခြင်းသည် မိတ်သဟာယ အတွင်း ငါပြောသွားသည့် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် ကွဲပြားသည်ဟု သင့်တို့ကို ခံစားရစေသနည်း။ ဤအရာနှင့် ပတ်သက်၍ ထင်မြင်ချက် တစ်ခုခု သင်တို့ ရှိသလော။ (ဘုရားသခင်က သူ့စိတ်နှလုံးထဲတွင် ခံစားရသည့်အရာကို ပြောဆိုခြင်းဖြစ်သည်။ သူ၏နှုတ်ကပတ်တော်များသည် အစွန်းအထင်း မဲ့သည်။ ဤသည်မှာ သန့်ရှင်းခြင်းနှင့် ပတ်သက်သည့် ရှုထောင့်တစ်ခု၏ သရုပ်သကန် ဖြစ်သည်။) (ဘုရားသခင်သည် လူသားအပေါ် အမျက်ဒေါသ ဖြစ်သည့် အခါလည်း သန့်ရှင်းခြင်းရှိပါသည်၊ သူ၏ အမျက်ဒေါသသည် အပြစ်အနာအဆာမရှိပါ။) (ဘုရားသခင်၏ သန့်ရှင်းခြင်း အတွက်မူ၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အတွင်းတွင် ကိုယ်တော်၏ အမျက်ဒေါသနှင့် သနားခြင်း ကရုဏာ နှစ်ခုလုံးရှိသည်ဟု ကျွန်ုပ် နားလည် ပါသည်။ ဤအရာက ကျွန်ုပ်အပေါ် အားကောင်းသော ထင်မြင်ချက် ကျန်ရစ်စေပါသည်။ ကျွန်ုပ်တို့၏ ပြီးခဲ့သည့် မိတ်သဟာယတွင်၊ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် အတုမရှိ ဖြစ်သည်ဟုလည်း ဖော်ပြခဲ့သည်။ ယခင်က ဤအရာကို ကျွန်ုပ် နားမလည်ခဲ့ပါ။ ဘုရားသခင်၏ အမျက်ဒေါသသည် လူသား၏ ဒေါသနှင့် ကွာခြားသည်ကို ဘုရားသခင် မိတ်သဟာယပြုခဲ့ပြီးသည့်အရာကို ကြားပြီးနောက်တွင်မှ ကျွန်ုပ် နားလည်ခဲ့သည်။ ဘုရားသခင်၏ အမျက်ဒေါသသည် အပြုသဘောဆောင်သော အရာဖြစ်ပြီး၊ ယင်းတွင် မူရှိပါသည်။ ဘုရားသခင်၏ ပင်ကို အနှစ်သာရကြောင့် ထိုအရာက ထွက်ပေါ် လာခြင်းဖြစ်ပါသည်။ ဘုရားသခင်သည် အပျက်သဘောဆောင်သည့် အရာတစ်ခုကို တွေ့ခဲ့သောကြောင့်၊ သူ၏ အမျက်ဒေါသကို လွှတ်တော်မူခြင်း ဖြစ်ပါသည်။ ဤသည်မှာ မည်သည့်ဖန်ဆင်းခံသတ္တဝါကမျှ မပိုင်ဆိုင်သည့် အရာတစ်ခုဖြစ်သည်။) ယနေ့ ငါတို့၏ ခေါင်းစဉ်မှာ ဘုရားသခင်၏ သန့်ရှင်းခြင်း ဖြစ်သည်။ လူများအားလုံးသည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားနှင့်ပတ်သက်၍ တစ်စုံတစ်ရာကို ကြားကာ သင်ယူကြပြီးဖြစ်သည်။ ထို့အပြင် လူများစွာက ဘုရား၏ သန့်ရှင်းခြင်းနှင့် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထား အကြောင်းကို တစ်ချိန်တည်းတွင် မကြာခဏ ပြောဆိုကြသည်။ ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သန့်ရှင်းသည်ဟု ပြောသည်။ “သန့်ရှင်းခြင်း” ဟူသော စကားလုံးသည် မည်သူနှင့်မျှ မစိမ်းသည်မှာ သေချာပေသည်- ထိုစကားလုံးသည် အများ သုံးစွဲသော စကားလုံးတစ်ခု ဖြစ်သည်။ သို့သော် ထိုစကားလုံး အတွင်းရှိ အနက်အဓိပ္ပါယ်နှင့် စပ်လျဉ်း၍မူ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော မည်သည့် ဖော်ပြချက်များကို လူများက မြင်နိုင်ကြသနည်း။ လူတို့ သတိပြုမိနိုင်သည့် မည်သည့်အရာကို ဘုရားသခင် ထုတ်ဖော်ပြထားပါသနည်း။ ဤသည်မှာ မည်သူမျှ မသိသောအရာ တစ်စုံတစ်ခု ဖြစ်ပေ၏။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သော်လည်း အကယ်၍ သင်သည် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားကိုယူပြီး ယင်းမှာ သန့်ရှင်းပါသည်ဟု ပြောပါက၊ ယင်းသည် အနည်းငယ် ဝေဝါးနေပုံပေါ်သည်၊ အနည်းငယ် ရှုပ်ထွေးနေပုံပေါ်သည်။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ ဘုရားသခင်၏ စိတ်သဘောထားသည် ဖြောင့်မတ်သည်ဟု သင်ပြောသည်၊ သို့မဟုတ် ဘုရားသခင်၏ ဖြောင့်မတ်သော စိတ်သဘောထားသည် သန့်ရှင်းသည်ဟု သင်ပြောသည်။ သို့ဖြစ်ရာ သင်တို့၏ စိတ်နှလုံးတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မည်သို့ သတ်မှတ်ကြသနည်း။ ယင်းကို သင်တို့ မည်သို့နားလည်ကြသနည်း။ ဆိုလိုသည်မှာ၊ ဘုရားသခင် ဖော်ထုတ်ခဲ့သည့်အရာ သို့မဟုတ် သူ၏ အရာအားလုံးနှင့် ဖြစ်ခြင်းမှာ အဘယ်သို့နည်း၊ လူတို့သည် သန့်ရှင်းသည်ဟု အသိအမှတ်ပြုကြမည်လော။ ယခင်က ဤအရာကို သင်တို့ တွေးဖူးကြပါသလော။ ငါမြင်တွေ့ခဲ့ရသည်မှာ လူများသည် အများအသုံးပြုသော စကားလုံးများကို မကြာခဏ ပြောဆို တတ်ကြသည်၊ သို့တည်းမဟုတ် အထပ်ထပ်အခါခါ ပြောပြီးသော စကားစုများရှိတတ်ကြသည်၊ သို့သော် သူတို့ ပြောနေသည့် အရာကို သိပင်မသိကြခြင်း ဖြစ်သည်။ ယင်းမှာ ထိုအကြောင်း လူတိုင်းပြောဆိုပုံဖြစ်ပြီး ၎င်းတို့ ပြောဆိုနေကျ ဖြစ်သည်။ သို့ဖြစ်ရာ ယင်းသည် သတ်မှတ်ထားသော စကားရပ်တစ်ခု ဖြစ်လာသည်။ သို့ရာတွင် သူတို့သည် အသေးစိတ် အချက်အလက်များကို စုံစမ်းစစ်ဆေးပြီး အမှန်တကယ် လေ့လာမည်ဆိုပါက ထိုအရာ၏ တကယ့်အဓိပ္ပာယ် သို့မဟုတ် မည်သည့်အရာရည်ညွှန်းသည်ကို ၎င်းတို့မသိကြောင်း တွေ့ရမည် ဖြစ်သည်။ “သန့်ရှင်းခြင်း” ဟူသော စကားလုံးကဲ့သို့ပင် သူတို့ပြောသော ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် စပ်လျဉ်း၍ ဘုရားသခင်၏ အနှစ်သာရ နှင့်ဆိုင်သော မည်သည့် သွင်ပြင်လက္ခဏာကို အတိအကျ ညွှန်းဆိုသည်ကို မည်သူမျှ မသိသကဲ့သို့ “သန့်ရှင်းခြင်း” ဟူသောစကားလုံးကို ဘုရားသခင်နှင့် မည်သို့ သဟဇာတဖြစ်စေရမည်ကို မည်သူမျှမသိပေ။ လူတို့သည် ၎င်းတို့၏ စိတ်နှလုံးများထဲတွင် မရှင်းမလင်းဖြစ်ကြပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းအပေါ် ၎င်းတို့၏ သိမှတ်ခြင်းသည်လည်း မရေမရာနှင့် မရှင်းမလင်း ဖြစ်လေသည်။ ဘုရားသခင်၏ သန့်ရှင်းပုံအနေနှင့်မူ မည်သူမျှ သိပ်ရှင်းလင်းသည် မဟုတ်ပေ။ ယနေ့တွင် လူတို့အနေဖြင့် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရနှင့်ဆိုင်သော တကယ့် အကြောင်းအရာကို မြင်နိုင်ကြဖို့အလို့ငှာ “သန့်ရှင်းခြင်း” ဟူသောစကားလုံးကို ဘုရားသခင်နှင့် သဟဇာတဖြစ်စေဖို့အလို့ငှာ ဤခေါင်းစဉ်ကို ငါတို့ မိတ်သဟာယပြုကြမည်။ ဤအရာက လူများကို ဤစကားလုံးများအား ဂရုမစိုက်ဘဲ အကျင့်ပါပြီး အသုံးပြုခြင်းနှင့် မည်သည့်အရာဆိုလိုသည်ကို မသိသည့်အခါ သို့မဟုတ် မှန်ကန် တိကျခြင်း ရှိမရှိကို မသိသည့်အခါ အမှုအရာများကို နမော်နမဲ့ပြောဆိုခြင်းမှ တားဆီးလိမ့်မည် ဖြစ်သည်။ လူတို့သည် ဤကဲ့သို့ အမြဲပြောဆိုကြပြီး ဖြစ်သည်။ သင် ပြောဖူးသည်၊ သူပြောဖူးသည်၊ ထိုသို့ဖြင့် ယင်းသည် ပြောနေကျ စကား တစ်ခုဖြစ်လာသည်။ ဤအရာ အမှတ်တမဲ့ဖြင့် “သန့်ရှင်းခြင်း” ဟူသော စကားလုံးကို အရောင်စွန်းထင်း စေခဲ့သည်။

အပေါ်ယံအားဖြင့်၊ “သန့်ရှင်းခြင်း” ဟူသည့် စကားလုံးသည် နားလည်ရန် အလွန်လွယ်ကူသည်ဟု ထင်ရသည် မဟုတ်လော။ အနည်းဆုံးအနေဖြင့် လူများသည် “သန့်ရှင်းခြင်း” ဟူသော စကားလုံးကို စင်ကြယ်ခြင်း၊ သန့်ပြန့်ခြင်း၊ အလေးအမြတ် ဖြစ်ခြင်းနှင့် ဖြူစင်ခြင်းကို ဆိုလိုသည်ဟု ယုံကြည်ကြသည်။ ယခုပင် ငါတို့ သီဆိုခဲ့ကြသည့် “အပြစ်အနာအဆာကင်းသည့် သန့်စင်သော ချစ်ခြင်းမေတ္တာ” ဟူသော ဓမ္မသီချင်းထဲတွင် “သန့်ရှင်းခြင်း” ကို “ချစ်ခြင်းမေတ္တာ” နှင့် ဆက်စပ်သော သူအချို့လည်း ရှိသည်။ ဤသည်မှာ မှန်ကန်ပေသည်။ ဤသည်မှာ ယင်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် သူ့အနှစ်သာရ၏ တစ်စိတ်တစ်ဒေသ ဖြစ်သော်လည်း အလုံးစုံကား မဟုတ်ချေ။ သို့ရာတွင်၊ လူတို့၏ အယူအဆများတွင် ထိုစကားလုံးကို မြင်ပြီး ဖြူစင်ပြီး သန့်စင်သကဲ့သို့ သူတို့ကိုယ်တိုင် ရှုမြင်သည့် အရာများဖြင့် သို့မဟုတ် သန့်ပြန့်သည်၊ အပြစ်အနာအဆာကင်းသည်ဟု သူတို့ကိုယ်တိုင်ထင်သော အရာများနှင့် ဆက်စပ်တတ်ကြသည်။ ဥပမာအားဖြင့်၊ လူအချို့က ကြာပန်းသည် သန့်ရှင်းသည်၊ ပြီးလျှင် ညစ်ပတ်သော ရွှံ့နွံမှ အပြစ်အနာအဆာကင်းစွာ ပွင့်သည်ဟု ဆိုကြသည်။ ထို့ကြောင့် လူများက “သန့်ရှင်းခြင်း” စကားလုံးကို ကြာပန်းအတွက် စတင်သုံးစွဲကြသည်။ လူအချို့က လုပ်ကြံဖန်တီးထားသော အချစ်ဇာတ်လမ်းများကို သန့်ရှင်း သကဲ့သို့ မြင်ကြသည်၊ သို့မဟုတ် သူတို့သည် စိတ်ကူးယဉ်၊ အံ့ဖွယ်ကောင်းသော ဇာတ်ကောင်များကို သန့်ရှင်းသည်ဟု မြင်ကောင်းမြင်ကြမည်။ ထို့အပြင် အချို့က သမ္မာကျမ်းစာထဲမှ လူများ သို့မဟုတ် သန့်ရှင်းသူများ၊ တမန်တော်များ၊ သို့မဟုတ် တစ်ချိန်က ဘုရားသခင်သည် သူ၏အမှုကို ပြုစဉ် သူ့နောက်လိုက်ခဲ့ကြသူများကဲ့သို့သော ဝိညာဉ်ရေးရာ စာအုပ်များတွင် ရေးသားထားသည့် အခြားသူများကို သန့်ရှင်းသည့် ဝိညာဉ်ရေးရာ အတွေ့အကြုံများ ရှိခဲ့သည်ဟု ယူဆကြသည်။ ဤအရာအားလုံးသည် လူများ တွေးထင်ခဲ့ကြသော အရာများဖြစ်သည်။ ၎င်းတို့သည် လူများ ကိုင်စွဲထားသည့် အယူအဆများ ဖြစ်ကြသည်။ လူများသည် ဤသို့သော အယူအဆများကို အဘယ်ကြောင့် ကိုင်စွဲ ထားကြသနည်း။ အကြောင်းရင်းမှာ အလွန်ရိုးရှင်းသည်- ယင်းမှာ လူတို့သည် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားများ ကြားတွင် အသက်ရှင်ကြပြီး၊ ဆိုးယုတ်ပြီး ညစ်ညမ်းသည့် လောကတွင် နေထိုင်သောကြောင့်ဖြစ်သည်။ ၎င်းတို့မြင်သော အရာအားလုံး၊ ထိတွေ့သော အရာအားလုံး၊ တွေ့ကြုံသော အရာအားလုံးသည် စာတန်၏ ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်းအပြင် စာတန်၏ စွမ်းအားအောက်တွင် ရှိသော လူများကြား ဖြစ်ပွားသည့် အကြံအစည်၊ ခွက်စောင်းခုတ်ခြင်းနှင့် စစ်ပွဲများကြောင့် ဖြစ်ကြသည်။ သို့ဖြစ်ရာ ဘုရားသခင်သည် သူ၏အမှုကို လူတို့ထဲတွင် ဆောင်ရွက် သည့်အခါတွင်ပင်၊ သူတို့ကို စကားပြောဆိုပြီး သူ၏ စိတ်သဘောထားနှင့် အနှစ်သာရကို ဖော်ပြသည့်အခါတွင်ပင် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့် အနှစ်သာရတို့ကို ၎င်းတို့ မမြင်နိုင် သို့မဟုတ် မသိနိုင်ကြပေ။ ဘုရားသခင်သည် သန့်ရှင်းသည်ဟု လူတို့က မကြာခဏ ပြောကြသော်လည်း စစ်မှန်သော သိနားလည်မှု ကင်းမဲ့ကြသည်။ ၎င်းတို့သည် အနှစ်မဲ့သော စကားလုံးများကို ပြောနေကြခြင်းသာဖြစ်သည်။ လူတို့သည် ညစ်ညမ်းမှုနှင့် ဖောက်ပြန်ပျက်စီးမှုအလယ်တွင် အသက်ရှင်ကြပြီး စာတန်၏ အုပ်စိုးမှုထဲတွင် ရှိကြသကဲ့သို့ အလင်းကို မမြင်ကြသောကြောင့်၊ အပြုသဘောဆောင်သော ကိစ္စရပ်များကို ၎င်းတို့ဘာမျှမသိကြချေ၊ ထို့အပြင် သမ္မာတရားကို မသိကြ၊ “သန့်ရှင်းခြင်း” က မည်သည့်အရာကို ဆိုလိုသည်ကို မည်သူမျှ မှန်ကန်စွာ မသိကြပေ။ ထို့ကြောင့် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် သန့်ရှင်းသောအရာများ သို့မဟုတ် သန့်ရှင်းသောလူများ ရှိသလော။ ငါတို့ သေချာပေါက် ပြောနိုင်သည်။ မရှိချေ။ ဘုရားသခင်၏ အနှစ်သာရသာလျှင် သန့်ရှင်းသောကြောင့် မရှိခြင်း ဖြစ်သည်။

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။