အတုမရှိ ဘုရားသခင်ကိုယ်တော်တိုင် (၅)

ဘုရားသခင်၏ သန့်ရှင်းခြင်း (၂) (အပိုင်း လေး)

၅။ လူသားကို ဖောက်ပြန်ပျက်စီးစေရန် စာတန်က လူမှုခေတ်ရေစီးကြောင်းများကို အသုံးပြုပုံ

လူမှုခေတ်ရေစီးကြောင်းများက မည်သည့်အချိန်တွင် စတင် တည်ရှိလာခဲ့သနည်း။ မျက်မှောက်ခေတ်တွင်မှ ထိုအရာများ ဖြစ်တည်လာခဲ့သလော။ စာတန်က လူတို့ကို စတင် ဖောက်ပြန် နေစေသည့်အချိန်တွင် လူမှုခေတ်ရေစီးကြောင်းများ ဖြစ်လာ ခဲ့သည်ဟု ပြောနိုင်သည်။ လူမှုခေတ် ရေစီးကြောင်းများထဲတွင် မည်သည့်အရာ ပါဝင်သနည်း။ (ဝတ်ပုံစားပုံများနှင့် မိတ်ကပ်တို့ ပါဝင်ပါသည်။) ဤအရာများသည် လူတို့ မကြာခဏ ထိတွေ့ လာရသည့် အရာများ ဖြစ်ကြသည်။ ဝတ်ပုံစားပုံများ၊ ဖက်ရှင်နှင့် ခေတ်ရေစီးကြောင်းများ၊ ဤအရာများက သေးငယ်သည့် ကဏ္ဍတစ်ခုကို ဖန်တီးလေသည်။ အခြားတစ်ခုတစ်လေ ရှိသေး သလော။ လူတို့ ပြောနေကျဖြစ်သည့် ကျော်ကြားသည့် စကားရပ်များလည်း ပါဝင်သလော။ လူတို့လိုချင်ကြသည့် ဘဝနေထိုင်မှု ပုံစံများကော ပါဝင်သလော။ ဂီတကြယ်ပွင့်များ၊ ထင်ရှားကျော်ကြားသူများ၊ မဂ္ဂဇင်းများနှင့် လူတို့ နှစ်သက်သည့် ဝတ္ထုများ ပါဝင်သလော။ (ပါဝင်ပါသည်။) သင်တို့၏ စိတ်ထဲတွင်၊ မည်သည့် ခေတ်ရေစီးကြောင်း၏ သွင်ပြင်လက္ခဏာက လူကို ဖောက်ပြန်ပျက်စီးစေနိုင်သနည်း။ ဤခေတ်ရေစီးကြောင်းများထဲမှ မည်သည်က သင်တို့အဖို့ အဆွဲဆောင်ဆုံး ဖြစ်သနည်း။ လူအချို့က၊ “ကျွန်ုပ်တို့အားလုံး အရွယ်တစ်ခုကို ရောက်ခဲ့ကြပြီ၊ ကျွန်ုပ်တို့က အသက် ငါးဆယ်၊ ခြောက်ဆယ်၊ ခုနှစ်ဆယ် သို့မဟုတ် ရှစ်ဆယ်ထဲ ဝင်နေကြပြီဖြစ်ပြီး ဤခေတ်ရေစီးကြောင်းများနှင့် အံမဝင်နိုင်တော့သကဲ့သို့ ၎င်းတို့သည် အမှန်တကယ် ကျွန်ုပ်တို့ကို မဆွဲဆောင်ပါ” ဟုပြောကြသည်။ ဤသည်မှာ မှန်သလော။ အခြားသူများက၊ “ထင်ရှားကျော်ကြားသူများနောက် ကျွန်ုပ်တို့ မလိုက်ပါ၊ ယင်းမှာ လူငယ်လူရွယ်များက ၎င်းတို့၏ အသက်နှစ်ဆယ်အရွယ်တွင် လုပ်ဆောင်သည့် အရာတစ်ခု ဖြစ်သည်။ ကျွန်ုပ်တို့က ခေတ်ဆန်သည့် အဝတ်အစားများကိုလည်း မဝတ်ပါ၊ ၎င်းမှာ အသွင်အပြင်ကို ဂရုစိုက်သည့် လူများပြုလုပ်သည့် အရာတစ်ခု ဖြစ်သည်” ဟုပြောကြသည်။ ထိုသို့ဆိုလျှင်၊ ဤအရာများထဲမှ မည်သည့်အရာက သင်တို့ကို ဖောက်ပြန် ပျက်စီးစေနိုင်သနည်း။ (လူကြိုက်များသည့် ဆိုရိုးစကားများ ဖြစ်ပါသည်။) ဤဆိုရိုးစကားများက လူတို့ကို ဖောက်ပြန်ပျက်စီး စေနိုင်သလော။ ဥပမာတစ်ခုကို သင်တို့အား ငါပေးမည်၊ ပြီးလျှင် ၎င်းက လူတို့ကို ဖောက်ပြန်ပျက်စီးစေနိုင်ခြင်း ရှိမရှိ သင်တို့ မြင်နိုင်သည်- “ငွေက ကမ္ဘာကို လည်ပတ်စေသည်”- ဤသည်မှာ ခေတ်ရေစီးကြောင်းတစ်ခုလော။ သင်တို့ပြောခဲ့သည့် ဖက်ရှင်နှင့် အစားအသောက်ကောင်း ခေတ်ရေစီးကြောင်းများနှင့် နှိုင်းယှဉ်ပါက ဤသည်မှာ ပို၍များစွာဆိုးရွားသည် မဟုတ်လော။ “ငွေက ကမ္ဘာကို လည်ပတ်စေသည်” ဆိုသည်မှာ စာတန်၏ အတွေးအခေါ်တစ်ခုဖြစ်ပြီး၊ လူသားမျိုးနွယ် တစ်ခုလုံးအကြား၊ လူ့အသိုင်းအဝိုင်းတိုင်းတွင် ပျံ့နှံ့လေသည်။ ယင်းသည် လူတစ်ဦးစီတိုင်း၏ စိတ်နှလုံးထဲ သွတ်သွင်းခံရသောကြောင့် ၎င်းကို ခေတ်ရေစီးကြောင်းတစ်ခု ဖြစ်သည်ဟု သင်ပြောနိုင်သည်။ အစကတည်းမှ၊ လူတို့သည် ဤဆိုရိုးစကားကို လက်မခံခဲ့ကြသော်လည်း၊ ထို့နောက် လက်တွေ့ဘဝနှင့် ထိတွေ့လာရချိန်တွင် ထိုဆိုရိုးစကားကို သိသိသာသာ လက်ခံကြပြီး ဤစကားများက ဧကန်အမှန် မှန်ကန်သည်ဟု စတင်ခံစားကြလေသည်။ ဤသည်မှာ စာတန်က လူသားကို ဖောက်ပြန်ပျက်စီးစေခြင်း ဖြစ်စဉ် မဟုတ်လော။ လူတို့သည် ဤဆိုရိုးစကားကို တူညီသည့်အတိုင်းအတာဖြင့် နားလည်ကောင်း နားလည်မည်မဟုတ်သော်လည်း၊ အယောက်တိုင်းသည် အနီးတစ်ဝိုက်တွင် ဖြစ်နေသည့် အရာများနှင့် ၎င်းတို့၏ ပုဂ္ဂိုလ်ရေး အတွေ့အကြုံများကို အခြေခံပြီး၊ ဤဆိုရိုးစကား နှင့်ဆိုင်သော မတူကွဲပြားသည့် အနက်ပြန်ခြင်းနှင့် သိမှတ်မှု အတိုင်းအတာများ ရှိကြသည်။ ယင်းမှာ မှန်၏လော။ တစ်စုံတစ်ယောက်သည် ဤဆိုရိုးစကားနှင့် သက်ဆိုင်သော အတွေ့အကြုံမည်မျှရှိပါစေ၊ တစ်စုံတစ်ယောက်၏ စိတ်နှလုံးသား အပေါ် မည်သည့် အပျက်သဘောဆောင်သော သက်ရောက်မှု ရှိနိုင်သနည်း။ သင်တို့ အယောက်စီတိုင်းအပါအဝင် ဤလောက ထဲက လူတို့၏ လူသား စိတ်သဘောထားမှတစ်ဆင့် တစ်စုံတစ်ခု ထုတ်ဖော်ပြခံရသည်။ ထုတ်ဖော်ပြခံရသည့် ဤအရာကို မည်သို့ အနက်ဖွင့်ကြသနည်း။ ယင်းသည် ငွေကို ကိုးကွယ်ခြင်းဖြစ်သည်။ ယင်းကို တစ်စုံတစ်ယောက်၏ စိတ်နှလုံးသားထဲမှ ဖယ်ရှားဖို့ ခက်ခဲသလော။ အင်မတန် ခက်ခဲသည်။ လူသားနှင့်ဆိုင်သော စာတန်၏ ဖောက်ပြန်ပျက်စီးစေခြင်းသည် ဧကန်အမှန် အလွန် နက်ရှိုင်း၏။ ထို့ကြောင့် စာတန်သည် လူကို ဖောက်ပြန်ပျက်စီး စေရန် ဤခေတ်ရေစီးကြောင်းကို အသုံးပြုပြီးနောက်တွင် ယင်းသည် ၎င်းတို့အတွင်း၌ အဘယ်သို့ ပေါ်လွင်သနည်း။ ဤလောကတွင် ငွေတစ်ခုတစ်လေမျှမရှိဘဲ အသက်ရှင်မနေနိုင်၊ ငွေမရှိဘဲ တစ်ရက်မျှပင် မဖြစ်နိုင်ဟု သင်တို့ခံစားသလော။ လူတို့၏ အဆင့်အတန်းသည် ၎င်းတို့ ခံယူသည့် လေးစားမှုကဲ့သို့ ငွေမည်မျှရှိသည်ဆိုသည့်အပေါ် အခြေခံနေသည်။ ဆင်းရဲသားတို့၏ နောက်ကျောသည် အရှက်တရားတို့ဖြင့် ကွေးညွှတ်နေစဉ်၊ လူချမ်းသာတို့သည် ၎င်းတို့၏ မြင့်မားသည့် အဆင့်အတန်းကို သာယာ နေကြသည်။ သူတို့သည် ရဲရင့်ပြီး မော်ကြွားကြသည်၊ ကျယ်လောင်စွာ စကားပြောကြပြီး၊ မာန်မာနထောင်လွှားစွာ နေထိုင်ကြသည်။ ဤဆိုရိုးစကားနှင့် ခေတ်ရေစီးကြောင်းသည် လူသားတို့အား အဘယ်အရာကို ယူဆောင်လာပေးသနည်း။ ငွေကို လိုက်စားရှာဖွေရာတွင် မည်သည့်စွန့်လွှတ်မှုကိုမဆို လူများစွာက ပြုကြသည်မှာ မှန်သည်မဟုတ်လော။ လူတို့သည် ငွေကို ပိုမိုလိုက်စား ရှာဖွေရာတွင်‌ ၎င်းတို့၏ ဂုဏ်သိက္ခာနှင့် သမာဓိတို့ကို မစွန့်လွှတ်သလော။ ထို့အပြင်၊ ငွေကြေးအတွက် များစွာသော လူတို့သည် မိမိတို့၏တာဝန်များကို ထမ်းဆောင်ရန်နှင့် ဘုရားသခင်နောက်လိုက်ရန် အခွင့်အရေးကို ဆုံးရှုံးကြသည် မဟုတ်လော။ ဤသည်မှာ လူတို့အတွက် ဆုံးရှုံးမှုတစ်ခု မဟုတ်သလော။ (ဟုတ်ပါသည်။) စာတန်သည် ဤနည်းလမ်းနှင့် ဤဆိုရိုးစကားကို ထိုသို့သော အတိုင်းအတာတစ်ခုထိ အသုံးပြုသည်မှာ အန္တရာယ်ပြုမည့် လက္ခဏာ မဟုတ်သလော။ ဤသည်မှာ မလိုမုန်းထားသည့် လှည့်ကွက်တစ်ခု မဟုတ်လော။ ဤလူသိများသည့် ဆိုရိုးစကားကို ကန့်ကွက်ရာမှ သင်သည် နောက်ဆုံးတွင် ယင်းကို သမ္မာတရားအဖြစ် လက်ခံ လာသည်နှင့်အမျှ၊ သင်၏စိတ်နှလုံးသည် စာတန်၏ လက်ထဲသို့ လုံးဝကျရောက်သွားသောကြောင့် သင်သည် ထိုဆိုရိုးစကားဖြင့် အမှတ်တမဲ့ အသက်ရှင်လာသည်။ ဤဆိုရိုးစကားက သင့်ကို အဘယ်အတိုင်းအတာအထိ အကျိုးသက်ရောက်မှု ဖြစ်စေသနည်း။ သင်က မှန်သောလမ်းကို သိကောင်းသိမည်ဖြစ်ပြီး၊ သမ္မာတရားကို သိကောင်းသိမည် ဖြစ်သော်လည်း၊ ယင်းကို လိုက်စားရှာဖွေရန် အစွမ်းမဲ့လေသည်။‌ ဘုရားသခင်၏ နှုတ်ကပတ်တော်များသည် သမ္မာတရားဖြစ်သည်ကို သင် ရှင်းရှင်းလင်းလင်း သိကောင်းသိနိုင်သော်လည်း၊ သမ္မာတရားကို ရရှိဖို့အလို့ငှာ သင်သည် အဖိုးအခကို ပေးရန် သို့မဟုတ် ဆင်းရဲဒုက္ခခံရန် လိုလားခြင်းမရှိပေ။ ယင်းအစား၊ ဘုရားသခင်ကို အဆုံးတိုင်အောင် ဆန့်ကျင်ရန် သင်၏ ကိုယ်ပိုင်အနာဂတ်နှင့် ကံကြမ္မာကို သင် သာ၍စွန့်လွှတ်လိမ့်မည်။ ဘုရားသခင် အဘယ်အရာကို ပြောသည် ဖြစ်စေ၊ အဘယ်အရာကို လုပ်သည်ဖြစ်စေ၊ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာက သင့်အတွက် မည်မျှကြီးမြတ်ပြီး နက်ရှိုင်းသည်ကို သင်သိသည်ဖြစ်စေ မသိသည်ဖြစ်စေ၊ သင်သည် ခေါင်းမာစွာဖြင့် ဤဆိုရိုးစကား အတွက် မိမိသဘောအတိုင်း လုပ်ဆောင်ပြီး အဖိုးအခ ပေးလိမ့်မည်ဖြစ်သည်။ ဆိုလိုသည်မှာ၊ ဤဆိုရိုးစကားသည် သင်၏အပြုအမူနှင့် သင်၏အတွေးများကို ထိန်းချုပ်ထားနှင့်ပြီး ဖြစ်ကာ၊ ယင်းကို စွန့်လွှတ်လိုက်သည်ထက် ယင်းအား သင်၏ကံကြမ္မာကို သင် ထိန်းချုပ်ထားစေလိမ့်မည်ဖြစ်သည်။ လူတို့က ဤသို့ လုပ်ဆောင်ကြသည့် အချက်၊ ဤဆိုရိုးစကား၏ ထိန်းချုပ်ခြင်းနှင့် ကြိုးကိုင်ညွှန်ကြားခြင်းကို ၎င်းတို့ ခံရသည့် အချက်မှာ လူသားမျိုးနွယ်ကို စာတန်၏ ဖောက်ပြန်ပျက်စီး စေခြင်းက ထိရောက်သည်ကို သာဓကပြသည် မဟုတ်လော။ ဤကား စာတန်၏ အတွေးအခေါ်နှင့် ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားတို့က သင်၏ စိတ်နှလုံးထဲတွင် အမြစ်စွဲနေခြင်း မဟုတ်လော။ ဤအရာကို သင်လုပ်ဆောင်လျှင်၊ ၎င်း၏ ပန်းတိုင်ကို စာတန်က ရရှိအောင်မြင်သွားပြီ မဟုတ်လော။ (ဟုတ်ပါသည်။) စာတန်က လူကို ဤနည်းလမ်းဖြင့် မည်သို့ အကျင့်ပျက်စေပြီးဖြစ်သည်ကို သင်မြင်သလော။ သင်ခံစား ရနိုင်သလော။ (မခံစားရနိုင်ပါ။) ထိုအရာကို သင်မမြင်ခဲ့ သို့မဟုတ် မခံစားခဲ့ရချေ။ ဤနေရာ၌ စာတန်၏ ဆိုးယုတ်မှုကို သင် မြင်သလော။ စာတန်သည် လူကို ခပ်သိမ်းသော အချိန်များနှင့် ခပ်သိမ်းသော နေရာများတွင် ဖောက်ပြန်ပျက်စီး စေသည်။ စာတန်သည် လူသားအား ဤဖောက်ပြန်ပျက်စီးမှုကို ဆန့်ကျင်ဖို့ မဖြစ်နိုင်စေရန် လုပ်ဆောင်ပြီး ယင်းနှင့်ပတ်သက်၍ လူသားကို ကူကယ်ရာမဲ့ဖြစ်အောင် လုပ်ဆောင်သည်။ စာတန်သည် သင်အမှုမဲ့အမှတ်မဲ့ ဖြစ်နေသည့် အခြေအနေများနှင့် သင့်ထံတွင် မည်သည့်အရာဖြစ်နေသည်ကို သင် သတိမပြု မိချိန်တွင် ၎င်း၏အတွေးများ၊ ၎င်း၏ရှုထောင့်အမြင်များနှင့် ၎င်းထံမှလာသည့် ဆိုးယုတ်သည့် အရာများကို သင့်အား လက်ခံစေသည်။ လူတို့သည် ဤအရာများကို လက်ခံကြပြီး၊ ယင်းတို့ကို ပယ်ချကန့်ကွက်ခြင်း မပြုကြပေ။ ၎င်းတို့သည် ဤအရာများကို ချစ်ခင်မြတ်နိုးပြီး ရတနာကဲ့သို့ သိမ်းထား ကြသည်၊ ဤအရာများအား ၎င်းတို့ကို ကြိုးကိုင် ညွှန်ကြားခွင့်ပေးကြပြီး၊ ၎င်းတို့နှင့် ကစားကြသည်။ ဤကား စာတန်၏ လူသားတို့ကို ဖောက်ပြန်ပျက်စီးစေခြင်း နက်ရှိုင်းသည်ထက် နက်ရှိုင်းလာပုံ ဖြစ်ပေသည်။

စာတန်သည် လူကို ဖောက်ပြန်ပျက်စီးစေရန် ဤနည်းလမ်း အချို့ကို အသုံးပြုသည်။ လူသည် အသိပညာနှင့် အချို့သော သိပ္ပံဆိုင်ရာ အခြေခံမူများကို သိနားလည်ခြင်းတစ်ခု ရှိသည်၊ လူသည် ရိုးရာယဉ်ကျေးမှု၏ လွှမ်းမိုးမှုအောက်တွင် နေထိုင်ပြီး၊ လူသားတိုင်းသည် ရိုးရာယဉ်ကျေးမှု၏ အမွေခံသူနှင့် သယ်ဆောင်သူ တစ်ဦးဖြစ်သည်။ လူသားသည် သူ့ကို စာတန် ပေးထားသည့် ရိုးရာယဉ်ကျေးမှုကို ဝတ္တရားအရ ဆက်လက် လုပ်ဆောင်ရပြီး၊ စာတန်က လူသားမျိုးနွယ်ကို ပံ့ပိုးပေးသည့် ခေတ်ရေစီးကြောင်းကိုလည်း လိုက်လုပ်ရသည်။ တစ်ချိန်လုံး စာတန် လုပ်သမျှကို လိုက်လုပ်လျက်၊ ၎င်း၏ ဆိုးယုတ်မှု၊ လှည့်ဖြားမှု၊ မလိုမုန်းထားမှုနှင့် မာနထောင်လွှားမှုတို့ကို လက်ခံရင်း လူသားသည် စာတန်နှင့် ခွဲခြား၍မရချေ။ လူသားသည် စာတန်၏ ဤစိတ်သဘောထားများကို ပိုင်ဆိုင် လာသည်နှင့်တစ်ပြိုင်နက်၊ သူသည် ဤဖောက်ပြန်ပျက်စီးသော လူသားမျိုးနွယ်ကြားတွင် ပျော်ရွှင်ဖွယ်ဖြစ်သော ရှင်သန်ခြင်း ရှိလေသလော သို့မဟုတ် ဝမ်းနည်းဖွယ် ရှင်သန်ခြင်း ရှိလေသလော။ (ဝမ်းနည်းဖွယ် ဖြစ်ပါမည်။) အဘယ်ကြောင့် သင် ထိုသို့ပြောသနည်း။ (အဘယ်ကြောင့်ဆိုသော် လူသားသည် ဤအရာများဖြင့် ချည်နှောင်ခံရပြီး ထိန်းချုပ်ခံရသောကြောင့်၊ သူသည် အပြစ်တွင် အသက်ရှင်ကာ ခက်ခဲကြမ်းတမ်းသော ရုန်းကန်လှုပ်ရှားမှုဖြင့် လွှမ်းမိုးခံရပါသည်။) လူအချို့သည် အလွန်ဉာဏ်ပညာရှိပုံပေါ်လျက် မျက်မှန်တပ်ကြ၏။ ၎င်းတို့သည် အပြောကောင်းခြင်းနှင့် ဆင်ခြင်တုံတရားတို့ဖြင့် အလွန် သိက္ခာရှိစွာ စကားပြောဆိုကောင်းပြောဆိုကြလိမ့်မည်ဖြစ်ပြီး၊ အမှုအရာများစွာကို ဖြတ်သန်းရပြီးဖြစ်သောကြောင့်၊ ၎င်းတို့ အလွန် အတွေ့အကြုံရှိကာ ခေတ်မီကောင်း ခေတ်မီကြပေလိမ့်မည်။ ၎င်းတို့သည် ကိစ္စကြီးငယ်များနှင့်ပတ်သက်၍ အသေးစိတ် ပြောကောင်းပြောနိုင်ကြလိမ့်မည်။ ၎င်းတို့အနေဖြင့် အမှုအရာများ၏ စစ်မှန်မှုနှင့် အကြောင်းပြချက်များကိုလည်းအကဲဖြတ်ကောင်း အကဲဖြတ်နိုင်ကြလိမ့်မည်။ အချို့သည် ဤလူတို့၏ အပြုအမူ၊ သွင်ပြင်တို့အပြင် ၎င်းတို့၏ အကျင့်စရိုက်၊ လူ့သဘာဝ၊ အပြုအမူ စသည်တို့ကို ကြည်ပြီး ယင်းတို့နှင့်ပတ်သက်၍ အပြစ်ရှာတွေ့ကောင်းတွေ့မည်မဟုတ်ချေ။ ထိုသို့သော လူတို့သည် လက်ရှိ လူမှုခေတ် ရေစီးကြောင်းကို အထူးသဖြင့် ကျင့်သားရနိုင်ကြလေသည်။ ဤလူတို့သည် ပို၍အသက်ကြီးကောင်း ကြီးမည်ဖြစ်သော်လည်း၊ ဘယ်သောအခါမျှ ခေတ်နောက်ကျခြင်း မရှိသကဲ့သို့ သင်ယူရန်လည်း ဘယ်သောအခါမျှ အိုမင်းမသွားပေ။ အပေါ်ယံတွင်၊ ထိုသို့သော လူတစ်ဦးနှင့်ပတ်သက်၍ မည်သူမျှ အပြစ်ရှာမတွေ့နိုင်သော်လည်း၊ အတွင်းတွင် ၎င်းတို့သည် စာတန်အားဖြင့် အကြွင်းမဲ့နှင့် လုံးဝ ဖောက်ပြန်ပျက်စီး ခံရကြလေသည်။ ဤလူများနှင့်ပတ်သက်၍ အပြင်ပန်း အမှားကို ရှာမတွေ့နိုင်သော်လည်း၊ အပေါ်ယံတွင် ၎င်းတို့သည် သိမ်မွေ့သည်၊ ခံ့ညားပြီး၊ အသိပညာနှင့် အချို့သော အကျင့်သိက္ခာကို ပိုင်ဆိုင်ထားပြီး၊ သမာဓိရှိသော်လည်း၊ အသိပညာအရ ၎င်းတို့သည် ငယ်ရွယ်သူများထက် မနိမ့်ကျ သော်လည်း၊ ၎င်းတို့၏သဘာဝနှင့် အနှစ်သာရနှင့် စပ်လျဉ်း၍ ထိုသို့သော လူတို့သည် စာတန်၏ ပြည့်ဝပြီး အသက်ရှင်သော ပုံစံငယ် ဖြစ်လေသည်။ ၎င်းတို့သည် စာတန်နှင့် တထေရာတည်း တူသောသူဖြစ်သည်။ ဤကား လူကို စာတန် ဖောက်ပြန်ပျက်စီး စေခြင်း၏ “အကျိုးတရား” ဖြစ်သည်။ ငါပြောပြီးသည့် အရာသည် သင်တို့အဖို့ နာကျင်စရာဖြစ်နိုင်သော်လည်း အားလုံး မှန်ကန်၏။ လူလေ့လာသည့် အသိပညာ၊ သူနားလည်သည့် သိပ္ပံပညာ၊ လူမှုခေတ် ရေစီးကြောင်းများနှင့် အံဝင်ခွင်ကျ ဖြစ်အောင် သူရွေးချယ်သည့် နည်းနာတို့သည်၊ ခြွင်းချက်မရှိ စာတန်၏ ဖောက်ပြန်ပျက်စီးစေသည့် တန်ဆာပလာများ ဖြစ်သည်။ ဤသည်မှာ အကြွင်းမဲ့ မှန်ကန်၏။ ထို့ကြောင့် လူသားသည် စာတန်အားဖြင့် လုံးဝ ဖောက်ပြန်ပျက်စီးသည့် စိတ်သဘောထားအတွင်းတွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည် သို့မဟုတ် ဘုရားသခင်၏ အနှစ်သာရက မည်သည့်အရာဖြစ်သည်ကို မသိနိုင်ပေ။ ဤသို့ဖြစ်ရခြင်း၏ အကြောင်းရင်းမှာ အပေါ်ယံတွင် စာတန်က လူကို ဖောက်ပြန်ပျက်စီးစေသည့် နည်းလမ်းများနှင့် ပတ်သက်၍ မည်သူမျှ အပြစ်ရှာမတွေ့နိုင်ပေ။ တစ်စုံတစ်ယောက်၏ အပြုအမူမှ တစ်ခုခုလွဲနေသည်ဟု တစ်ယောက်ယောက်က မပြောနိုင်ပေ။ အယောက်တိုင်းသည် မိမိတို့၏အလုပ်ကို ပုံမှန် လုပ်ဆောင်နေကြပြီး ပုံမှန် အသက်တာများကို အသက်ရှင်နေကြသည်။ ပုံမှန်အားဖြင့် စာအုပ်များနှင့် သတင်းစာများကို ၎င်းတို့ ဖတ်ရှုပြီး ပုံမှန် လေ့လာသင်ယူကာ စကားပြောကြသည်။ လူအချို့သည် လူ့ကျင့်ဝတ် အနည်းငယ်ကို သင်ယူကြပြီး အပြောကောင်းကြသည်၊ နားလည်မှုရှိပြီး ဖော်ရွေကြသည်၊ ကူညီတတ်ပြီး ရက်ရောတတ်ကြသကဲ့သို့၊ အရေးမပါသော ရန်စမှုများ သို့မဟုတ် လူတို့ကို အခွင့်အရေးယူခြင်းများ မလုပ်ဆောင်ကြချေ။ သို့ရာတွင်၊ ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားများသည် ၎င်းတို့အတွင်းတွင် နက်နက်ရှိုင်းရှိုင်း အမြစ်စွဲနေပြီး၊ ဤအနှစ်သာရကို အပြင်ပန်း အားထုတ်ခြင်းအပေါ် မှီခိုခြင်းဖြင့် ပြောင်းလဲ၍မရနိုင်ပေ။ ဤအနှစ်သာရကြောင့် လူသားသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မသိနိုင်သကဲ့သို့၊ ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို လူသားထံသို့ ဖွင့်ပြပါသော်လည်း၊ လူက ထိုအရာကို အလေးအနက်မထားပေ။ ဤသို့ဖြစ်ရခြင်းမှာ စာတန်သည် လူသား၏ ခံစားချက်များ၊ အယူအဆများ၊ ရှုထောင့်အမြင်များနှင့် အတွေးများကို နည်းလမ်း အမျိုးမျိုးဖြင့် လုံးဝပိုင်ဆိုင်လာနှင့်ပြီးဖြစ်သောကြောင့် ဖြစ်သည်။ ဤပိုင်ဆိုင်ခြင်းနှင့် ဖောက်ပြန်ပျက်စီးစေခြင်းတို့သည် ခေတ္တ သို့မဟုတ် ရံဖန်ရံခါမဟုတ်ဘဲ၊ နေရာတကာနှင့် အချိန်တိုင်းတွင် ရှိလေသည်။ ထိုသို့ဖြင့်၊ ဘုရားသခင်ကို သုံးနှစ် လေးနှစ် သို့မဟုတ် ငါးနှစ် ခြောက်နှစ်ပင်- ယုံကြည်ခဲ့ကြသည့် ကြီးမြတ်သော လူများစွာတို့သည်၊ ၎င်းတို့ထဲသို့ စာတန် သွတ်သွင်းပေးလိုက်သည့် ဤဆိုးယုတ်သော အတွေးများ၊ အမြင်များ၊ ဆင်ခြင်တွေးခေါ်မှုနှင့် အတွေးအခေါ်များကို ရတနာများအဖြစ် သဘောထားကြပြီး ၎င်းတို့ကို လက်မလွှတ်နိုင်ကြချေ။ လူသည် ဆိုးယုတ်မှု၊ စာတန်၏ သဘာဝမှလာသည့် မာနထောင်လွှားပြီး မလိုမုန်းထားသော အရာများကို လက်ခံပြီးဖြစ်သောကြောင့်၊ လူ၏ အချင်းချင်း ဆက်ဆံမှုများတွင် စာတန်၏ မာနထောင်လွှားသော သဘာဝ၏ အကျိုးဆက်အဖြစ် လာသည့် သဘောထားကွဲလွဲမှုများ၊ အငြင်းအခုံများနှင့် သဟဇာတမဖြစ်ခြင်းများသည် မလွှဲမရှောင်သာ မကြာခဏ ရှိပေသည်။ အကယ်၍ စာတန်သည် လူသားမျိုးနွယ်ကို အပြုသဘောဆောင်သည့် အရာများ ပေးခဲ့ပါက၊ ဥပမာ၊ လူသားတို့ လက်ခံထားသည့် ရိုးရာယဉ်ကျေးမှုနှင့်ဆိုင်သော ကွန်ဖြူးရှပ်ဝါဒနှင့် တာအိုဝါဒတို့သည် ကောင်းသောအရာများ ဖြစ်ပါက၊ အလားတူသည့် လူများသည် ထိုအရာများကို လက်ခံ ပြီးသည့်နောက်တွင် အချင်းချင်း အဆင်ပြေနိုင်သင့် ပေသည်။ ထို့ကြောင့်၊ တူညီသည့်အရာများကို လက်ခံထားသည့် လူများကြားတွင် အဘယ်ကြောင့် ထိုသို့သော ကြီးမားသည့် ကွဲပြားခြင်းတစ်ခု ရှိပါသနည်း။ ယင်းသည် အဘယ်ကြောင့်နည်း။ အဘယ်ကြောင့်နည်းမူကား ဤအရာများသည် စာတန်ထံမှလာပြီး စာတန်သည် လူများအကြားတွင် ကွဲပြားခြင်းကို ဖန်တီးသည်။ စာတန်ထံမှ လာသည့်အရာများသည်၊ အပေါ်ယံတွင် မည်မျှပင် ဂုဏ်သိက္ခာရှိပုံရသည်ဖြစ်စေ သို့မဟုတ် ကြီးမြတ်ပုံရသည်ဖြစ်စေ၊ လူသားထံသို့ မာနထောင်လွှားခြင်းကိုသာ ယူဆောင်လာပြီး လူသားအသက်တာမှ မာနထောင်လွှားခြင်းကိုသာ ပေါ်ထွက် လာစေကာ၊ စာတန်၏ ဆိုးယုတ်သည့် သဘာဝ၏ လှည့်ဖြားမှုထက် ဘာမျှမပိုပေ။ ၎င်းမှာ ထိုသို့မဟုတ်လော။ မိမိကိုယ်ကိုယ် ရုပ်ဖျက်နိုင်သည့် တစ်စုံတစ်ယောက်၊ ကြွယ်ဝသည့် အသိပညာ ပိုင်ဆိုင်ထားသည့်သူ သို့မဟုတ် ကောင်းမွန်စွာ ကြီးပြင်းခဲ့သူသည် ၎င်းတို့၏ ဖောက်ပြန်ပျက်စီးသည့် ဆိုးယုတ်သော စိတ်သဘောထားကို ဖုံးကွယ်ရန် ခက်ခဲသည့်အချိန် ရှိနိုင်သေး၏။ ဆိုလိုသည်မှာ၊ ဤလူသည် နည်းလမ်းမည်မျှဖြင့် သူ့ကိုယ်သူ ဖုံးအုပ်စေကာမူ၊ ၎င်းတို့ကို သူတော်စင်တစ်ဦးအဖြစ် သင်တွေးထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ သို့မဟုတ်‌ ၎င်းတို့ စုံလင်မှုရှိသည်ဟု သင်ထင်သည်ဖြစ်စေ၊ မထင်သည်ဖြစ်စေ၊ သို့မဟုတ် ၎င်းတို့ကို ကောင်းကင်တမန်ဟု သင်တွေးထင်သည်ဖြစ်စေ မထင်သည်ဖြစ်စေ၊ ၎င်းတို့ မည်မျှ ဖြူစင်သည်ဟု သင် တွေးထင်ပါစေ၊ မြင်ကွင်းများ နောက်ကွယ်တွင် ၎င်းတို့၏ ဘဝသည် မည်သည့်အရာနှင့်တူ သနည်း။ ၎င်းတို့ စိတ်သဘောထား၏ ထုတ်ဖော်မှုတွင် မည်သည့်အနှစ်သာရကို သင်မြင်မည်နည်း။ စာတန်၏ ဆိုးယုတ်သည့် သဘာဝကို သင်မြင်မည်မှာ ယုံမှားဖွယ်ရာ မရှိပေ။ ထိုသို့ ပြောနိုင်သလော။ (ပြောနိုင်ပါသည်။) ဥပမာအားဖြင့်၊ လူကောင်း တစ်ယောက်ဟု သင်ထင်ထားသည့် သင်တို့နှင့် နီးစပ်သည့် လူတစ်ဦးကို သင်သိသည်ဆိုပါစို့၊ သင်မြတ်နိုး ကိုးကွယ်သည့် တစ်စုံတစ်ယောက် ဖြစ်ကောင်းဖြစ်မည်။ သင်၏လက်ရှိ ဝိညာဉ်အသက်တာဖြင့်၊ ၎င်းတို့ကို သင် မည်သို့ တွေးထင်သနည်း။ ပထမဦးစွာ၊ ဤကဲ့သို့သော လူစားသည် ကိုယ်ချင်းစာနာခြင်း ရှိမရှိ၊ ရိုးသားခြင်း ရှိမရှိ၊ လူတို့အတွက် စစ်မှန်သော ချစ်ခြင်းမေတ္တာ ၎င်းတို့ ရှိမရှိ၊ ၎င်းတို့၏ စကားများနှင့် လုပ်ရပ်များသည် အခြားသူများ အတွက် အကျိုးရှိပြီး အကူအညီဖြစ်မဖြစ်ကို ကြည့်လော့။ (အကူအညီမဖြစ်ပါ။) လူတို့ ထုတ်ဖော်ပြသည့် ကြင်နာခြင်း၊ ချစ်ခြင်း သို့မဟုတ် ကောင်းမြတ်ခြင်း ဆိုသည်များက မည်သည့် အရာနည်း။ ထိုအရာအားလုံးသည် အယောင်ဆောင်များ ဖြစ်ပြီး၊ အားလုံးက အပေါ်ယံမျက်နှာစာဖြစ်သည်။ ဤအပေါ်ယံ မျက်နှာစာ၏ နောက်ကွယ်တွင် ဖုံးကွယ်ထားသည့် ဆိုးယုတ်သော ရည်ရွယ်ချက်တစ်ခု ရှိသည်- ထိုပုဂ္ဂိုလ်ကို နှစ်သက်ကြည်ညို စေရန်နှင့် နှစ်သက်ကိုးကွယ်စေရန်ဖြစ်သည်။ ဤအရာကို သင်တို့ ရှင်းလင်းစွာမြင်သလော။ (မြင်ပါသည်။)

လူတို့ကို ဖောက်ပြန်ပျက်စီးစေရန် စာတန်အသုံးပြုသည့် နည်းလမ်းများက မည်သည့်အရာကို လူသားမျိုးနွယ်ထံ ယူဆောင်ပါသနည်း။ ၎င်းတို့သည် အပြုသဘောဆောင်သည့် တစ်ခုတစ်လေ ယူဆောင်ပေးပါသလော။ ပထမဦးစွာ၊ လူသည် အကောင်းနှင့် အဆိုးကြား ခွဲခြားနိုင်သလော။ ဤလောကထဲတွင် တစ်စုံတစ်ခု ကောင်းမြတ်သည်၊ ဆိုးယုတ်သည်၊ မှန်သည် မှားသည် အကဲဖြတ်ဖို့ ကျော်ကြားသော သို့မဟုတ် ကြီးမြတ်သောပုဂ္ဂိုလ် တစ်ချို့တို့ကိုဖြစ်စေ၊ မဂ္ဂဇင်းတစ်ချို့ သို့မဟုတ် အခြား ပုံနှိပ်ထုတ်ဝေမှုတို့ကိုဖြစ်စေ ၎င်းတို့ အသုံးပြုသည်ဟု သင် ပြောမည်၊ မှန်ပါသလော။ ဖြစ်ရပ်များနှင့် လူတို့နှင့် သက်ဆိုင်သော ၎င်းတို့၏ အကဲဖြတ်ခြင်းများက တရားမျှတ ပါသလော။ ၎င်းတို့အနေဖြင့် သမ္မာတရား ပါရှိသလော။ ဤလောက၊ ဤလူသားမျိုးနွယ်သည် သမ္မာတရား၏ စံနှုန်းကို အခြေခံပြီး အပြုသဘောနှင့် အပျက်သဘောဆောင်သော အရာများကို အကဲဖြတ်သလော။ (အကဲမဖြတ်ပါ။) လူတို့သည် အဘယ်ကြောင့် ထိုအစွမ်းအစ မရှိကြသနည်း။ လူတို့သည် အသိပညာများစွာကို သင်ယူခဲ့ကြပြီး၊ သိပ္ပံပညာအကြောင်း များစွာသိရှိကြသောကြောင့် ၎င်းတို့သည် ကြီးမြတ်သည့် အစွမ်းအစများ ပိုင်ဆိုင်ကြသည် မဟုတ်လော။ ထို့ဆိုလျှင် ၎င်းတို့သည် အပြုသဘောနှင့် အပျက်သဘောဆောင်သည့် အရာများအကြား အဘယ်ကြောင့် ခွဲခြားနိုင်စွမ်းမရှိကြသနည်း။ အဘယ်ကြောင့် ဤသို့ဖြစ်ရသနည်း။ (လူတို့တွင် သမ္မာတရား မရှိကြသောကြောင့် ဖြစ်ပါသည်၊ သိပ္ပံပညာနှင့် အသိပညာတို့သည် သမ္မာတရား မဟုတ်ပါ။) လူသားမျိုးနွယ်ထံသို့ စာတန် ယူဆောင်သမျှတိုင်းသည် ဆိုးယုတ်သည်၊ ဖောက်ပြန်ပျက်စီး စေပြီး သမ္မာတရား၊ အသက်နှင့် လမ်းခရီး ကင်းမဲ့နေသည်။ လူသားထံ စာတန် ယူဆောင်လာသည့် ဆိုးယုတ်မှုနှင့် ဖောက်ပြန်ပျက်စီးခြင်းတို့နှင့်အတူ၊ စာတန်တွင် ချစ်ခြင်းမေတ္တာ ရှိသည်ဟု သင်ပြောနိုင်သလော။ လူသားတွင် ချစ်ခြင်းမေတ္တာ ရှိသည်ဟု သင်ပြောနိုင်သလော။ လူအချို့က၊ “ကိုယ်တော် မှားသည်၊ ကမ္ဘာတစ်ဝှမ်းတွင် ဆင်းရဲသား သို့မဟုတ် အိမ်ယာမဲ့များကို ကူညီနေသည့် လူများစွာရှိသည်။ ထိုသူတို့သည် လူကောင်းများ မဟုတ်သလော။ ကောင်းသည့်အလုပ်များကို လုပ်သည့် အများအကျိုးဆောင်သည့် အဖွဲ့အစည်းများစွာလည်း ရှိသည်၊ သူတို့ လုပ်သည့် အလုပ်သည် ကောင်းသည့် အလုပ် မဟုတ်လော” ဟု ပြောကောင်း ပြောလိမ့်မည်။ ယင်းနှင့်ပတ်သက်၍ သင် မည်သည့်အရာ ပြောမည်နည်း။ စာတန်သည် လူသားကို ဖောက်ပြန်ပျက်စီးစေရန် မတူညီသည့် နည်းလမ်းများနှင့် သဘောတရားများကို အသုံးပြုသည်- လူ၏ ဤဖောက်ပြန်ပျက်စီးခြင်းသည် မရေရာသော အယူအဆ တစ်ခုလော။ မဟုတ်ပေ၊ ယင်းသည် မရေမရာ မဖြစ်ပေ။ စာတန်သည် အချို့သော လက်တွေ့ကျသည့် အရာများကိုလည်း လုပ်ဆောင်ပြီး၊ ၎င်းသည် ဤလောက သို့မဟုတ် လူမှုအဖွဲ့အစည်းထဲတွင် ရှုထောင့်အမြင်တစ်ခု သို့မဟုတ် သဘောတရားတစ်ခုကိုလည်း အားပေးလေသည်။ မင်းဆက်တိုင်း နှင့် ခေတ်တိုင်းတွင် ၎င်းသည် သဘောတရားတစ်ခုကို ထောက်ခံအားပေးပြီး လူ၏ စိတ်ထဲသို့ အတွေးအခေါ်များကို သွတ်သွင်းပေးသည်။ ဤအတွေးအခေါ်များနှင့် သဘောတရားများသည် လူတို့၏ စိတ်နှလုံးထဲတွင် တဖြည်းဖြည်း နှင့် အမြစ်စွဲလာ ပြီးနောက်၊ လူတို့သည် ၎င်းတို့ဖြင့် စတင် အသက်ရှင်လာကြသည်။ ဤအရာများဖြင့် ၎င်းတို့ စတင် အသက်ရှင်သည်နှင့်တစ်ပြိုင်နက် ၎င်းတို့သည် အမှတ်တမဲ့ဖြင့် စာတန် ဖြစ်လာကြသည် မဟုတ်လော။ ထိုအခါ လူတို့သည် စာတန်နှင့် တစ်ကိုယ်တည်း ဖြစ်လာကြသည် မဟုတ်လော။ လူတို့သည် စာတန်နှင့် တစ်ကိုယ်တည်း ဖြစ်လာသည့်အခါ၊ အဆုံးတွင် ဘုရားသခင်အပေါ် ၎င်းတို့၏ သဘောထားမှာ အဘယ်နည်း။ ဘုရားသခင်အပေါ် စာတန် ထားရှိသည့် သဘောထားနှင့် တူသည် မဟုတ်လော။ မည်သူမျှ ဤအရာကို ဝန်မခံဝံ့ချေ၊ ဟုတ်ပါသလော။ ထိတ်လန့်ဖွယ်ရာ ကောင်းပေစွ။ စာတန်၏ သဘာဝသည် ဆိုးယုတ်သည်ဟု အဘယ်ကြောင့် ငါဆိုသနည်း။ ငါသည် ဤအရာကို အခြေအမြစ်မရှိဘဲ မပြော၊ ယင်းထက် စာတန် လုပ်ဆောင်ခဲ့သည့်အရာနှင့် ထုတ်ဖော်ပြခဲ့သည့် အရာတို့အပေါ် အခြေခံ၍ စာတန်၏ သဘာဝကို သတ်မှတ်ကာ စိစစ်ခြင်းဖြစ်သည်။ စာတန်က ဆိုးယုတ်သည်ဟုသာ ငါပြောပါက၊ သင်တို့ မည်ကဲ့သို့ တွေးမည်နည်း။ သင်တို့က၊ “စာတန်က ဆိုးယုတ်သည်မှာ သိသာလှပါသည်” ဟု တွေးပေလိမ့်မည်။ သို့ဖြစ်လျှင်၊ “စာတန်၏ မည်သည့်သွင်ပြင် လက္ခဏာက ဆိုးယုတ်သနည်း” ဟု သင့်ကို ငါမေး၏။ “စာတန်၏ ဘုရားသခင်ကို ဆန့်ကျင်ခြင်းက ဆိုးယုတ် ပါသည်” ဟု သင်ပြောလျှင်၊ သင်သည် ရှင်းလင်းပြတ်သားစွာ ပြောလိမ့်ဦးမည် မဟုတ်ချေ။ ယခုတွင် ဤနည်းလမ်းဖြင့် တိတိကျကျ ငါပြောပြီ။ စာတန်၏ ဆိုးယုတ်မှု အနှစ်သာရ နှင့်ဆိုင်သော အသေးစိတ် အကြောင်းအရာနှင့် ပတ်သက်၍ သင်တို့နားလည်သလော။ (နားလည်ပါသည်။) အကယ်၍ သင်သည် စာတန်၏ ဆိုးယုတ်သော သဘာဝကို ရှင်းလင်းစွာ တွေ့မြင်နိုင်ပါက သင်ကိုယ်တိုင်၏ အခြေအနေများကို သင်တွေ့မြင်လိမ့်မည်။ ဤအရာနှစ်ခုကြားတွင် ဆက်စပ်မှု တစ်ခုတစ်လေ ရှိသလော။ ဤအရာသည် သင့်အဖို့ အကူအညီ ဖြစ်သလော၊ မဖြစ်သလော။ (ဖြစ်ပါသည်။) ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို ငါမိတ်သဟာယပြုသည့်အခါ၊ စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို မိတ်သဟာယပြုရန် လိုအပ်ပါသလော။ ဤအရာနှင့်ပတ်သက်၍ သင်တို့၏ ထင်မြင်ချက်ကား အဘယ်နည်း။ (ဟုတ်ပါသည်၊ လိုအပ်ပါသည်။) အဘယ်ကြောင့်နည်း။ (စာတန်၏ ဆိုးယုတ်မှုသည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို ရုပ်လုံးကြွထင်ရှားစေပါသည်။) ထိုသို့ ဖြစ်သလော။ စာတန်၏ ဆိုးယုတ်ခြင်းမရှိဘဲ၊ လူတို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းကို မသိနိုင်ဆိုသည့် အသိစိတ်အရ ဤသည်မှာ တစ်စိတ်တစ်ပိုင်း မှန်ကန်၏။ သို့ရာတွင်၊ ဘုရားသခင်၏ သန့်ရှင်းခြင်းသည် စာတန်၏ ဆိုးယုတ်မှုနှင့် ဆန့်ကျင်သောကြောင့်သာ တည်ရှိနေခြင်း ဖြစ်သည်ဟုဆိုလျှင်၊ ဤသည်မှာ မှန်၏လော။ ဤယုတ္တိဗေဒနည်းကျ ဆန်းစစ် ရှာဖွေခြင်းဆိုင်ရာ တွေးတောပုံနည်းလမ်းက မှားသည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းက ဘုရားသခင်၏ ပင်ကို အနှစ်သာရဖြစ်သည်။ ဘုရားသခင်သည် သူ၏ လုပ်ဆောင်ချက်များ မှတစ်ဆင့် ထိုအရာကို ထုတ်ဖော်သည့် အခါတွင်ပင်၊ ဤသည်မှာ ဘုရားသခင်၏ ပင်ကိုအနှစ်သာရကို သဘာဝအလျောက် ဖော်ပြခြင်းပင်ဖြစ်နေသေးပြီး၊ ဘုရားသခင်၏ ပင်ကိုအနှစ်သာရ ဖြစ်နေသေး၏။ ယင်းသည် အမြဲတည်ရှိကာ လူက မမြင်နိုင်သော်လည်း ဘုရားသခင်ကိုယ်တော်တိုင်အဖို့ ပင်ကိုနှင့် မွေးရာပါ ဖြစ်၏။ ဤသို့ဖြစ်ရခြင်းမှာ၊ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကြားနှင့် စာတန်၏ လွှမ်းမိုးမှုအောက်တွင် အသက်ရှင်ပြီး၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော တိကျသည့် အကြောင်းအရာကို သိဖို့မဆိုထားနှင့်၊ သန့်ရှင်းခြင်းအကြောင်းကိုပင် မသိသောကြောင့် ဖြစ်သည်။ ထို့ကြောင့်၊ ငါတို့သည် စာတန်၏ ဆိုးယုတ်သည့် အနှစ်သာရကို ပထမဆုံး မိတ်သဟာယပြုရန် လိုအပ်သလော။ (လိုအပ်ပါသည်။) လူအချို့တို့သည်၊ “ကိုယ်တော်သည် ဘုရားသခင် ကိုယ်တော်တိုင်အကြောင်းကို မိတ်သဟာယပြုသည်၊ သို့ဆိုလျှင် စာတန်က လူကို မည်သို့ အကျင့်ပျက်စေပြီး စာတန်၏ သဘာဝက မည်ကဲ့သို့ ဆိုးယုတ်သည်ကိုသာ ကိုယ်တော်က အဘယ်ကြောင့် အမြဲပြောဆို နေသနည်း” ဟူ၍ သံသယအချို့ကို ဖော်ပြကောင်း ဖော်ပြပေမည်။ ယခုတွင် သင်သည် ဤသံသယများကို အဆုံးသတ် နိုင်ကြပြီဖြစ်သည်၊ မဟုတ်လော။ လူတို့သည် စာတန်၏ ဆိုးယုတ်မှုကို သိမြင်ခြင်းရှိသည့်အခါနှင့် ယင်းကို တိကျသည့် အနက်ဖွင့်မှု ရှိကြသည့်အခါ၊ ဆိုးယုတ်ခြင်း၏ တိကျသော အကြောင်းအရာနှင့် သရုပ်သကန်၊ ဆိုးယုတ်မှု၏ အရင်းအမြစ် နှင့် အနှစ်သာရတို့ကို လူတို့ ရှင်းရှင်းလင်းလင်း မြင်နိုင် ကြသည့်အခါ၊ ထိုအခါတွင်မှ ဘုရားသခင်၏ သန့်ရှင်းခြင်း နှင့်ဆိုင်သော ဆွေးနွေးခြင်းမှတဆင့် ဘုရားသခင်၏ သန့်ရှင်းခြင်းက မည်သည့်အရာ ဖြစ်သည်၊ သန့်ရှင်းခြင်းက မည်သည့်အရာဖြစ်သည် ဆိုသည်ကို လူတို့ ရှင်းရှင်းလင်းလင်း နားလည်နိုင်ပေသည်၊ သို့မဟုတ် သတိပြုနိုင်ပေသည်။ စာတန်၏ ဆိုးယုတ်မှုကို ငါမဆွေးနွေးပါက၊ လူအချို့တို့က လူ့အဖွဲ့အစည်းထဲနှင့် လူတို့ကြားတွင် လူတို့လုပ်ဆောင်နေသည့် အရာတစ်ချို့၊ သို့မဟုတ် ဤကမ္ဘာလောကတွင်ရှိသည့် တစ်ချို့သော အရာတို့သည် သန့်ရှင်းခြင်းနှင့် ဆက်နွှယ်မှု တစ်ချို့တစ်လေ ရှိကောင်းရှိမည်ဟု မှားယွင်းစွာ ယုံကြည်ကြလိမ့်မည်။ ဤသည်မှာ မှားယွင်းသော ရှုထောင့်အမြင်တစ်ခု မဟုတ်လော။ (ဟုတ်ပါသည်။)

ယခုတွင် စာတန်၏ အနှစ်သာရနှင့်ပတ်သက်၍ ဤသို့ ငါ မိတ်သဟာယပြုပြီးဖြစ်သည်၊ ပြီးခဲ့သည့် နှစ်အနည်းငယ် အတွင်းတွင် သင်၏ အတွေ့အကြုံများမှတဆင့်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို သင်၏ ဖတ်ရှုခြင်းနှင့် သူ၏ အမှုကို တွေ့ကြုံခြင်းမှ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော မည်သည့် သိနားလည်မှုမျိုးကို သင် ရရှိပြီးဖြစ်သနည်း။ ထိုအကြောင်းကို ဆက်ပြောလော့။ သင့်အနေဖြင့် နားဝင်ချိုသော စကားများကို အသုံးပြုစရာမလိုဘဲ၊ သင်၏ကိုယ်ပိုင် အတွေ့အကြုံများမှသာ ပြောဆိုလော့။ ဘုရားသခင်၏ သန့်ရှင်းခြင်းက သူ၏ချစ်ခြင်းမေတ္တာ တစ်ခုတည်း ပါရှိသလော။ သန့်ရှင်းခြင်းအဖြစ် ငါတို့ ဖော်ပြသည်မှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာမျှသာလော။ ယင်းသည် တစ်ဖက်သတ်ဆန်လွန်း လိမ့်မည် မဟုတ်လော။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာအပြင်၊ ဘုရားသခင်၏ အနှစ်သာရနှင့်ဆိုင်သော အခြား သွင်ပြင် လက္ခဏာများ ရှိပါသလော။ သင်တို့ မြင်ကြပြီလော။ (မြင်ပါသည်။ ဘုရားသခင်သည် ပွဲတော်များနှင့် အားလပ်ရက်များ၊ ဓလေ့ထုံးတမ်းများနှင့် အယူသီးခြင်းများကို စက်ဆုပ်ပါသည်။ ဤသည်မှာလည်း ဘုရားသခင်၏ သန့်ရှင်းခြင်းဖြစ်ပါသည်။) ဘုရားသခင်သည် သန့်ရှင်းတော်မူ၏၊ ထို့ကြောင့် သူသည် အမှုအရာများကို စက်ဆုပ်သည်၊ ယင်းမှာ သင်တို့ ဆိုလိုသည့်အရာ ဟုတ်ပါသလော။ ယင်းနှင့် ပတ်သက်လာလျှင်၊ မည်သည့်အရာက ဘုရားသခင်၏ သန့်ရှင်းခြင်းဖြစ်သနည်း။ ဘုရားသခင်၏ သန့်ရှင်းခြင်းတွင် များပြားသော အကြောင်းအရာ မပါသလော၊ မုန်းတီးခြင်းသာလော။ သင်တို့၏စိတ်ထဲတွင် “ဘုရားသခင်က ဤဆိုးယုတ်သည့် အရာများကို မုန်းတီးသောကြောင့်၊ ဘုရားသခင်သည် သန့်ရှင်းသည်ဟု ပြောနိုင်ပါသည်” ဟု တွေးနေ ကြသလော။ ဤသည်မှာ ထင်မြင်ချက်တစ်ခု မဟုတ်လော။ ဤကား တွက်ချက်ခန့်မှန်းခြင်းနှင့် အကဲဖြတ်ခြင်း ပုံစံတစ်ခု မဟုတ်လော။ ဘုရားသခင်၏ အနှစ်သာရကို ငါတို့ သိနားလည်ခြင်းနှင့် ပတ်သက်လာသည့်အခါ၊ လုံးဝ ရှောင်ရှား ရမည့် အကြီးမားဆုံးသော လွဲမှားသည့်ခြေလှမ်းမှာ အဘယ်နည်း။ (ယင်းသည် စစ်မှန်မှုကို နောက်ချန်ထားပြီး၊ ထိုအလား အယူဝါဒများကို ပြောကြသည့်အခါ ဖြစ်သည်။) ဤသည်မှာ အလွန်ကြီးမားသော ခြေလှမ်းအမှား ဖြစ်သည်။ အခြား တစ်ခုတစ်လေ ရှိသေးသလော။ (ထင်မြင်ချက်ပေးခြင်းနှင့် စိတ်ကူးခြင်းတို့ ဖြစ်ပါသည်။) ဤအရာတို့သည်လည်း အလွန်ဆိုးရွားသည့် ခြေလှမ်းအမှားများ ဖြစ်ကြသည်။ ထင်မြင်ချက်ပေးခြင်းနှင့် စိတ်ကူးခြင်းနှစ်ခုတို့သည် အဘယ်ကြောင့် အသုံးမဝင်သနည်း။ သင်ထင်ကြေးပေးပြီး စိတ်ကူးပုံဖော်နေသည့် အရာများကို သင်အမှန်တကယ် မြင်နိုင်သလော။ ၎င်းတို့သည် ဘုရားသခင်၏ စစ်မှန်သော အနှစ်သာရလော။ (မဟုတ်ပါ။) အခြားမည်သည့်အရာကို ရှောင်ရှားရမည်နည်း။ ဘုရားသခင်၏ အနှစ်သာရကို ဖော်ပြဖို့ သာယာနာပျော်ဖွယ် စကားများကို သီကုံးပြောဆိုရန်မှာ ခြေလှမ်း အမှားတစ်ခုလော။ (ဟုတ်ပါသည်။) ဤသည်မှာ ဟိတ်ဟန်များပြီး အဓိပ္ပာယ်မရှိရာကျသည် မဟုတ်လော။ နားထောင်ကောင်းသည့် စကားများကို ရွေးချယ်သည့် လုပ်ရပ်က အဓိပ္ပါယ် မရှိသကဲ့သို့၊ အကဲဖြတ်ခြင်းနှင့် ထင်ကြေးပေးခြင်းတို့သည် အဓိပ္ပာယ်မရှိချေ။ အနှစ်မဲ့သည့် ချီးမွမ်းမှုသည်လည်း အဓိပ္ပာယ် မရှိသည် မဟုတ်လော။ ဤသို့သော အဓိပ္ပာယ် မရှိသည့်အရာမျိုး လူတို့ပြောဆိုသည်ကို နားထောင်ခြင်းအား ဘုရားသခင် နှစ်သက် သလော။ (မနှစ်သက်ပါ။) ထိုအရာကို ကြားသည့်အခါ ဘုရားသခင်သည် အနေရခက်၏။ ဘုရားသခင်သည် လူတစ်စုကို ဦးဆောင်လမ်းပြပြီး ကယ်တင်သည့်အခါ၊ ဤလူစုသည် သူ၏ နှုတ်ကပတ်တော်များကို ကြားပြီးသည့်နောက်တွင်၊ မည်သို့ပင် ဆိုစေကာမူ သူ မည်သည့်အရာဆိုလိုသည်ကို ၎င်းတို့ လုံးဝ နားမလည်ကြပေ။ တစ်စုံတစ်ယောက်က၊ “ဘုရားသခင်သည် ကောင်းမြတ်ပါသလော” ဟု မေးကောင်းမေးနိုင်ပြီး၊ “ကောင်းမြတ်ပါသည်” ဟု ၎င်းတို့ တုံ့ပြန်လိမ့်မည်၊ “မည်ကဲ့သို့ ကောင်းမြတ်သနည်း။” “အလွန် ကောင်းမြတ်လှပါသည်။” “ဘုရားသခင်က လူသားကို ချစ်မြတ်နိုးပါသလော။” “ချစ်ပါသည်။” “အဘယ်မျှလောက်နည်း။ သင်ဖော်ပြနိုင် သလော။” “အလွန့်အလွန်ပင် ဖြစ်ပါ၏။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ပင်လယ်ထက်နက်ပြီး ကောင်းကင်ထက် မြင့်မားပါသည်။” ဤနှုတ်ကပတ်များသည် အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ဤအဓိပ္ပာယ်မဲ့သောအရာသည်၊ “ဘုရားသခင်သည် စာတန်၏ ဖောက်ပြန်ပျက်စီးသော စိတ်သဘောထားကို မုန်းတီးသည်၊ ထို့ကြောင့် ဘုရားသခင်သည် သန့်ရှင်းသည်” ဟု သင်တို့ ပြောလိုက်သည့်အရာနှင့် တူညီသည် မဟုတ်လော။ (ဟုတ်ပါသည်။) သင်တို့ ယခုပင်ပြောလိုက်သည့်အရာမှာ အဓိပ္ပာယ်မဲ့သည် မဟုတ်လော။ ပြောခဲ့သည့် အဓိပ္ပာယ် မရှိသည့်အရာ အများစုမှာ မည်သည့်နေရာက လာသနည်း။ (စာတန်ထံမှ လာပါသည်။) ပြောခဲ့သည့် အဓိပ္ပါယ်မရှိသော အရာများသည် အဓိကအားဖြင့် ဘုရားသခင်ကို လူတို့၏ တာဝန်မဲ့ခြင်းနှင့် မကြောက်ရွံ့ခြင်းမှလာ၏။ ထိုကဲ့သို့ ငါတို့ ပြောနိုင်သလော။ သင်သည် မည်သည့် သိနားလည်ခြင်းမျှ မရှိဘဲ၊ အဓိပ္ပာယ်မရှိ ပြောနေဆဲဖြစ်သည်။ ယင်းသည် တာဝန်မဲ့ခြင်း ဖြစ်သည်မဟုတ်သလော။ ယင်းသည် ဘုရားသခင်ကို မလေးစားရာကျသည် မဟုတ်လော။ သင်သည် အသိပညာ အချို့ကို သင်ယူပြီးဖြစ်သည်၊ အချို့သော ကျိုးကြောင်း ဆင်ခြင်ခြင်းနှင့် ယုတ္တိဗေဒတို့ကို နားလည်ပြီး ဖြစ်သည်၊ ဤအရာများကို သင် အသုံးပြုပြီးဖြစ်ကာ၊ ထို့ထက်ပို၍၊ ဘုရားသခင်ကို သိကျွမ်းသည့် နည်းလမ်းတစ်ခုအဖြစ် ထိုသို့ လုပ်ဆောင်ပြီးဖြစ်သည်။ သင် ထိုသို့ပြောဆိုသည်ကို ဘုရားသခင် ကြားသည့်အခါ သူ သက်သောင့်သက်သာရှိသည်ဟု သင်ထင် သလော။ ဤနည်းလမ်းများကို သင်သည် အသုံးပြုလျက် ဘုရားသခင်ကို သိဖို့ သင် အဘယ်သို့ ကြိုးစားနိုင်သနည်း။ ထိုသို့ သင် ပြောဆိုသည့်အခါ၊ ယင်းသည် ခွတီးခွကျ ဖြစ်သည် မဟုတ်လော။ ထို့ကြောင့်၊ ဘုရားသခင်ကို သိကျွမ်းခြင်းနှင့် ပတ်သက်လာသည့်အခါ၊ အလွန်သတိရှိရမည်။ ဘုရားသခင်ကို သိသည်ဟူသည့်‌ အတိုင်းအတာထိသာ ပြောဆိုလော့။ ရိုးရိုးသားသားနှင့် လက်တွေ့ကျကျပြောဆိုပြီး၊ သင်၏ စကားများကို ပေါ့ပျက်ပျက် ချီးမွမ်းစကားများဖြင့် မဆင်ယင်နှင့်၊ ပြီးလျှင် မြှောက်ပင့်ပြောဆိုခြင်းများ မသုံးနှင့်။ ဘုရားသခင်က ထိုအရာကို မလိုအပ်ပေ။ ဤအရာမျိုးသည် စာတန်ထံမှလာ၏။ စာတန်၏ စိတ်သဘောထားသည် မာနထောင်လွှား၏။ စာတန်သည် မြှောက်ပင့်ပြောဆိုခံရဖို့နှင့် နာပျော်ဖွယ်သော စကားများကို ကြားရဖို့ နှစ်သက်သည်။ လူတို့သည် ၎င်းတို့ သင်ယူခဲ့ကြသည့် နာပျော်ဖွယ်စကားလုံးများကို ရွတ်ပြပြီး စာတန်အတွက် အသုံးပြုပါက စာတန် ကျေနပ်အားရပါလိမ့်မည်။ သို့ရာတွင် ဤအရာကို ဘုရားသခင် မလိုအပ်ပေ။ ဘုရားသခင်သည် လွန်ကဲစွာမြှောက်စားခြင်း သို့မဟုတ် မြှောက်ပင့်ခြင်းတို့ကို မလိုအပ်သကဲ့သို့၊ လူတို့က အဓိပ္ပာယ် မရှိသည်ကို ပြောဆိုပြီး သူ့ကို မျက်စိမှိတ် ချီးမွမ်းဖို့ သူ မတောင်းဆိုပေ။ လက်တွေ့အရှိတရားနှင့် မအပ်စပ်သည့် ချီးမွမ်းခြင်းနှင့် မြှောက်ပင့်ခြင်းတို့ကို ဘုရားသခင်က စက်ဆုပ်ပြီး နားပင်ထောင်လိမ့်မည် မဟုတ်ပေ။ ထို့ကြောင့် လူအချို့တို့သည် ဘုရားသခင်ကို မရိုးမသား ချီးမွမ်းပြီး၊ မျက်စိစုံမှိတ် သစ္စာပြုကာ သူ့ကို ဆုတောင်းကြသည့်အခါ၊ ဘုရားသခင် လုံးဝ နားမထောင်ပေ။ သင်ပြောသည့်အရာအတွက် သင်တာဝန် ယူရမည်။ တစ်စုံတစ်ခုကို မသိပါက၊ ပြောသာပြောလော့။ သင်တစ်စုံတစ်ခုကို သိပါက၊ လက်တွေ့ကျသည့် နည်းလမ်းဖြင့် ၎င်းကိုဖော်ပြလော့။ ဤသို့လျှင် ဘုရားသခင်၏ သန့်ရှင်းခြင်းက အတိအကျနှင့် အမှန်တကယ် ဖြစ်ပေါ်စေသည့်အရာနှင့်ပတ်သက်၍ သင်တို့သည် စစ်မှန်သော သိနားလည်မှုရှိသလော။ (ကျွန်ုပ်သည် ပုန်ကန်မှုကို ဖော်ပြခဲ့ချိန်တွင်၊ အပြစ်တစ်ခု ကျူးလွန်ခဲ့ချိန်တွင်၊ ဘုရားသခင်၏ တရားစီရင်ခြင်းနှင့် ပြစ်တင်ဆုံးမခြင်းကို ကျွန်ုပ် ရရှိခဲ့ပြီး၊ ယင်း၌ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ် တွေ့ရှိခဲ့ပါ၏။ ပြီးလျှင် ကျွန်ုပ်မျှော်လင့်ချက်များနှင့် မကိုက်သည့် ပတ်ဝန်းကျင်များကို ကြုံခဲ့ရချိန်တွင်၊ ဤအရာများနှင့်ပတ်သက်၍ ကျွန်ုပ်ဆုတောင်းခဲ့ပြီး ဘုရားသခင်၏ ရည်ရွယ်ချက်များကို ရှာဖွေခဲ့ကာ၊ ဘုရားသခင်သည် ကျွန်ုပ်ကို သူ၏ နှုတ်ကပတ်တော်များဖြင့် အသိဉာဏ်ပွင့်လင်းစေပြီး ဦးဆောင် လမ်းပြခဲ့သည်နှင့်အမျှ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်မြင်တွေ့ခဲ့ရပါသည်။) ဤသည်မှာ သင်၏ကိုယ်ပိုင် အတွေ့အကြုံမှဖြစ်သည်။ (ယင်းနှင့်ပတ်သက်၍ ဘုရားသခင် ပြောခဲ့သည့်အရာမှ၊ လူသားသည် စာတန်၏ ဖောက်ပြန်ပျက်စီစေခြင်းနှင့် အန္တရာယ်ပြုခြင်းကို ခံရပြီးနောက် အဘယ်အရာ ဖြစ်လာသည်ကို ကျွန်ုပ်တွေ့ပြီးဖြစ်သည်။ မည်သို့ပင် ဆိုစေကာမူ ဘုရားသခင်သည် ကျွန်ုပ်တို့ကို ကယ်တင်ရန် အရာရာတိုင်းကို ပေးခဲ့ပြီး၊ ဤအရာမှ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ်မြင်ပါသည်။) ဤကား လက်တွေ့ကျကျ ပြောဆိုသည့် ပုံစံဖြစ်၏၊ မှန်ကန်သည့် အသိပညာဖြစ်သည်။ ဤအရာနှင့်ပတ်သက်၍ မတူညီသော သိနားလည်မှု ပုံစံများ ရှိသေးသလော။ (ဧဝကို အပြစ်ပြုမိစေရန် စာတန်ပြောဆိုခဲ့သည့် စကားများနှင့် သခင်ယေရှုကို ၎င်း၏ ဖြားယောင်းသွေးဆောင်မှုမှ စာတန်၏ ဆိုးယုတ်မှုကို ကျွန်ုပ်မြင်ရပါသည်။ ဘုရားသခင်က အာဒံနှင့် ဧဝအား မည်သည်ကို စားနိုင်ပြီး မည်သည်ကို စား၍မရကြောင်း ပြောသည့် နှုတ်ကပတ်တော်များမှ ဘုရားသခင်၏ တိုက်ရိုက် ချောမွေ့စွာနှင့် ယုံကြည်စိတ်ချလောက်စွာ ပြောဆိုခဲ့သည်ကို ကျွန်ုပ် မြင်ပါသည်။ ဤအရာမှ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ကျွန်ုပ် မြင်ပါသည်။) အထက်က မှတ်ချက်များကို ကြားရသည့်အခါ၊ မည်သူ၏ စကားများကို သင်တို့ကို “အာမင်” ထူးဖို့ အလှုံ့ဆော်ဆုံး ဖြစ်ပါသနည်း။ မည်သူ၏ မိတ်သဟာယပြုခြင်းက ယနေ့ ငါတို့၏ မိတ်သဟာယပြုခြင်း အကြောင်းအရာနှင့် အနီးစပ်ဆုံး ဖြစ်သနည်း။ မည်သူ၏ စကားများသည် လက်တွေ့အကျဆုံး ဖြစ်ခဲ့သနည်း။ နောက်ဆုံးညီမ၏ မိတ်သဟာယပြုခြင်းက မည်သို့ရှိသနည်း။ (ကောင်းပါသည်။) သူပြောခဲ့သည့်အရာကို သင်တို့ “အာမင်” ဆိုခဲ့သည်။ သူပြောခဲ့သည့်အရာသည် မချွတ်မလွဲ မှန်ကန်ပါ သလော။ (ခုလေးတင် ညီမပြောသွားသည့် စကားများထဲတွင်၊ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တိုက်ရိုက်ဖြစ်ပြီး အင်မတန်ရှင်းလင်းကာ၊ ယင်းသည် စာတန်၏ ဝေ့လည်ကြောင်ပတ် ပြောဆိုခြင်းနှင့် လုံးဝမတူကြောင်း ကျွန်ုပ် ကြားခဲ့သည်။ ဘုရားသခင်၏ သန့်ရှင်းခြင်းကို ဤအရာတွင် ကျွန်ုပ်တွေ့ခဲ့ပါသည်။) ဤသည်မှာ ၎င်း၏တစ်စိတ်တစ်ပိုင်း ဖြစ်သည်။ ယင်းသည် မှန်ကန်ခဲ့ပါသလော။ (မှန်ကန်ခဲ့ပါသည်။) အင်မတန် ကောင်း၏။ ပြီးခဲ့သည့် မိတ်သဟာယနှစ်ခုမှ သင်တို့ တစ်စုံတစ်ခု ရရှိခဲ့သည်ကို ငါမြင်သည်၊ သို့ရာတွင် သင်တို့သည် ဆက်လက်၍ ကြိုးစားလုပ်ဆောင်ရမည်။ ကြိုးစားလုပ်ဆောင် ရမည့် အကြောင်းရင်းမှာ၊ ဘုရားသခင်၏ အနှစ်သာရကို သိနားလည်ခြင်းသည် အလွန် နက်နဲသိမ်မွေ့သည့် သင်ခန်းစာ ဖြစ်သောကြောင့် ဖြစ်သည်။ ယင်းသည် တစ်ယောက်ယောက်က ညတွင်းချင်း နားလည်လာနိုင်သောအရာမဟုတ် သို့မဟုတ် စကားလုံး အနည်းငယ်မျှဖြင့် ရှင်းလင်းစွာ ဖော်ပြနိုင်သည့်အရာ မဟုတ်ချေ။

လူတို့၏ ဖောက်ပြန်ပျက်စီးသော ဆိုးယုတ်သည့် စိတ်သဘောထား၊ အသိပညာ၊ အတွေးအခေါ်၊ လူတို့၏ အတွေးများ နှင့် ရှုထောင့်အမြင်များ၏ သွင်ပြင်လက္ခဏာတိုင်းနှင့် လူတစ်ဦးစီ၏ ပုဂ္ဂိုလ်ရေးရာ ရှုထောင့် အချို့တို့သည် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းမှ ၎င်းတို့ကို ကြီးမားစွာ ဟန့်တားလေသည်။ ထို့ကြောင့်၊ ဤအကြောင်းအရာများကို သင်တို့ ကြားသည့်အခါ၊ ၎င်းတို့ထဲမှ အချို့ကို သင်တို့ လက်လှမ်းမှီကောင်း မမှီနိုင်ပေ၊ အချို့တို့ကို သင်တို့ နားမလည် နိုင်သော်လည်း၊ အချို့သည် အခြေခံအားဖြင့် လက်တွေ့ အရှိတရားနှင့် ကိုက်ညီမှုမရှိ ဖြစ်ကောင်းဖြစ်နိုင်သည်။ မည်သို့ပင် ဆိုစေကာမူ၊ ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော သင်တို့၏ သိနားလည်မှုအကြောင်းကို ငါကြားပြီးဖြစ်ကာ၊ သင်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ သန့်ရှင်းခြင်းအကြောင်း ငါပြောခဲ့သည့်အရာနှင့် မိတ်သဟာယပြုခဲ့သည့်အရာကို စတင် အသိအမှတ်ပြုနေသည်ကို ငါသိသည်။ သင်တို့၏ စိတ်နှလုံးထဲတွင် ဘုရားသခင်၏ သန့်ရှင်းခြင်း အနှစ်သာရကို နားလည်လိုသည့်ဆန္ဒ စတင်ပေါက်ဖွား လာနေသည်ကို ငါသိသည်။ သို့သော်လည်း ငါ့ကိုသာ၍ပင် ပျော်ရွှင်စေသည်မှာ သင်တို့ထဲမှအချို့သည် ဘုရားသခင်၏ သန့်ရှင်းခြင်းနှင့်ဆိုင်သော သင်တို့၏အသိပညာကို ဖော်ပြဖို့ အရိုးရှင်းဆုံး စကားများကို အသုံးပြုနိုင်ကြနှင့်ပြီးဖြစ်သည့်အရာ ဖြစ်သည်။ ဤသည်မှာ ပြောရန် ရိုးရှင်းသောအရာဖြစ်ပြီး ယခင်က ဤအရာကို ငါပြောပြီးဖြစ်သော်လည်း၊ သင်တို့အများစု၏ စိတ်နှလုံးများ ထဲတွင် ဤစကားများကို သင်တို့ လက်ခံ ရဦးမည်ဖြစ်ကာ ထိုစကားများသည် သင်တို့ စိတ်ထဲတွင် မည်သည့်ထင်မြင်ချက်မျှ မပေးပေ။ မည်သို့ပင်ဆိုစေကာမူ၊ သင်တို့ထဲမှ အချို့တို့သည် ဤစကားများကို မှတ်ကျုံးကြပြီး ဖြစ်သည်။ ဤသည်မှာ အလွန်ကောင်းပြီး အလွန်အလားအလာ ကောင်းသည့် စတင်ခြင်းဖြစ်သည်။ လေးနက်သိမ်မွေ့သည်ဟု သင်တို့ထင်သည့် အကြောင်းအရာများအပေါ် သို့မဟုတ် သင်တို့ လက်လှမ်းမမှီနိုင်သည့် အကြောင်းအရာများအပေါ်၊ သင်တို့ ဆက်လက်၍ ချင့်ချိန်တွေးဆပြီး၊ သာ၍ သာ၍ မိတ်သဟာယ ပြုကြလိမ့်မည်ဟု ငါမျှော်လင့်သည်။ သင်တို့ လက်လှမ်း မမှီနိုင်သည့် ကိစ္စများအတွက်၊ သင်တို့ကို ပို၍လမ်းညွှန်ပေးမည့်သူ တစ်စုံတစ်ယောက် ရှိလိမ့်မည်။ ယခု သင်လက်လှမ်း မှီနိုင်သည့်အတွင်း ရှိသော နယ်ပယ်များနှင့်စပ်လျဉ်း၍ မိတ်သဟာယပြုခြင်းတွင် သင်တို့ ပိုမိုပါဝင်ပါက၊ သန့်ရှင်းသော ဝိညာဉ်တော်က သူ၏အမှုကို လုပ်ဆောင်မည် ဖြစ်ပြီး၊ သင်တို့သည် ပိုပြီးနားလည်လာလိမ့်မည်။ ဘုရားသခင်၏ အနှစ်သာရကို သိနားလည်ခြင်းနှင့် ဘုရားသခင်၏ အနှစ်သာရကို သိခြင်းတို့သည် လူတို့၏ အသက်တာထဲသို့ ဝင်ရောက်ခြင်းအဖို့ အဆုံးစွန်အရေးပါခြင်းနှင့် စပ်ဆိုင်သည်။ သင်တို့သည် ယင်းကို မသိကျိုးကျွန်မပြုဖို့ သို့မဟုတ် ကစားနည်းတစ်ခုအဖြစ် မမြင်ဖို့ရန် ငါမျှော်လင့်သည်၊ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ကို သိကျွမ်းခြင်းသည် လူ၏ ယုံကြည်ခြင်း အခြေခံအုတ်မြစ်ဖြစ်ပြီး သမ္မာတရားကို လိုက်စားပြီး ကယ်တင်ခြင်းကို ရရှိဖို့ လူသားအတွက် အဓိက သော့ချက်ဖြစ်သောကြောင့် ဖြစ်သည်။ အကယ်၍ လူတို့သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို မသိပါက၊ ၎င်းတို့သည် ကျမ်းဟောင်းတရားများနှင့် သြဝါဒများ ထဲတွင်သာ အသက်ရှင်ကြပါက၊ ၎င်းတို့သည် သမ္မာတရား၏ အပေါ်ယံအဓိပ္ပာယ်နှင့်အညီ လုပ်ဆောင်ပြီး အသက်ရှင်နေလျှင်ပင် ကယ်တင်ခြင်းကို ရရှိရန် ၎င်းတို့အတွက် ဘယ်သောအခါမျှ ဖြစ်နိုင်လိမ့်မည်မဟုတ်ပေ။ ဆိုလိုသည်မှာ၊ သင်သည် ဘုရားသခင်ကို ယုံကြည်သော်လည်း သူ့ကို မသိကျွမ်းပါက၊ သင်၏ယုံကြည်ခြင်းသည် အချည်းနှီးအတွက်သာ ဖြစ်ပြီး စစ်မှန်မှု ဘာမျှ ရှိမည် မဟုတ်ပါပေ။ သင်နားလည်သည်၊ မဟုတ်လော။ (ဟုတ်ကဲ့၊ ကျွန်ုပ်တို့ နားလည်ပါသည်။) ယနေ့အတွက် ငါတို့၏ မိတ်သဟာယပြုခြင်းကို ဤတွင် အဆုံးသတ်မည်။ (ဘုရားသခင်၏ ကျေးဇူးတော်ကို ချီးမွမ်းပါသည်။)

၂ဝ၁၄ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်

မည်သို့နှောင်တရပြောင်းလဲ မှသာလျှင် ဘုရားသခင်၏ ကွယ်ကာခြင်းကို ရရှိနိုင်မယ်ဆိုတာကို မိတ်ဆွေသိချင်ပါသလား။ ကျွန်ုပ်တို့ကို ချက်ချင်းဆက်သွယ်ပါ။

Messenger မှတဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်လိုက်ပါ။